အခန်း (၇၆)
Vol. 6 Ch. 76
ကျီကျိုး မေးချင်ယောင်ဆောင်လိုက်သည် "အဖေနဲ့အမေ၊ ဘာပြသာနာရှိလို့လဲ?”
ကျီအဖေ သက်ပြင်းချပြီး သူ့အတွေးကို ပြောလိုက်သည်။ "မိသားစုမှာ တကယ်ပိုက်ဆံမရှိဘူး။ အဖေတို့က လူအိုတွေ။ သားအတွက် ပိုက်ဆံတော့ရအောင် ရှာပေးပါမယ်”
ကျီအဖေ ကျီကျိုး ဟွမ်ရီယွင်ကို ခန်းဝင်ငွေနည်းနည်းလက်ခံစေရန် တခြားအသုံးလိုသည့်ပစ္စည်းသာ ဝယ်ရန် ပြောပြနိုင်ရန် အနည်းငယ်မျှော်လင့်သည်။
ကျီကျိုး ခဏမျှ စဉ်းစားချင်ယောင်ဆောင်ပြီး သူလိုချင်သည့်ပုံစံ မပေါ်အောင် သက်ပြင်းချ၍ ပြောလိုက်သည်။ "တကယ်တော့ ကျွန်တော်တို့နဲ့ ဒုတိယမရီးက အိမ်ခွဲနေပေမယ့် တစ်မိသားစုတည်းဖြစ်နေတုန်းပါပဲ။ အဖေတို့ သူမဆီက ပိုက်ဆံသွားချေးကြည့်ပါလား?”
ကျီအဖေ ဒါက အဓိပ္ပါယ်ရှိသည်ဟု ထင်သည်။ သူ ချူယောင်းကို မေ့သွားသည်။ ပြီးတော့ အရင်က သူမကို ပြသာနာသွားမစရန် သူပြောထားသည်ကိုလည်း မေ့သွားသည်။
"ကလေးတွေအမေ၊ မင်း သွားကြည့်ပါလား မင်းက ကိုယ်တို့မိသားစုက တစ်ဦးတည်းသောအမျိုးသမီး။ မင်းတို့က ယောက္ခမနဲ့ ချွေးမ။ ကိုယ် ယောက္ခထီးပြောတာထက်စာရင် မင်းပြောတာ ပိုလွယ်တယ် ”ကျီအဖေ ကျီအမေကို တွန်းပို့လိုက်သည်။
ကျီအမေလည်း ဒါက အဓိပ္ပါယ်ရှိသည်ဟု ထင်၍ ခေါင်းညိတ်လိုက်သည်။ သူမသားအတွက် သူမ အအော်ခံနိုင်သည်။ ကျီအမေ အအော်ခံဖို့အသင့်ဖြစ်နေပြီး သူမနှင့်ပေါင်းနေကြ မိန်းမကြီးများ ချွေးမအသစ်များကို ခေါ်ရသည်။ ဒီလိုဆိုလျှင် သူမ အအော်ခံရရင်တောင် အရိုက်တော့မခံရလောက်ပေ။
ကျီအမေ ခေါင်းညိတ်ကာ ဒီအမျိုးသမီးများကိုကြည့်လိုက်သည်။ " ငါ ငါ့ဒုတိယချွေးမအိမ်သွားပြီး အိမ်က ကလေးတွေ လက်ထပ်ဖို့ ပိုက်ဆံသွားချေးမလို့။ ညီအစ်မတို့ ငါ့ကို ကူညီရင် တစ်ယောက်စီကို ကြက်ဥတစ်လုံးပေးမယ်”
ထိုအမျိုးသမီးများ အစတည်းက သွားဖို့လိုလားကာ အခု ကြက်ဥရမည်ကြား၍ သူတို့ ချက်ချင်းသွားဖို့ အလျင်လိုနေသည်။
"ကောင်းပြီ။ ညီမ ပြောစရာရှိတာသာပြော။ အစ်မတို့ နောက်ကလိုက်ပေးမယ် ”မိန်းမကြီးတစ်ယောက်က သူမရင်ကိုပုတ်ကာ ပြသာနာမရှိကြောင်း ဖော်ပြနေသည်။
ဒီလိုနှင့် လူတစ်အုပ်စု ချူယောင်းအိမ်သွားကာ တံခါးခေါက်လိုက်ကြသည်။ ချူယောင်း သူတို့ကိုကြည့်ကာ ရယ်ရင်း "အဒေါ်တို့ ဖိအားပေးပြီး ကျွန်မဆီက ပိုက်ဆံချေးဖို့ကြိုးစားနေတာလား? ”
ကျီအဒေါ် သူမအရှိန်အဝါကြောင့် ထိတ်လန့်သွားကာ ခေါင်းညိတ်လိုက်သည်။ "ဒီနေ့ သမီး ပိုက်ဆံချေးရမယ်။ အဒေါ် နောက်ရက် ပြန်ပေးမှာပါ"
ပိုက်ဆံပြန်ပေးဖိို့ စိတ်ကူးမရှိသည်ကို ချူယောင်း ဘာလို့ မသိရမှာလဲ။ "ကျွန်မ မချေးဘူးဆိုရင်ရော? အဒေါ်တို့ ကျွန်မကို ဘာလုပ်မှာလဲ?”
