အခန်း (၇၂)
Vol. 6 Ch. 72
ဟွမ်ရီယွင် ကျီကျိုးကို သူ့ဒုတိယမရီးအား သွားရှာရန် ဆွဲခေါ်ပေမယ့် ကျီကျိုး တုံ့ဆိုင်းနေကာ သူ တကယ်မသွားချင်သည့်ပုံနှင့်တူသည်။
အစက ကျီကျိုး ဒီအတိုင်းပြောလိုက်ပေမယ့် ဟွမ်ရီယွင်က စိတ်ထဲ မှတ်ထားသည်။ သူ တကယ်သွားလျှင် သူက မတ်ဖြစ်ပြီး မရီးကို အနိုင်ကျင့်ဖို့ လူခေါ်လာသည်ဟု တစ်ခြားသူများ အထင်သေးသည်ကို ခံရမည်မလား?
ကျီကျိုး သူ့ကိုယ်သူ ဒီအခြေအနေ အရောက်မခံနိုင်ပါ။ သူ ခဏမျှ တုံ့ဆိုင်းပြီးနောက် ပြောလိုက်သည်။ "မင်း မနက်ဖြန်မှ သွားပါလား? ညရောက်တော့မယ်။ ကိုယ်တို့ရွာမှာ ညဘက် အင်းဆက်တွေနဲ့ မြွေတွေပိုပေါတော့ အပြင်မထွက်ကြဘူး"
ကျီကျိုး ဒါပြောပြီးပြီးချင်း ဟွမ်ရီယွင် ထပ်မပြောတော့။ ထိုအစား သူမအော်လိုက်သည်။ "ညီမအိပ်ချင်တယ်။ အကို့မိသားစုက ညီမကို ဘယ်နေရာမှာအိပ်ဖို့ပြင်ထားတာလဲ?"
သူမက တကယ်စိိတ်ရှုပ်စရာကောင်းတယ်ဟု ကျီကျိုးခံစားရပေမယ့် အခုတော့ သူစိတ်တိုနေသည်ကို ထိန်းလိုက်သည်။ "စိတ်မပူပါနဲ့။ အကို့အမေ ညီမဖို့ အိပ်ရာပြင်ပေးမှာပါ"
အိမ်တွင် ကျီမိသားစု ချူယောင်းဆီမှ ပြန်ဝယ်ထားသော အခန်းအလွတ်ရှိ၍ ဟွမ်ရီယွင် အိပ်ဖို့ ပြင်ပေး၍ရသည်။ ဝမ်စုန့်ကတော့ အရေးမကြီးဟု ပြောသည်။
ကျီမိသားစုက ဝမ်စုန့်ကို ကျီကျိုးနှင့် ရင်းနှီးစေချင်သည်။ သို့သော် ဝမ်စုန့်က ကျီကျိုးကို ဘာအတွေးမှ မရှိပေမယ့် အထင်တော့သေးသည်။
"ဒီအခန်းက ဘာလို့ အရမ်းမှောင်နေတာလဲ? ဘာလို့ လျှပ်စစ်မီး မရရတာလဲ?" ဟွမ်ရီယွင် ရေနံဆီမီးအိမ်နှင့်ရောက်လာသော ကျီအမေကို မေးလိုက်သည်။
ကျီအမေ ဒီချွေးမကို အလွန်စိတ်ကုန်နေပြီဖြစ်ပြီး ရှေ့ချွေးမနှစ်ယောက်ထက်ပင် ပိုဆိုး၍ ကျီအမေ နောက် ဖြစ်လာမည့် သူမဘဝကို ခန့်မှန်းနိုင်နေပြီဖြစ်သည်။ နောက် သူမ၏ဆိုးရွားမည့်ဘဝအကြောင်း တွေးမိပြီး သူမ စိတ်ညစ်သွားသည်။ စောစောပြန်အိပ်ပြီး အိပ်မက်လှလှမက်တာပဲ ကောင်းသည်။
ကျီအမေ သူမကို လျစ်လျူရှူနေ၍ ဟွမ်ရီယွင် ပိုဒေါသထွက်သွားသည်။ ဒီလိုဖရိုဖရဲအိမ်ဖြစ်ပြီးသူမ ဒီအိမ်မရောက်ခင်တည်းက လျစ်လျူရှုပြီး သူမသာ ဒီအိမ်ရောက်လျှင် အဆင်ပြေပါ့မလား?
