အခန်း (၆၇)
Vol. 6 Ch. 67
ဒုတိယမြောက်နေ့တွင် မိသားစုသုံးယောက် စုပေါင်းအဖွဲ့သို့ လမ်းလျှောက်သွားကြသည်။ ချူကျောင်း ထုတ်မမေးဘဲ မနေနိုင်ပေ။ "အစ်မ၊ ကျွန်တော်တို့ ဘာလို့လမ်းကျဥ်းမှာ သွားရတာလဲ?"
လမ်းဘေးနှစ်ဖက်က မြက်များက ရှည်တက်နေရာ သူလမ်းလျှောက်စဥ် အနည်းငယ် စိတ်လှုပ်ရှားပေမယ့် သံသယများစွာလည်း ရှိသည်။
"ဘာလို့ ဒီကလေးက နေ့တိုင်းမေးခွန်းအများကြီးရှိနေရတာလဲ?" ချူယောင်း သူမနှင့် ကျီနန်ဖုန်း ကြားရုံမျှခပ်တိုးတိုးပြောလိုက်သည်။
ချူကျောင်းက သူမဖြေသည်ကို စောင့်နေသေး၍ ချူယောင်း ရွေးချယ်စရာမရှိဘဲ ဆင်ခြေတစ်ခုပေးလိုက်သည်။ "မောင်လေးကို လူသိမများတဲ့နေရာကနေ ခေါ်လာပြတာပေါ့? ရွာက ကလေးတွေလည်း ဒီလမ်းကပဲ သွားနေကြ"
ချူကျောင်းတွင် မေးခွန်းများစွာရှိပေမယ့် သူအဖြေအတိအကျလည်း မလိုချင်ပေ။
"လူသိမများတဲ့ နေရာဆိုတာဘာလဲ? လူသိမများတာဆိုတာ ဘာအဓိပ္ပါယ်လဲ?" ချူကျောင်းက မေးခွန်းများစွာမေးတတ်သော ကလေးတစ်ယောက်နှင့်တူသည်။ မေးခွန်းများကလည်း ခရေ့စေ့တွင်းကျနှိုက်နှိုက်ချွတ်ချွတ်ဖြစ်သည်။
"လူသိမများတဲ့နေရာဆိုတာ လူတွေသိပ်လာလေ့မရှိတဲ့နေရာကိုပြောတာ" ချူယောင်း စိတ်ရှည်စွာရှင်းပြလိုက်သည်။
ကျီနန်ဖုန်း ဘေးက ကြည့်ရင်း ချူကျောင်းကို ချီကာ သူ့ပုခုံးပင်တင်လိုက်ပြီး သယ်သွားသည်။ ချူကျောင်း အလွန်ပျော်သွား၍ မေးခွန်းမေးဖို့ သတိမရတော့ပေ။
သူတို့နောက်မှ လျှောက်လာသော ချူယောင်း စိတ်အေးစွာ သက်ပြင်းချလိုက်သည်။ ဒီကလေးက နေ့တိုင်း မေးခွန်းများစွာ ရှိပြီး တစ်ချို့မေးခွန်းများကို သူ့ဘာသာ အဖြေရှာမရချေ။
ကလေးတွေက ကွဲပြားတဲ့အကျင့်စရိုက်ရှိကြသည့်ပုံပေါ်သည်။ ပြသာနာက သူတို့မိသားစုတွင် ကလေးသုံးယောက်ရှိပြီး ကလေးသုံးယောက်က အကျင့်စရိုက်မတူညီကြပေ။
