← Chapters

အခန်း (၅၈၀-၅၈၂)

Vol. 39 Ch. 580-582

အခန်း (၅၈၀-၅၈၂)

Vol. 39 Ch. 580-582

အခန်း (၅၈၀) စစ်သူကြီး ၈ယောက်ထဲမှ တစ်ယောက်

ဖန်လီထန်းက အနည်းငယ် အံ့အားသင့်မိသွားသည်။

“ကျုပ်မှာ မေးစရာ မရှိဘူး။ ကျုပ်က ဒီမိန်းကလေးရဲ့ ပါရမီနဲ့ ပတ်သက်ပြီး နည်းနည်း အံ့အားသင့်သွားရုံပဲ။ တကယ်လို့ ဖန်ကျုံးသာ ဒီလောက်ပါရမီထူးနေမယ် ဆိုရင် ကျုပ် ပျော်ပျော်ကြီး သေရဲတယ်”

“လောင်ဖန် … မင်းက လောဘကြီးလွန်းတယ်။ ဖန်ကျုံးက ပါရမီထူးနေပါပြီ။ သူက ယင်သုံးပါးကျင့်စဉ်နဲ့ ယန်ခြောက်ပါးကျင့်စဉ်ကို ကျွမ်းကျင်ထားတာပဲလေ။ ပြီးတော့ သူက ၆လကျော်နဲ့ ပွင့်ချပ်နှစ်လွှာအဆင့်ကို ရောက်ရှိလာသေးတယ်။ သိပ်မကြာခင် သူက မင်းရဲ့အမွေအနှစ်ကို ဆက်ခံနိုင်မှာ သေချာတယ်” လန်လော့က အပြုံးလေးဖြင့် ပြောလိုက်သည်။

ဖန်လီထန်းက လည်ချောင်းရှင်းကာ မေးလိုက်၏။

“ငါ့ကို အားကျနေတာလား”

“ထွက်သွားစမ်း” လန်လော့က အေးစက်စက်ဖြင့် ပြောလိုက်သည်။

ကျော့ယွီရှုက ဖန်လီထန်းအား ကြည့်လိုက်သော်လည်း သူမ၏စကားများကမူ လုကျိုးအား ပြောနေလေ၏။

“သူက ကျွန်မထက် ပိုကောင်းတယ်လို့ စဉ်းစားမိနေတုန်း.. သူမရဲ့ပါရမီကို ဖန်ကျုံးနဲ့ နှိုင်းယှဉ်နေတာလား”

ဖန်လီထန်းက ခေါင်းခါလိုက်ပြီး “ကောင်းပြီ ကောင်းပြီ ကောင်းပြီ ငါ စကားမှားသွားတာ။ အားလုံး ငါ့ရဲ့တောင်းပန်မှုကို လက်ခံပေးကြပါ”

သူက ထိုအကြီးအကဲ နှစ်ဦးဆီမှ ပြန်လည်ချေပမှုကို တောင့်မခံနိုင်တော့ပေ။

ထိုစဉ် အမျိုးသမီး ကျင့်ကြံသူနှစ်ဦးက ယဲ့ထျန်းရှင်းအား သယ်ဆောင်ထားသည့် ဘီးတပ် ကုလားထိုင်ကို တွန်းကာ အရှေ့ဘက် မျှော်နန်းဆောင်သို့ ခေါ်ဆောင်လာသည်။ သိပ်မကြာခင် ဆံပင်ဖြူ ယဲ့ထျန်းရှင်းက အားလုံးရှေ့မှာ ပေါ်ထွက်လာ၏။

“လျိုရှစ်ကျဲ..”

သူမ၏ ဖျော့တော့နေသည့် အသက်ဓာတ်မှလွဲလျှင် ယဲ့ထျန်းရှင်း၏ အသက်ရှုနှုန်းနှင့် အခြေအနေက တည်ငြိမ်နေသည်။ သူမက လုကျိုးကို မြင်လိုက်သည့်အခါ ထရပ်လိုက်ပြီး ဦးညွှတ်လိုက်သည်။

“ရှစ်စွင်းကို ဂါရဝပြုပါတယ်”

လုကျိုးက မုတ်ဆိတ်သပ်လိုက်ပြီးနောက် ခေါင်းညိတ်လိုက်သည်။ သူက ယဲ့ထျန်းရှင်းအား လေ့လာလိုက်၏။ သူမ၏ အသက်ဓာတ်က အားနည်းနေသော်လည်း သူမ၏ အငွေ့အသက် စီးဆင်းမှုက ပုံမှန်သာ ဖြစ်၏။ ဤသည်က သူ နေ့တိုင်း တွေ့မြင်ရသည့်အရာ မဟုတ်ပေ။

“ဘာများလဲ”

ယဲ့ထျန်းရှင်းက ပြောလိုက်သည်။

“ကျွန်မ တာ့ရှစ်ရှိုးကို ကူညီဖို့ အံ့ဖွယ်မြို့တော်ကို သွားချင်ပါတယ်”

“မင်းဘာသာမင်း နေစမ်းပါ”

လုကျိုးက လက်ဝေ့ကာ ပြောလိုက်ပြီး လှေကားပေါ် တက်သွားလေသည်။ သူက အရှေ့ဘက်မျှော်နန်းဆောင်၏ အဝင်ဝသို့ ရောက်ရှိသွားသည့်အခါ ရပ်တန့်လိုက်ပြီး ပြောလိုက်သည်။

“ငါ့ခွင့်ပြုချက် မရှိဘဲ ဘယ်သူမှ ထွက်သွားခွင့် မရှိဘူး။ ပြင်ပလောကနဲ့ ဆက်ဆံမှုအားလုံးကို စာပို့ပြီးတော့ပဲ ဆက်သွယ်ကြမယ်”

“ဟုတ်ကဲ့ပါ ရှစ်စွင်း”

လုကျိုးက လှည့်ပြီး အခန်းထဲ ဝင်ရောက်သွားသည်။

…

သုံးရက် ကြာမြင့်ပြီးသည့်နောက်..

အံ့ဖွယ်မြို့တော်၏ အရှေ့ဘက်အခြမ်း ဝေဟင်ထဲတွင် ငရဲဂိုဏ်း၏ ဧရာမရထားလုံးပျံကြီးက လေထုထဲတွင် မျောလွင့်နေသည်။

သုံးရက်တာ ကြိုးပမ်းပြီးသည့်နောက်တွင် အရှေ့မြို့တံတိုင်းက အပေါက်များစွာဖြင့် ပြည့်နှက်နေပြီဖြစ်ကာ မြို့တံတိုင်းအပေါ်တွင်လည်း အလောင်းများက ပြန့်ကျဲနေပြီဖြစ်၏။ အားလုံးက သွေးထွက်နေဆဲ ဖြစ်သည်။

လေထုထဲတွင် သွေးနံ့တလှိုင်လှိုင် သင်းနေ၏။

ငရဲဂိုဏ်း၏ ငရဲဂိုဏ်းကို သိမ်းပိုက်ပြီး ကြလေပြီ။ ရထားလုံးပျံက ဖြည်းဖြည်းချင်း ရွေ့လျားလာ၏။ ငရဲဂိုဏ်း၏ တပည့်များကလည်း ရထားလုံးပျံနောက်မှ လိုက်ပါလာကြသည်။

ယွီကျန့်ဟိုင်က အံ့ဖွယ်မြို့တော်အား ငုံ့ကြည့်ကာ အခြေအနေအား အကဲခတ်လိုက်သည်။

“ ဉာဏ်ကောင်းတဲ့ ရှစ်တိလေး … အံ့ဖွယ်မြို့တော်က အဆုံးသတ် ဆယ်ပါး အစီအရင်ကို ဘယ်တော့ အသက်သွင်းမှာတာလဲ”

စီးဝူယာ့က နန်းတော်အတွင်း ဆရာအဖြစ် လုပ်ကိုင်ခဲ့ဖူးလေသည်။ သူက အဆုံးသတ်ဆယ်ပါး အစီအရင်ကိုပင် လေ့လာခဲ့ဖူး၏။ သူက ထိုအရာနှင့် ပတ်သက်၍ အနည်းငယ် သိထားသည်။

“တာ့ရှစ်ရှိုး ဘာမှ စိုးရိမ်စရာ မလိုပါဘူး။ လျူကုက အဆုံးသတ်ဆယ်ပါး အစီအရင်ကို အသက်သွင်းလိုက်ရင်တောင် ကျွန်တော်တို့က ဘာမှကြောက်စရာ မလိုဘူး။ အဆုံးသတ်ဆယ်ပါး အစီအရင်က ကမ္ဘာဦးချီ ဝင်ရောက်လာတာကို တားဆီးပေးထားရုံပဲ။ အထဲမှာ ရှိတဲ့အားလုံးက သူတို့ရဲ့ကိုယ်ပိုင်ခွန်အားနဲ့ နည်းစနစ်တွေ သုံးပြီးတော့ တိုက်ခိုက်နိုင်သေးတယ်။ ကျွန်တော်တို့ကလည်း အဖွဲ့ဝင် သိန်းချီ ရှိတာပဲ ဆိုတော့ အံ့ဖွယ်မြို့တော်နဲ့ လက်ရည်ညီပါတယ်”

“ဉာဏ်ကောင်းတဲ့ ရှစ်တိလေး … ဒီမှာ ရှိနေတော့ ငါတို့တွေ တပ်မဟာတစ်ခုလုံးကို ထိန်းချုပ်ထားနိုင်တယ်”

ယွီကျန့်ဟိုင်က လေးလေးနက်နက် ပြုံးကာ ပြောလိုက်သည်။ ထိုစဉ် ဟွားချုံးယန်က သူတို့ဆီ ပျံသန်းလာ၏။

သူက ရထားလုံးပျံ ဆင်းသက်ကာ ဦးညွှတ်လိုက်ပြီး “ဂိုဏ်းချုပ် ကျွန်တော်တို့ အရှေ့ဘက်တံတိုင်းကို သိမ်းပိုက်ပြီးသွားပါပြီ”

“အရမ်းကောင်းတယ်”

ယွီကျန့်ဟိုင်က အခြေအနေအား ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။

“ဟွားချုံးယန်.. မြောက်ဘက်ဂိတ်ကို သွားကူလိုက်.. တစ်ခုခု တွေ့တာနဲ့ ငါ့ဆီ အကြောင်းကြား”

“ဟုတ်ကဲ့ ဂိုဏ်းချုပ်”

“ခဏလေး နေအုံး”

“ဂိုဏ်းချုပ် အမိန့်ရှိပါ”

“ငါ့ရဲ့ကွေ့နျူကို စီးသွားလိုက်..”

