← Chapters

အခန်း (၈၃)

Vol. 6 Ch. 83

အခန်း (၈၃)

Vol. 6 Ch. 83

ချူယောင်း ကလေးကို ဆေးရုံတွင် ရက်အနည်းငယ်ဂရုစိုက်ပေးသည့်အချိန်တွင် ကလေးက တကယ်အလွန်လိမ္မာသည်ကို တွေ့ရသည်။ သူ ဆာသည့်အချိန် ရှူးပေါက်သည့်အချိန်မှလွဲ၍ မငိုပေ။ နို့တိုက်ပြီးသည့်နောက် သူက သူမကို ပြုံးပြသည်။

ချူယောင်း သူ့ကို ဂရုစိုက်ပေးရန် လိုလားသည်။ သူမ ဒီလိုကလေးတစ်ယောက်ကို တွေ့သည့်အခါ သူမ သူ့ဆွဲဆောင်မှုနောက်ပါမည်က မကြာပေ။

ကျီနန်ဖုန်း တင်ပြပြီးနောက် သူ သူ့သူငယ်ချင်းတစ်ယောက်ကို သူမအားကူညီရန် ဖိတ်ခဲ့သည်။ ရဲစခန်းက စစ်ဆေးပြီးသည့်ရလာဒ်မှာ တကယ်ပင် ကျီရို၏ ကလေးဖြစ်၍ ချူယောင်း ကလေးကို ပြန်ယူခဲ့သည်။

ကျီနန်ဖုန်းကို ကူညီပေးသော သူငယ်ချင်း စစ်တပ်ဂိတ်သို့ရောက်လာသည်။ ကျီနန်ဖုန်း ဂိတ်တွင် ကြိုစောင့်နေပြီး သူ တစ်ယောက်ယောက်လာသည်ကို မြင်သောအခါ သူ သူ့သူငယ်ချင်းကို ကျေးဇူးတင်စကား ပြောလိုက်သည်။

လောင်ဝမ် သူ့လက်ကို ဝေ့ရမ်းကာ ပြောလိုက်သည်။ " ငါတို့က သူငယ်ချင်းတွေပဲ။ မင်း ဘာတွေအားနာနေတာလဲ? မင်းအချိန်ရှိရင် ညစာတူတူစားကြရအောင်?"

လောင်ဝမ် မပြန်ခင် သူတို့နှစ်ယောက် စကားပြောကြသည်။ ကျီနန်ဖုန်းနှင့် ချူယောင်း သူတို့အတွက်နေရာချထားပေးသော ခြံလေးသို့ သွားလိုက်သည်။

အခုချိန်များတွင် အိမ်တိုင်းက တိုက်ခန်းအဆောက်အအုံများနှင့် တူသည်။ သို့သော် ကျီနန်ဖုန်း နောက်ကျမှ ရောက်လာ၍ အခန်းများက နေရာချထားပြီး၍ ပြင်ဆင်ရန် လို‌အပ်သော ခြံသေးလေးအနည်းငယ်သာကျန်တော့သည်။

ကျီနန်ဖုန်း အိမ်ကို အစောတည်းက သန့်ရှင်းထားပြီး ညီအကိုအချို့ကို ခြံကို ပြင်ပေးရန် အကူအညီတောင်းထားသည်။

"ကလေးတွေ ဘယ်မှာလဲ?" ချူယောင်း အခန်းထဲဝင်လာတည်းက ကလေးများကို မမြင်ပေ။

" ကိုယ် သူတို့ကို ဘေးအိမ်က အိမ်နီးချင်းဆီပို့ထားတယ်။ ကိုယ် သူတို့ကို အခု သွားခေါ်လိုက်မယ်" ကျီနန်ဖုန်း ကလေးကို ချီကာ ဘေးအိမ်က ကလေးများကို သွားခေါ်ရန် လမ်းလျှောက်သွားလိုက်သည်။

