← Chapters

အခန်း (၆၃)

Vol. 5 Ch. 63

အခန်း (၆၃)

Vol. 5 Ch. 63

ကျီကျိုး မျက်လုံးထဲ ဟွမ်ရီယွင်ဖြင့်ပြည့်နေကာ သူ သူမခေါင်းကို ပွတ်သပ်လိုက်ပြီး "မိသားစုက အခု ရှုပ်ထွေးနေလို့!"

ဒါကို ကြား၍ အခု သူမက ကျီကျိုးနှင့် အိိမ်ထောင်မကျသေး၍ တကယ်လို့ အိမ်ထောင်ကျလျှင် ထိုယောင်းမအနိုင်ကျင့်တာကို ခံရမည်လားဟု ဟွမ်ရီယွင် တွေးလိုက်သည်။

"ဒါဆိုအစ်ကို့မိသားစုက သူမကို ကိုင်တွယ်ဖို့ နည်းလမ်းမစဥ်းစားဘူးလား?" သူမ၏ အနာဂတ်ယောက္ခမများက အလွန်စိတ်ကောင်းရှိသည်ဟု ဟွမ်ရီယွင် ခံစားရသည်။ ထိုသို့ချွေးမမျိုးက သူတို့ခေါင်းတက်ထိုင်တော့မည်ဖြစ်သည်။

"ဘယ်လိုဖြစ်နိုင်မှာလဲ ပြီးတော့ ကိုယ့်ဒုတိယအကိုမျက်နှာလည်း ထောက်ရသေးတယ်!" ကျီကျိုး သူ့ကိုယ်သူ အတော်ပင် ကူကယ်ရာမဲ့နေသော၊ မရီးအနိုင်ကျင့်ခံနေရသော မတ်လေးအဖြစ်‌ပုံဖော်ကာ သူ့တွဲဖက်ကိုသာ ညည်းတွားနိုင်သည့်ပုံဖမ်းနေသည်။

ဟွမ်ရီယွင် ကျီကျိုးအတွက် ပိုစိတ်မကောင်းဖြစ်နေကာ သူမ ခဏများတွေးပြီးနောက် "ညီမ အကို့အစား သူမကို မာန်ပေးရင်ရော?"

"ရီယွင်၊ သူမ ညီမကို အနိုင်ကျင့်ရင် ကိုယ်အရမ်းဝမ်းနည်းရလိမ့်မယ်" ကျီကျိုး သူမကို ဒီထဲ မပါစေချင်ပေ။ အရေးကြီးသည်က သူတို့နှစ်ယောက်ဆက်ဆံရေးအဆင်ပြေပြီး ဒါကို မှီခို၍ သူ စက်ရုံသို့ဝင်ကာ နောက် စက်ရုံတွင် ရာထူးတိုးဖို့က အရေးကြီးဆုံးဖြစ်သည်။

ဒါက သူ့အတွက်အလွန်ဆိုးကာ သူလွယ်လွယ်အနိုင်ကျင့်ခံနေရသည်ဟု ဟွမ်ရီယွင်ခံစားရသည်။ သူမ ဒီ‌ပိတ်ရက် တိတ်တိတ်လေး သူနှင့်လိုက်ပြန်ပြီး သူ၏ဆိုးရွားသော မရီးကို ပညာပေးရမည်။

"မင်းက အရမ်းကြင်နာတာပဲ။ ကိုယ့်‌အတွက် စိတ်မကောင်းဖြစ်ပေးတယ် "ကျီကျိုး၏ ချိုသာ‌သောစကားများ တစ်ခုပြီးတစ်ခုထွက်လာသည်။ ချုံထဲက ဟွမ်မောင်ကတော့ ကြက်သီးများထနေသည်။

ဒီအကြောင်းကို ကြားသောအခါ ကျီနန်ဖုန်းလည်း အလွန်ရှက်မိသည်။ ဒီလူက စကားပြောရာတွင် ဒီလောက်ကောင်းမည်ဟု သူ မထင်ထားပေ။ ငယ်စဥ်က ထိုတွက်ချက်မှုများက တကယ့် ကျီကျိုး၏ စိတ်ရင်းကို ဖော်ပြနေသည်ပဲ။

