← Chapters

အခန်း (၇၄)

Vol. 6 Ch. 74

အခန်း (၇၄)

Vol. 6 Ch. 74

ဟွမ်ရီယွင် ခံစားချက်များက မမှားပါ။ တကယ်ပင် ဟွမ်မိသားစု နောက်တစ်နေ့ ရောက်လာသည်။

ရောက်လာ‌သောသူမှာ ဟွမ်ရီယွင် အမုန်းဆုံး ဟွမ်‌ချွေးမဖြစ်သည်။ သူမ ခြံထဲမရောက်ခင် ကျယ်လောင်စွာအော်ပြောသည်။ "ကြည့်ကြပါဦး ဘယ်မိန်းကလေးက ဒီလိုအရှက်မရှိလို့လဲ? လက်မထပ်ရသေးခင် ဒီလိုလုပ်ရပ်လုပ်တယ်"

ဟွမ်ချွေးမ ဖြတ်သွားသည့်လူတိုင်း သူမ သူမအကိုများ ခေါ်လာသည်ကို တွေ့စေချင်သည်။ တခြားသူများကို ခြောက်လှန့်ရန် သူမအကိုများကို ခေါ်လာခြင်းဖြစ်သည်။

ဟွမ်ချွေးမ သူမပါးစပ်ကို စက်သေနတ်လို ဆက်တိုက်ပြောနေသဖြင့် လာကြည့်ကြသော ရွာသားများ သူမ ဘယ်သူ့ကို ပြောနေမှန်း နားမလည်ပေ။

ရွာက အိမ်တိုင်းရဲ့အမျိုးများနှင့် ရွာသားများ အချင်းချင်း သိကြသဖြင့် သူတို့ အလည်လာလျှင်တောင် ရွာသားများ လာရောက်နှုတ်ဆက်ကြသည်။ " ဒီနေ့လာလည်ကြတာလား အိမ်မှာ ထမင်းစားသွားပါလား စသည်ဖြင့် နှုတ်ဆက်ကြသည်။

သို့‌သော် သူတို့ ရှေ့က အမျိုးသမီးကိုရော သူမနောက်က လူများကိုရော သူတို့မသိပေ။

"သမီး၊ ဘယ်သူကို မာန်နေတာလဲ? အဒေါ်တို့အကြာကြီး နားထောင်ပေမယ့် သမီး ဘယ်သူ့ကို ပြောနေမှန်း အဒေါ်တို့မသိဘူး " အဒေါ်တစ်ယောက်က ဘယ်သူ့ကို ပြောနေမှန်းမသိ၍ နားမထောင်နိုင်တော့ချေ။

ဟွမ်ချွေးမ အလွန်စိတ်လှုပ်ရှားသွား၍ ဟွမ်ရီယွင်နာမည်ကို ခေါ်ရန်မေ့သွားသည်။ သူမ လည်ချောင်း‌ရှင်းလိုက်ကာ " ကျွန်မ ကျွန်မမိသားစုက အရှက်မရှိတဲ့ မိန်းကလေးကို မာန်နေတာပါ။ ကျီကျိုး မနေ့က ခေါ်လာပြီး ညဘက်တူတူအိပ်တဲ့ တစ်ယောက်ပါ"

ဟွမ်ချွေးမ မျက်နှာက စိတ်ပျက်ပြီး ဒေါသအပြည့်နှင့်ဖြစ်ရာ တစ်ခြားသူများ ဒါကို မြင်၍ သူမကို သနားသွားကြသည်။

"အဒေါ် အဲ့မိန်းကလေးကို မနေ့ညက မြင်လိုက်တယ်။ အဲ့မိန်းကလေးက သမီးညီမပဲ။ သူမ ငယ်ငယ်ရွယ်ရွယ်နဲ့ စာ‌ကောင်း‌ကောင်းမသင်ဘဲ ဒီလို အရှက်မရှိတာတွေ လုပ်တယ်" အဒေါ်တစ်ယောက် ပြုံးကာ "ဒီလိုလူမျိုးကို ဆွဲထုတ်သွားသင့်တယ်"

