အခန်း (၅၄၇-၅၄၉)
Vol. 37 Ch. 547-549
အခန်း (၅၄၇) ကောင်းလိုက်တဲ့လက်ဝှေ့အိတ်
“မိစ္ဆာဝေဟင်မျှော်နန်းကို ကျွန်မပြန်ဝင်ချင်တယ်။ တခြားသွားစရာနေရာမရှိပါဘူး။ ကျေးဇူးပြုပြီး ဒီတောင်းဆိုချက်ကို ဖြည့်ဆည်းပေးပါ ရှစ်စွင်း” ယဲ့ထျန်းရှင်းသည် မိစ္ဆာဘုန်းကြီး၏ လက်ဝါးစည်းတံဆိပ်ပေါ်တွင် ထရပ်ရန် ရုန်းကန်လိုက်၏။ သူမ၏ဒဏ်ရာများနှင့် ယိမ်းယိုင်နေသောခန္ဓာကိုယ်သည် သူမ၏ဆုံးဖြတ်ချက်ကို မတုန်လှုပ်စေပေ။
လူတို့သည် ကောင်းကင်၊ မြေကြီးနှင့် သူတို့မိဘကိုသာဒူးထောက်၏။ တစ်ရက်ဆရာသည် တစ်သက်ဖခင် ဖြစ်သည်။ သူမ၏ဆရာရှေ့ဒူးထောက်ရခြင်းက သူမဖခင်ရှေ့ဒူးထောက်ခြင်းနှင့် တူသည်။
လုကျိုးသည် ထိုအပြုအမူမျိုး လက်ခံပိုင်ခွင့်ရှိ၏။
မိစ္ဆာဝေဟင်မျှော်နန်းထဲရှိလူတိုင်းက ယင်းကိုကြည့်နေကြသည်။ သူတို့က လုကျိုးကို မျှော်လင့်တကြီး ကြည့်နေ၏။ ဤအရာကြောင့် မယိမ်းယိုင်မည့်သူက မည်သူရှိလိမ့်မည်နည်း။ လူတို့၏စိတ်နှလုံးသည် အသွေးအသားဖြင့် ပြုလုပ်ထားသည်။
ဆရာနှင့် တပည့်၊ အဖိုးအိုတစ်ယောက်နှင့် မိန်းမပျိုတစ်ဦး ... တစ်ယောက်က ဒူးထောက်နေပြီး တစ်ယောက်က မတ်တတ်ရပ်နေ၏။ နာရီပေါင်းများစွာ ကြာသွားသည်ဟု ထင်မှတ်ရကာ နောက်ဆုံးတွင် လုကျိုးက ပြောလိုက်၏။
“ကောင်းပြီ” သူ၏အကြောင်းပြန်မှုက လိုတိုရှင်းဖြစ်ပြီး အဓိကကျသည်။
ယဲ့ထျန်းရှင်းက ပြုံးပြီးမျက်လုံးမှိတ်လျက်သားဖြင့်နောက်လဲကျသွား၏။
လုကျိုးက သူ၏လက်ကိုဝေ့ယမ်းလိုက်သည်။ စွမ်းအင်စည်းတံဆိပ်က သူမကို အရံအတားအတွင်းသို့ လှေပမာ သယ်ဆောင်သွား၏။
အကြီးအကဲလေးဦးသည် တစ်ပြိုက်နက်တည်း သူတို့၏ကနဦးချီကို လှည့်ပတ်ကာ ယဲ့ထျန်းရှင်းကို ဖမ်းလိုက်၏။
ယဲ့ထျန်းရှင်းက နောက်ဆုံးပြန်ရောက်သွားတော့သည်။
လုကျိုးသည် ယဲ့ထျန်းရှင်းဆီကနေ အကြည့်လွှဲပြီး အဝေးရှိလျိုကောနှင့်စုရှန့်ဆီကြည့်လိုက်သည်။
စုရှန့်သည် ဒဏ်ရာပြင်းပြင်းထန်ထန် ရထားသော်ငြား တိုက်ခိုက်နိုင်သေးသည်။ သူ၏မျက်လုံး၌ အကြောက်တရားများပြည့်နေ၏။
တစ်ဖက်တွင်မူ လျိုကောက အထိအခိုက်မရှိပုံ ရသည်။ အနည်းငယ် မသေမသပ်ဖြစ်နေသော ဆံပင်များမှအပ သူသည် ဒဏ်ရာရထားပုံ မပေါ်ပေ။
လုကျိုးသည် လေထဲ ဖြည်းဖြည်းချင်းတက်သွားသည်။ သူ၏အမူအရာက သုန်မှုန်နေ၏။ နှစ်ယောက်ကို မျက်နှာသေဖြင့် စိုက်ကြည့်နေလေသည်။ လျိုကောနှင့် စုရှန့်က ထွက်မပြေးဘဲ သူ့ကိုရင်ဆိုင်နိုင်မည်ဟု ယုံကြည်ချက်ရှိနေပုံရသည်။ သို့သော် သူတို့၏အကြောင်းအရင်းကို သူ ဂရုမစိုက်ပေ။ ပြီးနောက် လျိုကော၏လက်ထဲရှိ အဆင့်မြင့်လေဟာနယ်ဓားကို ကြည့်ပြီးနောက် လျိုကောကို ကြည့်လိုက်၏။
လျိုကောက လုကျိုးနှင့်အကြည့်ချင်းဆုံသွားသည်။ ဤအခြေအနေတွင် ဆုတ်လမ်းမရှိတော့ပေ။
လျိုကောက စကားပြောတော့မည့်အချိန်တွင် လုကျိုးက ပြောလာလေ၏။
“မင်းကို အခွင့်အရေးတစ် ခုပေးခဲ့တယ်” အသံကတည်ငြိမ်နေသော်ငြား ဒေါသကပေါ်နေ၏။ သတိမပေးဘဲ သူက တိုးဝင်လာတော့သည်။
ကျန်သည့်သူများက ထိတ်လန့်ကုန်၏။ သူတို့သည် မျှော်စင်သခင်ကိုသာ စူးစိုက်ကြည့်နေ၏။ သူ၏ အံ့ဩဖွယ်စွမ်းဆောင်ရည်ကို ပြသနေသောကြောင့်ဖြစ်သည်။ မျှော်နန်းသခင်က ပျံသန်းသွားစဉ် သူတို့သည် သူတို့၏အံ့ဩမှု၊ စိတ်လှုပ်ရှားမှုတို့ကို ထိန်းသိမ်းထားရန်ခက်ခဲလှပေ၏။
“မင်းရဲ့အသက်ကို ချမ်းသာပေးခဲ့တယ်။ ဒါပေမဲ့ မင်းက အခွင့်အရေးကိုပစ်ထုတ်နေတာပဲ။ မင်း မလိုချင်တော့တဲ့ပုံပဲ” လုကျိုးက လက်သီးကိုမြှောက်လျက် လျိုကောနှင့် စုရှန့်ဆီတိုးဝင်သွားသည်။
စုရှန့်၏မျက်နှာက နီလာလျက် သူ၏တိုက်ပွဲဝင်ချင်စိတ်တို့ကပေါ်ထွက်လာသည်။ သူသည် စစ်မြေပြင်ထဲ၌ နှစ်ပေါင်းများစွာအချိန်ကုန်ခဲ့၏။ သူ သေရမှာမကြောက်ပေ။ သူ၏ရင်ဘတ်ကို ဂေါ်ရီလာတစ်ကောင်ပမာထိုးလျက် ခန္ဓာကိုယ်ထဲကနေစွမ်းအင်က ပေါ်ထွက်လာသည်။ သူက အော်ပြောလိုက်၏။ "အရှင်မင်းကြီး နောက်ဆုတ်။ ကျွန်တော်မျိုး သူနဲ့တိုက်ခိုက်လိုက်မယ်”
ပြီးနောက် သူသည် မီးမြှားတစ်စင်းပမာ လုကျိုးနှင့်ဆုံတွေ့ရန်ပျံသန်းသွားတော့သည်။
လက်သီးလက်သီးချင်း ထိပ်တိုက်ရင်ဆိုင်ခြင်း။
လုကျိုး၏ညာလက်သီးသည် စွမ်းအင်စည်းတံဆိပ်ဖြင့် ရစ်ပတ်ထားလျက် အပြာရောင်အလင်း တစ်ခု တောက်ပနေသည်။
ဘန်း
အပြာရောင်နှင့် ရွှေရောင်အလင်းတိုက်မိသွားသည်။ စွမ်းအင်နှစ်ခုကပေါက်ကွဲသွားတော့သည်။ ရလဒ်က တွေးထင်ထားသည့်အတိုင်းပေ။
ဂျွတ်
လေထဲတွင် ဂျွတ် ဟူသည့်အသံတစ်သံပေါ်လာကာ စုရှန့်၏ညာလက်သည်လည်း ထိခိုက်သွားလျက် သူနောက်သို့လွင့်သွားသည်။ တုန့်ပြန်ရန်အချိန်မရှိပေ။ သူ လာလမ်းအတိုင်းလွင့်ထွက်သွားတာ ဖြစ်၏။
ဖုန်း
စုရှန့်သည် လျိုကောကိုဖြတ်ကျော်သွားကာ မြေပြင်ပေါ်ပြင်းထန်စွာကျလျက် နေရာအနှံ့ ဖုန်များထသွားတော့သည်။
လျိုကောသည် စုရှန့်ကိုမဖမ်းခဲ့ပေ။ ထိုအစား လုကျိုး၏လက်သီးထဲတွင် ပါဝင်သောစွမ်းအားကြောင့် သူ ထိတ်လန့်သွားသည်။ စွမ်းအင်ကို အဆုံးစွန်အထိရောက်အောင် ကျင့်ကြံထားသည့်လူတစ်ယောက်သည် ခန္ဓာကိုဖွဲ့တည်ခြင်းအဆင့်၌ ကြိုးစားပမ်းစား အားစိုက်ထုတ်ရမည်ဖြစ်ကာ သူတို့၏ခန္ဓာကိုယ်ကို အဆုံးစွန်အထိ ကျင့်ကြံထားရမည်ဖြစ်သည်။ သူ သိသည့် ကျိထျန်းတောက်က လက်သီးစွမ်းအင်၌ ကျွမ်းကျင်သည့်သူတစ်ယောက်မဟုတ်။ ထိုလက်သီးသည် မည်ကဲ့သို့ထိုးမျှအားကောင်းနိုင်သနည်း။
