← Chapters

အခန်း (၅၄၁-၅၄၃)

Vol. 37 Ch. 541-543

အခန်း (၅၄၁-၅၄၃)

Vol. 37 Ch. 541-543

အခန်း (၅၄၁) အချိန်ကျလာပြီ

မျက်စိတစ်မှိတ်အတွင်း အချိန်ကုန်သွားလေ၏။ သိပ်မကြာမီ၌ နောက်ထပ်တစ်လ ကုန်လွန် သွားသည်။ မိစ္ဆာဝေဟင်မျှော်နန်းထဲရှိ လျှို့ဝှက်ခန်းထဲတွင်ဖြစ်သည်။

လုကျိုးသည် ကမ္ဘာကြီးနှင့်သူ့ကြား သိသာထင်ရှားမှုမရှိသည့်နေရာ ရောက်ရှိသွားပြီဟု ခံစားမိသည်။ ကြယ်အလင်းစက်များက သူ့နားတွင် ကခုန်နေပုံပေါ်၏။ ထိုစဉ် စနစ်၏အသိပေးသံပေါ်လာသည်။

“တင်း ... စနစ်အဆင့်မြှင့်တင်မှုအောင်မြင်သွားပါပြီ”

“ကောင်းကင်ကျမ်းစာ၏ စာလိပ်သုံးမျိုး၊ လူသားစာလိပ်၏အဆင့်မြင့်တက်သွားပါပြီ”

“စနစ်သက်ရောက်ခြင်းဧရိယာတိုးသွားပါပြီ။ သို့သော် ကောင်းကင်ကျမ်းစာ၏ ထူးကဲစွမ်းအားကို သုံးစွဲပါလိမ့်မည်”

“အသုံးပစ္စည်းကတ်များ၏ တန်ကြေးက မြင့်တက်သွားပါပြီ”

စနစ်အသိပေးသံများသည် လုကျိုး၏နားထဲဆက်တိုက်ပေါ်လာ၏။ သို့သော် သူသည် ၎င်းတို့ကို ကြားပုံမရ။ သူ၏ဆင်ခြင်သုံးသပ်သောအခြေအနေထဲနှစ်မြှုပ်နေသည်။

မြေကမ္ဘာစာလိပ်၏ရုန်းများက ဆက်လက်ကခုန်နေဆဲဖြစ်သည်။ လူသားနှင့် မြေကမ္ဘာစာလိပ်၏ ထူးကဲစွမ်းအားသည် တဖြည်းဖြည်းချင်းတသားတည်းပေါင်းစည်းသွားသည်။

ထိုစဉ် ...

လျိုကော၊ စုရှန့်နှင့် ကုယီရန်တို့သည် ရွှေနန်းဥယျာဉ်တောင်ခြေ၌ တစ်ဖန်ပေါ်လာပြန်၏။

“အရှင်မင်းကြီး မိစ္ဆာအိုကြီးကျိနဲ့ ကတိပေးထားတဲ့အချိန်ရောက်လာပါပြီ။ သူ ကျွန်တော်မျိုးတို့ကို တွေ့ဖို့ငြင်းမယ်ဆိုရင် ဘယ်လိုလုပ်မလဲ” စုရှန့်ကမေးလိုက်၏။

လျိုကောက စုရှန့်ကိုကြည့်ပြီးပြောလိုက်သည်။ “စစ်သူကြီးစု မင်းကိစ္စကိုပဲ မင်းခေါင်းထဲထည့်ထား”

စုရှန့်သည် ထိုစကားကိုကြားသောအခါ အမြန်ပြောလိုက်၏။ “ကျွန်တော်မျိုး အမှားလုပ်မိပါတယ်”

ကုယီရန်က ပြောလိုက်သည်။ "မင်း စိုးရိမ်ပူပန်မှုများလွန်းနေတယ် ညီအစ်ကိုစု။ ချန်းပေ့ကျိက မိစ္ဆာလမ်းစဉ်က ဆိုပေမဲ့ ငါသိထားပုံအရ သူက စကားတည်တဲ့ပုံပဲ”

“ကျုပ် အဲ့လိုပဲမျှော်လင့်ရတာပဲ” စုရှန့်ကပြောလိုက်သည်။

အတိတ်တုန်းကသာဆိုလျှင် လျိုကောသည် ကျိထျန်းတောက်အပေါ် သူ၏အမြင် ပြောလောက်သည်။ သူတို့ တစ်ယောက်နှင့်တစ်ယောက် သိကျွမ်းကြသောကြောင့် ကျိထျန်းတောက်ကို သူသိသည်ဟု အတော်လေး ယုံကြည်ချက်ရှိသည်။ သို့သော် နောက်ဆုံးတစ်ခေါက် တွေ့ဆုံချိန်မှစပြီး မိစ္ဆာဝေဟင်မျှော်နန်း၏သခင်သည် သူယခင်က တွေးထင်ထားသကဲ့သို့ ဖြေရှင်းရန် မလွယ်ကူဟု ခံစားလိုက်မိသည်။

လျိုကောသည် အရံအတားဆီသို့လျှောက်သွားလိုက်၏။

စုရှန့်က သဘောပေါက်သည်။ သူသည် ပါးစပ်နားလက်သီးကပ်လျက် အသံကို ထုတ်သုံးကာ ပြောလိုက်၏။ "တော်ဝင်မြို့ရဲ့အနောက်မြောက်ဂိတ်မြို့စောင့်တပ် စစ်သူကြီးစုရှန့်က ချန်းပေ့ကျိနှင့် တွေ့ဆုံခွင့်တောင်းပါတယ်” သူ၏အသံသည် ကနဦးချီများ ကြွယ်ဝနေ၏။ သို့သော် ယင်းက ဖျက်ဆီးခြင်းမဟုတ်ပေ။

အသံလှိုင်းသည် ရွှေနန်းဥယျာဉ်တောင်ကို ဖြတ်သွားပြီးနောက် တဖြည်းဖြည်းချင်း တောင်အတွင်း၌ ဖျော့တော့ ပျောက်ကွယ်သွားသည်။

မကြာမီ၌ ရွှေနန်းဥယျာဉ်တောင်ကနေ အရိပ်တစ်ရိပ် ဆင်းသက်လာသည်။ ထိုသူက မင်ရှစ်ရင် ဖြစ်သည်။

မင်ရှစ်ရင်က လေထဲပျံဝဲလျက် ပြောလိုက်သည်။

“ကျုပ် စိတ်မကောင်းပါဘူး။ ခင်ဗျားတို့ နောက်တစ်နေ့မှ လာမယ်လို့ ထင်နေတာ”

လျိုကော၊ စုရှန့်နှင့် ကုယီရန်တို့က ထိတ်လန့်အံ့အားသင့်သွား၏။ ယခုက ကတိပေးထားသည့်အချိန် ဖြစ်သည်။ ဤချိန်းဆိုချက်ကို ကြိုတင်သတိမပေးဘဲ မည်ကဲ့သို့ပ ယ်ဖျက်နိုင်မည်နည်း။

“စတုတ္ထသခင်လေး ... လောင်ချန်းပေ့ကျိက ဒီသဘောတူညီချက်ကို လက်ခံထားတာ။ ဆန္ဒရှိသလို ဘယ်လိုလုပ်ပြောင်းမှာလဲနိုင်မှာလဲ” စုရှန့်ကပြောလိုက်၏။

စုရှန့်နှင့် လျိုကောတို့သည် သေတ္တာ၏လျှို့ဝှက်ချက်ကို သိချိန်မှစပြီး သူတို့သည် ယခင်က လာရောက်လည်ပတ်မှုနှင့်ယှဉ်လျှင် ပိုရဲတင်းပြီး သူတို့ကိုယ်သူတို့ ယုံကြည်ချက်ပိုရှိလာ၏။ ထို့အပြင် စုရှန့်သည် လုကျိုးထံမှ ယခင်လက်ဝါးရိုက်ချက်ကို အနည်းငယ် မကျေမချမ်း ဖြစ်နေသေးသည်။

မင်ရှစ်ရင်က လက်ပိုက်လျက် ပြုံးကာ ပြောလိုက်သည်။

"ကျုပ်က ချိန်းထားတဲ့ရက်ကို ပြောင်းတဲ့သူပဲ”

“မင်းလား”

“ကျုပ်ရဲ့ရှစ်စွင်းက အသက်ကြီးပြီ။ သူ တံခါးပိတ်ကျင့်ကြံတဲ့ကာလကို တိတိကျကျ မတွက်ချက်နိုင်ဘူး။ အရှင်မင်းကြီး နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်”

မင်ရှစ်ရင်က ပြောလိုက်သည်။

စုရှန့်၏မျက်နှာပေါ်တွင် မျက်မှောင်ကျုံ့သည့်အမူအရာ ချက်ချင်းပေါ်လာ၏။

“ကတိပေးထားတဲ့အချိန်ကို ပယ်ဖျက်လိုက်တာ ဘယ်လိုစီမံမှုမျိုးလဲ”

“ဟမ် ... ခင်ဗျားကို ကျုပ်ဝင်ခွင့်မပေးတာက ကျုပ်ရှစ်စွင်းနဲ့ဘာဆိုင်လို့လဲ” မင်ရှစ်ရင်က အရံအတားကို လက်ညှိုးထိုးပြလိုက်၏။

“ခင်ဗျားတို့တွေ အတင်းဝင်ဖို့ လုပ်နေတာလား” သူတို့၏တောင်းဆိုချက်ကို သူ လက်မခံကြောင်း သူ၏အမူအရာက ရှင်းရှင်းလင်းလင်းပြသနေ၏။

စုရှန့်က စိတ်ပျက်သွားသည်။ စုရှန့်သည် ရှေ့တိုးပြီး ငြင်းတော့မည့်အချိန်တွင် လျိုကောက လက်တစ်ဖက်ဝေ့ယမ်းပြီး ပြောလိုက်သည်။ "ကောင်းပြီ။ မနက်ဖြန်မှ လာခဲ့မယ်”