"အဒေါ်၊ ကျွန်မ အဒေါ့်ကို ပြောနေတာ!" ဟွမ်ရီယွင် မျက်မှောင်ကြုတ်ကာ ကျီအမေကို ရွံ့စွာကြည့်လိုက်သည်။
"သမီး ဘာတွေပြောနေတာလဲ? အဒေါ်က နားသေချာမကြားရတော့တဲ့ လူအိုတစ်ယောက်ပါ။ အဒေါ် သေချာမကြားရဘူး" ကျီအဖေက ကျီအမေကို စကားမကြမ်းတမ်းရန် ဟွမ်ရီယွင်ကို ဒေါသထွက်အောင် မလုပ်ရန် ထပ်ခါထပ်ခါ သတိပေးထား၍ ကျီအမေ စိတ်ထဲမှတ်ထားကာ ဟွမ်ရီယွင်ကို ပြသာနာမရှာမိရန် သတိထားနေရသည်။
ဟွမ်ရီယွင် ခြေဆောင့်ကာ ကျီအမေ တမင်တကာလုပ်သည်ကို သူမသိသည်။ "အဒေါ် ခုနက သေချာပေါက်ကြားပါတယ်။ ဘာလို့ မကြားချင်ယောင်ဆောင်ရတာလဲ?"
"အဒေါ့်နားတွေ ကောင်းကောင်းအလုပ်မလုပ်တော့ဘူး" ကျီအမေ သူမနားကို ပွတ်ကာ အခန်းထဲမှ ထွက်သွားပြီး ဟွမ်ရီယွင် တစ်ယောက်တည်းကို ထားခဲ့သည်။
ရေနံဆီမီးအိမ်မှ အလင်းရောင်ဖျော့ဖျော့ကို ကြည့်ပြီး သူမအတွေးများကာ ဒီအခန်းတွင် မနေချင်ကြောင်း သဘောပေါက်သွား၍ သူမ ကျီကျိုးအခန်းတံခါးကို သွားခေါက်ခဲ့သည်။
သူမအခန်းသာ မှိန်သည်မဟုတ် ကျီကျိုးအခန်းလည်းမှိန်ကာ လမ်းလည်းမှိန်နေသည်။ ကျီကျိုး တံခါးဖွင့်လာသောအခါ "ကျီကျိုး ညီမ အဲ့အခန်းမှာ မအိပ်ချင်ဘူး..." ဟွမ်ရီယွင် အနည်းငယ်ချွဲ၍ ပြောလိုက်သည်။
ကျီကျိုး သူမလာသည်ကို မြင်၍ စိတ်ထဲ တံခါးအမြန်ပိတ်ကာ အိပ်ရာဝင်ရန် တွေးလိုက်ပေမယ့် ချက်ချင်းအတွေးပြောင်းကာ သေချာပြုံးလိုက်ပြီး "ဘာဖြစ်လို့လဲ တစ်ယောက်တည်း အိပ်ရမှာ ကြောက်လို့လား?"
ဟွမ်ရီယွင် ခေါင်းခါလိုက်သည်။ "ညီမ အိမ်မှာလည်း တစ်ယောက်တည်းအိပ်တာ။ အလင်းမရှိလို့ ကြောက်တာထင်တယ်"
ကျီကျိုး သူ့စိတ်ထဲတွင် ဒီသူဌေးသမီးကို လောကကြီးအကြောင်း တကယ်ဘာမှမသိဟု ဝေဖန်သည်ကို မရပ်နိုင်ပေ။
"ဒါဆို ညီမ အကို့ညီမနဲ့ သွားအိပ်ပါလား?" ကျီကျိုး အလင်းရောင် မရှိသည့်အကြောင်းကို လုံးဝလျစ်လျူရှုလိုက်သည်။ ဟွမ်ရီယွင်က တကယ်ပြသာနာများသည်ဟု တွေးနေမိသည်။ ခုချိန်တွင် အိမ်တိုင်းလျှပ်စစ်မီးမတတ်နိုင်ချေ။ သူတို့ရွာက တစ်အိမ်မှာမှမရှိပေ။
တစ်ခြားတစ်နေရာတွင်သာ လျှပ်စစ်မီးရလောက်သည်။ ဒါကို တွေးမိ၍ ကျီကျိုး ပိုစိတ်ရှည်သွားသည်။ နောက် သူ ထိုသို့သော ဘဝနေရတော့မည်ဟု တွေးပြီး လည်ချောင်း ရှင်းလိုက်ပြီးနောက် ပြောလိုက်သည်။
" သွားကြမယ်။ ကိုယ့်ညီမအခန်း ခေါ်သွားပေးမယ်" ကျီကျိုး သူမကို ကျီလင်းအခန်းခေါ်သွားပေးလိုက်သည်။
ကျီလင်း သူတို့ကို တစ်ခါလာဖွင့်ပေးပြီး မေးလိုက်သည်။ "ညီမကို ဘာလို့ လာရှာတာလဲ?"
