← Chapters

အခန်း (၅၂၉-၅၃၁)

Vol. 36 Ch. 529-531

အခန်း (၅၂၉-၅၃၁)

Vol. 36 Ch. 529-531

အခန်း (၅၂၉) ဘာလဲ ညီမအသစ်လား

ခရုလေးသည် ရှောင်ရှစ်မေ့အသစ်ဖြစ်သောကြောင့် တင်းမာခက်ထန်သည့်အမူအရာ ထိန်းသိမ်းထားရန် လိုအပ်သည်ဟု သူ မထင်ပေ။ ထို့ကြောင့် သူသည် လက်ခံသည့်အပြုံးမျိုးဖြင့် ထားလိုက်၏။

ခရုလေးက မင်ရှစ်ရင်ဆီလျှောက်သွားကာ ပြောလိုက်တော့၏။ “နှုတ်ခွန်းဆက်ပါတယ် စစ်ရှစ်ရှိုး”

“ရှောင်ရှစ်မေ့ ... မင်း ကြိုးကြိုးစားစား ကျင့်ကြံရမယ်။ မင်းရဲ့ရွှေကြာကို ဖြတ်ချင်တယ်ဆိုရင် ငါ့ကိုလာရှာ” မင်ရှစ်ရင်က ပြုံးပြီးပြောလိုက်သည်။

“…”ခရုလေးသည် ကျောင်းယွဲ့ဘက် ချက်ချင်းလှည့်ပြီးပြောလိုက်သည်။

“နှုတ်ခွန်းဆက်ပါတယ် ဝူရှစ်မေ့”

ကျောင်းယွဲ့က ပြောလိုက်၏။

“ဒီအကြောင်းကို ငါ ဒီနေ့မှသိတာ။ ဒါကြောင့် ကြိုဆိုတဲ့လက်ဆောင်ပေးဖို့ အချိန်မရလိုက်ဘူး။ နောင်ကျ ညီမကို လက်ဆောင်ပေးမယ်”

“ကျေးဇူးပါ ရှစ်ကျဲ”

ခရုလေးသည် ကျူးဟုန်ကုန်းဆီ သွားလိုက်သည်။ “နှုတ်ခွန်းဆက်ပါတယ် ပါ့စစ်ရှိုး”

“မင်းက သိပ်ယဉ်ကျေးတာပဲ ရှောင်ရှစ်မေ့” ကျူးဟုန်ကုန်းက ပြန်ပြောလိုက်သည်။

နောက်ဆုံးတွင် ခရုလေးသည် ရှောင်ယွမ်အာရှေ့၌ ရပ်လိုက်၏။ ခရုလေးက မပြောရသေးခင် ရှောင်ယွမ်အာက ပြောလိုက်၏။

“ဒီနေ့ကစပြီး နင်က ငါ့ရဲ့ရှောင်ရှစ်မေ့ဖြစ်သွားပြီ။ နင့်ကိုကာကွယ်ပေးမယ်”

“ကျေးဇူးပါ ကျိုရှစ်ကျဲ။ ရှစ်ကျဲက ပြန်ပြောလိုက်၏” ခဏအကြာတွင် ခရုလေးက အကြီးအကဲလေးယောက်ကို နှုတ်ခွန်းဆက်လိုက်သည်။

လုကျိုးက စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။

အခမ်းအနားပြီးနောက် ခရုလေးသည် မိစ္ဆာဝေဟင်မျှော်နန်း၏ တရားဝင်တပည့်တစ်ယောက် ဖြစ်လာသည်။

“လောင်စစ် ... ဒီအကြောင်း လောင်ချီကိုအကြောင်းကြားလိုက်”

“ဟုတ်ကဲ့ ရှစ်စွင်း”

တပည့်များသည် တစ်ယောက်အကြောင်းတစ်ယောက်သိထားသင့်ပေ၏။

လုကျိုးက ဆက်ပြောလိုက်သည်။

"ဒုတိယအချက်က ငါ ငါးလလောက် တံခါးပိတ်ကျင့်ကြံမယ်ဆိုတဲ့အကြောင်း ကြေညာမလို့ပဲ။ ဒီငါးလအတွင်းမှာ မိစ္ဆာဝေဟင်မျှော်နန်းက တပည့်တွေအကြောင်းအရင်းမရှိဘဲ အပြင်ထွက်ခွင့်မရှိဘူး"

ကျန်သည့်သူများက ဇဝေဇဝါဖြစ်နေ၏။ မျှော်နန်းသခင်သည် ပွင့်ချပ်ကိုးလွှာအဆင့်သို့ရောက်နေပြီ။ သူသည် အဘယ်ကြောင့်များ တံခါးပိတ်ကျင့်ကြံရန်လိုအပ်မည်နည်း။ ချက်ချင်းအဆင့်တက်ပြီလော။ မှန်ပေ၏။ ထိုအကြောင်းကြောင့်ဖြစ်ရမည်။ မိစ္ဆာဝေဟင်မျှော်နန်းသခင်က သူ့ကိုယ်သူ တိုးတက်အောင် အမြဲကြိုးစားချင်နေတာဖြစ်သည်။

“ဟုတ်ကဲ့ပါ မျှော်နန်းသခင်”

“ဟုတ်ကဲ့ပါ ရှစ်စွင်း”

လူတိုင်းက အရိုအသေပေးလိုက်၏။

လုကျိုးက မုတ်ဆိတ်သပ်ကာ ခေါင်းညိတ်လိုက်၏။

“တပည့်တွေနေခဲ့။ ကျန်တဲ့သူတွေသွားလို့ရပြီ”

မိစ္ဆာဝေဟင်မျှော်နန်းတပည့်များမှအပ ကျန်သည့်သူများသည် မဟာခန်းမကနေထွက်သွားကြသည်။

လုကျိုးက လှေကားထစ်များဆီ လျှောက်သွား၏။ သူ တစ်ချက်ကြည့်ကာပြောလိုက်သည်။

“ငါ တံခါးပိတ်ကျင့်ကြံနေတုန်း မင်းတို့အားလုံးကြိုးကြိုးစားစားကျင့်ကြံသင့်တယ်”

“ဟုတ်ကဲ့ ရှစ်စွင်း”

ထိုရိုးရှင်းသည့် လမ်းညွှန်မှုက မလုံလောက်တာ သဘာဝကျ၏။ တင်းကြပ်သည့် ဆရာတစ်ယောက်သည် ကျောင်းသားကောင်းများမွေးထုတ်ပေး၏။ ထိုသို့ဆိုလျှင် သူသည်လည်း သူတို့ကိုတင်းကြပ်ပေးရန်လိုအပ်သည်။

“ငါ တံခါးပိတ်ကျင့်ကြံနေတုန်း မင်းတို့ရဲ့ကျင့်ကြံဆင့်ကို အကဲဖြတ်မယ်။ မင်းတို့တွေ အပါးခိုရဲတာတွေ့ရင် ပြင်းပြင်းထန်ထန် အပြစ်ပေးမယ်”

သူ၏တပည့်များ တုန်ယင်သွားသည်။ သူတို့က အကြောက်တရားကို ခံစားလိုက်ရ၏။ သူတို့သည် ရုပ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံခဲ့ရသည့် ခံစားချက်ကပြန်ရောက်လာပုံပေါ်၏။ သူတို့က မလှုပ်ရဲကာ ခေါင်းငုံ့ထားတော့သည်။

“ခရုလေးက ဒီမှာအသစ်ပဲ။ မင်းတို့အားလုံး သူ့ကို လမ်းညွှန်ပေးသင့်တယ်”

ထောက်

ကျူးဟုန်ကုန်းက ရုတ်တရက်ဒူးထောက်လိုက်သည်။ သူ၏နဖူးက မြေပြင်ကို ထိနေကာပြောလိုက်၏။

“စိတ်မပူပါနဲ့ ရှစ်စွင်း။ ကျွန်တော်ကြိုးစားပါမယ်။ ရှောင်ရှစ်မေ့က အရာအားလုံးနဲ့စိမ်းနေတာ။ ရှစ်ရှိုးတစ်ယောက်အနေနဲ့ သူ့ကိုသေချာပေါက်ကူညီပေးပါ့မယ်။ စိတ်ချထားပါ ရှစ်စွင်း”

ကျန်သည့်သူများသည် ထိုပြသမှုကြောင့် ဆွံ့အကုန်နေ၏။

လောင်ပါ့သည် အရှက်မဲ့သော်ငြား သူ၏နည်းလမ်းများက ဤကဲ့သို့အရေးကြီးသည့်အခိုက်အတန့်တွင် လိုအပ်သည်။

လုကျိုးကပြောလိုက်၏။ “သိပ်ကောင်းတယ်”

“ရှစ်စွင်း ရုတ်တရက်ကြီး ဘာကြောင့် တံခါးပိတ်ကျင့်ကြံဖို့ဆုံးဖြတ်လိုက်တာလဲ” ကျူးဟုန်ကုန်းက မေးလိုက်၏။

ကျန်သည့်သူများက လုကျိုးကို ကြည့်လိုက်သည်။ သူတို့လည်းသိချင်နေသည်။

လုကျိုးက ပြော၏။ “အခုကစပြီး ငါ့ရဲ့ဆုံးဖြတ်ချက်အားလုံးကို မင်းတို့ဆီ ရှင်းပြရမှာလား”

ကျူးဟုန်ကုန်းက ချက်ချင်းအရိုအသေပေးလိုက်၏။ “မလုပ်ရဲပါဘူးရှစ်စွင်း။ ကျွန်တော် မှားတာပါ”

သူကလက်မြှောက်လျက် သူ့ဖာသာသူရိုက်လိုက်သည်။ ရိုက်သံက ကျယ်လောင်ပြီး စူးရှ၏။ ကျန်သည့်သူများက ဆွံ့အနေသေးသည်။

“အနီရောင်ခေါင်းတလားပေါ်က ကူးထားတဲ့ အစီအရင်သွေးကြောကို ငါ့ဆီယူလာခဲ့”

“ဟုတ်ကဲ့ပါ”

လုကျိုးက ထရပ်ပြီးနောက် ပြောလိုက်သည်။ “ဘာကိစ္စမှမရှိရင် မင်းတို့သွားလို့ရပြီ”

