← Chapters

အခန်း (၅၅၆-၅၅၈)

Vol. 38 Ch. 556-558

အခန်း (၅၅၆-၅၅၈)

Vol. 38 Ch. 556-558

အခန်း(၅၅၆) တပည့်များ၏ ကျင့်ကြံရေးကို စစ်ဆေးခြင်း

လုကျိုးက မြေကမ္ဘာစာလိပ်၏ ပထမစွမ်းအားသည် အကြားအာရုံနှင့် ပတ်သက်နေကြောင်း သိလိုက်ရသည်။

ငါ တစ်ခုခု ကြားနိုင်မလား စမ်းကြည့်ရအောင် …

ထိုစဉ် လုကျိုးက ထူးခြားအံ့ဖွယ် စွမ်းအားများများစားစား မသုံးပေ။ ထို့အပြင် သူက ထိုနည်းစနစ်၏ နယ်ပယ်ကိုလည်း ချဲ့မထားပေ။ သူ့အတွေးတစ်ချက်ဖြင့် ကောင်းကင်စွမ်းအားကို အသုံးပြုသည်နှင့် ယှဉ်လိုက်လျှင် သူ့ကြားနိုင်စွမ်းက ပိုမိုတိုးလာလေ၏။

သူ့နားထဲ အသံတစ်သံ ရောက်ရှိလာသည်။

“သာလွန် ကောင်းကင်အဆင့်လား။ အဆင့်မြင့် လေဟာနယ်ဓားလား။ ဒါနဲ့ ကျင့်ကြံနိုင်မလား တစ်ချက်ကြည့်ကြည့်ရအောင် ဒါမှမဟုတ် အဲဒါကို ငါ့ခွဲခွာချိတ်ကောက်ကို အား‌ကောင်းလာအောင် လုပ်နိုင်မလား မသိဘူး။ ရှစ်စွင်းက အဲလိုအတွေးများ တွေးနေမလား .. ခဏ ရှစ်စွင်းက ဒီဓားအကြောင်း မေ့သွားပြီဆိုတော့ ငါ သိမ်းထားရမယ်။ ရှစ်စွင်း မေးလာရင် ပျောက်သွားပြီလို့ ပြောလိုက်မယ်။ ငါလေးက သောက်ရမ်းကို ဉာဏ်ကောင်းလွန်းတယ်”

ကောင်စုတ်လေး … ဒါပေမဲ့ ငါ တကယ်ကြီး အဲဒီဓားအကြောင်း မေ့နေတာပဲ။

လုကျိုးက သူ့တပည့်ကို နောက်မှ ဖြေရှင်းဖို့ ဆုံးဖြတ်လိုက်သည်။ သူက ထူးခြားအံ့ဖွယ် စွမ်းအားကို ပိုသုံးလိုက်သည့်အခါ သူ့ကြားနိုင်စွမ်းက ထပ်မံ တိုးမြင့်သွားသည်။

ဤတစ်ကြိမ် သူက လေထဲ ဝေ့ယမ်းနေသည့် အသံများနှင့်ရေတံခွန်ကျသံပါ ကြားလိုက်ရသည်။ တွမ့်မူရှန်းက လှံလေ့ကျင့်နေခြင်းသာ ဖြစ်ရမည်။

လောင်စစ်က ကြိုးစားတာပဲ …

လုကျိုးက အကြားစက်ကွင်းကို ချဲ့တော့မည့်ဆဲဆဲတွင် သူ့ခန္ဓာကိုယ်တစ်လျှောက်မှ စိတ်အထိ အားမရှိသလို ခံစားလိုက်မိသည်။

“ဟမ်” လုကျိုးက စွမ်းအား အသုံးပြုခြင်းကို ရပ်တန့်လိုက်၏။ “ဒီလောက်‌တောင် စွမ်းအားကုန်သွားတာလား ”

သူက လက်ရှိထူးခြားအံ့ဖွယ် စွမ်းအား၏ ခြောက်ပုံတစ်ပုံမျှသာ ကုန်ဆုံးသွားသော်လည်း ထိုအရာက ပွင့်ချပ်ခုနှစ်လွှာအဆင့် ကျင့်ကြံသူကို တန်းသတ်ပစ်ဖို့ လုံလောက်ပေသည်။ သူက ထူးခြားအံ့ဖွယ် စွမ်းအားသည် မကြာခင် ကုန်သွားလိမ့်မည်ဟု မထင်မိပေ။ ဤသည်က အသုံးဝင်သည့် အစွမ်း ဖြစ်သော်လည်း ထူးခြားအံ့ဖွယ် စွမ်းအားအမြောက်အများကို သုံးစွဲနေသည်။ သူက အသုံးပြုသည့်အခါ ဂရုစိုက်ရမည်။

လုကျိုးက ခေါ်လိုက်၏။ “အပြင်မှာ ဘယ်သူရှိလဲ ”

“ မျှော်နန်းသခင် အမိန့်ရှိပါ” အပြင်ဘက်မှ အသံတစ်သံ ထွက်လာသည်။

“ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ တပည့်တွေကို အရှေ့ဘက်မျှော်နန်းဆောင်ဆီ ခေါ်လိုက်”

“နားလည်ပါပြီ ”

သိပ်မကြာခင် တွမ့်မူရှန်း၊ မင်ရှစ်ရင်၊ ကျောင်းယွဲ့၊ ကျူးဟုန်ကုန်း၊ ရှောင်ယွမ်အာနှင့် ခရုလေးတို့က အရှေ့ဘက်မျှော်နန်းဆောင်ဆီ ရောက်လာကြပြီး စီစီရီရီ ရပ်နေကြသည်။

ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းတို့က လုကျိုး၏ တပည့် မဟုတ်သောကြောင့် အပြင်ဘက်နား ရပ်ကာ အားကျတကြီး ကြည့်နေကြသည်။ သူတို့က ထိုနေရာမှ တတ်နိုင်တာ သင်ယူရမည်။

ဒဏ်ရာများကြောင့် ပြန်လည်အားမွေးနေဆဲ ဖြစ်သည့် ယဲ့ထျန်းရှင်းက စစ်ဆေးမှုတွင် မပါပေ။

ကျွီ

တံခါးက ဖြည်းဖြည်းချင်း ပွင့်လာသည်။

လုကျိုးက လက်နောက်ပစ်ကာ အားလုံးကို ဝေ့ကြည့်လိုက်သည်။

“ရှစ်စွင်းကို ဂါရဝပြုပါတယ်” တပည့်အားလုံးက ဦးညွှတ်လိုက်ကြသည်။

လုကျိုးက မင်ရှစ်ရင်ကို ကြည့်လိုက်ကာ “လောင်စစ် ”

“ဟုတ် ရှစ်စွင်း” မင်ရှစ်ရင်က အားတက်သရော အမူအရာဖြင့် ရှေ့တိုးလာသည်။

“အဆင့်မြင့် လေဟာနယ်ဓား ထုတ်ခဲ့”

“ဟမ်” မင်ရှစ်ရင်က တုန်သွားလေသည်။

“ငါ တစ်ခါပဲ ပြောမယ်။ နှစ်ခါ မပြောဘူး ” လုကျိုးက အသံနိမ့်ပြောထားသော်လည်း သူ့အမူအရာက တည်ငြိမ်နေဆဲ ဖြစ်၏။

လုကျိုးက တည်ငြိမ်နေပုံပေါ်သော်လည်း မင်ရှစ်ရင်က ထိတ်လန့်နေသည်။ သူက မျက်ရည်ကျလုမတတ် ဖြစ်နေလေပြီ။ သူက ထိုကိစ္စကို ဖုံးကွယ်ထာဖို့ မစွမ်းသာတော့ပေ။

“အခုချက်ချင်း သွားယူလိုက်ပါ့မယ် …” မင်ရှစ်ရင်က တောင်ဘက်မျှော်နန်းဆောင်ဆီ ပြန်သွားပြီး အဆင့်မြင့် လေဟာနယ်ဓားကို ထုတ်ယူလာသည်။ သူက ရိုရိုသေသေ ကိုင်လာပြီး ရှစ်စွင်းအား ပေးလိုက်သည်။

အားလုံးက အဆင့်မြင့် လေဟာနယ်ဓားကို တအံ့တဩ ကြည့်နေကြသည်။

ကောင်းကင်အဆင့်လက်နက်က ကျင့်ကြံသူများ ရယူလိုသည့် အရာ ဖြစ်နေပြီးသား ဖြစ်ရာ သာလွန်ကောင်းကင်အဆင့် လက်နက်အကြောင်း ပြောဖို့ မလိုတော့ပေ။

လုကျိုးက အဆင့်မြင့် လေဟာနယ်ဓားကို ယူကာ စမ်းကြည့်လိုက်သည်။ အနီရောင်သွေးကြောများက ဓားပေါ် ရေးထွင်းထာသည်နှင့် မတူပေ။ သူတို့က ဓားနှင့် တစ်ချိန်တည်း ထုဆစ်ထားဟန်ပေါ်၏။ သွေးကြောများက သူ့ထူးခြားအံ့ဖွယ် စွမ်းအားကိုပင် ခံနိုင်ရည်ရှိသည့်အတွက် ထူးခြားမှန်း သိသာလှသည်။

