အခန်း (၅၃၈-၅၄၀)
Vol. 36 Ch. 538-540
အခန်း (၅၃၈) မိန်းကလေးကို တောင်းပန်လိုက်
အသံလှိုင်းက သူတို့ အရင်က ကြုံတွေ့ဖူးသည့် အသံနည်းစနစ်များနှင့် ကွဲပြားနေဟန်ပေါ်သည်။ ဤသည်က အားကောင်းကာ ကြည်လင်လှပြီး လျှင်မြန်၏။ သူတို့အား သတိလက်လွတ် ဖြစ်သွားစေသည်။
အသံလှိုင်းက ပစ်မှတ်ထံ ကျရောက်လာ၍ စုရှန့်၏ မျက်နှာထက် မျက်မှောင်ကြုတ်မှုတစ်ခု ဖြစ်လာလေသည်။
ဘန်း
စုရှန့်က နောက်ဆုတ်ရင်း ညည်းလိုက်ရသည်။ သူက ပွင့်ချပ်ရှစ်လွှာအဆင့် ကျင့်ကြံသူ ဖြစ်၏။ သူက အသံလှိုင်း တိုက်ခိုက်မှု ခံလိုက်ရသည်နှင့် လဲကျသွားတာမျိုး၊ လွင့်စဉ်သွားတာမျိုး မဖြစ်စေရန် ခြေထောက်ကို ခိုင်ခိုင်မာမာ ရပ်ထားခဲ့သည်။ သို့သော်လည်း တစ်ခါတစ်ရံတွင် လွင့်စဉ်သွားလိုက်ခြင်းက ကိစ္စဆိုးတော့ မဟုတ်ပေ။ နမူနာအားဖြင့် သူက လွင့်စဉ်သွားခွင့်ပြုလိုက်လျှင် လေထဲ ကျွမ်းထိုးကာ အသံလှိုင်း၏ သက်ရောက်မှုကို လျော့ချနိုင်ပေမည်။ ထိုအရာဖြင့် သူက အနည်းငယ်မျှသာ ထိခိုက်မည် ဖြစ်၏။ သို့သော်လည်း သူက ထိပ်တိုက် ရင်ဆိုင်ဖို့သာ ရွေးချယ်ခဲ့မိသည်။
စုရှန့်က နံရံနောက်ကို ထိတ်လန့်စွာ လှမ်းကြည့်လိုက်သည်။
ဧကရာဇ်ယုံရှို့ လျိုကောနှင့် ကုယီရန်တို့လည်း အံ့ဩနေကြသည်။
တစ်ဖက်တွင် မင်ရှစ်ရင်က ကျေနပ်နေ၏။ သူက စိတ်ဝိညာဉ်သဏ္ဌာန်ကို ပြန်ရုပ်သိမ်းကာ လျှို့ဝှက်အခန်းဘက်အား ဦးညွှတ်လိုက်သည် “ရှစ်စွင်းကို ဂါရဝပြုပါတယ် ”
လေထုထဲ လမ်းလျှောက်လာသံကို ကြားလိုက်ရသည်။ ခြေလှမ်း၏ အမြန်နှုန်းက နှေးလည်း မနှေးသလို မြန်ဆန်ခြင်းလည်း မရှိပေ။ ခြေလှမ်းတိုင်းက ခိုင်မာကာ အဝေးတစ်နေရာမှ ထွက်လာသလိုမျိုး ဖြစ််နေသည်။
ဧည့်သည်တော် သုံးယောက်က မိစ္ဆာဝေဟင်မျှော်နန်း၏ မျှော်နန်းသခင် ပေါ်ထွက်လာတော့မည် ဖြစ်ကြောင်း သိလိုက်ကာ အသံကို အာရုံစိုက်ထားလိုက်ကြသည်။
နောက်ဆုံးတွင် လုကျိုးက လက်နောက်ပစ်လျက် ခန်းမကျယ်နောက်ကနေ အားလုံးရှေ့မှောက် ပေါ်ထွက်လာသည်။ ယခင်သုံးလအတွင်း သူက တရားထိုင်သည့် အခြေအနေတွင် နှစ်မြှပ်ထားခဲ့သည်။ သူက အာရုံနှင့် အသိစိတ် ဝင်နေခြင်း မရှိပေ။ သို့သော်လည်း သူက တစ်ခါတလေ ကြားရသည့် စကားဝိုင်း အပိုင်းအစများကို ကြားနိုင်သေး၏။ တစ်ခါတလေတွင် သူတို့က ရှင်းလင်းပြီး တစ်ခါတစ်ရံတွင် ဝါးတားတား ဖြစ်နေတတ်သည်။
လွန်ခဲ့သည့် အခိုက်အတန့်လေးက သူသည် တရားထိုင်ရာ၌ စိတ်နှစ်ထားဆဲ ဖြစ်၏။ သူ့အနေနှင့် နိုးထလာဖို့ ရည်ရွယ်ချက် မရှိပေ။ သူက ခန်းမကျယ်ထဲမှ ရုတ်ရုတ်သည်းသည်းဖြစ်မှုကြောင့် ထလာရခြင်း ဖြစ်၏။ ခရုလေး၏ ပုလွေသံက သူ့အား အာရုံစိုက်စေဖို့ ကူညီပေးသော်လည်း အပြင်ဘက်မှ သင်္ကေတအချင်းချင်း ထိပ်တိုက်တွေ့သည့် ဆူညံသံများက သူ့အား နိုးထလာစေသည်။
လုကျိုးက ခန်းမကျယ်ထဲ ရောက်လာသည်နှင့် ဧည့်သည်တော်သုံးယောက်ကို ဝေ့ခနဲ ကြည့်လိုက်သည်။
စုရှန့်နှင့် ကုယီရန်တို့က တောင့်တင်းသွားကြသည်။
လုကျိုးက နောက်ဆုံးတွင် လျိုကောအား ကြည့်လိုက်ပြီး “လျိုကောလား”
လျိုကောကလည်း အံ့အားသင့်နေမိသည်။ ကျိထျန်းတောက်က သွက်သွက်လက်လက် မလှုပ်ရှားနိုင်တော့သည့် တစ်ခေါင်းလုံး ဖြူနေသည့် လူအိုကြီးတစ်ယောက်သာ ဖြစ်၏။ သူက ကျော့ယွီရှုထက် မသာပေ။
လျိုကောက ယခုလက်ရှိ ကျိထျန်းတောက်၏ သွင်ပြင်ကို မြင်လိုက်ရသည့်အခါ မအံ့ဩဘဲ မနေနိုင်တော့ပေ။ ကျိထျန်းတောက်၏ ကျောက ဖြောင့်တန်းနေပြီး စိတ်တက်ကြွနေဟန်ပေါ်သည်။ သူ့အကြည့်များကလည်း အသက်ဝင်ပြီး အားပြည့်နေ၏။ ကျိထျန်းတောက်က စုရှန့်အား အပြစ်တင်ကြိမ်းမောင်းစဉ်ကပင် သူ့အသံတွင် အသက်ဓာတ်အပြည့် ဖြစ်နေဆဲ ဖြစ်၏။ ကျိထျန်းတောက် သက်တမ်းကုန်ခါနီး လူတစ်ယောက်နှင့် နည်းနည်းလေးမျှ မတူပေ။
လျိုကောက အုပ်ချုပ်သူတစ်ယောက် ဖြစ်သော်လည်း လုကျိုး၏ သွင်ပြင်ကို မြင်လိုက်ရသည့်အခါ သူ့စိတ်ထဲ အထိတ်တလန့် ဖြစ်မိသွားသေး၏။ နောက်ဆုံးတွင် သူက ကျိထျန်းတောက်နှင့် မတွေ့ဖြစ်သည်မှာ နှစ်အတာ်အတန်ကြာမြင့်သွားကြောင်း သတိရသွားကာ အလျင်စလို ပြောလိုက်သည်။ “ ငါ .. ညီအ်ကိုကျိ ကျုပ်တို့ ပြန်တွေ့ကြပြီပဲ ”
“မင်းက မသေသေးဘူးလား ”
စုရှန့်က ရှေ့တစ်လှမ်းတိုးလိုက်သည်။ မိစ္ဆာဝေဟင်မျှော်နန်း၏ မျှော်နန်းသခင်က နန်းစွန့်ဧကရာဇ်တစ်ယောက်ရှေ့မှာ သေပြီဟူသော နမိတ်မရှိသည့် စကားမျိုး အသုံးပြုနေသည် မဟုတ်ပါလော။ သို့သော်လည်း သူ ရှေ့လှမ်းလိုက်သည်နှင့် ချက်ချင်း သွေးအန်လိုက်ရသည်။
ဘယ်လောက်တောင် အားကောင်းလိုက်တဲ့ အသံနည်းစနစ်လဲ …
သူက အသံလှိုင်းကြောင့် ဒဏ်ရာရသွားလိမ့်မည်ဟု မထင်မိပေ။ သူတို့က တိုက်ပွဲပင် မတိုက်လိုက်ရသော်လည်း သူ့အတွင်းအင်္ဂါများက ဒဏ်ရာရသွားခဲ့လေပြီ။
အခု မိစ္ဆာဝေဟင်မျှော်နန်းသခင်က ဘယ်လောက်တောင် အားကောင်းနေတာလဲ … ကြည့်ရတာ ပွင့်ချပ်ကိုးလွှာအဆင့်က တကယ်ကို ထူးတာပဲ
လုကျိုးက လျိုကောဆီမှ စုရှန့်ဆီ အကြည့်ရောက်သွားသည်။ “မင်းက အားနည်းတဲ့လူတွေကို အနိုင်ကျင့်ရတာ ကြိုက်တယ်လား”