နောက်နေ့နံနက်စောစောတွင်ဖြစ်သည်။

လျိုကော၊ စုရှန့်၊ ကုယီရန်နှင့် ကျန်သည့်တော်ဝင်အစောင့်သည် သူတို့ရထားလုံးပျံကိုစီးလျက် ရွှေနန်းဥယျာဉ်တောင်ခြေသို့ ထပ်ရောက်လာပြန်၏။ ယခင်နေ့ကကဲ့သို့ပင် စုရှန့်သည် သူ၏အသံကို ‌ရွှေနန်းဥယျာဉ်တောင်သို့ပို့လိုက်သည်။

မင်ရှစ်ရင်သည် မိစ္ဆာဝေဟင်မျှော်နန်းကနေပျံသန်းလာ၏။ သူကလေထဲတွင် ပျံဝဲလျက် ပြောလိုက်သည်။

“ကျုပ် စိတ်မကောင်းပါဘူး။ ခင်ဗျားတို့တွေ နောက်နေ့မှလာပါလား” ယခုအခေါက်တွင် သူက ရိုးသားနေ၏။

“စတုတ္ထသခင်လေး မနေ့တုန်းက ဒီနေ့တွေ့မယ်လို့ ခင်ဗျားနဲ့ ချိန်းဆိုချက် ယူခဲ့တယ်။ ခင်ဗျားစကားကို ပြန်ရုပ်သိမ်းတာ ကောင်းမယ်မထင်ဘူး” စုရှန့်ကပြောလိုက်၏။ မင်ရှစ်ရင်က လက်ဖြန့်လျက် ပြောလိုက်၏။

“ကျုပ်ကယုံကြည်ရတယ်လို့ တစ်ခါမှမပြောဘူးလေ”

“မင်း...” စုရှန့်သည် မင်ရှစ်ရင်ကဲ့သို့အရှက်မဲ့သည့်သူတစ်ယောက်ကို ယခင်က တစ်ခါမှ မတွေ့ခဲ့ဖူးပေ။ သူသည် စစ်မြေပြင်၌ နှစ်ပေါင်းများစွာတိုက်ခိုက်လာခဲ့သော မဟာစစ်သူကြီးရှစ်ဦးထဲမှ တစ်ဦးဖြစ်သော်ငြား သူ စွမ်းအားကင်းမဲ့နေ၏။

ထိုစဉ်လျိုကောက လက်နောက်ပစ်ထားလျက် ပြောလိုက်သည်။ “ဒါဆို ငါတို့တွေ ဘယ်အချိန်လာရမလဲ”

မင်ရှစ်ရင်က မေးစေ့ပွတ်လျက်စဉ်းစားလိုက်သည်။

“တစ်နှစ်နေမှဆိုရင်ကော”

“…” မင်ရှစ်ရင်သည် လျိုကော၏မျက်နှာပေါ်ရှိ မျက်မှောင်ကျုံ့သောအမူအရာကိုမြင်သောအခါ ရယ်မောပြီးပြောလိုက်၏။ “ကျုပ် နောက်နေတာပါ။ မနက်ဖြန်ထပ်လာခဲ့”

ဆိုရိုးစကားရှိသည့်အတိုင်း တတိယအချိန်သည် အရည်အချင်းတစ်ရပ်ပဲဖြစ်သည်။

လျိုကောသည် မင်ရှစ်ရင်ကို မနက်ဖြန်ကျ ဤအတိုင်းပြောခွင့်ပေးတော့မှာမဟုတ်။ “မနက်ဖြန်ကျ ဒါမျိုးကိစ္စထပ်ဖြစ်လာရင်ဘယ်လိုလုပ်သင့်လဲ”

“အခုတော့ ခင်ဗျားက သူနဲ့မတူဘဲကျိုးကြောင်းသင့်တွေးတတ်တဲ့သူတစ်ယောက်ပဲ။ မနက်ဖြန်အတွက် စိုးရိမ်ပူပန်စရာကို မနက်ဖြန်အတွက်ထားလိုက်။ အနာဂတ်ကို ဘယ်သူမှ မမှန်းဆနိုင်ဘူး”

“ကောက်ကျစ်လိုက်တဲ့ လူဆိုးပဲ”

လျိုကောက ပြော၏။

“ဒီလိုဆိုရင် မနက်ဖြန်ထပ်လာမယ်လို့ ညီအစ်ကိုကျိကို ကျေးဇူးပြုပြီး ပြောပေးပါ”

ပထမနှစ်ခေါက် လာရောက်လည်ပတ်နေစဉ် လျိုကောသည် မင်ရှစ်ရင်ကို အလွယ်တကူ အလျှော့ပေးခဲ့၏။ ယခုသူ ထုတ်ပြောလာပြီဖြစ်ရာ တတိယအကြိမ်ကြိုးစားမှုတွင် တောင်ပေါ်သို့ တက်ရန် ဆုံးဖြတ်ချက်ချထားတာ သိသာ၏။

မင်ရှစ်ရင်က ပြောလိုက်သည်။ “ဘေးကင်းလုံခြုံတဲ့ခရီးဖြစ်ပါစေ အရှင်မင်းကြီး။ ကျုပ်ရဲ့ရှစ်စွင်းဆီ သတင်းပို့ပေးပါမယ်”

လျိုကောနှင့် ကျန်သည့်သူများကလှည့်ထွက်သွားသည်။

မင်ရှစ်ရင်က သက်ပြင်းချလျက် မိစ္ဆာဝေဟင်မျှော်နန်းဆီသို့လျင်မြန်စွာပျံသွားသည်။

မျှော်နန်းဆီသို့ပြန်ရောက်သွားပြီးနောက် မင်ရှစ်ရင်သည် လျှို့ဝှက်ခန်းဆီသို့လျှောက်သွားကာ ဒယ်အိုးပူပူပေါ်မှ ပုရွက်ဆိတ်တစ်ကောင်ပမာဖြစ်နေ၏။ ငါ ဘာလုပ်သင့်လဲ။ ငါ ဘာလုပ်သင့်လဲ။

သူသည် လျှို့ဝှက်ခန်းထဲကနေ သူ့ရှစ်စွင်းထွက်ပေါ်လာမှာကို လွန်ခဲ့တဲ့ရက်အနည်းငယ်တည်းက စောင့်နေတာဖြစ်သည်။ သို့သော် အထဲရှိလှုပ်ရှားမှုများကို အာရုံမခံမိပေ။

မင်ရှစ်ရင်သည် လျှို့ဝှက်အခန်းတံခါးနားကနေ ညင်သာစွာထပ်ခေါ်လိုက်သော်ငြား အကြောင်းပြန်မှု မရပေ။ ပြီးနောက် သူ့ဖာသာသူရေရွတ်ပြောလိုက်၏။ “ကြည့်ရတာ ငါ့ကိုယ်ငါပဲ အားကိုးရုံပဲ တတ်နိုင်မယ်ထင်တယ်”

သူလှည့်ထွက်သွားတော့သည်။

လက်ရှိတွင် မိစ္ဆာဝေဟင်မျှော်နန်း၏ အကြီးအကဲလေးဦးလုံးမှ သူတို့ပြန်ကျင့်ကြံပြီးနောက် ပွင့်ချပ်လေးလွှာအဆင့်တွင် ရှိသည်။ တွမ့်မူရှန်း၊ ကျူးဟုန်ကုန်းနှင့် ကျောင်းယွဲ့တို့က သူတို့‌ရွှေကြာကို ဖြတ်တောက်ထားပြီး ပြန်လည်ကျင့်ကြံနေတာဖြစ်၏။ သူတို့၏အလုံးစုံခွန်အားဖြင့် လျိုကောနှင့် ကျန်သည့်သူများကို ခြိမ်းခြောက်နိုင်ရန် ခက်ခဲမည်ဆိုတာ မယုံနိုင်စရာအကြောင်း မရှိပေ။ မင်ရှစ်ရင်က ခဏတာစဉ်းစားပြီးနောက် အကူအညီတောင်းရန် စာတစ်စောင်ပို့လိုက်သည်။

မွန်းတည့်ချိန်တွင် ငရဲဂိုဏ်းအခွဲ၌ဖြစ်သည်။

ထိုစဉ် ဟွားချုံးယန်က ခန်းမကျယ်ထဲသို့ ကမန်းကတန်းဝင်လာ၏။

“ဂိုဏ်းချုပ် ကျုပ်တို့ယွီစီရင်စုအခွဲကနေ မိစ္ဆာဝေဟင်မျှော်နန်းဆီက စာတစ်စောင်ရတယ်။ အရင်ဧကရာဇ်လျိုကော၊ စုရှန့်နဲ့ ကုယီရန်တို့က အခုမိစ္ဆာဝေဟင်မျှော်နန်းရောက်နေပါတယ်။ သူတို့က ရန်လိုနေပြီး မိစ္ဆာဝေဟင်မျှော်နန်းတပည့်ကြီးက တာဝန်ယူပေးဖို့တောင်းဆိုနေပါတယ်”

ယွီကျန့်ဟိုင်နှင့် စီးဝူယာ့က ကြက်သေသေသွား၏။

“ငါက မိစ္ဆာဝေဟင်မျှော်နန်းကို တာဝန်ယူရမှာလား” ယွီကျန့်ဟိုင်က စိတ်ရှုပ်ထွေးသွားသည်။

“စတုတ္ထသခင်လေးက သူ့စာထဲမှာမရှင်းပြထားဘူး။ ဒါပေမဲ့ စာကိုဖတ်ကြည့်တော့ ရှုပ်ထွေးတဲ့အခြေအနေထဲ ရောက်နေတဲ့ပုံပဲ” ဟွားချုံးယန်သည် ယွီကျန့်ဟိုင်ကို စာလှမ်းပေးလိုက်သည်။