လုကျိုးက ထိုအပေါ် လက်နှစ်ချောင်း တင်ထားလိုက်၏။ ကမ္ဘာဦးချီက ဓားကျိုးထဲ ဝင်ရောက်သွားသည့်အခါ တဝီဝီ မြည်လာသည်။ ကံဆိုးစွာြဖင့် သွေးကြောများ အပျက်အစီးကြောင့် အနီရောင် လင်းမလာတော့ပေ။ အနီရောင်သွေးကြော ထောက်ပံ့မှု မရှိသည့်အတွက် ဓား၏ အဆင့်ကလည်း ကျသွားတော့သည်။

လုကျိုးက ဓားကျိုးအစွန်းနှစ်ဖက်အား ဆက်ကာ ကမ္ဘာဦးချီကို ထပ်မံ လှည့်ပတ်လိုက်ပြန်သည်။

ဝီ

အနီရောင်သွေးကြောများက လင်းလာ၏။ သို့သော်လည်း ခပ်မှိန်မှိန်မျှသာ ဖြစ်၏။

“ ရှစ်စွင်း ကျွန်တော်တို့ သာလွန်ကောင်းကင်အဆင့် လက်နက်ကို ပြန်ပြုပြင်ကြည့်ဖို့ လုပ်ကြည့်သင့်တယ်။ ဒါက ရတနာပဲလေ” ကျူးဟုန်ကုန်းက ပြောလိုက်၏။

“လောင်ပါ့ ပြောတာ မှန်တယ်။ ရှစ်စွင်း … လော့ဂိုဏ်းက ဓားထုဆစ်တဲ့နေရာမှာ ကျွမ်းကျင်ကြတာမလား။ သူတို့ကို ပြင်ခိုင်းလိုက်ရင်ရော ” တွမ့်မူရှန်းကပါ ဝင်ပြောလိုက်သည်။

“ လုဖျင်က လုပ်နိုင်မယ် မထင်ဘူး။ ဒီအစီအရင်သွေးကြောတွေကို သာမန်လူ လုပ်ထားတာ မဟုတ်ဘူး။ သူက ပွင့်ချပ်ခြောက်လွှာအဆင့်ပဲ ရှိသေးတော့ တတ်နိုင်မယ် မထင်ဘူး” မင်ရှစ်ရင်က တွမ့်မူရှန်း၏ အကြံပြုချက်ကို ငြင်းလိုက်သည်။

ထိုစဉ် လုကျိုးက မင်ရှစ်ရင်အား ကြည့်ကာ မေးလာသည် “မင်းဆီမှာ နည်းလမ်း ရှိလား ”

”မရှိပါဘူး” မင်ရှစ်ရင်က ဦးညွှတ်ကာ ပြောလိုက်၏။

“မျှော်နန်းဆောင်ထဲ သိမ်းထားလိုက်” လုကျိုးက ပြောလိုက်သည်။

“ဟုတ်ကဲ့”

အကယ်၍ သူတို့တွင် ယခုနည်းလမ်း မရှိသေးလျှင် နောင်အခါ နည်းလမ်း မရှိဘဲ နေလိမ့်မည်ဟု ဆိုလိုခြင်း မဟုတ်ပေ။

မင်ရှစ်ရင်က အဆင့်မြင့် လေဟာနယ်ဓားကို အရှေ့ဘက်မျှော်နန်းဆောင်ထဲ ယူသွားလိုက်ပြီးနောက် ခွဲဖို့ရာ အင်တင်တင် ဖြစ်နေမိသည်။ ထို့နောက် သူက သူ့နေရာသို့ နာနာခံခံ ပြန်ရောက်လာ၏။

တခြားလူများက သူ့အား ကြည့်လိုက်ကြသည်။

“လောင်ပါ့” လုကျိုးက ခေါ်လိုက်၏။

“ဟုတ် ရှစ်စွင်း” ကျူးဟုန်ကုန်းက ပြန်ဖြေလိုက်သည်။

“မင်းရဲ့ ကျင့်ကြံဆင့်က ဘယ်လိုလဲ ”

“ ရှစ်စွင်းကို စိတ်မပျက်စေရပါဘူး။ ကျွန်တော် ကြိုးစားပမ်းစား ငါးလတာ ကျင့်ကြံပြီးတဲ့နောက်မှာ အခု ပွင့်ချပ်နှစ်လွှာအဆင့်ကို ရောက်သွားပါပြီ။ နောက်ထပ် ပွင့်ချပ်တစ်လွှာ ထပ်ထွက်လာခဲ့ပါတယ်။ အရင်က ပွင့်ချပ်ထွက်တဲ့ အတွေ့အကြုံမျိုး မခံစားဖူးဘူး”

ကျူးဟုန်ကုန်းက ဂုဏ်ယူစွာ ပြောလိုက်သည်။

“ရှစ်စွင်း ကြည့်ပါဦး ”

ကျူးဟုန်ကုန်းက လက်ဖြန့်လိုက်သည့်အခါ ပွင့်ချပ်နှစ်လွှာ စိတ်ဝိညာဉ်သဏ္ဌာန်က ပေါ်ထွက်လာသည်။

တခြားလူများက ခေါင်းညိတ်လိုက်ကြ၏။

အကယ်၍ ပွင့်ချပ်နှစ်လွာအထက် ကျင့်ကြံသူတစ်ယောက်က ရွှေကြာကို ဖြတ်တောက်ပြီး ပြန်လည်ကျင့်ကြံလျှင် ငါးလအတွင်း ပွင့်ချပ်တစ်လွှာ ထွက်ဖို့က အတော်လေး နှေးကွေးလွန်းလှသည်။ သို့သော်လည်း ကျူးဟုန်ကုန်း၏ အမြန်နှုန်းက အတော်လေး မြန်၏။

ကျူးဟုန်ကုန်းက သူ့စိတ်ဝိညာဉ်သဏ္ဌာန်ကို ပြန်သိမ်းလိုက်ပြီးနောက် ရှစ်စွင်း၏ ချီးကျူးမှုကို စောင့်နေလိုက်သည်။

သို့သော်လည်း လုကျိုးက မုတ်ဆိတ်သပ်လိုက်ကာ “ ကြိမ်ဒဏ် နှစ်ဆယ်နဲ့ ပြန်လည်သုံးသပ်ရေးဂူမှာ သုံးရက် ”

ကျူးဟုန်ကုန်း “ … ”

တခြားလူများက ကြောင်အမ်းကုန်ကြသည်။ သူတို့က ကျောရိုးတစ်လျာက် အေးစက်စက် ခံစားမိလိုက်ကြသည်။

သူတို့၏ အရင်ရှစ်စွင်းက ပြန်ရောက်လာလေပြီ …

သူက တင်းကျပ်ကာ သက်ညှာမှု မရှိချေ။ အကယ်၍ ကျင့်ကြံဆင့် မြန်နေသည့် ကျူးဟုန်ကုန်းသာ အပြစ်ပေးခံရသည်ဆိုလျှင် ကျန်လူများကရော ဘယ်လိုလုပ်ရမည်နည်း။

သွားပြီ …

“ဘာစောင့်နေတာလဲ” လုကျိုးက ပြောလိုက်သည်။

ကျူးဟုန်ကုန်းက ပြန်ဖြေလိုက်၏ “ကျွန်တော် ရှစ်စွင်းရဲ့ သင်ကြားမှုကို မှတ်သားထားပါ့မယ်။ နောက်တစ်ခါကျ ပိုကြိုးစားပါ့မယ်။ ကျွန်တော် အခုချက်ချင်း ပြစ်ဒဏ်ကို ခံယူလိုက်ပါ့မယ် ”

“တင်း ကျူးဟုန်ကုန်းကို သင်ကြားဆုံးမနိုင်တဲ့အတွက် ကုသိုလ်ရမှတ် နှစ်ရာ ရရှိပါတယ် ”

လုကျိုးက ကျောင်းယွဲ့ဆီ အကြည့်ရောက်လာကာ မေးလိုက်သည် “မင်းကရော”

ကျောင်းယွဲ့က နှလုံးခုန်မြန်သွားကာ စိတ်လှုပ်ရှားစွာ ပြန်ဖြေလိုက်သည် “ ကျွန်မ … ကျွန်မက တုံးတော့ ပွင့်ချပ်နှစ်လွှာနီးပါးပဲ ရောက်ပါသေးတယ်”

“မဆိုးဘူး …ဆက်ကြိုးစားထား”

ဝုန်း

ကျုးဟုန်ကုန်းက တံခါးက မထွက်ခင် လဲကျသွားလေသည်။

“အဋ္ဌမ သခင်လေး အဆင်ပြေရဲ့လား ”

“အဆင်ပြေပါတယ် … ကြမ်းက မညီလို့ပါ ” ကျူးဟုန်ကုန်းက ရှိုက်လိုက်ရင်း မသက်မသာ အမူအရာဖြင့် အရှေ့ဘက်မျှော်နန်းဆောင်မှ ထွက်သွားတော့သည်။

တခြားလူများက စိတ်ထဲမှ သက်ပြင်းချလိုက်ကြ၏။

ထိုစဉ် တွမ့်မူရှန်းက ရှေ့ထွက်လာကာ ပြောလိုက်သည် “ ရှစ်စွင်းက ကျွန်တော်က ငါးလတာကြိုးကြိုးစားစား ကျင့်ကြံပြီးတဲ့နောက်မှာ အခု ပွင့်ချပ်သုံးလွှာအဆင့် ရောက်သွားပါပြီ။ ရှစ်စွင်း ကြည့်ကြည့်ပါဦး”

