← Chapters

အခန်း (၅၇၇-၅၇၉)

Vol. 39 Ch. 577-579

အခန်း (၅၇၇-၅၇၉)

Vol. 39 Ch. 577-579

အခန်း (၅၇၇) အရင်အကြွေးကို ရှင်းဖို့အချိန်ကျပြီ

မိစ္ဆာဝေဟင်မျှော်နန်းရှိ အရှေ့ဖက်မျှော်နန်းအတွင်းတွင်ဖြစ်သည်။

လုကျိုးသည် သူ၏ဆင်ခြင်သုံးသပ်သောအခြေအနေကနေ ထွက်လာပြီးနောက် မျက်လုံးဖွင့်လိုက်လေ၏။ ထူးခြားအံ့ဖွယ်စွမ်းအားတစ်ဝက်ကိုပြန်ရပြီဖြစ်သည်။ မြေကမ္ဘာစာလိပ်စွမ်းအားကို သူ မှတ်မိသွား၏။ သိချင်စိတ်ဖြင့် သူ့ခေါင်းထဲတွင် ဂါထာတစ်ခု ရွတ်ဆိုလိုက်သည်။

အရာအားလုံးကို ကြားနိုင်သည့်အကြားစွမ်းအားကို ရရှိသည်။ သို့မှသာ နယ်ပယ်အားလုံးရှိ အရာအားလုံးကို ကြားနိုင်စွမ်း ရရှိနိုင်သည်။

သူ၏နားနားတွင် အပြာရောင်ဖျော့ဖျော့ ထူးကဲအံ့ဖွယ်စွမ်းအားပေါ်ထွက်လာ၏။ သူသည် တောင်နောက်၌ ရေတံခွန်စီးသံကိုကြားလိုက်ရ၏။ သူသည် ထူးကဲစွမ်းအားကို သုံးလိုက်ချိန်တွင် တွမ့်မူရှန်းက သူ၏လှံနှင့်လေ့ကျင့်နေတာကို ကြားလိုက်ရသည်။ ထူးကဲစွမ်းအားကို ထပ်မံ အသုံးပြုလိုက်ချိန်၌ မျိုးစုံသော သားရဲများ၏မာန်ဖီသံများ၊ ငှက်များ၏တကျီကျီ အော်မြည်သံများနှင့် လေတိုက်ခတ်သံများကိုကြားနိုင်သည်။

သူ၏ထူးကဲစွမ်းအားလျင်မြန်စွာ ယုတ်လျော့သွားသည်ကို ခံစားမိသည့်အချိန်၌ သူ ရပ်တန့်လိုက်သည်။ ဤနည်းဖြင့် ဤစွမ်းအား၏အကျယ်အဝန်းသည် သူ အသုံးပြုသည့် ထူးကဲစွမ်းအားပမာဏပေါ် မူတည်နေကြောင်း သူအတည်ပြုလိုက်နိုင်ပြီဖြစ်သည်။ အကွာအဝေးကကျယ်လေ ထူးကဲစွမ်းအားပိုလိုအပ်လေဖြစ်သည်။

လုကျိုးက ခေါင်းခါလိုက်၏။ ဤစွမ်းအားသည် အနည်းငယ်အသုံးမဝင်ဟုခံစားမိသည်။ ချောင်းနားထောင်ရုံမှလွဲ၍ မည်သည့်နေရာတွင် လက်တွေ့အသုံးကျမည်နည်း။

ထိုစဉ် မင်ရှစ်ရင်၏အသံက အပြင်ကနေပေါ်ထွက်လာ၏။ “ရှစ်စွင်း ချီရှစ်တိက တာ့ရှစ်ရှိုးက အခုကနေ နှစ်ရက်နေရင် အံ့ဖွယ်မြို့တော်ကို ဝန်းရံပိတ်ဆို့ဖို့ပြင်ဆင်နေတဲ့အကြောင်း စာထဲမှာပြောထားပါတယ်။ ပြီးတော့ ဖန်းလိုင်ဂိုဏ်း၊ အဆိပ်တစ်သောင်းဂိုဏ်းနဲ့ ပွင့်လန်းခြင်းအင်အားစု၊ မိစ္ဆာကျောင်းဆောင်တို့က တခြားမျိုးနွယ်စုကိုဖြေရှင်းဖို့ ဦးတည်သွားနေပါပြီ။ ပိုင်ယွီချင်း၊ ယန်ယန်းနဲ့ တိချင်းတို့က ဒဏ်ရာပြင်းပြင်းထန်ထန်ရထားပြီး လျန့်စီရင်စုကို ပြန်ရောက်လာပါတယ်။ ဪ... အာ့ရှစ်ရှိုးကလည်း လျန့်စီရင်စုကို သွားမလို့”

ကျွီ ...

လုကျိုးက တံခါးဖွင့်လိုက်လေ၏။ သူက လက်နောက်ပစ်ထားလျက် လှေကားအောက်တွင် ရပ်နေသော မင်ရှစ်ရင်ကို ကြည့်လိုက်သည်။ သူက ပြောလိုက်သည်။ "တခြားမျိုးနွယ်တွေက မထိန်းထားတဲ့ပုံပဲ”

“ရုန်ရှီးနဲ့ ရုန်ပေက တခြားမျိုးနွယ်တွေက တောရိုင်းသတ္တဝါတွေကို ယုံကြည်ကြတယ်။ ဒီအကြောင်းကြောင့် ရွှေကြာဖြတ်တောက်ပြီးတဲ့နောက် သူတို့က ပိုပြီးအရိုင်းစိတ်များလာတယ်။ သေမှာကို မကြောက်တော့ဘူး။ ရွှေကြာဖြတ်တောက်ပြီးတဲ့နောက် သူတို့ကျင့်ကြံမှုအရှိန်ကလည်း မြင့်တက်လာတာ။ တခြားမျိုးနွယ်တွေက ဒီအခွင့်အရေးကို အရယူမှာသေချာနေတယ်။ တာ့ရှစ်ရှိုးကလည်း အံ့ဖွယ်မြို့တော်ကို တိုက်ခိုက်မှာ” မင်ရှစ်ရင်က ပြောလိုက်လေ၏။

လုကျိုးသည် မုတ်ဆိတ်သပ်လျက်ခေါင်းညိတ်လိုက်သည်။ “အရင်တုန်းက တခြားမျိုးနွယ်ရဲ့မြေကို ရောက်ဖူးတယ်။ တကယ်ပဲ သူတို့တွေက တောရိုင်းတိရစ္ဆာန်တွေကို ကိုးကွယ်ကြတာ။ ဒါပေမဲ့ သူတို့ရဲ့ရွှေကြာကိုဖြတ်တောက်တာက သူတို့ကိုဒီလောက်အကျိုးရှိစေမယ်လို့ မထင်ခဲ့မိဘူး”

“သူတို့က တုံးအတာလေ။ ကျွန်တော့်ကိုသာပြောရင် သူတို့ရွှေကြာတွေက သူတို့အတွက် အကျိုးရှိမယ်ဆိုရင် တာ့ယန်ကိုမကျူးကျော်ခင်မှာ တာ့ယန်ကိုလက်လွှဲယူဖို့ အပြည့်အဝ ကျင့်ကြံတဲ့နေမှာ အာရုံစိုက်ထားသင့်တယ်။ သူတို့တွေဒါဆိုဆောင်ရွက်တာ ပိုကောင်းမှာ မဟုတ်ဘူးမလား” မင်ရှစ်ရင်က မထောက်ခံသလိုပြောလိုက်၏။

“ဟမ်”

ဖြန်း..

မင်ရှစ်ရင်က သူ့ကိုယ်သူရိုက်ပြီးနောက်ပြောလိုက်၏။

"သူတို့က တုံးအတာ မဟုတ်ဘူး။ သူတို့အတွက် အခွင့်အရေးတစ်ခုအဖြစ် ဒါကိုမြင်နိုင်တာ။ ဒါကြောင့် သူတို့အရယူတာ။ ယုတ်မာကောက်ကျစ်တာပဲ။ ရှစ်စွင်း အခုကျွန်တော်တို့ ဘာလုပ်သင့်လဲ”

လုကျိုးက အတွေးနစ်သွားလေ၏။ သူက မုတ်ဆိတ်သပ်လျက်လှေကားသို့ဆင်းလိုက်သည်။ ခဏအကြာတွင် သူက မင်ရှစ်ရင်ကိုကြည့်ပြီးပြောလိုက်၏။ "လောင်စစ်”

“ဟုတ်ကဲ့ ... ရှစ်စွင်း”

“လျန့်စီရင်စုကိုသွား”

“ဟမ်”

“မသွားချင်ဘူးလား” လုကျိုးက မျက်မှောင် အနည်းငယ်ကျုံ့လိုက်၏။

မင်ရှစ်ရင်က ကမန်းကတန်းလက်ကာပြကာပြောလိုက်တော့သည်။

“ကျွန်တော် ဆန္ဒမရှိတာ မဟုတ်ဘူး ... အံ့ဩသွားရုံပဲ။ တာ့ရှစ်ရှိုးက သူ့ကိစ္စတွေနဲ့ ဝေးဝေးနေဖို့ပြောထားတာ။ ကျွန်တော်သွားရင် ‌ဒေါသထွက်မလားစိုးရိမ်မိရုံပဲ”

