အခန်း (၅၄၄-၅၄၆)
Vol. 37 Ch. 544-547
အခန်း(၅၄၄) ငါ့မျက်လုံးမှိတ်ထားရင်တောင် မင်းက ပြိုင်ဘက် မဟုတ်ဘူး
လျိုကောက နောက်ဆုံးတွင် လှုပ်ရှားလိုက်သည်။ သူ့ကြည့်ရသည်မှာ လေထဲ မိုးကြိုးချက် ဖြတ်ပြေးလာသလို ဖြစ်၏။ သူ့ဓားက ဝင့်ကြွားနေခြင်း မဟုတ်ဘဲ အနီရောင်သွေးကြောများကလည်း ထင်းထွက်မနေပေ။
သုံးယောက်သား အရှုပ်အထွေးကြား ရောက်နေသည့်အတွက် လျိုကော၏ ဓား သူတို့ဆီ လာနေသည်ကို သတိမထားမိကြပေ။
လျိုကောက ဥက္ကာပျံတစ်ခုလိုမျိုး စုရှန့်နှင့် ကုယီရန်ကို ကျော်လွန်ကာ ဟွမ်းရှစ်ကျဲဆီ ရောက်သွားသည်။
ဘန်း
အနက်ရောင်ထီးနှင့် အဆင့်မြင့် လေဟာနယ်ဓား စွမ်းအင်တို့က ထိပ်တိုက်တွေ့သွားသည်။
လေထဲ ပေါက်ကွဲမှုတစ်ခု ဖြစ်လာ၏။
သုံးယောက်သား ထူးဆန်းသည့် စွမ်းအားကြောင့် လွင့်စဉ်သွားကြသည်။
အနက်ရောင် ထီးအပေါ်တွင် ပဲ့ရာတစ်ခု ထွက်ပေါ်လာပြီး ဓားစွမ်းအားက အနက်ရောင်ထီးကို ဖြတ်ကာ ဟွမ်းရှစ်ကျဲဆီ အကာအကွယ်ကို ထိုးဖောက်ရင်း ကျရောက်လာ၍ ကျောရိုးတစ်လျှောက် ကြက်သီးထသွားသည်။
ဘန်း
ဟွမ်းရှစ်ကျဲက နောက်သို့ လွင့်စဉ်သွားသည်။
အနက်ရောင်ထီးလည်း ပြုတ်ကျလာ၏။
“ပွင့်ချပ်ကိုးလွှာလား” ဟွမ်းရှစ်ကျဲက ထီးကို ကြည့်ရင်း ရေရွတ်လိုက်သည်။ သူက သွေးတစ်ပွက် အန်လိုက်ရ၏။ သူ့စိတ်ထဲ ပထမဆုံး ပေါ်ထွက်လာသည့် အတွေးက လျိုကောသည်လည်း ပွင့်ချပ်ကိုးလွှာအဆင့် ဖြစ်ကြောင်း ဖြစ်၏။ သူက ဆက်တိုက် လွင့်စဉ်သွားသည်။
စုရှန့်နှင့် ကုယီရန်တို့က ခြေထိန်းကာ လျိုကောအား ပြိုင်တူ နှုတ်ဆက်လိုက်ကြသည် “အရှင်”
သူတို့က လျိုကော၏ လက်ထဲ အဆင့်မြင့် လေဟာနယ်ဓားကို မြင်လိုက်သည့်အခါ သယ်လာသည့် သေတ္တာကို သတိရသွားကြသည်။
“မင်းတို့တွေ ငါ့ဓားဆီကနေ နောက်ထပ် ရိုက်ချက် ခံနိုင်ဦးမယ်လို့ ထင်တယ်” လျိုကောက ကမ္ဘာဦးချီကို လှည့်ပတ်လိုက်သည့်အခါ အဆင့်မြင့် လေဟာနယ်ဓားက တုန်ခါသွား၏။
ဟွမ်းရှစ်ကျဲက လျိုကော လက်ထဲမှ ဓားကို မြင်လိုက်ရသည့်အခါ သူ့စိတ်ထဲ ဆိုးရွားသည့် ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။
မင်ရှစ်ရင်လည်း စိုးရိမ်မိနေ၏။ သူက ဟွမ်းရှစ်ကျဲကို လှမ်းခေါ်လိုက်သူ ဖြစ်၏။ အကယ်၍ ဟွမ်းရှစ်ကျဲသာ တစ်ခုခု ဖြစ်သွားခဲ့လျှင် သူ့အနေနှင့် ရှစ်စွင်းကို မည်သို့ရှင်းပြနိုင်တော့မည်နည်း။
ဝုန်း
မိစ္ဆာဝေဟင်မျှော်နန်းဘက်မှ ပေါက်ကွဲသံအကျယ်ကြီး ထွက်လာသည်။
တခြားလူများက လှည့်ကြည့်လိုက်သည့်အခါ အံ့ဩဖွယ်မြင်ကွင်းကို ကြုံလိုက်ရသည်။ လုကျိုးကို ခပ်ဖျော့ဖျော့ အပြာရောင်စွမ်းအားက လွှမ်းခြုံထားပြီး လျှို့ဝှက်အခန်း မျက်နှာကြက်မှ ထိုးခွင်းထွက်လာသည်။ သူက တင်ပျဉ်ခွေ ထိုင်လျက်ဖြစ်ပြီး မျက်လုံးများ မှိတ်ထားဆဲ ဖြစ်၏။
“ရှစ်စွင်းလား ”
“မျှော်နန်းသခင်က သီးသန့်လေ့ကျင့်ရာကနေ ထွက်လာပြီလား”
မိစ္ဆာဝေဟင်မျှော်နန်း တပည့်များက မော့ကြည့်လိုက်ကြသည်။
“ဘာဖြစ်သွားတာလဲ”
မည်သူမှ နားမလည်ကြပေ။
လျိုကောက လှုပ်ရှားမှုကို ရပ်တန့်ကာ လုကျိုးအား ကြည့်လိုက်သည်။
စုရှန့်နှင့် ကုယီရန်တို့လည်း လုကျိုးအား ကြည့်လိုက်ကြသည်။
လုကျိုး ပေါ်ထွက်လာသည့်အခါ မိစ္ဆာဝေဟင်မျှော်နန်း၏ အကြီးအကဲလေးယောက်လုံးက မျှော်နန်းမှ ထွက်လာကာ ဝေဟင်ကို မော့ကြည့်လိုက်ကြသည်။
တခြားတပည့်များလည်း ပျံသန်းထွက်လာပြီး တောင်ဘက်မျှော်နန်းဆောင်ကနေ အဝေးကို လှမ်းကြည့်လိုက်ကြသည်။
လျိုကောက အဆင့်မြင့် လေဟာနယ်ဓားကို နောက်ပြန်ကိုင်လိုက်ပြီး သူ့နောက်တွင် သိမ်းလိုက်သည်။ သူက လုကျိုးထံ လက်နှစ်ဖက်ယှက်ကာ “ ညီအစ်ကိုကျိ ကျုပ်တို့ ထပ်တွေ့ပြန်ပြီ”
“ကျိချန်းပေ့ကို ဂါရဝပြုပါတယ်” စုရှန့်နှင့် ကုယီရန်တို့က လေထဲမှ ဦးညွှတ်လိုက်ကြသည်။
သို့သော် လုကျိုး၏ မျက်လုံးများက မှိတ်ထားဆဲ ဖြစ်၏။ သူက သူတို့ကို ကြားဟန်မပေါ်ပေ။
လုကျိုးက အကာအရံမှ ထွက်လာပြီး မီတာဒါဇင်ချီအဝေးရှိ ဝေဟင်ထဲတွင် ရပ်တန့်သွားသည်။
လျိုကောက လုကျိုးနှင့် တန်းတူရပ်လိုက်၏။ သူ မြင်ရသလောက် သူ့ကို တောင်တန်းများ၊ မြစ်ချောင်း၊ တောအုပ်များဖြင့် ဝန်းရံထားလေသည်။
လုကျိုးက သူ့ကို တုံ့ပြန်လာခြင်း မရှိပေ။
လျိုကောက ထပ်ပြောလိုက်သည်။ “ညီအစ်ကိုကျိ ကျုပ်တို့ ထပ်တွေ့ပြန်ပြီ ”
လုကျိုးက တိတ်ဆိတ်နေလေ၏။
စုရှန့်က အလျင်စလို ပြောလာသည်။ “အရှင် သတိထားပါ”
ထို့နောက် ကုယီရန်က ရုတ်ခြည်းဆိုသလို လက်မြောက်ကာ လက်ဝါးစည်းတံဆိပ်တစ်ခု ပစ်လွှတ်လိုက်သည်။
ထိုလက်ဝါးစည်းတံဆိပ်က လုကျိုးထံ ကျရောက်သွားလေသည်။
ဘန်း
လက်ဝါးစည်းတံဆိပ်က ပြန့်ကျဲသွားပြီး အစအနမရှိ ပျောက်ကွယ်သွား၏။
“ဟမ် ”
ဘွာဖစျနတောလဲ …
ကုယီရန်က ကြောင်အမ်းသွားပြီး လျိုကောအား ကြည့်ကာ ပြောလိုက်သည်။ “ အရှင် ကျွန်တော်က ကျိချန်းပေ့ကို စမ်းကြည့်ရုံပါ။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”
“စမ်းကြည့်တာလား” လျိုကောက ကုယီရန်အား ကြည့်လိုက်သည်။
“တကယ်လို့ မင်းအပြုအမူထဲမှ တစ်ကိုယ်ကောင်းဆန်စိတ် အနည်းငယ် ပါနေမယ်ဆိုရင် ငါ မင်းကို ခွင့်မလွှတ်ဘူး”
ကုယီရန်၏ နောက်ကျောမှ ချွေးအေးများ စီးကျလာသည်။ သူက ဦးညွှတ်ကာ ပြောလိုက်၏။ “ကျွန်တော် မလုပ်ရဲပါဘူး ”
ဤသည်က အတွင်းရေးပဋိပက္ခများအတွက် အချိန် မဟုတ်ပေ။
လျိုကောက တင်ပျဉ်ခွေထိုင်ကာ အပြာရောင်အလင်းဖြင့် လွှမ်းခြုံထားသည့် လုကျိုးအား ကြည့်လိုက်သည်။
“ ညီအစ်ကိုကျိ သီးသန့်လေ့ကျင့်တာကနေ ထွက်လာတဲ့အတွက် ဂုဏ်ပြုပါတယ်”
သူက စကားထဲ ကမ္ဘာဦးချီ ထည့်ပေါင်းထားသောကြောင့် မိုးခြိမ်းသံအလား ကျယ်လောင်လှ၏။ စကားလုံး တစ်ခုစီက လုကျိုးဝန်းကျင်ရှိ အပြာရောင်အလင်းပေါ် ကျရောက်သွားသည်။
လျိုကော၏ အသံနည်းစနစ်က ချက်ချင်းဆိုသလို ဖယ်ရှားခံလိုက်ရပြီး ဘာသက်ရောက်မှုမှ မရှိလာပေ။
………………
“ရှစ်စွင်းက ဘယ်လိုနည်းစနစ်မျိုးကို သုံးနေတာလဲ” ကျူးဟုန်ကုန်း၏ မျက်လုံးများက ပြူးကျယ်နေသည်။ သူက တောင်ဘက်မျှော်နန်းဆောင်တွင် ရပ်နေလေ၏။
“ ကာကွယ်ရေးက ရွှေဗုဒ္ဓခန္ဓာလို နည်းစနစ်မျိုးနဲ့ တူတယ်။ ဒါပေမဲ့ ဒီလိုအရာကို တစ်ခါမှ မမြင်ဖူးဘူး”
……………..
