အခန်း (၇၈)
Vol. 6 Ch. 78
လီထောင်းဟွာ ခဏမျှထိုင်ပြီးနောက် ဆက်ပြောသည်။ "အစ်ကိုနန်ဖုန်း၊ ကျီကျိုးက ကျောင်းမှာပိုက်ဆံလိုက်ချေးနေတယ်လို့ ကျီယွမ်ပြောတယ်"
"ပိုက်ဆံချေးတယ်။ ဘာလို့ပိုက်ဆံလိုက်ချေးတာလဲ?" ချူယောင်း ဘာပြောရမည်မသိ။
"ကျီကျိုးက ကျောင်းမှာ ပိုက်ဆံလိုက်ချေးပြီး အကြွေးအများကြီးရှိနေတဲ့ပုံပဲ" ချူယောင်း သိပြီးပြီဟု လီထောင်းဟွာထင်ခဲ့သည်။ အခုမှ သူမ မကောင်းသည့်အရာပြောမိသလို ခံစားရသည်။
နောက်တစ်ခုက ကျီယွမ် အစ်မအိမ်ကို ပြသာနာသွားရှာတာ လီထောင်းဟွာ ဒါကို ပြောသောအခါ ချူယောင်းမျက်နှာကို သတိထားကြည့်သည်။ သူမပြောနေစဥ် ချူယောင်းမျက်နှာ ပျက်ယွင်းနေတာမရှိ။
ကျီနန်ဖုန်း အစတည်းက ချူမိသားစု ချူကျောင်းကို လွယ်လွယ်လွှတ်မပေးမှန်း သိ၍ သူ ကျီယွမ်ကို ချူမိသားစုအား ပြသာနာရှာရန် ပြောလိုက်သည်။
အစက ကျီယွမ် ကျီမိသားစုကို စောင့်ကြည့်ရမှာပေမယ့် ထိုမိသားစုက ပြသာနာရှာစရာမလိုဘဲ သူတို့ဘာသာ ပြသာနာဖြစ်နေကြ၍ ကျီမိသားစုကို လွှတ်ထားလိုက်သည်။
နောက် ကျီယွမ်ကို ချူမိသားစုအား ပြသာနာရှာရန် အကူအညီတောင်းရာ သူကိုယ်တိုင် ပါစရာမလိုပေ။ ချူမိသားစုတွင် အားနည်းချက်တစ်ခုရှိသည်။
ချူတစ်မိသားစုလုံး လူယုတ်မာများဖြစ်ပေမယ့် သူတို့မိသားစုအကြောက်ဆုံးမှာ အိမ်ထောင်ကျပြီးသောအဒေါ်ဖြစ်သည်။
ချူဦးလေး၌ အင်အားကြီးပြီး ချမ်းသာသော အိမ်ထောင်ကျပြီးသည့် အစ်မတစ်ယောက်ရှိသည်။ သူမအမုန်းဆုံးက သူမမောင်နှင့် မိသားစု ဖြစ်သည်။
သူမ ချူဦးလေးအိမ်သွားတိုင်း ထိုချူမိသားစုကို အမြင်ကပ်ကာ မာန်လေ့ရှိသည်။
ဒီတစ်ကြိမ် ကျီနန်ဖုန်း ကျီယွမ်ကို သူမအားသွားရှာရန် ပြောပြီး ချူမိသားစုအကြောင်းကို ပြောကာ သူမသားနှင့် ခင်ပွန်း အနာဂတ်ကို ထိခိုက်နိုင်သည်ဟု ပြောခိုင်းလိုက်သည်။
သူမ ဒါကို ကြား၍ အမြန်အထုပ်ပြင်ကာ ချူမိသားစုတွင် သွားနေသည်။ ထို့ကြောင့် တစ်မိသားစုလုံး ငြိမ်ငြိမ်နေရကာ နေ့တိုင်း အအော်ခံရသည်။ သူမမိသားစုက တကယ်ချမ်းသာပြီး အာဏာရှိသဖြင့် တစ်မိသားစုလုံး သူမစကားနားထောင်ကြရသည်။
ဒီလိုနှင့် ချူကျောင်းကိစ္စ လွယ်လွယ်ကူကူ ပြီးသွားသည်။ ချူယောင်း ဒီလောက်လွယ်မည်ဟု မထင်မှတ်ထား။ ချူယောင်း မပြောနှင့်ကျီနန်ဖုန်းပင် မထင်မှတ်ထား။
ကျီနန်ဖုန်း ချူကျောင်းကို အကောင့်တစ်ခု စာရင်းသွင်းပေးထားပြီး ချူယောင်း အံ့သြအောင်လုပ်ရန်ကြံရွယ်ထားပေမယ့် လီထောင်းဟွာ ဖော်လိုက်မည်ဟု မထင်ထား။
သို့သော် ကျီနန်ဖုန်း ဒီကိစ္စကြောင့် ဒေါသမထွက်ပါ။ ချူယောင်း မျက်နှာကိုသာ ကြည့်ပြီး" မင်း ကိုယ်လုပ်တာ ကောက်ကျစ်တယ်လို့ထင်လား?"