ကျီကျိုး ကျီလင်းကို သေချာရှင်းပြပြီး ဟွမ်ရီယွင်ကို ဂရုစိုက်ပေးရန် မှာလိုက်သည်။ ဟွမ်ရီယွင် ကျီလင်းနောက်ကနေ အခန်းထဲ လိုက်ဝင်သွားလိုက်သည်။ ဒီအခန်းတွင်လည်း မီးအလင်းမရှိပေမယ့် တစ်ယောက်ယောက် သူမနှင့် ရှိနေသေးသည်။
ဟွမ်ရီယွင် ကျီလင်းနှင့် အိပ်ရာပေါ်လှဲလိုက်ပြီးနောက် ကျီလင်း ပျော်ရွှင်စွာမေးလိုက်သည်။ "ယောင်းမ၊ ညီမရဲ့တတိယအကိုနဲ့ လက်ထပ်ချင်တာလား?"
ဟွမ်ရီယွင် စောင်ထဲ ရှက်၍ ပုန်းနေလိုက်ပြီး သူမ ဒါကိုတော့မငြင်းပေ။ "မဟုတ်ရင်ရော ညီမ ဒါကို မေးစရာလိုသေးလို့လား?"
ကျီလင်း အဖြေကို ဂရုမစိုက်ပေ။ "ဒါဆို အစ်မမိသားစုက တကယ်ချမ်းသာတာလား?"
ဟွမ်ရီယွင် သေချာစဥ်းစားပြီး "တကယ်ချမ်းသာတယ်"
"ဒါဆို ညီမတို့ တစ်မိသားစုတည်းဖြစ်ပြီးရင် ညီမအတွက် အလုပ်တစ်ခု စီစဥ်ပေးနိုင်မလား?" ကျီလင်း အလုပ်တစ်ခု လုပ်ပြီး ပိုက်ဆံရှာကာ သူမဘာသာသုံးချင်သည်။ လယ်အလုပ်လုပ်စရာမလိိုဘဲ ပေါ့ပေါ့ပါးပါးနေ၍ရသည်။
ဟွမ်ရီယွင် ခေါင်းလည်းမညိတ်ခေါင်းလည်းမခါဘဲ ပြောလိုက်သည်။ "အစ်မ မသိဘူး။ အစ်မမှာလည်း အခု အလုပ်မရှိဘူး"
ဟွမ်ရီယွင် ဟွမ်အဖေက အလွန်ရှေးရိုးဆန်သည်ဟု အမြဲခံစားရသည်။ သူမအတွက်တောင် အလုပ်ရှာမပေးချင်ပေ။ ကောလိပ်ဝင်ဖို့ကလည်း မလွယ်။ သူမဉာဏ်က အရမ်းမကောင်း ကျောင်းတွင်တောင် သူမအမှတ်က မကြာခဏ အောက်ခြေတွင်ဖြစ်သည်။
"ဒါဆို ယောင်းမ ယောင်းမမိဘတွေကို ညီမဖို့အလုပ်တစ်ခုရှာပေးဖို့ ပြောပေးနိုင်မလား" ကျီလင်း အခုမှ အခွင့်အရေးရ၍ လွယ်လွယ်လက်လျှော့ဖို့က မဖြစ်နိုင်ချေ။
"အဲ့အချိန်ရောက်မှ အစ်မတို့ပြောကြမယ်။ ဒါပေမယ့် ညီမ စိတ်ကူးယဥ်မနေနဲ့လို့ အစ်မအကြံပေးချင်တယ်။ ညီမက စာတောင်ဖတ်မှမဖတ်တတ်တာ" ဟွမ်ရီယွင် အမြင့်မှန်းနေသော ဒီယောင်းမကို မျက်စောင်းထိုးလိုက်သည်။ သို့သော် သူမစကားများက ကျီလင်းအနာဟောင်း စွပေးသလိုဖြစ်မည်ဟု သူမ တစ်ခါမှ မထင်ထားပေ။
ကျီလင်း စောင်ကို မလိုက်ကာ အော်ပြောလိုက်သည် "အစ်မဘာဆိုလိုချင်တာလဲ? ညီမက စာမသင်ခဲ့လို့ ညီမ အလုပ်တစ်ခုတောင်မရဘူးလို့ အစ်မပြောချင်တာလား?"
