← Chapters

အခန်း (၆၆)

Vol. 6 Ch. 66

အခန်း (၆၆)

Vol. 6 Ch. 66

သူမက သူနှင့် စစ်တပ်ထဲ မလိုက်ချင်မှန်း ကျီနန်ဖုန်းသိသည်။ ကံကောင်းစွာ သူ ဒီတစ်ခေါက် နားရက်ရှည် ရ၍ သူ စိတ်ပူစရာမလိုတော့ပေ။

"ကောင်းပြီ။ ဒါဆို ကိုယ်တို့ မနက်ဖြန် စုပေါင်းအဖွဲ့သွားပြီး သူ့ကိုစာရင်းသွားသွင်းကြမယ်" ကျီနန်ဖုန်း သူမခေါင်းကို ‌ဖွဖွပုတ်ပြီး ထွက်သွားလိုက်သည်။

ချူယောင်း တစ်ယောက်တည်းကျန်မှ သူမ ခုနက သူ့အပြုံးကို ပြန်တွေးမိကာ သူက သူမကို ခုနက ဘာလို့အရမ်းပြုံးပြရတာလဲဟု တွေးနေမိသည်။

အိုးထဲက ဟင်းတူးနေမှန်း ချူယောင်း သတိမထားမိပေ။ အနံ့ထွက်လာမှ သူမ အမြန် ပန်းကန်တစ်ချပ်ရှာလိုက်ပြီး ဟင်းကို ထည့်ကာ ထမင်းစားပွဲပေါ် သွားထားလိုက်သည်။

ဟင်းမည်းမည်းတူးတူးကို မြင်၍ လူတိုင်း စားရန် အနည်းငယ် တုံ့ဆိုင်းနေကာ ဒီဟင်းက စား၍ရမရ သူတို့မသေချာ၍ သူတို့ မစားကြသဖြင့် ဟင်းက အေးသွားသည်။

သူတို့မစားသည်ကို မြင်၍ ချူယောင်း သူမဘာသာစားကြည့်ရန် တွေးလိုက်သည်။ သို့သော် ကျီနန်ဖုန်းတူက လှမ်းလာသော သူမ တူကို တားလိုက်သည်။ "ကိုယ်စားကြည့်ကြည့်မယ်"

ကျီနန်ဖုန်း ကြွပ်ကြွပ်ကြော်ထားသောပဲကို တူနှင့် ယူလိုက်သည်။ လတ်ဆတ်သည့်ပဲဖြစ်ပေမယ့် အပြင်က မည်းနေ၍ သူ ခဏမျှတုံ့ဆိုင်းပြီးမှ ပါးစပ်ထဲထည့်လိုက်သည်။

တူးနံ့ကြောင့် ကျီနန်ဖုန်း တွေးထုတ်ပြီး ဒါက ဘာတွေလဲဟု မေးချင်ပေမယ့် ချူယောင်း ဝမ်းနည်းမည်ကို စိုးရိမ်၍ သူ တင်းခံလိုက်ပြီး ပြုံးကာ" နည်းနည်းတူးနံ့ရတာကလွဲရင် အရသာက အတော်‌ကောင်းပါတယ် "

သူ သူမကို နှစ်သိမ်ပေးဖို့ ကြိုးစားနေသည်ကို ချူယောင်းနားလည်သည်။ ဗိုက်မကောင်းဖြစ်မည်ကိုမစိုးရိမ်ဘဲ အရသာကောင်းသည်ဟု ပြောသည့်လူရှိသေးသည်လား?

