အခန်း (၅၁၇-၅၁၉)
Vol. 35 Ch. 517-519
အခန်း (၅၁၇) ဓားနတ်ဆိုးပြန်ရောက်လာခြင်း
သူ့အတွက်သူ ရေတစ်ခွက် ငှဲ့ထည့်ပြီးနောက် မတ်မတ်ထိုင်ကာ ပြောလိုက်တော့သည်။
“ဖန်းလိုင်ဂိုဏ်းက အပြင်လောကနဲ့အဆက်အသွယ်ဖြတ်တောက်ထားတာကြာပြီ။ သူတို့ရဲ့ ကျွန်းငါးကျွန်း အစီအရင်ကြောင့် ကျင့်ကြံခြင်းလောကထဲမှာခြေကုပ်ယူနိုင်ခဲ့တာ။ လတ်တလောမှာ တစ်နည်းနည်းနဲ့ သူတို့အစီအရင်မှာ ပြဿနာတစ်ခု ပေါ်လာတယ်။ မျောလွင့်ကျွန်းက ဖန်းလိုင်ရဲ့ အဓိကကျွန်းပဲ။ ပေတစ်သောင်းရှည်ပြီး အလေးချိန်က တိုင်းတာလို့မရဘူး။ အစွမ်းထက်တဲ့ အစီအရင်ကြောင့်သာ လေထဲမျောနေတာ။ ကျွန်းက သမုဒ္ဒရာထဲ မြုပ်သွားခဲ့ရင် ကျန်တဲ့ ကျွန်းလေးကျွန်းကလည်း မြုပ်သွားမှာပဲ”
အနီးပတ်ဝန်းကျင်ရှိလူများထိုအကြောင်းကို ပြောနေကြောင်းသဘောပေါက်သွားချိန်၌ ခဏတာ ရပ်တန့်လိုက်၏။ ပြီးနောက် သူက အပြုံးတစ်ပွင့်ဖြင့်ဆက်ပြောလိုက်သည်။
"ဖန်းလိုင်ဂိုဏ်းမှာ မဟာမိတ်မရှိဘူးလေ။ ကျွန်းသခင် ဟွမ်းရှစ်ကျဲ ပွင့်ချပ်ရှစ်လွှာသိုင်းပညာရှင်က သူတို့ကို လက်ကမ်းကူညီပေးဖို့ ဂိုဏ်းအသီးသီးကိုဖိတ်ခဲ့တာ။ ကံဆိုးတာက သူတို့တွေအားလုံးက ဆာလောင်မွတ်သိပ်နေကြတဲ့ ဝံပုလွေတစ်သိုက်ဖြစ်နေတယ်လေ။ သူတို့တွေက အခြေအနေကို အမြတ်ထုတ်ချင်ကြတယ်။ သူတို့က မျောလွင့်ကျွန်းကိုမြှုပ်စေချင်ကြတာပေါ့။ အဆုံးကျ တစ်နည်းနည်းနဲ့ လောင်ချန်းပေ့ကျိက ဖန်းလိုင်ကို သွားကယ်တယ်။ မျောလွင့်ကျွန်း မြှုပ်သွားတဲ့အချိန် ကျွန်းလေးကျွန်းက ဖရိုဖရဲဖြစ်နေပြီး တိုက်တိုက်ဆိုင်ဆိုင်ပဲ ကံဆိုးတာက ဟွမ်းရှစ်ကျဲက အနားမှာမရှိဘူး”
ကျင့်ကြံသူက တက်တက်ကြွကြွဆက်ပြောသည်။
“နောက်တစ်ခုရှိတာက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ မျှော်နန်းသခင်က ထိုက်ရွှီကျောင်းတော်ရဲ့ ပွင့်ချပ်ရှစ်လွှာအကျော်အမော် ကျန့်လီကျစ်ကို တစ်ချက်တည်းနဲ့ သတ်လိုက်တယ်လေ။ အဲဒီရဲ့ခွန်အားနဲ့ မျောလွင့်ကျွန်းကို သူ့လက်တစ်ဖက်တည်းနဲ့ မြှောက်ထားတာနော်။ သူက သမုဒ္ဒရာထဲကနေ လေထဲ မီတာတစ်ရာကျော်အထိ မ ထားတာ။ လူတိုင်း ကြောက်ရွံ့ကုန်ကြတာပေါ့။ အဆုံးကျ သူက ရွှေရောင်ထိုက်ရွှီကြေးမုံနဲ့ ဖန်းလိုင်ကောင်းကင်စာလိပ်ကို ရသွားတယ်”
လက်ဖက်ရည်ဆိုင်ထဲ၌ ဆွေးနွေးသံများ ပေါ်လာသည်။
လူများစွာက ထိုအကြောင်းကို ကြိမ်ဖန်များ စွာကြားပြီးကြသော်ငြား မလုံလောက်သေးပေ။
ဝတ်ရုံစိမ်းဖြင့် ဓားသမားက ပြုံးပြီးမေးလိုက်၏။
“ဘယ်လိုလုပ် ဒီအကြောင်း အများကြီး သိနေရတာလဲ ရောင်းရင်း”
“ကျုပ်က မိစ္ဆာဝေဟင်မျှော်နန်းကို အမြဲတမ်းလေးစားခဲ့တာ။ မိစ္ဆာဝေဟင်မျှော်နန်းနဲ့ သက်ဆိုင်တဲ့ ကိစ္စတိုင်းကို အမြဲတမ်း နားစွင့်ထားတယ်လေ” ထိုလူက အပြုံးဖျော့ဖျော့ဖြင့် ပြောလိုက်သည်။
ဝတ်ရုံစိမ်းဖြင့် ဓားသမားက ခေါင်းညိတ်လိုက်လေ၏။
ထိုလူ၏အကြည့်က ဝတ်ရုံစိမ်းဖြင့် ဓားသမား၏လက်ထဲရှိ ဓားအိမ်ဆီရောက်သွားသည်။ သူက ပြုံးပြီးပြောလိုက်သည်။
"ဆရာကြီး ခင်ဗျားရဲ့အဲဒီဓားက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ယွီရှန်းရုန်ရဲ့ဓားနဲ့ ဆင်တူသလိုပဲ”
“အဲလိုလား” ဝတ်ရုံစိမ်းဓားသမားသည် မျက်နှာတည်ဖြင့် သူ၏ဓားကိုကြည့်လိုက်၏။
“ဒါပေါ့ ဓားနတ်ဆိုးက ယွီစီရင်စုဆီ သတ်ဖြတ်မဲ့သူစာရင်းအသစ်နဲ့ပြန်လာပြီ။ အခု ယွီစီရင်စုမြို့ကို ရောက်နေပြီလို့ကြားထားတယ်” သူတို့ကပြော၏။
“သူ့ကို ကောင်းကောင်းသိတာပဲလား ကျုပ်မိတ်ဆွေ”
ဝတ်ရုံစိမ်းဖြင့်ဓားသမားက အမြဲတစေ ယဉ်ကျေးနေ၏။ ထိုလူသည် လက်တစ်ဖက်ဖြင့်စားပွဲပေါ်သေရည်ခွက်ကိုချပြီး ရယ်မောကာပြောလိုက်၏။ “သူ့အကြောင်းကြားဖူးတာပါပဲ”
“ဒီလိုဆိုမှတော့ သူ့ရဲ့သတ်ဖြတ်မဲ့သူစာရင်းထဲမှာ ခင်ဗျားပါနေတာသိလား” ဝတ်ရုံစိမ်းဖြင့် ဓားသမားက ခပ်ရေးရေး ပြုံးလိုက်၏။
ဟမ်
ဘီး ဘီး ဘီး
ဝတ်ရုံစိမ်းဖြင့် ဓားသမား၏လက်ထဲရှိ ဓားက အနည်းငယ်လှုပ်လာ၏။
ထိုလူက ထိတ်လန့်သွားသည်။ သူသည် ဝတ်ရုံစိမ်းဖြင့် ဓားသမားကို ကြည့်ကာ ကြောက်လန့်သွားတော့သည်။
ဝတ်ရုံစိမ်းဖြင့်ဓားသမားက ပြောလိုက်သည်။
“ကြွက်ဘုရင်လီချန်း ကျုပ်တောင်းပန်ပါတယ်။ ဒါပေမဲ့ ခင်ဗျားအချိန်စေ့ပြီ”
ကြွက်ဘုရင်လီချန်း၏မျက်လုံးများက ပြူးကျယ်သွားသည်။ နောက်ဆုံးတော့ သူ သဘောပေါက်သွား၏။ သူ၏မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ယဉ်ကျေးသိမ်မွေ့ပုံပေါ်သည့် ဝတ်ရုံစိမ်းဖြင့် အမျိုးကောင်းသားကိုကြည့်ပြီး အက်ကွဲနေသော အသံဖြင့် တုန်တုန်ယင်ယင် ပြောလိုက်သည်။
