← Chapters

အခန်း (၆၈)

Vol. 6 Ch. 68

အခန်း (၆၈)

Vol. 6 Ch. 68

ကျီနန်ဖုန်း ကြောင်သွားသည်။ သူတို့ ဘာလို့ရန်ဖြစ်တာလဲ သူလည်း မသိပါ!

ကျီနန်ဖုန်း နေရာတွင် ကြောင်သွားပြီး သူ့ရဲဘော်ရဲဘက်များပြောသည်ကို ပြန်စဥ်းစားမိသည်။ ထိုရဲဘော်ရဲဘက်များက သူ အသက်ကြီးလာ၍ သူ ဇနီးရှိစဥ် တန်ဖိုးထားရမည်ဟု တစ်ယောက်ပြီးတစ်ယောက် သူ့ကို ‌ပြောကြသည်။

ဒါ‌ကြောင့် သူ့ရဲဘော်ရဲဘက်များ သူ့ကို ဇနီးအားမည်ကဲ့သို့ချော့ရန် သင်ပြကြသည်။ သူက လက်ထပ်သည့်နေ့ပင် ထွက်လာ၍ သူ အိမ်ပြန်ရောက်လျှင် ရင်ဆိုင်ရမည်ကို သိသင့်သည်။ သို့သော် သူ့ရဲ‌ဘော်ရဲဘက်များပြောသည်ကို ကျီနန်ဖုန်း တစ်ခါမှမတွေးမိဘဲ အခုမှ ခေါင်းထဲပြန်‌ပေါ်လာသည်။

"ဘယ်လိုချော့ရမလဲ သိကြလား?" ကျီနန်ဖုန်း ဒီကလေးတွေကလည်း အရေးကြီး၍ သူတို့ကို မေးလိုက်သည်။

"ဦးလေး။ အဒေါ်က အသားစားရတာ ကြိုက်တယ်လို့ သမီးထင်တယ်။ ဦးလေး ဝက်တစ်ကောင်သွားဝယ်ပြီး အိမ်ယူလာပါလား?" လီရွှယ်ရူစကားများက သူတို့ထဲ အရိုးသားဆုံးဖြစ်သည်။

"ညီမ ပြောတာမဆိုးပေမယ့် အဒေါ်စိတ်ဆိုးမယ်လို့ အစ်မထင်တယ်" သူမ ညီမက အလွန်ရိုးသားလွန်းသည်ဟု လီရွှယ်ရှင်း ခံစားရသည်။ အသားစားရသည်ကို ကြိုက်၍ ဝက်တစ်ကောင် ဝယ်ရမှာလား အမဲသားကြိုက်ရင် နွားတစ်ကောင်ဝယ်ရမှာလား ဒါဆို မြွေသားစားချင်လျှင်‌ရင်ရော?

"အစ်မ၊ ညီမပြောတာ ဘာမှားလို့လဲ? ဒါတွေကို အဒေါ်လိုတယ်လို့ ညီမထင်တယ်" လီရွှယ်ရူ သူမအစ်မပြောသည်ကို မကျေနပ်၍ ပြန်ပြောလိုက်သည်။

လီရွှယ်ရှင်း သူမညီမက စိတ်ကူးယဥ်နေသည်ဟု ခံစားရသည်။ လူတိုင်း ဝက်သားစားရသည်ကိုကြိုက်၍ နေ့တိုင်း ဝက်ဝယ်မွေးထားရမှာလား?

"ညီမက အစ်မညီမလေးမလို့ အစ်မ အမြဲအလျှော့ပေးပေမယ့် ဒီနေ့တော့ လွှတ်ထားလို့မရတော့ဘူး" သူမအတွေးက မှန်သည်ဟု လီရွှယ်ရှင်းခံစားရသည်။ ရွှယ်ရူက သူမ ညီမပေမယ့် အရမ်းအလိုလိုက်၍မရပေ။

" ညီမ‌ကို လွှတ်ထားလို့ ဘယ်သူက အစ်မကို ပြောလို့လဲ? ညီမအကြံလည်း ‌ကောင်းတယ်လို့ ညီမထင်တယ် " လီရွှယ်ရူ ဒေါသကြောင့် မျက်နာနီရဲလာကာ ခေါင်းကို မော့ပြီး လီရွှယ်ရှင်းကို ပြောလိုက်သည်။

