အခန်း (၇၇)
Vol. 6 Ch. 77
ကျီမိသားစုအကြီးဆုံးသား တစ်မနက် တိတ်တိတ်ထွက်သွားသည်။ တစ်မိသားစုလုံးဘဝမ်းနည်းသွားကာ တကယ်စိတ်ရင်းနှင့်ဘဝမ်းနည်းသည့်သူကိုတော့ မသိနိုင်ပေ။
ကျီကျိုး သွားကူညီသည့် ပထမရက်မှစ၍ အလုပ်သေချာလုပ််သည်။ သူ့ဒုတိယအကိုဆီမှ ပိုက်ဆံတောင်း၍ရမည်ဟုထင်၍ ကျီကျိုး အလွန်စိတ်လှုပ်ရှားကာ အိပ်ရာဝင်သည့်အချိန်တွင်ပင် အလုပ်အကြောင်းစဥ်းစားသည်။
သူ ပျော်ရွှင်စွာအလုပ်လုပ်နေသည်ကို စောင့်ကြည့်နေသော လင်မယားနှစ်ယောက် ဆွေးနွေးကြသည််။ "သူအလုပ်လုပ်ပြီးရင် သူ့ကို ကျွန်မတို့ မောင်းထုတ်မှာက အရမ်းမတရားသလိုဖြစ်သွားလား?"
ကျီနန်ဖုန်း ခေါင်းညိတ်လိုက်ပြီး နောက်မှ အသိဝင်၍ ခေါင်းခါလိုက်သည်။ "ဘာမှမတွေးနဲ့။ မကောင်းတဲ့လူတွေကို မကောင်းတဲ့နည်းလမ်းနဲ့ ဆက်ဆံတာက တရားမျှတမှုပဲ"
ချူယောင်း ဒီစကားကို အလွန်အမင်း သဘောတူသည်။ သူ့ဘေးတွင်မတ်တပ်ရပ်ပြီး ခေါင်းညိတ်နေသည်။ "အရမ်းမှန်တယ်။ ကျွန်မ ရှင့်ကို ဒီနေ့နေ့လည် ဟင်းကောင်းချက်ကျွေးပြီး ဆုချရမယ်"
ကျီနန်ဖုန်း အိမ်တွင် ဟင်းကောင်းစားနေကြဖြစ်နေပြီဖြစ်သည်။ ပါဝင်ပစ္စည်းများကလည်း အလိုအလျောက်ပေါ်လာသည်။ ဥပမာ ယုန်ကြော် မကြာခဏစားရကာ အသီးအရွက် လတ်လတ်ဆတ်ဆတ်လည်း မကြာခဏဘယ်ကမှန်း ရသည်။ သို့သော် သူ ပို၍မေးမရသောကြောင့် သူ့စိတ်ထဲတွင်သာ ထားသည့်သောအရာများရှိသည်ကို သိသည်။
ကျီနန်ဖုန်း မပျော်ရသေးခင် ဟင်းကောင်းစားရတော့မည်ကြား၍ ကလေးများ ပျော်ရွှင်စွာ ထခုန်ကြသည်။ "ငါတို့မိသားစု ဟင်းကောင်းထပ်စားရတော့မယ်"
" မင်းတို့် ဟင်းကောင်းစားနေကြမလား?" ကျီနန်ဖုန်း ကလေးပါးကို ပွတ်လိုက်သည်။ "ခုရက်ပိုင်း နေ့တိုင်း ဟင်းကောင်းစားရတယ်မလား?"