ကျီနန်ဖုန်း စိတ်ထဲတွင် ကျီကျိုးက ထိုသို့လူဖြစ်သည်။ လိုသည့်အချိန်တွင် ချိုသာသည့်စကားများပြောကာ မလိုလျှင်လည်း ပိုစိတ်ဆုတ်ဖွယ်စကားများပြောသည့်လူစားမျိုးဖြစ်သည်။

ဟွမ်မောင် သူပြောပြီးသောအခါ ခြံထဲတွင် မတ်တပ်ရပ်ကာ ကျီနန်ဖုန်း ပြောသည်ကို စောင့်နေသည်။

ကျီနန်ဖုန်း လက်ဝေ့ရမ်းရင်း "နောက် ဒီလိုအကြောင်းအရာကို မင်း ငါ့ဆီ တင်ပြစရာမလိုဘူး။ ဒါကြောင့် မင်းသွားလိုက် ပြန်လိုက်လည်း လုပ်စရာမလိုဘူး။ အရေးကြီးမှ ငါ့ကိုလာပြော"

ဒါကို နားထောင်ပြီး ဟွမ်မောင် ခြံထဲက ချူယောင်းကို မိတ်ဆက်လိုက်သည်။ "မရီး။ ဒါဆို ကျွန်တော်ပြန်လိုက်ပါဦးမယ်"

သူမကို မရီးခေါ်၍ ချူယောင်းလည်း ပြန်ယဥ်ကျေးစွာပြောလိုက်သည်။ ဟွမ်မောင် နေချင်ပေမယ့် သူတို့က တစ်ယောက်အကြောင်းတစ်ယောက် သေချာမသိ‌သေးကာ သူ့ကို တာဝန်ပေးထားသည်လည်း မပြီးသေး၍ မနေတော့ချေ။

ဟွမ်မောင်ထွက်သွားပြီးမှ ချူယောင်း ကျီနန်ဖုန်းကို မေးလိုက်သည်။ "ရှင် သူ့ကို တစ်ခုခုခိုင်းထားလို့လား?"

ကျီနန်ဖုန်း ခေါင်းညိတ်လိုက်သည်။ " သူတို့ မနက်က အိမ်ကို ပစ္စည်းခိုးဖို့လာတာ" ကျီနန်ဖုန်း သေချာတွေးပြီးနောက် ချူယောင်းကို သူ ဒီ‌အကြောင်းပြောပြရန် ဆုံးဖြတ်လိုက်သည်။ သူမ ထိတ်လန့်မည်ကို စိုး၍ ‌မပြောဘဲ ထားလိုက်လျှင် သူမ ဘာမှမသိကာ သတိထားရမည်ကိုလည်း မသိဘဲနေလိမ့်မည်။

ထို့ကြောင့် ကျီနန်ဖုန်း ထပ်ခါ ထပ်ခါ တွေးပြီး သူမကို ဒီအကြောင်းပြောပြရန် ဆုံးဖြတ်လိုက်သည်။ သူ သူတို့ကို တစ်ချိန်လုံး ကာကွယ်ပေးချင်ပေမယ့် တစ်နေ့ သူ သူမနားမရှိနိုင်သည်ကလည်း ဖြစ်နိုင်သဖြင့် တစ်ချို့အရာများကို တစ်ယောက်နှင့်တစ်ယောက်် တိုင်ပင်ဆွေးနွေးကြရမည်။

တစ်ယောက်က ပစ္စည်းခိုးသည်ဟု ကြား၍ ချူယောင်းအနည်းငယ် ထူးဆန်းသွားသည်။ သူမအတွေးထဲ ကျီမိသားစုအကြီးဆုံး ချွေးမကို သတိရသွားသည်။ ကျီမိသားစုအကြီးဆုံးချွေးမက အိမ်တွင် ပစ္စည်းလာခိုးပေမယ့် အဆုံး၌ လူပျိုကြီးနှင့် ဖမ်းမိမည်ဟု သူမ မထင်ထား။

ဒီမတော်တဆကို တွေးမိ၍ သူမ သက်ပြင်းမချဘဲမနေနိုင်။ ကျီမိသားစု အကြီးဆုံးချွေးမက ဘာလို့ဒီလိုအကြိုက်ထူးဆန်းသည်ကို သူမ နားမလည်နိုင်ပေ။

