← Chapters

အခန်း (၅၂၆-၅၂၈)

Vol. 36 Ch. 526-528

အခန်း (၅၂၆-၅၂၈)

Vol. 36 Ch. 526-528

အခန်း(၅၂၆) ဒါက ဩဇာတိက္ကမလား

အိမ်ရှေ့စံ လျိုကျစ်က ရပ်တန့်သွားသည်။ သူ့မျက်ဝန်းများက ဒူးထောက်ဝပ်တွားနေသည့် ကုန်းကုန်းကို ကြည့်လိုက်ရင်း ဖြည်းဖြည်းချင်း ပြူးကျယ်လာသည်။ သူ့အသံက ခပ်ဩဩနှင့် ခက်ထန်ကာ “ ထပ်ပြောစမ်း”

“လင်းရှင်းက မိစ္ဆာအိုကြီးကျိကို အနိုင်မယူနိုင်ဘဲနဲ့ တန့်ယန်တောင်ထိပ်မှာ သေသွားပါပြီ” ကုန်းကုန်းက အရိုးသားဆုံး ဖြေလိုက်သည်။ သူက ကြောက်ရွံ့သော်လည်း လျိုကျစ်ကို မဖုံးကွယ်ထားနိုင်သလို မလိမ်ညာနိုင်ပေ။

ထိုအရာကိုကြားကာ လျိုကျစ်၏ အကြည့်ထဲ မီးတောက်လောင်လာသလိုမျိုး ဖြစ်၏။ သူ့အမူအရာများက ရှုပ်ထွေးလာကာ ငေးမောနေဟန်ပေါ်သည်။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

သူက ထိုရလဒ်ကို မမျှော်လင့်ထားပေ။ သူ့အကြည့်များက မယုံနိုင်မှုများအပြည့် ဖြစ်နေပြီး မေးလိုက်သည်။ “အဲဆို ချပ်ဝတ်ရဲ့ စွမ်းအားက အသက်ဝင်မလာဘူးလား ”

“ အ … အရှင့်သား မိစ္ဆာအိုကြီးကျိက တိုက်တောင် မတိုက်လိုက်ရပါဘူး”

လျိုကျစ် “… ”

ထူးဆန်းလိုက်တာ …

ချပ်ဝတ်ရဲ့ ထူးခြားစွမ်းအား အသက်မဝင်လာရင်တောင် ကာကွယ်စွမ်းက ထိပ်သီးပါ …

ထို့အပြင် လင်းရှင်းက ပွင့်ချပ်ရှစ်လွှာအဆင့် ကျင့်ကြံသူ ဖြစ်သေး၏။

ပိန်လှီနေသည့် ကုလားအုတ်တစ်ကောင်က မြင်းတစ်ကောင်ထက် သာသည်ဟု ဆိုကြသည် မဟုတ်ပါလော။

မိစ္ဆာအိုကြီးကျိတောင် မလှုပ်ရှားလိုက်ရဘဲ လင်းရှင်းက ဘယ်လိုလုပ်ရှုံးနိမ့်သွားရတာတုံး …

“ယွီကျန့်ဟိုင်လား ဒါမှမဟုတ် ယွီရှန်းရုန်လား” လျိုကျစ်က မေးလိုက်သည်။ အကယ်၍ မိစ္ဆာအိုကြီးကျိ မလှုပ်ရှားလျှင် ယွီကျန့်ဟိုင် သို့မဟုတ် ယွီရှန်းရုန် တစ်ယောက်ယောက်သာ ဖြစ်လိမ့်မည်။ တပည့်ကိုးယောက်အနက် ထိုနှစ်ယောက်ကသာ လင်းရှင်းကို သတ်နိုင်စွမ်း ရှိကြ၏။

သို့သော်လည်း ယွီကျန့်ဟိုင်က ယွီစီရင်စုမှ တိုက်ပွဲနှင့် အလုပ်ရှုပ်နေလေသည်။ သူ့တွင် လင်းရှင်းကို လာသတ်ဖို့ အချိန်အားယားနေမည် မဟုတ်ပေ။ ထို့အပြင် ယွီကျန့်ဟိုင်က သူ့ဆရာနှင့် ဆက်ဆံရေး သိပ်မကောင်းကြောင်း သိထားကြလေသည်။

ဒါဆိုရင် ဓားနတ်ဆိုး ယွီရှန်းရုန်လား …

ကုန်းကုန်းက ပြန်ဖြေလိုက်၏ “မိစ္ဆာဝေဟင်မျှော်နန်းရဲ့ တတိယတပည့် တွမ့်မူရှန်းပါ”

“ …” လျိုကျစ်၏ အမူအရာက မှုန်မှိုင်းသွားကာ “ တွမ့်မူရှန်းကလည်း ပွင့်ချပ်ရှစ်လွှာအဆင့် ရောက်သွားပြီလား”

“အရှင့်သား … လင်းရှင်းက သူ့ရန်သူကို လျှော့တွက်မိတော့ တွမ့်မူရှန်းရဲ့ လှံက သူ့ဗိုက်ကို ဖောက်သွားခဲ့တာပါ။ ချပ်ဝတ်က အသုံးမဝင်လိုက်ပါဘူး” ကုန်းကုန်းက ဖြေလိုက်သည်။

လျိုကျစ်က မျက်မှောင်ကြုတ်လိုက်သည်။

“ချပ်ဝတ်က အသုံးမဝင်ဘူးလား”

သူက ထိုအရာကို မယုံပေ။ သူ ချပ်ဝတ်ကို ပထမဆုံး ရရှိလိုက်ကတည်းက စမ်းသပ်ကြည့်ပြီးသား ဖြစ်၏။ သာမန် နတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ် ကျင့်ကြံသူများပင် ထိုချပ်ဝတ်အား ဘာမှမလုပ်နိုင်ကြပေ။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ …

ကုန်းကုန်းက ဆက်ပြောလိုက်သည်။

“လင်းရှင်း သေသွားပြီးတဲ့နောက် မိစ္ဆာအိုကြီးကျိက နှစ်ကြိမ် လှုပ်ရှားခဲ့ပါတယ်။ သူက ထိုက်ရွှီကျောင်းတော်ရဲ့ အကာအရံကို လက်ဝါးရိုက်ချက်နဲ့ ဖယ်လိုက်ပြီးတော့ ဟိန်ချူးအဖွဲ့ခွဲ့ရဲ့ အကာအရံကိုလည်း သူ့ဓားနဲ့ ဖျက်ဆီးပစ်ခဲ့တယ်”

“ ….” လျိုကျစ်က ကုန်းကုန်း၏ စကားအား ဆက်လက် နားမထောင်လိုတော့ပေ။ သူက မျက်လုံးမှိတ်ကာ ဒေါသအား ဖိနှိပ်ထားရ၏။

ထို့နောက် သူက စိတ်တိုစွာ ပြောလိုက်သည်။

“ထွက်သွားစမ်း”

ကုန်းကုန်းက ချက်ချင်း ထွက်သွားလိုက်သည်။

လျိုကျစ်က မျက်လုံးပြန်ပွင့်လာသည့်အခါ ရေရွတ်လိုက်၏။

“ငါ လူအိုကြီးကို တစ်ခုခုလုပ်ဖို့ တောင်းဆိုရတော့မှာလား။ ငါ အဲဒီလျှို့ဝှက်ဆန်းကြယ် ပညာရှင်ကို အကူအညီ တောင်းလိုက်မှာလား”

သူက မျက်မှောင်ကြုတ်လျက် ဖြေရှင်းနည်းကောင်းကို မတွေးနိုင်တော့ပေ။

……………

ထိုစဉ် လင်းရှင်း၏ သေဆုံးမှုအကြောင်းက တောမီးပမာ ပျံ့နှံ့သွားလေပြီ။ အကယ်၍ လင်းရှင်း၏ သေဆုံးမှုသာ ဖြစ်နေလျှင် ထိုမျှအထိ မြန်မြန်ဆန်ဆန် ပျံ့နှံ့မည် မဟုတ်ပေ။ သို့သော်လည်း အကာအရံနှစ်ခုကို လက်ဝါးချက်နှင့် ဓားချက်ဖြင့် ဖျက်ဆီးလိုက်ခြင်းက ဂိုဏ်းအသီးသီးအား ခြိမ်းခြောက်နိုင်လေ၏။

အတိတ်တုန်းက သူတို့သည် အကာအရံနောက်တွင် ပုန်းအောင်းနေခဲ့ကြသည်။ သို့သော်လည်း မိစ္ဆာဝေဟင်မျှော်နန်းက ထိုအရာသည် အရေးမပါတော့ကြောင်း ပြသလိုက်လေပြီ။ မိစ္ဆာဝေဟင်မျှော်နန်းက အကာအရံများအား အလွယ်တကူ ဖျက်ဆီးနိုင်လေရာ မည်သူကများ မိစ္ဆာဝေဟင်မျှော်နန်းနှင့် ယှဉ်ရဲတော့မည်နည်း။ အကာအရံနှစ်ဆယ်ကျော်ရှိထားသည့် ဂိုဏ်းသုံးဂိုဏ်းလို ပင်မဂိုဏ်းများပင် ယခုအခါ သတိထားရတော့မည်။