လုကျိုးက စွမ်းအားထဲ နစ်မျောနေသည်။
အရာအားလုံး ကြားနိုင်သည့် စွမ်းအား ရရှိဖို့အတွက် လိုလိုလားလား နယ်မြေတိုင်းမှ အသံများကို ကြားနိုင်ရမည်။
ဤသည်က ကောင်းကင်ကျမ်း မြေကမ္ဘာစာလိပ်၏ ပထမစွမ်းအား ကြည်လင်ကောင်းကင်နား ဖြစ်၏။
ထိုအရာက နားထောင်ဖို့ အသုံးပြုနိုင်ပြီး အသံများကို စိစစ်နိုင်သည်။
ပြင်ပလောကမှ အသံများက အပြည့်အဝ ပိတ်ဆို့ခံထားရသည်။ အသံနည်းစနစ်များလည်း အပါအဝင် ဖြစ်၏။
လျိုကော၏ အမူအရာက လေးနက်လာကာ “ညီအစ်ကိုကျိက ထင်ထားတဲ့အတိုင်း ပွင့်ချပ်ကိုးလွှာအဆင့်ပဲ”
လုကျိုးက ချပ်ဝတ်စွမ်းအားကို အသက်သွင်းဖို့ သူ့စွမ်းအားကို အသုံးပြုခဲ့ဖူးလေသည်။ ထိုထူးခြားအံ့ဖွယ်စွမ်းအားက ပွင့်ချပ်ကိုးလွှာအဆင့် ကျော်လွန်နေကြောင်း သိသာလှ၏။ လျိုကောက ထိုသို့အတွေးမျိုး တွေးမိသည်မှာ မဆန်းလှပေ။
လျိုကောက ဆက်ပြောလိုက်သည် “ဒီလိုဆိုရင် ညီအစ်ကိုကျိ ကျုပ်ကို ခွင့်လွတ်ပေးပါ။ ကမ္ဘာကြီးရဲ့ ဘေးကင်းလုံခြုံမှုနဲ့ ငြိမ်းချမ်းမှုအတွက် ညီအစ်ကိုတစ်ယောက်၊ သူငယ်ချင်းတစ်ယောက်ကို သစ္စာဖောက်တဲ့အတွက် အပြစ်ကြွေးကို ခံယူပါ့မယ်”
ဝှစ် ဝှစ် ဝှစ်
လျိုကောလက်ထဲမှ အဆင့်မြင့် လေဟနယ်ဓားက တဝီဝီ မြည်လာသည်။
စုရှန့်နှင့် ကုယီရန်တို့က မျှော်လင့်တကြီး အမူအရာမျိုးဖြင့် ကြည့်လိုက်ကြသည်။ သူက လျိုကောသည် ကမ္ဘာရှိ တစ်ဦးတည်းသော ပွင့်ချပ်ကိုးလွှာအဆင့်ကို တိုက်ခိုက်တော့မည်မှန်း သိလိုက်ကြသည်။
လျိုကောက ညာဘက်လက်ကို အသာဝေ့လိုက်ပြီး အဆင့်မြင့် လေဟာနယ်ဓားဖြင့် လုကျိုးအား ချိန်ရွယ်လိုက်သည်။ စည်းတံဆိပ် စာလုံးတစ်ခု ပေါ်ထွက်လာ၏။
ဝှစ်
သူ့အမူအရာက လေးနက်နေဆဲ ဖြစ်၏။ သူက ဓားစွမ်းအားများ လုကျိုးရင်ဘတ်ဆီ ကျည်ဆံတစ်ခုလို ဝင်ရောက်သွားသည်ကို ကြည့်နေလိုက်သည်။
မိစ္ဆာဝေဟင်မျှော်နန်း၏ တပည့်များ၊ အကြီးအကဲများ၊ အမျိုးသမီး ကျင့်ကြံသူများနှင့် ဟွမ်းရှစ်ကျဲတို့က မျက်လုံးအပြူးသားဖြင့် ကြည့်နေကြသည်။ အားလုံးက ပြိုင်တူ အော်လိုက်ကြ၏။
“ရှစ်စွင်း”
“မျှော်နန်းသခင်”
“အစ်ကိုကျိ ”
ဓားစည်းတံဆိပ်များကို ကာလံဒေသံကိုပင် ကျော်လွန်နိုင်စွမ်း ရှိဟန်ပေါ်၏။ ထိုအရာက လျှပ်စီးလိုအရှိန်ဖြင့် လုကျိုးဆီ နီးကပ်လာသည်။
ဘန်း
ထိုစဉ် အပြာရောင်အလင်းတန်းက ရုတ်ခြည်းဆိုသလို တစ်နေရာတွင် စုဆုံသွား၏။
လျိုကောက ဆယ်မီတာခန့် လွှင့်ထွက်သွားသည်။ သူက လေထဲ ကျွမ်းထိုးကာ အမြန်အဆန် ထိန်းလိုက်သည်။ ထို့နောက် သူက လက်ကိုမြောက်လိုက်သည့်အခါ အဆင့်မြင့် လေဟာနယ်ဓားက သူ့ဆီ ပြန်ရောက်လာ၏။ သူက မျက်လုံးအပြူးသားဖြင့် လုကျိုးကို ကြည့်လိုက်သည် “သူက အဆင့်မြင့်လေဟာနယ်ဓားကို ပုတ်ထုတ်လိုက်တာလား ”
လျိုကောက ပုလ္လင်ကို အုပ်ချုပ်နေစဉ်အခါက အဆင့်မြင့် လေဟာနယ်ဓား၏ စွမ်းအားကို တိတ်တဆိတ် စမ်းသပ်ခဲ့ဖူးသည်။ အဆင့်မြင့် လေဟာနယ်ဓားသည် ကောင်းကင်အဆင့် လက်နက်များကိုပင် ချိုးဖောက်နိုင်စွမ်း ရှိ၏။ ထိုစဉ်ကတည်းက သူသည် ထိုဓားကို လျှို့ဝှက်စွာ သေချာသိမ်းထားခဲ့သည်။ ဓားက သူ့ဝှက်ဖဲ ဖြစ်၏။
လျှို့ဝှက်ဆန်းကြယ် ပညာရှင်တစ်ဦးက လောကတွင် ပွင့်ချပ်ကိုးလွှာအဆင့် ပေါ်ထွက်မလာသင့်ကြောင်း ပြောဖူးသည်။ အကယ်၍ ပေါ်လာခဲ့လျှင် သူက ထိုဓားဖြင့် ထိုလူကို ပိုင်းခုတ်ပစ်ရမည် ဖြစ်၏။ လျှို့ဝှက်ဆန်းကြယ် ပညာရှင်က အဆင့်မြင့် လေဟာနယ်ဓားပေါ်မှ အနီရောင်သွေးကြောများကို အသက်သွင်းနိုင်ဖို့အတွက် မန္တန်ပင် ချန်ပေးသွားသည်။
လျိုကောက အဆင့်မြင့် လေဟာနယ်ဓားပေါ်မှ အနီရောင်သွေးကြောများကို ကြည့်လိုက်ရင်း တုံ့ဆိုင်းမနေတော့ပေ။ လူများအတွက်၊ တာ့ယန်အတွက်၊ တော်ဝင်မိသားစုအတွက် သူက ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူအား တည်ရှိခွင့်မပြုနိုင်ပေ။
လျိုကောက ထပ်မံ တိုက်ခိုက်လိုက်သည်။ ဓားက လေကို ပိုင်းဖြတ်သွား၏။
အပြာရောင်စွမ်းအားက တဖန်ပြန်လည် ပေါ်ထွက်လာပြီး လုကျိုးအား မထိုးဖောက်နိုင်သည့် အကာအရံတစ်ခု ဖြစ်လာစေသည်။
ဘန်း ဘန်း ဘန်း
လျိုကောက ဘယ်ညာ ပစ်ခတ်လိုက်၍ ပုံရိပ်များစွာ ပေါ်ထွက်လာပြီး မမြင်နိုင်လောက်သည့် အလျင်နှုန်းဖြင့်ကျရောက်လာသည်။ သူ လှုပ်ရှားလိုက်တိုင်း အပြာရောင်စွမ်းအားအပေါ် ရိုက်ခတ်ဖို့ စွမ်းအားဓားချက် ထုတ်ဖော်လေသည်။
ဘန်း ဘန်း ဘန်း
စွမ်းအားဓားများက လေမုန်တိုင်းအလား ကျရောက်လာသည်။ သူ့စည်းချက်များပင် ကိုက်ညီနေသည်။
ထိုမြင်ကွင်းက ဓားနတ်ဆိုး ယွီရှန်းရုန်ကို အမှတ်ရလာစေ၏။
“အရှင် …” စုရှန့်က တံတွေးမျိုချလိုက်သည်။