"ဟင်းကောင်းစားရတာကို ဘယ်သူက ငြီးငွေ့ပါမလဲ?" ချူကျောင်း သူ့ယောက်ဖကို ကြည့်လိုက်သည်။
သူတို့မိသားစု သုံးရက်တစ်ကြိမ် ဟင်းကောင်းစားကြသည်။ တစ်ခါတလေ အသီးအရွက်များနှင့် ထမင်းဖြစ်သည်။ တစ်ခြားသူများ သိကြမည်ကို ကြောက်၍ ချူယောင်း အစားကို ထိန်းချုပ်ထားခြင်းဖြစ်သည်။
ဒီနေ့နေ့လည် ချူယောင်း ကျီနန်ဖုန်းဝယ်လာပေးသောနံရိုးဖြင့် စွပ်ပြုတ်ချက်လိုက်သည်။ နံရိုးစွပ်ပြုတ်က လူတိုင်းစားချင်စိတ်ကို မြင့်စေသည်။ စွပ်ပြုတ်ရည်နှစ်ထားသောထမင်းက သူတို့ဗိုက်ကို ချက်ချင်းပြည့်စေသည်။
စားပြီးနောက် ချူယောင်း ရေယူကာ ကျီနန်ဖုန်းနှင့် ကျီကျိုးကို သွားကြည့်ရန် လယ်ထဲသွားလိုက်သည်။ လယ်ကွက်ထောင့်တွင် ကျီကျိုး လှဲနေပြီး အိပ်ပျော်နေသည်။
ကျီနန်ဖုန်း အနားသွားလိုက်ပြီး သူ့ကို ကန်လိုက်ရာ ကျီကျိုး ချက်ချင်းနိုးသွားသည်။ သူ ဘေးတွင် မတ်တပ်ရပ်နေသောသူကို နားမလည်နိုင်စွာ ကြည့်လိုက်သည်။ "ဘာဖြစ်လို့လဲ?"
"မင်းက ဘာလို့အိပ်ပျော်နေတာလဲ? မင်းမရီးက မင်းဖို့ ရေတောင်လာပို့တာ!" ကျီနန်ဖုန်း သရုပ်ဆောင်သည်က အလွန်ကောင်းကာ မျက်နှာတွင်လည်း စိုးရိမ်သည့်အမူအရာနှင့်ဖြစ်သည်။
ကျီကျိုး တုံ့ဆိုင်းစွာပြောလိုက်သည်။ " ဒါဆို ကျွန်တော်အိမ်ပြန်ပြီး ခဏအနားယူရင်ရော?"
"မင်းပြောတာ ပြန်ကြည့်ဦး။ မင်း နေ့လည်မှအလုပ်မပြီးရင် နောက် အလုပ်ထပ်လာလုပ်ဖို့မလိုတော့ဘူး"
ကျီကျိုး စိတ်ဓါတ်ကျသွားပြီး ပြန်ဖြေလိုက်သည်။ "ကျွန်တော်သိပါပြီ" ကျီကျိုး အလုပ်မလုပ်သည်မှာ အချိန်အကြာကြီး ဖြစ်နေပြီဖြစ်၍ ဒီနှစ်ရက် အလုပ်လုပ်ပြီး ခါးနှင့်ကျောများ ညောင်းကိုက်နေသည်။ ဒီနှလုံးသား မရှိသောစုံတွဲက သူ့ကို ဒီလိုနှိပ်စက်သည်။
တကယ်က လူငယ်စုံတွဲလည်း သူ့ကို ပိုနှိပ်စက်မိနေသလိုခံစားရပေမယ့် ကျီကျိုးက အိမ်တွင်နေ့တိုင်းအားနေပြီး ဘာလို့ပြသာနာရှာရသည်ကို မသိပေ။ ထို့ကြောင့် သူတို့အကြံပေါင်းစုံ ထုတ်နေရသည်ဖြစ်သည်။
ကျီမိသားစုကို တကယ်နှိပ်စက်သည့်သူက ရောက်မလာသေးပါ။ ဟွမ်ရီယွင် ကျီမိသားစုကို ရောက်ပြီးနောက် သူတို့မိသားစုက တကယ်ဒုက္ခရောက်လိမ့်မည်။ သို့သော် ထိုအချိန်တွင်် ကျီနန်ဖုန်းနှင့် သူ့ဇနီး ထွက်သွားပြီဖြစ်၍ သူတို့နှင့် မပတ်သက်တော့ပေ။
ချူယောင်း ကျီကျိုး ကျောကို ကြည့်လိုက်ရာ သူ အလုပ်လုပ်ရန် ပေါက်ပြားကိုင်လိုက်ရာ အားနည်းသည်ကို တွေ့ ၍ သူမ ခေါင်းခါလိုက်သည်။ "ဒီတစ်ယောက်က တကယ်မလုပ်နိုင်ဘူး!"