ဤသည်က လုကျိုးသည် အကာအရံများအား ဖျက်ဆီးပြလိုက်သည့် ရည်ရွယ်ချက်လည်း ဖြစ်ပေသည်။ သူက တခြားဂိုဏ်းများ သူ ကျင့်ကြံရေးပေါ် အာရုံစိုက်ထားတုန်း လှုပ်ရှားလာခြင်းမှ ကာကွယ်ထားခြင်းသာ ဖြစ်၏။

…………

တိမ်ခွင်းရထားလုံးပျံက မိစ္ဆာဝေဟင်မျှော်နန်းသို့ ပြန်ရောက်လာသည့်အခါ မင်ရှစ်ရင်က ပြောလိုက်၏ “ ရှစ်စွင်းက အကာအရံတွေကို လက်ဝါးချက်နဲ့ ဓားချက်လောက်နဲ့ ဖျက်ဆီးပြခဲ့တာဆိုတော့ ဘယ်သူကမှ မိစ္ဆာဝေဟင်မျှော်နန်းကို လျှော့တွက်ရဲကြတော့မှာ မဟုတ်ဘူး”

တွမ့်မူရှန်းကလည်း ခေါင်းညိတ်ကာ “ ဟုတ်တာပေါ့။ ပြီးတော့ အာ့ရှစ်ရှိုးလည်း ပြန်ရောက်နေပြီ။ မိစ္ဆာဝေဟင်မျှော်နန်းက အရင်ကလို ဂုဏ်ကျက်သ‌ရေ ပြန်ရဖို့ အချိန်တစ်ခုပဲ လိုတော့တယ် ”

တိမ်ခွင်းရထားလုံးပျံက ဆင်းသက်တော့မည့်ဆဲဆဲတွင် တောင်ဘက်မျှော်နန်းဆောင်ထိပ်မှ စည်းချက်ကျသည့် ပုလွေသံကို ကြားလိုက်ရသည်။ သံဇဉ်က တစ်ခါတစ်ရံတွင် မြန်ဆန်သလို တစ်ခါတလေ နှေးကွေးသွားလေသည်။ မုန်တိုင်းထန်သည့် အချိန်အခါမျိုးလည်း ပါရှိပြီး လေပြေလို နူးညံ့နေသည့်အချိန်လည်း ပါဝင်၏။

မင်ရှစ်ရင်က ထိုပုလွေသံကို ကြားလိုက်သည့်အခါ “အာ အဲကောင်မလေး … ခရုလေးက သားရဲတွေကို ထပ်ဆွဲဆောင်နေပြန်ပြီ”

မင်ရှစ်ရင်က ပဲ့ထိန်းထားသည့်အတွက် မြင်ကွင်းကောင်းကောင်း ရှိလေသည်။ သူ ဘယ်ညာကို ကြည့်လိုက်၏။ ထိုစဉ် မိစ္ဆာဝေဟင်မျှော်နန်းအထက် အနီရောင် လည်ဆံမွေး၊ နှင်းဖြူရောင် သားမွေးနှင့် ရွှေရောင်မျက်ဝန်းတို့ ရှိသည့် မြင်းကောင်းတစ်ကောင်သည် ကောင်းချီးတိမ်တိုက်များပေါ် ရပ်နေသည်ကို မြင်လိုက်သည်။ သူက ထျန်းကုံအား အမှတ်ရလိုက်ပြီး “ရှစ်စွင်း … သားရဲတစ်ကောင်က အကာအရံကို ဖောက်နေပြီ ”

တွမ့်မူရှန်းက အော်ပြောလိုက်သည်။ “တိရစ္ဆာန်ကောင် …”

သူက ရထားလုံးပျံမှ နယ်ရှင်လှံကို ကိုင်ဆွဲရင်း မြင်းဆီ ပျံသန်းသွားလိုက်သည်။

ဟီး

မြင်းက ရုတ်ခြည်းဆိုသလို ခြေနှစ်ချောင်း ကြွကာ ကောင်းကင်ထဲ ဟီလိုက်ပြီး ထွက်ပြေးသွားသည်။

တွမ့်မူရှန်းက အံ့အားသင့်သွားကာ “အဲဒီကောင်က ငါ့ကြောင့် လန့်သွားတာလား”

တောင်ဘက်မျှော်နန်းဆောင်မှ ရှောင်ယွမ်အာက ဝေဟင်ထဲ ပျံသန်းလာပြီး ပြောလိုက်သည်။

“စန်းရှစ်ရှိုး အပြစ်ပဲ ”

“ဟမ်” တွမ့်မူရှန်းက သူ့နယ်ရှင်လှံကို ကိုင်ထားလိုက်သည်။ သူက ခေါင်းကုတ်လိုက်ပြီး ရှောင်ယွမ်အာ၏ စကားများကို စဉ်းစားနေမိသည်။

“ အဲဒီမြင်းကို ဖမ်းမိဖို့ နီးနေပြီကို … အခုတော့ … ”

ပုလွေသံလည်း ရပ်တန့်သွားလေသည်။

ခရုလေးက ထရပ်လိုက်၏။ သူမက တွမ့်မူရှန်းအား ချိုမြိန်သော အပြုံးလေးဖြင့် ကြည့်လာသည်။

“ ပြန်ရောက်လာကြပြီပဲ ”

လုကျိုးက ရထားလုံးပျံထဲမှ ထွက်လာလိုက်သည်။

ထိုစဉ် ဟွားယွဲ့ရှင်းက ပျံသန်းလာ၏။ သူမက လေးကြိုးကို ဆွဲကာ မြားတစ်ချက် ပစ်ခွင်းလိုက်သည်။

ဝှစ်

စွမ်းအင်မြားက မြင်းနောက် လိုက်ပါသွားပြီး လေထုထဲ ပျောက်ကွယ်သွားသည်။

ဟွားယွဲ့ရှင်းက မျက်မှောင်ကြုတ်လိုက်ပြီး “ ဒီမြင်းက ထူးဆန်းတယ်။ ကျွန်မ ဘယ်လောက်ပစ်ပစ် သူ့ကို မထိဘူး ”

“ရပ်လိုက်တော့” လုကျိုးက တည်ငြိမ်စွာ ပြောလိုက်သည်။

ဟွားယွဲ့ရှင်းက လှည့်ကြည့်လာ၏။

“မျှော်နန်းသခင်ကို ဂါရဝပြုပါတယ်”

အကြီးအကဲလေးယောက်လည်း တောင်ဘက်မျှော်နန်းဆောင်ဘက် ရောက်လာကြသည်။

အမျိုးသမီးကျင့်ကြံသူများ၊ ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းလည်း မော့ကြည့်လိုက်ကြသည်။

“မျှော်နန်းသခင် အချိန်မီရောက်လာတာပဲ။ အဲဒီတိရစ္ဆာန်က မနက်ကတည်းက အကာအရံကို လာလာပြဿနာရှာနေတာ။ အကြီးအကဲတွေက ရွှေကြာဖြတ်တောက်ထားပြီး ပြန်အားမွေးနေတုန်းဆိုတော့ ကျွန်မတို့ တတ်နိုင်တာ မရှိဘူး” ဟွားယွဲ့ရှင်းက ပြောလိုက်သည်။

ရှောင်ယွမ်အာ နှုတ်ခမ်းစူကာ ပြောလိုက်သည် “ ရှစ်စွင်း … တကယ်လို့ ခရုလေးသာ သူ့ကို မထိန်းထားရင် ရွှေနန်းဥယျာဉ်တောင်ရဲ့ အကာအရံတော့ ပျက်စီးသွားလောက်ပြီ။ အဲဒီသားရဲကောင်ကြောင့်ပေါ့ ”

တခြားလူများကလည်း မြင်းအကြောင်း မကျေနပ်ချက်များ၊ အမြင်များကို ထုတ်ပြောလာကြသည်။ မြင်းက သူတို့အား တစ်ရက်လုံးလုံး ပြဿနာရှာသွားသည်မှာ သိသာလှ၏။

လုကျိုးက တိတ်ဆိတ်နေလေ၏။ သူက မုတ်ဆိတ်သပ်ကာ အဝေးတစ်နေရာကို လှမ်းကြည့်လိုက်သည်။

မြင်းက အဝေးကို ထွက်ပြေးသွားလေသည်။ မိစ္ဆာဝေဟင်မျှော်နန်းနှင့် အတော်အတန် ဝေးသည့်နေရာရောက်မှ ရပ်တန့်လိုက်ပြီး ကောင်းချီးတိမ်တိုက်များပေါ် ရပ်နေသည်။

လုကျိုးက ခရုလေးအား ကြည့်ကာ မေးလိုက်၏။ “သူက ဘာပြောသေးလဲ”

ခရုလေးက သားရဲဘာသာစကားကို သိထား၍ ဆက်သွယ်နိုင်လေသည်။

ခရုလေးက ခေါင်းခါကာ “သူက စကားမပြောချင်ဘူး ”

