အခန်း (၇၁)
Vol. 6 Ch. 71
ဟွမ်အမေ မီးဖိုချောင်ဝင်သောအခါ ခေါင်းမညိတ်ဘဲ မနေနိုင်ခဲ့ပေ။ သူမ ကျီကျိုးကို အလွန်ကျေနပ်သည်။ သူမသမီးက အမြော်အမြင်ရှိပြီး ဒီလိုကောင်းသောသမက် ရှာလာမည်ဟု မထင်ထားပေ။
ဟွမ်အမေ သူမသမီး အားလပ်ရက်စားဖို့ အထူးတလည်ဝယ်ထားသော ငါးကို သတ်နေပြီး ဒီငါးက ဧည့်သည်များကို ဧည့်ခံရာတွင် ပြည့်စုံသည်။
ငါးကို ခုတ်ထစ်နေရင်း သူမ အနည်းငယ် သိချင်သည်ဟု ခံစားနေရသည်။ ကျီကျိုးမိသားစုအလုပ်ကို သူမ မမေးရသေး၍ သူမ ငါးကို အမြန်ချထားကာ လက်ဆေးလိုက်သည်။
ခါးစည်းတွင် လက်သုတ်လိုက်ပြီး မေးခွန်းမေးဖို့ထွက်လာရင်ပြင်စဥ် ဟွမ်အဖေ ဧည့်ခန်းက ဆိုဖာပေါ်ထိုင်ပြီး ကျီကျိုးကို မေးနေသည်ကို တွေ့လိုက်သည်။
ဟွမ်အဖေအမူအရာတွင် ဘာပြသာနာမှ မတွေ့ရ၍ ဟွမ်အမေလက်လျှော့လိုက်သည်။ ဟွမ်အဖေတောင် သဘောတူလျှင် သူမက ဘယ်လိုကန့်ကွက်ပါ့မလဲ? ကန့်ကွက်လိုက်လျှင် ဇနီးကောင်းအမေကောင်း မဖြစ်သည့် သူမအကြောင်းကို ဖော်သလိုဖြစ်သွားမည်။
ဟွမ်အဖေ အခု သူ့ရှေ့က လူငယ်ကို အလွန်သဘောတွေ့သည်။ ဒီလူငယ်က စကားပြောရာတွင် အေးဆေး၍ လူတွေကို သဘောကျအောင် လုပ်နိုင်သည်။
တကယ်က ကျီကျိုး အလွန်စိတ်လှုပ်ရှားနေပေမယ့် သူ သူ့ကိုယ်သူမနည်းထိန်းထားကာ အတင်းမျက်နှာတည်ထားရခြင်းဖြစ်သည်။
ထမင်းစားကြသော လူတိုင်း အလွန်ကျေနပ်ကြပြီး ကျီကျိုးလည်း စားပြီးနောက် ပျော်ရွှင်စွာ နှုတ်ဆက်လိုက်သည်။
ဟွမ်ရီယွင် ထွက်သွားသည့်သူ့နောက်ကျောကို ကြည့်ရင်း နောက်က မသိအောင် လိုက်သွားလိုက်သည်။ ကျီကျိုး သူအပြင်ရောက်သောအခါ စိတ်အေးသွားသည်။ သို့သော် ဒီနေရာတွင် သူတို့မိသားစုအသိများ ရှိ၍ သူ အရမ်းလည်း စိတ်မလျှော့ရဲပေ။
ကျီကျိုး ကျောင်းပြန်သွားပြီး အိမ်အပြန်ကားစီးကာ ကားပေါ်တွင် စိတ်အေးသွားကာ သူ့နောက်တွင်ထိုင်နေသော ဟွမ်ရီယွင်ကို မတွေ့ပေ။
ဟွမ်ရီယွင် အရင်တစ်ခါ ကျီကျိုးစကားများကို ကြားပြီး ကျီကျိုး၏ ဒုတိယမရီးကို သင်ခန်းစာ သူ့အစား ပေးချင်သည်။ ဒီတစ်ခါ ဟွမ်ရီယွင်က သူမနှင့် အကူတစ်ယောက်ခေါ်လာသည်။
ဟွမ်ရီယွင်အကူမှာ သူမနှင့် တူတူကြီးပြင်းခဲ့သော သူငယ်ချင်းတစ်ယောက်ဖြစ်ပြီး ထိုသူငယ်ချင်းက ကားပေါ်ရောက်တည်းက အိပ်လိုက်လာကာ ရောက်မှ ကားပေါ်က ဆင်းပြီး ကျီကျိုးနောက်ကနေ ကျီအိမ်ကို လိုက်ခဲ့သည်။
လူအများကြီး ဟွမ်ရီယွင်နှင့် သူမသူငယ်ချင်းကို မြင်ကြသည်။ လူတိုင်း နားမလည်ကြပေမယ့် သူတို့ ကျီကျိုးနောက်လိုက်နေကြသည်ကို မြင်၍ ကျီကျိုးသူငယ်ချင်းများ အိမ်လိုက်လည်သည်ဖြစ်ရမည်ဟု တွေးလိုက်သည်။
ကျီကျိုး သူအိမ်ပြန်ရောက်မှ သိသည်။ သူ့မိသားစုက သူ့ကို ကြိုရင်း နောက်ကလူများကို မြင်၍ မေးလိုက်သည်။ "သား သားသူငယ်ချင်းတွေကို ခေါ်လာတာလား?"
