အခန်း (၆၅)
Vol. 5 Ch. 65
ချူယောင်း အခု ကျီအမေထက် ပိုယုတ်မာသောသူကို တွေ့ဖူးပြီဖြစ်သည်။
ချူအဒေါ် သူမ မိသားစုရောက်လာသည်ကို မြင်သောအခါ သူမ မြေပေါ်လှဲကာ အဖေအမေ တ ကာ အော်ငိုနေသည်။ "မွေးပေးလိုက်တဲ့ ကလေးမက ဝံပုလွေတစ်ကောင်ပဲ။ ငါ နင့်ကို အစတည်းက လျစ်လျူရှူထားရမှာ။ ဒီအသက်အရွယ်ထိ နင့်ကို ပျိိုးထောင်ပေးမိတဲ့ ငါ့ကိုယ်ငါ အရမ်းသနားတယ်"
"နောက်ဆုံးကျ ငါဘာမှမရဘူး။ လူတိုင်း ဒီကျေးဇူးမသိတတ်တဲ့ ဝံပုလွေနှစ်ကောင်ကို လာကြည့်ကြပါ..."ချူအဒေါ် မြေကြီးပေါ်ထိုင်ကာ ငိုနေသည်။ အမှားအားလုံး ချူယောင်းနှင့် သူမ မောင်လုပ်သကဲ့သို့ ပုံပေါ်အောင် အော်ပြောနေသည်။
ချူဦးလေး အပြင်မှ လမ်းလျှောက်ဝင်လာရာ သူတို့ကို ကြည့်ပြီး ရှက်ကာ "ဦးလေးတို့ ဆွေးနွေးလို့ရရင် ဆွေးနွေးကြမယ်။ ဒါပေမယ့် ဘာမှမပြောရင်တော့ လူခေါ်သွားဖို့ မတွေးနဲ့"
"သမီးတို့ ဆွေးနွေးပြီးပါပြီ။ ဒါပေမယ့် အဒေါ်က သမီးတို့ ယွမ်၁ထောင်မပေးရင် ထွက်သွားခွင့်မပေးဘူးလို့ ပြောပါတယ်" ဘယ်သူမဆို မဟုတ်တာပြောနိုင်သလို ချူယောင်းလည်း လုပ်နိုင်သည်။
"ဒီမိန်းမက အရမ်းဆိုးပါလား!" ကြည့်ဖို့ရောက်လာသောလူအုပ်ဒါကိုကြားလိုက်၍ အံ့သြသွားကြသည်။ ဘယ်သူက အခုချိန်် ယွမ်တစ်ထောင်ရှိလို့လဲ? ဒါက တမင်တကာ သူများကို အရှက်ရအောင်လုပ်တာမလား?
"ဘာ။ ညည်း။ ညည်း ဘာမဟုတ်တာ လျှောက်ပြောတာလဲ? ငါက ဘယ်တုန်းက ယွမ်တစ်ထောင်လိုချင်တယ်လို့ ညည်းကို ပြောလို့လဲ? ညည်းတို့က အရမ်းဆင်းရဲတာ ညည်းတို့မှာ ယွမ်တစ်ထောင်ရှိလို့လား?" ချူအဒေါ် သူမ သူတို့ကို အထင်မသေးပေမယ့် သူတို့က ဘာလို့ ဒီလိုဖြစ်တာလဲ ယွမ်တစ်ထောင်ရှိတယ်လား?