“ဓားနတ်ဆိုး”
ကျီ
သက်တော်ရှည်ဓားက ဓားအိမ်ထဲကနေ ထွက်သွားတော့သည်။ လျှပ်ပြက်သောအရှိန်ဖြင့် စွမ်းအင်သည် လီချန်းဆီသို့ တိုးဝင်သွားသည်။
ထွင်းစာများက စွမ်းအင်တို့ဖြင့် တလက်လက် တောက်ပနေပြီး စိမ်းဖန့်နေလေသည်။
ကျီ
သက်တော်ရှည်ဓားက ၎င်း၏ဓားအိမ်ထဲပြန်ရောက်လာသည်။
ဘာမှမဖြစ်ခဲ့သည့်အတိုင်းပေ။ အရာအားလုံးက မျက်စိတစ်မှိတ်အတွင်းဖြစ်သွားပြီး လူတိုင်းကို သတိမပြုမိဖြစ်သွားစေသည်။
သက်တော်ရှည်ဓားက ၎င်း၏ဓားအိမ်သို့ ပြန်ရောက်ပြီးမှ ဖျော့တော့သော စွမ်းအင်က ဓားအိမ်ထဲဝင်လာ၏။
ပတ်ဝန်းကျင်က အမြဲတမ်းစည်ကားသိုက်မျိုက်နေသည်။ ကျင့်ကြံသူများက အမြဲတမ်း ပျော်ရွှင်စွာ စည်ကားနေသေးဆဲ ဖြစ်၏။ အရာအားလုံးက ပုံမှန်အတိုင်းဖြစ်နေသည်။
ယွီရှန်းရုန်သည် လက်ဖက်ရည်ခွက်ကို မြှောက်ပြီး တစ်ငုံသောက်လိုက်၏။ သူက ၎င်းကို ပြန်ချပြီးနောက် သူနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ကြွက်ဘုရင်လီချန်းကို ကြည့်လိုက်သည်။ သူက ခပ်ရေးရေး ပြုံးလိုက်တောာ့၏။
“နှုတ်ဆက်ပါတယ်”
ယွီရှန်းရုန်သည် လှေကားကနေ ဆင်းသွားပြီး အမြင်အာရုံရှေ့ကနေ ပျောက်ကွယ်သွားပြီးသည်အထိ လီချန်းက လှုပ်ရှားမှု ကင်းမဲ့နေသေးဆဲဖြစ်သည်။ သူက မျက်လုံးများ အပြည့်အဝပွင့်ရန် အချိန်မရှိသောကြောင့် မျက်လုံးတစ်ဝက်ပိတ်နေလေသည်။ ထိတ်လန့်ကြောက်ရွံ့မှု အရိပ်အယောင်ကို မြင်နေရသေး၏။ သူ၏နှုတ်ခမ်းတို့ အနည်းငယ် ဟနေသော်ငြား အသံထွက်မလာပေ။
ကြွက်ဘုရင်လီချန်းသည် ယွီစီရင်စု မြို့စောင့်တပ်စစ်သူကြီး၏ အကောင်းဆုံးကင်းထောက် တစ်ယောက်ဖြစ်သည်။ သူသည် အမျိုးမျိုးသော သတင်းရင်းမြစ်အချက်များကနေ အချက်အလက်များ စုဆောင်းကာ ရန်သူအခြေစိုက်စခန်းကို ဖောက်ဝင်ပြီး စစ်တပ်အတွက် အခွင့်အလမ်းများစွာ ဖန်တီးပေး၏။ သူသည် မဟာစစ်သူကြီးရှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်သော ကျိချင်းချင်း၏ အရည်အချင်းရှိသော လက်အောက်ငယ်သားတစ်ယောက် ဖြစ်သည်။ သူက လက်ဖက်ရည်ဆိုင်ထဲ၌ အမြဲတစေ သိုသိုသိပ်သိပ်နေတတ်သည်။ သူတို့၏ ဝင့်ကြွားသော အကြောင်းအရာများအကြောင်း ကျန်သည့်သူများပြောတာကို နားထောင်တတ်သည်။ သူက သူသိသည့်အရာရာကို ပြောပြသည့် ပထမဆုံးအကြိမ်လည်းဖြစ်သည်။ သို့သော် မိစ္ဆာဝေဟင်မျှော်နန်း၏ ယွီရှန်းရုန်နှင့် တွေ့လိမ့်မည်ဟု မထင်ထားပေ။ အလိုလေး .... နောက်ကျသွားချေပြီ။
နာရီပေါင်းများစွာ ကြာသွားပြီဟု ထင်မှတ်ရပြီးနောက် လက်ဖက်ရည်ဆိုင်၏စားပွဲထိုးက စားပွဲရှင်းရန်ရောက်လာ၏။
“လူကြီးမင်း ... လူကြီးမင်း”
ကြွက်ဘုရင်လီချန်း တိတ်ဆိတ်နေတာကို မြင်သောအခါ လီချန်း၏ မျက်နှာရှေ့ လက်ဝှေ့ယမ်းလိုက်သည်။ တုံ့ပြန်မှု မရှိသေးပေ။ ထို့ကြောင့် သူက လီချန်းကို တို့လိုက်၏။
ထောက်
စက္ကန့်ဝက်အတွင်း ကြွက်ဘုရင်လီချန်းက နောက်ပြန်လန်ကျသွားသည်။
ထိုစဉ် သူ၏လည်ပင်းပေါ်၌ သွေးရာက ပေါ်လာပြီး သွေးများ ပန်းထွက်လာ၏။
“လူသတ်သမား”
“လူသတ်မှုဖြစ်သွားပြီ”
...
ကျင်းစီရင်စုရှိ စစ်သူကြီး၏အိမ်တော်ထဲတွင်ဖြစ်သည်။
ယွီကျန့်ဟိုင်သည် နောက်ထပ်လှုပ်ရှားရမည့်အရာကို စီးဝူယာ့နှင့် ဆွေးနွေးနေသည်။
မဟူရာကွန်ယက်၏ သတင်းအချက်အလက်ကို လက်ထဲတွင် ကိုင်ထားလျက် ဟွားချုံးယန်က အခန်းထဲ ကမန်းကတန်းဝင်လာသည်။ သူက အရိုအသေပေးလျက်ပြောလိုက်သည်။
“ဂိုဏ်းချုပ် ... သတ္တမသခင်လေး ယွီကျိုးရဲ့ကြွက်ဘုရင်လီချန်းက လုပ်ကြံခံလိုက်ရပါပြီ။ ရှေ့မှာ ဓားရာ တစ် ရာ... ” ပြီးနောက် သူက လည်ပင်းပေါ် လက်ညှိုးဆွဲပြလိုက်၏။
“ဒါမျိုးဖြစ်တာ ဘယ်နှစ်ကြိမ်ရှိပြီလဲ” ယွီကျန့်ဟိုင်က လက်နောက်ပစ်ထားလျက်မေးလိုက်သည်။
“ဒီလထဲမှာ ပဉ္စမအကြိမ်။ ယွီစီရင်စုရဲ့ မြို့စောင့်စစ်သူကြီးက အံ့ဖွယ်မြို့တော်ရဲ့ မဟာစစ်သူကြီး ရှစ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ငါးယောက်လုံးက သူမရဲ့လက်အောက်ငယ်သားတွေ”
ဟွားချုံးယန်က ဖြေ၏။
ယွီကျန့်ဟိုင်က ပြောသည်။
“ကျင်းစီရင်စုရဲ့ စစ်သူကြီးဝမ်ရှု အပါအဝင် ဒါ ခြောက်ယောက်မြောက်ပဲ၊ အဲဒီလူက ဘယ်သူလဲ။ သူနဲ့ ငါတို့ တစ်ခုခု ပတ်သက်လို့လား”