လီရွှယ်ရှင်းက ပေါ့ပေါ့ပါးပါး နေတတ်သောကလေးဖြစ်ပေမယ့် သူတို့မိဘများနှင့်ပတ်သက်၍ ပြသာနာများတွေ့ကြုံပြီးသည့်နောက် ပိုသိတတ်လာကာ မောင်နှမငယ်များကို ဂရုစိုက်တတ်လာသည်။
လီရွှယ်ရူက အနည်းငယ် ကြောက်တတ်ပေမယ့် အခုနောက်ပိုင်း ပိုတက်ကြွလာသည်။ ဒီကလေးက ကိုယ်ရည်ကိုယ်သွေး ပြသာနာများနှင့် မွေးဖွားလာပေမယ့် ချူယောင်း ဒီကလေးကို မနှစ်သက်ခြင်းမရှိပါ။ ထိုအစား ဒီကလေးက သူမကို အခုတလောပိုမှီခိုလာသည်ဟုပင် ခံစားရသည်။
နောက် ချူကျောင်းက စူးစမ်းတတ်သောကလေးတစ်ယောက်ဖြစ်ရာ သူက တစ်နေကုန်မေးခွန်းပေါင်းစုံအကြောင်း သိချင်သည်။ သူ ထိုအရာများအကြောင်းသိလျှင်တောင်မှ မမေးဘဲ မနေနိုင်ပေ။ စကားများသည်ဟုသာ ချူယောင်းထင်သည်။
ချူကျောင်းက စကားပြောချင်သည်ဟုသာ ချူယောင်းခံစားရသည်။ သူ ချူအဒေါ်လို လူမျိုးနှင့် ဘယ်လိုအသက်ရှင်သည်ကို တကယ်မသိပေ။ ချူတစ်မိသားစုလုံးက မကောင်းပါ။
မူလပိုင်ရှင် ထိုအိမ်တွင် နေခဲ့ရသောနေ့ရက်များကို တွေးမိပြီး ချူယောင်း ခေါင်းမကိုက်ဘဲ မနေနိုင်ချေ။
မူလပိုင်ရှင်၏ မိသားစုလေးယောက်ဘဝက အတော်ကောင်းမွန်သည်။ မိဘနှစ်ယောက်လုံးကလည်း အလုပ်လုပ်နိုင်သည်။ မူလပိုင်ရှင်ငယ်စဥ်က သူမအဖေ မီးသွေးတွင်း သွား၍မီးသွေးတူးရာ နောက် မြေမတော်တဆပြိုကျ၍ မူလပိုင်ရှင်၏ အဖေ မီးသွေးတွင်းတွင် သေဆုံးခဲ့သည်။
ထိုအချိန်က မူလပိုင်ရှင်၏အမေ ကိုယ်ဝန်ရှိနေ၍ ထိုသတင်းကြားပြီး စိတ်ထိခိုက်ကာ ချူကျောင်းကို မွေးဖွားပြီး ကွယ်လွန်သွားခဲ့သည်။
ချူကျောင်းငယ်နေသေး၍ သူ သူ့အစ်မနှင့်အတူ ချူအဒေါ်တို့နှင့် တူတူလိုက်နေသည်။ မူလပိုင်ရှင်က သူတို့အဖေသေဆုံးသည့်အတွက် လျော်ကြေးကို ချူအဒေါ်မိသားစုအားပေးရန် ရွာခေါင်းဆောင်ကို ပြောလိုက်သည်။ ထိုလျော်ကြေးက သူမနှင့် သူမမောင်ကို ထောက်ပံ့ရန်အတွက် ပေးခြင်းဖြစ်ပြီး သူမမောင် ပြသာနာတစ်စုံတစ်ရာ မရှိစေရန်အတွက် ရည်ရွယ်သည်။