ကုယီရန်က ပြောလိုက်သည်။ “မဆန်းတော့ပါဘူး။ အရှင်က ဒီကို လာရဲလောက်အောင် သတ္တိရှိနေတာကိုး ”
ထိုစဉ် လျိုကောက ရပ်တန့်လိုက်ပြီးနောက် လုကျိုးရှေ့ ပျံသန်းသွားလိုက်သည်။ သူ့လက်ကြား အဆင့်မြင့် လေဟာနယ်ဓားကို ဆုပ်ကိုင်လိုက်ရင်း မန္တန်ရွတ်ဖတ်လိုက်သည်။
အနီရောင်သွေးကြောများက တောက်ပလာ၏။
လျိုကောက စိတ်သက်သာရာရသွားသည်။ သူက တင်ပျဉ်ခွေထိုင်နေဆဲ ဖြစ်သည့် လုကျိုးအား ကြည့်လိုက်သည်။ ထို့နောက် သူက အသံနက်နက်ဖြင့် အော်ပြောလိုက်သည်။ “သွား ”
အဆင့်မြင့် လေဟာနယ်ဓားကို ဗဟိုပြုကာ စွမ်းအားဓားက ကြီးမားလာပြီး ခုတ်ချလာ၏။
ဧရာမ စွမ်းအားဓားကြီးက အပြာရောင်စွမ်းအားနှင့် ထိပ်တိုက်တွေ့သွားသည်။
ဝုန်း
ထိပ်တိုက်တွေ့ဆုံမှုမှ တုန်ခါလှိုင်းများ ထွက်ပေါ်လာသည်။
ဘန်း ဘန်း ဘန်း
မျက်စိတစ်မှိတ်အတွင်း လျိုကော၊ စုရှန့်နှင့် ကုယီရန်တို့က တုန်ခါလှိုင်း၏ သက်ရောက်မှုကို ခံလိုက်ရသည်။ သုံးယောက်သား နောက်လွင့်စဉ်သွားသည်။
လျိုကောက အနီးဆုံးနေရာတွင် ရပ်နေခဲ့သည့်အတွက် တုန်ခါနှုန်းက သူ့ရင်ဘတ်ပေါ် ကျရောက်လာသည်။ သူက လွှင့်ထွက်သွားပြီး သွေးအန်လိုက်ရသည်။
နေရာတစ်ခုလုံးက အပ်ကျသံ ကြားရအောင် တိတ်ဆိတ်သွားသည်။
ဧရာမ စွမ်းအားဓားကြီးလည်း ပျောက်ကွယ်သွားသည်။
အဆင့်မြင့် လေဟာနယ်ဓားက အကာအရံကို မရိုက်မိခင် ဘုန်းခနဲ အသံဖြင့် ပြုတ်ကျလာသည်။
အနီရောင်သွေးကြောများလည်း မှေးမှိန်သွားသည်။
ထိုအရာကို မြင်ပြီးနောက် လျိုကောက စိတ်ရှုပ်ထွေးသွားသည်။ သို့သော်လည်း အရာအားလုံးထက် သူက ကြောက်ရွံ့မိသွားသည်။ အစကနေ အဆုံးအထိ လုကျိုးက မျက်လုံးဖွင့်လာခြင်း မရှိပေ။ သူက သူ့ကိုယ်သူ ကာကွယ်ထားခြင်းပင် မရှိပေ။ သို့သော် မည်သူမှ သူ့အား မလှုပ်ရှားနိုင်ပေ။
ဘာမှားသွားတာလဲ …
ဟွမ်းရှစ်ကျဲ၏ အတွေးများလည်း ရှုပ်ထွေးနေမိသည်။ သူက သူ့ဘာသာ ရေရွတ်မိလိုက်သည်။
“တကယ်လို့ အစ်ကိုကျိက ဒီလောက်အားကောင်းနေရင် ငါက ဒီမှာ ဘာလာလုပ်နေတာလဲ”
ထိုစဉ် မိစ္ဆာဝေဟင်မျှော်နန်း၏ အကြီးအကဲလေးယောက်ကလည်း ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။
“ သူက ဘာမှတောင် မလုပ်လိုက်ဘူးမလား ”
“မျှော်နန်းသခင်က မျက်လုံးမှိတ်ထားတုန်းပဲ ရှိသေးတယ်”
“သူက အိပ်ပျော်နေတာလား ”
“ ငါ့ဘဝတစ်လျှောက်လုံး ဘယ်သူ့ဆီမှ အရေးနိမ့်ကြောင်း မဝန်ခံဖူးဘူး။ မျှော်နန်းသခင်က ပထမဆုံးလူပဲ ”
…
အခန်း (၅၄၅) ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူများကြားရှိတိုက်ပွဲ
မိစ္ဆာဝေဟင်မျှော်နန်းအထက် ကောင်းကင်အထက် အပြာရောင်အလင်းသည် အပြာရောင်ကောင်းကင်ကနေ မခွဲခြားနိုင်ဘဲ ဖြစ်နေ၏။
“အရှင်မင်းကြီး” စုရှန့်နှင့်ကုယီရန်တို့သည် လေထဲတွင် သူတို့ကိုယ်သူတို့ တည်ငြိမ်အောင်ထိန်းလျက် အော်လိုက်ကြ၏။ သူတို့သည် သက်ရောက်မှုကြောင့် ဆက်တိုက်လွင့်နေဆဲဖြစ်သည်။ ထိုသို့တိုင် ဝေ့တက်လာသော သွေးအဆီအနှစ်များကို မထိန်းထားနိုင်။ သူတို့ခြေလက်များ ထုံကျဉ်လာ၏။ သူတို့နှစ်ယောက်လုံးသည် ခက်ခက်ခဲခဲဖြင့် အဟုန်အတိုင်း စီးမျောလိုက်ပါလျက် နောက်ဆုံးတွင် လျိုကောကို ဖမ်းမိသွားတော့သည်။
နောက်ဆုံး၌ သုံးယောက်သားက လေထဲ၌ မြဲမြံစွာရပ်လိုက်သည်။ သူတို့က မျက်လုံးမှိတ်လျက် တင်ပျဉ်ခွေချိတ်လျက်ရှိနေသေးသော လုကျိုးကို ကြည့်လိုက်၏။ သူက တည်ငြိမ်နေပြီး ငြိမ်းချမ်းနေပုံရပြီး အရာအားလုံးဘာမှမဖြစ်သည့်ပမာ ဖြစ်နေ၏။ စိတ်ရှုပ်စရာကောင်းတဲ့ အခြေအနေပဲ။
မင်ရှစ်ရင်က မိစ္ဆာဝေဟင်မျှော်နန်းအထက်လေထဲပျံသန်းသွားကာ အော်လိုက်၏။ “ဟေ့ ဟေ့ ဟေ့ အရှက်မရှိတဲ့အဖိုးကြီး သုံးယောက် ခင်ဗျားတို့က အိပ်ပျော်နေတဲ့ကျုပ်ရှစ်စွင်းကိုတောင် အနိုင်မယူနိုင်ဘူး။ ခင်ဗျားတို့အရှက်ရှိသေးရဲ့လား”
လျိုကောက လက်မြှောက်လျက် ဆူပွက်လာသော သူ၏သွေးအဆီအနှစ်ကိုဖိနှိပ်လိုက်သည်။
စုရှန့်နှင့် ကုယီရန်ကလည်း မလှုပ်မယှက်ဖြစ်နေကာ လုကျိုးကို ကြည့်လိုက်၏။
“အရှင်မင်းကြီး အဆင်ပြေပါရဲ့လား” စုရှန့်က မေးလိုက်၏။
“ငါ အဆင်ပြေတယ်” လျိုကော၏ဖရိုဖရဲဖြစ်နေသော ကနဦးချီသည် တဖြည်းဖြည်းချင်း ငြိမ်ကျသွားသည်။
သူတို့သည် မင်ရှစ်ရင်ကို ကြည့်တောင်မကြည့်ပေ။ ပွင့်ချပ်လေးလွှာ သို့မဟုတ် ပွင့်ချပ်ငါးလွှာကျင့်ကြံဆင့်သာရှိသည့် တပည့်တစ်ယောက်အပေါ် သူတို့အချိန်ဖြုန်းရန်မလိုအပ်ပေ။
