← Chapters

အခန်း (၇၉)

Vol. 6 Ch. 79

အခန်း (၇၉)

Vol. 6 Ch. 79

သူမ ပိန်မပိန် ကျီနန်ဖုန်း ဂရုမစိုက်ပေမယ့် ချူယောင်း ဂရုစိုက်သည်ကို သူသိ၍ သူမအခုမဝဘူးဟု သူမကို သိစေချင်သည်။

နှစ်ယောက်သား သက်ပြင်းချကာ မနက်‌စောစော ရထားမှီရန်အတွက် စောစောအိပ်ရာဝင်ကြသည်။

ကျီအဖေ အခုရက်ပိုင်း ကျီမိသားစုအကြီးဆုံးသားအကြောင်းစဥ်းစားပြီး သူ့ကို ပျိုးထောင်ရသည်က သစ္စာမရှိသည့် ဝံပုလွေတစ်ကောင်ကိုမွေးခဲ့ရသကဲ့သို့ ဖြစ်ကာ နှစ်အများကြီး အကျိုးမရှိဖြုန်းခဲ့မိသည်ဟု ခံစားရသည်။

တစ်ခါတစ်ရံ သူ့သားအရင်း ကျီကျိုးအ‌ကြောင်း စဥ်းစားမိသည်။ သူ့ကို အားအများကြီး စိုက်ထုတ်ထားရသဖြင့် သူအဆင်ပြေမည်ဟုသာ မျှော်လင့်ရသည်။ သို့သော် အခု သူစာမသင်နိုင်တော့ကာ အိမ်ထောင်ပြုရတော့မည့်ပုံပင်။

ကျီအဖေ ခြံအပြင်တွင် အရုဏ်မတက်ခင်ထိ ထိုင်ကာ တစ်ညလုံး လေအေးအတိုက်ခံ‌သည်။ သူမနက် အိပ်ရာထသောအခါ ခေါင်းမကြည်။

နောက် သူ ကျီကျိုးအခန်းသွားကာ ကျီကျိုးကို နှိုးလိုက်သည်။ ကျီကျိုး ကျီအဖေကို စိတ်မရှည်စွာကြည့်လိုက်ပြီး ကြမ်းတမ်းသည့် စကားတော့မ‌ပြောပေမယ့် မျက်မှောင်ကြုတ်ကာ "အဖေ အိပ်မပျော်ရင်လည်း ဘာလို့ကျွန်တော့်ကို နှိုးတာလဲ?"

"မင်း ကျောင်းမသွားဘူးလား? အိမ်အလုပ်နေ့တိုင််းလုပ်ပြီး ဘာဖြစ်မှာလဲ? တက္ကသိုလ်သွားတက်" ကျီကျိုး တက္ကသိုလ်တက်ကာ သူတို့ဘိုးဘေးများကို ဂုဏ်ယူနိုင်စေရန် ကျီအဖေ မျှော်လင့်နေတုန်းဖြစ်သည်။

ကျီကျိုး အထက်တန်းကျောင်း စသွားကတည်းက သူ စာသင်ရာတွင် မသင့်တော်ဟု ခံစားလာရသည်။ သို့သော် စာသင်ခြင်းရဲ့အကျိုးကို သူသိ၍ ဆက်‌သင်နေခဲ့ခြင်းဖြစ်သည်။

"ဒါဆို ကျွန်တော် မနက်ဖြန် ကျောင်းသွားလိုက်မယ်" ကျီကျိုး တစ်ယောက်ကို သူ့အစားခွင့်တိုင်ခိုင်းထားကာ ထိုအချိန်တွင် ကျီနန်ဖုန်းစိတ်ကြည်ပြီး ပိုက်ဆံထုတ်‌ပေးရန် အလုပ်ကူလုပ်မည်ဟု တွေးထားသည်။

သူ ကျီနန်ဖုန်းကို ရက်အများကြီး ကူညီပေမယ့် ဘာအကျိုးအမြတ်မှမရကာ အလုပ်လည်းအရမ်းပင်ပန်းသည်။

ကျီကျိုး မနက်စာမစားဘဲ ကျီနန်ဖုန်းကို သွားရှာလိုက်သည်။ တံခါးကိုသော့ခတ်ထားကာ တစ်မိသားစုလုံး ဘယ်သွားသည်မသိပေ။ ကျီကျိုး တံခါးခေါက်ရင်း အထဲကြည့်ကြည့်ရာ ခြံထဲတွင်ဘာမှမတွေ့။