ကျီလင်း စောင်ကို ရုတ်တရက်မလိုက်၍ စောင်ထဲက အီးစော်များ တစ်ခန်းလုံးပျံ့သွားကာ ဟွမ်ရီယွင် အနံံ့မခံနိုင်၍ နှာခေါင်းသာပိတ်ထားပြီး မေးခွန်းကို ပြန်မဖြေချင်။
သို့သော် ကျီလင်း သူမကို အလွယ်တကူ လွှတ်ပေးဖို့စိတ်ကူးမရှိချေ။ "ညီမကိုမြန်မြန်ပြော။ ဒါက အကြောင်းပြချက်လား?"
ဟွမ်ရီယွင် ပြန်မပြောချင်ပေ။ ကျီလင်းက ဒီလိုကြီးကြီးမားမား ပြန်တုန့်ပြန်မည်ဟု ဘယ်သူက သိမည်နည်း။ သူမမျက်လုံးမှိတ်ကာ တစ်ဖက်ကို လှည့်လိုက်သည်။
သို့သော် ကျီလင်း သူမကို လွှတ်ပေးချင်စိတ်မရှိချေ။ "အစ်မ ဘာဆိုလိုချင်တာလဲ? ညီမက စာမဖတ်လို့ ညီမကို အထင်သေးတာလား? ညီမတို့မိသားစုက ဆင်းရဲလို့ သိက္ခာမရှိဘူးလို့ အစ်မတွေးနေတာလား?"
"ဟုတ်တယ်။ ညီမစာမဖတ်တတ်လို့ အမ ညီမကို အထင်သေးတယ်။ ညီမ မိသားစုဆင်းရဲလို့လည်းအထင်သေးတယ်။ သိက္ခာမရှိတာကိုလည်း အထင်သေးတယ်" ဟွမ်ရီယွင် အလွန်စိတ်တိုလာ၍ သူမထထိုင်ပြီး အော်ပြောလိုက်သည်။
ဒါကို ကြား၍ ကျီလင်းကြောင်သွားပြီး အကြာကြီး ထိုင်နေကာ နောက်မှ အိပ်ရာပေါ်ပြန်လှဲပြီး တိတ်ဆိတ်နေ၍ ဟွမ်ရီယွင်ပင် အိပ်ပျော်တော့မလိုဖြစ်သွားသည်။
ဟွမ်ရီယွင် ဒီအခန်းတွင် မအိပ်ချင်ပေမယ့် သူမ တကယ်အိပ်ငိုက်နေပြီဖြစ်သည်။
ဒီအခန်းတွင် မအိပ်နိုင်သေးသော နောက်တစ်ယောက်လည်းရှိသည်။ သူမ လုပ်တာမှားသွားပြီလား။ ကျီးကျိုးစာသင်ရန်အတွက် သူမအခွင့်အရေးကို လက်လျှော့တာမှားသွားပြီလားဟု ထပ်ခါထပ်ခါ တွေးနေသည်။
နောက်ဆုံး ကျီလင်း အိပ်ရာမှ ထလာလိုက်ပြီး ကျီကျိုးအခန်းတံခါးကို ခေါက်လိုက်သည်။ ဝမ်စုန့်က အိပ်မောကျနေ၍ မကြားပေ။
ကျီကျိုး နားပိတ်ထားပေမယ့် သေချာကြားနေဆဲဖြစ်သည်။ နောက်ဆုံး သူ မျက်နှာပျက်နေပြီး တံခါးသာ ထဖွင့်ပေးလိုက်ရသည်။ ကျီလင်း တံခါးအပြင်တွင်ရပ်နေပြီး သူ၏မှုန်သုန်နေသာ မျက်နှာကို မြင်သည်။
သို့သော် ဒီတစ်ခါ ကျီလင်းမျက်နှာက ပိုအကျည်းတန်ကာ အရှေ့က သူမနှင့် သွေးအနီးဆုံးတစ်ယောက်ကို ကြည့်လိုက်သည်။ သူစကားများက အရင်က သူမ ယုံခဲ့သည်ကို သူမကိုယ်သူမ မယုံနိုင်ပေ။
"တတိယအကို၊ အကိုက ညီမရဲ့တတိယအကိုလား?" ကျီလင်းမေးခွန်းထုတ်လိုက်သည်။
ကျီကျိုးမျက်နှာ ဘယ်လောက်ပျက်ပျက် တစ်ခုခုမှားနေသည်ကို သူမြင်နိုင်၍ အမြန်မေးလိုက်သည်။ "ဘာဖြစ်လို့လဲ ရီယွင်က ပြသာနာထပ်ရှာလို့လား?"