“ကောင်းကောင်းအနားယူပါရှစ်စွင်း” တပည့်များက အရိုအသေပေးလိုက်၏။

လုကျိုးသည် ယခုတစ်ခေါက်တွင် အရှေ့ဖက်မျှော်နန်းဆီသို့မပြန်ခဲ့ပေ။ ထိုအစားသူက လျှို့ဝှက်ခန်းထဲသို့ ပြန်သွားလိုက်သည်။

လျှို့ဝှက်ခန်းထဲသို့ဝင်ပြီးနောက် အခန်းကိုလေ့လာလိုက်သည်။ ပြန်လည်တည်ဆောက်ပြီးနောက် လျှို့ဝှက်ခန်းသည် မူလသွင်ပြင် ရရှိသွားပြီဖြစ်သည်။ ယခင်ကနှင့်ယှဉ်လျှင် ပိုပြီးခိုင်ခန့်လာပုံရ၏။

လုကျိုးသည် ထိုင်ခင်းဆီလျှောက်သွားပြီးနောက် တင်ပလင်ချိတ်ထိုင်လိုက်သည်။

ခဏအကြာတွင် တွမ့်မူရှန်းသည် ခေါင်းတလားပေါ်မှကူးထားသော အစီအရင်သွေးကြောကို ကူးလိုက်၏။ ပြီးနောက် သူကတလေးတစားထွက်သွားတော့သည်။

လုကျိုးသည် ကူးထားသည်ကို စစ်ဆေးပြီးနောက် ပြောလိုက်သည်။ ထင်တဲ့အတိုင်းပဲ ... ချပ်ဝတ်ပေါ်က ပုံစံနဲ့ တစ်ထပ်တည်း တူနေတာပဲ။

ထိုအစီအရင်သွေးကြောများကို သန့်စင်စွာဆွဲဖို့က ဖြစ်နိုင်၏။ ဤနည်းလမ်းအတိုင်း သူတို့ကို ကူးယူဖို့ကလည်း နည်းလမ်းများထဲမှ တစ်ခုဖြစ်သည်။ သို့သော် ထိုမျှများပြားသော အစီအရင်သွေးကြောများကို လည်ပတ်စေရန်က ခက်ခဲလိမ့်မည်။ ထို့အတွက် လိုအပ်သည့် ကနဦးချီထိန်းချုပ်မှုက ပွင့်ချပ်ရှစ်လွှာအကျော်အမော် တတ်နိုင်တာထက်ပိုနေ၏။

“အဲဒီလူက ဒီကိုဘာကြောင့်ရောက်လာတာလဲ”

လျှို့ဝှက်စာအုပ်၏ နောက်ဆုံးစာမျက်နှာရှိ အကြံပြုချက်ကို မှတ်မိပြီး သူက သက်ပြင်းသဲ့သဲ့ ချလိုက်သည်။ ပွင့်ချပ်ကိုးလွှာအဆင့်ကို ကြိုးပမ်းလို့မရဘူးလား။ အခုချိန်ထိ သူကမသေချာသေးပေ။

ရွှေကြာဖြတ်တောက်ပြီးဖြစ်စေ။ ယွင်ထျန်းလော့၏ အတွေ့အကြုံကနေ လေ့လာခဲ့သည့် ရွှေကြာပြဿနာဖြစ်စေ သူသည် ပွင့်ချပ်ကိုးလွှာတည်ရှိကြောင်း မသေချာသေးပေ။ ဆိုရလျှင် သူက ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက်မဟုတ်ပေ။

လုကျိုးသည် ရှုပ်ထွေးနေသောအတွေးများကို ရှင်းထုတ်ပြီးခေါင်းခါလိုက်၏။ ယခုအချိန်က ထိုကိစ္စများကို တွေးနေဖို့ အချိန်မဟုတ်ပေ။ သူသည် ကောင်းကင်ကျမ်းစာ စာလိပ်ကို ဆင်ခြင်သုံးသပ်ခြင်းက ပိုအသုံးကျမည်ဟု ဆုံးဖြတ်လိုက်လေ၏။

လုကျိုးသည် ကောင်းကင်ကျမ်းစာမျက်နှာပြင်ကိုဖွင့်လိုက်သည်။ ပြီးနောက် လက်ဖဝါးဖြန့်လိုက်၏။

“အဆင့်မြှင့်တင်ကတ်”

စနစ်အဆင့်မြှင့်တင်ကတ်ကို ကြည့်ပြီးတွေးလိုက်သည်။

“ကောင်းကင်ကျမ်းစာ စာလိပ်တော့ မပိတ်သွားဘူးမလား။ ဟုတ်တယ်ဟုတ်”

“အသုံးပြုမယ်” စိတ်ထဲအမိန့်ပေးလိုက်၏။

စနစ်မြှင့်တင်ရေးကတ်သည် ကြယ်အလင်းစက်များအဖြစ်ပျော်ဝင်သွားပြီးနောက် သူ၏ခန္ဓာကိုယ်၌ တကွဲတပြားစီဖြစ်သွားသည်။ သူတို့က မျက်စိတမှိတ်အတွင်းပျောက်ကွယ်သွား၏။

ထိုစဉ် လုကျိုးသည် ကောင်းကင်ကျမ်းစာ စာလိပ်၏မျက်နှာပြင်က ရှိနေသေးသည်မှအပ ကျန်သည့်မျက်နှာပြင်များက ယခုမီးခိုးရောင်ပြောင်းသွားကြောင်း သတိပြုမိလိုက်၏။

ဖြစ်စဉ်ပြဘားသည်လည်း ဘေးတွင်ပေါ်လာ၏။ ယင်းက မြှင့်တင်ခြင်းခွင့်ပြုချက်ဟုရေးထားသည်။ နောက်ဆုံး၌ ကောင်းကင်ကျမ်းစာ စာလိပ်ကို ဆင်ခြင်သုံးသပ်ရန်အချိန်ရောက်လာလေသည်။

သူသည် ရှုပ်ထွေးနေသော ရုန်းများနှင့် ရင်ဆိုင်နေရပြီး ပထမဆုံးအမြင်က သူသည် သူတို့ကိုနားမလည်နိုင်တာပဲဖြစ်သည်။ သူတို့တစ်ယောက်နှင့်တစ်ယောက်နားမလည်နိုင်။ လူသားစာလိပ်အပေါ် သူ၏အတွေ့အကြုံကြောင့် သူသည် အသက်ပြင်းပြင်း တစ်ချက်မျှသာ ရှူပြီးနောက် သူတို့ကို သူနားလည်သည်ဖြစ်စေ နားမလည်သည်ဖြစ်စေ ရုန်းများကို မှတ်မိရန် ကြိုးစားလိုက်၏။ သူယခုအချိန်တွင် ပြုလုပ်သည်က သူ သူတို့ကိုနားလည်သည့်ပမာ နေရန်သာဖြစ်သည်။

ခဏအကြာတွင် လုကျိုးသည် မပြနိုင်သောအခြေအနေသို့ဝင်ရောက်သွား၏။ လူသားစာလိပ်ကို ပထမဆုံး ဆင်ခြင်သုံးသပ်စဉ်က ကဲ့သို့ပင် သူ၏အသိစိတ်သည် လေဟာနယ်ထဲ ဝင်ရောက်သွားတော့သည်။ အသံမရှိ၊ အထိအတွေ့မရှိ အားလုံးက ခဲနေပုံပေါ်၏။ သူ မသိလိုက်သေးခင် သူ၏မျက်လုံးက ပိတ်သွားပုံပေါ်တော့သည်။ ဤကဲ့သို့ ဆန်းကြယ်သည့်အခြေအနေအောက်တွင် သူ၏ခန္ဓာကိုယ်ပေါ်၌ ဆန်းကြယ်သည့် ကြယ်အလင်းစက်များ ပေါ်လာသည်။

လျန်စီရင်စုရှိ စစ်သူကြီးအိမ်တော်ထဲတွင်ဖြစ်သည်။

စီးဝူယာ့သည် နေရာအသီးသီးကနေ သူစုဆောင်းထားသည့် သတင်းအချက်အလက်များကို သယ်လာပြီး ခန်းမထဲသို့လျှောက်လာ၏။ သူက စိတ်ကောင်းဝင်နေပုံပေါ်သည်။

“တကယ် ငါလုပ်လိုက်ပြီ” စီးဝူယာ့က ပြော၏။

“ပထမဆုံးသတင်းကောင်းကတော့ ထိုက်ရွှီကျောင်းတော်ရဲ့ လင်းရှင်းက စန်းရှစ်ရှိုးတစ်ချက်တည်းနဲ့ သတ်တာ ခံလိုက်ရတယ်။ ဒါက ကျင့်ကြံခြင်းလောကထဲမှာ လက်ရှိနာမည်အကြီးဆုံးသတင်းပဲ”

“စန်းရှစ်တိက ဒီလောက်သတ္တိရှိပြီး အစွမ်းထက်တယ်တဲ့လား” ယွီကျန့်ဟိုင်က အနည်းငယ်ထိတ်လန့်သွားသည်။

စီးဝူယာ့သည် အိမ်ရှေ့စံမင်းသားလျှိုကျစ်နှင့် လင်းရှင်းတို့ပူးပေါင်းထားသည့်အကြောင်း သူ့ကို ပြောပြခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် သူက ဝေဖန်ဆန်းစစ်ပြီးပြောလိုက်၏။

“ရှစ်စွင်းက ထိုက်ရွှီကျောင်းတော်နဲ့ ဟုန်ချူးအခွဲရဲ့အရံအတားတွေကို ဖျက်ဆီးပစ်လိုက်တယ်။ ဒါက ငရဲဂိုဏ်းအတွက်ကောင်းတာပဲ”

ယွီကျန့်ဟိုင်က ခေါင်းညိတ်ပြီးပြောလိုက်သည်။ “မင်းပြောတာ သဘာဝကျတယ်”

“တတိယသတင်းကောင်းကတော့ ကျွန်တော်တို့မှာ နောက်ထပ် ရှောင်ရှစ်မေ့ရှိသွားပြီ”