စုရှန့်က နားရှုပ်သွားဟန်ပေါ်သည်။ သူက နာကျင်မှုကို အံ့တုရင်း ဦးညွှတ်ကာ “ကျိချန်းပေ့ … ကျုပ်တို့က လက်ရည်စမ်းနေတာပါ။ တကယ်လို့ အနှောင့်အယှက်ဖြစ်သွားရင် ပြစ်ဒဏ်ကို ခံယူပါ့မယ်”
“လက်ရည်စမ်းတာတဲ့လား ”
ထိုစဉ် ခန်းမကျယ်ထဲ ပုံရိပ်အသေးလေးတစ်ခု ဝင်ရောက်လာသည်။ သူမက လန်ထန်းကျောက်စိမ်း ပုလွေကို ကိုင်ဆောင်ထားပြီး ခန်းမကျယ်ထဲ တစ်ယောက်ယောက်ကို ရှာနေဟန်ပေါ်သည်။ သူမက ဆရာဖြစ်သူကို တွေ့သည်နှင့် ဦးညွှတ်ကာ “ ရှစ်စွင်း မင်္ဂလာပါ ”
လုကျိုးက စုရှန့်အား ပြန်မကြည့်ခင် ခရုလေးအား ကြည့်လိုက်သည်။
စုရှန့်က ခရုလေးနှင့် သူမလက်ထဲမှ ပုလွေကို ရိပ်ဖမ်းသံဖမ်း မြင်လိုက်ပြီးနောက် သူ့လက်များက တုန်ယင်လာကာ ထုတ်ပြောလိုက်သည်။ “ ပုလွေဆရာက သူမလား”
မင်ရှစ်ရင်က ပြောလိုက်သည်။ “ဘယ်သူ ဖြစ်နိုင်ဦးမှာလဲ။ ပွင့်ချပ်ရှစ်လွှာအဆင့် အကျော်အမော်ကြီးက အသိအာရုံစုစည်းခြင်း နယ်ပယ် ဝင်ခါစ အငယ်လေးကို အနိုင်ကျင့်နေတယ်တဲ့ ”
စုရှန့်က ဘေးကျပ်နံကျပ် ဖြစ်လာမိသည်။ သူ့မျက်လုံးများက မယုံကြည်နိုင်မှုအပြည့် ဖြစ်နေပြီး ခေါင်းတယမ်းယမ်းဖြင့် “အသိအာရုံစုစည်းခြင်း နယ်ပယ်တဲ့လား”
သူက လှပကာ အပြစ်ကင်းသည့် ကောင်မလေးအား ထပ်ကြည့်လိုက်သည်။
သူမက အသိအာရုံစုစည်းခြင်း နယ်ပယ်လို့ ထင်ရအောင် အရှိန်အဝါဝှက်ထားတဲ့ ပညာရှင်များလား …
သူက ခေါင်းခါလိုက်သည်။
မဟုတ်သေးဘူး … သူမက အရမ်းငယ်လွန်းတယ် … ဒီလိုမျိုး မိန်းကလေး ငယ်ငယ်လေးက ဘယ်လိုလုပ် ကျင့်ကြံဆင့် မြင့်နိုင်မှာလဲ
စုရှန့်က ပါးပြင် ပူနွေးလာသလို ခံစားလိုက်ရသည်။ သူက ရှက်မိ၏။
သူက အသိအာရုံစုစည်းခြင်း နယ်ပယ် ဝင်ခါစ မိန်းကလေးငယ်လေးနှင့် ယှဉ်ပြိုင်ခဲ့သည်ကို တွေးကြည့်လိုက်လျှင် …
အကြောင်းပြချက် ပေးစရာ မရှိတော့ပေ။ သူ့အပြုအမူများက အမှန်တကယ် ရှက်ဖို့ကောင်းနေသည်။
သူကလုကျိုးအား နေရခက်စွာ ကြည့်လိုက်သည်။ သို့သော်လည်း သူ့အကြည့်များက လုကျိုးနှင့် ဆုံသွားသည့်အခါ တုန်ယင်သွားပြီး “ကျိ … ကျိချန်းပေ့ ”
လုကျိုး စကားက သူ့နားထဲ ပဲ့တင်ထပ်နေသည်။
လုကျိုးက တည်ငြိမ်စွာ ပြောလိုက်၏။
“ မင်းက လက်ရည်စမ်းရတာ ကြိုက်မှတော့ မင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်”
“ဟမ် ”
“ဒါကို ယူလိုက်” လုကျိုးက လက်မြောက်လိုက်သည်။ သူ့လက်ချောင်းမှ အပြာရောင် အလင်းတန်း ထွက်လာသည်။
“ကွန်ဖြူးရှပ်ကျောင်းတော်ရဲ့ စွန့်ပစ်ခံ ဉာဏ်ပညာ ”
စုရှန့်နှင့် ကုယီရန်တို့က ကွန်ဖြူးရှပ် ပညာရှင်များ ဖြစ်ကြသည်။ သူတို့က ထိုနည်းစနစ်ကို မှတ်မိသည်မှာ ပုံမှန်သာ ဖြစ်၏။
“ညီအစ်ကိုကျိ သက်ညှာပေးပါ” လျိုကောက မျက်မှောင်ကြုတ်လိုက်သည်။
လုကျိုးက တိုက်ခိုက်ဖို့ ဆုံးဖြတ်ထားလေရာ မည်သို့အလွယ်လေး လက်လျော့မည်နည်း။ စွန့်ပစ်ခံ ဉာဏ်ပညာ၏ သင်္ကေတများက သူ့လက်ချောင်းကြား ပေါ်ထွက်လာပြီး ပစ်လွှတ်လိုက်သည်။
စုရှန့်က နောက်ဆုတ်လိုက်သည်။ သူက လက်ညိုးအချင်းချင်း ထိကာ လက်ဝါးကို ပူးကပ်ထားလိုက်သည်။ သူကလည်း စွန့်ပစ်ခံ ဉာဏ်ပညာကို ထုတ်သုံးတော့မည့်ဟန်ပေါ်၏။ သူသည်လည်း ပညာရှင် မဟုတ်ပါလော။ ဤသို့သော အခြေအနေမျိုးနှင့် ရင်ဆိုင်ရသည့်အခါ ကာကွယ်မည့်အစား တိုက်ခိုက်ဖို့ပဲ ရွေးချယ်လေသည်။
စွန့်ပစ်ခံ ဉာဏ်ပညာမှ သင်္ကေတများက ပေါ်ထွက်လာသည်။ ဝမ်းနည်းစွာဖြင့် သူတို့က လုကျိုး၏ လက်တစ်ဖက်တည်းဖြင့် ထုတ်ဖော်ထားသည့် သင်္ကေတများကို ယှဉ်နိုင်ဟန်မပေါ်ပေ။ မည်သို့ပင်ဆိုစေကာမူ သူက ပြန်လည်တိုက်ရုံမှအပ ရွေးချယ်စရာ မရှိတော့ပေ။ သူက ရှေ့ကို ရည်ညွှန်းလိုက်သည့်အခါ လက်ချောင်းကြား စွမ်းအားရစ်ဝေ့လာသည်။ သင်္ကေတများက မပစ်လွှတ်ခင် စွမ်းအားစည်းတံဆိပ်အဖြစ် ဖွဲ့စည်းသွားလေ၏။
စွန့်ပစ်ခံ ဉာဏ်ပညာ နည်းစနစ်နှစ်ခုက ထိပ်တိုက်တွေ့ကုန်ကြသည်။
ဝုန်း
ထင်ထားသည့်အတိုင်း စုရှန့်က နောက်လိမ့်သွားသည်။ သူက အလျင်စလို လက်ဖြင့် ကာဆီးလိုက်သည်။ ခဏအကြာတွင် အားကောင်းသည့် စွမ်းအားစည်းတံဆိပ်ကြောင့် သူ့လက်မောင်းက ကျိုးသွားလေ၏။
လုကျိုး၏ စွန့်ပစ်ခံ ဉာဏ်ပညာက ပျောက်ကွယ်မသွားဘဲ ဆက်လက် ပေါ်ထွက်နေဆဲ ဖြစ်၏။ ထိုအရာက စုရှန့်၏ ရင်ဘတ်ပေါ် ကျရောက်သွားကာ စုရှန့်အား ခန်းမကျယ်ထဲမှ နှင်လွှတ်လိုက်တော့သည်။ စုရှန့်က ရင်ပြင်အရှေ့ဘက်ပိုင်းသို့ ပြုတ်ကျသွားသည်။
ဝုန်း
စုရှန့်က မြေပေါ် ပြုတ်ကျလာသည်။
လက်ဝါးစည်းတံဆိပ်က ကြည်လင်လာကာ လမ်းကြောင်းအတိုင်း ဆက်သွားနေပြီးနောက် လေထုထဲ ပျောက်ကွယ်သွားသည်။
……………
ကွန်ဖြူးရှပ် ပါရမီရှင် ကျော့ယွီရှုက မော့ကြည့်လိုက်ပြီး ထိုအရာကို မြင်သည့်အခါ ထုတ်ပြောလိုက်သည်။
“အဲဒါကို ဘယ်သူ ထုတ်ဖော်လိုက်တာလဲ။ စုရှန့်လား ဒါမှမဟုတ် ကုယီရန်လား ”
အကြီးအကဲလေးယောက်သား မျက်မှောင်ကြုတ်လိုက်ကြ၏။
ကျော့ယွီရှုက ခေါင်းခါလိုက်ပြီး “ သူတို့ရဲ့စွမ်းရည်နဲ့ ဒီလိုမျိုး အားကောင်းတဲ့ နည်းစနစ်ကို ထုတ်ဖော်ဖို့ မဖြစ်နိုင်ဘူး”
“အဲဆို လျိုကောလား”
“မဖြစ်နိုင်ဘူး။ သူက အသက်အရွယ်ရပြီးတော့ သက်တမ်းနီးကပ်နေပြီ” ကျော့ယွီရှုက ပြောလိုက်သည်။
