အခန်း (၈၂)
Vol. 6 Ch. 82
ချူယောင်း စောင့်နေပေမယ့် ကျီနန်ဖုန်း ရောက်မလာသေးပေ။ အမျိုးသမီးနှင့်အမျိုးသား တစ်ခုခုရှာတွေ့မည်ကို စိုးရိမ်နေသည်။
သူတို့ အထုပ်သိမ်းကာ ရထားမှ ဆင်းရန်ပြင်လိုက်သည်။ ချူယောင်း မေးချင်ယောင်ဆောင်လိုက်သည်။ "အစ်မတို့ Mမြို့ရောက်မှ ဆင်းမှာမလား?" ဆင်ခြေတစ်ခုရှာပြီး ချူယောင်း စိုးရိမ်စွာ အထုပ်များကို ကြည့်လိုက်သည်။
သူမ ကလေးတွေကို ချင်ချွန်းမေကို ပေးထားပြီး ရထားက မြန်မြန်မရပ်ပေမယ့် နောက်ဘူတာ ရောက်တော့မည်ဖြစ်၍ သူမ သူတို့ကို တားရန် နည်းလမ်းတစ်ခု ရှာရမည်။
" ရထားက မြန်မြန်မရပ်သေးပါဘူး၊ အစ်မ၊ မြန်မြန်ပြန်ထိုင်ပါဦး။ ညီမတို့စကားပြောကြမယ်" ချူယောင်း ကလေးတွေကို ချင်ချွန်းမေဘေးပို့ထားပြီး သူမဘေးက နေရာကို ဖယ်ထားပေးသည်။
အမျိုးသမီး ရွေ့နေသောရထားကို ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။ သူမ ချူယောင်းကို မကြိုက်ပေမယ့် ချူယောင်းက ကြည့်ကောင်းကာ ဝပေမယ့် အခုချိန်တွင် ဒီလို ဝသည့်လူကို ကြိုက်သည့်လူရှိကာ တစ်ချက်ကြည့်လိုက်ရုံနှင့် သန္ဓေအောင်နိုင်သည်ဟု မြင်နိုင်သည်။
ချူယောင်း အမျိုးသမီးနှင့် အကြာကြီးပြောနေပြီး အမျိုးသမီး အမြဲစိတ်လှုပ်ရှားနေသည်။ သူမ ဘာလို့ နောက်ဘူတာဆင်းချင်သည်ကို ပြန်တွေးနေသည်။ သူမ နောက်ဘူတာတွင်ဆင်းပြီး နှစ်ရက်လောက်နေပြီးမှ မြို့သို့သွားရန် လက်မှတ်ဝယ်မည် တွေးထားသည်။
အမျိုးသမီးက အမျိုးသားကို ကြည့်ပြီး အကြည့်နှင့် အချက်ပြလိုက်ကာ သူမကို စကားပြောနေသော ချူယောင်းကို လုံးဝလျစ်လျူရှုလိုက်သည်။
အမျိုးသားလည်း သူမအကြည့်ကို နားလည်၍ ကလေးကို ချီကာ ထွက်လိုက်သည်။ အမျိုးသမီးလည်းမတ်တပ်ရပ်ပြီး "အစ်မ အိမ်သာသွားဦးမယ်" နောက် သူမ လှည့်ပြီး နောက်ပြန်မကြည့်ဘဲ ထွက်သွားရန်ပြင်သည်။
ချူယောင်း သူမလက်ကို အမြန်ဖမ်းလိုက်ပြီး "ထပ်ပြောကြရအောင်။ ညီမ အစ်မအဝတ်တွေကို စိတ်ဝင်စားလို့"
အမျိုးသမီး ချူယောင်းလက်ကို ခါ၍ဖယ်ထုတ်ချင်ပေမယ့် သူမ ဘယ်လိုလုပ်လုပ်ဖယ်မရပေ။ ချူယောင်းအားက အလွန်သန်မာသည်။ "ငါ့ကို လွှတ်။ နင် နင့်တစ်ဘဝလုံး ဒီအဝတ်အစားတွေကို တတ်နိုင်မှာမဟုတ်ဘူး။ ဘာပြောစရာရှိလို့လဲ?"