စီးဝူယာ့က ပြော၏။

ယွီကျန့်ဟိုင်က ထိတ်လန့်အံ့အားသင့်သွား၏။ သူက တွေးတွေးဆဆပြောလိုက်သည်။

“နောက်ထပ်ရှောင်ရှစ်မေ့လား”

“အစကတော့ ကျွန်တော်မယုံဘူး။ ဒါပေမဲ့ စစ်ရှစ်ရှိုးရဲ့ စာထဲမှာ ရေးထားတာဆိုတော့ ယုံရမယ်”

စီးဝူယာ့သည် ယွီကျန့်ဟိုင်အား စာပေးပြီးဆက်ပြောလိုက်၏။

“ဒီရှောင်ရှစ်မေ့ရဲ့နာမည်အစစ်ကို ကျွန်တော်တို့ မသိသေးဘူး။ အခုတော့ သူ့ကို ခရုလို့ နာမည်ပေးထားတယ်။ သူက တေးသွားမှာ ပါရမီရှိပြီး သားရဲသာသာစကားကိုနားလည်တယ်။ အရေးအကြီးဆုံးက သူက စိတ်နက်နဲမှု ဉာဏ်အလင်းပွင့်ခြင်းနယ်ပယ်ထဲ တန်းပြီး အဆင့်တက်သွားတာပဲ။ သူ့ရဲ့ခုန်ငါးခုက တန်းပြီးဆက်သွားပြီးပြီ။ ပြီးတော့ ချီကို စွမ်းအင်အဖြစ် အလွယ်တကူ သိပ်သည်းနိုင်တယ်။ တာ့ရှစ်ရှိုး ... ကျွန်တော့်ကို အဲ့လိုမကြည့်နဲ့။ အဟုတ်ပဲ သူက ကောင်းကင်ဘုံကိုးကွယ်ရေးစင်မြင့်က မိန်းကလေးလေ”

“…” ယွီကျန့်ဟိုင်က ဤကဲ့သို့ပါရမီထူးသူကြောင့် စိတ်ထဲထိတ်လန့်သွား၏။ သူက ထိုင်ချပြီး စာကိုဖတ်ကာ ပြောလိုက်တော့သည်။

“သူ့အသက်အရွယ်မှာ နောက်ထပ်တပည့်တစ်ယောက် လက်ခံဖို့အင်အားရှိတယ်လား”

စီးဝူယာ့က လက်ဖြန့်လျက် ပြောလိုက်သည်။

"ရှစ်စွင်းက ပွင့်ချပ်ကိုးလွှာအဆင့်ကိုရယူပြီးပြီ။ သူက သက်တမ်း ဆန့်ရင် ဆန့်နိုင်မှာပေါ့။ ဒါ့အပြင် လောင်စစ်ပြောထားတာက သူ့တပည့်တွေကို ကြိုးကြိုးစားစားကျင့်ကြံဖို့ မှာထားတယ်တဲ့။ ပြီးတော့ အကြောင်းမရှိဘဲ မိစ္ဆာဝေဟင်မျှော်နန်းကနေထွက်သွားခွင့်မရှိဘူး”

ယွီကျန့်ဟိုင်သည် စိတ်မချမ်းမြေ့ဖွယ်မှတ်ဉာဏ်များကို မှတ်မိသွားသောအခါ တုန်ယင်သွားတော့သည်။

“ဟန့် သူ့အသက်အရွယ်မှာ ဆရာတစ်ယောက်လို့ပြုမူရတာ ကြိုက်နေတာပဲ။ ရှိစေတော့ ပြောရရင် သူက ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက်ပဲလေ။ သူ ဘာပဲပြောပြောလုပ်ပါစေ။ ခရုလေး သူက ကျိုရှစ်မေ့လိုမျိုး ဘာပဲပြောပြော သဘောကျဖို့ ကောင်းဖို့မျှော်လင့်မိတယ်”

“တင်း ... ယွီကျန့်ဟိုင်ကို သွန်သင်ပြီးပါပြီ။ ဆုလာဘ်ကုသိုလ်မှတ်နှစ်ရာ” လုကျိုးသည် စိတ်ရှုပ်ထွေးသွားသော အခြေအနေတစ်ခုထဲရောက်နေ၏။ သူသည် သတိပေးသံကိုကြားပုံမရပေ။ ထို့အပြင် ၎င်းက သူ၏ဆင်ခြင်သုံးသပ်မှုကို မသက်ရောက်စေ။

စီးဝူယာ့က ခေါင်းခါပြီးပြောလိုက်၏။ "ဒါပေမဲ့ အဲ့ဒီမိန်းကလေးက ထူးဆန်းတယ်လို့ခံစားမိတာပဲ”

“ဘာကြောင့် အဲ့လိုပြောတာလဲ”

“သူက တေးသွားမှာ ပါရမီထူးရုံမကဘူး။ မကျင့်ကြံဘဲနဲ့ စိတ်နက်နဲမှုဉာဏ်အလင်းပွင့်ခြင်း နယ်ပယ်ထဲ တန်းရောက်သွားတာ အဲ့ဒါကို ယုံကြည်လား တာ့ရှစ်ရှိုး” စီးဝူယာ့က မေးလိုက်၏။

“တကယ်ထူးဆန်းနေပုံပဲ။ ဘယ်လိုတွေးလဲ ရှစ်တိ”

“ကျွန်တော် မိစ္ဆာဝေဟင်မျှော်နန်းကိုပြန်ရောက်တဲ့အချိန်တုန်းက ရှစ်စွင်းရဲ့ အခန်းထဲတစ်ခေါက် သွားခဲ့ဖူးတယ်။ နံရံပေါ် ကဗျာတစ်ပုဒ်ချိတ်ဆွဲထားတာ။ လရောင်က ပင်လယ်ပြင်ပေါ် ဖြာကျနေပြီး အဝေးကနေ ဒီအခိုက်အတန့်လေးကို အတူမျှဝေခံစားနေကြရတယ်” စီးဝူယာ့သည် အနီးရှိ လက်အောက်ငယ်သားတစ်ယောက်ကို ခေါ်လာသည်။ “ငါ့ကို စုတ်တံနဲ့ စာရွက်ယူလာခဲ့ပေး”

မကြာမီ၌ ပစ္စည်းများရောက်လာသည်။ စီးဝူယာ့က စုတ်တံကိုကောက်ကိုင်ပြီး စာရွက်ပေါ်၌ စကားလုံးများရေးလိုက်သည်။ ပြီးနောက် သူတို့ဘေး၌ တပည့်များ၏နာမည်ကိုရေးလိုက်၏။

“တာ့ရှစ်ရှိုး ဒါကို တစ်ချက်ကြည့်ကြည့်”

...

အခန်း (၅၃၀) သစ်ရွက်ပျံ ဓားလမ်းစဉ်နှင့် ဓားနတ်ဆိုး၏ ကံတရား

ယွီကျန့်ဟိုင်က စားပွဲပေါ်မှ စာရွက်အား ကြည့်လိုက်သည်။

ယွီကျန့်ဟိုင်၊ ယွီရှန်းရုန်၊ တွမ့်မူရှန်း၊ မင်ရှစ်ရင်၊ ကျောင်းယွဲ့၊ ယဲ့ထျန်းရှင်း၊ စီးဝူယာ့၊ ကျူးဟုန်ကုန်း၊ စီယွမ်အာ၊ ခရုလေး

စီးဝူယာ့က သူတို့နာမည်များပေါ် စက်ဝိုင်းများ ရေးဆွဲလိုက်သည်။ အတူတကွ ထားလိုက်သည့်အခါ သူတို့က ကဗျာတစ်ပိုဒ် ဖြစ်တည်လာသည်။

“ လရောင်က ပင်လယ်ပြင်ပေါ် ဖြာကျနေပြီး အဝေးကနေ ဒီအခိုက်အတန့်လေးကို အတူမျှဝေခံစားနေကြရတယ် … ”

“ငါ အဲဒါကို သတိမထားမိခဲ့ဘူး” ယွီကျန့်ဟိုင်က ထိုအရာကို ကြည့်ကာ အံ့ဩနေမိသည်။

“အဲဒါကြောင့် ရှစ်စွင်းက ဆယ်ယောက်မြောက် တပည့်ကို အစကတည်းက လက်ခံချင်နေတာလို့ တွေးမိသွားတာ” စီးဝူယာ့က ပြောလိုက်သည်။

“ခဏလေးနေပါဦး ” ယွီကျန့်ဟိုင်က လက်မြောက်လိုက်သည် “ မင်း ပြောတာ အမှန်ဖြစ်ရင် ခရုလေးရဲ့ နာမည် ရှီဆိုတာ ကဗျာမှာ မပါဘူးလေ”

စီးဝူယာ့က ပြောလိုက်၏။

“ကျွန်တော် အရင်က ဟွားချုံးယန်ကို မေးကြည့်ပြီးပြီ။ အဲဒီကောင်မလေးက တုံးအအနဲ့ ဖြူစင်တယ်တဲ့။ သူမနာမည်အရင်းကိုတောင် မသိဘူး ”

ယွီကျန့်ဟိုင်၏ အကြည့်များက တောက်ပသွားသည်။ သူက ခေါင်းညိတ်ပြီး ပြောလိုက်၏။

“ အဲဒီကောင်မလေးက … ရှစ်စွင်း လက်မထပ်ဘဲနဲ့ မွေးထားတဲ့ ကလေးများ ဖြစ်နေမလား။ ငါတို့ ရှစ်စွင်းရဲ့ အတိတ်ကို မသိရအောင် အဲဒီကောင်မလေးရဲ့ နာမည်ကို ဝှက်ထားတာများ ဖြစ်နေမလား”

စီးဝူယာ့က ယွီကျန့်ဟိုင်၏ စကားများကို ကြားသည့်အခါ နင်လုမတတ် ဖြစ်သွားသည်။

ယွီကျန့်ဟိုင်က ပြောလိုက်၏ “ ဉာဏ်ကောင်းတဲ့ ရှစ်တိလေး အတည်မမှတ်ပါနဲ့။ ငါက နောက်နေတာပါ”