ဖုန်မှုန့်များလွင့်ပြယ်သွားချိန်၌ စုရှန့်ကို ရှင်းရှင်းလင်းလင်းမြင်ရ၏။ သူက တွင်းထဲတွင်ရောက်နေသည်။ အဆက်မပြတ်ချောင်းဆိုးလျက် သူ၏လက်ဖြင့်ပခုံးကိုဖိထားရသည်။ သူက တွင်းထဲကနေ တွားသွားထွက်လာပြီးနောက် ဒဏ်ရာပြင်းထန်လွန်းသောကြောင့် သွေးအန်ရသည်။ ရင်ဘတ်ပေါ်၌ သွေးက စွန်းထင်းနေကာ မြေပြင်က သွေးချင်းချင်း ရဲနေ၏။
လုကျိုးက လေသံအတက်အကျမရှိပြောလိုက်သည်။
“မင်းတို့က ငါ့တပည့်တွေကို အနိုင်ကျင့်ရတာ သဘောခွေ့နေတဲ့ပုံပဲ”
စုရှန့်သည် သူ၏တစ်ကိုယ်လုံးနာကျင်မှုတို့ ထိုးစိုက်နေတာကိုခံစားမိသည်။ သူ၏ခန္ဓာကိုယ်က အသက်ဓာတ်ယုတ်လျော့နေတာကို ခံစားမိ၏။
“…”
“အားနည်းတယ်” လုကျိုးက ကရုဏာကင်းမဲ့စွာပြောလိုက်၏။
စုရှန့်က ကောင်းကင်ကိုကြည့်လိုက်သည်။ သူ၏အသက်ရှုနှုန်းက ယခုဆို တိုးသဲ့လာ၏။ သူ မလှုပ်နိုင်တော့ပေ။ အသက်ရှင်နေသေးတာလား။ ကောင်းလိုက်တဲ့ သဲအိတ်ပဲ။
လျိုကောက မျက်မှောင်ကျုံ့လိုက်သည်။ သူက လက်သီးကျစ်ကျစ်ဆုပ်လိုက်သည်။ သူက အဆင့်မြှင့်လေဟာနယ်ကိုလေထဲမြှောက်လိုက်သည်။
"ညီအစ်ကိုကျိ”
“ခင်ဗျားက မထိုက်တန်ဘူး” လုကျိုးသည် လျိုကောဆီသို့ လျင်မြန်စွာ ရွေ့သွားလျက် သူ့ကို ပိုင်းဖြတ်ချလိုက်သည်။ လက်ဖဝါးကို ဖြန့်လိုက်၏။ လက်ထဲတွင်အမည်မဲ့ကပေါ်လာသည်။
အမည်မဲ့နား၌ စွမ်းအင်ဓားတစ်ခု ရစ်ဝဲနေ၏။
လျိုကော၏မျက်နှာ မှုန်ကျသွားသည်။ သူသည် တိုက်ကွက်ကိုဖယ်ရှားရန်အတွက် အဆင့်မြင့် လေဟာနယ်ကိုမြှောက်လိုက်၏။ အေးစက်စက်အလင်းတန်း ဖျတ်ခနဲပေါ်လာတော့သည်။
ဘန်း
အမည်မဲ့နှင့် အဆင့်မြင့်လေဟာနယ် တိုက်မိသွားသည်။
ထိုတိုက်ကွက်ဖလှယ်ပြီးနောက် ပြိုင်ဖက်နှစ်ယောက်လုံးက ကျောချင်းကပ်သွားတော့သည်။
“ဒီဓားက အဆင့်မြင့်လေဟာနယ် ကောင်းကင်အဆင့်အလွန်လက်နက်ပဲ။ ဒီပေါ်မှာ ပွင့်ချပ်ကိုးလွှာ အစီအရင်သွေးကြောတွေရှိပြီး ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတွေအတွက် အဆိပ်ပဲ။ မင်း ရှုံးသွားပြီ”
လျိုကောပြောပြီးသည်နှင့် ...
ဂျွတ်
အဆင့်မြင့်လေဟာနယ်ပေါ်၌ အက်ကွဲကြောင်းတစ်ခုပေါ်လာပြီး ၎င်းက ကျိုးသွားတော့သည်။
“ဟမ်” ကျိုးသွားသည့်အသံက လျိုကော၏စိတ်နှလုံးကိုတုန်ယင်သွားစေသည်။ သူ ကြည့်လိုက်သည့်အချိန် မျက်လုံးပြူးသွား၏။ ဘာဖြစ်သွားတာလဲ။ တစ်ခါတည်းတွင် သူ၏စိတ်နှလုံးက တောင်ကြားထဲထိကျသွားသည်။ သူက လက်ကိုပြန်ဆွဲလိုက်သည်။ လက်နက်ကိုလေ့လာလိုက်၏။ ဓားသွားတစ်ဝက်က ကျိုးကျသွားပြီး အဆင့်မြင့်လေဟာနယ်၏ တစ်ဝက်သာလျှင် သူ့လက်ထဲတွင်ကျန်တော့၏။
လျိုကောက လုကျိုးကိုကြည့်လိုက်၏။
လုကျိုးသည် ညာလက်တွင် အမည်မဲ့ကို ကိုင်ထားဆဲဖြစ်သည်။ သူက လျိုကောကိုကျောပေးထား၏။ နုနယ်ပုံပေါ်သည့် အမည်မဲ့သည် ယခုအခိုက်အတန့်တွင် အနက်ရောင်ရုမ်းအရှိန်အဝါများ ထုတ်ဖော်နေလေသည်။
“အဲဒီလက်နက်ကဘာလဲ” လျိုကောက အထိတ်တလန့်ပြောမိသွား၏။
လုကျိုးက သူ့ကိုမဖြေပေ။ ထိုအစားလက်ဝါးဖြန့်လျက် မြေပြင်ပေါ်ချိန်ရွယ်လိုက်သည်။
အမည်မဲ့က ပြုတ်ကျသွားလျက် အပြာရောင်အလင်းလွှမ်းခြုံနေသည်။ ယင်းသည် ဆောင်းရာသီထဲတွင် မီးတုတ်တစ်ခုပမာ တောက်ပနေ၏။ ၎င်း၏အရှိန်က တိုးလာသည်။
လျိုကောက ငုံ့ကြည့်ပြီးနောက် သဘောပေါက်သွား၏။ သူက ခုန်ဆင်းလိုက်သည်။
“ရပ်လိုက်”
လုကျိုးသည် လက်ဝါးကိုမြှောက်ကာ လက်ဝါးစည်းတံဆိပ်တစ်ခု ထုတ်လိုက်၏။
ဘန်း
လျိုကောက လွင့်ထွက်သွားသည်။
အမည်မဲ့သည် အပြာရောင်ရောင်ခြည်တန်း ရစ်ဝဲလျက် ဝေဟင်ကနေ ဆင်းသက်လာသည်။ စွမ်းအင်ဓားသည် ရုတ်တရက်ကျယ်ပြန့်လာပြီးနောက် စုရှန့်ကို ထိုးစိုက်သွားတော့သည်။
ဘန်း
စုရှန့်သည့် အစတည်းက ဒဏ်ရာပြင်းပြင်းထန်ထန်ရပြီးသားဖြစ်၏။ ထိုတိုက်ကွက်ကို ခံနိုင်ရည်ရှိစရာအကြောင်း မရှိပေ။
အမည်မဲ့သည် စုရှန့်ကို မြေပြင်ပေါ်၌ သံတစ်ချောင်းပမာ မြဲမြံစွာထိုးစိုက်ထားသည်။
“ငါ စုရှန့်အသက်ကိုနုတ်မယ်”
“တင်း ပစ်မှတ်တစ်ယောက်သတ်ပြီးပါပြီ။ ဆုလာဘ်ကုသိုလ်မှတ်ထောင့်ငါးရာ”
ယခုအချိန်တွင် လျိုကောက သူသည် လုကျိုး၏အင်အားကို အင်မတန်လျှော့တွက်ခဲ့မိမှန်း သဘောပေါက်သွား၏။ သူနောက်သို့လွင့်ထွက်နေစဉ် သူ၏မျက်လုံး၌ မယုံနိုင်မှုများ ရှိနေလေ၏။ သူသည် သူ့ကိုယ်သူတည်ငြိမ်အောင်ထိန်းရန်အတွက် အဆင့်မြင့်လေဟာနယ်၏ ကျန်ရှိသည့် အပိုင်းကို တင်းကြပ်စွာကိုင်ထားသည်။ အမည်မဲ့ထိုးစိုက်ခံထားရသည့် စုရှန့်ကို တစ်ချက်ကြည့်လိုက်၏။ “ဘာလို့လဲ လူတွေအတွက် တာ့ယန်အတွက် ငါ အားလုံးလုပ်ခဲ့တာပဲ။ ဘာကြောင့်မင်းက ပွင့်ချပ်ကိုးလွှာအဆင့်ကိုရရတာလဲ” သူ မေးခွန်းတစ်ခုပြီးတစ်ခုမေးလျက် သူ၏စိတ်ခံစားချက်များက ရှုပ်ထွေးနေတာ သိသာသည်။
လုကျိုးက လျိုကောကိုကြည့်လိုက်သည်။ “မင်း အဓိပ္ပာယ်မရှိဆက်ပြောနေတာပဲ။ ငါ မင်း အသက်ကိုနုတ်မယ်”
သူ လက်ဖဝါးဖြန့်လိုက်သည်။
ဝှစ်