ချူယောင်း သူ့ဘက် လှည့်ကြည့်ပြီး မေးလိုက်သည်။ "ရှင်ဘာပြောတာလဲ? ဘာဖြစ်လို့လဲ? ကျီကျိုးကို ခိုင်းတာကိုလား? ကျွန်မ ဒါကို ဘာမှမတွေးပါဘူး..."
ချူယောင်း စကားလွှဲသည်ကို ကျီနန်ဖုန်းသိပေမယ့် သူမဘာမှမပြော၍ သူ ဒီကိစ္စနှင့်ပတ်သက်ပြီး မစိုးရိမ်တော့ပေ။
သူတို့မိသားစု ပြောင်းတော့မည်ကို ကျီမိသားစုမှလွဲ တစ်ရွာလုံးသိသည်။
ကျီကျိုး နေ့တိုင်း အရုဏ်တက်မှ ညနေစောင်းထိအလုပ်လုပ်ရသည်။ တစ်ယောက်က သူ့ကို စောင့်ကြည့်နေ၍ သူ ဘယ်သူနှင့်မှ စကားပြောချိန်မရကာ အိမ်ပြန်ရောက်သည်နှင့် အိပ်မောကျသွားသည်။ တစ်ချိန်လုံး လုံးဝအားချိန်မရှိ။
ကျီအဖေနှင့် ကျီအမေက ကျီမိသားစု အကြီးဆုံးသားနှင့်ပတ်သက်၍ ဒေါသထွက်နေကြသည်။ သူက ဘယ်အချိန်ထွက်သွားမှန်းမသိကာ လူအိုစုံတွဲ တစ်ယောက်ကို တစ်ယောက် အပြစ်တင်ကြသည်။
ကျီအဖေက ကျီမိသားစုအကြီးဆုံးသားအပေါ် ကောင်းကောင်းမဆက်ဆံ၍ ဒီလောက်အသိတတ်ဆုံးနှင့် အရိုသေဆုံးကလေးက ထွက်ပြေးရသည်ဟု ကျီအမေ တွေးသည်။
ကျီမိသားစုအကြီးဆုံးသားကို ကျီအမေ မဆုံးမ၊ သူကိုယ်တိုင်လည်း ကောင်းကောင်းဆက်ဆံပေမယ့် စကားတစ်လုံးမှ မပြောဘဲ ထွက်သွားသဖြင့် အမေဖြစ်သူ ကျီအမေအပေါ်သာ ကျီအဖေ အပြစ်ပုံချသည်။
ထို့ကြောင့် သူတို့နှစ်ယောက် နေ့တိုင်း တစ်ယောက်ကို တစ်ယောက်် အပြစ်တင်ကြကာ ဆူညံနေသည်။ ကျီလင်းသာ သတင်းအနည်းငယ်ကြားပေမယ့် သူမ နေ့တိုင်း စိတ်ကူးယဥ်ရင်း အချိန်ကုန်နေသည်။
သူမသာ ကျောင်းသွားလျှင် တခြားလူတွေကဲ့သို့ဖြစ်ကာ စက်ရုံတွင်အလုပ်လုပ်ပြီး ခင်ပွန်းနှင့် မြို့တွင်နေ၍ အရာအားလုံး ဂရုစိုက်စရာမလိုဟု စိတ်ကူးယဥ်နေသည်။
သူတို့ထဲ ကျီသာ့ပေါင်ကသာ အခြေအနေအဆိုးဆုံးဖြစ်သည်။ သူအပြင်ထွက်ဆော့တိုင်း တစ်ယောက်ယောက်က သူ့ကို အမြဲအနိုင်ကျင့်သည် " အဖေမရှိတဲ့ကလေး၊ အမေ မရှိတဲ့ကလေး ဘယ်သူမှ မလိုချင်တဲ့ကလေး" ဟု သူ့ကို လှောင်ပြောင်ကြသည်။