သူက သူ့ရှစ်စွင်းအနားတွင် ရှိမနေသည်က ကံကောင်းသွားလေသည်။ မဟုတ်ပါက ယွီကျန့်ဟိုင်တစ်ယောက် ကောင်းကောင်းကြီး ရိုက်နှက်ခံရလောက်လေပြီ။

နောက်ကွယ်တွင် ရှစ်စွင်း မကောင်းကြောင်း ပြောခြင်းက စီးဝူယာ့၏ ပုံစံ မဟုတ်ပေ။

“ ကျွန်တော် ရှေးဟောင်းစာတွေ၊ စာပေပညာရှင်တွေရဲ့ စာအုပ်တွေအထိပါ ရှာကြည့်ထားပေမဲ့ ဒီကဗျာရဲ့ ဇာစ်မြစ်ကို ရှာမတွေ့ဘူး။ ရှစ်စွင်းက ကဗျာရေးတဲ့ အရည်အချင်းနဲ့ ငါးကြောင်းပါ ကဗျာတိုလောက်တောင် ရေးနိုင်မယ် မထင်ဘူး။ သူက ဒီလိုမျိုးကြီးကျယ်တဲ့ ကဗျာကို ရေးနိုင်မှာလဲ”

စီးဝူယာ့က ပြောလိုက်သည်။

ယွီကျန့်ဟိုင်က လက်နောက်ပစ်က “ဒီကမ္ဘာကြီးက ကျယ်ပြောပြီး ထူးဆန်းမှုတွေနဲ့ ပြည့်နှက်နေတာ။ ရှစ်စွင်း အထွတ်အထိပ်အခြေအနေမှာ ရှိနေတုန်းက စီရင်စုကိုးခုလုံးနဲ့ ပင်လယ်လေးခုဆီ သွားလာနေခဲ့တာလေ။ သူ့အနေနဲ့ လူသိနည်းတဲ့ သီချင်းတွေ၊ ကဗျာတွေကြားဖူးတာ ပုံမှန်ပါပဲ”

စီးဝူယာ့က ခေါင်းညိတ်လိုက်သည်။ ယခု ထိုအရာသာ ရှင်းပြနိုင်တော့သည်။

“ဉာဏ်ကောင်းတဲ့ ရှစ်တိလေး … ငါတို့တွေ အခု အလုပ်အကြောင်းပြောကြစို့” ယွီကျန့်ဟိုင်က တကယ်တမ်း ကဗျာအပေါ် စိတ်မဝင်စားပေ။ သူက စီးဝူယာ့အား အဖော်ပြုပေးနေခြင်းသာ ဖြစ်၏။ သူက စာရွက်ကို စားပွဲပေါ်မှ ဖယ်လိုက်ပြီး ယွီစီရင်စု မြေပုံကို ခင်းကျင်းလိုက်သည်။

စီးဝူယာ့က အတွေးများ ဘေးဖယ်ကာ မြေပုံပေါ် အာရုံစိုက်ထားလိုက်ပြီး “နှစ်တစ်ဝက် … ကျွန်တော်တို့ မြန်မြန်လုပ်သင့်တယ်။ ဒီနေ့က ကျွန်တော်တို့အတွက် အကောင်းဆုံး အခွင့်အရေးပဲ ”

သူ့စကားက တုန်လှုပ်ဖွယ်အတိ ဖြစ်၏။

ယွီကျန့်ဟိုင်က ထိုအရာကို ထင်မထားပေ။ သူက မေးလိုက်၏ “ ငါတို့တွေ အလျှင်စလို ဖြစ်မနေဘူးလား”

“ရန်သူတွေ ထင်မှတ်မထားတဲ့အချိန်မှာ တိုက်ရမယ် ”

“ကောင်းပြီ” ယွီကျန့်ဟိုင်က စီးဝူယာ့ ပခုံးကို ရိုက်လိုက်ကာ “ဉာဏ်ကောင်းတဲ့ ရှစ်တိလေး … မင်း စကားက ငါ ကြားချင်နေတဲ့အတိုင်းပဲ ”

……………

ယွီစီရင်စုထဲ ယာယီစစ်သူကြီး စံအိမ်ရှိ အခန်းအတွင်း …

ရဲရင့်သည့် အမျိုးသမီးတစ်ဦးက ကြေးမုံရှေ့တွင် ပြင်ဆင်နေသည်။ သူမက ဆံပင်များကို ဆံထုံးအဖြစ် ထုံးချည်လိုက်၏။ သူမ ချပ်ဝတ်နှင့် ဓားကပင် သူမ၏ မျက်နှာသွင်ပြင်ကို မဖုံးထားနိုင်ပေ။

“စစ်သူကြီးကျီက တကယ်ကို ယောကျ်ားသားနဲ့ ယှဉ်နိုင်တာပဲ။ အခု ယွီစီရင်စုကို ကာကွယ်ဖို့ အပ်ထားလိုက်တော့မယ်နော်” သူမအနားရှိ လူတစ်ယောက်က ဖားလိုဟန်ဖြင့် ပြောလိုက်သည်။

ဤအမျိုးသမီးက စစ်သူကြီးရှစ်ယောက်အနက် တစ်ဦးတည်းသော အမျိုးသမီးဖြစ်သည့် ကျီချင်းချင်း ဖြစ်၏။

ကျီချင်းချင်းက သဘောမတူဘဲ ပြောလိုက်သည်။

“ ယွီစီရင်စုကို ကာကွယ်နိုင်မယ် ထင်လား”

ဒုစစ်သူကြီးက ချက်ချင်းဆိုသလို ဒူးတစ်ဖက်ထောက်ကာ “စစ်သူကြီးက ကျုပ်တို့ရဲ့ ပင်မပါ။ ခိုင်ခိုင်မာမာ ရပ်တည်ဖို့ လိုပါတယ်”

“အဓိပ္ပာယ်မရှိတာတွေ ” ကျီချင်းချင်းက မျက်မှောင်ကြုတ်ကာ လက်တစ်ဖက်က ဓားပေါ် တင်လိုက်သည်။

“ငါ့ဒုစစ်သူကြီးရှစ်ယောက်ထဲက လေးယောက်လုံး တိုက်ပွဲမစခင်ကတည်းက သေဆုံးသွားကြပြီ။ ငရဲဂိုဏ်းက နေ့မွန်းတည့်အချိန်မှာ ရှိနေတဲ့ နေမင်းလိုပဲ။ ငါ သူတို့ကို ဘယ်လိုလုပ် ထိန်းထားနိုင်မှာလဲ”

“အာ ” ဒုစစ်သူကြီးက ပြောလိုက်သည် “ထိုက်ရွှီကျောင်းတော်ရဲ့ ရှောင်ရှန့်က ဒီကို တပ်ကူ တပည့်အယောက်တစ်ထောင် ခေါ်လာပါတယ်။ သူတို့တွေ စစ်သူကြီးအတွက် အကူအညီတချို့ ဖြစ်မှာပါ ”

“တော်တော့” ကျီချင်းချင်းက ဆက်မပြောလိုတော့ပေ။

…………

ညအခါ ကျရောက်လာလေပြီ။

တောင်ဘက်ဂိတ်ပေါက်၌ …

ဧရာမ ရထားလုံးပျံတစ်စီးက မြင်ကွင်းထဲ ဖြည်းဖြည်းချင်း ပေါ်ထွက်လာသည်။

သို့သော်လည်း ကျီစီရင်စုက တိတ်ဆိတ်လျက်သာ ရှိနေ၏။

ဂိတ်ပေါက်ရှိ ကျင့်ကြံသူများက ဝေဟင်ကို မော့ကြည့်လိုက်ကြသည်။

“ဘာကြီးလဲ ”

“ရထားလုံးပျံလား”

ညက မှောင်မည်းလွန်းနေသည့်အတွက် သေချာမမြင်ရပေ။ သူတို့က မျက်လုံးပွတ်ကာ သေချာပြန်ကြည့်လိုက်ကြ၏။

ရုတ်ခြည်းဆိုသလို ရထားလုံးပျံပေါ်မှ ဓားမော့တစ်ချောင်း ပစ်လွှတ်လာသည်။ ဓားမော့က အလင်းဖျဖျ တောက်ပနေ၏။ ထို့နောက် စွမ်းအင်ဓားမော့အဖြစ် ပြောင်းသွားပြီး ချက်ချင်း ကြီးမားလာသည်။ ထိုအရာက သူတို့ဆီ စက်ြာအလား ကျရောက်လာသည်။ ထိုအရာ ကျရောက်လာသည်နှင့် သိပ်သည်းနေသည့် ကြယ်တာရာအလင်းများ ထွက်လာသည်။

ဤသည်က ငရဲဂိုဏ်း၏ ဂိုဏ်းချုပ် ယွီကျန့်ဟိုင် ကျင့်ကြံသည့် နာမည်ကျော် ဓားမော့သိုင်းကွက် မဟာအမှောင်ကောင်းကင် အောက်မေ့ရာ၏ အမှောင်ကောင်းကင် ကြယ်တာရာအလင်းတန်း ဖြစ်၏။

“သွားပြီ … ငရဲဂိုဏ်း ရောက်လာပြီ”

ဝုန်း ဝုန်း ဝုန်း

သူတို့က မီးအချက်ပြ ပစ်လွှတ်ဖို့ အချိန်ပင် မရလိုက်ကြပေ။

မဟာအမှောင်ကောင်းကင်အောက်မေ့ရာက အနောက်ပိုင်းဂိတ်ပေါက်သို့ အချိန်တိုအတွင်း ထိုးဖောက်ဝင်ရောက်နိုင်ခဲ့၏။

ဂိတ်အပြင်ဘက်တွင် ငရဲဂိုဏ်းသား သောင်းချီက မြို့ထဲ ပြေးဝင်လာကြသည်။ သူတို့၏ အသံများက ဝေဟင်ထဲ ပဲ့တင်ထွက်သွားသည်။

ရထားလုံးပျံပေါ်တွင် ယွီကျန့်ဟိုင်က လက်နောက်ပစ်လျက် ရပ်နေပြီး အောက်မှ တိုက်ပွဲကို ရှုစားနေသည်။