ဟွားချုံးယန်က ခေါင်းခါပြီး ပြောလိုက်၏။ “အဲ့ဒီလူက ဒုတိယသခင်လေးလိုပဲ အသေသတ်စာရင်း လုပ်ထားတာ၊ ရက်အနည်းငယ်အတွင်းမှာ နာမည်တွေ ထပ်ထည့်တယ်၊ ဒုတိယသခင်လေးရဲ့ အသေသတ်စာရင်းနဲ့ မတူဘဲ အဲ့စာရင်းက တခြားလူတွေကို ခြောက်လှန့်ဖို့ပဲ။ ယွီစီရင်စုကနေ ထွက်သွားတဲ့သူတွေက အသက်ရှင်နိုင်ပြီး ခေါင်းမာတဲ့လူတွေက ခြွင်းချက်မရှိ အသတ်ခံရလိမ့်မယ်”
“စိတ်ဝင်စားစရာပဲ။ စိတ်ဝင်စားစရာပဲ။ နောင်ကျ ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့သူတွေ့ရင် သူနဲ့ မိတ်ဆွေဖွဲ့ရမယ်” ယွီကျန့်ဟိုင်က ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။
စီးဝူယာ့က မေးလိုက်၏။ “အဲဒီလူက အာ့ရှစ်ရှိုးဖြစ်နိုင်လား”
ယွီကျန့်ဟိုင်၏အမူအရာက သုန်မှုန်သွား၏။ “သူလား”
“တစ်မိုးအောက်မှာ အာ့ရှစ်ရှိုးတစ်ယောက်ပဲ ဒီလို သူ့ရဲ့ရန်သူတွေကို ပွင့်ပွင့်လင်းလင်းသတ်နိုင်တဲ့ တစ်ဦးတည်းသောသူ ဖြစ်မှာစိုးရတယ်” ထိုသို့ပြောပြီးနောက် စီးဝူယာ့က အမြန် ထပ်ထည့်ပြောလိုက်၏။
“ဒါပေါ့ တာ့ရှစ်ရှိုးအပါအဝင်ပေါ့။ တကယ်တော့ ရှစ်ရှိုးက ပိုတော်ပါတယ်”
“ရှစ်တိ ... တကယ် သူလို့ ထင်နေတာလား” ယွီကျန့်ဟိုင်က လှည့်လာပြီး စီးဝူယာ့ကိုကြည့်လိုက်၏။
“ကျွန်တော် အတွေးလွန်နေတာလဲဖြစ်နိုင်ပါတယ်”
“ငါလည်း အဲ့လိုတွေးနေတာပဲ”
ဟွားချုံးယန်က အခြေအနေကိုနားလည်၏။ ထို့ကြောင့် သူကဝင်မပြောပေ။ သူ အရိုအသေပေးလိုက်ပြီး ပြောလိုက်၏။ "ကျွန်တော် နောက်ထပ် သတင်းပို့စရာရှိပါတယ်”
“နားထောင်နေတယ်”
ဟွားချုံးယန်က စာရွက်တစ်ထပ်ထုတ်ပြီးပြောလိုက်၏။
"ကျိချန်းပေ့က မျောလွင့်ကျွန်းကို လက်တစ်ဖက်နဲ့ ကိုင်မြှောက်ထားတဲ့ အဖြစ်အပျက်က လက်ရှိ ပျံ့နေပါပြီ၊ အခုကျွန်တော်သိသလောက်တော့ သတင်းက လုပ်ဇာတ်မဟုတ်တဲ့ပုံပဲ”
ယွီကျန့်ဟိုင်က စာရွက်များကို ယူပြီးကြည့်လိုက်သည်။ လူအများဆိုထားသော သဖြန်များနှင့် ကဗျာတိုများပါရှိလေသည်။
စာရွက်များကို ကြည့်ပြီးနောက် ယွီကျန့်ဟိုင်က စားပွဲပေါ်စာရွက်များပစ်တင်ကာ ရယ်မောပြီး ပြောလိုက်၏။ "အစစ်မဟုတ်ရင်တောင် ဒါက ငါတို့အတွက် သတင်းကောင်းပဲ။ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ဂုဏ်သတင်းနဲ့ဆို တာ့ယန်ရဲ့လူတွေက ငရဲဂိုဏ်းနဲ့ တော်ဝင်မိသားစုကြား အရေးကိစ္စကို ဝင်မစွက်ဖက်ခင် နှစ်ကြိမ်စဉ်းစားလိမ့်မယ်” စီးဝူယာ့က ပြောလိုက်၏။
"ဒါပေမဲ့ တာ့ရှစ်ရှိုး... ရှစ်စွင်းက မိစ္ဆာဝေဟင်မျှော်နန်းရဲ့နာမည်ကို ရှစ်ရှိုးသုံးတာကို သဘောမကျဘူး”
ယွီကျန့်ဟိုင်က ခေါင်းခါပြီး ပြောလိုက်သည်။
“ရှစ်တိ မင်းက ဉာဏ်ကောင်းပါရဲ့။ ဒါပေမဲ့ မင်းက အကဲဖြတ်တဲ့အချိန်မှာ လျှောကျသွားတာတစ်ချက် ရှိသကိုး”
စီးဝူယာ့က ဇဝေဇဝါဖြစ်သွား၏။
ယွီကျန့်ဟိုင်က အရှက်မရှိပြောလိုက်သည်။ “ရှစ်စွင်းက ဘယ်လိုပဲဖြစ်ဖြစ် ငါ့ကို အလွယ်တကူလွှတ်ပေးမှာမဟုတ်တဲ့အကြောင်းပြောပြီးပြီပဲ။ ဒီလိုဆိုမှတော့ ငါ စိတ်တိုင်းကျလုပ်ရတာပေါ့”
“…”
သူသည် မည်သည့်နည်းနှင့်မဆို အပြစ်ပေးခံရလိမ့်မည်။ သူ မလုပ်ခဲ့လျှင်လည်း တူညီသည့်နောက်ဆက်တွဲကို ခံစားရမှာပဲဖြစ်၏။ သူ့စိတ်တိုင်းကျလုပ်မည်။
ဟွားချုံးယန်က ပြောလိုက်သည်။
"ကျွန်းသခင်ဟွမ်း ကျိချန်းပေ့ လက်တစ်ဖက်တည်းနဲ့ ပင့်မြှောက်ထားတဲ့အကြောင်း ကြားတဲ့အချိန် သူက အနားမယူတော့ဘဲ ဖန်းလိုင်ကျွန်းကို အမြန်ပြန်သွားတာ”
ယွီကျန့်ဟိုင်က ခေါင်းညိတ်လိုက်၏။ ဟွမ်းရှစ်ကျဲသည် နောက်ပိုင်း၌ ငရဲဂိုဏ်းကို ကူညီပေးခဲ့သည်။ ဖန်းလိုင်ကျွန်းက အန္တရာယ်တွေ့နေချိန်၌ သူသည် ဤနေရာတွင် ငရဲဂိုဏ်းကို ကူညီပေးနေ၏။ ကျင့်ဝတ်ပိုင်းအရ ယင်းက လုံလောက်တာထက် ပိုနေလေပြီ။
“သိပ်ကောင်းတယ်” ဆိုလိုသည်က ယွီစီရင်စုကို သိမ်းပိုက်ရာ၌ သူ့ကိုကူညီပေးမည့်သူ လျော့သွားတာပဲ ဖြစ်သည်။ သို့သော် အရိပ်ထဲမှ ဆန်းကြယ်သည့် အကျော်အမော်က သူ့ကို ကူညီပေးနေလေရာ ဖိအားလျော့နည်းသွား၏။
လရောင်သစ်သားမြေ၏ အသူရာချောက်ကမ်းပါးထဲတွင် ဖြစ်သည်။
ယဲ့ထျန်းရှင်းကို နေ့ရက်များ ရေတွက်နိုင်သော ကူညီပေးမည့်နေရောင်မရှိပေ။ သူမ တတ်နိုင်သမျှက အချိန်ကိုမှန်းဆရုံသာဖြစ်သည်။
ရက်အတန်ငယ် ကြာသွားသည်ဟု ထင်ရပြီးနောက် ယဲ့ထျန်းရှင်းသည် စွမ်းအင်ဗဟိုချက်ရှိ ချီပင်လယ် အပြည့်အဝ ပြည့်သွားကြောင်း ခံစားမိသည်။ သူမက မျက်လုံး ဖြည်းဖြည်းချင်း ဖွင့်လိုက်တော့၏။
...