ထိုအဒေါ်ပြောသည်က လူတိုင်းကို ကြောင်သွားစေသည်။ ဟွမ်ချွေးမပင် အနည်းငယ် တွေးမိသွားသည်။ ဟွမ်ရီယွင်ကိုသာ သူမ ခေါ်သွားပါက သူမ အိမ်ပြန်လျှင် ခက်ခဲလိမ့်မည်။ ဘယ်လိုဖြစ်ဖြစ် ဟွမ်ရီယွင်က ဟွမ်အဖေ၏ တစ်ဦးတည်းသောသမီးဖြစ်သည်။

ဟွမ်ချွေးမ သက်ပြင်းချလိုက်သည်။ "အဒေါ်။ သူမက သမီးတို့မိသားစု တစ်ဦးတည်းသောညီမလေး။ ဒီလိုဘယ််လိုလုပ်လို့ရပါ့မလဲ"

ကျီအမေလည်း အထဲကနေ ကြားသည်။ ဟွမ်ရီယွင်သာ ဆွဲခေါ်သွားခံရလျှင် သူမသား မလွတ်နိုင်လောက်ချေ။ သူမ အခန်းထဲက ကျီအဖေကို အမြန် ဆွဲကာ "ကျွန်မတို့ ဘာလုပ်ကြမလဲ? သူတို့ ကျီကျိုးကိုပါ ခေါ်သွားလောက်တယ်"

ကျီအဖေ ကျီအမေကို အပြင်ခေါ်သွားပြီး နှစ်ယောက်သာ တံခါးတွန်းဖွင့်လိုက်ရာ တံခါးအပြင်က လူအုပ်ကို မြင်သည်။ ကျီအဖေ ဟွမ်ချွေးမဆီ သွားလိုက်ပြီး "မင်းက ဘယ်သူလဲ? ဘာလို့ဦးလေးအိမ်ရှေ့မှာ ဆူညံနေတာလဲ?"

ဟွမ်ချွေးမ သူတို့နှစ်ယောက်ကိုကြည့်လိုက်ကာ "ဦးလေးတို့က ခုမှထတာလား? လူတိုင်း အစောကြီးနိုးနေကြတာ။ ဦးလေးတို့ မိသားစုပဲ နေဖင်ထိုးတဲ့အထိအိပ်ပြီး အခုမှ ထကြတာ!" ဟွမ်ချွေးမ သူတို့မျက်နှာဘယ်လောက်ပျက်နေနေ သူမဘာသာပြောနေလိုက်သည်။

"သမီးက ဘယ်သူလဲဆိုတာ ဥိီးလေးတို့မသိဘူး။ သမီးက ဘာလို့ ဦးလေးအိမ်ရှေ့ မနက်‌အ‌စောကြီး လာဆူညံနေတာလဲ? သမီးက ဦးလေးတို့ လယ်သမားတွေကိုလည်း စော်ကား‌သေးတယ်" ရွာသားများက ပျင််းရိသည်ဟု အခေါ်ခံရသည်ကို အထိတ်လန့်ဆုံးဖြစ်သည်။

ကျီအဖေ မျက်နှာနီရဲနေသည်။ မနေ့ညက ပြသာနာများမရှိလျှင် တစ်မိသားစုလုံး မနက်စောစောထနိုင်သည်။ အသံကြားတောင် နိုးမည်မဟုတ်ပေ။

"ကျွန်မညီမကို ခေါ်လိုက်‌ပါ" ဟွမ်ချွေးမ ဘယ်သူဆိုတာကို ကျီအဖေ သိပြီးပြီဖြစ်သည်။ သူမဘယ်သူလဲ မေးပြီး အာရုံပြောင်းချင်ရုံသာဖြစ်သည်။

"သမီးဝင်လာပြီး အိမ်ထဲမှာပြောပါလား?" ကျီအဖေ သူ့ရှေ့က သူကို ပြသာနာမရှာရဲသလို အိပ်ပျော်နေသောဟွမ်ရီယွင်ကိုလည်း ပြသာနာမရှာရဲချေ။