တခြားနည်းဖြင့်ဆိုရလျှင် သူက မဆက်သွယ်လိုပေ။

လန်လော့က လက်နှစ်ဖက်ယှက်ကာ “ မိန်းကလေးတောင် ယဉ်ပါးအောင် မလုပ်နိုင်ဘူးဆိုတော့ ဒီသားရဲက ရိုင်းစိုင်းပြီး ကပ်ဘေးယူဆောင်လာနိုင်ပါတယ်။ မျှော်နန်းသခင် ရွှေနန်းဥယျာဉ်တောင်ရဲ့ အကာအရံကို ကာကွယ်ဖို့ သူ့ကို သတ်လိုက်ဖို့ အကြံပြုချင်ပါတယ်”

“ ကျုပ်လည်း အဲလိုပဲ။ သတ်ဖို့ အကြံပေးချင်တယ်” ဖန်လီထန်းလည်း ဝင်ပြောလိုက်သည်။

ကျော့ယွီရှုက ပြောလိုက်၏ “ ထူးဆန်းတယ်။ ရွှေနန်းဥယျာဉ်တောင်မှာ လူစည်ကားနေတာကို ဒီလိုမျိုး အားကောင်းတဲ့ သားရဲက လူသားပိုင်နက်ထဲ လာလေ့မရှိပါဘူး။ ဒီသားရဲက ဘယ်လိုများ ရောက်လာတာလဲ ”

“ဒါက တခြားမျိုးနွယ်တွေရဲ့ အကွက်ချထားမှုများ ဖြစ်နေမလား။ အရင်တစ်ခါ တခြားမျိုးနွယ်ရဲ့ သံတမန် လန်နီဘိုအာရဲ့ မိသားစုက ခေါင်းတလားကို ပို့ခဲ့သေးတာကို မမေ့နဲ့ဦး။ တကယ်လို့ ထျန်းကုံလိုမျိုး ခက်ထန်ကြမ်းကြုတ်တဲ့ သားရဲတစ်ကောင်ကောင် ဝင်မွှေသွားခဲ့ရင် ကျုပ်တို့ ဘယ်လိုဖြေရှင်းကြမလဲ” ဟွားဝူတောက်က ပြောလိုက်သည်။

တခြားလူများက ထိုအကြောင်းကို အားတက်သရော ဆွေးနွေးနေကြစဉ် လုကျိုးက ပြောလိုက်သည်။

“စိတ်အေးအေးထားကြပါ ”

သူက လေထဲ ရပ်တန့်လိုက်သည်။ သူက တစ်ချက်တည်းဖြင့် ပေဒါဇင်ချီ၍ ရောက်ရှိသွားသည်။ နောက်အခိုက်အတန့်လေး၌ သူက မိစ္ဆာဝေဟင်မျှော်နန်းအထက် ရောက်ရှိနေပြီ ဖြစ်၏။ သူက အဝေးတစ်နေရာတွင် ရစ်သီရစ်သီ လုပ်နေသည့် မြင်းအား ကြည့်လိုက်သည်။

“မျှော်နန်းသခင်က နောက်ဆုံးတော့ လှုပ်ရှားပြီ ”

“အဲဒီကောင်စုတ်တော့ မျှော်နန်းသခင်ရဲ့ ရိုက်ချက်ကို မြည်းစမ်းရတော့မယ်” ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းတို့လည်း အားတက်သရော ဖြစ်လာကြသည်။

လုကျိုးက အမည်မဲ့ကို မဆင့်ခေါ်ပေ။ ထို့အစား သူက မြင်းကို ကြည့်ပြီး လက်ဝေ့လိုက်သည်။ ထို့နောက် သူက စိတ်မပါစွာ ပြောလိုက်သည်။

“ ကျီလျန့် ဒီကိုလာခဲ့”

သူ့အသံက အသံလှိုင်းအဖြစ် ပျံ့နှံ့သွားလေသည်။

တခြားလူများက ကြောင်အမ်းကုန်ကြ၏။

အဲဒီမြင်းက ကျီလျန့်လို့ ခေါ်တာလား … ဒီလိုဆိုရင် သူက လာခဲ့ဆိုတာနဲ့ ရောက်လာမှာလား …

သူတို့က လုကျိုးကို လေးစားကြောက်ရွံ့ကြသော်လည်း လုကျိုး၏ အပြုအမူက သူတို့အား အတွေးများစေသည်။

ကျင့်ကြံရေးလောကတွင် သားရဲတစ်ကောင်ကို ယဉ်ပါးအောင် လုပ်ဖို့ မည်မျှခက်ခဲကြောင်း သိကြလေသည်။ မဟုတ်ပါက အားလုံးသည် သားရဲစီးနင်းနေလောက်လေပြီ။ ထို့အပြင် ကျီလျန့်က သားရဲဘာသာစကား တတ်ကျွမ်းသည့် ခရုလေး၏ ထိန်းချုပ်မှုပင် မခံရပေ။ မည်သို့ပင်ဆိုစေကာမူ သူတို့အတွေးများကို ထုတ်မပြောရဲကြပေ။

တခြားလူများက နားမလည်နိုင်ဖြစ်နေစဉ် မြင်းက ကျယ်ကျယ်လောင်လောင် မြည်ဟီးလိုက်၏။ ထို့နောက် မိစ္ဆာဝေဟင်မျှော်နန်းဆီ အပြေးအလွှား ရောက်လာသည်။

အားလုံးက အသက်အောင့်ထားလိုက်ကြ၏။

ထိုမြင်းရိုင်းက မိစ္ဆာဝေဟင်မျှော်နန်း အကာအရံကို ထပ်တိုက်ဦးမှာလား …

မျှော်နန်းသခင်ရေ မကြာခင် ပြိုင်ဘက်ကင်း တိုက်ကွက်ကို ထုတ်သုံးသင့်နေပါပြီနော် … လက်ဝါးချက် ဒါမှမဟုတ် မြားနဲ့သာ နှလုံးသားဆီ ပစ်ခတ်ပြီး တန်းသတ်လိုက်ပါတော့ …

ခဏအကြာတွင် မြင်းက အကာအရံရှေ့ ရောက်လာသည်။

လုကျိုးက လက်ဝေ့လိုက်ပြီး အကာအရံအား ဖွင့်ပေးလိုက်သည်။

“အာ .. ”

ထို့နောက် အားလုံးက တအံ့တဩ ဖြစ်ကုန်ကြလေသည်။

မျှော်နန်းသခင်က သားရဲကို အကာအရံထဲ ဝင်ခွင့်ပေးလိုက်တာလား ….

မြင်းက ဝင်ပေါက်မှ ဆင်းသက်လာသည်။ သူက ဖြည်းဖြည်းချင်းဆီ တည်တည်ငြိမ်ငြိမ် ဆင်းသက်လာ၏။ ထို့နောက် သူက လုကျိုးရှေ့ နာနာခံခံ ရပ်ကာ အသာဟီးလိုက်သည်။ ထိုအရာက မတိုက်ခိုက်ဘဲ ဒူးထောက်လိုက်၏။

သားရဲက လုကျိုးဆီ အညံ့ခံလိုက်လေပြီ။

ထိုအရာကို မြင်ကာ အားလုံးက အံ့ဩကုန်ကြသည်။

ဘာဖြစ်သွားတာလဲ … စောစောလေးကအထိ ပြဿနာရှာနေတဲ့ မြင်းနဲ့ တစ်ကောင်တည်း ဟုတ်ရဲ့လား … အခုကျ ဘာလို့ နာခံနေတာတုံး။

အကြီးအကဲလေးယောက်ကလည်း အမူအရာအမျိုးမျိုး ဖြစ်နေကြသည်။

ဟွားယွဲ့ရှင်းက ဦးညွှတ်ကာ “အာ … မျှော်နန်းသခင် ဘယ်လိုလုပ်လိုက်တာလဲ ”

လုကျိုးက မုတ်ဆိတ်သပ်လိုက်ပြီး ဘာမှမပြောဘဲ ပြုံးလိုက်မိသည်။ ထိုအရာက သူ့အား ပို၍ လျှို့ဝှက်ဆန်းကြယ် ဖြစ်သွားစေသည်။ သူက အားလုံး၏ အားကျနေသည့် အမူအရာကို မြင်လိုက်သည့်အခါ ခေါင်းညိတ်လိုက်၏။ သူက သူ့ကိုယ်သူ ကျေနပ်နေမိသည်။

ဒါက ငါ့ဩဇာတိက္ကမများလား ….

...

