← Chapters

အခန်း (၈၁)

Vol. 6 Ch. 81

အခန်း (၈၁)

Vol. 6 Ch. 81

အမျိုးသမီး မကြာခင်နိုးလာကာ အိပ်ရာပေါ်ထိုင်ပြီး သန်းဝေနေသည်။ နောက်ဆုံး ထိုင်ရသည်မှာ ပျင်းလာ၍ ပြန်လှဲပြန်သည်။

တစ်ဖက်က ကလေးနိုးနေသည်ကို မြင်၍ သူမ မဖက်ချော့မြူခြင်းလည်းမရှိ။

ရထားပေါ် ၂ရက်ထိုင်ပြီး သူတို့ M မြို့သို့မရောက်မီ ချူယောင်းနှင့် ချင်ချွန်းမေ မကြာခဏ စကားပြောကြကာ သူတို့ဆက်ဆံရေးက ‌အတော်ကောင်းမွန်သည်။ သူတို့ Mမြို့ရောက်လျှင် မကြာခဏတွေ့မည်ဟု သ‌ဘောတူထားကြသည်။

ကျီနန်ဖုန်း အိပ်ရာပေါ်တွင် ခဏမှေး‌ပြီးကြည့်နေသည်။ သူတို့ ကလေးအများကြီး ခေါ်လာကာ ညဘက် သူခိုးများ လုသည့်သူများ များမည်စိုး၍ အရုဏ်တက်တွင် မျက်လုံးနှင့် လျှောက်ကြည့်သည်။

ကလေးများ အိပ်ရာတစ်ခုတည်းတွင် ဆော့ရင်း စကားလည်း တီတိုးပြောနေကြသည်။ ချူယောင်းနှင့် ချင်ချွန်းမေ ကလေးပျိုးထောင်သည့်အတွေ့အကြုံများ လဲလှယ်နေကြသည်။

ချူယောင်း ကလေးမမွေးရသေးပေမယ့် တခြားသူများနှင့် ကလေးပျိုးထောင်ရသည့်အကြောင်း ဆွေးနွေးနေသည်ကို သက်ပြင်းချနေရပေမယ့် သူတို့နှစ်ယောက် စကားလှဲလှယ်သည်က အလွန်‌အဆင်ပြေသည်။

သူတို့စကားပြောသည်ဖြစ်စေ ကလေးများဆော့သည်ဖြစ်စေ ကျီနန်ဖုန်းကို နှိုးမိမည်စိုး၍ အသံအလွန်တိုးသည်။ စင်တစ်ခုက လူ၆ယောက်ဆန့်သည်။

ချူယောင်း ခဏထိုင်ပြီးနောက် ပြောလိုက်သည်။ " အစ်မ အိမ်သာသွားမလို့ ညီမ ‌ကလေးတွေကို ကူကြည့်ပေးနိုင်မလား?"

ချင်ချွန်းမေ သဘောတူ၍ ချူယောင်း သူမကိုကျေးဇူးတင်လိုက်သည်။ ချူယောင်း တစ်ဖက်က အတွဲကို ကြည့်လိုက်ရာ သူတို့အခုမရှိ ကလေးပါ ခေါ်သွားသည်။

ချူယောင်း များများစားစား မတွေးတော့ဘဲ အိမ်သာသို့သွားလိုက်သည်။ သူမ မရောက်ခင် လူရိပ်နှစ်ခုကို တွေ့လိုက်သည်။ ရထားဟွန်းသံမြည်နေပေမယ့် ချူယောင်းစကားလုံးအနည်းငယ်ကိုတော့ ကြားရ‌သေးသည်။

ထိုစကားများကို ကြားပြီးနောက် ချူယောင်းချက်ချင်းပုန်းကာ သူတို့ပြောသည်ကို တိတ်တိတ်လေးနားထောင်လိုက်သည်။

" ဒီကလေးက ဝန်ပိတယ်။ ကျွန်တော် လှုပ်ရှားပြီးတာ တော်တော်ကြာနေပြီ။ Mမြို့မှာပဲ လုပ်လိုက်ပါလား?" အမျိုးသားအသံထွက်လာကာ အမျိုးသမီး သူ့ကို စိတ်မရှည်စွာ ကြည့်လိုက်သည်။

" ကျွန်မ ဆွေးနွေးပြီးသွားပြီ။ Mမြို့မှာ အများကြီးပေးချင်တဲ့ ချမ်းသာတဲ့မိသားစုတစ်ခုရှိတယ်" အမျိုးသမီး လက်၅ချောင်းထောင်လိုက်သည်။