“ဆက်တိုက်ခိုက်မယ်” လျိုကော၏မျက်လုံးသည် ဆုံးဖြတ်ချက်ပြတ်သားမှုဖြင့် တောက်ပနေလေ၏။ တကယ်တော့ ယခုအချိန်တွင် နောက်ဆုတ်ရန်အတွေးက စုရှန့်နှင့် ကုယီရန်၏ စိတ်ထဲ၌ ပေါ်လာနေပြီ ဖြစ်သည်။ ကောင်းကင်အဆင့်အလွန်လက်နက် လေဟာနယ်ကတောင် ထူးဆန်းသည့် စွမ်းအင်ကို မဖောက်နိုင်ပေ။ ဆက်လက်ကျင့်ကြံနေလျှင် မည်သို့အကျိုးထူးမည်နည်း။ ယင်းက စစ်မြေပြင်နှင့် မတူပေ။ စစ်မြေပြင်ထဲ၌ သတ်ဖြတ်ခြင်းနည်းစနစ်နှင့် စိတ်စွမ်းအား၏ တိုက်ပွဲဖြစ်သည်။ သို့သော် ဤနေရာ၌ မည်သည်က အကျိုးထူးမည်နည်း။ သို့သော် လူတိုင်းက သူတို့ဝင်ပြသရန် ကိုယ်ပိုင်အခန်းကဏ္ဍကိုယ်စီ ရှိကြသည်။ သူတို့သခင်က အမိန့်ပေးသောကြောင့် လက်အောက်ငယ်သားများအနေဖြင့် သူတို့ကနာခံရမည်။
လျိုကောသည် လုကျိုးနားရှိ အပြာရောင် ရောင်ခြည်ကို လက်ညှိုးထိုးပြလျက် ပြောလိုက်၏။
“အနီးကပ်ကြည့်ကြည့်”
စုရှန့်နှင့်ကုယိရန်က မျက်လုံးပြူးကျယ်နေအောင် ဖွင့်ပြီး ၎င်းကို လေ့လာလိုက်သည်။
“ကျွန်တော် တွေ့ပြီ။ စွမ်းအား လျော့ကျနေတယ်”
ထိုအကြောင်းအရင်းကြောင့် လျိုကောသည် ဆက်တိုက်ခိုက်ရန် သတ္တိရှိနေတာဖြစ်သည်။ တစ်လှည့် တိုက်ခိုက်ပြီးနောက် အပြာရောင်စွမ်းအင် အားနည်းသွားတာကို သူသတိပြုမိ၏။
“ကျွန်တော်မျိုး ရှေ့ကတိုက်ဖို့ဆန္ဒရှိပါတယ်”
“ကျွန်တော်ကောပဲ”
စစ်သူကြီးနှစ်ဦးက သူတို့သစ္စာတရားကိုကြေညာနေ၏။
လျိုကောက လက်ဝါးဖြန့်လိုက်သည်။ အရံအတားပေါ်ကျသွားသည်။ အဆင့်မြင့်လေဟာနယ်သည် လှုပ်ခါသွားပြီးနောက် သူ၏လက်ဖဝါးထဲပျံသန်းလာ၏။ အနီရောင်သွေးကြောများမှ ရောင်ခြည်ဖြာထွက်မှုသည် ပေါ်လာပြီးနောက် လျင်မြန်စွာပျောက်ကွယ်သွားသည်။
“ကောင်းတယ် ငါ မင်းနဲ့ယှဉ်ပြိုင်မတိုက်ခိုက်ခဲ့တာအတော်ကြာပြီ”
မိစ္ဆာဝေဟင်မျှော်နန်း၏အကြီးအကဲလေးယောက်သည် မျှော်နန်းထိပ်သို့ ပျံသန်းကာ တန်းစီ ရပ်နေလေ၏။ ကောင်းကင်အဆင့်အလွန်လက်နက်၏တည်ရှိမှုတို့က သူတို့မှန်းဆထားမှုထက် ကျော်လွန်နေပြီ ဖြစ်သည်။ သူတို့ ယခုအချိန်တွင် ကူညီနိုင်တာဘာမှမရှိပေ။ သူတို့က အတွေ့အကြုံရှိသူများ ဖြစ်သောကြောင့် ယခုအချိန်တွင် အဆင်အခြင်မဲ့စွာလှုပ်ရှားခြင်းက သူတို့အသက်ကို အဆင်အခြင်မဲ့စွာ စွန့်လွှတ်ရာရောက်မှန်း သိနေသောကြောင့်ဖြစ်သည်။
“မင်းတို့ ငါ့ကိုဖြတ်ကျော်ရမယ်” ဟွမ်းရှစ်ကျဲသည် ထိုစဉ်လေထဲပျံသန်းလာ၏။ သူ၏ခြေထောက်အောက်မှ ကနဦးချီက ပေါက်ကွဲလာကာ သူသည် ကျန်သည့်သူများနှင့် တစ်ဆင့်တည်း ရောက်သွား၏။
“ဟွမ်းရှစ်ကျဲ ... မင်း သေချင်နေတယ်ဆိုမှတော့ မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့”
ကုယီရန်သည် သူ၏အရပ်မျက်နှာကို ချိန်ညှိလျက် လျိုကောနှင့်စုရှန့်ကို တစ်ချက်ကြည့်လိုက်သည်။ သုံးယောက်သား အကြည့်ချင်းဖလှယ်လိုက်၏။
“တိုက်ခိုက်မှုက ဒီအဘွားကြီးသီချင်းဆိုတဲ့အထိမပြီးသေးဘူး” ဟွမ်းရှစ်ကျဲက လက်ဖဝါးကို အပေါ်မြှောက်လိုက်ရာ ထီးပုံသဏ္ဌာန် စွမ်းအင်စည်းတံဆိပ်က သူ၏ခေါင်းပေါ်၌ပေါ်လာ၏။ မကြာမီ၌ ထီးပုံသဏ္ဌာန်စွမ်းအင်စည်းတံဆိပ်များ လည်ပတ်သွားပြီး လေထဲပစ်ထုတ်တော့သည်။
“တခြားသူတစ်ယောက်ဆီက သူရထားတဲ့ကြင်နာမှုကို ပြန်ပေးဆပ်တဲ့ တစ်စုံတစ်ယောက်အတွက် ခင်ဗျားကို မပါစေချင်ဘူး ကျွန်းသခင်ဟွမ်း” ဖန်လီထန်းကပြော၏။
“မျှော်နန်းသခင်က လက်တစ်ဖက်တည်းနဲ့ကျွန်းကိုထိန်းထားပေးခဲ့တာ။ ဒါက ထိတ်လန့်ဖို့ကောင်းပြီး အံ့ဩဖို့ကောင်းတဲ့အကွက်ပဲ”
ကျန်သည့်သူများက ထောက်ခံကြောင်းခေါင်းညိတ်လိုက်၏။ ဟွမ်းရှစ်ကျဲသည် ပြောရလျှင် ပွင့်ချပ်ရှစ်လွှာအကျော်အမော်တစ်ယောက်ဖြစ်၏။ သူသည် ကုယီရန်ကို ဖြေရှင်းဖို့က ပြဿနာမရှိပေ။ သို့သော် စုရှန့်နှင့် လျိုကောကို မည်သို့ပြုလုပ်မည်နည်း။
ကျန်သည့်သူများက ကြည့်လာ၏။
စုရှန့်က လုကျိုးပေါ်ရပ်နေတာဖြစ်သည်။ သူသည် အဆောင်စည်းတံဆိပ်များစွာကို ပစ်ထုတ်နေ၏။
“ကွန်ဖြူးရှပ်အဆောင်စည်းတံဆိပ်တွေ” ကျော့ယွီရှုက ခေါင်းခါလိုက်၏။
“ထင်တဲ့အတိုင်းကောက်ကျစ်တဲ့မြေခွေးအိုကြီးပဲ။ သူတို့က အစ်ကိုရဲ့စွမ်းအင်က ယုတ်လျော့နေတာကို ပြောနိုင်တာကြောင့် ဒီလို အဆင့်နိမ့်တာအိုစည်းတံဆိပ်တွေကိုအသုံးပြုနေတာပဲ”
“ယုတ်မာကောက်ကျစ်တာ”
“အရှက်မဲ့တာ”
“အဆင့်နိမ့်တာ”
ဟွားဝူတောက်သည် နောက်ဆုံးမှပြောလိုက်သည်။ မင်ရှစ်ရင်ဘက် လှည့်ကြည့်လိုက်သည်။
"ဒါနဲ့ အဆင့်နိမ့်တာက ဘာလဲ”
“ကိစ္စမရှိပါဘူး။ သူတို့ကို ဆက်ပြီးနာကျင်အောင် စော်ကားပြောရအောင်လေ” မင်ရှစ်ရင်က စုရှန့်က စိန်းစိန်းဝါးဝါးကြည့်လိုက်၏။
ဘန်း ဘန်း ဘန်း
အဆောင်စည်းတံဆိပ်များက ကျဆင်းလာ၏။ သူတို့အားလုံးကို လုကျိုးနားရှိ အပြာရောင်စွမ်းအင်က ဖယ်ရှားပေးလိုက်သည်။ ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက် စုရှန့်က ဆင်းလာကာ လက်ဝါးစည်းတံဆိပ်ဖြင့် ရိုက်ချလိုက်၏။