အခန်း (၅၂၇) တပည့်တစ်ယောက်လက်ခံရန်စဉ်းစားခြင်း

လုကျိုးက လက်မြှောက်လျက် ကျီလျန့်၏နောက်ကျောကို ညင်သာစွာပွတ်သပ်ပေးလိုက်၏။

ဟီး

ကျီလျန့်သည် ကျယ်လောင်စွာဟီလိုက်ပြီးနောက် ပျော်ရွှင်နေတာသိသာ၏။

ခရုလေးသည် ကျီလျန့်ပြောတာကိုနားလည်သည်။ သူမက ပျော်ရွှင်စွာပြောလိုက်၏။ “သူက ကျွန်မတို့ကို နှုတ်ဆက်နေတယ်”

ဟွားယွဲ့ရှင်းနှင့် ကျန်သည့်သူများသည် ယင်းကို နားမလည်နိုင်ပေ။ ကျီလျန့်က သူတို့ကို နှုတ်ဆက်နေပုံမရပေ။ သူတို့အဖို့ သူတို့ကို အစွယ်တငေါငေါဖြင့် ခြောက်လှန့်ရန်ကြိုးစားနေတာနှင့် ပိုတူသည်။ အမှန်တကယ်ရက်စက်ကြမ်းကြုတ်ပုံပေါ်သည်။ သူတို့နောက်သို့တစ်လှမ်း အလိုလို ဆုတ်လိုက်မိကြသည်။ သတိထားမိတာက ပိုကောင်း၏။ ဆိုရလျှင် ယင်းက တိရစ္ဆာန်တစ်ကောင်ပဲ ဖြစ်သည်။ ၎င်းကို သူတို့အလွယ်တကူမယုံနိုင်ပေ။ ရုတ်တရက် စိတ်ဖောက်ပြီး သူတို့ကို တိုက်ခိုက်မလားဆိုတာ မည်သူက သိမည်နည်း။

ကျန်သည့်သူများ၏တုံ့ပြန်မှုကို မြင်သောအခါ လုကျိုးက ကျီလျန့်ကို ပွတ်သပ်ပေးပြီးနောက် ပြောလိုက်တော့၏။ “ကြောက်ဖို့မလိုဘူး”

ကျီလျန့်က ၎င်း၏ခြေထောက်ကိုမြှောက်လျက် ကောင်းကင်ထဲ မြင့်မားစွာ ပျံတက်ပြီးနောက် ဆင်းသက်လာ၏။

ကျန်သည့်သူများက နောက်ဆုတ်လျက် အထိတ်တလန့် ဖြစ်ကုန်သည်။

ကျီလျန့်က သူတို့နားတွင် ဆင်းသက်လျက်ဂုဏ်ယူဝင့်ကြွားစွာခေါင်းမော့လိုက်သည်။ ထိုနေရာ၌ ရှိသည့်သူများက မိစ္ဆာဝေဟင်မျှော်နန်းက ဖြစ်သည်။ သူတို့အမည်ကိုပြောလိုက်ရုံနှင့်ပင် အမည်ကို ကြားသည့်သူတိုင်းတုန်လှုပ်စေ၏။ ထိုသို့တိုင် သူတို့က ဤမြင်းရှေ့၌ သတ္တိမရှိပုံရသည်။

ခဏကြာသွားပြီးနောက် ကျီလျန့်က အမှန်တကယ်ရန်မလိုကြောင်း သူတို့တွေ့သွားပြီးနောက် သူတို့စိတ်အေးလက်အေးဖြစ်သွားသည်။ သူတို့က ကျီလျန့်နားသွားပြီးနောက် စတင်လေ့လာလိုက်၏။

ကျီလျန့်ရှေ့တွင် ရပ်နေသော ဖန်ကျုံးကလည်း သူ့ကိုနှာခေါင်းရှုံ့ကြည့်လိုက်၏။

“အတော်လေးဆိုးသွမ်းတာပဲ ဟေ့ ... အထင်သေးရအောင် မင်းကိုယ်မင်းဘယ်သူလို့ထင်လဲ”

ဟီး

ကျီလျန့်က တုံ့ပြန်လိုက်သည်။

ဖန်ကျုံးသည် နှုတ်ခမ်းသပ်ပြီးနောက် ရယ်မောကာ ပြောလိုက်၏။

“ဟမ် မင်းက တကယ်လိမ္မာပါးနပ်တာပဲ”

ခရုလေးက ပါးစပ်ကိုအုပ်လျက် တခစ်ခစ်ရယ်မောလိုက်၏။ “ရှင် အရပ်ပုတယ်လို့ သူပြောနေတာ”

“…”

ကျန်သည့်သူများက အားရပါးရရယ်မောတော့၏။ မည်သည့်နည်းနှင့်မဆို မည်သူမှ ပြန်မပြောတော့ရဲချေ။

ကျော့ယွီရှုသည် ကျီလျန့်ကို ခဏတာလေ့လာလိုက်၏။ ပြီးနောက် သူက လက်သီးဆုပ်မိုးကာ မေးလိုက်တော့သည်။

“အစ်ကို ဒီမြင်းကို ဘယ်နေရာကနေရှာတွေ့တာလဲ”

လုကျိုးသည် လေထဲကနေ ဆင်းသက်လိုက်၏။ ပြီးနောက် လက်နောက်ပစ်ထားကာ ပြောလိုက်တော့သည်။

“အရင်တုန်းက မြောက်ဖက်အဆုံးမှာရှိတဲ့ ဝူဝန်ရဲ့မြေကို သွားခဲ့ဖူးတယ်။ အဲ့ဒီမှာ တောရဲတိရစ္ဆာန်တွေ အများကြီးရှိတာ။ အဲဒီတုန်းက ငါ အထွတ်အထိပ်ကာလပေါ့။ ဒါပေမဲ့ ငါ့မှာ ဂုဏ်သရေထွန်းလင်းတဲ့ အတိတ်ရှိခဲ့တယ်ဆိုတာ ထည့်ပြောဖို့မလိုဘူး။ ဒီသားရဲက အင်မတန်ဉာဏ်ထက်မြတ်တယ်။ အဲဒီတုန်းက သူ့ဖာသာသူငါ့ကို အညံ့ခံလိုက်တာပဲဖြစ်ရမယ်။ ငါ့ကို အားကိုးဖို့ မိစ္ဆာဝေဟင်မျှော်နန်းကို သူ ရောက်လာတယ်ဆိုတာ သေချာတယ်”

ကျန်သည့်သူများ သူ့ကို မယုံကြည်လည်း ဂရုမစိုက်ပေ။ သူက ဆင်ခြေတစ်ခုကိုဆွဲထုတ်လိုက်၏။ ကျီလျန့်ရောက်လာပုံနှင့် ရောက်လာသည့်အကြောင်းက အရေးမကြီးပေ။ အဓိကက ဤနေရာသို့ ရောက်လာတာပဲဖြစ်သည်။

ကျီလျန့်က ခေါင်းမော့လိုက်သည်။

ခရုလေးက ကျီလျန့်ကို လက်ညှိုးထိုးပြီးပြောလိုက်သည်။

“အမှန်ပဲလို့ ကျီလျန့်ကပြောနေတယ်”

“…”

“မျှော်နန်းသခင်ရဲ့ ကြီးမြတ်တဲ့စွမ်းဆောင်ရည်ကို တကယ်အထင်ကြီးမိပါတယ်” ဟွားဝူတောက်က လက်သီးဆုပ်မိုးလျက် ပြောလိုက်၏။

“ဒီလို နတ်မြင်းတစ်ကောင်ကို ယဉ်ပါးအောင်လုပ်နိုင်တာ မျှော်နန်းသခင်က ဝူဝန်ရဲ့မြေမှာ အင်အားကို ပြသခဲ့တာပဲဖြစ်ရမယ်”

လုကျိုးသည် ကျန်သည့်သူများ၏ ချီးကျူးမှုကို နှစ်ခြိုက်နေသည်။ ခဏအကြာတွင် သူက အင်္ကျီလက်ကိုဝေ့ယမ်းလိုက်သည်။ “ကျီလျန့်”

ကျီလျန့်က လုကျိုး ပြောတာနားလည်၏။ သူက တိမ်တိုက်များပေါ်တက်လှမ်းလျက် မိစ္ဆာဝေဟင်မျှော်နန်း၏ တောအုပ်ထဲ ရောက်သွားကာ ပျောက်ကွယ်သွား၏။

လုကျိုးသည် ခရုလေး၏ခါးတွင်ချိတ်ထားသော လန်ထျန့်ကျောက်စိမ်းပုလွေကို ကြည့်ပြီး ပြောလိုက်သည်။ “ခရုလေး မင်းရဲ့လက်ပေး”

“ဟုတ်” ခရုလေးသည် ယင်းသည် အသားကျနေပုံရကာ လက်ကောက်ဝတ်ကိုဆန့်ထုတ်လိုက်၏။

လုကျိုးသည် သူမ၏လက်ကောက်ဝတ်ပေါ်လက်နှစ်ချောင်းတင်လိုက်သည်။ သူသည် သူမ၏ ထူးကဲချီသွေးကြောရှစ်ကြောကို စေ့စေ့စပ်စပ် ကြည့်လိုက်သည်။ သူတို့ ဖန်းလိုင်ကျွန်းကနေ ပြန်ရောက်လာချိန်မှစပြီး သူသည် သူမ၏ကျင့်ကြံဆင့်ကို အာရုံမစိုက်မိပေ။ သူထင်သည့်အတိုင်းပင် လန်ထျန့်ကျောက်စိမ်းဖြင့် အချိန်တချို့ အာဟာရဖြည့်တင်းခံရပြီးနောက် သူမ၏ ထူးကဲချီသွေးကြောရှစ်ကြောသည် ပိုထူးခြားပြီး ပိုသန်မာလာ၏။ စိတ်နက်နဲမှုဉာဏ်အလင်းပွင့်ခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်ဖြစ်လာသည်။ ယခင်က တစ်ခါမှ မကျင့်ကြံဖူးသည့် လူတစ်ယောက်သည် စိတ်နက်နဲမှုဉာဏ်အလင်းပွင့်ခြင်းနယ်ပယ်သို့ တက်လှမ်းသွားသည့်အတွက် မည်သူက ထိုအရာမျိုးပြုလုပ်နိုင်မည်နည်း။ နောက်ဆုံးတွင် သူက လက်ဖယ်ရှားပြီးပြောလိုက်တော့သည်။

