← Chapters

အခန်း (၆၉)

Vol. 6 Ch. 69

အခန်း (၆၉)

Vol. 6 Ch. 69

ချူယောင်း ဒီကလေးတွေကို ကြည့်ပြီး သူမ ကလေးအားလုံးကို ဂရုစိုက်ရင်း အလွန်အလုပ်ရှုပ်နေသည်ဟု ရုတ်တရက် ခံစားရသည်။ နောက် သူမ သူတို့ကို ဂရုမစိုက်နိုင်ရင် ဘယ်လိုလုပ်မလဲ?

သို့သော် သူမ တွေးပြီးသည့်နောက် သူမ ဒီလိုအများကြီးစဥ်းစားရသည်ကို ကြိုက်သည်ဟု ခံစားရသည်။အခုက များများစားစား စဥ်းစားဖို့ အချိန်မဟုတ်။ သူမ သက်ပြင်းချရင်း ဟင်းချက်ရန်ပြင်လိုက်သည်။

ဒီနေ့ဟင်းကောင်းစားမှ စဥ်းစားသည်ကို ရပ်နိုင်မည်။ စားပြီး တွေးသည်ကို ရပ်လို့ရသည်။ ကလေးတွေကို ပြန်ပို့်ဖို့ကလည်း မဖြစ်နိုင်ပေ။

ချူယောင်း အခန်းထဲမှ ထွက်လာသည်ကို မြင်မြင်ချင်း ကျီနန်ဖုန်း သူမဆီသွားကာ "မင်း ဟင်းချက်မလို့လား? ကိုယ်ချက်လိုက်မယ်!"

ချူယောင်း သူ့ကို မြင်ရသည်က ခေါင်းကိုက်သည်။ သူတို့က လင်မယား အမည်ခံသာဖြစ်သည်။ ချူယောင်း ခေါင်းခါလိုက်ကာ "ကျွန်မ လုပ်လိုက်မယ်"

ကျီနန်ဖုန်း ချူယောင်း ထွက်သွားသည့် နောက်ကျောကိုကြည့်ရင်း သူမ အရင်ကထက် ပိန်လာသည်ကို တွေ့သည်။ သူမကိုယ်ကို အဝတ်လျော့ရဲရဲကြားတွင် ပုံရိပ်ဝိုးတဝါး မြင်နိုင်သည်။

ကျီနန်ဖုန်းသာ သူမကိုယ်အလေးချိန် လျော့သွားသည်ကို သတိထားမိသည် မဟုတ်ချေ။ သူမ ကိုယ်တိုင်လည်း ခံစားရသည်။ သူမပါးများကို ပွတ်ရင်း ခံစားချက်ကို မယုံနိုင်ပေ။

အရင်က ဖောင်းဖောင်းမို့မို့ ခံစားရသည်မှ အခု တင်းရင်းနေသည်ကို ခံစားနိုင်သည်။ သူမ မယုံချင်၍ အားထည့်၍ ဖျစ်လိုက်သည်။

နောက်ဆုံး သူမ ကျီနန်ဖုန်းဆီ လျှောက်သွားလိုက်ပြီး ကျီနန်ဖုန်းက သူမကို ကြောင်ကြည့်ကာ ချူယောင်း ပြောလိုက်သည်။ "ကျွန်မမျက်နှာကို ဖျစ်ကြည့်။ ဘယ်လိုခံစားရလည်း ပြော?" ချူယောင်း အလေးအနက်မေးလိုက်သည်။

သူမ ဒီလိုမေးမည်ဟု ကျီနန်ဖုန်း မထင်မှတ်ထားပေ။ ခဏတိတ်ဆိတ် သွားပြီးနောက် သူ ဖွဖွဖျစ်လိုက်ကာ နောက်ဆုံး ကောက်ချက်ချပေးလိုက်သည်။ "အတော်နူးညံ့တယ်"

ချူယောင်း ဒီလိုအဖြေကို မကြားချင်ပါ။ သူမဘလိုချင်သည့်အဖြေက သူမ ကိုယ်‌အလေးချိန် တော်တော်လျော့သွားသည် သို့မဟုတ် သူမတွင် အသားများများ မရှိတော့ ဟူ၍ဖြစ်သည်။