ယွီကျန့်ဟိုင်က ပြောလိုက်သည်။

ဟွားချုံးယန်က အနည်းငယ် အံ့အားသင့်သွားပြီးနောက် ဒူးတစ်ဖက် ထောက်ကာ “ကျွန်တော် ဘယ်လိုလုပ် စီးနိုင်မှာလဲ”

“မင်း စီးနိုင်ပါတယ်”

ယွီကျန့်ဟိုင်က ရှေ့တိုးလာပြီးနောက် ဟွားချုံးယန်အား ထူလိုက်သည်။ သူက ပြောလိုက်၏။

“မင်း အခက်အခဲတွေကို ညည်းတွားခြင်း မရှိဘဲ ငါ ဘေးနားမှာ အတူတူ နှစ်များစွာ တိုက်ခိုက်လာတာ။ အဲဒါကြောင့် ငါတို့တွေ ဒီနေ့ ဒီလိုအထိ ဖြစ်လာတာပဲ။ အခု အောင်မြင်မှုက လက်တစ်ကမ်းမှာ ရှိနေပြီ။ မင်းသာ တစ်ခုခု ဖြစ်သွားခဲ့ရင် ငါ စိတ်အေးအေး နေနိုင်မှာ မဟုတ်ဘူး”

ဟွားချုံးယန်က ရင်ထဲ ထိသွားလေသည်။

“ဂိုဏ်းချုပ် စိတ်မပူပါနဲ့”

“သွားတော့..”

ယွီကျန့်ဟိုင်က ဟွားချုံးယန်၏ ပခုံးအား ပုတ်လိုက်သည်။ ယွီကျန့်ဟိုင်က အသံလှိုင်းစနစ်အား ထုတ်လွှတ်လိုက်၏။ ငရဲဂိုဏ်း၏ အင်အားစု အနောက်ဘက်တွင် ကွေ့နျူက လေထဲတွင် ပေါ်ထွက်လာပြီး ဟွားချုံးယန်ဆီ ပျံသန်းလာသည်။

ဟွားချုံးယန်က ကွေ့နျူ၏ ကျောပေါ်တက်ကာ မြောက်ဘက် မြို့ဂိတ်ပေါက်သို့ ပျံသန်းသွား၏။

လက်ရှိ သတ္တိကောင်းသည့် လူတစ်စုမှလွဲ၍ အံ့ဖွယ်မြို့တော်က အတော်လေး ကျိုးတိုးကျဲတဲ ဖြစ်နေလေပြီ။

အံ့ဖွယ်မြို့တော်၏ စစ်သားများကသာ လမ်းမအထက် ရှိနေခြင်း ဖြစ်၏။

“တော်ဝင်အစောင့်တပ်တွေ ထွက်လာပြီ”

“ဪ.. ဒါ တော်ဝင်အစောင့်တပ်ပဲ”

“ကြည့်ကြအုံး..”

တော်ဝင်အစောင့်များက တော်ဝင်မြို့တော်၏ အစီအရင်အတွင်းမှ ပျံသန်းထွက်လာလေပြီ။ သူတို့အားလုံးက အနက်ရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားကြ၏။ တော်ဝင်အစောင့်တပ် အယောက်သုံးသောင်းက တော်ဝင်မြို့တော်ကို စောင့်ကြပ်ခဲ့သည်ဟု ပြောခဲ့ဖူးသည်။ ထိုအယောက်သုံးသောင်းက တော်ဝင်မြို့တော်၏ အားအကောင်းဆုံး အင်အားစု ဖြစ်၏။ သူတို့၏ခေါင်းဆောင်များဖြစ်သည့် စစ်သူကြီးရှစ်ယောက်ကလည်း ကျင့်ကြံရေးလောကတွင် ထိပ်ဆုံးထဲမှ ပညာရှင်များ ဖြစ်ကြသည်။ စစ်သူကြီးနှစ်ယောက်တည်း ကျန်ရှိတော့လျှင်ပင် တော်ဝင်အစောင့်တပ်ကို အထင်သေး၍ မရပေ။

ထိုစဉ် အဖွဲ့က မြောက်ဘက်ဂိတ်ပေါက်သို့ ညီညီညာညာ ချီတက်လာကြသည်။

…

မြောက်ဘက်ဂိတ်ပေါက်တွင် ငရဲဂိုဏ်း၏ အဖွဲ့ခွဲ ခေါင်းဆောင် လေးယောက်က လေထဲတွင် ပျံသန်းနေကြသည်။

“ညီအစ်ကိုတို့ ချီတက်ကြ.. မြို့ဂိတ်ပေါက်က ကျရှုံးနေပြီ”

မြို့ဂိတ်ပေါက် အခြေတွင် ငရဲဂိုဏ်း၏ တပည့်များက အစီအစဉ်တကျ တိုက်ခိုက်နေကြသည်။ ထိုစဉ် ကွေ့နျူ၏ အော်သံက ထွက်ပေါ်လာသည်။

မူ..

အဖွဲ့ခွဲ ခေါင်းဆောင်လေးယောက်လုံးက အသံလားရာနေရာသို့ လှည့်ကြည့်လိုက်ကြ၏။ သူတို့၏ မျက်နှာအထက် ပျော်ရွှင်သည့် အမူအရာတစ်ခု ပေါ်ထွက်လာသည်။ သူတို့က ဦးညွှတ်လိုက်ပြီးနောက် ပြောလိုက်သည်။

“ကြိုဆိုပါတယ် ကာကွယ်သူ”

ဟွားချုံးယန်က ကွေ့နျူ၏ ကျောပေါ်တွင် ရပ်နေသည်။ သူက မြို့တံတိုင်းကို ကြည့်လိုက်သည်။ ဧရာမမြင့်မားနေသည့် လူလုပ်တံတိုင်းကြီးက လူ၏အကြီးမားဆုံး ဉာဏ်ပညာဖြင့် ပုံဖော်မှုသာ ဖြစ်၏။

“ဆက်တိုက်ကြ..”

“နားလည်ပါပြီ”

ဟွားချုံးယန်က မြင့်မြင့် ပျံသန်းလိုက်ပြီးနောက် မြို့၏ တောင်ဘက်ပိုင်းကို လှမ်းကြည့်လိုက်သည်။ သူက ကျင့်ကြံသူများစွာသည် ဆယ်ကမ္ဘာစိတ်ဝိညာည်သဏ္ဌာန်များဖြင့် ပျံသန်းလာနေသည်ကို မြင်လိုက်ရ၏။

“နောက်ထပ် လာနေပြီ”

“နားလည်ပါပြီ”

ထိုစဉ် တော်ဝင်အစောင့်တပ် ရာချီက မြို့တံတိုင်းဆီ ပျံသန်းလာကြသည်။ သူတို့က တံတိုင်းပေါ် တက်ကာ ငရဲဂိုဏ်းသားများဆီ ခုန်ဆင်းလာကြသည်။

ဟွားချုံးယန်က အေးစက်စက် အော်ပြောလိုက်သည်။

“သတ်ကြ..”

“သတ်ကြ..”

“သတ်ကြ..”

အဖွဲ့ခွဲခေါင်းဆောင် လေးယောက်က သူတို့၏ စိတ်ဝိညာဉ် သဏ္ဌာန်များအား ဆင့်ခေါ်လိုက်ကြသည်။ ပွင့်ချပ်နှစ်လွှာ ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန်လေးခုက လေထဲတွင် ထွက်ပေါ်လာလေ၏။ ထိုစိတ်ဝိညာဉ်သဏ္ဌာန်က တော်ဝင်အစောင့်တပ်အား သွေးမိုးများ ရွာကျသွားစေသည်။

တော်ဝင်အစောင့်တပ်၏ အင်အားစု တစ်ဝက်လောက်က ကျရှုံးသွားပြီဖြစ်၏။

ဟွားချုံးယန်က တော်ဝင်အစောင့်တပ် စစ်သားများကို အာရုံမစိုက်တော့ပေ။ သူက မြို့ကို အာရုံစိုက်လိုက်၏။ ငရဲဂိုဏ်းက အရေးသာနေသော်လည်း သူက သတိလက်လွှတ် မထားပေ။ ယခုအချိန်အထိ တော်ဝင်အစောင့်တပ်၏ ထိပ်တန်း ကျင့်ကြံသူများက ထွက်ပေါ်လာခြင်း မရှိသေးပေ။

ဝုန်း..

နားကွဲလုမတတ် အသံကြီး ထွက်ပေါ်လာပြီးနောက် မြောက်ဘက်မြို့ဂိတ်ပေါက်တံခါးက ပွင့်သွားလေပြီ။

ငရဲဂိုဏ်းသားများက အံ့ဖွယ်မြို့တော်အတွင်း ဝင်ရောက်ကာ တော်ဝင်အစောင့်တပ်များအား စတင်သတ်ဖြတ်ကြသည်။

ဟွားချုံးယန်ကလည်း ပျံသန်းသွားလိုက်သည်။ သူက မြို့တံတိုင်းကို ဖြတ်တော့မည့် ဆဲဆဲတွင် မီးခိုးရောင် ပုံရိပ်တစ်ခုက ရုတ်ခြည်း ထွက်ပေါ်လာ၏။ သူက အေးစက်စက် အော်ပြောလိုက်သည်။

“ငါက မင်းကို စောင့်နေတာ”

ထိုပုံရိပ်က လက်ဝါးဖြင့် ရိုက်လိုက်သည့်အတွက် မှုန်ဝါးဝါး လှုပ်ရှားမှုသာ ထွက်ပေါ်လာသည်။

“တောက် ဖြတ်တောက်ခြင်း လက်ဟန် စည်းတံဆိပ်..”

ဝှစ်..

လေထုထဲ ရွှေရောင် တောက်ပနေသည့် လက်ဝါးစည်းတံဆိပ်တစ်ခု ထွက်ပေါ်လာသည်။

ဟွားချုံးယန်က သူ့လက်မောင်းဖြင့် ကာကွယ်လိုက်ရင်း အမူအရာက ပျက်ယွင်းသွားသည်။

ဝုန်း..

ဟွားချုံးယန်က ကွေ့နျူနှင့်အတူ လွှင့်ထွက်သွား၏။

ကွေ့နျူက လွှင့်ထွက်သွားရင်း အော်လိုက်သည်။ ဟွားချုံးယန်က အံကြိတ်လိုက်သည်။ သူက လေထဲတွင် သူ့ကိုယ်သူ ပြန်ထိန်းလိုက်၏။ ထို့နောက် ရုတ်ခြည်း တိုက်ခိုက်လိုက်သည့် သူအား ကြည့်ကာ အသံလှိုင်း ထုတ်လွှတ်လိုက်သည်။

“ရပ်လိုက်”

မြောက်ဘက်ဂိတ်ပေါက်ရှိ ငရဲဂိုဏ်းသားများက ခေါင်းမော့ကြည့်လာကြသည်။

ဟွားချုံးယန်က ကွေ့နျူကျောပေါ်တွင် ရပ်လိုက်သည်။ သူက ပွက်ပွက်ဆူနေသည့် သွေးအဆီအနှစ်များကို ဖိနှိပ်ကာ တစ်ဖက်လူအား ကြည့်လိုက်ပြီး..

“ခင်ဗျားက..”

“တော်ဝင်အစောင့်တပ် စစ်သူကြီး ရှစ်ယောက်ထဲက ရွှမ်ကျင်းယွင်..”