“အဲဒါ လျန့်စီရင်စု အံ့ဖွယ်မြို့တော်မဟုတ်ဘူး။ မင်းတို့တွေအားလုံးထဲမှာ မင်းက ငါ စိုးရိမ်ရတာ အနည်းဆုံးလူပဲ။ မင်းရဲ့အာ့ရှစ်ရှိုးက အမြဲတမ်းစိတ်ကြီးဝင်နေတာ။ သူက ခေါင်းမာပြီး ကြွားလုံးထုတ်ရတာကို သဘောကျတယ်”

မင်ရှစ်ရင်၏ စိတ်ထဲတွင် တစ်စုံတစ်ခုမွှေနှောက်သွားလေ၏။ သူသည် မော့ကြည့်ပြီး အဖိုးကြီးကို စစ်ဆေးလိုက်၏။ သူ၏မျက်နှာထက်ရှိလျော့ရဲရဲအပြုံးက ပျောက်ကွယ်သွားလေပြီ။ ယခုအချိန်၌ လုကျိုး၏ မျက်နှာထက်၌ တည်ကြည်သော အမူအရာကို ရှာတွေ့သွားသည်။ လုကျိုး၏ စကားနှင့်လုပ်ရပ်များက သူ့တပည့်များအကြောင်း သိနေသည်။ အစက ယင်းကို သူ့ရှစ်စွင်း၏ လှည့်ကွက်အသစ်ဟု တွေးထင်မိခဲ့သည်။ သူ၏ဆရာသည် အမှန်တကယ်ပြောင်းလဲသွားပုံပေါ်၏။

သစ္စာရှိမှု အပေါင်းတစ် ရာခိုင်နှုန်း

လုကျိုးသည် မင်ရှစ်ရင်၏ သစ္စာရှိမှုပြောင်းလဲသွားတာကို တွေ့လိုက်ရ၏။ သူက လျှောက်နေတာ ရပ်ပြီး မေးလိုက်တော့သည်။ “မင်း သွားချင်လား”

မင်ရှစ်ရင်က ဒူးထောက်လိုက်၏။ သူက လက်သီးဆုပ်မိုးကာပြောလိုက်တော့သည်။ “ကျွန်တော် ဆန္ဒရှိပါတယ်”

“ကောင်းတယ်” လုကျိုးက မတ်တတ်ရပ်လျက်ခေါ်လိုက်သည်။ “ကျီလျန့်”

ရွှေနန်းဥယျာဉ်တော်သို့လာရာလမ်း၌ ကျီလျန့်က မော့ကြည့်ပြီး ရွှင်မြူးစွာဟီလိုက်လေ၏။ ယင်းက လေထဲခုန်တက်ကာ မိစ္ဆာဝေဟင်မျှော်နန်း၏အရှေ့ဖက်မျှော်နန်းဆီသို့ ပျံသန်းလာတော့သည်။ ခြံဝန်းထဲဖြည်းဖြည်းချင်း ဆင်းသက်လိုက်၏။

“ကျီလျန့်က မြင်းကောင်းတစ်ကောင်ပဲ။ သူ့ကိုစီးသွားလိုက်”

ဟီး ....

ကျီလျန့်သည် လုကျိုး၏စကားကိုနားလည်ပုံရသည်။ မင်ရှစ်ရင်က ကျီလျန့်ကို စိတ်အားထက်သန်စွာ ကြည့်လိုက်၏။ ကျန်သည့်သူများရှေ့၌ ဒဏ္ဍာရီလာစီးတော်သားရဲတစ်ကောင်ပေါ်ပေါက်လာလျှင် ခမ်းနားမည့်ပုံကို တွေးမိသောအခါ သူ မျှော်လင့်စောင့်စားမှုတို့ပြည့်သွားသည်။ ကျီလျန့်က မင်ရှစ်ရင်ရှေ့ရောက်လာပြီးနောက် ခေါင်းတစ်ချက်ငုံကာ ဟီလိုက်သည်။ ၎င်း၏ခေါင်းကိုခါကာ ထပ်ဟီလိုက်၏။

“ဟေ့ ... မင်း ငါ့ကို ငြင်းလိုက်တာလား” မင်ရှစ်ရင်က ဆွံ့အသွားတော့သည်။

လုကျိုးက ကျီလျန့်သည် ထိုမျှ ဇီဇာကြောင်မည်ဟု မထင်မိပေ။ “ပိအန်း”

ပိအန်းသည် တိမ်တိုက်များထဲမှ ရောက်လာပြီး ခြံဝန်းထဲသို့ဆင်းလိုက်သည်။

ကျီလျန့်နှင့်ယှဉ်လျှင် ပိအန်းက ပိုရက်စက်ကြမ်းကြုတ်ပုံပေါ်၏။ သို့သော် ၎င်းက ပိုလိမ္မာပြီး သူနှင့်စီးမည့်သူများပတ်သက်ပြီး ဇီဇာမကြောင်ပေ။

မင်ရှစ်ရင်က ပြုံးပြီးပြောလိုက်၏။ "ပိအန်းလာတာ ကောင်းတယ်၊ ရုပ်ဆိုးနေပေမဲ့ တခြားသူတွေကို ခြောက်လှန့်နိုင်မှာ”

မင်ရှစ်ရင် ပြောပြီးသည်နှင့် ပိအန်းက သူ့ကိုသယ်သွားရမှာ သိသာနေ၏။ စော်ကားခံရပြီး တစ်ပြိုင်နက်တည်း ချီးကျူးခံရပြီးနောက် နောက်သို့သုံးလှမ်းဆုတ်ကာမြေပြင်ပေါ်တွင် လဲလိုက်၏။

“…” မင်ရှစ်ရင်က ဆွံ့အသွားတော့သည်။ သူက တောင်းပန်သည့်ပုံဖြင့် သူ၏ရှစ်စွင်းကို ကြည့်လိုက်သည်။

လုကျိုးက ခေါင်းခါလိုက်၏။ သူက နတ်ခြင်္သေ့ကို ဆင့်ခေါ်ချင်သည်။ သို့သော် သူက သူ၏အရိုးအိုကြီးများအကြောင်း တွေးမိသောအခါ သူ့အတွက် ချောချောမွေ့မွေ့ စီးနင်းဖို့ထော က်ပံ့ပေးနိုင်မည့် စီးတော်သားရဲတစ်ကောင် ချန်ထားရန် ဆုံးဖြတ်လိုက်၏။ ခဏတာ စဉ်းစားပြီးနောက် သူက ပြောလိုက်သည်။

"ကျီလျန့်"

ဟီး ....

၎င်း၏ခေါင်းကို ခါပြီးနောက် တွန့်တွန့်ဆုတ်ဆုတ်ဖြင့် အနည်းငယ်တိုးလာသည်။

မင်ရှစ်ရင်က ခေါင်းညိတ်လိုက်၏။ “ဒီလိုမှပေါ့”

ကျီလျန့်က လုကျိုး၏အမိန့်ကို နာခံသည်။

“သွား”

မင်ရှစ်ရင်က ကျီလျန့်၏နောက်ကျောပေါ်ခုန်တက်လိုက်၏။ တည်ကြည်သော အသံဖြင့်သူက ပြောလိုက်သည်။

“စိတ်မပူပါနဲ့ ရှစ်စွင်း။ ကျွန်တော်ရှိနေရင် အာ့ရှစ်ရှိုး ဘာမှမဖြစ်ပါဘူး။ ကျွန်တော် ကျိန်ပါတယ်။ ရှစ်စွင်းရဲ့ မြင်းက ...”

