အခန်း (၇၀)
Vol. 6 Ch. 70
ကျီကျိုး အားလပ်ရက်ရောက်ရောက်ချင်း အဆောင်က သူ့ပစ္စည်းများကိုသိမ်းကာ အိမ်ပြန်ရန်ပြင်သည်။
သူအထုပ်သိမ်းနေသည်ကို အခန်းဖော်မြင်၍ မေးလိုက်သည်။ "မင်း ဟွမ်ရီယွင်နဲ့ သွားမကစားဘူးလား?"
ကျီကျိုး သူ့ကို နားမလည်နိုင်စွာကြည့်လိုက်သည်။ "ဘာလဲ?"
ကျီကျိုးအခန်းဖော်က သူ့ကို ရွဲ့ပြုံးရင်း "မင်းအခုထိဟန်ဆောင်နေတုန်းပဲလား!"
"အာ၊ မင်းဘာဆိုလိုချင်တာလဲ?" သူတို့နှစ်ယောက်ကြားဆက်ဆံရေးက မပေါက်ကြားသင့်ပေ။
ကျီကျိုးက သူ့အနာဂတ်ကို စဥ်းစားသောသူဖြစ်သည်။ သူ ဟွမ်ရီယွင်၏ အဆက်အသွယ်ကိုသာ မှီခိုချင်သည်ကိုသိသည်။ နှစ်ယောက်ကြား ဆက်ဆံရေးကတော့ ပေါ်သွားလျှင် ပြတ်၍မရတော့။
ဒီခေတ်တွင် သမီးရည်စားဆက်ဆံရေးရှည်ကြာပြီး လက်မထပ်လျှင် နာမည်ပျက်မည်။ ကျီကျိုး သူ့အနာဂတ်အတွက်သာ အဆက်အသွယ်ပေါ် မှီခိုချင်၍ ဖြစ်ပြီး ဘယ်သူက ပြောလိုက်သည်လဲ?
ဟွမ််ရီယွင်ကတော့ ပြောမည်မဟုတ်။ သူ သူမကို ဤအကြောင်းနှင့် ပတ်သက်ပြီးယုံသည်။ သူမသိက္ခာထိခိုက်မည်ဟု ပြောထား၍ သူမ အလွန်စိတ်လှုပ်ရှားသွားကာ မပြောဟု ကတိပေးထားသည်။
"ဘယ်သူ မင်းကို ပြောတာလဲ?" ကျီကျိုးမျက်နှာပျက်နေပြီး သူ့အခန်းဖော်ကို စိုက်ကြည့်နေ၍ သူ့အခန်းဖော် သူ့အကြည့်များကြောင့်ကြောက်လန့်ကာ ခဏမျှကြောင်သွားပြီး "တစ်ကျောင်းလုံးပြန့်နေတာ!"
"ဘာ?" ကျီကျိုး မယုံနိုင်စွာမေးလိုက်ပြီး အဆောင်မှ အပြင်သို့ပြေးထွက်သွားသည်။
ဟွမ်ရီယွင်ကို ရှာရန်ကြံစဥ် ဟွမ်ရီယွင်ကို သူမအစ်ကိုနှင့် ယောင်းမ ခေါ်သွားကာ ဟွမ်ရီယွင်ကို မေးလိုက်သည်။ " နင် ဘယ်ကလေကချေနဲ့လဲ"
ဟွမ်ရီယွင် မကျေနပ်ကာ ကျီကျိုးက ကလေကချေမဟုတ်ဟု ပြန်ငြင်းချင်သည်။ ဟွမ်ရီယွင်နှင့် သူမယောင်းမက အမြဲ မတည့်ပေ။ ဟွမ်မိသားစု အခြေအနေက အလွန်ရှုပ်ထွေးကာ ဟွမ်အကိုက ဟွမ်အဖေ၏ အရင်မိန်းမက မွေးသည်ဖြစ်ပြီး သူတို့လင်မယားနှစ်ယောက်က ဆက်ဆံရေးအဆင်ပြေကာ ငယ်ချစ်များလည်းဖြစ်သည်။
သို့သော် နောက်ဆုံး သူမလည်း တစ်ခြားအရာများကြောင့် ထွက်သွားသည်။ ဟွမ်အမေက ကလေးထိန်းဖြစ်ပြီး အစက ဟွမ်အမေ ဟွမ်အကိုကို ကောင်းကောင််းဆက်ဆံသော်လည်း နောက် သမီးအရင်းကိုသာ စိတ်နှစ်ထားသည်။