“ဪ.. ရွှမ်ချန်းပေ့ ကိုး.. ခင်ဗျားရဲ့ ဂုဏ်သတင်းက လိုက်ဖက်ပါပေတယ်”

“ငါ့ဆီက ရိုက်ချက်ခံယူပြီးတော့ အပေါ်ယံလောက် ဒဏ်ရာရသွားမယ် ထင်မထားမိဘူး”

ရွှမ်ကျင်းယွင်က လေထဲတွင် ပျံသန်းရင်း လက်နောက်ပစ်ထားလေသည်။ သူက ငရဲဂိုဏ်းမှ တပည့်များအား ငုံ့ကြည့်လိုက်၏။

“ရွှမ်ချန်ပေ့.. အံ့ဖွယ်မြို့တော်ရဲ့အချိန်က စေ့နေပြီ။ ဘာလို့များ ကောင်းကင်အလိုဆန္ဒကို ဆန့်ကျင်နေသေးတာလဲ။ ကျုပ်တို့ ဂိုဏ်းချုပ်က ကောင်းကင်ကိုယ်စား တရားမျှတမှုကို ဆောင်ကျဉ်းပေးနေတာ သူက လူတွေကို ကူညီပေးချင်ရုံပဲ။ တကယ်လို့သာ ခင်ဗျား နောက်ဆုတ်မယ် ဆိုရင် အဆုံးမဲ့ ဂုဏ်ကျက်သရေကို ခံစားရလိမ့်မယ်”

ဟွားချုံးယန်က ပြောလိုက်သည်။

“အားနာပါရဲ့ ကျုပ်ဆီမှာ အဲဒါက ရှိပြီးသား”

ဝှစ်..

ပွင့်ချပ်ရှစ်လွှာ စိတ်ဝိညာဉ်သဏ္ဌာန်တစ်ခုက လေထဲတွင် ပေါ်ထွက်လာသည်။

ငရဲဂိုဏ်းသားများက ရှေ့မတက်ရဲကြတော့ပေ။

“ဧကရာဇ်ရဲ့ အမိန့်တော်အရ ငရဲဂိုဏ်းက လူတွေအားလုံးက ခြွင်းချက်မရှိ သတ်ခံရမယ်”

ရွှမ်ကျင်းယွင်က ဟွားချုံးယန်ဆီ ပျံသန်းသွားပြီး နောက်ထပ် လက်ဝါး စည်းတံဆိပ်တစ်ခုကို ထုတ်ဖော်လိုက်သည်။

“မဖြစ်ဘူး”

ဟွားချုံးယန်က ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူသည် အလျင်စလို တိုက်ခိုက်လာလိမ့်မည်ဟု ထင်မထားမိပေ။ သူက တုံ့ပြန်သည့်အနေဖြင့် လက်ဟန်စည်းတံဆိပ် မြောက်များစွာ ချက်ချင်း ထုတ်ဖော်လိုက်၏။ သို့သော်လည်း ပွင့်ချပ်ခုနှစ်လွှာနှင့် ရှစ်လွှာကြားတွင် ကွာခြားမှုက ကြီးမားနေလေသည်။ သူ့ လက်ဟန်စည်းတံဆိပ်များက ရောက်ရှိလာသည့် တိုက်ကွက်အား အနည်းငယ်မျှသာ တုံ့ဆိုင်းသွားစေသည်။ သူ့ကို ရွှမ်ကျင်းယွင်၏ လက်ဝါးစည်းတံဆိပ် ဖုံးလွှမ်းသွားဖို့ သိပ်မကြာမြင့်လိုက်ပေ။

ဝှစ်..

“နောက်ဆုတ်ကြ နောက်ဆုတ်ကြ..”

ငရဲဂိုဏ်းသားများက မြို့ဂိတ်ပေါက်မှ နောက်ဆုတ်ကြသည်။

ဘန်း..

ဟွားချုံးယန်က ပွင့်ချပ်ရှစ်လွှာအဆင့် ကျင့်ကြံသူ၏ တိုက်ကွက်မှ လွင့်စဉ်သွားသည်။

ရွှမ်ကျင်းယွင်က လက်နောက်ပစ်ကာ အရှိန်မြင့်လိုက်၏။

“ငရဲဂိုဏ်းရဲ့ ကာကွယ်သူ လေးယောက်ထဲက တစ်ယောက်လား.. ဒါက မင်း တတ်နိုင်တာ အကုန်ပဲလား”

သူက အနည်းငယ် ရှေ့တိုးလာသည်။ သူ့ မျက်ဝန်းအထက် သတ်ဖြတ်လိုသည့် အရိပ်အယောင် ဖျတ်ခနဲ လက်သွားပြီး လက်ဝေ့လိုက်သည်။

“ငါ မင်း အသက်ကို ယူမယ်”

ဝှစ်..

ရွှမ်ကျင်းယွင်က လေထုအတွင်း ပျောက်ကွယ်သွားလေသည်။ နောက်စက္ကန့်ပိုင်းအတွင်း ဆိုသလို သူက ဟွားချုံးယန်နောက်တွင် ပေါ်ထွက်လာပြီး လက်ဝါးချက်ဖြင့် ရိုက်လိုက်သည်။

“ပထမခေါင်းဆောင်..”

“ပထမခေါင်းဆောင်..”

နဂါးပြာခန်းမ၏ ဟွားချုံးယန်က ဒုက္ခရောက်နေလေသည်။ အဖွဲ့ခွဲခေါင်းဆောင် လေးယောက်က ထိုအရာကို မြင်သည့်အခါ သူတို့၏ စိတ်ဝိညာဉ်သဏ္ဌာန်များကို တစ်ပြိုင်တည်း ဆင့်ခေါ်လိုက်ကြ၏။ သူတို့က ရွှမ်ကျင်းယွင်ဆီ လေးမှ ထွက်လာသည့် မြားများကဲ့သို့ ပျံသန်းသွားလိုက်ကြသည်။

ဘန်း..

ရွှမ်ကျင်းယွင်က ဟွားချုံးယန်ကို လက်ဝါးတစ်ချက်ဖြင့် လွင့်စဉ်သွားစေသည်။ သူက အဖွဲ့ခွဲခေါင်းဆောင် လေးယောက်အား အေးစက်စက် ကြည့်ကာ

“မင်းတို့က မင်းတို့ဘာသာ အထင်ကြီးနေကြတာပဲ”

…

အခန်း (၅၈၁) သူတို့ဘယ်လောက်ကြာကြာခံမှာလဲ

ရွှမ်ကျွင်းယွင်သည် လက်ဝါးနှစ်ဖက်ဖြင့် ရိုက်ချလိုက်၏။ သူသည် လေးကြိမ်ဆက်တိုက် တိုက်ခိုက်လိုက်သည်။

လက်ဝါးစည်းတံဆိပ်လေးခုသည် လေထဲ၌ ပေါ်ထွက်လာ၏။

တစ်ခုတည်းသော စိန်စည်းတံဆိပ်၊ မဟာရတနာစည်းတံဆိပ်၊ အပြင်စက်ဝိုင်း ဆန်းကြယ်စည်းတံဆိပ်နှင့် အတွင်းအက္ခရာရှစ်လုံးစည်းတံဆိပ်တို့က ခန်းမခွဲ သခင်လေးယောက်ဆီသို့ ဦးတည်သွား၏။

ဖုန်း ဖုန်း ဖုန်း ဖုန်း

ခန်းမခွဲသခင်များသည် နောက်သို့ လွင့်ထွက်သွားပြီးနောက် သွေးအန်ကုန်၏။ သူတို့သည် ပွင့်ချပ်နှစ်လွှာ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်တွင်သာ ရှိသေးသည်။ ပွင့်ချပ်ရှစ်လွှာတစ်ယောက်ကို ရင်ဆိုင်ရချိန်၌ သူတို့နှစ်ယောက်ကို မည်ကဲ့သို့ ထိန်းထားနိုင်မည်နည်း။ သူတို့သည် ရန်သူကို ဝင်တိုက်ခိုက်ခြင်းဖြင့် ဟွားချုံးယန်ကို ကယ်တင်ချင်ရုံမျှသာရှိ၏။ တကယ်တော့ သူတို့သည် ဟွားချုံးယန်အတွက် အချိန်ဆွဲထားနိုင်ရန် တိုက်ခိုက်ကြတာပဲဖြစ်သည်။

ဟွားချုံးယန်ကနောက်သို့လွင့်ထွက်သွားပြီး သူ့ကိုယ်သူ ဟန်ချက်ထိန်းလိုက်၏။ သူ၏အမူအရာက အင်မတန်မှုန်မှိုင်းနေကာ မျက်နှာကဖြူဖျော့နေလေ၏။

မူး

ကွေ့နျူက လေထဲပျံတက်လိုက်ပြီး ၎င်း၏ရှေ့ခွာများကို ချကာ ရွှမ်ကျွင်းယွင်ဆီ တစ်ဟုန်ထိုးဝင်သွားတော့၏။

“ကွေ့နျူလား” ရွှမ်ကျွင်းယွင်က ကွေ့နျူဝင်လာတာမြင်သောအခါ သူ၏မျက်နှာထက်တွင် ရက်စက်ကြမ်းကြုတ်သော အမူအရာ ပေါ်လာ၏။ သူ၏လက်ကိုလွှတ်ကာ ကနဦးချီကို လည်ပတ်လျက် အော်ပြောလိုက်သည်။

"သေပေတော့ ... အိမ်မွေးတိရစ္ဆာန်ကောင်”

ကွေ့နျူက ခေါင်းငုံ့ထားလျက် သူ၏ချိုပေါ်၌ ၎င်း၏ခွန်အားကိုသာ အားပြုထား၏။

မူး

ဖုန်း

ရွှမ်ကျွင်းယွင်က ကွေ့နျူ၏ဦးချိုကို ဆုပ်ကိုင်လိုက်၏။ သို့သော်ငြား ကြီးမားလှသော သက်ရောက်မှုကြောင့် မီတာတစ်ရာကျော်ခန့် လွင့်ထွက်သွားသည်။ သူသည် ကွေ့နျူ၏ဦးချိုကို ကိုင်နေစဉ် သူ၏ကနဦးချီကို စွမ်းအင်အဖြစ် သိပ်သည်းလိုက်၏။

ဘန်း

လက်ဝါးစည်းတံဆိပ်နှစ်ခုသည် ကွေ့နျူကိုအဝေးသို့တွန်းထုတ်လိုက်သည်။ ကွေ့နျူသည် လေထဲတစ်ပတ်လည်သွားပြီးနောက် ၎င်းဒဏ်ရာရသွားလားမသိရပေ။

ဟွားချုံးယန်က အော်ပြောလိုက်၏။

“ကွေ့နျူပြန်လာခဲ့”

မူး

ကွေ့နျူက အမိန့်ကို ကြား၏။ ၎င်း၏ခြေလှမ်းကို ထိန်းညှိပြီးနောက် အရှေ့ဘက်ဂိတ်ဆီသို့ ပျံသန်းလိုက်သည်။

ရွှမ်ကျွင်းယွင်က ထိုတိရစ္ဆာန်ကို စိတ်ထဲမထားပေ။ ထိုအစား သူက ဟွားချုံးယန်ကိုကြည့်လိုက်၏။

"မင်း ဒီနေ့သေရမယ်”

ရွှမ်ကျွင်းယွင်က သူ၏ခမ်းနားသောကျင့်စဉ်ကို ဆုံးဖြတ်ချက် ပြတ်သားစွာ ထုတ်ဖော်လိုက်၏။

ဟွားချုံးယန်က မှုန်ကျသွားလေ၏။ သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကိုဆင့်ခေါ်ကာ အဝေးသို့ ပျံသန်းသွားတော့သည်။