" ဒါဆိုလည်း တခြားအကြောင်းပြောတာပေါ့။ ထိုင်ပါဦး" ချူယောင်း သူမကိုထိုင်ရန် ဆွဲလိုက်ပြီး အမျိုးသမီး အန္တရာယ်ကို ခံစားမိသည်။
သူမ ဖြောင့်ဖြလိုက်သည်။ "ဘာဖြစ်လို့လဲ? အစ်မ အိမ်သာပဲသွားမှာပါ!" အမျိုးသမီးက သူမ ဘာမှမသိသည့်ပုံနှင့်တူသည်။
ချူယောင်း ခေါင်းညိတ်လိုက်သည်။ " ညီမသိပါတယ်။ နောက်မှလုပ်ပေါ့" ချူယောင်း သူမကို ပြောစရာအကြောင်း များများစားစားမရှိတော့၍ သူမကို နေရန်အတင်းဖိအားပေးရန်ကိုသာ လုပ်နိုင်တော့သည်။
"ညီမ ဘာလုပ်နေတာလဲ? ညီမ အစ်မကို မလွှတ်ဘူးဆိုရင် အစ်မအော်လိုက်မယ် "အမျိုးသမီး အော်ရန်ပြင်စဥ် ချူယောင်း အားပိုထည့်လိုက်သည်။ "အစ်မအော်ရဲရင် အခုထက် ပိုနာမယ်"
ချူယောင်း ဒါကို အသံတိုးတိုးပြောပြီး အမျိုးသမီး အသံမထွက်နိုင်အောင် လုပ်လိုက်သည်။ ဒါက သူမ အရင်ဘဝက ကိုယ်ခံပညာလေ့ကျင့်စဥ်က အကြောနေရာများအကြောင်း သင်ခဲ့၍ ဝတ္ထုတွေထဲကလိုတော့ မကောင်းပေမယ့် ဒီအမျိုးသမီးကိုတော့ သင်ခန်းစာကောင်းကောင်းပေးနိုင်သည်။
အမျိုးသမီး မအော်နိုင်တော့၍ ချူယောင်းကို ကြောက်လန့်စွာကြည့်လိုက်သည်။ သူမ နေရာတွင်သာ ကြောင်ပြီး ထိုင်နေကာ သူမလှုပ်မိလျှင် အသက်ထွက်မည်စိုး၍ မလှုပ်ရဲပေ။
အမျိုးသား သူ့လက်တွင် ကလေးကို ချီပြီး စောင့်နေပေမယ့် အမျိုးသမီး ဘယ်တော့မှမလာခဲ့ပေ။ တစ်ခုခုဖြစ်နေမှန်း သူနားလည်လိုက်၍ ဆက်မစောင့်ရဲတော့။ သူ ကလေးကို ချီပြီး တခြားအခန်းတွေကို သွားရာ ခုံမာမာတွေရှိသော အခန်းသို့ ရောက်သွားပြီး လူအပြည့်နှင့်ဖြစ်သော်လည်း အုံတော့အုံမနေပေ။
မကြာခင် ကျီနန်ဖုန်း တစ်ခုခုဖြစ်နေလားကြည့်ရန် လူတွေခေါ်လာသည်။ ကျီနန်ဖုန်း ချူယောင်းဆီတခါတည်း လူတွေကိုခေါ်မသွားသည်က ထိုပြန်ပေးဆွဲသူများတွင် အကူများရှိနေမည်စိုး၍ဖြစ်သည်။