လေးယောက်သား ချက်ချင်း သတိပြုမိသွားကာ အချင်းချင်း ကြည့်လိုက်ကြသည်။
………………
ခန်းမကျယ်အတွင်း
လုကျိုးက နည်းစနစ်ကို ထုတ်ဖော်ပြီးသည့်နောက်တွင် လျိုကောနှင့် ကုယီရန်တို့က ခန်းမကျယ်အပြင်ဘက်အား ထိတ်လန့်တကြား ကြည့်လိုက်ကြသည်။ လုကျိုးနှင့် စုရှန့်တို့က နည်းစနစ်အတူတူ ထုတ်သုံးခဲ့ကြသော်လည်း လုကျိုး၏ တိုက်ကွက်က စုရှန့်ကို အလွယ်လေး အနိုင်ပိုင်းသွားခဲ့သည်။
ခဏကြာတိတ်ဆိတ်နေပြီးနောက် လျိုကောက စိတ်ထဲမှ အံ့ဩထိတ်လန့်မှုအား ချိုးနှိမ်ကာ ပြောလိုက်သည် “ညီအစ်ကိုကျိ ဒေါသကို ထိန်းပါ။ သူတို့က ကျုပ်နဲ့ ပါလာတာပါ။ သူတို့အမှားအတွက် ကျုပ်တာဝန်ယူပါ့မယ်”
လုကျိုးက ပြောလိုက်သည် “ဒါက အသေးစား အပြစ်ဒဏ်လေးပဲ ရှိသေးတယ်။ ခင်ဗျားကြောင့်သာ မဟုတ်ရင် သူ့ကို အမှုန့်လုပ်ပြီးလောက်ပြီ”
“ … ”
“ဘာလို့ ဒီလောက်တောင် ဒေါသထွက်နေရတာလဲ” လျိုကောက နားမလည်နိုင်စွာ မေးလိုက်သည်။
လုကျိုးက မျက်မှောင်အနည်းငယ်ကြုတ်ကာ “ငါ့တပည့်က အသိအာရုံစုစည်းခြင်း နယ်ပယ် ဝင်ရောက်ခါစပဲ ရှိသေးတယ်။ ငါက ဘာမှမလုပ်ဘဲ ဘေးထွက်ရပ်နေရမှာလား ”
“ …”
လျိုကောက စိတ်ထဲ တစ်ခုခု ဖြစ်သွားသည်။ ဤနှစ်များတစ်လျှောက်လုံး ကျိထျန်းတောက်သည် သူ့လူများ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ သူတို့အား ကာကွယ်ပေးလိုအား ကြီးနေသေးသည်ဟု မထင်ထားမိပေ။
သူ့ဒေါသက အရင်လိုပဲ …
ထိုအတွေးများ တွေးနေသော်လည်း သူ့အမူအရာကမူ မပြောင်းလဲပေ။ အဆုံးသတ်၌ သူက ခပ်ကျယ်ကျယ် ပြောလိုက်သည်။ “စုရှန့် … ဒီမိန်းကလေးကို လာတောင်းပန်လိုက် ”
...
အခန်း (၅၃၉) မင်းအတွက် အချိန်မရှိဘူး။
ခန်းမအပြင်ဖက်တွင်ရှိသော စုရှန့်၏နားထဲသို့အမိန့်ပေးသံက ဝင်လာသည်။ သူက ဆန်တက်လာသော သွေးအဆီအနှစ်များကို ထိန်းထားပြီးနောက် မျက်နှာထက်တွင် နာကျင်သော အမူအရာဖြင့် လဲနေတာဖြစ်သည်။ ထိုလက်ဝါးရိုက်ချက်သည် သူ့ကိုခဏတာမလှုပ်ရှားနိုင် ဖြစ်သွားစေ၏။ လက်ဝါးရိုက်ချက်၏ခွန်အားကွာဟချက်က ကြီးမားလွန်းသည်။ သူသည် စွမ်းအားကင်းမဲ့နေ၏။ နာကျင်မှုကိုတောင့်ခံပြီး ခဲရာခဲဆစ်ထရပ်ကာ မိစ္ဆာဝေဟင်မျှော်နန်း၏ ခန်းဆောင်ထဲသို့ဝင်လိုက်သည်။
လျိုကောသည် စုရှန့်ကို မကြည့်ပေ။ ထိုအခြေအနေနှင့် ရင်ဆိုင်လိုက်ရသောအခါ စုရှန့်သည် ရွေးချယ်စရာမရှိဘဲ ခရုလေးရှေ့ဒူးထောက်လိုက်သည်။ ယင်းကို မြင်သောအခါ ခရုလေးက ရှက်ရွံ့သွားပုံပေါ်ပြီး ဘေးသို့ရွေ့ကာ စုရှန့်၏အရိုအသေပေးမှုကို ရှောင်ရန် မင်ရှစ်ရင်၏နောက်၌ ပုန်းလိုက်လေ၏။
မင်ရှစ်ရင်က ပြုံးပြီးပြောလိုက်သည်။ “ဪ ... ဒီတော့ ဘိုးဘေးလေး မင်းက ကြောက်တယ်လား” “ညီမ မကြောက်ပါဘူး” ခရုလေးကပြော၏။
“ကျိုရှစ်မေ့သာဆိုရင် သူ့ကိုတစ်ချက်ကန်လောက်ရောပဲ။ မင်းက သတ္တိနဲနဲတော့ချို့တဲ့နေတာပဲ” မင်ရှစ်ရင်ကပြောလိုက်၏။
ကျန်သည့်သူများကိုညှင်းပန်းသည့်နေရာတွင် ခရုလေးနှင့်ရှောင်ယွမ်အာက အဆင့်တူပေ၏။ သို့သော် ခရုလေးက ရှောင်ယွမ်အာနှင့်ယှဉ်လျှင် သတ္တိနည်းပုံပေါ်သည်။
ခရုလေးက ပြန်မပြောရသေးခင် လုကျိုးက လက်ဝေ့ယမ်းလျက်ပြောလိုက်၏။ "ဒါက မိစ္ဆာဝေဟင်မျှော်နန်း ... နန်းတော်မဟုတ်ဘူး။ နန်းတော်ထဲက နည်းလမ်းတွေဒီကိုယူလာဖို့မလိုဘူး”
လျိုကောက လက်ခံကြောင်း ခေါင်းညိတ်ပြီးပြောလိုက်၏။ “စုရှန့် ညီအစ်ကိုကျိကို ကျေးဇူးတင်လိုက်” စုရှန်သည့် လုကျိုးဖက်လှည့်ပြီးပြောလိုက်သည်။ “ထိန်းချုပ်ပေးတာ ကျေးဇူးတင်ပါတယ် ချန်းပေ့ကျိ”
မင်ရှစ်ရင်က စိတ်လေးသွားကာပြောလိုက်သည်။ “ကျုပ်ပြောတာ နားထောင်ခဲ့ရင် ဒါမျိုးဖြစ်လာမှာမဟုတ်ဘူး”
“မှန်ပါတယ်။ စတုတ္ထသခင်လေး” စုရှန့်၏မျက်နှာက နီလာသည်။ ဆိုရိုးစကားရှိသည့်အတိုင်း ခွေးကိုမရိုက်ခင် သခင်ကိုကြည့်ရမည်။
ထိုစကားသည် လုကျိုးကို အကြောင်းပြန်လိုက်တာမဟုတ်ပေ။ သူသည် စုရှန့်ကို သင်ခန်းပေးစဉ်က လျိုကောကို ထည့်မတွက်ခဲ့ရုံသာမက သူသည် လျိုကောကိုတောင် ပြက်ရယ်ပြုခဲ့၏။
“ညီအစ်ကိုကျိ ဘာကြောင့် ဒီလောက်ဒေါသထွက်နေတာလဲ” လျိုကောက မေးလိုက်သည်။
“မင်း အတွက် အချိန်မရှိဘူး” လုကျိုးက ခရုလေးကိုကြည့်ပြီးနောက် ခရုလေးဆီသွားလိုက်သည်။ ခရုလေးကို ခေါ်လိုက်၏။ ခရုလေးက လုကျိုးဘေးသို့လိမ်လိမ်မာမာလျှောက်လာသည်။
လုကျိုးသည် သူမ၏သွေးကြောကိုစမ်းသပ်လျက် မျက်လုံးများပြူးကျယ်သွား၏။ “အသိအာရုံစုစည်းခြင်းနယ်ပယ်လား”
“ရှစ်စွင်း ... တပည့်က အသိအာရုံစုစည်းခြင်းနယ်ပယ်ရောက်ပြီလား” ယင်းက မယုံနိုင်စရာကောင်းသော်ငြား သူ့ရှေ့တွင်ရှိနေ၏။ လုကျိုးက ခေါင်းညိတ်ကာပြောလိုက်သည်။ “အမှန်ပဲ မင်းက အသိအာရုံစုစည်းခြင်းနယ်ပယ်ရောက်နေပြီ”
ခရုလေးက ဝမ်းသာပျော်ရွှင်သွားပုံပေါ်သည်။
လုကျိုးက ဆက်မေးလိုက်၏။ “ဒါပေမဲ့ ချီကို အသံနဲ့ထိန်းချုပ်ဖို့ မင်းကို ဘယ်သူသင်ပေးခဲ့တာလဲ”
မင်ရှစ်ရင်က ပြောလိုက်သည်။ "ရှစ်စွင်း သူ့ကို ကျွန်တော် အဲ့ဒါမသင်ပေးခဲ့ဘူး။ လောင်ပါ့ဖြစ်လောက်တယ်”
သူ့ထံကနေအပြစ်ကို ပုံမချစရာအကြောင်းမရှိပေ။
“ရှစ်စွင်း တပည့်ဖာသာသင်ယူတာပါ” ခရုလေးက ချက်ချင်းပြောလိုက်၏။
စုရှန့် “...”