“မင်း လွတ်မှာမဟုတ်ဘူး” ရွှမ်ကျွင်းယွင်က နှာခေါင်းရှုံ့လျက် ဟွားချုံးယန်နောက် လိုက်တော့သည်။

ထိုစဉ် မြောက်ဘက်ဂိတ်လမ်းထောင့်တစ်နေရာထဲတွင် ဖြစ်သည်။ လူရိပ်တစ်ရိပ်က အပေါ်ကို မော့ကြည့်ပြီးနောက် ထောင့်ဖက်တွင် ထက်မြိသည့်အလှည့်အပြောင်းတစ်ခု ပြုလုပ်လိုက်၏။ သူ၏အင်္ကျီလက်ထဲကနေ စာပို့ငှက်တစ်ကောင် ထွက်လာပြီးနောက် ၎င်း၏ခြေထောက်တွင် စာတစ်စောင် တွဲချည်ထားသည်။ ထိုလူက တော်ဝင်မြို့တော်၏အကျော်အမော် လီယွင်ကျောက်ပဲ ဖြစ်သည်။

လီယွင်ကျောက်ပို့လိုက်သော စာပို့ငှက်သည် လျှပ်ပြက်သောအရှိန်ဖြင့် မိုးကုပ်စက်ဝိုင်းအတွင်း ပျောက်ကွယ်သွားတော့သည်။

“ငါ့ရဲ့တွက်ချက်မှုတွေ မှန်ကန်ဖို့ မျှော်လင့်ရတာပဲ” သူသည်ရေရွတ်ပြောပြီးနောက် လမ်းကြားအဆုံး၌ လျင်မြန်စွာပျောက်ကွယ်သွားတော့သည်။

ထိုစဉ် ရွှမ်ကျွင်းယွမ်က လိုက်ဖမ်းတာကို လက်မလျှော့ပေ။ သူ၏မျက်လုံးများက ဟွားချုံးယန်ပေါ်တွင်သာရှိနေ၏။

ဘန်း

ဟွားချုံးယန်၏နောက်ကျောကို လက်ဝါးရိုက်ချက်တစ်ခု ကျလာလေရာ သူ့ကို လေထဲတွင် တန့်သွားစေ၏။

“အသက်ရှင်နေသေးတာလား”

ဟွားချုံးယန်က ထိုမျှ အကြမ်းခံလိမ့်မည်ဟု သူ မထင်ခဲ့ပေ။

ကတ်တီတစ်ထောင်ကျဆင်းခြင်း

ရွှမ်ကျွင်းယွင်က ရိုက်ချလိုက်၏။

ငရဲဂိုဏ်းသားများက နောက်သို့လွင့်သွားသည်။

ဝှစ်

ဟွားချုံးယန်က သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို ထပ်မံဆင့်ခေါ်ကာ အရှေ့အရပ်ဆီပျံသန်းလိုက်သည်။ စကားတစ်ခွန်းမှထပ်မပြောဘဲ ညာလက်ကိုမြှောက်ကာ စွမ်းအင်ဗဟိုချက်၏ ချီပင်လယ်ကို ဖိလိုက်၏။

“ခေါင်းဆောင် မလုပ်နဲ့” ဂိုဏ်းခွဲသခင်လေးယောက်သည် ဟွားချုံးယန်က တွေဝေမနေဘဲ သူ၏ချီပင်လယ်ကို လောင်ကျွမ်းအောင်လုပ်လိမ့်မည်ဟု မထင်ထားပေ။

သူ ချီပင်လယ်လောင်ကျွမ်းသွားခိုက် ဟွားချုံးယန်၏ ကနဦးချီများ ပေါ်ထွက်လာပြီး ခမ်းနားသောကျင့်စဉ်ကို ထပ်မံထုတ်သုံးလိုက်သည်။

အားလုံးအံ့ဩသွားရသည်က ဟွားချုံးယန်သည် ရူးသွပ်စွာရယ်မောလိုက်တာပဲဖြစ်သည်။

“ကြီးမြတ်လှတဲ့ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူက ငါ့ရဲ့လက်ဖဝါးထက်မှာ ဆော့ကစားခံရတော့မှာပဲ။ ရွှမ်ကျွင်းယွင် မင်းမှာ ရှိတာ ဒါအကုန်ပဲလား”

ရွှမ်ကျွင်းယွင်က မျက်မှောင်ကျုံ့လိုက်၏။ သူက လက်ဖဝါးနှစ်ဖက်ကို ပူးကပ်ကာ ခပ်ပြတ်ပြတ်ပြောလိုက်သည်။

"ပြေးစရာနေရာမရှိဘူး”

“သတ္တိရှိရင် ငါ့ဆီလာလိုက်လေ ... လာစမ်းပါ။ အရှက်မဲ့တဲ့ကောင်”

ဟွားချုံးယန်က ရွှမ်ကျွင်းယွင်ကို ဆက်လက်လှုံ့ဆော်နေပြီး အရှေ့အရပ်ဆီသို့ ပျံသန်းနေ၏။ တစ်ချိန်တည်းတွင် သူ၏နှုတ်ခမ်းထောင့်မှ သွေးများ တစက်စက်ကျနေသည်ကို သုတ်ပြီး ပြောလိုက်လေ၏။ “စတုတ္ထသခင်လေးရဲ့လှည့်ကွက်အလုပ်ဖြစ်ဖို့ မျှော်လင့်ရတာပဲ"

ရွှမ်ကျွင်းယွင်သည် မြို့ရိုးမှ ရုတ်တရက်ထွက်ပေါ်လာသော တိုက်ကွက်က ဟွားချုံးယန်ကို ချက်ချင်း သတ်ဖြတ်နိုင်မည်ဟု ထင်ခဲ့သည်။ သည်တိုက်ပွဲ ဤမျှကြာနေလိမ့်မည်ဟု သူမထင်ထားပေ။ သူစိတ်ပျက်သွားမိသည်။ သူက ခေါင်းမော့လျက် ချီပင်လယ်လောင်ကျွမ်းနေသော ဟွားချုံးယန်ကို ကြည့်လိုက်၏။ ယခုအချိန်တွင် ဟွားချုံးယန်က မြေပြင်နှင့်နီးကပ်စွာပျံသန်းနေ၏။ သူက နှာခေါင်းရှုံ့ကာ ပြောလိုက်တော့သည်။ “မင်း သေရမယ်” မြန်ဆန်သော လှုပ်ရှားမှုများဖြင့် ရွှမ်ကျွင်းယွင်က ညာလက်ဖြင့်ရိုက်ချလိုက်သည်။

တာအိုစိန်

တောက်ပနေသော ရွှေရောင်လက်ဝါးစည်းတံဆိပ်သည် တစ်ဖြောင့်တည်းတိုးဝင်သွားသည်။

ဟွားချုံးယန်၏ကျောရိုးများ စိမ့်သွား၏။ သူကနောက်လှည့်ကြည့်လိုက်ကာ လက်ဝါးစည်းတံဆိပ်ကို ရင်ဆိုင်လိုက်သည်။ သူ့ကိုယ်သူကာကွယ်ရန်လက်မြှောက်လိုက်လေ၏။ အံကြိတ်ကာ ဆုံးဖြတ်ချက်ချထားသောအမူအရာက သူ့မျက်နှာထက်တွင်ပေါ်လာ၏။

“အဆုံးကျ ဒါကို ငါ မရှောင်နိုင်တော့ဘူးနဲ့ တူတယ်။ ဂိုဏ်းချုပ် ... နောင်ဘဝမှာ ဂိုဏ်းချုပ်ဘေးမှာ ထပ်ပြီးတိုက်ခိုက်နိုင်ဖို့ မျှော်လင့်ပါတယ်။"

တောက်ပနေသော ‌ရွှေရောင်စည်းတံဆိပ်သည် ဟွားချုံးယန်ဆီကျရောက်တော့မည့်အချိန်၌

ဘန်း

ဟွားချုံးယန်ဆီ ဧရာမစွမ်းအင်ဓားမော့က တိုးဝင်လာပြီး လက်ဝါးစည်းတံဆိပ်ကို ဖျက်ဆီးလိုက်၏။ စွမ်းအင်ဓားမော့သည် သူ့နားတစ်ဝိုက်လည်ပတ်သွားပြီးနောက် မူလနေရာသို့ပြန်ရောက်သွား၏။

“အဲဒါ ဘယ်သူလဲ” ရွှမ်ကျွင်းယွင်က ချက်ချင်းပင် လှည့်ပတ်ကြည့်လိုက်သည်။ ယခုအချိန်တွင် သူက မြို့၏မြောက်ဘက်ပိုင်းနှင့် အတော်လေးလှမ်းနေပြီဖြစ်ကြောင်း ရှာတွေ့သွားသောအခါ သူက ဇောချွေးများပျံလာလေ၏။ သူ၏အကြည့်က စွမ်းအင်ဓားမော့၏လားရာလမ်းကြောင်းကို လိုက်ကြည့်လိုက်၏။ ၎င်းသည် ထွက်ပေါ်လာသည့်နေရာသို့ပြန်ရောက်သွားပြီးနောက် ပုံရိပ်တစ်ခုက လက်နောက်ပစ်လျက် လေထဲမတ်တတ်ရပ်နေတာတွေ့လိုက်ရ၏။ သူ၏မျက်လုံးသည် စူးရှသောအကြည့်ဖြင့် သူ့ကိုကြည့်နေ၏။ လုံလောက်သွားပြီဖြစ်သည်။ ထိုလူက လက်မြှောက်လျက် စွမ်းအင်ဓားမော့ဖမ်းတာကို မြင်လိုက်ရသည်။ စွမ်းအင်ဓားမော့ ပျောက်ကွယ်သွားချိန်၌ နေရောင်တွင် တလက်လက်တောက်နေသော မြစိမ်းရောင်ဓားမော့က ထွက်ပေါ်လာတော့သည်။

ဟွားချုံးယန်၏ မျက်နှာထက်တွင် ပျော်ရွှင်သည့်အမူအရာပေါ်လာတော့သည်။

“ဂိုဏ်းချုပ် ဒီ ဒီမှာလား”

ရွှမ်ကျွင်းယွင်က စိတ်လေးသွားတော့သည်။ သူက မော့ကြည့်ပြီး တိုပြတ်ပြတ်ပြောလိုက်သည်။

"ယွီကျန့်ဟိုင်လား”

ဝှစ်

ယွီကျန့်ဟိုင်သည် သတိပေးချက်မပါဘဲ လေထုထဲ တိုးဝင်ပျောက်ကွယ်သွား၏။ သူက မျက်စိတစ်မှိတ်အတွင်း သူသည် ရွှမ်ကျွင်းယွင်ရှေ့၌ ပေါ်လာပြီး လက်ဝါးဖြင့်ရိုက်လိုက်တော့သည်။

မဟာအမှောင်ကောင်းကင်လက်ဝါး

ယွီကျန့်ဟိုင်သည် တစ်ဆက်တည်း လက်ဝါးရာငါးရာထုတ်လိုက်သည်။

ဘန်း ဘန်း ဘန်း ဘန်း ဘန်း

ရွှမ်ကျွင်းယွင်က သူ၏ရင်ဘတ်ကိုဆုပ်ကိုင်ထား၏။ သူက သွေးအန်ကာ မြေပြင်ပေါ် ပြုတ်ကျသွားတော့သည်။