ဖုန်း
အပြာရောင်စွမ်းအင်သည် ၎င်းကိုဖယ်ရှားလိုက်သည်။
စုရှန့်က ညည်းတွားလျက်နောက်သို့လွင့်သွားသည်။ သူသည် မီတာတစ်ရာကျော် နောက်ဆုတ်လိုက်ရ၏။ သူက အမှန်တကယ်ကြောက်လန့်နေပြီဖြစ်သည်။ ချန်းပေ့ကျိက သတိလစ်နေတုန်းပဲ။ သူ နှိုးလာတဲ့အချိန် ငါတို့ ဘယ်လိုတိုက်ခိုက်ရမလဲ။
“အရှင်မင်းကြီး စွမ်းအင်က ထပ်နိုးထလာပြီ” စုရှန့်သည် တန်ပြန်အရိုက်ခံလိုက်ရသော်ငြား သူ၏တိုက်ခိုက်မှုက အာနိသင်ရှိနေသေးဆဲဖြစ်၏။
လျိုကောက ကျေနပ်အားရစွာခေါင်းညိတ်လိုက်၏။ သူ၏လက်ထဲရှိ အဆင့်မြင့်လေဟာနယ်က လှုပ်သွားသည်။ သူက လှည့်ကြည့်လိုက်ပြီး ကုယီရန်နှင့်ဟွမ်းရှစ်ကျဲကြားရှိ တိုက်ပွဲကို ကြည့်လိုက်၏။ ပြိုင်ဘက်နှစ်ယောက်သည် ဝေးသည်ထက်ဝေးသွားကြ၏။ သူတို့နှစ်ယောက်သည် လက်ရည်ညီတောင်ဖြစ်နေသည်။ အချိန်အတိုင်းအတာတစ်ခုအထိ မည်သူအနိုင်ရမည်ဆိုတာ ပြောရန်ခက်ခဲလှသည်။ စုရှန့်က ညည်းတွားပြောဆိုလိုက်သည်။
"စစ်သူကြီးကုကို စိတ်ပူဖို့မလိုပါဘူး အရှင်မင်းကြီး။ စစ်သူကြီးကုနဲ့ ကျွန်တော်က ကွန်ဖြူးရှပ်ကျောင်းတော်ကပါ။ သူက တိုက်ပွဲစပြီဆိုတာနဲ့ ပိုရဲစွမ်းသတ္တိရှိရှိတိုက်ခိုက်နိုင်တဲ့သူပါ။ သူ ဟွမ်းရှစ်ကျဲကို မကြာခင် အနိုင်ယူမယ်လို့ ကျွန်တော်မျိုးယုံတယ်”
“ကောင်းတယ်” လျိုကောက ပြန်ပြောလိုက်၏။ ပြီးနောက် သူ၏ဓားကို မြှောက်လိုက်သည်။ အနီရောင်သွေးကြောများက ထပ်မံတောက်ပလာသည်။
စုရှန့်သည် လက်ဝါးနှစ်ဖက်ကို ပူးကပ်လျက် အဆောင်စည်းတံဆိပ်တစ်ခုက ပေါ်လာသည်။
“အရှင်မင်းကြီးဘေးမှာ အမြဲရှိနေပါမယ်”
ထိုမြင်ကွင်းကို ကြည့်နေစဉ် မိစ္ဆာဝေဟင်မျှော်နန်း၏အကြီးအကဲလေးဦးအမူအရာက သုန်မှုန်သွားသည်။
"မျှော်နန်းသခင်ရဲ့ခုခံခြင်းစွမ်းရည်က အားလျော့လာပုံပဲ"
“စုရှန့်နဲ့လျိုကောက အဲ့ဒါကိုဖြိုချဖို့ကြိုးစားနေတာ။ သူတို့က ယုတ်မာကောက်ကျစ်လွန်းတယ်”
“သူတို့အာရုံစိုက်မှုကိုရဖို့ တစ်ခုခုလုပ်ရအောင်” အကြီးအကဲလေးဦးက အကြည့်ချင်း ဖလှယ်လိုက်၏။
စုရှန့်နှင့် လျိုကောသည် သူတို့၏ကနဦးချီများကို လှည့်ပတ်လျက် လုကျိုးဆီ ပျံသန်းသွားကြသည်။
မရေမတွက်နိုင်သော အဆောင်စည်းတံဆိပ်က ဧရိယာကျယ်ကြီးကို လွှမ်းသွားပြီး စုရှန့်သည် ဤနည်းဖြင့် လုကျိုး၏စွမ်းအင်ကို ဖယ်ရှားကာ လျိုကောအတွက် လမ်းကြောင်း ဖွင့်ပေးခြင်း ဖြစ်သည်။
အဆောင်စည်းတံဆိပ်က ထိမှန်တော့မည့်အချိန်၌ …
အာဝူး ...
အရှေ့ဘက်မျှော်နန်း၏ ချောက်ကမ်းပါးနောက်ကနေ အဖြူရောင်ပုံရိပ်တစ်ရိပ်က ရုတ်တရက် ပေါ်လာ၏။
ဝှစ်
ပွင့်ချပ်ရှစ်လွှာ စိတ်ဝိညာဉ်သဏ္ဌာန် ပေါ်လာ၏။
ဖုန်း
ပေတစ်ရာရှိသည့် စိတ်ဝိညာဉ်သဏ္ဌာန်ကနေ ကနဦးချီဒီရေလှိုင်းပေါ်လာကာ အဆောင်စည်းတံဆိပ်များအားလုံးကို တစစီ ဖြစ်သွားစေ၏။ စည်းတံဆိပ်များသည် နှင်းလွှာများပမာ ကျဆင်းလာသည်။
စုရှန့်က အငိုက်မိသွားကာ သူက နောက်ပြန်လန်ကျလျက် လေထဲလွင့်သွားသည်။ သူသည် အရင်တည်းက လုကျိုး၏စွမ်းအင်ကြောင့် ဒဏ်ရာရထားပြီးသားဖြစ်၏။ ယခုဆို ဒဏ်ရာက ပိုတောင်ကြီးသွားသည်။ သူ၏သွေးအဆီအနှစ်များ ဆန်တက်လာသည်။ သွေးများက လည်ပင်းထိ ဆန်တက်လာပြီးနောက် သူသည် သွေးများအန်လိုက်ရတော့သည်။
“ဘယ်သူလဲ” လျိုကောက လှည့်ကြည့်ပြီး လက်ဝါးဖြန့်လိုက်၏။ လက်ဝါးစည်းတံဆိပ်က စုရှန့် ပြိုလဲသွားတာကို ကာပေးလိုက်သည်။
ပေတစ်ရာခန့် မြင့်မားသည့် အမျိုးသမီးစိတ်ဝိညာဉ်သဏ္ဌာန်က လုကျိုးရှေ့၌ ပေါ်လာသည်။ တောက်ပသည့် စိတ်ဝိညာဉ်သဏ္ဌာန်အောက်၌ ပွင့်ချပ်ရှစ်လွှာရွှေကြာက လုကျိုးနား ဖြည်းဖြည်းချင်း လည်ပတ်နေ၏။ ဝတ်ရုံဖြူအမျိုးသမီးက စိတ်ဝိညာဉ်သဏ္ဌာန်ထဲ၌ ရပ်နေသည်။ ထိုလူက ယဲ့ထျန်းရှင်းပဲဖြစ်၏။
“လျှို့ရှစ်မေ့လား” မင်ရှစ်ရင်က အထိတ်တလန့် ထုတ်ပြောလိုက်သည်။
အကြီးအကဲလေးယောက်ကလည်း ထိတ်လန့်သွားသည်။
“ဒါက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ဆဋ္ဌမမြောက်တပည့် ယဲ့ထျန်းရှင်းလား”
“လျှို့ရှစ်ကျဲ ဒါက ပွင့်ချပ်ရှစ်လွှာအဆင့်ပဲ” ကျူးဟုန်ကုန်းက မယုံနိုင်ပုံပေါ်နေ၏။
ထိုစဉ် မိစ္ဆာဝေဟင်မျှော်နန်းအရံအတားအတွင်းရှိရင်ပြင်ပေါ်၌ အမျိုးသမီးကျင့်ကြံသူတစ်စုက စုဝေးနေ၏။ သူတို့က လေးထောင့်ပုံစံဖွဲ့တည်ကာ တညီတညွတ်တည်းပြောလိုက်၏။ “ပြန်လာတာ ကြိုဆိုပါတယ်။ နန်းတော်သခင်”