ဒီလိုလူအများကြီး လာသည်တောင် ချူယောင်း မကြောက်ဘဲ ဒီလိုပြောမည်မှန်း ကျီအမေ မထင်မှတ်ထားပေ။ "သမီး ဒီနေ့ပိုက်ဆံမချေးရင် အေးဆေးစားဖို့ နားဖို့မစဉ်းစားနဲ့။ အဒေါ်တို့ သမီးအိမ်မှာပဲ နေတော့မယ် ”
ကျီအမေ ခြိမ်းခြောက်သည်ကို ချူယောင်း လုံးဝဂရုမစိုက်ပါ။ "ဒါဆိုလည်း အဒေါ်တို့ ကိုယ့်ဘာသာအချိန်ဖြုန်းကြပါ။ ထိုင်ချင်ရင် ထိုင် ထချင်ရင် ထကြပါ”
ချူယောင်း ဘေးက ခုံတစ်လုံးထုတ်လာပြီး ထိုင်ခုံပေါ် သူမဘာသာထိုင်ပြီး သူတို့ကို ကြည့်လိုက်သည်။
လူအုပ်စု စိတ်ညစ်သွားကြသည်။ သူတို့ ခြိမ်းခြောက်နေသည်ကို ချူယောင်း နားလည်သည်လား မလည်သည်လား။
"ဒီကောင်မလေးတော့၊ လူစကားနားမလည်ဘူးလား? မိသားစုကို လက်ထပ်ဖို့ ပိုက်ဆံချေးပေးတာ ဘာဖြစ်လို့လဲ?” သူမပြောနိုင်သည်ထင်၍ လက်ထဲတုတ်ကောက်နှင့်ဆံပင်ဖြူနေသော မိန်းမအိုတစ်ယောက်ပြောလိုက်သည်။
"အဘွား၊ ကျွန်မက ဘာလို့ လူစကားနားမလည်ရမှာလဲ? လူစကားနားမလည်တာက အဒေါ်တို့။ ကျွန်မတို့က အိမ်ခွဲနေပြီးပြီ။ ဘာလို့ ကျီကျိုးလက်ထပ်ဖို့ ကျွန်မက ပိုက်ဆံချေးပေးရမှာလဲ?”ဒီလို လူကြီးဆိုပြီး မှန်သည်ဟု ထင်သည့်လူမျိုးကို ချူယောင်းအကြောက်ဆုံးဖြစ်သည်။
"သူက နင့်ခင်ပွန်းရဲ့ ညီငယ်ဆိုတော့ နင့်မောင်ငယ်ပဲပေါ့ ပိုက်ဆံချေးပေးတာ ဘာဖြစ်လို့လဲ? နင်က ဘာလို့ အရမ်းမသိတတ်ရတာလဲ? ”သားများကိုသာ သိသောသူများ၏ မျက်လုံးများက ရွံ့ရှာမှုအပြည့်နှင့်ဖြစ်သည်။
"ကျီကျိုးက ကျွန်မသားမှမဟုတ်တာ။ ကျွန်မက သူလက်ထပ်ဖို့ ပိုက်ဆံဘာလို့ပေးသင့်တာလဲ? ပိုက်ဆံချေးတယ်လို့သာပြောတာ ပိုက်ဆံပြန်ပေးမှာမလို့လား? အရှက်ရှိကြစမ်းပါ ”ချူယောင်း ကျီအမေကို ဆက်တိုက် မရပ်မနားပြောလိုက်သည်။
ကျီအမေ တစ်ခြားသူများကို အော်ရာတွင် အတော်ကြမ်းတမ်းပေမယ့် အခု ပါးစပ်မဖွင့်နိုင်ဘဲ ချူယောင်းကိုအော်စေသည်။
အပြင်လူများ ဒါကိုမြင်၍ အံ့ဩသွားကြသည်။ တစ်ချို့ဆိုလျှင် အံ့ဩလွန်း၍ ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။
ကျီအမေ သူတို့အတွေးကို သိပေမယ့် သူမ တိုက်ရိုက်ပြန်မအော်ရဲပေ။ သူမမှာ ကြည့်စရာမိသားစုရှိ၍ သူမ သည်းခံရမည်။