ချူယောင်း ကျီနန်ဖုန်းကို မျက်စောင်းထိုးလိုက်ပြီး ထွက်သွားကာ ကျီနန်ဖုန်းကတော့ ခုနက နူးညံ့သည့်ပါးကိုကိုင်လိုက်သည့် ခံစားချက်ကို ပြန်ခံစားမိနေတုန်းဖြစ်သည်။

ချူယောင်း ကျီနန်ဖုန်းစကားများကို မယုံပါ။ သူမက ပိုပိန်လာသည်ဟု ခံစားရသည်။ သို့သော် အိမ်တွင် မှန်မရှိ၍ အိမ်သာသို့သွားကာ နေရာလွတ်ထဲ ဝင်လိုက်သည်။

နောက် စမ်းချောင်းပုံရိပ်ဟပ်သည်တွင် သူမအခုပုံစံကို ကြည့်လိုက်ရာ သူမမျက်လုံးများ အနည်းငယ်ပိုကြီးလာသည်ကလွဲ တစ်ခြားဘာမှ မမြင်နိုင်ပေ။

ချူယောင်း ပိန်သွားသည်ဟု အခေါ်ခံရသည်က သကြားအနည်းငယ် ထည့်၍ သူမကိုယ်တိုင် ချက်ထားသော ပဲတီစိမ်းစွပ်ပြုတ်ဖြင့် လာလည်သော လီထောင်းဟွာ ရောက်လာမှဖြစ်သည်။

ချူယောင်း‌ ပဲတီစိမ်းစွပ်ပြုတ်ကို သောက်ကြည့်ရာ သကြားမများပေမယ့် ချိုကာ ရေတွင်းထဲ ထည့်၍ အအေးခံထားသည့်ပုံပေါ်ကာ အေးသည်။

ကလေးတွေလည်း အလွန်ကြိုက်ကြကာ ကျီနန်ဖုန်းက အခု စုပေါင်းအဖွဲ့သွားမည်ဖြစ်၍ ချူယောင်း သူ့ဖို့ပန်းကန်လုံးကြီးကြီးနှင့် ထည့်ကာ ချန်ထားပေးသည်။

ချူယောင်း ပျော်ရွှင်စွာ ပဲတီစိမ်းစွပ်ပြုတ်ကို သောက်နေပြီး လီထောင်းဟွာ ချူယောင်းကို သေချာကြည့်နေ၍ ချူယောင်း ကြက်သီးများ ထလာပြီး လက်ရှိလုပ်နေသည်ကို ရပ်လိုက်ကာ"ဘာဖြစ်လို့လဲ?"

"ယောင်းမ ပိုကြည့်ကောင်းလာတာပဲ" သူမ ထင်သည်က ‌မှန်သည်ဟု သေချာ၍ လီထောင်းဟွာခေါင်းညိတ်လိုက်သည်။

"ညီမ တကယ်ပြောတာလား?" ချူယောင်း သူမလက်ထဲက ပန်းကန်လုံးကို ချလိုက်ပြီး မတ်တပ်ရပ်ကာ သူမခါးကို ‌ဖျစ်ကြည့်ပြီး "အစ်မ တော်တော်ပိန်သွားတယ်လို့ ညီမထင်လား?"

"ပိန်သွားတယ် " လီထောင်းဟွာ တကယ် ထိုသို့မြင်သည်။ ချူယောင်းက မနေ့ကပင်် ဝနေသည်ဖြစ်ပြီး ဒီနေ့ ကိုယ်‌အလေးချိန် ကျသွားသည်။

ချူယောင်းလည်း သူမအခြေ‌အနေက အလွန်ထူးခြားပေမယ့် ထိုထူးခြားမှုက ပျော်ရွှင်သည်ကို မယှဥ်နိုင်ပေ။ သူမပိန်သွားသည်လောက် ဘယ်အရာကမှ အရေးမကြီးပါ။

"အစ်မကိုယ်ကိုကိုယ် ဆုချမှပဲ" ချူယောင်းပြောပြီးနောက် ခေါင်းညိတ်ကာ ဘေးက လီထောင်းဟွာကို ကြည့်လိုက်သည်။ "နေ့လည်စာ စားဖို့နေပါလား?"