အမျိုးသမီးဖက်တွင် သိပ်အန္တရာယ်မများပေ။ သူမ အကူခေါ်လာလျှင်တောင် အလွန်သိသာနေမည်စိုး၍ သွားမည့်နေရာရောက်မှ တွေ့မည်ဖြစ်သည်။
ကျီနန်ဖုန်း လူတွေကို ဦးဆောင်ခေါ်သွားပြီး သံသယဖြစ်ဖွယ်ရာ လူမတွေ့၍ အမျိုးသားပုန်းနေသောနေရာသို့ သွားလိုက်သည်။ အမျိုးသားက သူ့ကို မြင်၍ စိတ်တည်ငြိမ်အောင်ထားကာ လက်ထဲကကလေးကို ဘေးက အမျိုးသမီးကို ပေးလိုက်သည်။ "ညီမ အစ်ကို့အစား ကလေးကို ခဏချီထားပေးပါလား? အကိုအိမ်သာသွားမလို့"
ဘေးက အမျိုးသမီးက ငယ်ငယ်ရွယ်ရွယ်မိန်းကလေးဖြစ်ပြီး ကလေးက အလွန်သနားစရာကောင်းသည်ကို မြင်၍ ခေါင်းညိတ်လိုက်သည်။ "ရပါတယ်"
ဒီအမျိုးသားကို ကျီနန်ဖုန်း သတိထားမိ၍ ချက်ချင်းသူ့နောက်က လိုက်သည်။ အမျိုးသား ကြွက်တစ်ကောင်ကဲ့သို့ အလွန်လျှင်မြန်စွာပြေးသည်။
ကျီနန်ဖုန်းနောက်က ဦးစီး အမျိုးသားထိုင်နေခဲ့သောနေရာလာပြီး ထိုနေရာကလူတွေကို ကြည့်လိုက်သည်.ယ "မင်းတို့နဲ့ ခုနကလူ ဘယ်လိုပတ်သက်လဲ?" ဦးစီးက သူတို့က သေချာကြည့်၍ ထိုင်ခုံပေါ်ထိုင်နေသောသူများ စိတ်လှုပ်ရှားကာ တံတွေးအသာမျိုချရသည်။ သူတို့ ဘာဖြစ်သည်ကို မသိပေ။
အမျိုးသမီးငယ်က လက်ထဲက ကလေးကို ဦးစီးအားပေးလိုက်သည်။ " သူ ကျွန်မကို ဒီကလေးပေးခဲ့တာ"
ဦးစီ ကလေးကို ယူလိုက်ရာ ထိုလူများပြောလိုက်သည်။ " အဲ့ဒီလူက အိမ်သာသွားပီး ပြန်မလာတော့ဘူး"
ဦးစီး သူတို့၏ မိသားစုအခြေအနေကို မေးရာ ဘာပြသာနာမရှိမှ ကလေးကို ချီပြီး ထွက်သွားသည်။ ကျီနန်ဖုန်း အမျိုးသားကို ဖမ်းထားပြီး ဦးစီး သူတို့ကို ကြည့်ကာ နောက်ဦးစီးနှစ်ယောက်ခေါ်၍ အမျိုးသမီးကို သွားဖမ်းသည်။
ကျီနန်ဖုန်း လူတွေကို ခေါ်လာပြီးနောက် အမျိုးသမီးကို ဖမ်းခေါ်သွားကြသည်။ ချူယောင်း သူ့ဘေးထိုင်ကာ "ရှင်ဘာလို့ကြာနေတာလဲ?"