ကုယီရန် “...”
စုရှန့်သည် အစက ခရုလေးကို သူမ၏အရှိန်အဝါဖုံးကွယ်ထားသည့် ပညာရှင်တစ်ယောက်ဟု ထင်ခဲ့သည်။ သူမသည် လူသစ်လေးဆိုသည့် အချက်ကို သံသယမရှိတော့ပေ။ ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူဖြစ်သည့်သူက သူမနှင့်လက်ရည်ယှဉ်ရန် တိုက်တွန်းခဲ့မိ၏။ ထိုအကြောင်းကို တွေးမိလေလေ သူပိုရှက်လာလေလေ ဖြစ်သည်။
လုကျိုးက သူမကိုသတိပေးလိုက်သည်။ “ကျင့်ကြံတဲ့အချိန် စိတ်မလောနဲ့။ အခုမင်းရဲ့ကျင့်ကြံဆင့်ကို အာရုံစိုက်ထားသင့်တယ်။ အသံနဲ့ချီကို ထိန်းချုပ်တာကနောက်မှလုပ်”
“နားလည်ပါပြီ ရှစ်စွင်း” ခရုလေးကပြန်ပြောလိုက်သည်။
ပြီးနောက် လုကျိုးသည် ဧည့်သည်သုံးယောက်ကိုတစ်ချက်ကြည့်ပြီးနောက် နောက်ဆုံးတွင် သူ၏အကြည့်က လျိုကောဆီရောက်သွားသည်။ “လောင်စစ် ခရုလေးကိုခန်းမအပြင်ခေါ်သွား”
“နားလည်ပါပြီ”
မင်ရှစ်ရင်သည် ခန်းမအပြင်ဖက်သို့ခေါ်သွား၏။
စုရှန့်နှင့် ကုယီရန်က အကြည့်ချင်းဖလှယ်လိုက်သည်။ သူတို့သည် တော်ဝင်အစောင့်များ၏ မဟာစစ်သူကြီးဖြစ်သည့်တိုင် ခန်းမထဲမှထွက်သွားသင့်သလားဟု တွေးနေကြသည်။ လျိုကောက ပြောလိုက်သည်။ “အပြင်မှာနေ”
“နားလည်ပါပြီ” ကုယီရန်က ထရပ်ပြီးနောက် တော်ဝင်သက်တော်စောင့်များကို လက်ကာပြလိုက်သည်။
သေတ္တာများကို ဘေးတွင်ထားပေးလိုက်ရာ ခန်းမထဲတွင်ပြည့်သွားတော့သည်။
မကြာမီ၌ လုကျိုးနှင့် လျိုကောတို့သာလျှင် ခန်းဆောင်ထဲတွင် ကျန်တော့သည်။
“ပြော ... ဒီကိုဘာကြောင့်ရောက်လာတာလဲ” လုကျိုးကမေးလိုက်၏။
လျိုကောက သက်ပြင်းရှည်ကြီးချလိုက်ပြီးနောက် ပြောလိုက်၏။ “အချိန်က ရက်စက်တဲ့အရာပဲ။ ရာစုနှစ်တွေက မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားတယ်။ မင်းကို ကိုယ်တိုင်မေးချင်တဲ့ ကိစ္စတစ်ခုရှိလို့ ငါ ဒီရောက်လာတာပဲ”
လုကျိုးက ဆိတ်ဆိတ်သာနေလေ၏။
လျိုကောသည် ကွေ့ဝိုက်မနေဘဲ မေးလိုက်၏။
“ညီအစ်ကိုကျိ မင်း တကယ်ပဲ ပွင့်ချပ်ကိုးလွှာအဆင့်ရခဲ့ပြီလား” မေးခွန်းကိုမေးပြီးနောက် လုကျိုးကိုကြည့်နေစဉ် သူ့အကြည့်များက ရှာဖွေနေ၏။
ခန်းဆောင်က တိတ်ဆိတ်သွားသည်။
ခဏအကြာတွင် လုကျိုးက အမေးဖြင့်တုံ့နှင်းလိုက်သည်။ “ဘာကြောင့် ဒါကိုမေးတာလဲ”
“အဲ့ဒီဆန်းကြယ်တဲ့အကျော်အမော်ကိုမှတ်မိလား ညီအစ်ကိုကျိ” လျိုကောကပြောလိုက်သည်။ “မင်း လိုရင်းမပြောဘူးဆို မင်းနဲ့အချိန်ဖြုန်းစရာမရှိဘူး” လုကျိုးက ပြောပြီးထရပ်လိုက်၏။
စနစ်၏အဆင့်မြှင့်တင်မှုသည် နှစ်လအတွင်းပြီးမြောက်ပေလိမ့်မည်။ လုကျိုးသည် အစောတုန်းက လက်ဝါးရိုက်ချက်၌ သူ၏ထူးကဲစွမ်းအားအချို့ကိုအသုံးပြုခဲ့သည်။ သူက ပြန်လည်ဖြည့်သွင်းရန် အချိန်လိုအပ်နေပြီး ဤလူနှင့် အေးအေးလူလူစကားပြောရန်အချိန်မရှိပေ။
“…” လျိုကောက အနည်းငယ်အံ့ဩသင့်သွား၏။ သူသည် တစ်ခါတည်းပြောလိုက်သည်။
“မြောက်ဖက်နယ်စပ်ကနေ တခြားမျိုးနွယ်တွေနဲ့ တာ့ယန်ရဲ့မြေကိုဖြတ်ကျော်ပြီး ခေါင်းတလားထဲစီးနင်းလာတဲ့ ဆန်းကြယ်တဲ့ပညာရှင်တစ်ယောက်ရှိတယ်”
မိစ္ဆာဝေဟင်မျှော်နန်းဆီသို့ အနီရောင်ခေါင်းတလားကို သယ်လာခဲ့သော လို့လန်မှ လန်နီကို လုကျိုးသတိရသွားသည်။ သူသည် လက်နောက်ပစ်ပြီးနောက် ပြောလိုက်၏။ “လိုရင်းပြော” “တာ့ယန်ရဲ့တော်ဝင်မိသားစုက ဒီနေ့ရပ်တည်နေနိုင်တဲ့အကြောင်းအရင်းက အဲ့ဒီဆန်းကြယ်တဲ့ ပညာရှင်ရဲ့ အကူအညီကြောင့်ပဲ။ သူက ကျုပ်တို့ကို ပွင့်ချပ်ကိုးလွှာအဆင့်ကို ရအောင်မကြိုးစားဖို့ ဖိပြောခဲ့တယ်။ မဟုတ်ရင် မတွေးဝံ့စရာနောက်ဆက်တွဲရှိလာလိမ့်မယ်။"
လုကျိုးက စိတ်ဝင်စားသွား၏။ သူက လျိုကောကိုကြည့်ပြီးမေးလိုက်သည်။ “အခု အဲ့ဒီလူဘယ်မှာလဲ”
လျိုကောက ခေါင်းခါပြီးပြောလိုက်သည်။ “သူ အံ့ဖွယ်မြို့တော်ထဲမှာ နေခဲ့ဖူးတယ်။ နောက်တော့ သူ မထွက်သွားခင် ပစ္စည်းတစ်ချို့ထားခဲ့တယ်။ တော်ဝင်မိသားစုက သူ့ကို ဒီနှစ်တွေမှာရှာနေခဲ့တယ်။ ဒါပေမဲ့ သူ့အကြောင်း ဒီနှစ်တွေမှာ မကြားရတော့ဘူး”
“မင်းက ဒီဆန်းကြယ်တဲ့ပညာရှင်ကို ယုံကြည်နေပုံပဲ” လုကျိုးက ပြောလိုက်သည်။ “အစကနေအဆုံးထိ သူ့ကို တစ်ခါမှ သံသယမဝင်ခဲ့ဖူးဘူး” လျိုကောက ပြောလိုက်သည်။