သူတို့ သူ့သားကိုသာ မှီခိုရမည်ဖြစ်ပြီး အခုအခြေအနေက တင်းကြပ်နေသည်ဟု ကြားသည်။ ကျောင်းက သန့်စင်သည့်မြေဖြစ်သော်လည်း သူ သူ့သားကျီကျိုး ‌ကောလိပ်မဝင်နိုင်မည်ကို သူစိုးရိမ်သည်။

ထိုအချိန်တွင် သူ သူ့အနာဂတ် ချွေးမမိသားစုကို မှီခိုရမည်။

ဟွမ်ချွေးမ ပြသာနာပိုကြီးအောင် လူတွေအများကြီးကြည့်စေချင်ပေမယ့် ထိုလူနှစ်ယောက်ကို ကြည့်ဖို့က ပိုအရေးကြီး၍ သူမ ပင်မအခန်းသို့ ရင်ကော့ပြီး မြန်မြန်ဝင်သွားသည်။

ဟွမ်ချွေးမ ပင်မအခန်းရောက်ပြီး ကျီအမေ ချက်ချင်း လက်ဖက်ရည် ချပေးပေမယ့် သူမ ဟွမ်ချွေးမကို ကြင်နာမှုမပါ ရွံ့သည့်မျက်လုံးနှင့်သာကြည့်သည်။

ထိုမိသားစုက လူတိိုင်း သူတို့ကိုယ်သူတို့ ကြီးမြတ်လှပါသည်ဟု ထင်နေကြသည်လား? တစ်ယောက်က ညသန်းခေါင်ထိ ဆူညံကာ တစ်ယောက်က မနက်‌အစောကြီး လာဆူညံသည်။

သို့သော် ကျီအမေ ကျီအဖေက သူမကို မနေ့ညက ဆူထားသဖြင့် ကျီအဖေသိမည်စိုးကာ အရမ်းတော့မသိသာရဲပေ။

"သမီးက ဒီကို မနက်အစောကြီး ရောက်လာတာလား?"

"ဦးလေး၊ သမီးတို့က ကြီးကျယ်တဲ့ လူတွေ မဟုတ်ပါဘူး။ သမီးအမှန်အတိုင်း ပြောပါမယ်။ သမီးယောက္ခမတွေက ကျီကျိုးကို ကျေနပ်ပါတယ်" တကယ်က သူမယောက္ခမများက ကျီကျိုးကို ကျေနပ်ပေမယ့် လက်ထပ်ပေးဖို့ လိုလားမည် မဟုတ်ကြောင်း ဟွမ်ချွေးမ သိသည်။

မိန်းကလေးမိဘများက သူမ လက်မထပ်ခင် မိန်းကလေးကို အိမ်ခေါ်လာချင်မည်မဟုတ်ပေ။ ကျီအဖေနှင့်ကျီအမေ ဟွမ်ရီယွင်ကို ဖားချင်၍ ဒီအကြောင်းလုံးဝမတွေးမိချေ။ အခုမှ သူတို့တွေးမိ၍ နောင်တရကြသည်။

"သမီးက ကိစ္စကိုချဲ့နေတာပါ။ ရီယွင်က အတော်ကောင်းတဲ့ကလေးပါ။ ဦးလေးသမီးဆီ သူမလာလည်ရုံပါ" ကျီအဖေ သူ့သမီးကျီလင်းနာမည်ကို ထုတ်သုံးလိုက်သည်။

"ဦးလေးတို့ ပြောတာကြည့်ပါဦး။ သမီးညီမ အဆင်ပြေဖို့ပဲ သမီးမျှော်လင့်တာပါ။ ဒါပေမယ့် အပြင်လူတွေမြင်ပြီးပြီဆိုတော့ သမီး ဘာမှလုပ်လို့မရတော့ဘူး"