ဟွမ်ချွေးမ အိမ်က ဒီအမျိုးသမီးနှစ်ယောက်ကို ကြည့်မရဆုံးဖြစ်သည်။ တစ်ယောက်က စိတ်ထားပုတ်ကာ ဟွမ်အဖေကို လေချိုသွေးဖို့သာသိသည်။ တစ်ယောက်ကလည်း မကောင်း။ သို့သော် သူမ ဟွမ်ရီယွင်ကို အိမ်တွင်ပြသာနာရှာ၍မရ ဟွမ်ရီယွင်တွင် လေချိုသွေးတတ်သောဟွမ်အမေရှိ၍ဖြစ်သည်။
"ယောင်းမ။ ဘာဆိုလိုချင်တာလဲ? ညီမမှာ ပြောနေတဲ့လူတစ်ယောက်မှ မရှိပါဘူး။ ယောင်းမ ကောလဟာလဖြန့်လို့မရဘူး!" သူမကို ဝန်းရံနေသော လူအုပ်ကိုကြည့်ရင်း ကျီကျိုးအကြံပေးထားသည်ကိုလည်း ဟွမ်ရီယွင်မမေ့သေးပေ။
ဟွမ်ချွေးမ ဟွမ်ရီယွင် တွဲနေသောသူမှာ ဘာအတတ်ပညာမှ မတတ်သော တောသားဟု ကြားသည်။ သို့သော် သူမ ဒီအတွဲကို မြင်ရသည်ကို ပျော်သည်။
ဒီကောင်မလေးက ဒီလိုတောသားနှင့်သာ တန်သည်။ ပြသာနာကြီးလျှင် အိမ်က ဟွမ်အဖေကိုပါ ဖုံးကွယ်လို့မရနိုင်၍ ဟွမ်ရီယွင်ကို ရွာသို့သာ အိမ်ထောင်ချပေးမည်ဖြစ်သည်။
ဟွမ်ရီယွင် ရွာသူမပြောင်းပြီး ခင်ပွန်းနှင့် ကလေးတွေအတွက် နေ့တိုင်း မီးဖိုချောင် ဝင်နေရမည်ဟု တွေးမိတိုင်း ဟွမ်ချွေးမ သူမအိပ်ရာနိုးလျှင်တောင် အပြုံးနှင့်ထနိုင်မည်ဟု ခံစားရသည်။ ဒီအရှက်မရှိတဲ့အမေနှင့် သမီးနှစ်ယောက်က နေ့တိုင်း သူတို့လင်မယားကို ပြသာနာရှာ၍ အခု သူမ ပြသာနာရှာရမည့်အလှည့်ဖြစ်သည်။
"ယောင်းမ၊ ဘာလို့ အခုလိုလုပ်တာလဲ? အဖေက အကိုကြီးကို သဘောမကျလို့ ယောင်းမက ညီမကို ဒီလိုရန်ရှာတာလား?" ဟွမ်ရီယွင်ပြောပြီးနောက် မျက်ရည်များကို သုတ်လိုက်သည်။
သူမ ဖြူစင်ချင်ယောင်ဆောင်သည်က တကယ်တော်ကာ ဟွမ်ချွေးမမျက်လုံးထဲ အလွန်ထင်းနေသည်။ ဒါက ဒီမြေခွေးမအမေ မကြာခဏ လုပ်လေ့ရှိသည့်အရာမလား? "နင် တော်တော်အရှက်မရှိတာဘဲ။ နင် နင့်မိသားစုခွင့်ပြုချက်မရဘဲ ယောက်ျားတွေနဲ့ ထွက်လည်တယ်။ ငါ နင့်ယောင်းမဖြစ်တာတောင် ရှက်တယ်"
ဟွမ်ချွေးမ ကော်လံကို ဟကာ တံတွေးများပင် ထွက်တော့မလို ဖြစ်သွားသည်။ တစ်ခြားသူတွေ ရွံကြမည်ကိုလည်း ထိတ်လန့်သည်။ စိတ်လှုပ်ရှား၍သာမဟုတ်လျှင် သူမ ဒီိလို သူမဘာသာ အော်ကြီးဟစ်ကျယ်လုပ်ပါ့မလား?