လီရွှယ်ရှင်း ဘယ်လို ရှင်းပြရမည်မသိပေ။ "ဘယ်သူက ဝက်တစ်ကောင်ဝယ်ဖို့ တတ်နိုင်လို့လဲ? ဝက်တစ်ကောင်က ပိုက်ဆံအများကြီး ကုန်ကျတာ ညီမ သိရမယ်လေ။ ဦးလေးက တတ်နိုင်မှာ မဟုတ်ဘူး"

"သမီးတို့နှစ်ယောက်ရန်ဖြစ်ရင် ဦးလေးကို ထည့်ပြောစရာမလိုပါဘူး။ ဦးလေးက အနည်းဆုံးတော့ သမီးတို့လူကြီးပါ။ သမီးတို့ ဒီလိုပြောရင် ဦးလေးမျက်နှာမရှိတော့ဘူးလို့ ခံစားရတယ်"

"ယောက်ဖ၊ အဲ့လိုမတွေးပါနဲ့။ တကယ်လည်း ယောက်ဖက အရမ်း‌မကောင်းပေမယ့်...ဒါပေမယ့် ယောက်ဖ ကျွန်တော့်အစ်မကို ပန်းပေးလို့ရတယ်လို့ ကျွန်တော်ထင်တယ်" ပန်းပေးတာက အကောင်းဆုံးနည်းလမ်းဟု ချူကျောင်းထင်သည်။

အကြောင်းမှာ ချူယောင်း အိမ်ထောင်ကျပြီးကတည်းက ချူကျောင်း လူကြီးတွေနဲ့ အလုပ်ထွက်လုပ်ရလေ့ရှိရာ တစ်နေ့ သူ အလုပ်သွားစဥ် လူကြီးတွေကို မှီအောင်မလိုက်နိုင်ဘဲ နောက်ကျန်ခဲ့သောအခါ အတွဲတစ်တွဲကို မြင်လိုက်သည်။ အမျိုးသားက အမျိုးသမီးကို ပန်းတစ်စည်းပေးရာ အမျိုးသမီး ချက်ချင်း အလွန်ပျော်သွားပြီး မနက်ဖြန် ဝက်သားနှပ်စားမည်ဟု ပြောလိုက်သေးသည်။

ဝက်သားနှပ်၏ အရသာရှိမှုကို တွေးကြည့်ရုံနှင့် ချူကျောင်း ဒီနည်းလမ်းက အသုံးဝင်သည်ဟု သိသည်။ သူနေ့တိုင်း ဝက်သားနှပ်စားနိုင်လျှင် ဘယ်လောက်ကောင်းမလဲ?

ချူယောင်းနှင့် ကျီနန်ဖုန်း ဤအကြောင်းကို မသိ၍သာ။သူတို့သိလျှင် သူ့ကို တစ်ခါတည်း ရိုက်၍ ဆုံးမမည်ဖြစ်သည်။

ချူကျောင်းအကြံက အလွန်ကောင်းသည်ဟု ကျီနန်ဖုန််းလည်းခံစားရကာ ခေါင်းညိတ်လိုက်သည်။ "ဒီအကြံက အတော်ကောင်းတယ်။ ရွှယ်ရူအကြံလည်း မကောင်းဘူးလို့ ဦးလေးပြောတာ မဟုတ်ပါဘူး။ ဒါပေမယ့် ဦးလေးမှာ တကယ် အဲ့လောက်ပိုက်ဆံမရှိဘူး"

ငွေအများကြီး ရှိလျှင်တောင် ကျီနန်ဖုန်း မဝယ်နိုင်ပါ။ ခုက အသားဝယ်ရန် လက်မှတ်ကို သုံးရကာ လူတိုင်း အသားလက်မှတ်ရှိ၍ ဝက်တစ်ကောင်လုံး ရောင်းရန်အသာထား နေ့တိုင်း လတိုင်း အသားစားဖို့ပင် မဖြစ်နိုင်။

အခုရာသီဥတုက ပိုအေးလာကာ အဝတ်တစ်ထည်တည်း ဝတ်ထားရုံနှင့် နေပူထဲ ရပ်နေလျှင်တောင် ချွေးထွက်မည် မဟုတ်ပေ။

ကျီနန်ဖုန်း ဤကလေး‌သေး‌သေးလေးတွေ ပြောသည်ကို စိတ်ရှည်စွာ တစ်ယောက်ချင်း‌အတွေးကို နားထောင်ပေးသည်။

ကလေးများထဲက အကြီးဆုံး လီရွှယ်ရှင်းက အကြံပေးလိုက်သည်။ "ဦးလေး ဒီအကြံနှစ်ခုကို ‌ပေါင်းလိုက်ရင်ရော?"

