အခန်း (၅၃၅-၅၃၇)
Vol. 36 Ch. 535-537
အခန်း (၅၃၅) အမြင့်ဆုံးရာထူးဖြင့်လူ
မင်ရှစ်ရင်က ဇဝေဇဝါ ဖြစ်သွားသည်။ သူတို့ ရှစ်စွင်း၏အမိန့်ကို ရပြီးနောက် မိစ္ဆာဝေဟင်မျှော်နန်း၏ တပည့်များသည် တောင်ပေါ်တွင်သာ နေနေ၏။
ထိုက်ရှုကျောင်းတော်နှင့် ဟုန်ချူအဖွဲ့၏ အရံအတားများ ပြိုကွဲသွားပြီးနောက် အဓိကဂိုဏ်းများသည် ပြန်လည်ကုစားရန် ရွေးချယ်လိုက်သည်။ ယခုအချိန်ကျမှ မိစ္ဆာဝေဟင်မျှော်နန်း၏တံခါးကို တစ်စုံတစ်ယောက်က အဘယ်ကြောင့် လာခေါက်သနည်း။
“ရှောင်ရှစ်မေ့ မင်းဘာသာမင်း ကျင့်ကြံလိုက်အုံး.. အစ်ကို သွားစရာ ရှိသေးတယ်”
မင်ရှစ်ရင်က ပြောလိုက်သည်။
“ဟုတ်”
ခရုလေးက လိမ်လိမ်မာမာ လှည့်ထွက်သွားတော့၏။
မင်ရှစ်ရင်သည် ကျင့်ကြံသူကို ကြည့်ပြီး ပြောလိုက်၏။
“ငါ တစ်ချက် သွားကြည့်လိုက်မယ်”
ပျင်းရိနေသော စိတ်ဖြင့် သူသည် တောင်အောက်သို့ လျင်မြန်စွာ ဆင်းသွားလိုက်သည်။ တောင်ခြေတွင် မင်ရှစ်ရင်သည် အရံအတား အပြင်ဘက်၌ နန်းတွင်းဝတ်ရုံဖြင့် မိန်းမစိုးတစ်ဦးကို တွေ့လိုက်ရသည်။ မိန်းမစိုးသည် ဘုရင့်မယ်တော်ကြီး၏ မိန်းမဆိုး လီယွင်ကျောက်ပဲ ဖြစ်သည်။
“စတုတ္ထုသခင်လေး မတွေ့ရတာ အတော်ကြာသွားပြီး နှုတ်ခွန်းဆက်ပါတယ်”
လီယွင်ကျောက်က ပြောလိုက်၏။
“မင်းလား”
မင်ရှစ်ရင်က ဇဝေဇဝါ ဖြစ်သွား၏။ သူက ပြောလိုက်သည်။
“ဒီကို လာရဲတာ ခင်ဗျားတကယ် သတ္တိရှိတာပဲ”
လီယွင်ကျောက်က သက်ပြင်းချပြီး ပြောလိုက်သည်။
“ကျုပ်လည်း မလာချင်ပါဘူး။ ဒါပေမဲ့ ကျုပ် သခင်ရဲ့အမိန့်ကြောင့် လာရမယ်”
“ပြောလိုက်တော့ ခင်ဗျားနဲ့ စကားပြောဖို့ အချိန်သိပ်မရှိဘူး”
မင်ရှစ်ရင်က ပြောလိုက်သည်။
လီယွင်ကျောက်က မေးလိုက်၏။
“မျှော်နန်းသခင်နဲ့ တွေ့ခွင့်ရမလား”
“မရဘူး”
“...”
လီယွင်ကျောက်သည် အားတင်းလျက် အရှက်မရှိ ပြောလိုက်သည်။
“ဆွေးနွေးဖို့ အရေးကြီးကိစ္စ ရှိလို့ပါ မျှော်နန်းသခင် ရှိမှပဲ ရမှာ”
မင်ရှစ်ရင်သည် လီယွင်ကျောက်က သူ လာရောက်လည်ပတ်ရခြင်း၏ အဓိကရည်ရွယ်ချက်ကို မထုတ်ဖော်ရသေးမှန်း မြင်သောအခါ သူက လှည့်ထွက်သွားပြီး အရံအတားထဲ ပြန်ဝင်လိုက်၏။
“သူက.. ဒီအတိုင်း လာပြောရုံပဲ ငါ တခြားဟာ လုပ်တာ ပိုကောင်းမယ်”
“နေပါအုံး နေပါအုံး..”
လီယွင်ကျောက်က အလောတကြီး ပြောလိုက်၏။
“အရင်ဧကရာဇ်က မျှော်နန်းသခင်ကို တွေ့ချင်နေတာပါ”
“အရင်ဧကရာဇ်လား.. အဲဒီအဘိုးကြီးက အရင်နှစ်တွေတည်းက သေသွားပြီ မဟုတ်ဘူးလား”
မင်ရှစ်ရင်က ရုတ်တရက် လှည့်လာပြီး လျင်မြန်စွာ လှုပ်ရှားလိုက်၏။ သူက စွမ်းအင်ကို ထုတ်ဖော်ကာ လီယွင်ကျောက်ကို တိုက်ခိုက်တော့သည်။
ဘန်း ဘန်း ဘန်း..
လီယွင်ကျောက်သည် မင်ရှစ်ရင်က သူ့ကို ရုတ်တရက် တိုက်ခိုက်လာလိမ့်မည်ဟု မထင်ထားပေ။ သူသည် သူ့ကိုယ်သူ ကာကွယ်ရန် လက်မြောက်လိုက်၏။ ရွှေရောင်စည်းတံဆိပ်တို့သည် သူ့ရဲ့လက်ဖဝါးထဲကနေ ပေါ်ထွက်လာပြီးနောက် မင်ရှစ်ရင်၏ တိုက်ခိုက်မှုကို တန်ပြန်လိုက်၏။ သူ နောက်ဆုတ်နေစဉ် ပြောလိုက်သည်။
“စတုတ္ထသခင်လေး ကျုပ်ကို နားလည်မှု လွဲနေပါပြီ။ အရင်ဧကရာဇ်က တစ်ချိန်လုံး သက်ရှိထင်ရှား ရှိနေပါတယ်။ နန်းတော်က ရွေးချယ်စရာ မရှိဘဲ သူ နတ်ရွာစံသွားတာကို ကြေညာခဲ့ရတယ်”
ဘန်း..
သူတို့၏ နောက်ဆုံး လက်ဝါးစည်းတံဆိပ်က တိုက်မိသွား၏။ ပြီးနောက် သူတို့ သုံးလှမ်းခန့် ဆုတ်လိုက်ရသည်။
လီယွင်ကျောက်က အနည်းငယ် ထိတ်လန့်သွားတော့သည်။ သူသည် အတွင်းဆောင်မှ ပညာရှင်တစ်ဦး ဖြစ်သည်။ သူသည် မယ်တော်ကြီးဘေးတွင် ရှိသည့် ပထမတန်းစား ပွင့်ချပ်ခုနှစ်လွှာ ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ ထိုသို့တိုင် သူသည် မင်ရှစ်ရင်ကြောင့် နောက်သို့ သုံးလှမ်းခန့် ဆုတ်လိုက်ရသည်။
မင်ရှစ်ရင်က ဟန်ချက် ထိန်းပြီးနောက် ဤမိန်းမစိုး အစွမ်းထက်လှပုံကို အထင်ကြီးနေမိသည်။ သူက မေးလိုက်၏။
“ဧကရာဇ်ယုံရှို့က အသက်ရှင်နေသေးတာလား”
“ဟုတ်ပါတယ်”
လီယွင်ကျောက်က ကမန်းကတမ်း ရှင်းပြလိုက်သည်။
“မင်းရဲ့ဆရာနဲ့ အရင်ဧကရာဇ်နဲ့က ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု ရှိကြတယ်။ အခု သူ အသက်ကြီးလာပြီ ဆိုတော့ သူ ဒီဘဝကနေ မထွက်ခွာခင် သူ မျှော်နန်းသခင်ကို တွေ့ချင်တာ”
“ကျုပ်ရဲ့ရှစ်စွင်းကို တွေ့ခွင့်မရဘူး”
ယင်းက အမှန်ပဲ ဖြစ်သည်။
လီယွင်ကျောက်၏အမူအရာသည် ခဏတာ တောင့်တင်းသွားပြီးနောက် ပြောလိုက်သည်။
“အရင်ဧကရာဇ်က မျှော်နန်းသခင်သာ သဘောတူမယ်ဆိုရင် သူကိုယ်တိုင် လာခဲ့မယ်လို့ ပြောပါတယ်”
မင်ရှစ်ရင်က မှင်တက်သွား၏။ ပြီးနောက် သူက ပြောလိုက်သည်။
“ကျုပ်ရဲ့ရှစ်စွင်းကို တွေ့လို့မရဘူး။ ခင်ဗျား လူလိုပြောတာ နားမလည်ဘူးလား”
လီယွင်ကျောက်သည်လည်း ကူကယ်ရာမဲ့သွား၏။ သူသည် ဘေးကို ကြည့်လိုက်ပြီး အနားတွင် ဘယ်သူမှ မရှိကြောင်း မြင်သောအခါ သူက မင်ရှစ်ရင်ဆီ သွားကာ ပြောလိုက်သည်။
မင်ရှစ်ရင်သည် လီယွင်ကျောက်၏ ဟန်အမူအရာကို နားလည်ပြီး လျှောက်သွားလိုက်သည်။
လီယွင်ကျောက်က အနားကပ်ကာ မင်ရှစ်ရင်၏ နားထဲ တီးတိုးပြောလိုက်သည်။
လီယွင်ကျောက်၏စကားကို ကြားသောအခါ မင်ရှစ်ရင်၏အမူအရာက အနည်းငယ် ပြောင်းလဲသွား၏။ သူသည် စဉ်းစားဆင်ခြင်လျက် ပြောလိုက်သည်။
“တကယ်လား”
“ဟုတ်တယ်”
လီယွင်ကျောက်က အရိုအသေပေးလျက် ဖြေလိုက်၏။
“ကျုပ်က ဘုရင့်မယ်တော်ကြီးနဲ့ နီးကပ်လာတာ အရင်က မျက်နှာသာပေးမှုကြောင့် ဒီအကြောင်း လာပြောပြတာပဲ။ မကြားသလိုဘဲ နေလိုက်ပါ စတုတ္ထသခင်လေး”
“ခင်ဗျားက အတော်တွေးတတ်သားပဲ”
မင်ရှစ်ရင်က ပြောလိုက်သည်။