သူမနှင့် သူမမောင်သာ မိသားစုတွင် ကျန်တော့၍ သူမမောင်ကို ကာကွယ်ရန်အတွက် မူလပိုင်ရှင်လျော်ကြေးအားလုံးကို ပေးရန်လိုလားသည်။ အဘယ်ကြောင့်ဆိုသော် သူမအသက်က ၁၁နှစ် ၁၂နှစ်ပဲရှိသေး၍ သူမတစ်ယောက်တည်း အိမ်တွင်ပိုက်ဆံနှင့် သူမမောင်ကို ဂရုစိုက်ရန်မပြေချေ။
မူလပိုင်ရှင် ဆွေမျိုးအများကြီးကို စဥ်းစားပြီးပေမယ့် တစ်ယောက်မှ အားကိုး၍မရပေ။ အများစုက ငွေကြောင့်သာဖြစ်သည်။
ချူအဒေါ်၏ မျက်လုံးများက ငွေများကိုမြင်၍ ပြူးကျယ်သွားပေမယ့် ချူအဒေါ်မိသားစုက အဆင်ပြေသည်ဟု မူလပိုင်ရှင်ထင်ခဲ့သည်။
ထို့ကြောင့်မူလပိုင်ရှင် ရွာသူကြီးကို ချူအဒေါ်လက်ထဲ လျော်ကြေးအပ်လိုက်ရန် ပြောလိုက်သည်။ သို့သော် ချူအဒေါ်က လျော်ကြေးငွေအကြောင်း မူလပိုင်ရှင်မသိဟု ထင်ခဲ့သည်။ ချူအဒေါ်ကိုယ်တိုင်ကလည်း နာမည်လိုချင်၍ လျော်ကြေးငွေအကြောင်း ဘယ်သူ့မှကိုမပြောခဲ့ပေ။
သူတို့ သုံးယောက် ရုံးသို့ ရောက်သွားသောအခါ ချူမိသားစု မရောက်သေးပေ။ ဒါက သူတို့မျှော်လင့်ထားသည့်အရာဖြစ်သည်။ ကျီနန်ဖုန်း သူတို့ကို ပြောလိုက်သည်။ " ခဏစောင့်ကြည့်ကြတာပေါ့။ သူတို့တကယ်မလာရင် ကိုယ်တို့ပြန်ကြမယ် "
သူတို့ ဒီကို ရိုးရိုးသားသား မလာကြမည်ကို သိသည်။ သူတို့ ငွေသာလိုချင်ကြ၍ သူတို့ကို ငွေမပေးလျှင် လာကြမည်မဟုတ်။
ခဏမျှစောင့်ပြီး၍ ဘယ်သူ့မှမတွေ့သဖြင့် ချူယောင်း ဆက်စောင့်ရန် အလွန်ပျင်းရိနေ၍ "စျေးသွားပြီး တစ်ခုခုသွားဝယ်ကြမယ်။ စျေးဝယ်ပြီးရင် စောစောပြန်ကြမယ်"
သူတို့စျေးသို့သွား၍ ချုပ်ပြီးသား အဝတ်အချို့ သွားဝယ်ကြသည်။ ချူယောင်း သူမကိုယ်တိုင်ချုပ်၍မရပါ။ သူမအရင်ဘဝက အပ်တစ်ခါမှမကိုင်ဖူးကာ ကြယ်သီးဘယ်လိုချုပ်ရမည်ကိုပင်မသိ။ ထို့်ကြောင့် သူမ ဘယ်လို အဝတ်ချုပ်နိုင်မည်နည်း?