“ငါနဲ့လိုက်ခဲ့”

“အင်း”

လုကျိုးသည် ကျန်သည့်သူများကို စကားမပြောဘဲ လှည့်ထွက်သွားပြီး အရှေ့ဖက်မျှော်နန်းဆီသို့ ပြန်သွား၏။

ခရုလေးသည် သူ့နောက်ကနေ လိမ်မာမာလိုက်သွားသည်။

အကြီးအကဲလေးယောက်က သက်ပြင်းချပြီးခေါင်းခါလိုက်၏။

မင်ရှစ်ရင်က မေးလိုက်သည်။ “အကြီးအကဲတို့ ဘာကြောင့် သက်ပြင်းချနေတာလဲ”

“မိစ္ဆာဝေဟင်မျှော်နန်းက နောက်ထပ်ပါရမီရှင်ကျင့်ကြံသူတစ်ယောက်မကြာခင် ပေါ်ထွန်းလာနိုင်တဲ့ အချက်ကြောင့် စိတ်ထဲခံစားမိသွားရုံပဲ" ဖန်လီထန်းကပြော၏။

ကျော့ယွီရှုကိုယ်တိုင် ပါရမီရှင်တစ်ယောက်ဖြစ်ပြီး ကွန်ဖြူးရှပ်ကျောင်းတော်၏ အတော်ဆုံးဖြစ်သည်။ စိတ်နက်နဲမှုဉာဏ်အလင်းပွင့်ခြင်းနယ်ပယ်သို့အဆင့်တန်းတက်နိုင်သော မိန်းမပျိုလေးကို တွေ့သောအခါ သူမ အရှုံးကိုသာဝန်ခံနိုင်၏။ သူမသည် ထွက်သွားသည့် သူနှစ်ယောက်၏နောက်ကျောကို ကြည့်ပြီးပြောလိုက်သည်။

“အစ်ကိုမဟုတ်ဘဲ တခြားတစ်ယောက်သာဆိုရင် ဒီလိုတပည့်မျိုးရဖို့အတွက် ကျွန်မ အပတ်တကုတ်ကြိုးစားတိုက်ခိုက်မှာ”

“အကြီးအကဲကျော့ ... ကျုပ်ပြောတာ မပြီးသေးဘူးလေ။ ကျုပ်မှာ သူ့လို တပည့်တစ်ယောက် ရှိခဲ့မယ်ဆိုရင် သူ့ကိုကျုပ်ရဲ့ သေရည်ဘူးသီးခြောက်ပေးလိုက်မှာ”

ဖန်ကျုံး “...”

လန်လော့သည် ဖန်လီထန်းနှင့်ကျော့ယွီရှုကို တစ်ချက်ကြည့်ပြီးပြောလိုက်၏။ “အရင်တုန်းကသာ ဆိုရင် ငါ့မှာမရှိတဲ့အရာတွေကို ငါဖျက်ဆီးမိမှာ။ ဒါပေမဲ့ မျှော်နန်းသခင်ဆိုတော့ အရှုံးပေးချင်စိတ်ရှိသွားပြီ”

ဟွားဝူတောက် ဆိတ်ဆိတ်သာနေ၏။ သူက ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူများ၏အကြွားပြိုင်ပွဲထဲကနေ ဘေးထွက်နေရန်ဆုံးဖြတ်လိုက်သည်။

ကျော့ယွီရှုသည် သူမဘေးတွင်ရပ်နေသော စီယွမ်အာကိုကြည့်ပြီးပြောလိုက်သည်။

"မိန်းကလေး အခုမင်း ဘယ်အဆင့်ရောက်နေပြီလဲ”

ရှောင်ယွမ်အာက ခေါင်းငုံ့လျက် လက်ချောင်းများဖြင့် ရေတွက်လိုက်သည်။ ပြီးနောက် သူမက ရှိုးတိုးရှိုးတန်းဖြင့်ပြောလိုက်၏။

“ကျွန်မ ပွင့်ချပ်သုံးလွှာအဆင့်ပဲ ရောက်ပါသေးတယ်” ရှောင်ယွမ်အာ၏ ရောက်ပါသေးတယ် ဟူသော စကားသည် ဖန်ကျုံးနှင့်ကျိုးကျစ်ဖုန်းတို့ကို သွေးအန်ချင်စိတ်ပေါ်သွားသည်။

အကြီးအကဲလေးယောက်က သူတို့၏ရွှေကြာများကို ဖြတ်တောက်ပြီးကျင့်ကြံနေပြီဖြစ်သည်။ သူတို့ထဲတွင် အသန်မာဆုံးက ပွင့်ချပ်နှစ်လွှာရှိသည်။ သူတို့က အရာအားလုံးကို ထည့်မတွက်ဘဲ ယှဉ်ပြိုင်မည်ဆိုလျှင် သူတို့အခု ရှောင်ယွမ်အာထက် အားနည်းနေသည်။

မင်ရှစ်ရင်က ပြောလိုက်သည်။ "ရှောင်ရှစ်မေ့ မင်းကို ငါကူညီ...”

“မလိုဘူး” ရှောင်ယွမ်အာသည် မင်ရှစ်ရင်ကို ဆုံးဖြတ်ချက်ပြတ်သားစွာ ငြင်းလိုက်၏။ “ညီမရဲ့ရွှေကြာကို တစ်ခုခုလုပ်ဖို့ ကြိုးစားတဲ့သူတွေရဲ့ ခေါင်းကို ရိုက်ခွဲပစ်မှာ” သူမက ပြောနေစဉ် လက်သီးကို ကြမ်းတမ်းစွာ ဝေ့ယမ်းလိုက်၏။

“…”

ကျန်သည့်သူများက နောက်တစ်လှမ်းဆုတ်လိုက်သည်။ မိန်းမငယ်လေးသည် ယခင်ကထက် ပိုပြီးယဉ်ကျေးပုံ ပေါ်သော်ငြား သူမသည် ကြမ်းတမ်းနေသေးဆဲဖြစ်၏။ ပိုကြမ်းတမ်းလာတာပဲ ဖြစ်သည်။ သူတို့ သူမကို ရန်သွားမစတာက အကောင်းဆုံးပဲဖြစ်လိမ့်မည်။

ထိုစဉ်အရှေ့ဖက်မျှော်နန်းထဲ၌ လုကျိုးသည် ခရုလေးကို ခန်းမထဲသို့ခေါ်လာသည်။

“မင်းကို ဒီနေရာဘာကြောင့် ခေါ်လာလဲဆိုတာသိရဲ့လား” လုကျိုးက မေးလိုက်၏။

ခရုလေးက ခေါင်းခါလျက် မသိကြောင်း ပြောလိုက်သည်။

လုကျိုးက ဖြည်းဖြည်းချင်းထိုင်ချကာပြောလိုက်တော့သည်။

“မင်း ကျင့်ကြံဖို့ဆန္ဒရှိလား”

“ကျင့်ကြံဖို့လား”

“ဒီလိုလေ” လုကျိုးက လက်မြှောက်လိုက်၏။ သူ၏လက်ထဲတွင် စွမ်းအင်ဓားသွားရှည်၌ ကနဦးချီ ဝေ့တက်လာလေ၏။ စွမ်းအင်ဓားသွားသည် ဓားမော့၊ လှံ၊ လှံရှည်နှင့် ခရင်းခွပုံအသွင်ပြောင်းသွားသည်။

ခရုလေးက ကြည့်နေစဉ် မျက်လုံးတောက်ပလာသည်။ သူက စွမ်းအင်ဓားသွားကို လက်ညှိုးထိုးလျက် လက်ခုပ်တီးလျက်ပြောလိုက်၏။ “ပျော်စရာကြီး ဒါကို သင်ယူချင်တယ်”

“ပျော်စရာကောင်းတယ်လား” လုကျိုးက အနည်းငယ်ကူကယ်ရာမဲ့သွားသည်။ သို့သော် ထိုအကြောင်းကို တွေးမိသောအခါ လူအများသည် သူတို့ငရဲဆင့်၌ စတင်ကျင့်ကြံချိန်တာက အကြောင်းအရင်းများစွာကြောင့် ဖြစ်သည်။ အချို့က လေထဲတွင် လျှောက်ချင်ကြ၏။ အချို့က ဓားပျံ သုံးချင်သည်။ အချို့က ဓားတစ်လက်ဖြင့် နယ်မြေများကို ကူးလူးသွားချင်သည်။ အချို့က သားရဲများကို ထိန်းကျောင်းချင်၏။ မရေမတွက်နိုင်သည့်အကြောင်းအရင်းများစွာရှိသည်။

“မင်းရဲ့ အာရုံခံစားမှုကို စစ်ဆေးမယ်”