ကျီနန်ဖုန်း ပန်းကန်ကို ကောက်ကိုင်လိုက်ပြီး "တူးတာတွေစားတာက ကျန်းမာရေးနဲ့ မညီညွတ်ဘူး။ ဒါကြောင့် စားမကြည့်နဲ့တော့"

နေ့လည်စာစားပြီးနောက် ချူယောင်း သူတို့ကို နားရန်ပြောလိုက်သည်။ ကျီနန်ဖုန်း ချူကျောင်းကို နားရန်ခေါ်သွားပြီး သူမက ကလေးမနှစ်ယောက်ကို တူတူအိပ်ရန် ခေါ်သွားသည်။

ချူကျောင်း ကျီနန်ဖုန်းကို သံသယနှင့်ကြည့်ကာ "ယောက်ဖ"

ချူကျောင်း ဒီလိုအမူအရာ ဘာလို့ဖြစ်နေသည်ကို ကျီနန်ဖုန်း နားမလည်ပေ။ အခန်းထဲ ခေါ်သွားပြီးမှ မေးလိုက်သည်။ "ဘာဖြစ်လို့လဲ? တစ်ခုခုအဆင်မပြေတာရှိလို့လား? တစ်ခုခုဆို အစ်ကိုနဲ့ မင်း အစ်မကို ပြောလို့ရတယ်"

ချူကျောင်း ခေါင်းခါလိုက်သည်။ သူ့နှုတ်ခမ်းကို စူပြီး ရှုံ့မဲ့ကာမေးလိုက်သည်။ " အကိုနဲ့ ကျွန်တော့်အမ ဘာလို့တူတူမအိပ်တာလဲ?"

ကျီနန်ဖုန်း ဒီမေးခွန်းကြောင့် ကြောင်သွားသည်။ သူ ဒီကလေးကို ကြည့်လိုက်ပြီး ပြုံးကာ အိပ်ရာပေါ်တင်ရင်း "အိမ်မှာ အခန်းနှစ်ခန်းပဲရှိတော့ မင်း မင်းအစ်မနှစ်ယောက်နဲ့ ရန်ဖြစ်မှာစိုးရိမ်လို့"

ချူကျောင်းက ကလေးသုံးယောက်ထဲ အငယ်ဆုံးဖြစ်သည်။ မိန်းကလေးနှစ်ယောက်က သူ့ကို ဦးလေးငယ်ဟု ခေါ်ပေမယ့် သူက အငယ်ဆုံးဖြစ်သည်။

"ဒါပေမယ့် ကျွန်တော် ကျွန်တော့်တူမအငယ်တွေနဲ့ ရန်မဖြစ်ပါဘူး" သူက မောင်အငယ်မဟုတ်ဘဲ ဦးလေးမှန်း ချူကျောင်းသိသည်။

ကလေးသုံးယောက်၏ စီနီယာအစဥ်ကို ကျီနန်ဖုန်း အစက သတိမထားမိပေ။ ချူကျောင်း သူ့ကိုယ်သူ ဦလေးဟု ပြောမှ သတိထားမိသည်။ ကျီနန်ဖုန်း ချူကျောင်းပုခုံးကို ပုတ်လိုက်ပြီး "ငယ်‌ငယ်လေးပေမယ့် ညီလေးက ဦးလေးဖြစ်နေပြီပဲ "

"ဟုတ်တယ်။ တူမအကြီးဆုံးက ကျွန်တော်က တူမအငယ်ထက် ပိုငယ်တယ်လို့ ပြောတယ်။ ဒါပေမယ့် ကျွန်တော် သူတို့ကို အမတွေလို့ ခေါ်လို့မရတော့ သူတို့ ကျွန်တော့်ကို ဦးလေးငယ်လို့ ခေါ်မှရမယ်" ချူကျောင်း ဂုဏ်ယူနေသည်။

"အကိုသိပြီ။ ဒါဆို ဦးလေးငယ်တစ်ယောက်အနေနဲ့ စောစောအိပ်ရာဝင်တော့ မဟုတ်ရင် မင်းတူမတွေကို ဘယ်လိုရှေ့ဆောင်လမ်းပြဖြစ်မလဲ?" ကျီနန်ဖုန်း ဒီကလေးကို အရင်က အလွန်ရင့်ကျက်သည်ဟု ခံစားရပေမယ့် အခု ဒီလို အရမ်း ကလေးဆန်မည်ဟု မထင်ထားပေ။