သူတို့ မုန့်များလည်း ဝယ်ကြသည်။ ချူယောင်း ဒီရောက်လာပြီးတည်းက မုန့်စားချင်ပေမယ့် ရောင်းသည့်စနစ်က အလွန်အလုပ်ရှုပ်သဖြင့် သူမ အများကြီးစား၍ မရပေ။
စျေးဝယ်ပြီးသောအခါ သူတို့မိသားစုသုံးယောက် ရဲစခန်းသို့သွား၍ ကလေးအခြေအနေကို မေးကြည့်ကြသည်။ ချူယောင်း ထိုမွေးကင်းစကလေးကို ကလေးဟုသာခေါ်သည်။
ဘယ်သူမှ ကလေးကို နာမည်မပေးကြပေ။ ကလေးမမွေးခင်က ကျီရို ဘယ်နာမည်ပေးရမလဲ အခက်ကြုံနေပြီး ကလေးမွေးပြီးမှ ပေးရန် စောင့်လိုက်သည်။
ကလေးထွက်လာပြီးသောအခါ နောက်ကျသွားသည်။ သူ့ဇနီးသေဆုံးမှုကြောင့် လီဝေ နာမည်ရွေးရန် စိတ်မဝင်စားသေးကာ လီအမေကလည်း သူ စိတ်ညစ်နေမှန်းသိ၍ သူမခင်ပွန်းကို နာမည်တစ်ခုရွေးခိုင်းရန် စီစဥ်ထားပေမယ့် သူမခင်ပွန်းက ဤပြသာနာကြားထဲ မပါချင်။ ထို့ကြောင့် ဒီကလေးတွင် နာမည်တစ်ခုမှမရှိသေးပေ။
ချူယောင်း ကျီနန်ဖုန်းနှင့် ရဲစခန်းသွားလိုက်သည်။ သူ တစ်ခါတည်း သူသိသော သူငယ်ချင်းတစ်ယောက်ကို ရှာတွေ့သည်။ ထိုသူငယ်ချင်းက ချူယောင်းသွားမေးဖူးသောသူဖြစ်သည်။
သူတို့နှစ်ယောက်အတူတူလာသည်ကို မြင်၍ "ဒါ မင်းဇနီးလား?!"
ကျီနန်ဖုန်းပြုံးကာ ခေါင်းညိတ်လိုက်သည်။ ခေါင်းညိတ်ပြီးနောက်" ယောင်းယောင်း၊ ဒါကိုယ့်ရဲဘော်ရဲဘက်"
မိတ်ဆက်ပေးပြီးနောက် ကျီနန်ဖုန်းမျက်နှာထားတည်သွားကာ သူ့ရဲဘော်ရဲဘက်မျက်နှာကို လေးနက်စွာကြည့်လိုက်ပြီး "အဲ့ကလေးအခြေအနေအခုဘယ်လိုလဲ တစ်ခုခုတွေ့သေးလား?"
ကျီနန်ဖုန်း၏ ရဲဘော်ရဲဘက်လည်း သူတို့ကို လေးနက်စွာကြည့်ပြီး" ငါတို့ ရှာနေတယ်"
ကျီနန်ဖုန်း ထိုစကားအဓိပ္ပါယ်ကို သဘောပေါက်၍ ခေါင်းညိတ်လိုက်ပြီးနောက် လက်ဆွဲနှုတ်ဆတ်ပြီး သူတို့မိသားစုသုံးယောက် ရဲစခန်းမှ ထွက်လာကြပြန်သည်။
ချူကျောင်းအပါအဝင် လူတိုင်း စိတ်ညစ်နေကြသည်။ ချူကျောင်းက ကိစ္စဖြစ်ရပ်မှန်ကို မသိပေမယ့် သူ့အစ်မနှင့် ယောက်ဖမျက်နှာမကြည်သည်ကို တွေ့၍ သူမမေးရဲ၍ ဘေးတွင်သာ သတိထားလျှောက်သည်။
ချူယောင်း သူသတိထားနေသည်ကို မြင်၍ သူ့လက်ကလေးကို "အမြန်ဖမ်းကိုင်ကာ ဂရုစိုက်။ လျှောက်မပြေးနဲ့!"
