← Chapters

အခန်း (၈၄) [End]

Vol. 6 Ch. 84

အခန်း (၈၄) [End]

Vol. 6 Ch. 84

ဧည့်သည့်များကို ဧည့်ခံသည့်နေ့ရက်က မကြာခင်ရောက်လာသည်။ ကျီနန်ဖုန်း မနက်စောစော အသီးအရွက်သွားဝယ်သည်။ ဘယ်အသီးအရွက် ဝယ်ရမည် ဘယ်ဟင်းခတ်မှုန့် ဘယ်အရာများ လိုအပ်သည်စသဖြင့် ချူယောင်း အားလုံးကို ဘောပင်နှင့်ရေးမှတ်ကာ သူ့ကို ပေးလိုက်သည်။

ချူယောင်း ကလေးတွေနှင့် မနက်စောစောအိမ်သန့်ရှင်းရေးလုပ်သည်။ ထိုင်မနားခင် ကျီနန်ဖုန်း ပစ္စည်းများနှင့်ပြန်လာသည်။

အထုပ်ကြီးများကို မြင်၍ ချူယောင်း ခဏသန့်ရှင်းပြီးနောက် ကျီနန်ဖုန်းကို ကူညီရန်မေးလိုက်သည်။ ဟင်းပွဲအများအပြား ပြင်ဆင်ရန်လိုအပ်၍ ချူယောင်း ကျီနန်ဖုန်းကို ဝက်ခြေထောက် ကြက် ဘဲသား ဝက်ဗိုက်သားနှင့် အူများပါ ဝယ်ရန်မှာလိုက်သည်။

သူမ အထဲက သိုးသားကို ကြည့်၍ "ရှင် သိုးသားဝယ်ခဲ့တာလား?"

"ဟုတ်တယ်။ ကိုယ်အပြင်သွားရင်း တွေ့လို့ ဝယ်လာတာ "ကျီနန်ဖုန်း ဝက်ခြေထောက်ကို သန့်ရှင်းနေပြီး အ‌ပေါ်က အမွေးကို မီးမြိုက်သည်။

ချူယောင်း ကျီနန်ဖုန်းကို ဝက်ခြေထောက်အား အပိုင်းများပိုင်းရန်‌ပြောလိုက်ပြီး စွပ်ပြုတ်ချက်ရန်တွေးထားသည်။ ဝက်အူကို ကြော်လိုက်သည်။

သိုးသားကိုတော့ အားလူးနှင့် နှပ်လိုက်ရာ အသားက နူးညံ့ပြီး အရသာရှိသည်။ ဝက်ဗိုက်သားကိုလည်း နှပ်ကာ အရွက်ကြော်၊ ခရမ်းသီးကြော် ကြက်ဥနှင့်ခရမ်းချဥ်သီးလည်းကြော်သည်။

အသီးအရွက်များက အိမ်နီးချင်းများပေးကာ အသားနှင့် ထပ်လိုသည့် အရွက်များကို ဝယ်သည်။ လူများကို ဖိတ်ကာ လူတိုင်း အရသာကောင်းသည်ကို ချီးကျူးကြသည်။

ချူယောင်း ဧည့်သည်များကို ပြန်ပို့ပြီးနောက် ကျီနန်ဖုန်း နေကာ သန့်ရှင်းရေးလုပ်သည်။

ချူယောင်းက ချူကျောင်းကို ကျီကျားအား ရေချိုးပေးရန် ပြောလိုက်သည်။ ကလေးမနှစ်ယောက်ကတော့ သူတို့ဘာသာရေချိုးတတ်၍ သူတို့ဘာသာ ရေချိုးခိုင်းလိုက်သည်။

နောက်နှစ်ရက်အကြာတွင် ကလေးအားလုံးကျောင်းသွားကြကာ ချူယောင်းလည်း နောက်ဆုံးအားသွားသည်။ ကျောင်းသွားသင့်သည့်သူများက ကျောင်းသွားကာ အလုပ်သွားသင့်သူက အလုပ်သွားသည်။

