အခန်း (၇၃)
Vol. 6 Ch. 73
သူမ သူမအိမ်သို့ စိတ်ကြည်စွာ ပြန်သွားသည်။ သူမ ကျီအိမ်တွင် ဘာဖြစ်သည်ကို မသိသော်လည်း သူတို့က လူကောင်းလည်း မဟုတ်၍ သူတို့အဆင်မပြေလျှင် သူမ ပျော်စရာကြည့်၍ရသည်။
သူတို့အချင်းချင်း ကိုက်ကြသည်က မဆိုးလှချေ။ ချူယောင်း စိတ်ကြည်နေသည်ကို ကျီနန်ဖုန်း မြင်သည်။ သူမ ပြုံးနေသည်ကို မြင်၍ ကျီနန်ဖုန်းလည်း လိုက်မပြုံးဘဲ မနေနိုင်။
"ဘာဖြစ်လို့လဲ? မင်း ဘာလို့ အရမ်းပျော်နေတာလဲ?"
"ရှင် တစ်ခုခုပတ်သက်လားတော့ ကျွန်မ မသိဘူး။ ဒါပေမယ့် ရှင့်မိသားစုမှာ ပြသာနာဖြစ်တယ်လို့ ကျွန်မကြားလို့ ကျွန်မ စိတ်အေးအေး စားလို့ရပြီ" ချူယောင်း အသီးအရွက်လှီးနေသည့် လှုပ်ရှားမှုက ပိုမြန်လာသည်။
"ကိုယ်နဲ့ ဘာမှမဆိုင်ပါဘူး" တကယ်က သူနဲ့ အနည်းငယ် ပတ်သက်ပေမယ့် ကျီနန်ဖုန်းက သူ့ပုံစံအစစ်အမှန်ကို ချူယောင်းရှေ့ မပြချင်ပေ။
သူက ဘယ်တုန်းကမှ လူကောင်းတစ်ယောက် မဟုတ်ခဲ့ပေ။ သူက ဟွမ်မောင်ကို ဟွမ်အမေအိမ် ပြောခိုင်းလိုက်သောသူဖြစ်သည်။ သူ တွေးသလို ဟွမ်အမေအိမ်က လူများ ကျောင်းသို့ သွားကာ ပြသာနာရှာပြီး ထိုနှစ်ယောက်လည်း ကျီအိမ်တူတူ ရောက်လာကြသည်။
ဟွမ်ရီယွင် ရောက်လာသည်ကလည်း သူ ခန့်မှန်းထားသလိုဖြစ်သည်။ ဟွမ်ရီယွင် တည်ရှိမှုက ကျီမိသားစုကို နေ့တိုင်းအငြိမ်မနေရအောင် လုပ်လိမ့်မည်။
"လူတိုင်း ဖရုံသီးဆန်ပြုတ်စားကြမလား? ကျွန်မ အရွက်လည်းကြော်လိုက်မယ်" ချူယောင်း ဟင်းသေချာချက်ချင်စိတ် မရှိတော့ချေ။ အိမ်က ကလေးသုံးယောက်သာ မရှိလျှင် သူမ လျှောက်သွားပြီး သွားစပ်စုမည်ဖြစ်သည်။ အရင်က စိတ်လှုပ်ရှားစရာမရှိ၍ သူမတစ်ယောက်တည်း စား၍မကောင်းမည်ကို စိုးရိမ်ရသည်။
"မင်း အရင် သွားစပ်စုချင်ရင် သွားကြည့်ပါလား? ကိုယ် အိမ်မှာ ချက်လိုက်မယ်" ကျီနန်ဖုန်း သူဘာစားရစားရ ဂရုမစိုက် သို့သော် သူမ ဖရုံသီးလှီးနေသည့်ပုံစံကို ကြည့်ပြီး သူမ အချိန်မဖြုန်းဘဲ ပျော်စရာသွားကြည့်သင့်သည်ဟု အကြံပေးလိုက်သည်။
ချူယောင်း ခဏမျှ တုံ့ဆိုင်းပြီးနောက် ထပ်တုံ့ဆိုင်းမနေတော့ပေ။ "ကောင်းပြီ။ စားစရာရရင်လည်း ရှင် ကျွန်မကို စားဖို့ လာခေါ်စရာမလိုဘူး။ ကျွန်မ ကြည့်ပြီးမှ ပြန်လာခဲ့မယ်" ချူယောင်း သူမ ခါးစည်းကို ချွတ်ပြီးနောက် စားပွဲကို တင်ကာ အမြန်ထွက်သွားသည်။