"သူ့ကို ကြည့်မနေနဲ့တော့။ ကိုယ်တို့ အိမ်အမြန်ပြန်ပြီး ပစ္စည်းတွေထုပ်ရဦးမယ်။ ကိုယ် အဖွဲ့ခေါင်းဆောင်ကို ဒီနေ့ သွားတွေ့ပြီး ပြောလိုက်မယ်" ကျီနန်ဖုန်း ပြောင်းရန်အတွက် အလုပ်ရှုပ်နေ၍ ကျီကျိုးကို သိပ်ဂရုမစိုက်ပေ။
ချူယောင်း စိတ်ဝင်စားသည်ကို မြင်၍ သူ သူမကို အဖော်လုပ်ပြီး လာကြည့်သည်ဖြစ်သည်။ ချူယောင်း ခေါင်းညိတ်လိုက်သည်။ " ဒါဆို ရှင်အရင်သွားနှင့်။ကျွန်မ ဒီမှာ ခဏနေဦးမယ်"
ကျီနန်ဖုန်း ထွက်သွားပြီးနောက် ချူယောင်း အမူအရာချက်ချင်းပြောင်းသွားကာ ကျီကျိုးဘေး လျှောက်သွားလိုက်သည်။ "ယောကျ်ားရင့်မာကြီးတစ်ယောက်ဖြစ်ပြီး ဟိုဘက်က အလုပ်အမှတ်ရနေတဲ့ အမျိုးသမီးကို ကြည့်ပြီး မင်းကိုယ်မင်း ပြန်ကြည့်လိုက်။ မင်းလုပ်တာ အလုပ်လို့ပြောလို့ရလို့လား?"
ကျီကျိုး ချူယောင်းအမူအရာကို ကြည့်ပြီး ဒေါသထွက်စွာပြောလိုက်သည်။ "ကျွန်တော် အစ်မတို့ကို ကူညီတာနဲ့တင် ကြင်နာနေပါပြီ..."
"ဘာလဲ? မောင်လေးမလုပ်ချင်ဘူးလား? ရပါတယ်။ ဒါပေမယ့် ပိုက်ဆံကတော့..." ချူယောင်း နောင်တရသည့်ပုံပေါ်နေသည်။
" မဟုတ်ပါဘူး။ မရီး။ ကျွန်တော် ပေါက်ကရပြောတာ ဗွေမယူပါနဲ့။ ကျွန်တော်ပြောချင်တာက ကျွန်တော် အစ်မတို့ အလုပ်ကို ကူလုပ်ချင်ပါတယ်။ အမတို့ အလိုရှိရင် ကျွန်တော် ဘာမဆိုလုပ်နိုင်ပါတယ်" ကျီကျိုး ယဥ်ကျေးသည့်ပုံစံနှင့် ချက်ချင်းပြောလိုက်သည်။
"မင်းကို အပြစ်တင်မိတာ အမအမှားပါ။ မင်း လုပ်စရာရှိတာဆက်လုပ်ပါ" သူ ကပ်လာသည်ကို မြင်၍ ချူယောင်း မျက်နှာချက်ချင်းပြောင်းသွားသည်။
ကျီကျိုး အစက ဒီအခွင့်အရေးကို ယူပြီးခဏလောက်နားရန်တွေးထားပေမယ့် ချူယောင်း မျက်နှာချက်ချင်းပြောင်းမည်ဟု မထင်မှတ်ထားပေ။ သူ မုန်းတီးနေသည်ကို မပေါ်အောင် မျက်လွှာချပြီး အံကြိတ်ကာ ရွေးချယ်စရာမရှိ၍ အလုပ်ဆက်လုပ်ရသည်။
ဘေးက ကျီအမေကြည့်ပြီး အလွန်စိတ်ညစ်နေသည်။ သူမ သူမသားကို အလွန်ချစ်သည်။ သူက ကလေးဘဝတည်းက အလုပ်မလုပ်ဖူးပေ။ အခုတစ်ကြိမ်အလုပ်ကလည်း သူ့အတွက်မဟုတ်ဘဲ တခြားသူတွေအတွက်ဖြစ်သည်။