သူတို့သည် တစ်ခါတုန်းက လရောင်ဆွတ်မျှော်နန်း၏အမျိုးသမီးကျင့်ကြံသူဖြစ်ခဲ့ဖူးပြီး ယဲ့ထျန်းရှင်းကို သူတို့၏ခေါင်းဆောင်အဖြစ် သတ်မှတ်ထားသည်။ ယခုယဲ့ထျန်းရှင်းသည် ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူအနေဖြင့် ပြန်ရောက်လာရာ သူတို့ တည်တည်ငြိမ်ငြိမ်နေနိုင်ဖို့ ခဲယဉ်းနေသည်။ သူမကိုကြည့်နေစဉ် သူတို့မျက်လုံးထဲ၌ မျက်ရည်များရှိနေကာ သူတို့ခေါင်းဆောင် ပြန်ရောက်လာတာကို သိသွားသောကြောင့်ဖြစ်သည်။
ယဲ့ထျန်းရှင်းက သူတို့ကို ပြန်မပြောပေ။ ယခုအချိန်တွင် ကိစ္စကိုဖြေရှင်းဖို့က ပိုအရေးကြီးမှန်း သိနေ၏။
အနီးပတ်ဝန်းကျင်ရှိ ပြောစကားကနေ လျိုကောက ဝတ်ရုံဖြူဖြင့်အမျိုးသမီး မည်သူမှန်းသိလိုက်၏။
“ငါ တကယ် ညီအစ်ကိုကျိကို လျှော့တွက်ခဲ့မိတာပဲ။ သူ့မှာ ဒီလိုထူးချွန်ထက်မြတ်တဲ့ တပည့်တစ်ယောက်ရှိနေတာပဲ။ ပွင့်ချပ်ရှစ်လွှာယဲ့ထျန်းရှင်းလား” သူ၏အသံထဲတွင် ဇဝေဇဝါဖြစ်မှုတို့ပေါ်လာပြီး သူ၏အကြည့်ထဲတွင် ထိတ်လန့်မှု၊ သံသယဖြစ်မှုတို့ပေါ်လာ၏။
ယဲ့ထျန်းရှင်းက အေးစက်စက်အမူအရာဖြင့်မော့ကြည့်လိုက်သည်။
“မိစ္ဆာဝေဟင်မျှော်နန်းထဲ ကျူးကျော်ဝင်ရောက်လာတဲ့သူတွေအတွက် သေခြင်းတရားထက် ပိုဆိုးတဲ့ကံကြမ္မာက စောင့်ကြိုနေတယ်” ယဲ့ထျန်းရှင်းသည် ပွင့်ချပ်ရှစ်လွှာအဆင့်ကို ရကာစဖြစ်ပြီး သူ၏ကျင့်ကြံဆင့်ကလွှမ်းမိုးနိုင်သည့် သွင်ပြင်ရှိသည်။ သူမ၏ရေလှိုင်းပြာကျင့်စဉ်သည် သူမရန်သူများဆီ ဒီရေလှိုင်းပမာ တိုးဝင်သွား၏။
လျိုကောသည် အဆင့်မြင့်လေဟာနယ်ကိုလက်နှစ်ဖက်ဖြင့်ကိုင်လျက် လှိုင်းကိုခွင်းလိုက်ကာ ရှေ့တိုးလာ၏။
စုရှန့်သည် ကနဦးချီကို ထုတ်ဖော်လျက်ပြောလိုက်သည်။ “မင်းက သေချင်နေတာပဲ”
…
အခန်း(၅၄၆) ယဲ့ထျန်းရှင်း ပြန်ရောက်လာမှု
သုံးယောက်သား တိုက်စစ် ပြင်လိုက်ကြသည်။
လေထုက ပို၍ လှိုင်းထန်လာပြီး အင်မတန် ရှုပ်ထွေးနေသည်။ စွမ်းအားက အကာအရံဆီ ကျရောက်သွားသော်လည်း အကာအရံက အကောင်းတိုင်း ဖြစ်၏။
လှိုင်းပြာနည်းစနစ်က အစပိုင်းတွင် လှိုင်းတစ်ခုမှ မပါရှိသည့် ကျင့်စဉ်တစ်ခု ဖြစ်ပေသည်။ သို့သော်လည်း ထိုအရာကို ထုတ်ဖော်လိုက်သည့်အခါ အဆုံးမဲ့ လှိုင်းလုံးများနှင့် ဆင်တူနေသည်။ ရေခဲတမျှ အေးစက်မှုက ထွက်ပေါ်လာပြီး လှိုင်းလုံးများက ကြုံရာကျပန်း ထွက်လာကာ ပစ်မှတ် သတိလက်လွတ်အချိန်ကို ဖမ်းဆုပ်နေ၏။
အဖြူရောင်ဝတ်ရုံ ယဲ့ထျန်းရှင်းကလည်း သူတို့နှစ်ယောက်အား သေချာထိန်းထားနိုင်သည်။
“မိစ္ဆာဝေဟင်မျှော်နန်းက တစ်မိုးအောက်က နယ်မြေတွေကို ဒီလိုလှုပ်ကိုင်နိုင်တာ မဆန်းတော့ပါဘူး။ ပထမတပည့် ယွီကျန့်ဟိုင်နဲ့ ဒုတိယတပည့် ယွီရှန်းရုန်တို့က ထူးချွန်ကြတယ်။ ခြောက်ယောက်မြောက် တပည့်ကလည်း ဒီလိုအားကောင်းနေမယ်ဆိုတာ တွေးကြည့်လိုက်ရင် ..”
ဟွားဝူတောက်က တအံ့တဩ ရေရွတ်လိုက်သည်။
“လှိုင်းပြာ ကျင့်စဉ်က တကယ်ကို ရင်သပ်ရှုမောဖို့ ကောင်းတာပဲ။ သူမက ပြိုင်ဘက်နှစ်ယောက်ကို ပြိုင်တူ ရင်ဆိုင်နေတာ … တကယ်လို့ ကျုပ်ကိုယ်တိုင် မမြင်ရရင် ယုံနိုင်မှာ မဟုတ်ဘူး”
“ အခု ကျန်တာဆိုလို့ မျှော်နန်းသခင်ကို နှိုးဖို့ပဲ လိုတော့တယ်”
ထိုအရာကိုကြားသည့်အခါ လန်လော့က ပြောလိုက်သည် “မဟုတ်ဘူး”
“ဘာကိုတုန်း”
“လူတစ်ယောက်ရဲ့ ကျင့်ကြံရေးက အရေးကြီးတဲ့ အခြေအနေရောက်နေတဲ့အခါ သူ့ကို အတင်းကျပ် နိုးလိုက်ရင် သူ့အတွက် ထိခိုက်သွားလိမ့်မယ်” လန်လော့က ပြောလိုက်၏။
“အဲဆိုတော့ ငါတို့တွေ ဘေးကနေ ရပ်ကြည့်နေကြမယ်လို့ ပြောနေတာလား” တခြားလူများက ပျာယာခတ်သွားကြသည်။
“ဒီကောင်မလေးက လတ်တလောကမှ ပွင့်ချပ်ရှစ်လွှာအဆင့် ရထားတာ ဖြစ်ရမယ်။ သူမက သူတို့ကို အချိန်တစ်ခုလောက်တော့ ဆွဲထားနိုင်မှာပါ ”
တခြားလူများက ခေါင်းညိတ်လိုက်ကြသည်။ ထိုစဉ် သူတို့သည် ယဲ့ထျန်းရှင်းအပေါ်ကိုသာ မျှော်လင့်ချက် ပုံအောထားလိုက်ကြသည်။
ပွင့်ချပ်ခုနှစ်လွှာနှင့်အောက် ကျင့်ကြံသူများအတွက် ပွင့်ချပ်ရှစ်လွှာအဆင့် ကျင့်ကြံသူများ တိုက်ပွဲကြား ဝင်ပါဖို့ အဓိပ္ပါယ်မရှိပေ။ ထို့အပြင် ပွင့်ချပ်ခုနှစ်လွှာကို အသာထား… ယခုလက်ရှိ မိစ္ဆာဝေဟင်မျှော်နန်းထဲ ကျင့်ကြံဆင့် အမြင့်ဆုံးက ပွင့်ချပ်ငါးလွှာ မင်ရှစ်ရင် ဖြစ်၏။
ဘန်း ဘန်း ဘန်း
လေထဲတွင် စွမ်းအားလှိုင်းများ ထိပ်တိုက်တွေ့ကုန်သည်။
ယဲ့ထျန်းရှင်းက အတော်လေး အာရုံစိုက်ထားသည်။ သို့သော်လည်း တစ်ဖက်လူက သာလွန်ကောင်းကင်အဆင့် လက်နက်ရှိထာသည့် လျိုကောနှင့် တိုက်ပွဲကွင်းပြင်တွင် အတွေ့အကြုံကြွယ်ဝသည့် စစ်သူကြီးရှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်သည့် စုရှန့် ဖြစ်နေသည်။ သူမအနေနှင့် သူတို့နှစ်ယောက်လုံးကို အနိုင်ယူဖို့ ကောင်းကင်နှင့် ရင်ဆိုင်နေသည့်အလား ခက်ခဲလှ၏။
……………..
