← Chapters

အခန်း (၅၈၆-၅၈၈)

Vol. 40 Ch. 586-588

အခန်း (၅၈၆-၅၈၈)

Vol. 40 Ch. 586-588

အခန်း (၅၈၆) သူတို့အားလုံးကို ရှင်းထုတ်လိုက်

လုကျိုးက အပြာရောင်ကြာပွင့်ကို ပုံဖော်လိုက်ရင်း အနည်းငယ် တွန်းပို့လိုက်သည်။ အပြာရောင်ကြာပွင့်က ယွီကျန့်ဟိုင်အထက်တွင် ပွင့်လန်းလာပြီး သူ့အား အပြာရောင်အလင်းဖြင့် လွှမ်းခြုံထားလေသည်။

လုကျိုးက ယွီကျန့်ဟိုင်ဆီမှ အသက်ဓာတ် လွင့်ပြယ်နေသည်ကို ခံစားမိလိုက်၏။ သူက တောင်ပေါ်တွင် ယွီကျန့်ဟိုင် ဒူးထောက်ခဲ့သည့် မြင်ကွင်းကို ပြန်လည်အမှတ်ရလာသည်။ ယွီကျန့်ဟိုင်က ရေတံခွန်အောက်တွင် သူက မဟာအမှောင်အောက်မေ့ရာကို ကျွမ်းကျင်လိုသည့်အခါ တစ်ရက်ပြီးတစ်ရက် မမောမပန်း လေ့ကျင့်ခဲ့သည်ကိုပင် အမှတ်ရလာခဲ့သည်။ သူက ယွီကျန့်ဟိုင် အမှားလုပ်သည့်အခါ မည်သို့ ရိုက်နှက်ခဲ့သည်ကိုလည်း အမှတ်ရလာသည်။ ထိုအရာအားလုံးက မနေ့တစ်နေ့ကလို ခံစားမိနေ၏။

သူ့ပထမတပည့်က ဒီလိုဝက်တစ်ကောင်ကို သတ်ဖို့အတွက် လူသားအဖွဲ့အစည်းရဲ့ အထွတ်အထိပ်ကို တက်လှမ်းပြီး အသက်ကို အလကားစွန့်ပစ်လိုက်တာ ထိုက်တန်ရဲ့လား။ အာဏာနဲ့ ဂုဏ်ကျက်သရေအတွက် သူ့ဘိုးဘေးတွေကို စွန့်ပစ်ထားတဲ့ ဖျင်အန်းကိုလေ…။

ယွီကျန့်ဟိုင်က နှစ်ကြိမ် သေဆုံးခဲ့ဖူးသည်။ သူက သက်တမ်းခြောက်ရာ လျော့ကျသွားခဲ့၏။ သူ တောင်ပေါ်တွင် ကုန်ဆုံးခဲ့သည့် အချိန်များပါ ထည့်တွက်လိုက်လျှင် သူသည် ကန့်သတ်ချက်သို့ နီးကပ်လာပြီ ဖြစ်၏။ သူ့ကန့်သတ်ချက် နီးကပ်လာသည့်အခါတွင်ပင် အားကုန်သုံး၍ လျိုကု၏ အသက်နှင့် လဲလှယ်ခဲ့သည်။

ဒါက ထိုက်တန်ရဲ့လား …

လုကျိုးက သူ့ဘာသာသူ တွေးလိုက်မိသည်။ သူ ထိုက်တန်တယ်လို့ တွေးသရွေ့ ကိစ္စမရှိဘူး။

လုကျိုးက အောက်ကို ထပ်မံ ပို့လွှတ်လိုက်သည်။ အကြီးအကဲသုံးယောက်၏ စိတ်ဝိညာဉ်သဏ္ဌာန်မှလည်း စွမ်းအားများ ထွက်ပေါ်လာသည်။

ကျော့ယွီရှု၏ အားမြှင့်အစီအရင်အောက်တွင် နဂါးရစ်ခွေတုတ်၏ အာနိသင်လည်း ထွက်ပေါ်လာသည်။

အပြာရောင်ကြာပွင့်က ယွီကျန့်ဟိုင်နှင့် ပတ်ဝန်းကျင်အား လွှမ်းခြုံထားလေသည်။

ရေထဲမှ ငါးများ ခုန်ထွက်လာပြီး မြစ်ကမ်းဘေးမှ အပင်များလည်း ကြီးထွားလာကြသည်။ ပန်းများလည်း ပွင့်လန်းလာကြပြီး သေဆုံးပြီးသော သစ်ပင်များလည်း ပြန်လည်ကြီးထွားလာကြသည်။