ကျီ ... ဟူသော အသံဖြင့် အမည်မဲ့သည် စုရှန့်၏ရင်ဘတ်ထဲကနေ သူ့ဖာသာသူဆွဲထုတ်လျက် လုကျိုး၏လက်ထဲပြန်ဝင်လာ၏။ စွမ်းအင်ဓားကပေါ်လာပြီး လျိုကောဆီသို့ဦးတည်သွားသည်။
ဓားက တုန်လှုပ်နေသည်။
လျိုကောသည် သူ့စွမ်းအင်ဗဟိုချက်၏ချီပင်လယ်ကိုထိလိုက်၏။ စွမ်းအင်ဗဟိုချက်၏ ချီပင်လယ် စတင်လောင်ကျွမ်းလာသည်နှင့် ကြွယ်ဝသည့် ကနဦးချီကပေါ်ထွက်လာသည်။ အဆင့်မြင့် လေဟာနယ်၏ ဓားသွားပေါ်ရှိ အနီရောင်သွေးကြောများကလည်း လောင်ကျွမ်းလာ၏။ သူသည် သွေးကြောများပေါ် သွေးတစ်ပွက်ထွေးထုတ်လိုက်သည်။ အဆင့်မြင့်လေဟာနယ်က ယခုဆို ထူးဆန်းသည့် ကြက်သွေးရောင်တောက်ပနေတော့သည်။
“ငါ ဒါကို မလုပ်ချင်ဘူး။ ဒါပေမဲ့ မင်း ငါ့ကို ဖိအားပေးတယ်ဆိုတော့ မင်းနဲ့ငါ သေတဲ့အထိတိုက်ခိုက်မယ်” ဓားကိုဝေ့ယမ်းလိုက်သည်။
အစောပိုင်းက မြင်ကွင်းက ထပ်ပေါ်လာ၏။
ရန်သူနှစ်ယောက် တစ်ယောက်နှင့်တစ်ယောက်ဖြတ်ကျော်သွားသည်။ ထိုအခိုက်အတန့်တွင် လုကျိုးပေါ်၌ ကြွယ်ဝသည့် အပြာရောင်မုဒြာအဆောင်ကပေါ်လာ၏။ ကြည်လင်သည့်နှလုံးသားသည် မိမိ၏သဘာဝကို ပြသပြီး မိမိ၏စိတ်ကို လွတ်မြောက်စေ၏။ ကျောက်တုံးကဲ့သို့နှလုံးသားသည် တောင်ကဲ့သို့ မလှုပ်ရှားနိုင်ဖြစ်ရမည်။
ဘန်း
အဆင့်မြင့်လေဟာနယ်က မုဒြာအဆောင်ကိုဖြတ်ကျော်သွား၏။ အမည်မဲ့ကလျိုကော၏ ကာကွယ်ရေးစွမ်းအင်ကိုဖြတ်ကျော်သွားသည်။ ပွင့်သွားပြီးနောက် နောက်ထပ်တစ်လှည့် အဆုံးသတ်သွား၏။
လျိုကောက ခေါင်းငုံ့လိုက်ရာ သူ၏ကာကွယ်ရေးစွမ်းအင်သည် အဖောက်ခံလိုက်ရပြီး ယခုဆို လေလျော့သွားသည့်ပူဖောင်းနှင့်ဆင်တူနေလျက် ကနဦးချီများ လျော့သွားတာကိုခံစားလိုက်ရသည်။ ပြီးနောက် သူသည် လုကျိုး၏မုဒြာအဆောင်ကိုကြည့်လိုက်သည်။ လျင်မြန်စွာကုသနေသော မုဒြာပေါ်၌ ခြစ်ရာတစ်ရာသာရှိ၏။ သူ ကြက်သေ သေသွားတော့သည်။ သူ ထပ်ရှုံးသွားလေပြီ။ သူ၏လက်ချောင်းက တုန်ယင်နေ၏။ သူ သတိမဲ့လွန်းခဲ့သည်။ သူ၏ လက်ဆစ်တို့က အဆင့်မြင့်လေဟာနယ်၏ဓားရေးနား၌ ရစ်ဝဲနေသည်။
လုကျိုး၏အသံက လေထဲပေါ်ထွက်လာသည်။ “ဒီခွန်အားနဲ့ ငါ့ကိုစိန်ခေါ်ရဲတယ်ပေါ့”
“သေတ္တာကိုဖွင့်လိုက်” လျိုကောက ပြောလိုက်သည်။ သူ၏အသံသည် ဝေဟင်ထဲ၌ ပဲ့တင်သံထပ်နေ၏။
“နားလည်ပါပြီ”
ကျန်ရှိသည့်တော်ဝင်အစောင့်နှစ်ဦးသည် ဒုတိယသေတ္တာကို အမြန်ဖွင့်လိုက်သည်။ “ဟမ်”
သေတ္တာပွင့်လာချိန်တွင် အဆောင်များစွာက လျိုကောဆီသို့ပျံသန်းလာ၏။ သူတို့သည် ခမ်းနားသော ကျင့်စဉ်ထက် ပိုမြန်ဆန်သောအရှိန်ဖြင့်လှုပ်ရှားနေ၏။
လျိုကောသည် မျက်စိတစ်မှိတ်အတွင်း အဆောင်များဖြင့် လွှမ်းသွားတော့သည်။ အဆောင်များက သူ့ကို တင်းကြပ်စွာ ရစ်ပတ်ထားလျက် သူ၏အသားနှင့်သွေးထဲပျော်ဝင်နေပုံရသည်။ အဆင့်မြင့်လေဟာနယ်၏ ဓားကျိုးပေါ်ရှိ အနီရောင်ရုန်းများက ပျံသန်းလာပြီး သူနှင့် ပေါင်းစည်းသွားတော့သည်။ သူက ယခုဆို မံမီနှင့်တူနေပြီဖြစ်သည်။
အနီရောင်ရုန်းများက တောက်ပလာသည်။ လုကျိုးသည် အနီရောင်အဆောင်ကိုကြည့်ပြီး ထူးမခြားနားပြောလိုက်သည်။ “မင်း နောက်ဆုံးတော့ ဒါကို သုံးဖို့ဆန္ဒရှိပြီပဲ"
…
အခန်း (၅၄၈) မင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်
လျိုကော၏ အသံက ယခုအခါ ခပ်ဩဩ ဖြစ်နေသည်။ သူက ရူးသွပ်စွာ ရယ်မောလိုက်ပြီး “ ဒီအဆောင်တွေက လျှို့ဝှက်ဆန်းကြယ် ပညာရှင် ချန်ပေးသွားတာ။ ကျုပ်က မသေမျိုးလိုပဲ … ဒီအဆောင်ရဲ့ သက်ရောက်မှု ပျောက်ကွယ်သွားရင် ကျုပ်လည်း သေလိမ့်မယ်”
လုကျိုးက လျိုကော၏ ခန္ဓာကိုယ်ထဲ ပျော်ဝင်နေဟန်ပေါ်သည့် အဆောင်များကို ကြည့်ကာ ခေါင်းခါလိုက်သည်။ “ ငါ ရတနာတစ်ခုခုကို မျှော်လင့်ထားပေမဲ့ လျှို့ဝှက်ပညာရပ်တစ်ခုလောက် ဖြစ်နေတာပဲ”
“တော်တော့” လျိုကောက ပြောလိုက်သည်။ “ ညီအစ်ကိုကျိလည်း ပွင့်ချပ်ကိုးလွှာအဆင့်က ဘယ်လောက်မကောင်းဆိုးဝါးဆန်လဲဆိုတာ သိထားတဲ့ပုံပဲ။ မဟုတ်ရင် မှတ်ဉာဏ်တွေကို ဘာလို့စည်းပိတ်ခဲ့မှာလဲ” လျိုကောက ပြောလိုက်သည်။
“ငါ့မှတ်ဉာဏ်သလင်းကျောက်ကို သိထားလား”
“ ပွင့်ချပ်ကိုးလွှာအဆင့် ရောက်ဖို့ ခွင့်မပြုနိုင်ဘူး … မိတ်ဆွေဟောင်း ဖြစ်နေရင်တောင် ကိစ္စမရှိဘူး။ တကယ်လို့ ဖျောင်းဖျနိုင်ရင် ဖျောင်းဖျဖို့ ကြိုးစားမယ်။ မရရင်တေ့ ကိုယ်တိုင် သတ်ရတော့မှာပဲ”
လျိုကောက စကားပြောပြီးသည်နှင့် လျှပ်စီးလိုအရှိန်ဖြင့် လှုပ်ရှားလိုက်ပြီး အနီရောင်အလင်းတန်းသာ ချန်ထားခဲ့သည်။ မိစ္ဆာဝေဟင်မျှော်နန်းမှ အော်သံများကို လျစ်လျူရှုကာ သူက လုကျိုးထံ ပြေးဝင်လာသည်။
မြန်လိုက်တာ …
တခြားလူများက တိုက်ပွဲသည် ခက်ခဲတော့မည်မှန်း တွေးလိုက်ကြ၏။
လုကျိုးက ရုတ်ခြည်းဆိုသလို လက်မြှောက်လိုက်ပြီး လက်ငါးချောင်းဖြင့် ထိုးလိုက်သည်။ သူ့လက်က အပြာရောင်အလင်းတန်း တောက်ပလာပြီး ဧရာမ အပြာရောင်လက်ဝါး စည်းတံဆိပ်ကြီးက လျိုကောဆီ ကျရောက်လာသည်။
ဂျွတ်
လုကျိုးက လက်သီးဆုပ်လိုက်ပြီး လျိုကောအား တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်သည်။ သူ့အနေနှင့် လျိုကောက စွမ်းအားကြီးလာကြောင်း ခံစားနိုင်လေသည်။ သို့သော် ထူးခြားအံ့ဖွယ် စွမ်းအား၏ ခံနိုင်ရည်က တိုးမြင့်လာကြောင်း ခံစားမိလာ၏။ လက်ဝါးစည်းတံဆိပ်က ထူးခြားအံ့ဖွယ် စွမ်းအား လေးပုံတစ်ပုံကို ကုန်ဆုံးသွားစေသည်။