"အဒေါ်တို့က အရှက်မရှိရင်လည်း ကျွန်မကို အပြစ်မတင်ပါနဲ့ ”ချူယောင်း သူတို့ကို နှင်ထုတ်ရန် ဘေးက တံမြက်စည်းကို ကောက်ကိုင်လိုက်သည်။
"ဒီကောင်မလေးတော့ ဘာလို ဒီလိုလုပ်ရတာလဲ….” တချို့မိန်းမအိုများ ဆက်တိုက်အော်နေကြသည်။
ချူယောင်း မျက်လုံးထောင့်ကနေ ကျီအမေနှင့် အသက်တူအရွယ် ပိန်ပိန်သေးသေးအဒေါ်တစ်ယောက် မီးဖိုချောင်ထဲ ခိုးဝင်သွားသည်ကို မြင်လိုက်သည်။
ချူယောင်း တွေးမိသည်က သူမချက်ထားသည့်စားစရာများဖြစ်ပြီး ထိုအဒေါ်ကို ကျီနန်ဖုန်းက နှင်ထုတ်လိုက်သည်။
ကျီအမေအပါအဝင် လူအားလုံး လန့်သွားကြသည်။ ကျီအမေက ကျီနန်ဖုန်းအိမ်မှာ ရှိမည်ဟု မထင်မှတ်ထားပေ။ ကျီနန်ဖုန်းကို ချူယောင်းထက် သူမ ပိုကြည့်မရချေ။
ကျီနန်ဖုန်းက တစ်ယောက်ကိုမှမကြောက်။ ကျီအမေ ခဏကြောင်သွားပြီး နောက်ဆုံးပြုံးကာ "နန်ဖုန်းလည်း ပြန်ရောက်ပြီလား?….”
"အမေ ဘာလို့ အဒေါ်တွေအများကြီး ခေါ်ပြီး ကျွန်တော့်အိမ်လာရတာလဲ?” ကျီနန်ဖုန်း ဒီမိထွေးကို တစ်ခါမှ မျက်နှာသာမပေး၍ အခုလည်း မျက်နှာမထောက်ပါ။
"အမေ ချူယောင်းအဆင်ပြေလားလို့ လာကြည့်လို့မရဘူးလား?” ကျီအမေ တိုးတိုးပြောလိုက်သည်။ သူမအခုအိမ်အမြန်ပြန်ပြီး အိမ်က လူအိုကြီးကို ပြောချင်သည်။
"ပင်ပန်းသွားကြပါပြီ။ အဒေါ်တို့အားလုံးလည်း စောစောပြန်ကြပါ။ နေ့လည်စာစားချိန်ကို မစားကြတော့ဘူးလား? ”ကျီနန်ဖုန်း သူတို့ကို ပြုံး၍ ပြောလိုက်သည်။
ဒီပြုံးနေသောမျက်နှာကို မရိုက်မိအောင် အဒေါ်တွေမနည်းထိန်းပြီး အခုသူတို့ မပြန်ချင်ပေမယ့်လည်း ပြန်မှဖြစ်မည်။
နောက်ဆုံး ကျီအမေသာတစ်ယောက်တည်း မတ်တပ်ရပ်ကျန်ခဲ့ကာ သူမ ကြောင်တောင်တောင်နှင့်ပြောလိုက်သည်။ "အမေလည်း အိမ်မှာ လုပ်စရာရှိသေးတယ်။ အရင်ပြန်နှင့်ပြီး နောက်မှ မင်းအဖေနဲ့လာကြည့်လှည့်မယ်”
"အမေ ဘာလို့နောက်မှ စောင့်နေသေးတာလဲ?” ကျီနန်ဖုန်း အခုသူ့အရှေ့က လွန်ခဲ့သောနှစ်များက သူ့ကို ရိုက်လေ့မာန်လေ့ရှိသော အမျိုးသမီးကြီးကို ကြည့်လိုက်သည်။ ထိုအချိန်က ကြောက်စရာမျက်နှာနှင့် အခုမျက်နှာ အတွေးထဲ ပေါ်နေသည်။