အရင်က ကျီမိသားစု ပြသာနာများဖြစ်ပြီး မနေ့ညက ပြသာနာရှာသူက ကျီလင်းဖြစ်သည်။ ကျီလင်း မနေ့ညဖြစ်ရပ်မှန် သိပြီးနောက် ကျီကျိုးကို အပြင်ဆွဲထုတ်ကာ သူ့ကို ပါးချလိုက်ပြီး ကျီကျိုးမျက်နှာပေါ်က လက်အရာများက အခုထိရှိနေဆဲဖြစ်သည်။
ကျီကျိုး နေရာတွင်ကြောင်သွားကာ ကျီအဖေနှင့် ကျီအမေလည်း ရပ်ကြည့်နေပြီး ဘာလုပ်ရမည်မသိ။
ဆန့်ကျင်ဘက်အနေနှင့် ဟွမ်ရီယွင် အလွန်ဒေါသထွက်သွားပြီး သူမ လျှောက်သွားလိုက်ကာ ကျီလင်းဆံပင်ကို ဆွဲလိုက်သည်။ ထိုမိန်းကလေးနှစ်ယောက် ပြင်းထန်စွာ ရန်ဖြစ်ကြကာ သူတို့ဘေးက လူများလည်း ကြောင်သွားကာ ရပ်ကြည့်နေပြီး ဘာမလုပ်ဘဲ သူတို့ကို ငေးကြည့်နေမိကြသည်။
နောက်မှ သူတို့နှစ်ယောက် ပိုပိုပြင်းထန်စွာ ရိုက်နေကြပြီး သွေးထွက်လာတော့မှ တစ်ယောက်က သူတို့ကို ဆွဲဖယ်လိုက်သည်။
နှစ်ယောက်ကို ခွာပြီးမှ တစ်ယောက်ကို တစ်ယောက် မရိုက်နိုင်တော့ပေ။ ကျီလင်း သူမ တစ်ကိုယ်လုံး နာကျင်နေသည်ဟု ခံစားရသည်။ သူမ နှုတ်ခမ်းထောင့်တွင်လည်း သွေးထွက်နေပြီဖြစ်ပြီး သူမ ပါးစပ်အနည်းငယ်ဟလျှင်တောင် နှုတ်ခမ်းထောင့်က နာသည်။
ကျီအဖေနှင့် ကျီအမေ သူမအစား ဆုံးဖြတ်ပေးဖို့လည်း မလိုလားသဖြင့် ဟွမ်ရီယွင်ကိုသာ စိုးရိမ်စွာမေးလိုက်သည်။ "ရီယွင်၊ ဦးလေးသမီးက မသိတတ်လို့ပါ။ သမီးစိတ်ထဲ မထားပါနဲ့"
ဟွမ်ရီယွင် ဒီမိသားစုကို မယုံနိုင်ပေ။ သူတို့ပြောချင်သည်ကိုလည်း နားမလည်ချေ။ သူမတစ်ကိုယ်လုံး အရိုက်ခံရ၍ နာနေကာ သူမဆံပင်ပင် အများကြီး အဆွဲခံလိုက်ရသည်။
"ဦးလေးတို့ ဘာဆိုလိုချင်တာလဲ? သူမက ကျွန်မကို အရင်လာရိုက်တာ။ ကျွန်မ ပြန်ရိုက်လို့မရဘူးလား?" ဟွမ်ရီယွင် အရင်တိုင်လိုက်သည်။ ဒီနည်းလမ်းက သူမ အချိန်အကြာကြီး ကျွမ်းကျင်စွာ သုံးနေကျဖြစ်သည်။
"အရှက်မရှိတဲ့ကောင်မ။ နင်အရင် ငါ့ကို ရိုက်တာလေ" ကျီလင်း ဟွမ်ရီယွင်အပြုအမူကို အလွန်အံ့သြသည်။ လူတွေအများကြီး သူတို့ကို မြင်ပေမယ့် သူမက အဖြူအမည်း မသဲကွဲသလို ပြောရသေးသည်။
"နင် နင့်အကိုကို မရိုက်ရင် ငါ နင့်ကို ဘာလို့ရိုက်ရမှာလဲ?" ဟွမ်ရီယွင် သူမရှေ့က ပိန်ညောင်ညောင်မိန်းကလေးကို မုန်းသည်။ ပိန်သလိုထင်ရသည့် ကျီလင်းက သူမကို ပြင်းထန်စွာ ရိုက်နိုင်မည်ဟု မထင်ထားချေ။
"ငါ ငါ့အကို့ကို ရိုက်ရတဲ့အကြောင်းပြချက်ရှိတယ်။ နင့်လို အပြင်လူက ဆုံးမစရာမလိုဘူး။ ငါ့အိမ်မရောက်ခင်တည်းက နင်က ငါ့ကို ထိန်းချုပ်ချင်နေတာ။ နင်တို့က တွဲရုံပဲရှိသေးတာကို ကောင်လေးအိမ်မှာ နေရဲတယ်ဆိုတော့ ဘယ်လောက် အရှက်မရှိတာလဲ?"