“ကောင်းကင်ဘုံက ငါတို့လူသားတွေအတွက် ဒီတားမြစ်ချက်ကို ထားခဲ့တာ။ ဒီနောက်ကွယ်မှာ အကြောင်းရင်းတစ်ရပ်ရှိရမယ်။ ငါတို့တွေ တားမြစ်ချက်ကိုချိုးဖောက်မယ်ဆိုရင် တန်ကြေး ပေးဆပ်ရမှာ။ ကောင်းကင်ရဲ့ဆန္ဒအတိုင်း ငါတို့ကျင့်ကြံသင့်တယ်။ နှစ်တစ်ထောင်က လူသားတွေရဲ့လောဘကို တည်နေစေဖို့ လုံလောက်ပြီမဟုတ်ဘူးလား”
“ငါတော့ အဲ့လိုမထင်ဘူး” လုကျိုးကမေးလိုက်၏။
“ဒီကိစ္စမှာ ညီအစ်ကိုကျိရဲ့အတွေးက ဘာလဲ။ ကျုပ်ကြားချင်တယ်” လျိုကောကပြောလိုက်သည်။
“မင်းတွေးပုံအရ နှစ်ပေါင်းတစ်ထောင်နဲ့ကျေနပ်သင့်တယ်။ ဒါပေမဲ့ သေမျိုးတစ်ယောက်က အသက်တစ်ရာ နေနိုင်ခဲ့မယ်ဆိုရင် အသက်ရှည်တယ်လို့သတ်မှတ်လို့ရတယ်။ ကျင့်ကြံသူတွေနဲ့ လူသားတွေကြားမှာ ဘယ်တုန်းကမှ တရားမျှတတာမရှိခဲ့ဘူး။ ကျင့်ကြံသူတွေက သေမျိုးတွေရဲ့တားမြစ်ချက်ကို ချိုးဖောက်တယ်လို့ဆိုလိုတာမလား” လုကျိုးကပြောလိုက်သည်။ “ဒါ့အပြင် ကျင့်ကြံတယ်ဆိုတာ ကောင်းကင်ဘုံရဲ့ဆန္ဒကို ဆန့်ကျင်ရာရောက်နေပြီးပြီ”
“ကျင့်ကြံတာက ကောင်းကင်ဘုံရဲ့ဆန္ဒကို ဆန့်ကျင်တာတဲ့လား” လျိုကောက မေးလိုက်၏။ “ဒါက အနည်းစုက ပြောတဲ့အမြင်တစ်ခုပဲလေ”
“ကွန်ဖြူးရှပ်ကျောင်းတွေက ကောင်းကင်ရဲ့အမိန့်ကိုကြောက်ပြီး သူတို့ကိုယ်တိုင်ပိုတော်အောင် ကျင့်ကြံရုံကျင့်ကြံနေတယ်။ ဗုဒ္ဓဂိုဏ်းတွေက ပြောင်းလဲမှုမရတဲ့ဝဋ်ကြွေးကိုကြောက်တယ်။ တာအိုဂိုဏ်းတွေက အသက်ရှည်လိုပြီး မိုးနဲ့မြေနဲ့ ယှဉ်တွဲနေထိုင်ဖို့ဆန္ဒရှိတယ်။ ဘယ်တစ်ခုကများ ကောင်းကင်ရဲ့ဆန္ဒကို မဆန့်ကျင်တာရှိလို့လဲ” လုကျိုးကမေးလိုက်၏။
“...” လျိုကောက ဆွံ့အသွားသည်။ သူသည် ထိုအကြောင်းကို ယခင်က တွေးခဲ့ဖူးသည်။ သမိုင်းကြောင်း ပြောင်းလာသည်နှင့်အမျှ ကျင့်ကြံသူများသည် ကျင့်ကြံခြင်းအပေါ် အမြင်ကိုယ်စီ ရှိလာကြသည်။ ကွန်ဖြူးရှပ်၊ ဗုဒ္ဓနှင့် တာအိုဂိုဏ်းများကနေ လွှမ်းမိုးမှုကို ရှာဖွေသည့်အမြင်များစွာလည်းရှိ၏။ သို့သော် အဆုံးကျပန်းတိုင်က တူညီနေသေးသည်။ လမ်းစဉ်သုံးခုသည် မူလကန့်သတ်ချက်ကနေ ဖောက်ထွက်ရန် တမ်းတနေကြတာပဲဖြစ်သည်။
လျိုကောကပြော၏။ “ဒါက အမြင်ကွာဟချက်တစ်ခုပဲ။ ညီအစ်ကိုကျိမှာလည်း ကိုယ်ပိုင်အမြင် ရှိမှာပဲ။ ကျုပ်မှာလည်းကိုယ်ပိုင်အမြင်ရှိတယ်”
လုကျိုးက မုတ်ဆိတ်သပ်လျက်မေးလိုက်၏။ “ဒီတော့ မင်းရဲ့အမြင်ကို လက်ခံအောင်ဖိအားပေးနေတာလား”
လျိုကောက တဖန်ဆွံ့အသွားပြန်၏။ သူသည် လုကျိုးကို တစ်ဖန်လေ့လာပြီး မေးလိုက်သည်။ “ဘယ်အချိန်ကစပြီး ဒီလောက်စကားပြောကောင်းသွားတာလဲ ... ညီအစ်ကိုကျိ”
ထိုစကားကိုကြားသောအခါ လုကျိုးသည် ဖြည်းဖြည်းချင်းထရပ်ပြီး ထူးမခြားနားသောလေသံဖြင့် ပြောလိုက်သည်။ “မင်း ထွက်သွားဖို့အချိန်ရောက်ပြီ”
လျိုကောက ဆက်ပြောလိုက်သည်။ “ခင်ဗျား ပွင့်ချပ်ကိုးလွှာအဆင့်မှာ ရှိလားဆိုတာ အတည်ပြုဖို့ ဒီရောက်လာရုံပဲ ညီအစ်ကိုကျိ။ ဖြစ်နိုင်မယ်ဆိုရင် သေချာစဉ်းစားပြီး ခင်ဗျားရဲ့ကျင့်ကြံဆင့်ကို ဖုံးကွယ်ထားပါ။ ညီအစ်ကိုကျိ”
သူကလှည့်လာပြီး လက်ဝါးရိုက်ချက်ကိုသုံးလိုက်၏။ တောက်ပနေသော ရွှေရောင်လက်ဝါး စည်းတံဆိပ်သည် လျိုကောဆီတိုးဝင်သွားသည်။
လျိုကောသည် လက်ကိုယှက်လျက် သူ၏ခန္ဓာကိုယ်အိုကြီးကနေ ကနဦးချီများ ပေါက်ကွဲထွက်လာကာ လက်ဝါးစည်းတံဆိပ်ကို ပိတ်ဆို့လိုက်သည်။ “ဒီလက်ဝါးစည်းတံဆိပ်မှာ ထိန်းချုပ်မှုတွေများတာပဲ။ ခင်ဗျားရဲ့ကျင့်ကြံဆင့်က အတော်တိုးတက်လာတယ် ညီအစ်ကိုကျိ”
လုကျိုးသည် ပွင့်ချပ်နှစ်လွှာနတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်တွင်ရှိသည်။ သူ၏ကျင့်ကြံဆင့်အတိုင်း စွမ်းအားကို သုံးလိုက်တာဖြစ်၏။ ထို့ကြောင့် လျိုကောတိုက်ကွက်ကို ပိတ်ဆို့လိုက်နိုင်တာ မအံ့ဩပေ။ လျိုကောက အဟန့်အတားမရှိဆက်ပြော၏။ “လူတိုင်းက ပွင့်ချပ်ကိုးလွှာအဆင့်ကို ရောက်နိုင်ခဲ့မယ်ဆိုရင် ကပ်ဘေးကြီးတစ်ခုဖြစ်လာမှာသေချာတယ်။ ကျေးဇူးပြုပြီး ဂရုစိုက်ပါ။ ညီအစ်ကိုကျိ”
လုကျိုးသည် လျိုကောပြောစကားကြောင့် ရယ်ချင်သွားသည်။ “ဘာကပ်ဘေးလဲ။ ကောင်းကင်နှစ်ခြမ်းကွဲပြီး မြေကြီးနစ်သွားမှာလား။ ဒါမှမဟုတ် ရေတွေမြစ်တွေ အိုင်တွေက ရေကြီးလာမှာလား”
“ဘယ်လိုကပ်ဘေးရှိမယ်ဆိုတာမသိဘူး။ ဒါပေမဲ့ အဲ့ဒီဆန်းကြယ်ပညာရှင်ကိုယုံတယ်”လျိုကောက ပြန်ပြော၏။ “ရှင်းပြလို့မရတဲ့ကိစ္စတွေအများကြီးရှိတယ်။ ဒါပေမဲ့ အချိန်က ပြောပြသွားလိုက်မယ်။ ဒီကိစ္စမှာ ကျုပ်ကို ယုံပါ။ ညီအစ်ကိုကျိ”