ချူယောင်း ဒီလိုခြံလေးကို မြင်ရသည်ကို အလွန်ပျော်သည်။ တိုက်ခန်းနှင့်စာလျှင် ဒီလိုခြံသေးမျိုးကို သူမပိုကြိုက်သည်။ အိမ်နီးချင်းတွေ ဆူညံသည်ကိုလည်း စိုးရိမ်စရာမလိုပေ။ သူမအိမ်တွင်လည်း ကလေးများစွာရှိ၍ သူတို့ ဆူညံလျှင် တခြားသူတွေကို အနှောင့်အယှက်ဖြစ်စေမည်ကိုလည်း စိုးရိမ်စရာမလိုတော့ချေ။

ဒီခြံလေးက အိပ်ခန်း၃ခန်း ဧည့်ခန်း ၁ခန်းပါသော ခြံမျိုးဖြစ်သည်။ အောက်ထပ်တွင် အခန်း၃ခန်းပါပြီး တံခါးမှ မျက်နှာချင်းဆိုင်ဝင်သွားလျှင် ဧည့်ခန်းကျယ်ကျယ်ရှိသည်။ ဘေးတွင် ၂ခန်းရှိသည်။ အခန်းကနေထွက်ရန် မှန်တံခါးတစ်ခုရှိပြီး အပြင်တွင် ဝရံတာသေးလေးရှိသည်။ ဝရံတာက တကယ်ပင်သေးကာ နေရောင်အနည်းငယ်ရသည်။

တခြားအခန်းဘေးတွင် လှေကားတစ်ခုရှိ၍ ချူယောင်း ‌တက်သွားကြည့်လိုက်ရာ ခေါင်းမိုးခန်းသေးတစ်ခုရှိသည်ကို တွေ့လိုက်သည်။ အခန်းတစ်ခုအဖြစ်သုံး၍ရနိုင်၍ ဒီအခန်းကို ပန်းချီခန်းအဖြစ် သုံးရန် ချူယောင်း တွေးပြီးပြီဖြစ်သည်။

ခေါင်းမိုးခန်းက ဘာမှမရှိ၍ ချူယောင်း ပြန်ဆင်းလာလိုက်ရာ အိမ်နီးချင်းအိမ်မှ ပြန်ရောက်‌လာသောကလေးများနှင့်ဆုံသည်။

သူတို့ တစ်ယောက်ပြီး တစ်ယောက် ချူယောင်းနား ဝိုင်းလာပြီး သူမကို ပြိုင်တူခေါ်ကြသည်။ ချူယောင်း သူတို့နားထိုင်ကာ အဝေးက ကလေးကို ချီထားသော ကျီနန်ဖုန်းကို ကြည့်လိုက်သည်။ သူတို့ နောက် ဒီမှာ နေကြမည်ဖြစ်ပြီး ဘာဖြစ်မည်ကို မသိပေ။

ကျီနန်ဖုန်း အခန်းတွေကို သန့်ရှင်းထားပြီးဖြစ်သည်။ ယောကျ်ားလေးဖြစ်သော ချူကျောင်းက တစ်ခန်းနေပြီး လီရွှယ်ရှင်းနှင့် လီရွှယ်ရူက တစ်ခန်းနေကာ သူတို့လင်မယားက တစ်ခန်းနေသည်။

အရိုးသားဆုံးပြောရလျှင် ချူယောင်း အနည်းငယ်ရှက်နေတုန်းဖြစ်သည်။ သို့သော် သူတို့နှစ်ယောက် မကွာရှင်းရန်ဆုံးဖြတ်ထာပြီး နှစ်ယောက်သား ဘာအတွေးမှမရှိ၍ သူမ ကျီနန်ဖုန်းကို အမြင်ကြည်သည်။ ထို့ကြောင့် သူမ ကြိုးစားကြည့်ရန် ဆုံးဖြတ်လိုက်သည်။

" မင်းခဏအရင်နားလိုက်။ ကိုယ် ကလေးတွေနဲ့ နေ့လည်စာ လုပ်လိုက်မယ်" ကျီနန်ဖုန်း လက်ထဲက ကလေးက အိပ်မောကျနေပြီဖြစ်၍ သူ ကလေးကို ကုတင်ပေါ်တင်လိုက်သည်။

ကျီနန်ဖုန်း က‌လေးကုတင်လုပ်ရန် တစ်ယောက်ရှာ‌ထား‌ပေမယ့် ကုတင်‌ပြီးဖို့ ရက်အနည်းငယ်လိုသေးသဖြင့် ဒီရက်ပိုင်း ကလေးက သူတို့နှင့်အိပ်ရမည်။