“ပြောသင့်တာကို ပြောပြီးပြီ။ နောက်ထပ် ဖြစ်လာမှာက ကျုပ်နဲ့ မဆိုင်ဘူး စတုတ္ထသခင်လေး နောက်ထပ် တောင်းဆိုစရာ ရှိပါတယ်”
လီယွင်ကျောက်က ပြော၏။
“ဘာများလဲ”
“ကျုပ်ကို မင်းရဲ့လက်ဝါးနဲ့ ကျေးဇူးပြုပြီး ရိုက်လိုက်ပါ။ ပြန်ရောက်တဲ့အချိန် ရှင်းပြရတာ ပိုလွယ်လိမ့်မယ်”
လီယွင်ကျောက် ပြောလိုက်၏။ မင်ရှစ်ရင်က ခေါင်းကုတ်ပြီး ပြောလိုက်သည်။
“ဒါတော့ မဖြစ်ဘူး။ ကျုပ်ရဲ့ ရှစ်စွင်းလိုမျိုး ကျုပ်က ကျိုးကြောင်းသင့်တဲ့လူတစ်ယောက် အကြောင်းအရင်း မရှိဘဲ တစ်ယောက်ယောက်ကို မရိုက်နိုင်ဘူး”
“ကျေးဇူးပြုပြီး ရိုက်လိုက်ပါ စတုတ္ထသခင်လေး အရင်ဧကရာဇ်က ဒီကိစ္စကို ကိုယ်တိုင် ဝင်ပါနေတာ ရွေးချယ်စရာမရှိဘူး လုပ်ရမှာပဲ”
လီယွင်ကျောက်က တောင်းပန်လိုက်၏။
“မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး”
မင်ရှစ်ရင်က လက်ဝေ့ယမ်းလိုက်သည်။
“ကျုပ်က ဒီလိုလူမျိုး မဟုတ်ဘူး။ ခင်ဗျားကို မကူညီပေးနိုင်ဘူး။ မျိုးရိုးရီနဲ့ မိတ်ဆွေသာ ဆိုရင်တော့ သူ ခင်ဗျားကို ကူညီလောက်တယ်”
လီယွင်ကျောက်သည် စိတ်တိုလာပုံပေါ်ကာ အရိုအသေပေးလျက် ပြောလိုက်၏။
“အဆင်ပြေပါတယ်။ စတုတ္ထသခင်လေးက တကယ်မှန်ကန်ဖြောင့်မတ်တဲ့သူပဲ ရီမျိုးရိုးနဲ့ မိတ်ဆွေကို ဒုက္ခပေးဖို့ မလိုပါဘူး။ သူ့ရိုက်ချက်က ဘာအဓိပ္ပာယ်မှ မရှိလောက်ဘူး။ မင်းက မိစ္ဆာဝေဟင်မျှော်နန်းကလူပဲ စတုတ္ထသခင်လေးရယ် ပြီးတော့ သူလို သေးသိမ်တဲ့သူနဲ့ မင်းကိုယ်မင်း မတွဲသင့်ပါဘူး။ ဒါပဲ ပြောရတော့မယ် နှုတ်ခွန်းဆက်ပါတယ်”
“နေအုံး”
လီယွင်ကျောက်က ရပ်တန့်လိုက်၏။ သူက ဇဝေဇဝါဖြင့် လှည့်လိုက်သည်။
ဘန်း..
မင်ရှစ်ရင်သည် နီးကပ်သည့် အကွာအဝေး၌ လီယွင်ကျောက်ကို ထိုးလိုက်သည်။ လီယွင်ကျောက်က နောက်ပြန်လန်ကျသွားကာ မြေကြီးပေါ် လိမ့်သွား၏။
“အားရိုး.. ငါ့မျက်နှာ..”
“ရုတ်တရက်ကြီး ခင်ဗျားကို ကူညီသင့်တယ်လို့ ခံစားမိလိုက်တယ် နာသွားလား”
မင်ရှစ်ရင်က လက်သီးကို ချလိုက်၏။ မင်ရှစ်ရင် သတိမပေးဘဲ တိုက်ခိုက်လာလိမ့်မယ်ဟု လီယွင်ကျောက် မထင်ထားပေ။
“အလွန်အကျူးမလုပ်ဘဲ ကူညီပေးနိုင်ရဲ့သားနဲ့ အားရိုး..”
မင်ရှစ်ရင်သည် လီယွင်ကျောက်ကို မကြည့်တော့ချေ။ သူက တေးသွား ညည်းလျက် မိစ္ဆာဝေဟင်မျှော်နန်းဆီသို့ ပြန်သွားသည်။
မင်ရှစ်ရင်သည် မိစ္ဆာဝေဟင်မျှော်နန်းသို့ ပြန်ရောက်သည့် အချိန်၌ စတင် စိုးရိမ်ပူပန်လာတော့သည်။
တာ့ရန်၏ ယခင်ဧကရာဇ်လျိုကောသည် မိစ္ဆာဝေဟင်မျှော်နန်းကို လာရောက်လည်ပတ်ချင်နေသည်။ လာရောက်လည်ပတ်ရခြင်းက တော်ဝင်မိသားစုကို ငရဲဂိုဏ်း ဆန့်ကျင်နေတာနှင့် သက်ဆိုင်၏။ ထိုလာရောက်လည်ပတ်မှုနှင့် ပတ်သတ်ပြီး ကောင်းမွန်သည့်အရာ မည်သို့ ရှိမည်နည်း။ ခဏတာ စဉ်းစားပြီးနောက် မင်ရှစ်ရင်သည် သူ့ရှစ်စွင်းနှင့် ဆွေးနွေးရန် ဆုံးဖြတ်လိုက်သည်။ ဆိုရလျှင် တာ့ရန်တွင် ရာထူးအမြင့်ဆုံးလူက သူ့ရှစ်စွင်းနှင့် သိကျွမ်းသည်။ မည်သူမျှ မရှိကြောင်း အတည်ပြုပြီးနောက် သူ လျှို့ဝှက်ခန်းသို့ သွားလိုက်၏။ မကြာမီ၌ သူသည် လျှို့ဝှက်ခန်း အပြင်ဘက်သို့ ရောက်သွားသည်။
“နှုတ်ခွန်းဆက်ပါတယ် ရှစ်စွင်း..”
လျှို့ဝှက်ခန်းထဲကနေ အကြောင်းပြန်မှု မကြားရ လှုပ်ရှားမှု မကြားရချေ။ စိတ်ထဲ မသက်မသာ ဖြစ်နေသော်ငြား မင်ရှစ်ရင်က အသံအနည်းငယ် မြင့်လျက် ပြောလိုက်၏။
“နှုတ်ခွန်းဆက်ပါတယ် ရှစ်စွင်း..”
ခဲမှန်ဖူးသော စာသူငယ် ဖြစ်နေလေပြီး သူသည် ကြမ်းပြင်ပေါ်၌ ဒူးထောက်လျက် အကြောင်းပြန်မှုကို စောင့်နေသည်။ လျှို့ဝှက်အခန်းတံခါးနား မကပ်ရဲချေ။
တံခါး၏ တခြားတစ်ဖက်ကနေ အကြောင်းပြန်မှု မရှိသေးချေ။
မင်ရှစ်ရင်က ခေါင်းခါလျက် သက်ပြင်းချလိုက်၏။ ငါ တစ်ခုခု တွေးသင့်ပြီ ထင်တယ်။ ငါ စိတ်လောနေတာကို ခုခံရမယ်။ တောင့်ခံထား။ ငါ အပေါက်ကြားကနေ ချောင်းမကြည့်သင့်ဘူး။ ပြီးနောက် သူက ချက်ချင်း လှည့်ထွက်သွား၏။
လျှို့ဝှက်ခန်းထဲတွင် ဖြစ်သည်။ လုကျိုး၏ အသိစိတ်က ရောထွေးသည့် အခြေအနေတွင် ရှိနေ၏။ ကျူးဟုန်ကုန်းကို ပြောပြီးနောက် သူသည် အခြေအနေတစ်ခုအတွင်း ထပ်မံ နှစ်မြှုပ်သွားပြီးနောက် သူ့အာရုံတို့ကို ပိတ်လိုက်၏။ သူသည် မင်ရှစ်ရင်၏အသံကို မကြားတာ သဘာဝကျသည်။
သုံးရက်တာ ကုန်လွန်သွားသည်။ နံနက်ခင်း၌ မိစ္ဆာဝေဟင်မျှော်နန်းတွင် အရှေ့အရပ်ကနေ နေထွက်လာ၏။
ထိုစဉ် အံ့ဖွယ်မြို့တော်ကနေ မိစ္ဆာဝေဟင်မျှော်နန်းဆီသို့ မီးခိုးရောင် ရထားလုံးပျံတစ်စင်းက ဦးတည် ထွက်ခွာလာ၏။ ရထားလုံးပျံပေါ်၌ တော်ဝင်အစောင့်၏ မဟာစစ်သူကြီး ရှစ်ဦးထဲမှ နှစ်ဦးဖြစ်သော ကုယီရန်နှင့် စုရှန့်တို့က ဧကရာဇ်ယုံရှို့နောက်၌ တလေးတစား ရပ်နေသည်။ သူတို့နှစ်ယောက်လုံးသည် ဧကရာဇ်ယုံရှို့၏ ယခင်လက်အောက်ငယ်သားများ ဖြစ်သည်။ သူတို့သည် အသက်ရှင်လျက် ရှိနေသေးသော လျိုကောကို မြင်ချိန်၌ စိတ်လှုပ်ရှားနေသော ခံစားချက်များကို မနည်းတည်ငြိမ်အောင် လုပ်နေရသည်။
“မင်း ကြောက်လို့လား”
လျိုကောက သူတို့ကို တစ်ချက် ကြည့်လိုက်သည်။
နှစ်ယောက်လုံး အရိုအသေပေးလိုက်၏။
“ကျွန်တော်မျိုးတို့ အနည်းငယ် စိတ်လှုပ်ရှားသွားရုံပါ”
လျိုကောသည် အရှေ့အရပ်တွင် ထွက်ပြူလာသော နေကို ကြည့်လိုက်၏။ ရထားလုံးပျံသည် တိမ်များကို ချောချောမွေ့မွေ့ ဖြတ်ကျော်သွားသည်။
“မင်းတို့နှစ်ယောက်က တစ်ခါတုန်းက ငါ့ရဲ့ဘေးမှာ ရပ်ခဲ့ဖူးတယ်။ နယ်မြေတွေကို သိမ်းပိုက်တဲ့အချိန် ငါက ဆောင်ရွက်ချက်တစ်ခု လုပ်ခဲ့တာ မျိုးနွယ်စုတစ်သောင်းက ငါ့ဆီ အညံ့ခံခဲ့တယ်။ ဒါတွေ ပြီးတော့ နှစ်ပေါင်းများစွာ ကုန်လွန်သွားခဲ့ပြီ မင်းတို့နှစ်ယောက်လည်း အသက်ကြီးလာပြီကိုး..”