အခန်း(၅၁၈) ပွင့်ချပ်ခုနစ်လွှာ ယဲ့ထျန်းရှင်း
ယဲ့ထျန်းရှင်းက ကနဦးချီစွမ်းအားကို ထုတ်ဖော်လိုက်ပြီး ကန်ထဲမှ ခုန်ထွက်လိုက်သည်။ သူမက လေပေါ် ဝဲပျံရင်း ရေကန်အား ငုံ့ကြည့်လိုက်သည်။
အစီအရင်မှ တောက်ပမှုက ပျောက်ကွယ်သွားလေသည်။ ကနဦးချီအများစုက သူမကို စုပ်ယူပြီးသား ဖြစ်၏။ သူမက လက်မြောက်လိုက်ပြီး လက်ဝါးကို သေချာလေ့လာကြည့်လိုက်သည်။
ဝှစ်
သူမ လက်ဝါးအထက် သေးငယ်ကာ ကြော့ရှင်းသည့် ပွင့်ချပ်ခြောက်လွှာ စိတ်ဝိညာဉ်သဏ္ဌာန် ထွက်ပေါ်လာသည်။ ပွင့်ချပ်ခြောက်လွှာက သူမ၏ ရွှေကြာအောက်ခြေတွင် လှည့်ပတ်နေကြသည်။
ယဲ့ထျန်းရှင်းက ကနဦးချီကို လှည့်ပတ်လိုက်သည်။ ထိုစဉ် စိတ်ဝိညာဉ်သဏ္ဌာန်ပေါ် စွမ်းအားကွင်း ပေါ်ထွက်လာပြီး အောက်သို့ ကျဆင်းသွားသည်။
တောင်ကြားထဲ သားရဲပျံများ ပေါ်ထွက်လာသော်လည်း မည်သူကမှ မချည်းကပ်ရဲကြပေ။
တောက်ပသည့် လရောင်က ပန်းချီကားသဖွယ် ဖြစ်နေသည်။
ချောက်နက်ထိပ်က မြင်ရဖို့အတွက် အလှမ်းဝေးလွန်းနေဟန်ပေါ်သည်။
စွမ်းအားကွင်းများက တဝီဝီ မြည်ရင်း စိတ်ဝိညာဉ်သဏ္ဌာန်၏ ကိုယ်ထည်ကို ခါးလှည့်ကွင်းသဖွယ် ဝေ့ပတ်နေကြသည်။
ယဲ့ထျန်းရှင်းက အာရုံစိုက်ထားလိုက်သည်။ သူမက စွမ်းအားပမာဏ အမြောက်အများ စုပ်ယူထားသော်လည်း ပွင့်ချပ်ထွက်ဖို့ အခက်တွေ့နေသေးသည်။ သူမက အသက်ရှုနည်းကို ထိန်းညှိလိုက်ပြီးနောက် အာရုံအပြည့်အဝ စိုက်ထားလိုက်သည်။
နောက်တစ်ခေါက် …
အလင်းကွင်းက ပို၍ တောက်ပလာသည်။
သူမ၏ မတုန်မလှုပ် ဆုံးဖြတ်ချက်က စိတ်ဝိညာဉ်သဏ္ဌာန် တောက်ပမှုနှင့်အတူ မြင့်တက်လာသည်။
ဝှစ်
လေထုထဲ ညင်သာသည့် အသံတစ်ချက် ထွက်ပေါ်လာသည်။
ယဲ့ထျန်းရှင်းက ရွှေကြာထောင့်တစ်နေရာသည် ကွဲထွက်နေသည်ကို မြင်၍ အံ့အားသင့်သွားလေသည်။ နောက်ထပ် ပွင့်ချပ်အသစ်ထွက်လာဖို့ သိပ်မကြာတော့ပေ။
ထိုပွင့်ချပ်အသစ် ပေါ်ထွက်လာမှုက သူမ၏ ချီသွေးကြောရှစ်ခုအား ချောချောမွေ့မွေ့ စီးဆင်းစေပြီး ချီပင်လယ်ကိုလည်း ကြီးထွားလာစေလိမ့်မည်။ သူမခန္ဓာကိုယ်ရှိ ကနဦးချီများက ချီပင်လယ်ထဲ ရောက်ရှိသွားသည်။
အဆင့်ချိုးဖောက် တက်လှမ်းခြင်း
ပွင့်ချပ်ခုနှစ်လွှာ ဒုက္ခမိုင်တစ်ရာရှုကွင်း …
ယဲ့ထျန်းရှင်းက ပျော်ရွှင်သွားကာ စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆင့်ခေါ်လိုက်သည်။
ထိုအရာက တဖြည်းဖြည်း ကြီးမားလာ၏။ ပွင့်ချပ်ခြောက်လွှာက ပေရှစ်ဆယ် မြင့်မားသော်လည်း ပွင့်ချပ်ခုနှစ်လွှာသို့ ရောက်ရှိနေပြီးနောက်တွင် ပေကိုးဆယ် မြင့်မားလာသည်။
သူမ၏ စိတ်ဝိညာဉ်သဏ္ဌာန်ဖြင့် ပျံသန်းကြည့်လိုက်သည်။ သူမက ပေတစ်ရာကို အသာလေး ပျံသန်းလိုက်သည့်အခါ ချောက်နက်အထက်ရှိ သားရဲပျံများက သားကောင်ကို သတိထားမိလာသည့်အလား သူမကို စတင်အမဲလိုက်ကြသည်။
သူတို့၏ နားကွဲလုမတတ် အော်သံများကလည်း ချောက်နက်တစ်လျှောက် ပဲ့တင်ထွက်နေသည်။
အန္တရာယ်ပဲ ….
ယဲ့ထျန်းရှင်းက ချက်ချင်း လှည့်ထွက်လိုက်သည်။
ဝေဟင်အထက်မှ သားရဲပျံများစွာက သူမဆီ တဟုန်ထိုး ထိုးဆင်းလာကြသည်။ သူတို့မျက်ဝန်းများနှင့် လက်သည်းများက အမှိန်ဖျဖျ တောက်ပနေ၏။
ဘန်း ဘန်း ဘန်း
ယဲ့ထျန်းရှင်း၏ စိတ်ဝိညာဉ်သဏ္ဌာန်က တိုက်ကွက်အားလုံးကို ကာဆီးပေးထားသည်။
သူမက မျက်မှောင်အသာကြုတ်လိုက်သည်။ သူမဘာသာ သတိမရှိဘဲ သားရဲပျံများစွာကို ဆွဲခေါ်မိသည့် သူမဘာသာပဲ အပြစ်တင်နေသည်။ သူမက အဆင့်နိမ့် သားရဲများကို သတ်နိုင်သော်လည်း အဆင့်နိမ့် သားရဲအားလုံးကို ရှင်းလင်းဖို့ အချိန် ဘယ်လောက်ကြာမြင့်မည်ကို မည်သူမှ မပြောနိုင်ပေ။
“မဟာနည်းစနစ်” ယဲ့ထျန်းရှင်းက စိတ်ဝိညာဉ်သဏ္ဌာန်ဖြင့် ပေါ့ပါးသွက်လက်စွာ ထွက်ပြေးလိုက်သည်။
ချောက်နက်က ကြီးမားလွန်းလှသည်။ အဆုံးကို မမြင်နိုင်ပေ။ အကယ်၍ သူမသာ ထွက်ပြေးနေရင်း ပိုအားကောင်းသည့် သားရဲနှင့် ကြုံတွေ့သွားလျှင် ပို၍ ဆိုးသွားနိုင်သည်။
သားရဲပျံများက စုဝေးကာ သူမဆီ ဆက်တိုက် ပျံသန်းလာနေကြသည်။
“ပွင့်ချပ်ခုနှစ်လွှာအဆင့် ကျင့်ကြံသူက ဒါကို မရှင်းနိုင်ဘူးလား”
သူမက ချောက်နံရံမှ နွယ်ပင်များကို ကြည့်လိုက်သည်။
ကြိုးစားကြည့်တာပေါ့ …
သူမ၏ မတုန်မလှုပ် သဘောထားဖြင့် စိတ်ဝိညာဉ်သဏ္ဌာန်အား ဝေဟင်ထဲ လမ်းကြောင်း ဦးတည်လိုက်သည်။
သားရဲပျံများစွာက တိုက်ခိုက်ရင်း နောက်မှ လိုက်လာကြသည်။
ယဲ့ထျန်းရှင်းက ပျံသန်းရာ၌သာ အာရုံအပြည့်အဝ စိုက်ထားသည်။ မျက်စိတစ်မှိတ်အတွင်း သူမက မီတာရာချီ မြင့်တက်လာပြီ ဖြစ်၏။ သူမက ဘေးပတ်လည်ကို ကြည့်လိုက်သည့်အခါ ချောက်နက်မှ သားရဲမျိုးစုံကိုလည်း မြင်လိုက်ရသည်။ သူမ၏ ဆံပင်များပင် ထောင်မတ်သွားလေ၏။ သူမက အန္တရာယ်များသည့် နေရာ၌ နောက်ထပ် တစ်စက္ကန့်ပင် ထပ်မနေလိုတော့ပေ။ သူမက သူတို့ကို သတ်ဖို့ စိတ်ကူးလည်း မရှိဘဲ ဆက်လက် ပျံသန်းနေသည်။
ရုတ်ခြည်းဆိုသလို …
ဝုန်း
ကောင်းကင် ပိတ်ကားချပ်လိုမျိုး တောင်ပံတစ်ခုက သူမ၏ စိတ်ဝိညာဉ်သဏ္ဌာန်ဆီ လာရောက်ထိမှန်လေသည်။
ဘန်း
စွမ်းအားလှိုင်းများက ရေပြင်ညီအတိုင်း ထွက်ပေါ်လာသည်။
ဘန်း ဘန်း ဘန်း
ချောက်နံရံမှ ကျောက်တုံးများ လိမ့်ကျလာပြီး နွယ်ပင်များလည်း ပျက်စီးသွားသည်။
သူမ၏ စိတ်ဝိညာဉ်သဏ္ဌာန်ပေါ် ထိရိုက်မှုက သူမအား ပြုတ်ကျသွားစေသည်။