ဝှစ်

တွမ့်မူရှန်းက ရွှေကြာကို ဖြတ်တောက်ပြီးသည့်နောက်တွင် ပွင့်ချပ်သုံးလွှာအဆင့်အထိ ပြန်ကျင့်ကြံနိုင်ခဲ့ပြီ ဖြစ်၏။

တခြားလူများက တွမ့်မူရှန်း၏ စိတ်ဝိညာဉ်သဏ္ဌာန်အား တအံ့တဩ ကြည့်လိုက်ကြသည်။ စိတ်ဝိညာဉ်သဏ္ဌာန်အောက်တွင် ရွှေကြာ မရှိတော့ပေ။ ပွင့်ချပ်သုံးခုတည်းသာ လှည့်ပတ်နေ၏။

လုကျိုးက မုတ်ဆိတ်သပ်လိုက်ကာ ခေါင်းညိတ်လိုက်ရင်း “မဆိုးဘူး … အခု မင်းရဲ့ လှံနည်းစနစ်နဲ့ လွယ်ကူသွားလိမ့်မယ်။ အခု ပွင့်ချပ်ထွက်ဖို့ အာရုံစိုက်ထားလိုက် ”

“ဟုတ်ကဲ့ ရှစ်စွင်း”

“တင်း တွမ့်မူရှန်း သင်ကြားဆုံးမနိုင်တဲ့အတွက် ကုသိုလ်ရမှတ် နှစ်ရာ ရရှိပါတယ် ”

လုကျိုးက မင်ရှစ်ရင်အား ကြည့်လိုက်သည်။

မင်ရှစ်ရင်က နေရခက်သည့် အမူအရာမျိုး ရှိနေ၏။ သူက ခေါင်ကုတ်ကာ ဘာမှဆင်ခြေမပေးဘဲ ဒူးထောက်လိုက်သည် “ ရှစ်စွင်း ကျွန်တော်ကို အပြစ်ပေးပါ ”

“မင်းက ရွှေကြာကို မဖြတ်ခဲ့ဘူးလား” လုကျိုးက မေးလိုက်သည်။

“ကျွန်တော်အတွက် ပွင့်ချပ်ရှစ်လွှာအဆင့် ကျင့်ကြံသူ ဘဝက လုံလောက်ပြီလို့ ထင်လို့ပါ။ ဘာလို့ ပွင့်ချပ်ကိုးလွှာကို တက်လှမ်းရမှာလဲ။ ကျွန်တော်က အဲလိုရည်မှန်းချက်မျိုး မရှိဘူး။ ပွင့်ချပ်ရှစ်လွှာအနေနဲ့ နှစ်တစ်ထောင်နေပြီး ရှစ်စွင်းတို့ကို အဖော်ပြုပေးရတာ ကျွန်တော်အတွက် လုံလောက်နေပြီ”

တခြားလူများက မျက်လုံးဝေ့လိုက်ကြသည်။

မင်ရှစ်ရင်၏ မြောက်ပင့်စကားများက ကျူးဟုန်ကုန်းထက် မနိမ့်ကျပေ။

လုကျိုးက ခေါင်းညိတ်ကာ “ လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုဆိုတော့ မင်းကို ဖိအားမပေးဘူး”

“ကျေးဇူးတင်ပါတယ် ရှစ်စွင်း … ရှစ်စွင်းက အကောင်းဆုံး ထိုးထွင်းဉာဏ်ရှိတဲ့သူပဲ။ ရှစ်စွင်းက ကျွန်တော့်လမ်းစဉ်အတွက် အလင်းရောင် …”

“တော်တော့” လုကျိုးက လက်ဝေ့လိုက်သည်။

တခြားလူများက ကြောင်အမ်းသွားကြသည်။

သူက အရှက်မဲ့လို့ အပြစ်ပေးခံရတော့မှာလား …

အဲဆို လောင်ပါ့က ဘာလို့ အပြစ်ပေးခံရတာလဲ

“ယွမ်အာ …” လုကျိုးက ရှောင်ယွမ်အာကို ကြည့်လိုက်သည်။

ခရုလေးက မျှော်နန်းဆောင်ကို မဝင်ရောက်ခင် တစ်ကမ္ဘာလုံးက မိစ္ဆာဝေဟင်မျှော်နန်း၏ အငယ်ဆုံးတပည့်သည် ကျင့်ကြံရေးတွင် မကောင်းဆိုးဝါးဆန်ဆန် ပါရမီရှိကြောင်း သိထားကြသည်။

ဒီငါးလအတွင်း ဘယ်လောက်တိုးတက်လာပြီလဲ …

အားလုံးက သူမအား မျှော်လင့်တကြီး ကြည့်လိုက်ကြသည်။

…

အခန်း (၅၅၇) သတ်ဖြတ်ခြင်းသံစဉ်

ရှောင်ယွမ်အာက ရှေ့တိုးလာ၏။ သူမကပြောလိုက်သည်။ “ရှစ်စွင်း ကျေးဇူးပြုပြီး တပည့်ကို မဆူပါနဲ့ တပည့်ကြိုးစားပါ့မယ်”

သူမသည် သူမ၌ နောက်ထပ်ပွင့်ချပ်မည်မျှရှိသည်ဆိုတာကို မပြောဘဲ စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆင့်ခေါ်လိုက်၏။ လေထဲ၌ ရင်းနှီးနေသောစွမ်းအင်သံကပေါ်ထွက်လာသည်။ သူမလက်ဖဝါးပေါ်၌ တစ်မူထူးကဲပြီး နုနယ်လှသော စိတ်ဝိညာဉ်သဏ္ဌာန်လေးကပေါ်လာသည်။

လူတိုင်းက စိတ်ဝိညာဉ်သဏ္ဌာန်အောက်ကိုကြည့်လိုက်၏။ ထိုနေရာ၌ ရွှေကြာတစ်ပွင့်ရှိနေသည်။ သူမက ရွှေကြာမဖြတ်တောက်သေးဟု ဆိုလို၏။ သူမ၌ ပွင့်ချပ်ငါးလွှာရှိသည်။ လူတိုင်းက အနည်းငယ်ဆွံ့အသွား၏။ သူမက အထင်သေးခံရမှာကို စိတ်ပူနေတာလား။ ဒီလိုသာဆိုရင် အားလုံးက အရိုက်ခံရတော့မှာပဲ။ ထိုပွင့်ချပ်ငါးလွှာသည် လူတိုင်း၏နှလုံးသားကို ထိုးစိုက်သွားပုံရ ၏။ နာလိုက်တာ။

ရှောင်ယွမ်အာက သူမ၏ဆရာကိုမော့ကြည့်လိုက်သည်။ ပြီးနောက် သူ၏အကဲဖြတ်မှုကို စောင့်နေ၏။

လုကျိုးက မုတ်ဆိပ်သက်လျက်သူမကို တစ်ချက်ကြည့်ကာပြောလိုက်သည်။ “မင်းရဲ့ရွှေကြာကို မဖြတ်ဘူးလား”

“နာမှာ”

“…”

ကျန်သည့်သူများက ဆွံ့အသွား၏။ ကျင့်ကြံသူအများစုသည် ကျင့်ကြံခြင်းနိမ့်ခြင်း၊ ပါရမီနိမ့်ခြင်း သို့မဟုတ် သေမှာကြောက်ရွံ့သောကြောင့် သူတို့ရွှေကြာကို မဖြတ်တောက်တာဖြစ်သည်။ သို့သော် ရှောင်ယွမ်အာက နာမှာကြောက်သည်ဟုဆိုသည်။

ထိုစဉ် မင်ရှစ်ရင်ကပြောလိုက်၏။ “ကျိုရှစ်မေ့ မင်းအတွက် နာကျင်မှုမရှိအောင်လုပ်ပေးနိုင်တယ်”

“ဟမ်”

“မင်းရဲ့စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆင့်ခေါ်ပြီးတော့ ငါကြည့်ပြီးသွားပြီ။ ပြီးတော့ မင်း စိတ်ဝိညာဉ်သဏ္ဌာန်မပျောက်ခင်မှာ ရွှေကြာကို ဖြတ်လိုက်မယ်” မင်ရှစ်ရင်က ပြောနေစဉ် ဟန်အမူအရာပြလိုက်ကာ သူ၏လက်ကို လျင်မြင်စွာပိုင်းဖြတ်ပြသည်။ “ဒီနည်းနဲ့ဆို မင်း နာကျင်တာခံစားရမှာမဟုတ်ဘူး”

“…” ထိုစကားကိုကြားသောအခါ ရှောင်ယွမ်အာက နောက်တစ်လှမ်းအမြန်ဆုတ်ကာ ခရုလေးနောက်၌ ပုန်းလိုက်၏။ ပြီးတော့ သူက ခေါင်းခါကာပြောလိုက်သည်။ “မရဘူး”

“ကျိုရှစ်မေ့ ... ငါ့ကိုယုံ ပြဿနာရှိမှာမဟုတ်ဘူး”

“…”

ထိုမိန်းကလေး ကြောက်လန့်နေတာကို လုကျိုးမြင်သောအခါ ပြောလိုက်၏။ “တော်လောက်ပြီ” မင်ရှစ်ရင်က ချက်ချင်းပင် ပါးစပ်ပိတ်သွား၏။