"ယွမ်၅၀၀?" အမျိုးသားကျေနပ်သွားသည်။ ခုချိန်တွင်ကလေးအများကြီးရှိပြီး ကလေးများကို လာရောင်းသောလူများလည်းရှိ၍ စျေးများများမရချေ။

" ရှင် ဘာမဟုတ်တာ ပြောနေတာလဲ? ကျွန်မ ယွမ်၅၀၀နဲ့ရောင်းမလား? ကျွန်မတို့ သူ့ကို ရက်အများကြီးမွေးထားရတာ" ဒီအမျိုးသားက သုံးစားမရဟု အမျိုးသမီးခံစားရသည်။ သူက စျေးတောင်မခန့်မှန်းနိုင်ပေ။

"ဘယ်လောက်လဲ?" အမျိုးသား ကြီးကြီးမားမားမတွေးရဲ။ လက်ချောင်း၅ချောင်းအဓိပ္ပါယ်က "ယွမ်၅ထောင်လား?"

အမျိုးသမီး ခေါင်းညိတ်လိုက်သည်။ "ခဏသည်းခံလိုက်။ အဲ့လူတွေက မရိုးရှင်းဘူး။ ရန်သွားမစနဲ့။ ရောက်လို့ ပိုက်ဆံရပြီးရင် ပြန်လို့ရပြီ" အမျိုးသမီးတွေးကြည့်ရာ ယွမ်၅ထောင်က သူတို့အကြာကြီး နေရန်လုံလောက်သည်။

"ဒါက ကျွန်တော်‌ပြောရမှာပါ။ မင်းဒေါသကို ထိန်း။ ကျွန်တော်တို့ ပိုက်ဆံရပြီးပြီလား?" အမျိုးသားမျက်လုံးများက လောဘအပြည့်နှင့်ဖြစ်သည်။ သူ ကလေးကို သနားပေမယ့် ဒါကအပေါ်ယံမျှသာဖြစ်သည်။ သူတကယ် ကလေးကို သနားပါက အစတည်းက ပြန်ပေးဆွဲမည်မဟုတ်ပေ။

အမျိုးသမီးနှင့် အမျိုးသားဆက်ပြောနေပေမယ့် သူမကို တွေ့သွားမည်စိုး၍ ချူယောင်း ဆက်နားမထောင်ရဲတော့ပေ။ သူမပြန်ရောက်ပြီးနောက် ကျီနန်ဖုန်းကိုခေါ်ကာ တိုးတိုးပြောလိုက်သည်။

ကျီနန်ဖုန်း ခဏမျှတိတ်ဆိတ်ပြီးနောက် "ကလေးကိုယူပြီး ဘာမှမလုပ်နဲ့။ ကိုယ်လုပ်လိုက်မယ်" ကျီနန်ဖုန်း အမျိုးသမီးနှင့် အမျိုးသား ပြန်လာသည်ထိစောင့်ပြီး‌ ချူယောင်းကို တစ်ချက်ကြည့်ပြီး နှစ်ယောက်သား ခေါင်းညိတ်အချက်ပြပြီးနောက် သူ ဦးစီးကို သွားရှာလိုက်သည်။

အမျိုးသမီးက သူအိမ်သာသွားသည်ဟု ထင်၍ သူမ ချူယောင်းအကြောင်းသိချင်၍ စကားစ‌ပြောလိုက်သည်။

"ညီမအမျိုးသားက ညီမကိုကောင်းကောင်းဆက်ဆံတာပဲ။ တစ်ညလုံးနေပြီး ညီမတို့ကို စောင့်ပေးတယ်။ မိုးလင်းမှ ‌ပြန်အိပ်တယ်" အမျိုးသမီးအသံက မနာလိုမှုအပြည့်နှင့်ဖြစ်ပေမယ့် မျက်လုံးများက ရွံ့နေသည်ကို ဖော်ပြနေသည်။

ချူယောင်းမြင်ပေမယ့် သူမကို ဆက်ပြောလိုက်သည်။ အချိန်ဆွဲထားချင်ပြီး သူတို့ ရှာတွေ့သွားမည်ကိုလည်း စိုးရိမ်သည်။