လုကျိုးက လက်သီးဆုပ်လိုက်သည့်အခါ အပြာရောင်ကြာပွင့်က ပျောက်ကွယ်သွားလေသည်။ သူက လက်ကို မြောက်လိုက်၏။

မိစ္ဆာကိုယ်တော် လက်ဝါးစည်းတံဆိပ်က ပေါ်ထွက်လာပြီး ယွီကျန့်ဟိုင်အား ခေါ်ဆောင်ပြီး ရထားလုံးဆီ ပျံသွားလိုက်သည်။

အကြီးအကဲသုံးယောက်ကလည်း သူတို၏ စိတ်ဝိညာဉ်သဏ္ဌာန်ကို တစ်ပြိုင်တည်း ရုပ်သိမ်းလိုက်ကြ၏။

“တာ့ရှစ်ရှိုး”

တွမ့်မူရှန်း၊ ကျောင်းယွဲ့၊ ယဲ့ထျန်းရှင်း၊ ကျူးဟုန်ကုန်း၊ ရှောင်ယွမ်အာနှင့် ခရုလေးတို့က ပြိုင်တူ အော်ခေါ်လိုက်ကြသည်။

တခြားသူများကလည်း စိတ်မသက်မသာ ဖြစ်နေကြ၏။ ယွီကျန့်ဟိုင်၏ မျက်လုံးများက မှိတ်နေလေသည်။ သူတို့အနေဖြင့် သူ အသက်ရှင်လား သေပြီလားဆိုတာကို မသိရပေ။ သူ့ရင်ဘတ်မှ ထွက်ပေါ်နေသည့် အသက်ဓာတ်အမျှင်မျှသာ ရှိ၏။ သူ့ရင်ဘတ်ပေါ်ရှိ ဒဏ်ရာများက ပြန်လည်စေ့ပိတ်ပြီး သွေးမထွက်တော့ပေ။ သို့သော်လည်း သူက သတိမေ့နေဆဲသာ ဖြစ်၏။ သူ့အခြေအနေက အမှန်တကယ် စိုးရိမ်ဖွယ် ကောင်းလှသည်။ နောက်ဆုံးတွင် သူက ရထားလုံးပျံ ကုန်းပတ်ပေါ် ဆင်းသက်လိုက်သည်။

“ရှစ်စွင်း … တာ့ရှစ်ရှိုးရဲ့အခြေအနေက ဘယ်လိုလဲ”

ရှောင်ယွမ်အာက မော့ကြည့်ပြီး မေးလိုက်သည်။

တခြားသူများကလည်း လုကျိုးအား ကြည့်လိုက်ကြပြီး အဖြေကို စောင့်ဆိုင်းနေကြ၏။

လုကျိုးက ပြောလိုက်သည်။

“အခြေအနေ သိပ်မကောင်းဘူး”

ကျော့ယွီရှုက ဝင်ပြောလိုက်သည်။

“အစ်ကိုကြီးတောင် သူ့ကို မကယ်နိုင်ဘူးလား”

ထိုရလဒ်က အမှန်တကယ် လက်ခံဖို့ ခက်ခဲလှသည်။

ယခုရှိနေသည့် လူများက အပြာရောင်ကြာပွင့်၏ စွမ်းအားကို မျက်မြင်ကိုယ်တွေ့ ကြုံဖူးကြသူများ ဖြစ်၏။ သို့သော်လည်း ထိုကုသရေး နည်းစနစ်နှင့်ပင် ယွီကျန့်ဟိုင်၏ အသက်ကို ကယ်တင်ဖို့ရာ အာမမခံနိုင်ပေ။ အကယ်၍ ဒီလိုသာ ဖြစ်နေပါက တခြားဂိုဏ်းမှ ကုသရေးနည်းစနစ်များလည်း အသုံးဝင်မည် မဟုတ်ပေ။

ဖန်လီထန်းက သက်ပြင်းချကာ “ကောင်းပြီ သူက သူ့ဆန္ဒကိုတော့ ဖြည့်ဆည်းလိုက်နိုင်တာပဲ။ သူက နည်းနည်းတော့ ခေါင်းကြောမာတယ်”

“ပုံမှန်နည်းလမ်းတွေနဲ့တော့ သူ့ကို ကယ်တင်နိုင်မယ် မထင်ဘူး။ သူ့ အသက်ဓာတ်ကို ပုံမှန်မဟုတ်တဲ့ နည်းလမ်းနဲ့ပဲ ကယ်လို့ ရတော့မှာ” လန်လော့က ပြောလိုက်သည်။