"ဦးလေးတို့လည်း ကလေးနှစ်ယောက် အဆင်ပြေဖို့မျှော်လင့်ပါတယ်။ ဒီလိုဆိုရင် ‌ခမည်းခမက်တွေကို ဘယ်တော့တွေ့ရမလဲ?" ကျီအဖေ အကြံတစ်ခုပေးလိုက်သည်။

"သမီး ဒီကိစ္စနဲ့ပတ်သက်ပြီး ပြောလို့မရပါဘူး။ အိမ်ပြန်ပြီး လူကြီးနှစ်ယောက်ကို မေးမှရမယ်..." ပြောပြီး ဟွမ်ချွေးမ ရေတစ်ကျိုက်‌သောက်လိုက်သည်။

"ဒီလိုက ဖြစ်သင့်ပါတယ်။ ပြောချင်တာပြောပါ။ ဦးလေးတို့မိသားစုက မကျေနပ်တဲ့ အိမ်မျိုး မဟုတ်ပါဘူး " ကျီအဖေ သူ့လက်ဖဝါးများကိုပွတ်ရာ နေရောင်ထဲတွင် ဖုန်တွေ အများကြီးထွက်သည်ကို မြင်နိုင်သည်။

ဟွမ်ချွေးမ ရွံသလို တစ်ချိန်တည်းမှာပင် ပျော်သည်။ ဒီမိသားစုက အလွန်ကျန်းမာရေး မညီညွတ်မည်ဟု သူမမထင်ထားပေ။ မနက်ထရုံရှိသေး၍ အလုပ်သွားထားသည်က မဖြစ်နိုင်။ ဒီလိုဆိုလျှင် မနေ့ညက ရွှံ့က ရှိနေသေးသည်ဖြစ်ရမည်။

ဟွမ်ရီယွင် သူမလက်ထပ်ပြီး တစ်လပင်မခံနိုင်လောက်ချေ။ သူတို့အမေနှင့်သမီး ကံမကောင်းသည်ကိုမြင်၍ သူမ အားရပါးရရယ်နိုင်တော့မည်။

"အိမ်က လူကြီးနှစ်ယောက်ကို သမီးပြောလိုက်ပါ့မယ်။ သူတို့ ရီယွင်ကို ပျိုးထောင်ရတာမလွယ်တော့ လူကြီးနှစ်ယောက် စိတ်ပြင်ဆင်ထားသင့်ပါတယ်" ဟွမ်ချွေးမ ရေသောက်ချင်ပေမယ့် ရေက အတော်သောက်၍ မပြေသဖြင့် ရေခွက်ကို ကိုင်လိုက်ချလိုက်ဖြစ်နေရသည်။

"မစိုးရိမ်ပါနဲ့။ အိမ်မှာ လစ်ဟာနေတဲ့ပစ္စည်းမရှိပါဘူး" ကျီအဖေ ပြုံး၍ပြောသည်။

ဟွမ်ရီယွင် နောက်ကျသည်ထိ မထနိုင်ပေ။ သူမ ညက တညလုံး ကောင်းကောင်းအိပ်မပျော်သဖြင့် အရမ်းအိပ်ချင်ပြီး အာရုဏ်တက်မှ မျက်လုံးပိတ်နိုင်သည်။ အခု သူမ မျက်လုံးဖွင့်လိုက်ရာ ဟွမ်ချွေးမကိုမြင်သည်။

ဟွမ်ရီယွင် အခု အလွန်စိတ်လှုပ်ရှားနေကာ ဟွမ်‌ချွေးမတစ်ယောက်တည်းသာ ဒီကိုလာသည်လား တစ်မိသားစုလုံးလာသည်လား သူမ မသိပေ။

"အစ်မက ဒီကို ဘာလို့ရောက်လာတာလဲ?" ဟွမ်ရီယွင်လေသံက အနည်းငယ် အလိုမကျသံပါနေသည်။ သူမတစ်ညပြန်မလာသည်က ဘာဖြစ်လို့လဲ?