"ယောကျ်ားတွေက ကြာရင် ဂရုမစိုက်တော့ပါဘူး" ချူယောင်းတမင်တကာ ပြောလိုက်ကာ အမျိုးသမီး နားလည်စွာ ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်။ တချို့ယောကျာ်းတွေက အသုံးမကျဘဲ ဒေါသကြီးတယ်။ မိန်းမတစ်ယောက်အနေနဲ့ ကိုယ်ပိုင်အရည်အချင်းရှိရမယ်။ ဒါမှ ဘယ်သူမှ အထင်မသေးရဲမှာ" အမျိုးသမီး ဒေါသထွက်စွာပြောလိုက်သည်။ သို့သော် ဒီဒေါသက သူမမျက်နှာချင်းဆိုင်တွင်ထိုင်နေသောအမျိုးသားပေါ် မဟုတ်ပေ။

သူမဘဝက အံ့သြဖွယ်ဟု အမျိုးသမီးခံစားရသည်။သူမငယ်စဥ်က အိမ်ထောင်ကျပြီး မြို့သို့သွားခဲ့သည်။ သူမ ပျော်ရွှင်စွာနေနိုင်မည်ဟု ထင်ခဲ့ပေမယ့် အချိန်ကောင်းများ ကုန်လွန်ပြီးနောက် ဒုက္ခရောက်မည်ဟု မထင်မှတ်ခဲ့ပေ။

ထိုနှစ်က ‌အမျိုးသမီး သူမက‌လေးကို‌ မွေးခဲ့ပေမယ့် သူမ လူဆိုးတစ်ယောက်နှင့်တွေ့ပြီး ကလေးက အသက်မရှင်။ မိသားစုကလည်း ခက်ခဲသွား၍ သူမအမျိုးသားက သူမကို ရောင်းလိုက်သည်။

သူမအရောင်းခံလိုက်ရသည့်သူက မုဆိုးဖိုတစ်ယောက်ဖြစ်ပြီး သူမကို မကြာခဏမာန်‌သည် ရိုက်သည်။ တစ်ခါတစ်ရံ သူမ လအများကြီး အရိုက်ခံရ၍ အိပ်ရာကပင်မထနိုင်။ သူမ အသက်မရှင်နိုင်လောက်ဟု အမြဲတွေးခဲ့သည်။

နောက် သူမ အခုသူမရှေ့က အမျိုးသားနှင့် ခိုးပြေးခဲ့သည်။ သူတို့နှစ်ယောက် ထွက်‌ပြေးသွားပြီးနောက် သူတို့ဘာအစွမ်းအစမှ မရှိ စားသောက်နေထိုင်ရေးအတွက်လည်း ပိုက်ဆံလုံးဝမရှိ၍ သူတို့နှစ်ယောက် ကလေးခိုးပြီး ရောင်းသည်ကို စလုပ်သည်။

ဒါကို ကြားပြီးနောက် ချူယောင်း သူမကို မသနားပေ။ ကလေးများကို ခိုးပြီး ရောင်းသည်က အလွန်ယုတ်မာသည်ဖြစ်ပြီး သူမဘဝက ဆိုးရွားနေလျှင်တောင် မစာနာနိုင်။ ချူယောင်း အခု ရွေးချယ်စရာမရှိဘဲ သူမကိုစကားဆက်ပြောနေရသည်။

"ညီမက ကြင်နာတဲ့မိန်းကလေးလို့ အစ်မမြင်လို့ အစ်မ ညီမကို စကား‌ပြောတာ"

"တကယ်က ညီမက မဖော်ရွေပါဘူး။ ညီမတို့စတွေ့တဲ့နေ့တင် ရဲစခန်းရောက်တော့မလို့" ချူယောင်း ပြုံး၍ ‌ပြောလိုက်သည်။

"ညီမပြောတာကြည့်ဦး။ အဲ့ဒါက နားလည်မှုလွဲလို့ဖြစ်တာမလား?" အမျိုးသမီး အတင်းပြုံး၍ ပြောလိုက်သည်။

" ဒါနဲ့ ညီမအမျိုးသားက ဘာလုပ်တာလဲ? သူက ထူးခြားတယ်လို့ အစ်မမြင်တယ်။ သာမန်လူမဟုတ်လောက်ဘူး" အမျိုးသမီး ချူယောင်းကို သတိထားကြည့်ပြီး ဤစကားများကို ပြောလိုက်သည်။

ချူယောင်း သူမကို အံသြစွာ ကြည့်လိုက်ပြီး "ဘယ်လိုဖြစ်နိုင်မှာလဲ? ညီမတို့က ရွာမှာ လယ်စိုက်တာပါ"

အမျိုးသမီး စိုးရိမ်နေ‌သေး၍ ကလေးများကို ကြည့်ပြီး "ညီမက လယ်အလုပ်လုပ်တယ်ဆိုရင် ဒီကလေးတွေကို ဘယ်ခေါ်သွားမလို့လဲ?"