လျိုကောက သက်ပြင်းချလိုက်သည်။ ကုယီရန်နှင့် စုရှန့်၏ ဆံပင်များသည် ယခု ဖြူနေပြီဖြစ်သည်။
အချိန်က ရက်စက်လေ၏။
“ဘဝရဲ့သံသရာအတိုင်း အသက်ကြီးလာတာ သဘာဝပါပဲ”
စုရှန့်သည် နောက်ဆုံး၌ ပြန်ပြောလိုက်သည်။
သူ၏ယခင် လက်အောက်ငယ်သားများကို ကြည့်လျက် လျိုကောက ခေါင်းအနည်းငယ် ညိတ်ကာ ပြောလိုက်တော့သည်။
“ဒီနှစ်တွေမှာ ကုအာကို ပံ့ပိုးပြီး ကောင်းကောင်း ဆောင်ရွက်ခဲ့တယ်”
“ဒါက ကျွန်တော်မျိုးတို့ လုပ်သင့်တာပါ တာ့ရန်ကို ကာကွယ်ပေးနိုင်သရွေ့ ဓားတောင်ကို တက်ပြီး မီးပင်လယ်ကို ကျော်ဖြတ်နိုင်ပါတယ်”
စုရှန့်က ပြော၏။
လျိုကောသည် သူတို့နှစ်ယောက်ကို ခဏတာ ကြည့်ပြီးနောက် ရုတ်တရက် မေးလိုက်သည်။
“ပွင့်ချပ်ကိုးလွှာအဆင့်ကို ရယူကြိုးပမ်းဖို့အတွက် ရွှေကြာဖြတ်တောက်ဖို့ မင်းတို့နှစ်ယောက် တွေးဖူးလား”
ထိုစကားကို ကြားသောအခါ နှစ်ယောက်လုံးက ချက်ချင်း ဒူးထောက်လိုက်၏။ သူတို့ မျက်နှာပေါ်၌ ချွေးစေးများ ပျံလာတော့သည်။ လျိုကောသည် သူတို့၏ရွှေကြာအကြောင်း မေးပြီဆိုသောကြောင့် လောကကြီး၏ အရေးကိစ္စများကို သိထားပြီးပုံ ပေါ်၏။
“ကျွန်တော်မျိုး အမြဲတမ်း သစ္စာရှိပါတယ်။ နေနဲ့လက သက်သေခံပေးနိုင်ပါတယ်”
“ငရဲဂိုဏ်းက စီရင်စု ကိုးခုကို မွှေနှောက်နေတာ ကျွန်တော် ဘာမှမလုပ်ဘဲ ကြည့်မနေနိုင်ဘူး”
သူတို့သည် အကြောင်းအရင်းမရှိဘဲ ယခင်ဧကရာဇ်၏ အမိန့်ကို မဆန့်ကျင်ရဲပေ။
လျိုကောက စိတ်ကျေနပ်သွားကာ ခေါင်းညိတ်လိုက်၏။ သူက ပြောလိုက်သည်။
“ထရပ်ပြီးပြော..”
သူတို့နှစ်ယောက် ထရပ်လိုက်သည်။
“ငါ ကုအာကို တွေ့ချင်တာ ဒါပေမဲ့ သူက တံခါးပိတ် ကျင့်ကြံနေတယ်ဆိုတော့ ဒီခရီးစဉ်မှာ ငါနဲ့အတူ မင်းတို့နှစ်ယောက်ကို လိုက်ခိုင်းဖို့ ဆုံးဖြတ်လိုက်တာ”
လျိုကောသည် ထီးနန်းပလ္လင်ကို ဆက်ခံခဲ့ဖူးသူသာ ဖြစ်၏။ တော်ဝင်အစောင့်များက သူ့အပိုင် မဟုတ်တော့ပေ။
စုရှန့်က ပြောလိုက်သည်။
“အမိန့်ပေးဖို့ပဲ လိုတာပါ အရှင်”
“ဟုတ်ပြီ မိစ္ဆာဝေဟင်မျှော်နန်းဆီ လမ်းကြောင်းရှင်း..”
“..”
စုရှန့်နှင့် ကုယီရန်က ထိတ်လန့်သွားသည်။ သူတို့နောက်ကျော၌ ချက်ချင်းပင် ချွေးများ ရွဲသွားကာ ရင်ထဲ၌ မကောင်းတာတစ်ခုခုကို ခံစားမိနေသည်။
မွန်းတည့်ချိန်တွင် ရထားလုံးပျံသည် နောက်ဆုံးတော့ ရွှေနန်းဥယျာဉ်တောင်၏ တောင်ခြေသို့ ရောက်လာ၏။
“အရှင် ကျွန်တော်မျိုးတို့ ရောက်ပါပြီ”
စုရှန့်သည် ရွှေနန်းဥယျာဉ်တောင်ကို တစ်ချက် ကြည့်ပြီး တံထွေးမျိုချလိုက်၏။
“မင်းတို့ စိတ်လှုပ်ရှားနေတာလား”
လျိုကောသည် စစ်သူကြီးနှစ်ဦး၏ သက်တောင့်သက်သာ မရှိသော အမူအရာကို သတိပြုမိသည်။
ရိုးရိုးသားသား ဆိုရလျှင် ကုယီရန်နှင့် စုရှန့်က နောင်တရနေပြီဖြစ်သည်။ သူတို့သည် ယခင်ဧကရာဇ်၏ သွားလိုသည့်နေရာက မိစ္ဆာဝေဟင်မျှော်နန်း၏ ရွှေနန်းဥယျာဉ်တောင် ဖြစ်နေလိမ့်မည်ဟု မထင်ထားပေ။ ဤနေရာက ကျင့်ကြံခြင်းလောကထဲတွင် ယခုအချိန်၌ မထိသင့်ဆုံးနေရာ ဖြစ်သည်။ သို့သော် သူတို့၏ သစ္စာရှိမှုကို ကြေညာပြီး သစ္စာဆိုပြီးပြီ ဖြစ်သောကြောင့် ရွေးချယ်စရာ မရှိဘဲ ထမ်းဆောင်ရမည်။
“ကျွန်တော်မျိုး စိတ်မလှုပ်ရှားပါဘူး။ စိတ်ပူရုံပါ”
“ပူပန်ဖို့ မလိုဘူး။ ငါနဲ့ ကျိထျန်းတောက်က မိတ်ဆွေဟောင်းတွေပဲ အတိတ်ကို တမ်းတလို့ ဒီကို ရောက်လာရုံပဲ”
လျိုကောက ပြောလိုက်၏။
တော်ဝင်သက်တော်စောင့်များသည် ရထားလုံးပျံပေါ်ကနေ ဆင်းလိုက်၏။ သူတို့သည် သေတ္တာများစွာကို သယ်လျက် အရံအတား အပြင်ဘက်၌ ထားလိုက်သည်။
ထိုစဉ် တောင်ပေါ်ကနေ ပုံရိပ်တစ်ရိပ် ပေါ်လာသည်။ ပုံရိပ်က လေထဲတွင် ပျံဝဲလျက် မေးလိုက်သည်။
“ခင်ဗျားက အရှင်မင်းကြီး ဧကရာဇ်ယုံရှို့လား”
လျိုကောသည် လေထဲရှိ လူကို မော့ကြည့်ပြီး ပြန်မေးလိုက်သည်။
“ငါ့ကို မှတ်မိလား..”