အပြင်လူများ ဒါကို မြင်၍ လှောင်ပြောင်ရယ်ကြသည်။ "အစ်မသားက ကျေးဇူးသိတတ်တာပဲ။ သူ့အဖေနဲ့အမေလယ်ထဲ အလုပ်လုပ်တာကိုကျ မကြည့်ဘဲ သူ့အစ်ကိုနဲ့ မရီးအလုပ်ကို ကူလိုက်သေးတယ်"
ကျီကျိုးကို လယ်ရိတ်သိမ်းသည့်အချိန်သာ အရင်က တွေ့နိုင်သည်။ ကျီကျိုးက အများအားဖြင့် မျက်နှာလာပြရုံသာဖြစ်ပြီး အများစုလုပ်သည်က ငါးဖမ်းခြင်းဖြစ်သည်။ ကျီမိသားစုအကြီးဆုံးသား ကိုယ်ပိုင်အလုပ်ပြီးလျှင် သူအလုပ်အမှတ်ရစေရန် ကူလုပ်ပေးသည်။
လူတိုင်း ကျီကျိုးက တော်သည့်ကလေးဟု ထင်ခဲ့ကြသည်။ ကျောင်းတွင် စာသေချာလေ့လာရုံသာမက အိမ်ပြန်ရောက်သောအခါ အလုပ်ကောင်းကောင်းလုပ်နိုင်သည်။ ကျောင်းသွားသွားမသွားသွား စားစရာရှိလောက်မည်။ တစ်ချို့က အားကျကာ တချို့က မနာလိုကြသည်။
အဒေါ်များ ကျီအမေက သူတို့ထက် ဘဝက ပိုအဆင်ပြေသည်ဟု အမြဲခံစားရသည်။ အကြီးဆုံးသားက နေ့တိုင်း အလုပ်အမှတ်အပြည့်ရကာ အကြီးဆုံးချွေးမကလည်း အခုတော့ အဖမ်းခံလိုက်ရပေမယ့် အလုပ်လုပ်နိုင်သူ တစ်ဦးဖြစ်ခဲ့သည်။
ဒုတိယသားကလည်း စစ်သားအဖြစ် တာဝန်ထမ်းဆောင်ကာ ရာထူးတစ်ခုရနေပြီဟုကြားသည်။ ရာထူးကြီးကြီးငယ်ငယ် နေရာတစ်ခုတော့ရပြီဖြစ်သည်။
အငယ်ဆုံးသားကလည်း စာရော အလုပ်ရောလုပ်နိုင်သည်။ အငယ်ဆုံးသမီးကလည်း အတော်ကြည့်ကောင်းကာ နောက် မိသားစုကောင်းကောင်းနှင့် အိမ်ထောင်ကျနိုင်သည်။
"ယောင်းမတို့ပြောတာကြည့်ကြပါဦး။ သူ့အကိုနဲ့မရီးကို အလုပ်ကူလုပ်ပေးတော့ ဘာဖြစ်လို့လဲ?" ကျီအမေ အလွန်မကျေနပ်သော်လည်း ပြောသင့်မပြောသင့်ကိုတော့ သိသည်။
" ယောင်းမက အရမ်းစေတနာရှိတယ်လို့ မထင်ထားဘူး" အဒေါ်တစ်ယောက် ထိတ်လန့်မှုအပြည့်နှင့်ပြောလိုက်သည်။
" အိမ်က ကလေးတွေက အလားအလာကောင်းတော့ သူမ စေတနာပိုများလာတာနေမယ်" အဒေါ်တစ်ယောက်က ကျီအမေကို ဖားချင်၍ သူမအိမ်က ကလေးတွေထက်မြက်သည်ဟု ပြောလိုက်သည်။
ဒါကိုကြား၍ ကျီအမေ အလွန်ပျော်သည်။ အိမ်ကကလေးအများစုက သူမကလေးဖြစ်ပြီး ထိုအရှက်မရှိသောမိန်းမမှ မွေးသော ဒုတိယကလေးကိုတော့ သူမ စိတ်ထဲမထည့်ပေ။