"ယောင်းမမှာ သက်သေရှိလို့လား?" ဟွမ်ရီယွင် အံကြိတ်ကာ ဝန်ခံရန် ငြင်းဆန်နေတုန်းဖြစ်သည်။ လက်ထပ်ဖို့ ရက်မစဥ်းစားကြရသေးမယ့် သူမ ကျီကျိုးကို အဓိကစိုးရိမ်သည်။ ကျီကျိုးက အခု ဘာအောင်မြင်မှုမှ မရသေး၍ သူ နောက်ကောက်မကျချင်ဘူးပြောသည်။ သူ တက္ကသိုလ်ရောက်ပြီးမှ သူမကို လက်ထပ်မည်ပြောသည်။ ဟွမ်ရီယွင် ဒီကိစ္စကို တကယ်ယုံသည်။
"ဘယ်သူ့ကို ပြောရမှာလည်း? နင် အခုတွဲနေတဲ့လူကို ပြောရမှာပေါ့။ နင်က ဝန်ခံဖို့တောင် အရမ်းငယ်သေးတယ်။ ငါ နင့်ပါတနာက ဘယ်သူလည်းဆိုတာ မသိဘူးမထင်နဲ့။ ကျီကျိုးဆိုတဲ့တစ်ယောက်!" အပြင်လူများပင် သိပြီးသားဖြစ်သည်။
ဘာဖြစ်လည်း ဟွမ်ရီယွင်မသိပေမယ့် ဟွမ်ချွေးမအော်သည်ကို ခံရပြီးနောက် သူမ အနိုင်ကျင့်ခံရသည်ဟု ခံစားရကာ တစ်နေရာက ကျီကျိုးကို မျက်လုံးနီနီများဖြင့် ရုတ်တရက် ကြည့်လိုက်သည်။
သူ့အပေါ်ရောက်လာသော အကြည့်များကို မြင်၍ ကျီကျိုး ခြေလှမ်းနောက်ဆုတ်၍လည်းမရ ရှေ့တိုး၍လည်းမရ။ နေရာတွင်သာကြောင်ပြီး နောက်မှ အတင်းပြုံးကာ "ရီယွင်၊ ဒီကိုလာ"
သူ ဒီပြသာနာကို ထိပ်တိုက်ဝန်ခံဖြေရှင်းမှရမည်။ အခု သူသာ ဝန်မခံလျှင် နောက် ပြသာနာ ပိုများမည်။
ဟွမ်ရီယွင် သူ့ဆီလျှောက်လာပြီးနောက် ကျီကျိုး ဟွမ်ချွေးမကို အတင်းပြုံးပြကာ "ဒါက မရီးပေါ့။ ကျွန်တော်တို့ တွဲနေတာပါ။ ကျွန်တော် ဒီနှစ်ရက်အတွင်းပဲ ကျွန်တော့်မိသားစုကို ဒီအကြောင်းပြောပြမလို့။ အမတို့ကို ဒီအထိလာခိုင်းသလိုဖြစ်သွားတာ ကျွန်တော်ရှက်လှပါတယ်"
ဟွမ်ချွေးမ ခေါင်းခါကာ ရှေ့က တောသားကို သေချာကြည့်လိုက်သည်။ သူက တကယ်ကြည့်ကောင်းကာ အဝတ်များလည်း အလွန်သန့်ရှင်းသည်။ ဟွမ်ချွေးမ အနည်းငယ် မလိုလားသလို ခံစားရသည်။ ဒီအမေနှင့်သမီးက အမြဲကံကောင်းကာ ကောင်းသည်များကိုသာ တွေ့ကြုံသည်။
သို့သော် သူမ တစ်ဖန် ပြန်စဥ်းစားကြည့်တော့ ရှေ့က လူငယ်က ကြည့်ကောင်းလျှင်တောင် အနည်းဆုံးရွာသားဘဝက အလွန်မလွယ်ကူနိုင်ပါ။
ထို့ကြောင့် သူမ ပြုံးလိုက်ကာ "မိသားစုအချင်းချင်း စကားများတာပါ။ ဒီနေ့က အားလပ်ရက်မလား? အိမ်ပြန်ပြီး ထမင်းစားကြရအောင်"