" အဒေါ်က တကယ်လူတွေကို အထင်သေးတာပဲ။ အဒေါ် ဒီလောက် အထင်သေးရင်လည်း ဘာလို့ ပိုက်ဆံတောင်းရဲသေးတာလဲ? အဒေါ်က ကျွန်မတို့ကို အရူးတွေလို့ ထင်နေတာလား?" ချူယောင်း စိတ်ထဲတွင်် မူလပိုင်ရှင်၏ အကြောက်တရားက ရှိနေသေးပေမယ့် သူမက ထိတ်လန့်တတ်သော လူစားမျိုး မဟုတ်သဖြင့် အကြောက်တရားကို တွန်းလှန်ရင်း ပြောလိုက်သည်။
" ဒီကောင်မ။ ပါးစပ်ဖွင့်တာနဲ့ မဟုတ်တာပြောရဲတယ်။ ငါ နင့်ကို အသေရိုက်မရဲဘူးလား ကြည့်ကြည့် " ချူအဒေါ် အံကြိတ်ပြီး ပြောကာ မတ်တပ်ရပ်လိုက်ပြီး ချူယောင်းကို ရိုက်ရန်ပြင်လိုက်သည်။
ချူယောင်း ချူအဒေါ်လာသည်ကို မထိတ်လန့်ပါ။ ဘေးက ကျီနန်ဖုန်း ချူအဒေါ်လာသည်ကို ခွင့်မပြုပေ။ သူမလက်ကို ဖမ်းကိုင်ပြီး ဖယ်လိုက်သည်။
ချူအဒေါ် လက် အတော် နာသွားကာ သူမ ချူယောင်းကို မရိုက်နိုင်တော့သည်ကို သိ၍ မြေပေါ် လှဲကာ အော်ငိုနေသည်။
ကျန် ချူမိသားစုဝင်များလည်း မကြားချင်ယောင်ဆောင်ကြကာ ချူကျောင်း တစ်ယောက်တည်းသာ သူ့အစ်မနှင့် ယောက်ဖကို အလွန်စိုးရိမ်စွာ ကြည့်လိုက်သည်။ ချူယောင်း သူ့အကြည့်ကို သတိထားမိ၍ သူ့ခေါင်းကို ဖွဖွပုတ်လိုက်ကာ "စိတ်မပူပါနဲ့"
ကျီနန်ဖုန်းနှင့် ချူယောင်း ဘေးတွင်သာ ရပ်ကြည့်နေပြီး ဘာမှမပြောပေ။ သူတို့ ရန်မဖြစ်ချင်ပေ။
ကြာလာ၍ ချူအဒေါ် ပျင်းလာကာ ဘယ်သူမှလည်း သူမကို မတား၍သူမ တစ်ဖန် ထအော်ပြီး သူမလည်ချောင်း ခြောက်လာသည်ဟု ခံစားရသည်။
တဖြည်းဖြည်း အော်သည်ကို ရပ်လိုက်ပြီး သူတို့ သူမကို အလျှော့မပေးမည်ကို ချူအဒေါ် သိသည်။ ထို့ကြောင့် သူမ မြေပေါ်ဆက်ထိုင်ပြီး သူတို့နှင့် ဆွေးနွေးလိုက်သည်။ "လူတိုင်းသိတဲ့အတိုင်း ကျွန်မ ကလေးနှစ်ယောက်ကို ဒီအသက်အရွယ်ထိ မွေးရတာ မလွယ်ကူပါဘူး။ အကြီးမလေးက အိမ်ထောင်ကျသွားပေမယ့် အခု သူမက ကျွန်မကို ပိုခက်ခဲအောင် လုပ်နေတယ်"
ဒါက အပြင်လူများကို ပြောခြင်းဖြစ်သည်။ ပြောဖို့အခွင့်အရေးရရန် သူမကိုယ်စား တစ်ယောက်ဝင်ပြောမှရမည်ကို ချူအဒေါ်သိသည်။
"အဒေါ် ပြောတာမှားတယ်။ သမီး မိဘတွေ ဆုံးသွားပြီးတော့ ဦးလေးနဲ့ အဒေါ် သမီးတို့အိမ်က ပိုက်ဆံအားလုံး ယူသွားတာ။ သမီးတို့အိမ်တောင် အခု အဒေါ်တို့နေနေကြတာ။ ဒီအရာတွေက မသေးငယ်ဘူးလို့ ပြောရင်ရတယ်မလား?" ချူယောင်း ပြန်မေးလိုက်သည်။
ချူယောင်း စကားများကို ဘယ်လိုပြန်ငြင်းရမှန်း ချူအဒေါ် မသိပေမယ့် သူမချွေးမက ပြန်ဖြေလိုက်သည်။ "နင်ပြောတာ ပြန်ကြည့်ဦး။ ငါတို့က တစ်မိသားစုတည်းပဲ။ ငါတို့ ဒီမှာနေတာ ဘာမှားလို့လဲ? နင်တို့နှစ်ယောက်လည်း ဒီမှာနေတာပဲမလား?"