သူမပျော်နေသည်ကို မြင်၍ တခြားသူများ စိတ်ထဲကနေ မဆဲဘဲမနေနိုင်။ သို့သော် အပြင်တွင်တော့ ယဥ်ကျေးစွာ မြှောက်ပြောသည်။ "တကယ်တော်ကြတာ။ အမတို့မိသားစုဖုန်းရွှေက ကောင်းလို့ ဒီလိုတော်တဲ့ကလေးတွေ အမမွေးနိုင်တာနေမယ်"
"အသင်အပြကောင်းလို့လို့် ငါထင်တယ်။ မွေးတာထက် ပျိုးထောင်တာက ပိုတော်တယ်လို့ ပြောကြတယ်မလား? ဘယ်သူပြောလည်းမသိပေမယ့် ကျီမိသားစုအထိန်းအကွပ်က တကယ်ကောင်းတယ်လို့ ငါထင်တယ်"
"ယောင်းမတို့ ဘာတွေပြောနေကြတာလဲ? ကျွန်မတို့နဲ့မဆိုင်ပါဘူး။ ကလေးတွေ ပင်ကိုယ်ဗီဇကြောင့်ပါ" ကျီအမေ ဒါကို ပြောသောအခါ မောက်မာမှုအပြည့်နှင့်ဖြစ်သည်။
သူမ လက်ထပ်စဥ်အခါက သူမရှေ့တွင် သူမက မုဆိုးမဖြစ်ကာ သူမသားနှင့်လည်း ခွဲနေရမည်ဟု ပြောခဲ့သည်။ မိသားစုက အရမ်းဆင်းရဲနေသည် မဟုတ်လျှင် ကျီအဖေထိုစကားကို တကယ်နားထောင်ခဲ့လောက်သည်။ သို့သော် အခု လူတိုင်းက သူမကို ချီးကျူးကြသည်။ သူမသာ လက်မထပ်လျှင် ကျီမိိသားစုက အရင်ကအတိုင်း အခုဆင််းရဲနေလောက်မည်။
သူမကလေးများက အလွန်ကောင်းသည်ဟု ပြောကြသေးသည်။ သို့သော် ဒီလိုချီးကျူစကားပြောဖို့ အလွန်အချိန်ကြာခဲ့သည်။ အရင်က ထိုစကားများကိုပြောခဲ့သောသူများက မမှတ်မိလောက်။ သူမမှတ်မိနေတုန်းပေမယ့် အခုသူမအလွန်ပျော်သည်။
" ယောင်းမ၊ သူတို့ပြောတာမယုံနဲ့။ အသင်အပြကောင်းတာမဟုတ်ရင် အစ်မဒုတိယကလေးက အစ်မမွေးတာမှမဟုတ်တာ။ အခု အစ်မပျိုးထောင်တာကောင်းလို့ သူဖြစ်သွားတာကြည့်ကြည့်" ရှေ့တိုးဝင်မပြောနိုင်သော အဒေါ်ငယ်တစ်ယောက် နောက်ဆုံးပြောလာသည်။
တခြားအဒေါ်များ သူမပြောသည်က သိပ်မကောင်းမှန်း သိသည်။
တကယ်ပင် ကျီအမေအမူအရာ ချက်ချင်းပြောင်းသွားသည်။ သူမအမုန်းဆုံးက ဒုတိယကလေးက တော်သည်ဖြစ်ပြီး သူမ မမွေးထားပေ။ သူမ သေချာမသင်ပြ မကြာခဏရိုက်နှက် အော်သည်ဟု လူများပြောသည့်အခါဖြစ်သည်။
ကျီအမေ ပြုံးသာပြုံးပြီး သူတို့ကို စကားမပြောတော့ပေ။ အဒေါ်များ တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြသည်။ သူတို့အားလုံး ကျီိမိသားစုအခြေအနေကို သိသည်။
"ထပ်နှိုင်းယှဥ်နေတဲ့ပုံပဲ။ ကိုယ့်အကြောင်းကို ဂရုမစိုက်ဘူး" အချို့ တီးတိုးပြောကြသည်။