ဒီမိန်းကလေးက ကြောင်တောင်တောင်နိုင်သည်ဟု ကျီလင်းအစက တွေးပေမယ့် ဒီလိုစိတ်ကြီးမည်ဟု သူမထင်ထားပေ။ ဟွမ်ရီယွင် မျက်နှာပြောင်းသွားသည်ကို ကျီလင်းမြင်၍ စိတ်ထဲ ပိုနေလို့ကောင်းလာကာ သူမကိုယ်ပေါ်က ဒဏ်ရာများလည်း သိပ်မနာတော့သလို ခံစားရသည်။
ဟွမ်ရီယွင် နောက်ဆုံးစကားကို တွေးမိသွား၍ သူမ သူမမိသားစုကို ဒီမှာရောက်နေသည်ဟု မပြောရသေးပေ။ မနေ့က သူမ ဟွမ်အမေကို နှုတ်ဆက်ပြီး အခုပြန်မလာမည်ကို မပြောခဲ့ရချေ။
ထိုစကားက ဟွမ်ရီယွင်ကို အပြင်ဘက်ကို စိုးရိမ်စွာကြည့်စေလိုက်သည်။ အပြင်က လုံးဝမှောင်မိုက်နေပြီး တခြားဖက် အခြေအနေကို မြင်ရဖို့က မဖြစ်နိုင်ပေ။
"ကျွန်မ..." ဟွမ်ရီယွင် စကားတစ်ခုမှ ထွက်မလာ။ ကျီကျိုး သူမပုခုံးကို ပုတ်လိုက်ကာ အားပေးစကားပြောလိုက်သည်။ "စိတ်မပူပါနဲ့။ ကိုယ် မင်းကို အရုဏ်တက် ပြန်ခေါ်သွားပေးပါ့မယ်"
ဟွမ်ရီယွင်စိုးရိမ်သည်ကို မရပ်နိုင်ပေ။ ဟွမ်အမေက စည်းကမ်း အလွန်တင်းကြပ်သည်ကို သူတို့မသိ။
ဟွမ်အမေက ဆင်းရဲသည့်မိသားစုတွင် မွေးဖွားခဲ့သည်။ လွန်ခဲ့သောနှစ်များက သူမ ဟွမ်အိမ်တွင် ကလေးထိန်းလုပ်သည့်အခွင့်အရေးကို မှီခို၍ ရွာမှ မြို့တက်လက်ထပ်ခဲ့သည်။
ဟွမ်အမေက ဇနီးကောင်းမိခင်ကောင်းပုံရိပ်ဖော်ဖို့ ကြိုးစားသည်။ တကယ်က သူမ ဟွမ်ရီယွင်ကို လူကွယ်ရာတွင် အလွန်ကြမ်းတမ်းစွာဆက်ဆံသည်။ ဟွမ်အမေက ဟွမ်အဖေကို သူမတစ်ဘဝလုံး သင်ယူခဲ့ရသည်ကိုပေးသည်။
ဟွမ်အမေ သူမတစ်ဘဝလုံး သင်ယူခဲ့ရသည်က အသိပညာမဟုတ်ဘဲ ယောကျ်ားတွေကို ဘယ်လိုကိုယ့်ဘက်ပါအောင် လုပ်ရမည့်နည်းလမ်းဖြစ်သည်။ သူမသမီးသာ ကံကောင်းချင်လျှင် ယောက်ျားကောင်းကို လက်ထပ်မှဖြစ်မည်ကို သူမသိသည်။
ထို့ကြောင့် ဟွမ်အမေ ဟွမ်ရီယွင်ကို အပြင်တွင် ညဘက်နေခွင့်မပြုရဲပေ။ တစ်ညလုံး အသိမပေးဘဲနေသည်ကိုလည်း ခွင့်မပြုချေ။
ဟွမ်အမေက သူမကို တစ်ညလုံး အိမ်ပြန်မလာဘဲ နေရဲလျှင် ပြန်ရောက်ပါက အရိုက်ခံရမည်ဟု ပြောထားသည်။ ဟွမ်ရီယွင် အရင်က အရိုက်ခံရသည်ကို မှတ်မိသေးသည်။