ကျီကျိုး အနည်းငယ် စိတ်တိုသွားကာ ကျီနန်ဖုန်းအပြင်ထွက်သွားသည်ထင်၍ သူ နောက်မှ ပြန်လာမည်တွေးလိုက်သည်။

သူ လက်ကို အိတ်ကပ်ထဲ ထည့်လိုက်သည်။ သူတို့ အိမ်မှာ မရှိ၍ သူ အလုပ်သွားစရာမလိုပေ။ သူအိမ်ပြန်ကာ ခဏအိပ်ပြီးမှ လယ်ထဲအလုပ်သွားလုပ်လျှင် သူတို့ထိုအချိန်လောက် ပြန်လာလောက်၍ ထိုအခါမှ သူ ဟန်ဆောင်နိုင်သည်။

ကျီကျိုး ပြန်ရောက်ပြီး လှဲရာ အိပ်မောကျသွားသည်။ ရာသီဥတုက အတော်အေး၍ အိပ်ရသည်က အလွန်ဇိမ်ရှိသည်။ သူ သက်တောင့်သက်သာ အိပ်မောကျနေပေမယ့် တခြားသူများ အဆင်မ‌ပြေကြပေ။

ကျီအဖေနှင့် ကျီအမေ မနက်စောစော အလုပ်သွားသောအခါ ရွာသားများ သူတို့ကို ဆွဲခေါ်၍ ပြောကြသည်။ "မင်းတို့ဒုတိယသား ထွက်သွားတော့ မင်းတို့ကို ပိုက်ဆံအများကြီး ထားခဲ့တယ်မလား?"

ကျီနန်ဖုန်း ထွက်သွားသည်ကြား၍ သူတို့ ကြောင်သွားကြသည်။ သူတို့ဘာမှမသိကာ အခုတလော ကျီနန်ဖုန်းအကြောင်းစဥ်းစားရန်ပင် အချိန်မရှိခဲ့ချေ။

ကျီအဖေ ကျီနန်ဖုန်း သူ့ကို လာတွေ့သည်ကို စောင့်နေပေမယ့် ကျီနန်ဖုန်းမလာ။ သူလည်း မိသားစုကိစ္စများကြောင့် ကျီနန်ဖုန်းကို ‌မတွေးမိပေ။

ကျီအဖေ စိတ်လှုပ်ရှားသွားကာ ကောက်ရိုးဦးထုပ်ဆောင်း၍ ကျီနန်ဖုန်းကို သွားရှာလိုက်သည်။ သို့သော် အိမ်တွင် တစ်ယောက်မှမရှိပေ။ ထို့ကြောင့် ကျီအဖေ စစ်တပ်ထဲတွင် သူ့ကို သွားရှာရန်တွေးလိုက်သည်။

ကျီအဖေကို အဖွဲ့ခေါင်းဆောင်တားလိုက်သည်။ "ခင်ဗျားဘာလုပ်နေတာလဲ? ကလေးက အလုပ်ပြန်သွားပြီ။ စစ်တပ်ထဲသွားရှာတာ တခြားသူတွေအလုပ်ကို နှောင့်နှေး‌စေတာမလား? "

"အ‌ဖွဲ့ခေါင်းဆောင်။ သူက ကျွန်တော့်သားပါ။ သူက သူ့ဇနီးကို ဘာမှမပြောဘဲ ခေါ်သွားတယ်။ အခုသူလုပ်တဲ့ပုံစံနဲ့ ကျွန်တော့်မယားပါသား ဘာကွာတော့လို့လဲ?" ကျီအဖေ ကျီမိသားစုအကြီးဆုံးသားအကြောင်းတွေးမိကာ ဒေါသထွက်နေသည်။

"ခင်ဗျားပြောတာကြည့်ဦး။ ဒုတိယကလေးက ခင်ဗျားအပေါ် ကောင်းတာ။ ခင်ဗျားဖို့ ပိုက်ဆံအများကြီးမချန်ထားခဲ့ပေမယ့် ခင်ဗျားကို နှစ်တိုင်း ပိုက်ဆံတော့ပို့ပေးမယ် ပြောခဲ့တယ်" အဖွဲ့ခေါင်းဆောင် ထူနေသောစာအိတ်အဝါရောင်ကို ထုတ်လာသည်။