"ကောင်းပြီ။ ဒါဆိုလည်း ကျွန်မ မိဘတွေပေးတဲ့ ပိုက်ဆံက ကျွန်မတို့ မောင်နှမနှစ်ယောက်ကို ထောက်ပံ့ဖို့အတွက် လုံလောက်ပါတယ်?" လှောင်ပြောင်မှုအပြည့်နှင့် ချူယောင်း ရယ်ကာပြောလိုက်သည်။
"နင်တို့မိဘတွေ ထားခဲ့တဲ့ ပိုက်ဆံနည်းနည်းနဲ့ နင်တို့ တစ်နှစ်သုံးဖို့တောင် မလောက်ဘူး" သူမဘယ်လောက်ရမှန်း တစ်ယောက်မှ မသိနိုင်ဟု ချူအဒေါ် တွေးလိုက်သည်။
"နင်တို့မောင်နှမတွေက အမြဲ အများကြီးစားကြတာမလား? နင်ဒီလောက်ဝနေတာ ကြည့်ရုံနဲ့ ငါ နင်တို့ကို စားစရာနဲ့ပတ်သက်ပြီး ဆိုးဆိုးရွားရွား ဆက်ဆံမယ်လို့ တွေးတဲ့လူရှိပါ့မလား?" ချူအဒေါ် ပြောလိုက်သည်။
ကြည့်နေသောလူများလည်း ဒါက အဓိပ္ပါယ်ရှိသည်ဟု ထင်သည်။ ဒီချူအဒေါ်က သူတို့မောင်နှမတွေကို မကြာခဏ ရိုက်နှက်ဆဲဆိုနေပေမယ့် ချူယောင်း ဒီလောက်ဝသည်ကို ကြည့်ရင် သူမ သူတို့ကို ဒီနေရာမှာတော့ မရက်စက်သည်ကို မြင်နိုင်သည်။
"ပြီးတော့ နင်တို့မောင်နှမ တစ်နှစ်ပတ်လုံး ဘာတွေ ဝတ်ကြလဲ နင်တို့ ပိုက်ဆံမကုန်ဘူး ထင်နေတာလား?" ချူအဒေါ် ပိုပို ပြောချင်သည်။
"အဒေါ် ကျွန်မတို့မောင်နှမတွေကို အကုန်လွှဲချဖို့ မလိုပါဘူး။ ကျွန်မတို့ တစ်နှစ်ဘယ်လောက်စားတယ်ဆိုတာ အဒေါ် အသိဆုံးပါ။ ကျွန်မတို့မောင်နှမတွေ တစ်နှစ်ပတ်လုံး အမြဲဗိုက်ဆာနေတာ။ ပြီးတော့ ကျွန်မတို့ ဝတ်တာမှန်သမျှ ကျွန်မတို့ အစ်မကြီးထားခဲ့တာတွေချည်းပဲ" ဒီမိန်းမကြီး လိမ်ပြောနိုင်သည့်စွမ်းရည်ကို ဘယ်သူမှ မယှဥ်နိုင်ဟု ချူယောင်းခံစားရသည်။
"ဘာဆိုလိုချင်တာလဲ? ငါက နင့်ကို အရမ်းကြင်နာတာ။ နင့်အတွက် ဒီလိုခန့်ညားတဲ့ခင်ပွန်းလည်း ရှာပေးတယ်။ အခုတော့ ညည်းက ရဲတင်းနေပြီလား?" လူတွေကို အားတိုင်း ရိုက်ချင်သော ချူအဒေါ်အကျင့်က မပျောက်သေးပါ။
"အဒေါ် ဒီလိုဆက်ပြောနေမယ်ဆိုလည်း ရဲစခန်းသွားဖြေရှင်းကြတာပေါ့။ ရဲစခန်းမှာ ကျွန်တော့်သူငယ်ချင်းတွေ ရှိတာနဲ့ အတော်ပဲ" အစက ကျီနန်ဖုန်း အခွင့်အရေးပေးချင်ပေမယ့် ဒီချူအဒေါ်က ဘာမှမပြောဘဲ လူတွေကို ရိုက်ချင်သည်။
ရဲစခန်း သွားမည်အသံကြား၍ ချူဦးလေး ထိတ်လန့်သွားကာ စကားဝင်ပြောတော့သည်။ "အထဲမှာ စကားပြောကြမယ်။ ဒါက ငါတို့အိမ်တွင်းရေး။ မိသားစုအချင်းချင်း ပြောကြရအောင်။ လူတိုင်း နားထောင်စရာမလိုပါဘူး"
ကျီနန်ဖုန်းလည်း သူတို့နှင့် ဆွေးနွေးချင်သည်။ ဒီကိစ္စက အကြမ်းဖက် ဖြေရှင်းလို့မရပါ။ ချူမိသားစုက တင်းခံပြီး ငြင်းဆန်နေလျှင် သူတို့ ဘာမှလုပ်မရပေ။ ချူကျောင်းကလည်း ချူမိသားစု အိမ်ထောင်စုစာရင်းတွင်ပါနေသည်။