ထိုအစားစီးဝူယာ့က စာယူပြီးဖတ်လိုက်သည်။ “ရှစ်စွင်းရဲ့ ပွင့်ချပ်ကိုးလွှာအဆင့်နဲ့ဆို လျိုကောကို ဖြေရှင်းဖို့ပြဿနာ မဟုတ်ဘူး။ ရှစ်စွင်းမရှိရင်တောင် အကြီးအကဲလေးယောက်ရှိတာပဲ။ ဘာဖြစ်လို့လဲ”

ယွီကျန့်ဟိုင်ကပြော၏။

“ရှစ်တိ ဒါကထောင်ချောက်တစ်ခုများလား။ ရှစ်စွင်းက စကားပြန်ရုပ်သိမ်းပြီး ငါ့ကို အဲ့ဒီကိုမျှားဖို့ကြိုးစားနေတာလား”

ထိုစကားကိုကြားသောအခါ စီးဝူယာ့ကခေါင်းခါလိုက်၏။ “အဲဒီလိုမဟုတ်လောက်ဘူး”

“သူက ခင်ဗျားကိုဖမ်းချင်တယ်ဆို နောက်ဆုံးတစ်ခေါက်ဒီရောက်တည်းက ဖမ်းလိုက်ရောပေါ့။ အခုချိန်ထိ ဘာကြောင့် စောင့်မှာလဲ”

“လျိုကော အဲဒီသူခိုးကြီး သူအသက်ရှင်နေသေးတာ တွေးကြည့်တော့ သူလည်း ပွင့်ချပ်ကိုးလွှာအဆင့်ရောက်သွားတာလား” ယွီကျန့်ဟိုင်၏ အသက်ရှုနှုန်းမြန်လာသည်။ ယင်းသည် သူ မမြင်ချင်ဆုံးရလဒ်ဖြစ်၏။

ငါးလတာကုန်ဆုံးပြီး ငရဲဂိုဏ်းသည် စီရင်စုကိုးခုကို သိမ်းပိုက်ရန်ခက်ခက်ခဲခဲကြိုးစားနေသည်။ ယခုသူတို့က ယီစီရင်စုကိုသိမ်းပိုက်ပြီး ယန်စီရင်စုနှင့် အံ့ဖွယ်မြို့တော်သာကျန်တော့သည်။ သူ့ရှစ်စွင်းနှင့် ကတိပေးထားသည့် အချိန်က တစ်လမလိုတော့ပေ။ ယခုကျင့်ကြံခြင်းလောကက ရွှေကြာဖြတ်တောက်သည့်ခေတ် ရောက်နေလေ၏။ လွန်ခဲ့သည့် သူတွေ့ခဲ့သည့် ပွင့်ချပ်ငါးလွှာအကျော်အမော်က သူ့ကို ထိတ်လန့်စေခဲ့၏။ တစ်စုံတစ်ယောက်ကသာ သူ၏ရွှေကြာကို ဖြတ်တောက်ပြီး အချိန်တိုအတွင်း ပွင့်ချပ်ကိုးလွှာရွှေကြာကို ရယူခဲ့လျှင် ငရဲဂိုဏ်းအတွက် အဟန့်အတားကြီးတစ်ခု ဖြစ်လိမ့်မည်။

“လျိုကောနဲ့ရှစ်စွင်းက မိတ်ဆွေဟောင်းတွေပဲ။ ရှစ်စွင်းအထိတ်အထိပ်ကာလတုန်းက သူတို့ သိကျွမ်းခဲ့တာ။ လျိုကောက ရှစ်စွင်းကို အဲ့ဒီတုန်းက အံ့ဖွယ်မြို့တော်ရဲ့မင်းဆရာအဖြစ် ဖိတ်ကြားခဲ့တာလေ။ ရှစ်စွင်းကလည်း လူအများရဲ့အရှင်သခင်ဖြစ်ခဲ့ပြီး တစ်ယောက်တည်းကို ခစားရတာ။ ဒါပေမဲ့ ရှစ်စွင်းက ချုပ်နှောင်ခံရတာမကြိုက်ဘူး။ ဒါကြောင့် ရှစ်စွင်းက မိစ္ဆာဝေဟင်မျှော်နန်းကို ရွှေနန်းဥယျာဉ်တောင်မှာ တည်ထောင်ပြီး တပည့်တွေကိုခေါ်ခဲ့တာ” စီးဝူယာ့ကပြော၏။ “ကျွန်တော့်တွက်ချက်မှုတွေအရ လျိုကောရဲ့ မဟာအသက်အကန့်အသတ်က ရောက်လောက်ပြီ။ သူ ပွင့်ချပ်ကိုးလွှာအဆင့်မှာရှိဖို့က မဖြစ်နိုင်ဘူး”

“…” စီးဝူယာ့ကဆက်ပြော၏။ “ကျွန်တော်သိသလောက် အကြီးအကဲလေးယောက်ထဲမှာ လန်လော့နဲ့ ဖန်လီထန်းက ဒဏ်ရာရနေပြီး ဟွားဝူတောက်က ပွင့်ချပ်ခုနစ်လွှာကျင့်ကြံသူ။ အကြီးအကဲသစ်ကျော့ယွီရှုက မှတ်သားလောက်တဲ့သူဆိုပေမဲ့ သူက ကွန်ဖြူးရှပ်ကျောင်းတော်ကပဲ။ စုရှန့်နဲ့ ကုယီရန်ကလည်း ကွန်ဖြူးရှပ်ကျောင်းတော်က”

ယွီကျန့်ဟိုင်က မျက်မှောင်ကျုံ့လိုက်၏။

“တာ့ရှစ်ရှိုး ကျွန်တော်တို့မိစ္ဆာဝေဟင်မျှော်နန်းကို ကူညီသင့်တယ်လို့အကြံပေးချင်တယ်။ ဒါ အကြံပေးချက်ပဲ။ ဆုံးဖြတ်ချက်ကတော့ ရှစ်ရှိုးပေါ်မှာပဲမူတည်တာပါ”

…

အခန်း(၅၄၂) ကောင်းကင်စွမ်းအား၏ ဆုံးဖြတ်တိုက်ပွဲ

ယွီကျန့်ဟိုင်က တိတ်ဆိတ်နေသည်။

စီးဝူယာ့က အကြံပြုစဉ်အခါက သူလည်း နာကျင်မိ၏။ သူ့အနေနှင့် ယွီကျန့်ဟိုင်သည် ကမ္ဘာကြီးကို မည်မျှအုပ်စိုးလိုကြောင်း သေချာသိထားလေသည်။ သူ့အကြံပြုချက်က ယွီကျန့်ဟိုင်အား အရေးသာချက်များကို လျစ်လျူရှုခိုင်းကာ မိစ္ဆာဝေဟင်မျှော်နန်းကို ကူညီခိုင်းသလို ဖြစ်သွားသည်။ အကယ်၍ အရာအားလုံး ချောမွေ့နေပါက၊ သို့မဟုတ် ပြဿနာတစ်ခုခု ဖြစ်လာပါက ငရဲဂိုဏ်း၏ အားစိုက်ထုတ်မှုသည် အလကား ဖြစ်သွားလိမ့်မည်။ အကယ်၍ ထိုသို့ဖြစ်သွားခဲ့ပါက ငရဲဂိုဏ်းမှ ဂိုဏ်းသားများကို မည်သို့ရင်ဆိုင်နိုင်မည်နည်း။ သူက ယွီကျန့်ဟိုင်သည် အတွေးနစ်မျှောနေသည်ကို မြင်သည့်အခါ တိတ်ဆိတ်လျက်သာ နေဖို့ ဆုံးဖြတ်လိုက်သည်။ သူက ခန်းမကျယ်ထဲမှ ထွက်မသွားခင် ပြောလိုက်၏ “တာ့ရှစ်ရှိုး ကျွန်တော် သွားလိုက်ပါဦးမယ် ”

သူတို့က စီးဝူယာ့၏ ရည်ရွယ်ချက်ကို နားလည်၍ အသီးသီး ထွက်သွားလိုက်ကြသည်။

ခန်းမကျယ်က ယခုအခါ တိတ်ဆိတ်မှုကြီးစိုးနေသည်။

ယွီကျန့်ဟိုင်က လက်နောက်ပစ်လျက် လှည့်လာပြီး နံရံနှင့် မျက်နှာချင်းဆိုင်လိုက်သည်။ သူဘာတွေးနေသည်ကိုတော့ မည်သူမှ မသိပေ။ သူက နဂါးသွဲ့ကျောက်ဓားကို အသာထိရင်း အတွေးနစ်နေဆဲ ဖြစ်၏။

…………

နောက်တစ်ရက်၌ နေမင်းက အရှေ့ဘက်မှ ထွက်လာသည်။

မင်ရှစ်ရင်က သူ့ရှစ်စွင်းကို နှုတ်ဆက်ဖို့ လျှို့ဝှက်အခန်းဘက် ဦးတည်လိုက်သည်။ ထင်ထားသည့်အတိုင်း သူ့ရှစ်စွင်းဆီမှ ဘာအဖြေမှ ပြန်မရပေ။ ထို့နောက် သူက သက်ပြင်းချကာ တောင်အောက် ဆင်းသွားလိုက်သည်။

သိပ်မကြာခင် မင်ရှစ်ရင်က ကတိအတိုင်း တောင်ဆီ ဦးတည်လာနေသည့် ရထားလုံးပျံတစ်စီးသည် ရွှေနန်းဥယျာဉ်တောင်ခြေတွင် ရပ်သွားသည်ကို မြင်လိုက်ရသည်။