ကျီအဖေ တခါတည်းဖွင့်ကြည့်ချင်ပေမယ့် တစ်ယောက်ပြီး‌တစ်ယောက်ပြီး သူတို့ကို ကြည့်နေ၍ သူ စာအိတ်ကို ယူလိုက်ပြီး သူ့လက်ကြား ထားလိုက်ကာ ချက်ချင်းပြုံးလိုက်သည်။

ကြည့်စရာ ဘာမှမရှိတော့၍ လူတိုင်း ပြန်ကြသည်။ ကျီအဖေ အိမ်ကို ဖြည်းဖြည်းချင်းပြန်ကာ အိမ်ရောက်သောအခါ တံခါးပိတ်လိုက်သည်။

နောက်အခန်းထဲပုန်းကာ စာအိတ်ကို ဖွင့်ကြည့်သည်။ အထဲတွင် ဆယ်ယွမ်တစ်ရွက်သာရှိသည်။ အပြင်တွင် ထူနေသည်ဟု ထင်ရသည်က အထဲတွင် စာရွက်များရှိ၍ဖြစ်သည်။

ကျီအဖေ စာရွက်ကိုထုတ်ပြီး စာကို ဖတ်လိုက်သည်။ ထိုစာကို ချူယောင်းရေးထားခြင်းဖြစ်သည်။

ချူယောင်း မနေ့ညက တွေးကြည့်ရာ ကျီအဖေ သူတို့ကို မလွှတ်ပေးလောက်ပေ။ သူတို့ကိုသာ မှီသွားလျှင် ဘူတာမှာဖြစ်ဖြစ် ဘယ်မှာဖြစ်ဖြစ် သူတို့ မလွတ်‌နိုင်လောက်။

အခုခေတ်အချိန်တွင် ကျေးဇူးသိတတ်သည်က အရေးအကြီးဆုံးဖြစ်သည်။ သို့သော် မိဘများ ကောင်းသည်မကောင်းသည်ကို ဘယ်သူမှ ဂရုမစိုက်ကာ ကလေးများ မိဘအပေါ် ကောင်း‌မကောင်းကိုသာ ဂရုစိုက်ကြသည်။

ထို့ကြောင့် ကျီနန်ဖုန်းနှင့် ဆွေးနွေးပြီးနောက် သူမ ကျီအဖေကို ခြိမ်းခြောက်ရန် ဆုံးမလိုက်သည်။ ဆယ်ယွမ်ပေးသည်ကတော့ ချူယောင်း၏ စဥ်းစားပေးမှုဖြစ်သည်။

ကျီအဖေ စာအိတ်ကိုဖွင့်လျှင် ဆယ်ယွမ်ကို လိုချင်မလား မလိုချင်ဘူးလား? အလုပ်သမားတစ်ယောက်လစာက တလမှ ယွမ်၂၀ ၃၀ဖြစ်သည်။ ထို့ကြောင့် ဆယ်ယွမ်က လဝက်စာလစာနှင့် ညီမျှသည်။ သို့သော် ကျီအဖေ လွယ်လွယ်နှင့် မကျေနပ်နိုင်ပေ။

သူ အရင်က လတိုင်း ကျီနန်ဖုန်း ပို့ပေးသည့် ဆယ်ဂဏန်းမျှသော ယွမ်ကိုရ၍ စုလိုက်လျှင် အများကြီးဖြစ်သဖြင့် ဒီဆယ်ယွမ်က သူ့ကို မကျေနပ်စေနိုင်။

သို့သော် ကျီအဖေ လူရှေ့ ဖွင့်ဖောက်မကြည့်ခဲ့ပေ။ သူ ဒီရောက်မှ ဖွင့်ကြည့်ပြီး ဒေါသတကြီး ပိုက်ဆံကို လွှတ်ပစ်လိုက်သည်။ နောက်ဆုံး ဆယ်ယွမ်ကလည်း ပိုက်ဆံဖြစ်၍ အများကြီး ဝယ်ရနိုင်သဖြင့် သူပြန်ကောက်လိုက်သည်။

ကျီအဖေ အလွန်ဒေါသထွက်၍ ကျီကျိုးကို တစ်ဖန်သွားနှိုးပြန်သည်။ အိပ်မောကျပြီးမှ ကျီအဖေကြောင့် ဒီနေ့တွင် နှစ်ကြိမ်ထရသဖြင့် သူ စိတ်မရှည်စွာ သူ့ဆံပင်ကို ကုတ်လိုက်သည်။ "အဖေ ကျွန်တော့်ကို မအိပ်ခိုင်းတော့ဘူးလား? ကျွန်တော်မနက်ဖြန် ကျောင်းသွားရမှာ။ ကျွန်တော်အိပ်‌ဖို့ရော အချိန်ရှိပါတော့မလား?"