သူမ နားထဲ လေအူသံသာ ကြားနေရပြီး စွမ်းအားအလွှာကို ဓားဖြင့် ကုတ်ခြစ်နေသလို ဖြစ်၏။ သူမက နောက်ကို ကြည့်လိုက်သည့်အခါ သားရဲပျံများစွာက နောက်မှ ဆက်လိုက်လာသည်ကို မြင်လိုက်ရသည်။ အေးစက်စက် လက်သည်းများနှင့် အစိမ်းရောင် မျက်ဝန်းများကိုသာ မြင်တွေ့နေရသည်။
သူမ စိတ်ထဲ လေးလံမိသွားသည်။
ဒီနေရာမှာ ပွင့်ချပ်ခုနှစ်လွှာအဆင့် ရောက်ပြီးတော့ သားရဲတွေရဲ့ လက်ထဲ သေရတော့မှာလား …
“မဖြစ်ဘူး”
သူမ၏ စိတ်ဝိညာဉ်သဏ္ဌာန်က အရွယ်အစား ကြီးမားလာသည်။
ဝုန်း
သားရဲများက လွင့်စဉ်သွားလေသည်။ အများစုက နေရာမှာတင် အသတ်ခံလိုက်ရပြီး မြေဆွဲအားကြောင့် ပြုတ်ကျသွားကြသည်။ သို့သော်လည်း အသက်ရှင်သည့် သားရဲများနှင့် ယှဉ်လိုက်လျှင် သူတို့အရေအတွက်ကို လျစ်လျူရှုထားနိုင်လေသည်။
သားရဲများစွာက သားကောင်ကို ချောင်းမြောင်းနေကြသည်။
သူတို့က တစ်ဖန် စတင် လိုက်လာကြပြန်သည်။
အပြင်ဘက်မှ အစားအစာ … မမြင်ဖူးသည့် နတ်သုဓာသဖွယ် …
ယဲ့ထျန်းရှင်းက သူမ၏ စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆင့်ခေါ်ပြီး ပေါင်းစပ်လိုက်သည်။
ဘန်း ဘန်း ဘန်း
သားရဲများက ပိုမိုကြမ်းတမ်းစွာ တိုက်ခိုက်လာသည်။
အူး
ဧရာမ သက်ရှိတစ်ကောင်က ကောင်းကင်ကို ခုန်လွှားလာပြီး သူ့ရွှေရောင်အမွေးများကြား ယဲ့ထျန်းရှင်းကို ဖမ်းဆုပ်ကာ လက်သည်းဖြင့် တခြားသားရဲများအား ရိုက်ထုတ်လိုက်သည်။
ဝုန်း
သားရဲပျံရာချီက ပြန့်ကျဲသွားပြီး ပြုတ်ကျသွားကြသည်။
ချောက်နက်အတွင်း အပိုင်းအစများစွာ ရွာသွန်းလာသည်။ တစ်ခါက ကောင်းကင်ဘုံတမျှအလား ထင်မှတ်ရသည့် ချောက်နက် မျက်နှာပြင်က ယခုအခါ ငရဲအလား ဖြစ်နေလေပြီ။
နှစ်တစ်သောင်း ချန်ဟွမ်း ရောက်နေပြီ ဖြစ်၏။
ချန်ဟွမ်း ရောက်ရှိလာသည့်အခါ သွေးမိုးရွာသွန်းလာသည်။ ထိုအရာက ခန္ဓာကိုယ်ကို နှိမ့်ထားပြီး အစွယ်များ ဖြဲပြနေသည်။ သူ့အော်သံက ကုန်းမြေကိုပင် လှုပ်ခတ်သွားစေ၏။
ချန်ဟွမ်းက လေထဲ ခုန်ဝင်လိုက်ပြီး မီတာတစ်ရာအဝေးသို့ အသာလေးရောက်သွားသည်။
ယဲ့ထျန်းရှင်းက အံ့ဩနေမိ၏။
ချန်ဟွမ်းက ကြောက်စရာကောင်းလိုက်တာ …. ပွင့်ချပ်ရှစ်လွှာအဆင့်လောက် ဖြစ်နေမလား
တစ်ချိန်တည်းဆိုသလို သူမက လုံခြုံမှုကို ခံစားမိလိုက်သည်။ သို့သော် သူမဘာသာ အပြစ်တင်လိုက်မိသည်။
ငါ ဘယ်လိုလုပ် ရူးမိုက်ရတာလဲ …
ငါ ချန်ဟွမ်းကို အချိန်အကြာကြီး ရှာလာတာကို အတူတူထွက်သွားဖို့ ဘာလို့မတွေးမိတာလဲ
ထို့အစား သူမက ပွင့်ချပ်ခုနှစ်လွှာအဆင့် ကျင့်ကြံဆင့်နှင့် ချောက်နက်အထက်ကို ပြန်ရောက်နိုင်လိမ့်မည်ဟု ထင်နေမိလေသည်။ သူမဘာသာ သေတွင်းတူးနေသလို မဟုတ်ဘူးလား။
ချန်ဟွမ်းက ဆင်းသက်ကာ လက်သည်းများဖြင့် ဝေ့ယမ်းလိုက်ပြန်သည်။
ဝုန်း
ချောက်နံရံမှ ကျောက်တုံးများ လေထဲ ဝဲပျံလာသည်။
ဘန်း ဘန်း ဘန်း
ကျောက်တုံးတစ်ခုချင်းစီက ယဲ့ထျန်းရှင်းထက်ပင် ကြီးမား၏။
ယဲ့ထျန်းရှင်းက ကြောင်အမ်းနေမိသည်။
ထိုတိုက်ကွက်ဖြင့် သားရဲပျံများက နောက်ဆုတ်လိုက်ရသည်။ သူတို့က အချိန်တိုအတွင်း မြင်ကွင်းမှ ပျောက်ကွယ်သွားကြ၏။
ချန်ဟွမ်းက အူလိုက်ပြီးနောက် ရေကန်ဘေးနား ပြန်ခုန်ဆင်းလိုက်သည်။
“အာ…”
သူမ အကြာကြီး ပျံသန်းခဲ့ရသည့် အကွာအဝေးက ချန်ဟွမ်းအတွက် ခြေလှမ်းအနည်းငယ် ခုန်ရုံမှအပ ဘာမှမဟုတ်ပေ။
ချန်ဟွမ်းက မြေပေါ် ဝပ်တွားရင်း ခေါင်းငုံ့ထားသည်။
ပတ်ဝန်းကျင်က အင်မတန် တိတ်ဆိတ်နေလေ၏။
ယဲ့ထျန်းရှင်းက ချက်ချင်း နားလည်သွားလေသည်။ ဤသည်က ပိုင်နက်တစ်ခု ဖြစ်၏။ အားကောင်းသည့် သားရဲများသာ ကိုယ်ပိုင် ပိုင်နက် ရှိထားကြသည်။ တခြားသားရဲများကလည်း သေချာသိထားကြသည်။
ယဲ့ထျန်းရှင်းက အဝေးတစ်နေရာကို လှမ်းကြည့်လိုက်သည်။ သူမက ချန်ဟွမ်းရှေ့ ဆင်းသက်လာရင်း ပြောလိုက်သည်။ “ကျေးဇူးပါ ”
ချန်ဟွမ်းက တုံ့ပြန်မှုမပေးဘဲ မြေပေါ် ဆက်လက် လဲလျောင်းနေသည်။ သူ့အကြည့်များသာ နေရာပြောင်းသွား၏။
“ဘာဖြစ်လို့လဲ။ ထိခိုက်ထားလို့လား ”
ယဲ့ထျန်းရှင်းက စိုးရိမ်မိသွားသည်။ သူမက ချန်ဟွမ်း ပတ်လည်ကို ပျံသန်းကြည့်လိုက်သည်။ သူမ စစ်ဆေးကြည့်ပြီးနောက်တွင် ဒဏ်ရာ မမြင်မိပေ။
ထိုစဉ် ချန်ဟွမ်းက လက်ကို အသာမြောက်ကာ ရုပ်တုရှေ့မှ သစ်ရွက်များကို ဖယ်ရှားလာသည်။
ယဲ့ထျန်းရှင်းက ကြည့်လိုက်သည့်အခါ ကျောက်တုံးပေါ်တွင် ရေးထွင်းထားသည်များ ရှိနေလေ၏။ ဤသည်က ရွှေကြာ ဖြစ်၏။ အတိအကျဆိုရလျှင် ပွင့်ချပ်ရှစ်လွှာ ရွှေကြာဖြစ်ပေသည်။ ရွှေကြာဘေးတွင် ရေးထွင်းထားသည့် စာလုံးများအတွက်မူ အချိန်ကြာမြင့်မှုကြောင့် သေချာမမြင်ရတော့ပေ။
ယဲ့ထျန်းရှင်းက ကြောင်အအ ဖြစ်သွားပြီး ထိုအရာများအား ထိကြည့်လိုက်သည်။ ဤသည်က လူသားများသာ လုပ်နိုင်လေသည်။ လူသားများကသာ ထိုအရာကဲ့သို့သော သင်္ကေတများ ထားရစ်နိုင်လိမ့်မည်။
ယဲ့ထျန်းရှင်းက အချိန်အတော်ကြာ စဉ်းစားပြီးနောက် ချန်ဟွမ်းနှင့် မျက်နှာချင်းဆိုင်ကာ ပြောလိုက်သည်။ “ငါ့ကို ပွင့်ချပ်ရှစ်လွှာအဆင့် ရောက်စေချင်တာလား”
အူး
ချန်ဟွမ်းက လက်ကို အသာအောက်ချလိုက်သည်။
ယဲ့ထျန်းရှင်းက ခေါင်းညိတ်ကာ “ကောင်းပြီ ”
နှစ်တစ်ရာ လူသားနှင့် နှစ်တစ်သောင်း ချန်ဟွမ်း …
……………..
မိစ္ဆာဝေဟင်မျှော်နန်း၊ အရှေ့ဘက်မျှော်နန်းဆောင်အတွင်း
လုကျိုးက စနစ်ကို ခေါ်ကာ ကုသိုလ်ရမှတ်များအား စစ်ဆေးကြည့်လိုက်သည်။
ကုသိုလ်ရမှတ် - ၉၇၄၃၀
...