"သူမက နောက် ညီမလေးမိသားစု ဖြစ်တော့မှာဆိုတော့ ညီမ သူမကို စိတ်မဆိုးပါနဲ့ "ကျီကျိုး အသံဖျော့ဖျော့ကိုကြား၍ ကျီလင်းခေါင်းခါလိုက်သည်။
သူမ ကျီကျိုး အစားတစ်ခုခုရသည့်အချိန်တိုင်း သူ၏ နည်းလမ်းမျိုးစုံကြောင့် နောက်ဆုံး သူမ လက်လျှော့ခဲ့ရသည်ကို ကျီလင်းမှတ်မိသည်။
ကျီလင်း အသက်ပြင်းပြင်းရှူကာ ပြောလိုက်သည်။ "ညီမက အကို့ကို မေးချင်တာ။ ညီမ စာသင်မယ့်နေရာကို အကို ဘာလို့လုခဲ့တာလဲ?"
"ညီမပြောတာကြည့်ပါဦး။ ညီမလေး မေ့သွားတာလား? ညီမလေးဘာသာ စာမသင်ချင်လို့ ညီမလေး အကို့ကို စာကြိုးစားရမယ် အကို ကောလိပ်သွားရင် ညီမလေးကို သကြားလုံး ဝယ်ပေးရမယ်ပြောတာလေ" ကျီကျိုး တည်ငြိမ်နေပုံပေါ်ပေမယ့် စိတ်လှုပ်ရှား၍ သူ့လက်ဖဝါးတွင် ချွေးစေးပြန်နေပြီဖြစ်သည်။
"တတိယအကို၊ ညီမက အရူးမဟုတ်ဘူး။ ညီမ ဘာလို့ ဒီလိုစကားပြောရမှာလဲ?" ကျီလင်း ပြောပြီးနောက် သူမလက်ကို ထုတ်လာကာ "ညီမလက်ကို ကြည့်ကြည့်။ ပြီးတော့ ဘောပင်ကိုင်တဲ့ အကို့လက်ကိုကြည့်။ အရမ်းကွာတယ်"
" ညီမလေးဘာသာ လက်လျှော့တယ်လို့ အကို့ကိုပြောတာလေ။ ညီမလေး အကို့ကို့မယုံရင် မိဘတွေကို မေးကြည့်။ ရှေ့ကအကိုနှစ်ယောက်ထက် အကိုတို့က ပိုရင်းနှီးရမှာပေမယ့် ညီမလေးအပြုအမူက အကို့ကို တကယ်ကြောက်လန့်စေတယ်" ကျီကျိုးက သရုပ်ဆောင်ရာတွင် အတော်ဆုံးဖြစ်သည်။
ကျီလင်း သူ၏ဝမ်းနည်းနေသည့် အကြည့်ကြောင့် တကယ်သနားသွားကာ သူမ နေရာတွင်ပဲ ကြောင်ရပ်နေမိသည်။ ထိုအချိန်ကို ပြန်တွေးကြည့်ကာ ကျီလင်း ဘယ်သူ့အမှားလဲဆိုတာ မသိတော့၍ သူမရောထွေးသွားသည်။ သူမ တကယ် အဲ့လိုပြောခဲ့သည်လား သို့သော် သူမ အဲ့လောက် မနုံပါ။
ကျီအဖေနှင့် ကျီအမေ အသံကြား၍ အမြန်လာကြည့်ကြကာ ဒီမောင်နှမရန်ဖြစ်နေသည်ကို မြင်သည်။ "ညဘက်ကြီး ဘာတွေဖြစ်ကြတာလဲ? မနက်မှ ပြောလို့မရဘူးလား?"