ကျီကျိုး အဝေးက လူနှစ်ယောက်ကို ခုမှ သတိထားမိကာ ချက်ချင်း ခေါင်းကိုက်သွားသည်။ သူ ဟွမ်ရီယွင်နှင့်ပတ်သက်မိသည်က ဆုံးဖြတ်ချက်အမှားဟု ခံစားရသည်။ သို့သော် အခု ဆုံးဖြတ်ချက် ဘယ်လောက်မှားမှား ပြောင်းရန် နည်းလမ်းမရှိတော့ပေ။
ကျီကျိုး အတင်းသာပြုံးလိုက်ရပြီး "ဟုတ်တယ် ကျွန်တော် သူတို့ကို ခေါ်လာတာ အမေနဲ့အဖေ စားစရာပြင်ပေးပါဦး"
ကျီအဖေနှင့် ကျီအမေ ထိုနှစ်ယောက်က ကောင်ကောင်းဝတ်စားထားသည်ကို မြင်၍ မိသားစုအခြေအနေက ကောင်းလောက်မည်ဟု ခန့်မှန်းလိုက်သည်။ သူတို့် ပျော်ရွှင်စွာ စားရန် သွားပြင်လိုက်သည်။ သူတို့သားက ခေါ်လာ၍ နှစ်ယောက်လုံး မိသားစုနောက်ခံ ကောင်းရမည်က သေချာသည်။
ကျီအဖေနှင့် ကျီအမေ တက်ကြွနေကာ အစက ကျီကျိုးကို အိမ်တွင် လတ်တလော ဖြစ်ပျက်သမျှပြောရန်တွေးထားပေမယ့် အခု ဒီအရာများက အရေးမကြီးတော့။
ကျီကျိုး ဟွမ်ရီယွင်နားသွားပြီး ပြောလိုက်သည်။ "ကိုယ်နဲ့လိုက်ခဲ့" ဘေးတွင်် လာစပ်စုကြသောလူများရှိ၍ သူ သူမကိုဘေးသို့သာခေါ်ပြီး "မင်း ဘာလို့ ဒီရောက်နေတာလဲ? မင်းဘာလို့ တစ်ခြားတစ်ယောက်ကို ဒီခေါ်လာတာလဲ? ကိုယ့်မိသားစုကို မင်းဘယ်လိုသိတာလဲ?"