ချူယောင်း ခေါင်းညိတ်လိုက်သည်။ သူမ ဒီရက်ပိုင်း ကောင်း‌ကောင်းအိပ်မပျော်သဖြင့် ကျီနန်ဖုန်း သူမကို ပြောသောအခါ သူမ တစ်ခါတည်းအိပ်ပျော်သွားသည်။

ကျီနန်ဖုန်း ကြက်သားနှပ် ဝက်နံရိုးကြော် အရွက်ကြော် အိမ်မှ ယူလာသောပဲခြောက် ခရမ်းသီးကြော်ဟင်းပွဲများစွာ ချက်လိုက်သည်။

ချူယောင်း နေ့လည်နိုးလာသောအခါ စားပွဲပေါ်က ဟင်းပွဲများကိုမြင်သည်။ ‌အရောင်က မဆိုးလှသော်လည်း အရသာကိုတော့မသိပေ။ ကလေးများလည်း စားဖို့သိပ်အားမပါ။

အရသာက အမြင်လောက်မကောင်းချေ။ ကလေးများ ဒီတစ်နပ်စားပြီး နောက် ကျီနန်ဖုန်းကို ထပ်မချက်ခိုင်းတော့ဟု တွေးကြသည်။

ကျီနန်ဖုန်း အရင်‌ပြောလိုက်သည်။ "ကိုယ်တို့ ညစာဝယ်စားကြမယ်"

ချူယောင်း သူ့ကို ကြည့်ကာ "ကျွန်မတို့က မိသားစုဝင်အများကြီး။ နေ့တိုင်း ဝယ်စားလို့ဘယ်ဖြစ်မလဲ? ကျွန်မ ညကျချက်လိုက်မယ်။ အိမ်မှာလည်းစားစရာတွေရှိသေးတယ်မလား?" ချူယောင်း ပဲခြောက်နှင့် နံရိုးကို တူတူနှပ်ရန်ဆုံးဖြတ်လိုက်သည်။

ကျီနန်ဖုန်းလည်း သူလုပ်သည့်စားစရာက ချူယောင်းလက်ရာထက်ပိုဆိုးကာ ဆိုင်က စားစရာထက်လည်းပိုဆိုးသည်။

"ကိုယ်ဝယ်ထားတဲ့ စားစရာတွေရှိသေးတယ်"ကျီနန်ဖုန်း ခေါင်းညိတ်လိုက်သည်။ သူ မနက်ခွင့်ယူ၍ သူတို့ကို သွားကြိုရန် တွေးထားပေမယ့် ပြသာနာပေါ်လာ၍ နောက်ဆုံးသူ ရွေးချယ်စရာမရှိဘဲ စစ်တပ်ဂိတ်တွင်သာ သူတို့ကို ‌စောင့်ရသည်။

ကျီနန်ဖုန်း စားပြီးနောက် ထွက်သွားသည်။ ထွက်မသွားခင် ဘေးအိမ်က လူများက ကောင်း၍ ချူယောင်း ပျင်းလျှင် သွားလည်နိုင်သည်ဟု ပြောခဲ့သည်။

အိမ်တွင် ကလေးအများကြီး ရှိ၍ ချူယောင်း ဘယ်လိုလုပ်ပျင်းချိန်ရမည်နည်း။ ကလေးအများကြီိးကို ကြည့်ပြီး သူတို့ကို ကျောင်းပို့ရန် စဥ်းစားထားသည်။ ကျီနန်ဖုန်း ‌ဖြေရှင်းနိုင်မလားဟု ညကျ သူမမေးရမည်။

ပြီးတော့ နာမည်မ‌ပေး‌ရသေးသော ကျီရို၏ အငယ်ဆုံးသားလည်း ရှိ‌သေးသည်။ သူတို့ သူ့ကို ကလေးဟုသာ ဆက်တိုက်ခေါ်ကြသည်။

ချူယောင်း ကလေးနှစ်ယောက်ကို မေးလိုက်သည်။ "သမီးတို့မောင်လေးကို နာမည်ပေးဖို့ တွေးထားမိလား?"