ဟီး

ကျီလျန့်သည် ရှေ့ခြေထောက်ကိုမြှောက်လျက် မင်ရှစ်ရင်ပြောပြီးသည်နှင့် ကောင်းကင်ထဲသို့ ပျံသန်းသွား၏။ စက္ကန့်ပိုင်းအတွင်း ၎င်းက လေထဲပျောက်ကွယ်သွားတော့သည်။

ကျီလျန့်ဖန်တီးခဲ့သည့် ရုတ်ရုတ်သဲသဲဖြစ်ရပ်က ကြီးမားလွန်းသောကြောင့်ဖြစ်ဟန်တူသည်။ ကျန်သည့်တပည့်များက အရှေ့ဖက်မျှော်နန်းအပြင်ဖက်၌ စုဝေးလာ၏။ မကြာမီ၌ ကျူးဟုန်ကုန်း၊ ရှောင်ယွမ်အာ၊ ခရုလေးနှင့် တွမ့်မူရှန်း ဝင်လာလေ၏။

“ရှစ်စွင်း ... ကျွန်တော်လျန့်စီရင်စုကို သွားချင်ပါတယ်”

လုကျိုးသည် သူတို့ကို တစ်ချက်ကြည့်ပြီးနောက်ပြောလိုက်၏။ “ကူညီချင်တယ်ဆိုရင် ကြိုးစားပြီးကျင့်ကြံကြ”

သူ၏တပည့်များ ဆွံ့အသွား၏။

“လောင်စန်း”

“ဟုတ်ကဲ့ ရှစ်စွင်း”

“မင်းက သူတို့လေ့ကျင့်တာကို ကြီးကြပ်ဖို့တာဝန်ယူရမယ်။ အားလုံးပဲ အခု ကျင့်ကြံနေတဲ့အချိန်ရဲ့ နှစ်ဆယူရမယ်”

“ဟုတ်ကဲ့ ရှစ်စွင်း”

အံ့ဖွယ်မြို့တော် တော်ဝင်မြို့ရှိ အမြဲစိမ်းနန်းတော်ထဲတွင်ဖြစ်သည်။

လျိုကုက မျက်လုံးဖွင့်လိုက်၏။ "အစေခံတို့”

လက်အောက်ငယ်သားတစ်ယောက်က ကြောက်ကြောက်လန့်လန့်ဖြင့် ဒူးထောက်လိုက်၏။ သူ ဒူးမထောက်ရသေးခင် သူကပြောလိုက်၏။

"ခုနစ်စင်ကြယ်ကျောင်းတော်က ဒီနေ့ ပွင့်ချပ်ဖူးပွင့်ဆေးလုံးဆယ်လုံး ဘာကြောင့်မပို့တာလဲ”

“အ ... အရှင်မင်းကြီး ခုနစ်စင်ကြယ်ရဲ့ကျောင်းတော် ကျောင်းအုပ်ကျိုးက သူတို့ပါဝင်ပစ္စည်းတွေ ကုန်သွားပြီး ပါဝင်ပစ္စည်းတွေစုဆောင်းနေတုန်း ဖြစ်ကြောင်းပြောပါတယ်။ ဒီလအတွင်း ပွင့်ချပ်ဖူးပွင့်ဆေးလုံးအသစ် ထုတ်လုပ်ဖို့မဖြစ်နိုင်လောက်ဘူး”

လက်အောက်ငယ်သားက ကြောက်ကြောက်ရွံ့ရွံ့ဖြင့်ပြောလိုက်၏။

“ဟမ် ...” လျိုကုက ပြောလိုက်၏။

“ငါ သူ့ကို ကောင်းကောင်းမွန်မွန်ဆက်ဆံတယ်။ ဒါတောင် ဒီလိုအချောင်ခိုရဲတယ်လား” ပါဝင်ပစ္စည်းများကို နန်းတော်က ထောက်ပံ့ပေးထား၏။ သူက အရူးမဟုတ်ပေ။ သတ်မှတ်ထားသည် ပွင့်ချပ်ဖူးပွင့်ဆေးလုံး သန့်စင်ရန်အတွက် လိုအပ်သည့် ပါဝင်ပစ္စည်းကို သူသိသည်။ သူကပြောလိုက်သည်။

“ခုနစ်စင်ကြယ်ကျောင်းတော်ရဲ့အကြီးအကဲဆယ်ယောက်ကို ငါ့ဆီခေါ်လာခဲ့”

“နားလည်ပါပြီ”

“ပြီးတော့ ငရဲဂိုဏ်းရဲ့အခြေအနေက ဘယ်လိုလဲ” လျိုကုကမေးလိုက်၏။

လက်အောက်ငယ်သားက တုန်ယင်ကာပြောလိုက်၏။ "အရှင်မင်းကြီး ငရဲဂိုဏ်းက စီရင်စုကိုးခုကို ထိန်းချုပ်ပြီးပါပြီ။ ငရဲဂိုဏ်းက သူတို့တတ်စွမ်းသလောက် အံ့ဖွယ်မြို့တော်ကို ထိန်းချုပ်မှာ စိုးရိမ်မိပါတယ်”

ထိုစကားကိုကြားသောအခါ လျိုကုသည် ထရပ်လျက် ပြတင်းပေါက်အပြင်ဖက်ကိုကြည့်လိုက်၏။

“ကြည့်ရတာ ငါ မင်းကို လျှော့တွက်မိသလိုပဲ။ ဟုတ်ပြီလေ ... စာရင်းဟောင်းတွေ ရှင်းဖို့အချိန်ကျပြီ”

…

အခန်း (၅၇၈) အံ့ဖွယ်မြို့တော်

တော်ဝင်မြို့တော်အတွင်း တင်းကျပ်သည့် လေထုမျိုး ရှိနေသည်။ စီရင်စုကိုးခုလုံးက ငရဲဂိုဏ်း၏ ထိန်းချုပ်မှုအောက်သို့ ကျရောက်သွားလေပြီဖြစ်၏။

နန်းတော်အတွင်း ကုန်းကုန်းများနှင့် အစေခံမိန်းကလေးများက ထွက်ပြေးသွားကြသည်။ အတွင်းပိုင်းအစောင့်များက ဧကရာဇ်၏ ယုံကြည်ချက်သည် မည်သည့်နေရာမှ ရောက်လာမှန်း မသိပေ။ သို့သော်လည်း လွန်ခဲ့သည့် ၆လအတွင်း နန်းတော်ကို ပွင့်ချပ်ထွက်ဆေးလုံးများ ထောက်ပံ့ပေးထားသည့် ကျောင်းတော်နှစ်ခုကို ပြန်လည်စဉ်းစား ကြည့်လိုက်သည့်အခါ သူ့စိတ်ထဲ အတွေးတစ်ခု ပေါ်ထွက်လာ၏။

အရှင်က အစီအစဉ် ရှိနေတာများ ဖြစ်နေမလား..

အတွင်းပိုင်းအစောင့်က လက်လျားလက်လျား မလုပ်ရဲဘဲ အခန်းတွင်းမှ ထွက်လာလိုက်သည်။ သူက တော်ဝင်မြို့တော်မှ ထွက်လာပြီး ခုနှစ်စင်ကြယ် ကျောင်းတော်သို့ သွားလိုက်သည်။ ထို့နောက် သူက လျိုကော၏ အမိန့်မှာတမ်းကို ပေးအပ်ဖို့ ကောင်းကင်ရှေ့ဆောင်ကျောင်းတော်ဆီ သွားလိုက်သည်။ ကျောင်းတော်နှစ်ခုလုံးက တော်ဝင်မြို့တော်အနီးတွင် တည်ရှိလေသည်။ သူတို့က ဧကရာဇ်ဆီမှ ဆင့်ခေါ်မှုကို မည်သို့ လျစ်လျူရှုထားနိုင်မည်နည်း။

နေ့ခင်းဘက်တွင်

ခုနှစ်စင်ကြယ်ကျောင်းတော်နှင့် ကောင်းကင်ရှေ့ဆောင်ကျောင်းတော်တို့မှ အကြီးအကဲ အယောက်နှစ်ဆယ်ကို အစောင့်များဖြင့် ခေါ်ဆောင်လာပြီး တော်ဝင်မြို့တော်အတွင်း ဝင်ရောက်လာကြသည်။ ကုန်းကုန်းတချို့က သူတို့အား နေရာတချို့ ကျော်ဖြတ်သွားပြီး အမြဲစိမ်းနန်းဆောင်ဆီ ခေါ်ဆောင်သွားသည်။

ကုန်းကုန်းတစ်ယောက်က ပြောလိုက်၏။

“ဒီနေရာမှာ ရှိတဲ့အားလုံးက သူတို့ရဲ့သက်ဆိုင်ရာ ကျောင်းတော်မှာ ရှိတဲ့ ပင်မအဖွဲ့ဝင်တွေပါ။ အရှင်က ခင်ဗျားတို့အားလုံးနဲ့ အရေးကြီးတာ တစ်ခုခု ဆွေးနွေးဖို့ ရှိတာ ဖြစ်လိမ့်မယ်။ အရှင့်ရဲ့ဆန္ဒကို မဆန့်ကျင်ဖို့ ကျွန်တော်က သတိပေးချင်ပါတယ်။ အခုက ခြွင်းချက်အချိန်နဲ့ အခြေအနေတွေ ရှိတတ်ကြတယ်လေ။ ဒီလောက်ပဲ ကျွန်တော် ပြောပြနိုင်တယ်”

“ချန်းကုန်းကုန်း သတိပေးတာ ကျေးဇူးတင်ပါတယ်”

အကြီးအကဲ အယောက်နှစ်ဆယ်က ကုန်းကုန်းနောက်မှ အမြဲစိမ်းနန်းဆောင်အတွင်း ရောက်ရှိသွားသည်။ ခုနှစ်စင်ကြယ် ကျောင်းတော်မှ အကြီးအကဲဆယ်ဦးက ဘယ်ဘက်မှ ဝင်ရောက်စဉ် ကောင်းကင်ရှေ့ဆောင် ကျောင်းတော်မှ အကြီးအကဲများက ညာဘက်မှ ဝင်ရောက်ခဲ့သည်။ သူတို့ နန်းဆောင်အတွင်း ဝင်ရောက်လိုက်သည်နှင့် သူတို့အား စောင့်ဆိုင်းနေပြီး ပလ္လင်ပေါ်တွင် ထိုင်နေသည့် ဧကရာဇ်လျိုကောအား မြင်လိုက်ရသည်။