"အခြေအနေ ဘယ်လိုလဲ?" ဒါက အရမ်းအန္တရာယ်များသည်ဟု ကျီနန်ဖုန်း ခံစားရသည်။ ချူယောင်း အမျိုးသမီးကို သူမဘာသာချုပ်ထားသည်။
"ဘာဖြစ်လို့လဲ? ကျွန်မ ဆယ်ယောက်ပိုရှိလည်း..." သတိလက်လွတ် ကြွားပြီးနောက် ဆယ်ယောက်ရှိလျှင်တောင် သူမကိုမတားနိုင်ဟု ခံစားရသည်။
သူမ ကလေးတွေကို ကြည့်လိုက်ရာ သူတို့ကို ကြောင်ကြည့်နေကာ ဘာဖြစ်နေမှန်း နားမလည်ပေ။ ကလေးများသာ မသိသည်မဟုတ် ချင်ချွန်းမေနှင့် ရွှမ်ယွင်လည်း နားမလည်ချေ။ သူတို့နှစ်ယောက် နားလည်ပြီးသည့်နောက် ရွှမ်ယွင် ချူယောင်းကို အံ့သြစွာကြည့်လိုက်သည်။ "ဒါဆို အဲ့အဒေါ်က ညီမကို ခေါ်ချင်တာလား?"
ချူယောင်း ခေါင်းညိတ်လိုက်ရာ ရွှမ်ယွင်မျက်နှာ ကြောက်လန့်ကာ ဖြူစွတ်သွားသည်။ ချူယောင်း သူမအား ဒီကိစ္စကို မှတ်မိစေချင်ကာ နောက် သူစိမ်းများနှင့်များများစားစား စကားမပြောရန် မျှော်လင့်သည်။
ဒီနေ့ ချူယောင်း သူမကို စကားနည်းနည်းသာပြောလိုက်ပေမယ့် သူမ အကုန်ပြောပြ၍ ချူယောင်း မျက်မှောင်ကြုတ်ကာ "နောက် ပိုပြီးသတိထား"
ရွှမ်ယွင်နေရာတွင် ထိုင်ကာ စကားမပြောတော့။ ကြောက်လန့်ပြီးသည့်နောက် သူမ အိပ်ရာပေါ်လှဲကာ မလှုပ်ရဲပေ။
သူတို့အားလုံး ရထားပေါ်မှဆင်းမှ သူတို့ သက်တောင့်သက်သာဖြစ်သွားကြသည်။ ချူယောင်း ခုနကလေးအကြောင်း တွေးမိသွား၍" အဲ့ကလေးဘယ်မှာလဲ?"
"ကလေးကို နောက်ဆုံးဘူတာမှာ ဆေးရုံပို့လိုက်တယ်ကြားတယ်" ကျီနန်ဖုန်း ဦးစီးကို မေးကြည့်ရာ သူတို့ရဲတိုင်ပြီးသွားပြီကို သိ၍ သူ ဒီအကြောင်းစိတ်ထဲမထားတော့။
"သမီးမောင်လေးဘာဖြစ်နေလဲ သမီးမသိဘူး?" လီရွှယ်ရှင်းလူကြီးလေးကဲ့သို့ သက်ပြင််းချလိုက်သည်။
ချူယောင်း သူမခေါင်းကို ပွတ်ကာ "သမီးမောင်လေး အဆင်ပြေမှာပါ။ သူဆိုအခုအသက်က လအများကြီးရှိနေပြီ"
ချူယောင်း ပြောပြီးနောက် အတွေးတစ်ခု ဖျက်ခနဲဝင်လာကာ "အဲ့ကလေးလည်း လအနည်းလောက်ရှိနေပြီမလား?"