ကလေးနှစ်ယောက်လုံး ကျောင်းကို နှစ်များစွာ တက်ဖူး၍ သူတို့စကားလုံးအများကြီး မသိလျှင်တောင် အဘိဓာန်ကြည့်နိုင်သည်။ ချူယောင်း သူတို့ကြည့်ရန် အဘိဓာန်ထုတ်လိုက်သည်။

"သမီးတို့မောင်လေးကို သမီးတို့‌ပေးချင်တဲ့နာမည်ရှာကြည့်လို့ရတယ်" ချူယောင်း ကလေးတွေကို သူတို့အကြံမေးချင်ရုံဖြစ်သည်။ နာမည်ရွေးဖို့ကတော့ ကျီနန်ဖုန်းအပေါ် မူတည်ပြီး သူ ကလေးတွေအကြံကို လေးစားမည်ဟု သူမ ယုံကြည်သည်။

"အဒေါ်၊ ဦးလေးကို နာမည်ရွေးခိုင်းလိုက်ပါ" လီရွှယ်ရှင်း အဘိဓာန်ကို ပြန်ရွှေ့လိုက်သည်။" သမီးတို့ ဘယ်လိုဖတ်ရမယ်မသိလို့ မရွေးတတ်ဘူး" ချူယောင်းလည်း သူတို့ကို ဖိအား‌မပေးတော့ဘဲ ကျီနန်ဖုန်း ညပြန်လာမှ သူမ မေးလိုက်သည်။

ကျီနန်ဖုန်းလည်း တွေးပြီးနောက် "ကိုယ်လည်း နာမည်အကြောင်းစဥ်းစားမိတယ်"

သူတို့ ကလေးနာမည်ရော ကလေးမျိုးရိုးနာမည်ရော တော်တော် စဥ်းစားလိုက်ရသည်။ သူ့အစ်မမွေး‌ထားသောကလေးဖြစ်၍ ကလေးမျိုးရိုးနာမည်ကို ဘာလို့ `လီ‌´ ပေးရမည်နည်းဟု ကျီနန်ဖုန်းတွေးသည်။

ချူယောင်း ကလေးနှစ်ယောက်အကြောင်း စဥ်းစားမိ၍ သူတို့ ဂရုစိုက်မည်စိုး၍ ချူယောင်း သူတို့ကို ဧည့်ခန်းတွင်ထိုင်စေကာမေးလိုက်သည်။ "သမီးတို့ သမီးတို့မောင်လေးမျိုးရိုးနာမည်ကို ဂရုစိုက်လား?"

မျိုးရိုးနာမည်တစ်ခုသာဖြစ်၍ သူတို့နှစ်ယောက်လုံးဂရုမစိုက်ပေ။ သူတို့အဖေကလည်း သူတို့ကို မလိုချင်၍ သူတို့မောင်လေးကို ကျီမျိုးရိုးနာမည်ပေးသည်ကမှ ပိုကောင်းသည်။

ဒီလိုဖြစ်၍ ကျီနန်ဖုန်းလည်း အများကြီးမတွေးတော့ဘဲ ကလေးကို ကျီကျားဟု ‌နာမည်‌ပေးလိုက်သည်။

"ကျားကျားလေး၊ မောင်လေးမှာ နာမည်ရှိသွားပြီး။ မောင်လေးနာမည်က ကျီကျား" လီရွှယ်ရှင်း ကျီကျားကို ဖက်ပြီး စကားပြောနေသည်။

နာမည်ကိစ္စပြီးသွား၍ ကျီနန်ဖုန်း ကျောင်းအ‌ကြောင်းသွားမေးလိုက်သည်။ စစ်တပ်ထဲက ကျောင်းက ကလေးတွေ နောက်အပတ် ကျောင်းတက်လို့ရပြီဟု ပြောသည်။

ချူယောင်းလည်း နောက်ဆုံး စိတ်အေးသွားသည်။ ကျီကျားလည်း အိပ်မောကျကာ ကလေးများလည်း သူငယ်ချင်းအသစ်များနှင့်ဆုံ၍ သူတို့အပြင်တွင်သွားဆော့ကြသည်။