"ရှင် ရှင့်မရီးအကြောင်း သိပြီးပြီလား?" သူ ဘာမှမသိမည်ကို ချူယောင်းစိုးရိမ်သည်။ ထို့ကြောင့် သူမ ဒီကိစ္စကို ပြောခြင်းဖြစ်သည်။ ဒီမှာနေ့တိုင်း နေပြီး နောက်မှ သိသွားလျှင် ဘာဖြစ်မည်ကို မပြောတတ်ပေ။

သူတို့ကို ထိုစဥ်က သူ`ကူညီ´လိုက်၍ ဒီအကြောင်းကို သူသိသော်လည်း မသိချင်ယောင်သာဆောင်လိုက်သည်။

ချူယောင်း သူ့ကို ဘယ်လိုလုပ်မည်ကို မေးသောအခါ သူ ခေါင်းခါလိုက်သည်။

ကျီမိသားစု အကြီးဆုံးသားက သူ့မိန်းမကို ပြန်မလာစေချင်ကာ တစ်ခြားသူများကလည်း ဂရုမစိုက်ပေ။ သို့သော် ကျီအမေကတော့ သူမကို အိမ်အလုပ်ကူလုပ်ပေးရန် တစ်ယောက်ရှာချင်၍ သူ့သားကို နောက်အိမ်ထောင်ပြုပေးရန် စဥ်းစားနေသည်။

သို့သော် ဒါက မလွယ်လှချေ။ ကျီအဖေက မိသားစုကို ဦးစားနေ၍ ကျီ‌အဖေလက်ထဲတွင် ပိုက်ဆံများများစားစားမရှိတော့ကာ သူ ပိုက်ဆံကို ကျီမိသားစုအကြီးဆုံးသား အိမ်ထောင်ထပ်ပြုရာတွင် မသုံးချင်ပါ။

ထို့ကြောင့် ကျီမိသားစုတွင် နေ့တိုင်းပြသာနာဖြစ်နေသည်။ ကျီ‌အဖေ အလွန်စိတ်ညစ်နေ၍ ကျီအမေကို ပြောလိုက်သည်။ "ဒါဆိုလည်း မင်း မင်းအကြီးဆုံးသားနဲ့ မင်းမိဘအိမ်ပြန်သွားလိုက်"

ဒီစကားများက ကျီအမေ ပြသာနာရှာသည်ကို ရပ်သွားစေသည်။ သူမသာ သူမမိဘအိမ်ပြန်လျှင် လူအများကြီး သူမ ဒီလိုအသက်အိုမှ အိမ်က နှင်ထုတ်ခံရသည်ဟု ဝေဖန်လှောင်ပြောင်ကြလိမ့်မည်။

"ကောင်းပြီ။ ဒါဆို အချိန်ရောက်လာရင် ရှင်စိတ်ကို ကြိုပြင်ထားပေါ့။ သူတို့က ကျွန်မတို့အိမ်ကို ပစ္စည်းလာခိုးတာလို့ ရှင်ပြောတာ။ အဲ့ဒါပြီးတော့ရော?" ကျီနန်ဖုန်းက သူတို့ကို ဖမ်းမိပြီး လွှတ်ပေးလိုက်သဖြင့် သူ့ကိုယ်ပိုင်အတွေးရှိလောက်၍ ချူယောင်း နားထောင်ရန်ဆန္ဒရှိသည်။

"ကိုယ်နိုးနေတာနဲ့ တိုက်ဆိုင်သွားလို့ သူတို့ကို ဖမ်းမိတာ။ ကျီကျိုးပြောတာလို့ ပြောလို့ ကိုယ် သူတို့အပြစ်တွေကြေအောင် ကျီကျိုးကို စောင့်ကြည့်ခိုင်းလိုက်တယ်"

ကျီနန်ဖုန်း ပြောပြီးနောက် သူမစိတ်ဆိုးမည်စိုး၍ မျက်လုံးများပြူးကာ သူမကို တည့်တည့်စိုက်ကြည့်နေလိုက်သည်။

သူမ‌မျက်နှာပေါ်တွင် တစ်ခုခုရှိနေသည်ဟု ချူယောင်း ထင်သွား၍ သူမလက်နှင့် သူမမျက်နှာကို ထိကြည့်ရာ သူမလက်ထဲ ဘာအမှိုက်မှပါမလာ၍ သူမ မေးလိုက်သည်။ "ကျွန်မမျက်နှာပေါ်မှာ တစ်ခုခုညစ်ပတ်နေလို့လား?"