“ခန့်မှန်းလိုက်ရုံပါ။ ကျုပ်ခင်ဗျားကို စောင့်နေတာ ကျုပ် ဒူးထောက်နေကျ မဟုတ်ဘူး။ စိတ်မရှိဘူးဆိုတာ သေချာပါတယ်”
မင်ရှစ်ရင်က ပြောလိုက်သည်။
“ရတာပေါ့”
လျိုကောက သဘောထားကြီးကြီး ပြောလိုက်၏။
“ကျုပ်ရဲ့ရှစ်စွင်းက သုံးလ တံခါးပိတ် ကျင့်ကြံနေတာ သူ အခု အရှင်မင်းကြီးကို မတွေ့နိုင်မှာ စိုးရတယ်”
မင်ရှစ်ရင်က ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
…
အခန်း(၅၃၆) အကျော်အမော်တွေက တိမ်တွေလို များပြားတယ်။ အခု ကြောက်နေပြီလား
လျိုကောက တည်ငြိမ်စွာ ပြောလိုက်၏။ “ မင်းက ငါ့ကို ဒီလိုမျိုး ပြောရဲတဲ့ ပထမဆုံးလူပဲ”
“ဟုတ်တယ်။ ပြီးရင် ဒုတိယ၊ တတိယတွေ ရှိလာလိမ့်မယ် ” မင်ရှစ်ရင်က ပြောလိုက်သည်။
“စိတ်ဝင်စားစရာပဲ” လျိုကောက မင်ရှစ်ရင်သည် စိတ်ဝင်စားဖို့ကောင်းကြောင်း တွေ့ရှိသွားသည်။
“ ငါ့မိတ်ဆွေဟောင်းနဲ့ မတွေ့နိုင်ရင် အလွယ်လေး မထွက်သွားနိုင်ဘူး”
မင်ရှစ်ရင်က ပြောလိုက်သည်။
“ ခင်ဗျားသဘောပဲ။ ကျုပ်တော့ ဂရုမစိုက်ဘူး ”
“ …” လျိုကောက တခြားမျိုးနွယ်များကို နာမည်ကြားရုံဖြင့် ကြောက်လန့်စေသည့် ဧကရာဇ်ယုံရှို့ ဖြစ်သော်လည်း ပြန်လည်မချေပနိုင်တော့ပေ။
စုရှန့်က မျက်မှောင်ကြုတ်လိုက်ကာ “အရှင်က ဒီကို အတိတ်ကိုလွမ်းဆွေးလို့ ရောက်လာရုံပါ။ တကယ်လို့ ကျုပ်တို့သာ မကောင်းတဲ့ ရည်ရွယ်ချက်ရှိနေရင် ဘာလို့ လူနည်းနည်းပဲ ခေါ်လာမှာလဲ”
မင်ရှစ်ရင်က ပျင်းပျင်းရိရိဖြင့် ပြန်ဖြေလိုက်သည်။
“ဘယ်သူသိမှာလဲ”
စုရှန့်က လက်နှစ်ဖက်ယှက်ကာ “အရှင် ရောက်လာတာကိုက မိစ္ဆာဝေဟင်မျှော်နန်းဆီ ပြသတဲ့ လေးစားမှု ဖြစ်နေပြီ။ အရှင်က ခင်ဗျားတို့ ရှစ်စွင်းနဲ့ မိတ်ဆွေတွေပါ။ တကယ်လို့ မတွေ့ဆုံနိုင်ဘူးဆိုရင် အရှင့်ရဲ့ နောက်လိုက်တစ်ယောက်အနေနဲ့ ဘာမှမလုပ်နိုင်ဘူး ကြည့်မနေနိုင်ဘူး ”
မင်ရှစ်ရင်က မျက်မှောင်ကြုတ်ကာ “အဲဒါက ခြိမ်းခြောက်မှုလား။ ဘာလဲ … အတင်းအကျပ်ဝင်တော့မလို့လား”
“မျှော်နန်းသခင်က ပွင့်ချပ်ကိုးလွှာအဆင့် စွမ်းအားတွေနဲ့ နယ်မြေတွေကို တုန်လှုပ်စေနိုင်တဲ့လူပါ။ ကျုပ်တို့က အတင်းဝင်ရဲရလောက်အောင် မရဲပါဘူး …” စုရှန့်က ပြောလိုက်သည်။ ထို့နောက် သူက ထပ်ပြောလိုက်သည်။ “ဒါပေမဲ့ အရှင်သာ အမိန့်ပေးမယ်ဆိုရင်တော့ ကျုပ်က အမိန့်ကို မလွဲမသွေ ထမ်းဆောင်ရမှာပဲ ”
တခြားနည်းဖြင့်ဆိုရလျှင် လျိုကောနှင့်အတူပါလာသည့် လူနှစ်ယောက်က သူတို့အသက်များကို လျစ်လျူရှုထားကြပြီးသား ဖြစ်၏။ သူတို့က မင်ရှစ်ရင် မတွေ့လိုဆုံးသော လူများ ဖြစ်ပေသည်။ သူက စုရှန့်ဆီမှ လျိုကောဆီ အကြည့်လွဲလိုက်သည်။
သူက လျိုကော၏ မသိသာသော်လည်း နက်ရှိုင်းသည့် အငွေ့အသက်ကို အာရုံခံမိလေသည်။ လျိုကော၏ တည်ရှိမှုက သူ ထင်ထားသည့် တော်ဝင်မိသားစုတစ်ယောက်ထံ ရှိသည့်အရာမျိုးနှင့် လုံးဝ ကွဲပြားနေသည်။ လျိုကောက သူ့အနားတွင် ထူးခြားသည့် လေထုကို သယ်ဆောင်ထားပြီး ဤလောကတွင် သူ့အတွက် အာရုံစိုက်ရမည့် ကိစ္စမရှိသကဲ့ ဖြစ်၏။
မင်ရှစ်ရင်က ရှင်းရှင်းလင်းလင်း အသံဖြင့် ပြောလိုက်သည်။ “ ကျုပ်ရှစ်စွင်းက ငါးလတာ ကျင့်ကြံမယ်လို့ ပြောသွားခဲ့တယ်။ အဲဒီမတိုင်ခင် ဘယ်သူ့ကိုမှ တွေ့နိုင်မှာ မဟုတ်ဘူး ”
လျိုကောက ပြောလိုက်၏။ “အဲဆို မိစ္ဆာဝေဟင်မျှော်နန်းကနေ သူ့ကို စောင့်နေမယ်”
“ …” မင်ရှစ်ရင် တွက်ချက်ထားသလောက် သူ့ရှစ်စွင်း၏ အမိန့်ဟု ပြောလိုက်သရွေ့ မည်သူကမှ မိစ္ဆာဝေဟင်မျှော်နန်းဆီ မကျူးကျော်ရဲကြပေ။ သို့သော်လည်း သူက ထိုကိစ္စ၏ ရိုးရှင်းမှုကို မှားယွင်းစွာ ကောက်ချက်ချမိဟန်ပေါ်သည်။
ထိုစဉ် လျိုကောက လက်ဝေ့လိုက်၏။
သူ့နောက်မှ တော်ဝင်အစောင့်များက လက်ထဲတွင် သေတ္တာများ သယ်ဆောင်လာကြသည်။
လျိုကောက အကာအရံအနား ချဉ်းကပ်လာလေ၏။
စုရှန့်နှင့် ကုယီရန်တို့က လက်ဝါးချင်း ပူးကပ်လိုက်ကြသည်။ ထိုစဉ် သူတို့လက်ဝါးကြား အဆောင်များစွာ ပေါ်ထွက်လာသည်။
ကွန်ဖြူးရှပ်ကျောင်းတော် …
မင်ရှစ်ရင်က ချက်ချင်း လက်မြောက်လိုက်ပြီး ပြောလိုက်သည်။
“ဒီလိုဆိုရင်တော့ ကျုပ်နောက် လိုက်ခဲ့ကြပါ ”
စုရှန့်နှင့် ကုယီရန်တို့က လက်ချလိုက်ကြသည်။
အကာအရံတွင် ဝင်ပေါက်တစ်ခု ဖြစ်ပေါ်လာသည်။
လျိုကောက အကာအရံကို လက်နောက်ပစ်လျက် အေးဆေးဝင်ရောက်လာသည်။ သူ့နောက်တွင် တခြားလူများလည်း ပါလာ၏။
ထိုစဉ် မင်ရှစ်ရင်က နှလုံးခုန်မြန်နေမိသည်။ သူက ယွီရှန်းရုန်တစ်ယောက် မိစ္ဆာဝေဟင်မျှော်နန်းဆီ ပထမဆုံး ပြန်ရောက်လာသည့်အချိန်က သူ့ရှစ်စွင်းသည် ဧကရာဇ်ယုံရှို့ ဖြစ်သည့် လျိုကောသည် တတိယ အမျိုးအစား ဓားလမ်းစဉ်ကို လျှောက်လှမ်းသူ ဖြစ်ကြောင်း ပြောခဲ့ဖူးသည်ကို အမှတ်ရသွားသည်။ သူ့ရှစ်စွင်းက လျိုကောအား ဧကရာဇ်၏ ဓားဟု ခေါ်ဆိုခဲ့သည်။
ကုန်းယွမ်တုက ခေါင်းတလားနှင့် ရောက်လာခဲ့သည်။ ယခုအခါ အမှုန့်ဖြစ်သွားပြီး ကမ္ဘာတွင် မတည်ရှိတော့ပေ။
သူက ဧကရာဇ်ယုံရှို့သည် ဓားသင်္ချိုင်းတွင် ကံကုန်သွားခဲ့ကြောင်း ကြေညာဖူးသည်ကို အမှတ်ရလိုက်သည်။ ဤသည်က အတုအယောင် ဖြစ်နေလိမ့်မည်ဟု မထင်ထားမိပေ။
သူက လှည့်လာပြီး မေးလိုက်၏။
“ရှစ်စွင်းက အရှင့်ကို ဓားလမ်းစဉ် အကျော်အမော်လို့ ပြောခဲ့ဖူးပါတယ်။ သူက အရှင့်ကို ဧကရာဇ်ရဲ့ ဓားလို့ ခေါ်ဖူးတယ်။ အဲဒါအမှန်ပဲလား”
လျိုကော ပြန်မဖြေခင် စုရှန့်က ပြောလာသည်။
“အရှင်က တပ်ဖွဲ့ကို ဦးဆောင်ပြီး လွန်ခဲ့တဲ့ နှစ်များစွာတုန်းက တခြားမျိုးနွယ်အယောက် တစ်သောင်းကို သူ့ဓားကွက်နဲ့ပဲ ရင်ဆိုင်ခဲ့တာပါ။ ဒီလိုပြောရတာတော့ အားနာပါရက်။ အခု ဓားရူးသုံးယောက်တောင် အရှင့်ရှေ့မှာ ကလေးသာသာပဲ ရှိတယ်”
“အဲဆို ကျုပ်အာ့ရှစ်ရှိုး ယွီရှန်းရုန်ကရော ”
“အာ …” စုရှန့်က ယွီရှန်းရုန်နှင့် ပတ်သက်လာသည့်အခါ လက်လွတ်စပယ် မပြောရဲတော့ပေ။ ယွီရှန်းရုန်သည် နာမည်အတိုင်း ရှင်သန်သည့် ပွင့်ချပ်ရှစ်လွှာ ဓားသမားတစ်ဦး ဖြစ်၏။ လူများစွာက သူ့အား ဓားနတ်ဆိုးဟု ခေါ်ဆိုခဲ့ကြသည်။ ပွင့်ချပ်ရှစ်လွှာများစွာက သူ့ဓားချက်အောက် သေဆုံးခဲ့ကြရ၏။ သူတို့က ပွင့်ချပ်ရှစ်လွှာအဆင့် ဖြစ်သော်လည်း အင်အားချင်းက ကွာခြားနေသည်။
ကုယီရန်က ပြောလိုက်သည်။ “ အဲလိုအခြေအနေမျိုးမှာ တိုက်ပွဲရဲ့ တည်နေရာက အရေးကြီးလာလိမ့်မယ်။ တကယ်လို့ အံ့ဖွယ်မြို့တော် ဖြစ်နေမယ်ဆိုရင် အရှင်က ပြိုင်ဘက်ကင်းပဲ ”
အရှက်မရှိလိုက်တာ …
အံ့ဖွယ်မြို့တော်မှာ အဆုံးသတ်ဆယ်ပါး အစီအရင်ရှိနေတာကို လျိုကောကို ဘယ်သူက အနိုင်ယူနိုင်မှာလဲ။
သို့သော်လည်း မင်ရှစ်ရင်က သူတို့စကားများကို စိတ်ထဲ ထားဟန်မပေါ်ပေ။ သူက သူတို့ပြောချင်တာ ပြောခွင့်ပေးထားလိုက်သည်။ သူက သူတို့ကို မိစ္ဆာဝေဟင်မျှော်နန်း၏ ခန်းမကျယ်ထဲ ဦးဆောင်ခေါ်သွားလိုက်သည်။
ထို့နောက် ရုတ်ခြည်းဆိုသလို ခန်းမကျယ်အနားမှ အသံတစ်ခု ထွက်လာသည်။
“စုရှန့်နဲ့ ကုယီရန်လား ”