အခန်း (၅၁၉) ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက်ကို ဖြေရှင်းခြင်း
သူက ကုသိုလ်မှတ်တစ်သိန်းနီးပါး ရခါနီးပြီဖြစ်သည်။ သူက ကုသိုလ်မှတ်များကို ဆက်လက် စုဆောင်းထားမည်ဆိုလျှင် ပွင့်ချပ်နှစ်လွှာရွှေကြာကို ဝယ်ယူနိုင်လိမ့်မည်။ သူ၏လက်ရှိ ကျင့်ကြံဆင့်သည် ပွင့်ချပ်နှစ်လွှာ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ် ကျင့်ကြံဆင့်တွင်သာရှိ၏။ သူသည် ကုသိုလ်မှတ်ကို အသုံးမပြုရန် သွေးဆောင်မခံရဟုဆိုလျှင် လိမ်ရာရောက်ပေလိမ့်မည်။ သို့သော်ငြား သူ့ကိုယ်ကို ထိန်းချုပ်ထားရမည်။ သူသာ ခမ်းနားသော ကျင့်ကြံသူတစ်ယောက် ဖြစ်သည်အထိ ၎င်းတို့ကို ချွေတာထားမည်ဆိုလျှင် သူတို့၏အလားအလာ အပြည့်အဝကို အသုံးပြုနိုင်လိမ့်မည်။ မည်သည့်နည်းနှင့်မဆို ကံစမ်းမဲများနှိုက်ရာ၌ ကုသိုလ်မှတ်တချို့ သုံးလိုက်လျှင် အဆင်ပြေရာရောက်မည်မဟုတ်ပါလော။
“ကံစမ်းမဲ” လုကျိုးက ရေရွတ်ပြောလိုက်သည်။
“တင်း ... ကုသိုလ်မှတ် ငါးဆယ်သုံးလိုက်ပါပြီ။ အကြောင်းပြန်လှန်ကတ်တစ်ကတ်ရရှိပါတယ်”
မဆိုးဘူးပဲ ... ထပ်နှိုက်မယ်။
“ကံစမ်းမဲ”
“တင်း ... ကုသိုလ်မှတ် ငါးဆယ်သုံးပြီးပါပြီ။ စီးတော်သားရဲ ကျိလျန်ကို ရရှိပါတယ်”
မှတ်ချက်။ “စီးတော်သားရဲများဖြစ်သော နတ်ခြင်္သေ့နှင့်ပိအန်းကို host ဆီသို့ပို့ဆောင်ရန် စနစ်သည် စွမ်းအင်များစွာ အသုံးပြုခဲ့ရသောကြောင့် မိစ္ဆာဝေဟင်မျှော်နန်းဆီသို့ သည်စီးတော်သားရဲက သူ့ဖာသာသူလာပါမည်”
“ကျိလျန် ... ဝေးလံသောမြောက်ပိုင်းရှိ ဝူဝန်နယ်မြေမှ မြင်းကောင်းတစ်ကောင်”
လုကျိုးက ယင်းကိုမြင်သောအခါ မျက်လုံးပြူးသွားသည်။
အတော်ကြာသွားပြီပဲ။ ဒီလိုဆုလာဘ်ကောင်းရတာ ဘယ်တုန်းကလဲ။ နောက်ဆုံးတော့ ငါ ဥရောပဧကရာဇ်တစ်ပါး ဖြစ်ပြီ။
သူသည် နတ်ခြင်္သေ့နှင့် ပိအန်း ရချိန်မှစပြီး ဒဏ္ဍာရီလာစီးတော်သားရဲများ အစွမ်းထက်ပုံကို မျက်မြင် တွေ့ခဲ့ရသည်။ ကျိထျန်းတောက်ရှိနေသေးတုန်းကတောင် သူသည် အစွမ်းထက်သည့် စီးတော်သားရဲတစ်ကောင်မှ မရခဲ့ပေ။ တစ်ဖက်တွင်မူ သူ၏ ပထမဆုံးတပည့်ယွီကျန့်ဟိုင်သည် အစွမ်းထက်သည့် စီးတော်သားရဲကို ရခဲ့၏။ သို့သော် ယွီကျန့်ဟိုင်သည် သူ၏စီးတော်သားရဲကို ရရန်အတွက် ဒုက္ခမည်မျှခံခဲ့ရကြောင်းမည်သူက သိမည်နည်း။
လက်တစ်ဆုပ်စာသော အဓိကဂိုဏ်းများသာလျှင် အဆင့်နိမ့် စီးတော်သားရဲကိုပိုင်ဆိုင်ထားသည်။
လုကျိုး၏စီးတော်သားရဲသည်မည်သူမျှ ကြုံတွေ့ရန်မမျှော်လင့်နိုင်သည့် ရတနာများဖြစ်၏။ အိပ်မက်သာဖြစ်နိုင်သည်။
“မဆိုးဘူး ... မဆိုးဘူးပဲ။ ငါ ထွက်သင့်ပြီ။ ငါ အခြေနေကောင်းနေတုန်းမှာ ရပ်လိုက်သင့်ပြီ။ ထပ်ပြီး ကံစမ်းမဲ မနှိုက်တော့ဘူး။ ဒါကို ဘာမှ လုပ်လို့မရဘူးမလား။ လုပ်လို့ရလား”
စနစ်အပေါ်လုကျိုး၏ နားလည်သဘောပေါက်မှုအရ နောက်ထပ်ကံစမ်းမဲများသည် ကျေးဇူးတင်ပါတယ် ဟုသာ ပို့လိမ့်မည်။
လုကျိုးက အင်မတန်စိတ်ကျေနပ်နေ၏။
ထိုစဉ် ဝေးလံသည့်မြောက်ဖက်ရှိ ဝူဝန်မြေတွင်ဖြစ်သည်။
ထွန်းလင်းတောက်ပနေသော မြင်းရိုင်းတစ်စုသည် မြက်ခင်းမဲ့လွင်ပြင်ကို ဖြတ်ကျော်နေလေ၏။
အဖွဲ့အဆုံးတွင် ကျန်သည့်သူများနှင့် သိသိသာသာ ကွဲထွက်နေပြီး နှင်းဖြူရောင်သားမွေးနှင့် ဆယ်ပေခန့်ရှည်သော ကြက်သွေးရောင် လည်ဆံမွေးနှင့် ပေရှစ်ဆယ်ခန့် မြင်းတစ်ကောင်က ရပ်တန့်သွား၏။ ၎င်းကဆင့်ခေါ်သံကို ကြားလိုက်ရသည့်ပမာ ဟီပြီး အဖွဲ့ကနေ ခွဲထွက်ကာ တောင်အရပ်ဆီသို့ ပျံသန်းတော့သည်။
စီးတော်သားရဲကို ရရှိပြီးနောက် လုကျိုးသည် ကံစမ်းမဲစနစ်ကို ထပ်မထိတော့ပေ။ ထိုအစား သူသည် ကောင်းကင်ကျမ်းစာ စာလိပ်သုံးခုကို အာရုံစိုက်လိုက်၏။
လူသားစာလိပ်ကို ဆင်ခြင်ပြီးနောက် လုကျိုးသည် သူတို့၏စွမ်းအားများနှင့် သူတို့ကို အသုံးပြုပုံကို နည်းလမ်းများကို သဘောပေါက်သွားပြီဖြစ်သည်။
သူက သိချင်စိတ်ဖြင့် ငုံ့ကြည့်လိုက်၏။ မြေကမ္ဘာစာလိပ်က ဘယ်လိုမျိုးဖြစ်မလဲ။
သူ့မျက်စိရှေ့၌ ဆန်းကြယ်သော သင်္ကေတများတစ်တန်းပြီးတစ်တန်းပေါ်လာသည်။ သူတို့က ထူးဆန်းပြီး မျဉ်းတိုလေးများ ပါရှိ၏။
လူသားစာလိပ်၏ သင်္ကေတများသည် ရှေးဟောင်းလူသားယဉ်ကျေးမှု၏ စကားလုံးများနှင့် ဆင်တူပြီး မြေကမ္ဘာစာလိပ်၏ သင်္ကေတများသည် အလွန်ရှုပ်ထွေးသည်ဟုသာ ဖော်ပြ၍ရသည်။ အနည်းဆုံးတော့သူသည် လူသားစာလိပ်ရှိသင်္ကေတထဲတွင် ပုံသဏ္ဌာန်တချို့ကို ရှာတွေ့ခဲ့၏။ မြေကမ္ဘာစာလိပ်ကမူ ရှုပ်ထွေးနေရုံသက်သက်သာ ဖြစ်သည်။ မည်သည့်နည်းနှင့်မဆို ကောင်းကင်ကျမ်းစာစွမ်းအားအတွက် ရွတ်ဆိုမှုသည် သူ စတင်ကျင့်ကြံချိန်၌ ဖြည်းဖြည်းချင်း ပေါ်လာတော့၏။
လုကျိုးက မျက်မှောင်အနည်းငယ် ကျုံ့သွားသည်။
စိတ်အေးအေးထား ... အသုံးပစ္စည်းကတ်တွေရဲ့တန်ကြေးကို ကြည့်ရအောင်။
ပြီးနောက်သူသည် လူသားစာလိပ်နှင့် မြေကမ္ဘာစာလိပ်ကို ခွဲလိုက်၏။ သူသည် မြေကမ္ဘာစာလိပ်ကို ဆင်ခြင်သုံးသပ်ရန်အလျင်မလို။ ထိုအစား ကောင်းကင်ကျမ်းစာ၏ လူသားစာလိပ်ကို စတင် ဆင်ခြင်သုံးသပ်လိုက်၏။
အခုချိန် ငါ့ရဲ့ ထူးကဲစွမ်းအားကို ဖြည့်ထားသင့်တယ်။ ထိုအတွေးဖြင့် လုကျိုးသည် တင်ပျဉ်ခွေချိတ်ထိုင်ကာ သူ၏စွမ်းအင်ဗဟိုချက်အပေါ်လက်ဖဝါးကိုတင်လျက် အသက်ရှူသွင်း၊ ရှူထုတ် လုပ်လိုက်သည်။ ယင်းက နှစ်ဆကျင့်ကြံသည့်နည်းလမ်းမျိုး ဖြစ်သည်။
ထိုက်ရွှီကျောင်းတော်၏အစည်းအဝေးခန်းမထဲတွင်ဖြစ်သည်။