"ညီမက အကို့အတွက် စိတ်ပူလို့ပါ။ အကို့ဒုတိယမရီးက အရမ်းဆိုးတယ်ပြောလို့ ညီမ အကို့ကို ကူဖို့ လူတစ်ယောက်ခေါ်ပြီး ဒီရောက်လာတာ" ဟွမ်ရီယွင် ကျီကျိုးကို ချော့မော့ပြောလိုက်သည်။
"ဒါဆိုလည်း မင်းဘာလို့ တစ်ခြားတစ်ယောက်ကို ဒီခေါ်လာတာလဲ?" ကျီကျိုး ဒီလူကို နာမည်ကိုရော လူရော မသိပါ။
"သူက ညီမငယ်ငယ်တည်းက တူတူကြီးခဲ့တဲ့ သူငယ်ချင်း။ သူ့အကူအညီနဲ့ဆို အကို့အတွက် ညီမသေချာပေါက် ဖြေရှင်းပေးနိုင်မှာပါ " ဟွမ်ရီယွင်် သူမသူငယ်ချင်းကိုယ်ပေါ်က ကြွက်သားတွေကို ကြည့်ပြီး ပြသာနာကို လွယ်လွယ်ကူကူ ဖြေရှင်းနိုင်မယ်လို့ အမြဲခံစားရသည်။
"တရားမဝင်တာမလုပ်နဲ့" ကျီကျိုး ဒီလိုထင်ပေါ်သည့် ကိစ္စများမလုပ်ချင် သိသွားလျှင် ပြသာနာများသည်။
"ဘာက တရားမဝင်တာလဲ ညီမ အကို့ဒုတိယမရီးကို ခြောက်ချင်ရုံပါ။ သူမကို ဘာမှမလုပ်ပါဘူး"
"ကောင်းပြီ။ မင်းသေချာရင် ပြီးရော။ ကိုယ်နဲ့ အိမ်လိုက်ခဲ့" ကျီကျိုး ဝမ်စုန့်ဆီသွားပြီး နှုတ်ဆက်လိုက်သည်။
ဝမ်စုန့်က သူ့ကို စကားတစ်ခွန်းမှ ပြန်မပြောပေ။ ကျီအိမ်သို့သာ တစ်ခါတည်း သွားလိုက်သည်။
နောက်က ကျီကျိုး အရှက်ရသလိုခံစားရကာ လက်သီးကျစ်ကျစ်ဆုပ်ပြီး စိတ်လျှော့ရန် အသက်ပြင်းပြင်းရှူနေသည်။ ဟွမ်ရီယွင် လျှောက်လာသောအခါ သူ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီဖြစ်သည်။
ဟွမ်ရီယွင် အားနာစွာပြောလိုက်သည်။ "သူက အမြဲ အဲ့လိုစိတ်ကြီးလို့ပါ။ အကို စိတ်ထဲမထားပါနဲ့"
ကျီကျိုး အတင်းပြုံးကာ "ရပါတယ်။ သူက ညီမသူငယ်ချင်းဆိုတော့ အကို့သူငယ်ချင်းလိုပါပဲ။ အိမ်ထဲ ဝင်ကြရအောင် "
ကျီအမေ ဟွမ်ရီယွင်အတွက် ရေထည့်ပေးကာ ကြင်နာစွာ ကြည့်လိုက်သည်။ ကျီအမေက အမြဲကြည့်နေ၍ ဟွမ်ရီယွင်နှင့် သူမသားအခြေအနေကို မြင်နိုင်သည်။
သူတို့နှစ်ယောက်က အတန်းဖော်တွေပါလို့ ထပ်ခါထပ်ခါ ငြင်းပေမယ့် ရှိနေသောလူတိုင်း သေချာသိကာ ဘယ်သူမှ မယုံချေ။
"သမီး။ ရေများများသောက်၊ ဒီသကြားလုံးလည်းစား" အိမ်တွင် စားစရာမုန့်တစ်ခုမှမရှိကာ ကျီအမေ ထုတ်လာသောသကြားလုံးများက မာပြီး မည်းနေသည်။
ကျီကျိုး မျက်နှာမည်းသွားကာ သူ့မိသားစုက သူ့ကို ဒီလိုအရှက်ခွဲမည်ဟု မထင်ထားပေ။ သူ ဒီနေ့ အိမ်ကို မပြန်ချင်။ သူ အိမ်ပြန်ပြီး ပိုက်ဆံတောင်းကာ ဟွမ်ရီယွင်အိမ် ပစ္စည်းတစ်ခုခု သွားဝယ်ပို့ပြီး အလုပ်အကြောင်းပြောရန် တွေးထား၍သာ ပြန်လာသည်ဖြစ်သည်။
ဒီလိုဖြစ်မည်ဟု ဘယ်သူက ထင်ထားမည်နည်း ကျီကျိုးနှင့် ကျီအဖေမျက်နှာများ မည်းနေသည်။ ကျီအမေ ဒီိိလိုအရိပ်အကဲ လုံးဝနားမလည်ဟု ကျီအဖေ မထင်ထားပေ။ သကြားလုံး ထုတ်လာမယ်ဆိုပြီး ဒီမည်းမည်းတွေက ဘာတွေလဲ သကြားအနက်က ဒီဘာလို့ရောက်နေတာလဲ?