ဒါက အဓိပ္ပါယ်ရှိသည်ဟု ကျီနန်ဖုန်းလည်း ခံစားရသည်။ ထို့ကြောင့် သူ လီရွှယ်ရှင်းပြောသည်ကို နားထောင်သည်။ လီရွှယ်ရူနှင့် ချူကျောင်းပြောသည်ကိုလည်း နားထောင်ပေးသည်။ သို့သော် ဝက်တစ်ကောင်ဝယ်ရန်ပြော‌သော လီရွှယ်ရူအကြံကတော့ သေချာပေါက် မဖြစ်နိုင်။ သူ နည်းလမ်းတစ်ခုသာ စဥ်းစားနိုင်သည်။

မကြာမီ ချူယောင်း ညစာစားဖို့ ခေါ်ပြီး ကျီနန်ဖုန်း နှာခေါင်းကို ထိကာ အတွေးများနှင့် စားဖို့သွားလိုက်သည်။

ထမင်းစားပွဲက လေထုက အလွန်ကြောင်တောင်တောင်နိုင်ကာ ချူယောင်းက ဤကဲ့သို့အရာများ ဂရုစိုက်တတ်သော လူမျိုးမဟုတ်ပါ။ ဒီတစ်ခါ သူမလည်း သူမကိုယ်ကို နားမလည်ပေ။ သူ့ကို ဘာလို့ ဒီကိစ္စနှင့်ပတ်သက်၍ စိတ်ဆိုးရသည်လည်း? ဒါက သူ့ကိစ္စဖြစ်ကာ သူမကို မပြောသည်က နားလည်နိုင်စရာဖြစ်သည်။

သူမ သူ့ကို ဘာလို့စိတ်ဆိုးရသည်လည်း? သူမစိတ်ဆိုးပြီးမှ ဒီ‌အကြောင်းကို ပြန်တွေးမိသွားသည်။ သူမက အလွန်နုံသည်ဟု သူမအမြဲခံစားရသည်။ သို့သော် သူမ ‌အလျော့ပေး၍ မရပေ။ ဒီတစ်ကြိမ်အရင်အလျှော့ပေးတဲ့လူက ရှုံးသည်ဟု သူမ အမြဲခံစားရသည်။ ထို့ကြောင့် ချူယောင်း သူမပန်းကန်လုံးထဲက ထမင်းကိုသာစားပြီး ကလေးတွေကို ဘာမှ‌မပြော။ ကလေးများကလည်း အခြေအနေကို မြင်၍ ပိုတောင်မပြောရဲ။

ချူယောင်း စကားပြောချင်ပေမယ့် စားပြီးသည့်ထိ စကား‌မပြောဘဲ ပန်းကန်ထဆေးလိုက်သည်။ ကျီနန်ဖုန်း ဆေးဖို့ပင် အချိန်မရပေ။ နောက်ဆုံး အစီအစဥ်ကိုသာ အရင် အကောင်အထည်ဖော်ရန် တွေးလိုက်သည်။ သို့သော် သူ့ဘေးက ကလေးပေါက်စနသုံးယောက်က တစ်ယောက်အတွေးတစ်မျိုး ရှိပြီး ရန်ကလည်းဖြစ်ကြသေးသည်။

အဖြူရောင်ပန်းကလေးများက လှသည်ဟု ချူကျောင်းထင်သည်။ သူတို့ကဖြူပြီး နူးညံ့သည့်ပုံပေါ်သည်။ သို့သော် လီရွှယ်ရှင်းကတော့ သူ့အကြံကို မရှုံ့ချဘဲ ‌မနေနိုင်။

"အဖြူရောင်ပန်းလေးတွေက ဘာကောင်းလို့လဲ? ဘာအရောင်မှလည်း မရှိဘူး။ အနီရောင်ပန်းကမှ ပိုကြည့်ကောင်းဦးမယ်"

လီရွှယ်ရူက ချူကျောင်းနှင့် လီရွှယ်ရှင်းပြောသည်ကို နားထောင်ပြီး တိတ်နေပေမယ့် မျက်လုံးများက အရောင်တောက်နေသည်။