အကြီးအကဲ အယောက်နှစ်ဆယ်လုံးက တစ်ပြိုင်တည်း ဒူးထောက်လိုက်ကြသည်။

“အရှင်.. ကျန်းမာဘုန်းကြီးပါစေ”

လျိုကောက အချိန်အတော်ကြာ သီးသန့်လေ့ကျင့်နေခဲ့သည့်အတွက် ထိုသို့လောကဝတ်မျိုးအပေါ် တင်းကျပ်မှု မရှိတော့ချေ။ သူက ထရပ်ကာ လှေခါးမှ ဆင်းလာပြီး ပြောလိုက်သည်။

“ထကြပါ”

“အရှင့်ကို ကျေးဇူးတင်ပါတယ်”

လူနှစ်ဆယ်လုံးက ထရပ်လိုက်ကြသည်။ လျိုကောက အကြီးအကဲများဆီ လျှောက်လာပြီးနောက် လှည့်ကာ တခြားတစ်ဖက်ဆီ ဦးတည်လိုက်သည်။ သူက သူတို့အား စိုက်ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်ကာ မေးလိုက်၏။

“ငါကိုယ်တော် ဘာလို့ မင်းတို့ကို ဆင့်ခေါ်လိုက်တာလဲဆိုတာ သိလား”

အကြီးအကဲ အယောက်နှစ်ဆယ်လုံးက ခေါင်းခါလိုက်ကြသည်။

လျိုကောက ရှင်းရှင်းလင်းလင်းအသံဖြင့် ပြောလိုက်သည်။

“ဒီကျယ်ပြောလှတဲ့ ကောင်းကင်အောက်မှာ အံ့ဖွယ်မြို့တော်ကို မကြောက်တဲ့ ကျင့်ကြံသူလို့ မရှိဘူး။ အဲဒါက အံ့ဖွယ်မြို့တော်တစ်ခုလုံးက အဆုံးသတ်ဆယ်ပါး အစီအရင်ရဲ့ကာကွယ်မှုအောက်မှာ ရှိနေလို့ပဲ။ မိစ္ဆာလမ်းစဉ်ရဲ့ ပုန်ကန်ရေးတပ်တွေက အရှုပ်အထွေးတွေ လုပ်နေတယ်။ အဲဒါကြောင့် ဒီအဆုံးသတ်ဆယ်ပါး အစီအရင်ကို အသက်သွင်းဖို့ တာဝန်က မင်းတို့ဆီမှာ ရှိတယ်။ မင်းတို့အားလုံး မပါဘဲ အဆုံးသတ်ဆယ်ပါး အစီအရင်က အဓိပ္ပာယ်မရှိဘူး။ ငါ မင်းတို့ရဲ့ ဘေးကင်းမှုကို အာမခံပေးမယ်”

“အရှင် ဒီကိစ္စက တော်ဝင်ညီလာခံမှာ ဆွေးနွေးသင့်ပါတယ်။ အံ့ဖွယ်မြို့တော်ထဲမှာ တော်ဝင်အစောင့်တွေ စောင့်ကြပ်ပေးနေတဲ့ ပညာရှင်အများကြီး ရှိပါတယ်။ သာမန်အခြေအနေအောက်မှာ အဆုံးသတ်ဆယ်ပါးအစီအရင် အသက်သွင်းဖို့ မလိုအပ်ပါဘူး” ဘယ်ဘက်မှ ပထမဆုံးအကြီးအကဲက ပြောလိုက်သည်။

လျိုကောက ထိုအကြီးအကဲအား ကြည့်ကာ

“မင်းက အစီအရင်ကို အသက်သွင်းဖို့ မလိုဘူးလို့ ထင်နေတာလား”

“ကျွန်တော်က.. တော်ဝင်အစောင့်တွေရဲ့ စွမ်းရည်ပေါ်မှာ ယုံကြည်ရုံပါ”

“တကယ်လို့ တော်ဝင်အစောင့်သာ အားကောင်းနေမယ် ဆိုရင် စစ်သူကြီးရှစ်ယောက်ထဲမှာ နှစ်ယောက်တည်းပဲ အသက်ရှင်စရာ အကြောင်းရှိပါ့မလား”

လျိုကောက မေးလိုက်သည်။

“အာ…”

လျိုကောက လက်ဖြန့်ကာ ပြောလိုက်သည်။

“ငါ မင်းတို့ကို ဆင့်ခေါ်တာက မင်းတို့ရဲ့ အကြံဉာဏ်ကို တောင်းဖို့ မဟုတ်ဘူး”

ရွှတ်..

စားပွဲပေါ်မှ စုတ်တံတစ်ချောင်းက အနီရောင်အလင်း လင်းလက်လာပြီးနောက် ပျံထွက်သွားကာ ပထမအကြီးအကဲ၏ လည်ပင်းအား လှီးဖြတ်ပစ်လိုက်သည်။ သူက ပြန်လည်တိုက်ခိုက်ဖို့ အခွင့်အရေးပင် မရလိုက်ပေ။

အကြီးအကဲ သေဆုံးသွားသောကြောင့် တခြားအကြီးအကဲများ၏ အမူအရာကလည်း ချက်ချင်းဆိုသလို ပြောင်းလဲသွားကြသည်။ သူတို့က စိတ်ထဲတွင် တုန်ယင်နေပြီး ကျဆုံးသွားသည့် သူတို့၏အပေါင်းအပါအား ကြည့်လိုက်၏။

“ဘယ်သူ မေးစရာ ရှိသေးလဲ”

လျိုကောက ကျန်ရှိနေသေးသည့် အကြီးအကဲ ဆယ့်ကိုးယောက်အား ကြည့်လိုက်သည်။ အမြဲစိမ်းနန်းဆောင်သည် သုသာန်တစပြင်အလား တိတ်ဆိတ်နေလေ၏။ လေထုက အသက်ရှုဖို့ပင် ခက်ခဲလာသည်အထိ ဖိအားများလာသည်။

“မင်းတို့က ငါ့အမှုထမ်းတွေ ဒါပေမဲ့ မင်းတို့က ပုန်ကန်ရေးဘက်ကနေ နေချင်တာလား”

လျိုကောက အေးစက်စက် ပြောလိုက်သည်။ ဤစွပ်စွဲချက်က တခြားသူများအား ဒူးထောက်စေလောက်အောင်အထိ ကြောက်ရွံ့သွားလောက်အောင် ပြင်းထန်လှသည်။

“ကျွန်တော်တို့ မလုပ်ရဲပါဘူး”

လျိုကောက ဒူးထောက်နေသည့် အကြီးအကဲများအား ကြည့်ကာ ရှေ့တိုးလာသည်။ သူက ပြောလိုက်၏။

“အဲဒါက မိစ္ဆာဝေဟင်မျှော်နန်းမှာ ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူ ရှိနေလို့မလား”

တခြားသူများက တုန်ယင်သွားကြသည်။ သူတို့က ဘာမှမပြောရဲကြပေ။ လျိုကောက လက်ကို ဖြန့်လိုက်သည့်အခါ ထူးခြားသည့် စွမ်းအင်တချို့ ရိုက်ခတ်မှု ပေါ်ထွက်လာ၏။ ထိုစဉ် သူ့ရှေ့တွင် စိတ်ဝိညာဉ်သဏ္ဌာန်အသေးစားလေး ပေါ်ထွက်လာသည်။ စိတ်ဝိညာဉ်သဏ္ဌာန်အောက်တွင် လှည့်ပတ်နေသည့် ရွှေရောင်ပွင့်ချပ် ရှစ်ခုကိုပင် မြင်ရသည်။

အကြီးအကဲ ဆယ့်ကိုးယောက်လုံးက ထိုလျိုကော၏ စိတ်ဝိညာဉ်သဏ္ဌာန်ကို မြင်လိုက်ရသည့်အခါ တအံ့တဩ အမူအရာ ဖြစ်သွားကြ၏။ ပွင့်ချပ်အရေအတွက်က သိသာနေသည်။

တော်ဝင်မြို့တော်၏ အရှင်သခင် ဧကရာဇ်တစ်ဖြစ်လဲ တာ့ယန်၏ အာဏာအရှိဆုံး ပုဂ္ဂိုလ်အနေဖြင့် လျိုကောက ရွှေကြာဖြတ်တောက်ပြီးသည့်နောက်တွင် ပွင့်ချပ်ရှစ်လွှာအဆင့်သို့ အောင်အောင်မြင်မြင် ပြန်လည် ကျင့်ကြံနိုင်ခဲ့ပြီဖြစ်၏။

ဤသည်က အံ့မခန်း အမြန်နှုန်းဖြစ်ပေသည်။ လျိုကောက လက်ကို ပြန်လည်ရုပ်သိမ်းလိုက်သည့်အခါ သူ့စိတ်ဝိညာဉ် သဏ္ဌာန်က ပျောက်ကွယ်သွားသည်။ သူက ခြိမ်းခြောက်နိုင်သည့် သက်ရောက်မှုနှင့် ပတ်သက်ပြီး ကျေနပ်နေ၏။ သူက စကားပြောဖို့ရန် ကြောက်လန့်နေပြီး တုန်လှုပ်နေသည့် အကြီးအကဲများအား ကြည့်ကာ ပြောလိုက်သည်။