လုကျိုးသည် ခေါင်းတလားကို ဆင့်ခေါ်လိုက်၏။ သူသည် ခေါင်းတလားနှင့် အတူ ယှဉ်တွဲပါလာသည့် လျှို့ဝှက်ကျမ်းစာအုပ်ထဲရှိ နေ့စဉ်မှတ်တမ်းကဲ့သို့အရာကို တွေးလိုက်မိသည်။ ခေါင်းတလားပေါ်ရှိ အစီအရင်သွေးကြောက အိမ်ရှေ့စံမင်းသားလျှိုကျစ်ပေးသည့် သံချပ်ကာနှင့် တူသည်။ လင်းရှင်းက ဆန်းကြယ်သောအကျော်အမော်၏တည်ရှိမှုကို သက်သေပြပေးလိုက်တာပဲ ဖြစ်သည်။ ကံဆိုးသည်မှာ သူသည် ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူတစ်ယောက် မဟုတ်သောကြောင့် ၎င်းကိုသက်သေမပြုနိုင်ပေ။ ကောင်းကင်နှင့် မြေကြီး၏အဟန့်အတားသည် သူတို့သက်တမ်း၏မဟာအကန့်အသတ်ပဲဖြစ်သည်။ အရာအားလုံးက အကန့်အသတ်ရှိ၏။
ခဏတာစဉ်းစားပြီးနောက် လုကျိုးက ပြောလိုက်၏။ “ကျင့်ကြံခြင်းလောကက နှစ်လအတွင်း အဖြေ ရလိမ့်မယ်” ရိုးရိုးသားသားပြောရလျှင်ရွှေကြာကိုဖြတ်တောက်ပြီးနောက် ပွင့်ချပ်ကိုးလွှာအဆင့်သို့ တစ်စုံတစ်ယောက်ရောက်ရန်အချိန်မည်မျှကြာမှန်း သူမသိပေ။ စနစ်၏ ပြန်လည်သုံးစွဲနိုင်သည့် ကာလကို တွေးပြီးနောက်ဖြေလိုက်တာပဲဖြစ်သည်။ ပြန်လည်သုံး စွဲနိုင်သည့်ကာလ ကုန်သွားချိန်တွင် သူ၏အဖြေကို မည်သူကပြောနိုင်မည်နည်း။
“နှစ်လလား”
“ရွှေကြာဖြတ်တောက်တဲ့ခေတ်က ရောက်နေပြီ။ ငါတစ်ယောက်တည်းပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူဖြစ်မှာ မဟုတ်ဘူး”
လျိုကောသည် လုကျိုး၏စကားကြောင့် အံ့ဩသင့်သွားသည်။ ရွှေကြာဖြတ်တောက်ခြင်းသည် ပွင့်ချပ်ကိုးလွှာအဆင့်ကိုရောက်အောင် ကူညီနိုင်မည်ဆိုလျှင် မည်သူကမှရပ်တန့်ကြမှာမဟုတ်။ သူ၏သား လျှိုကုကတောင် ပွင့်ချပ်ကိုးလွှာအဆင့်ကို ရောက်အောင်ကြိုးပမ်းနေသည်။ အရာအားလုံးကို ထည့်တွေးပြီးနောက် မိစ္ဆာဝေဟင်မျှော်နန်းကို ဒုက္ခပေးတာက သူ့အတွက် ဘာအသုံးဝင်မည်နည်း။
...
အခန်း(၅၄၀) ပွင့်ချပ်ရှစ်လွှာ ယဲ့ထျန်းရှင်း
ထိုအတွေးဖြင့် လျိုကောက ပြောလိုက်သည်။ “ ကျုပ် တောင်ပေါ် တက်မလာခင်တုန်းက ခင်ဗျားတပည့်က ခင်ဗျားငါးလ သီးသန့်ကျင့်ကြံနေမယ်လို့ ပြောခဲ့တယ်။ အခု သုံးလပဲ ရှိသေးတယ်။ နှစ်လ ကျန်သေးတယ် … နောက်နှစ်လနေရင် မိစ္ဆာဝေဟင်မျှော်နန်းဆီ ထပ်လာလို့ ရမလား ”
လုကျိုးက လျိုကော စကားကို ကြားသည့်အခါ စိတ်ထဲ အတွေးတစ်ခု ပေါ်လာသည်။
ငါ လုပ်ချင်တာ လုပ်မယ် … မင်းအတိုင်း ဘာလို့လုပ်လိုက်နေရမှာတုံး။ မင်းက အရွယ်ကောင်းကို ကျော်လွန်သွားတဲ့ ဧကရာဇ်တစ်ပါးကလွဲပြီး ဘာမှမဟုတ်ဘူး
“ ဒီရောက်လာတာက သားအတွက် လာတောင်းဆိုတာ မဟုတ်ဘူးလား” လုကျိုးက လျိုကောကို မြင်လိုက်သည်နှင့် လျိုကောသည် လျူကုအစား လာရောက်တောင်းဆိုသည်ဟု ထင်မှတ်လိုက်သည်။ ငရဲဂိုဏ်းက ယခုအခါ နေမွန်းတည့်ချိန်တွင် နေမင်းတစ်ပါးလို မဟုတ်ပါလော။ အံ့ဖွယ်မြို့တော်နှင့် တော်ဝင်မြို့တော်တို့က ခြိမ်းခြောက်ခံနေရလေပြီ။
လျိုကောက ခေါင်းခါကာ “ကျုပ်က အနားယူလိုက်ပြီ။ တိုင်းပြည်ရေးကို ဝင်မစွက်ဖက်တော့ဘူး။ လျိုကောက ကျုပ်သား ဖြစ်ပြီးတော့ ယွီကျန့်ဟိုင်က ခင်ဗျားတပည့်ပဲလေ။ သူတို့ချင်းပဲ ရင်ဆိုင်ကြလိမ့်မယ် ”
လုကျိုးက တော်ဝင်အစောင့်များ ထားခဲ့သည့် လျိုကောခြေထောက်အနားမှ သေတ္တာများအား ကြည့်လိုက်သည်။ ထိုသေတ္တာများပေါ်ရှိ အရာများက မရှင်းလင်းသော်လည်း ချပ်ဝတ်ပေါ်ရှိ အရာနှင့် အတူတူ ဖြစ်ကြောင်း ပြောနိုင်လေသည်။ သူ့အကြည့်များက တောက်ပသွားကာ “ကောင်းပြီလေ။ အဲဆို နောက်နှစ်လနေရင် တွေ့ကြတာပေါ့”
တခြားနည်းဖြင့်ဆိုရလျှင် သူက လျိုကောကို သေတ္တာများအား ယူဆောင်လာစေချင်သည်။
ခေါင်းတလားထဲနှင့် ကိုယ်ရေးမှတ်တမ်းကို ချန်ထားခဲ့သည့် ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူသည် လုကျိုး၏ သိလိုစိတ်ကို နိုးဆွပေး၏။ သူက သူ့မှတ်ဉာဏ်သလင်းကျောက် ဘယ်ရောက်နေမှန်း မသိသေးပေ။ ထိုသလင်းကျော်ထဲတွင် ပွင့်ချပ်ကိုးလွှာအဆင့်အကြောင်း ပါဝင်နေသောကြောင့် ယခင်အတိတ်တုန်းက လျှို့ဝှက်ဆန်းကြယ် ပညာရှင်များနှင့် ရင်ဆိုင်ဖူးလားဆိုတာ သိနိုင်ပေသည်။ သူက ဘယ်လိုလုပ် သဲလွန်စကို လက်လွှတ်ပေးနိုင်မည်နည်း။