“မသေမျိုးလား” လုကျိုးက လက်မြောက်လိုက်ပြီး လျိုကောအား ကြည့်လိုက်သည်။ သူက လုကျိုးမျက်နှာပေါ် ပျော်ဝင်နေသည့် အဆောင်သည် အရိုင်းသင်္ကေတမျိုး ထိုးထွင်းထားသလို ဖြစ်နေကြောင်း မြင်လိုက်ရသည်။ ထိုအရာက ထူးဆန်းသည့် မြင်ကွင်း ဖြစ်၏။
“ငါ့ …ငါ့ကို သတ်မရပါဘူး ”
“ကြိုးစားကြည့်တာပေါ့”
လက်ငါးချောင်းဖြင့် တင်းတင်းဆုပ်ထားလိုက်သည်။
လေထဲ အရိုးလွဲသံကိုပင် ကြားလိုက်ရ၏။
မိစ္ဆာဝေဟင်မျှော်နန်းရှိ လူများအနေနှင့် လုကျိုးက ရုတ်ခြည်း လက်သီးဆုပ်လိုက်မည်ဟု မထင်ထားမိပေ။ ဤသည်က ရက်စက်ကာ သွေးအေးသည့် အပြုအမူ ဖြစ်၏။ သို့သော်လည်း တစ်ချိန်တည်းဆိုသလို ကျေနပ်ဖို့ ကောင်းလေသည်။ သူတို့က ထိုအရာကြောင့် စိတ်ထဲ ထိသွားကြသည်။ ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူတစ်ယောက်က မည်မျှအားကောင်းကြောင်း မည်သူမှ မသိကြပေ။ သို့သော်လည်း လုကျိုး၏ နည်းစနစ်ကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ပြီးနောက် သူတိ့က ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူများသည် စိတ်ကူးမကြည့်နိုင်အောင် အားကောင်းကြောင်း အမှတ်ရသွားကြသည်။ သူတို့လှုပ်ရှားလိုက်သည်နှင့် မိုးမြေကိုပင် ဖျက်ဆီးနိုင်စွမ်း ရှိနေဟန်ပေါ်သည်။
သူ့လက်ချောင်းများ တင်းကျပ်လိုက်သည့်အခါ ဘီစကစ်တစ်ခု ကြေမွသွားသလို ခံစားလိုက်ရသည်။ လက်ဝါးစည်းတံဆိပ်မှတဆင့် လုကျိုးက အတိတ်ဘဝမှ စွမ်းအားများမှတဆင့် ထုတ်လွှင့်လာသော မိစ္ဆာဘုန်းကြီး၏ လက်ဟန်စည်းတံဆိပ်သည် လျိုကော၏ အတွင်းအင်္ဂါများနှင့် သူ့အရိုးများကို ခြေမွပစ်လိုက်ကြောင်း ခံစားမိလိုက်သည်။ သို့သော်လည်း သူ့အနေနှင့် စနစ်မှ အသိပေးချက်ကို မရရှိပေ။
သိပ်မကြာခင် လက်ဝါးစည်းတံဆိပ်က ပျောက်ကွယ်သွားသည်။
လျိုကောက ဝေဟင်မှ မြေပေါ် ဘုန်းခနဲ ပြုတ်ကျလာသည်။
သူက မသေသေးဘူးလား …
လုကျိုးက ဆင်းလာလိုက်သည်။
ငါ အသေရိုက်ချက်ကတ်ကို သုံးရမှာလား … မတန်ဘူး
လက်ရှိ လုကျိုးက ထူးခြားအံ့ဖွယ် စွမ်းအား လေးပုံတစ်ပုံမျှသာ ကျန်တော့သည်။
လျိုကော၏ ခန္ဓာကိုယ်က အနီရောင်အလင်းများဖြင့် တောက်ပလာသည်။ သူ့အရိုးများက နဂိုနေရာသို့ ပြန်ရောက်သွားပြီး အတွင်းအင်္ဂါများက စတင်ပြန်ကောင်းလာကြသည်။
မိစ္ဆာဝေဟင်မျှော်နန်းအထက်တွင် မင်ရှစ်ရင်က ပါးစပ်အဟောင်းသားဖြင့် ကြည့်ကာ ပြောလိုက်သည်။ “ဒါက ဘယ်လိုမျိုး လျှို့ဝှက်ပညာရပ်တုံး”
တခြားလူများလည်း မင်ရှစ်ရင် စကားကို သဘောတူစွာဖြင့် ခေါင်းညိတ်လိုက်ကြသည်။
“ရွံ့စရာကြီး ”
“ တာ့ယန်က လူတွေက သေရာကနေ ပြန်ခေါ်နိုင်တဲ့ မိစ္ဆာကျင့်စဉ်ကို မကျင့်ကြံဖူးဘူး။ ဒါက လျှို့ဝှက်ပညာရပ် ဖြစ်ရင်တောင် အစီအရင်သွေးကြောကနေ တဆင့် လူသားတစ်ယောက်က ရုပ်သေးရုပ်ကို ထိန်းချုပ်နေတာမျိုးပဲ ကြားဖူးတယ်။ အချိန်တိုလေးဆိုရင်တောင် မသေနိုင်စွမ်းနဲ့ ပတ်သက်ပြီး ချီးမြင့်ခံထားရတယ်လို့ မကြားဖူးဘူး ”
“ရို့လီသားတွေက ယူလာတဲ့ ခေါင်းတလားက ဟာနဲ့ အတူတူပဲ။ ဒါက တခြားမျိုးနွယ်ရဲ့ လျှို့ဝှက်ပညာရပ် ဖြစ်နေမလား”
“ ကံဆိုးတာက တခြားမျိုးနွယ်မှာ ဒီလိုလျှို့ဝှက်ပညာရပ်မျိုး ရှိရင် ဒီဟာကို အမြောက်အမြားသုံးပြီးတော့ တာ့ယန်ကို လာတိုက်နေလောက်ပြီ”
လျိုကော၏ ဝှက်ဖဲနှင့် နည်းစနစ်က သူတို့ ထင်မြင်ချက်ကို ကျော်လွန်နေသည်။
လုကျိုးက အသက်ပြန်ရှင်လာသည့် မံမီကို ကြည့်လိုက်သည်။
လျိုကောက ကျွမ်းထိုးကာ သွေးအန်လိုက်ရသည်။ သူ့အသက်ရှုနှုန်းက ခက်ခဲလှ၏။ သို့သော်လည်း သူက နာကျင်မှုကို ခံစားရဟန်မပေါ်ပေ။ ထို့အစား သူ့မျက်နှာအထက် အပြုံးတစ်ပွင့်ကို မြင်တွေ့နေရသည်။
အဆောင်က အလုပ်ဖြစ်တယ် … သူက ပြိုင်ဘက်ကင်း မသေမျိုးပဲ
ဤသည်က လျှို့ဝှက်ဆန်းကြယ် ပညာရှင်၏ စကားများက အမှန်ဖြစ်ကြောင်း သက်သေပြသွားခဲ့သည်။ သူက ကောင်းကင်ကို မော့ကြည့်ရင်း အော်ရယ်လိုက်သည်။ “ငါ မသေနိုင်တော့ဘူး ”
လုကျိုးက လျိုကော၏ အားနည်းချက်ကို စဉ်းစားနေသည်။ ခေါင်းတလားထဲတွင် မည်သူမှ ထာဝရ အသက်မရှင်နိုင်ကြောင်း ပြောထားခဲ့၏။ သူက လျိုကောအား ငုံ့ကြည့်ကာ “ မင်းက ပညာရှင်ရဲ့ သတိပေးချက်ကို ယုံတယ်ဆိုတာ သိသာတယ်။ သူက မင်းကို ဘယ်သူမှ ထာဝရအသက်မရှင်နိုင်ဘူးဆိုတာရော ပြောခဲ့မှာပေါ့”
လျိုကောက မိုးကြိုးပစ်ချခံလိုက်ရသလို ခံစားလိုက်ရပြီး မျက်လုံးအပြူးသားဖြင့် မော့ကြည့်လာကာ “သူ့ကို တွေ့ဖူးတယ်လား”
လုကျိုးက လျိုကော၏ ခန္ဓာကိုယ်မှ အနီရင့်ရင့် အလင်းကို မြင်လိုက်သည့်အခါ လက်မြောက်လိုက်၏။ ထိုစဉ် အမည်မဲ့က သူ့လက်ထဲ ထွက်ပေါ်လာသည်။
အနက်ရောင် သင်္ကေတများက အမည်မဲ့အနား ဝေ့ပတ်နေကြသည်။
အနက်နဲ့ အနီ ဆန့်ကျင်ဘက်လား …
လုကျိုးက ဓားသင်္ချိုင်းနှင့် ဧကရာဇ်ယုံရှို့၏ ဂူဗိမာန်အတွင်းမှ အမှတ်အသားများအား အမှတ်ရသွားသည်။
“မင်းက ဓားသင်္ချိုင်းထဲမှာ အကြာကြီးနေခဲ့တယ်မလား ”