"ယောက်ဖ ပြောတာမှန်တယ်။ ကျွန်တော် သူတို့အတွက် ဥပမာဖြစ်ရမယ်" ချူကျောင်း‌ပြောပြီး လှဲကာ မျက်လုံးပိတ်လိုက်ပြီးနောက် ခဏကြာသောအခါ ဟောက်သံထွက်လာသည်။

တစ်ခြားအခန်း‌တွင် ကလေးမနှစ်ယောက်လည်း အလွန်စိတ်လှုပ်ရှားကာ မရပ်မနား စကားပြောနေကြသည်။ "ဦးလေးငယ်က သမီးထက်ပိုငယ်တယ်။ နောက် ဦးလေးငယ် သမီးတို့နဲ့ နေမှာလား?"

လီရွှယ်ရူက ဒီအိမ်တွင် နေသည်မှာ ကြာပြီဖြစ်ကာ သူတို့သုံးယောက်အခုတလောတူတူအိပ်ကြ၍ ကလေးတွေ ချူယောင်းကို အလွန်ရင်းနှီးကာ သူတို့ အခုလို တိုက်ရိုက်ထုတ်ပြောရဲကြသည်။

"နောက်ဆို သမီးတို့ တူတူစား တူတူကျောင်းသွား အိမ်မှာ တူတူနေရမှာ " ချူကျောင်း စိတ်ရှည်စွာ ကလေးနှစ်ယောက်မေးခွန်းကို ဖြေပေးလိုက်သည်။ ချူယောင်း ကလေးနှစ်ယောက် စိုးရိမ်မှုများကို မြင်ကာ သူတို့ သူတို့ပြသာနာကို ဖြေရှင်းတတ်ပြီး ကိုယ့်ကိုကိုယ် ပိုအားကိုးတတ်ရန် မျှော်လင့်သည်။

" ဒါပေမယ့် သမီးထက် ပိုငယ်တဲ့သူကို ဦးလေးငယ်လို့ သမီးတကယ် ပြောမထွက်ဘူး" လီရွှယ်ရှင်း ပြောပြီးနောက် သက်ပြင်းချလိုက်သည်။ သူ့ကိို အခွင့်ကောင်းယူသည်ဟု အမြဲခံစားရသည်။ သူမက ဦးလေးငယ်ထက်ပိုအသက်ကြီး၍ ဦးလေးငယ်ဟု ခေါ်သည်က ‌အခွင့်အရေးယူသလို ဖြစ်နေသည်ဟု တွေးမိသည်။

"ဟုတ်ပြီ။ အိပ်ရာမြန်မြန်ဝင်ကြ။ နေ့လည်ကျ တီကောင်ဖမ်းရဦးမယ်။ အိမ်က ကြက်ပေါက်လေးတွေ ကြီးလာရင် ကြက်ဥဥလို့ရပြီ။ အဲ့အချိန်ဆို တစ်ယောက် ကြက်ဥတစ်လုံးစားရမယ်" ချူယောင်းပြောလိုက်သည်က ကလေးနှစ်ယောက်ကို သရေယိုမတတ်ဖြစ်သွားစေသည်။

ကလေးနှစ်ယောက် ဒီလိုအိပ်မက်မက်ကာ အိပ်ပျော်သွားကြသည်။ အိပ်မက်ထဲတွင် သူတို့ကြက်ဥကြိုက်သလောက် စားလို့ရပြီး လူတိုင်းနှင့် တူတူပျော်ရွှင်စွာနေကြသည်။

တရေးအိပ်ပြီးနောက် ချူယောင်း အရင်အိပ်ရာမှ ထလိုက်ကာ စားပွဲ‌ပေါ်က ပစ္စည်းများကို ကြည့်လိုက်သည်။ ဒီစားပွဲက ကလေးမနှစ်ယောက်အတွက်ဖြစ်ရာ စားပွဲပေါ်တွင် ပန်းများအပင်များရှိသည်။