ကံဆိုးစွာြဖင့် အကြီးအကဲလေးယောက်က ကြာကို ဖြတ်တောက်ပြီး ပြန်လည် ကျင့်ကြံနေကြပြီ ဖြစ်၏။ ထို့ကြောင့် သူတို့က စုရှန့်နှင့် ကုယီရန်ကို အနိုင်မယူနိုင်တော့ပေ။
လုကျိုးက မြေကမ္ဘာစာလိပ်ကို ကျင့်ကြံနေခဲ့သည်။ သူက နောက်ထပ် စွမ်းအားကို မဖွင့်လှစ်နိုင်ခင် သူ့ဆင်ခြင်မှုက လူသားစာလိပ်၏ ထူးခြားအံ့ဖွယ် စွမ်းအားထံ ပေါင်းထည့်ပေးဟန်မပေါ်ပေ။ စနစ်၏ တခြားသော လုပ်ဆောင်ချက်များလည်း ပိတ်ဆို့ခံထားရ၏။
“ ညီအစ်ကိုကျိ ကတိတည်ဖို့ မျှော်လင့်ပါတယ်” လျိုကောက ပြန်ဖြေလိုက်သည်။
လုကျိုးက ပြောလိုက်သည် “လျိုကော … ငါ မင်းကို အကြံတစ်ခု ပေးလိုက်မယ်”
“ဘာများလဲ”
“မင်းကိုယ်မင်း အဟုတ်ကြီး ထင်မနေနဲ့” ထိုသို့ပြောပြီးသည့်နောက်တွင် လုကျိုးက လှည့်လိုက်ပြီး ခပ်ကျယ်ကျယ်ပြောလိုက်သည် “ဧည့်သည်တွေကို ပြန်ပို့လိုက်”
ထို့နောက် မင်ရှစ်ရင်က သုံးယောက်လုံးကို တောင်အောက်သို့ လိုက်ပို့ပေးလိုက်သည်။ သူက ပြောလိုက်၏။ “ ရှစ်စွင်းက ကျင့်ကြံနေတုန်းပါလို့ ကျွန်တော် ပြောသားပဲ။ အခုတော့ အချိန်ကုန်တာပဲ အဖတ်တင်တယ် ”
လျိုကော၊ စုရှန့်၊ ကုယီရန်နှင့် တော်ဝင်အစောင့်များက အကာအရံမှ ထွက်လာလိုက်ကြသည်။
“အလကားတော့ မဖြစ်ပါဘူး။ ငါ မင်းရှစ်စွင်းနဲ့ တွေ့ရတဲ့ ရည်ရွယ်ချက် ပြီးမြောက်သွားတယ်လေ။ ငါ့အတွေးတွေကို သူ့ကိုပါ ပြောပြလိုက်စမ်းပါ” လျိုကောက ပြောလိုက်သည်။
မင်ရှစ်ရင်က လျိုကောအား ဆွံ့အစွာ ကြည့်လိုက်သည်။
သူက သူ့ဘာသာ နှစ်သိမ့်တာ တော်သား …
သူက လျိုကောကို ဘာမှပြန်မဖြေဘဲ တောင်ပေါ်သာ ပြန်သွားလိုက်သည်။
မင်ရှစ်ရင် မြင်ကွင်းမှ ထွက်သွားသည်နှင့် စုရှန့်က သွေးအန်လိုက်ရသည်။ သူ့မျက်နှာအထက် ချွေးစီးများ ထွက်လာသည်။
လျိုကောက မျက်မှောင်ကြုတ်ကာ “ပွင့်ချပ်ကိုးလွှာလား”
စုရှန့်က သူ့ချီသွေးကြောဆုံမှတ်များကို ထိလိုက်ရင်း ပြောလိုက်သည်။ “ သိပ်တော့ မသေချာဘူး။ ဒါပေမဲ့ အဲဒီစွန့်ပစ်ခံ ဉာဏ်ပညာကတော့ ကမ္ဘာကို ဖျက်ဆီးပစ်နိုင်လောက်တယ်”
ကုယီရန်က နားမလည်စွာ မေးလိုက်သည်။ “အရှင်က သူ့ကို ပွင့်ချပ်ကိုးလွှာအဆင့် မဟုတ်ဘူးလို့ ဘာလို့သံသယရှိနေတာလဲ ”
ကျင့်ကြံရေးလောကတွင် မိစ္ဆာဝေဟင်မျှော်နန်း၏ မျှော်နန်းသခင် ကျိထျန်းတောက်က ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူ ဖြစ်ကြောင်း ကောလဟာလများ ထွက်နေခဲ့လေသည်။ လျိုကောတစ်ယောက်တည်းကသာ မယုံကြည်ခြင်း ဖြစ်၏။
လျိုကောက လက်နောက်ပစ်ကာ “ ပွင့်ချပ်ကိုးလွှာအဆင့်က ကပ်ဘေးကို ယူဆောင်လာလိမ့်မယ်။ အခုက ကပ်ဘေးမရှိဘူးဆိုတော့ ပွင့်ချပ်ကိုးလွှာအဆင့် ရောက်တယ်လို့ မထင်တာ ”
“ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူအတုလား” စုရှန့်က လန့်ဖြတ်သွားသည် “ဒါပေမဲ့ သူ့သက်တမ်းက အတော်လေး နီးကပ်နေပြီကို အခုထိအသက်ရှင်နေသေးတယ်ဆိုတော့ အဲဒါကိုရော ဘယ်လိုရှင်းပြကြမလဲ ”
ကုယီရန်က ပြောလိုက်သည်။ “အရှင်က မိစ္ဆာအိုကြီးကျိက ပွင့်ချပ်ရှစ်လွှာနဲ့ ကိုးလွှာကြားအဆင့်လို့ ပြောချင်တာမလား”
လျိုကောက အဓိပ္ပာယ်ပါပါ ပြုံးလိုက်သည်။
“ ငါတို့ နှစ်လ စောင့်ကြည့်ကြတာပေါ့။ သူ တကယ်ဟုတ်လား၊ မဟုတ်လားဆိုတာ ကမ္ဘာကြီးဆီ အသိပေးကြမယ်”
“အရှင်က ပွင့်ချပ်ကိုးလွှာအဆင့်နဲ့ တိုက်ခိုက်တော့မလို့လား ”
လျိုကောက လက်ဝေ့လိုက်သည်။ တော်ဝင်အစောင့်များက ရှေ့တိုးလာကြ၏။
သူတို့က သယ်ဆောင်လာသည့် သေတ္တာများကို မဖွင့်ကြပေ။
စုရှန့်က ထုတ်ပြောလိုက်သည်။
“ ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူကို အာရုံခံနိုင်ပြီး ဖျက်ဆီးပစ်နိုင်တဲ့ ရတနာရှိနေတာလား”
သူ့မျက်နှာအထက် အံ့အားသင့်သည့် အမူအရာ ပေါ်ထွက်လာပြီးနောက် ဆက်ပြောလိုက်သည်။
“ အရှင် ဒီလိုဆိုရင် အဲတုန်းက ဘာလို့တစ်ခုခု မလုပ်တာလဲ။ မိစ္ဆာအိုကြီးကျိက အချိန်သုံးလ၊ လေးလအစား ဘာလို့ နှစ်လနဲ့ သဘောတူလိုက်တာလဲ”
“စုရှန့်” လျိုကောက ရုတ်ခြည်းဆိုသလို ရပ်လိုက်သည်။
“ဟုတ်ကဲ့ ”
“မင်းက စကားများလွန်းတယ်” လျိုကော၏ အသံက ခပ်ဩဩဖြစ်နေသည်။
“တောင်းပန်ပါတယ် အရှင် … ” စုရှန့်က အနည်းငယ် တုန်ယင်သွားလေ၏။ သူက ဆက်မပြောရဲတော့ပေ။
ထိုစဉ် ကုယီရန်က သူတို့နောက်မှ တိတ်တဆိတ် လိုက်ပါလာသည်။
………….