လျိုကောက ထရပ်ကာ “ မသေမျိုးခန္ဓာကိုယ် လေ့ကျင့်ဖို့ ယင်ယန်စွမ်းအားကို လိုအပ်တယ်”
“မဆန်းတော့ပါဘူး” လုကျိုးက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ခန္ဓာကိုယ်က အခွံ့ ဖြစ်၏။ အကယ်၍ လူတစ်ယောက်က စွမ်းအားထပ်လိုလျှင် အခွံ့လည်း တိုးတက်လာရမည်။ ဂူဗိမာန်၏ အမှတ်အသားများ စွမ်းအားက အနီရောင်သွေးကြောများ၏ စွမ်းအားနှင့် ဆင်တင်တင် ဖြစ်နေသည်။
လျိုကောက လက်ဖြန့်ကာ ကောင်းကင်ကို မျက်နှာမူလိုက်ရင်း “အမှန်တရားက ငါက အခု မသေမျိုးဆိုတာပဲ ”
“မင်းက အပြောစောလွန်းတယ်” လုကျိုးက လက်ဝါးကို ပူးကပ်လိုက်သည်။ သူက ကျန်ရှိနေသည့် ထူးခြားအံ့ဖွယ် စွမ်းအားကို အမည်မဲ့အတွင်း ထည့်လိုက်၏။ အမည်မဲ့က ချက်ချင်းဆိုသလို စွမ်းအားဓားများအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်မှ ရွာသွန်းလာသည်။
လျိုကောက မော့ကြည့်လိုက်ပြီး ရှောင်ဖို့ ပြင်လိုက်သည်။ သို့သော်လည်း သူ မလွတ်မြောက်နိုင်ကြောင်း သိသွား၏။ စွမ်းအားဓားများက သူ့အပေါ် ကျဆင်းလာကြသည်။ သူက စိတ်ရူးပေါက်စွာ ရယ်မောလိုက်သည် “ကျိထျန်းတောက် … ကျုပ် သက်တမ်း ကန့်သတ်ချက် ကျော်လွန်သွားတာတောင် ဒီသင်္ကေတတွေနဲ့ အသက်ဓာတ်ကို စုပ်ယူပြီး အသက်ရှင်နေတုန်းပဲ။ ကျုပ်က ရွှေကြာက အသက်ဓာတ်ကို စုပ်ယူတဲ့အကြောင်း လျှို့ဝှက်ချက်ကို လွန်ခဲ့တဲ့ နှစ်သုံးရာကတည်းက သိနေခဲ့တာ။ ဒါပေမဲ့ ခင်ဗျားကို မပြောဖို့ လုပ်ခဲ့တာ … ခင်ဗျား ဘာများတတ်နိုင်မှာလဲ ”
ဝှစ် ဝှစ် ဝှစ်
စွမ်းအားဓားထောင်ချီက လျိုကော၏ ရင်ဘတ်ကို ထိုးစိုက်သွားကြသည်။
ထိုစဉ် အရာအားလုံးက ရပ်တန့်သွားဟန်ပေါ်၏။
အမည်မဲ့က လုကျိုး လက်ထဲ ပြန်ရောက်လာသည်။ သူက အမည်မဲ့ကို တစ်ချက်ကြည့်လိုက်သည်။ အနက်ရောင်သင်္ကေတများက လျော့နည်းသွားသော်လည်း ရှိနေဆဲ ဖြစ်၏။ သူက ရင်ဘတ် ထိုးစိုက်ခံထားရသည့် လျိုကောအား ကြည့်လိုက်သည်။
လျိုကောက သူ့ရင်ဘတ်သူ ငုံ့ကြည့်လိုက်သည်။ သူ့ရင်ဘတ်ပေါ်ရှိ အနီရောင်သွေးကြောပေါ်မှ သင်္ကေတတချို့က အနက်ရောင်သင်္ကေတ၏ ပယ်ဖျက်မှုကို ခံလိုက်ရသည်။ သူ့ဒဏ်ရာများက ပြန်ကောင်းမလာတော့ပေ။ သွေးများက ဆက်တိုက် စီးကျလာလေ၏။ သူက သူ့ကိုယ်သူ မယုံနိုင်စွာဖြင့် “မဖြစ်ဘူး ”
လုကျိုးက သူ့ဘာသာ ဆင်းလာပြီး လျိုကောအား ငုံ့ကြည့်လိုက်ကာ “ မြင်ပြီလား။ မသေနိုင်တဲ့လူဆိုတာ မရှိဘူး ”
လျိုကောက ဘေးပတ်လည်ကို ကြည့်လိုက်သည်။ သူက ဆွံ့အနေမိသည်။ အရာအားလုံးက ဖြတ်ကျော်သွားလေသည်။ မြစ်များ၊ တောင်တန်းများ၊ သူ့လူများအပါအဝင် အရာအားလုံးက သူ့အား ဖြတ်ကျော်သွားကြသည်။ သူ့ဒဏ်ရာများက ပိတ်မသွားသေးပေ။
လျိုကောက မြင်းတပ်တစ်ခု ဦးတည်လာသည်ကို မြင်လိုက်သည့်အခါ နောက်ဆုတ်လိုက်သည်။ သူ့အကြည့်များက မှုန်ဝါးဝါး ဖြစ်လာသည်။
သူက အော်ပြောလိုက်သည်။ “သတ်ကြ သတ်ကြ သတ်ကြ ”
ဤသည်တွင် ကြောက်စိတ်မွှန်နေသည့် အခြေအနေလည်း ရောပြွန်းနေ၏။
“မလာကြနဲ့ .. ဝေးဝေးသွားကြ”
သူ့သွေးများက မြေပေါ် အနီရောင်စွန်းသွားစေသည်။ သူက ခေါင်းတယမ်းယမ်းဖြင့် ခလုတ်တိုက်လုမတတ် ဖြစ်သွားကာ မြေပေါ်တွင် သွေးရာများသာ ချန်ထားခဲ့၏။
“ငါ မသေဘူး … မသေဘူး။ မင်းတို့ညာနေတာ … ညာနေတာ …” လျိုကောက အသံများ ပြာလာသည့်အထိ ဆက်တိုက်အော်ပြောနေသည်။ သူ့နောက်ဆုံးစကား ပြောအပြီးတွင် လှုပ်ရှားမှုများ ရပ်တန့်သွားလေ၏။ သူ့ဒွါရခုနှစ်ပေါက်မှ သွေးများ စီးကျလာသည်။ သူ့မျက်လုံးမှ မျက်ရည်များလည်း စီးကျလာသည်။
လုကျိုးက ဘာမှမလုပ်တော့ပေ။ သူက လျိုကောကို အေးစက်စက်သာ ကြည့်နေသည်။
လူတစ်ယောက်က သေခါနီးတွင် စကားများ ပြောလာတတ်သည် မဟုတ်ပါလော။
လျိုကောက ရုတ်ခြည်း ပြောလာသည်။
“ငါ မှားသွားတာလား”
လုကျိုးက ပြန်မဖြေပေ။
ခဏတာ တိတ်ဆိတ်သွားလေသည်။
လျိုကောက ကိစ္စများကို တွေးတောနေဟန်ပေါ်၏။ သူက အားပါးတရ ရယ်မောလိုက်သည်။ ထို့နောက် သူက လက်နောက်ပစ်ကာ မာန်အပြည့်ဖြင့် လုကျိုးအား ပြောလာသည်။
“ညီအစ်ကိုကျိ ကျုပ်ကို လက်လွှတ်ပေးနိုင်မလား ”
“သလင်းကျောက်က ဘယ်မှာလဲ”
“ လို့လန်ရဲ့ တော်ဝင်မျိုးနွယ်ထဲ စစ်ဆေးကြည့်သင့်တယ် …”
“ကောင်းပြီ … မင်းရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးမယ်” လုကျိုးက လက်ဝါးဖြင့် ရိုက်ချလိုက်၏။
ဧရာမ လက်ဝါးကြီးက ဝေဟင်မှ ဆင်းသက်လာသည်။
လျိုကောက ဧကရာဇ်တစ်ယောက်နှင့် သင့်တော်သည့် အနေအထားအတိုင်း ကျန်ရှိနေသည်။ သူက လက်ကို ဖြန့်ကားကာ မော့ကြည့်ပြီး ပြုံးလိုက်သည်။
“နောက်ဘဝမှာလည်း မိတ်ဆွေဖြစ်ဖို့ မျှော်လင့်ပါတယ် ”
ဝုန်း
လုကျိုးက လက်ချောင်းများကို တွန်းဖိချလိုက်သည်။
စွန့်ပစ်ခံ ဉာဏ်ပညာ
လျိုကောက လေထဲ လွင့်သွားသည့် အမှုန့်ဖြစ်သွားလေသည်။
“တင်း … ပစ်မှတ်ကို သတ်နိုင်တဲ့အတွက် ကုသိုလ်ရမှတ် နှစ်ထောင် ရရှိပါတယ် ”
……………
ထိုစဉ်
ဟွမ်းရှစ်ကျဲနှင့် ကုယီရန်တို့က ရွှေနန်းဥယျာဉ်တောင်ခြေမှ အနောက်ဘက်ဆီ ဦတည်ရွေ့လျားလာကြသည်။ သူတို့ တိုက်ခိုက်နေသည်မှာ မည်မျှကြာမြင့်သွားကြောင်း မည်သူမှ မသိပေ။