စုရှန့်က မျက်စိလျှင်လျှင် ထားထားသည်။ ရထားလုံး ဆင်းသက်လိုက်သည်နှင့် သူက မင်ရှစ်ရင်သည် လေထဲ ဝဲပျံကာ သူတို့ကို စောင့်နေကြောင်း မြင်လိုက်ရသည်။ သူက လေထဲ ပျံသန်းလိုက်ပြီးနောက် အကာအရံနောက်တွင် ရပ်နေသည့် မင်ရှစ်ရင်အား လက်ဝေ့ကာ “ စတုတ္ထသခင်လေး ကျုပ်တို့ ထပ်တွေ့ပြန်ပြီ ”

“ မင်္ဂလာပါ” မင်ရှစ်ရင်က အပြုံးလေးဖြင့် ပြန်နှုတ်ဆက်လာ၏။

“ ကျိချန်းပေ့က ကျင့်ကြံရေးကနေ မကြာခင် ထွက်လာတော့မယ်တူတယ်။ စတုတ္ထသခင်လေးက ရှေ့ကနေ ဦးဆောင်ပါ” စုရှန့်က ပြုံးလိုက်သည်။

မင်ရှစ်ရင်က ပြောလိုက်သည် “ ကျုပ် အားနာပါရက်။ ဒါပေမဲ့ မနက်ဖြန်မှ ပြန်လာလို့ ရမလား ”

“…”

“ ကျုပ်ကို မယုံကြည်ရတဲ့လူလိုပဲ ဆက်ဆံလိုက်ပါ” မင်ရှစ်ရင်က ပြောလိုက်သည်။ သူက ထိုသို့ပြောလိုက်သော်လည်း အနည်းငယ် စိတ်တိုနေဟန်ပေါ်သည်။ သူ့ရှစ်စွင်းက မည်သူ့ကိုမှ မတွေ့ချင်သည့်အခါ သူ့အနေနှင့် ဘာများတတ်နိုင်မည်နည်း။ သူ့ကတိနှင့် ဘာမှမပတ်သက်ပေ။

စုရှန့်က ပြုံးလိုက်ကာ “ ကျုပ်တို့ ထွက်သွားဖို့ လိုမယ်တော့ မထင်ဘူး။ မိစ္ဆာဝေဟင်မျှော်နန်းက ကြီးတာပဲလေ။ ကျုပ်တို့ ကျိချန်းပေ့ ထွက်မလာခင်အထိ တောင်ပေါ်ကနေ စောင့်နေပါ့မယ်”

မင်ရှစ်ရင်က ရယ်လိုက်ပြီး ပြောလိုက်သည်။

“ စစ်သူကြီးစုသာ ဉာဏ်ကောင်းရင် ကျုပ်အကြံပေးတာကို နားထောင်လိုက်ပါ။ အဲဒါမှ နောင်ကျရင် နောင်တမရမှာ“

“အဲဒါက မင်း ဆုံးဖြတ်ရမဲ့အရာ မဟုတ်မှာဘဲ စိုးမိပါ့” စုရှန့်က ပြောလိုက်သည်။ သူက ပြောလိုက်စဉ် သူ့ဝန်းကျင်တွင် သိပ်သည်းသည့် စွမ်းအင်စည်းတံဆိပ်များစွာ ထွက်ပေါ်လာသည်။ ထိုအဆောင်များက လေထဲ ဝဲပျံနေရင်း ရွှေရောင်အလင်းများ တောက်ပနေသည်။ သူက အကာအရံကို ချိုးဖောက်ဖို့ ကြိုးစားနေသည်မှာ သိသာလှ၏။

ကွန်ဖြူးရှပ်ကျောင်းတော်က အစီအရင်များနှင့် ကျယ်ပြန့်ကောင်းကင်စွမ်းအားတို့နှင့် ပတ်သက်ပြီး ကျော်ကြားလေသည်။

ထိုစဉ် တောင်အလယ်လောက်မှ အဆောင်စည်းတံဆိပ်များစွာက ဆင်းသက်လာသည်။ စည်းတံဆိပ်တစ်ခုစီသည် ယခင်ထက် ပိုမိုကြီးမားလေ၏။

စုရှန့်က မျက်မှောင်ကြုတ်ကာ အော်ပြောလိုက်သည် “ဒါက မိစ္ဆာဝေဟင်မျှော်နန်းက ဧည့်သည်ကို ဆက်ဆံတဲ့ပုံလား”

သူက လက်ဝါးချက်ကို ရှေ့တွန်းလိုက်သည့်အခါ သူ့ရှေ့တွင် ကွန်ဖြူးရှပ် ကောင်းကင်စွမ်းအား ဒိုင်းတစ်ခု ဖြစ်တည်လာသည်။

ဘန်း ဘန်း ဘန်း

တောင်အလယ်မှ ထွက်လာသည့် ဆင်းသက်လာသည့် သင်္ကေတများကို ကောင်းကင်စွမ်းအားဖြင့် တားဆီးလိုက်သည်။

ခဏအကြာတွင် စည်းတံဆိပ်များ ထွက်လာရာမှ အသံတစ်သံ ထွက်လာသည်။

“ မိစ္ဆာဝေဟင်မျှော်နန်းထဲ အတင်းဝင်ရဲအောင် ဘယ်သူ သတ္တိကောင်းလဲ ကြည့်ရအောင်”

စုရှန့်က ထိုအကြောင်းကြားသည့်အခါ ဦးညွှတ်လိုက်သည်။

“ကျော့ချန်းပေ့ကို ဂါရဝပြုပါတယ်။ ကျုပ်က ရွှေနန်းဥယျာဉ်တောင်ထဲ အတင်းဝင်ဖို့ မရည်ရွယ်ပါဘူး … အရှင်က ကျိချန်းပေ့နဲ့ တွေ့ဖို့ စီစဉ်ထားလို့ပါ။ ကျုပ်တို့က သဘောတူညီချက်ကို ထိန်းသိမ်းဖို့ ရောက်လာတာပါ”

“ ငါက မျှော်နန်းသခင်ကိုယ်စား ဆုံးဖြတ်ပေးမယ်။ ဒီအစီအစဉ်ကို အခု ဖျက်သိမ်းတယ်။ အခု ရွှေနန်းဥယျာဉ်တောင်ကနေ ချက်ချင်း ထွက်သွားလိုက်တော့” ကျော့ယွီရှုက အလျှင်စလို ပြောလိုက်သည်။

မင်ရှစ်ရင်က အနည်းငယ် အံ့ဩသွားသည်။ သူက အကြီးအကဲကျော့သည် ဒီလိုမျိုး လွှမ်းမိုးနိုင်စွမ်းအားကောင်းလိမ့်မည်ဟု မထင်ထားမိပေ။

ငါ သဘောကျတယ် …

ထိုစဉ် လျူကော၏ အသံက ထွက်ပေါ်လာသည် “ကျော့ယွီရှု … မင်းက ငါ တောင်ပေါ်တက်တာကို တားဆီးချင်တာလား ”

“လျူကော … ဒါက မိစ္ဆာဝေဟင်မျှော်နန်း … နန်းတော် မဟုတ်ဘူး။ ငါ့ကို ခြိမ်းခြောက်နိုင်မယ် မထင်နဲ့” ကျော့ယွီရှုက လေထဲ ပျံသန်းလာရင်း သူမ၏ တုတ်ကို ဝေ့ယမ်းလိုက်သည်။ ထိုစဉ် သူမဝန်းကျင်တွင် အဆောင်စည်းတံဆိပ်များစွာ ပေါ်ထွက်လာသည်။ ထိုစည်းတံဆိပ်များက လူသားစာလုံး ဖြစ်၏။

စုရှန့်က မျက်မှောင်အသာကြုတ်လိုက်သည်။

“ကောင်းကင်စွမ်းအား …. သင်္ကေတတစ်ခု စည်းတံဆိပ် ”

လူသား စာလုံးကို တစ်ခါတစ်လေတွင် သက်ညှာမှုဖြင့် အစားထိုးတတ်ကြသည်။ ဤသည်က ကွန်ဖြူးရှပ်ကျောင်းတော်များ ကျင့်ကြံသည့် ပင်မစည်းတံဆိပ် ဖြစ်၏။ ဤနှစ်များတစ်လျှောက်လုံး ထိုနည်းစနစ်ကို မြင့်မားသည့် အဆင့်အထိရောက်အောင် ကျင့်ကြံနိုင်သူ လက်တစ်ဆုပ်သာ ရှိဖူးသည်။ ကျော့ယွီရှုက သူတို့ထဲမှ တစ်ယောက် ဖြစ်၏။ ဤသည်က ကျယ်ပြန့်ကောင်းကင်စွမ်းအား၏ လက်နက်ထဲ အားအကောင်းဆုံး စည်းတံဆိပ် ဖြစ်ပေသည်။

“မင်းက လုံးဝ ကန်းနေတာတော့ မဟုတ်သေးဘူးပဲ” ကျော့ယွီရှုက သူ့ကို ဝေဟင်မှ ငုံ့ကြည့်လာသည်။

စုရှန့်က ပြောလိုက်၏။

“လွန်ခဲ့တဲ့ နှစ်များစွာကတည်းက ကွန်ဖြူးရှပ်ကျောင်းတော်ကို ဖွဲ့စည်းကတည်းက အကြီးအကဲကျော့က ကျုပ်တို့သူတော်စင် ဖြစ်ရမှာလေ။ အဲဒီရာထူးက မိန်းမသားတွေကို မဟုတ်ဘဲ ယောကျ်ားသားတွေပဲ ပေးခဲ့တာ။ ဒါပေမဲ့ ကွန်ဖြူးရှပ်ဂိုဏ်းသားတွေက ခင်ဗျားကို လေးစားခဲ့ကြတယ်။ ဘာလို့များ မိစ္ဆာလမ်းစဉ်ကို ဝင်သွားရတာလဲ”