"ဘာမှမရှိပါဘူး။ အရမ်းလှပါတယ်" ကျီနန်ဖုန်းက ရုပ်တည်နှင့်‌ပြောသဖြင့် ချူယောင်း မျက်နှာပူသွားသည်။

"ဒါဆို ကျွန်မကိုပဲ ရှင်ဘာလို့ဆက်တိုက်ကြည့်နေတာလဲ? ကျွန်‌မ‌မျက်နှာပေါ် တစ်ခုခုရှိနေတယ်ထင်သွားတာ!"

သူမ အချိန်အကြာကြီး မှန်မကြည့်ဖြစ်သည်ကိုတော့ ချူယောင်း မပြောလိုက်ပါ။ သူမခန္ဓာကိုယ်မပြောင်းလဲ‌သေးဟု ထင်နေပေမယ့် အနည်းငယ် ပိန်သွားလို့များလား?

ဒါက သူမကိုယ်ပိုင်ခန့်မှန်းချက်သာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူမ ဘယ်လောက် ကိုယ်အလေးချိန်လျှော့ရန်တွေးထားပေမယ့် တကယ်ကျ သူမ အသားစားသည်ကို မလျှော့ခဲ့ပေ။ အသားဝယ်ရာတွင်လည်း လျှော့မဝယ်ချေ။

"မဟုတ်ဘူး။ မင်း စိတ်‌ဆိုးပြီး သူတို့ကို လွှတ်ပေးတာ ကိုယ့်ကို အပြစ်တင်မှာ စိုးရိမ်လို့" ကျီနန်ဖုန်း ခေါင်းခါလိုက်သည်။ သူမ ဒေါသထွက်မည်ကိုသာ သူစိုးရိမ်သည်။

"ကျွန်မက ဘာလို့ စိတ်ဆိုးရမှာလဲ ရှင့်မှာလည်း ရှင့်ကိုယ်ပိုင်အတွေးရှိမှာပေါ့!" ချူယောင်း စိတ်မဆိုးပါ။ သူမ ခြံထဲချိတ်ထားသောဂေါ်ဖီထုပ်ကို သူမထိုင်ခုံရှိရာရွှေ့လိုက်သည်။

သူမ ကောက်ကိုင်လိုက်သည်နှင့် ကျီနန်ဖုန်းက လာကူမပေးသည်။ "မင်း အခု အချဥ်စိမ်တော့မလို့လား?"

"ဟုတ်တယ်။ ကျွန်မ အချဥ်စိမ်တာကြိုက်လို့။ ထောင်းဟွာနဲ့လည်း ပြောပြီးပြီ။ ထောင်းဟွာ လာကူချင်သေးလား မသိဘူး" ချူယောင်းပြောပြီးနောက် လီရွှယ်ရှင်းအား ထောင်းဟွာကို ခေါ်ပေးရန် ပြောလိုက်သည်။

"ဒီနေ့ ကိုယ် မင်းကို မင်းမိဘအိမ် ခေါ်သွားပေးမလို့ပေမယ့် အခုချိန်ရောက်သွားတာမလို့ ကိုယ်တကယ်တောင်းပန်ပါတယ်" ကျီနန်ဖုန်း စုပေါင်းအဖွဲ့သွားပြီး ကျီကျိုးကို ‌စောင့်ကြည့်ပြီးနောက် သူ သူ့တူလေးကို ရှာနေသည့်အခြေ‌အနေကို သိရန် သူငယ်ချင်းများကို သွားရှာခဲ့သည်။

သူငယ်ချင်းများနှင့် စကားလည်းပြောဖြစ်ကာ သူ့မိသားစုက အသားစားရသည်ကို သူသတိရ၍ နောက် သူ စျေးသို့သွားကာ အသားနှင့် မိန်းကလေးသုံးပစ္စည်းများ ဝယ်လိုက်သည်။

သူ အိမ်ပြန်ရောက်ပြီး ချူယောင်းကို ပေးလိုက်သောအခါ ချူယောင်း ဒီခရင်ဘူးကို ကြည့်ပြီး အလွန်ပျော်သွားသည်။ စမ်းချောင်းကရေက သူမအသားကို ဒီအသားအရေထိန်း ပစ္စည်းများမသုံးရဘဲ ကြည့်ကောင်းအောင် လုပ်ပေးသော်လည်း တစ်ယောက်က ဒီလိုပစ္စည်းများ သူမကို လက်ဆောင်‌ပေးလျှင် ဘာလို့မပျော်ရမည်နည်း?