သူမနှင့် ကျီကျားသာ အိမ်တွင်ကျန်ခဲ့သည်။ ကျီကျားက စကားမပြောတတ်သေးပေ။ သူမလုပ်စရာရှိလျှင် ကလေးကို ကုတင်‌ပေါ်ထားလိုက်လျှင် ကလေးက မငိိုဘဲ သူ့ဘာသာကစားသည်။

ချူယောင်း ဒါကိုမြင်၍ မကြည့်နိုင်သဖြင့် သူမလုပ်စရာရှိသည်များချကာ သူနှင့် ခဏဆော့ပေးလိုက်သည်။

ကလေးများ ကျောင်းမှပြန်ရောက်သောအခါ ကျီကျားကို သူတို့ထိန်းပေးကာ ချူယောင်း ဟင်းစချက်သည်။ ကျီနန်ဖုန်း ပြန်ရောက်ခါနီးတွင် ဟင်းပွဲအသင့်ဖြစ်သည်။

စားပြီးနောက် တစ်မိသားစု ဆေးကြောကြ သန့်ရှင်းရေးလုပ်ကြရပြန်သည်။ လူတိုင်း တစ်နေကုန်ပင်ပန်းကြကာ အချိန်ကုန်သွားပြန်သည်။ အခုချိန်တွင် ကြည့်စရာ TV ဖုန်းမရှိ။ လူတိုင်းလည်း တစ်နေကုန် ပင်ပန်းသွားကြ၍ အိပ်ရာတွင်သာ အိပ်ပျော်သွားကြသည်။

ဒီလိုနှင့် အချိန်ကုန်သွားရာ ကျီကျားပင် အသက်၃နှစ်ဖြစ်လာ၍ ချူယောင်း သူ့ကို မူကြိုပို့ပြီး သူမဘာသာအလုပ်တစ်ခုလုပ်သည်။ မြို့ထဲတွင် အလုပ်တစ်ခုရပြီး လစာမများပေမယ့် အလုပ်က ပေါ့ပေါ့ပါးပါးဖြစ်သည်။ မိသားစု ပျော်ပျော်နေကြသည်။

ချူကျောင်း သူ့အစ်မနှင့် ယောက်ဖနှင့် ဒီကိုလာပြီးတည်းက အိမ်တွင် ဘာဖြစ်သည်ကို တစ်ခါမှမတွေး။ ချူအဒေါ်နှင့် ချူဦးလေးကလည်း တစ်ခါမှ ပြသာနာလာမရှာ။

ချူကျောင်း ကလေးဘဝက သူခံစားခဲ့‌ရသောဒုက္ခများကို တဖြည်းဖြည်းမေ့လာကာ နေ့တိုင်းပိုတက်ကြွလာသည်။ သူ အထက်တန်းပြီးနောက် အလုပ်ရှာရန်အရင်က တွေးထားပေမယ့် ကံကောင်းစွာ ကောလိပ်ဝင်ခွင့်စာမေးပွဲက ပြန်စသည်။

ချူကျောင်း စာမေးပွဲအောင်ကာ ဘွဲ့ရပြီးနောက် ဆရာဝန်တစ်ယောက် ဖြစ်လာသည်။ လီရွှယ်ရှင်းက တော်‌သော ရှေ့နေတစ်ယောက်ဖြစ်လာကာ လီရွှယ်ရူက ဆရာမတစ်ယောက်ဖြစ်လာသည်။

ကလေးသုံးယောက်က တစ်ယောက်ထက်တစ်ယောက် ပိုကောင်းကြကာ သူတို့ပိုတော်လေ တစ်ယောက်နှင့် တစ်ယောက်မြင်ဖို့က ပိုခက်လာသည်။ ချူကျောင်းက သူတို့မြို့က ဆေးရုံတွင်ဖြစ်ပေမယ့် နေ့တိုင်းအလွန်အလုပ်များသည်။ သူ အိမ်မှ ခွဲနေ‌သည်မှာ ကြာကာ တစ်လတစ်ခါပင် မပြန်နိုင်ပေ။

လီရွှယ်ရှင်းလည်း ခွဲနေကာ တစ်ခါတစ်ရံ အလုပ်အရမ်းများ၍ စားပင်မစားနိုင် အိမ်လည်းလုံးဝမပြန်နိုင်ချေ။ လီရွှယ်ရူသာ အိမ်တွင် တစ်ချိန်လုံးနေသည်။