နှစ်ယောက်သား အသံလားရာကို ကြည့်လိုက်သည့်အချိန် အံ့အားသင့်သွားလေ၏။ သူတို့က မိစ္ဆာဝေဟင်မျှော်နန်းတွင် မည်သူကများ သူတို့ကို မှတ်မိတာလဲဟု သိချင်နေကြသည်။ သူတို့က သူတို့ဆီ တုတ်ကောက်နှင့် လျှောက်လှမ်းလာနေသည့် မိန်းမအိုကြီးတစ်ယောက်ကို မြင်လိုက်ရသည်။
“အကြီးအကဲကျော့လား”စုရှန့်က မျက်မှောင်ကြုတ်လိုက်သည်။
“စုရှန့် စကားထိန်းပြောစမ်း … ငါက မိစ္ဆာဝေဟင်မျှော်နန်းကို ဝင်ပြီးတော့ အကြီးအကဲ ဖြစ်လာခဲ့ပြီ။ မင်းတို့ကွန်ဖြူးရှပ်ကျောင်းတော်က အကြီးအကဲ မဟုတ်တော့ဘူး ” ကျော့ယွီရှုက ပြောလိုက်သည်။
စုရှန့်နှင့် ကုယီရန်တို့က အချင်းချင်း အကြည့်ဖလှယ်လိုက်ကြသည်။ သူတို့က ကွန်ဖြူးရှပ်ကျောင်းတော်မှ ယခင်ပါရမီရှင်သည် မိစ္ဆာဝေဟင်မျှော်နန်းသို့ ဝင်ရောက်သွားလိမ့်မည်ဟု မထင်ထားကြပေ။
လျိုကောက ကျော့ယွီရှုအား ကြည့်လိုက်ပြီး “လွန်ခဲ့တဲ့ နှစ်ငါးရာတုန်းက မင်းအကြောင်းကို ကြားဖူးတယ်။ ကျော့ယွီရှု … ”
ကျော့ယွီရှုက လျိုကောကို အကဲဖြတ်နေသည်။ သူမက မင်ရှစ်ရင်ဆီမှ သူ လာရောက်သည့်အအကြောင်း သိထားလေရာ သူ့ကို မြင်လိုက်ရ၍ အံ့ဩသွားခြင်း မရှိပေ။
သူမက ပြောလိုက်၏။
“ အရှင် အသက်ရှင်နေဆဲ ရှိလိမ့်မယ်လို့ မသိထားမိဘူး။ နိမ့်ကျတဲ့ ကျွန်မရဲ့ ဂါရဝပြုမှုကို ခံယူပေးပါ ”
ထိုစဉ် ခန်းမကျယ်အတွင်းမှ ငြင်းခုံနေသည့် အသံကျယ်ကြီး ထွက်ပေါ်လာသည်။
“လောင်ဖန် … ပွင့်ချပ်ရှစ်လွှာအဆင့် ကျင့်ကြံသူတွေကြားထဲ မင်းက ငါအသိအမှတ်မပြုတဲ့ လူထဲက တစ်ယောက်ပဲ”
ဤသည်က ခက်ထန်သည့် မှတ်ချက် ဖြစ်၏။
ခဏအကြာတွင် နောက်ထပ် အသံတစ်သံ ပျံ့လွင့်လာသည်။ “ဘယ်သူက မင်းအသိအမှတ်ပြုမှု လိုလို့လဲ။ လန်လော့ …ဒါက မိစ္ဆာဝေဟင်မျှော်နန်း။ မင်း မျှော်နန်းသခင်ကို နှောင့်ယှက်ရင် အကျိုးဆက်ကို တာဝန်ယူနိုင်လို့လား”
လျိုကောက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ “ လန်လော့လား။ အဲဒါက လွန်ခဲ့တဲ့ နှစ်သုံးရာတုန်းက ပေနက်လွှာက အဆင့်တစ်မလား ”
စုရှန့်က အလျင်စလို ပြောလိုက်သည် “ဟုတ်ပါတယ်”
ခန်းမကျယ်ထဲ အသံများက ဆက်လက်ထွက်ပေါ်နေဆဲ ဖြစ်၏။
“ဖန်လီထန်း …ဒါက ကျင့်မင်တာအိုဂိုဏ်း မဟုတ်ဘူး။ မင်းလည်း ငါ့ကို လာခြိမ်းခြောက်မနေနဲ့။ ငါက မျှော်နန်းသခင်ကလွဲရင် ဘယ်သူ့ကိုမှ အသိအမှတ်မပြုဘူးကွ ”
လျိုကောက မျက်မှောင်ကြုတ်လိုက်သည်။ “ ကျင့်မင်တာအိုဂိုဏ်းရဲ့ ပါရမီရှင် ဖန်လီထန်းလား”
စုရှန့်က အလျင်စလို ထပ်ပြောလိုက်သည်။ “အဟုတ်ပါပဲ ”
လျိုကော “ ….”
သူ့အပြင်ပန်းသွင်ပြင်က တည်ငြိမ်နေဟန်ပေါ်သော်လည်း စိတ်ထဲ၌မူ အံ့ဩနေမိသည်။
မိစ္ဆာဝေဟင်မျှော်နန်းတွင် ဒီလိုမျိုး အားကောင်းတဲ့ အကြီးအကဲတွေ ရှိထားတယ်ဆိုတော့ ကျိထျန်းတောက်က သူတို့ကို ဘယ်လိုများနာခံလာအောင် လုပ်လိုက်ပါ့လိမ့် …
ငြင်းခုံနေသည့် အသံများက အဆုံးသတ်မသွားဘဲ နောက်ထပ် အသံတစ်သံပါ ထွက်လာသည်။
“အကြီးအကဲတို့ အငြင်းမပွားကြပါနဲ့တော့။ ကျုပ် ဟွားဝူတောက်ကို ထောက်ထားပေးကြပါဦး … ”
လန်လော့က ပြောလိုက်သည်။ “ လောင်ဖန် မင်း သူ့ဆီကနေ သင်သင့်တယ်။ ဟွားဝူတောက်က ပွင့်ချပ်ရှစ်လွှာအဆင့်ဆိုပေမဲ့ သူက နှိမ့်ချပြီးတော့ သင်ယူလိုစိတ် ရှိတယ် ”
“ ငါက ငါပဲ။ ငါ လုပ်ချင်တာ လုပ်မယ် ”
ထိုစဉ် အကြီးအကဲသုံးယောက်က ခန်းမကျယ်ထဲမှ ထွက်လာကြသည်။ သူတို့က လျိုကောနှင့် တခြားလူများ မြင်သည့်အခါ ဘာမှမပြောဘဲ တစ်ယောက်ကို တစ်ယောက် မကျေမနပ် အသံပြုကာ ထွက်သွားကြသည်။
မင်ရှစ်ရင်က ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်၏။
ကောင်းတယ် ကောင်းတယ် …
သူက လျိုကောအား ကြည့်လိုက်သည်။ ထင်ထားသည့်အတိုင်း လျိုကော၏ မျက်နှာအထက် တွေးဆဆ အရိပ်အယောင်မျိုး ရှိနေသည်။
သူက စိတ်ထဲမှ ရေရွတ်လိုက်၏။
အကျော်အမော်တွေက မိစ္ဆာဝေဟင်မျှော်နန်းမှာ တိမ်တွေလို ပေါများတယ် … အခု ကြောက်နေပြီမလား …
ကျော့ယွီရှုက ပြောလိုက်သည်။ “ ကျွန်မ လေ့လာလက်စ အစီအရင်ကို ပြန်သွားလိုက်ဦးမယ်။ အဖော်မပြုပေးနိုင်တာ ခွင့်လွတ်ပေးပါ”
တစ်ယောက်ယောက်၏ အဖြေကို မစောင့်တော့ဘဲ သူမက လှည့်ထွက်သွားလေသည်။
ဧကရာဇ် ယုံရှို့ဖြစ်သော လျိုကောဖြစ်စေ၊ စစ်သူကြီးရှစ်ယောက်ထဲမှ နှစ်ယောက်ဖြစ်သည့် စုရှန့်နှင့် ကုယီရန် ဖြစ်စေကာမူ အကြီးအကဲလေးယောက်လုံးက သူတို့ကို မရှိသည့် လေ အလား ဆက်ဆံသွားကြသည်။
ဤသည်က မင်ရှစ်ရင် ရည်ရွယ်ထားသည့် သက်ရောက်မှု ဖြစ်၏။
မင်ရှစ်ရင်က လည်ချောင်းရှင်းကာ “ ကျုပ် အားနာပါရက်ဗျာ။ မိစ္ဆာဝေဟင်မျှော်နန်းရဲ့အကြီးအကဲ လေးယောက်က အဲလိုပဲလေ။ ပွင့်ချပ်ရှစ်လွှာအဆင့် ကျင့်ကြံသူတွေက အလွယ်တကူ ပျင်းကြတော့ သူတို့ တွေးနေတာက ထိုက်တန်တဲ့ ပြိုင်ဘက်ကို ရှာဖို့ချည်းပဲ။ ဒါပေမဲ့ ပွင့်ချပ်ရှစ်လွှာအဆင့် ကျင့်ကြံသူတွေက တိုက်ပွဲအတွင်း ဖျက်ဆီးနိုင်စွမ်း မြင့်တယ်လေ။ အဲဒါကြောင့် စကားရေလုနေကြတာ။ စကားလုံးနဲ့ တိုက်ခိုက်တာက ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်တာနဲ့ ကွဲပြားတယ်။ သူတို့ကြားမှာ စကားများတာက ရှောင်လို့မရဘူးလေ။ ဒီနေ့ အဲဒါကို မြင်တွေ့စေလိုက်မိလို့ အရှင့်ကို တကယ်အားနာပါတယ် ”
“ကိစ္စမရှိပါဘူး” လျိုကောက လက်မြောက်လိုက်သည်။ “ ငါလည်း မိတ်ဆွေဟောင်းနဲ့ စကားစမြည် ပြောချင်တာပဲဆိုတော့ သူတို့ကို အာရုံမစိုက်ပါဘူး”
“ ဒီလိုကြားရတာ ဝမ်းသာပါတယ်။ ဒီဘက်ကို ကြွပါ ”
………………
ထိုစဉ် အကြီးအကဲလေးယောက်က တောင်ဘက်မျှော်နန်းဆောင်ဆီ ပြန်ရောက်လာကြသည်။
လေးယောက်သား မိစ္ဆာဝေဟင်မျှော်နန်း၏ ခန်းမကျယ်ဘက် လှမ်းကြည့်လိုက်ကြ၏။
“ လျိုကောက စစ်ဆေးကြည့်ဖို့ လုံလောက်လား မပြောတတ်တော့ဘူး ” ဖန်လီထန်းက ထုတ်ပြောလိုက်သည်။
“ဒါက ငါတို့ရဲ့ တစ်ခုတည်းသော ရွေးချယ်မှုပဲ။ ငါတို့က ရွှေကြာကို ဖြတ်တောက်ထားကြတာလေ။ တကယ်လို့ ငါတို့အရှိန်အဝါကို ဖုံးကွယ်ထားရင် သူတို့တွေ ငါတို့ရဲ့ တကယ့်ကျင့်ကြံဆင့်ကို သိနိုင်မှာ မဟုတ်ပါဘူး ” လန်လော့က ပြောလိုက်သည်။
ဟွားဝူတောက်က ခေါင်းခါကာ “ ကျုပ်က ပွင့်ချပ်ခုနှစ်လွှာအဆင့်ပဲ ရှိသေးတော့ ပွင့်ချပ်ရှစ်လွှာအဆင့်လို ဟန်ဆောင်လိုက်ရင် ပေါက်ကြားသွားမလို စိုးရိမ်မိတယ်”
“တကယ်လို့ ငါတို့အရှိန်အဝါကို သေချာဖုံးကွယ်ထားပြီး မလှုပ်ရှားရင် အားလုံးလို အတူတူပဲ။ မျက်စိတစ်စုံနဲ့ ခြေလက်တစ်စုံစီပဲ ရှိတာလေ။ စိတ်အေးအေးထား … ဘယ်သူမှ ကွာခြားချက်ကို မပြောနိုင်ဘူး” ဖန်လီထန်းက စိတ်ချလက်ချ ပြောလိုက်သည်။
ကျော့ယွီရှုက သက်ပြင်းချကာ “လျိုကောက ရင်ဆိုင်ဖို့ လွယ်လောက်တယ်။ ငရဲဂိုဏ်းက စီရင်စုကိုးခုကို လွှမ်းမိုးထားတဲ့ ဩဇာက ရှိသေးတယ်။ ဒါပေမဲ့ စုရှန့်နဲ့ ကုယီရန်တို့က မလွယ်လောက်ဘူး”
လူအိုကြီးသုံးယောက်က သဘာတူစွာ ခေါင်းညိတ်လိုက်ကြသည်။
ဖန်လီထန်းက ပြောလိုက်၏ “ ကြောက်နေဖို့ မလိုပါဘူး။ မျှော်နန်းသခင် ရှိနေသရွေ့ သူတို့တွေ ဘာမှမလုပ်ရဲပါဘူး”
ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူက သူတို့၏ ယုံကြည်ချက်အရင်းအမြစ် ဖြစ်ပေသည်။
…………….