သူမ ထိုဝက်ဗိုက်သားကို မြင်လိုက်သောအခါ ချူယောင်းအပျော်ဆုံးဖြစ်သည်။ မနေ့ညက ဝက်သားနှပ်နှင့် ဝက်ခြေထောက်နှပ်က အရသာအလွန်ရှိ၍ ကလေးနှစ်ယောက်လည်း ဒီနေ့ အလွန်သတိရနေကြသည်။

သူမ ဒီည ဝက်သားကြော်စားရန် ဆုံးဖြတ်လိုက်သည်။ သူမ အသားအကြောင်း တွေးနေပေမယ့် တောင်းပန်စကားကို ကြားလိုက်သည်။ "ရှင် တမင်တကာလုပ်တာမှမဟုတ်တာ။ ပြီးတော့ ကျွန်မတို့ စောစောသွားသွား နောက်ကျမှ သွားသွား ဘာမှမထူးပါဘူး"

ကျီနန်ဖုန်း ခေါင်းညိတ်လိုက်သည်။ သူ စုပေါင်းအဖွဲ့စျေးမှ အသားသာမက မနက်ဖြန် ချူယောင်း မိဘအိမ်အတွက် မုန့်များစွာပါ ဝယ်လာသည်။ ဒါကို ကြား၍ ချူယောင်း သိပ်မပျော်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုမိသားစုအကြောင်းကို ချူယောင်း မသေချာ၍ဖြစ်သည်။

သို့သော် သူမ အကြာကြီး မစိုးရိမ်လိုက်ရချေ။ လီထောင်းဟွာရောက်လာပြီး ပြုံးကာပြောလိုက်သည်။ "ယောင်းမ နောက်ဆုံးတော့ အချဥ်စိမ်ဖို့ သတိရပြီပေါ့"

သူမ ဝင်မလာခင်တည်းက ကျီနန်ဖုန်း ဖယ်ပေးကာ သူတို့နှစ်ယောက် လွတ်လွတ်လပ်လပ်ပြောရန် အခန်းထဲပြန်လိုက်သည်။ တစ်ခါတည်း နောက်အတွက်ကြိုပြင်ဆင်ထားရမည်။ သူ သူတို့ကို စစ်တပ်ထဲ ခေါ်သွားရန် တွေးထား၍ ကျီမိသားစုနှင့် ကိစ္စကို အပြတ်ရှင်းရမည်။

မဟုတ်လျှင် တစ်ချိန်လုံး ပြသာနာရှာကာ သူတို့စစ်တပ်ထဲ ရောက်သည်အထိ ကိစ္စက မပြီးလောက်ချေ။ ထို့ကြောင့် ကျီကျိုးအပေါ် မူတည်သည်။ ကျီကျိုး ကိစ္စတွေကို ပိုကြီးကြီးမားမားလုပ်ဖို့ သူမျှော်လင့်သည်။ ထိုမှသာ ကျီမိသားစု သူတို့ကို သတိမရ‌နိုင်တော့ပေ။

ဘယ်သူမှ ကျီနန်ဖုန်း တွေးသည်ကို မသိပေ။ ချူယောင်း လီထောင်းဟွာကို အချဥ်ကူစိမ်ပေးရန် ဆွဲခေါ်လိုက်သည်။ သူမ ဗီဒီယိုအတိုများတွင်သာ မြင်ဖူးပြီး အချဥ်စိမ်လုပ်ရာတွင် ချူယောင်း အရမ်းမကျွမ်းပေ။

သူမ အရင်ဘဝက အချဥ်စိမ်စားချင်လျှင် ဝယ်သာစားလိုက်သည်။ ဝယ်စားသည်က သူမကိုယ်တိုင်လုပ်သည့်အချဥ်စိမ်ထက် ပိုစား‌ကောင်းသည်။

သို့‌သော် အခု ဘယ်သူက အချဥ်စိမ်ရောင်းမည်နည်း? အိမ်တိုင်း သိကြကာ ကိုယ့်ဘာသာလုပ်စားကြ၍ ဖြစ်သည်။