လုကျိုးက မုတ်ဆိတ်သပ်ကာပြောလိုက်သည်။

“ပွင့်ချပ်ငါးလွှာ ... အံ့ဩဖို့ကောင်းတဲ့အရှိန်ပဲ။ အခုတော့ ပွင့်ချပ်ရှစ်လွှာရောက်အောင်ကြိုးစား။ မင်း ပွင့်ချပ်ရှစ်လွှာအဆင့်ရောက်မှပဲ ရွှေကြာဖြတ်တောက်ရင် သိပ်နောက်မကျဘူး” လုကျိုး၏ စကားကိုကြားသောအခါ ရှောင်ယွမ်အာ၏စိတ်ထဲ၌ ထိတ်လန့်ဖွယ်အတွေးတစ်ရပ်ပေါ်လာသည်။ သူမသည် ပွင့်ချပ်ရှစ်လွှာအဆင့်ကို ရယူနိုင်ရန် တစ်ခါမှမစဉ်းစားဖူးပေ။ သူမ၏စစ်ရှစ်ရှိုးသည် စိတ်ပျက်စရာကောင်းသော လူတစ်ယောက်ဖြစ်သော်ငြား အစောတုန်းက စကားများသည် လူတစ်ယောက်အတွက် ပြီးပြည့်စုံစေ၏။ သူမအတွက် အဓိပ္ပာယ်ရှိစေ၏။ သူမက ရွှေကြာ မဖြတ်တောက်ပင်လျှင် သူမ၏ကျင့်ကြံဆင့်က ကျန်သည့်သူများကို အထင်ကြီးစေရန် လုံလောက်စေသေးသည်။

ဤနည်းဖြင့် ရှောင်ယွမ်အာကို အကဲဖြတ်မှုက ပြီးသွားသည်။

ပြီးမှ လူတိုင်းက နောက်ဆုံးတပည့် ဒသမနှင့်နောက်ဆုံးမှ ခေါ်ဆောင်ထားသည့် တပည့်ကို လှည့်ကြည့်လိုက်သည်။ အားလုံးက သူမကို အကဲဖြတ်ရန်မျှော်လင့်နေကြ၏။ မိစ္ဆာဝေဟင်မျှော်နန်းထဲတွင် သူမက ဆန်းကြယ်ဉာဏ်အလင်းပွင့်ခြင်းနယ်ပယ်သို့တန်းရောက်ပြီး သုံးလအတွင်း အာရုံခံသိပ်သည်းခြင်းနယ်ပယ်တွင်းသို့ ဝင်ရောက်ခဲ့မှန်းလူတိုင်းသိထား၏။ ယခု ငါးလကုန်လွန်ပြီဖြစ်လာ သူမ အဆင့်တက်လားဆိုတာသိချင်နေကြသည်။

“ခရုလေး ... မင်းစိတ်ဝိညာဉ်သဏ္ဌာန်ဖွဲ့တည်နိုင်ပြီလား” လုကျိုးက မေးလိုက်၏။ သူမအား သူပေးထားသည့် အခြေခံကျင့်စဉ်စာအုပ်တွင် စိတ်ဝိညာဉ်သဏ္ဌာန်တစ်ခုကို ဖွဲ့တည်ရန် အသေးစိတ်လမ်းညွှန်မှုများ ပါသည်။ ကျင့်ကြံသူတစ်ယောက်သည် ဆန်းကြယ်ဉာဏ်အလင်းပွင့်ခြင်းနယ်ပယ်သို့ ရောက်ပြီးနောက် စိတ်ဝိညာဉ်သဏ္ဌာန်တစ်ခု ဖွဲ့တည်နိုင်၏။

ခရုလေးက ခေါင်းညိတ်ပြီးနောက်ပြောလိုက်သည်။ “ပြီးပြီ”

ကျန်သည့်သူများက မအံ့ဩပေ။ ပါရမီရှိကျင့်ကြံသူတစ်ယောက်အဖို့စိတ်ဝိညာဉ်သဏ္ဌာန်တစ်ခု ဖွဲ့တည်ဖို့က မဖြစ်နိုင်ပေ။ ထိုသို့တိုင် ပါရမီနည်းသူများကတောင် သူတို့စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖွဲ့တည်ရန် ကြိမ်ဖန်များစွာကြိုးစားဖို့လိုအပ်သည်။

“ငါ့ကိုပြ”

နယ်ပယ်ကိုထည့်ပြောခြင်းကတွင် ယုံကြည်စေရန်မလိုပေ။ စိတ်ဝိညာဉ်သဏ္ဌာန်ပြမှသာ လက်ခံယုံကြည်မှာဖြစ်သည်။

“အင်း” ခရုလေးက လက်မြှောက်လျက် သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆင့်ခေါ်လိုက်သည်။ သူမ၏ကနဦးချီက တဟုန်ထိုးပေါ်ထွက်လာပြီးနောက် စွမ်းအင်များကို စကြဝဠာ၏အရှိန်အဝါထုတ်ပြလာသည်။ ပြီးနောက် စိတ်ဝိညာဉ်သဏ္ဌာန်လေးကပေါ်လာ၏။

ကျင့်ကြံသူများအဖို့ တစ်ချက်ကြည့်ရုံဖြင့် စိတ်ဝိညာဉ်သဏ္ဌာန်ကို ပြောနိုင်တာ သူတို့အတွက် ဒုတိယသဘာဝပဲဖြစ်သည်။

သူတို့သည် ရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန်လေးကို မြင်သောအခါ အထိတ်တလန့်ထုတ်ပြောမိကြ၏။ “စွမ်းအင်ငါးခု စကြဝဠာ”

စွမ်းအင်ငါးခု စကြဝဠာအတွက် သက်ဆိုင်ရာနယ်ပယ်သည် ဗြဟ္မာပင်လယ်နယ်ပယ်ပဲဖြစ်သည်။ ဗြဟ္မာပင်လယ်နယ်ပယ်၌ သက်ဆိုင်ရာနယ်ပယ်ငါးခုရှိသည်။ ဆက်နွယ်ထားသည့် ချီသွေးကြောများက အကန့်အသတ်သုံးခုကို ဖြတ်ကျော်နိုင်ပြီဟု ဆိုတာပဲဖြစ်သည်။ စွမ်းအင်ငါးခု စကြဝဠာနယ်ပယ်သည် ခရုလေးက အနည်းဆုံးချီသွေးကြောငါးခုကို ဆက်နွယ်ထားပြီဟု ဆိုလို၏။

“…”

လရောင်ဆွတ်မျှော်နန်းမှ အမျိုးသမီးကျင့်ကြံသူများဖြစ်စေ၊ ဖန်ကျုံး၊ ကျိုးကျစ်ဖုန်း သူတို့အားလုံးသည် ဤမြင်ကွင်းကိုမြင်သောအခါ ထိတ်လန့်ပြီး ဆွံ့အနေကြ၏။ ရှောင်ယွမ်အာ၏ ပါရမီက သူတို့အားလုံးနားလည်နိုင်မှုကို ကျော်လွန်နိုင်ပြီးသားဖြစ်သည်။ သို့သော် ယခုခရုလေးက ငါးလအတွင်း ဗြဟ္မာပင်လယ်နယ်ပယ်အတွင်းသို့ ဝင်ရောက်ပြီး ချီသွေးကြောငါးခုကို ဆက်နွယ်ခဲ့၏။ ဂိုဏ်းကြီးများရှိ မည်သည့် ပါရမီရှင်ကများ နတ်ဒေဝါဦးတည်နယ်ပယ်သို့ ဝင်ရောက်ရန်အတွက် နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရသော အဓိကဂိုဏ်းကြီးများမှ ပါရမီရှင်များက မည်သို့တွေးမည်နည်း။

ပါရမီရှင်တစ်ယောက်အဖြစ် ကျိုးကျစ်ဖုန်းသည် သူ့ကိုယ်သူဂုဏ်ယူခဲ့၏။ အစက သူသည် မိစ္ဆာဝေဟင်မျှော်နန်း၏တပည့်တစ်ယောက်ဖြစ်ရန် အရည်အချင်း အပြည့်အဝရှိသည်ဟု ထင်ခဲ့သည်။ သူသည် ကောင်းကင်ဓားဂိုဏ်း၏တပည့်ကြီးဖြစ်ပြီး ဓားလမ်းစဉ်၌ အောင်မြင်မှုတချို့ရထားသည်။ သူ့အသက်အရွယ်တွင် နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်သို့ ဝင်ရောက်နိုင်သူများက ထူးကဲသည်ဟု သတ်မှတ်ခံရတာပဲဖြစ်သည်။ လုကျိုးသည် ကျန်းမိသားစုရှိ လာရောက်လည်ပတ်ပြီး သူ့၌ အခြေခံကောင်းရှိနေသောကြောင့် သူ့ကိုခေါ်ယူရန်စိတ်ဝင်စားကြောင်း လုကျိုးပြောခဲ့ဖူးတာကို သူ မှတ်မိသည်။ သို့သော် ယခု သူက ချီးတစ်ပုံလောက်တောင် သာသည်ဟု မခံစားရတော့ပေ။

လုကျိုး၏စိတ်ထဲထိတ်လန့်သွား၏။ ခရုလေး၏တိုးတက်မှုအရှိန်က အတော်အထင်ကြီးဖွယ် ကောင်းသည်။ သူ၏နှစ်ပေါင်းထောင်ချီအတွေ့အကြုံဖြင့်တောင် သူမကဲ့သို့ အရှိန်မျိုးဖြင့် လူကိုတစ်ခါမှ မတွေ့ဖူးပေ။ သူကလျှောက်လာလျက် ခရုလေးရှေ့တွင် ရပ်ကာ အသံတိုးတိုးဖြင့် ပြောလိုက်၏။ “မင်းရဲ့လက်ကိုပြ”