ချူယောင်း သူတို့အခန်းပြန်ပြီး ခဏလှဲရန်ပြင်စဥ် ခြံတံခါးအပြင်တွင် တစ်ယောက် အော်သံကြား၍ ချူယောင်း သက်ပြင်းချကာ မနားနိုင်တော့ပေ။

ချူယောင်း တံခါးသွားဖွင့်ရာ တံခါးအပြင်တွင် အသက်ခပ်ကြီးကြီး အမျိုးသမီးတစ်ယောက် မတ်တပ်ရပ်နေသည်။ တံခါးဖွင့်သည်ကို မြင်၍အမျိုးသမီးပြုံးကာ" ညိီမတို့ ဒီရောက်နေတာ ရက်အများကြီးရှိ‌နေပြီ။ ညီမလာမလည်လို့ အစ်မလာလည်တာ "

ချူယောင်းလည်း သဘောပေါက်သွားကာ "အိမ်မှာ လုပ်စရာတွေ အများကြီးရှိသေးလို့ ညီမ အပြင်ထွက်ဖို့အချိန်မရှိလို့ပါ" ချူယောင်း စားပွဲကို ရှင်းကာ အထဲဝင်ရန်ဖိတ်လိုက်သည်။

" ညီမတို့ ခုမှရောက်တာဆိုတော့ တစ်ခုခုလိုရင် အစ်မကို လာရှာလို့ရတယ်။ အစ်မ ဒီကနေရာအားလုံးသိတယ်" အမျိုးသမီးက သူမနာမည်ကရှို့မေဟု ခေါ်သည်ဟု ပြောသည်။ သူမ တည့်တိုးပြောကာ တခုခုလိုပါကာ လာရန်ပြောသည်။

"ညီမတို့မိသားစုက ကြီးတယ်လို့ အစ်မထင်တယ်။ အသီးအနှံစိုက်ပျိုးသင့်တယ်။ ဒါဆို နောက်ထွက်ဝယ်စရာမလိုဘူး။ ဝယ်တာက စျေးကြီးတယ်" ‌ဝမ်ရှို့မေဆက်ပြောသည်။ "အစ်မအိမ်မှာ အစေ့တွေအများကြီးရှိတယ်။ ညီမ ယူလို့ရတယ်"

" ဒါက အားနာစရာကြီး။ ညီမ နောက်ရက် သွားဝယ်လိုက်မယ်" ချူယောင်း ဝမ်ရှို့မေနှင့်မရင်းနှီးသေး၍ တိုက်ရိုက်တောင်းဖို့ကို အားနာသည်။

သို့‌သော် ဝမ်ရှို့မေက သာမန်လူမဟုတ်။ သူမက ရင်းနှီးလွယ်ကာ "ဘာဖြစ်လို့လဲ? အစေ့နည််းနည်းလေးပဲမလား ဘာလို့အားနာနေတာလဲ?!"

ပြောပြီးနောက် ချူယောင်း ထပ်ငြင်းမည်စိုး၍ သူမ တခြားအရာများကို ပြောလိုက်သည်။ "ညီမမိသားစုက ကလေးအရမ်းများတာ။ အစ်မမိသားစုမှာပဲ များတယ်ထင်တာ။ တူမယ်မထင်ခဲ့ဘူး"

ဝမ်ရှို့မေက ဒီနှစ် အသက်၃၁ရှိပြီး အိမ်တွင်‌ကလေး၄ယောက်ရှိသည်။ သူမ နေ့တိုင်း ချက်ကျွေးသည်။ သူမ ကလေးအားလုံးက သားဖြစ်ပြီး အကြီးဆုံးက အသက်၁၃နှစ် အငယ်ဆုံးက ၈နှစ်ဖြစ်ကာ ကလေးတွေက များများစားနိုင်၍ မိသားစု တကယ်အခက်တွေ့သည်။

ထို့ကြောင့် ဝမ်ရှို့မေခြံတွင် အသီးအနှံအပြည့်စိုက်ပျိုးထားကာ ချူယောင်းပင် ခရမ်းချဥ်သီးပင်များ ရှည်ထွက်နေသည်ကို မြင်နိုင်သည်။