ဖုန်း

ထိုအခိုက်အတန့်တွင် ရွှမ်ကျွင်းယွင်က မြေပြင်နှင့်ရိုက်မိသွား၏။ ယွီကျန့်ဟိုင်၏ အမူအရာက မပြောင်းလဲဘဲ သူက လက်နောက်ပစ်လျက်မတ်တတ်ရပ်နေသည်။ သူသည် ထိုက်တောင်တန်းပမာ ခိုင်မြဲလှပေ၏။ သူသည် စွမ်းအင်စည်းတံဆိပ်ပေါ်တွင်ရပ်လျက် ဆင်းသက်လာတော့သည်။

သူ မြေပြင်ပေါ်ဆင်းသက်လာသည်နှင့် ရွှမ်ကျွင်းယွင်၏ရင်ထဲစိတ်ပျက်အားငယ်မှုတို့ ဖြစ်ပေါ်လာစေတော့သည်။

“မဟာအမှောင်ကောင်းကင်စည်းတံဆိပ်” ယွီကျန့်ဟိုင်၏ ခြေထောက်အောက်တွင် စွမ်းအင်စည်းတံဆိပ်များဖြင့် ပြည့်နေလျက် ရိုက်ချလိုက်တော့သည်။

“မဟုတ်ဘူး”

ရွှမ်ကျွင်းယွင်က ရှောင်ချင်သော်ငြား ယွီကျန့်ဟိုင်က သူ့ထက်မြန်ဆန်လွန်းနေ၏။

ဖုန်း

ယွီကျန့်ဟိုင်၏ခြေထောက်သည် ရွှမ်ကျွင်းယွင်၏ရင်ဘတ်နှင့်ဆက်သွားတော့၏။

ဖုန်မှုန့်များ၊ မြေကြီးများလေထဲ တဟုတ်ထိုးထလာသည်။ တိုက်ပွဲအဆုံးသတ်သွားသည်နှင့် ပတ်ဝန်းကျင်က တိတ်ဆိတ်သွားတော့သည်။ နာရီပေါင်းများစွာကြာသည်ဟု ထင်မှတ်ရပြီးနောက် ဖုန်မှုန့်များငြိမ်ကျသွားတော့သည်။

ဟွားချုံးယန်က ငုံ့ကြည့်လိုက်၏။ သူသည် ချီပင်လယ်ကို လောင်ကျွမ်းပစ်တာ ရပ်တန့်လိုက်ပြီးနောက် ဖြည်းဖြည်းချင်းဆင်းသက်လိုက်သည်။

ယွီကျန့်ဟိုင်၏အောက်၌ ရွှမ်ကျွင်းယွင်က မြေပြင်ပေါ်လဲပြိုကျနေပြီးဖြစ်သည်။ သူ့ရင်ဘတ်နှင့်ဗိုက်က ယွီကျန့်ဟိုင်၏ခြေထောက်အောက်တွင်ရောက်နေ၏။

ရွှမ်ကျွင်းယွင်က မျက်လုံးအပြူးသားဖြင့် ယွီကျန့်ဟိုင်ကို စိုက်ကြည့်နေကာ သူ၏နှုတ်ခမ်းထောင့်ကနေသွေးစီးကျနေသည်။

ယွီကျန့်ဟိုင်က ရွှမ်ကျွင်းယွင်ကို ငုံ့ကြည့်လျက်အေးစက်စက်ပြောလိုက်တော့သည်။ “မင်း တတ်နိုင်တာ ဒါအကုန်ပဲလား” ရွှမ်ကျွင်းယွမ်က သွေးတစ်ပွက်အန်လိုက်၏။

ယွီကျန့်ဟိုင်၏အကာအကွယ်စွမ်းအင်အလွှာသည် သူ့ကိုသွေးများစွန်းထင်းခြင်းမရှိအောင် ကာကွယ်ပေးထား၏။ သူက ခြေထောက်ကြွကာ လျှောက်ထွက်သွားသည်။ ရွှမ်ကျွင်းယွင်၏ ‌ခန္ဓာကိုယ်၌ ခြေရာထင်ကျန်ရစ်တော့သည်။

ဟွားချုံးယန်က ထိတ်လန့်သွား၏။ ရွှမ်ကျွင်းယွင်၏မျက်လုံးက ပြူးကျယ်နေသည်။ သူ့ရင်ဘတ်က မောက်တက်လာပြီးနောက် စကားပြောရန်ရုန်းကန်နေရသည်။

“မင်း မင်းက ဒီလောက်အစွမ်းထက်တယ်လား” ပြီးနောက် သူသည် ခေါင်းက တစ်ဖက်လိမ့်သွားလျက် အသက်ထွက်သွားတော့သည်။ သူ သေသွားလေပြီ။

တော်ဝင်အစောင့်၏မဟာစစ်သူကြီးရှစ်ဦးထဲမှ တစ်ဦးဖြစ်သော ရွှမ်ကျွင်းယွင်က ယွီကျန့်ဟိုင် တက်နင်း၍ သေလေပြီ။

ယွီကျန့်ဟိုင်က သက်ပြင်းချလျက် ဟွားချုံးယန်ကိုကြည့်လိုက်သည်။

ဟွားချုံးယန်က ချက်ချင်းဒူးထောက်လိုက်တော့သည်။ “ကျွန်တော်အသုံးမကျပါဘူး”

“မင်းကို အပြစ်တင်လို့မရဘူးလေ။ မင်းက ပွင့်ချပ်ရှစ်လွှာအတွက် ပြိုင်ဘက်မဟုတ်ဘူးလေ”

“ကွေ့နျူ”

“ကွေ့နျူက ဒဏ်ရာနည်းနည်းပါးပါးရရုံပဲ။ အချိန်မီကုသလို့ရတယ်။ တစ်ဖက်မှာတော့ မင်းက ချီပင်လယ်ကို လောင်ကျွမ်းပစ်လိုက်တာ။ ငါ တောင်းပန်ပါတယ်” ယွီကျန့်ဟိုင်က ပြောလိုက်၏။

“ကျုပ်ရဲ့အသက်က အရေးမကြီးပါဘူး ဂိုဏ်းချုပ်” ဟွားချုံးယန်က မျက်လွှာချလိုက်သည်။ “စစ်ပွဲမှာ လူမသေဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ကျေးဇူးပြုပြီး အမိန့်ဆက်ပေးပါ ဂိုဏ်းချုပ်”

ယွီကျန့်ဟိုင်သည် ဟွားချုံးယန်ကိုကြည့်လိုက်သည်။ သူခံစားချက်များကို ဖိနှိပ်ကာပြောလိုက်သည်။

“သွားကြမယ်”

ဝေဟင်ထဲတွင် ရထားလုံးပျံက ဖြည်းဖြည်းချင်းတက်သွားတော့သည်။

အရှေ့ဖက်နှင့်မြောက်ဖက်ရှိ ငရဲဂိုဏ်း၏တပည့်များက အံ့ဖွယ်မြို့တော်ထဲ တစ်ဟုန်ထိုး ဝင်သွားကြတော့သည်။

ယွီကျန့်ဟိုင်သည် ဟွားချုံးယန်ကို ငရဲဂိုဏ်း၏ရထားလုံးပျံဆီပြန်ခေါ်လာလေ၏။

ရထားလုံးပျံထဲတွင် စီးဝူယာ့က ဟွားချုံးယန်ကို တစ်ချက်ကြည့်ကာပြောလိုက်၏။

"မင်းရဲ့ချီပင်လယ်ကို လောင်ကျွမ်းအောင်လုပ်လိုက်တာလား”

ယွီကျန့်ဟိုင်က ဆိတ်ဆိတ်သာနေနေသည်။ ထိုအစားသူက လက်နောက်ပစ်လျက် ပဲ့ပိုင်းသို့ လျှောက်သွားကာ အံ့ဖွယ်မြို့တော်ကို ငုံ့ကြည့်လိုက်သည်။

ဟွားချုံးယန်က ပြောလိုက်သည်။ “ ဒါက ဘာမှမဟုတ်ပါဘူး၊ ကျွန်တော် ထပ်မတိုက်ခိုက်နိုင်တော့တာကက ရှက်စရာပဲ”

“ကျန်တာကို ကျုပ်တို့ဆီ အပ်ထားလိုက်” စီး၀ူယာ့က လျှောက်ထွက်သွားသည်။ သူက အံဖွယ်မြို့တော်ကို ကြည့်လိုက်သည်။

ထိုစဉ် မိုးပြာနဂါးခန်းမ၏ ဒုခေါင်းဆောင် ယွီဟုန်က သူတို့ဆီ ပျံသန်းလာလျက် ရထားလုံးပျံပေါ်တွင် ရပ်လိုက်သည်။

“ဂိုဏ်းချုပ် အရှေ့ဘက်နဲ့ မြောက်ဘက်ဂိတ်ကို ဖောက်ဖျက်ပြီးပါပြီ၊ တောင်ဘက်နဲ့ အနောက်ဘက်ဂိတ်က တော်ဝင်အစောင့်တွေ အမြောက်အမြား စောင့်ကြပ်နေပါတယ်၊ ကျွန်တော်တို့ ရှေ့ဆက်တက်ဖို့ ခက်နေပါပြီ”

ယွီကျန့်ဟိုင်က နှာခေါင်းရှုံ့လျက် ပြောလိုက်သည်။

“သူတို့ ဘယ်လောက် ကြာကြာခံမလဲ ကြည့်တာပေါ့”

…

အခန်း (၅၈၂) အဆုံးသတ်ဆယ်ပါး အစီအရင်

ယွီကျန့်ဟိုင်က အတွေးနက်နေသည့် စီးဝူယာ့အား ကြည့်ကာ ပြောလိုက်၏။

“ဉာဏ်ကောင်းတဲ့ ရှစ်တိလေး.. အနောက်ဘက်နဲ့ တောင်ဘက်ဂိတ်တွေကို ဘယ်လို ဖြေရှင်းကြမလဲ”

စီးဝူယာ့က ပြုံးကာ ပြောလိုက်သည်။

“ကျွန်တော်တို့လူတွေ ထောင်ဂဏန်းလောက်ပဲ ချန်ထားပြီးတော့ ရုတ်ရုတ်သဲသဲ ဖန်တီးကြမယ်။ တကယ်လို့ ရန်သူက ရှေ့တက်လာရင် ကျွန်တော်တို့ နောက်ဆုတ်မယ်။ သူတို့ နောက်ဆုတ်သွားရင် ကျွန်တော်တို့ ရှေ့တက်မယ်။ တခြားသူတွေက အရှေ့ဘက်ဂိတ်မှာ လာပြီး စုဝေးသင့်တယ်”

“ကောင်းပြီ”