ကျီသာ့ပေါင် ဒီလိုအနိုင်ကျင့်သည်ကို မခံနိုင်၍ ငိုသာငိုနိုင်သည်။ သို့သော် သူငိုလျှင်တောင် သူ့ကို အရင်ကလောက် ဘယ်သူ့မှ မချစ်တော့သည့်ပုံပင်။ သူ့မိဘများ သူ့ကို ဂရုမစိုက်တော့ကာ အဖိုးအဖွားများကလည်း သူ့ကို လိုက်မကြည့်တော့။
တစ်ခါ ကျီသာ့ပေါင်ကို အပြင်က ကလေးများက ရိုက်လိုက်၍ သူ နေရာတွင်အော်ငိုပေမယ့် သူ့အဖိုးအဖွားများ သူ့အသံကြား၍ သူ့ကို ဆူမည်စိုး၍ အိမ်တွင်တော့မငိုရဲပေ။
နောက်ဆုံးတစ်ခါ ကျီသာ့ပေါင် အနိုင်ကျင့်ခံရ၍ အလွန်ဝမ်းနည်းကာ အိမ်ပြန်၍ငိုသည်။ သူ့ကို သူ့အဖိုးအဖွားများ ချက်ချင်းချော့မည်ဟု ထင်ခဲ့ပေမယ့် မထင်မှတ်ထားစွာ သူ့အဖွားအော်သည်ကို ခံရသည်။
"ဒါတွေအားလုံး မင်းအမေကြောင့်။ အရှက်မရှိတာတွေလုပ်ပြီး မင်းတို့သားအဖကို ထားခဲ့လို့ မင်းအဖေလည်းထွက်သွားတာ"
"ငိုတာ ဘာအသုံးဝင်လို့လဲ? တစ်နေ့တစ်နေ့ ငိုဖို့ပဲသိတယ်။ တစ်ယောက်ယောက်က ရိုက်ရင် ပြန်ရိုက်ရကောင်းမှန်း မသိဘူးလား?" ဒါက ကျီအဖေ ပြောသည်ဖြစ်သည်။
နောက် ကျီအမေ ကျီအဖေနှင့် တစ်ဖန် ရန်ဖြစ်ပြန်သဖြင့် ကျီသာ့ပေါင် သူတို့ကို ကြောင်ကြည့်ရင်း အရာအားလုံးပြောင်းလဲသွားပြီမှန်း သိလိုက်သည်။
ထို့ကြောင့် အခု သူအရိုက်ခံရပေမယ့် သူ ပုန်းကာ သူ့ဘာသာတိတ်တိတ်လေး ငိုနေရသည်။
ကျီနန်ဖုန်းက ကလေးသုံးယောက်ဆော့ဖို့ ဘောလုံးတစ်လုံးလုပ်ပေး၍ သူတို့ဆော့ရင်း ချူကျောင်း မတော်မဆ ဘောလုံးကိုအဝေးသို့ ကန်မိရာ ဘောလုံးရှိရာဘက် ပြန်လာကောက်ရာ ပုန်းပြီးငိုနေသော ညီငယ်လေးတစ်ယောက်ကို တွေ့၍ သူ သံသယနှင့်မေးလိုက်သည်။ "ဘာဖြစ်လို့လဲ? ညီလေး"
သူ့အရွယ်လောက် ရှိသေးသော ကောင်လေးက သူ့ကို ညီဟု ခေါ်၍ ကျီသာ့ပေါင် ပြန်ငြင်းလိုက်သည်။ "ငါက မင်းညီမဟုတ်ဘူး"
" ဒီအကို ဘာဖြစ်လို့လဲ?" ချူကျောင်း အရွယ်အစားကို ဂရုမစိုက် ကျီသာ့ပေါင်က သူ့ထက်အရပ်ရှည်သည်ကို တွေ့၍ သူ ယဥ်ကျေးစွာခေါ်လိုက်ခြင်းဖြစ်သည်။
"ငါ မင်းအကိုလည်း မဟုတ်ဘူး..." ကျီသာ့ပေါင်က ဆက်ငြင်းနေ၍ ချူကျောင်း ရွေးချယ်စရာမရှိဘဲ သူ့ဘေးထိုင်ကာ "ဒါဆို မင်းဘာဖြစ်လို့လဲ?"