ကျီကျိုး အတောမသတ်စွာ ညည်းညူနေသည်။ "အဖေ အရမ်းအားနေရင်် လယ်ထဲ အလုပ်သွားလုပ်လို့မရဘူးလား? ကျွန်တော့်အမေ တစ်ယောက်တည်းလုပ်တာနဲ့ ကျွန်တော်တို့ ဘာစားလို့ရမှာလဲ?..."

ကျီကျိုး ညည်းတွားလို့မပြီးခင် ကျီအဖေ ဝင်ပြောလိုက်သည်။ "မင်းဒုတိယအကိုနဲ့ ဒုတိယမရီး ထွက်သွားပြီ..."

"အဖေ၊ အဖေ ဘယ်လိုမျိုးဖြစ်နေလဲ သိလား?....အဖေ ဘာပြောလိုက်တာ။ သူတို့ဘယ်သွားလို့လဲ?" ကျီကျိုး ရုတ်တရက် ကိစ္စ၏ ပြင်းထန်မှုကို သိသွားကာ အိပ်ရာမှ မြန်မြန်ထပြီး အဝတ်ဝတ်သည်။

" စစ်တပ်ကို ပြန်သွားတာ။ မင်းအိပ်နိုင်သေးရင်လည်း ဆက်အိပ်...." ကျီအဖေ ပြောပြီး ထွက်သွားသည်။

ကျီကျိုး အခု အလွန်နိုးကြားနေကာ အိပ်ဖို့မဆိုထားနှင့် အခုချက်ချင်း ကျီနန်ဖုန်းဘေးနား ပျံသွားနိုင်သည်ဟု မျှော်လင့်သည်။ နောက် သူ ချူယောင်း အိမ်အမြန်ပြေးသွားသောအခါ တံခါးက သော့ခတ်ထားတုန်းဖြစ်သည်ကို တွေ့လိုက်သည်။

သူ နံရံကနေ ‌ကျော်တက်၍ ဝင်လိုက်သည်။ အထဲမှ တံခါးလည်း သော့ခတ်ထားသည်။ သူ ကန်ဖွင့်လျှင်တောင် အထဲတွင် ဘယ်သူမှ မရှိ‌တော့ပေ။ သူ အခု နှလုံးသားအေးစက်နေသည်။ သူ ရက်အများကြီး လုပ်ခဲ့သည်မှ ဘာမှအရာမထင်ခဲ့ပေ။

သူ့ထက် အခြေအနေဆိုးသည်က ကျီအဖေဖြစ်သည်။စာထဲတွင် ချူယောင်း ကျီ‌အဖေ သူတို့ကို ပြသာနာလာရှာပါက ကျီကျိုး လက်ထပ်ဖို့ကိစ္စကို မစဥ်းစားတော့ရန် သူမ သေချာပေါက် ပြသာနာရှာမည်ဟု ရေးထားသည်။

ဒါ‌ကြောင့် ကျီအဖေ သူတို့ကို လိုက်ရှာမည့်အကြံကို လက်လျှော့လိုက်သည်။ ချူယောင်းနှင့် တခြားသူများ ဤအကြောင်းများကို မသိတော့ချေ။

ကျီနန်ဖုန်းနှင့် ကျီယွမ် သူတို့အထုတ်များနှင့်ရှေ့က လျှောက်သည်။ ချူယောင်းက လီထောင်းဟွာနှင့် ကလေးများနှင့် နောက်ကလျှောက်သည်။

ချူယောင်း ‌မ‌ပြောဘဲမနေနိုင်ပေ။ "ညီမက ဒီလောက်ထိဗိုက်ကြီးနေပြီ။ ဘာလို့ထွက်လာတာလဲ?"