နှစ်ယောက်လုံးက ထိပ်တိုက်တွေ့ဆုံကာ သူတို့၏ ကမ္ဘာဦးချီ ကန့်သတ်ချက်သို့ ရောက်ရှိလုနီးပါး ဖြစ်နေလေပြီ။
နှစ်ယောက်သား မျက်နှာချင်းဆိုင် ရပ်နေကြ၏။
ကုယီရန်က ဟွမ်းရှစ်ကျဲအား ကြည့်ကာ “ဟွမ်းရှစ်ကျဲ … လူအိုကြီး ဒီနေ့ ခင်ဗျားကို သတ်မယ်”
ဟွမ်းရှစ်ကျဲက မြေပေါ် ထိုင်နေကာ ရယ်မောလိုက်သည် “ ဟုတ်လား… ကြောက်စရာပဲ ”
“ ခင်ဗျား … ” ကုယီရန်က ခန္ဓာကိုယ်ကို မတ်မတ်ထားလိုက်သည်။ သူက အေးစက်စက် ပြောလိုက်သည်။ “ခင်ဗျားက ကျွန်းသခင် ဖြစ်နေပေမဲ့ လူရမ်းကားလို ပြုမူနေတာပဲ။ ဘယ်လောက်တောင် ရှက်စရာကောင်းလိုက်လဲ ”
“ အမှန်အတိုင်းပြောရင် ငါက ငါ့တပည့်ဆီကနေ သင်ထားတာ … လူတစ်ယောက်က ဂုဏ်သိက္ခာအပေါ် အရမ်းဂရုစိုက်လွန်းနေရင် ကြာကြာနေနိုင်မှာ မဟုတ်ဘူး။ မင်း အဲဒီမှာ ရပ်နေရတာ မပင်ပန်းဘူးလား။ မင်း ပင်ပန်းနေမှာပဲ။ ဒါပေမဲ့ ငါကတော့ မပင်ပန်းတော့ဘူး။ နည်းနည်းလောက်နားပြီးတာနဲ့ အဆင်ပြေသွားပြီ။ အဲဒီအခါ မင်းကို သတ်နိုင်ပြီ ”
“ဆုတောင်းလေ” ကုယီရန်က မတ်မတ်ရပ်ကာ လက်ဝါးကို ပူးကပ်လိုက်သည်။ သူက ကျယ်ပြန့်ကောင်းကင်စွမ်းအားကို ထုတ်ဖော်လိုက်၏။
…
အခန်း (၅၄၉) ဓားမော့ လာလေရော့
ကွန်ဖြူးရှပ်ကျောင်းတော်၏ ကျယ်ပြန့်ကောင်းကင်စွမ်းအင်သည် သိမ်မွေ့ပုံရသော်ငြား အမှန်တကယ်တော့ ရက်စက်ကြမ်းကြုတ်ပေ၏။ အပေါ်ယံတွင် ယင်းနှိမ့်ချပြီးပျော့ပျောင်းသည်။ အတွင်းတွင်မူ ခက်ထန်ကြမ်းတမ်း၏။ မာကျောမှုနှင့် နူးညံ့မှုပေါင်းစည်းထားသည်။ ၎င်းကို သုံးလိုက်ချိန်၌ ကျယ်ပြန့်ကောင်းကင်စွမ်းအင်သည် မှန်ကန်ခြင်းချီ၏ ခန္ဓာကိုယ်တစ်ခုနှင့် ဆင်တူသည်။ ထို့ကြောင့် ကွန်ဖြူးရှပ်ကျောင်းတော်၌ ကျင့်ကြံလိုသည့်သူ များစွာရှိသည်။
အံ့ဖွယ်မြို့တော်တွင် ကွန်ဖြူးရှပ်အကျော်အမော်များစွာရှိသည်။ ကွန်ဖြူးရှပ်အကျော်အမော်များစွာသည် ရုံးတော်အရာရှိများ ဖြစ်ကြပေ၏။ မဟာစစ်သူကြီးရှစ်ဦးထဲတွင် စုရှန့်နှင့် ကုယီရန်က ကွန်ဖြူးရှပ်အကျော်အမော်များဖြစ်သည်။
ကုယီရန်သည် ဧကရာဇ်ယုံရှို့ပေးသည့်အမိန့်ကို ပြီးမြောက်စေရန်ကြိုးစားရမည်။ ဧကရာဇ်ယုံရှို့က တခြားမျိုးနွယ်များနှင့် ရင်ဆိုင်ရန် တိုက်ပွဲစတင်ခဲ့ပြီး တိုင်းပြည်၌ ငြိမ်းချမ်းမှု တည်ဆောက်ခဲ့၏။ လူသားများအတွက်၊ တာ့ယန်အတွက်၊ တိုင်းသူပြည်သားများအတွက် ကုယီရန်သည် သူ့အရှင်မင်းကြီး၏ အစီအစဉ်ကို ကျန်သည့်သူများ နှောင့်ယှက်တာ ခွင့်မပြုနိုင်ပေ။
ကျယ်ပြန့်ကောင်းကင်စွမ်းအင်ထွက်ပေါ်လာချိန်၌ ကောင်းကင်ထဲ၌ တဗီးဗီး မြည်လာတော့သည်။ ရုန်းပုံသဏ္ဌာန် စွမ်းအင်စည်းတံဆိပ်များက ကုယီရန်နား လည်ပတ်နေသည်။ သင်္ကေတစည်းတံဆိပ်သည် ချိန်းကြိုးရှည်ကြီးတစ်ခုအသွင် ပေါင်းစည်းသွားပြီးနောက် နဂါးရှည်တစ်ကောင်၏ ပုံသဏ္ဌာန်ဖြင့် ရစ်ခွေသွားသည်။
“သင်္ကေတစည်းတံဆိပ်၏ ရွှေနဂါး” ကုယီရန်ကအော်လျက် ဧရာမသင်္ကေတစည်းတံဆိပ်၏ ရွှေရောင်နဂါးက ပေါ်ထွက်လာသည်။
ဟွမ်းရှစ်ကျဲက အံကြိတ်လျက် မျက်လုံးပြူးသွားတော့သည်။ သူက လက်နှစ်ဖက်ကိုမြှောက်ကာ တတ်စွမ်းသမျှ အားကုန်ထုတ်သုံးလျက် နံရံအဝိုင်းတစ်ခုကိုဖွဲ့တည်ရန် စွမ်းအင်စည်းတံဆိပ်ကို ထုတ်သုံးလိုက်သည်။
ဖုန်း
သင်္တေတစည်းတံဆိပ်၏ရွှေရောင်နဂါးက ဆက်လက်တိုက်ခိုက်သည်။
ဤအခိုက်အတန့်တွင် သူ့အသက်ဘေးအတွက် တိုက်ခိုက်နေရ၏။
ဟွမ်းရှစ်ကျဲသည် သူသတိလျော့ချလိုက်လျှင် သူ သွားတော့မည်မှန်းသိနေ၏။ ကုယီရန်သည် ရွှေရောင်နဂါးကိုထိန်းချုပ်လျက် လက်ဝါးဖြင့်ရိုက်ချလိုက်သည်။
သင်္တေတစည်းတံဆိပ်၏ရွှေရောင်နဂါးသည် ဟွမ်းရှစ်ကျဲကိုထိန်းထားသည်။ ရွှေရောင်နဂါး၏ မျက်လုံးများက ဧရာမသင်္ကေတများဖြစ်သည်။
ဟွမ်းရှစ်ကျဲက မျက်မှောင်ကျုံ့လျက် တိုက်ကွက်ကိုပိတ်ဆို့ရန်သူ့လက်ဝါးကို ထပ်လိုက်၏။
“ဟွမ်းရှစ်ကျဲ မင်းအရူးလုပ်ခံရပြီ”
သင်္တေတစည်းတံဆိပ်၏ရွှေရောင်နဂါးသည် နှစ်ခုကွဲထွက်သွားပြီး ဟွမ်းရှစ်ကျဲကို ဘယ်ညာကနေ ထိုးဖောက်တော့သည်။
သင်္တေတစည်းတံဆိပ်၏ရွှေရောင်နဂါးနှစ်ကောင်သည် တစ်ပြိုက်နက်တည်းတိုက်ခိုက်တော့သည်။
“သေစမ်း”
ဘန်း
ဟွမ်းရှစ်ကျဲက လက်ဖဝါးကိုခွာလိုက်သည့်အချိန်တွင် နောက်ကျလွန်းသွားပြီဖြစ်သည်။ သူသည် လက်ဝါးကနေ စွမ်းအင်စည်းတံဆိပ်ကို မထုတ်ရသေးခင် နဂါးခေါင်းဖြင့် ထိသွားတော့၏။ တိုက်ကွက်က သူ့လက်ကိုထိသွားပြီး သူနောက်ပြန်လန်သွားသည်။ သူက လွင့်စဉ်ကာ မြေကြီးပေါ်ပြုတ်ကျသွား၏။
ကုယီရန်က စိတ်ကျေနပ်စွာခေါင်းညိတ်လိုက်သည်။ အမွှာသင်္ကေတ၏ စည်းတံဆိပ် ရွှေရောင်နဂါးသည် သူ၏ခန္ဓာကိုယ်နားတစ်ဝိုက်၌ ရစ်ခွေနေလေသည်။
“ကျွန်းသခင်ဟွမ်း ခင်ဗျားမှာ ရှိတာ ဒါအကုန်ပဲလား”
“ကုယီရန် အစ်ကိုကျိက အစောတည်းက ပွင့်ချပ်ကိုးလွှာအဆင့်ကိုရပြီးပြီ။ မင်း ဘာကြောင့် ခေါင်းမာနေတာလဲ” ဟွမ်းရှစ်ကျဲက ဖျောင်းဖျ၏။
“သက်ကြားအိုကြီး ... အာမခံချက်မရှိရင် အရှင်မင်းကြီးက ကျားခံတွင်းဝထဲဝင်မှာမဟုတ်ဘူး”
“လျိုကောကလည်း ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက်လား” ဟွမ်းရှစ်ကျဲက အထိတ်တလန့် ထုတ်ပြောလိုက်သည်။