သူမ ဘာတွေးနေသည်ကို ကျီကျိုး မသိပေ။ သူ ကျီလင်းကို မျက်နှာရှုံ့မဲ့စွာ ကြည့်လိုက်ပြီး "ညီမဘာဆိုလိုချင်တာလဲ?" စိတ်တိုစွာ ရယ်လိုက်ပြီး "ညီမဘာသာ စာမသင်ချင်တာ အကို့ကို အခုမှ အပြစ်တင်ချင်တာလား ညီမကိုယ်ညီမ သူဌေးသမီးလို့ ထင်နေတာလား အိမ်မှာ ပိုက်ဆံအများကြီးမှ မရှိတာ။ ပြီးတော့ မိန်းကလေးတစ်ယောက်က သူများအိမ်သွားနေရမှာ။ စာသင်ဖို့မပြောနဲ့။ တနေကုန် လုပ်စရာမရှိလို့ လိုက်အပြစ်တင်နေတာလား?" ကျီကျိုး သူတို့ကို ရွံ့စွာကြည့်လိုက်သည်။ ရှိသောလူတိုင်းကို ကျီကျိုး ရွံ့သည်။
ကျီအဖေ ကျီကျိုးအမူအရာကို မြင်၍ အနည်းငယ်မသက်မသာ ခံစားရကာ ကျီလင်းကို တစ်ဖန် တွန်းလိုက်သည်။ "မင်းအကိုကို မြန်မြန်တောင်းပန်လိုက်။ မင်းပြောခဲ့တာ ပြန်ကြည့်ဦး!"
"သမီးမတောင်းပန်ဘူး။ သူက သမီးဘဝကို ခိုးခဲ့တာ။ သမီးက သူ့ကို ဘာလို့ တောင်းပန်ရမှာလဲ? သမီးအရူးမဟုတ်ဘူး" ကျီလင်းကို ကျီအဖေနှင့် ကျီအမေဖက်ထားသည်။
"ညီမ မတောင်းပန်ချင်လည်းရတယ်။ အကိုလည်း ညီမကို နောက် ဂရုမစိုက်တော့ဘူး" ကျီကျိုး သူ့ရင်ထဲ အလွန်စိတ်ရှုပ်နေမှုကို ခံစားရသည်။
ကျီလင်း မတောင်းပန်ချင်ပေ။ ကျီကျိုး ရန်စွတာကို ခံရ၍ ကျီလင်း ပြန်ပြောလိုက်သည်။ "အကိုက ညီမတို့ကို ထောက်ပံ့ဖို့ အရမ်းကြင်နာတတ်တယ်လား?" ကျီလင်း ပြောပြီးနောက် ကျီကျိုး သူက မိသားစုကို ဂရုမစိုက်တတ်သောလူ မဟုတ်ကြောင်း ပြန်ပြောချင်ပေမယ့် ကျီလင်းတားသည်ကို ခံလိုက်ရသည်။
"အကိုက ဘယ်လိုလူစားမျိုးလည်း ညီမတို့ မသိလို့လား? ယောင်းမမိသားစုက အကို့ကို အလုပ်ရှာပေးရင် အကို အိမ်တောင်ပြန်လာမှာ မဟုတ်တော့ဘူး" ကျီလင်း ဒီအကြောင်းကို တစ်ခါတည်း အစဖော်လာသည်။
ကျီကျိုး အလွန်ရှက်သလိုခံစားရ၍ သူမျက်နှာနှစ်ဖက်လုံးနီရဲနေကာ ဤအရာများကိုလည်း ပြန်မငြင်းချင်ပေ။ အရေးကြီးဆုံးအရာက ကျီအဖေရော ကျီအမေရော သူ့ကို ယုံကြပေမယ့် အခု ကျီလင်းက သူ့အကြောင်းကို ဖော်လိုက်သည်။
ကျီအဖေ အမြန်အော်ပြောလိုက်သည်။ "သားတို့ ဘာတွေပြောနေကြတာလဲ? သမီးတို့ ကိုယ့်အခန်းကို ပြန်နားကြပါတော့လား?"