“သိပ်မကြာခင် ငါက ပွင့်ချပ်ကိုးလွှာအဆင့်ကို‌ ရောက်တော့မှာ”

အကြီးအကဲများက ပြိုင်တူ ပြောလာကြသည်။

“အရှင်မင်းကြီး ဘုန်းကြီးလို့ အသက်ရှည်ပါစေ”

“အရှင်မင်းကြီး ဘုန်းကြီးလို့ အသက်ရှည်ပါစေ”

“အရှင်မင်းကြီး ဘုန်းကြီးလို့ အသက်ရှည်ပါစေ”

သူတို့က သုံးကြမ်တိုင်တိုင် ရေရွတ်လိုက်ကြသည်။

လျိုကောက ရယ်မောလိုက်သော်လည်း ထိုအသံက နားထဲတွင် ခြိမ်းခြောက်မှု သဖွယ် ဖြစ်နေလေ၏။ ကြည့်ရသည်မှာ တစ်ကိုယ်တော် ကျင့်ကြံမှု များပြားသွားသည့်အတွက် သူ့အကျင့်စရိုက်သည်လည်း အနည်းငယ် ပြောင်းလဲသွားဟန် ပေါ်သည်။

“အစောင့်တွေ..”

ဝှစ်.. ဝှစ် ဝှစ်..

တော်ဝင်အစောင့်များက အမြဲစိမ်းနန်းဆောင် အပြင်ဘက်တွင် စုဝေးလာကြသည်။ လျိုကောက အမိန့်ပေးလိုက်၏။

“အကြီးအကဲတွေကို သေချာခေါ်သွား.. သူတို့ကို ဘေးကင်းအောင်ထား.. ထွက်သွားခွင့် မရှိဘူး”

“နားလည်ပါပြီ”

……….

သုံးရက်ကြာမြင့်ပြီးသည့်နောက်

အရှေ့ဘက်မှ နေမင်းကြီး ထွက်ပေါ်လာသည်။ မြစ်အထက်တွင် သိပ်သည်းသည့် မြူများက အုံ့ဆိုင်းနေလေ၏။ နေရောင်က ထိုမြူကို ထိုးဖောက်လာသည့်အခါ ပိတ်ကျဲလာဖြင့် ကာထားသည့်အလား လူသဏ္ဌာန်ကို မြင်လိုက်ရသည်။

ထိုလူစုလူဝေး အပြင်ဘက်တွင် နှင်းများဖြင့် ဖုံးလွှမ်းနေသည့် သစ်ပင်ကြီးများစွာ ရှိ၏။

တောအုပ်၏ တစ်နေရာတွင် ရထားလုံးများ အတန်းလိုက်က အံ့ဖွယ်မြို့တော်ဆီ ချီတက်နေကြ၏။

တော၏ အပေါ်ဘက်တွင် ဖြည်းဖြည်းချင်း ပျံသန်းနေသည့် အနက်ရောင် ရထားလုံးပျံကို မြင်တွေ့နိုင်သည်။ ထိုရထားလုံးပျံပေါ်တွင် ကျင့်ကြံသူများနှင့် ပြည့်နှက်နေလေ၏။ ကျင့်ကြံသူ အယောက်တစ်ထောင်ကျော် ရှိလေသည်။ ရထားလုံးပေါ်တွင် ယွီကျန့်ဟိုင်က အောက်ရှိ ကုန်းမြေများကို ကြည့်ရင်း ရှေ့ဆုံးမှ ထိုင်နေသည်။

နေမင်း ထွက်ပေါ်လာသည့်အခါ မြူများက လျော့ပါးသွားသည်။ သိပ်မကြာခင် အံ့ဖွယ်မြို့တော်က ယွီကျန့်ဟိုင်၏ မြင်ကွင်းအတွင်း ပေါ်ထွက်လာသည်။

ထိုစဉ် ဟွာချုံးယန်က ငရဲဂိုဏ်း၏ အခြေအနေအား ယွီကျန့်ဟိုင်ဆီ လာရောက်တင်ပြ၏။

“ဂိုဏ်းချုပ် အရှေ့ဘက်ကနေ အံ့ဖွယ်မြို့တော်ဆီ ချီတက်နေတဲ့ အယောက်နှစ်သိန်း ရှိတယ်။ သူတို့ကို အဖွဲ့ခွဲခေါင်းဆောင် နင်ကျင်းရွေ့၊ ချင်းဟူ၊ မုန့်ကြွယ်ရှန့်နဲ့ ကုန်ဖုန်းတို့က ဦးဆောင်နေတယ်။ တောင်ဘက်အခြမ်းမှာ အဖွဲ့ခွဲခေါင်းဆောင် ရွမ်ကျဲ၊ လုယွင်၊ ထန်းချွမ်နဲ့ ဖုန်းဝမ်ကျဲတို့က အယောက်နှစ်သိန်းကို ဦးဆောင်လာတယ်။ မြောက်ဘက်အခြမ်းမှာ အဖွဲ့ခွဲခေါင်းဆောင် ရှစ်ဟိုင်ချန်း၊ ထန်ကျီကျွမ်း၊ ထောင်ယောင်နဲ့ ခယ့်ကျင်းဟောင်တို့က အယောက်ရေ တစ်သောင်းခွဲကို ဦးဆောင်လာတယ်။ အရှေ့ဘက်မှာတော့ ဂိုဏ်းချုပ်နဲ့ သတ္တမမြောက် သခင်လေး ဦးဆောင်နေတဲ့ အယောက်တစ်သောင်းခွဲ ပါရှိပါတယ်”

ထိုတင်ပြချက်ကို နားထောင်ပြီးသည့်နောက်တွင် ယွီကျန့်ဟိုင်က ခေါင်းညိတ်လိုက်၏။

“ကောင်းပြီ”

“ဂိုဏ်းချုပ် ကျွန်တော်တို့ အံ့ဖွယ်မြို့တော်ကို တိုက်ခိုက်တဲ့အခါ ကြားနေကျင့်ကြံသူတွေကို ဘယ်လိုလုပ်ရမလဲ” ဟွာချုံးယန်က မေးလိုက်သည်။

အံ့ဖွယ်မြို့တော်အတွင်း ကျင့်ကြံသူများစွာ ရှိလေသည်။ ထိုနေရာတွင် ပုန်းအောင်းနေသည့် နဂါးများ၊ ကျားများ ရှိလေသည်။ ကုန်းမြေအနှံ့မှ ပါရမီထူးကဲသည့် ကျင့်ကြံသူများလည်း စုဝေးနေကြသည်။ ထိုကြားနေကျင့်ကြံသူများက မည်သည့်ဘက်ကို ရွေးချယ်မည်ဟု မည်သူမျှ မပြောနိုင်ကြပေ။ သူတို့က သတိပေးခြင်းမရှိဘဲ ငရဲဂိုဏ်းကို နောက်ကျောမှ ဓားနှင့် ထိုးလျှင် မည်သို့ လုပ်ရမည်နည်း။ သူတို့က ကြားနေအခြေအနေအတိုင်း တည်ရှိနေနိုင်သလို ငရဲဂိုဏ်းနှင့်အတူ အံ့ဖွယ်မြို့တော်ကို တိုက်ခိုက်တာလည်း ဖြစ်နိုင်သည်။

ယွီကျန့်ဟိုင်က ပြောလိုက်သည်။

“သူတို့ကို ထွက်ပြေးဖို့ ပြောလိုက်... သူတို့ဆီမှာ အချိန်နှစ်နာရီရမယ်။ အံ့ဖွယ်မြို့တော်အတွင်း ကျန်ရှိနေတဲ့သူ အားလုံးကို ရန်သူအဖြစ် သတ်မှတ်ခံရမယ်။ တော်ဝင်မြို့တော်အတွင်းက လူအားလုံးက ငါတို့ရဲ့ရန်သူပဲ”

“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်”

ဝှစ် ဝှစ် ဝှစ်…

ငရဲဂိုဏ်းသားများက အားပါးတရ ချီတက်လာကြသည်။

…

အံ့ဖွယ်မြို့တော်

မြို့တံတိုင်းပေါ်

အံ့ဖွယ်မြို့တော်ကို ကာကွယ်စောင့်ကြပ်နေသည့် စစ်သားမျာက ငရဲဂိုဏ်း ချီတက်လာသည်ကို မြင်လိုက်ရသည့်အခါ ဦးချိုများကို မှုတ်ကာ အချက်ပေးလိုက်သည်။ ထိုသတိပေးချက် ထွက်ပေါ်လာသည်နှင့် မီးခိုးတိမ်တိုက်များက မြို့တံတိုင်းပေါ်မှ အင်အားစုရှိကြောင်း ပြသနေသည်။