“ဒီကမ္ဘာကြီးမှာ ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတွေ မရှိနိုင်ဘူး။ ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတွေ တည်ရှိခွင့်မရှိဘူး။ ငါပြောသင့်တာကိုပြောပြီးပြီ။ မင်းရဲ့လမ်းကြောင်းကို ပို့ပေးဖို့အချိန်တန်ပြီပဲ”
ကုယီရန်သည် စကားအပိုမပြောတော့ပေ။
သင်္တေတစည်းတံဆိပ်၏ ရွှေရောင်နဂါးများက တသားတည်းပေါင်းစည်းသွား၏။ ရွှေရောင်နဂါးသည် လေထဲလူးလွန့်နေလျက် ဟွမ်းရှစ်ကျဲ၏မျက်နှာဆီ တိုးဝင်သွားသည်။
“ငါက သေရမှာ ကြောက်တဲ့သူမဟုတ်ဘူး” ဟွမ်းရှစ်ကျဲက ကနဦးချီများထုတ်သုံးလိုက်၏။
ထိုစဉ်
ဝှစ်
အထက်ကနေ ခေါင်းလောင်းသံ ပေါ်ထွက်လာ၏။ အသံက တမူထူးကဲသည်။ ယင်းက လူနှစ်ယောက်၏အာရုံစိုက်မှုကို ချက်ချင်းဖမ်းစားသွားသည်။
ကောင်းကင်ထဲတွင် ဓားမော့ကဲ့သို့ နဂါးသွဲ့ကျောက်က လည်ပတ်နေလေ၏။ တစ်ချက်ကြည့်ရုံဖြင့် ယင်းက မျက်စိဖမ်းစားနိုင်ပုံမပေါ်။ သို့သော် ၎င်း၏အရှိန်က အင်မတန်ထိတ်လန့်စရာကောင်းနေ၏။ စွမ်းအင်လေတို့သည် လည်ပတ်နေသောဓားသွားကြောင့် ဝေ့တက်လာသည့် စွမ်းအင်လေတို့က အခြားသောလက်နက်များနှင့် မတူပေ။ အထူးသဖြင့် ဓားမော့၏ပစ်မှတ်သည် သင်္တေတစည်းတံဆိပ်၏ရွှေရောင်နဂါးဖြစ်နေပုံရသည်။
၎င်းက သင်္တေတစည်းတံဆိပ်၏ရွှေရောင်နဂါးပေါ်ကျရောက်တော့မည့်အချိန်တွင် ဓားမော့က လည်ပတ်နေသော စွမ်းအင်ဓားမော့များ ရုတ်တရက် ပစ်ထုတ်လိုက်သည်။
၎င်းက ရွှေရောင်နဂါးကို ပိုင်းဖြတ်သွားသည်။ ရွှေရောင်နဂါးက နှစ်ခြမ်းကွဲသွား၏။ ၎င်း၏အဟုန်ကို ချက်ချင်းဆုံးရှုံးသွားသည်။ သင်္ကေတစည်းတံဆိပ်သည် ဖန်ကဲ့သို့ကွဲသွားပြီး ချက်ချင်းပြုတ်ကျသွားသည်။
သင်္တေတစည်းတံဆိပ်၏ ရွှေရောင်နဂါးအပျက်အစီးကနေ အစအနများက ကုယီရန်ကို နောက်သို့ လွင့်ထွက်သွားစေသည်။ သူ၏အမူအရာက အနည်းငယ်ပြောင်းလဲသွား၏။ သူ ဆယ်လှမ်းကျော် နောက်ဆုတ်သွားပြီးနောက် သူ့ကိုယ်သူ ဟန်ချက်ထိန်းရန်အတွက် မြေပြင်ကို ဆောင့်နင်းလိုက်သည်။ ဓားမော့ကို မြင်ချိန်၌ သူ့ရင်ထဲအကြောက်တရားတို့ ကြီးစိုးလာလေ၏။
ဓားမော့သည် သင်္တေတစည်းတံဆိပ်၏ရွှေရောင်နဂါးကို ထက်ခြမ်းခြမ်းသွား၏။ ယင်းက နှစ်ကြိမ်လည်ပတ်ခဲ့သည်။ ကျွတ်ဆတ်ဆတ်မြည်သံတစ်ခုဖြင့် ၎င်းက မြေပြင်ပေါ် ထိုးစိုက်သွား၏။
နေရောင်သည် ဓားသွားကိုလက်သွားစေ၏။ မြင်တတ်သည့်သူတိုင်းက ဓားမော့သည် တမူထူးကဲကြောင်း ပြောနိုင်ပေ၏။ ယင်းသည် စွမ်းအင်ကို ဖောက်ထွက်နိုင်သည့် ကောင်းကင်အဆင့်လက်နက်များပဲ ဖြစ်သည်။ ကောင်းကင်အဆင့်လက်နက်များသည် စွမ်းအင်ကို ဖောက်ထွက်နိုင်ကြောင်း သိထားကြသည်။ ဓားမော့သည် နဂါးတစ်ကောင်ကို သတ်ဖြတ်နိုင်စွမ်း ရှိ၏။ ထိုကဲ့သို့ ဓားမော့ကိုပိုင်ဆိုင်ထားသည့်သူက တစ်ယောက်ပဲရှိသည်။
ဟွမ်းရှစ်ကျဲနှင့်ကုယီရန်က စိတ်ထဲတွင် တူညီသည့်အမည်တစ်ခုကပေါ်လာ၏။ ယွီကျန့်ဟိုင် ... မိစ္ဆာဝေဟင်မျှော်နန်း၏တပည့်ကြီး ငရဲဂိုဏ်း ဂိုဏ်းချုပ်နှင့် လောကကို အုပ်စိုးရန်ကြိုးစားနေသော ပွင့်ချပ်ကိုးလွှာအကျော်အမော်ပဲဖြစ်သည့် ယွီကျန့်ဟိုင်ပဲဖြစ်ရမည်။
ကုယီရန်က အနည်းငယ်စိတ်လှုပ်ရှားသွား၏။ သူက မော့မကြည့်ဘဲမနေနိုင်တော့ချေ။ သူမော့ကြည့်မိစဉ် လှိုင်းပြာဝတ်ရုံကို ဝတ်ဆင်ထားသော ယွီကျန့်ဟိုင်သည် လက်နောက်ပစ်ထားလျက် ကောင်းကင်ကနေ ဆင်းသက်လာသည်။ မကြာမီ၌ သူက မြေပြင်ပေါ်၌ သူက ခြေနှစ်ဖက်လုံး မြဲမြံစွာချလိုက်၏။
ဖုန်း
စွမ်းအင်တို့က အပြင်သို့ လှိုင်းထလာသည်။
ကျီ
နဂါးသွဲ့ဓားမော့သည် တိုက်ခိုက်မှုလှိုင်းကနေ ယွီကျန့်ဟိုင်၏လက်ထဲ ပျံသန်းလာ၏။ သူက ဓားမော့ကို တင်းကျပ်စွာဆုပ်ကိုင်ထားလိုက်သည်။
ကုယီရန်က တံတွေးမျိုချလိုက်၏။ ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူများကြားတွင်တောင် ကွဲပြားသည့်အဆင့်များ ရှိ၏။ သူသည် မဟာစစ်သူကြီးရှစ်ဦးထဲမှ တစ်ဦးဖြစ်သော်ငြား ယွီကျန့်ဟိုင်ကို မြင်တွေ့ချိန်တွင် သူ၏တည်ရှိမှုနှင့်ကျင့်ကြံဆင့်တို့ကို နှိုင်းယှဉ်ကြည့်လျှင် ချို့တဲ့နေသည်ဟု ခံစားမိသည်။ ထိုကဲ့သို့ အားကောင်းသည့်ပြိုင်ဘက်ကို သူ တိုက်ခိုက်လိုစိတ်မရှိပေ။ ထိုကဲ့သို့အကျော်အမော်ကို တွေ့တောင်မတွေ့ချင်ပေ။
ယွီကျန့်ဟိုင်က ဖြည်းဖြည်းချင်း လှည့်လာပြီး ကုယီရန်ကို ကြည့်လိုက်တော့၏။ သူက လေသံအတက်အကျမရှိဘဲ ပြောလိုက်သည်။ “ကုယီရန်လား”
“ယွီ ယွီကျန့်ဟိုင်လား” ကုယီရန်ပြောပြီးသည်နှင့် ယွီကျန့်ဟိုင်က သူ့လက်ဝါးဖြင့်ရိုက်ချလိုက်၏။
ဘန်း
ကုယီရန်သည် သူ့လက်ဖဝါးဖြင့် တိုက်ကွက်ကိုပိတ်ဆို့လိုက်ကာ သုံးလှမ်းခန့် နောက်ဆုတ်လိုက်ရသည်။
ယွီကျန့်ဟိုင် ခေါင်းခါလိုက်၏။ “မဟာစစ်သူကြီး ရှစ်ယောက်လား”
“မင်း ... မင်း”
ယွီကျန့်ဟိုင်က ထပ်ရိုက်လိုက်သည်။ လက်ဝါးစည်းတံဆိပ်သည် ရှေ့သို့တိုးလာပြီး ကုယီရန်၏လက်ဝါးကို တိကျစွာ ထိသွားတော့၏။
ဘန်း
ကုယီရန်သည် နောက်သို့ငါးလှမ်းခန့်ဆုတ်လိုက်ရသည်။
ယွီကျန့်ဟိုင်က မှိုင်းပျပျလေသံဖြင့် မေးလိုက်သည်။ "မိစ္ဆာဝေဟင်မျှော်နန်းကို စိန်ခေါ်နေတာလား”
“ငါ ငါ...”