ပါရမီနှင့် အုတ်မြစ်တွင် တူညီသည့်အရာရှိသည်။ အာရုံခံစားမှုကလည်းအရေးပါ၏။

ခရုလေးက ခေါင်းညိတ်လိုက်၏။ သူမက ထိုင်ခင်းဆီ လျှောက်သွားကာ ထိုင်ချလိုက်၏။

“အသက်အောင့်ထားပြီး အာရုံစူးစိုက်။ မင်းရဲ့အတွေးတွေကို စွမ်းအင်ဗဟိုချက်ထဲကို ဦးတည်လိုက်။ မင်းရဲ့စွမ်းအင်ဗဟိုချက်ထဲမှာ ကနဦးချီကို ခံစားမိလား။ အဲ့ဒါက ပင်လယ်ရေလိုပဲလေ။ အဲ့တာကို စီးဆင်းအောင် လမ်းညွှန်ဖို့ကြိုးစားကြည့်။ မင်းရဲ့ချီသွေးကြောတွေထဲကို စီးဆင်းခိုင်းပြီး မင်းရဲ့ခန္ဓာကိုယ်အပြင်ဘက်ကို ချီဖွဲ့တည်။ အဲဒါကို စွမ်းအင်အဖြစ် သိပ်သည်းလိုက်”

လုကျိုးသည် ယခုကဲ့သို့ မည်သူ့ကိုမှ စိတ်ရှည်လက်ရှည်မသင်ပြဖူးပေ။ ဤမိန်းကလေးနှင့် ပတ်သက်ပြီး တစ်ခုခု ခံစားချက်ကွဲပြားခြားနားမှုကြောင့်ဖြစ်နိုင်သည်။ ထိုအကြောင်းအရင်းကြောင့် သူသည် နောက်ထပ်တပည့်တစ်ယောက်ကိုလက်ခံရန်တွေးမိတာလဲဖြစ်နိုင်၏။

“သိပ်ကောင်းတယ်” လုကျိုးသည် သူမ၏ကနဦးချီကို သူမ အောင်မြင်စွာ ဖော်ဆောင်တာကို မြင်သောအခါ ပြောလိုက်သည်။

ဤကနဦးချီသည် သူမ၏ စိတ်နက်နဲမှုဉာဏ်အလင်းပွင့်ခြင်းနယ်ပယ်သို့ ဝင်ရောက်ပြီးနောက် ခုန်ငါးခု ဖွင့်ပြီးသည့်အချိန်တွင် ရရှိလာသည့် ကနဦးချီပဲဖြစ်သည်။ ပမာဏနည်းသေးသော်ငြား သူမရဲ့အုတ်မြစ်ကို တည်ငြိမ်စေရန်လုံလောက်သည်။

ခရုလေးက လုကျိုးကိုမော့ကြည့်လိုက်၏။ သူမ၏ယုံကြည်ချက်တို့ ယိမ်းယိုင်နေတာ သိသာသည်။ သူမက မေးလိုက်သည်။

“ဒါမှန်လား”

ခရုလေး၏ညာဖက်လက်ဝါးကနေ ညင်သာသည့် ပဲ့တင်သံတစ်ခုပေါ်လာ၏။ ပုံမှန်မဟုတ်သည့် စွမ်းအင်က ကြက်ဥအခွံသည် သူမ၏ခေါင်းပေါ်၌ ဝဲနေတာနှင့်ဆင်တူသည်။

လုကျိုး၏မျက်လုံးများ ပြူးကျယ်သွားသည်။

အမ်း

ခန္ဓာတည်ဖွဲ့ခြင်းအဆင့်ကိုးအဆင့်သည် ခန္ဓာကိုယ်၏စွဲမြဲမှုကို လမ်းကြောင်းတစ်ခုအနေဖြင့် လေ့ကျင့်ပေးရန် ဖြစ်သည်။ အထူးသဖြင့် စွမ်းအင်ဗဟိုချက်၏ချီပင်လယ်ပဲဖြစ်သည်။ ယင်းက ကနဦးချီနှင့် စွမ်းအင်ဗဟိုချက်ကို ထိန်းသိမ်းထားနိုင်တာပဲဖြစ်သည်။

စိတ်နက်နဲမှု ဉာဏ်အလင်းပွင့်ခြင်းနယ်ပယ်သည် ကျင့်ကြံသူတစ်ဦး၏အာရုံကို မြှင့်တင်ပေး၏။ သို့မှသာ သူတို့သည် ကနဦးချီကို မြှင့်တင်ပြီး အာရုံခံနိုင်တာဖြစ်သည်။

အာရုံခံသိပ်သည်းခြင်းနယ်ပယ်ကမူ ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားကို တိုးစေသည်။ ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားသည် အဆင့်တစ်ခုအထိမြှင့်တင်ပြီးချိန်၌ ကနဦးချီကို စွမ်းအင်အဖြစ်သိပ်သည်းနိုင်မည်။ ကျင့်ကြံဆင့်က ပိုနက်နဲလေ ကျင့်ကြံသူ၏စွမ်းအားက ပိုတည်ငြိမ်လေဖြစ်သည်။ နောက်ဆုံးတွင် ကျင့်ကြံသူက ဆန္ဒရှိသလိုသုံးနိုင်လိမ့်မည်။

သို့သော် ခရုလေးသည် စိတ်နက်နဲမှုဉာဏ်အလင်းပွင့်ခြင်းနယ်ပယ်သို့တန်းအဆင့်တက်သွားသော်ငြား သူမ၏ချီကို စွမ်းအင်အဖြစ်အလွယ်တကူ သိပ်သည်းနိုင်လိမ့်မည်ဟု သူ မထင်ထားပေ။ ထို့ကြောင့် သူ အံ့ဩသင့်သွား၏။

ခရုလေးသည် လုကျိုး၏တုံ့ပြန်မှုကို နားလည်မှုလွဲသွားကာ သူမဆောင်ရွက်မှုမကောင်းဟု တွေးလိုက်သည်။ သူမက ညင်သာစွာ ပြောလိုက်၏။

“ကျွန်မ တောင်းပန်ပါတယ်။ ဒါကို ဓားတစ်လက်အဖြစ် မပြောင်းနိုင်ဘူး"

လုကျိုးက လည်ချောင်းရှင်းလိုက်သည်။ ဒီမိန်းကလေးက ပထမဆုံးအကြိမ်ကြိုးစားမှုမှာတင် ဓားတစ်လက် ဖွဲ့တည်ဖို့ ကြိုးစားနေတာလား။ သူမသည် ပုံသဏ္ဌာန်မမှန်စွမ်းအင်သိပ်သည်းမှုကို ကြက်ဥပုံ သိပ်သည်းနိုင်တာကပင် ကောင်းနေပြီးဖြစ်၏။ သူမသည် ဓားတစ်လက်ကို ဖန်တီးချင်နေသေးသည်။ အတူထားလိုက်။ ငါက သူ့ရဲ့ဆရာဘယ်လိုလုပ်ဖြစ်နိုင်တော့မှာလဲ။

လုကျိုးက ခရုလေးကိုစိုက်ကြည့်ပြီးမေးလိုက်သည်။ “မင်းကို ငါမေးမယ်။ မင်း ငါ့ရဲ့လမ်းညွှန်မှုအောက်မှာ ကျင့်ကြံဖို့ဆန္ဒရှိလား”

...

အခန်း(၅၂၈) ရှောင်ရှစ်မေ့ အသစ်လေး

ခရုလေးက ထိုအရာကို ကြားလိုက်သည့်အခါ သူမ မျက်နှာအထက် စိတ်သက်သာရာရသွားသည့် အမူအရာမျိုး ပေါ်ထွက်လာသည်။ သို့သော်လည်း သူမက ချက်ချင်း သဘောမတူသေးပေ။ သူမက ညာဘက်လက်ညှိုးကို နှုတ်ခမ်းကြား ကိုက်ကာ စဉ်းစားနေသည်။

လုကျိုးက မျက်မှောင်ကြုတ်လိုက်၏။ မိုးကောင်းကင်အောက် သူ့တပည့် ဖြစ်လိုသူများစွာ ရှိလေသည်။

ကောင်မလေး မင်းနေရာ မင်းသိ … ငါ့တပည့်ဖြစ်လာရတာ မင်းအတွက် ကောင်းချီးပဲ

“အာ … ကျင့်ကြံပြီးသွားရင် ပျံသန်းနိုင်မှာလား” ခရုလေးက မေးလိုက်သည်။

“ဒါပေါ့”

“အဲဆို ရှစ်ကျဲယွမ်အာလို ဧရာမ ရွှေလည်း လုပ်နိုင်မှာလား” ခရုလေးက ထပ်မေးလိုက်သည်။

“လုပ်နိင်တာပေါ့”

“အဲဆို မကောင်းဆိုးဝါး သားရဲတွေကိုရော နှိမ်နင်းနိုင်မှာလား”

လုကျိုးက ထိုမေးခွန်းကို ကြားသည့်အခါ ချက်ချင်း မဖြေပေ။

လုကျိုးက အလျင်စလို မဖြေလိုက်ပေ။

ခရုလေး၏ ပါရမီပေါ် မူတည်၍ သူမက ထိုသားရဲများကို ထိန်းချုပ်နိုင်စွမ်း ရှိလေသည်။ ထျန်းကုံလိုမျိုး အားကောင်းသည့် သားရဲပင် သူမ၏ ပုလွေသံအောက် ကျရောက်သွားခဲ့သေး၏။ သူမက ဘာလို့ နှိမ်နင်းချင်တာလဲ …