“ပုံမှန်မဟုတ်တဲ့ နည်းလမ်းတဲ့လား”

“သတ္တမသခင်လေးက တခြားမျိုးနွယ်ရဲ့ ပိုင်နက်တွေထဲမှာ သူလျှိုထည့်ပြီးတဲ့နောက်မှာ အသက်ဓာတ်ကို စုပ်ယူနိုင်တဲ့ သင်္ကေတ တွေ့ခဲ့တယ်လို့ ကြားထားတယ်။ သူ့ကို အဲဒီအကြောင်း မေးကြည့်လို့ ရလောက်တယ်”

တခြားသူများက ခေါင်းညိတ်လိုက်ကြသည်။

“ဝူချီအန်းက တစ်ခါ သေသွားတိုင်း သက်တမ်းသုံးရာ လျော့ကျသွားတယ်။ သူက သုံးကြိမ်တိုင်တိုင် သေဆုံးပြီးသွားပြီ အဲဒါကြောင့် ဒီအသက်ဓာတ်ကို စုပ်ယူခြင်းကပဲ လူတစ်ယောက်ရဲ့ ကန့်သတ်ချက်ကို ဆွဲဆန့်ဖို့ အလုပ်ဖြစ်လိမ့်မယ်နဲ့ တူတယ်။ ကျုပ်တို့ တခြားနည်းလမ်းကိုလည်း စဉ်းစားကြည့်ရမယ်”

ထိုစဉ် လုကျိုးက လက်မြှောက်ကာ “တော်တော့..”

သူက အေးစက်စက် လှည့်သွားလိုက်ပြီးနောက် တောင်စွန်းမှာ ရှိနေသည့် လက်ဝါးရာအား လှမ်းကြည့်လိုက်သည်။

“လောင်စန်း”

“ဟုတ် ရှစ်စွင်း”

“သူ့ကို ခေါ်ခဲ့”

လုကျိုးက ပြောလိုက်သည်။

“ရှစ်စွင်း သူက အမှုန့် ဖြစ်သွားလောက်ပါပြီ။ သူ့အလောင်းကို နှိပ်စက်မလို့လား” ကျူးဟုန်ကုန်းက အနည်းငယ် တွေဝေနေမိသည်။ ထို့နောက် သူက ခေါင်းညိတ်ကာ

“အဲဒါက အဓိပ္ပာယ်ရှိသားပဲ သူ တာ့ရှစ်ရှိုးကို လုပ်ခဲ့တာတွေကို တွေးကြည့်လိုက်ရင် နှိပ်စက်နိုင်တယ်။ အဲလိုအရာမျိုးအတွက် ရှစ်စွင်းဘာသာ ရှစ်စွင်း ဒုက္ခဖြစ်စေဖို့ မလိုပါဘူး။ ကျွန်တော် လုပ်လိုက်ပါမယ်”

“….”

လေထုက တင်းကျပ်သွားလေသည်။ သို့သော်လည်း ကျူးဟုန်ကုန်း စကားပြောလိုက်သည်နှင့် တခြားသူများက ဆွံ့အသွားကြသည်။

တွမ့်မူရှန်းက ပြောလိုက်၏ “ငတုံး အဲဒီလျိုကုက တကယ့်လျိုကု မဟုတ်ဘူး။ သူက ဝူချီအန်းပဲ”

ဝူချီအန်းက သူတို့ အမှန်တကယ် မသေဆုံးမီ သုံးကြိမ်တိုင်တိုင် သေဆုံးနိုင်လေသည်။

လုကျိုးက လျိုကုသည် မည်မျှ သေဆုံးသွားပြီးသည်ကို မသိပေ။ သူက သူ့သေဆုံးမှုကို အတည်ပြုဖို့ တခြားတစ်ယောက်ကို စေလွှတ်ချင်မိ၏။

ထိုအရာကို ကြားမိပြီးသည့်နောက်တွင် ဖန်းလီထန်းက ခေါင်းညိတ်ကာ “ငါပါ မင်းနဲ့ အတူတူ လိုက်ခဲ့မယ်”

တွမ့်မူရှန်းက ရထားလုံးပျံပေါ်မှ ခုန်ဆင်းသွားပြီး တောင်စောင်းကို ပျံသန်းသွားလေသည်။ ဖန်လီထန်းကလည်း နောက်မှ လိုက်ပါသွားလေ၏။ နှစ်ယောက်လုံးက တောင်စွန်းအထိ ရောက်ရှိသွားသည့်အခါ ကျောက်မျက်နှာပြင်တွင် အပေါက်ကြီး မြင်လိုက်ရ၍ အံ့အားသင့်သွားကြသည်။