ယွီကျန့်ဟိုင်က အနီးအနားမှ လက်အောက်ခံတစ်ယောက်ကို ကြည့်ကာ သတင်းပါးလိုက်သည်။

စီးဝူယာ့က အံ့ဖွယ်မြို့တော်ကို ငုံ့ကြည့်ကာ ပြောလိုက်သည်။

“ဒါပေမဲ့ အံ့ဖွယ်မြို့တော်က ကြီးလွန်းတယ်။ ပုန်းအောင်းနေတဲ့ အဆင့်မြင့် ကျင့်ကြံသူတွေ ရှိနေနိုင်တယ်။ အံ့ဖွယ်မြို့တော်ရဲ့ အရှေ့ဘက်ဂိတ်က တော်ဝင်မြို့တော်ဆီ မိုင်ဒါဇင်လောက်ပဲ ဝေးတယ်။ တကယ်လို့ ပွင့်ချပ်ရှစ်လွှာအဆင့် ကျင့်ကြံသူ ထွက်ပေါ်လာတယ် ဆိုရင်တော့ တာ့ရှစ်ရှိုးကိုပဲ အားကိုးရမှာ …. တာ့ရှစ်ရှိုး လုပ်နိုင်မယ် ထင်လား”

ယွီကျန့်ဟိုင်က တည်ငြိမ်ကာ ယုံကြည်မှု ရှိနေသည်။ စီးဝူယာ့က ယွီကျန့်ဟိုင်၏ ယုံကြည်မှုက မည်သည့်နေရာမှ ရောက်လာကြောင်း စဉ်းစားနေ၏။ အမည်မသိ အကြောင်းအရင်း တချို့ကြောင့် သူက တာ့ရှစ်ရှိုးသည် သူ့အနားမှ လူများနှင့် ကိစ္စများအပေါ် သဘောထားသည် ပြောင်းလဲသွားကြောင်း ခံစားမိနေသည်။ သို့သော်လည်း သူ့အနေနှင့် အတိအကျတော့ မပြောနိုင်ပေ။ သူက ဤကမ္ဘာကို အုပ်စိုးဖို့အတွက် များစွာ ကြိုးပမ်းခဲ့ရသည်။ ငရဲဂိုဏ်းမှ သူ့အပေါင်းအပါများက အကျိုးပြုခဲ့သော်လည်း နောက်ဆုံးအနေနှင့် ပွင့်ချပ်ရှစ်လွှာအဆင့် လျိုကုကို ရင်ဆိုင်ရမည့်သူက ယွီကျန့်ဟိုင်သာ ဖြစ်၏။

…

နေ့တစ်ဝက် ကြာမြင့်ပြီးသည့်နောက်တွင် အနောက်ဖက်ဂိတ်ပေါက်၌ ငရဲဂိုဏ်း၏ အဖွဲ့ဂိုဏ်းခေါင်းဆောင် လေးယောက်ဖြစ်သည့် နင်ကျင်းရွှေ၊ ချင်းဟူ၊ ကုန်းဖုန်း၊ မုန့်ကြွယ်ရှန်းတို့က အနောက်ဘက်ဂိတ်နှင့် မြို့တံတိုင်းအား လှမ်းကြည့်နေကြသည်။

“အံ့ဖွယ်မြို့တော်ဆိုတဲ့အတိုင်းပဲ ငါတို့ ဒီလို လုပ်နေတာတောင် ရပ်တည်နိုင်သေးတယ်”

“အလျင်မလိုပါနဲ့ကွာ.. ငါတို့ ချိုးဖောက်ဖို့ အချိန်ရပါသေးတယ်။ အားလုံးပဲ ရှေ့တက်ကြ”

ငရဲဂိုဏ်းသား အယောက်တစ်ရာက မြို့တံတိုင်းပေါ် ပျံသန်းသွားသည်။ တစ်ချိန်တည်း ဆိုသလို ဗြဟ္မပင်လယ်နယ်ပယ် အဆင့် ကျင့်ကြံသူများစွာကလည်း မြို့တံတိုင်းပေါ် ခုန်တက်လာကြ၏။ နှစ်ဖက်လုံးက စတင်သတ်ဖြတ်ကြသည်။

စွမ်းအင်ထိပ်တိုက်တွေ့မှုများစွာ ထွက်ပေါ်လာပြီး စိတ်ဝိညာဉ်သဏ္ဌာန်အမျိုးမျိုးလည်း ထွက်ပေါ်လာသည်။ ပြင်းထန်သည့် တိုက်ပွဲသံများက နေရာအနှံ့ ကြားနေရ၏။

“တော်ဝင်အစောင့်တပ်ကို ကြည့်လိုက်အုံး”

နင်ကျင်းရွှေက သူတို့ဆီ ပျံသန်းလာနေသည့် ချပ်ဝတ်တပ်ဖွဲ့အား လက်ညှိုးထိုးပြလိုက်သည်။

စစ်သားများက မြို့တံတိုင်းပေါ် ခုန်တက်လာပြီး သူတို့၏စိတ်ဝိညာဉ်သဏ္ဌာန်များကို ဆင့်ခေါ်ကာ စတင်တိုက်ခိုက်လိုက်ကြသည်။ ထိုကျင့်ကြံသူ ဒါဇင်လောက်က သူတို့၏ ဆယ်ကမ္ဘာစိတ်ဝိညာဉ်သဏ္ဌာန်အား ဆင့်ခေါ်ကြသည်။ တစ်ဖက်တွင်မူ ငရဲဂိုဏ်းသားများက ဗြဟ္မပင်လယ်အဆင့်သာ ရှိနေသေး၏။ တော်ဝင်အစောင့်တပ်က သူတို့အား အရှိန်အဟုန်အပြည့်ဖြင့် နှိမ်နင်းနေကြသည်။ ငရဲဂိုဏ်းသား ဒါဇင်ချီက ချက်ချင်းဆိုသလို ကောင်းကင်မှ ပြုတ်ကျလာကြ၏။

နင်ကျင်းရွှေက မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။

“တော်ဝင်အစောင့်တပ်က အားကောင်းတယ်။ ငါတို့တွေပါ ချီတက်မှ ရမယ်”

လေးယောက်သားက ရှေ့သို့ ပျံသန်းသွားလိုက်ကြသည်။ တော်ဝင်အစောင့်တပ်ကြားတွင် မထင်မရှား ကျင့်ကြံသူ ငယ်လေးက ငရဲဂိုဏ်းမှ ခေါင်းဆောင်လေးဦးဆီ ပျံသန်းမလာခင် စိတ်ဝိညာဉ်သဏ္ဌာန်အား ဆင့်ခေါ်လိုက်သည်။

ဘန်း ဘန်း ဘန်း…

“ပွင့်ချပ်လေးလွှာ ရွှေကြာပဲ”

ရုတ်ခြည်း ထွက်ပေါ်လာသည့် စိတ်ဝိညာဉ်သဏ္ဌာန်က မြို့တံတိုင်းပေါ်မှ ငရဲဂိုဏ်းသားများအား ရိုက်ခတ်သွားသည်။

“သူက သူ့ကျင့်ကြံဆင့်ကို ဖုံးကွယ်ထားတာပဲ”

နင်ကျင်းရွှေက တခြားသုံးယောက်အား ဦးဆောင်ကာ ထိုတစ်ယောက်ဆီ ချီတက်သွားကြသည်။ လေးယောက်သားက ထိုတပ်သားထံ လက်ဝါးစည်းတံဆိပ် မြောက်များစွာ ထုတ်လွှတ်လိုက်ကြသည်။

ဝှစ်..

“သဘာဝကို သိမြင်ခြင်း..”

ထိုတပ်သားဝန်းကျင်တွင် ဗုဒ္ဓရွှေခန္ဓာ ပေါ်ထွက်လာသည်။

“ မုဒွာ ..”

တပ်သားက နည်းစနစ်နှစ်ခုကို ပေါင်းစပ်ကာ လက်ဝါးစည်းတံဆိပ်အား အဖွဲ့ခွဲခေါင်းဆောင် လေးယောက်ထံ ဆက်တိုက် ပစ်ခတ်လိုက်သည်။

“ဗုဒ္ဓကိုယ်တော်လား”

နှစ်ဖက်လုံးက အချင်းချင်း အဝေးမှ ကြည့်လိုက်ကြသည်။ ငရဲဂိုဏ်းမှ အဖွဲ့ခွဲခေါင်းဆောင် လေးယောက်က စိတ်ရှုပ်ထွေးသည့် အမူအရာမျိုး ရှိနေကြ၏။

“မြည်းငတုံး.. ကျောင်းဆောင်ထဲမှာ ကျမ်းရွတ်သင့်နေတာ ဒီမှာ ဘာလာလုပ်နေတာလဲ။ အသက်ရှင်ရတာ ငြီးငွေ့နေပြီလား”

နင်ကျင်းရွှေက ကျိန်ဆဲလိုက်သည်။ ထိုတပ်သားက မော့ကြည့်လာပြီး လက်အုပ်ချီကာ ပြောလိုက်၏။

“အော်မီတော်ဖော်.. ကိုယ်တော်ရဲ့ဗုဒ္ဓဘွဲ့က ကျစ်ရွှေပါ.. ကိုယ်တော့်ရဲ့ဆရာက မဟာနတ္ထိကျောင်းဆောင်ရဲ့ ကျောင်းထိုင် ခုံယွမ်ပါ။ ကိုယ်တော့်ရဲ့ဆရာဖြစ်သူကို မိစ္ဆာဝေဟင်မျှော်နန်းရဲ့ မိစ္ဆာအိုကြီးကျိက ဓားသင်္ချိုင်းမှာ သတ်ဖြတ်ခဲ့တယ်။ မိစ္ဆာလမ်းစဉ်က အရှုပ်အထွေးတွေ ဖန်တီးနေတာ ကိုယ်တော် ဘာမှမလုပ်ဘဲ ထိုင်နေနိုင်ပါ့မလား”

“အဲဆိုတော့ ခင်ဗျားက ခုံယွမ်ရဲ့ တပည့်ကိုး.. အတိတ်ကဟာတွေအတွက်ကတော့ တစ်ယောက်ယောက်က တာဝန်ယူရမယ်။ အကြွေးရှိရင် အကြွေးရှင် ရှိတယ်။ ဘာလို့များ မိစ္ဆာဝေဟင်မျှော်နန်းဆီ သွားပြီးတော့ ကျိချန်းပေ့နဲ့ မတွေ့ဆုံရတာလဲ” နင်ကျင်းရွှေက ပြောလိုက်သည်။

ထိုဘုန်းကြီး ကျစ်ရွှေက ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

“ကိုယ်တော့်အနေနဲ့ ပြဿနာကျနေတဲ့ အံ့ဖွယ်မြို့တော်ကို ကူညီပေးတာက မသင့်တော်ဘူးလား။ ဘာပဲဖြစ်ဖြစ် ဒီနေ့က မင်းတို့ သေရမဲ့နေ့ပဲ။ မိစ္ဆာလမ်းစဉ်က မပြောင်းလဲဘူး။ မင်းတို့တွေက ရက်စက်လွန်းတယ်။ ဒီနေ့တော့ မင်းတို့တွေကို ဆရာ့ကိုယ်စား သင်ခန်းစာ ပေးရမယ်”

ကျစ်ရွှေက စကားဆုံးပြီးနောက် သူ့ရွှေရောင်ခန္ဓာကိုယ်ကို ထပ်မံ အသက်သွင်းလိုက်သည်။ သူက ရွှေရောင်ဖြင့် တလက်လက် တောက်ပနေပြီး အဖွဲ့ခွဲခေါင်း‌ဆောင်လေးယောက်ဆီ ဦးတည်သွားလိုက်သည်။

အဖွဲ့ခွဲခေါင်းဆောင် လေးယောက်က လက်ဝါးချင်း ပူးကပ်ကာ ကျစ်ရွှေ၏ သဘာဝကို သိမြင်ခြင်းနှင့် ထိပ်တိုက် တွေ့ဆုံလိုက်သည်။

ဝုန်း..