ချူယောင်း များများမ‌ပြောပေမယ့် ဒီကလေးများက ကျီနန်ဖုန်း အစ်မမွေးသည်ကို ဝမ်ရှို့မေသိသည်။ မဟုတ်လျှင် ချူယောင်း အသက်ငယ်ငယ်နှင့် ကလေးအများကြီးရှိသည်ကို အလွန်အံ့သြမိမည်ဖြစ်သည်။

သူတို့နှစ်ယောက် စကားပြောကြသည်။ ချူယောင်းက သူမနှင့် အရမ်းမရင်းနှီး၍ သိပ်ပြောစရာမရှိပေ။ ဝမ်ရှို့မေ ‌တစ်ယောက်တည်း ပြောရသည်ကလည်း စိတ်ဝင်စားဖို့‌မကောင်း။

နောက်ဆုံး သူမ သတိပေးလိုက်သည်။ " ညီမ ဒီမှာ ဧည့်သည်တွေကို ဧည့်ခံဖို့ ဘယ်လိုတွေးထားလဲ? ဧည့်သည်တွေကို ဧည့်ခံရင် အစ်မကို ကူဖို့လာခေါ်နော်"

ထိုအခါမှ ချူယောင်း ဒီမှာ ဒီလိုဓလေ့ရှိသည်ကို သိ၍ သူမ ခေါင်းညိတ်လိုက်သည်။ "အဲ့အချိန်ကျ အစ်မကို ကူပေးဖို့‌လာခေါ်ပါ့မယ်"

ဒါက ဘာမှမဟုတ်၍ ဝမ်ရှို့မေ လက်ဝေ့ရမ်းလိုက်သည်။ စကားအနည်းငယ်ပြောပြီးနောက် ‌ဝမ်ရှို့မေ ထမင်းချက်စရာရှိ၍ အိမ်ပြန်သွားသည်။

ချူယောင်း ဧည့်သည်များကို ဖိတ်ရမည့်ကိစ္စ တွေးနေပြီး ကျီနန်ဖုန်းနှင့် တိုင်ပင်ရမည်။

"မင်း ဒီရက်ပိုင်းပင်ပန်းမှာပဲ "ကျီနန်ဖုန်း ဒီနေ့စော‌စောပြန်လာကာ ကျီကျားသေးခံလဲ‌ပေးပြီး နို့မှုန့်တိုက်ကာ အိမ်အလုပ်လည်း ကူလုပ်သည်။

"ဘာမှမဖြစ်ပါဘူး။ ကလေးတွေက နောက်အပတ်ကျောင်းသွားတော့မှာ။ အဲ့အချိန် သိပ်အလုပ်မများတော့ပါဘူး" ကလေးများ လိမ္မာသည့်တိုင်အောင် ကလေးရှိသည့်အိမ်က လုပ်စရာအမြဲများသည်။

" ဒါနဲ့ ဘေးအိမ်ကအစ်မက ဒီနေ့လာပြီး ကျွန်မတို့ကျွေးရမယ့် ကိစ္စမေးသွားတယ်" ချူယောင်း ဒီကိစ္စ အစဖော်မှ ကျီနန်ဖုန်း သတိရသွားသည်။

" ဒီလိုဓလေ့ရှိတယ်ဆိုတာ ဟုတ်တယ်။ ဒါပေမယ့် မင်းတွေးတဲ့အပေါ်ပဲ မူတည်တာပါ "ဧည့်သည့်များအား မဖိတ်သည့်သူကို ‌လာပြီးမာန်မည့်လူရှိမည်က မဖြစ်နိုင်ပေ။

"လူတိုင်းလည်း ကျွန်မတို့ကို ဖိတ်မှာ။ ရှင်အားတဲ့အချိန်ဖိတ်လို့ရတယ်။ အဲ့အချိန်တော့ ရှင် ကျွန်မကို ကူရမယ်" ချူယောင်း အိမ်အလုပ်အားလုံးကို သူမတစ်ယောက်တည်း ပင်ပင်ပန်းပန်း မလုပ်ချင်ချေ။

ကျီနန်ဖုန်း ခေါင်းညိတ်လိုက်သည်။ "ကိုယ် မင်းကို သေချာ‌ပေါက် ကူညီမှာပါ။ ကိုယ် ခွင့်ရက်ယူပြီးရင် ဒီကိစ္စဖြေရှင်းလိုက်မယ်"

All Chapters