“ဉာဏ်ကောင်းတဲ့ ရှစ်တိလေး ဘယ်လိုထင်လဲ”

“တာ့ရှစ်ရှိုးရဲ့ ဓားမော့နည်းစနစ်က တကယ်ကို အံ့ဩစရာပါပဲ”

စီးဝူယာ့က မဟာအမှောင်ကောင်းကင်အောက်မေ့ရာကို ကြည့်ကာ ကြောင်အမ်းနေမိသည်။

ငရဲဂိုဏ်းက ယွီစီရင်စုမြို့အတွင်း အလျင်အမြန် ဝင်ရောက်နိုင်ခဲ့ကြသည်။ သူတို့က မြို့စောင့်တပ်နှင့် တွေ့သည်နှင့် သတ်ပစ်ကြ၏။

ရထားလုံးပျံက ထောပတ်တုံးကို ဓားပူပူဖြင့် ဖြတ်လိုက်သကဲ့သို့ ဖြည်းဖြည်းချင်း ရှေ့ဆက်တိုးသွားသည်။

တောင်ဘက်ဂိတ်ပေါက် အပေါ်၌ ပုံရိပ်တစ်ခုက လက်ပိုက်လျက် ကောင်းကင်ထဲမှ အောက်ကို ငုံ့ကြည့်နေသည်။ သူက အနောက်ဘက်မှ ဝေဟင်ကို လှမ်းကြည့်လိုက်ရင်း ခေါင်းအသာယမ်းလိုက်သည်။

“ ဓားမော့ဝေ့ယမ်းတာ အကြမ်းထည်ဆန်လိုက်တာ။ ဒီလိုမျိုး ပျင်းစရာကောင်းပြီး ဟန်ပြနေတာ … သေဆုံးနှုန်းက နည်းတယ်။ ဒါက ဟန်ပြပဲကောင်းတယ်”

သူက တိုက်ပွဲကို ဆက်ကြည့်နေပြီး ဝင်မပါပေ။ အကြောင်းမှာ မြို့စောင့်တပ်က အားနည်း၍ ဖြစ်၏။ သူတို့က ပျင်းစရာကောင်းလောက်အောင် အားနည်းလွန်းလှသည်။

ခဏအကြာတွင် သူက အဖွဲ့လိုက် သူ့ဆီ ပျံသန်းလာသည့် လူတစ်ထောင်အား မြင်လိုက်ရသည်။ သူက အစိမ်းရောင်ဝတ်ရုံဖြင့် ဝေဟင်အထက် ရောနှောနေ၍ လူများက သူ့အား သတိထားမိကြဟန်မပေါ်ပေ။

“ရှူး” ခေါင်းဆောင်က လက်မြောက်လိုက်သည်။

“ခေါင်းဆောင် ကျုပ်တို့ ဘာလုပ်ကြမလဲ ”

“ အခု အဖမ်းခံရတာကို ရှောင်ကြမယ်။ ငါတို့တွေ ယွီစီရင်စုကနေ ထွက်သွားကြမယ်။ အဲဒီနောက်မှ ကျင်းစီရင်စုကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ကြမယ် ”

အခြားလူများက ခေါင်းညိတ်လိုက်ကြသည်။

“ယွီကျန့်ဟိုင်က ဒီလောက်အားကောင်းမယ်လို့ မထင်ထားမိဘူး … သူ့ကို ရှောင်တာ အကြံကောင်းပဲ ”

ငရဲဂိုဏ်း၏ အဆင့်မြင့် ကျင့်ကြံသူတချို့က လျန့်စီရင်စုတွင် တခြားမျိုးနွယ်များ ရန်မှ စောင့်ကြပ်ကာကွယ်နေရသည်။

ယွီကျန့်ဟိုင်နှင့် တခြားလူများက အစက ကျင်းစီရင်စုကို စောင့်ကြပ်နေကြလေသည်။ ယခု သူတို့က တိုက်ခိုက်မှုအကြီးကြီး လုပ်ဆောင်မည်ဖြစ်၍ ကျင်းစီရင်စုကို အစောင့်အကြပ်မရှိဘဲ ထားရစ်ခဲ့ရသည်။

“မိစ္ဆာအိုကြီးကျိက ငါတို့ထိုက်ရွှီကျောင်းတော်ကို ဖျက်ဆီးပစ်ခဲ့တာ … အဲအတွက် လက်စားချေရမယ်”

ထိုစဉ် ကျင့်ကြံသူများအပေါ်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။

“ အားနာပါရဲ့”

“ဘယ်သူလဲ” ရှောင်ရှန့်က မော့ကြည့်လိုက်ရင်း တုန်တုန်ယင်ယင် ဖြစ်သွားသည်။ သူက ညကောင်းကင်ယံတွင် ပျံသန်းနေသည့် အစိမ်းဝတ် ဓားသမားတစ်ဦးကို မြင်လိုက်ရသည်။

ချွမ်

အစိမ်းဝတ် ဓားသမားကျောဘက်မှ အနီရင့်ရင့် ဓားတစ်ချောင်း ပျံသန်းထွက်လာသည်။ ဓားက နှစ်ခု၊ နှစ်ခုမှ အစရှိသဖြင့် ကွဲထွက်သွားပြီး ကောင်းကင်ယံတွင် စွမ်းအင်ဓားများဖြင့် ပြည့်နှက်သွားသည်။

ဝှစ်

စိတ်ဝိညာဉ်သဏ္ဌာန်တစ်ခု ပေါ်ထွက်လာသည်။ စိတ်ဝိညာဉ်သဏ္ဌာန်တွင် ရွှေကြာမရှိထားဘဲ စွမ်းအင်ဓားများစွာကို ဆက်တိုက် ပစ်ခတ်လာသည်။

ဝှစ် ဝှစ် ဝှစ်

စွမ်းအင်ဓားများက ထိုက်ရွှီကျောင်းတော်မှ တပည့်များ၏ ရင်ဘတ်ကို ထိုးဖောက်သွားလေသည်။ သူတို့က ပြန်တိုက်ခိုက်ဖို့ အင်အားမဲ့နေကြသည်။

ရှောင်ရှန့်က သူ့စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆင့်ခေါ်လိုက်ပြီး စွမ်းအင်ဓားများကို ကာဆီးနိုင်ဖို့အတွက် လေထဲ ခပ်မြင့်မြင့် ပျံသန်းလိုက်သည်။

ရှောင်ရှန့်က ဝေဟင်ထဲ ပေါ်ထွက်လာသည်နှင့် ယွီရှန်းရုန်၏ မျက်နှာအထက် ခပ်ယဲ့ယဲ့ အပြုံးမျိုး ပေါ်ထွက်လာသည်။ သူက အသက်ရှည်ဓား ကိုင်ဆောင်ပုံအား ထိန်းညှိလိုက်ရင်း ရှေ့တစ်လှမ်း တိုးလိုက်သည်။

ပွင့်ချပ်ငါးလွှာက ဓားသွားကို ပတ်လည်ဝိုင်းထားကြသည်။

ရှောင်ရှန့်က မတုံ့ပြန်နိုင်ခင် ပွင့်ချပ်များသည် လှုပ်ရှားလာကြပြီ ဖြစ်၏။ သူတို့က သူ့ကာကွယ်ရေးစွမ်းအားကို ဖြတ်တောက်လိုက်ကြသည်။

အသက်ရှည်ဓားက ပွင့်ချပ်များနောက်မှ လိုက်ပါလာသောကြောင့် ရှောင်ရှန့်၏ ချီပင်လယ်အား ထိုးဖောက်သွားတော့သည်။

ရှောင်ရှန့်က သူ့ခန္ဓာကိုယ်တစ်ခုလုံး အေးစက်မှုကို ခံစားမိလိုက်သည်။ သူ့စိတ်ထဲ လေးလံသွားလေ၏။ အကြောင်းမှာ သူ့တပည့်များသည် ဓားနတ်ဆိုး၏ ကံတရားအောက် ကျရောက်သွားပြီ မဟုတ်ပါလော။

သူက ငိုကြွေးလိုက်ကြသည်။

“ ငါနဲ့အတူ မင်းကိုပါ ဆွဲခေါ်သွားမယ်”

ထိုစကားအဆုံးတွင် သူက ချီပင်လယ်ကို ဖောက်ခွဲပစ်လိုက်သည်။

ဝုန်း

ယွီရှန်းရုန်က ပေါက်ကွဲမှုအတွင်း ပါသွားတော့မည် ဖြစ်၏။ သူက ရောက်ရှိလာသည့် စွမ်းအားလှိုင်းများကို ခံစားမိကာ အသက်ရှည်ဓားဖြင့် ဝေ့ယမ်းလိုက်သည်။ ထိုစဉ် ဓားအရိပ်များမှ လှိုင်းတစ်ခု ထွက်ပေါ်လာသည်။ ဤသည်က မိစ္ဆာဇင်ကို ဖြတ်တောက်ခဲ့သည့် မြင်ကွင်းမျိုး ဖြစ်၏။ သူက ဓားကို ဝေ့ယမ်းစဉ် အာရုံအပြည့်အဝ စိုက်ထားလေသည်။ သူက လေဟုန်ကဲ့သို့ လှုပ်ရှားလိုက်၏။ သူနှင့် နှစ်မီတာအဝေးရှိ နေရာက ယခုအခါ အသက်ရှည်ဓား၏ အရိပ်များဖြင့် ပြည့်နှက်နေလေပြီ။

…………….…

ငရဲဂိုဏ်း၏ ရထားလုံးပျံ

ယွီကျန့်ဟိုင်က အနောက်ပိုင်းဂိတ်ပေါက်အား လှမ်းကြည့်လိုက်သည်။ ညဘက်တွင် သူတို့က ကျင့်စဉ် သို့မဟုတ် တစ်ဖက်လူ၏ သွင်ပြင်ကို အသေးစိတ် မမြင်ရပေ။ သို့သော်လည်း ဧရာမ စိတ်ဝိညာဉ်သဏ္ဌာန်ကြီးကို လျစ်လျူရှုဖို့ ခက်လေသည်။