ချူယောင်း ဟင်းချက်လက်ရာကို တွေးမိ၍ လီထောင်းဟွာ သရေယိုသည်ကို မရပ်နိုင်ပေ။ ‌နောက်ဆုံး သူမအသိပြန်ဝင်ကာ ထိန်းလိုက်ပြီး "‌ထားလိုက်ပါတော့။ယောင်းမ။ ညီမ အိမ်ပြန်ပြီးပဲ စားပါတော့မယ်"

"တစ်နပ်စားသွားတော့ ဘာဖြစ်လို့လဲ? နေပြီး စားသွားလိုက်!" လီထောင်းဟွာမှ ကြည့်တတ်သည်ဟု ချူယောင်းခံစားရသည်။ မဟုတ်လျှင် သူမ စားချင်ပေမယ့် ဝမည်စိုး၍ ဘာမှမစားရဲ နေ့တိုင်း ဒုက္ခခံနေရမည်။

"ဒါပေမယ့် ကျီယွမ် အိမ်ပြန်ရင် စားစရာဘာမှမရှိလို့ ချက်နေရမှာ ညီမစိုးရိမ်လို့" သူမ မိသားစုအကြောင်းတွေးမိသွား၍ လီထောင်းဟွာ အနည်းငယ်ရှက်သွားသည်။

သူမ ရှက်နေသည်ကို မြင်၍ ချူယောင်းပြုံးလိုက်ပြီး "အစ်မ နေ့လည်စာ ပိုချက်လိုက်မယ်။ ညီမ သူ့ကို သွားပို့လိုက်လေ"

ဒါကိုကြားမှ လီထောင်းဟွာ စားရန်နေချင်သွားသည်။ ချူယောင်း နေရာလွတ်မှ စားစရာထုတ်လိုက်သည်။ ယုန်တစ်ကောင်ယူလိုက်ကာ ဝက်အဆုတ်ကိုလည်း ယူလိုက်သည်။

ပထမဆုံး ယုန်သားကို ကြွပ်ကြွပ်ကြော်ကာ နောက်မှ ဝက်အဆုတ်ကို အရသာမှုန့်နှင့် နှပ်ထားမည်။ ခဏနှပ်ထားပြီးမှ ချူယောင်း အသီးအရွက်ထည့်ကာ ကြော်လိုက်သည်။ အိမ်တွင် စားရသည်ကို ကြိုက်သည့်လူမရှိ‌သော်လည်း အရွက်စိမ်းစားရသည်က ကျန်းမာရေးအတွက်ကောင်း၍ ပိုစားပေးသင့်သည်။

ဒီဟင်းပွဲသုံးမျိုးက လုံလောက်ကာ ချူယောင်း လီထောင်းဟွာအတွက် တစ်ပွဲပြင်လိုက်ပြီး လယ်ထဲ ပို့်ရန်ပြောလိုက်သည်။

ဒီလူငယ်အတွဲက လက်ထပ်ပြီးမကြာခင် ကလေးရ၍ သူတို့ အချိန်တိုင်း တူတူရှိချင်လောက်မည်။

ချူယောင်း စိတ်ပူ၍ လီ‌ရွှယ်ရှင်းကို လိုက်ပို့ခိုင်းလိုက်သည်။ လီ‌ရွှယ်ရှင်း တောက်လျှောက် သူမကို ကိုင်ထားကာ လက်ကို လုံးဝလွှတ်မပေးပေ။ ဒါကို မြင်၍ လီထောင်းဟွာ ရယ်လိုက်သည်။ "ထင်တဲ့အတိုင်းပဲ ကြင်စဦးက ပို‌ကောင်းတယ်"

ရောက်လာသော ချူကျောင်း ကြားလိုက်၍ သူ့အစ်မကို သံသယနှင့် ကြည့်လိုက်သည်။ သူ့အစ်မနှင့် ယောက်ဖ လက်ထပ်ထားသည်မှာ မကြာသေးသည်ကို ဘာလို့ ဒီလိုပြောတာလဲ? ချူကျောင်း ဒါကို စိတ်ထဲမှတ်ထားလိုက်ပြီးထုတ်မ‌ပြောပေ။ နောက်မှ သူ့ယောက်ဖကို မေးရမည်ဟု တွေးလိုက်သည်။ သူနှင့် ‌သူ့ယောက်ဖ ‌တူတူနေသည်မှာ ခဏပဲရှိသေးပေမယ့် ရဲဘော်ရဲဘက်စိတ်က တည်ဆောက်ပြီးသွားပြီ ဖြစ်သည်။