ချူကျောင်း ဟမ်းစတားလေးတစ်ကောင်ကဲ့သို့ ခေါင်းညိတ်၍ ချူယောင်း ပြုံးလိုက်သည်။
အစက ချူယောင်း သူတို့ အိမ်ပြန်တော့မည်ဟု ထင်ထားပေမယ့် ကျီနန်ဖုန်းက သူမကို တားကာ လမ်းကြားထဲ ခေါ်သွားသည်။
ဟွမ်မောင်နှင့် သူ့သူငယ်ချင်းအားလုံး ထိုနေရာတွင်ရှိရာ အပြင်ကို မျက်တောင်မခက်ဘဲ စိုက်ကြည့်နေကြပြီး အရပ်မည်းမည်းတစ်ခု သူ့ဘေးပေါ်လာ၍ ဟွမ်မောင် လှည့်ကြည့်လိုက်ပြီး "အကိုကြီး! အကိုကြီး ဒီရောက်လာပြီ!"
"ငါ မင်းတို့အခြေအနေကို လာကြည့်တာ" ကျီနန်ဖုန်း ချူကျောင်းကို သူ့ဘာသာ ဆော့ရန်မှာခဲ့ပြီး ဟွမ်မောင်သူငယ်ချင်းတစ်ယောက်လည်း လာကစားလေ့ရှိ၍ သူ ချူကျောင်းကို ဆော့ရန်ထားခဲ့သည်။
"ဘာပြသာနာမှ မရှိပါဘူး။ အဲ့တစ်ယောက်က ဆွံ့အအောင်လုပ်နိုင်တယ်" ဟွမ်မောင် ဒီရက်ပိုင်း လိုက်စောင့်ကြည့်သည်ကို တွေးမိရာ ထိုကောင်လေးက ငွေလည်းမရှိဘဲ ကတိမျိုးစုံပေးရသည်ကို သဘောကျသည်ကို တွေ့သည်။
ထိုကတိများကိုကြား၍ ဟွမ်မောင် လုံးဝအံ့သြသွားသည်။ ထိုကျီကျိုးက ဘယ်လောက်အမြင်ကတ်စရာကောင်းသည်ဟု သူတို့အုပ်စုဆွေးနွေးကြရင်း နေ့တိုင်း သူတို့ထဲ ဘယ်သူ ကြက်သီးပိုထလည်း ရေတွက်နေကြသည်။
ဥပမာ ဟွမ်မောင် မနေ့က ကျီကျိုးကို စောင့်ကြည့်ရသည့်အလှည့်တွင် ကျီကျိုး ထိုမိန်းကလေးကို အပြင်တူတူသွားရန် ခေါ်ပြီး ထိုမိန်းကလေးက အစိုးရပိုင်စားသောက်ဆိုင်သို့ ညစာ သွားစားချင်သည်။ သို့သော် ကျီကျိုးက သူမကို လမ်းလျှောက်ရုံသာ ခေါ်လာခြင်းဖြစ်ပြီး ထိုမိန်းကလေးက သဘောမတူ၍ နောက်ဆုံး ကျီကျိုး ရွေးချယ်စရာမရှိဘဲ ဆင်ခြေတစ်ခုရှာကာ သူငွေတစ်ပြားမှ ယူမလာဟု ပြောသည်။ သူ အခု ဆင်းရဲနေကာ သူ့မိသားစုကိုလည်း မမှီခိုချင် ပြီးတော့ သူ့မိသားစုက မိသားစုကြီး၍ မလွယ်ကူဟု ပြောသည်။
နောက်ဆုံး ထိုမိန်းကလေး သနားသွားကာ ပိုက်ဆံလက်တစ်ဆုပ်စာထုတ်လာပြီး သူမမျက်လုံးထဲ မျက်ရည်များနှင့် ပြောလိုက်သည်။ "အကို နောက် အောင်မြင်မယ်လို့ ညီမယုံတယ်။ ညီမ အကို့ဘေးနား အမြဲရှိမယ် "