ဟွမ်ရီယွင် မျက်နှာလည်း လုံးဝမပြေချေ။ သူမ ဒီကို ပထမဆုံးလာလည်သည်ကို ကျီကျိုးအိမ်က စုတ်ပြတ်နေသည်က ရသေးပေမယ့် ဒီလိုသကြားလုံးကို ဘာလို့ထုတ်ကျွေးတာလဲ? သူမကို အထင်သေးတာလား?
"အဒေါ်၊ ဒီသကြားလုံးက မည်းနေတော့ သမီးမစားတော့ဘူး" ဟွမ်ရီယွင်အသံက လေးလံနေသည်။
သို့သော် ကျီအမေ မပျော်တော့ပေ။ ဒီသကြားလုံးမည်းမည်းများက သူမအကြီးဆုံးမြေး စားချင်လျှင်တောင် မစားနိုင်။ သူမ အထူးတလည် ထုတ်လာပေးသည်ကို ဒီကောင်မလေးက ရွံ့သည်လား?
ကျီအမေ မကျေနပ်ပေမယ့် သူမ ကိစ္စလေးနက်မှုကို သိ၍ မျက်နှာတည်တည်နှင့်သာ ပြောလိုက်သည်။ "ဒါဆို အဒေါ် သွားချက်လိုက်ဦးမယ်"
ဟွမ်ရီယွင် ခေါင်းညိတ်လိုက်ကာ အစက ထိုင်နေရန်တွေးထားပေမယ့် ဟွမ်အမေ မှာလိုက်သည်ကို သတိရသွားသည်။ ဟွမ်အမေက နောက် အခွင့်အရေးရ၍ ယောက္ခမအိမ် ပထမဆုံးသွားလျှင် ပိုသိတတ်ရမည်ဟု မှာထားသည်။
"အဒေါ်၊ သမီးလည်း အဒေါ်နဲ့လိုက်ခဲ့မယ်" ဟွမ်ရီယွင်စကားများက ကျီအမေကို တစ်ဖန်ပျော်သွားစေသည်။ သူမသားက အရမ်းထက်မြက်၍ ပျင်းရိတဲ့ ချွေးမ ရှာပေးပါ့မလား?
ဒီချွေးမမိသားစုက အရမ်းချမ်းသာလို့ သကြားလုံးကို သဘောမတွေ့တာဖြစ်နိုင်သည်။ နောက် သူမသားနှင့် သူမမြေး ကောင်းစားနိုင်သည်။ "ကောင်းပြီ။ အဒေါ်နဲ့လိုက်ခဲ့"
ကျီအမေ ဟွမ်ရီယွင်လက်ကို ကိုင်လိုက်ရာ ဟွမ်ရီယွင် ကျီအမေ၏ ကြမ်းတမ်းပြီး လက်သည်းများကြားတွင်လည်း ရွံ့များ ကပ်နေသည့်လက်ကို ကြည့်ပြီး ဟွမ်ရီယွင် ကျီအမေလက်ကိုရွံ့စွာ ဖယ်ထုတ်လိုက်ပြီး "သမီးဘာသာသွားတာ ကောင်းပါတယ်"
ပင်မအခန်းတွင် အမျိုးသားသုံးယောက်သာ ကျန်ခဲ့သည်။ သူ့ဇနီး မရှိတည်းက ကျီမိသားစုအကြီးဆုံးသားက ထမင်းစားချိန်ကလွဲ၍ အပြင်သာထွက်နေသည်။ ထို့ကြောင့် ကျီအဖေ၊ ကျီကျိုးနှင့် ဝမ်စုန့်သာ ရှိသည်။
ကျီအဖေ စကားစပြောလိုက်သည်။ " ဒီကလေးက ဦးလေးသားနဲ့ အတန်းဖော်လား?"