“သူတို့ကို ကြောက်လို့လား ”

“ပုလွေမရှိရင် သူတို့က ကြောက်ဖို့ကောင်းတယ်” ခရုလေးက ပြန်ဖြေလိုက်သည်။

သူမ ပြောသည်က မှန်ကန်ပေသည်။ သူမ၏ လက်ရှိအနေအထားဖြင့် ပါရမီကို အပြည့်အဝ မထိန်းချုပ်နိုင်သေးပေ။ အကယ်၍ နတ်မြင်း ကျီလျန့်ကြောင့်သာ မဟုတ်လျှင် သူမ၏ ပုလွေသံက သားရဲများစွာကို ဆွဲဆောင်မိလိမ့်မည်။ ထို့အပြင် သူမ၏ ပါရမီမျိုးဖြင့် မကျင့်ကြံလျှင် နှမြောဖို့ ကောင်းလွန်းလှသည်။

“ မင်း စတင်ကျင့်ကြံတဲ့အခါကျ အဲဒီသားရဲတွေက မင်းကို လာမရှုပ်တော့ဘူး” လုကျိုးက ပြန်ဖြေလိုက်သည်။

ခရုလေးက ထိုအရာကို ကြားသည့်အခါ အားတက်သရော ခေါင်းညိတ်လိုက်သည် “အဲဆို ကျင့်ကြံမယ်”

“ကောင်းပြီ” လုကျိုးက အတွေးတစ်ခု ပေါ်လာသည်။ သူက ထိုင်ခင်းကို လက်ညှိုးထိုးပြကာ “ ဒီလိုဆိုရင် ဒူးထောက်ပြီး ကိုးကြိမ်ကန်တော့လိုက်”

ခရုလေးက ထိုင်ခင်းဆီ အပြေးအလွှား သွားလိုက်ပြီး လုကျိုးရှေ့တွင် ရိုရိုကျိုးကျိုး ဒူးထောက်လိုက်သည်။

အကယ်၍ သူသာ ကျင့်ဝတ်များကို ဂရုစိုက်သူ ဖြစ်ပါက မိစ္ဆာဝေဟင်မျှော်နန်းမှ လူအားလုံးကို အကြောင်းကြားပြီးမှ ခရုလေးအား ကန်တော့ခိုင်းလိမ့်မည်။ သို့သော်လည်း တပည့်လက်ခံခြင်းက ကိုယ်ပိုင်ကိစ္စ ဖြစ်သည့်အတွက် မလိုအပ်သည့်အရာများ မလုပ်လိုပေ။ သို့သော်လည်း ဒူးသုံးကြိမ် ထောက်ကာ ကိုးကြိမ်ကန်တော့ခြင်းကိုမူ ကျော်ပစ်လို့ မရပေ။ ဤသည်က ခရုလေးကို တစ်ယောက်ယောက်အား သူမ၏ ရှစ်စွင်းအဖြစ် အသိအမှတ်ပြုလိုလျှင် လုပ်ဖို့လိုကြောင်း ပြသလိုက်ခြင်း ဖြစ်၏။ ထို့အပြင် သူမဘာသာ စစ်မှန်စွာ ဝန်ခံဖို့ လိုအပ်ပေသည်။

တစ်ရက်အတွက် ဆရာ ဖြစ်လျှင် တစ်ဘဝလုံး ဆရာ ဖြစ်၏။ ထို့ကြောင့် သူမက ယခုအခါ မိစ္ဆာဝေဟင်မျှော်နန်း၏ အစိတ်အပိုင်း ဖြစ်သွားလေပြီ။

“ ရှစ်စွင်း”

“ တင်း … အမွေအနှစ်နဲ့ သင်ပြရေး တာဝန် ၁၀/၁၀ ဖြည့်စွက်ပြီး … မူလ ကျိထျန်းတောက်ရဲ့ သင်ပြရေး နည်းစနစ်ကို တရားဝင် ဖယ်ထုတ်လိုက်ပါပြီ။

ဆုလာဘ် - စနစ်အဆင့်မြင့် ကတ် တစ်ကတ်၊ အကြောင်းပြန်လှန်ကတ် ဆယ်ကတ်၊ ကုသိုလ်ရမှတ် တစ်သောင်း၊ နာမည်ကျော် ဆရာက တပည့်ကောင်းကို မွေးထုတ်ပေးတယ် တာဝန်ကတ် တစ်ကတ်”

“ စနစ်အဆင့်မြင့်ကတ် - ကုသိုလ်ရမှတ် စနစ် ခွင့်ပြုချက်ကို တိုးမြင့်ပေးခြင်း ”

“ နာမည်ကျော် ဆရာက တပည့်ကောင်းကို မွေးထုတ်ပေးတယ်ကတ် - တပည့်တွေရဲ့ အပတ်တကုတ် ကြိုးပမ်းထားတဲ့ ကျင့်ကြံရေးကို သုံးလကြာ တင်းကျပ်မှုအပြည့်နဲ့ စောင့်ကြည့်ကွပ်ကဲခြင်း ”

ညွှန်ကြားချက်အစဉ်လိုက်ကက လုကျိုးအား အံ့အားသင့်သွားစေသည်။ သူက ဒီနေရာကို ကူးပြောင်းလာစဉ်ကတည်းက သင်ကြားရေးတာဝန် ပြီးဆုံးကြောင်း သတိပေးချက် ရရှိခဲ့သည်။ သူက ယခင်က များများစားစား မတွေးမိခဲ့သော်လည်း တရားဝင် ဖယ်ရှားခံလိုက်ရလိမ့်မည်ဟု မထင်ထားမိပေ။

ငါ့စနစ်လေးလည်း မဖယ်ရှားခံရဖို့ မျှော်လင့်ရမှာပဲ …

လုကျိုးက စနစ်ကို ပြန်ကြည့်လိုက်သည်။

ရင်းနှီးနေသော မျက်နှာပြင်က ပေါ်ထွက်လာ၏။

တော်သေးတယ် ဒီမှာရှိနေသေးလို့ … ငါ ဘာလို့လန့်နေတာတုန်း … လူအိုကြီးတောင် ဖြစ်နေပြီကို

လုကျိုးက အောက်ကြည့်လိုက်သည့်အခါ စနစ်အဆင့်မြင့် ကတ်ကို မြင်လိုက်ရသည်။

ခွင့်ပြုချက် မြင့်တင်ပေးတယ်ဆိုတာက ဘာလဲ ..

သူက အဆင့်မြင့်ကတ်ကို ထိလိုက်သည့်အခါ စာတန်းပေါ်လာသည်။

“စနစ်အဆင့်မြင့်ကတ် - လိုအပ်သည့်အချိန် ငါးလ၊ အဆင့်မြင့်နေသည့် အချိန်အတွင်း စနစ်ကို အသုံးပြုလို့ မရပေ။ ဆက်လုပ်ဆောင်ချင်တာ သေချာပါသလား”

အခုတော့ မဟုတ်သေးဘူး ….

လုကျိုးက ခဏတာ စဉ်းစားလိုက်ပြီးနောက် စနစ်၏ လုပ်ဆောင်ချက်အမျိုးမျိုုးကို အသုံးမပြုနိုင်ခြင်းက အနည်းငယ် အရေးနိမ့်သလို ခံစားရလေသည်။ ငါးလတာ အချိန်က ကြာမြင့်လှ၏။ အကယ်၍ တစ်ယောက်ယောက်က သူ့အား ပြဿနာလာရှာခဲ့လျှင် အခက်တွေ့သွားလိမ့်မည်။ ထို့အပြင် အကြီးအကဲလေးယောက်နှင့် တပည့်များကလည်း အားသိပ်မကောင်းကြသေးပေ။ ကြည့်ရသည်မှာ လင်းရှင်းကို သတ်ပြီး ထိုက်ရွှီကျောင်းတော်၏ အကာအရံကို ဖျက်ဆီးပစ်ခဲ့သည်က အချိန်ကိုက် ဖြစ်သွားလေသည်။

လုကျိုးက ဆက်ရွေ့ကြည့်လိုက်သည်။

“ နာမည်ကျော်ဆရာက တပည့်ကောင်းကို မွေးထုတ်ပေးတယ်တဲ့လား ”

“ နာမည်ကျော် ဆရာက တပည့်ကောင်းကို မွေးထုတ်ပေးခြင်း ကတ် - တပည့်တွေရဲ့ အပတ်တကုတ် ကြိုးပမ်းထားတဲ့ ကျင့်ကြံရေးကို သုံးလကြာ တင်းကျပ်မှုအပြည့်နဲ့ စောင့်ကြည့်ကွပ်ကဲခြင်း။ ဆက်လက် လုပ်ဆောင်မည်လား ”

“အင်း” ထိုစဉ် လုကျိုးက နာမည်ကျော် ဆရာသည် တပည့်ကောင်းကို မွေးထုတ်ပေးခြင်း တာဝန်ကို တာဝန်စာရင်းတွင် မြင်လိုက်ရသည်။ ထိုအရာက သုံးလတာ ကြာမြင့်၏။ သူက ခေါင်းညိတ်ပြီး စနစ်ကို ပိတ်လိုက်သည်။

သူက ခရုလေးအား ပြန်ကြည့်လိုက်သည်။

“ထတော့ ”