ခန်းမကျယ်အတွင်း
မင်ရှစ်ရင်က ဖိတ်ခေါ်သည့်လက်ဟန် လုပ်ကာ “ရှစ်စွင်းက ကျင့်ကြံနေတုန်းဆိုတော့ ကျုပ်ကပဲ ကိုယ်စား ဧည့်ခံပေးပါ့မယ် ”
လျိုကောက အလျှင်မလိုပေ။ ထို့အစား သူက ဘေးပတ်လည်ကို ကြည့်လိုက်၏။ သူက ခန်းမကျယ်၏ ပတ်ဝန်းကျင်နှင့် ကြမ်းပြင်၊ တိုင်လုံးနှစ်လုံးကိုပင် လေ့လာလိုက်သည်။
လျိုကောက မထိုင်သေးသည့်အတွက် စုရှန့်နှင့် ကုယီရန်တို့လည်း မထိုင်ရဲကြပေ။ သူတို့က သူ့နောက်မှ အဖော်ပြုပေးနေကြသည်။
ထို့နောက် လျိုကောက ထိုင်ခုံပေါ် ထိုင်ချလိုက်ပြီး မေးလိုက်သည် “ သူတို့လေးယောက်က ပွင့်ချပ်ရှစ်လွှာအဆင့် ကျင့်ကြံသူတွေလား ”
…
အခန်း (၅၃၇) ခရုလေးနှင့် ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူ
မင်ရှစ်ရင်သည် တွေဝေမနေဘဲ ပြန်ပြောလိုက်၏။
“ဒါပေါ့” သူက ရုတ်တရက်ရပ်တန့်ပြီးနောက် ဆက်ပြောလိုက်၏။ “လန်လော့က လွန်ခဲ့တဲ့နှစ်ပေါင်းသုံးရာတုန်းက ပေနက်လွှာထိပ်မှာ ရှိခဲ့တာ။ ဒီအကြောင်းကို အရှင်မင်းကြီးက ကျုပ်ထက်ပိုသိမှာပဲ။ ဖန်လီထန်းနဲ့ကျော့ယွီရှုတို့က သူတို့မျိုးဆက်မှာ ဂုဏ်သတင်းကြီးတဲ့သူတွေဆိုတော့ မိတ်ဆက်ပေးဖို့လိုမယ်မထင်ဘူး။ ဟွားဝူတောက်က ယွင်ဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်ပဲ။ ဒါပေမဲ့ ဂိုဏ်းထဲကဖရိုဖရဲအခြေအနေတွေကြောင့် ဂိုဏ်းထဲကနေထွက်လာခဲ့တယ်။ ဘယ်မှသွားစရာမရှိတော့ ရွေးချယ်စရာမရှိဘဲ မိစ္ဆာဝေဟင်မျှော်နန်းမှာနေဖြစ်သွားတာ”
“ယွင်ထျန်းလော့က ယုတ်မာကောက်ကျစ်တဲ့အကျင့်ကစရိုက်မရှိဘူးလို့ကြားမိတာပဲ။ ဟွားဝူတောက်ကို ဘာကြောင့် ထွက်သွားခွင့်ပေးလိုက်တာလဲ။ ပြီးတော့ ပွင့်ချပ်ရှစ်လွှာ အကြီးအကဲ တစ်ယောက်က သူ ဘယ်နေရာပဲသွားသွား ဂုဏ်သရေရှိဧည့်သည် ဖြစ်မှာပဲလေ” လျိုကောက ပြော၏။
“ဒီမြေခွေးကြီးက ငါထင်ထားသလို တုံးအနေတာမဟုတ်ဘူးပဲ” မင်ရှစ်ရင်က မျက်နှာပေါ်ရှိအမူအရာကိုထိန်းလိုက်ပြီးနောက်ပြောလိုက်သည်။
“အသေးစိတ်မပြောကြရအောင်။ အရှင်မင်းကြီးက အင်ပါယာရဲ့ဧကရာဇ်ပဲ။ ဒီကိစ္စတွေကို အလွယ်လေး ရှာနိုင်တာပဲ” လျိုကောက ခေါင်းညိတ်လိုက်၏။ သူကမင်ရှစ်ရင်ကို ကြည့်ပြီးပြောလိုက်သည်။ “ငါက ဧကရာဇ်တစ်ပါးဖြစ်ခဲ့တာ။ အခု ဒီကို မင်းရဲ့ဆရာနဲ့ အတိတ်ဟောင်းတွေကို တမ်းတချင်တာကြောင့် ဒီကိုရောက်လာတာပဲ”
မင်ရှစ်ရင်က ပြောလိုက်သည်။
“ကျုပ်ပြောပြီးသားပဲ။ ကျုပ်ရှစ်စွင်း တံခါးပိတ်ကျင့်ကြံနေတာ အနည်းဆုံးတော့ နောက်ထပ်နှစ်လလောက် ဒီအတိုင်းရှိနေဦးမှာပဲ။ သူ့ကို ဘယ်သူမှနှောင့်ယှက်လို့မရဘူး"
ထိုစဉ် စုရှန့်ကပြောလိုက်၏။
“ချန်းပေ့ကျိက အစောတည်းက ပွင့်ချပ်ကိုးလွှာအဆင့်ကို ရပြီးပြီလို့ကြားထားတယ်။ သူက ဘာကြောင့်များ တံခါးပိတ်ကျင့်ကြံနေသေးတာလဲ”
ပွင့်ချပ်ကိုးလွှာသည် ပြိုင်ဖက်ကင်းပြီးသား ဖြစ်၏။ ပွင့်ချပ်ကိုးလွှာအဆင့်သည် အဘယ်ကြောင့်များ တံခါးပိတ်ကျင့်ကြံရန် လိုအပ်မည်နည်း။
မင်ရှစ်ရင်က သူ့ကိုကြည့်ပြီးပြောလိုက်သည်။ "ကျင့်ကြံခြင်းလမ်းစဉ်မှာ အဆုံးသတ်တယ်ဆိုတာ မရှိဘူး။ ကျုပ်ရဲ့ရှစ်စွင်းက လတ်တလောကမှ ပွင့်ချပ်ကိုးလွှာအဆင့်ကိုဝင်သွားတာ။ သူ့ရဲ့အဆင့်ကို တည်ငြိမ်အောင်လုပ်တာ သဘာဝပဲလေ။ ဒါနဲ့ ခင်ဗျားက ဘယ်သူလဲ”
“အနောက်မြောက် မြို့စောင့်တပ်ဂိတ်ရဲ့ တော်ဝင်အစောင့်မဟာစစ်သူကြီး စုရှန့်” စုရှန့်က ဂုဏ်ယူဝင့်ကြွားစွာပြောလိုက်သည်။
“ဪ ... ခင်ဗျားအကြောင်းတစ်ခါမှမကြားဖူးဘူး”
“…”
မင်းတုံ့ပြန်တဲ့ပုံက ငါ့ကို သိနေတဲ့ပုံ ဖြစ်နေတဲ့အချိန်မှာ ဘာကြောင့်များတစ်ခါမှမကြားဖူးဘူးလို့ ပြောနေရတာလဲ။ စုရှန့်သည် ဆွံ့အသွားလေ၏။ ပြီးနောက် သူက ပြောလိုက်၏။ “ဒါဆိုလူကြီးမင်း ချန်းပေ့ကျော့က မိစ္ဆာဝေဟင်မျှော်နန်းထဲဘာကြောင့်ရောက်လာတာလဲ”
မင်ရှစ်ရင်သည် စုရှန့်ကို တန်းမဖြေပေ။ သူတို့ကျော့ယွီရှုကို သတိထားနေကြောင်း အာရုံခံမိသည်။ သူ အစီစဉ်မကျရှုံးသွားပုံပေါ်၏။ ကျော့ယွီရှုနှင့်သူ ဆုံတွေ့ခဲ့စဉ်က တောင်ကြားထဲရှိ မြင်ကွင်းကို ပြန်တွေးမိချိန်၌ ရင်ထဲ၌ အကြောက်တရားရှိနေဆဲဖြစ်သည်။ သူ၏ရှစ်စွင်းအကြောင်းမပြောခဲ့လျှင် ကျော့ယွီရှုက သူ့ကိုသတ်လောက်ပြီဖြစ်သည်။ ရင်ထဲထိတ်ခနဲဖြစ်သွားပြီးနောက် သူက ပြုံးကာပြောလိုက်၏။
“အကြီးအကဲကျော့က ကျုပ်ရဲ့ရှစ်စွင်းကို လေးစားနေတာကြာလှပြီ။ ကျန်တာတွေကို ခင်ဗျားသိမယ်ဆိုတာ သေချာတယ်”