ကျီနန်ဖုန်း ချူယောင်းစကားကို နားလည်သည်။ သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ နောက်ဆုံး ကျီနန်ဖုန်း ဦးစီးကို ကလေးအခြေအနေမေးရန်သွားလိုက်သည်။
ဦးစီးက အမှန်အတိုင်းပြောပြသည်။ သူ ရဲကိုသာခေါ်လိုက်ပြီး ရဲက ကလေးကို ဆေးရုံခေါ်သွားကာ သူတို့ အသေးစိတ်ကိုတော့ မသိပေ။
ကျီနန်ဖုန်း မေးပြီး ပြန်ရောက်သောအခါ ကျီနန်ဖုန်း ချူယောင်းကို ကြည့်ပြီး ပြောလိုက်ရာ ချူယောင်း အရာအားလုံးနားလည်သွားသည်။ "ကျွန်မတို့ ရထားဆင်းပြီးရင် Yမြို့ပြန်သွားကြမယ်"
ကံကောင်းထောက်မစွာ ဘူတာနှစ်ခုကြား သိပ်မဝေးဘဲ ရထားဖြင့်အလွန်ဆုံး ၄ ၅မိနစ်သာကြသည်။ ၅နာရီကြာပြီးနောက် သူတို့ Mမြို့ရောက်သောအခါ ကျီနန်ဖုန်း နောက်ရထားလက်မှတ် တစ်ခါတည်းဖြတ်လိုက်သည်။
နောက် သူ ကလေးတွေကိုလည်း သူနှင့်ခေါ်သွားသည်။ ကျီရို၏ အငယ်ဆုံးသားကို လူများများမသိပေ။ ကျီနန်ဖုန်း ကလေးကို တခါမှမမြင်ဖူးကာ ချူယောင်း ထိုအချိန်က ကလေးကို သေချာမကြည့်လိုက်သဖြင့် သူမလုံးဝမမှတ်မိချေ။
လီရွှယ်ရှင်းနှင့် လီရွှယ်ရူသာ ကလေးနှင့် တစ်လနေပြီး ကလေးက ကြီးထွားပြီး ပြောင်းလဲသည်က မြန်သော်လည်း တစ်ခါမှ မတွေ့ဖူးသော သူတို့နှစ်ယောက်ထက်စာလျှင် လီရွှယ်ရှင်းနှင့် လီရွှယ်ရူတို့က တော်သေးသည်။
သူတို့ Yမြို့သို့ရောက်သောအခါ ကျီနန်ဖုန်း သူတို့ကို ရဲစခန်းတစ်ခါတည်း ခေါ်သွားသည်။ သူတို့ကို သေချာစစ်ဆေးပြီးနောက် ရဲ သူတို့ကို ဆေးရုံခေါ်သွားသည်။
လမ်းလျှောက်ရင်း ရဲ သူတို့ကို ပြောလိုက်သည်ယူ "သူက အာဟာရချို့တဲ့နေတာလို့ ဆရာဝန်က ပြောတယ်။ ဆေးရုံမှာ ရက်နည်းနည်းလောက် ထားဖို့လိုတယ်ပြောတယ်"
ကျီနန်ဖုန်း ခေါင်းညိတ်လိုက်သည်။ သူ ကလေးကို တွေ့ချင်သည့်စိတ်က ပိုပိုပြင်းထန်လာသည်။ ကလေးကို ဆေးရုံကုတင်ပေါ်တင်ကာ အာဟာရဖြည့်စွက်စာဆေးမျာထိုးပေးနေပေမယ့် ကလေးက မငိုကာ အလွန်လိမ္မာသည့်ပုံပေါ်သည်။
လီရွှယ်ရှင်း ရှေ့ထွက်ပြီး သူမ မောင်ဖြစ်နိုင်သည့်ကလေးကို ကြည့်လိုက်ရာ သူမမောင်မှန်း မသေချာ၍ သူမ တုံ့ဆိုင်းစွာပြောလိုက်သည်။ "သမီးမသိဘူး"