“အာ ” ခရုလေးက ပျော်ပျော်ရွင်ရွင် ထလိုက်သည်။

“အခုကစပြီး ငါ့ကို ရှစ်စွင်းကို ခေါ်ရမယ်”

“ဟုတ် ရှစ်စွင်း” ခရုလေးက ရှောင်ယွမ်အာအား အနည်းငယ် အတုခိုးထားပြီး ခန္ဓာကိုယ်ကို အသာကွေးကာ ဦးညွှတ်လိုက်သည်။

လုကျိုးက လက်ဝေ့လိုက်သည်။ အနီးရှိ စားပွဲမှ အသက်ရှုနည်းအကြောင်း ပါဝင်သည့် ကျင့်ကြံရေးစာအုပ်တစ်အုပ်က သူ့ဆီ ပျံသန်းလာသည်။

“ဒါက မင်းကို အသက်ရှုပုံအကြောင်း သင်ပေးလိမ့်မယ်။ အထဲကအတိုင်း နေ့တိုင်း လိုက်ကျင့်ကြံရမယ်။ တကယ်လို့ နားမလည်တာရှိရင် ငါ့ဆီ လာမေးလှည့်”

လုကျိုးက စာအုပ်အား ခရုလေးဆီ ပေးလိုက်သည်။

အခြေခံကျင့်ကြံရေး စာအုပ်က စိတ်နက်နဲမှု ဉာဏ်အလင်းပွင့်နယ်ပယ် ရောက်ပြီးသည့် ကျင့်ကြံသူတိုင်း ကျင့်ကြံရမည့်အရာ ဖြစ်၏။ ထိုအရာက ကမ္ဘာဦးချီကို တိုးပွားစေပြီး ချီပင်လယ်အား ချဲ့ထွင်ပေးသည်။ ထို့နောက် သူတို့က ကွန်ဖြူးရှပ်၊ ဗုဒ္ဓ သို့မဟုတ် တာအိုနည်းလမ်းများအဖြစ် ကွဲထွက်သွားကာ သူတို့၏ အရေးသာချက်များကို ပေါင်းစပ်ပြီး ကျင့်ကြံရေးလမ်းကြောင်းကို ဖန်တီးထားခဲ့ကြသည်။

“ရှစ်စွင်း ကျေးဇူးပါ ” ခရုလေးက စာအုပ်ကို လက်ခံရင်း ပြုံးလိုက်သည်။

လုကျိုးက စနစ်ဆီမှ ဆုလာဘ်ရရှိကြောင်း အသိပေးချက် ကြားရဖို့ မျှော်လင့်ထားသော်လည်း စနစ်က သူ့အား ဘာမှမပေးမလာပေ။

ထုတ်ပယ်ထားသော ယဲ့ထျန်းရှင်းမှလွဲ၍ စနစ်၏ သူ့တပည့်ကိုးယောက်အပေါ် ဆက်ဆံပုံအရ သူတို့က ဂိုဏ်းကို ပြန်လာဖို့ အသိအမှတ်ပြုသည်နှင့် သူ့တွင် ကုသိုလ်ရမှတ် ရရှိလာလိမ့်မည်။

သို့သော် ခရုလေးကို ထည့်မတွက်ထားပေ။

“ လရောင်က ပင်လယ်ပြင်ပေါ် ဖြာကျနေပြီး အဝေးကနေ ဒီအခိုက်အတန့်လေးကို အတူမျှဝေခံစားနေကြရတယ် … ဒါက တပည့်တွေကို လက်ခံဖို့ လိုအပ်ချက်ပဲ ဖြစ်နေမလား” လုကျိုးက စဉ်းစားလိုက်သည်။ အဆုံးသတ်တွင် ဤသည်က အဓိပ္ပာယ်မရှိကြောင်း တွေးမိသွားသည်။ အကယ်၍ သူသာ ကဗျာအတိုင်း တပည့်များကို လက်ခံလျှင် သူ သို့မဟုတ် သူမနှင့် ဆုံသည့်အခါ နောက်ထပ် လက်ခံလိုက်ရုံသာ ဖြစ်၏။ ထို့အပြင် ခရုလေး၏ ပါရမီက သူ့တပည့်ကိုးယောက်နှင့် ယှဉ်နိုင်လေသည်။ သူမက အနာဂတ်တွင် သူ့အတွက် အကူအညီကောင်း ဖြစ်လာလိမ့်မည်။ ထိုအတွေးဖြင့် သူ့အကြည့်များက တောက်ပလာသည်။

“အပြင်မှာ ဘယ်သူရှိလဲ “

“မျှော်နန်းသခင် အမိန့်ရှိပါ” အပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။

“အားလုံးကို ခန်းမကျယ်ထဲ ဆင့်ခေါ်လိုက်”

“နားလည်ပါပြီ ”

…………..

ခန်းမကျယ်အတွင်း

မိစ္ဆာဝေဟင်မျှော်နန်းမှ အားလုံးက စုဝေးနေကြလေပြီ။

သို့သော် လုကျိုးက ပေါ်မလာသေးပေ။

အကြီးအကဲလေးယောက်၊ တွမ့်မူရှန်း၊ မင်ရှစ်ရင်၊ ကျူးဟုန်ကုန်း၊ ကျောင်းယွဲ့နှင့် ရှောင်ယွမ်အာတို့က ဘေးတွင် ရပ်နေကြသည်။ သူတို့က ခန်းမကျယ်ကို ကြည့်ရင်း သူတို့ဆရာအား စောင့်ဆိုင်းနေကြသည်။

တခြားလူများကမူ တခြားဘက်တွင် ရပ်နေကြသည်။

“ ရှစ်စွင်းက ဒီနေ့ဘာဖြစ်တာပါ့လိမ့်။ အခမ်းအနားများ ရှိလို့လား ” မင်ရှစ်ရင်က ထုတ်ပြောလိုက်သည်။

“စိတ်အေးအေးထားပါ … မျှော်နန်းသခင် ရောက်လာတာနဲ့ သိရမှာပါ” ဖန်လီထန်းက ပြောလိုက်သည်။

ထိုစဉ် လုကျိုးက လက်တစ်ဖက်က ခရုလေးကို ဆွဲရင်း ကျန်တစ်ဖက်ကို နောက်ပစ်ကာ ခန်းမကျယ်အပြင်ဘက်မှ ဝင်ရောက်လာသည်။

အခြားလူများက လှည့်ကြည့်လိုက်ကြ၏။

အကြီးအကဲလေးယောက်က အဖြစ်အပျက်ကို နားလည်သည့်အတွက် လေးယောက်သား ဦးညွှတ်ကာ ပြိုင်တူ ပြောလိုက်ကြသည်။

“မျှော်နန်းသခင်ကို ဂုဏ်ပြုပါတယ် ”

လုကျိုးက ခရုလေးအား ရှေ့ခေါ်လာကာ တခြားလူများနှင့် မျက်နှာချင်းဆိုင်လိုက်သည်။ ထို့နောက် သူက ခပ်ရှင်းရှင်းပြောလိုက်သည်။ “ငါ့ဆီမှာ ကြေညာစရာနှစ်ခု ရှိတယ် ”

သူက ရပ်တန့်လိုက်သည်။

ခန်းမကျယ်တစ်ခုလုံး တိတ်ဆိတ်နေသည်။

“ဒီနေ့ကစပြီး ခရုလေးက ဆယ်ယောက်မြောက် တပည့် ဖြစ်သွားပြီ”

တခြားလူများက မျှော်လင့်ထားပြီးသား ဖြစ်သော်လည်း အံ့အားသင့်နေကြဆဲ ဖြစ်၏။ အားလုံးက မိစ္ဆာဝေဟင်မျှော်နန်း၏ တပည့်ဖြစ်လာဖို့ လိုလားချက်များက မည်မျှတင်းကျပ်မှန်း သိထားကြသည်။ မိစ္ဆာဝေဟင်မျှော်နန်း၏ တပည့်ဖြစ်ချင်သည့် လူများစွာ ရှိကြ၏။ ဖန်ကျုုံးနှင့် ကျိုးကျစ်ဖုန်းတို့လို ပါရမီရှင်မျိုးကိုပင် တပည့်အဖြစ် လက်မခံပေ။ သူ့တပည့်ဖြစ်လာဖို့ မည်မျှခက်ခဲကြောင်း သိသာလှ၏။

ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းတို့က အားကျနေကြသည်။ သူတို့က ခရုလေးအား ကြည့်လိုက်ပြီး အမျိုးသမီးကျင့်ကြံသူများက ပြိုင်တူဦးညွှတ်လာကြသည်။

“ဒဿမသခင်မလေးကို ဂါရဝပြုပါတယ်”

ခရုလေးက ထိုအခြေအနေကို ခပ်တည်တည် ရင်ဆိုင်ခဲ့သည်။

လုကျိုးက သူမအား ကြည့်လိုက်၏။

ခရုလေးက ခေါင်းညိတ်လိုက်သည်။

သူမက တွမ့်မူရှန်းရှေ့တွင် ရပ်ကာ “စန်းရှစ်ရှိုး မင်္ဂလာပါ”

“မင်္ဂလာပါ ရှောင်ရှစ်မေ့ ”

...

All Chapters