မုဒြာလည်း အသက်ဝင်လာသည်။ လေးယောက်သားက လွင့်စဉ်သွားကြ၏။ ထိုစဉ် အနောက်ဘက်ဂိတ်ပေါက် အလွန် မြင့်မားသည့် သစ်ပင်အထက်တွင် ထူးထူးခြားခြား မြားပစ်သံတစ်ခု ထွက်ပေါ်လာသည်။ ထိုစွမ်းအင်မြားက လူတစ်ယောက်၏ လက်မောင်းလောက် တုတ်ခိုင်ပြီး ထိုဘုန်းကြီး ကျစ်ရွှေဆီ ဥက္ကာပျံအလား ဦးတည်လာသည်။

ကျစ်ရွှေက အံ့အားသင့်သွား၏။ သူက လက်ဝါးချင်း ပူးကပ်ကာ ထိုစွမ်းအင်မြားအား လမ်းကြောင်းလွဲလိုက်သည်။ သို့သော်လည်း ထိုစွမ်းအင်မြားကမူ ဆက်လက် တိုးဝင်နေဆဲသာ ဖြစ်၏။

ဘန်း..

ကျစ်ရွှေက နောက်ဂျွမ်းထိုးကာ.. “နတ်လေးသျှင်လား”

ငရဲဂိုဏ်းသားများက သစ်ပင်မြင့်ကြီးကို လှည့်ကြည့်လိုက်ကြသည်။ ထိုသစ်ပင်အထက်တွင် လူအိုကြီးနှင့် မိန်းမငယ်တစ်ဦးကို မြင်လိုက်ရ၏။

ဟွားယွဲ့ရှင်းက သူမ၏ အနေအထားကို ထိန်းသိမ်းကာ လေးကြိုးကို ဆွဲထားလေသည်။

“လရောင်ကြွေကြယ်တံခွန်”

ဝှစ် ဝှစ် ဝှစ်..

ဟွားယွဲ့ရှင်း၏ လက်ချောင်းမှ စွမ်းအင်မြား မြောက်များစွာ ထွက်ပေါ်လာသည်။ သူမက မြို့တံတိုင်းပေါ်ရှိ စစ်သားများဆီ ဆက်တိုက် ပစ်လွှတ်နေပြီး မြားတစ်ချောင်းစီက စစ်သားတစ်ဦးချင်းစီ၏ အသက်ကို နုတ်ယူသွားလေသည်။

ဟွားယွဲ့ရှင်းက ကျစ်ရွှေအား လျစ်လျူရှုထားပြီး မြို့တံတိုင်းပေါ်မှ လူများအား ဆက်လက် တိုက်ခိုက်နေလေသည်။

သိပ်မကြာခင် မြို့တံတိုင်းထိပ်တွင် သွေးများဖြင့် စွန်းထင်းသွားလေသည်။ အလောင်းများက သွေးအိုင်ဖြစ်နေပြီး ရင်ဘတ်မှ သွေးများ စီးကျနေကြသည်။

“ကောင်းလိုက်တဲ့ နည်းစနစ်” နင်ကျင်းရွှေက ချီးကျူးလိုက်သည်။

“တိုက်ကြ ညီအစ်ကိုတို့.. တစ်ယောက်ယောက်က ငါတို့ကို ကူညီပေးနေတယ်”

ငရဲဂိုဏ်းသားများ၏ စိတ်ဓာတ်က ပြန်လည်တက်ကြွလာကြသည်။

ထိုစဉ် ကျစ်ရွှေက သစ်ပင်ထိပ်ဖျားတွင် ရပ်နေသည့် ဟွားယွဲ့ရှင်းအား မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။ သူက ဘာမှစကားမဆိုဘဲ မြို့တံတိုင်းအပေါ်မှ ခြေဖျားထောက်ကာ အနောက်ဘက် ဂိတ်ပေါက်မှ ပျံသန်းလာလိုက်သည်။ သူ့အမြန်နှုန်းက အင်မတန် မြန်ဆန်လှ၏။ ထိုအရာက အနည်းငယ် ကွာဝေးသော်လည်း နတ်ဝိညာဉ်ဝဋ်ကြွေးချေအဆင့် ကျင့်ကြံသူတစ်ဦးအနေနှင့် မီတာထောင်ချီလောက်က အသက်ရှိုက်စာအနည်းငယ်အတွင်း သွားလာနိုင်လေသည်။ ကျစ်ရွှေက ပြောလိုက်၏။

“သားသတ်သမားဓားကို ချပြီးတော့ ဗုဒ္ဓဖြစ်လာလိုက်တော့”

သူက လက်ချင်းပူးကပ်ကာ သဘာဝကို သိမြင်ခြင်း တိုက်ကွက်အား ထုတ်ဖော်လိုက်သည်။ တစ်ချိန်တည်း ဆိုသလို သူက မုဒြာကိုလည်း ထုတ်လွှင့်လိုက်၏။ သူ့ လက်ဝါးမှ မဟာဗာဂျရာစက်ဝန်းလက်ဟန်က ထွက်ပေါ်လာသည်။

ဟွားဝူတောက်က ကျစ်ရွှေအား ကြည့်ကာ ပြောလိုက်၏။

“မြည်းငတုံး မင်းကိုယ်မင်း ဘယ်သူ ထင်နေလဲ”

ဟွားဝူတောက်က ခုန်ဆင်းကာ တိုက်ခိုက်ဖို့ ပြင်လိုက်သည်။ သူ့ခြေထောက်အောက်တွင် ပါကွား ထွက်ပေါ်လာပြီး သူ့အနားတွင် ရွှေရောင်သင်္ကေတကိုးခုက ရစ်ပတ်နေသည်။ ထို့နောက် သူက စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆင့်ခေါ်လိုက်၏။ သူ့ရွှေကြာကို ဖြတ်တောက်ပြီး ပြန်လည်ကျင့်ကြံပြီးသည့်နောက်တွင် သူက ပွင့်ချပ်ငါးလွှာအဆင့် ရောက်ရှိနေလေပြီ။

ကျစ်ရွှေက မျက်လုံးပြူးသွားကာ “မဖြစ်ဘူး”

ဘန်း ဘန်း ဘန်း..

ဧရာမစိတ်ဝိညာဉ်သဏ္ဌာန်ကြီး၏လက်က လှုပ်ရှားလာကာ မုဒြာအား ဆုပ်ကိုင်လိုက်သည်။

“နောက်ဆုတ်ကြ”

ကျစ်ရွှေက သူ့မုဒြာအား အလျင်အမြန် ရုပ်သိမ်းလိုက်သည်။

“မြည်းငတုံး မင်းသာ ငရဲမသွားရင် ဘယ်သူက သွားမှာလဲ”

သင်္ကေတကိုးခုက ကျစ်ရွှေ၏ ရင်ဘတ်ပေါ် ဆက်တိုက် ကျရောက်သွားသည်။

ဘန်း ဘန်း ဘန်း..

မုဒြာ၏ ကာကွယ်မှု မရှိဘဲ ကျစ်ရွှေက စာရွက်တစ်ခုလို ကျိုးပဲ့လွယ်နေသည်။ လျိုဟယ်တာအို စည်းတံဆိပ်က သူ့အပေါ် ကျရောက်လာ၏။

ဝုန်း..

ကျစ်ရွှေက မြေပြင်ပေါ် ကျရောက်သွားကာ ချက်ချင်းဆိုသလို အသက်ရှု ရပ်တန့်သွားလေသည်။

ဟွားဝူတောက်က အနောက်ဘက်ဂိတ်ပေါက်အား ကြည့်ကာ ပြောလိုက်၏။

“ယွဲ့ရှင်း … ဆက်လုပ်ထား ဘယ်သူကမှ အနား မကပ်စေရဘူး”

“နားလည်ပါပြီ”

ဟွားယွဲ့ရှင်းက တက်ကြွလာသည်။

ဟွားဝူတောက်၏ ကာကွယ်မှုအောက်တွင် သူမက လေးကြိုးကို ထပ်မံဆွဲလိုက်သည်။ မြို့တံတိုင်း အပေါ်တွင် ကျင့်ကြံသူများ ပေါ်ထွက်လာသည်နှင့် သူမက စွမ်းအင်မြားဖြင့် ချက်ချင်းဆိုသလို အသက်နှုတ်ယူပစ်သည်။

အဖွဲ့ခွဲခေါင်းဆောင် လေးယောက်ကလည်း ပြန်လည်စုစည်းလိုက်ကြသည်။ ရန်သူဘက်တွင် အဆင့်မြင့်ကျင့်ကြံသူ မရှိဘဲ သူတို့က သူတို့ကိုယ်သူတို့ အေးအေးဆေးဆေး ကာကွယ်နိုင်လေသည်။ နတ်လေးသည်တော် ဟွားယွဲ့ရှင်းကမူ မိုင်တစ်ထောင် ကွာဝေးနေသည့်အတွက် သူတို့လုပ်နိုင်သည့်အရာ မရှိပေ။

“ဂိုဏ်းချုပ်က ငါတို့ ဒီမှာ လူသုံးထောင် ချန်ပြီးတော့ အရှေ့ဘက်ဂိတ်မှာ စုဖို့ ပြောထားတယ်”

“နားလည်ပါပြီ”

…

နောက်တစ်ရက် မိစ္ဆာဝေဟင်မျှော်နန်း၏ အရှေ့ဘက် မျှော်နန်းဆောင်။

လုကျိုးက မျက်လုံးပွင့်လာကာ သူ့ထူးခြားအံ့ဖွယ်စွမ်းအင်အား စမ်းကြည့်လိုက်သည်။ ထိုအရာက ပြန်ပြည့်လုနီးပါး ဖြစ်နေလေပြီ။ ယခင် လူသားစာလိပ်ကို ပိုင်ဆိုင်ခဲ့သည်နှင့် နှိုင်းယှဉ်ပါက သူ သိုလှောင်နိုင်သော ထူးခြားစွမ်းအင် ပမာဏသည် ပိုမိုများပြားလာသည်ကို ခံစားမိလိုက်သည်။ ယခင် ကျင့်ကြံဆင့်အရ ထူးခြားစွမ်းအား မပါရှိဘဲ ပွင့်ချပ်ငါးလွှာအဆင့် ကျင့်ကြံသူများက သူ့အတွက် ပြိုင်ဘက် မဟုတ်ပေ။

သူက တရားမထိုင်တော့ဘဲ အရှေ့ဘက် မျှော်နန်းဆောင်မှ ထွက်လာလိုက်၏။ သူက အပြင်ဘက် ရောက်သည်နှင့် ခြေလက်ဆန့်လိုက်သည်။

ထိုစဉ် တွမ့်မူရှန်းက အလျင်အမြန် ပြေးဝင်လာကာ ဦးညွှတ်ပြီး ပြောလိုက်၏။

“ရှစ်စွင်း … လီယွင်ကျောက်ဆီက စာတစ်စောင် ရောက်လာပါတယ်”

“လီယွင်ကျောက်လား”