သူတို့ညီအစ်မနှစ်ယောက် သူတို့ကို ပိုက်ဆံလာတောင်းသော သူတို့အဖေ လီဝေနှင့်ဆုံသည်။ အရင်ကပိန်ပိန်ပါးပါးကလေးများက ထက်မြက်‌သောလူကြီးများဖြစ်လာ၍ သူ ပိုက်ဆံတောင်းဖို့ပါးစပ်ဖွင့်လာသည်။

အစက သူတို့နှစ်ယောက် ထောက်ပံ့ပေမယ့် နောက်လီဝေက ပိုပိုဆိုးလာ၍ သူတို့ ထပ်မ‌ပေးချင်တော့ပေ။

လီဝေ ကိုယ်‌တစ်ပိုင်းသေပြီးတည်းက အိပ်ရာပေါ်လှဲနေရကာ မရှင်‌နိုင်တော့ဘူး ထင်ပေမယ့် ပြန်ကောင်းလာသည်။ အိပ်ရာပေါ် နှစ်များစွာ လဲနေသော လီဝေပြန်ကောင်းလာသောအခါလည်း သူ့ကို နှစ်များစွာ ဂရုစိုက်ပေးသော သူ၏အစ်ကို မရီးနှင့် တူမများကို ကျေးဇူးစော်ကားသည်။

နောက်ဆုံး သူ့အမျိုးများ သူ့ကိုဂရုမစိုက်ချင်တော့၍ သူ သူ့သမီးနှစ်ယောက်ကို တွေးမိကာ သူတို့ကိုလိုက်ရှာသည်။

သူတို့နှစ်ယောက် အောင်မြင်နေသည်ကို မြင်၍ သူ နှစ်များစွာ ဘယ်လောက် ဆိုးရွားနေကြောင်း ငိုပြောသည်။သူတို့နှစ်ယောက် ဒီနှစ်များ ဂရုစိုက်ခံရပြီး ကြီးပြင်းလာရသဖြင့် သူ အခုလိုပြောသည်ကို ကြား၍ သူ့ကို ပိုက်ဆံ‌မပေးဘဲ ‌မနေနိုင်ပေ။

လီဝေ မြို့တွင် တိုက်ခန်းငှားကာ ပိုက်ဆံကို ရေလိုသုံးသည်။ ပိုက်ဆံကုန်သည့်နေ့တွင် သူ ဆက်တိုက်တောင်းသည်။ ကြာလာတော့ ကလေးနှစ်ယောက် စိတ်တိုကာ သူ့ကို ဂရုမစိုက်တော့ချေ။

နောက်ဆုံးသူ ရွေးယ်စရာမရှိဘဲ ရွာပြန်ရသည်။ သူ ကလေးနှစ်ယောက်ကို မသိတတ်ဟု ဆဲဆိုနေပေမယ့် ဘာမှမလုပ်နိုင် သူတို့ကို လျစ်လျူသာရှုနိုင်သည်။

လီဝေကဲ့သို့ ကျီကျိုးလည်း ရောက်လာသည်။ ကျီနန်ဖုန်းတို့ ထွက်သွားပြီးနောက် ကျီကျိုး ဟွမ်ရီယွင်နှင့် လက်ထပ်ကာ နောက်မကြာခင် ဟွမ်မိသားစု၌ ကိစ္စတစ်ခုဖြစ်သည်။

ကျီကျိုးတွင် အလုပ်မရှိကာ တက္ကသိုလ်လည်း မသွားပေ။ သူ့ဘဝက အရင်ထက်ခက်ခဲကာ လယ်အလုပ်လည်းမလုပ်ဘဲ ထိုင်စားသည်။

မိသားစုက ဆက်နေ၍ မရတော့၍ ကျီကျိုး ဒီရောက်လာကာ ကျီနန်ဖုန်းကို ပြောခဲ့သည်။ "မိဘတွေက ဆုံးပါးသွားပြီ။ ဒုတိယအစ်ကို ကျွန်တော်နဲ့ အိမ်လိုက်နိုင်မလား?"