ဘေးက ကျီနန်ဖုန်း သက်ပြင်းချကာ လီရွှယ်ရူကို ပုတ်လိုက်ပြီး "သမီးပြောချင်တာ ပြောလို့ရတယ်။ သူတို့က သမီးမိသားစုပဲ"

လီရွှယ်ရူ ခေါင်းညိတ်လိုက်ပြီး ‌အားမွေးကာ ပြောလိုက်သည်။ "အဝါရောင်ပန်းလေးတွေကလည်း ကြည့်ကောင်းတယ်လို့ ညီမထင်တယ်" လီရွှယ်ရူ အားယူပြီး ဒီစကားကို ပြောလိုက်ပြီး နောက် ဘာမှထပ်‌မ‌ပြောတော့။

နှစ်ယောက်ငြင်းသည်ကို မစောင့်ဘဲ လီရွှယ်ရှင်းပြောလိုက်သည်။ "အနီရောင်ပန်းနဲ့ အဝါရောင်ပန်းက ကြည့်ကောင်းတယ်လို့ သမီးထင်တယ်။ ဦးလေးတွေးကြည့်ကြည့်"

"ယောက်ဖ၊ သူမပြောတာ နားမထောင်နဲ့။ အဖြူရောင်ပန်းက ပိုလှတယ်။ ဖြူစင်တယ်" ချူကျောင်း အဘယ်ကြောင့်ဟု မ‌ပြောတတ်‌ပေမယ့် အဖြူရောင်ပန်းလေးက တကယ်ဖြူသည်ဟု သူထင်သည်။

ကျီနန်ဖုန်း ဘာလုပ်ရမည်မသိပေ။ ကလေးသုံးယောက်မျက်နှာက ချွေးပြန်ကာ နီနေသည်။ နှစ်ယောက်က ရန်ဖြစ်ကာ ကျန်တစ်ယောက်က ရန်ဖြစ်ချင်ပေမယ့် ပြောမထွက်ပေ။

ကျီနန်ဖုန်း ကလေးသုံးယောက်ကို ကြည့်ပြီး ဘာမှမ‌ပြောခင် ခဏတိတ်သွားသည်။ "ဒါတွေက ပန််းရိုင်းတွေလို့ မင်းတို့သိလား? ပို‌အရောင်လှတာပဲရှိတာ"

ကလေးသုံးယောက် ပန်းရိုင်းကို နားမလည်ပေ။ တစ်ခြားပန်းများရှိပေမယ့် အခုချိန်တွင်စားဖို့ပင် အနိုင်နိုင်ဖြစ်ရာ ဘယ်သူက ပန်းဝယ်ဖို့ ပိုက်ဆံအပိုရှိမည်နည်း?

"ထားလိုက်ပါတော့။ ပန်းသုံးရောင်လုံးခူးသွားကြမယ်" ပန်းရိုင်းသုံးရောင်လုံး ခူးပြီး‌ရလာသော ပေါင်းစပ်မှုက ထူးဆန်းသည့်ပုံပေါ်သည်။

ကျီနန်ဖုန်း ကလေးသုံးယောက်လုံးကို ကျေနပ်စေပြီး နောက်ဆုံးကလေးသုံးယောက် ပျော်ရွှင်စွာ အိမ်ပြန်သွားကြသည်။ ကျီနန်ဖုန်း ချူယောင်းကို မနက်ဖြန် စုပေါင်းအဖွဲ့က အစိုးရပိုင်စားသောက်ဆိုင်သို့ ခေါ်သွားရန် တွေးထားသည်။

သူတို့တစ်အုပ်စု အိမ်ပြန်ရောက်လာရာ ချူယောင်း အမှတ်တမဲ့ကြည့်မိသလို ဟန်ဆောင်ပြီး သူတို့လက်ထဲက ပန်းရိုင်းများကို တွေ့လိုက်သည်။ သို့သော် သူတို့ ဘယ်ကရလာသည်ကို သူမ မသိပေ။

ချူယောင်း သူတို့လက်ထဲကပန်းရိုင်းများကို ကြည့်လိုက်ရာ အားလုံးညှိုးကျနေပြီး တစ်ချို့ပန်းရိုင်းများ၏ ပွင့်ဖတ်အားလုံးကြွေကျ၍ ပန်းအရောင်ကိုပင် မတွေ့နိုင်တော့။

ပြီးတော့ ပန်းရိုင်းများက သူတို့လက်ထဲ အလွန်ရှုပ်ပွနေရာ ချူယောင်း မျက်မှောင်ကြုတ်ကာ သွားကြည့်လိုက်သည်။ သူတို့ ဘာလုပ်နေကြတာလဲ?