“ပေ ၆၀ ရွှေကြာမပါတဲ့ စိတ်ဝိညာဉ်သဏ္ဌာန်လား” ယွီကျန့်ဟိုင်က အံ့အားသင့်သွားသည်။ သူက ထိုလူ၏ ကျင့်ကြံဆင့် နက်နဲမှုကြောင့် အံ့ဩသွားခြင်း မဟုတ်ဘဲ ရွှေကြာကို ဖြတ်တောက်ကာ ပွင့်ချပ်ငါးလွှာအထိ ပြန်လည်ကျင့်ကြံနိုင်သည့် အမြန်နှုန်းကြောင့် အံ့ဩနေခြင်း ဖြစ်ပေသည်။

“တာ့ရှစ်ရှိုး … အဲဒါစွမ်းအင်ဓားတွေပဲ။ ကြည့်ရတာ ဓားလမ်းစဉ်က ပညာရှင်တစ်ဦးက ကျွန်တော်တို့ကို ကူညီပေးနေပုံပဲ” စီးဝူယာ့က ပြောလိုက်သည်။

…

အခန်း (၅၃၁) ဆန်းကြယ်သော ပညာရှင်

ထိုစကားကိုကြားသောအခါ ယွီကျန့်ဟိုင်၏ မျက်လုံးများတောက်ပသွားသည်။ သူက အလျင်စလို ပြောလိုက်၏။

“တကယ်သူသာဆိုရင် သူ့ကိုတွေ့ချင်တယ်။ ရှစ်တိ ငါတို့ပြန်လှည့်ရအောင်” သူက ပြောပြီးသည်နှင့် ရထားလုံးပျံ အပြင်ဖက်သို့ သွားရန်ပြင်ဆင်လိုက်သည်။

စီးဝူယာ့သည် ယွီကျန့်ဟိုင်၏လက်မောင်းကို အမြန်လှမ်းဆွဲကာပြောလိုက်သည်။

“တာ့ရှစ်ရှိုး ကျွန်တော်တို့တွေ ဒီနေရာက အခြေအနေအလုံးစုံကို ဦးစားပေးသင့်တယ်”

ယခုအချိန်တွင် ငရဲဂိုဏ်းက ယွီစီရင်စုကို အပြည့်အဝသိမ်းပိုက်တော့မှာပဲဖြစ်သည်။ သူတို့က တပန်းသာနေလေ၏။ သူတို့၏အဟုန်သည် ထောပတ်ကို ဖြတ်သွားသည့် ဓားပူပူပမာ သွားသည်ဆိုသော်ငြား အံ့ဖွယ်မြို့တော်၌ ပုန်းနေသော ပညာရှင်များစွာရှိသည်။ မည်သည့်အချိန်၌ လက်ရွေးစင်တစ်ယောက် ပေါ်လာလိမ့်မည်ဆိုတာ မည်သူမှမပြောနိုင်ပေ။ ထိုအချိန်ကျလာပါက ယွီကျန့်ဟိုင်ကဲ့သို့ ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူတစ်ယောက် တာဝန်ယူရန်မရှိခဲ့လျှင် တိုက်ပွဲ၏အခြေအနေက ပြောင်းပြန်ဖြစ်သွားလိမ့်မည်။ အံ့ဖွယ်မြို့တော်၏ မဟာစစ်သူကြီးရှစ်ဦးနှင့် အံ့ဖွယ်မြို့တော်တွင် နေထိုင်သည့်ပညာရှင်များက ပေါ့သေးသေးများမဟုတ်ပေ။ ဤနေရာ၌ ယွီကျန့်ဟိုင်ရှိနေလျှင် သူတို့ စိတ်ချလက်ချနေနိုင်လိမ့်မည်။

ယွီကျန့်ဟိုင်က ကူကယ်ရာမဲ့စွာသက်ပြင်းချလိုက်၏။

“နှမြောစရာပဲ”

“ဟွားချုံးယန်”

“ဟုတ်ကဲ့ ဂိုဏ်းချုပ်”

“သွား ... ငါတို့ရဲ့အဲ့ဒီမသိမိတ်ဆွေကို ကူညီပေးလိုက်။ ဖြစ်နိုင်မယ်ဆိုရင် သူနဲ့တစ်ခွက်လောက် သောက်ချင်တယ်။ အဲ့ဒီအချိန် ငါတို့ရင်ထဲကဆန္ဒတွေအတိုင်းသောက်ကြတာပေါ့” ယွီကျန့်ဟိုင်က ပြောလိုက်၏။

“ဟုတ်ကဲ့ ဂိုဏ်းချုပ်”

ဟွားချုံးယန်သည် ရထားလုံးပျံအပြင်ဖက်သို့ ခုန်ထွက်ကာ လျှပ်ပြက်သည့်အရှိန်ဖြင့် လှုပ်ရှားလိုက်သည်။ သူသည် တွေဝေမနေဘဲ သူ၏ပွင့်ချပ်ခုနစ်လွှာစိတ်ဝိညာဉ်သဏ္ဌာန်ကို ဆင့်ခေါ်လိုက်သည်။

ဟွားချုံးယန်၏ စိတ်ဝိညာဉ်သဏ္ဌာန်ကို မြင်သောအခါ မြို့စောင့်တပ်ဖွဲ့ရှိကျင့်ကြံသူများက ကြောက်လန့်ကုန်၏။ သူတို့အမြန်ပင် ထွက်ပြေးကြတော့သည်။ သူတို့မသိတာက သူတို့သည် ဟွားချုံးယန်၏ပစ်မှတ် မဟုတ်ပေ။

ဟွားချုံးယန်သည် တောင်ဖက်မြို့ဂိတ်ဆီသို့ သွားနေ၏။ အသက်ရှိုက်စာအနည်းငယ်အတွင်း သူ၏ပွင့်ချပ်ခုနစ်လွှာ စိတ်ဝိညာဉ်သဏ္ဌာန်သည် တလိမ့်လိမ့်တက်လာသော ကနဦးချီလေလှိုင်းထဲသို့ တိုးဝင်သွား၏။

ယွီရှန်းရုန်သည် သူ့မျက်လုံးထောင့်ကနေ သူ့ဆီသို့ဦးတည်လာနေသော ပွင့်ချပ်ခုနစ်လွှာ စိတ်ဝိညာဉ်သဏ္ဌာန်ကို တွေ့လိုက်ရသည်။ သူက ခေါင်းခါပြီး ရေရွတ်ပြောလိုက်၏။

“ပျင်းစရာပဲ”

ပြီးနောက် သူသည် စွမ်းအင်ဓားသွား၏အရှိန်ကို တမင်တကာ လျှော့ချလိုက်သည်။

ဘန်း ဘန်း ဘန်း

ရှောင်ရှန်း၏ရက်စက်ကြမ်းကြုတ်သော စွမ်းအင်က သူ့ပေါ်ကျရောက်လာသည်။

ယွီရှန်းရုန်က နောက်ပြန်လှန်သွား၏။

“ချန်းပေ့”

ဟွားချုံးယန်က အော်ပြောလိုက်သည်။ သူသည် ယွီရှန်းရုန်ကို အကြီးတစ်ယောက်သဖွယ် အမည်တပ်ခေါ်ဝေါ်ရလောက်သည်အထိ လေးစားနေပြီဖြစ်သည်။ သူသည် ပွင့်ချပ်ခုနစ်လွှာ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်ကျင့်ကြံသူတစ်ယောက်ဖြစ်သော်ငြား ရွှေကြာကို ဖြတ်တောက် ထားသည့် ပွင့်ချပ်ငါးလွှာရှေ့၌ စိတ်လိုက်မာန်ပါမဆောင်ရွက်ရဲချေ။ ယခုချိန်ထိ သူသည် ယွီရှန်းရုန်မျက်နှာကို မမြင်ရသေးပေ။

ယွီရှန်းရုန်က လေဟုန်စီးကာ နောက်ဆုတ်နေသည်။ သူ၏စိတ်ဝိညာဉ်သဏ္ဌာန် ပျောက်ကွယ်သွား၏။ သူက မြို့အပြင်ရှိ တောအုပ်ထဲသို့ပျံသန်းနေတာဖြစ်သည်။

ဟွားချုံးယန်က အော်ပြောလိုက်သည်။

“ဖွင့်စမ်း” ပွင့်ချပ်ခုနစ်လွှာစိတ်ဝိညာဉ်သဏ္ဌာန်သည် တစ်ခါတည်း အကြီးဆုံး အရွယ်အစားအထိ ကြီးလာ၏။ ကနဦးချီမုန်တိုင်းက ပျောက်ကွယ်သွားပြီးနောက် အရွယ်အစားက ထပ်ကျုံ့လာ၏။

ဟွားချုံးယန်က ငုံ့ကြည့်လိုက်၏။ လက်ရှိတွင် မြေပြင်ပေါ်လဲကျနေသော ရှောင်ရှန်းကို ဖြေရှင်းပြီးပြီ ဖြစ်သည်။ သူက လက်ဖဝါးနှစ်ဖက်ကိုပူးကပ်လျက် လက်သင်္ကေတများစွာ ပြုလုပ် ပြီးနောက် ပြောလိုက်သည်။

"ထိုက်ရွှီကျောင်းတော်ရဲ့ ရှောင်ရှန်းလား။ မင်းက ကောင်းကင်လမ်းစဉ်ကို လျှောက်ဖို့ငြင်းပယ်ခဲ့ပြီး ငရဲကို သွားဖို့ ရွေးချယ်ခဲ့တာလား။ ချန်းပေ့ကျိ မင်းကို သင်ပေးခဲ့တဲ့ သင်ခန်းစာက မလုံလောက်သေးတဲ့ပုံပဲ”

ဘန်း ဘန်း ဘန်း

များစွာသော လက်ဝါးစည်းတံဆိပ်များစွာ ပေါ်ထွက်လာပြီး ရှောင်ရှန်း၏ရင်ဘတ်ပေါ် ကျရောက်သွား၏။

ဖုန်း

ရှောင်ရှန်းသည် မြေပြင်နှင့်ရိုက်မိသွားသည်။

ဟွားချုံးယန်သည် ရှောင်ရှန်းကိုကြည့်တောင်မကြည့်ပေ။ သူသည် မြို့၏တောအုပ်တောင်ဖက်ဆီသို့ ပျံသန်းသွား၏။ မျက်စိတစ်မှိတ်အတွင်း သူသည် တောအုပ်ထဲဝင်သွားပြီဖြစ်သည်။