ဖန်လီထန်းက တံတွေးမျိုချကာ “မျှော်နန်းသခင်ရဲ့ လက်ဝါးချက်က…”

ယွီကျန့်ဟိုင်နှင့် လက်ရည်တူသည့် ပွင့်ချပ်ရှစ်လွှာအဆင့်က မျှော်နန်းသခင်၏ လက်ဝါးတစ်ချက်ကိုပင် ခံနိုင်ရည် မရှိခဲ့ပေ။ ဒါက ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူက အမှန်တကယ် အားကောင်းလွန်းနေတာလား။

“ကျွန်တော် သွားကြည့်လိုက်မယ်”

တွမ့်မူရှန်းက ရဲရင့်ကာ အရည်အချင်း ရှိပေသည်။ သူက ထိုအပေါက်အား ချဉ်းကပ်သွားပြီး နယ်ရှင်လှံဖြင့် ထိုးချလိုက်၏။ ဘာမှ ထွက်ပေါ်မလာပေ။ ထို့နောက် သူက ကမ္ဘာဦးချီတချို့ကို လှည့်ပတ်ကာ ကျောက်နံရံကို ဖောက်ခွဲပစ်လိုက်သည်။

လျိုကု၏ အလောင်းက အပြိုအပျက်ကြားမှ ထွက်ပေါ်လာ၏။

ဖန်လီထန်းက ပြောလိုက်သည်။

“သတိထား ငါ့ကို အပ်ထားလိုက်”

သူက လက်မြောက်ကာ လျိုကုကို စွမ်းအားဖြင့် ရစ်ပတ်ပြီး မလာခဲ့သည်။

“နောက်တစ်ခု ရှိနေသေးတယ်”

တွမ့်မူရှန်းက အနီရောင်စုတ်တံ တစ်ချောင်းကို မြင်လိုက်ရသည်။ သူက လက်ဖြင့် ညွှန်ပြပြီးနောက် ထိုအရာက သူ့လက်ထဲ ရောက်ရှိလာသည်။ ထို့နောက်တွင် နှစ်ယောက်လုံးက ရထားလုံးပျံသို့ ပြန်လည် ရောက်ရှိလာကြသည်။

ကျူးဟုန်ကုန်းက ဖန်လီထန်းသည် အလောင်းပြန်သယ်လာသည်ကို မြင်သည့်အခါ သူက ပြောလိုက်သည်။

“ရှစ်စွင်း အလောင်းကို နှိပ်စက်ဖို့ ကျွန်တော့်တာဝန်ထားလိုက်”

“…”

“လောင်ပါ့ မင်းဘာသာမင်း နေစမ်း” တွမ့်မူရှန်းက ကျူးဟုန်ကုန်းအား ဆူလိုက်သည်။

လျိုကုက ရထားလုံးပျံပေါ် ရောက်ရှိလာသည့်အခါ လုကျိုးက လေ့လာကြည့်လိုက်၏။ သူ့အတွေ့အကြုံအရ အသေရိုက်ချက်ကတ် အသုံးပြုမှုသည် သူ့ပစ်မှတ်အား ပြာဖြစ်သွားစေလိမ့်မည်။ သို့သော်လည်း လျိုကု၏အလောင်းက ထူးထူးဆန်းဆန်း အကောင်းအတိုင်း ရှိနေဆဲ ဖြစ်၏။ စနစ်၏ သတိပေးချက်က မှားယွင်းနိုင်မည် မဟုတ်ပေ။ လျိုကုက အမှန်တကယ် သေဆုံးသွားပြီ ဖြစ်၏။ အသေရိုက်ချက်ကတ်၏ အာနိသင်က အသက်ဝင်လာခဲ့သည်။ သို့သော်လည်း သူက လျိုကု၏ အသက်ပြန်ရှင်လာနိုင်ချေကို သတိထားရသည်။

“ရှစ်စွင်း ဒီဟာကို သူ့အနားမှာ တွေ့ခဲ့တာ”

တွမ့်မူရှန်းက စုတ်တံကို လက်နှစ်ဖက်ဖြင့် ပေးလိုက်သည်။

လုကျိုးက ထိုအရာကို ကြည့်မိပြီးနောက် အနည်းငယ် အံ့အားသင့်သွားမိ၏။

“တင်.. သာလွန်ကောင်းကင်အဆင့် လက်နက် တရားစီရင်ရေးစုတ်တံကို လက်ခံရရှိပါတယ်။ ပြန်လည်အသုံးမပြုခင် သန့်စင်ဖို့ လိုအပ်ပါတယ်”

“သာလွန် ကောင်းကင်အဆင့်လက်နက်ပဲ။ အနီရောင် စုတ်တံတစ်ချောင်း..”