" သမီးမောင်လေးမှာ ထူးခြားတဲ့အမှတ်သားရှိလား?" ချူယောင်း သူမ ကြည့်ဖူးသော ဇာတ်ကားများအကြောင်းတွေးမိပြီး ဒါကို ပြောလိုက်သည်။
လီရွှယ်ရှင်း ခေါင်းခါလိုက်သည်။ " မရှိလောက်ဘူး"
" အစ်မ မှားပြောတာ။ အဘွား မောင်လေးရဲ့ခြေသည်းညှပ်တာ သူခြေဖဝါးကို သွေးထွက်အောင် ညှပ်မိလိုက်တယ်မလား? ခြေဖဝါးနောက်မှာ အမာရွတ်တစ်ခုရှိတယ်" လီအဒေါ် သူမမောင်ခြေဖဝါးမှ အသားတစ်စပါသည်အထိ ညှပ်လိုက်ပေမယ့် လီအဒေါ် သူတို့ လီဝေကို ပြန်မပြောရဲအောင် သူတို့ကို ခြိမ်းခြောက်ခဲ့သည်။
သူတို့ကို မပြောရန် ခြိမ်းခြောက်ထား၍ သူတို့ကြောက်ကာ အစက ဘာမှမပြောပေမယ့် နောက် သူတို့ လီဝေကို ပြောလိုက်သည်။ လီဝေ သူ့သားခြေဖဝါးကအမာရွတ်ကိုကြည့်လိုက်ရာ အနာကျက်နေသည်ကို တွေ့ပြီး အမာရွတ်သေးသေးသာကျန်၍ လီဝေ ဂရုမစိုက်ပေမယ့် လီရွှယ်ရူကတော့ ဒါကိုစိတ်ထဲ မှတ်ထားတုန်းဖြစ်သည်။
လီရွှယ်ရှင်း အခုမှ ဒါကို မှတ်မိ၍ ခေါင်းညိတ်လိုက်သည်။ "အဲ့လိုဟုတ်တဲ့ပုံပဲ"
ကျီနန်ဖုန်း ကလေးကို ပတ်ထားသောစောင်ကို ဖွင့်ကြည့်ပြီး ခြေချောင်းလေးတွေကို ကြည့်ရာ တစ်ချောင်းတွင် အမာရွတ်တစ်ခုရှိသည်။
သို့သော် ဒီတစ်ခုနှင့် ရဲစခန်းက သူတို့ကို ကလေးအမျိုးအရင်းဟု မသတ်မှတ်နိုင်၍ စစ်ဆေးစရာလိုသေးသည်။ ကျီနန်ဖုန်း သူ့ရှေ့က ကလေးကို ကြည့်သောအခါ စိတ်အေးသွားသည်။
ဒါက သူ့အစ်မကို ပေးထားသောကတိဖြစ်သည်။ ကလေးက ကျီနန်ဖုန်းကိုကြည့်ရင်း ပြုံးပြ၍ ကျီနန်ဖုန်းလည်း ပြန်မပြုံးဘဲမနေနိုင်ပေ။
သူတို့ ရွေးချယ်စရာမရှိဘဲ ရက်အနည်းငယ် စောင့်နေရသည်။ သို့သော် ကျီနန်ဖုန်း စစ်တပ်ကို သတင်းပြန်ပို့ရမည်ဖြစ်၍ ကြာကြာနေ၍ မရသောကြောင့် သူတို့နှစ်ယောက် တိုင်ပင်ကြသည်။
ကျီနန်ဖုန်း သတင်းပို့ရန် ကလေးတွေကို ခေါ်သွားပြီး ချူယောင်းက ဒီမှာကလေးကို စောင့်ကြည့်ပြီး ရဲစခန်းမှ စစ်ဆေးသည့်ရလဒ်ကို စောင့်မည်။
လီရွှယ်ရှင်းနှင့်လီရွှယ်ရူ အခုမှ သူတို့မောင်လေးကို ပြန်တွေ့၍ သူ့ကို အဖော်ပြုချင်ပေမယ့် ကျီနန်ဖုန်းက သူတို့အဒေါ် ကလေးတွေအများကြီးကို တစ်ခါတည်းဂရုမစိုက်နိုင်ဟု ပြော၍ သူတို့ သိပ်မလိုလားပေမယ့် ချူယောင်းကိုလည်း ပြသာနာမပေးချင်ပေ။