"မင်းတို့ ကလေးကို ခေါ်သွားချင်တာ ငါသိတယ်။ ဒါပေမယ့် ငါသေချာအောင် ပြောမယ် မင်းတို့ ကလေးကို ခေါ်သွားပြီးရင် ငါတို့နဲ့ ဘာမှမဆိုင်တော့ဘူး" သူတို့က ခဏတာအတွေးပေါ်ပြီး နောက် ပြန်လာမည်ဟု ချူဦးလေးခံစားရသည်။
"ကျွန်မတို့ ဘာဖြစ်ဖြစ် မနက်ဖြန် ဦးလေး ကျွန်မတို့နဲ့ အိမ်ထောင်စုစာရင်း ပြောင်းဖို့ လိုက်ပေးပါ" ချူယောင်း သူတို့ ပြသာနာထပ်ရှာမည်ကို မစောင့်ချင်ပေ။
"ဒါပေမယ့် မင်းတို့ ပိုက်ဆံစုထားတာတော့ရှိရမယ်။ ငါတို့ ဒီကလေးကို နှစ်အများကြီး မွေးထားရတာ ပြီးတော့ငါတို့အိမ်မှာ အချိန်အကြာကြီး နေခဲ့တဲ့ ချူယောင်းလည်းပါတယ်။ ဒါကြောင့် မင်းတို့ ပိုက်ဆံမပေးသင့်ဘူးလား?" ချူဦးလေး ချူအဒေါ်ကဲ့သို့ မကြမ်းတမ်းဘဲ လေသံဖျော့ဖြင့်ပြောလိုက်သည်။
"ဒါဆိုလည်း ယွမ်၂၀ပေးမယ်။ ကလေးကို ကျွန်တော်တို့ ခေါ်သွားမယ်" ကျီနန်ဖုန်း သူတို့ လိုချင်မလိုချင် သူ့အိတ်ကပ်ထဲကယွမ်၂၀ထုတ်ပြီး စားပွဲပေါ် ပစ်တင်လိုက်သည်။
သူတို့အားလုံးမျက်နှာ ရှုံ့မဲ့နေကြသည်။ ယွမ်၂၀က အလွန်နည်းသည်။
"ဦးလေး။ သေချာစဥ်းစားကြည့်ပါ။ ကျွန်မ မိဘတွေပိုက်ဆံကို မသုံးရသေးဘူးလို့ ကျွန်မခန့်မှန်းလို့ရတယ်။ တကယ်လို့ ဦးလေးတို့က ယွမ်၂၀က အရမ်းနည်းတယ်ထင်ရင် ကျွန်မ မိဘတွေပိုက်ဆံကို ကျွန်မတို့ တစ်ဝက်ခွဲလို့ရပါတယ်"
"ကောင်းပြီ။ ကလေးကို ခေါ်သွား။ ဒီအိမ်ကိုလည်း မင်းအမေအိမ်လို့ နောက် မတွေးနဲ့တော့။ တစ်ခုခုဖြစ်ရင်လည်း ငါတို့ မင်းတို့ကို ကူညီမှာမဟုတ်ဘူး" ချူဦးလေး အလွန်ဒေါသထွက်ကာ စားပွဲကို လှန်ပစ်မိတော့မလိုဖြစ်သွားပေမယ့် သူသာ စားပွဲကို လှန်ပစ်လိုက်၍ ပျက်စီးသွားပါက ဒီစားပွဲက ပိုက်ဆံအများကြီးတန်သည်ဖြစ်၍ သူ့ပိုက်ဆံ ကုန်မည်။
ချူယောင်း ချူကျောင်း အဝတ်အစားများကို အနည်းငယ် ပြင်လိုက်ပြီး ဒီနေရာမှ ခေါ်သွားလိုက်သည်။ ချူကျောင်း သူ့ဘဝကို အလွန်စိုးရိမ်သည်။ သူ ပြသာနာဖြစ်စေမည်ကိုလည်း အနည်းငယ်ထိတ်လန့်သည်။
သူတို့ အိမ်ပြန်ရောက်သောအခါ ချူကျောင်း တစ်ယောက်က သူနှင့် အရွယ်တူကာတစ်ယောက်က သူ့ထက် အသက်ကြီးပုံပေါ်သော ကောင်မလေးနှစ်ယောက်ကို ကြည့်ပြီး သူ အရင် နှုတ်ဆက်လိုက်သည်။ "ဟဲလို"
ကလေးမနှစ်ယောက်က ရှက်သော်လည်း သူတို့ကို စကားပြောလျှင် ပြန်ဖြေသည်။
"သူတို့နှစ်ယောက်က မင်းယောက်ဖရဲ့ တူမတွေ။ ရွှယ်ရှင်း ရွှယ်ရူနဲ့ နောက် တူတူနေရမှာ။ သူက အစ်မမောင်လေး။ နောက် ရန်မဖြစ်ကြနဲ့နော်" ချူယောင်း ကလေးတွေကို အချင်းချင်း မိတ်ဆက်ပေးလိုက်သည်။