သူမ မပြန်နိုင်မှန်း ကျီအမေသိ၍ ရွေးချယ်စရာမရှိဘဲ သူမပြောချင်သည်ကို ပြောလိုက်သည်။ " မင်းညီ မကြာခင် လက်ထပ်တော့မှာမလား? အဲ့ဒါကြောင့် မင်းမိန်းမဆီပိုက်ဆံလာချေးတာ"
"ကျွန်တော့်ညီ။ ကျွန်တော့် အမေ ဘယ်တုန်းက ညီလေးမွေးပေးခဲ့လို့လဲ? ကျွန်တော်ဘာလို့မသိရတာလဲ?” ကျီနန်ဖုန်း ပြုံး၍ ပြောလိုက်သည်။
"မင်းညီ ကျီကျိုးလေ ”ကျီအမေ သူတမင်တကာလုပ်သည်ကို မသိပေ။
" ဪ ကျွန်တော့်မှာ အဲ့ညီငယ်ရှိတာ ကျွန်တော်မေ့တော့မလို့ ”ကျီနန်ဖုန်း အခုမှခေါင်းရှင်းသွားသည့်ပုံပေါ်သည်။
ကျီအမေ ကျီနန်ဖုန်းကို စိတ်ထဲကနေ မဝေဖန်ဘဲမနေနိုင် အရင်ပြန်လာတုန်းက သူက ဒီလိုမဟုတ်ပါ။
"သူလက်ထပ်တော့မှာက ကိစ္စကောင်းပဲ။ မိဘတွေ ဘာလို့ကျွန်တော့်ဆီ လာတာလဲ? ”ကျီနန်ဖုန်းပြောကာ သူမဖို့ခုံတစ်လုံး ရွှေ့ပေးလိုက်သည်။
ကျီအမေ သူ ပိုက်ဆံချေးပေးမည် ထင်လိုက်သည်။ သူ စကားပြောနေသည်ကို မြင်၍ သူမ ပျော်ရွှင်စွာ ထိုင်လိုက်သည်။ "မင်းကို ပိုက်ဆံချေးပေးဖို့မေးတာပါ ”ဒီစကားပြီးတော့ ဘယ်သူမှ စကားမပြောတော့ ကျီနန်ဖုန်းနှင့်ချူယောင်း သူတို့မကြားသလို ပြုမူနေသည်။
သူမအသံအလွန်တိုးနေ၍ဟု ကျီအမေ တွေးလိုက်ပြီး နောက်တစ်ကြိမ် ထပ်ပြောလိုက်ပေမယ့် ဘယ်သူမှ သူမကို မဖြေ။ နောက်ဆုံး ကျီအမေ ပြောလိုက်ရသည်။ "တကယ်တော့ အမေ မလာသင့်ပါဘူး……”
ဒါပြောပြီးနောက် ချူယောင်း ခေါင်းညိတ်လိုက်၍ ကျီအမေ တံတွေးသီးတော့မတတ် ဖြစ်သွားသည်။ သို့သော် သူမသည်းခံပြီး ဆက်ပြောလိုက်သည်။ "တကယ်တော့ အမေ မလာသင့်ပါဘူး။ ဒါပေမယ့် မင်း ညီလေးလက်ထပ်တော့မှာမလို့ မင်းက အစ်ကိုတစ်ယောက်အနေနဲ့ ကူညီပေးသင့်ပါတယ်”
"ကျွန်တော့်အစ်ကိုကရော ဘာပြောလဲ?” ကျီနန်ဖုန်း ခေါင်းလှည့်ကြည့်ပြီး ကျီမိသားစုအကြီးဆုံးသားအကြောင်းမေးလိုက်သည်။
"မင်းအစ်ကိုကမှ အိမ်မခွဲရသေးတာ မင်းနဲ့ဘယ်တူမလဲ? ပြီးတော့ မင်းအပြင်မှာ ပိုက်ဆံအများကြီးရတာ၊ မင်းပိုပေးသင့်ပါတယ် "ကျီအမေပြောသည့်ပုံစံက ကျိုးကြောင်းဆီလျော်သလိုပြောနေ၍ ချူယောင်း သူမကို အရှက်မရှိဘူးဟု အော်ချင်သည်။
"ပိုရရင် ပိုပေးသင့်တယ်ဆိုတော့အမေ့ကြက်တွေက ကြက်ဥတွေ အများကြီးဥတဲ့ပုံပဲ။ သမီး အမေ့အိမ်သွားပြီး နည်းနည်းသွားယူလိုက်ပါမယ် ”ချူယောင်း ပြောပြီးနောက် ကြက်ဥများကို အလျင်အမြန် သွားယူချင်သည့်ပုံပေါ်သည်။