လျိုကောက ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်၏။
“အဲ့ဒီတုန်းက ညီအစ်ကိုကျိနဲ့ စတင်သိကျွမ်းတဲ့အချိန်မှာ သူ့ကိုသဘောကျတဲ့မိန်းမလှလေးတွေ အများကြီး တကယ်ရှိခဲ့တာ။ အစ်ကိုကျိရဲ့စိတ်နေသဘောထားကသာ ပိုပြီးလက်ခံခဲ့မယ်ဆိုရင် ငါ ... ငါ ရပ်နေဖို့အခွင့်အရေးတောင် ရှိမှာမဟုတ်ဘူး”
“…” မင်ရှစ်ရင်က အမှန်တကယ်ဆွံ့အသွား၏။ ဒီအဖိုးကြီးက ဘာကြောင့် ဒီလောက်အရှက်မဲ့ရတာလဲ။ အဆုံးကျသူသည် လာရောက်လည်ပတ်သူများကို ပြောလိုက်၏။
“ဟုတ်ပြီ ... ကျုပ်ပြောတာ လုံလောက်ပြီ။ ခင်ဗျားတို့တွေက အခုမိစ္ဆာဝေဟင်မျှော်နန်းထဲ ဝင်ကြည့်ပြီးပြီ။ အခုထွက်သွားရမဲ့အချိန်လေ”
လျိုကောက ဖြည်းဖြည်းချင်း ထရပ်ပြီးပြောလိုက်၏။ “အစ်ကိုကျိက အခု ငါ့ကိုမတွေ့နိုင်ဘူးဆိုမှတော့ သူ့ကိုစောင့်နေမယ်။ ကျယ်ဝန်းလှတဲ့ မိစ္ဆာဝေဟင်မျှော်နန်းထဲမှာ ငါလို အရိုးအိုကြီးနေဖို့ အခန်းတွေရှိမှာမလား”
“ခင်ဗျား နေမှာလား” မင်ရှစ်ရင်က ထိတ်လန့်သွား၏။
“ဒီသုံးလအတွင်း အစ်ကိုကျိကို မနှောင့်ယှက်ပါဘူး" လျိုကောက ပြန်ပြောလိုက်၏။
“…”
ကိစ္စများသည် ဤအခြေအနေဖြင့် အနည်းငယ်ပိုရှုပ်ထွေးလာသည်။ လာရောက်လည်ပတ်သူသုံးဦးသည် အကျော်အမော်များဖြစ်၏။ သူတို့ဤနေရာတွင် နေနေစဉ်အတောအတွင်း ဘာမှမဖြစ်ဟု အာမ မခံနိုင်ပေ။ သူတို့ပြင်ဆင်ပြီး လာတာသိသာ၏။
ယခုအချိန်တွင် ပဋိပက္ခဖြစ်ပွားခဲ့လျှင် ရွှေကြာဖြတ်တောက်ထားသည့် အကြီးအကဲလေးဦးက ထုတ်ဖော်ခံရလိမ့်မည်။ သုံးယောက်သားကိုနေခွင့်ပေးခဲ့လျှင် မိစ္ဆာဝေဟင်မျှော်နန်းဆီသို့ မလိုလားအပ်သော ရှုပ်ထွေးမှုများနှင့် မရေရာမှုများသာ ဆောင်ယူလာလိမ့်မည်။
ထိုစဉ် စုရှန့်ကပြောလိုက်၏။
“မိစ္ဆာဝေဟင်မျှော်နန်းရဲ့အကြီးအကဲလေးယောက်က အစောတုန်းက သူတို့ရဲ့ရောင်ဝါတွေကို ထိန်းချုပ်ထားတာပဲ။ ဒါကြောင့် ဘာကနဦးချီမှ အာရုံမခံနိုင်ခဲ့ဘူး။ သူတို့တွေက မိစ္ဆာဝေဟင်မျှော်နန်းမှာ ရှိနေတယ်ဆိုမှတော့ အပြင်လူတွေ မရှိတဲ့နေရာမှာ သူတို့ ဘာကြောင့်နေဖို့လိုအပ်မှာလဲ”
မင်ရှစ်ရင်သည် စုရှန့်၏စကားကြောင့် ထိတ်လန့်အံ့ဩသင့်သွား၏။ ထင်သည့်အတိုင်း ဤအစီအစဉ် သည် ဤလူများကို အရူး မလုပ်နိုင်ပေ။ စုရှန့်က ဆက်ပြောသည်။
“အကြီးအကဲကျော့က ကွန်ဖြူးရှပ်ကျင့်ကြံသူတစ်ယောက်ပဲ။ သူက လွန်ခဲ့တဲ့နှစ်ပေါင်းငါးရာတုန်းက ကွန်ဖြူးရှပ်ကျောင်းက ရှားပါးတဲ့ပါရမီရှင်လည်း ဟုတ်တယ်။ သူ အမုန်းဆုံးက လျှို့ဝှက်ထားတာပဲ”
စုရှန့်သည် ပွင့်ပွင့်လင်းလင်းမပြောသော်ငြား မင်ရှစ်ရင်သည် သူ့စကားနောက်ကွယ်ရှိ လျှို့ဝှက်သောသဘောကို နားလည်လိုက်၏။ သူက မျက်နှာထားတင်းတင်းဖြင့်ပြောလိုက်သည်။
“ခင်ဗျား မိစ္ဆာဝေဟင်မျှော်နန်းအကြောင်း ဘာမှမသိတဲ့ပုံပဲ”
စုရှန့်သည် ထိုစကားကြောင့် အနည်းငယ်အံ့အားသင့်သွားသည်။
အမှန်တကယ်ပင် မိစ္ဆာဝေဟင်မျှော်နန်းသည် ကျန်သည့်နေရာများကဲ့သို့မဟုတ်ပေ။ သဘောတရားများက ဤနေရာတွင် အကျုံးမဝင်ချေ။
စုရှန့်သည် သတိပြန်ထိန်းလျက် စကားပြောလိုက်သည်။
“ဒီလိုဆိုမှတော့ ကျုပ်အကြီးအကဲတွေနဲ့ လက်ရည်ယှဉ်ချင်ပါတယ်”
“…” နာလိုက်တာကွာ။ မင်ရှစ်ရင်၏စိတ်ထဲ ချက်ချင်းအတွေးများသွားသည်။ အကြီးအကဲလေးယောက်က ရွှေကြာဖြတ်တောက်ပြီး ပြန်လည်ကျင့်ကြံနေတာပဲဖြစ်သည်။ သူတို့ ယခုအချိန်တွင် စုရှန့်နှင့်လက်ရည်ယှဉ်ခဲ့ပါက ရှုံးမှာသေချာ၏။ သို့သော် အကြီးအကဲများသည် စုရှန့်၏စိန်ခေါ်မှုကို လက်မခံခဲ့လျှင် မိစ္ဆာဝေဟင်မျှော်နန်းက ကြည့်ကောင်းမှာမဟုတ်ပေ။ ဦးနှောက်စားတဲ့ပြဿနာပဲ။
မင်ရှစ်ရင်က စဉ်းစားနေစဉ် စုရှန့်က ပြောလိုက်၏။
"ကျွန်တော်တကယ် သင်ခန်းစာပေးဖို့တောင်းဆိုနေတာပါ။ တခြားလှုပ်ရှားမှုမရှိပါဘူး။ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ အကျော်အမော်က တိမ်တိုက်လောက် များပြားနေတယ်ဆိုမှတော့ သူတို့ကျုပ်ကို တစ်ခုနှစ်ခု သင်ပေးရလည်းစိတ်ရှိမှာမဟုတ်ဘူး”
စုရှန့်က တွေဝေမနေဘဲဆက်ပြော၏။ မင်ရှစ်ရင်၏တုံ့ဆိုင်းမှုက သူနှင့် ကုယီရန်ကို မိစ္ဆာဝေဟင်မျှော်နန်းက တစ်စုံတစ်ခု ဖုံးကွယ်ထားသည်ဟု ခံစားမိ၏။ သူကလက်ရည်ယှဉ်ခြင်းနှင့် သင်ယူခြင်းဟူသည့် စကားအောက်၌ အခြေအနေကို သဘောပေါက်အောင်ကြိုးစားနေတာဖြစ်သည်။ သူတို့ မိစ္ဆာဝေဟင်မျှော်နန်းကို ရန်မစမိရန်သေချာစေသည့်နည်းလမ်းကောင်းလည်းဖြစ်သည်။
ဒီမြေခွေးအိုကြီး သုံးယောက်ကတော့ ...