လီထောင်းဟွာ မကြာခင် ပြန်ရောက်လာပြီး လီရွှယ်ရှင်းကို မချီးကျူးဘဲ မနေနိုင်ပေ။ "ဒီကလေးက အရမ်းသတိထားတာပဲ။ လမ်းတစ်လျှောက်လုံး ညီမလက်ကို မလွှတ်ဘူး"

ချူယောင်း ခေါင်းညိတ်လိုက်သည်။ "ရွှယ်ရှင်းက တကယ် ပိုသတိထားတတ်တယ်။ အစက သူမက နမော်နမဲ့လို့ထင်ပေမယ့် သူမက ကလေးတွေထဲ ပိုဂရုစိုက်တတ်ဆုံး"

ချူယောင်း ပေါင်‌ပေါ်ထိုင်ရင်း လီရွှယ်ရူ ခေါင်းညိတ်လိုက်သည်။ သူမအစ်မက တကယ်ပိုဂရုစိုက်တတ်သည်။ သူမကိုလည်း တစ်ပုံစံတည်းဆက်ဆံသည်။

"ရွှယ်ရူလည်း အဲ့လိုထင်တယ်လား?" ချူယောင်း ကလေးမျက်နှာလေးကို ပွတ်လိုက်သည်။ မျက်နှာက ပိုဖောင်းဖောင်းကစ်ကစ်ဖြစ်လာ၍ ချူယောင်း အလွန်စိတ်အေးသွားသည်။

"ရွှယ်ရူလည်း လိမ္မာတယ်။ လှလည်းလှတယ်" ချူယောင်းမျက်လုံးထဲ ကလေးသုံးယောက်လုံး ကြည့်ကောင်းပေမယ့် လီရွှယ်ရူက အလှဆုံးဖြစ်သည်။

"အဒေါ်က အ‌ကောင်းဆုံးပဲ" လီရွှယ်ရူအသံက တိုးကာ သူမပြောပြီး ချူယောင်း ရင်ခွင်ထဲပုန်းကာ မော့မကြည့်ရဲတော့။

ချူယောင်းနှင့် လီထောင်းဟွာ‌တစ်ယောက်ကို တစ်ယောက်ပြုံးကြည့်ပြီး အသံမထွက်အောင် ကြိတ်ရယ်ကြသည်။ ရှက်နေသော လီရွှယ်ရူက ချူယောင်းရင်ခွင်ထဲပုန်းကာ မျက်နှာကတော့ ပြုံးနေသည်။

စားကြသောလူကြီးများနှင့် ကလေးများပျော်ကြသည်။ ကလေးများ အများကြီးစားကာ ချူယောင်းလည်း ဟင်းပွဲများကို အပြတ်ရှင်းလိုက်သည်။

လီထောင်းဟွာ ထိုင်ခုံပေါ် မှီရင်းသက်ပြင်းချလိုက်သည်။ "အမတို့အိမ်က‌ အကောင်းဆုံးပဲ။ ထမင်းပါစားနိုင်တယ်"

ဒီစကားများက ချူယောင်းကို ထိတ်လန့်သွားစေသည်။ ဘယ်သူမှ သူမတွင် နေရာလွတ်ရှိမှန်းမသိပေ။ နေရာလွတ်မှ စားစရာများ ထုတ်ပေးသည်ကိုလည်း ဘယ်သူမှမသိ။

အိမ်တွင် ထမင်းစားသည်က ပုံမှန်ဖြစ်ကာ ကျီနန်ဖုန်းပင် တစ်ခါမှ သံသယမဝင်။ ကျီနန်ဖုန်း သံသယမဝင်ရသည်မှာ သူ သံသယမဝင်ချင်၍မှန်း သူမ တစ်ခါမှမထင်ခဲ့ပေ။

တစ်ခြားသူများလည်း သံသယဝင်ကြလိမ့်မည်။ ချူယောင်း အတွေးဝင်သွား၍ မျက်နှာထားတည်သွားကာ လီထောင်းဟွာ သူမ ဘာမှားပြောမိမှန်း မသိ သို့သော် ကြာကြာနေ၍မရ။