ထိုအရာက လုကျိုးအား အနီရောင်ခေါင်းတလား၊ ချပ်ဝတ်ပေါ်မှ အနီရောင်အရာများနှင့် သာလွန်ကောင်းကင်အဆင့် အဆင့်မြင့် လေဟာနယ်ဓားပေါ်မှ သွေးကြောများကိုပင် အမှတ်ရလာစေသည်။ ထိုစုတ်တံက လျှို့ဝှက်ဆန်းကြယ် ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူ ချန်ထားခဲ့တာလား။

“ရှစ်စွင်း.. အံ့ဖွယ်မြို့တော်ရဲ့ အခြေအနေက အတော်လေး အရေးကြီးနေတယ်။ ကျွန်တော်တို့ ဒီမှာ အချိန်ဖြုန်းလွန်းနေတယ်” တွမ့်မူရှန်းက ပြောလိုက်သည်။

“သူ့ကို စောင့်ကြည့်ထားလိုက်” လုကျိုးက အံ့ဖွယ်မြို့တော်ဆီ လှည့်ကြည့်လိုက်သည်။

“အံ့ဖွယ်မြို့တော်ဆီ သွားကြမယ်”

“နားလည်ပါပြီ”

ရထားလုံးပျံက အံ့ဖွယ်မြို့တော်ဆီ ဦးတည်လိုက်သည်။

ကျူးဟုန်ကုန်းက လျိုကုဘေးနား ရောက်လာကာ ရက်စက်မှုအပြည့်ဖြင့် “ကျွန်တော် အလောင်းကို သေချာစောင့်ကြည့်ထားလိုက်မယ်”

“…”

………………

ထိုစဉ် အံ့ဖွယ်မြို့တော်၏ တော်ဝင်မြို့တော်၏ ထိပ်ပိုင်းတွင် အကြီးအကဲ ဆယ့်ကိုးယောက်က ငရဲဂိုဏ်းသား သောင်းချီအား ကြည့်လိုက်သည်။ သူတို့၏အရေအတွက်က သုံးပုံတစ်ပုံသာ ကျန်ရှိတော့၏။

အချိန်က ကြာမြင့်လာသည့်အခါ စီးဝူယာ့နှင့် ဟွားချုံးယန်တို့က ကောင်းကင်ကို မော့ကြည့်လိုက်ကြသည်။

နေမင်းက အားလုံး၏ မျက်နှာအထက် ဖြာကျနေပြီး မြေကြီးပင် ကျစ်ကျစ်တောက် ပူနေသည်။

မြေကြီးပေါ်မှ သွေးများကလည်း ခြောက်ကပ်သွားကာ အနက်ရောင်ပင် ပြောင်းလဲသွားလေပြီ။ သွေးနံ့ကြောင့် ရောက်ရှိလာသည့် ယင်များကလည်း လေထုထဲ ဆူညံနေလေ၏။

ချက်ချင်းဆိုသလို ဟွားချုံးယန်က တုံ့ဆိုင်းပြီး‌ နောက်သို့ လဲကျသွားသည်။

“ပထမခေါင်းဆောင်”

ငရဲဂိုဏ်းသားနှစ်ယောက်က အလျင်စလို ရှေ့တက်လာကာ ဟွားချုံးယန်အား ထူပေးလိုက်ကြသည်။

စီးဝူယာ့က သူ့အတွက် အခြေအနေ မကောင်းမှန်း သိသာ ဟွားချုံးယန်၏ ကျောပေါ် လက်တင်၍ ကမ္ဘာဦးချီအား ပို့ဆောင်ကာ ကုသပေးလိုက်သည်။

အကြီးအကဲ ဆယ့်ကိုးယောက်က ရုတ်ခြည်း သဘောပေါက်သွားကာ အချင်းချင်း အကြည့်ဖလှယ်လိုက်ကြသည်။

“နှစ်နာရီ ကြာသွားပြီ ဆိုတော့ အဆုံးသတ်ဆယ်ပါး အစီအရင်ကို ပြန်လည်အသက်သွင်းလို့ရပြီ”