“ငါက မင်းကို ရှင်းပြနေရဦးမှာလား” ကျော့ယွီရှုက ပြန်လည်ချေပလိုက်သည်။

စုရှန့်က ဆွံအနေမိ၏။

ကုယီရန်က ပြောလိုက်သည်။ “ အကြီးအကဲကျော့ ဘာလို့များ ဒီလိုလုပ်နေရတာလဲ။ ကျိချန်းပေ့ကို အစားမထိုးနိုင်ဘူးလေ”

သူ့စကားအဆုံးတွင် လက်ကို ဆန့်ထုတ်ကာ လက်ဝါးစည်းတံဆိပ်တစ်ခု ထုတ်ဖော်လာသည်။

ကျော့ယွီရှု မျက်နှာအထက် မျက်မှောင်ကြုတ်မှုတစ်ခု ဖြစ်လာပြီး တုတ်ကို ဝေ့ယမ်းလိုက်သည်။ တုတ်မှ ရွှေရောင်အလင်းများ ဖြာထွက်လာသည်။ ထိုစဉ် လူသားစည်းတံဆိပ်သည် လက်ဝါးချက်နှင့် ထိပ်တိုက်တွေ့သွားသည်။

ဝုန်း

ခဏအကြာတွင် ထိပ်တိုက်တွေ့မှုမှ စွမ်းအားများ အနည်ကျသွား၏။

“အကြီးအကဲကျော့ သင်ပြပေးပါဦး” ကုယီရန်က မြေကို ခြေဆောင့်ကန်ကာ ဝေဟင်ထဲ ပျံသန်းလိုက်သည်။

မင်ရှစ်ရင်က အံ့အားသင့်သွား၏။ သူက ကုယီရန်သည် ဝင်ရောက်တိုက်ခိုက်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

ကျော့ယွီရှုက ရွှေကြာဖြတ်ကာ ပြန်လည်ကျင့်ကြံနေဆဲ ဖြစ်သော်လည်း သူမအနေနှင့် ထိုသို့သော အပြုအမူမျိုးကို သည်းမခံနိုင်ပေ။ သူမ၏ တုတ်က လေထဲ ဝေ့ယမ်းနေရင်း အဆောင်စည်းတံဆိပ်များစွာ ထုတ်လွှင့်နေသည်။ အဆောင်များက သူမအနား ဝေ့ပတ်ရင်း သံကြိုးသဖွယ် ဖြစ်လာသည်။

ကုယီရန်က နောက်ထပ် ဘာမှမပြောဘဲ စိတ်ဝိညာဉ်သဏ္ဌာန်ကို ထုတ်ဖော်လိုက်သည်။

ဝှစ်

ပေတစ်ရာ ပွင့်ချပ်ရှစ်လွှာ စိတ်ဝိညာဉ်သဏ္ဌာန်က ရွှေရောင်တဖြတ်ဖြတ် တောက်ပကာ ပေါ်ထွက်လာသည်။

ဝုန်း

သင်္ကေစည်းတံဆိပ်များနှင့် အဆောင်များက လွှင့်ပြယ်သွားသည်။

ကျော့ယွီရှုက ကုယီရန်သည် စွမ်းအားကုန် ထုတ်သုံးလိမ့်မည်ဟု မထင်ထားမိပေ။

ကုယီရန်က ပြောလိုက်၏။ “ အကြီးအကဲကျော့ .. ကျုပ်တွေးထားသလို ခင်ဗျားက ပွင့်ချပ်ရှစ်လွှာ မဟုတ်ဘူးပဲ ”

ကျော့ယွီရှုက နောက်ပြန်လွှင့်သွားစဉ် တုတ်ကို ရုတ်တရက် ဝေ့ယမ်းလာသည်။ ထိုစဉ် တုတ်မှ ရွှေရောင်အလင်းတန်း ပေါ်လာပြီး တုတ်လက်ကိုင်ဘက်တွင် နဂါးပုံသဏ္ဌာန် ဖြစ်လာသည်။ ထို့နောက် လျှို့ဝှက်ဆန်းကြယ် အဆောင်စည်းတံဆိပ်ကို ပစ်လွှတ်လိုက်သည်။

ဘန်း

ကုယီရန်က နောက်ဆုတ်လိုက်၏။ သူ့မျက်နှာအထက် အံ့အားသင့်နေသည့် အမူအရာကို မြင်နေရသည်။

“ ရစ်ခွေနဂါးတုတ်ပဲ …. အဲဒါက အကြီးအကဲကျော့ လက်ထဲ တစ်လျှောက်လုံး ရှိနေခဲ့တာလား ”

ထိုစဉ် လည်နေသည့် ရစ်ခွေနဂါးတုတ်က ကျော့ယွီရှု လက်ထဲ ပြန်ရောက်လာသည်။ သူမက လေထဲ ဝဲပျံလိုက်ရင်း ကိုင်ဆောင်ထားလိုက်၏။ သူမမျက်ဝန်းထဲ အဓိပ္ပါယ်ရှိရှိ အကြည့်မျိုး ရှိနေသည်။

“ တောင်ပေါ်တက်ချင်ရင် ငါ့ခွင့်ပြုချက် လိုတယ်”

ထို့နောက် စုရှန့်က ရုတ်ခြည်းဆိုသလို ခြေဖျားထောက်ကာ ပျံလွှားလေးတစ်ကောင်ပမာ ပေါ့ပါးသွက်လက်စွာ ပျံသန်းလိုက်သည်။ သူက ကုယီရန်ဘေးတွင် ရပ်လိုက်၏။

ပွင့်ချပ်ရှစ်လွှာအဆင့် စစ်သူကြီးနှစ်ယောက်က ကျော့ယွီရှုအား အဝေးမှ ကြည့်လိုက်ကြသည်။

“အကြီးအကဲကျော့ ဘာလို့ ဒီလိုလုပ်ရတာလဲ” စုရှန့်က လက်နောက်ပစ်လျက်ရှိသည်။ သူက ရှေ့တိုးလိုက်သည့်အခါ ခြေလှမ်းတိုင်းတွင် အလင်းစက်ဝန်း ပေါ်ထွက်လာသည်။ သူ့ခန္ဓာကိုယ်ပေါ်မှ အဆောင်စည်းတံဆိပ်များစွက ထူးခြားသည့် အစီအရင်သွေးကြော ဖြစ်လာသည်။

အစီအရင်သွေးကြောများက အကာအရံနှင့် ထိတွေ့မိသည့်အခါ အကာအရံတွင် တံခါးတစ်ချပ် ပေါ်ထွက်လာသည်။ ထို့နောက် စုရှန့်က အကာအရံထဲ အလွယ်တကူ ဝင်ရောက်လိုက်၏။

မင်ရှစ်ရင်က အံ့ဩသွားသည်။

သူက အစီအရင်ဆရာလား …

သူ့လိုမျိုး အစီအရင်အကြောင်း ကျွမ်းကျင်သူများသည် မာစတာကီး ကိုင်ထားသည့် လူများ ဖြစ်၏။ အားလုံးက အစီအရင်တွင် ကျွမ်းကျင်နိုင်ကြခြင်း မဟုတ်ပေ။ ထိုအရာက သူ့အာ့ရှစ်ရှိုးနှင့် ဖန်လီထန်းအား အမှတ်ရစေသည်။ သူတို့အဆင့်ဖြင့် အကာအရံ တည်ရှိမှုက သိပ်ကွာခြားချက် မရှိတော့ပေ။

ကျော့ယွီရှုက ထင်ထားပြီးသား ဖြစ်၏။ သူမက ရစ်ခွေနဂါးကို ထပ်မံ ဝေ့ယမ်းလိုက်သည်။ နဂါးပုံစံ ကျယ်ပြန့်ကောင်းကင်စွမ်းအားက ထွက်ပေါ်လာသည်။

စုရှန့်က လက်ဝေ့လိုက်၏။ ထိုစဉ် သူ့လက်ဝါးက ရွှေရောင်စည်းတံဆိပ်ဖြင့် တောက်ပလာပြီးနောက် လက်သီးဆုပ်လိုက်သည်။

ဘန်း

သူက ရစ်ခွေနဂါး စွမ်းအားစည်းတံဆိပ်ကို ဖမ်းလိုက်၏။

“ဒီအဆင့်က ပွင့်ချပ်လေးလွှာအဆင့်ပဲ။ အကြီးအကဲကျော့ ပွင့်ချပ်ရှစ်လွှာအဆင့်က ဘာလဲဆိုတာ သိသင့်တယ်” စုရှန့်က လက်သီးဆုပ်လိုက်သည့်အခါ နဂါးစွမ်းအားက ပျက်ပျယ်သွားသည်။

ထိုအရာကို မြင်ကာ ကျော့ယွီရှုက မျက်မှောင်ကြုတ်လိုက်သည်။

…

အခန်း (၅၄၃) ကောင်းကင်အဆင့်အလွန်

ကျော့ယွီရှုသည် သူမ၏ရွှေကြာကို ဖြတ်တောက်ပြီး ပြန်လည်ကျင့်ကြံနေတာဖြစ်သည်။ သူမသည် ပွင့်ချပ်ရှစ်လွှာစုရှန့်အတွက် ပြိုင်ဘက် မဟုတ်တာ သဘာဝကျ၏။ ပွင့်ချပ်လေးလွှာကျော့ယွီရှုသည် တိုက်ကွက်ဖလှယ်ရန် ထိုမျှအကွာအဝေးဖြင့် ဆောင်ရွက်နိုင်တာကပင် တော်နေပြီဖြစ်သည်။ စုရှန့်သာ သူ၏ခွန်အားအပြည့်ဖြင့် တိုက်ခိုက်ခဲ့မည်ဆိုလျှင် သူသည် ပွင့်ချပ်လေးလွှာ ကျင့်ကြံသူတစ်ယောက်ကို တစ်ချက်တည်းနှင့် အလွယ်တကူ သတ်နိုင်၏။