"မိသားစုကဆင်းရဲတော့ ညီမ ကလေးအားလုံးကို ‌ကျောင်းပို့ချင်ပေမယ့် ညီမ ပိုက်ဆံတကယ်မတတ်နိုင်လို့ ကလေးတွေကို အမျိုးတွေဆီ လိုက်ပြတာပါ"

ချူယောင်း ဒါကို ပြောလိုက်သောအခါ အမျိုးသမီး သူမကို စကား‌မပြောချင်တော့ပေ။ သူမက ဆင်းရဲပြီး အမျိုးတွေဆီ သွားလည်ရသော သူတစ်ယောက်ဖြစ်၍ ကိုယ်ပေါ်တွင် ပိုက်ဆံတစ်ပြားမှ မရှိလောက်ဟု တွေးလိုက်သည်။

မကြာခင် ရထားက ဘူတာတစ်ခုတွင် ရပ်ပြန်သည်။ မိန်းကလေးတစ်ယောက် တက်လာကာ သူမက တက်ကြွနေသည်။ အပေါ်စင်တွင် နေရမည်ဟု ထင်လိုက်ပေမယ့် အခု သူမ အနည်းငယ် စိတ်ပျက်သွားသည်။ သို့သော် သူမ စကားတက်တက်ကြွကြွ ပြောနေတုန်းဖြစ်သည်။

" ကလေးမ ဘယ်သွားမလို့လဲ?" မိန်းကလေးက ‌ကောင်းကောင်းမွန်မွန် ဝတ်စားထားပြီး တစ်ယောက်တည်းဖြစ်သည်ကို အမျိုးသမီးမြင်သည်။

"သမီး ကျောင်းသွားမလို့" မိန်းကလေးနာမည်က ရွှမ်ယွင်ဖြစ်ပြီး ဒီနှစ် အသက်၁၉နှစ်ရှိပြီဖြစ်သည်။

"ကောလိပ်ကျောင်းသားတွေက ကောင်းပါတယ်။ အဒေါ်လည်း အဒေါ့်သား နောက် တက္ကသိုလ်တက်နိုင်ဖို့မျှော်လင့်တယ်" အမျိုးသမီး အမျိုးသားလက်ထဲက ကလေးကို ညွှန်ပြကာ သူမလေသံက ကောလိပ်ကျောင်းသားတွေကို အားကျသည့်အသံအပြည့်နှင့်ဖြစ်သည်။

အမျိုးသမီးက အလွန်ကြင်နာသည်ဟု ရွှမ်ယွင်ထင်ကာ နှစ်သိမ့်ပေးလိုက်သည်။ "အဒေါ်၊ ဒါက ဖြစ်နိုင်ပါတယ်"

ချူယောင်း ခဏမျှတွေးကြည့်ပြီးနောက် ရွှမ်ယွင်ကို စကား‌စပြောလိုက်သည်။ "ညီမ ဘယ်ကျောင်းကိုသွားတာလဲ ဘယ်ဘာသာကို အဓိက လေ့လာတာလဲ? Mမြို့မှာ လည်စရာနေရာ အများကြီး ရှိတယ်မလား?"

ရွှမ်ယွင် တစ်ခုပြီး တစ်ခု‌ပြောပြသည်။ ချူယောင်း အားစိုက်၍ နားမထောင်ပေ။ ရွှမ်ယွင်အာရုံပြောင်းအောင်သာ လုပ်ချင်သည်။ အမျိုးသမီးက ရွှမ်ယွင်ကို မိတ်အရင်ဖွဲ့၍ အကြောင်းပြချက်ရှိရမည်။

သူမ ဒီမိန်းကလေးကို လက်မလျှော့လောက်ပေ။ အမျိုးသမီး တကယ် ထိုအတွေးရှိသည်။ ချင်ချွန်းမေက ကြည့်ကောင်းပေမယ့် ကလေးများကို ပျိုးထောင်ထားရ၍ အရမ်းငယ်သည့်ပုံမပေါ်တော့။

အမျိုးသမီး ချင်ချွန်းမေနှင့် သမီးကို လှည့်ခေါ်သွားချင်ပေမယ် ချင်ချွန်းမေက စျေး‌ကောင်းမရလောက်ပေ။ သို့သော်အမျိုးသမီး ချင်ချွန်းမေကို အရံထားထားသေးသည်။ ချူယောင်း‌ကတော့ ဘေးတွင် အရပ်ရှည်ပြီး သန်မာသည့်အမျိုးသားရှိ၍ သူမ ဘာမှမလုပ်ရဲပေ။