“အခု အစီအရင်ကို အသက်သွင်းတာက ငါတို့ဘက် အရေးသာမှာ မဟုတ်ဘူး။ ခုနှစ်စင်ကြယ် ကျောင်းတော်နဲ့ ကောင်းကင်ရှေ့ဆောင် ကျောင်းတော်တို့က တော်ဝင်ညီလာခံကို အမြဲတမ်း ထောက်ခံပေးခဲ့တာ။ အခု အံ့ဖွယ်မြို့တော်နဲ့ တော်ဝင်မြို့တော်တို့က ပြဿနာဖြစ်နေတာ ဆိုတော့ ငါတို့တွေ ဘာလို့ ဘာမှမလုပ်ဘဲ ထိုင်ကြည့်နိုင်မှာလဲ”

“မိစ္ဆာလမ်းစဉ်က ကမ္ဘာကြီးကို ရုတ်ရုတ်သဲသဲ ဖြစ်အောင် လုပ်နေပြီ။ သူတို့ကို ရှင်းထုတ်ပစ်သင့်တယ်”

“ကောင်းပြီ ငါတို့ ဆယ်ယောက်က အစီအရင်ကို စောင့်ကြည့်ထားပြီးတော့ ကျန်တဲ့ကိုးယောက်က တိုက်ပွဲကွင်းပြင်ကို ရှင်းလင်းလိမ့်မယ်”

သိပ်မကြာခင် အကြီးအကဲ ဆယ့်ကိုးယောက်က သတောတူညီချက် ရသွားကြသည်။ ဆယ်ယောက်က ပျံသွားကာ ကျန်တဲ့ကိုးယောက်ကမူ တိုက်ပွဲကွင်းပြင်ကို စောင့်ကြည့်လိုက်ကြ၏။

ထိုစဉ် အံ့ဖွယ်မြို့တော်မှ လေထုထဲ ကျင့်ကြံသူမြောက်များစွာ ထွက်ပေါ်လာကြပြီး သူတို့၏ စိတ်ဝိညာဉ်သဏ္ဌာန်များကို ဆင့်ခေါ်လိုက်ကြသည်။

ပွင့်ချပ်သုံးလွှာ၊ ပွင့်ချပ်လေးလွှာ၊ ပွင့်ချပ်ငါးလွှာ…

စိတ်ဝိညာဉ်သဏ္ဌာန်များက အံ့ဖွယ်မြို့တော်၏ ဂိတ်ပေါက်အမျိုးမျိုးမှ ပျံသန်းလာကြသည်။ ထိုအရာထဲတွင် သူတို့၏ ဆယ်ကမ္ဘာစိတ်ဝိညာဉ်သဏ္ဌာန်နှင့် ပျံသန်းလာသည့် နတ်ဒေဝါဦးတည် ကျင့်ကြံသူများလည်း ပါဝင်လေသည်။

“နှစ်ဖက်လုံး တိုက်ပွဲဖြစ်တော့ ငါတို့ကြားထဲကနေ အမြတ်ထုတ်ရတာပေါ့”

ကျောင်းတော်နှစ်ခုမှ အကြီးအကဲကိုးယောက်က ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်ကြသည်။

“တော်ဝင်မိသားစုက အန္တရာယ်ကျရောက်နေပြီ။ ငါတို့တွေက အခု မလှုပ်ရှားရင် ဘယ်တော့ လှုပ်ရှားမှာလဲ။ ဒါက ငရဲဂိုဏ်းကို ရှင်းထုတ်ပစ်ဖို့ အကောင်းဆုံး အခွင့်အရေးပဲ”

အကြီးအကဲတစ်ယောက်က ကျင့်ကြံသူများသည် တုံ့ဆိုင်းနေသည်ကို မြင်သောအခါ ထပ်ပြောလိုက်၏။

“အရှင်က ပွင့်ချပ်ကိုးလွှာအဆင့် ရောက်ခါနီးပြီ။ သူ့ဆီ ဦးညွှတ်တဲ့သူက အဆုံးမဲ့ ကြွယ်ဝချမ်းသာမှုတွေကို ခံစားရမှာပဲ”

“ပွင့်ချပ်ကိုးလွှာတဲ့လား.. ငရဲဂိုဏ်းကို သတ်ကြ”

“ငရဲဂိုဏ်းကို သတ်ကြ..”