လျိုကောသည် တစ်ခွန်းမှမပြောဘဲ ဘေးတွင်ထိုင်နေ၏။
သူသည် စုရှန့်၏လုပ်ရပ်ကို ထောက်ခံတာသိသာသည်။
မင်ရှစ်ရင်သည် နောက်ဆုံးတော့ပြောလိုက်သည်။
“လက်ရည်ယှဉ်ဖို့မလိုဘူး။ မိစ္ဆာဝေဟင်မျှော်နန်းက ခင်ဗျားတို့နဲ့ ကစားပေးဖို့အချိန်မရှိဘူး”
ထိုစဉ် သာယာငြိမ့်ညောင်းသော သံစဉ်က ခန်းမထဲပျံ့လွင့်လာ၏။ မျက်နှာပေါ် လေပြည်လေညင်း တိုက်ခတ်သည့်ပမာ ငြိမ့်ညောင်းပေ၏။ မကျယ်သော်ငြား လူတိုင်းကြားရသည်။
လျိုကောသည် အသံကိုစိတ်ဝင်စားသွား၏။ သူသည် ခန်းမအပြင်ဖက်ကို ကြည့်ပြီးမေးလိုက်သည်။
“မိစ္ဆာဝေဟင်မျှော်နန်းမှာ တေးသွားမှာ ပါရမီထူးတဲ့သူရှိနေတာလား”
မင်ရှစ်ရင်ကပြောလိုက်သည်။ “ဟုတ်ပါတယ်”
မင်ရှစ်ရင်ပြောပြီးသည်နှင့် ခန်းမထဲသို့ စိတ်ဝိညာဉ်သဏ္ဌာန်ဓားလေးတစ်စင်းက ဦးတည်ရာမဲ့ရာက ပျံသန်းဝင်ရောက်လာသည်။ အစွမ်းမထက်သော်ငြား လှုပ်ရှားမှုက မြန်ဆန်သည်။
ကုယီရန်က အထိတ်တလန့်ထုတ်ပြောလိုက်သည်။ “ချီရဲ့စွမ်းအားကို အသံနဲ့ထိန်းချုပ်တာ။ ခန်းမအပြင်ဖက်က ဘယ်သူလဲ”
မင်ရှစ်ရင်၏ စိတ်ထဲအကြံတစ်ခုပြောလာကာ သူကမင်သေသေ မျက်နှာထားဖြင့်ပြောလိုက်သည်။ “သူက အသံနဲ့ ချီကို ထိန်းချုပ်နေရုံပဲ။ ပြောပလောက်အောင်မဟုတ်ဘူး”
စုရှန့်နှင့်ကုယီရန်သည် မင်ရှစ်ရင်၏စကားကိုကြားသောအခါ အနေခက်သွား၏။ သူတို့၏အမြင်တွင် ယင်းက အံ့ဩဖွယ်ကောင်းသော စွမ်းရည်တစ်ခုဖြစ်သည်။ စစ်မြေပြင်၌ နှစ်ပေါင်းများစွာ အချိန်ကုန်ဆုံးပြီးနောက် သူတို့သည် စစ်ပွဲ၌ မည်သည့်အကျင့်စရိုက်က အခွင့်ပိုသာကြောင်း၊ မည်သည့်စွမ်းရည်က အခွင့်ပိုသာကြောင်း ကောင်းကောင်းသိလာသည်။ ဗုဒ္ဓကုသခြင်း ကျင့်စဉ် တောက်ပကြေးမုံဖြစ်စေ သို့တည်းမဟုတ် ဗြဟ္မာသားချော့တေးကဲ့သို့ တိုက်ခိုက်သည့်အကွက်ဖြစ်စေ စစ်ပွဲ၌ အသုံးပြုနိုင်သည့် လက်နက်များ ဖြစ်သည်။ ကွန်ဖြူးရှပ် အစီအရင်များကလည်း အသုံးဝင်၏။ သူတို့ကောင်းစွာအသုံးပြုလျှင် သူတို့တပ်ဖွဲ့က ပြိုင်ဘက်ကင်းပေလိမ့်မည်။
ထိုစဉ် စွမ်းအင်ဓားသည် စုရှန့်ဆီသို့တိုးဝင်လာ၏။
ဝှစ်
စုရှန့်အမူအရာက သုန်မှုန်သွားသည်။ “သေးသိမ်လိုက်တာ” သူက လက်ချောင်းနှစ်ဖက်ကို ထုတ်လိုက်၏။ အဆောင်နှစ်ခုက စွမ်းအင်ဓားဆီတိုးဝင်သွားသည်။ အဆောင်များလောင်မြိုက်သွားပြီးနောက် သင်္ကေတစည်းတံဆိပ်တစ်ခုသည် စွမ်းအင်ဓားလေကို ဝါးမြိုသွားသည်။ တစ်ချိန်တည်းတွင် လေထဲ၌ နာကျင်လောက်သည့်အသံမျိုးပေါ်ထွက်လာသည်။
ပုလွေသံနှင့် စည်းတံဆိပ်သင်္ကေတက ပျောက်ကွယ်သွားသည်။
ခန်းမအပြင်ဖက်တွင် ခန်းမထဲသို့ထပ်ကျူးကျော်လာ၏။ ပုလွေတီးခတ်သူသည် အရှုံးပေးလိုဟန် မပေါ်ဘဲ ပုလွေကို တီးမှုတ်နေလေ၏။ တေးသွား၏အရှိန်က ယခုဆိုပိုမြန်လာသည်။
စုရှန့်ကရယ်မောပြီးပြောလိုက်သည်။ “စိတ်ဝင်စားစရာပဲ” သူက လက်ဖဝါးနှစ်ဖက်ကိုပူးကပ်လျက် လေထဲတွင် အရွယ်အစားမျိုးစုံဖြင့် သင်္ကေတတို့က ပေါ်ထွက်လာပြီး တစ်ခုနှင့်တစ်ခုတိုက်မိကုန်၏။
တိုက်မိသည့်အသံတို့က ပုလွေသံနှင့် ယှဉ်ထွက်လာသည်။
ပုလွေသည်ခဏတာရပ်တန့်သွားသည်။ ပြီးနောက် ပိုမြင့်သည့်ကီးဖြင့် စတင်ပေါ်ထွက်လာသည်။ ဤမတိုင်မီက စမ်းရေစီးဆင်းမှုဆိုလျှင် ယခုက ဒီရေလှိုင်းဖြစ်သည်။
စုရှန့်က ပျော်ရွှင်သွား၏။ “မိစ္ဆာဝေဟင်မျှော်နန်းရဲ့ တပည့်ကိုးယောက်ထဲမှာ တေးသွားကျွမ်းကျင်တာကို တစ်ခါမှမကြားဖူးဘူး။ ဒါကို ဒီနေ့ကိုယ်တိုင်မျက်မြင်ကြုံတွေ့လိုက်တာ ကံကောင်းတာပဲ။ ကျုပ်က လူကြမ်းတစ်ယောက်ဆိုပေမဲ့ ဂီတကို သိပ်သဘောကျတာ။ ဒီနေ့ ကျုပ်ပြိုင်ဖက်တွေ့ပြီနဲ့တူတယ်။ လာပြီ ... ထပ်ပြီးတော့”
စုရှန့်သည် ထရပ်လိုက်၏။ သူ၏လက်များသည် ဝေဝါးသွားပြီး သူသည် လက်သင်္ကေတများစွာ ပြုလုပ်လိုက်၏။
သူတို့၏ အစောတုန်းက တိုက်ကွက်ဖလှယ်မှုသည် သာမန်သာဆိုလျှင် ယခုအလေးထားနေပြီဖြစ်သည်။
ကနဦးချီများဝေ့တက်လာပြီး စည်းတံဆိပ်သင်္ကေတများက တိုးလာကာ အားလုံးသည် နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်ဖြစ်သည်။
စုရှန့်ကအလေးထားနေတာသိသာ၏။
ယင်းကို မြင်သောအခါ မင်ရှစ်ရင်ကစိတ်လေးသွားသည်။ အပြင်ဖက်တွင် ပုလွေမှုတ်နေသူကို သိ၏။ ထိုလူသည် တော်ဝင်အစောင့်၏မဟာစစ်သူကြီးရှစ်ဦးထဲမှ တစ်ဦးဖြစ်သော စုရှန့်နှင့်မည်ကဲ့သို့ ယှဉ်နိုင်မည်နည်း။
ဒုန်း ဒုန်း ဒုန်း
စည်းတံဆိပ်သင်္ကေတများက ပိုကြီးလာပြီး တိုက်မိသည့်အချိန်၌ ခေါင်းလောင်းထိုးသည့်အသံအတိုင်း ပေါ်ထွက်လာသည်။
ပုလွေသံပျောက်ကွယ်သွားသည်နှင့် အသံလှိုင်းတို့က ပြန့်ကားသွားသည်။ မင်ရှစ်ရင်တို့က စွမ်းအင်ကိုထုတ်ဖော်လျက် လျင်မြန်စွာရွေ့လိုက်သည်။
ဝှစ်
စွမ်းအင်တို့ ပေါ်ထွက်လာသည်။
မိစ္ဆာဝေဟင်မျှော်နန်း၏ခန်းမအပြင်ဖက်၌ ပွင့်ချပ်ငါးလွှာစိတ်ဝိညာဉ်သဏ္ဌာန်ရှိနေ၏။ ၎င်း၏စွမ်းအားသည် မျက်နှာကြက်ဆီသို့ ရွေ့သွားကာ စုရှန့်၏အသံလှိုင်းကို ပိတ်ဆို့လိုက်သည်။
အသံများအားလုံးချက်ချင်းအပိတ်ခံလိုက်ရ၏။ မင်ရှစ်ရင်က အထဲဝင်လာသည်။ သူ၏ရှောင်ရှစ်မေ့သည် ထိုအသံကို ခံနိုင်ရည်ရှိပုံမပေါ်။
စုရှန့်က မျက်မှောင်ကျုံ့ကာမေးလိုက်၏။ “ဘာကြောင့် ဝင်စွက်ဖက်ရတာလဲ လူကြီးမင်း"
“ဒါက မိစ္ဆာဝေဟင်မျှော်နန်း ခင်ဗျားတို့ စိတ်တိုင်းကျလုပ်ရမဲ့နေရာမဟုတ်ဘူး” မင်ရှစ်ရင်က ပြောလိုက်သည်။
“သူကတော့ ငါ့ကို တိုက်ခိုက်ခွင့်ရှိပြီး ငါကတော့ သူ့ကို ပြန်တိုက်ခိုက်ခွင့်မရှိဘူးလား” စုရှန့်သည် ထိုသဘောတရားကို နားမလည်နိုင်ပေ။
မင်ရှစ်ရင်က ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်၏။ “ကျုပ် ခင်ဗျားကို ပြောပြီးသားပဲ။ ဒါက ခင်ဗျားတို့ နေသင့်တဲ့နေရာ မဟုတ်ဘူး”
စုရှန့်က ပြောသည်။ “လက်ရည်ယှဉ်ရင် အစကနေအဆုံးထိ အမြဲတမ်းဖြစ်ရမှာပေါ့” သူက လက်ဝါးနှစ်ဖက်ကို ထပ်မံပူးကပ်လိုက်၏။ စည်းတံဆိပ်သင်္ကေတများက သူ၏ခန္ဓာကိုယ်ကနေ ပေါ်ထွက်လာပြီး အဝိုင်းသဏ္ဌာန်ညီညီညာညာစုစည်းသွားတော့သည်။ အလင်းစက်ဝိုင်းများက လေထဲကနေထွက်ပေါ်လာ၏။ ဗုဒ္ဓဗြဟ္မာသားချော့တေးကဲ့သို့ အသံဖြစ်နေ၏။ မင်ရှစ်ရင်က မျက်မှောင်အနည်းငယ်ကျုံ့လိုက်သည်။
ထိုစဉ်နားကွဲလောက်သည့်အသံ၊ စိတ်မရှည်သည့်အသံသည် မဟာခန်းမဆောင်ထဲကနေပေါ်ထွက်လာ၏။ အသံလှိုင်းသည် လျှောက်လမ်းရှိအဟုန်နှင့် တလိမ့်လိမ့်တက်လာ၏။ “မသိတတ်လိုက်တာ”
...