ကျီနန်ဖုန်း သူ့ကို ငွေအနည်းငယ်သာပေး၍ "သူက ငါ့အဖေ မဟုတ်ဘူးဆိုတာ ငါသိတယ်။ ဒီငွေယူပြီး သူ့ကို အသုဘကောင်းကောင်းချပေးလိုက်"

ကျီကျိုး အစက သူ့ကို သပုတ်လေလွင့်ပြောရန်တွေးထားပေမယ့် ကျီနန်ဖုန်း ဒီကိစ္စသိမည်ဟု မထင်မှတ်ထားပေ။ သူ ပိုက်ဆံမရနိုင်သည်ကိုသိ၍ပြန်သွားသည်။

သူ့လက်ထဲက ပိုက်ဆံတစ်ပြားမှ ကျီအဖေ စျာပနာတွင်မသုံး။ နှစ်များစွာ မကျန်းမမာဖြစ်နေသော ကျီအမေ အိမ်တွင် ပိုက်ဆံမရှိ၍ အာဟာရပြတ်လပ်စွာ ဆုံးပါးသွားသည်။

ကျီအဖေစျာပနာနေ့တွင် ကျီကျိုး အလောင်းကို ကောက်ရိုးနှင့်ပတ်ကာ တောင်ပေါ်ဆွဲသွားလိုက်သည်။ နောက် ကျီမိသားစုအကြီးဆုံးသားပြန်လာသည်။

ကျီကျိုးကို နှင်လွှတ်ကာ ကျီသာ့ပေါင်ကို ကျီမိသားစုအကြီးဆုံးသားခေါ်သွားသည်။ ကျီသာ့ပေါင် စာမသင်ရဘဲ လယ်အလုပ်သာလုပ်ရပြီး ကျီကျိုးထက် အဆများစွာ သာသည်။

ကျီမိသားစုအကြီးဆုံးသား အပြင်တွင် မိန်းမနှင့် ကလေးရနေပေမယ့် အသက်ကြီးလာ၍ စိတ်ကောင်းရှိလာသဖြင့် အရင်သားကလည်း သူ့သွေးသားအရင်းဖြစ်သည်ဟု ခံစားရသည်။

လူတိုင်း ဘဝရှေ့ဆက်နေရာ ကျီနန်ဖုန်းနှင့် ချူယောင်းလည်း အတူတူဖြစ်သည်။ သူတို့က ချမ်းသာပြီး အင်အားကြီးသည့် မိသားစု မဟုတ်သော်လည်း ပျော်ရွှင်ပြီး ရိုးရှင်းသည့်ဘဝကို နေထိုင်သည်။

သူတို့နှစ်ယောက်လက်တွဲပြီး ချူယောင်း ဒီပိတ်ရက် ကလေးတွေ ပြန်လာမည်ကို သတိရ၍ "ကျွန်မတို့ ဒီနေ့ အသီးအရွက် သွားဝယ်ကြမလား?"

သူမဘေးနေရာတွင် ကျီနန်ဖုန်းထိုင်ကာ "မင်း ဘာသိလို့လဲ? ဒီ၂ရက်မိုးရွာမှာ။ ဘယ်သူက မိုးထဲ သွားဝယ်မှာလဲ? ကိုယ်မသွားနိုင်ဘူး။ ကိုယ်သွားလို့ လဲရင်ရော? မင်းသွားရင်လည်း ပိုဆိုးမှာ။ မိုးရွာလို့ လဲရင် နာမှာ"

ချူယောင်း သူ့ကို မျက်စောင်းထိုးလိုက်သည်။ ဒီလူအိုကြီးက နေ့တိုင်း အရာအားလုံးကို စဥ်းစားနေသည်။

"မင်းပြောတာ မှန်ပါတယ်။ ကိုယ်တို့ အသီးအရွက် သွားဝယ်ကြမယ်။ ကလေးတွေလာမှ လတ်ဆတ်တာယူခိုင်းလိုက်မယ်" ကျီနန်ဖုန်း သူမကို လက်အိတ်စွပ်ပေးလိုက်သည်။