အဖန်ရည်ဆိုင်အတွင်း၊ ကြာပန်းနီအိမ်အတွင်း ရှိနေသည့် ကျင့်ကြံသူများက သူတို့ လုပ်လက်စကို ရပ်တန့်လိုက်ကြသည်။ အကြောင်းမှာ ထိုအချက်ပေးသံက ကနဦးချီပါဝင်နေသည့်အတွက် ပျံ့နှံ့လာသောကြောင့် ဖြစ်သည်။

ထိုအချက်ပေးသံက အသံလှိုင်းများအဖြစ် ပျံ့နှံ့သွားပြီး အံ့ဖွယ်မြို့တော်မှ လူအားလုံးအား ငရဲဂိုဏ်း ရောက်ရှိလာကြောင်း အသိပေးနေသည်။

အံ့ဖွယ်မြို့တော်အတွင်း ချက်ချင်းဆိုသလို ရုတ်ရုတ်သည်းသည်း ဖြစ်သွားလေသည်။

အဆင့်မြင့် ကျင့်ကြံသူများက အံ့ဖွယ်မြို့တော်အတွင်း မပျံသန်းရ စည်းမျဉ်းအား လျစ်လျူရှုကာ သူတို့၏ ဓားများဖြင့် ပျံသန်းပြီး မြို့မှ ထွက်ခွာသွားကြသည်။

…

ငရဲဂိုဏ်း၏ ရထားလုံးပျံက အံ့ဖွယ်မြို့တော် ဂိတ်ပေါက် အပြင်ဘက်တွင် ရစ်ဝဲနေသည်။ ထိုအရာက လေထုအတွင်း မီတာတစ်ထောင်အမြင့်တွင် တည်ရှိနေ၏။

ထိုစဉ် အရာအားလုံးက တိတ်ဆိတ်နေသည်။ အံ့ဖွယ်မြို့တော်နှင့် ဆယ်မိုင်ပတ်လည်အတွင်း သတ်ဖြတ်ငွေ့များဖြင့် ပြည့်နှက်နေလေ၏။

ငရဲဂိုဏ်း၏ အလံက လေထဲတွင် တလူလူ လွင့်နေသည်။

နှစ်နာရီ ကြာမြင့်ပြီးသည့်နောက်..

အံ့ဖွယ်မြို့တော်အတွင်း အရှေ့ဘက်ဂိတ် မီတာတစ်ထောင် အကွာတွင် ငရဲဂိုဏ်း၏ ရထားလုံးပျံမှ ပွင့်ချပ်ခုနှစ်လွှာ စိတ်ဝိညာဉ်သဏ္ဌာန် တစ်ခု ထွက်ပေါ်လာသည်။ ထိုစိတ်ဝိညာဉ်သဏ္ဌာန်၏ အောက်ခြေတွင် ပွင့်ချပ်ခုနှစ်လွှာ ရွှေကြာ ရှိထားပြီး ပေကိုးဆယ် မြင့်မား၏။

ဝုန်း..

ထိုစဉ် မြို့တံတိုင်းပေါ် လက်ဝါးစည်းတံဆိပ်များစွာ ကျရောက်လာသည်။

ဤသည်က အံ့ဖွယ်မြို့တော်၏ တိုက်ပွဲကို စတင်လိုက်သည့် လက္ခဏာ ဖြစ်၏။

…

အခန်း (၅၇၉) ဒါက တန်ကြေးပဲ

ထိုစဉ် အံ့ဖွယ်မြို့တော်၏ တောင်ဘက်၊ မြောက်ဘက်နှင့် အနောက်ဘက်ဂိတ်ရှိ ငရဲဂိုဏ်း၏အင်အားစုများက စတင်တိုက်ခိုက်ကြတော့၏။

ဖုန်း ဖုန်း ဖုန်း

အရှေ့ဘက်ဂိတ်အထက် ကောင်းကင်ထဲတွင်ဖြစ်သည်။

ဟွားချုံးယန်က လေထဲပျံဝဲလျက် မြို့ထဲလေ့လာလိုက်သည်။ ရုတ်တရက် သူသည် သူ့ဆီသို့ ပစ်ခွင်းလာသော မိုးဓားလက်နက်ကြီး ရာချီကို မြင်လိုက်ရ၏။

“ဖြိုခွင်းမယ်” ဟွားချုံးယန်သည် သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆင့်ခေါ်ပြီးနောက် လည်ပတ်လိုက်သည်။ ပြင်းထန်သည့် စွမ်းအင်လေတို့ကို ထုတ်ဖော်လျက် မိုးဓားလက်နက်များကို ဖယ်ရှားလိုက်သည်။

လက်နက်များချက်ချင်း ဖျက်ဆီးခံလိုက်ရပြီးနောက် အမြှောက်ဆံအစအနများက မြေပြင်ပေါ်ပြုတ်ကျလာ၏။

မြေပြင်ပေါ်ရှိ ငရဲဂိုဏ်းသားများသည် မြို့ကို လျင်မြန်စွာတိုက်ခိုက်နေသည်။

ရုတ်တရက်တွင် အရှေ့ဖက်မြို့ရိုးပေါ်မှ လေးကိုင်ဆောင်ထားသည့် ကျင့်ကြံသူငါးယောက် ပေါ်ထွက်လာ၏။ သူတို့က လေးကြိုးကိုဆွဲလျက် မြေပြင်ပေါ်ရှိ ငရဲဂိုဏ်းသားများကို ပစ်တော့သည်။

ဝှစ် ဝှစ်

ပစ်ထည့်လိုက်သည့် မြားတိုင်းက ငရဲဂိုဏ်းသားများကို ရှင်းထုတ်လိုက်တော့၏။

လေးသည်တော်ငါးဦးက ဆက်လက်ပစ်ခတ်နေ၏။ သူတို့သည် ငရဲဂိုဏ်း၏တပည့်များ တစ်ဒါဇင်ခန့်၏အသက်ကို နုတ်လိုက်ပြီဖြစ်သည်။

ရထားလုံးပျံပေါ်၌ ယွီကျန့်ဟိုင်သည် ၎င်းကိုမြင်သောအခါ မျက်မှောင်အနည်းငယ် ကျုံ့သွား၏။

“နတ်လေးသျှင်တွေလား”

ခံစစ်တိုက်ပွဲတွင် နတ်လေးသျှင်၏ အားသာချက်က ကြီးမားသည်။

စီးဝူယာ့က ပြုံးပြီး ပြောလိုက်၏။

“သူတို့ရဲ့နတ်လေးသျှင်တွေကို အခုလွှတ်နေပြီ။ ကြည့်ရတာ အံ့ဖွယ်မြို့တော်က ခုခံရေးယန္တရားတွေ ကောင်းကောင်း မတပ်ဆင်ထားတဲ့ပုံပဲ”

“မင်းပြောတာ အဓိကကျတယ် ရှစ်တိ”

ယွီကျန့်ဟိုင်က မျက်မှောင်အနည်းငယ်ကျုံ့လျက် မြေပြင်ပေါ်လဲကျသွားသော သူ၏ဂိုဏ်းသားများကို တစ်ချက် လှည့်ကြည့်လိုက်သည်။ ၎င်းက စစ်ပွဲပဲဖြစ်သည်။ သေကြေပျက်စီးမှု မရှိဖို့က မဖြစ်နိုင်ပေ။ ယင်းက သူတို့ပေးဆပ်ရမည့်တန်ကြေးပဲဖြစ်သည်။ သေသူအတွက် ပူဆွေးနေသောကြောင့် တိုက်ခိုက်ရမည့်အစား ယခုရပ်တန့်လိုက်မည်ဆိုပါက သေဆုံးသွားသူများအတွက် အကြီးမားဆုံးစော်ကားချက်ဖြစ်သည်။ ယခု သူကိုယ်တို င်အံ့ဖွယ်မြို့တော်ကို ဖြေရှင်းကာ လူတိုင်းကြိုးပန်းနေသည့် ပန်းတိုင်ကိုရရှိအောင် ကြိုးစားတာပဲဖြစ်သည်။

“သူတို့ကို ကျွန်တော်ဖြေရှင်းလိုက်မယ်” စီးဝူယာ့က လေထဲခုန်တက်လိုက်၏။ သူ၏ဒေါင်းမြီးယပ်တောင်က တောက်ပသောအလင်းတို့ဖြင့် တလက်လက် တောက်ပသွားတော့သည်။

တောင်ပံဖြန့်ခြင်း

ဒေါင်းမြီးယပ်သည် သူ့နောက်ကျောသို့ရောက်သွားချိန်၌ စီးဝူယာ့က လက်ဖြန့်လိုက်၏။ ‌ရွှေရောင်တောင်ပံတစ်စုံသည် သူ့နောက်ကျောမှ တစ်ပြိုင်နက်တည်း ပေါ်ထွက်လာ၏။ သူက စုန်ဆင်းကာ မြို့ရိုးဆီသို့ပျံသန်းသွားတော့သည်။

“ဂရုစိုက် သတ္တမသခင်လေး” ဟွားချုံးယန်က မော့ကြည့်ပြီး သတိပေးလိုက်၏။

“စိတ်မပူနဲ့”