မနေ့ညက အိပ်ရာ‌ပေါ်လှဲပြီး ပျင်းသလို ခံစားရသည်။ အိပ်ရာက မာကာ ညဘက် အနည်းငယ်အေးသလို ခံစားရသည်။ ဒီအိမ်တွင် စောင်အပါးတောင်မရှိပေ။ ရှိသောစောင်များကလည်း မကောင်း။ အကုန်လုံးမည်းနေပြီး အစာများက ကျိုးတိုးကြဲတဲဖြစ်ပြီး မာကြောသည်။

သို့သော် သူမ ပြသာနာကြီးလုပ်ပြီး၍ ထပ်ဖြစ်ရန် ရှက်သဖြင့် တစ်ညအိပ်ရန်သာတွေးလိုက်ပြီး နောက်နေ့မနက်မှ သူမ အိပ်မောကျသွားသည်။ အပြင်က ဆူညံသံကြား၍ သူမ ကောင်း‌ကောင်းအိပ်၍ မရတော့သဖြင့် ချက်ချင်းစိတ်တိုသွားသည်။

ဒီမိသားစု နေ့တိုင်းမအေးချမ်း၍ သူမလက်ထပ်ပြီးလျှင် နေ့တိုင်းဆူညံနေမည်လား? ဟွမ်ရီယွင် အိပ်ရာပေါ်လှဲရင်း ပျင်းရိနေကာ နောက်ဆုံးထထိုင်လိုက်ပြီး ဆံပင် ဆွဲလိုက်သည်။ အပြင်တွင် အသံမကြားရတော့ပေမယ့် ပင်မအခန်းတွင် စကားပြောသံကြားရသည်။

ဟွမ်ရီယွင် ဒီတစ်ကြိမ်အများကြီး မတွေးတော့ပေ။ သူမမိဘများက သူမကို ရှာနေသေးမည်ဟု တွေးမိ၍ သူမ အမြန်ပြန်ရမည်။ မထင်မှတ်ထားစွာ တံခါးဖွင့်လိုက်သည်နှင့် ဟွမ်ချွေးမအပြင်တွင်ထိုင်နေသည်။ ဟွမ်ချွေးမက သူမကို ရွဲ့ပြုံးကြည့်နေသည်ကို မြင်၍ ဟွမ်ရီယွင် ကိစ္စများ ခဲယဥ်းတော့မည်ဟု ခံစားလိုက်ရသည်။

"အစ်မ ဘာလို့မလာနိုင်ရမှာလဲ? ညီမက အစ်မညီမ။ အစ်မက ညီမယောင်းမ။ ယောင်းမက အမေနဲ့‌တူတယ်လို့ပြောကြတယ်မလား? ညီမက အခု အစ်မကို ဘယ်လို‌ဆက်ဆံတာလဲ?" ဟွမ်ချွေးမ သူမလက်ထဲကပန်းကန်လုံးကို ချထားလိုက်သည်။ သူမ ‌ရန်ဖြစ်နေ၍ အာခေါင်ခြောက်နေပြီဖြစ်သည်။

"ယောင်းမ၊ ညီမမိဘတွေကို ဂရုစိုက်ဖို့က ယောင်းမအလှည့်‌‌ပေါ့" ဟွမ်ရီယွင် စားပွဲပေါ်က ပန်းကန်လုံးကို ပစ်လိုက်သည်။

ကျီအဖေ ခေါင်းကိုက်စွာ ‌အဝေးသို့ ရှောင်ထွက်သွားသည်။ တစ်ညလုံး ပြသာနာဖြစ်ပြီး အခုမနက် ထပ်ဖြစ်ပြန်ကာ ခဏနားပြီးနောက် ပြန်ဖြစ်ပြန်သည်။

ကျီအဖေ သူတို့ပြသာနာသာဖြစ်၍ ဒီပြသာနာတွင် ထပ်မပါချင်တော့။ ထို့ကြောင့် သူ ဟွမ်ချွေးမကို မေးလိုက်သည်။ "ခမည်းခမက် ဒီမှာ ထမင်းစားသွားဦးမလား?