ဟွမ်ချွေးမပြောပြီးသည့်နှင့် ဟွမ်အကို ကျီကျိုးကို အိမ်ဆွဲခေါ်သွားသည်။
အနောက်မှာနေပြီး ဟာသကြည့်ချင်ကြသော လူများလည်း သက်ပြင်းချကြရသည်။ ကျီကျိုးက တကယ် ကောက်ကျစ်သည်။ သူ တိတ်တိတ်လေး ဟွမ်ရီယွင်နှင့် ချစ်ကြိုက်သည်။ ဟွမ်ရီယွင်မိသားစုနောက်ခံအကြောင်း ကျောင်းက လူတော်တော်များများသိကြကာ သူမကို အများစု မြှောက်ပင့်ကြသည်။
မထင်မှတ်ထားစွာ ကျီကျိုးက လက်ဦးသွားသည်။ လူအုပ်ထဲ မကျေနပ်သည့်လူရှိသလို စိတ်အေးသွားသောလူများလည်း ရှိသည်။ လူအများ ဟွမ်ရီယွင်နှင့် ရင်းနှီးချင်ပေမယ့် အများစုက သူမဒေါသကို ကြောက်ကာ ဝေးဝေးကရှောင်ချင်ကြသည်။ အခု ကျီကျိုးက တစ်ခါတည်း ဖြေရှင်းလိုက်၍ သူတို့ နောက်ထပ် စိတ်ပူစရာမလိုတော့။
ရှိနေသောလူများ ဘာတွေးနေသည်ကို ကျီကျိုးမသိပါ။ သူ့ကို ဟွမ်အိမ်ရောက်မှ ဟွမ်အကိုနှင့် သူ့ဇနီးက လွှတ်ပေးသည်။ သူ သူ့အကျီကို အနည်းငယ်ပြင်လိုက်ပြီး သူ့နောက်မှ အမြန်လိုက်လာသော ဟွမ်ရီယွင်ကို ကြည့်လိုက်သည်။
သူ သူ့အိတ်ကပ်ထဲက ဆင့်တစ်ဝက်ကို ထိရင်း ဘေးက ဟွမ်ရီယွင်ကို ပြောလိုက်သည်။ "ရီယွင် အကို အရင်ပြန်နှင့်လိုက်ဦးမယ်။ အကို ပိုက်ဆံယူလာဖို့မေ့သွားလို့။ ကိုယ်လက်ဗလာနဲ့တော့ လာလို့မရဘူးမလား?" သူ ဒီတစ်ခါတည်း အခြေကျဖို့မတွေးပါ။ သူ ပြန်သွားသောအခါ သူ နည်းလမ်းစဥ်းစားမိပြီး၍ အလုပ်တစ်ခုအရင်လုပ်ပြီး နောက်မှ ဤအကြောင်းပြောမည်ကြံထားသည်။
သူ ဘာမှသယ်မလာ၍ ဟွမ်မိဘများ အမြင်မကြည်မည်ကို ကြောက်၍ သူ ဘေးက ဟွမ်ရီယွင်ကိုသာ အလျင်တလိုကြည့်လိုက်သည်။
ဟွမ်ရီယွင်ကတော့ ဒါက အဓိပ္ပါယ်ရှိသည်ဟု တွေးသည် "ဒါဆို အကို နောက်ရက်နည်းနည်းကြာမှ ပြန်လာပါလား!?"
သူမ ဒီလိုပြောမည်ဟု ကျီကျိုး မထင်မှတ်ထားပေ။ သူမဆီက ပိုက်ဆံနှင့် သူတစ်ခုခုသွားဝယ်ပြီး ပြန်လာချင်ပေမယ့် ဟွမ်ရီယွင်က လုံးဝသဘောမပေါက်။
"အဟမ်း။ ကိုယ် ဒီလိုဆိုလိုချင်တာ မဟုတ်ဘူး။ ကိုယ်လည်း ဦးလေးနဲ့ အဒေါ်ကို တွေ့ချင်နေတာ..."ကျီကျိုး ရိုးသားစွာပြောလိုက်သည်။
ဟွမ်ရီယွင် ခေါင်းညိတ်လိုက်သည်။ "ညီမ အကို့ကို နားလည်ပါတယ်။ အကိုက ညီမမိဘတွေကို ညီမနဲ့ လိုက်တွေ့ချင်မှာပေါ့!"