ယွီကျန့်ဟိုင်က တတိယအကြိမ်ရိုက်ချလိုက်၏။
ဖုန်း
ထိုရိုက်ချက်ဖြင့် ကုယီရန်သည် အဟုန်အတိုင်း လွင့်သွားကာ လေကိုနင်းလျက် တစ်ပတ်လည်သွားပြီး ထွက်ပြေးတော့၏။
ပြေး
ကုယီရန်သည် ယွီကျန့်ဟိုင်ကို မြင်ခိုက် သူအနိုင်မရနိုင်မှန်း သိနေသည်။ ထွက်ပြေးခြင်းက တစ်ခုတည်းသော ရွေးချယ်မှုဖြစ်၏။ သူ ထွက်ပြေးနိုင်လျှင်အသက်ကိုထိန်းထားနိုင်လိမ့်မည်။ သူ လေထဲပျံတက်လိုက်သည်။ ကျယ်ပြန့်ကောင်းကင်စွမ်းအင်က သူ၏ ပွင့်ချပ်ရှစ်လွှာ စိတ်ဝိညာဉ်သဏ္ဌာန်ကို လွှမ်းခြုံသွားတော့သည်။
“မင်း ဘယ်လိုလုပ် ထွက်သွားရတာလဲ။ ငါ အခုမှ စကာစရှိသေးတာ” ယွီကျန့်ဟိုင်က သူ၏ နဂါးသွဲ့ကျောက်ဓားမော့ကို ထုတ်လိုက်သည်။
နဂါးသွဲ့ကျောက်ဓားမော့သည် ဂျင်ကဲ့သို့လည်နေပြီးနောက် ကုယီရန်ထက်သာသည့်အရှိန်ဖြင့် ပေါ်ထွက်လာ၏။ ၎င်း၏ပစ်မှတ်ဆီ လမ်းတစ်ဝက်သို့ အရောက်တွင် နဂါးသွဲ့ကျောက်ဓားမော့သည် အားကောင်းသော စွမ်းအင်ကို ထုတ်ဖော်လိုက်၏။
မဟာအမှောင်ကောင်းကင်အောက်မေ့ရာ မဟာအမှောင်ကြယ်အလင်း
မီတာတစ်ရာအတွင်းရှိ သစ်ပင်များနှင့်ပန်းပင်များသည် စွမ်းအင်များကြောင့် လဲပြိုသွားသည်။ ဤအခိုက်အတန့်တွင် မဟာအမှောင်ကောင်းကင်အောက်မေ့ရာ၏ မဟာအမှောင်ကြယ်အလင်းကလည်း ကုယီရန်၏ခန္ဓာကိုယ်ကို ဖြတ်ကျော်သွားပုံရသည်။
ဘန်း
ကုယီရန်၏ စိတ်ဝိညာဉ်သဏ္ဌာန်ပေါ်၌ အက်ကွဲကြောင်းတစ်ခုတွေ့ရသည်။ သူက ရွေးချယ်စရာမရှိတော့ဘဲ သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို ပြန်ခေါ်ကာ ဆင်းသက်လိုက်၏။ ယွီကျန့်ဟိုင် ချဉ်းကပ်လာတာကို မြင်သောအခါ သူ၏မျက်နှာထက်တွင် ကြောက်လန့်သောအမူအရာရှိနေ၏။ သူက နောက်ဆုတ်ကာပြောလိုက်သည်။
“မင်းနဲ့ တိုက်ခိုက်ချင်စိတ်မရှိဘူး”
“မင်း ဆန္ဒရှိတာကြောင့်နဲ့ တိုက်ပွဲကို ရပ်လိုက်ရမှာလား” ယွီကျန့်ဟိုင်က လက်တစ်ဖက် နောက်ပစ်ထားလျက် ကုယီရန်ရှေ့သို့လျှောက်သွားသည်။
“ဟာသပဲ” ကုယီရန်က မဟာစစ်သူကြီးရှစ်ဦးထဲက တစ်ဦးဖြစ်ပြီး ယွီကျန့်ဟိုင်က ငရဲဂိုဏ်း၏ ဂိုဏ်းချုပ်လေ။ သူက အနှေးနဲ့အမြန် အံ့ဖွယ်မြို့တော်ကို စိုးမိုးမှာ သူတို့နှစ်ယောက်လုံးက ရန်သူတွေပဲ။ သူတို့ဘယ်လိုလုပ်မတိုက်ခိုက်ဘဲနေမှာလဲ။ ကုယီရန်က ဒေါသထွက်လာပုံပေါ်၏။ “မင်းရဲ့ကျင့်ကြံဆင့်က ငါ့ထက်ပိုနက်နဲတယ်ဆိုတာ ငါဝန်ခံတယ်။ ဒါပေမဲ့ ငါတို့ သေအောင်တိုက်ခိုက်ကြရင် မင်း တပန်းသာနေမှာတော့ မဟုတ်ဘူးလေ”
ယွီကျန့်ဟိုင်သည် သေခြင်းတရားကို စောင့်နေသည့် ယုန်တစ်ကောင်ကို ဝံပုလွေရိုင်းတစ်ကောင်က ကြည့်နေသည့်ပမာ ကုယီရန်ကို ကြည့်လိုက်၏။ “ခင်ဗျားကြိုးစားကြည့်လေ” သူက လက်ကို လှုပ်ရှားလိုက်သည်။
ဘန်း
နဂါးသွဲ့ကျောက်ဓားမော့က လည်ထွက်သွားသည်။
ဓားမော့ဆောင့်ဝင်ခြင်း
ဓားမော့များစွာ ထွက်ပေါ်လာလေ၏။ သူတို့က ဆန်းကြယ်ပြီး တစ်ချိန်တည်းတွင် ထူးဆန်းနေလေ၏။
ယွီကျန့်ဟိုင် သတိမပေးဘဲ တိုက်ခိုက်လိမ့်မည်ဟု ကုယီရန် မထင်ထားပေ။ သူ၏အမူအရာက ပြောင်းလဲသွား၏။ လက်ဝါးနှစ်ဖက်ကိုပူးကပ်လိုက်သည်။ ကျယ်ပြန့်ကောင်းကင်စွမ်းအင်က သူ့နားတွင် ရစ်ဝဲလာသည်။
တစ်ချိန်တည်းတွင် ယွီကျန့်ဟိုင်က နဂါးသွဲ့ကျောက်ဓားမော့ထက်သာသောအရှိန်ဖြင့် လျင်မြန်စွာလှုပ်ရှားလိုက်သည်။
ခမ်းနားသောကျင့်စဉ်
မျက်စိတစ်မှိတ်အတွင်း ယွီကျန့်ဟိုင်က ကုယီရန်ရှေ့တွင်ပေါ်လာပြီး လက်ဝါးတစ်ဖက်ဖြင့် ရိုက်ချလိုက်သည်။
ဘန်း
လက်ဝါးစည်းတံဆိပ်သည် ကုယီရန်၏ရင်ဘတ်ကိုထိသွားတော့သည်။
ကုယီရန်က မြေပြင်ပေါ်လဲကျသွားသည်။ သူ၏သွေးအဆီအနှစ်များ ဆန်တက်လာပြီး တစ်ခဏတာ အသက်ရှုရပ်တန့်သွား၏။
ဘန်း
ကုယီရန်က သစ်ပင်တစ်ပင်နှင့်တိုက်မိသွားသည်။
နဂါးသွဲ့ကျောက်ဓားမော့သည် မတိုက်ခိုက်ခဲ့ပေ။ ထိုအစား ယွီကျန့်ဟိုင်၏လက်ထဲ ပြန်ရောက်သွားသည်။
ကုယီရန်က သူ၏ရင်ဘတ်ကို ဖိထားလျက် ယွီကျန့်ဟိုင်ကို မယုံနိုင်စွာကြည့်နေသည်။ သူ၏တိုက်ခိုက်မှုက ကြမ်းတမ်းသည်။ သို့သော် သူ့ထိန်းချုပ်မှုက တိကျ၏။ ထိုအရာကိုကြည့်လျှင် တိုက်ပွဲ၌ သူ့အတွေ့အကြုံ မည်မျှရှိကြောင်း မြင်နိုင်သည်။ ယွီကျန့်ဟိုင်က ပြောလိုက်၏။
“ခင်ဗျားမရှက်ဘူးလား။ မဟာစစ်သူကြီးရှစ်ဦးထဲက တစ်ယောက်က အဘိုးကြီးတစ်ယောက်ကို အနိုင်ကျင့်နေတယ်လား”
“…” သူသည်လည်း အဘိုးကြီးတစ်ယောက်ဟု ကုယီရန်ပြောလိုက်ချင်သည်။
ဟွမ်းရှစ်ကျဲသည် ယွီကျန့်ဟိုင်၏စကားကို ကြားသောအခါ အနည်းငယ်အနေခက်သွား၏။
ယွီကျန့်ဟိုင်က ရှေ့ဆက်တိုးသွားသည်။
ကုယီရန်၏မျက်လုံးများက နီရဲလာကာ ပြောလိုက်၏။ "မင်းက သူတစ်ပါး ပြိုလဲချိန်မှာတိုက်ခိုက်သူတစ်ယောက်ပဲ”
“ဒီလိုဆိုမှတော့ ခင်ဗျားကို ရိုက်ခွင့်ပေးမယ်” ယွီကျန့်ဟိုင်က ဖိတ်ခေါ်သည့်လက်ဟန်ဖြင့် ဘယ်လက်ကိုဆန့်တန်းလိုက်၏။
“မင်း ငါ့ကို အရှက်ခွဲဖို့ကြိုးစားနေတာလား” ပြီးတော့မှ ကုယီရန်သည် ယွီကျန့်ဟိုင်၏ခွန်အားဖြင့် ယွီကျန့်ဟိုင်သည် တစ်ကွက်တည်းဖြင့် သူ့ကိုအသေသတ်နိုင်ကြောင်း သဘောပေါက်သွားသည်။ သို့သော် ယွီကျန့်ဟိုင်မသတ်ခဲ့ပေ။
“အင်း” ယွီကျန့်ဟိုင်က ခေါင်းညိတ်လိုက်၏။ “စစ်သားတစ်ယောက်ကိုသတ်လို့ရတယ်။ ဒါပေမဲ့ အရှက်ခွဲလို့မရဘူး”
“လူတချို့က လေးစားမှုနဲ့မထိုက်တန်ဘူး”
“ကောင်းပြီ။ ကောင်းပြီ” ကုယီရန်က တူညီသည့်စကားကို နထပ်ခါတလဲလဲပြောလိုက်၏။ သူက ပြိုလဲတော့မည့်ပုံပေါ်သည်။
…