ချူယောင်း ကလေးများကို ခေါ်သွားရန် အခွင့်အရေးရှိမလားဟု သူမ စောင့်ကြည့်ရန်တွေးထားသည်။ သူမလက်ထဲက ကလေးကို ရောင်းရန်တွေးထားသော်လည်း လူတွေက ဘယ်တော့မှ မကျေနပ်နိုင်၍ သူတို့ ယွမ် ၅ထောင် ရနိုင်သဖြင် ကလေးများပိုခေါ်သွားလျှင် ပိုက်ဆံ၂ဆ ရနိုင်လောက်သည်။

သို့သော် အခု သူမ ဒီမိန်းကလေးကို မြင်လိုက်၍ ငယ်ငယ်ရွယ်ရွယ် ကောလိပ်ကျောင်းသူက ထိုကလေးထက် စျေးကောင်းပိုရလောက်သည်။ အမျိုးသမီး ဒါကို တွေးမိ၍ ပိုက်ဆံကို မတွေးဘဲမနိုင်ပေ။

ချူယောင်းလည်း ဒါကို သတိထားမိ၍ သူမ ရွှမ်ယွင်နှင့် ရင်းနှီးအောင် စကားပြောနေလိုက်သည်။

ရွှမ်ယွင် တစ်ခါမှ ယုတ်မာသည်ကို များများမတွေ့ဖူး၍ လူတိုင်းမေးလျှင် ပြန်ဖြေသည်။

"သမီးက အရမ်းသနားဖို့ကောင်းတယ်။ အဒေါ် သမီးဖို့စားစရာတစ်ခုပေးမယ်" အမျိုးသမီး သူမရင်ဘတ်ကနေ အသားမုန့်ထုတ်လာသည်။ အသားမုန့်က အကြာကြီး သိမ်းထားသည်နှင့်မတူကာ အရသာရှိသည့်ပုံပေါ်သည်။

ရွှမ်ယွင် အမျိုးသမီး၏ ရိုးသားသည့်မျက်လုံးများကို ကြည့်ပြီး ခဏမျှငြင်းပီးနောက် ယူရန်ပြင်လိုက်သည်။

ချူယောင်းလည်း သူမ နေရာလွတ်ထဲ သိမ်းထား‌သော တစ်ခုတည်းသော ပဲပေါက်မုန့်ကို ဘယ်သူမှ သတိမထားခင် ထုတ်လိုက်သည်။ "အစ်မမှာလည်း ပေါက်စီတွေရှိတယ်။ ညီမ အမပေါက်စီ‌စားပါလား?"

ရွှမ်ယွင် ဘာဖြစ်သည်ကို နားမလည်။ သို့သော် တစ်ခုကိုပဲ ရွေးရင် ‌မ‌ကောင်း။ နှစ်ခုလုံးယူလျှင်လည်း သူမမစားနိုင်သဖြင့် သူမငြင်းလိုက်သည်။ "သမီးအခု မဆာသေးဘူး"

ချူယောင်းက သူမနှင့် ဘာလို့ပြိုင်နေသည်ကို အမျိုးသမီးနားမလည်ပေ။ "တစ်ချို့က အမျိုးတွေဆီပိုက်ဆံမရှိလို့ လာလည်တာ။ တခြားသူတွေရှေ့မှာ မျက်နှာပြစရာမလိုပါဘူး" အမျိုးသမီး ချူယောင်းကို အထင်‌သေးသည့်စကားပြောလိုက်သည်။

ချူယောင်းလည်း စိတ်မဆိုးပေ။ "အဒေါ်ကတော့ အရမ်းချမ်းသာမှာပဲနော်"

"အဒေါ်ချမ်းသာရင်တောင် သူစိမ်းတွေကို မ‌ပေးပါဘူး" အမျိုးသမီး ချူ‌ယောင်းကို မျက်စောင်းထိုးပြီးနောက် သူမအိပ်ရာပေါ်တက်ပြီး အိပ်ရန်ပြင်လိုက်သည်။ နောက်မှ ရွှမ်ယွင်နှင့် ရင်းနှီးအောင်လုပ်ရမည်ဟု တွေးလိုက်သည်။

ဒီအမျိုးသမီးအိပ်ရန်ပြင်သည်ကို မြင်၍ ချူယောင်းစိတ်အေးသွားသည်။ သူမလျှောက်‌ပြေးနေသည်ထက်စာလျှင် မျက်စိရှေ့တွင်စောင့်ကြည့်နေသည်က တော်သေးသည်။

All Chapters