"အစ်မ၊ ကျွန်တော်တို့ အပြင်ထွက်ပြီး အစ်မဖို့ ပန်းရိုင်းအများကြီးခူးခဲ့တယ်" ချူကျောင်း ပန်းရိုင်းများကို မစောင့်နိုင်တော့ဘဲ အမြန် ချူယောင်းကို ကမ်းပေးလိုက်သည်။

"အဒေါ်၊ သမီးတို့လည်း တူတူပါတယ်။ ဦးလေးက လုပ်အားစိုက်တာ"

ချူယောင်း သူတို့ကို အပြုံးတစ်ဝက်ဖြင့်ကြည့်လိုက်ပြီး "သမီးတို့ နေ့လည်က အဒေါ်မသိအောင် ခိုးထွက်ပြီး ပန်းရိုင်းသွားခူးတာလား?"

သူတို့မျက်နှာများ နေလောင်ပြီးနီရဲကာ အပြင်ပြေးထွက်ပြီး ဆော့ရင်း ဒီပန်းရိုင်းများခူးလာသည်ဖြစ်ရမည်ဟု ချူယောင်း တွေးလိုက်သည်။

"နောက် အပြင်ထွက်မခူးကြနဲ့။ ဒီလိုနေပူပူမှာ ပန်းရိုင်းသွားခူးတာ ဘယ်လောက်ပူမလဲ!" ချူယောင်းလေသံက ဝေဖန်မှုအပြည့်နှင့်ဖြစ်ရာ ကျီနန်ဖုန်း သေချာပေါက် သေချာကြားလိုက်သည်။

ကျီနန်ဖုန်း သူ့လက်ထဲကပန်းရိုင်းများကို စိတ်ဓါတ်ကျစွာ လွှတ်ပစ်လိုက်ပြီး "ကိုယ် နောက်တစ်ခါထပ်မလုပ်တော့ဘူး"

ကျီနန်ဖုန်း အသံထဲ ဘာခံစားချက်မှ မပါပေမယ့် သူလည်း ဒေါသထွက်မည်ဟု ချူယောင်းထင်သည်။ သူမကိုယ်တိုင်ကလည်း အကြောင်းပြချက်မရှိဘဲ ပြသာနာရှာသလိုဖြစ်သွားသည်။

"ကျွန်မ အဲ့လိုဆိုလိုချင်တာမဟုတ်ဘူး။ ရာသီဥတုက အရမ်းပူတယ်လို့ ကျွန်မထင်တယ်။ အဲ့ဒါကြောင့်..."ချူယောင်း ဆင်ခြေတစ်ခုစဥ်းစား‌ပေမယ့် သူမဘာဆင်ခြေမှ မတွေးမိပေ။

"ဟုတ်တယ်။ ဒီနေ့ အရမ်းပူတယ်" ကျီနန်ဖုန်း ကလေးသုံးယောက်‌၏ ချွေးများကို သုတ်ပေးလိုက်သည်။

"ရှင်သိတော့ ကောင်းပါတယ်" ချူယောင်းအခုစိတ်အခြေအနေက အေးစက်နေသော ရန်ပွဲကို တကယ်တားချင်သည်။ သူမပြောစရာအများကြီး ရှိပေမယ့် အလျှော့လည်းမပေးချင်ပေ။

ကလေးအားလုံး ကျီနန်ဖုန်းဆီပြေး၍ နှစ်သိမ့်ပေးကြသည်။ ထို့ကြောင့် ချူယောင်း ဒီမှာ ဆက်မနေတော့ဘဲ အခန်းထဲသွားကာ နေရာလွတ်ထဲ ဝင်ကြည့်ရန်တွေးလိုက်သည်။

"အစ်မ" သူမကို အစ်မဟု ရုတ်တရက် ခေါ်သံကြား၍ သူမ လန့်သွားသည်။ ချူကျောင်းက သူမဘေးရပ်နေပြီး သူဘာလို့တံခါးမခေါက်သည့်အကြောင်း ချူယောင်း တကယ်မေးလိုက်ချင်သည်။ ပြန်တွေးကြည့်ရာ ရွာတွင် တံခါးခေါက်သည့်အကျင့်မရှိကာ ဒီကလေးကို အကျင့်ပြောင်းရန် သင်ပေးမည့်သူတစ်ယောက်မှမရှိ။

ချူယောင်း ဝင်လာ‌သော ချူကျောင်းကို မေးလိုက်သည်။ "ဘာဖြစ်လို့လဲ? ကျင့်သားမရတာတစ်ခုခုရှိလို့လား?"