တစ်လတာက မျက်စိတစ်မှိတ်အတွင်း ချက်ချင်း ကုန်သွားလေသည်။
အမည်မဲ့ချောက်နက်အတွင်း အဖြူရောင်ပုံရိပ်လေးက ရေမျက်နှာပြင်ကို ချိုးဖောက်ကာ လေထဲ ပျံသန်းသွားသည်။
ထိုပုံရိပ်က ဝေဟင်တွင် ရှိနေစဉ် သူမဆံပင်နှင့် ခန္ဓာကိုယ်မှ အစိုဓာတ်များက တန်းခြောက်သွေ့သွားစေဖို့ စွမ်းအားတစ်ခု ပေါ်ထွက်လာသည်။
ယဲ့ထျန်းရှင်းက လေထဲတွင် ဝဲပျံရင်း အနီးအနားတွင် လဲလျောင်းနေသည့် ချန်ဟွမ်းအား ကြည့်လိုက်သည်။ သူမက အပြုံးလေးဖြင့် လှမ်းခေါ်လိုက်သည်။ “ ရှောင်ဟွမ်း”
ချန်ဟွမ်းက သူမအား လျစ်လျူရှုထားသည်။
“စိတ်ဆိုးနေတာလား … လာပါကွာ ရှောင်ဟွမ်းလေးက ကာကွယ်ပေးပါဦး ”
ချန်ဟွမ်းက မော့ကြည့်လာသည်။ သူ၏ ကြီးမားဝိုင်းစက်သည့် မျက်ဝန်းများကို ရွေ့လျားရင်း ယဲ့ထျန်းရှင်းအား ကြည့်လာသည်။ ထို့နောက် လှည့်လိုက်ပြီးနောက် အမြီးခါလိုက်သည့်အခါ လေပြင်းတစ်ချက် ထွက်လာသည်။
ယဲ့ထျန်းရှင်းက ဝေဟင်ထဲ မြင့်မြင့်ပျံသန်းလိုက်ပြီး ပြောလိုကသည်။
“မင်းက တကယ်ကိုလှတယ်”
ဝှစ်
သူမက စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆင့်ခေါ်လိုက်သည်။ သူမက သူမရွှေကြာဝန်းကျင်တွင် လှည့်ပတ်နေသည့် ပွင့်ချပ်ခုနှစ်လွှာကို ကြည့်လိုက်သည်။ အတိတ်တုန်းက ဤသို့မျိုး တစ်ခါမှ စိတ်ကူးကြည့်ခဲ့မည် မဟုတ်ပေ။ သူမက နှစ်ဝက်အတွင်း ပွင့်ချပ်ခုနှစ်လွှာအဆင့် ရောက်ရှိခဲ့ပြီး ယခု ပွင့်ချပ်ရှစ်လွှာအဆင့် တက်လှမ်းဖို့ ကြိုးပမ်းနေခြင်း ဖြစ်၏။
သူမက လျှို့ဝှက်ဆန်းကြယ် ရေကန်ကို ငုံ့ကြည့်လိုက်သည်။ သူမက အကြောင်းအရင်းကို မသိသော်လည်း ထိုရေကန်၏ ရေက တစ်ခုခု ထူးခြားနေကြောင်း သေချာနေသည်။ ထိုအရာတွင် သူမ၏ ကျင့်ကြံဆင့်ကို အဆထပ်တိုး တိုးပွားသွားနိုင်သည့် ထူးခြားစွမ်းအား ပါဝင်နေဟန်ပေါ်သည်။ သူမက တစ်လှမ်းမှမခွာဘဲ ရေကန်ထဲတွင် ကျင့်ကြံနေလေသည်။
ချန်ဟွမ်းက သူမအား တစ်ချိန်လုံး စောင့်ကြည့်ပေးနေပြီး ထွက်မသွားပေ။
အချိန်ကြာလာသည်နှင့်အမျှ ယဲ့ထျန်းရှင်းက ထိုနေရာကို သဘောကျလာသည်။ သူမက ချန်ဟွမ်းနှင့် ရင်းနှီးလာပြီ ဖြစ်၏။
ချန်ဟွမ်းက သူမ စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆင့်ခေါ်လိုက်သည့်အခါ မော့ကြည့်လာသည်။
ယဲ့ထျန်းရှင်းက အပြုံးလေးဖြင့် ပြောလိုက်၏။ “မျက်တောင်မခတ်နဲ့နော် … ပွင့်ချပ်ရှစ်လွှာ”
ဝှစ်
ရွှေကြာဆီ ထိပ်မှ စွမ်းအားကွင်း ဆင်းသက်လာသည်။ ထိုအရာက နှစ်နာရီကြာ ဆက်တိုက်ဖြစ်နေသော်လည်း ပွင့်ချပ်အသစ်က ပေါ်မလာသေးပေ။ သို့သော်လည်း ယဲ့ထျန်းရှင်းက အင်မတန် စိတ်ရှည်ကာ ညင်သာလှသည်။ ချောက်နက်အတွင်း ကြာရှည်စွာ နေထိုင်မှုကြောင့် သူမက ပြင်ပလောကကို မတောင့်တတော့ပေ။ ထို့ကြောင့် သူမက ပွင့်ချပ်ရှစ်လွှာအဆင့် ရောက်ဖို့ အလျှင်မလိုပေ။
စွမ်းအားကွင်းက ဆက်လက်၍ ဆင်းသက်လာသည်။
သူမ၏ စိတ်နေစိတ်ထားကြောင့် ပွင့်ချပ်အသစ် ထွက်လာရေး ဖြစ်စဉ်က အတော်လေး ချောမွေ့နေသည်။
ပွင့်ချပ်ရှစ်လွှာအဆင့်သည် လူသားကျင့်ကြံရေးလောကတွင် ရောက်ရှိနိုင်သည့် အမြင့်ဆုံး အမှတ် ဖြစ်၏။
လေးနာရီကြာမြင့်သွားပြီးသည့်နောက်တွင် သူမက အသံတစ်သံကို ကြားလိုက်ရသည်။
နောက်ဆုံးတွင် ရွှေကြာပေါ်၌ ရှစ်လွှာမြောက် ပွင့်ချပ် ထွက်လာလေပြီ။ သူမ၏ စိတ်ဝိညာဉ်သဏ္ဌာန်က ချက်ချင်းဆိုသလို ပေတစ်ရာမြင့်သွားသည်။ သူမ၏ ပွင့်ချပ်ရှစ်လွှာ ရွှေကြာက ရွှေရောင်တောက်ပနေ၏။
ယဲ့ထျန်းရှင်းက ပျော်ရွင်မှုဖြင့် ဝမ်းသာနေသည် “ရှောင်ဟွမ်း … ငါ အခု ပွင့်ချပ်ရှစ်လွှာအဆင့် ရောက်သွားပြီ”
ချန်ဟွမ်းက သူမ အဆင့်တက်လှမ်းမှုကို ဂုဏ်ပြုသည့်အလား အူလိုက်လေသည်။
ယဲ့ထျန်းရှင်းက သူမရွှေကြာပေါ်မှ ပွင့်ချပ်ရှစ်လွှာကို ကြည့်လိုက်သည်။ အရာအားလုံးက အိပ်မက်နှင့် တူနေသည်။
သူမက မျက်တောင်ခတ်ကာ ပွင့်ချပ်များကို ကြည့်လိုက်သည်။ တစ်ချိန်တည်းဆိုသလို ပြင်ပလောကသို့ ပြန်သွားမည့်အတွေးက စိတ်ထဲ ပေါ်လာသည်။ သူမက အင်အားလုံလောက်ပါက တာ့ယန်ဆီ ပြန်ဖို့ တွေးမိခြင်းက မရှောင်ရှားနိုင်ပေ။
ယဲ့ထျန်းရှင်းက သူမစိတ်ဝိညာဉ်သဏ္ဌာန်ဖြင့် ခပ်မြင့်မြင့် ပျံသန်းလိုက်သည်။ မျက်စိတစ်မှိတ်အတွင်း သူမက မီတာတစ်ရာ အမြင့်ရောက်သွား၏။ သူမက ဘေးပတ်လည်ကို ကြည့်လိုက်သော်လည်း အဆုံးသတ်ကို မမြင်ရပေ။ သူမက အသစ်ရရှိထားသော စွမ်းအားကို အာရုံခံမိလိုက်သည့်အခါ သူမ၏ ပျော်ရွင်မှုကို မနည်းဖိနှိပ်ထားလိုက်ရသည်။ သူမက ပါးစပ်ကို လက်ဖြင့်ကာကာ အော်နေမိသည်။
အသံလှိုင်းက လေထဲရှိ သားရဲများအား လွင့်ထွက်သွားစေ၏။
တချို့သားရဲများမှလွဲ၍ ယဲ့ထျန်းရှင်းအနေနှင့် သားရဲများကို စိုးရိမ်စရာ မလိုတော့ပေ။ ထို့အစား ပေတစ်ရာ စိတ်ဝိညာဉ်သဏ္ဌာန်က သူမကို တိုက်ခိုက်လာခြင်းမှ ကာကွယ်ပေးထားနိုင်ပြီ ဖြစ်၏။
ယဲ့ထျန်းရှင်းက ချောက်နံရံဘက် ပျံသန်းသွားလိုက်သည်။ သူမက ချောက်နက်ကို မော့ကြည့်လိုက်၏။
ထိုစဉ် ချန်ဟွမ်းက ထရပ်ကာ ပြေးလာသည်။ သူမဘေးသို့ ရောက်လာသည့်အခါ နာနာခံခံ ထိုင်ချလိုက်၏။ ထိုအရာက ထိုင်လိုက်သော်လည်း သူမလောက် မြင့်နေဆဲ ဖြစ်၏။
ယဲ့ထျန်းရှင်းက ပြောလိုက်သည်။ “ရှောင်ဟွမ်း .. ငါ အခု ချောက်နက်ကနေ ထွက်သွားတော့မယ်”
ချန်ဟွမ်းက ရေကန်အား တစ်ချက်ကြည့်ကာ ခေါင်းညိတ်ခြင်းမရှိသလို ခေါင်းခါခြင်းလည်း မရှိပေ။
သူမက သူ ဘာတွေးနေလဲဟု စဉ်းစားမိနေသည်။ ယဲ့ထျန်းရှင်းက ပြောလိုက်၏။ “ မင်းက ငါ့ကို ပွင့်ချပ်ကိုးလွှာအဆင့် ရောက်စေချင်တာလား”
ချန်ဟွမ်းက မလှုပ်ပေ။
“ရူးသွားပြီလား။ ပွင့်ချပ်ကိုးလွှာအဆင့် ရောက်ဖို့က မလွယ်ဘူး။ ငါက ပွင့်ချပ်ရှစ်လွှာနဲ့တင် ကျေနပ်နေပါပြီ”
ချန်ဟွမ်းက အသာအူလိုက်သည်။
ကံဆိုးစွာဖြင့် ယဲ့ထျန်းရှင်က သူ ဘာပြောနေမှန်း နားမလည်ပေ။
“သွားကြစို့ … ” ယဲ့ထျန်းရှင်းက ချန်ဟွမ်း၏ ကျောပေါ် ခုန်တက်လိုက်သည်။
ချန်ဟွမ်းက ခြေလက်ချောင်းလုံးဖြင့် တွန်းကန်ကာ မြားတစ်စင်းလိုမျိုး တိမ်ပင်လယ်ကို ထိုးခွင်းထွက်ကာ ပျံသန်းလိုက်သည်။
…