ချူယောင်း အလွန်နွေးထွေးသွားသလို ခံစားရသည်။ အိမ်တွင် အရာအာလုံးပြောင်းလဲလာကာ ကိစ္စအများစုကလည်း အစကနေ စဖြစ်လာသည်။ ချူယောင်း ပြုံးကာ ‌ကလေးနှစ်ယောက်ကို စောင်ပြန်ခြုံပေးလိုက်သည်။

ကျီနန်ဖုန်း စောစောထကာ ခြံထဲတွင်ထိုင်ပြီး ပဲများကို အချဥ်စိမ်ရန် အလုပ်စလုပ်သည်။ အိိမ်တွင် အသီးအနှံအများကြီးရှိသည်ကို ကျီနန်ဖုန်း မထင်မှတ်ထား။

ချူယောင်း သူမကိုယ်ပိုင်မြေတွင် အသီးအနှံများ မစိုက်ရသေးဘဲ လူငှားပြီးလည်းမစိုက်ပေ။

ကျီနန်ဖုန်း စိတ်ထဲ သံသယများရှိပေမယ့် ချူယောင်းက မပြောချင် သူကလည်း မမေးမိသဖြင့် ဒီကိစ္စကို တစ်ခါမှ သေချာမရှင်းရသေး။

သူမ လျှောက်ပြောလိုက်သော ဆင်ခြေများက အသုံးဝင်သည်ဟု ချူယောင်းထင်သည်။ လူတိုင်း သံသယများနှင့်ဖြစ်ရာ သူမနှင့် ဆက်ဆံရေး‌ကောင်းသည့်သူများက ဒီအသီးအနှံများကို လာကြည့်ကြသည်။

"ကိုယ် ပဲအချဥ်စိမ်နေတာ" ချူယောင်း အခန်းထဲမှ ထွက်လာသည်ကို မြင်၍ ကျီနန်ဖုန်း သူဘာလုပ်နေသည်ကို တင်ပြလိုက်သည်။

သူကို တကယ်နားမလည်နိုင်ဟု ချူယောင်း ခံစားရသည်။ အချဥ်စိမ်ချင် စိမ်ပေါ့ သူမကို ဘာလို့အကုန်ပြောနေတာလဲ?

"ဟုတ်ပြီ။ အိမ်မှာ ပဲတွေစားမကုန်ဘူး။ အချဥ်စိမ်ပြီးရင် ကြော်လို့လည်း ရတယ်။ ငရုတ်သီးနဲ့ ကြော်စားရင် အရသာက ချဥ် ပူ စပ်နဲ့ စားလို့ကောင်းတယ်" သူမ ငရုတ်သီးစိုက်ထားပေမယ့် မထုတ်ဖြစ်သေး၍ ဖြစ်သည်။

သူမနေရာလွတ်က ပစ္စည်းများက ထပ်စိုက်၍ရသည်။သို့သော် သူမ စိုက်ပြီးပေမယ့် ထုတ်၍မရသေးပေ။ သူမ ညတိုင်း အသီးအနှံများ စပါးများ ကြိုးစားစိုက်ပေမယ့် ထုတ်ရန် ဆင်ခြေကောင်းကောင်းမရှိသေး၍ ချူယောင်း ရွေးချယ်စရာမရှိဘဲ ထိုအရာအားလုံးကို နေရာလွတ်ထဲသာ ထားထားရသည်။ ကျီနန်ဖုန်း ပြန်သွားမှ သူမ အားလုံးကို တစ်ခါတည်း ရောင်းစားရန်တွေးထားသည်။

ကျီနန်ဖုန်းက သူမ ဘာတွေးနေသည်ကို မသိပေ။ နေ့လည်မတိုင်ခင် ပဲများကို ဆေးကာ အပြင်တွင် အခြောက်လှမ်းထားမည်။ ‌ခြောက်သွားသောပဲများကို ဆားဖြူးကာ ပုလင်းထဲထည့်ပြီး ရေထည့်သည်။

ကျီနန်ဖုန်း အလွန်ရိုးရှင်းသော ပဲအချဥ်စိမ်ကို သူ့ဘာသာ လွယ်ကူစွာပြီးသွားသည်။ ချူယောင်းအစက ကူချင်ပေမယ့် သူ အလွန်လွယ်ကူစွာလုပ်နေသည်ကို မြင်၍ သူမဘေးတွင်သာ ထိုင်ကာ ညနေခင်းလေပြေကို ခံစားလိုက်သည်။