ဟွမ်မောင် ကျီကျိုးမျက်လုံးကို မြင်နိုင်သည်။ ထိုမိန်းကလေးက ကန်းနေသည်လား ဘာဖြစ်၍လည်း မသိ သူမ ကျီကျိုးစိတ်ကို မမြင်နိုင်ပေ။
သူသာ လုပ်စရာရှိ၍ မဟုတ်လျှင် သူ သေချာပေါက် ကျီကျိုးပုံစံအစစ်ကို ထုတ်ဖော်ပြောချင်သည်ဟု တွေးမိသည်။
"သူ အခု တစ်ယောက်နဲ့ တွေ့နေတာလား အဲ့မိန်းကလေးက ဘယ်မိသားစုကလည်း?" ကျီကျိုးကို သူဌေးသားဟု ယူဆကြမည်ဟု ကျီနန်ဖုန်း မထင်မှတ်ထားပေ။
"မိန်းကလေးမိသားစုက နောက်ခံတောင့်တင်းတယ်။ စက်ရုံက ခေါင်းဆောင်တစ်ယောက်လို့ကြားတယ်။ အထည်အလိပ် စက်ရုံကဖြစ်နိုင်တယ်" ဟွမ်မောင် ဒီအကြောင်းကို မသေချာ၍ သူ ခန့်မှန်း၍သာပြောနိုင်သည်။
ကျီနန်ဖုန်း ခေါင်းညိိတ်လိုက်သည်။ "ဟုတ်ပြီ။ အကို့အစား စောင့်ကြည့်ပါ။ ပြီးတော့ အဲ့မိန်းကလေးမိသားစုက ဘယ်စက်ရုံကလည်း ပြီးတော့ သူတို့မိသားစုအခြေအနေပါ တစ်ခါတည်း စုံစမ်းခဲ့"
ဟွမ်မောင် ကျယ်လောင်စွာ ပြန်ဖြေလိုက်သည်။ "ကျွန်တော် တာဝန်ကို ပြီးမြောက်အောင် သေချာပေါက် ထမ်းဆောင်ပါမယ်"
ကျန်သောလူများ - "အကိုကြီး။ ကျွန်တော်တို့လည်း တာဝန်ကို ပြီးမြောက်အောင် သေချာပေါက် ထမ်းဆောင်ပါမယ်"
ကျီနန်ဖုန်း ခေါင်းညိတ်လိုက်ကာ လူတိုင်းကို တစ်ချက်ကြည့်လိုက်သည်။ "ကောင်းပြီ။ ဒါဆို လူတိုင်း ကြိုးစားကြပါ"
သူတို့မိသားစုသုံးယောက် လမ်းကြားထဲမှ ထွက်လာလိုက်ပြီး ချူယောင်း ပြုံးကာ ကျီနန်ဖုန်းကို မေးလိုက်သည်။ " ရှင့်မှာ အတွေးတွေရှိတဲ့ပုံပဲ ဘာတွေတွေးနေတာလဲ?"
ကျီနန်ဖုန်း သူ့စိတ်ထဲ တွေးသမျှ ချူယောင်းကို ပြောပြချင်သည်။ သို့သော် ကျီနန်ဖုန်း အခုထုတ်မပြောသေးပေ။ " စောင့်ကြည့်ကြည့်။ သူတို့ သေချာပေါက် ပြသာနာဖြစ်မှာ။ သူတို့ မင်းကို ထပ်နှောင့်ယှက်တော့မှာမဟုတ်ဘူး"
ကျီနန်ဖုန်း ဒီလိုပြောလိုက်၍ ချူယောင်း ပိုစိတ်ဝင်စားကာ အသည်းယားလာပြီး ဆက်မေးပေမယ့် ကျီနန်ဖုန်းက ပါးစပ်လုံကာ သူ ဘာမှ မပြောပြ၍ ချူယောင်း သူ့ကို စကားမပြောချင်တော့ပေ။