စုရှန့်သည် ပေတစ်ရာကျော်ခန့် မြင့်မားသည့် စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆင့်ခေါ်လိုက်ရာ လူတိုင်းထက်၌ ပေါ်လာသည်။ ပွင့်ချပ်ရှစ်လွှာရွှေကြာသည် ၎င်း၏ခြေထောက်အောက်၌ လည်ပတ်နေ၏။ သူသည် ကျော့ယွီရှု၏ ကျင့်ကြံဆင့်သည် ယခင်ကကဲ့သို့ မဟုတ်ဟု သူ ယုံကြည်သည်။

ကျော့ယွီရှုသည် နောက်သို့ အနည်းငယ်ဆုတ်လိုက်ပြီးနောက် လေထဲတွင် နဂါးရစ်ခွေတုတ်က ပေါ်လာလေ၏။ သူမ၏ခြေထောက်အောက်၌ ဧရာမစက်ဝိုင်းတစ်ခု ပေါ်လာတော့သည်။ သင်္ကေတစည်းတံဆိပ်များက သူတို့ဖာသာ ညီညီညာညာစီလျက် ရွှေရောင်အလင်း တောက်ပနေတော့သည်။

စုရှန့်က ဇဝေဇဝါဖြစ်သွား၏။ “တိုးမြှင့်အစီအရင်။ ဒါပေမဲ့ မင်း သက်ရောက်မခံရဘူး”

ရုတ်တရက် နောက်ကနေ အသံတစ်သံ ပေါ်ထွက်လာသည်။ “မောင်ရင် မင်းက သိတာ နည်းလွန်းတယ်”

ဝှစ်

ကျော့ယွီရှု၏ အစီအရင်စည်းတံဆိပ်ကို ဖြတ်လျက် ကြီးမားသည့် သေရည်ဘူးသီးခြောက်က ပေါ်လာ၏။ ၎င်း၏အရွယ်အစားကကြီးမားလာသည်။ ဖန်လီထန်းက သူတို့ဆီပစ်ထုတ်လိုက်၏။ သူ၏ ရွှေရောင်ဘူးသီးခြောက် စွမ်းအင်စည်းတံဆိပ်ကို သူ၏ ပြိုင်ဘက်များဆီ ပစ်ထုတ်လိုက်တာ ဖြစ်သည်။

ဖုန်း

ရွှေရောင်ဘူးသီးခြောက်စည်းတံဆိပ်သည် ပေတစ်ရာခန့် မြင့်မားသည့် စိတ်ဝိညာဉ်သဏ္ဌာန်ကို ထိသွားပြီး ကြမ်းတမ်းသောလေပွေများ ဖြစ်ပေါ်လာစေ၏။

စုရှန့်၏မျက်နှာထက်၌ ထိတ်လန့်သော အမူအရာ ပေါ်လာကာ ထိုသက်ရောက်မှုကြောင့် သူ၏ စိတ်ဝိညာဉ်သဏ္ဌာန်နှင့်အတူ နောက်ကျွမ်းပစ်သွားတော့သည်။

ဘန်း

ကျယ်လောင်လှသည့် ပေါက်ကွဲသံက ပေါ်လာပြီး စုရှန့်သည် အတွင်းနံရံနှင့် တိုက်မိသွားသည်။

ဖန်လီထန်းက လေထဲပျံဝဲနေလျက် သူ့နားတစ်ဝိုက်တွင် ‌ရွှေရောင်သေရည်ဘူးသီးခြောက်က လည်နေလေ၏။ သူ၏အကြည့်တို့က စုရှန့်ဆီရောက်သွားသည်။ “အစီအရင်သခင်ဖြစ်တဲ့မင်းလို ကွန်ဖြူးရှပ်အကျော်အမော်ကို အရံအတားက ထိန်းမထားနိုင်ဘူးဆိုတာ ငါ သိတယ်။ ဒါကြောင့် မင်းကို ဝင်ခွင့်ပေးလိုက်တာ။ ဒီအကွက်က တံခါးကို ပိတ်ပြီး ခွေးကိုရိုက်တာလို့ခေါ်တယ်”

စုရှန့်သည် ဒုက္ခခံပြီးနောက်ဆုံး၌ အရံအတားထဲဝင်နိုင်ခဲ့တာဖြစ်သည်။ သို့သော် ယခုသူ ဝင်လာခဲ့ပြီး ဖြစ်ရာ ပြန်ထွက်နိုင်တော့မည် မဟုတ်ပါလော။ အသွားအပြန် ကနဦးချီမည်မျှ ဖြုန်းတီးရာ ရောက်မည်နည်း။

စုရှန့်သည် သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို တည်ငြိမ်အောင်လုပ်လျက် ဖန်လီထန်းကို ကြည့်လိုက်၏။ ယခုတော့ ကျော့ယွီရှုသည် သူမ၏အစီအရင်ကို အသက်သွင်းလိုက်ရသည့်အကြောင်းအရင်းကို သူ သဘောပေါက်သွားပြီ ဖြစ်သည်။ သူသည် ကြီးမြတ်သော မဟာစစ်သူကြီးရှစ်ဦးထဲမှ တစ်ဦးဖြစ်သည့် သူ့ကိုယ်သူ ဤကဲ့သို့ အရှက်ကွဲခံရတာမျိုး မဖြစ်ချင်ပေ။ သူက လက်ဝါးနှစ်ဖက်ကို ပူးလျက် အော်လိုက်သည်။ “ဒီလိုဆိုမှတော့ နောက်ထပ်ဖြစ်တာအတွက် ငါ့ကို အပြစ်မတင်နဲ့”

စုရှန့်၏ ပေတစ်ရာခန့် မြင့်မားသော စိတ်ဝိညာဉ်သဏ္ဌာန်က ပေါ်ထွက်လာသည်။ ယင်းကို မြင်သောအခါ ဖန်လီထန်းက နောက်ဆုတ်လိုက်သည်။

ထိုအခိုက်အတန့်တွင် ကျော့ယွီရှုနောက်တွင် လျှို့ဟယ်တာအိုစည်းတံဆိပ်ကပေါ်လာသည်။ သင်္ကေတငါးခုသည် အကြီးဆုံးသင်္ကေတနားဝဲလျက် လည်ပတ်နေသည်။

ဟွားဝူတောက်က သူတို့ဆီပျံသန်းလာလျက် ကျော့ယွီရှုဆီ ဆင်းသက်လိုက်၏။ သင်္ကေတငါးခုသည် ချက်ချင်းပင် သင်္ကေတကိုးခုအဖြစ် ပြောင်းလဲသွားသည်။

ဖုန်း

စုရှန့်၏‌ရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန်သည် လျှို့ဟယ်စည်းတံဆိပ်နှင့်တိုက်မိသွားသည်။

ထိုအဖွင့်ဖြင့် ဖန်လီထန်းသည် ရွှေရောင်ဘူးသီးခြောက်ဖြင့် စွမ်းအင်ကို ချိပ်ပိတ်လိုက်သည်။

“ငါ သိပြီ” စုရှန့်ကအော်လိုက်၏။ “ကျယ်ပြန့်ကောင်းကင်စွမ်းအား”

စုရှန့်က အလယ်တွင် ရှိနေလျက် သူ၏ဝေ့တက်လာသော ကနဦးချီတို့သည် ပတ်ဝန်းကျင်ဆီ ပြန့်သွား၏။

ဘန်း

ဖန်လီထန်းသည် ရွှေရောင်ဘူးသီးခြောက်စွမ်းအင်စည်းတံဆိပ်ကို လက်ဝါးတစ်ဖက်ဖြင့် တွန်းထုတ်လျက် ၎င်းကို ဖွင့်လိုက်သည်။ အနက်ရောင်အရိပ်က ဖြတ်သန်းသွား၏။ မကြာမီ၌ ကောင်းကင်ထဲ၌ အနက်ရောင်အရိပ်များဖြင့်ပြည့်သွားတော့သည်။

ဘန်း ဘန်း ဘန်း

မျက်စိတစ်မှိတ်အတွင်း မရေတွက်နိုင်သည့် ခြေရာများက ရွှေရောင်ဘူးသီးခြောက်သေရည် စည်းတံဆိပ်ကို ထိမှန်သွားသည်။ အပိုတွန်းထုတ်မှုဖြင့် ရွှေရောင်ဘူးသီးခြောက်သေရည် စွမ်းအင်စည်းတံဆိပ်သည် စုရှန့်၏စွမ်းအင်ကို ထိုးဖောက်သွားကာ စိတ်ဝိညာဉ်သဏ္ဌာန်ပေါ် ကျရောက်သွား၏။

ဖုန်း

စုရှန့်သည် စိတ်ဝိညာဉ်သဏ္ဌာန်နှင့်အတူ နောက်လွင့်သွားသည်။

အနက်ရောင်အရိပ်သည် မိစ္ဆာဝေဟင်မျှော်နန်း၏အကြီးအကဲ လန်လော့ပဲဖြစ်၏။

ယခုအချိန်တွင် မိစ္ဆာဝေဟင်မျှော်နန်း၏အကြီးအကဲလေးယောက်လုံးက လေထဲပျံဝဲနေ၏။

စုရှန့်သည် ဟန်ချက်ညီအောင်ထိန်းပြီးနောက် အကြီးအကဲလေးယောက်ကိုကြည့်လိုက်သည်။ သူ၏ ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန်ကို ပြန်ရုပ်သိမ်းလျက် အရံအတားထဲနေ ထွက်သွားတော့သည်။