"အဖေ ဒီအကြောင်းတွေကို မသိလို့လား? " သူမ သေချာရှင်းလင်းစွာ မပြောသင့်မှန်းလည်း ကျီလင်း သိသည်။
"ဒီကောင်မလေးတော့။ အဖေက အဲ့လိုလူစားမျိုးမဟုတ်ပါဘူး။ သမီးအကိုအတွက်ကတော့ သူက ရိုးသားပါတယ်" နောက်ဆုံးစကားက ကျီအဖေ ကျီမိသားစုအကြီးဆုံးသားကို ပြောသည်ဖြစ်သည်။
"သမီးတို့ အဖေတို့ကို စကားပြောစရာမရှိတော့ဘူး။ သမီးစိတ်ညစ်နေတယ်" ကျီလင်း လောကကြီးကို စတင်မုန်းတီးလာပြီဖြစ်သည်။
ဟွမ်ရီယွင် ဝင်ပြောချင်ပေမယ့် ကျီလင်း သူမကို ပြုံး၍ ကြည့်ကာ "အစ်မဘာပြောချင်တယ်ဆိုတာ ညီမမသိဘူးမထင်နဲ့။ အစ်မအိမ်က ပိုက်ဆံရှိတာ တော်တော်ကောင်းတယ်လို့ အစ်မထင်နေတာလား? အစ်မက ချမ်းသာလို့ အကိုက အစ်မနဲ့ ပတ်သက်ချင်ရုံပဲ။ အမသာ ပိုက်ဆံမရှိရင် အကိုက အစ်မကို လှည့်တောင်ကြည့်မှာ မဟုတ်ဘူး။ အစ်မ ဘယ်လောက်ရုပ်ဆိုးလဲ ပြန်ကြည့်။ အစ်မစိတ်က ဘယ်လောက်ဆိုးလဲ အစ်မကိုယ်ကျင့်စရိုက်က ဘယ်လောက်ဆိုးလဲ ပြန်ကြည့်ကြည့်"
ဒီတစ်ကြိမ်ပြီးနောက် ကျီအဖေ အလွန်ဒေါသထွက်ကာ သူတို့ကို မာန်လိုက်ပြီး အခန်းထဲ ပြန်ဆွဲသွင်းလိုက်သည်။
ကျီလင်းနှင့် ဟွမ်ရီယွင်က တစ်ခန်းတည်းနေကာ ဟွမ်ရီယွင် တစ်ခုခုဖြစ်တော့မလို ခံစားရသည်။ တကယ်လည်း နောက်တစ်နေ့ တစ်ခုခုဖြစ်ပျက်ခဲ့သည်။ သို့သော် ဒါက နောက်တစ်နေ့ကိစ္စဖြစ်သည်။
ကျီကျိုး အခန်းထဲ ဘာမှမပြောဘဲ ပြန်သွားလိုက်သည်။ စားပွဲတွင်ထိုင်ပြီး ဘာမှ မပြောချင်ပေ။
ဝမ်စုန့် ဒီလိုကိစ္စကြီးကို သေချာပေါက်ကြားရပေမယ့် သူ ထွက်မလာချင်ပေ။ နားထောင်ပြီးနောက် သူ သက်တောင့်သက်သာရှိစွာ ပြန်အိပ်ပျော်သွားသည်။
ကျီမိသားစုအကြီးဆုံးသား ဒီမိသားစုအပေါ် ဘာမှမတွေးပေ။ ကျီအဖေ သူ့ကို စကားပြောတိုင်း ကျီအဖေက သူ့အပေါ် ဘယ်လောက်ကောင်းသည်ဖြစ်ပြီး သူ ကျီအဖေနှင့်စကားပြောပြီးနောက် လူအိုနှစ်ယောက်က ပိုအသက်ကြီးလာသည်ဟု ခံစားရကာ မိသားစုအတွက် ပိုတာဝန်ခံရမည်ဟု တွေးသည်။