“ရှစ်စွင်း ကြည့်ကြည့်ပါအုံး”

တွမ့်မူရှန်းက စာကို ပေးလိုက်သည်။ လုကျိုးက စာကို ဖွင့်ကာ ဖတ်ကြည့်လိုက်၏။ ပါဝင်အကြောင်းအရာအား ဖတ်ရှုပြီးနောက်တွင် မျက်မှောင်ကြုတ်သွားကာ

“မင်း ဖတ်ပြီးသွားပြီလား”

တွမ့်မူရှန်းက ခေါင်းညိတ်ကာ ဒူးတစ်ဖက် ထောက်လိုက်ပြီး “ကျွန်တော် အံ့ဖွယ်မြို့တော်ကို သွားချင်ပါတယ်”

လုကျိုးက ထည့်စဉ်းစားထားပြီးသည့်အလား မုတ်ဆိတ်သပ်ကာ “ဒါက သူ့ကိစ္စပဲ”

“ဒါပေမဲ့ သူက ရှစ်စွင်းရဲ့တပည့်လေ” တွမ့်မူရှန်းက ပြောလိုက်သည်။

“လီယွင်ကျောက်က အမှန်အတိုင်း ပြောနေတာဖြစ်ရင် မင်းရဲ့တာ့ရှစ်ရှိုးက ငါ့ကို ပိုပြီး မုန်းသွားမယ်လို့ မစဉ်းစားမိဘူးလား” လုကျိုးက ပြောလိုက်သည်။

“အာ…” တွမ့်မူရှန်းက ကြောင်အမ်းသွားသည်။

အရိုးအထိ ကပ်ငြိနေသည့် အရာကိုမူ ပြောင်းလဲနိုင်ရန် မရှိပေ။ နမူနာအားဖြင့် ဟွားဝူတောက်သည် လျိုဟယ်စည်းတံဆိပ်ကို နှစ်နှစ်ဆယ်ကြာ လေ့လာခဲ့သည်မှာ မိစ္ဆာဝေဟင်မျှော်နန်းသခင်နှင့် တိုက်ခိုက်ပြီး သူ့စွဲလမ်းမှုကို ကျော်လွှားဖို့ ဖြစ်သည်။ ဟွားဝူတောက်သည် ယွင်ဂိုဏ်း၏ ထောက်ပံ့မှုကို မလိုအပ်ပေ။ သူက သူ့တပည့်ကိုပင် ပြန်ပို့ခဲ့သေးသည်။ သူတို့ စတင်သည့်အရာကို ပြီးမြောက်ချင်သည့် လူတစ်ယောက်အတွက် မည်မျှပင် ခက်ခဲစေကာမူ ပြဿနာ မရှိပေ။

ဆရာတစ်ရက် ဖြစ်လျှင် တစ်ဘဝလုံး ဆရာ ဖြစ်၏။ ထိုအချက်ပေါ် မူတည်ပြီး လုကျိုးသည် သူ့တပည့် အန္တရာယ်ကျရောက်နေမှန်း သိလျက်နှင့် အေးဆေး ထိုင်မနေနိုင်ပေ။ မည်သို့ပင် ဆိုစေကာမူ သူက ခက်ခဲသည့် ရွေးချယ်မှုကို ပြုလုပ်ရလိမ့်မည်။

လုကျိုးက ယွီကျန့်ဟိုင် တောင်ပေါ်မှာ ဒူးထောက်နေစဉ်အခါက ပြောခဲ့သည့် စကားများကို အမှတ်ရသွားသည်။ သူက ယွီကျန့်ဟိုင် ဖြတ်ကျော်ခဲ့ရသည့် ခက်ခဲမှုများ၊ သူ့ ရှုပ်ထွေးလှသည့် ကံကြမ္မာနှင့် သေဆုံးမှု နှစ်ခု အကြောင်းကို အမှတ်ရသွားသည်။

“ခဏလေး” လုကျိုးက လက်မြောက်လိုက်သည်။

“ရှစ်စွင်း” တွမ့်မူရှန်းက သူ့ရှစ်စွင်းအား နားမလည်နိုင်စွာ ကြည့်လိုက်သည်။ သူက သူ့ရှစ်စွင်း ဘာတွေးနေသည်ကို မပြောနိုင်ပေ။

“စီးဝူယာ့ဆီ စာပို့လိုက်.. ငါ ယွီကျန့်ဟိုင်ရဲ့ သေဆုံးမှု နှစ်ခုနဲ့ ပတ်သက်ပြီး အတည်ပြုချင်တယ်”

“နားလည်ပါပြီ”

၂ရက်ကြာမြင့်ပြီးသည့်နောက် ပုံမှန်အတိုင်း အရှေ့ဘက်မှ နေထွက်လာသည်။

ရွှေနန်းဥယျာဉ်တောင်အထက်တွင် မနက်ခင်း မြူများက အုံ့ဆိုင်းနေလေ၏။ လုကျိုးက မနက်တိုင်းလိုလို အရှေ့ဘက်မျှော်နန်းဆောင်တွင် ခြေလက်ဆန့်နေသည်။ ထိုစဉ် တွမ့်မူရှန်းက အရှေ့ဘက် မျှော်နန်းဆောင်အတွင်း စာတစ်စောင် ကိုင်လျက် ဝင်ရောက်လာသည်။

“ရှစ်စွမ်း … ချီရှစ်တိက အကြောင်းပြန်လာပါပြီ”

“ဒီကို ယူခဲ့”

လုကျိုးက စာကို ဖတ်ကြည့်လိုက်သည်။ ထိုအရာကို ဖတ်ကြည့်ပြီးနောက် အေးစက်စက် ပြောလိုက်၏။

“ငမိုက်သားကတော့ အမြဲတမ်း ငမိုက်သားပါပဲ”

“ရှစ်စွင်း တာ့ရှစ်ရှိုးက တကယ်ကြီး နှစ်ခါ သေခဲ့ဖူးတာလား” တွမ့်မူရှန်းက အမှန်တကယ် အံ့အားသင့်သွားသည်။

“အဲဒါက ဝူချီအန်းရဲ့ပုံစံပဲ သူတို့ သေသွားရင်တောင် သုံးကြိမ်ပြန်ပြီး ကယ်ဆယ်နိုင်တယ်။ ဒါပေမဲ့ တစ်ခါအသက်ပြန်ရှင်လာတိုင်းမှာ သက်တမ်း သုံးရာ ကုန်ဆုံးသွားတယ်။ ကြည့်ရတာ မင်းရဲ့တာ့ရှစ်ရှိုးက ကြာကြာ မနေရလောက်တော့ဘူး”

လုကျိုးက ပြောလိုက်သည်။

“…”

တွမ့်မူရှန်းက ထိုအရာကို ကြားသည့်အခါ စိတ်ထဲ ဗလာကျင်းသွားလေ၏။

…

အံ့ဖွယ်မြို့တော်အတွင်း ငရဲဂိုဏ်းက အရှေ့ဘက်နှင့် မြောက်ဘက်ဂိတ်ပေါက်မှ အောင်အောင်မြင်မြင် ချီတက်နိုင်ခဲ့သည်။ ငါးရက်တာ တက်လှမ်းလာပြီးသည့်နောက်တွင် ငရဲဂိုဏ်းသား အယောက်တစ်သိန်းက တော်ဝင်မြို့တော်သို့ ရောက်ရှိလာကြ၏။

မျက်စိနှင့် မြင်တွေ့နေသည်က တော်ဝင်မြို့တော်မှ လွဲလျှင် အံ့ဖွယ်မြို့တော်တစ်ခုလုံးက အပြိုအပျက်များ အဆောက်အဦး အပျက်အစီးများဖြင့်သာ ပြည့်နှက်နေသည်။

“ရထားလုံးကို ဆင်းလိုက်”

ငရဲဂိုဏ်း၏ ရထားလုံးပျံက ဆင်းသက်လိုက်သည်။ ရက်အနည်းငယ်ကြာ တိုက်ခိုက်ပြီးသည့်နောက်တွင် ရထားလုံးပျံသည်လည်း အပေါက်များ အပျက်အစီးများဖြင့် ရှိနေလေပြီ။

“နားလည်ပါပြီ”

ရထားလုံးပျံက ဖြည်းဖြည်းချင်း ဆင်းသက်လာပြီး တော်ဝင်မြို့တော်အရှေ့ ရပ်တန့်သွားသည်။

ငရဲဂိုဏ်းသား အယောက်တစ်သောင်းက ဒူးတစ်ဖက်ထောက်ကာ ပြောလိုက်ကြ၏။

“ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်”

ယွီကျန့်ဟိုင်၊ စီးဝူယာ့နှင့် ဟွားချုံးယန်တို့က ရထားလုံးထဲမှ ထွက်ပေါ်လာကြသည်။

“တော်ဝင်မြို့တော်လား..”

သူတို့က မြင့်မားနေသည့် အနီရောင်တံတိုင်းအမြင့်ကြီးထက် တော်ဝင်မြို့တော်ကို ကြည့်လိုက်ကြသည်။ ဤသည်က ယွီကျန့်ဟိုင် ရောက်ရှိဖို့ အမြဲတမ်း အိပ်မက်မက်ခဲ့ရသည့် နေရာတစ်ခု ဖြစ်၏။ ယခုတွင် ထိုအရာက လက်တွေ့ ဖြစ်လာလေပြီ။ သူက စိတ်မလှုပ်ရှားဘဲ မနေနိုင်တော့ပေ။ သူက‌ ပြောလိုက်၏။

“ငါ့နောက် လိုက်တဲ့သူက စည်ပင်ကြွယ်ဝချမ်းသာပြီးတော့ ဆန့်ကျင်တဲ့သူက သေရမယ်”

ငရဲဂိုဏ်းသားများကလည်း ထိုအတူ အော်လိုက်ကြသည်။ သူတို့၏ စိတ်ဓာတ်များကလည်း တက်ကြွလာကြ၏။

“နောက်လိုက်တဲ့သူက စည်ပင်ကြွယ်ဝချမ်းသာရပြီးတော့ ဆန့်ကျင်တဲ့သူက သေဆုံးရမယ်”

အသံလှိုင်းက တော်ဝင်မြို့တော်ကို ရိုက်ခတ်သွားသည်။

ကျွီ…

ပေတစ်ရာမြင့်မားသည့် တော်ဝင်မြို့တော် ဂိတ်တံခါးက ဖြည်းဖြည်းချင်း ပွင့်သွားသည်။ ထိုအရာက အနည်းငယ်မျှ ဖြစ်သော်လည်း တခြားကမ္ဘာတစ်ခုသို့ ရောက်ရှိသွားသလို ခံစားလိုက်ရသည်။ ထိုတံခါး ပွင့်သွားသည့်အခါ သူတို့ရှေ့တွင် ရပ်နေကြသည့် တော်ဝင်အစောင့်တပ် ပမာဏအမြောက်အများကို မြင်လိုက်ရသည်။

ထိုစဉ် တော်ဝင်မြို့တော် ထိပ်မှ ဝတ်ရုံဖြူ ကျင့်ကြံသူ တစ်ယောက်က ကြေညာလိုက်သည်။

“အဆုံးသတ် ဆယ်ပါး အစီအရင်ကို အသက်သွင်းလိုက်ကြ”

…

All Chapters