သူတို့နှစ်ယောက် ကလေးတစ်ခါမှ မယူပေ။ သူတို့ကို နောင်တရလားဟု မေးလျှင် အဖြေက မရဟု ဖြစ်သည်။ ကျီနန်ဖုန်း ချူယောင်းကို မကြာခဏ မေးပေမယ့် ချူယောင်း ခေါင်းခါသည်။ "ကျွန်မ ကလေး သိပ်မလိုချင်ဘူး။ ပြီးတော့ ကလေးယူတာ အရမ်းပင်ပန်းတယ်။ ကျွန်မ မခံနိုင်ဘူး" ချူယောင်း ကလေးမယူချင်၍ သူတို့ ကလေးမယူဖြစ်ခဲ့ကြ။

"ကျွန်မ ဖြတ်သန်းပြီးပြီပဲ။ အခု ကျီကျားတောင် အိမ်ထောင်ပြုလို့ရပြီ။ ကလေးတွေ ဒီလောက်ရှိတာ လုံလောက်ပါပြီ" ချူယောင်းပြုံးသည်။

ကျီနန်ဖုန်း သူမငယ်ရုပ်ကို ပြန်မြင်သလိုခံစားရကာ သက်ပြင်းမချဘဲမနေနိုင်ချေ။ "မျက်စိတစ်မှိတ်အတွင်း ကိုယ်တို့၂ယောက်လုံး အသက်အရမ်းကြီးသွားပြီ။ ကိုယ်တို့နောက်ဘဝ တွေ့နိုင်ဖို့ ကိုယ်မျှော်လင့်တယ်" ကျီနန်ဖုန်းသက်ပြင်းချသည်ကို ချူယောင်း မကျေနပ်ပေ။

"ကျွန်မ ရှင့်ကို နောက်ဘဝမတွေ့ချင်ဘူး။ ရှင် မနက်က ကျွန်မရဲ့သွားတိုက်တံနဲ့ သွားတိုက်တာ။ ကျွန်မ နောက်ဘဝ ရှင့်ကို တွေ့ရင် သေချာပေါက် ရှင့်ကို ရိုက်မှာ။ အခု ရှင် အရမ်းအသက်ကြီးသွားလို့။ နောက်ဘဝဆိုရင်တော့ ရှင့်ကိုရိုက်လို့ရပြီ" ချူယောင်း ပြောပြီးသောအခါ ရယ်သည်။ သူတို့၂ယောက် တစ်ဘဝလုံး ရန်သိပ်မဖြစ်ကြ။

"ကောင်းပြီ။ နောက်ဘဝ မင်း ကိုယ့်ကိုရိုက်ရင် ကိုယ် မင်းကို ချက်ချင်း တွေးမှာပါ" ကျီနန်ဖုန်းလည်း ပြုံးလိုက်သည်။

သူတို့နှစ်ယောက် မိုးထဲ အသီးအရွက်သွားဝယ်ကြသည်။ စျေးကို ပတ်လျှောက်ပြီးနောက် မလတ်ဆတ်မည်စိုး၍ ဒီနေ့နှင့် မနက်ဖြန် စားဖို့သာ ဝယ်လိုက်သည်။

အိမ်ပြန်ရောက်သောအခါ ကလေးတွေကို အသီးအရွက်ဝယ်ပြီးလာရန် စာပို့လိုက်သည်။

ပိတ်ရက်တွင် လီရွှယ်ရှင်း သူမကလေးနှင့်လာရာ တံခါးတွင် ချူကျောင်းနှင့် ဆုံသည်။ လွန်ခဲ့သော နှစ်အချို့က လီရွှယ်ရှင်း အိမ်ထောင်ကျပြီး ကလေးတစ်ယောက်မွေးခဲ့သည်။ ကလေးမွေးပြီးမကြာခင် ယောကျ်ားက ဖောက်ပြန်၍ သူမ ချက်ချင်း ကွာရှင်းလိုက်သည်။

အခု သူမက ကလေးအမေတစ်ယောက်ပေမယ့် ငွေလုံလောက်စွာရ၍ သူမဘဝက အဆင်ပြေချောမွေ့သည်။

လီရွှယ်ရှင်းကို မြင်၍ ချူကျောင်းအော်ပြီးနောက် ကလေးကို ချီလိုက်သည်။ "ဦးလေးလို့ခေါ်။ ဦးလေး မင်းကို သကြားလုံးဝယ်ကျွေးမယ်"