လီရွှယ်ရှင်းနှင့် လီရွှယ်ရူ ချူကျောင်းကို တက်ကြွစွာစကားပြောကြသည်။ အိမ်မှာ တူတူဆော့မည့်လူရှိလာ၍ သူတို့ နောက် အပြင်ထွက်ဆော့စရာမလိုတော့ပေ။
"ဦးလေးငယ်၊ သကြားလုံးစားဖူးလား?" လီရွှယ်ရူ သူမအိတ်ကပ်ထဲက သကြားလုံး ထုတ်လိုက်သည်။
ချူကျောင်း ခေါင်းညိတ်လိုက်သည်။ သူတို့မိဘများမဆုံးခင် သူတို့မောင်နှမ ကောင်းကောင်းနေရကာ သူတို့မိဘများ ဆုံးပါးသွားပြီးနောက် သူတို့မောင်နှမ ခက်ခက်ခဲခဲနေကြရသည်။
"ဒီသကြားလုံးက အရသာရှိတယ်။ ဦးလေးငယ် တစ်လုံး စားကြည့်သင့်တယ် " လီရွှယ်ရူ သူစားဖူးသည်ဟု ပြောသည်ကို လျစ်လျူရှုကာ တစ်လုံး သူ့ကို ထိုးပေးလိုက်သည်။
ချူကျောင်း သူ ဒီသကြားလုံးကို ယူသင့်မယူသင့် မသိပေ။ ထို့ကြောင့် သူ အဝေးက ကျီနန်ဖုန်းကိုသာ ကြည့်လိုက်ရာ ကျီနန်ဖုန်း ခေါင်းညိတ်ပြသည်ကို မြင်မှ သူ ယူလိုက်သည်။
ပါးစပ်ထဲက သကြားလုံးအချိုအရသာက သူ့ကို ချိုမြိန်မှုကို ခံစားရစေသည်။ "ကျေးဇူးတင်ပါတယ်"
"ကျေးဇူးတင်စရာ မလိုပါဘူး။ ငါတို့က အခုကစပြီး တစ်မိသားစုတည်းဖြစ်တော့မှာပဲ"
သူတို့ကြောင့် ချူကျောင်း အလွန်စိတ်လှုပ်ရှားသွားသည်။ ချူကျောင်း သူတို့ကို တစ်နေ့လည်တည်း သိသေးပေမယ့် သူ ဒီမှာ အနည်းငယ် မနေတတ်သည်ကလွဲ၍ လူတိုင်းနှင့် ရင်းနှီးသွားသည်။
ဒီနေ့ နေ့လည်စာက အရိုးစွပ်ပြုတ်ထဲ ခေါက်ဆွဲထည့်ပြုတ်ထားသည်။ ကလေးများ အလွန်ပျော်ရွှင်စွာ စားကြသည်။
ချူကျောင်း မီးကူမွှေးပေးရန် ပြောလိုက်သော်ငြား ရာသီဥတုက အလွန်ပူ၍ သူ ထွက်လာသောအခါ သူ့မျက်နှာ ပူ၍နီသွားသည်။
ခြံထဲတွင် ချူကျောင်း ချွေးသုတ်နေတုန်း သူ့ယောက်ဖ ခြံထဲတွင် ထင်းခွဲနေသည်ကို မြင်၍ သူ အမြန် ထင်းကူသယ်ပေးရန် ပြေးသွားလိုက်သည်။
သူ့ကို မြင်၍ ကျီနန်ဖုန်း ရယ်လိုက်သည်။ "အရမ်းပူတယ်မလား? မီးဖိုချောင်ထဲ မသွားနဲ့တော့။ အစ်ကို မင်း အစ်မကို သွားကူလိုက်မယ်"
မီးဖိုချောင်က အလွန်ပူသည်။ ကျီနန်ဖုန်း ဝင်သွားပြီး ဟင်းချက်နေသော ချူယောင်းကို ပြောလိုက်သည်။ "ကိုယ်ကြော်လိုက်မယ်လေ။ အခုအရမ်းပူနေတယ်"
"ရတယ်။ ကျွန်မ ကျင့်သားရနေပြီ။ မကြာခင် ကြော်ပြီးတော့မှာ" ချူယောင်း အများကြီး ကြော်ပြီးပြီဖြစ်ရာ နောက်ဆုံးတစ်ပန်းကန်ပဲ ကျန်တော့၍ သူ့ကိုသာ ကြော်ခိုင်းလျှင် သူ တစ်ပန်းကန်ကြော်ရုံနှင့် အကုန် ကြော်သလို နာမည်ကောင်းရသွားမည်မလား?