ဝမ်စုန့် ကျီအဖေကို တစ်ချက်ကြည့်လိုက်ပြီး "ဟင်..အမ် အာ" အာမေဍိတ်အသံသာ ထွက်လာ၍ လေထုက ကြောင်တောင်တောင်နိုင်သွားသည်။
"သားနာမည်က ဘယ်လိုခေါ်လဲ? မိဘတွေကရော ဘယ်မှာနေလည်း?" ကျီအဖေ ရှက်စရာကောင်းသည့်အခြေအနေကို ရှောင်၍ မေးခွန်းများသာ ဆက်မေးရသည်။ ဒီလိုမှ သူ့မိသားစုအခြေအနေကို သိနိုင်သည်။
"အာ?" ဝမ်စုန့် ခဏကြာပြီးမှ စကားတလုံးထွက်လာ၍ ကျိီအဖေ နောက်ဆုံးလက်လျှော့လိုက်ရသည်။ သူ ဒီလိုအရာကို ထပ်မလုပ်ချင်ပေ။ သူ အလွန်ပင်ပန်းကာ စိတ်ပိုင်းဆိုင်ရာပါ မောပန်းနေသည်။ ထို့ကြောင့် သူတို့ သုံးယောက် တစ်ယောက်ကို တစ်ယောက်မကြည့်ဘဲ ရေသာထိုင်သောက်နေကြသည်။
ဟွမ်ရီယွင် ကျီအမေနှင့် မီးဖိုချောင်လိုက်ခဲ့သည်။ မီးဖိုချောင်က အပေါက်အပြည့်နှင့်ဖြစ်ပြီး ရေတိုင်ကီတွင်လည်း အပေါက်များနှင့် ဒယ်အိုးပင် ချောမွေ့မနေပါ။
ကြောင်အိမ်များကို သစ်သားအသစ်ဖြင့် ဖာထေးထားပုံပေါ်ကာ အထဲတွင် ဘာမှမရှိပေ။ ဟွမ်ရီယွင် ဒါကို ကြည့်၍ မျက်မှောင်ကြုတ်သွားသည်။ သူမနေရာတကာ လိုက်ကြည့်ပေမယ့် နေရာတိုင်း ဘာမှမရှိကာ ဆင်းရဲသည်ဟု အော်နေသည့်အတိုင်းပင်။
ကျီအဖေက ကျီအမေကို အစတည်းက အိမ်က အကောင်းဆုံးကိုသာ ထုတ်ရန်မှာထား၍ ကျီအမေ အံကြိတ်ပြီး နောက်ဆုံး ဂျုံအနည်းငယ် ကျန်သည်ကို ထုတ်ရန် ဆုံးဖြတ်လိုက်သည်။
သို့သော် ဂျုံပန်းကန်လုံးဝက်သာ ကျန်တော့၍ လူတစ်ယောက်စားဖို့ပင် မလောက်၍ ကျီအမေ အနက်ရောင်ဂျုံရောကာ ကြက်ဥတစ်လုံးဖောက်ထည့်လိုက်သည်။
အနက်ရောင် အဖြူရောင် ခေါက်ဆွဲ ပေါက်စီအိုးကြီးတစ်ပွဲလုပ်ပြီးနောက် ကန်စွန်းဥနှင့် နောက်ဆုံး ဝက်ပေါင်ခြောက်ကို ချက်လိုက်သည်။
ဝက်ပေါင်ခြောက် သိမ်းထားသည်မှာ နှစ်များစွာ ကြာနေ၍ ချက်မရ၍ ကျီအမေ အိုးထဲထည့်ပြီး ပွက်ပွက်ဆူအောင်တည်ကာ အဆီအနည်းငယ် ထုတ်လိုက်သည်။ သူမ အများကြီး အဆီမထုတ်ရဲ ဟွမ်ရီယွင် မကြိုက်မည်ကိုလည်း စိုးရိမ်သည်။
ဟွမ်ရီယွင် ကူညီဖို့ရောက်လာပေမယ့် မီးဖိုချောင်က အလွန်ညစ်ပတ်ကာ မီးဖို အိုးခွက်များလည်း အကုန်ညစ်ပတ်နေ၍ သူမ ဘာမှ မလုပ်ချင်တော့ပေ။
သူမ မီးဖိုရှေ့သာ မီးကို ကြည့်ရင်း သို့သော် ထင်းမီးက အလွန်မီးခိုးထနေ၍ သူမ ဆက်မချင်တော့၍ ခဏစောင့်ပြီးနောက် "အဒေါ်၊ သမီး အပြင်တစ်ချက်သွားကြည့်လိုက်ဦးမယ်"