ဤမိသားစုတွင် ကျီနန်ဖုန်းနှင့် ချူယောင်းမှလွဲ ချူကျောင်းက အကြီးဆုံး​ဖြစ်သည်။

"ဦးလေးငယ် တစ်ယောက်မှ ခေါ်မလာပြန်ဘူးလား? ဦးလေးနဲ့ အဒေါ် စိတ်ဆိုးလိမ့်မယ်"

"ငါက အခုမှ ၃၄ဘဲရှိသေးတာ ငယ်သေးတယ်။ ငါ့အစ်မနဲ့ ယောက်ဖတောင် ၅၀ ၆၀ပဲရှိသေးတယ်။ သူတို့ ငါ့ကို စောင့်နိုင်သေးတယ်" သူအမာန်ခံရ မခံရ ချူကျောင်း ဂရုမစိုက်။

သူတို့၂ယောက် အိမ်အတူတူ ရောက်သောအခါ ချူယောင်း သူတို့ကို နွေးထွေးစွာ ကြိုဆိုသည်။ နှုတ်ဆက်စကားပြောပြီးနောက် သူတို့ ဟင်းချက်ရာတွင် ကူရသည်။

မကြာမီ လီရွှယ်ရူ သူမခင်ပွန်း၊ ကလေးများနှင့် အိမ်ပြန်ရောက်လာကာ မိသားစုစုံသွားသည်။

တစ်မိသားစုလုံး ပျော်ရွှင်စွာ စားသောက်ကြပြီးနောက် လီရွှယ်ရှင်း အလုပ်များ၍ စားပြီးပြီးချင်း ကလေးကိုထားခဲ့ကာ ညနေမှ လာခေါ်မည်ပြောပြီး ပြန်သွားသည်။

ချူကျောင်းက နေမည်ဟု ပြောပေမယ့် သူ့ကို မိန်းမရှာရန်ပြောပြီး ချူယောင်းပြန်လွှတ်သည်။

လီရွှယ်ရူသာ သိမ်းရန် နေခဲ့ပြီး သိမ်းပြီးနောက် ခဏထိုင်ကာ နောက်ဆုံး တစ်မိသားစုလုံး ပြန်သွားသည်။

လီရွှယ်ရှင်း ကလေးကို လာခေါ်သောအခါ မှောင်နေပြီဖြစ်သည်။ သူတို့၂ယောက်ကို ကြည့်ပြီး "ဦးလေးတို့နဲ့ သမီးကို နေစေချင်လား?"

"မင်းတို့လူငယ်တွေက အမြဲအလုပ်များနေတာ။ ခွဲနေတာကောင်းပါတယ်" ကျီ​နန်ဖုန်း သူ့လက်ကို ဝေ့ရမ်းလိုက်သည်။

လူတိုင်းထွက်သွားကြကာ သူတို့လင်မယားနှစ်ယောက်သာ လက်ကိုင်ရင်း ဆိုဖာပေါ်ထိုင်ကာ TVကြည့်နေကြသည်။ "ကိုယ်တို့ ဒီအသက်အရွယ်ထိရောက်ပြီ။ နောက်လည်း အတူတူပဲနေမှာ"

"ရှင်အခု သွားချင်ပြီလား?" ချူယောင်း ပြုံး၍ပြောလိုက်သည်။ သေခြင်းရှင်ခြင်းကို သူမ ဂရုမစိုက်တော့ပေ။

"ကိုယ် အဲ့လိုတွေးတာမဟုတ်ဘူး။ ဒီဘဝ မင်းနဲ့ဆုံတာ ကံကောင်းတယ်လို့ ကိုယ်ခံစားရတာ" အသက်ကြီးနေပြီဖြစ်သော ကျီနန်ဖုန်းခါးက ကိုင်းနေပြီဖြစ်သည်။

ချူ​ယောင်း ပြုံးကာ ဒီဘဝက အလွန်ရိုးရှင်းသည်ကို ပြန်စဥ်းစားနေမိသည်။

ပြီးပါပြီ

All Chapters