ကျီနန်ဖုန်း ပြန်မထွက်သေးဘဲ မတ်တပ်ရပ်ပြီး မနက်ဖြန်အကြောင်းကို တိုင်ပင်လိုက်သည်။ "မနက်ဖြန် စာရင်းသွားသွင်းရအောင်။ သူတို့ ကိုယ်တို့ကို လွယ်လွယ်စာရင်းသွင်းခွင့် မပေးဘူးလို့ ကိုယ်ထင်တယ်"
"အဲ့လူတွေက ပြောရလွယ်ရင် မူလပိုင်ရှင်...မဟုတ်ဘူး ကျွန်မ ဆိုးဆိုးရွားရွား အနိုင်ကျင့်ခံရမှာမဟုတ်ဘူး" ချူယောင်း သူမစိတ်ထဲပြောချင်သည်ကို ထွက်တော့မလိုဖြစ်သွားသည်။
ကြော်သည့်အသံက အလွန်ကျယ်၍ ကျီနန်ဖုန်း သေချာမကြားရပေ။
"မင်း သိရင်ရပါပြီ။ ကိုယ်ပဲ မနက်ဖြန် ရှောင်ကျောင်းကို ခေါ်သွားလိုက်မယ်။ မင်း အိမ်မှာပဲ နေပါလား?" ဒါက အလွန်ခက်ခဲ၍ သူ ချူယောင်းကို ပြသာနာမဖြစ်စေချင်။
"ရတယ်။ တူတူသွားပြီး သူတို့ကို အိမ်ထောင်စုစာရင်း ပြောင်းဖို့ ဖိအားပေးမယ်။ ပြီးရင် ကျွန်မတို့ စုပေါင်းအဖွဲ့မှာ လျှောက်လည်လို့ရတယ်။ ကလေးနှစ်ယောက်ကိုလည်း မခေါ်ဖြစ်သေးဘူး" ချူယောင်း သူတို့ကို စုပေါင်းအဖွဲ့ကို ခေါ်သွားမည်ဟု ပြောထားပေမယ့် တစ်ခါမှ အခွင့်မကြုံသေး။
"နောက်တစ်ခါ ဒီကိစ္စဖြေရှင်းပြီးရင် ကိုယ်တို့မိသားစု ပတ်ကြည့်ကြမယ်" စုပေါင်းအဖွဲ့တွင် ဘာမှမရှိပေမယ့် သူတို့သွားချင်လျှင် ကျီနန်ဖုန်း သူတို့ကို လိုက်ပို့မည်။
"ကောင်းပြီ။ ကျွန်မ တစ်ယောက်တည်း ကလေးတွေအများကြီး ခေါ်သွားတာ မပြေမှာစိုးလို့ ရှင်ပါ အတူတူလိုက်ခဲ့ပါလား?" ချူယောင်း ကလေးသုံးယောက်ကို သူမဘာသာ လိုက်ပို့ရန်တွေးထားပေမယ့် ကလေးသုံးယောက်ကို အမြဲ စောင့်ကြည့်ရန် မပြေမည်ကို စိုးရိမ်၍ သူ့ကို ခေါ်လျှင် ပိုအဆင်ပြေလောက်မည်ဟု တွေးလိုက်မိသည်။