"အစ်မတို့ကို လိုက်ပို့ဖို့လေ။ ယောင်းမက အဲ့ကို သွားတော့မှာ..." အစက လီထောင်းဟွာ စာရေးမည်ဟု တွေးထားပေမယ့် သူမ စာလုံးများများမသိ၍ မရေးနိုင်သဖြင့် စာရေးပို့ဖို့က မဖြစ်နိုင်။

"အစ်မ ‌ညီမကို စာရေးမှာပါ။ အဲ့အချိန်ကျ ကျီယွမ်ကို ညီမအတွက် စာရေးခိုင်းလိုက်‌ပေါ့ "ချူယောင်း သူမအတွေးများကိုမြင်သည်။

လီထောင်းဟွာခေါင်းညိတ်လိုက်သည် ‌"ဟုတ်ပြီ"

"ညီမ ကလေးမွေးရင် အစ်မကို ပြောရမယ်နော်။ အမမလာနိုင်ရင်တောင် ကလေးဖို့ တစ်ခုခုပို့ပေးရမယ်" သူတို့နှစ်ယောက် အကြာကြီးစကားပြောနေကြသည်။

ရှေ့က အမျိုးသားနှစ်ယောက် အနည်းငယ် စိတ်လှုပ်ရှားလာ၍ ကျီယွမ် ဝင်ပြောလိုက်သည်။ "နောက်မှ ပြောတော့။ မရီး အခုမသွားရင် သူတို့ ရထားမမှီဘဲနေမယ် "

လီထောင်းဟွာ သိတတ်စွာ ခေါင်းညိတ်လိုက်သည်။ "ဒါဆို ယောင်းမဂရုစိုက်ရမ‌ယ်နော်။ အစ်မအားရင် ပြန်လာခဲ့နော်"

သူတို့နှစ်ယောက် နှုတ်ဆက်ပြီးသည့်နောက် ကျီနန်ဖုန်းနှင့် ချူယောင်း ကလေးများကို ရထားပေါ် ခေါ်သွားသည်။

အခုအချိန်တွင် ရထားက လူကြပ်သဖြင့် သူတို့အိပ်စင်ပါသည်ကို ဝယ်လိုက်၍ သူတို့လူအရမ်းမကြပ်တော့ပေ။

ချူယောင်း ရထားပေါ်ရောက်သည်နှင့် သူမ ကလေးများကို မေးလိုက်သည်။ "ကလေးတို့ ရေ‌သောက်ချင်လား?"

ကလေးများ ခေါင်းခါလိုက်ကြသည်။ သူတို့အားလုံး ရထားကို အသစ်အဆန်းဖြစ်နေ၍ အကုန်လိုက်ကြည့်နေပေမယ့် ပတ်မ‌ပြေးကြည့်ကြသဖြင့် ဒါက ချူယောင်းကို သက်တောင့်သက်သာဖြစ်‌စေသည်။

ကျီနန်ဖုန်း သူမကို အေးဆေးနေရန်ပြောပြီး "ကိုယ် သူတို့ကို ကြည့်လိုက်မယ်။ မင်းအိပ်လို့ရတယ်။ မင်းမနေ့ညက ကောင်းကောင်း အိပ်မပျော်ဘူးမလား?"

ဒါက ထူးဆန်းသည်ဟု ချူယောင်း ခံစားရသည်။ သူတို့တစ်ခန်းထဲ မအိပ်ဘဲ ဘာလို့သူက သိရသည်နည်း။

"မင်းညက ထပြီး မီးဖိုချောင်မှာ ပေါက်စီလုပ်တာ။ ကိုယ်မကြားဘဲ ဘယ်နေမလည်း" ကျီနန်ဖုန်း အစက သူမကို ကူညီချင်ပေမယ့် ဒီနေ့မှ ကလေးတွေကို ကူကြည့်‌ပေးမည်ဟု တွေးပြီး ပြန်ဆက်အိပ်လိုက်သည်။

"ရထားပေါ်မှာ ဘာမှစားစရာမရှိဘူး ပြီးတော့‌စျေးကြီးတယ်လို့ ကြားလို့ ကျွန်မ မနက်ထပြီး ‌ပေါက်စီလုပ်လိုက်တာ" ချူယောင်း ပေါက်စီလုပ်သည့်လက်ရာက သိပ်မကောင်းပေမယ့် အသားပေါက်စီဆိုလျှင် အသားပါ၍ အရသာရှိသည်။