"ယောင်းမ တကယ် တစ်ခါမှ အချဥ်မစိမ်ဖူးဘူးလား? တကယ်က ညီမလည်း သေချာမသိဘူး" လီထောင်းဟွာ သူမကော‌င်းကောင်းမစိမ်လျှင် ဂေါ်ဖီများအလဟဿဖြစ်မည်ကို စိုးရိမ်သည်။ ဒီဂေါ်ဖီများက လတ်လတ်ဆတ်ဆတ်နှင့် သေးသည်လည်း မရှိ။ ချူယောင်း ဘယ်လိုရလာသည်ကို သူမ မသိပေ။

ချူယောင်း ပြောလိုက်သည်။ "ရတယ်။ လုပ်သာလုပ်လိုက်။ အရသာ ကောင်းကောင်း မကောင််းကောင်း အစ်မ ညီမကို အပြစ်မတင်ပါဘူး"

ဒါကိုကြားမှ လီထောင်းဟွာဆက်လုပ်ရဲတော့သည်။ သူတို့နှစ်ယောက် အချဥ်စိမ်ရလာလျှင် ဘာလုပ်စားရင်ကောင်းမလည်း တိုင်ပင်နေကြသည်။

သူတို့နှစ်ယောက် စကားပြောကောင်းနေစဥ် တစ်ဖက်က ကျီနန်ဖုန်း ပြတင်းပေါက်မှ ခုန်ကာ လယ်ထဲတစ်ခါတည်း သွား၍ ကျီယွမ်ကို ရှာလိုက်သည်။

ထိုအချိန်တွင် ကျီယွမ် လယ်ထဲ မြက်ကုန်းနှုတ်နေရာ ရုတ်တရက် ကိုယ်တစ်ခုက သူ့နောက်ပေါ်လာ၍ သူလန့်သွားသည်။ သူ မော့ကြည့်လိုက်ရာ ကျီနန်ဖုန်းမှန်းမြင်လိုက်သည်။

ကျီယွမ် ပျော်ရွှင်စွာပြောလိုက်သည်။ "အစ်ကို၊ အစ်ကို ဘာလို့ပြန်လာတာလဲ? အကိုပြန်လာတာ ကျွန်တော့်ကို ဘာလို့မ‌ပြောတာလဲ?"

ကျီနန်ဖုန်း ကျီယွမ်ပုခုံးကို ပုတ်ကာ "ဒီအတောအတွင်း ညီလေးကို ဒုက္ခဖြစ်စေတယ်ဆို အကို တောင်းပန်ပါတယ်"

ကျီယွမ် လက်ဝေ့ရမ်းလိုက်သည်။ "ကိစ္စမရှိပါဘူး။ ပြီးတော့ မရီးက သူမကိုယ်ကိုပဲ အားကိုးတာ။ ကျွန်တော်ကူညီချင်ရင်တောင် မကူညီနိုင်ဘူး။ မရီးက တကယ်ကောင်းတာ"

သူတို့နှစ်ယောက်က အဆက်အသွယ် သိပ်မရှိပေမယ့် လီထောင်းဟွာနှင့် ချူယောင်းကတော့ အမြဲတတွဲတွဲဖြစ်၍ လီထောင်းဟွာ အိမ်မှာအချိန်တိုင်း ချူယောင်းကို ချီးကျူးစကားပြောသည်။

"မင်းတို့ကို ကျေးဇူးတင်ပါတယ်။ အကို ဒီနေ့လာတာ မင်းကို မေးစရာတစ်ခုရှိလို့" ကျီနန်ဖုန်း အရင်က သူ့ထက် အတော်အရပ်ပုသော ဝမ်း‌ကွဲမှာ အခု အရပ်က သူ့မေးရောက်နေသည်ကို တစ်ချက်ကြည့်လိုက်သည်။

ကျီနန်ဖုန်းအရပ်ကို တစ်ရွာလုံး ယှဥ်နိုင်မည့်လူမရှိ။ သူက ၁.၉မီတာနီးပါးရှည်၍ သူက‌ သေချာပေါက် ကျီယွမ်ထက် ပိုရှည်သည်။

ဒါကို ကြား၍ ကျီယွမ်အ‌မြန်ပြောလိုက်သည်။ "အကိုပြောစရာရှိရင်ပြောပါ"

ကျီနန်ဖုန်း ကျီယွမ်နားနားကပ်ကာ ပြောလိုက်ပြီး ကျီယွမ် ခေါင်းငြိမ့်လိုက်ပြီးနောက် လက်မထောင်ချီးကျူးလိုက်သည်။

All Chapters