ကျီသာ့ပေါင် ဝမ်းနည်းစရာကြားလိုက်သည့်အတိုင်း မျက်ရည်များကျလာသည်။ "အဖေနဲ့အမေ မရှိတော့ဘူး"
"အလုပ်သွားတာများလား ငါ မင်းနဲ့ သူတို့ကို လိုက်ရှာမယ်လေ" ချူကျောင်း အပြင်တွင် သူ့ကို စောင့်နေသော လီရွှယ်ရှင်းနှင့် လီရွှယ်ရူကို မေ့သွားပြီဖြစ်သည်။
"သူတို့ပြန်မလာတော့ဘူး။ ဘယ်တော့မှ ပြန်မလာတော့ဘူး။ သူတို့ ငါ့ကို မလိုချင်ကြတော့ဘူး။ ငါက အခုကစပြီး မလိုတဲ့ကလေးဖြစ်သွားပြီ" ကျီသာ့ပေါင်မျက်ရည်များကျကာ ချူကျောင်းကို ရွံ့ရှာစွာကြည့်သည်။
"မင်းမိဘတွေ တစ်ခုခုဖြစ်လို့လား?" ချူကျောင်း စိတ်ရှည်စွာ ပြန်မေးသည်။
အသက်အရွယ် အတူတူလောက်ရှိသော ကလေးနှစ်ယောက် ကျီမိသားစု အကြီးဆုံးသားနှင့် သူ့ဇနီိးဖြစ်ခဲ့သည်ကို ဆွေးနွေးနေကြသည်။
"ငါလည်း မသိဘူး!" ကျီသာ့ပေါင် ချက်ချင်းငိုတာရပ်သွားပြီး သူ့မိဘတွေ တစ်ခုခုဖြစ်ခဲ့သည်လားဟု စဥ်းစားနေသည်။
" ဒါဆို မင်းဘာလို့ ငိုနေတာလဲ? မင်းမိဘတွေ ဘာမှမဖြစ်တာ။ ဒါကြောင့်ငိုစရာမလိုဘူး" ချူကျောင်း ဒီကိစ္စက ဖြေရှင်းရ အလွန်လွယ်ကူသည်ဖြစ်၍ သူဘာလို့ငိုသည်ကို နားမလည်နိုင်ပေ။
ကျီသာ့ပေါင် ခေါင်းညိတ်လိုက်သည်။" မင်းပြောတာမှန်တယ်။ ငါ ငိုလို့မရဘူး။ ငါ့မိဘတွေကလည်း ငါလာလို့မရဘူးလို့မပြောဘူး"
လွန်ခဲ့သောနှစ်ရက်က သူအိပ်ပျော်နေသောအခါ သူ့အဖေ ပြောခဲ့သည်ကို သတိရသည်။ သို့သော် သူ အချိန်တိုင်း အိပ်မောကျနေ၍ သေချာမကြားလိုက်။ အဖေက ပြန်လာတာစောင့်ရန် ပြောခဲ့သည်နှင့်တူသည်။
ချူကျောင်း ခေါင်းညိတ်ကာ သူ ကောင်းသည့်ကိစ္စလုပ်လိုက်သည်ဟု ခံစားရသည်။ သူ လီရွှယ်ရှင်းနှင့် လီရွှယ်ရူညီအစ်မနှစ်ယောက်ကို သတိရသွား၍ သူတို့ဆီပြန်ရန် သတိရသွားသည်။
ညီအစ်မနှစ်ယောက် ရောက်လာကာ လီရွှယ်ရှင်း မတ်တပ်ရပ်နေသော ချူကျောင်းကို ကြည့်လိုက်သည်" နင်ဘာလို့ဒီမှာပဲ ရှိနေသေးတာလဲ? ငါတို့ နင့်ကိုအပြင်မှာ အကြာကြီးစောင့်နေရတာ။ နင်ဘောလုံးရှာတွေ့ပြီလား?"