ထို့ကြောင့် သူမ အသားပေါက်စီအချို့လုပ်ပြီး အများစုကတော့ အသီးအရွက်ပေါက်စီဖြစ်သည်။ အသားပေါက်စီများက အလွန်ထင်ရှားနေမည်စိုး၍ သူမ ပေါက်စီထပ်လုပ်ပြီး သကြားများဖြင့် ပေါင်းလိုက်သည်။ အခုရာသီဥတုက အလွန်မပူ၍ ရက်အနည်းငယ် ထား၍ရသည်။

အသားဆော့စ်က ကျီနန်ဖုန်း လွန်ခဲ့သောနှစ်ရက်က မြို့သွားဝယ်ထားကာ သူမ ကျန်သည်ကို သိမ်းထားရန်တွေးထားသည်။ သူမ ဒီနေ့မနက်ထိ ဒါကိုမမှတ်မိပေ။ သူမ ကြက်သားနှင့် သူမအစောပိုင်းက ခူး‌ထားသောမှိုကြော်လိုက်သည်။

"အစောက လင်ဇီးမှိုပြုတ်ထားတာကလည်း အရမ်းမွှေးတယ်။ ကျွန်မ အားလုံးယူလာတယ်။ ကျွန်မတို့ ပေါက်စီစားလို့ကုန်ရင် ခေါက်ဆွဲဖြူဝယ်ပြီး ရောလိုက်လို့ရတယ်" ချူယောင်း ‌ပြောပြလိုက်သည်။

"ကောင်းပြီ။ မင်းအဆင်ပြေသလိုလုပ်" ကျီနန်ဖုန်းခေါင်းညိတ်လိုက်သည်။ လင်ဇီးမှိုကို ဆီဖြင့်ပြုတ်ထားသည်က အလွန်အရသာရှိသည် သူတစ်နှစ်တစ်ကြိမ် စားချင်သည်။

ကလေးများ အသားပေါက်စီနှင့် ပေါက်စီအကြောင်းကြား၍ သူတို့အလွန်ဆာလောင်၍ ဗိုက်မှအသံထွက်လာသည်။

ချူယောင်း ပြုံး၍ပြောလိုက်သည်။ "အဒေါ်တို့ မနက်စာမစားရ‌သေးဘူးဆိုတော့ အသားပေါက်စီစားကြမလား? စောစောစားလိုက်တော့ ပေါက်စီမ‌ကောင်းတာမျိုးမဖြစ်တော့ဘူး"

ဒါကိုကြား၍ ကလေးများ‌ပျော်ရွှင်စွာ လက်ခုပ်တီးကြသည်။ "အဒေါ်က အရမ်းကြင်နာတာပဲ။ သမီး အသားပေါက်စီစားရတာကြိုက်တယ် "လီရွှယ်ရှင်း မျက်နှာနီရင်း ပြောလိုက်သည်။

ချူယောင်း အသားပေါက်စီ များများ မလုပ်ရသည့်အဓိက အကြောင်းပြချက်က အိမ်တွင် အသားများများမရှိတော့၍ ဖြစ်သည်။ လူတိုင်း တစ်ယောက် အသားပေါက်စီတလုံး စားလိုက်သောအခါ ပျောက်သွားသည်။

ကျီနန်ဖုန်း အသားပေါက်စိီမယူဘဲ "ကိုယ် ‌ရိုးရိုးပေါက်စီပဲစားတော့မယ်။ မင်းတို့ပဲ အသားပေါက်စီစားလိုက်ကြပါ"

ချူယောင်း သူ့ကို ရုပ်တည်နှင့်ကြည့်ပြီး "မြန်မြန်စား"

ချူကျောင်း အသားပေါက်စီကိုယူလိုက်ပြီး ကျီနန်ဖုန်းကို ကမ်းပေးလိုက်သည်။ "ယောက်ဖ၊ ‌အသားပေါက်စီတွေက အရသာရှိတယ်"

"ပေါက်စီတွေက အရသာရှိတယ်။ မြန်မြန်စားကြမယ်"

ကလေးများ တစ်ယောက်တည်း စားလေ့မရှိ၍ ကျီနန်ဖုန်း ခဏမျှ တုံ့ဆိုင်းပြီးနောက် အသားပေါက်စီကို ယူလိုက်သည်။

All Chapters