ဒါက သူတို့ဆုံပြီး ပထမဆုံး ပြသာနာဖြစ်ခြင်းဖြစ်ကာ ကျီနန်ဖုန်းကို အနည်းငယ် စိတ်မတည်မငြိမ်ဖြစ်သွားစေသည်။ သူတို့နှစ်ယောက်က တစ်ယောက်နှင့် တစ်ယောက် ဘာခံစားချက်မှ မရှိမှန်း သူသိသည်။ ခံစားချက်ကဲ့သို့အရာများက ဖိအားပေး၍ မရကာ အချိန်ပေးရသည်။
သူ ပြောမပြချင်၍ သူမကို စိတ်ဆိုးအောင်လုပ်မိမည်ဟု မထင်မှတ်ထားပေ။ ကျီနန်ဖုန်း အလွန်နားမလည်ဖြစ်သွားသည်။ သူ တစ်ခါမှ ဘယ်သူ့ကိုမှ ရင်းရင်းနှီးနှီးမပြောဖူး၍ သူ ဒီလိုကိစ္စနှင့်ပတ်သက်၍ နှေးကွေးသည်။
ချူကျောင်းပင် သူ့အစ်မစိတ်ဆိုးနေမှန်းမြင်သည်။ သူတို့သုံးယောက် အိမ်ပြန်ရောက်သောအခါ ချူယောင်း ဘာမှမပြောဘဲ ဟင်းသွားချက်လိုက်သည်။ ကလေးများပင် တစ်ခုခုဖြစ်နေမှန်း ခံစားရသည်။ သို့သော် ကျီနန်ဖုန်း မမြင်ပေ။
သူမ ပြန်ရောက်ရောက်ချင်း ဟင်းချက်မည်ကို မြင်၍ ကျီနန်ဖုန်း မီးဖိုချောင်ပြေးသွားကာ သူမကို တားလိုက်သည်။ "မင်း ဒီနေ့နေ့လည်စာ ဘာစားချင်လဲ? ကိုယ်ချက်တာ အရမ်းအရသာမရှိပေမယ့် ကိုယ်ချက်ပေးမယ်လေ" ကျီနန်ဖုန်း သူချက်သည်က ချူယောင်းချက်သည်နှင့် ယှဥ်လျှင် မဆိုးလှဟုထင်သည်။
ချူယောင်း သူ့ကို လျစ်လျူရှုနေ၍ ကျီနန်ဖုန်း ဘာဖြစ်သည်ကို မသိ၍ မေးလိုက်သည်။ "ကိုယ်ချက်တာ အရမ်းအရသာမကောင်းလို့လား?"
ချူကျောင်း မီးဖိုချောင်အပြင်ဘက်တွင် မတ်တပ်ရပ်ပြီး သူတို့နှစ်ယောက်ကို အချိန်အကြာကြီးကြည့်ကာ ဘေးက ကလေးမနှစ်ယောက်ကို မေးလိုက်သည်။ " သူတို့ရန်ဖြစ်နေကြတာလား?"
လီရွှယ်ရူခေါင်းခါလိုက်သည်။ "ငါမသိဘူး"
လီရွှယ်ရှင်းက ဒီလိုမြင်ကွင်းမျိုးအရင်က မြင်ဖူးသည်။ သူမမိဘများ ဤကဲ့သို့ အမြဲ ရန်ဖြစ်လေ့ရှိသည်။ " ရန်ဖြစ်တာနေမယ်။ ဦးလေးက အဒေါ်မကြိုက်တာ တစ်ခုခုလုပ်လို့လား?"
"ဖြစ်နိုင်တယ်လို့ ငါထင်တယ်" ချူကျောင်းပြောပြီးနောက် သူ မီးဖိုချောင်ထဲဝင်ကာ ကျီနန်ဖုန်းကို အပြင်သို့ ဆွဲခေါ်လာပြီး နား နားတိုးတိုး ကပ်ပြောလိုက်သည်။ "ကျွန်တော့်အစ်မ စိတ်ဆိုးနေတာနေမယ်။ အကိုတို့ ဘာလို့ရန်ဖြစ်ကြတာလဲ?"