ဟွမ်အဖေနှင့် ဟွန်အမေသာ ကျီမိသားစုအခြေအနေကို သိလျှင် နှစ်ယောက်ကို ခွဲကြလိမ့်မည်။ သို့သော် သူမအတွက်တော့ ကျီမိသားစု အခြေအနေက အလွန်အဆင်ပြေသည်။ သူတို့လောက် ဆင်းရဲသောမိသားစုကို မတွေ့ဖူးပေ။ တစ်အိမ်လုံးက ပစ္စည်းများကလည်း ဖရိုဖရဲနှင့်ဖြစ်သည်။

ဟွမ်ချွေးမ သူမအတွေးကို သဘောကျစွာ ခေါင်းညိတ်လိုက်သည်။ "ကျွန်မ စားဖို့မနေတော့ပါဘူး။ မိသားစုဆီ အလျင်အမြန်ပြန်ရပါမယ်" ဟွမ်ချွေးမ ဟွမ်ရီယွင်ကို ဆွဲခေါ်သွားပြီး လမ်းလျှောက်ရင်း ခြိမ်းခြောက်နေသည်။ "လိမ်လိမ်မာမာနေ၊ မဟုတ်ရင် အိမ်ပြန်ရောက်ရင် ကူပြောပေးမှာမဟုတ်ဘူး"

ဒီဟွမ်ချွေးမကို သူမ ကြည့်မရပေမယ့် အကူအညီတော့လို၍ ကျီကျိုးအတွက် သူမ သည်းခံနိုင်သည်ဟု ဟွမ်ရီယွင် ရုတ်တရက်ခံစားရသည်။

ဟွမ်ရီယွင် ချက်ချင်း တည်ငြိမ်သွားကာ စကားတစ်ခွန်းမှမပြောပေ။ စိတ်ထဲတွင်သာ ဟွမ်ချွေးမကို ဝေဖန်နေလိုက်သည်။

သူတို့ထွက်သွားသည့် နောက်ကျော​ကို ကြည့်ရင်း လူတစ်စု စိတ်အေးစွာ သက်ပြင်းချသွားသည်။ အထူးသဖြင့် စိတ်ရှုပ်နေသော ကျီအမေ စိတ်အေးသွားသည်။ သူမစိတ်ညစ်နေပေမယ့် အပြင်တွင်တော့ ယဉ်ကျေးချင်ယောင်ဆောင်ရသည်။

"သွားကြပါပြီ။ ဘယ်လိုမိသားစုက လူတွေလဲ? အိမ်မှာ ပိုက်ဆံရှိတာ ဘာလုပ်ရမလဲ သူဌေးသမီးပဲမလား ဘာထူးဆန်းလို့?"

ကျီအမေ ညည်းတွားနေသည်ကို ကျီအဖေ မျက်စောင်းထိုးလိုက်သည်။ "မင်း အပြင်မှာ လျှောက်ပြောရင် ကိုယ်နဲ့ မင်း ဘာမှမပတ်သက်တော့ဘူး"

ကျီအမေ ချက်ချင်း ဘာမှမပြောရဲတော့။ သူမ​ပါးစပ်​ပိတ်သွားသည်ကို မြင်၍ ကျီအဖေလည်း ဘာမှထပ်မပြောတော့ပေ။

အပြင်တွင် စပ်စုချင်စရာ ဘာမှမရှိတော့ပေ။ ချူယောင်း ရောက်လာပြီး ကြည့်ပေမယ့် အချိန်ကုန်သည်သာ အဖတ်တင်သည်။

ချူယောင်း ဘာဖြစ်ခဲ့သည်ကိုတောင်မသိ။ သို့သော် ကျီနန်ဖုန်း သူမကို ရှင်းပြပြီး၍ သူမ တခြားလူတွေထက် ပိုသိပေမယ့် သူတို့ဘာလို့ အချင်းချင်း ရန်ဖြစ်ရသည်ကို သူမ မသိပေ။ ချူယောင်း သက်ပြင်းချပြီး ထမင်းစားရန်သာ အိမ်သို့ပြန်သွားလိုက်သည်။

All Chapters