လူတစ်ယောက်က အော်လိုက်သည့်အခါ တခြားသူများကလည်း လိုက်အော်ကြသည်။ သူတို့၏ အသံက ကောင်းကင်ကိုပင် တုန်လှုပ်သွားစေ၏။ ငရဲဂိုဏ်းသားများက အနည်းငယ် ဖြူဖျော့သွားကြသည်။

စီးဝူယာ့က မျက်မှောင်ကြုတ်လိုက်သည်။ သူက တာ့ရှစ်ရှိုးသည် အဘယ်ကြောင့် ပြန်ရောက်မလာသေးတာလဲဟု စဉ်းစားနေမိသည်။ ထိုစဉ် အနောက်ဘက် ဂိတ်ပေါက်မှ ပုံရိပ်နှစ်ခု ပျံသန်းလာလေသည်။

ဝှစ် ဝှစ်..

လက်မောင်းခန့် ထူတုတ်သည့် စွမ်းအင်မြားနှစ်ခုက လေထုကို ဖြတ်ခွင်းလာသည်။

ဘန်း ဘန်း..

စွမ်းအင်မြားက အဆင့်နိမ့်ကျင့်ကြံသူများ၏ ရင်ဘတ်ကို ထိုးစိုက်သွားလေသည်။

“နတ်လေးသျှင်ပဲ”

“ဘယ်သူ လှုပ်ရှားရဲလဲ ကြည့်ရတာပေါ့”

တခြားသူများက အသံလားရာကို ကြည့်လိုက်သည့်အခါ မြို့ဂိတ်ပေါက်အထက်တွင် နတ်လေးသျှင် တစ်ယောက်ကို မြင်လိုက်ရသည်။

ဟွားယွဲ့ရှင်းနှင့် ဟွားဝူတောက်တို့က လေထဲတွင် ပျံသန်းနေကြ၏။ ဟွားယွဲ့ရှင်း၏ လေးစားထိုက်သည့် ပုံသဏ္ဌာန်က ခြိမ်းခြောက်နိုင်ဖွယ် ဖြစ်နေသည်။ အခြေအနေက ပိုမို ရှုပ်ထွေးလာပြီဖြစ်၏။ မည်သူကမှ အလျင်စလို မပြုမူရဲကြပေ။

“ပွင့်ချပ်နှစ်လွှာ နတ်လေးသျှင် ဆိုတဲ့အတိုင်းပဲ။ အကြီးအကဲသုံးယောက်ကို လွှတ်ပြီးတော့ သူမကို နှိမ်နှင်းလိုက်။ တခြားသူတွေက ငါ့နောက်ကို လိုက်ခဲ့ … ငါတို့တွေ စီးဝူယာ့နဲ့ ရင်ဆိုင်ကြမယ်။ ဟွားချုံးယန်က ဒဏ်ရာအပြင်းအထန် ရထားတာ ဆိုတော့ ငါတို့ဘက်က အနိုင်ရမှာ အသေအချာပဲ”

ဟွားချုံးယန်က အင်မတန် နာကျင်နေမိသည်။ သူက ပွက်ပွက်ဆူနေသည့် သွေးအဆီအနှစ်များကို ဖိနှိပ်ကာ ပြောလိုက်၏။

“ကျုပ် အသုံးမကျဘူး”

“အခုက မင်းဘာသာမင်း အပြစ်တင်နေရမဲ့ အချိန်မဟုတ်ဘူး။ ဟွားချုံးယန် ငါ မင်းကို မေးမယ်။ မင်း သတ္တိရှိလား”

“ဘာလုပ်ဖို့လဲ” ဟွားချုံးယန်က အနည်းငယ် တွေဝေသွားမိသည်။

စီးဝူယာ့က သူ့အိတ်ကပ်ထဲမှ ဆေးလုံး နှစ်လုံး ထုတ်လာ၏။

“ကမ္ဘာဦးမိစ္ဆာဆေးလုံးလား”

ဟွားချုံးယန်၏ အကြည့်များက တောက်ပသွားကာ ဆုံးဖြတ်မှုများ ပြတ်သားနေသည်။

သူက ဆေးတစ်လုံး သောက်လိုက်သည်။ သူက ထိုအရာကို သောက်သုံးရမည့် အခွင့်အရေးကို စောင့်ဆိုင်းနေခြင်း ဖြစ်၏။

စီးဝူယာ့က ခေါင်းညိတ်ကာ “ကောင်းပြီ”

တော်ဝင်မြို့တော် မတိုင်ခင် ဝမ်ယွဲ့က သူ့ချီဆုံမှတ်များအား ဖိနှိပ်ကာ ပြောလိုက်သည်။

“ယွီကျန့်ဟိုင်က ငါ့ကို မသတ်ခဲ့တဲ့အတွက် နောင်တရနေတော့မှာပဲ။ ငါ…”

ဘန်း..