တစ်နာရီကြာမြင့်သွားပြီးသည့်နောက်တွင် တိုက်ပွဲက ဖြည်းဖြည်းချင်း အထွတ်အထိပ်သို့ ရောက်ရှိလာသည်။
တိုက်ပွဲက စတင်စဉ်ကကဲ့သို့ မပြင်းထန်တော့ပေ။
ထိုစဉ် စုရှန့်က လုကျိုးအနားတွင် ရှိနေသည့် စွမ်းအားများက ပျောက်ကွယ်လုနီးပါး ဖြစ်နေသည်ကို မြင်လိုက်မိသည်။ သူက အော်ပြောလိုက်၏။ “အရှင် … မိစ္ဆာအိုကြီးကျိရဲ့ စွမ်းအားက ပျောက်လုနီးပါး ဖြစ်နေပြီ။ ကျွန်တော် ဒီအမျိုးသမီးနဲ့ ရင်ဆိုင်လိုက်မယ်”
“ကောင်းပြီ” လျိုကောလည်း သတိထားမိလေသည်။ နောက်ဆုံးတော့ အခွင့်အရေး ရောက်ရှိလာပြီ ဖြစ်၏။
စုရှန့်က လက်ချောင်း နှစ်ချောင်း မြောက်လိုက်သည်။ သူက လက်ချောင်းကို ကိုက်လိုက်သည့်အချိန် သွေးစက်တချို့က သူ့ဘယ်ဘက်လက်ရှိ အဆောင်ပေါ် ကျရောက်သွားသည်။ တောက်ပနေသည့် ရွှေရောင်အဆောင်က ချက်ချင်းဆိုသလို သွေးစွန်းသွားလေသည်။
“မိန်းကလေး … ငါ့ကို ကြီးမြတ်တဲ့ စစ်သူကြီးရှစ်ယောက်ထဲက တစ်ယောက်လို့ အလကားခေါ်တာ မဟုတ်ဘူး “
အနီရောင်အဆောင်က လေထဲတွင် ကခုန်ရင်း နဂါးတစ်ကောင် ဖြစ်ပေါ်လာသည်။ သိပ်သည်းစွာ ရှိနေသည့် သင်္ကေတများက အတူတကွ ဝေ့ယမ်းကာ ယဲ့ထျန်းရှင်းဆီ ပြေးဝင်လာသည်။
ယဲ့ထျန်းရှင်းက သူမ၏ မာယာကျော့ကွင်းကို ဝေ့ယမ်းလိုက်ပြီး လှိုင်းပြာ ကျင့်စဉ်ဖြင့် နဂါးကြီးတစ်ကောင် ပုံဖော်လိုက်သည်။ ထိုမြင်ကွင်းက ပင်လယ်လှိုင်းထဲ ကူးခတ်နေသည့် နဂါးတစ်ကောင်အလား ဖြစ်၏။
တိုက်ပွဲက ချက်ချင်းဆိုသလို အဆများစွာ ပြင်းထန်လာသည်။
လျိုကော၏ အမူအရာက မပြောင်းမလဲ ကျန်ရှိနေသည်။ အဆင့်မြင့် လေဟာနယ်ဓားပေါ်ရှိ အနီရောင်သွေးကြောများက မျက်စိစူးမတတ် တောက်ပနေသည်။ သူက လေထဲ ခုန်ဝင်လိုက်ပြီး အဆင့်မြင့် လေဟာနယ်ဓားကို ဝေ့ယမ်းရင်း လုကျိုးဆီ ပြေးဝင်သွားလိုက်သည်။
“မဖြစ်ဘူး ”
“သူ့ကို တားကြ”
“အဲဒါ ကွန်ဖြူးရှပ်အဆောင်စည်းတံဆိပ်ရဲ့ ရွှေနဂါးပဲ … ပွင့်ချပ်ရှစ်လွှာအဆင့် နည်းစနစ်ပဲ။ ကောင်မလေးက သတိလက်လွတ် ဖြစ်သွားပြီ” ကျော့ယွီရှုက စိုးရိမ်တကြီး ခုန်ဝင်လိုက်သည်။
မိစ္ဆာဝေဟင်မျှော်နန်း၏ အကြီးအကဲလေးယောက်က အကာအရံမှ ပြိုင်တူ ထွက်လာကြသည်။
လျိုကောက ထိုအရာကို မျှော်လင့်ထားပြီးသား ဖြစ်ပုံပေါ်၏။ သူက ဘယ်ဘက်လက်မှ လက်ဝါး စည်းတံဆိပ်များစွာ လွှတ်ထုတ်လိုက်ပြီးနောက် အားအပြည့်ဖြင့် ရိုက်ချလိုက်သည်။
ဘန်း ဘန်း ဘန်း ဘန်း
အကြီးအကဲလေးယောက်လုံး နောက်လွင့်စဉ်သွားကြသည်။
လျိုကောက လုကျိုး၏ ခေါင်းဆီ ဓားကို ချိန်ရွယ်လိုက်သည်။ သူ့အကြည့်များက တောက်ပကာ အေးစက်စက် ပြောလိုက်သည် “ညီအစ်ကိုကျိ ပြီးဆုံးသွားပြီ”
ထိုစဉ် ယဲ့ထျန်းရှင်းက မဟာနည်းစနစ်တစ်ခု ထုတ်သုံးကာ သူတို့ဆီ ရောက်လာသည်။ သူမက အဆင့်မြင့် လေဟာနယ်ဓားကို သူမ လက်ဖြင့် တားဆီးလိုက်၏။
ဘန်း
“ဟမ်” လျိုကောက မျက်မှောင်ကြုတ်လိုက်သည်။
ထိုလက်ဝါးရိုက်ချက်က အဆင့်မြင့် လေဟာနယ်ဓားအား လမ်းကြောင်းသွေဖယ်သွားစေသည်။ ယဲ့ထျန်းရှင်း ပေးဆပ်လိုက်ရသည့် တန်ကြေးက အဆောင်စည်းတံဆိပ် နဂါးကို ကျောပေးထားလိုက်ရခြင်း ဖြစ်၏။
ဘန်း
ဧရာမ စည်းတံဆိပ် နဂါးကြီးက ယဲ့ထျန်းရှင်း ကျောပေါ် ကျရောက်လာသည်။
အရာအားလုံးက မျက်စိတစ်မှိတ်ဖြစ်သွားခဲ့ခြင်း ဖြစ်၏။
ယဲ့ထျန်းရှင်းက သွေးအန်လိုက်ရသည်။
“လျိူရှစ်မေ့”
“ လျိူရှစ်ကျဲ”
ယဲ့ထျန်းရှင်းက လတ်တလောလေးကမှ အဆင့်တက်ပြီး ပွင့်ချပ်ရှစ်လွှာအဆင့် ရောက်လာခြင်း ဖြစ်၏။ သူမအနေနှင့် ပြိုင်ဘက်နှစ်ယောက်ကို ဤမျှအချိန်ဆွဲထားနိုင်သည်က အံ့ဖွယ် ဖြစ်နေလေပြီ။ သူမက အကောင်းဆုံး လုပ်ထားနိုင်ခဲ့သည်။
အားလုံးက အဖြူရောင်ပုံရိပ်လေးကို ကြည့်နေရင်း မျက်လုံးပြူးနေကြသည်။ သူမ၏ အဖြူရောင်ဝတ်ရုံနှင့် ဆန့်ကျင်စွာ အနီရောင်သွေးများ စွန်းထင်းနေခဲ့လေပြီ။
ယဲ့ထျန်းရှင်းက ပြုတ်ကျလာ၏။ သူမ ပြုတ်ကျလာစဉ် လုကျိုးအား လှမ်းကြည့်လိုက်သည်။ သူမ မြင်လိုက်ရသည့် မြင်ကွင်းက စိတ်ထဲ ရပ်တန့်သွားဟန်ပေါ်သည်။ ထိုစဉ် ယဲ့ထျန်းရှင်း စိတ်ထဲ အတွေးထောင်ချီ ဖြစ်ပေါ်လာ၏။
သူမက ကျင့်ကြံရေးလမ်းကြောင်းပေါ် လျှောက်လှမ်းဖို့ ပထမဆုံး တောင်ပေါ်ကို တက်လာသည်ကို အမှတ်ရလိုက်သည်။ သူမ၏ ဆရာတူမောင်နှမများ အငြင်းပွားခြင်း၊ သူမ မိစ္ဆာဝေဟင်မျှော်နန်းကနေ ထွက်သွားတုန်း ခံစားခဲ့ရသည့် ကူကယ်ရာမဲ့မှုနှင့် ရှစ်စွင်းက သူမ၏ ကျင့်ကြံဆင့်ကို ဖျက်ဆီးပစ်ခဲ့စဉ်အခါက ခံစားခဲ့ရသည့် မျှော်လင့်ချက် ကုန်ဆုံးမှုနှင့် ဒေါသထွက်မှုတိုလည်း ပါဝင်သည်။ သူမက နောင်တရလားဟု အကြိမ်များစွာ မေးခဲ့ဖူးသည်။ အခြေအနေ မည်သို့ပင်ဖြစ်နေစေကာမူ သူမ၏ အဖြေက အတူတူသာ ဖြစ်၏။
မရဘူး … ကံကြမ္မာဝဋ်ကြွေးနှင့် သံရာစက်ဝန်းဆိုတာ ရှိတယ် … သူမရဲ့ အပြစ်ကြွေးကို ပြန်ပေးဆပ်ရမှာပဲ
ထိုစဉ် သူမ မျက်နှာအထက် အပြုံးတစ်ပွင့် ပေါ်ထွက်လာသည်။ ယခုမူ အရာအားလုံး ပြီးဆုံးသွားလေပြီ။
ယဲ့ထျန်းရှင်းက မြေပေါ်ကို ဆက်တိုက် ပြုတ်ကျလာနေသည်။
စုရှန့်က တိုက်ကွက်အပြီးတွင် အော်ပြောလိုက်၏ “ မင်းက ကိုယ့်ဘာသာ အဟုတ်ကြီးထင်နေတာပဲ”
လျိုကော၏ ဓားချက်က ယဲ့ထျန်းရှင်းကြောင့် အနည်းငယ် လမ်းကြောင်းသွေဖယ်သွားခဲ့သည်။ သူ့ဓားက လုကျိုး၏ ဘယ်ဘက်မှ မီတာအနည်းငယ် လွဲချော်သွားသည်။
ထိုစဉ် လုကျိုးဝန်းကျင်တွင် အပြာရောင်ကြာတစ်ခု ပွင့်လန်းလာသည်။