ကျီအမေ သူတို့ပြောသည်ကို မကြားရပေမယ့် ပြောမည့်အကြောင်းအရာကို နားလည်သည်။ ရွာတွင် တစ်ယောက်ကို တစ်ယောက်ရိုးသားစွာ ဆက်ဆံသည့်သူမရှိပေ။ တစ်ဖက်တွင် တမျိုးပြောကာ နောက်တဖက်တွင် တစ်မျိုးပြောသည်။ ကိုယ့်မိသားစုအရေး မဟုတ်လျှင်လူတိုင်းပျော်ကြသည်။
ကျီအမေအတွက် ကျီအဖေ၏ အရင်မိန်းမက သူမနှလုံးသားထဲ အမြဲအစိုင်အခဲဖြစ်သည်။ သူမမှာလည်း အရင်ယောကျ်ားရှိလျှင်တောင် ဒါကို ဘယ်တော့မှ မမေ့နိုင်ပေ။ ကျီအမေ တိတ်ဆိတ်စွာ အလုပ်စတင်လုပ်သည်။
တစ်ဖက်ကတော့ တစ်မိသားစုလုံး သူတို့လိုအပ်သည်ကို ထုပ်ပိုးနေကြသည်။
လီထောင်းဟွာလည်း သူတို့ထွက်သွားတော့မည်ကြား၍ အသီးအရွက်ခြောက်အချို့နှင့် ရောက်လာသည်။ "ညီမအိမ်မှာ ဘာမှမရှိိလို့ ယောင်းမဖို့ ဒီအသီးအရွက်ခြောက်တွေယူလာပေးတာ။ ယောင်းမတို့ကြိုက်မယ်လို့မျှော်လင့်ပါတယ်"
လီထောင်းဟွာ စိတ်ရင်းနှင့် ပြောပြီး ငိုသံပါပါသည်။ သူမဘာလို့ငိုသည်ကို ချူယောင်း နားလည်သည်။ "ဒီအသီးအရွက်ခြောက်တွေ ယူသွားတော့ အစ်မတို့ ဟိုရောက်ရင် ဘာမှစားစရာမရှိဘူးဆိုတော့ ညီမ အသီးအရွက်ခြောက်တွေပေးလို့ ကျေးဇူးတင်ပါတယ်"
"ညီမတို့ ထပ်တွေ့နိုင်မလား?" ကျီယွမ် အိမ်တွင် ဒီအကြောင်းပြောပြ၍ လီထောင်းဟွာ အိပ်ရာပေါ်လှဲကာ အတော်ကြာငိုခဲ့သည်။
" ညီမက အမေဖြစ်တော့မှာ။ ဒီလိုငိုနေရင် ကလေးက ညီမကို ညည်းညူတော့မယ်" ချူယောင်း လီထောင်းဟွာကို ထိုင်ဖို့ ခေါ်ကာ ရေတစ်ခွက်ထည့်ပေးသည်။
လီထောင်းဟွာ ရေသောက်ပြီး စိတ်ငြိမ်သွားကာ ပြောလိုက်သ " ယောင်းမနဲ့ ညီမက ရင်းနှီးတာ။ ယောင်းမ သွားရင် ညီမ ဘယ်အိမ်သွားလည်ရမယ်မသိဘူး။ စကားပြောစရာလူလည်းမရှိဘူး"
"အစ်မတို့ နောက်မတွေ့တော့မှာမှမဟုတ်တာ။ အမ ညီမကို ဖုန်းခေါ်မှာပါ။ နောက်လည်း ပြန်လာမယ်။ ညီမလည်း ညီမကလေးတွေခေါ်ပြီး အစ်မကို လာတွေ့လို့ရတယ်။ အစ်မတို့ အဲ့မှာအမြဲမနေပါဘူး။ အနာဂတ်က မသေချာဘူး။ အစ်မတို့ စိတ်ရှိရင် သေချာပေါက် တွေ့မှာပါ"
ချူယောင်းလည်း အနည်းငယ် ဝမ်းနည်းသည်။ လီထောင်းဟွာက သူမကို မကြာခဏ စကားလာပြော၍ သူတို့နှစ်ယောက် ဆက်ဆံရေးက အလွန်ကောင်းမွန်သည်။