ခရုလေးသည် တွေးထင်ထားပြီးသားဖြစ်၏။ သူမက အသံတစ်ချက်ပြုလျက် အင်္ကျီလက်ကို လိပ်တင်ကာ လက်ဆန့်ထုတ်လိုက်၏။

လုကျိုးသည် သူမလက်ပေါ်လက်နှစ်ချောင်းတင်လိုက်သည်။ ခဏအကြာတွင် သူကလက်ပြန်ရုတ်လိုက်၏။

သူက မေးလိုက်သည်။ “ရှစ်စွင်း ကျွန်မအဆင်ပြေတယ်မလား”

“ဗြဟ္မာပင်လယ်နယ်ပယ်နှင့် ချီသွေးကြောရှစ်ကြောဆက်နွယ်ပြီးပြီ”

“…”

အရှေ့ဖက်မျှော်နန်းသည် သင်္ချိုင်းကုန်းတမျှ တိတ်ဆိတ်သွားလေ၏။

ပါရမီရှင်တစ်ယောက်ဆိုတာ ဘာလဲ။

ရှေးဟောင်းစာအုပ်ထဲရှိ ကြိုးစားပမ်းစားလေ့လာခြင်းဟုခေါ်သော အခန်းထဲ၌ ဆိုရိုးစကားထဲ၌ ပါရမီရှင်ဟူသည် ထူးချွန်ထက်မြတ်သည့်လူဟူ၍ ဆိုရိုးစကားရှိသည်။ ခရုလေးသည် ပါရမီရှင်မဟုတ်မှန်း သူတို့၏နားလည်သဘောပေါက်နိုင်စွမ်းထက်သာလေ၏။ အရည်အချင်းတချို့ရှိတာပဲဖြစ်မည်။ မင်ရှစ်ရင်ပြောခဲ့သည့်အတိုင်း သူမက နိုးထလာခါစ ဖြစ်နိုင်၏။ ဆိုလိုသည်က သူမက အရာအားလုံးကို သိပြီးသားဖြစ်လောက်သည်။ သူမက ယခုအချိန်တွင် မေ့လျော့နေတာဖြစ်လောက်သည်။ ယခု သူမ၏ ပုန်းကွယ်နေသော ဗဟုသုတနှင့် စွမ်းရည်တို့နိုးထလာလေပြီ။ လုကျိုးက ထိုအကြောင်းကိုတွေးမိသောအခါ တစ်စုံတစ်ခုက ရင်ထဲမွှေနှောက်လာတော့သည်။ ခရုလေးကို သူ ပိုမိုနားလည်သဘောပေါက်လေ ထိုသီအိုရီကို ပိုမိုယုံကြည်လေဖြစ်သည်။

ဆိုရလျှင် တေးသွား၌ ပါရမီထူးသည့်တစ်စုံတစ်ယောက်အဖို့ မွေးပြီး မကြာမီ၌ ဆန်းကြယ်ဉာဏ်အလင်းပွင့်ခြင်းနယ်ပယ်ထဲသို့ တန်းပြီးဝင်ရောက်လာနိုင်ဖို့က မဖြစ်နိုင်ပေ။ သူတို့၌ ဗဟုသုတမရှိလျှင် သူတို့သည် ဂီတမှတ်စုများကို တေးသွားအဖြစ် မည်ကဲ့သို့တီးခတ်နိုင်မည်နည်း။

အဆုံးကျ လုကျိုးကပြောလိုက်သည်။ “မင်းကိုယ်မင်း သိပ်ဂုဏ်မမောက်နဲ့။ အလျင်မလိုနဲ့။ ကောင်းကောင်းကြိုးစား”

“ကျေးဇူးပါရှစ်စွင်း” ခရုလေးက ပျော်ရွှင်စွာ ခေါင်းညိတ်လိုက်၏။

“ဂုဏ်ယူပြုတယ် ရှောင်ရှစ်မေ့” ကျန်သည့်သူများက သူ့ကိုဂုဏ်ပြုကြသည်။

လုကျိုး၏တပည့်များသည် ကုန်လွန်ခဲ့သည့် ကာလအတွင်း အမှန်တကယ်တိုးတက်လာ၏။

လုကျိုးသည် ကောင်းကင်ကို မော့ကြည့်စဉ် လျိုကော၏စကားများက သူ့စိတ်ထဲရုတ်တရက်ပေါ်လာ၏။ ပွင့်ချပ်ကိုးလွှာအဆင့်က ကပ်ဘေးတစ်ခုကို အမှန်တကယ်ဖြစ်စေခဲ့လျှင် ကျင့်ကြံခြင်းလောက ၎င်းကို မည်ကဲ့သို့ခံနိုင်ရည်ရှိမည်နည်း။

ယခုအချိန်တွင် အနီရောင်ခေါင်းတလားထဲရှိ ဆန်းကြယ်သော ပွင့်ချပ်ကိုးလွှာကျင့်ကြံသူက မည်သည့်နေရာတွင် ရှိနေသနည်း။ သူက ခေါင်းတလားစီးပြီး လွန်ခဲ့သည့်အနှစ်သုံးရာတုန်းက မြောက်ဖက်ကနေ ဤနေရာဆီသို့ရောက်လာခဲ့သည်။ သူသည် တခြားမျိုးနွယ်စုများ၏ မြေကို ဖြတ်ကျော်လျက် တာ့ယန်တွင်နေထိုင်ကာ အဆင့်မြင့်လေဟာနယ်ဓား၊ ရုန်းနှင့် ခေါင်းတလားကို ချန်ထားရစ်ခဲ့သည်။ သူက အမှန်တကယ်ပွင့်ချပ်ကိုးလွှာအကျော်အမော်ဆိုလျှင် သူသည် ပွင့်ချပ်ကိုးလွှာအကျော်အမော၏ သက်တမ်းရှိနေသောကြောင့် သူ အသက်ရှင်လျက် ရှိနေနိုင်သေးသည်လော။

“…”

“ခရုလေး လန်ထျန်းကျောက်စိမ်းပုလွေကို ယူလာခဲ့” လုကျိုးက ခရုလေးဖက် လှည့်ကြည့်ပြီး ရုတ်တရက်ပြောလိုက်၏။

“ဟုတ်”

“မင်း အရင်းနှီးဆုံးတေးသွားကို တီးခတ်”

ခရုလေးက ခေါင်းညိတ်လျက် ကျောက်စိမ်းပုလွေကို သူမ နှုတ်ခမ်းနားကပ်လိုက်သည်။ သံစဉ်က ခန်းမထဲစတင်ပြေးလာ၏။

လုကျိုး၏ရည်ရွယ်ချက်ဘာမှန်း မည်သူမှမသိကြပေ။ သူတို့က သူ့ကို သိချင်စိတ်ဖြင့်သာကြည့်နေ၏။ သို့သော် တေးသွားကိုနားထောင်နေစဉ် သူတို့အကြည့်များက အရှေ့ဖက်မျှော်နန်းအပြင်ဖက်သို့ရောက်သွားသည်။

“အာရုံစူးစိုက် မှတ်စုတွေကို မင်းရဲ့ချီနဲ့လှုပ်ရှား”

ပုလွေမှုတ်ခြင်းသည် အသုံးပြုသူအဖို့ လေမှုတ်ထည့်ရန်လိုအပ်သည်။ သေမျိုးများအဖို့ ယင်းက သူ့တို့တတ်နိုင်သမျှ အကုန်ပဲဖြစ်သည်။ သို့သော် ကျင့်ကြံသူများသည် ဂီတမှတ်စုများကို လှုပ်ရှားရန် သူတို့ကနဦးချီကို အသုံးပြုနိုင်သည်။

ခရုလေးက သူမ၏ကနဦးချီကို လှည့်ပတ်လိုက်သည်။ လန်ထျန်းကျောက်စိမ်းကနေ ၎င်းက ဖြတ်သွားသည်နှင့်အသံကပြောင်းလဲသွား၏။ ယင်းက ပိုမိုကြည်လင်သည့် ဂီတသံဖြစ်လာသည်။ အကွာအဝေးကလည်း အဆတိုးလာတော့၏။

တောအုပ်ထဲရှိငှက်များက ပျံသန်းလာတော့သည်။

ဂီး ... ဟီး

ဒါက ကျီလျန့်ပဲ။ တောင်ထိပ်ပေါ်၌ မြင်းကျီလျန့်သည် ပျံသန်းလာပြီးနောက် တိမ်များတစ်ဝိုက် လှည့်ပတ်နေ၏။ သူက ဂီတကို တုံ့ပြန်နေပုံရသည်။

ကျန်သည့် သားရဲများက အနားတွင် ကျီလျန့်ပေါ်လာတာကို ကြောက်ရွံ့လို့နေသည်။ လုကျိုးက ကျီလျန့်ကို မြင်၏။ ကျီလျန့်၌ ယခုအချိန်တွင် မည်သို့သောစွမ်းရည်ပိုင်ဆိုင်ထားမှန်း သူမသိသေးပေ။ ယခုအချိန်၌ ၎င်း၏တစ်ခုတည်းသောအားသာချက်မှာ ကျန်သည့်မြင်းများနှင့် ယှဉ်လျှင် ပျံသန်းနိုင်စွမ်းရှိတာပဲဖြစ်သည်။