ဝုန်း
စွမ်းအားလှိုင်းက နေရာတစ်ခုလုံးအနှံ့ ထွက်ပေါ်သွားသည်။
အပြာရောင်ကြာ ပွင့်လန်းလာပြီးနောက် လျိုကော၏ ရင်ဘတ်အား ထိမှန်သွား၏။
ဘန်း
လျိုကောက သက်ရောက်မှုကြောင့် လွင့်စဉ်သွားသည်။
စွမ်းအားက ရပ်တန့်မသွားဘဲ ဆက်လက် ပျံ့နှံ့နေသည်။ အပြာရောင်ကြာက ပွင့်ချပ်ရှစ်လွှာ စုရှန့်ကိုပင် ထိရောက်လာ၏။
ဘန်း
နှစ်ယောက်သား ကြိုးပြတ်စွန်ကဲ့သို့ လွင့်ထွက်သွားကြသည်။ သူတို့က သွေးအန်လိုက်ရ၏။
ထိုသို့ဖြင့် စုရှန့်၏ ဒဏ်ရာက ပို၍ ဆိုးရွားသွားလေသည်။
ထိုစဉ် တင်ပျဉ်ခွေထိုင်နေသည့် လုကျိုးက ရုတ်ချည်း မျက်လုံးပွင့်လာသည်။ သူ့မျက်ဝန်းထဲ ကြယ်တာရာအလင်းများ ပြည့်နှက်နေသည့်အလား တဖြတ်ဖြတ် တောက်ပနေ၏။ လူသားနှင့် မြေကမ္ဘာစာလိပ်များ၏ ထူးခြားအံ့ဖွယ်စွမ်းအားက နောက်ဆုံးတော့ သဟဇာတ ဖြစ်သွားလေပြီ။ လူသားစာလိပ်၏ ထူးခြားအံ့ဖွယ် စွမ်းအားက ကုန်ခမ်းသွားပြီး မြေကမ္ဘာ စာလိပ်၏ ထူးခြားအံ့ဖွယ် စွမ်းအားက အစားထိုး ပြည့်နှက်သွားသည်။ သူ့သီးသန့်ကျင့်ကြံရေးလည်း ပြီးဆုံးသွားပြီ ဖြစ်၏။
လုကျိုးက မျက်လုံးဖွင့်လိုက်ချင်း မြင်လိုက်ရသည့် မြင်ကွင်းကြောင့် စိတ်ရှုပ်သွားလေသည်။ သူက အဖြူရောင်ပုံရိပ်တစ်ခု ပြုတ်ကျသွားသည်ကို မြင်လိုက်ရသည်။ သူက မျက်မှောင်အသာကြုတ်ကာ “ငမိုက်သား ”
ထို့နောက် သူက လွင့်စဉ်ထွက်သွားသည့် လျိုကောနှင့် စုရှန့်တို့အား မြင်လိုက်သည်။
“ဟမ် … မင်းတို့နှစ်ယောက်လုံး ဘာလို့ ဒဏ်ရာရနေတာလဲ”
လျိုကောနှင့် စုရှန့် “ … ”
လုကျိုးက ဖြည်းဖြည်းချင်း ထရပ်ကာ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ သူ့ခြေထောက်အောက်ရှိ အပြာရောင်ကြာလည်း လွှင့်ပျယ်သွားပြီ ဖြစ်၏။ သူက မိစ္ဆာဝေဟင်မျှော်နန်း၏ အကြီးအကဲများနှင့် တပည့်များကို မြင်လိုက်ရသည်။ သူက ရင်ပြင်ပေါ်တွင် စုဝေးနေသည့် အမျိုးသမီး ကျင့်ကြံသူများစွာကိုလည်း မြင်လိုက်ရသည်။
ယဲ့ထျန်းရှင်းက ဘန်းခနဲ အကာအရံပေါ် ပြုတ်ကျလာသည်။ အကာအရံက ဖန်သားလို ချောမွတ်နေသည့်အတွက် ယဲ့ထျန်းရှင်းက ဆက်တိုက် ပြုတ်ကျသွားပြန်သည်။ သူမ၏ အဖြူရောင်အဝတ်တွင် သွေးများ စွန်းထင်းနေသည်။
လုကျိုးက မျက်မှောင်ကြုတ်လိုက်၏။ မြင်ကွင်းများက သူ့စိတ်ထဲ ပေါ်ထွက်လာသည်။ သူ့စိတ်ထဲ သူ့အနား ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်အားလုံး ဇာတ်ကားတစ်ခုအလား အစီအရီ ပေါ်ထွက်လာသည်။ သူက အသက်အရွယ် ရနေသော်လည်း သူ့ဒေါသက ထောင်းခနဲ ထွက်သွားသည်။
လုကျိုးက လက်ကို မြောက်လိုက်သည့်အခါ ဝေဟင်မှ မိစ္ဆာဘုန်းကြီး၏ လက်ဟန်စည်းတံဆိပ်က ကျဆင်းလာသည်။
ယဲ့ထျန်းရှင်းက ပြုတ်ကျလာစဉ် မှတ်ဉာဏ်များမှတဆင့် ထိုလက်ဟန်စည်းတံဆိပ်ကို မြင်လိုက်ရ၏။
သူမနဲ့ ရင်းနှီးနေသလိုပဲ ….
ချင်းယန်တောင်ပေါ်မှ တိုက်ပွဲအတွင်း လုကျိုးက ထိုသို့လက်ဟန်စည်းတံဆိပ်ကို ယဲ့ထျန်းရှင်းကို ဖမ်းဆီးပြီး သူမ၏ ကျင့်ကြံဆင့်ကို ဖျက်ဆီးပစ်ဖို့ အသုံးပြုဖူးသည်။ ယခု တူညီသည့် လက်ဟန်စည်းတံဆိပ်က သူမဆီ ကျရောက်လာနေပြီ ဖြစ်၏။ ဤတစ်ကြိမ် ကွဲပြားမှုကား ထိုလက်ဟန်စည်းတံဆိပ်က သူမအား သယ်ဆောင်ထားလေသည်။ သူမက လေထဲ မျှောလွှင့်နေလေ၏။
လုကျိုးက ယဲ့ထျန်းရှင်းဆီမှ အသက်ဓာတ် လွှင့်ပျယ်လာသည်ကို ခံစားမိလိုက်သည်။
ယဲ့ထျန်းရှင်းက ခက်ခက်ခဲခဲ မော့ကြည့်လာပြီး အားနည်းဖျော့တော့စွာ ခေါ်လိုက်သည် “ရှစ်စွင်း”
“မင်း ဒါကို နောင်တမရဘူးလား” လုကျိုးက ပြောလိုက်သည်။
“ကြင်နာမှုကို အသက်နဲ့ ပြန်ပေးဆပ်တာကို နောင်တ … မရပါဘူး ” ယဲ့ထျန်းရှင်းက တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်။
လုကျိုးက ခေါင်းခါကာ မေးလိုက်သည် “မင်းကို မောင်းထုတ်လိုက်လို့ နာကျည်းနေတာ မဟုတ်ဘူးလား”
“မဟုတ်ပါဘူး ” သူမ၏ အသက်ဓာတ်က လွှင့်ပျယ်နေပြီ ဖြစ်၏။ မျက်စိတစ်မှိတ်အတွင်း သူမ၏ ဆံပင်များက အဖြူရောင် ပြောင်းသွားပြီး သတိမေ့သွားတော့သည်။ အဆောင်စည်းတံဆိပ်၏ ရွှေနဂါး စွမ်းအားက သူမထဲ ရုန်းရင်းဆန်ခတ် ဖြစ်စေခဲ့သည်။ သူမက အထဲမှ သေဆုံးလာသလို ခံစားနေရ၏။
လုကျိုးက အပြာရောင်စွမ်းအားဖြင့် တောက်ပနေသည့် လက်ကို မြောက်လိုက်ပြီး ယဲ့ထျန်းရှင်း၏ အသက်ဓာတ် လွှင့်ပျယ်ခြင်းကို ယာယီ တားဆီးပေးလိုက်သည်။ သို့သော်လည်း သူမအသက်ဓာတ် လွှင့်ပျယ်နေသည့် လက္ခဏာရပ်များက ရှိနေဆဲ ဖြစ်၏။ နောက်ဆုံးတွင် သူက ယဲ့ထျန်းရှင်းသည် သေဆုံးနိုင်ခြေရှိကြောင်း သဘောပေါက်သွားသည်။
“ ရှစ်စွင်း … ကမ္ဘာဦးချီကို မဖြုန်းပစ်ပါနဲ့။ ဒါက ဖြေရှင်းလို့ မရတော့ဘူး ”ယဲ့ထျန်းရှင်းက မနည်းပြောနေရသည် “ ကျွန်မ … ပြောချင်တာတွေ အများကြီး ရှိပေမဲ့ … အချိန်မရတော့ဘူး ”
သူမ အသက်ရှုရသည်ကက ပို၍ ခက်ခဲလာသည်။
အဆောင်စည်းတံဆိပ်၏ ရွှေနဂါးစွမ်းအားသည် အားလုံး၏ ထင်မြင်ချက်ကို ကျော်လွန်နေလေ၏။
လရောင်ဆွတ်နန်းဆောင်မှ အမျိုးသမီး တပည့်များကလည်း မြေပေါ် သောကရောက်နေကာ ငိုရှိုက်နေကြသည်။
မိစ္ဆာဝေဟင်မျှော်နန်း၏ အကြီးအကဲလေးယောက်က တိတ်ဆိတ်နေသည်။
“ကောင်းကောင်းနား … မင်း မသေပါဘူး” လုကျိုးက ပြောလိုက်သည်။
“ကျွန်မ မသေခင် … တစ်ခုလောက် တောင်းဆိုချင်တယ်” ယဲ့ထျန်းရှင်းက ပြောလိုက်သည်။
“ ဘာလဲ”
“ကျွန်မ … မိစ္ဆာဝေဟင်မျှော်နန်းကို … ပြန်ဝင်ချင်တယ် ”
…