ဖန်လီထန်းသည် လက်ဝါးကို ဆုပ်လျက်သူ၏ရွှေရောင်သေ‌ရည်ဘူးသီးခြောက်ကို ပြန်ခေါ်လိုက်သည်။

စုရှန့်၏အကြည့်တို့က ရှုပ်ထွေးနေကာ အကြီးအကဲလေးယောက်ကိုကြည့်လိုက်သည်။ သူက မကျေနပ်သလို ခံစားရ၏။ “မိစ္ဆာဝေဟင်မျှော်နန်းရဲ့ အကြီးအကဲလေးယောက်လား”

“မောင်ရင် မိစ္ဆာဝေဟင်မျှော်နန်းက မင်းတို့တွေ စိတ်တိုင်းကျ ပြုမူနိုင်တဲ့နေရာမဟုတ်ဘူး”

စုရှန့်က ပြော၏။

“အလိုလေး ဒါက မင်းတို့ရဲ့ကျင့်ကြံဆင့်ပြန်မရသေးဘူးဆိုတာ ထုတ်ပြလိုက်ရုံပဲ။ အစောတုန်းက ငါ ဂရုမစိုက်ခဲ့မိဘူး။ ဒါပေမဲ့ တူညီတဲ့အမှားကို နှစ်ကြိမ်လုပ်မှာ မဟုတ်ဘူး။ ဒီကိစ္စကို ဖယ်လိုက်ကြတာပေါ့”

သူက ပြောပြီးနောက် ဧကရာဇ်လျိုကောနောက်ရှိ သေတ္တာကို ကြည့်လိုက်တော့၏။

လျိုကောသည် စုရှန့်၏ယုံကြည်ချက်ရင်းမြစ်ဖြစ်သည်။ သူက မျက်လုံးမှိတ်ထား၏။ နောက်ဆုံးတွင် သူ့နား၌ ဝေ့တက်နေသောလေများက ငြိမ်ကျသွားသည်။ အသက်တစ်ချက် ရှုသွင်းပြီးနောက် သူ မျက်လုံးထပ်ဖွင့်လိုက်သည်။

ဝှစ်

ပေတစ်ရာစိတ်ဝိညာဉ်သဏ္ဌာန်က ထပ်ပေါ်လာသည်။ ချိန်းကြိုးကဲ့သို့ အဆောင်စည်းတံဆိပ်များက စည်းတံဆိပ်နားတွင် ပေါ်နေ၏။ စည်းတံဆိပ်သည် မျဉ်းနှစ်ကြောင်းဖွဲ့လျက် စိတ်ဝိညာဉ်သဏ္ဌာန်နား လည်ပတ်နေသည်။

ဖန်လီထန်းက ပြော၏။ “အကြီးအကဲတို့ ဘာပြောလိုက်တာလဲ”

ကျော့ယွီရှု၊ လန်လော့နှင့် ဟွားဝူတောက်က တပြိုင်နက်တည်း ခေါင်းညိတ်လိုက်၏။

“ငါတို့ တိုက်ခိုက်ကြတာပေါ့”

မင်ရှစ်ရင်က စိတ်ခံစားချက်များ ပြည့်နေလေ၏။ သူက “မိစ္ဆာဝေဟင်မျှော်နန်းရဲ့ အကြီးအကဲတွေက တကယ်ပါပဲ။ အံ့ဩဖို့ကောင်းလွန်းတယ်။ အကြီးအကဲတွေက ပွင့်ချပ်ရှစ်လွှာတစ်ယောက်ကို ဘယ်လိုဖြေရှင်းမလဲဆိုတာ ငါ မြင်ချင်လိုက်တာ”

“အခု” ဖန်လီထန်းကပြောလိုက်၏။

ဖန်လီထန်း ပြောပြီးသည်နှင့် မီတာများစွာမြင့်တက်နေသည့် ဟွားဝူတောက်မှအပ ကျန်သည့်အကြီးအကဲသုံးယောက်သည် မိစ္ဆာဝေဟင်မျှော်နန်းဆီသို့ လှည့်ပြေးကြသည်။ သူတို့သည် တစ်မုဟုတ်ချင်း ပျောက်ကွယ်သွား၏။

ဟွားဝူတောက် “...”

မင်ရှစ်ရင် “...”

သူတို့တွေက ရိုးသားတဲ့လူတစ်ယောက်ကို ဘယ်လိုများအနိုင်ကျင့်ရဲရတာလဲ။ ဒါက အဖိုးကြီးတွေ ပွင့်ချပ်ရှစ်လွှာတစ်ယောက်ကို ဖြေရှင်းတဲ့ပုံလား။ ဟွားဝူတောက်ကလည်း ကမန်းကတန်း ပြေးတော့သည်။

စုရှန့်က စိတ်ရှုပ်ထွေးသွားတော့၏။ သူတို့ ဘာကြောင့် ပြေးတာလဲ။

ပေတစ်ရာခန့် မြင့်မားသည့် စိတ်ဝိညာဉ်သဏ္ဌာန်ကို ထိန်းသိမ်းထားရတာက ပင်ပန်းလွန်းလှသည်။ ထို့ကြောင့် သူက လက်ဝါးကိုပြန်ဆုပ်လျက် ၎င်းကို လျင်မြန်စွာပြန်ရုပ်သိမ်းလိုက်သည်။ သူက လှည့်ပြောလိုက်၏။ “အရှင်မင်းကြီး ကျွန်တော်မျိုး ဒီအစီအရင်ကို ဖောက်ဖျက်ချင်ပါတယ်။ အမိန့်ပေးတော်မူပါ”

လျိုကောက ခေါင်းခါပြီးပြော၏။ “ငါတို့ မရိုင်းသင့်ဘူး”

“နားလည်ပါပြီ” အရံအတားသည် တံခါးတစ်ချပ်ကဲ့သို့ဖြစ်သည်။ အစီအရင်သခင်များအတွက် အရံအတားသည် သူတို့ကို ဟန့်တားထားနိုင်ဖို့ ခက်ခဲသည်။ ရှန့်စုရှုမြို့၏ကြွက်ငါးကောင်ကဲ့သို့ ကျင့်ကြံသူများအတွက်တောင် အစီအရင်သွေးကြောများကို ယုတ်မာသည့်နည်းလမ်းများဖြင့် တရားမဝင် ဖောက်ဝင်နိုင်ပြီး အရံအတားကိုဖြတ်ကျော်နိုင်သည်။ ထိုစဉ်က ဖန်လီထန်းသည် သူ၏ကျင့်ကြံဆင့် ဆုံးရှုံးနေခဲ့တာဖြစ်သည်။ သူသည် သူ၏သေရည်ဘူးသီးခြောက်ဖြင့် အရံအတားကို ဖောက်ဝင်နိုင်ခဲ့၏။ လူတစ်ယောက်သည် အစီအရင်များကို နားမလည်လျှင် သူတို့သည် ဂိုဏ်းကြီးဆယ်ဂိုဏ်းပြုလုပ်သကဲ့သို့ အားသုံးပြီးသား ဖောက်ဝင်နိုင်သည်။ သို့သော် ထိုကဲ့သို့အရံအတားတစ်ခုကို ရင်ဆိုင်ရာတွင် ကာယအားကို သုံးသည်ထက် ဉာဏအားကို သုံးသည်က ပိုကောင်းသည်။

ဝှစ်

စွမ်းအင်မြားတစ်စင်းက သူတို့ဆီသို့ရောက်ရှိလာ၏။ စုရှန့်က မျက်မှောင်ကျုံ့လိုက်တော့သည်။ သူက လက်ဝါးကို မြှောက်လျက် စွမ်းအင်စည်းတံဆိပ်ကို ဖယ်လိုက်တော့သည်။ မိစ္ဆာဝေဟင်မျှော်နန်းထက်၌ ဟွားယွဲ့ရှင်း ရပ်နေတာကို တွေ့လိုက်ရသည်။ သူမသည် ပိုများပြားသည့် စွမ်းအင်မြားများကို ဆွဲနေတာဖြစ်သည်။

“ချုံခိုတိုက်ခိုက်တာလား။ မိစ္ဆာဝေဟင်မျှော်နန်းထဲက လူတိုင်းက ကောက်ကျစ်တာလား”

စုရှန့်က လေထဲပျံတက်လျက် သူ၏လက်ဝါးဖြင့် လေထဲကြိမ်ဖန်များစွာရိုက်တော့သည်။

စည်းတံဆိပ်တချို့က ပေါ်လာတော့သည်။

ဟွားယွဲ့ရှင်း၏အမူအရာက အနည်းငယ်ပြောင်းလဲသွားကာ သူမက လေးကြိုးဆွဲလိုက်တော့သည်။

“ယွဲ့ရှင်းမိန်းကလေး ဆင်းလာခဲ့” မင်ရှစ်ရင်က လေထဲခုန်တက်ကာ မိစ္ဆာဝေဟင်မျှော်နန်းဆီသို့ လျှပ်ပြက်သောအရှိန်ဖြင့် ပျံသန်းသွားသည်။

ဟွားယွဲ့ရှင်းက ပွင့်ချပ်ရှစ်လွှာအတွက် ပြိုင်ဘက် မဟုတ်ပေ။ အကြီးအကဲလေးယောက်တောင် ထွက်ပြေးသွားရသည်။

“မင်း ထွက်ပြေးလို့မရဘူး” စုရှန့်၏ အဆောင်စည်းတံဆိပ်များသည် အရံအတားနှင့် ဆံချည်တစ်မျှင်စာမျှသာ ကွာတော့သည်။

ထိုစဉ် ဘေးဖက်ကနေ အနက်ရောင်ထီးတစ်လက်က ပေါ်ထွက်လာ၏။

ဘန်း ဘန်း ဘန်း

အနက်ရောင်ထီးက ပွင့်လာပြီး တာအိုစည်းတံဆိပ်များကိုပိတ်ဆို့လျက် လေထဲတွင် လည်ပတ်နေတော့သည်။