သူသည် ကျီလျန့်ကို အာရုံမစိုက်တော့ပေ။ ထိုအစား ခရုလေးကိုသာ ကြည့်နေ၏။ သူသည် လျင်မြန်စွာကျွမ်းကျင်သွားပုံပေါ်သည်။ “မင်းရဲ့ချီကို စွမ်းအင်အဖြစ်သိပ်သည်း။ ဂီတမှတ်စုက ဖွဲ့တည်တဲ့အချိန် စွမ်းအင်စည်းတံဆိပ်က ထုတ်သုံးနိုင်မယ်”

သာမန်ကျင့်ကြံသူများအဖို့ သူတို့၏ကနဦးချီသည် ၎င်းတို့၏ခန္ဓာကိုယ်ထဲမှထွက်သွားသည်နှင့် စွမ်းအင်အဖြစ်သိပ်သည်းသွားသည်။ သို့သော် ဂီတကျင့်ကြံသူများအတွက်မူ အသံကူးပြောင်းပေးရန် နောက်ထပ်တစ်လွှာလိုအပ်သည်။ သူတို့၏ ကနဦးချီနှင့် စွမ်းအင်စည်းတံဆိပ် ပေါင်းစည်းမှုကနေ သူတို့တိုက်ခိုက်မှုကို သတ်ဖြတ်ခြင်းသံစဉ်အဖြစ် သိကြသည်။

ခရုလေးသည် လုကျိုး၏စကားကိုကြားသောအခါ ခေါင်းညိတ်လိုက်၏။ သူမ၏ ကနဦးချီနှင့် အသံကို ပေါင်းစည်းရန်ကြိုးပမ်းပြီးနောက် ၎င်းတို့ကို စွမ်းအင်အဖြစ် ပြောင်းလဲရန် ကြိုးပမ်းနေသည်။

…

အခန်း(၅၅၈) ဘဝအတွက် မဟာရန်ဘက်

ခရုလေးက အာရုံစိုက်ထားလိုက်သည်။

အားလုံးက သူမကို ကြည့်လိုက်ကြပြီး သူမ စွမ်းအား အောင်အောင်မြင်မြင် ဖွဲ့စည်းနိုင်ဖို့ မျှော်လင့်နေကြသည်။

ပုလွေသံက ယခုအခါ လှုံ့ဆော်သလို ဖြစ်လာပြီး စောစောလေးကလို သဟဇာတ မဖြစ်တော့ပေ။

တခြားလူများက လေထဲ တဝီဝီအသံကြားရစဉ် ခရုလေးတစ်ယောက် ကျရှုံးတော့မည်ဟု ထင်လိုက်ကြသည်။

သိပ်မကြာခင် လေထဲတွင် စွမ်းအားစည်းတံဆိပ်များ ပေါ်ထွက်လာ၏။ ခရုလေးက ကမ္ဘာဦးချီကို စွမ်းအားအဖြစ် အောင်မြင်စွာ ပြောင်းလဲနိုင်လိုက်လေပြီ။

“တကယ်ကို မိုက်တယ် ရှောင်ရှစ်မေ့ ” မင်ရှစ်ရင်က လေထဲမှ စွမ်းအားစည်းတံဆိပ်များကို ကြည့်ရင်း ပြောလိုက်သည်။

အသံ သို့မဟုတ် သံဇဉ်က ကွန်ဖြူးရှပ်၊ ဗုဒ္ဓနှင့် တာအိုဂိုဏ်းများနှင့် ကွဲပြားပေသည်။ သူတို့တွင် သီးသန့်သင်္ကေတ၊ သင်္ကေတစည်းတံဆိပ်နှင့် အစီအရင်သွေးကြောများ မရှိပေ။ ထို့ကြောင့် အသံလှိုင်းကြောင့် ဖြစ်လာသည့် စွမ်းအားစည်းတံဆိပ်က လေလိုမျိုး ဖြစ်၏။ အကယ်၍ စည်းချက်က နှေးနေလျှင် မိုးမခမျိုးစေ့လို ဖြစ်လိမ့်မည်။ အကယ်၍ မြန်ဆန်ပါက လေမုန်တိုင်းလို ဖြစ်လာနိုင်သည်။

အားလုံးက တအံ့တဩ ကြည့်နေကြသည်။ သူတို့က ခရုလေး၏ အံ့ဖွယ် စွမ်းရည်နှင့် နားလည်နိုင်စွမ်းကြောင့် အံ့ဩနေကြသည်။ သူမက ကိုယ်တိုင်လေ့လာရင်း ဒီလောက်အထိ တိုးတက်လာခဲ့၏။ သူမ၏ ရှစ်စွင်း၏ ညွှန်ပြမှုအောက်တွင် သူမက ချီကို စွမ်းအားအဖြစ် အလျင်အမြန် အလွယ်တကူ ပြောင်းလဲနိုင်ခဲ့သည်။

လေထဲမှ စွမ်းအားများက ပတ်ဝန်းကျင်ထံ မိုးမခမျိုးစေ့လို ပျံ့နှံ့သွားလေသည်။ ထိုအရာက မြန်ဆန်သော်လည် လေဓားချက်များလောက် သက်ရောက်မှု မရှိပေ။ မည်သို့ပင်ဆိုစေကာမူ သူမက ဤမျှလုပ်နိုင်သည်ကပင် အံ့ဖွယ် ဖြစ်နေလေပြီ။

“ ငါ့ကိုသာ သတ်သွာားလိုက်ပါတော့”

“တကယ်ကို အမိုက်စားပဲ။ ဒဿမသခင်မလေးက မိစ္ဆာဝေဟင်မျှော်နန်းမှာ ပါရမီအရှိဆုံးပဲ ”

ပါရမီထူးကဲသည်ဟု အသိအမှတ်ပြုခံထားရသည့် ရှောင်ယွမ်အာပင် ထိုအရာကို မြင်ပြီး အံ့ဩသွားမိသည်။ သို့သော်လည်း သူမက အားကျဟန်မပေါ်ပေ။ အချုပ်အားဖြင့် သူမက လက်ခုပ်တီးကာ ပြောလိုက်၏ “ ရှောင်ရှစ်မေ့ ကြိုးစားထား … လုပ်နိုင်တယ် ”

ခရုလေးက ရှောင်ယွမ်အာ၏ အားပေးစကားကြောင့် စိတ်တက်ကြွလာသည်။ သူမက ဆက်ကြိုးစားလိုက်ရုံသာမက ကမ္ဘာဦးချီကိုပင် ထပ်မံ တိုးမြင့်လိုက်သည်။ သူမက ချီသွေးကြောငါးခု ဆက်သွယ်ထားသည့် ဗြဟ္မာပင်လယ်နယ်ပယ်အဆင့်တွင် ဖြစ်၏။ သူမ၏ ကမ္ဘာဦးချီ ထွက်ပေါ်လာသည့်အခါ ပိတ်ကားချပ်ရှစ်ခု သူမအနား ဝန်းရံထားသလို ဖြစ်လာသည်။ သူမ၏ သံဇဉ်က အသံမြင့်လာပြီး ပိုမို မြန်ဆန်လာသည်။

ဝှစ် ဝှစ် ဝှစ်

တခြားလူများကလည်း အံ့ဩသွားကြသည်။ သူတို့က ကာကွယ်ရေးစွမ်းအားကို အသက်သွင်းကာ ပတ်ဝန်းကျင်မှ စွမ်းအားအသံများကို ပိတ်ဆို့ထားလိုက်ရ၏။

ဘန်း ဘန်း ဘန်း

လုကျိုးတစ်ယောက်တည်း မျက်မှောင်ကြုတ်လိုက်၏။ အကြောင်းမှာ သူက ထွက်ပေါ်လာသည့် စွမ်းအားကြား အနီရောင်စွမ်းအားကို ဖမ်းဆုပ်မိသည့် တစ်ဦးတည်းသောသူ ဖြစ်နေသည်။ တခြားနည်းဖြင့်ဆိုရလျှင် ခရုလေး ဖွဲ့စည်းလိုက်သည်က အနီရောင်စွမ်းအား ဖြစ်၏။

အနီရောင်စွမ်းအားက ကျင့်ကြံရေးလောကတွင် ရှားပါးလှသည်။ လူတစ်ယောက်၏ စွမ်းအားအရောင်က ကျင့်စဉ်ထဲ သန္ဒေပြောင်းမှုတချို့ ဖြစ်လာခဲ့လျှင် လျှို့ဝှက်နည်းစနစ်တစ်ခုခုကို ထုတ်သုံးသည့်အခါ ပြောင်းလဲသွားလိမ့်မည်။ နမူနာအားဖြင့် မိစ္ဆာဇင်သည် စွမ်းအားစည်းတံဆိပ်များကို အနက်ရောင် ပြောင်းသွားစေပြီး အကာအရံများကမူ အပြာရောင် ဖြစ်၏။ သဘာဝမှ ကုသစွမ်းအားများက အစိမ်းရောင် ဖြစ်ကြသည်။ ထိုအရောင်များမှလွဲ၍ တာ့ယန်၏ ကျင့်ကြံရေးလောကထဲ တခြားအရောင် မရှိဖူးပေ။