ဟွမ်ချွေးမနှင့် ဟွမ်အကို ဘေးကရပ်ကြည့်နေပြီး ကျီကျိုးအကြံကို မြင်ကာ သူတို့ခေါင်းခါနေပေမယ့် ပြုံးနေကြသည်။
"ဟုတ်ပါပြီ။ ငါ့ယောက္ခမတွေက ပစ္စည်းပါလာလာမပါလာလာ ဂရုမစိုက်ပါဘူး။ မြန်မြန်ဝင်ကြမယ်။ စားဖို့မမှီဘဲ နေမယ် " ဟွမ်ချွေးမ အချိန်ကိုက် ဝင်ပြောပေးလိုက်သည်။
ကျီကျိုး ခေါင်းညိတ်လိုက်သည််။ "တကယ်အလျင်လိုသွားလို့ပါ။ ဦးလေးနဲ့ အဒေါ် စိတ်မကွက်ဖို့ ကျွန်တော်မျှော်လင့်ပါတယ်"
ဟွမ်ရီယွင် ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်။ ညီမမိဘတွေက အကို့ကို အပြစ်မတင်ပါဘူး။ ကျွန်မမိဘတွေက စိတ်ထားသေးသိမ်တဲ့လူတွေမဟုတ်ပါဘူး"
နောက်မှလိုက်လာသော ဟွမ်ချွေးမကတော့ ရုတ်တရက် ဟွမ်ရီယွင်က အလွန်သနားစရာကောင်းသည်ဟု ခံစားလိုက်ရသည်။ ဒီတစ်ယောက်က အိမ်လာလည်သည်ကို ဘာမှယူမလာဘဲ အပြောခံရမည်ကို ကြောက်ရသေးသည်။ သို့သော် နောက်လည်း အကောင်းမြင်ခံရမည်မဟုတ်လောက်။
ဟွမ်ချွေးမ သူတို့ကို သတိမပေးဘဲ အထဲဝင်ရန်သာပြောလိုက်သည်။
ကျီကျိုး တံခါးတွင် စိတ်လှုပ်ရှားစွာ မတ်တပ်ရပ်ကာ တစ်ယောက်ယောက်က တံခါးလာဖွင့်ပေးမည်ကို စောင့်နေသည်။
ဟွမ်ချွေးမ သူမအိတ်ကပ်ထဲက သော့ထုတ်ပြီး "အစ်မကို ကြည့်ပါဦး။ မောင်လေးတို့ကို တံခါးဖွင့်ပေးဖို့ အမမေ့နေတာ"
ဟွမ်ရီယွင်လည်း စိတ်လှုပ်ရှား၍ သူမတွင် သော့ရှိသည်ကို မေ့သွားသည်။ ဟွမ်အမေ သူမ ရည်းစားထား၍ မာန်မလား မသိပါ။ သို့သော် စဥ်းစားကြည့်ပြီးနောက် သူမအမေက သူမကို အချစ်ဆုံးဖြစ်၍ အပြစ်မတင်လောက်ပေ။
ဟွမ်ချွေးမ သူတို့ကို ဧည့်ခန်းထဲ ခေါ်လာလိုက်ပြီး ဟွမ်အမေက အသံကြား၍ အပေါ်ထပ်မှ ဆင်းလာသည်။ သူမသမီးလေး ပြန်လာသည်ဟု ထင်လိုက်ရာ တကယ်သူမသမီးပြန်လာပေမယ့် ယောက်ျားလေးတစ်ယောက်ကို ခေါ်လာသည်။
သူမသမီးလေးက ဒီကောင်လေးလက်ကို ကိုင်ထား၍ ဟွမ်အမေ စိတ်ထဲ မကောင်းသည့် ခံစားချက်ရသည်။ ဟွမ်အမေသွားလိုက်ပြီး ဟွမ်ရီယွင်ကို သူမနောက်ဆွဲခေါ်လိုက်ပြီး" ဒီကောင်လေးက ဘယ်သူလဲ?"