ညနေရောက်တော့မည်ဖြစ်၍ လေပြေညှင်းက တစ်ကိုယ်လုံးကို တိုက်ကာ အတော်အေးမြသည်ဟု ခံစားရသည်။ မနေ့က နွေဖြစ်ပေမယ့် ဒီနေ့ ဆောင်းဦးရောက်တော့မည်လားဟု ချူယောင်းစဥ်းစားမိသည်။

မနေ့က ဒီအချိန် ရာသီဥတုက အလွန်ပူသေးပေမယ့် အခု အေးမည်ဟု မထင်ထား။

အိမ်က ‌‌ကလေးသုံးယောက်လုံး အဝတ်မရှိကြပေ။ စောင်တောင် သိပ်မထူ၍ သူမ အဝတ်ပြင်ချိန်မရမည်ကို ချူယောင်း စိုးရိမ်သည်။

ထို့ကြောင့် မနက်ဖြန်စျေးသွားလျှင် ဝယ်ရမည်ကို တွေးနေလိုက်သည်။

"ရာသီဥတုက ပိုအေးလာတယ်ဆိုတော့ မနက်ဖြန် ကျွန်မတို့ စျေးမှာ ပစ္စည်းအများကြီး ဝယ်ရမယ်။ ကလေးတွေအတွက်ရော ရှင့်အတွက်ရော အဝတ်အစားဝယ်ရမယ်။ ရှင် အဝတ်အများကြီး ပြန်ယူလာတယ်လို့ ကျွန်‌မ မထင်ဘူး"

ဒါကို ချူယောင်း မတော်တဆ သိလိုက်ပေမယ့် အခုတစ်ကြိမ်ပြောရမည်ဟု ချူယောင်းတွေးလိုက်သည်။

"ကိုယ် ဂရုမစိုက်ဘူး။ ကိုယ် ပုံမှန်အဝတ်ဝတ်ဖို့ အချိန်မရှိဘူး။ ဒါကြောင့် ကိုယ်အတွက် အဝတ်မဝယ်နဲ့။ မင်းအတွက်သာ ပိုဝယ်" ကျီနန်ဖုန်း ဒီ‌အရာများကို ဂရုမစိုက်ပါ။

ကျီနန်ဖုန်း ပဲများကို ချထားလိုက်ကာ ရေတွင်းက ရေဖြင့် ‌လက်ဆေးပြီး ခြံထဲတွင် ထိုင်နေသော ချူယောင်းကို ပြောလိုက်သည်။ "ကိုယ့်ကို ဒီမှာ စောင့်နေဦး။ ကိုယ် သွားယူလိုက်ဦးမယ်"

ကျီနန်ဖုန်း သွားသည်မှာ အနည်းငယ်ကြာကာ ချူယောင်း အေးလာသလို ခံစားရပေမယ့် သူမ ဆက်ထိုင်နေလိုက်သည်။

မကြာခင် ကျီနန်ဖုန်း ပြန်လာပြီး သူလက်ထဲက ပစ္စည်းများကို ချူယောင်းကို ကမ်းပေးလိုက်သည်။ "ပိုက်ဆံက ကိုယ့်လစာအကုန်လုံး။ တစ်ချို့က စစ်ဆေးရေးအတွက် လျော်ကြေး။ မင်းအကုန် သုံးလို့ရတယ်"

ချူယောင်း ပိုက်ဆံကို ကြောင်ကာယူလိုက်ပြီး လက်ထဲက ‌ငွေစာရင်းစာအုပ်တွင် ယွမ်၅၀၀၀ရှိသည်ကိုမြင်လိုက်သည်။ ဒါကို မြင်၍ ချူယောင်း လန့်သွားသည်။ ဒီလိုရမည်ဟု ချူယောင်း မထင်ထားပေမယ့် ချူယောင်း ပြန်ပေးဖို့မတွေးထားပေ။ ကလေးသုံးယောက်ကို ပျိုးထောင်ရသည်က မလွယ်ပါ။ ပြီးတော့ ကလေးနှစ်ယောက်က ကျီနန်ဖုန်းနှင့် သွေးသားတော်စပ်သဖြင့် သူက ဘာလို့မပေးရမှာလဲ?