“ဂိုဏ်းချုပ် … ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက်ကို ကျွန်တော်တို့ဘယ်လိုလုပ်ဆန့်ကျင်မှာလဲ။ အချိန်ကုန်နေပြီ။ သူရောက်လာတဲ့အချိန် ပွင့်ချပ်ကိုးလွှာကို ဘယ်သူကထိန်းထားနိုင်မှာလဲ။ ကျွန်တော်တို့မှာ အချိန်နည်းနည်းပဲကျန်တော့တာ” အကြီးအကဲတွေထဲမှ တစ်ယောက်သည် စိုးရိမ်ပူပန်နေသောကြောင့် မျက်နှာနီနေပြီဖြစ်သည်။
“အံ့ဖွယ်မြို့တော်က ငါတို့ကို ကူညီဖို့ဆန္ဒမရှိသရွေ့ ငါတို့ကို ဘယ်သူက ကူညီမှာလဲ”
ခန်းမထဲရှိလူအားလုံးက တစ်စုံတစ်ခုပြောနေကြ၏။ သူတို့က မျက်မှောင်ကျုံ့နေသော လင်းရှင်းကို ကြည့်လိုက်သည်။ လင်းရှင်းသည် စိတ်အခြေအနေမကောင်းပေ။ ယခုလိုကျင့်ကြံခြင်းလောကထဲ၌ ထိပ်တန်းဂိုဏ်းများတောင် သူတို့က ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက်နှင့် ရင်ဆိုင်တွေ့ရမည်ဆိုလျှင် နောက်သုံးရက်ဆုတ်ကြပေလိမ့်မည်။ ထိုက်ရွှီကျောင်းတော်ဆို ပြောရန်မလိုအပ်တော့ပေ။
အကျော်အမော်အများစုတို့သည် သူတို့ဂိုဏ်းများ၏အရံအတားနောက်တွင် ပုန်းနေရန် ရွေးချယ်ခဲ့ကြပြီး သူတို့ကျင့်ကြံဆင့်မြှင့်တင်နိုင်ရန် တိတ်တဆိတ်ကျင့်ကြံနေခဲ့ကြသည်။ ကံဆိုးသည်မှာ အချိန်တိုအတွင်း ပွင့်ချပ်ကိုးလွှာအဆင့်ကိုရောက်ဖို့က မလွယ်ကူပေ။
အမှန်တကယ်တော့ လင်းရှင်းသည်လည်းအကြံကုန်နေပြီဖြစ်သည်။
ထိုစဉ် တပည့်တစ်ယောက်က လက်သီးဆုပ်မိုးလျက်ဝင်လာ၏။ “ဂိုဏ်းချုပ် အိမ်ရှေ့စံမင်းသား ရောက်လာပါတယ်”
ကျန်သည့်သူများသည် ထိုစကားကိုကြားသောအခါ ထိတ်လန့်သွား၏။
“သူ့ကို ဒီခေါ်လာခဲ့။ မြန်မြန်”
မကြာမီ၌ တာ့ယန်၏လက်ရှိအိမ်ရှေ့စံမင်းသားလျိုကျစ်သည် တပည့်များလမ်းပြပေးမှုဖြင့် အစည်းအဝေးခန်းမထဲသို့ ဝင်လာသည်။
ထိုက်ရွှီကျောင်းတော်၏အကြီးအကဲများက ထရပ်လိုက်ကြ၏။
လင်းရှင်းက ဆင်းလာ၏။ သူတို့စကားပြောမှာကို မစောင့်တော့ဘဲ လျိုကျစ်က လက်ဝေ့ယမ်းလျက် ပြောလိုက်၏။
“မလိုအပ်ဘူး။ အလုပ်ကိစ္စပဲ ဆွေးနွေးကြရအောင်” သူက အစည်းဝေးခန်းမထဲသို့ ခြေလှမ်းကျယ်ကြီးများဖြင့် လျှောက်သွားပြီး လင်းရှင်း၏ခုံတွင် တစ်ခါတည်း ထိုင်လိုက်၏။
လင်းရှင်းသည် ရွေးချယ်စရာမရှိတော့ဘဲ ဘေးတွင် နေရာ ယူလိုက်ရသည်။
လျိုကျစ်က ထိုင်ချပြီးပြောလိုက်သည်။
“ခင်ဗျားတို့တွေ မိစ္ဆာဝေဟင်မျှော်နန်း ပစ်မှတ်ထားခံနေရတာ ကျုပ် သိတယ်။ ရှင်းလင်းတဲ့ ဦးတည်ချက်တစ်ခုပေးဖို့ ငါ ဒီရောက်လာတာပဲ”
ထိုက်ရွှီကျောင်းတော်၏ ဂိုဏ်းသားများက မျက်လုံးများတောက်ပသွားသည်။
လင်းရှင်းက လက်သီးဆုပ်မိုးလျက် ပြောလိုက်သည်။
“ကျေးဇူးပြုပြီး အလင်းပြပေးပါ။ အရှင်မင်းသား”
ထိုစဉ် လျိုကျစ်သည် ခန်းမအပြင်ဖက်ကနေ တစ်ယောက်ယောက်ကို ခေါ်လာခိုင်းလိုက်သည်။
သူ့ကို ဤနေရာသို့ လိုက်ပါပို့ဆောင်သည့် စစ်သည်တော်နှစ်ယောက်သည် သေတ္တာတစ်လုံးကို သယ်လာ၏။ ပြီးနောက် ကြမ်းပြင်ပေါ်သို့ချလိုက်ရာ ဘန်းဟု မြည်သွားသည်။
ကျန်သည့်သူများက သေတ္တာကို ဇဝေဇဝါ ကြည့်လိုက်သည်။
လျိုကျစ်ကပြောလိုက်သည်။
“ဖွင့်လိုက်”
စစ်သည်တော်နှစ်ယောက်က သေတ္တာကိုဖွင့်လိုက်သည်။ လူတိုင်းက မော့ကြည့်လိုက်စဉ် သေတ္တာအထဲ၌ အင်မတန် ဟောင်းနွမ်းနေပုံ ပေါ်သော သံချပ်ကာကို တွေ့လိုက်ရသည်။ သံချပ်ကာတစ်လျှောက် တမူထူးကဲသော ပုံစံဖြင့်ပြုလုပ်ထားသော အနီရောင်ကြိုးမျှင်များ ရှိနေသည်။ ခုခံခြင်းသွေးကြောများ ဖွဲ့တည်နေလေ၏။ သံချပ်ကာ၏ ထောင့်စွန်း၌ ထူးကဲသော အနီရောင်အထုံးတစ်ခုလည်း ရှိသည်။ သို့သော် အချိန်ကာလတိုက်စားမှုကြောင့် ထိုသံချပ်ကာသည် ယိုယွင်းနေပြီး ထိုအနီရောင်က ခရမ်းရောင်အစွန်းအထင်း ရှိနေပြီးဖြစ်သည်။
“အဲဒါ ဘာလဲ” လင်းရှင်းကမေးပြီး ဇဝေဇဝါဖြစ်နေလေ၏။
လျိုကျစ်က ပြော၏။
“ကွေ့ဝိုက်ပြောနေဖို့ မရှိတော့ဘူး။ ခင်ဗျားတို့ ထိုက်ရွှီကျောင်းတော်အဖို့ ပွင့်ချပ်ကိုးလွှာတစ်ယောက်ကို ထိပ်တိုက် ရင်ဆိုင်ဖို့ မဖြစ်နိုင်ဘူး။ တစ်မိုးအောက်မှာ တော်ဝင်မိသားစုပဲ ကူညီနိုင်မယ်။ ခင်ဗျားတို့ကို ဒီသံချပ်ကာငှားမယ်။ ဒါပေမဲ့ တောင်းဆိုချက်တစ်ခု ရှိတယ်”
လင်းရှင်းက စိတ်ရှုပ်ထွေးနေသေးဆဲ ဖြစ်သည်။
သံချပ်ကာလား ... တောင်းဆိုချက်လား
လင်းရှင်းက အမြန်ပြောလိုက်သည်။
“ကျေးဇူးပြုပြီး ဉာဏ်အလင်းဖွင့်ပေးပါ အရှင်မင်းသား”
လျိုကျစ်သည် လင်းရှင်းကို တစ်ချက်ကြည့်ပြီး မေးလိုက်သည်။
“အရင်ဧကရာဇ်က စီရင်စုကိုးခုကို အောင်နိုင်ပြီး ရုန်ရှီကနေ ရုန်ပေအထိ တိုင်းပြည်ဆယ့်နှစ်ခုကို စုစည်းနိုင်ရတဲ့အကြောင်းကို သိလား။ ဒါက တော်ဝင်မိသားစုမှာ ရှိတဲ့ အာဏာကြောင့်ပဲ”
ထိုက်ရွှီကျောင်းတော်သည် တော်ဝင်မိသားစုနှင့်နီး၏။ သူတို့သည် တော်ဝင်မိသားစုအစွမ်းထက်ပုံကို သိတာ သဘာဝကျ၏။
လျိုကျစ်က ပြုံးပြီးပြောလိုက်၏။
“အမှန်အတိုင်းပြောရရင် ဒီသံချပ်ကာက အကျော်အမော်တစ်ယောက်ဆီကနေ လာတာ။ နန်းတော်တွေရဲ့ လျှို့ဝှက်စာလိပ်တွေထဲမှာ ဖော်ပြထားတာတော့ အဲဒီအကျော်အမော်က မြောက်စပ်နယ်စပ်က ခေါင်းတလားကနေ ရောက်လာတာတဲ့။ သူက တခြားမျိုးနွယ်စုတွေရဲ့ တိုင်းပြည်ဆယ့်နှစ်ခုကို ဖြတ်သန်းသွားလာခဲ့ပြီး တာ့ယန်ကိုရောက်လာတာ။ ဘယ်သူက ပွင့်ချပ်ကိုးလွှာအဆင့်ကို မရယူသင့်ဘူးလို့ပြောခဲ့ဖူးတယ်။ ဒီသံချပ်ကာရဲ့ ထူးကဲစွမ်းအားက ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက်နဲ့ ရင်ဆိုင်တဲ့အချိန် နိုးထလာလိမ့်မယ်”
အကျော်အမော်တစ်ယောက်လား ...