ရွှေရောင်နတ်လေးသျှင်ငါးဦးသည် သူတို့ဆီစုန်ဆင်းလာသော ဧရာမတောင်ပံတစ်စုံကို မြင်သောအခါ မျက်လုံးပြူးသွားလေ၏။ သူတို့၏လေးများကို အမြန်ဖယ်ကာဆင်းသက်လိုက်သည်။

“နောက်ဆုတ်”

မြို့စောင့်တပ်သား တစ်ဒါဇင်ခန့်က နတ်လေးသျှင်များကို ကာကွယ်ပေးနေပြီး သူတို့နောက်ဆုတ်သွားကြသည်။

စီးဝူယာ့က ပြုံးပြီးပြောလိုက်၏။ “စိတ်ဝိညာဉ်သဏ္ဌာန်”

သူ၏ ပွင့်ချပ်ခြောက်လွှာစိတ်ဝိညာဉ်သဏ္ဌာန်က လျင်မြန်စွာပြန့်ကားသွားတော့၏။ သူ၏ ဒေါင်းမြီးယပ်သည် ယခုအချိန်၌ စွမ်းအင်မြားများဖြင့်အသွင်ပြောင်းပြီးနောက် သူ၏ပစ်မှတ် ငါးခုဆီသို့ ပစ်ခတ်လိုက်သည်။

“ဒါကိုပိတ်ဆို့လိုက်”

စွမ်းအင်အသံက အင်မတန်စူး၏။

ဘန်း ဘန်း ဘန်း

စွမ်းအင်အပ်များသည် ဆောင်းရာသီကာလရှိ ရွှေရောင်ရေခဲပန်းဆွဲများနှင့်တူသည်။ သူတို့က စစ်သည်များ၏ ရင်ဘတ်ကိုထိုးဖောက်သွား၏။

ရုတ်တရက်လေထဲ ပေါက်ကွဲသံကြီးတစ်သံပေါ်ထွက်လာသည်။

စွမ်းအင်အပ်များက နတ်လေးသျှင်များကို ထိမှန်သွားသည်။

နတ်လေးသျှင်များသည် သူတို့၏သွေးထွက်နေသော ရင်ဘတ်ကိုမယုံနိုင်စရာကြည့်လိုက်၏။ များမကြာမီ၌ သူတို့မြေပြင်ပေါ်လဲကျသွားသည်။ သူတို့မျက်လုံးများသည် မြို့ရိုးကိုကြည့်နေစဉ် ထိတ်လန့်မှုများပြည့်နေ၏။

စွမ်းအင်အပ်များသည် သူတို့ရင်ဘတ်ကိုသေသေသပ်သပ်ထိုးဖောက်သွားပြီး မြို့ရိုးပေါ် ထိုးစိုက်သွားကာ လေထဲ၌ ဖြည်းဖြည်းချင်းပျောက်ကွယ်သွားလေ၏။

ထောက်

သူတို့လဲကျသွားစဉ် သူတို့၏ ကျန်သည့်ရဲဘော်များကလည်း တူညီသည့်နည်းစနစ်အတိုင်း ပြိုလဲသွားသောသားကောင်များ ဖြစ်ကုန်မှန်း မြင်လိုက်ရ၏။

“တင်း ... ပစ်မှတ်တစ်ယောက်သတ်ပြီးပါပြီ။ ဆုလာဘ်ကုသိုလ်မှတ်တစ်ရာ”

“တင်း ... ပစ်မှတ်တစ်ယောက်သတ်ပြီးပါပြီ။ ဆုလာဘ်ကုသိုလ်မှတ်တစ်ရာ”

“တင်း ... ပစ်မှတ်တစ်ယောက်သတ်ပြီးပါပြီ။ ဆုလာဘ်ကုသိုလ်မှတ်တစ်ရာ”

“တင်း ... ပစ်မှတ်တစ်ယောက်သတ်ပြီးပါပြီ။ ဆုလာဘ်ကုသိုလ်မှတ်တစ်ရာ”

“တင်း ... ပစ်မှတ်တစ်ယောက်သတ်ပြီးပါပြီ။ ဆုလာဘ်ကုသိုလ်မှတ်တစ်ရာ”

“...” လုကျိုးက မျက်လုံးဖွင့်လိုက်၏။ သူသည် ကောင်းကင်ကျမ်းစာစာလိပ် ဆင်ခြင်သုံးသပ်တာကို ရပ်တန့်ပြီးနောက် အရှေ့ဖက်မျှော်နန်းအပြင်ဖက်သို့လျှောက်သွားလိုက်သည်။ “ဟွားယွဲ့ရှင်း”

ဟွားယွဲ့ရှင်းက အနောက်ဖက်မျှော်နန်းထဲတွင် ကျင့်ကြံနေတာဖြစ်သည်။ သူမသည် လုကျိုးခေါ်တာကို ကြားသောအခါ ကျင့်ကြံနေတာကို ချက်ချင်းရပ်တန့်ပြီး အရှေ့ဖက်မျှော်နန်းဆီသို့ ပျံသန်းသွား၏။

“နှုတ်ခွန်းဆက်ပါတယ် မျှော်နန်းသခင်” ဟွားယွဲ့ရှင်းက အရိုအသေပေးကာပြောလိုက်၏။

“အခု မင်းရဲ့ကျင့်ကြံဆင့်ဘာလဲ”

ဟွားယွဲ့ရှင်း၏မျက်နှာပေါ်တွင် နောင်တရနေသည့်အမူအရာ ပေါ်လာသည်။ “ကျွန်မ ပွင့်ချပ်နှစ်လွှာအဆင့်ထိ ကျင့်ကြံပြီးပါပြီ”

လုကျိုးက လက်ဖဝါးဖြန့်လိုက်၏။ သူ၏လက်ဖဝါးပေါ်၌ ရွှေရောင်ထိုက်ကျိကြေးမုံပေါ်လာသည်။ ၎င်းက ကနဦးချီတစ်ခုသည် ရွှေရောင်ထိုက်ကျိကြေးမုံရှေ့၌ ပေါ်လာ၏။ ပြီးနောက် သူသည် ၎င်းကို ဟွားယွဲ့ရှင်းဆီညွှန်လိုက်၏။ သူမစိတ်ဝိညာဉ်သဏ္ဌာန်က ချက်ချင်းပေါ်လာသည်။ သူမပြောသည့်အတိုင်း ၎င်း၌ ပွင့်ချပ်နှစ်လွှာရှိသည်။

“မဆိုးဘူးပဲ” လုကျိုးကခေါင်းညိတ်လိုက် စိတ်တိုင်းကျသွားတော့သည်။

“ဘာကိုဆိုလိုတာပါလဲ မျှော်နန်းသခင်”

“အံ့ဖွယ်မြို့တော်ဆီသွား ... မင်းရဲ့ဘေးကင်းရေးကို ဂရုစိုက်” လုကျိုးက တည်ငြိမ်စွာပြောလိုက်၏။

“ဟုတ်ကဲ့ မျှော်နန်းသခင်” ဟွားယွဲ့ရှင်းက ပြန်ပြောလိုက်၏။

ဟွားယွဲ့ရှင်းမသွားရသေးခင် ဟွားဝူတောက်က အရှေ့ဖက်မျှော်နန်းဆီလျှောက်လာလျက် အရိုအသေပေးကာပြောလိုက်သည်။

"မျှော်နန်းသခင် ... ကျွန်တော် ယွဲ့ရှင်းနဲ့အတူ အံ့ဖွယ်မြို့တော်ဆီ သွားချင်ပါတယ်”

လုကျိုးသည် ဟွားဝူတောက်ကို ချက်ချင်းသဘောမတူခဲ့ပေ။ ထိုအစားသူ့ကို ရွှေရောင်ထိုက်ကျိကြေးမုံဖြင့် ချိန်ရွယ်လိုက်သည်။ ဟွားဝူတောက်၏စိတ်ဝိညာဉ်သဏ္ဌာန်က ထိုက်ကျိကြေးမုံထဲတွင်ပေါ်လာသည်။ ပွင့်ချပ်လေးလွှာ .... စဉ်းစားပြီးနောက် သူကပြောလိုက်၏။

“ဟွားဝူတောက်”

“အမိန့်ရှိပါ မျှော်နန်းသခင်”

“မင်း ဟွားယွဲ့ရှင်းကို ကာကွယ်ရမယ်။ အံ့ဖွယ်မြို့တော် တိုက်ပွဲမှာ မင်းတို့အသက်ကို ကာကွယ်ဖို့ဦးစားပေးရမယ်။ မှတ်ထား”

“ဟုတ်ကဲ့ပါ မျှော်နန်းသခင်” ဟွားဝူတောက်နှင့် ဟွားယွဲ့ရှင်းတို့က တညီတညွတ်တည်း အရိုအသေပေးပြီးနောက် တောင်အောက်သို့ဆင်းရန် လှည့်ထွက်သွားတော့သည်။

လုကျိုးက ခေါင်းခါလျက် ကျိန်ဆဲလိုက်၏။ “ငမိုက်သား”