ဤသည်က လုကျိုးအတွက် အနီရောင်စွမ်းအားကို ပထမဆုံး မြင်ဖူးခြင်း ဖြစ်၏။ သူက ပုလွေပေါ် လက်အသာတင်လိုက်ပြီး အနည်းငယ်ဖိလိုက်သည် “ရပ်လိုက်တော့ ”

သံဇဉ်က ချက်ချင်း ရပ်တန့်သွား၏။

စွမ်းအားက အပြည့်အဝ ပုံပေါ်မလာခင် လုကျိုးက ထိုအနီရောင်စွမ်းအား တည်ရှိမှုအကြောင်း လူများစွာထံ မသိသွားစေလိုပေ။

အရှေ့ဘက်မျှော်နန်းဆောင် တစ်ခုလုံး ငြိမ်ကျသွားသည်။

ကျီလျန့်က ရွှေနန်းဥယျာဉ်‌တောင် တောအုပ်ထဲဝင်ကာ မြင်ကွင်းမှ ပျောက်ကွယ်သွား၏။

“ရှစ်စွင်း ” ခရုလေးက မော့ကြည့်လာသည်။

တခြားလူများက ခရုလေးသည် မည်မျှအလားအလာကောင်းကြောင်း မြင်တွေ့လိုလေ၏။ ရုတ်တရက် ရပ်တန့်ခိုင်းလိုက်ခြင်းက သူတို့အား ကြောင်တောင်တောင် ဖြစ်သွားစေသည်။

ခရုလေးကို ဘာလို့ ရုတ်တရက် ရပ်တန့်လိုက်တာလဲ …

လုကျိုးက ပြောလိုက်၏ “ဒီနေ့တော့ ဒီလောက်ပဲ။ ခရုလေးအကြောင်း ဘယ်သူမှ ထုတ်မပြောရဘူး။ တကယ်လို့ ဒီအမိန့်ကို ငြင်းဆန်ရင် ငါ ခွင့်မလွတ်ဘူး ”

တခြားလူများက အခြေအနေ၏ တင်းမာမှုကို သဘောပေါက်သွားကာ ချက်ချင်း ဦးညွှတ်လိုက်ကြသည်။

“ဟုတ်ကဲ့ပါ မျှော်နန်းသခင်”

“ဟုတ်ကဲ့ ရှစ်စွင်း ”

ပါရမီတွေ အကြောက်ရဆုံးက ဘာဖြစ်မလဲ … တောင်ပံမစုံခင် အသတ်ခံရမှာကိုပေါ့ …

တကယ်ကို မျှော်နန်းသခင်ဆိုတဲ့အတိုင်းပဲ … သူ့အမြင်ရှိမှုက အံ့ဩဖို့ကောင်းလိုက်တာ

သူတို့က လုကျိုးသည် ခရုလေး၏ အနီရောင်စွမ်းအားအကြောင်း မည်သူကိုမှ သိမသွားစေလိုသည့် အချက်ကြောင့် လုပ်လိုက်သည်ကို မသိကြပေ။

ယခုတွင် အကဲဖြတ်မှု အဆုံးသတ်သွားပြီး အားလုံး ထွက်သွားကြလေသည်။

လုကျိုးက အရှေ့ဘက်မျှော်နန်းဆောင် ပြန်ရောက်လာပြီး ခရုလေးအကြောင်း တွေးလိုက်သည်။

……………

နေဝင်ဖျိုးဖျအချိန်တွင် ….

လုကျိုးက အဆင့်မြင့် လေဟာနယ်ဓားကို ကြည့်ကာ အနည်းငယ် ဒုက္ခများနေသည်။

ခေါင်းတလားထဲရှိ လူ၊ အနီရောင်ကြာ၊ ကိုယ်ရေးမှတ်တမ်းနှင့် လော့မျိုးရိုးရှိ အမျိုးသမီး …

သူတို့အားလုံးက ပွင့်ချပ်ကိုးလွှာအဆင့်နှင့် ပတ်သက်နေကြသည်။ ထိုသဲလွန်စအာလုံးက တူညီသည့် ဦးတည်ချက်ကို ဖော်ပြနေသည်။ ပွင့်ချပ်ကိုးလွှာအဆင့်ကို တက်လှမ်းဖို့ မကြိုးစားရန် ဖြစ်၏။

သူက ထိုကိစ္စများကို တခြားလူ၏ အကူအညီဖြင့် စုံစမ်းနိုင်သော်လည်း ခရုလေး၏ အနီရောင်စွမ်းအားကိုမူ မည်သူမှ စုံစမ်းစစ်ဆေးပေးမည်နည်း။

“အနီရောင်ကြာ၊ အနီရောင်စွမ်းအား … ခရုလေးက အနီရောင်စွမ်းအားကို ကျင့်ကြံပြီး အနီရောင်ကြာ ဖွဲ့စည်းတဲ့ လူတွေထဲက တစ်ယောက်များလား။ ခရုလေးက ခေါင်းတလားပိုင်ရှင်နဲ့ တစ်နေရာတည်းကနေ ရောက်လာတာလား”

………………

အံ့ဖွယ်မြို့တော်၊ တော်ဝင်မြို့တော် အမြဲစိမ်းနန်းဆောင်အတွင်း

စာကြည့်ခန်းကိုမူ အစောင့်အကြပ် တင်းကျပ်ထားသည်။

အစောင့်တစ်ယောက်က စာကြည့်ခန်းထဲ ရောက်လာ၏။

“အရှင် ရလဒ်ထွက်လာပါပြီ” အစောင့်၏ လေသံက ယုံကြည်ချက်ရှိဟန်မပေါ်ပေ။

“အထဲဝင်ခဲ့”

တံခါးပွင့်သွားသည့်အခါ အစောင့်က အပူလှိုင်းကို ခံစားမိလိုက်သည်။ သူက ထိုအရာကြောင့် ချောင်းဆိုးလုမတတ် ဖြစ်သွားခဲ့၏။

လျိုကုက တင်ပျဉ်ခွေလျက် ထိုင်နေသည်။ သူ့ခန္ဓာကိုယ်မှ လေပူများ ထွက်နေ၏။

အစောင့်က ဧကရာဇ်ကို မကြည့်ရဲဘဲ ခေါင်းငုံ့ကာ ကြမ်းပြင်ပေါ် ဝပ်တွားလိုက်သည်။

“ နန်းစွန့်ဧကရာဇ်က စုရှန့်နဲ့ ကုယီရန်ကို မိစ္ဆာဝေဟင်မျှော်နန်းဆီ ခေါ်သွားပါတယ်။ သူတို့ တိုက်ပွဲမှာ ကျရှုံးသွားတာ အတည်ပြုပြီးသွားပါပြီ” အစောင့်က စကားဆုံးအောင် ပြောလိုက်ပြီးနောက် မြေပေါ်သာ ဆက်လက် ဝပ်တွားနေလိုက်ပြီး မလှုပ်ရဲပေ။

ခဏအကြာတွင် လျိုကုက မျက်လုံးဖွင့်လာသည်။ ထင်ထားသည်နှင့် ကွဲလွဲစွာ သူက ဒေါသထွက်ခြင်း မရှိပေ။ သူက လေသံအတက်အကျမရှိ ပြောလိုက်၏ “ငါ သိပြီ ”

အစောင့်က စိတ်ရှုပ်ထွေးသွားသည်။

သူတို့က သားအဖ မဟုတ်ဘူးလား … ဧကရာဇ်က သူ့အဖေ သေသွားတာကို ဘာလို့ ဘယ်လိုမှ မနေတာလဲ။

သူက ထိုအတွေးများကို စိတ်ထဲ၌သာ ထားလိုက်သည်။ သူက ထုတ်ပြောရဲလောက်အောင် သတ္တိမကောင်းပေ။ ဧကရာဇ် ဒေါသမထွက်သည်ကို မြင်ပြီးနေက် အစောင့်က ထပ်ပြောလိုက်သည်။

“ အရှင် … အရာရှိတွေက အောက်မေ့ဖွယ် အခမ်းအနားကျင်းပဖို့ တင်ပြထားပါတယ်။ လက်ရှိ ယန်စီရင်စုနဲ့ ကျီစီရင်စုပဲ ငရဲဂိုဏ်းလက်အောက်ကို မကျရောက်သေးတာပါ။ ကြည့်ရတာ ငရဲဂိုဏ်းရဲ့ အင်အားစုတွေက အံ့ဖွယ်မြို့တော်အနား မကြာခင် ရောက်လာတော့မဲ့ပုံပါပဲ။ အရာရှိတွေက အရှင့်ကို တော်ဝင်ညီလာခံ တက်ဖို့ ဖိတ်ကြားချင်နေကြပါတယ် ”

ထိုအရာကိုကြားပြီးနောက် လျိုကုက မထူးမခြားနား ပြောလိုက်သည် “ ငါ လုပ်ချင်တဲ့အရာကို အမှိုက်တွေနဲ့ ဘာလို့ဆွေးနွေးရဦးမှာလဲ။ ဒါက ငါ့အမိန့်မှာတမ်းပဲ။ အိမ်ရှေ့စံက တပ်မဟာကို ဦးဆောင်လိမ့်မယ်။ သူက စစ်သူကြီးရှစ်ယောက်ထဲက ကြိုက်တဲ့သူကို ရွေးနိုင်တယ်။