ချူကျောင်း အခုမှ သူ ဘောလုံးကို မေ့နေမှန်းသတိရသွားသည်။ သို့သော် လီရွှယ်ရှင်း ဒါကို ထပ်မမေးတော့ဘဲ ဘေးက ကျီသာ့ပေါင်ကို ကြည့်ကာ "နင်တို့နှစ်ယောက် ဘယ်လိုတွေ့တာလဲ?"
ကျီသာ့ပေါင်လည်း လီရွှယ်ရှင်းကို သိသည်။ လီရွှယ်ရှင်းနှင့် လီရွှယ်ရူက ကျီသာ့ပေါင်နှင့် ရင်းနှီး၍ သူလည်း လီရွှယ်ရှင်းတို့နှင့် သူ့အိမ်မတည့်သည်ကို မေ့ကာပျော်ရွှင်စွာတူတူဆော့ကြပြီး မနက်ဖြန်ဆော့ရန်ပင်် ထပ်ချိန်းထားလိုက်သည်။
ဤကလေးများပျော်ရွှင်စွာ ရက်အနည်းငယ် တူတူဆော့ကြပြီးနောက် ချူကျောင်း ကျီသာ့ပေါင်ကို ပြောလိုက်သည်။ " သာ့ပေါင်၊ ငါတို့မနက်ဖြန် ထွက်သွားတော့မှာ။ ငါတို့တူတူဆော့လို့မရတော့ဘူး"
ကျီသာ့ပေါင် ဒါကို ကြား၍ ငိုချင်သွားသည်။ သို့သော် သူမငိုခင် ချူကျောင်း သူ့ကို တားလိုက်သည်။ "မင်းက ကြီးနေပြီပဲ။ မင်းအချိန်တိုင်း ငိုနေလို့မရဘူး "
ဒါကိုကြား၍ ကျီသာ့ပေါင် ဒါကအဓိပ္ပါယ်ရှိသည်ကို ခံစားရကာ ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်။ ငါထပ်ငိုလို့မရဘူး"
"ကောင်းပြီ။ လူကောင်းလေးပဲ လုပ်။ တခြားသူတွေ နောက် မင်းကို အနိုင်ကျင့်ရင် မငိုနဲ့။ တစ်ယောက်ယောက်က မင်းကို ရိုက်ရင် မင်းပြန်ရိုက်"
ချူကျောင်း သူ့ကို အများကြီးပြောပြကာ ကျီသာ့ပေါင် အကုန်လုံးကို မှတ်မိသည်။ ထို့ကြောင့် ချူကျောင်း စိတ်အေးစွာ အိမ်ပြန်သွားသည်။
ချူကျောင်း ထွက်သွားသည့်ကျောကို ကြည့်၍ ကျီသာ့ပေါင် ငိုချင်ပေမယ့် နောက်ဆုံး သူသည်းခံကာ အိမ်ပြန်လိုက်သည်။
ကျီအဖေနှင့် ကျီအမေ အိမ်အပြင်တွင် နှစ်ယောက်တူတူအလုပ်သွားလုပ်ကြသည်။ အလုပ်လုပ်နိုင်သည့်သူက အိမ်တွင် မရှိတော့၍ သူတို့ သူတို့ကိုယ်ကိုသာမှီခိုနိုင်တော့သည်။
ရုတ်တရက် နှစ်ကုန်တွင် သူတို့စားဖို့တောင်် မတတ်နိုင်၍ သူတို့ အသည်းအသန် အလုပ်လုပ်ရသည်။
ကျီလင်းနှင့် ကျီကျိုးကိုလည်း မှီခို၍မရနိုင်။ ထို့ကြောင့် သူတို့ သူတို့မျှော်လင့်ချက်ကို ဟွမ်မိသားစုအပေါ်သာထားနိုင်သည်။
ဟွမ်မိသားစု ကျီကျိုးက ဒီလိုဖြစ်ကာ ကျီမိသားစုကလည်း ဖရိုဖရဲဖြစ်နေသည်ကို သိသွားသည်။ ဟွမ်ရီယွင် ဒီလိုမျိုးကျီအိမ်မှာ တစ်ညသွားအိပ်၍ ဟွမ်မိဘများ စိတ်တိုနေကြသည်။