ပတ်ဝန်းကျင်က တိတ်ဆိတ်သွားသည်။ လေထဲတွင် ပေါ်ထွက်နေသော ဖျော့တော့တော့ ကနဦးချီမှအပ ချန်းပေ့၏ခြေရာလက်ရာမရှိပေ။

“သူက မြန်လိုက်တာ”

ဟွားချုံးယန်သည် သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို ပြန်ခေါ်လျက် သူ့ဖာသာသူ ရေရွတ်ပြောလိုက်သည်။ သူ့ရှေ့ရှိ တောအုပ်ကို ကြည့်ပြီးနောက် တွေဝေနေ၏။ အဆုံးကျ သူသည် တောအုပ်ထဲရှေ့ဆက် မသွားနိုင်တော့ပေ။ သူကလက်သီးဆုပ်မိုးလျက်အသံကို မြှင့်ကာပြောလိုက်သည်။

"ကျုပ်ရဲ့ ဂိုဏ်းချုပ်က ချန်းပေ့ကိုလေးစားနေပါတယ်။ ချန်းပေ့ကို သူနဲ့စကားပြောဖို့ ကျုပ်တို့ရဲ့ ဌာနချုပ်ဆီ ကျုပ်ကို ဖိတ်ကြားခိုင်းလိုက်တာပါ၊ ဖိတ်ကြားမှုကို လက်ခံပါသလား ချန်းပေ့”

တောအုပ်က တိတ်ဆိတ်မြဲတိတ်ဆိတ်နေသည်။ အကြောင်းပြန်မှုမရှိ။

ဟွားချုံးယန်က သူ့နေရာသူ သိ၏။ ရွှေကြာကိုဖြတ်တောက်ပြီးနောက် ပွင့်ချပ်ငါးလွှာအထိ ရောက်အောင် ကျင့်ကြံနိုင်သူသည် အားနည်းသည့်သူဖြစ်မှာမဟုတ်ပေ။ သူ လိုက်မည်ဆိုလျှင်တောင် အချည်းနှီး ဖြစ်လိမ့်မည်။ ခဏအကြာတွင်သူက ပြောလိုက်၏။

“ခင်ဗျားရဲ့ ဓားစွမ်းရည်က အံ့ဩဖို့ကောင်းလိုက်တာ ချန်းပေ့။ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ဒုတိယသခင်လေးနဲ့ယှဉ်နိုင်တယ်။ ချန်းပေ့ကို တွေ့ခွင့်ရလောက်သည့်အထိ ကံမကောင်းတာတော့ နှမြောစရာပဲ။ အခုထွက်သွားပါတော့မယ်” နောက်ဆုံးပြောပြီးချိန်၌ သူသည် မျက်စိကန်းလောက်သည့်အရှိန်ဖြင့် ထွက်သွားတော့သည်။

တောအုပ်သည် တိတ်ဆိတ်မြဲတိတ်ဆိတ်နေသည်။

ခဏအကြာတွင် ဟွားချုံးယန်က အနားတစ်ဝိုက်သို့ပြန်လာပြီး ခဏတာရှာဖွေပြီးနောက် လေထဲပျံဝဲနေ၏။

“သူသွားပြီလား” ဟွားချုံးယန်က ကူကယ်ရာမဲ့စွာသက်ပြင်းချလိုက်၏။ သူသည် လှည့်ထွက်သွားပြီး ယွီစီရင်စုမြို့ဆီ ပျံသန်းသွားသည်။

တိတ်ဆိတ်နေသော တောအုပ်ကြီးထဲရှိ သစ်ပင်ကြီးနောက်တွင် ယွီရှန်းရုန်သည် သက်တော်ရှည်ဓားကို သယ်ဆောင်ထားလျက် ရေရွတ်ပြောလိုက်သည်။

“မပီပြင်တဲ့ သရုပ်ဆောင်စွမ်းရည်နဲ့ ပျင်းဖို့ကောင်းတဲ့လှည့်ကွက်တွေ”

ပြီးနောက် သူ့စွမ်းအင်ဗဟိုချက်၏ ချီပင်လယ်အတွင်းရှိ ဖရိုဖရဲစီးဆင်းနေသော ကနဦးချီတို့ကို တည်ငြိမ်အောင် သူ့ရင်ဘတ်ကို ဖိလိုက်၏။ ပွင့်ချပ်ငါးလွှာကျင့်ကြံသူတစ်ယောက်သည် ပွင့်ချပ် ငါးလွှာကျင့်ကြံသူတစ်ယောက်ပဲ ဖြစ်၏။ ပွင့်ချပ်ခုနစ်လွှာရှောင်ရှန်းနှင့်ရင်ဆိုင်ရာတွင် သူသည် ရှောင်ရှန်း၏စွမ်းအင်ဗဟိုချက်ချီပင်လယ်ကိုဖောက်ပြီး သူ့အသက် အကောင်းပကတိ ထွက်ပြေးလာနိုင်သည်က ထိတ်လန့်ဖွယ်ကောင်းနေပြီဖြစ်၏။ သူသည် ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူ တစ်ယောက် ဖြစ်ခဲ့သောကြောင့် ဖြစ်ဟန်တူသည်။ သူသည် ယခုအခေါက်၌ အနည်းငယ် အလွန်အကျွံသုံးမိသွားဟန်တူသည်။

ယွီရှန်းရုန်သည် သူ၏သက်တော်ရှည်ဓားကို တင်းကြပ်စွာဆုပ်ကိုင်ထားလျက် ခပ်ရေးရေး ပြုံးလိုက်သည်။

“လောနေဖို့မလိုဘူး။ မကြာခင်မှာ ငါ အမြင့်ဆုံးကိုပြန်ရောက်လာမှာပဲ”

ရထားလုံးပျံဆီသို့ပြန်လာပြီးနောက် ဟွားချုံးယန်သည် ယွီကျန့်ဟိုင်ကို အရိုအသေပေးကာ ပြောလိုက်၏။

“ဂိုဏ်းချုပ် ကျွန်တော်သူ့ကိုလိုက်မမှီခဲ့ပါဘူး။ အဲဒီဆန်းကြယ်တဲ့ပညာရှင်က မြန်လွန်းတယ်”

ယွီကျန့်ဟိုင်က စိတ်မကျေမနပ်ဖြစ်သွားတာ သိသာ၏။

“ချုံးယန် ... နောက်ပိုင်းတော့ မင်းချွတ်ချော်နေတာများပြီ။ မင်းကို ငါ ကောင်းကောင်းမွန်မွန် မဆက်ဆံလို့လား”

ဟွားချုံးယန်က ဒူးတစ်ဖက်ထောက်ကာပြောလိုက်၏။

"မလုပ်ရဲပါဘူး။ ကျွန်တော် အသုံးမကျတာပါ”

စီးဝူယာ့က ပြောလိုက်သည်။ “တာ့ရှစ်ရှိုး ဒီကိစ္စအတွက် အစ်ကိုချုံးယန်ကို အပြစ်တင်လို့မရဘူးလေ။ ပွင့်ချပ်ငါးလွှာအဆင့်ထိရောက်အောင် ပြန်လည်ကျင့်ကြံပြီးတဲ့ ပညာရှင်တစ်ယောက်ကို ဘယ်လိုလုပ် အလွယ်တကူ လိုက်မှီမှာလဲ”

ယွီကျန့်ဟိုင်က ခေါင်းညိတ်လိုက်၏။ “မင်းပြောတာ အဓိကကျတယ် ရှစ်တိ”

ဟွားချုံးယန်သည် မချင့်မရဲဖြစ်သွား၏။ သူသည် ရှစ်ဘဝတာစုဆောင်းထားသည့် ကံဆိုးမှုများကို တွေ့ကြုံနေရသည်ဟု ခံစားရသည်။ ကောင်းကင်ဘုံကိုးကွယ်ရေးစင်မြင့်၌ သူ တာဝန်ကျဆုံးခဲ့သည့် ကိစ္စရပ်တစ်ခုရှိသည်။ ထိုကိစ္စရပ်တစ်ခုဖြစ်၏။ သို့သော် သူသည် ချန်းပေ့ကျိကို သူတို့ဂိုဏ်းဆီသို့ ခေါ်လာပေးရာ သူ၏ဂိုဏ်းချုပ်က အရိုက်ခံလိုက်ရ၏။ ထို့အပြင် သူသည် ပွင့်ချပ်ငါးလွှာကျင့်ကြံသူတစ်ယောက်ကို မဖမ်းနိုင်သည်က အနည်းငယ် လက်မခံနိုင်စရာဖြစ်နေ၏။

ယွီကျန့်ဟိုင်က ဟွားချုံးယန်ကို ထရပ်ခိုင်းပြီးနောက် ပြောလိုက်သည်။

“မင်း ကြိုးစားခဲ့တယ်”

ဟွားချုံးယန်က စိတ်ထဲထိသွား၏။ သူက ချက်ချင်းပြောလိုက်၏။ “ကျွန်တော် ပိုကြိုးစားပါ့မယ်”

ထိုစဉ် စီးဝူယာ့သည် မြို့ကို လက်ညှိုးထိုးပြီး ပြောလိုက်၏။ “ကျွန်တော်တို့တွေ စစ်သူကြီးအိမ်တော်ပေါ် ရောက်နေပြီ တာ့ရှစ်ရှိုး အခု ရှစ်ရှိး အပေါ်မူတည်သွားပြီ”

ကျန်သည့်သူများသည် စစ်သူကြီးအိမ်တော်ကို အလိုလို ငုံ့ကြည့်လိုက်ကြ၏။ ငရဲဂိုဏ်းသားများသည် စစ်သူကြီးအိမ်တော်ကို ဝိုင်းထားပြီးဖြစ်သည်။

ယွီကျန့်ဟိုင်၏ တွက်ချက်မှုအရ ကျီချင်းချင်းသည် အစောတုန်းက စစ်မြေပြင်၌ ပေါ်လာခဲ့သင့်သည်။ သို့သော် ယခုအချိန်၌ သူမ ပေါ်မလာသေးပေ။