ချူယောင်း တကယ်လုပ်ရဲမှန်း ကျီအမေသိ၍ ချူယောင်းကို ချက်ချင်းပြေးဖက်လိုက်သည်။ "အမေ အဲ့လိုဆိုလိုတာ မဟုတ်ပါဘူး။ သားကို သားညီလေးကို ကူညီဖို့ ပြောချင်တာပါ ”ကျီအမေ ဘာမှမရမည်စိုး၍ သူမစကားကို အမြန်ပြောင်းပြောလိုက်သည်။
"ဒါဆို သူ့ကို ကျွန်တော်တို့အလုပ်ကို အရင်ကူညီခိုင်းလိုက်ပါ "ကျီနန်ဖုန်း အိမ်က ကိုယ်ပိုင်မြေကွက်ကို စဉ်းစားလိုက်သည်။ ထိုမြေကို နောက် ကျီယွမ်အတွက်ချန်ထားရန် သူတွေးထားသည်။
ဒါက သူသဘောတူသည်ဖြစ်ရမည်ဟု ကျီအမေထင်လိုက်သည်။ ဒါကလည်း ရက်အနည်းငယ်လုပ်ရသည့်အလုပ်ဖြစ်၍ သူမသား လုပ်လောက်မည်ဟု တွေး၍သူမ အိမ်သို့ပျော်ရွှင်စွာ ပြန်သွားပြီး ကျီကျိုးကို ခေါ်လိုက်သည်။
ကျီအမေ အိမ်ပြန်ရောက်ပြီး ပြောသဖြင့် ကျီအဖေနှင့် ကျီကျိုး နေရာတွင်ထိုင်ကာ မယုံနိုင်စွာမေးလိုက်သည်။ "သူပြန်ရောက်နေပြီ? ”
ကျီအမေ ရေတစ်ကျိုက်သောက်ပြီး ခေါင်းညိတ်ကာ ပျော်ရွှင်စွာ ပြောလိုက်သည်။ "သူပြန်ရောက်နေပြီ။ သူတို့ပိုက်ဆံမပေးချင်ဘူး ထင်ထားတာ အခုသဘောတူလိုက်တယ်”
"သူက ပိုက်ဆံပေးဖို့ တစ်ခါတည်း သဘောတူလိုက်တယ်လား?” ကျီအဖေ ပြသာနာကို မေးလိုက်သည်။ ကျီနန်ဖုန်း အိမ်ထောင်ကျသွားပြီး အိမ်ခွဲနေပေမယ့် အခု သူ့ညီလက်ထပ်သည်ကို ပိုက်ဆံပေးချင်သည်။
ကျီအမေ တုံ့ဆိုင်းစွာ ခေါင်းညိတ်လိုက်သည်။ ခုန ကျီနန်ဖုန်းပြောသည့်ပုံအရ ပိုက်ဆံပေးချင်သည်ဟု ဆိုလိုသည်မလား? တကယ်က သူမ သေချာမကြားလိုက်ပါ။
ကျီအမေ ခေါင်းညိတ်သည်ကို မြင်၍ ကျီအဖေ စိတ်အေးသွားသည်။ ဒီကလေးများတွင် ကျီကျိုးနှင့် ကျီလင်းသာ သူ့သွေးသားအရင်းဖြစ်ပေမယ့် တခြားကလေးများ သူ့ကို သစ္စာရှိမည်ဟု မထင်မှတ်ထားပေ။
ကျီအဖေ ခေါင်းညိတ်ကာ ကျီနန်ဖုန်းကို စကားပြောချင်ပေမယ့် ကျီနန်ဖုန်း သူ့ဆီရောက်လာလိမ့်မည်ဟု တွေးပြီး ထိုင်ကာ စောင့်နေလိုက်သည်။
"မြန်မြန် မင်းဒုတိယအကိုကို အလုပ်သွားကူလိုက်။ မင်း ဒုတိယမရီးက ပျင်းရိပြီး ဘာအလုပ်မှ မလုပ်ဘူးဖြစ်ရမယ် ”ကျီအမေ ဘယ်လိုမိန်းကလေးနှင့် ကျီနန်ဖုန်းကိုအိမ်ထောင်ချပေးလိုက်သနည်းဟု ကျီအဖေ မဝေဖန်ဘဲ မနေနိုင်ပေ။