"ဒါဆို ကျွန်မ ငွေကိုယူလိုက်မယ်" စာရင်းစာအုပ်အပြင် လက်မှတ်အများကြီးလည်း သူမလက်ထဲ ရှိသေးသည်။

"ဒီလက်မှတ်တွေနဲ့ အများကြီး ဝယ်လို့ရတယ်" ကျီနန်ဖုန်း ဘာမှမဟုတ်သလို ပြောလိုက်သည်။

ချူယောင်း ခေါင်းညိတ်လိုက်သည်။ မြို့သို့ရောက်လာပြီး ဘာမှသိပ်မသိသော တောသူမဟု သူမကိုယ်သူမ ခံစားရသည်။ "ဝိုး။ အဝတ်လက်မှတ်ရော သကြားလက်မှတ်ရော စက်မှုလက်မှတ်ရောပါတယ် "

သူမ တစ်ခြားသူဆီက ဝယ်လိုက်‌သော အိုးအကြောင်းကို ပြန်တွေးမိကာ သူနှင့်လိုက်ရမလားဟု အနည်းငယ် တွေးမိသွားသည်။

"ကျွန်မတို့ ရှင်နဲ့ မလိုက်ရင် ရှင်စိတ်ဆိုးမှာလား? " ချူယောင်း သူ့အမူအရာကို ကြည့်ချင်သည်။

ကျီနန်ဖုန်း အနည်းငယ် စိတ်ပျက်သွားပုံပေါ်ပေမယ့် သူ ခေါင်းခါလိုက်သည်။ "မဖြစ်ပါဘူး။ မင်းကိုယ်ပိုင် ဆုံးဖြတ်ချက်အတိုင်းပါပဲ"

သူဆက်ပြောလိုက်သည်။ "မင်း ကိုယ်နဲ့ စစ်တပ်ထဲ လိုက်ရင် ကိုယ် ကလေးတွေကို ကူထိန်းပေးတော့ မင်း ပိုသက်သာမှာပါ။ ကိုယ့်ကြောင့် မင်း‌ ကလေးအများကြီးကို ဂရုစိုက်နေရတာ"

"ရှင်‌ပြောတာလည်း ကြည့်ဦး။ ကလေးနှစ်ယောက်က ကျွန်မကို အဒေါ်လို့ခေါ်တာ ပြီးတော့ အခု ကျွန်မမောင်လေးလည်း ရှိနေပြီ။ ရှင်က ဘာပြောတာလဲ?" သူ သူမကို ပါအောင်ခေါ်ဖို့ကြိုးစားနေသည်ဟု ချူယောင်း ခံစားရသည်။

"မင်းအများကြီး မတွေးဘူးဆိုတာ ကိုယ်သိပါတယ်။ ဒါပေမယ့် အခု အိမ်မှာ ကလေးတွေ အများကြီးရှိတော့ မင်းတစ်ယောက်တည်း မနိုင်မှာ ကိုယ်စိုးရိမ်လို့ပါ။ ကိုယ်အိမ်မှာရှိသရွေ့ ကိုယ်အိမ်အလုပ် အကုန်လုပ်မယ်လို့ ကတိပေးနိုင်ပါတယ်" ကျီနန်ဖုန်းက ပျင်းရိပြီး အိမ်အလုပ်ကို မိန်းမကိုပဲ လုပ်ခိုင်းသည့်သူမျိုးမဟုတ်ပါ။

ချူယောင်း ခေါင်းငြိမ့်ကာ "ကျွန်မ ဒီတစ်ခါ သေချာစဥ်းစားကြည့်ပါ့မယ်"

All Chapters