စားမည့်အချိန်ရောက်သောအခါ တစ်မိသားစုလုံး ထမင်းစားပွဲတွင် ထိုင်ကာ ကျိီမိသားစုအကြီးဆုံးသားမျက်နှာမူမမှန်သည်ကို ကျီကျိုးမြင်ပေမယ့် အခု အပြင််လူများရှိနေ၍ သူ မေးရန်မပြေသေးပေ။
ကျိီမိသားစုအကြီးဆုံးသားက စားရန်သာအာရုံရသည်။ တစ်ခြားလူများကို ဂရုမစိုက်။ ပေါက်စီကြီးကြီးတစ်လုံးစားပြီးနောက် အသားတစ်တုံးကို ကိုက်လိုက်သည်။
ဒီလိုအသားတစ်ပန်းကန်က ယွမ်အချို့ကုန်ကျ၍ ကျီအဖေနှင့် ကျီအမေ မစားရဲချေ။ ကျိီမိသားစုအကြီးဆုံးသားကိုလည်း မစားရန်တားချင်ပေမယ့် သူ စိတ်ပုံမှန်မဟုတ်မည်ကိုလည်း စိုးရိမ်၍ ဘာမှမပြောရဲ။
ဝမ်စုန့် တစ်တုံးကိုယူပြီး မြည်းရာ အချိန်အကြာကြီး ဝါးပြီးမှ မျက်မှောင်ကြုတ်ကာ မျိုချလိုက်သည်။
ကျီသာ့ပေါင်မကိုက်နိုင်ပေမယ့် သူ အကိုက်သေးသေးကိုက်ဝါးပြီး မကိုက်နိုင်တော့လျှင် မျိုချလိုက်သည်။
ကျီကျိုးကတော့ ဒါကို ကျင့်သားရနေပြီ။ ဟွမ်ရီယွင်သာ ထမင်းစားပွဲကို ကြည့်ရင်း သူမတူကို မချနိုင်။ ပေါက်စီကလည်း မည်းနေသည့်ပုံပေါ်ကာ မစားရဲ။
ဝက်ပေါင်ခြောက်ကလည်း အလွန်အဆီများကာ သူမ အဆီလည်း တစ်ခါမှမစားဖူး။ အိမ်တွင် မိုးခိုသားသာစားသည်။
သို့သော် ကျီအမေ အရိပ်အကဲနားမလည်ကာ ဟွမ်ရီယွင်ပန်းကန်လုံးထဲ အသားထည့်ပေးလိုက်သည်။ ဟွမ်ရီယွင် ကျီအမေ တူကို လျက်ပြီး သန့်ရှင်းကာ အသားထည့်ပေးသည်ကို မြင်၍ ပန်းကန်လုံးထဲက အသားက ကျီအမေ တံတွေးများနှင့် ပြည့်နေသည်ဟု တွေးမိပြီး ပိုရွံ့သွားသည်။
ဟွမ်ရီယွင် ဤအသားတစ်စကို ကျီကျိုးကိုသာ ထည့်ပေးလိုက်ပြီး တစ်ခါတည်း အရမ်းညစ်ပတ်တယ်ဟု ပြောလိုက်သေးသည်။
ကျီအမေ စားတောင်မစားနိုင်တော့ဘဲ အော်လိုက်ချင်ပေမယ့် သူမသားအကြည့်ကိုမြင်၍ သည်းခံလိုက်သည်။
"ဒါဆိုလည်း မင်း တစ်ခြားဟာစား!" ကျီကျိုး သည်းခံနိုင်စွမ်းကလည်း နောက်ဆုံးရောက်နေပြီဖြစ်ပေမယ့် ဒီနေ့ ဟွမ်အဖေနှင့် ဆုံပြီး၍ သူ သည်းခံလိုက်ရသည်။
ကျီလင်းကတော့ ဒီအသားက အလွန်အရသာရှိသည်ဟု ခံစားရသည်။ ခဏဝါးပြီးနောက် အသားအရသာရသည်ဟု ခံစားရသည်။ ဒီယောင်းမက ဘာလို့ချေးများသည်ကို သူမ နားမလည်ပေ။