"အမေ၊ သူက သမီးကောင်လေး" ဟွမ်ရီယင် ဟွမ်အမေလက်ကို ကိုင်ကာ ချွဲသည့်ပုံစံနှင့် အသံကလည်း အလွန်နူးညံ့သည်။
ပုံမှန်အားဖြင့် ဟွမ်အမေ ချော့မှာပေမယ့် အခု ဟွမ်အမေ သူမသမီးကို အလိုမလိုက်။ ဒီကောင်လေးက သေချာဝတ်စားထားသည်ကို မြင်၍ သူမ ဘာမှတော့မပြောရသေး။
ဟွမ်ချွေးမ ဟွမ်အမေ ကျီကျိုးကို နှင်ထုတ်မည်ကို စိုးရိမ်သည်။ သူမလိုချင်သည်က ကျီကျိုးကို သဘောမတွေ့မည့်အစားသူတို့သမီးနှင့် အိမ်ထောင်ချပေးစေချင်သည်။
"အမေ၊ သူက ဒီကို မြန်မြန်လာလိုက်ရလို့ တစ်ခုခုယူလာဖို့မေ့သွားတယ်။ အမေတို့အတွက် သူက ပစ္စည်းတွေဝယ်ချင်တာ။ သူက ဘယ်လောက်သိတတ်လည်း အမေကြည့်ပါဦး" ဟွမ်ချွေးမ မြှောက်ပြောပေးလိုက်သည်။
ရှင်းပြပြီးနောက် ဟွမ်အမေ သဘောထားသေးသိမ်သည်ဟု ပြောလို့ရသေးသည်။ သို့သော် ဘယ်သူမှ သူမနှင့် ရန်မဖြစ်ချင်ကာ ဟွမ်အမေ ဒါကို ကြား၍ ခေါင်းညိတ်ကာ မျက်နှာအမူအရာလည်း နည်းနည်းဖြေလျှော့သွားပြီး ကျီကျိုးကို ထိုင်ခိုင်းလိုက်သည်။
ဟွမ်အဖေ ပြန်မလာခင်် ဒီကောင်လေးအကြောင်း အသေးစိတ် ဟွမ်အမေ စုံစမ်းရန်တွေးထားပြီး သူမ သဘောမတွေ့လျှင် အချိန်မနှောင်းခင် ပြန်လွှတ်လို့ရသည်။
"အိမ်မှာ မိသားစု ဘယ်နှယောက်ရှိလဲ? မိဘတွေက ဘာလုပ်လဲ?" ဟွမ်အမေ အချိန်မရှိမည်စိုး၍ တစ်ခါတည်းတည့်တိုးမေးလိုက်သည်။
ကျီကျိုးက ဘယ်တုန်းကမှ မနုံပါ။ ဟွမ်အမေ ဘာတွေးလည်း သူသိသည်။ သူ လည်ချောင်းရှင်းကာ "မိသားစုမှာ မိဘတွေကလွဲ အကိုအကြီးဆုံးနဲ့ ဒုတိယအကိုက အိမ်ထောင်ကျပြီးပါပြီ။ အကိုအကြီးဆုံးပဲ ကလေးတစ်ယောက်ရှိပါတယ်"
ဟွမ်အမေနားထောင်ပြီး ခေါင်းညိတ်လိုက်သည်။ မိသားစုဝင် အများကြီးရှိပြီး ထိုင်၍ပင်မရသော အိမ်မျိုးမဟုတ်။ ကလေးလည်း အနည်းငယ်ပဲရှိ၍ သဘောကျသည်က အနည်းငယ်မြင့်သွားသည်။
"ကျွန်တော့်မိဘတွေကတော့ များသောအားဖြင့် အားပါတယ်။ သူတို့ အလုပ်အကြာကြီးမလုပ်ရဘူး" ကျီကျိုး သူ့မိဘတွေဘာလုပ်သည်ကို သေချာမပြောပါ။ ခုတလော လယ်အလုပ်ဖြင့် အလုပ်မများသည်ကိုသာပြောပြီး ဘာမှထပ်မပြော။
ဟွမ်အမေ ထင်လိုက်မိသည်က သူ့မိဘများ ရုံးတွင် အလုပ်လုပ်ကာ ရာထူးကလည်း မနိမ့်လှဟု ဖြစ်သည်။
ဟွမ်အမေ မေးခွန်းများထပ်မေးချင်ပေမယ့် သူ့မိသားစုအခြေအနေက အရမ်းကောင်း၍ သူမသမီးနှင့် မပတ်သက်ချင်တော့မည်ကိုလည်း စိုးရိမ်သည်။
ဟွမ်အမေမျက်နှာတွင် သဘောကျမှုက ချက်ချင်းမြင့်လာကာ ကျီကျိုးကို ပြောလိုက်သည်။ "သား ဒီမှာ နေ့လည်စာစားသွားပါလား? အဒေါ် သားကို ဟင်းနှစ်ပွဲချက်ကျွေးမယ်?"
ကျိီကျိုးက အားမနာဘဲ သဘောတူ၍ ဟွမ်အမေ ပိုသဘောကျသွားသည်။ ဒီကလေးက တည်ငြိမ်ကာ မိသားစုအခြေအနေက ကောင်းမွန်သည်ဟု တွေးလိုက်သည်။