ဟွမ်အဖေ ဟွမ်အမေကို အပြစ်မတင်ဘဲ မနေနိုင် "မင်းသမီးကို မင်းဘယ်လို သင်ထားတာလဲ? ဒီအသက်အရွယ် ရောက်နေပြီ။ သူများအိမ် သွားအိပ်သေးတယ်"
ဟွမ်အမေ ဒေါသထွက်ပေမယ့် ဟွမ်အဖေရှေ့ စိတ်ဆိုးမပြရဲ။ စကားအနည်းငယ်သာ ပြောနိုင်သည်။
ဟွမ်ရီယွင်ကတော့ စိတ်ထဲအလေးအနက် မထားပေ။ သူမ ကျီကျိိုးနှင့် လက်ထပ်ရမည်။
"အခုအချိန်မှာ သမီးရည်းစားဆက်ဆံရေးကို တင်းကြပ်ထားတာသိလား? သူမ လုပ်ရဲတယ်ဆိုတော့ လက်ထပ်ရမယ်။ မဟုတ်ရင် ငါ့အလုပ်ကို အာမမခံနိုင်ဘူး။ မင်းတို့လည်း ကောင်းကောင်းနေရတော့မှာမဟုတ်ဘူး" ဟွမ်အဖေ ဒေါသတကြီးပြောသည်။
ဒါကိုကြား၍ ဟွမ်အမေ ချက်ချင်းစိုးရိမ်သွားသည်။ သူမသမီးက သူမအတွက် အရေးကြီးပေမယ့် ကောင််းကောင်းနေရသည်ကလည်း အရေးကြီးသည်။ " ရှင်နည်းလမ်းတစ်ခု စဥ်းစားလို့မရဘူးလား?"
ဟွမ်အဖေ ခေါင်းလှည့်ကာ နေရာမှထကာ နောက်တံခါးဖွင့်ပြီး ထွက်သွားသည်။
ဟွမ်ချွေးမက ငိုရရယ်ရမည်မသိ။ ထင်ထားသည့်အတိုင်းပင် သားသမီးများ မလိမ္မာလျှင် မိဘများ အချင်းချင်း အပြစ်တင်ပြီး သူတို့ကိုယ်ကိုကိုယ်ကျ ပြန်မေးခွန်းမထုတ်ကြချေ။
ဒီအရာအားလုံး ချူယောင်းနှင့် ကျီနန်ဖုန််းနှင့်မဆိုင်ပေ။ သူတို့ပစ္စည်းများ ထုပ်ပြီးကာ သူတို့သယ်နိုင်သည်ကို သယ်ပြီး မသယ်နိုင်သည်ကို စာတိုက်ကနေပို့သည်။
ချူယောင်း အခန်းထဲမှ ပစ္စည်းများကို ကြည့်ကာ "အမှန်အတိုင်းပြောရရင် ကျွန်မ တွန့်ဆုတ်နေတယ်"
"ကိုယ်တို့နောက် အိမ်အသစ်ရှိမှာပါ" ကျီနန်ဖုန်း တိုးတိုးပြောလိုက်သည်။
ချူယောင်း သူ့ကို မျက်စောင်းထိုးကာ "ကျွန်မတွန့်ဆုတ်တယ်လို့ပဲပြောတာပါ။ မသွားဘူး မပြောပါဘူး။ ရှင်ပြောတာကြည့်ဦး"
ကျီနန်ဖုန်း ကျယ်လောင်စွာ အော်ရယ်ကာ "မင်းနောင်တရမှာ ကိုယ်ကြောက်လို့ပါ"
"ရှင် ကျွန်မကို ဝတယ်လို့ထင်တယ်မလား?" ချူယောင်း မှန်မကြည့်သည်မှာ ကြာနေပြီဖြစ်ပေမယ့် သူမမျက်နှာက ဖောင်းနေတုန်းဟု ခံစားရသည်။
ကျီနန်ဖန်း ခေါင်းခါလိုက်သည်။ "မင်းမှန်ကြည့်သင့်တယ်။ မင်း အခုတလော ကိုယ်အလေးချိိန် အများကြီးကျသွားတယ်။ ကိုယ်တို့ ဟိုသွားရင် ကိုယ် မင်းဖို့မှန်ရှာပေးမယ်"
ချူယောင်း အခုတလော ကိုယ်အလေးချိန် တကယ်ကျသွားသည်။