“ဟမ်” စုရှန့်က မော့ကြည့်လိုက်သည်။

ဝတ်ရုံရှည် ဝတ်ထားသည့် ကျင့်ကြံသူကြီးတစ်ဦးက မျက်စိကန်းလောက်သည့်အရှိန်ဖြင့် သူတို့ဆီ ပျံသန်းလာ၏။ သူ၏ခမ်းနားသောကျင့်စဉ်သည် အကြိမ်ရေအနည်းငယ် ဖျတ်ခနဲပေါ်လာပြီးနောက် သူက ထီးပေါ်တွင် ရပ်တန့်လိုက်သည်။

“ဟွမ်းရှစ်ကျဲလား”

စုရှန့်သည် ထိုအဖိုးအိုကိုမှတ်မိသည်။ သူကဖန်းလိုင်ကျွန်းသခင် ဟွမ်းရှစ်ကျဲပဲဖြစ်သည်။

ဟွမ်းရှစ်ကျဲ “ဒီလိုသက်ဝင်လှုပ်ရှားနေတဲ့ပွဲကနေ ကျုပ်ဘယ်လိုလုပ် ဘေးထွက်နေလို့ရမှာလဲ”

ကုယိရန်က မော့ကြည့်လိုက်၏။ သူက မြေပြင်ပေါ်ကနေခုန်တက်လာပြီး မီးမြားတစ်စင်းပမာ ပေါ်ထွက်လာ၏။ သူကလက်ဝါးနှစ်ဖက်ကိုပူးကပ်လျက် လက်ချောင်းများကို ကပ်ကာ ပစ်ထုတ်လိုက်သည်။

“ဟွမ်းရှစ်ကျဲ မင်းက ငါ့ပြိုင်ဘက်ပဲ”

ဟွမ်းရှစ်ကျဲက လှည့်ကြည့်လာသည်။ “နောက်ထပ်ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူတစ်ယောက်လား”

သူက လက်တစ်ဖက်မြှောက်လိုက်ရာ သူ့ရှေ့၌ ဧရာမလက်ဝါးစည်းတံဆိပ်က ပေါ်လာသည်။

ဘန်း

“စွန့်ပစ်ခံဉာဏ်ရည်”

လက်ဝါးစည်းတံဆိပ်သည် စွန့်ပစ်ခံဉာဏ်ရည်နှင့် တိုက်မိသွားပြီး လေထဲဝေ့တက်သွား၏။ သူတို့နှစ်ယောက်လုံးက တပြိုင်နက်တည်းအကွာအဝေးတစ်ခုစီလွင့်ထွက်သွားသည်။

ဟွမ်းရှစ်ကျဲက သူ့ရှေ့တွင် လက်ဝါးကို ထိန်းထား၏။ ပြီးနောက် သူက ဘယ်လက်ကို မြှောက်လိုက်တော့သည်။

ဘန်း

ဟွမ်းရှစ်ကျဲသည် သူ၏ရန်သူကို လက်ဝါးရိုက်ချက်တစ်ချက်တည်းဖြင့်လွင့်ထွက်သွားအောင် လုပ်လိုက်သည်။

သူတို့နှစ်ယောက်လုံးသည် အကွာအဝေးတစ်ခုကနေ တစ်ယောက်ကို တစ်ယောက် ကြည့်နေသည်။

ထိုစွန့်ပစ်ခံဉာဏ်ပညာသည် ဟွမ်းရှစ်ကျဲ၏အမြင်အာရုံကို ကျယ်သွားစေ၏။

ကုယိရန်သည် သူ့ကိုယ်သူ ဟန်ချက်ထိန်းပြီးနောက် လေထဲပျံတက်လာသည်။ “ဘယ်အချိန်ကစပြီး ဖန်လိုင်ကျွန်းက မိစ္ဆာဝေဟင်မျှော်နန်းနဲ့ မဟာမိတ်ဖြစ်သွားတာလဲ”

“ကျုပ်က အစ်ကိုကျိနဲ့ မိတ်ဆွေဟောင်းတွေပဲ။ သူ့ပြဿနာတွေက ကျုပ်ပြဿနာပဲပေါ့”

“ဟွမ်းရှစ်ကျဲ ဒီကိစ္စမှာ မင်း တကယ်ဝင်ရှုပ်တော့မှာလား” ကူယီရန်က မေးလိုက်တော့၏။

“ငါ ဒီမှာရှိနေသရွေ့ မိစ္ဆာဝေဟင်မျှော်နန်းကို ဘယ်သူမှ ထိခွင့်မရှိဘူး” ဟွမ်းရှစ်ကျဲသည် အနောက်တွင် ပျံဝဲနေသော စုရှန့်ကိုကြည့်လိုက်သည်။ ပြီးနောက်သူသည် အရံအတားအတွင်းရှိ မိစ္ဆာဝေဟင်မျှော်နန်းကို မော့ကြည့်လျက် သူ၏ကနဦးချီကို ဖော်ထုတ်လိုက်သည်။ အနက်ရောင်ထီးက သူ့လက်ထဲသို့ပြန်ရောက်လာပြီးနောက် ထီးက ဘယ်ဖက်လက်ဖဝါးကို ဖြန့်လိုက်၏။ ဤနည်းဖြင့် သူ၏မရေမတွက်နိုင်သော ပုံရိပ်ယောင်များစွာဖြင့် ထီးက လေထဲပြည့်သွားလျက် အနက်ရောင်ထီးသည် မရေမတွက်နိုင်သည့်စွမ်းအင်စည်းတံဆိပ်များကို ပစ်ထုတ်တော့သည်။

ကုယိရန်က အော်လိုက်သည်။ “ဒုက္ခမိုင်တစ်ရာရှုကွင်း”

စုရှန့်သည်လည်း သူ၏ဒုက္ခမိုင်တစ်ရာရှုကွင်းစိတ်ဝိညာဉ်သဏ္ဌာန်ကိုခေါ်လိုက်သည်။

စိတ်ဝိညာဉ်သဏ္ဌာန်နှစ်ခုတည်း တပြိုင်နက်တည်း ကောင်းကင်ထဲရှိ စွမ်းအင်စည်းတံဆိပ်များကို ကျော်ဖြတ်သွားကာ လှိုင်းဂယက်များချန်ထားရစ်ခဲ့၏။

ဘန်း ဘန်း ဘန်း

နှစ်ဖက်လုံးက ပြင်းထန်သော တိုက်ပွဲဆင်နွဲနေပြီး

အရံအတားထဲဝင်ရန် ကြည့်နေသော လျိုကောက တိုက်ပွဲက စိတ်ဝင်တစားကြည့်နေသည်။ ကောင်းကင်က သုံးယောက်၏အရိပ်များဖြင့် ပြည့်နေပြီးဖြစ်သည်။

ထိုတိုက်ပွဲသည် အတိတ်တုန်းက ရွှေနန်းဥယျာဉ်တောင်နားတွင်ဖြစ်ခဲ့သော တိုက်ပွဲနှင့်ယှဉ်လျှင် တစ်ဆင့်ပိုမြင့်သည်။ “ဟွမ်းရှစ်ကျဲက မိစ္ဆာဝေဟင်မျှော်နန်းကိုကူညီနေတာလား”

လျိုကောက လက်နောက်ပစ်ထားလျက် တိုက်ပွဲကိုကြည့်နေသည်။ တော်ဝင်အစောင့်တစ်ယောက်က ရောက်လာ၏။

“ကျွန်တော်မျိုးတို့ ရှေ့တက်သွားသင့်လား အရှင်မင်းကြီး”

“မလောနဲ့” လျိုကောက တိုက်ပွဲကိုကြည့်နေ၏။

ဟွမ်းရှစ်ကျဲက စုရှန့်နှင့် ကုယိရန်တို့က အလှည့်ပေါင်းများစွာတိုက်ခိုက်ခဲ့၏။ ထိုသို့တိုင် အောင်နိုင်သူမရှိပေ။

လျိုကောသည် နေကို ထပ်ကြည့်ပြီး ပြောလိုက်၏။ “သေတ္တာကိုဖွင့်လိုက်”

“နားလည်ပါပြီ”

တော်ဝင်အစောင့်နှစ်ဦးသည် သေတ္တာကို ဖွင့်လိုက်၏။

အနီရောင်သွေးကြောများဖြင့် ဓားကိုကြည့်လိုက်သည်။

တော်ဝင်အစောင့်များက မျက်လုံးပြူးကျယ်သွားသည်။

လျိုကောက လက်ဖြန့်လိုက်ရာ ဓားက သူ့လက်ထဲပျံသန်းလာသည်။ “ဒီဓားရဲ့နာမည်က အဆင့်မြင့်လေဟာနယ် ကောင်းကင်အဆင့်လွန်လက်နက်”

လျိုကောသည် ထပ်ပြီးမရှင်းပြတော့ပေ။ ကောင်းကင်အဆင့်လွန်ဟူသည့်စကားလုံးသည် ဓား မည်မျှထူးကဲကြောင်းပြသရန် မလိုတော့ပေ။

တော်ဝင်အစောင့်နှစ်ဦးက တုန်ယင်သွား၏။ သူတို့က အရိုအသေပေးကာပြောလိုက်တော့၏။

“အရှင်မင်းကြီးရဲ့ စွမ်းဆောင်ရည်က အကန့်အသတ်မရှိပါဘူး”

လျိုကောက လေထဲတွင် တိုက်ခိုက်နေသော လူသုံးယောက်ကိုကြည့်လိုက်သည်။ သူ့လက်ထဲရှိဓားက အဆင့်မြင့်လေဟာနယ်ကို ကိုင်ဆောင်ထားလျက် ကောင်းကင်ထဲပျံသန်းသွားလိုက်သည်။

…

All Chapters