မကြာမီ၌ ကျန်သည့်အကြီးအကဲများသည် အရှေ့ဖက်မျှော်နန်းအပြင်ဖက်တွင်ပေါ်လာသည်။

လုကျိုးက ကျန်သည့်အကြီးအကဲသုံးယောက်ကို လှည့်ကြည့်ပြီးမေးလိုက်၏။ “မင်းတို့သွားချင်လား”

ကျော့ယွီရှုက အရိုအသေပေးကာပြောလိုက်၏။

“ကျွန်မကို အလိုရှိမယ်ဆိုရင် အစ်ကိုကျိ ... ကျွန်မ သွားပါမယ်”

လုကျိုးက ခေါင်းခါလျက် ပြောလိုက်သည်။

“အံ့ဖွယ်မြို့တော်မှာ အဆုံးသတ်ဆယ်ပါးအစီအရင်ရှိတယ်။ ငါတောင် အဲ့တာကိုဖြိုခွဲနိုင်လိမ့်မယ်လို့ယုံကြည်ချက်မရှိဘူး။ မင်းတို့သွားရင် သေတွင်းထဲပဲရောက်လိမ့်မယ်။ ဟွားယွဲ့ရှင်းက နတ်လေးသျှင်တစ်ယောက် သူ့မှာလော့ယွဲ့လေးကိုင်းရှိတယ်။ အံ့ဖွယ်မြို့တော်အပြင်ဖက်မှာ သူက အကူအညီဖြစ်လိမ့်မယ်။ ဟွားဝူတောက် ခုခံတဲ့နေရာမှာကျွမ်းတယ်။ သူက ဟွားယွဲ့ရှင်းကို ကာကွယ်နိုင်တယ်။ သူတို့နှစ်ယောက်အတူပူးပေါင်းဆောင်ရွက်မယ်ဆိုရင် သူတို့တွေက လူအယောက်တစ်ထောင်တပ်ဖွဲ့တစ်ဖွဲ့ကို ရင်ဆိုင်နိုင်လိမ့်မယ်”

အကြီးအကဲသုံးယောက်က ခေါင်းညိတ်လိုက်လေ၏။ သူတို့က အရိုးအိုအိတ်ကြီးများသာဖြစ်သည်။ ထိုနေရာ၌ အဆုံးသတ်ဆယ်ပါးအစီအရင်မရှိလျှင် သူတို့၏အစွမ်းအစကိုပြသနိုင်လောက်သည်။ အဆုံးသတ်ဆယ်ပါးအစီအရင်ရှိနေလေရာ သူတို့သုံးယောက်သည် အံ့ဖွယ်မြို့တော်ထဲ၌ ခန္ဓာတည်ဖွဲ့ခြင်းနယ်ပယ်တွင်ရှိသော လူငယ်များကို အနိုင်ယူနိုင်မည်မဟုတ်ပေ။ သူတို့သည် စိတ်ဝိညာဉ်သဏ္ဌာန်များဖြင့် အံ့ဖွယ်မြို့တော်နားသို့သွားနိုင်မှာမဟုတ်။ တကယ်ပဲ သူတို့ ထိုနေရာသို့သွား၍ အကျိုးမထူးပေ။

အဆုံးကျ အံ့ဖွယ်မြို့တော်ကို သိမ်းပိုက်ရန်က ငရဲဂိုဏ်းပေါ်တွင်သာ မူတည်နေသည်။

ထိုစဉ် ခရုလေးနှင့်ရှောင်ယွမ်အာက လက်ချင်းတွဲလျက်လျှောက်လာ၏။ သူတို့နှစ်ယောက်က တညီတညွတ်တည်း နှုတ်ခွန်းဆက်လိုက်၏။ “နှုတ်ခွန်းဆက်ပါတယ် ရှစ်စွင်း”

လုကျိုးသည် မိန်းကလေးနှစ်ယောက်ကို ကြည့်ကာမေးလိုက်၏။ “ဘာလဲ”

ရှောင်ယွမ်အာက ရေရွတ်လိုက်၏။ “ရှစ်စွင်း စစ်ရှစ်ရှိုးဆီကနေ တာ့ရှစ်ရှိုးအကြောင်း တပည့်ကြားထားမိတယ်။ တပည့်စိတ်မကောင်းဖြစ်လို့ သွားပြီး ကူညီပေးသင့်လား”

“ထိန်းထိန်းသိမ်းသိမ်းနေ”

“ရှစ်စွင်း ဘာကိုဆိုလိုမှန်း တပည့်သိပါတယ်။ အံ့ဖွယ်မြို့တော်မှာ အဆုံးသတ်ဆယ်ပါးအစီအရင် ရှိတယ်။ ဒါပေမဲ့ ခရုလေးက အဲ့တာကို တစ်ခုခုလုပ်နိုင်တယ်လေ” ရှောင်ယွမ်အာက ခရုလေးဖက် လှည့်ကြည့်လိုက်သည်။ “အဲ့လိုမလား ခရုလေး”

“အင်း ရှစ်စွင်း သားရဲတွေကို အကူအညီတောင်းလို့ရတယ်”

အကြီးအကဲသုံးယောက်က မျက်နှာဝင်းပသွား၏။ တကယ်ပဲအဲ့ဒါက မဟာလက်နက်တစ်ခုဖြစ်သည်။

လုကျိုးက လက်မြှောက်လျက် ခရုလေးကို ရွှေရောင်ထိုက်ကျိကြေးမုံဖြင့်ချိန်လိုက်သည်။ ရွှေရောင်ထိုက်ကျိကြေးမုံရှေ့၌ စိတ်ဝိညာဉ်သဏ္ဌာန်တစ်ခုပေါ်လာသည်။ “ခြောက်သွယ်ပေါင်းစည်း တြိမျဉ်း” ထိုစိတ်ဝိညာဉ်သဏ္ဌာန်ကို မြင်သောအခါ အကြီးအကဲလေးယောက်က ထိတ်လန့်သွား၏။ "ဒီမိန်းကလေးက ရှားပါးတဲ့ပါရမီရှင်ပဲ”

“သူ့ရဲ့စိတ်ဝိညာဉ်သဏ္ဌာန်မှာ ခြောက်သွယ်ပေါင်းစည်းတြိမျဉ်းရှိနေပြီဆိုတော့ တွေးကြည့်ရင် မိန်းကလေးရဲ့ကျင့်ကြံဆင့်က နတ်ဒေဝါဦးတည်နယ်ပယ်ရောက်လောက်ပြီ”

“သူက ဗြဟ္မာပင်လယ်နယ်ပယ်ကို ဝင်ဖို့ ငါးလအချိန်မယူရခင် ဆန်းကြယ်ဉာဏ်အလင်းပွင့်ခြင်းနယ်ပယ်ထဲ တန်းရောက်သွားတာ။ နောက်ဆုံး နတ်ဒေဝါဦးတည်နယ်ပယ်ရောက်သွားပြီ။ သူ လူမဟုတ်ဘူးလို့တောင် တွေးမိလာပြီ” ကျော့ယွီရှုက ပြောလိုက်၏။

ခရုလေးက ထိုစကားကိုကြားသောအခါ နောက်နှစ်လှမ်းဆုတ်လိုက်မိ၏။ သူမသည် ကျော့ယွီရှု၏အကြည့်ကို အနည်းငယ်ကြောက်လန့်သွားသည်။

လုကျိုးသည် အနီရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကို မှတ်မိသွားသည်။ ခရုလေး၏ အထောက်အထားနှင့်ပတ်သက်သော မဟာလျှို့ဝှက်ချက်များရှိသေးသည်။ ထို့ကြောင့် သူက ပြောလိုက်သည်။ "တော်လောက်ပြီ”

ကျန်သည့်သူများက အရိုအသေပေးလိုက်သည်။

“ခရုလေးက ငါ့တပည့်ဆိုမှတော့ ငါ သူ့ကိုကာကွယ်ရမယ်။ ဒီနေ့ကစပြီး သူ့အကြောင်း ဒီတောင်ကိုကျော်ပြီး ဘာမှမပြောရဘူး။ တစ်ခါပဲပြောမယ်” သူ၏အသံက အားမပါ သို့သော်ငြား အကြွင်းမဲ့လေထုကိုသယ်ဆောင်လာသည်။

အကြီးအကဲသုံးယောက်က တပြိုင်နက်တည်းအရိုအသေပေးလိုက်၏။ “ဟုတ်ကဲ့ပါ မျှော်နန်းသခင်”

ဖန်လီထန်း၏စိတ်ထဲ၌ တစ်စုံတစ်ခုမွှေနှောက်သွားသည်။ သူက ချောင်းဟန့်လျက်စိတ်ထဲတစ်စုံတစ်ခုပေါ်လာသည်။ ဒီမိန်းကလေးက တကယ်ပဲမျှော်နန်းသခင်ရဲ့ သမီးများဖြစ်နေမလား။

“မေးစရာရှိတာလား အကြီးအကဲဖန်” လုကျိုးက ဖန်လီထန်းကိုကြည့်လိုက်လေ၏။

…

All Chapters