မကြာမီ၌ မိုးပြာခန်းမသခင်၏ ဒုခေါင်းဆောင်ယွီဟုန်သည် လေထဲပျံတက်လာသည်။ သူက အရိုအသေပေးကာပြောလိုက်၏။ “စစ်သူကြီးအိမ်တော်က လွတ်နေတယ် ဂိုဏ်းချုပ်”

“အထဲမှာ ဘယ်သူမှမရှိဘူးလား”

ယွီကျန့်ဟိုင်က မျက်မှောင်အနည်းငယ်ကျုံ့လိုက်၏။

စီးဝူယာ့သည် ခဏတာစဉ်းစားပြီးနောက် ပြောလိုက်သည်။

“သူတို့တွေက အတော်လေး တွက်ချက်တတ်တာပဲ။ ငါတို့လုပ်ငန်းစဉ်က ချောမွေ့နေတာ အံ့ဩစရာမရှိဘူးပဲ။ ကျီချင်းချင်းက ယွီစီရင်စုကို အစောတည်းက လက်လျှော့ပြီး ညတွင်းချင်းထွက်ပြေးသွားတာကိုး”

ယွီကျန့်ဟိုင်သည် ထိုစကားကိုကြားသောအခါ ဖျတ်လတ်တက်ကြွသွား၏။

ရထားလုံးပျံပေါ်ရှိ ငရဲဂိုဏ်းသားများက အရိုအသေပေးလိုက်သည်။

“ယွီစီရင်စုကို သိမ်းပိုက်နိုင်တဲ့အတွက် ဂုဏ်ပြုပါတယ်။ ဂိုဏ်းချုပ်”

နောက်နေ့နံနက်စောစော ယွီစီရင်စု၏ မြောက်ဖက်ရှိ ခရမ်းရောင် ဝါးတောထဲတွင်...

မဟာစစ်သူကြီးရှစ်ဦးထဲမှ တစ်ဦးဖြစ်သော ကျီချင်းချင်းသည် ဝါးပင်များကြား၌ တည်ငြိမ်စွာ ထိုင်နေလေ၏။ သူမ၏လက်အောက်ငယ်သားလေးဦးက သူမနားစောင့်ကြည့်နေသည်။

“စစ်သူကြီး ယွီစီရင်စု ပြိုလဲသွားပါပြီ”

“ငါ သိပြီ” ကျီချင်းချင်းသည် ရေကရားကိုကိုင်လျက်သောက်လိုက်၏။ ပြီးနောက် သူမက ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။ ပြီးနောက် ယွီစီရင်စုရှိရာဖက်သို့ကြည့်လိုက်၏။ သူမ မျက်နှာပေါ်၌ ပြင်းပျသည့်ခံစားချက်များရှိပုံမရပေ။

“နောက်ကျနေပြီ လှုပ်ရှားသင့်ပြီလား စစ်သူကြီး”

“မလောနဲ့ ခဏထပ်စောင့်ဦး” ကျီချင်းချင်းက ပြန်ပြောလိုက်သည်။

“စောင့်ရမှာလား” သူမ၏လက်ထောက်စစ်သူကြီးလေးဦးက ဇဝေဇဝါဖြစ်သွား၏။ သူတို့သည် ယွီစီရင်စုကို လက်လျှော့လိုက်ပြီး ဖြစ်သောကြောင့် သူတို့အဘယ်ကြောင့်မထွက်သွားရသနည်း။

“စစ်မြေပြင်ကနေ ထွက်သွားတာက သေသင့်တဲ့ပြစ်မှုပဲ။ စစ်သူကြီး ကျုပ် နားမလည်နိုင်တာ တစ်ခုရှိတယ်”

“ဒါက အဓိပ္ပာယ်မရှိတဲ့ ခုခံမှုပဲလေ” ကျီချင်းချင်းက ပြောလိုက်သည်။

ထိုအခိုက်အတန့်တွင် အစိမ်းရောင်ဝတ်ရုံဖြင့် ဓားသမားသည် သူ့ဓားကိုကိုင်ဆောင်ထားလျက် ခရမ်းရောင်ဝါးတော၏ မြောက်ဖက်အစွန်းကနေ သူတို့ဆီသို့ ဖြည်းဖြည်းချင်းလျှောက်လာသည်။

လက်ထောက်စစ်သူကြီးလေးဦး၏မျက်နှာက သုန်မှုန်သွား၏။ သူတို့သည် ကျီချင်းချင်းနား ချက်ချင်းကပ်ကာ ဓားများဆွဲထုတ်လိုက်သည်။

ကျီချင်းချင်းသည် အစိမ်းရောင်ဝတ်ရုံဖြင့်ဓားသမားကို တစ်ချက်ကြည့်ပြီးပြောလိုက်သည်။ “ဖယ်ကြ”

“စစ်သူကြီး”

“ငါလုပ်နေတာ ငါသိတယ်”

ကျီချင်းချင်းက ပြောလိုက်သည်။

သူတို့လေးယောက်က သူမနောက် နောက်ဆုတ်လိုက်၏။ ကျီချင်းချင်းသည် ဝတ်ရုံစိမ်းဖြင့်ဓားသမားကို ကြည့်ပြီးပြောလိုက်သည်။

“ဒီရောက်လာပြီလား”

“တစ်ယောက်ယောက်နဲ့ ကတိပေးထားတယ်။ ကတိပြန်ရုတ်သိမ်းလို့မရဘူး”

အစိမ်းရောင်ဝတ်ရုံဖြင့် ဓားသမားက ခပ်ရေးရေးပြောလိုက်သည်။

ကျီချင်းချင်းက “ကျွန်မ ရှင်နဲ့ပြောထားတဲ့ ကတိတည်တယ်။ ရှင်ကတိတည်မယ်လို့မျှော်လင့်တယ်”

ယွီရှန်းရုန်က ပြောလိုက်သည်။

“ကျုပ်ပြောတဲ့အတိုင်းလုပ်မှာ။ ကျုပ်လုပ်တာက လုပ်သင့်တာပဲ။ ခင်ဗျားယွီစီရင်စုကနေ ထွက်သွားပြီဆိုမှတော့ ခင်ဗျားက ကျုပ်ရဲ့စာရင်းထဲမှာ မရှိတော့ဘူး”

ထိုစကားကိုကြားသောအခါ လက်ထောက်စစ်သူကြီးလေးဦးသည် ဝတ်ရုံစိမ်းဖြင့်ဓားသမား မည်သူမှန်း သိသွား၏။ လက်တလော၌ မိစ္ဆာဝေဟင်မျှော်နန်း၏ဒုတိယသခင်လေးကို တုပသည့် လက်ရွေးစင်တစ်ယောက်သည် အသေသတ်မည့်စာရင်းတစ်ခုကို ယွီစီရင်စုနားပြုလုပ်ထား၏။ ကျီချင်းချင်းနှင့် သူမ၏လက်ရုံးများက စာရင်းထဲတွင်ရှိနေ၏။ ကျန်ရှိသည့် သူမ၏လက်ထောက် လေးဦးသည် ထိုအကြောင်းအရင်းကြောင့် ငြိမ်းငြိမ်းချမ်းချမ်းစားသောက်အိပ်စက်နိုင်ဖို့ခက်ခဲသည်။ ဝတ်ရုံစိမ်းဖြင့်ဓားသမားက ထိုဆန်းကြယ်သည့် ပညာရှင်ဖြစ်လိမ့်မည်ဟု သူတို့မထင်ထားပေ။

“ယွီစီရင်စုကနေ ထွက်သွားဖို့ ဘာကြောင့် ကတိပေးခဲ့လဲဆိုတာသိလား” ကျီချင်းချင်းက ပြုံးပြီးပြောလိုက်၏။

“နားထောင်ကြည့်ချင်ပါရဲ့”

“ဘာလို့လဲဆိုတော့ ရှင့်ရဲ့လှုပ်ရှားမှုတိုင်း၊ ရှင်ကိစ္စရပ်တွေကို လှုပ်ရှားနေတဲ့ပုံစံ၊ ရှင်စကားပြောတဲ့ ပုံစံ၊ လှုပ်ရှားတဲ့ပုံစံတွေက ကျွန်မလေးစားတဲ့တစ်စုံတစ်ယောက်နဲ့ ဆင်တူနေလို့ပဲ” ကျီချင်းချင်းက ပွင့်ပွင့်လင်းလင်း ပြောလိုက်၏။

“…”

ကျီချင်းချင်းက သူ့ကိုတစ်ချက်ကြည့်ပြီး ဆက်ပြောလိုက်သည်။

“စစ်မြေပြင်ထဲနေနေကျ ကျွန်မလို လူက ကျောက်ခဲနှလုံးသားရှိပြီး အလွယ်တကူစိတ်လှုပ်ရှားမှာ မဟုတ်ဘူးလို့ ရှင် တွေးကောင်းတွေးနေမှာပေါ့။ ဒါ အမှန်မဟုတ်ဘူး။ သူက ကျီချင်းချင်းရဲ့ လေးစားမှုနဲ့ ထိုက်တန်တဲ့တစ်ဦးတည်းသော ယောက်ျားသားပဲ။ သူက ကျွန်မမှန်းဆထားတဲ့ အမျိုးသားပုံစံနဲ့ ကိုက်ညီတဲ့ တစ်ဦးတည်းသောသူပဲ။ ဒါပေမဲ့ သူက မိစ္ဆာဝေဟင်မျှော်နန်းက ပြီးတော့ ကျွန်မတို့တွေက ရန်သူတွေ။ ရှင့်ရဲ့အမူအရာက သိပ်မူမမှန်တဲ့ပုံပဲ။ ရှင် ကျွန်မကိုအထင်သေးနေတာလား”

ပုံမှန်အခြေအနေအောက်တွင် အမျိုးသမီးတစ်ယောက်အဖို့ သူနှစ်သက်သဘောကျသည့် အမျိုးသားအကြောင်း အများရှေ့ပြောလျှင် မသင့်တော်ဟု သတ်မှတ်ထားကြသည်။

…

All Chapters