"အဖေ၊ ညီမလေးက ကျွန်တော် သူမဆီက ကျောင်းတက်ဖို့အခွင့်အရေးကို လုယူတယ်လို့ပြောတယ်။ ကျွန်တော်အဲ့လိုဆိုတာ မသိဘူး"
ကျီအဖေက သူ့ဘက် ရပ်တည်မည်ဟု ကျီကျိုး ယုံသည်။ အတိတ်ကို ပြန်သွား၍ မရတော့၍လည်းပါသည်။
ကျီအဖေ သက်ပြင်းချလိုက်သည်။ "ဒါက ကြာပြီပဲ။ သမီးလည်း အဲ့အခွင့်အရေးကို သမီးဘာသာ လက်လွှတ်ခဲ့တာ" ကျီအဖေ ဖြစ်ရပ်မှန်ကို အစောကြီးတည်းက သိပေမယ့် အခုမှပြော၍ မရတော့ပေ။ ကျီကျိုးက နောက်ခံကောင်းကောင်းရှိသည် ချွေးမရှာလာကာ မိသားစုကလည်း ကျီကျိုးအပေါ်် မှီခိုရမည်ဖြစ်၍ဖြစ်သည်။
"အဖေ ပြောတာအမှန်လား?" သူမအဖေပြောသည်ကို ကျီလင်းယုံ၍ ဖြည်းဖြည်းချင်း အခန်းပြန်သွားလိုက်သည်။
ကျီအမေ ဘေးကနေ သူမ ကလေးတွေကို ကြည့်ပြီး "ဒီကြောင်တောင်တောင် ကလေးမတော့။ ကိုယ့်အဖေပြောတာ မှန်မှန်မမှန်မှန် ဘာလို့ဒေါသထွက်နေရတာလဲ? မိသားစုက လူနှစ်ယောက်ကိုမှ မထားနိုင်တာ။ ကျီကျိုးကိုပဲ ထားရမှာပေါ့။..."
ကျီအမေ စကားမဆုံးခင် သူမပါးစပ်အအုပ်ခံလိုက်ရသည်။ သူမ ဆက်ပြောချင်သည်က သူမက ဒီလိုအလားအလာ ကောင်းသည့်သားမျိုး မွေးထား၍ ဖြစ်သည်။ ကျီအမေပါးစပ်ကို ကျီအဖေအုပ်လိုက်သည်ဖြစ်သည်။
ကျီလင်းနားမလည်၍ သူမမိဘများကို မယုံနိုင်စွာကြည့်လိုက်ပြီး နောက် သူမ၏ကောင်းလှစွာသော တတိယအကိုဘက် လှည့်လိုက်သည်။
ချူယောင်း မနက်စောစောနိုးသောအခါ ဘေးအိမ်က ဝမ်အဒေါ် သူမဆီလာပြီး ပြောသည်ကို ကြားလိုက်သည်။ "သမီးကြားပြီးပြီလား?"
ဒီစကားက အတင်းတုတ်သည့်အစ ဖြစ်သည်။ ချူယောင်းမျက်လုံးများတောက်ပလာကာ ခေါင်းခါလိုက်သည်။ "ဘာဖြစ်လို့လဲ?"
"သမီးတို့မိသားစု မနေ့ညက ရန်ဖြစ်တာ။ အဒေါ် မေ့သွားတယ်။ သမီးတို့ အိမ်ခွဲနေပြီးပြီပဲ။ ပြီးတော့ ကျီအိမ်ကို လူအများကြီး ရောက်နေတဲ့ပုံပဲ...."
ချူယောင်း ကျီအိမ်အကြောင်းကို အလွန်စိတ်ဝင်စားသွားသည်။