လီထောင်းဟွာ ထွက်သွားပြီးနောက် ကလေးတွေ သန့်ရှင်းရေးလုပ်ကြသည်။ ကလေးတိုင်း ပန်းကန်တူတူဆေးကြရာ ချူယောင်းလည်း သူတို့ကို မတားပေ။ ကလေးတွေ တစ်ခုခုလုပ်တာကောင်းသည်။

ချူယောင်း နေရာလွတ်တွင် စုဆောင်းထားသော စားစရာများ ထုတ်မရောင်းရသေးရာ သူမ နည်းလမ်းတစ်ခုရှာရမည်ဟု တွေးလိုက်သည်။

စပါးရောင်းရငွေက ဒီမိသားစုကောင်းကောင်းနေရန်လုံလောက်ကာ သူမ စစ်တပ်ထဲ သွားစရာမလိုပေ။ စစ်တပ်ထဲဘဝက ‌အရမ်းမကောင်းလောက်ကာ သူမ လူတိုင်းနှင့်လည်း မပြေလည်နိုင်ချေ။

ဒီရက်ပိုင်း သူမ အများကြီး တွေးမိသည်။ သူမ စစ်တပ်ထဲ လိုက်သွားလို့ တစ်ယောက်ယောက်က သူမကို ကြည့်မရရင် သူမဘာပြန်လုပ်သင့်လဲ။ သူမ ဆဲပင်မဆဲတတ် ခြိမ်းခြောက်စကားအချို့သာ ပြောနိုင်သည်။

ပြီးတော့ သူမ ထိုနေရာသွားလျှင် နေရာလွတ်သုံးသည်ကို တစ်ယောက်ယောက် တွေ့သွားလျှင် သူမဘာလုပ်ရမည်နည်း? သူမ ဘာဆက်လုပ်ရမည်နည်း သုတေသနဌာနမှ ထွက်ပြေးရမလား?

သူမ အရာအားလုံး တွေးကြည့်ပြီးနောက်ဆုံး စစ်တပ်ထဲမလိုက်ရန် ဆုံးဖြတ်လိုက်သည်။

ရွာသားများက အရမ်း‌မ‌ကောင်း‌သော်လည်း မသိသည့်နေရာနှင့်ယှဥ်လျှင် အခု ပိုရင်းနှီးသည်ကိုသာ သူမရွေးမည်။

လီထောင်းဟွာက သူမ‌အကြောင်း စကားအနည်းငယ်ဖြင့် ဖော်နိုင်သည်တစ်ခုသာ။ သူမ စိတ်ပြောင်းရမည်ဟု စဥ်းစားမိသည်။

ဒီနေရာတွင် အမြဲနေလျှင် တစ်နေ့နေ့ သိကြလိမ့်မည်။ သူတို့ နေ့တိုင်း ဘာလို့ထမင်းစားနိုင်တာလဲ ‌အိမ်မှာ ဘာလို့ အသီးအရွက် လတ်လတ်ဆတ်ဆတ် အစုံရှိနေရတာလဲ ထိုမေးခွန်းများက ရှင်းပြရခက်သည်။

နေရာလွတ်က ကြက်ပေါက်များလည်း အတော်ကြီးထွားနေပြီဖြစ်ရာ နောက်ရက်အနည်းငယ်ဆိုလျှင် ကြက်ဥဥနိုင်‌လောက်သည်။ ထိုအခါ သူတို့ ကြက်ဥအများကြီး စားရလျှင် သူမ ဘယ်လိုရှင်းပြရမည်နည်း?