ကျန်သည့်သူများသည် ထိုစကားကို ကြားသောအခါ သူတို့အမူအရာက ကြောက်ရွံ့မှုများ ဖြစ်ကုန်၏။ လျိုကျစ်ကို ကြည့်လိုက်သည်။
လိမ်နေပုံမပေါ်။ ဒါက တော်ဝင်မိသားစုရဲ့ဝှက်ဖဲတွေထဲက တစ်ခုလား။
လျိုကျစ်က ရုတ်တရက် ပြောလိုက်၏။
"ဒါနဲ့ အဲဒီအကျော်အမော်က အံ့ဖွယ်မြို့ထဲမှာ အဆုံးသတ်ဆယ်ပါးအစီအရင်ကို ဖန်တီးပေးခဲ့တဲ့သူလေ”
“…”
အဆုံးသတ်ဆယ်ပါးအစီအရင်၏ စွမ်းအားကို တစ်မိုးအောက်ရှိလူတိုင်းက အသိအမှတ် ပြုထားသည်။ လက်ရွေးစင်တစ်ယောက်၌ ပွင့်ချပ် မည်မျှရှိစေကာမူ အံ့ဖွယ်မြို့တော်ထဲ၌ သိုသိုသိပ်သိပ် နေရမည်။
နှစ်ပေါင်းထောင်ချီအတွက် လူများသည် အဆုံးသတ်ဆယ်ပါးအစီအရင်သည် ကွန်ဖြူးရှပ်ကျောင်းတော်မှ ပညာရှင်စုဆောင်းမှုပြီး မွေးဖွားလာခဲ့တာဟုထင်ခဲ့သည်။ သို့သော် လျိုကျစ်၏စကားအရ ထိုအတိုင်းဟုတ်ပုံမရပေ။ တော်ဝင်မိသားစု၌ လျှို့ဝှက်ချက် မည်မျှရှိနေသနည်း။
ခဏတာရပ်တန့်ပြီးနောက် လင်းရှင်းသည်နောက်ဆုံး၌ မေးလိုက်တော့၏။ “ဒီသံချပ်ကာကြီးဝတ်ပြီး မိစ္ဆာကြီးကျိနဲ့တိုက်ခိုက်နေရမှာလား အရှင်မင်းသား”
“အဟုတ်ပဲ” ကျန်သည့်သူများက အကြည့်ချင်းဖလှယ်လိုက်၏။
လင်းရှင်းသည် အချိန်ကာလကြာမြင့်စွာနေထိုင်ခဲ့သော်ငြား လျိုကျစ်၏စကားကိုကြားသောအခါ မသက်မသာဖြစ်နေသေးသည်။ “ဒီသံချပ်ကာက အစစ်ဆိုတာ ဘယ်လိုသိနိုင်မလဲ အရှင်မင်းသား”
ပွင့်ချပ်ကိုးလွှာအဆင့်ကိုယ်တိုင်က အိပ်မက်သဖွယ်ဖြစ်နေသေး၏။ မိစ္ဆာကြီးကျိသည် ကမ္ဘာကြီးဆီသို့ ပွင့်ချပ်ကိုးလွှာအဆင့်မပြသခဲ့လျှင် ယနေ့အချိန်ထိ ပွင့်ချပ်ကိုးလွှာ၏တည်ရှိမှုကို မည်သူမှ ယုံကြည်မှာ မဟုတ်လောက်ပေ။
“မင်းမှာ ရွေးချယ်စရာမရှိဘူး” လျိုကျစ်က နက်ရှိုင်းသောအသံဖြင့်ပြောလိုက်သည်။
“…”
လင်းရှင်းက ဆွံ့အသွားသည်။
“မင်း ငါ့ကိုမယုံရင် ဒီသံချပ်ကာကိုကြည့်လိုက်။ ဒီခေတ် ဒီကာလမှာဘယ်သူက ဒါကိုသွန်းလုပ်နိုင်မှာလဲ” လျိုကျစ်ကပြောသည်။
လင်းရှင်းက သံချပ်ကာကိုကောက်ကိုင်လိုက်စဉ် လက်ချောင်းများတုန်နေ၏။ ကတ်တီတစ်ရာခန့်လေးသည်။ သို့သော် ကျင့်ကြံသူအဖို့ထိုအလေးချိန်က ဘာမှမဟုတ်ပေ။
လင်းရှင်းသည် သူ့လက်ထဲရှိသံချပ်ကာကိုကြည့်ကာ လေ့လာလိုက်၏။ သူသည် ထိုက်ရွှီကျောင်းတော်၏ ဂိုဏ်းချုပ်ဖြစ်သည်။ ပွင့်ချပ်ရှစ်လွှာသိုင်းပညာရှင်တစ်ယောက်ဖြစ်သည်။ ကျန်သည့်သူများထက်ပိုပြီး အသိအမြင်ကြွယ်ပေ၏။ သံချပ်ကာပေါ်ရှိ တမူထူးကဲသော ပုံသဏ္ဌာန်များကို မြင်သောအခါ သူ စိတ်ခံစားချက်တို့ ရောထွေးသွားသည်။ သူက စိတ်လှုပ်ရှားစွာအော်လိုက်တော့၏။ “မထင်မှတ်ထားတာပဲ။ တကယ်မထင်မှတ်ထားတာ”
ကျင့်ကြံဆင့်နိမ့်သောအကြီးအကဲများသည် လင်းရှင်း၏စိတ်ခံစားချက်ကို နားမလည်သလို သံချပ်ကာအကြောင်းထူးခြားမှုကိုလည်း သူတို့မတွေးတတ်ကြပေ။
လင်းရှင်း၏တုံ့ပြန်မှုကို မြင်သောအခါ လင်းရှင်းက သံချပ်ကာ ထူးကဲကြောင်းပြောနိုင်မှန်း လျိုကျစ်သိသည်။ သူကပြုံးလိုက်၏။ “အရှင်မင်းကြီးက အခြေအမြစ်မဲ့တဲ့ဒဏ္ဍာရီတချို့ကြောင့် ပွင့်ချပ်ကိုးလွှာအဆင့်ကို လေ့လာဖို့ ဒီလောက်အားစိုက်ထုတ်ခဲ့တယ်လို့ ထင်နေလား။ အံ့ဩစရာမရှိဘူးဘဲ။ အံ့ဩစရာမရှိဘူးဘဲ”
“လုံလောက်သွားပြီ။ သံချပ်ကာပေါ်က အစီအရင်သွေးကြောတွေက အမျိုးအစားတွေထဲကတစ်ခုပဲ။ ကူးလို့မရဘူး” လျိုကျစ်ကပြော၏။
လင်းရှင်းသည် စိတ်လှုပ်ရှားမှုကို ဖိနှိပ်ကာမေးလိုက်သည်။
“တောင်းဆိုချက်က ဘာများပါလဲအရှင်မင်းသား”
...