ဝေ့ကျိုးယန်ကို နယ်စပ်မှာ စောင့်ကြပ်တာ လက်လျှော့ခိုင်းပြီး လျန့်စီရင်စုကို တိုက်ခိုက်ခိုင်းလိုက် … အံ့ဖွယ်မြို့တော်ရဲ့ တော်ဝင်အစောင့်တပ်ကိုလည်း သူတို့ကာကွယ်ရေး တိုးမြင့်ထားဖို့ အမိန့်ထုတ်လိုက်။ ဘယ်သူမှ တော်ဝင်မြို့တော်ထဲ ရောက်မလာစေရဘူး။ တကယ်လို့ ဖိတ်ကြားမထားတဲ့ ဧည့်သည်တွေရှိနေရင် သူတို့ကို ခြွင်းချက်မရှိ သတ်ပစ်လိုက် ”

အစောင့်က ဘာမှထပ်မမေးဘဲ တုန်တုန်ယင်ယင် ဖြစ်သွားသည်။ သူက အလျင်စလို ပြောလိုက်၏။

“ နားလည်ပါပြီ”

ထို့နောက် သူက ရိုရိုကျိုးကျိုး ထရပ်ကာ စာကြည့်ခန်းထဲမှ ထွက်သွားလေသည်။

ထိုစဉ် လျူကောက မျက်လုံးပြန်ပွင့်လာသည်။ သူ့လက်ဝါးကို လှန်လိုက်၏။

ဝှစ်

သူ့လက်ဝါးအထက် စိတ်ဝိညာဉ်သဏ္ဌာန်လေးတစ်ခု ပုံပေါ်လာသည်။ ဤသည်မှာ ရွှေကြာ မပါပေ။ ပွင့်ချပ်ခုနှစ်လွှာက လှည့်ပတ်နေ၏။ ပွင့်ချပ်ခုနှစ်လွှာက တောက်ပရွှန်းစိုနေသည်။ သူက လက်သီးဆုပ်လိုက်၏။

လျိုကုက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

“ ငါ ပွင့်ချပ်ရှစ်လွှာအဆင့်ကို ပြန်ရောက်ခါနီးနေပြီ။ ပွင့်ချပ်ကိုးလွှာက လက်တစ်ကမ်းမှာပဲ … ငါက ငရဲဂိုဏ်းတို့၊ မိစ္ဆာဝေဟင်မျှော်နန်းတို့ကို ဘာလို့ကြောက်နေရမှာလဲ”

သူက လက်ကို မြောက်လိုက်သည့်အခါ လေထဲတွင် စုတ်တံက လွှင့်မြောနေသည်။ စုတ်တံအမွေးများက အဖြူရောင် ဖြစ်သော်လည်း ထိပ်ဖျားက အနီရောင် ဖြစ်၏။ အနီရောင်က သူ့ကမ္ဘာဦးချီမှ တောက်ပမှုအာက် ပိုမို တောက်ပနေသည်။ သိပ်မကြာခင် စုတ်တံအဖျားကို မင်ရည်ထဲ နှစ်လိုက်သည့်အချိန် အနက်ရောင် ဖြစ်သွား၏။

………….…

ယွီစီရင်စုအတွင်း စစ်သူကြီးစံအိမ်

ဟွားချုံးယန်က သတင်းအချက်အလက် ပါရှိသည့် စာရွက်များစွာကို သယ်ဆောင်ရင်း ဝင်လာသည်။

“ဂိုဏ်းချုပ်၊ သတ္တမသခင်လေး စုံစမ်းစစ်ဆေးမှု ရလဒ် ထွက်လာပြီ။ ယန်စီရင်စုရဲ့ ပင်မမြို့ကို စစ်သူကြီးမာလုဖျင်က စောင့်ကြပ်နေတာ။ သူက စစ်သူကြီးရှစ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့အပြင် တော်ဝင်အစောင့်တပ်ရဲ့ အရှေ့တောင်ဘက်ဂိတ်ကို စောင့်ကြပ်တဲ့ စစ်သူကြီးတစ်ယောက်ပဲ”

ယွီကျန့်ဟိုင်က ထိုအရာကို ကြားပြီးနောက် ရယ်မောလိုက်သည်။

“တော်ဝင်မိသားစုက တကယ်ကို ရွေးချယ်စရာ မရှိတော့ဘူးပဲ။ အံ့ဖွယ်မြို့တော်ကို ဝိုင်းလိုက်တဲ့ အစီအစဉ်က သိပ်ကောင်းတယ် … ဉာဏ်ကောင်းတဲ့ ရှစ်တိလေး”

စီးဝူယာ့က ပြောလိုက်သည် “တော်ဝင်မိသားစုက ရွေးစရာ မရှိတော့ဘူး။ တကယ်လို့ သူတို့သာ မြို့ကို စောင့်ကြပ်ဖို့ လူမလွှတ်ခဲ့ရင် သူတို့ပျက်စီးနှုန်းကို မြန်သွားစေလိမ့်မယ်။ အဲလို သူတို့လုပ်ခဲ့ရင်တောင် စစ်သူကြီးရှစ်ယောက် မပါဘဲ အံ့ဖွယ်မြို့တော်က ဘာမှမဟုတ်တော့ဘူး ”

ဟွားချုံးယန်က ပြောလိုက်သည် “သတ္တမသခင်လေး ပြောတာ မှန်တယ်။ စစ်သူကြီးရှစ်ယောက်ထဲက ဟန်ယုယန်၊ ရှန်းလျဲံ၊ ကုယီရန်၊ ဝမ်ရှုနဲ့ စုရှန့်တို့က သေသွားကြပြီ။ ဟန်ယုယန် အစားထိုးရောက်လာတဲ့ ကျီချင်းချင်းကလည်း ပျောက်နေတယ်။ အခုကျန်တာဆိုလို့ ဝမ်ယွဲ့၊ ရွမ်ကျင်းယွင်နဲ့ မာလုဖျင်ပဲ ”

“သူမ ထွက်ပြေးသွားတာလား” စီးဝူယာ့က မျက်မှောင်ကြုတ်လိုက်သည်။ သူက ကိစ္စများအား ယွီကျန့်ဟိုင်နှင့် မတူညီစွာ တွေးလေ့ရှိသည်။ သူက အသေးစိတ်ကအစ အရေးထား၏။

“ကျီချင်းချင်းက စစ်သူကြီးရှစ်ယောက်ထဲမှ တစ်ဦးတည်းသော အမျိုးသမီးစစ်သူကြီးလေ။ ကောလာဟလတွေအရတော့ သူမက လျှို့ဝှက်ဆန်းကြယ် ပညာရှင်နဲ့ တွေ့ပြီး ကြောက်ကြောက်လန့်လန့်နဲ့ ထွက်ပြေးသွားတယ်တဲ့”

ယွီကျန့်ဟိုင်နှင့် စီးဝူယာ့တို့က ယွီစီရင်စုကို တိုက်ခိုက်တုန်း ရထားလုံးပျံပေါ်မှ မြင်ခဲ့ရသည့် မြင်ကွင်းကို အမှတ်ရလိုက်ကြသည်။

“လျှို့ဝှက်ဆန်းကြယ် ပညာရှင်က ပွင့်ချပ်ငါးလွှာအဆင့်ပဲ ရှိသေးတာ … သူက ကျီချင်းချင်းကို ဘာလုပ်နိုင်မှာလဲ” ယွီကျန့်ဟိုင်က ထုတ်ပြောလိုက်သည်။

“ကျုပ်လည်း မသိဘူး ”

“ဉာဏ်ကောင်းတဲ့ ရှစ်တိလေး အဲဒီပညာရှင်က တော်ဝင်မိသားစုကများ ဖြစ်နေမလား”

“အဲလိုတော့ မဖြစ်နိုင်ဘူး။ အဲဒီလူက ပွင့်ချပ်ငါးလွှာအဆင့်လို မပြုမူဘူး။ ကြည့်ရတာ သူ့စိတ်ဝိညာဉ်သဏ္ဌာန် စွမ်းအားကို တမင်လျော့ချထားပုံပဲ” စီးဝူယာ့က ပြန်ဖြေလိုက်သည်။

ယွီကျန့်ဟိုင်က မျက်မှောင်ကြုတ်လိုက်၏။

သူက မင်ရှစ်ရင်၏ စကားကို အမှတ်ရသွားသည်။ ယွီရှန်းရုန်လည်း ယွီစီရင်စုသို့ လာခဲ့လေသည်။

တကယ်လို့ အမှန်ဆိုရင် သူက ဘာလို့ ငါ့ကို ကူညီရတာလဲ …

လောင်အာ့ … ငါ့မဟာရန်သူကြီးက လက်ကမ်းပေးနေတာလား … မဖြစ်နိုင်လိုက်တာ

ထိုစဉ် ငရဲဂိုဏ်းသားများက နန်းဆောင်ထဲ ပြေးဝင်လာကြသည်။

“ဂိုဏ်းချုပ်၊ သတ္တမသခင်လေး ကိစ္စတွေက မကောင်းတော့ဘူး။ ယန်စီရင်စုရဲ့ ပင်မမြို့ အစီအရင်ကို အသက်သွင်းလိုက်ပြီး သူ့ဘာသာ ပိတ်သွားပြီ”

“ အဲဒါဘာကြောင့်လဲ” စီးဝူယာ့က မေးလိုက်၏။

“တစ်ယောက်ယောက်ကို ဖမ်းဖို့တဲ့ … ပြောကြတာတော့ သူတို့က လျှို့ဝှက်ဆန်းကြယ် ပညာရှင်ကို ရှာတွေ့သွားပြီတဲ့ ”

…

All Chapters