အခုအချိန် ကျီမိသားစုအကြီးဆုံးသား နားမလည်နိုင်သောအရာရှိပေမယ့် သူ ဒီမိသားစုအကျိုးအတွက် အနည်းငယ် ထမ်းဆောင်ပေးချင်သည်။ ဘယ်လိုဖြစ်ဖြစ် သူတို့က သူ့ကို ဒီအသက်အရွယ်ထိ ပျိုးထောင်ခဲ့ရသည်မလား။ သို့သော် သူ ဒီည သူ့အတွက်သာ စဥ်းစားချင်၍ ကျီမိသားစုအကြီးဆုံးသား လုံးဝအိပ်မပျော်ပေ။
ကျီအဖေနှင့် ကျီအမေလည်း အိပ်မပျော်နိုင်ပေ။ ကျီအဖေ ဘေးတွင်လှဲကာ သက်ပြင်းချနေ၍ ကျီအမေ သူ့ကို တွန်းလိုက်သည်။ "ရှင် ဘာလို့မအိပ်သေးတာလဲ? ရှင် မအိပ်ရင် အရုဏ်တက်ရောက်တော့မယ်"
"အိမ်မှာ ပြသာနာအများကြီး ဖြစ်ခဲ့တာ " ကျီအဖေ ထပ်သက်ပြင်းချပြန်သည်။
သူသက်ပြင်းချသည်ကို ကျီအမေ စိတ်တိုနေသည်။ " ရှင် တတိယကလေးကို ကျောင်းပို့တာ နောင်တမရဘူးလား?"
ကျီအဖေ အမှောင်ထဲတွင် ခေါင်းခါလိုက်သည်။ " ကိုယ်နောင်တမရပါဘူး။ မိသားစုမှာ ပိုက်ဆံအများကြီး မရှိဘူး။ ဘယ်သူ ကျောင်းသွားသွား ကိုယ်တို့မှီခိုနိုင်တဲ့သူဖြစ်ရမှာ။ တတိယကလေးက ဉာဏ်ကောင်းပြီး လုပ်နိုင်စွမ်းလည်းရှိတယ်"
"ဒါပေမယ့် တတိယကလေးက အဲ့မိန်းကလေးကို လက်ထပ်လိုက်ရင် ကျွန်မတို့မိသားစု ဘယ်လို ကောင်းကောင်းနေရပါ့မလဲ?" ကျီအမေ ဒီချမ်းသာသည့်သူဌေးသမီးက သူတို့ကို အထင်သေးသည်ကို မြင်နိုင်သည်။
"မင်း သေချာစဥ်းစားကြည့်။ မင်းသား အဲ့မိန်းကလေးကို လက်ထပ်ရင် အလုပ်တစ်ခုရလိမ့်မယ်။ သူ အလုပ်မှာ အခြေကျရင် ကိုယ်တို့ကို လတိုင်း လစာပို့ပေးမှာ "ကျီအဖေ ပြောရင်း ပြုံးနေသည်။
"ရွာမှာ ကိုယ်တို့ပဲ ကောင်းကောင်းနေနိုင်တဲ့လူတွေဖြစ်တော့မှာ။ ဘယ်သူ့မှ ကိုယ်တို့လောက် ကောင်းကောင်းနေရမှာမဟုတ်ဘူး" ကျီအဖေက ချီးကျူးနေပေမယ့် ကျီအမေ ကိစ္စတွေက ထင်သလောက်မကောင်းနိုင်ဟု အမြဲခံစားရသည်။
"အဲ့လောက်ကောင်းမယ်လို့ ကျွန်မ မထင်ဘူး" ဒီကပ်စေးနှဲသော ဟွမ်ရီယွင် အိမ်ကို ပထမဆုံးလာလည်သည်တောင် ဘာမှယူမလာ၍ နောက် ပိုက်ဆံပေးမည်ကို ကျီအမေ ပိုမယုံနိုင်ပေ။
"ကောင်းပြီ။ အဲ့လိုအရာတွေပဲ နေ့တိုင်းစဥ်းစား။ မင်း ကိုယ်ပြောသမျှ နားထောင်ရမယ်။ မင်းမှာ ဘာဉာဏ်မှမရှိဘူး။ ပြသာနာပိုကြီးအောင်လုပ်ဖို့ပဲ သိတယ်" သူမ သူပြောတာနားမထောင်၍ ကျီအဖေ ဒေါသထွက်စွာပြောလိုက်သည်။