"အစ်မ၊ အစ်မနဲ့ ယောက်ဖဘာဖြစ်တာလည်း ကျွန်တော်မေးချင်လို့?" သူတို့နှစ်ယောက်အခြေ‌အနေကို တစ်ချက်ကြည့်ရုံနှင့် တစ်ခုခုမှားနေမှန်း သိနိုင်သည်။

ကျီနန်ဖုန်း ‌ပြေလည်ရန်စတင်ကြိုးစားသည်ကို မြင်နိုင်သည်။ ချူကျောင်း သူတို့နှစ်ယောက်ကြားဆက်ဆံရေးကို အလွန်စိုးရိမ်သည်။

ကလေးများ သိကြမည်ဟု ချူယောင်းမထင်ထားပေ။ သူမ အိပ်ရာပေါ်က ထလာလိုက်ပြီး ချူကျောင်းခေါင်းကို ဖွဖွပုတ်လိုက်သည်။ "ကလေးသေးသေးလေးဖြစ်ပြီး ဘာလို့အရာအားလုံးကို လိုက်ဂရုစိုက်နေတာလဲ?"

"အစ်မ။ ကျွန်တော် အရာအားလုံးကို ဂရုမစိုက်ပါဘူး။ အစ်မ‌တို့အကြောင်းပဲ ဂရုစိုက်တာပါ။ အစ်မတို့သာ ကျွန်တော့်အစ်မ၊ ယောက်ဖမဟုတ်ဘူးဆိုရင် ကျွန်တော် အစ်မတို့ကို ဂရုမစိုက်ဘူး" ချူကျောင်းက ဘေးကခုံတွင်ထိုင်ကာ လူကြီးလေးတစ်ယောက်နှင့်တူသည်။

"ဟုတ်ပါပြီ။ အစ်မတို့ကို ဂရုစိုက်လို့‌ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် အစ်မတို့ဘာမှမဖြစ်ဘူး။ မင်းအဖွဲ့သားတွေကို မြန်မြန်သတင်းပို့ပြီး ခေါ်လိုက်။ မင်းတို့ကို နို့မှုန့်ဖျော်ပေးမယ်!" အပြင်တွင်ပုန်းနေသော လီရွှယ်ရှင်းနှင့် လီရွှယ်ရူကို ချူယောင်းမြင်သည်။

ချူကျောင်း သူတို့ကို အမြန်ခေါ်လိုက်သည်။ နို့မှုန့်သောက်ရမည်ကြား၍ လူတိုင်း အလွန်ပျော်ကြသည်။ ဒီနို့မှုန့်ဘူးက စစ်တပ်မှ ယူလာခြင်းဖြစ်ပြီး ကျီရို၏ အငယ်ဆုံးသားကို ပေးရန် ရည်ရွယ်ထားသည်ဖြစ်သည်။

သို့သော် အခု သူမ အနာဂတ်ကို မသိ၍ နို့မှုန့်ကို ကလေးတွေကို အရင်တိုက်ရန် ဆုံးဖြတ်လိုက်သည်။ ကလေးတစ်ယောက်စီကို နို့တစ်ပန်းကန်လုံး‌ထည့်ပေးပြီး ကလေးများ‌သောက်၍ နှုတ်ခမ်းတွင် နို့များကွက်နေသည်။ ချူယောင်း စိတ်ရှည်စွာ သူတို့နှုတ်ခမ်းကို သုတ်ပေးလိုက်သည်။

"အဒေါ်၊ အဒေါ်နဲ့ ဦးလေးက..." လီရွှယ်ရူ အားမွေးပြီး မေးလိုက်သည်။

" မင်းတို့ဦးလေးနဲ့ အဒေါ်က ဘာမှလုပ်စရာမရှိဘူး။ သမီးတို့ ထပ်သောက်ချင်လား?" ချူယောင်းမေးလိုက်သည်နှင့် တပြိုင်နက် ကလေးများ ထပ်သောက်ချင်ကြသည်။

All Chapters