သူတို့ လျှို့ဝှက်ဖုန်းကွယ်ထားလျှင်တောင် တစ်နေ့တော့ သူတို့ကို သိကြမည်။ အိမ်က ကလေးများကလည်း ဒီခေတ်က ပိန်ညောင်နေသော ကလေးများနှင့် ယှဥ်လျှင် ပိုပိုသိသာကွဲပြားလိမ့်မည်။

ကျီနန်ဖုန််းနှင့် စစ်တပ်ထဲ လိုက်သွားတာက ပိုကောင်းမည်။ စစ်တပ်ထဲသွားလျှင် ‌မေးခွန်းအားလုံးကို ဖြေရှင်းလို့ရမည်။ သူ့လစာက မနည်းလှ၍ အရာအားလုံးကို ကျီနန်ဖုန်းကို လွှဲချရမည်။

ချူယောင်း မီးဖိုချောင်တွင် သေချာစဥ်းစားနေကာ ကျီနန်ဖုန်းပြန်လာမှ ချူယောင်း အသိဝင်လာသည်။ ကျီနန်ဖုန်း အမူအရာ ပေါ့‌ပါးနေသည်ကို မြင်၍ သူဘာလုပ်ခဲ့သည်ကို ချူယောင်းသိသည်။

အရင်တစ်ခါက အမှားလုပ်ခဲ့မိသော ကျီနန်ဖုန်းက ဒီတစ်ခါ သိသွားကာ အရင်တင်ပြလိုက်သည်။ " ကိုယ်ဘာလုပ်ခဲ့လဲ မင်းသိလား?"

ချူယောင်း ခေါင်းခါကာ သူမ ဝင်မပါတော့ဘူး သူ့ကို ပြောပြဖို့ ဖိအားမပေးတော့ဘူးဟု ပြောရန်ပြင်စဥ် ကျီနန်ဖုန်း‌ အရင်ပြောပြသည်။ "ကိုယ် ကျီကျိုးကို ‌စောင့်ကြည့်ဖို့ လူလွှတ်ထားတာ သူ ကောင်မလေးတစ်ယောက်နဲ့အဆက်အစပ် ရှိတယ်ပြောတယ်။ ကောင်မလေးမိသားစုလည်း သိပြီးပြီ" ကောင်မလေးမိသားစုက သဘောတူတူမတူတူ ကျီနန်ဖုန်း ဂရုမစိုက်ပါ။

ဒါကို ကြား၍ ချူယောင်း အနည်းငယ် စိတ်ဝင်စားသွားသည်။ ကျီကျိုးက တကယ်ခန့်မှန်းရခက်၍ သူတစ်ခုခုဖြစ်လျှင် ဘယ်သူက မပျော်ဘဲနေမည်နည်း?။

"ပြီးတော့?" ချူယောင်း စိတ်ဝင်စားသွားသည်။

ကျီနန်ဖုန်းလည်း သူ့အစီအစဥ်ကို သူမကို ပြောပြလိုက်သည်။ "သူက မျက်နှာကောင်းရလို့လို့ ကိုယ်ထင်တယ်။ သူသာ မျက်နှာပျက်သွားရင် လူတိုင်းထက် သူပိုခံစားရမှာ"

"ကျွန်မတို့ နည်းလမ်းရှိလို့လား?" ချူယောင်းက ကျွန်မတို့ဟု သုံး၍ ကျီနန်ဖုန်း ပျော်သွားသည်။ သူနှင့်အရမ်းကပ်နေ‌သော ချူယောင်း၏ ထင်ရှားသောမေးရိုးကို မြင်ရ၍ သူမတကယ် ကိုယ်‌အလေးချိန် အများကြီးလျော့သွားသည်ဟု သူတွေးလိုက်သည်။

"မင်းစိတ်ပူစရာမလိုဘူး" ကျီနန်ဖုန်း၏ လေသံဖျော့ဖျော့က ချူယောင်းစိတ်ကို တစ်ဖန်ပျံ့လွင့်သွားစေသည်။

"ရှင်ပြောကြည့်။ ကျွန်မတို့ လူအများကြီး စစ်တပ်ထဲလိုက်ရင် ရှင်ပင်ပန်းမှာလား?" ချူယောင်း သူ့ကို စိုးရိမ်စွာကြည့်လိုက်သည်။

ကျီနန်ဖုန်း သူ့တူကို ချလိုက်ကာ တည်ကြည်စွာပြောလိုက်သည်။ "ကိုယ်မပင်ပန်းဘူး။ အခုရော နောင်ရော"

ချူယောင်း ပြုံးကာ "ကောင်းပြီ။ ကျွန်‌မ ထပ်ခါထပ်ခါတွေးကြည့်ပြီး ရှင်နဲ့လိုက်ဖို့ ဆုံးဖြတ်လိုက်ပြီ"

All Chapters