သို့သော် သူ မညည်းတွားခင် ကျီကျိုးလည်း မသွားခင် ကျီမိသားစုအကြီးဆုံးသား အခန်းထဲမှ ထွက်လာသည်။ "အဖေ၊ ကျွန်တော် အဖေတို့ကို ဒီနေ့နှုတ်ဆက်စကားလာပြောတာ”
ဒါကိုကြား၍ အခန်းထဲက လူများ ကျီနန်ဖုန်းအကြောင်းမတွေးနိုင်တော့ပေ။ သူမအကြီးဆုံးသား ရူးသွားသည်ဖြစ်ရမည်ဟု ကျီအမေ တွေးလိုက်သည်။ "ဒီကလေး ဘာတွေပြောနေတာလဲ? မြန်မြန် အခန်းထဲပြန်ပြီး အိပ်တော့”
"ကျွန်တော် ဘာဟာသမှ ပြောတာမဟုတ်ဘူး။ တခြားလူတွေနဲ့ သဘောတူထားပြီးပြီ ”ကျီမိသားစုအကြီးဆုံး သားက သူ၏ အရင်က အတန်းဖော်များကို ဆက်သွယ်ပြီး သူတို့ ဆိပ်ကမ်းမြို့သို့ အခု သွားကြမည်ဖြစ်သည်။ သူအရင်က နှစ်အကြာကြီးစာသင်ခဲ့ရ၍ အတန်းဖော်အချို့ရှိသည်။
"မင်းက ဘယ်သူတွေနဲ့ ပြောနေတာလဲ? ရူးသွားပြီလား? မင်း ဒီလိုရှုပ်ရှုပ်ယှက်ယှက်တွေ ဘယ်က သင်လာတာလဲ? မြန်မြန် အခန်းပြန်တော့ ”ကိစ္စများက ထိန်းချုပ်ရမလွယ်ဟု ကျီအဖေခံစားရ၍ အလွန်စိတ်ညစ်နေသည်။ အကြီးဆုံးသားက ရူးကာ နေ့တိုင်း မဟုတ်သည့်အတွေးတွေးသည်။ ဒုတိယသားက ဆိုးရွားသည့်ချွေးမနှင့်အိမ်ထောင်ကျသည်။ အငယ်ဆုံးသားကိုလည်း မထိန်းချုပ်ရ အငယ်ဆုံးသမီးကိုလည်း ခုတလော မနိုင်တော့။
"အဖေတို့ ယုံယုံမယုံယုံ ကျွန်တော် ပြောစရာရှိတာပြောပြီးပြီ။ ကျွန်တော့်ကလေးကို ကျွန်တော့်အစားစောင့်ရှောက်ပေးပါ။ ကျွန်တော် ကြီးပွါးချမ်းသာလာရင် အဖေတို့ဖို့ ပိုက်ဆံပို့ပေးပါမယ် အဖေတို့ကိုလည်း ကျွန်တော် ထောက်ပံ့ပေးပါမယ် ”ကျီမိသားစုအကြီးဆုံးသား ရုတ်တရက် ထိုင်ချကာ လူအိုနှစ်ယောက်ကို ဦးချလိုက်သည်။
သူဘာလို့ ဒိီလိုအတွေးရှိသည်ကို ကျီအမေ နားမလည် မျက်ရည်များကိုသုတ်ပြီး "ကလေး။ အမေတို့ကို ထားခဲ့တော့မလို့လား? ”
"အမေ၊ ကျွန်တော် သေချာပေါက် ပြန်လာမှာပါ ”ကျီမိသားစုအကြီးဆုံးသားမျက်ရည်များကို သုတ်ကာ "ကျွန်တော့်အစား သာ့ပေါင်ကို ဂရုစိုက်ပေးပါ။ ကျွန်တော် သေချာပေါက် ပြန်လာမှာပါ”
ကျီအဖေ ဒေါသထွက်ကာ "ကျီကျိုး မင်းအကိုကို အိမ်ထဲ ထည့်လိုက်။ သူဘယ်လောက်ရူးလဲ အဖေကြည့်ကြည့်မယ်”