ဝမ်ယွဲ့က မြေကြီးပေါ် ဆောင့်နင်းလိုက်သည့်အခါ ကျောက်တုံးများက ကွဲကြေသွားလေသည်။ သူက စီးဝူယာ့ဆီ မြားတစ်ချောင်းလို တိုးဝင်လာ၏။ သူက ဒဏ်ရာအပြင်းအထန် ရရှိထားသော်လည်း ဆင်ပိန်ကျွဲလောက် ဆိုသည့် စကားပုံ ရှိသည် မဟုတ်ပါလော။ သူက ပွင့်ချပ်ခြောက်လွှာအဆင့်နှင့်အောက် ရင်ဆိုင်နိုင်သည့်သူတော့ မဟုတ်သေးပေ။

စီးဝူယာ့က လက်ဝါးစည်းတံဆိပ်များကို ထုတ်လွှတ်လိုက်သည်။

ဘန်း ဘန်း ဘန်း..

ဝမ်ယွဲ့က လက်သီးဖြင့် ထိုးလိုက်သည့်အခါ စီးဝူယာ့က လွှင့်စင်သွားသည်။

“သတ္တမသခင်လေး”

ဟွားချုံးယန်က ပျံသန်းလာပြီးနောက် စီးဝူယာ့အား ဖမ်းလိုက်၏။ စီးဝူယာ့က မျက်မှောင်ကြုတ်လိုက်သည်။ သူ့ လက်မောင်းများက ထုံထိုင်းနေလေပြီ။ သူတို့ မြေပြင်ပေါ် ပြန်ရောက်လာသည့်အခါ အနည်းငယ် တုံ့ဆိုင်း တုံ့ဆိုင်း ဖြစ်နေမိ၏။

ထိုစဉ် ဝမ်ယွဲ့၏ ရုတ်ချည်း ပေါ်ထွက်လာမှုက အကြီးအကဲဆယ့်ကိုးယောက်၏ ယုံကြည်မှုကို တိုးမြှင့်ပေးလိုက်သလို ဖြစ်သွားသည်။

အဝေးတစ်နေရာတွင် ရပ်ကြည့်‌နေသည့် ဟွားယွဲ့ရှင်းက ထိုဖြစ်ရပ်ကို လှမ်းကြည့်နေရင်း အနည်းငယ် စိတ်ပူလာသည်။

ဝမ်ယွဲ့က သူ့နှုတ်ခမ်းထောင့်မှ သွေးကို သုတ်ကာ

“ယွီကျန့်ဟိုင် ငါ့ကို လုပ်ခဲ့တဲ့ ဒဏ်ရာတွေကို မင်းဆီ အဆရာချီ ပြန်ပေးမယ်။ သူက ငါ့ကို မသတ်နိုင်ပေမဲ့ ငါက မင်းကို သတ်နိုင်တယ်။ တော်ဝင်မြို့တော်ရှေ့မှ ဘယ်သူ ငါ့ကို တားနိုင်မလဲ ကြည့်ရသေးတာပေါ့”

သူက အော်ပြောပြီး ခြေဆောင့်ကာ ထွက်လာသည်။

“ဝမ်ယွဲ့က တကယ်ကို ဉာဏ်များတယ်”

စောင့်ကြည့်နေသည့် လူတချို့က ဝမ်ယွဲ့သည် သူ့အင်အားကို တစ်ချိန်လုံး ဖုံးကွယ်ထားကြောင်း သဘောပေါက်လိုက်ကြသည်။ သူက လှုပ်ရှားဖို့ အချိန်ကောင်းကို စောင့်ဆိုင်းနေခြင်းသာ ဖြစ်၏။

“သတ္တမသခင်လေး ဘေးဖယ်နေပါ။ ကျုပ် ရင်ဆိုင်လိုက်မယ်”

ဟွားချုံးယန်က စီးဝူယာ့အား ဘေးသို့ တွန်းလိုက်သည်။ သူက ကမ္ဘာဦးမိစ္ဆာဆေးလုံးကို သောက်သုံးတော့မည့် ဆဲဆဲတွင် အဝေးမှ ပုံရိပ်တစ်ခု ပျံသန်းလာသည်။ တခြားလူများက မော့ကြည့်လိုက်ကြ၏။

“ဘာလဲ”

ဟွားချုံးယန်က ထိုအရာကို မြင်သည့်အခါ မော့ကြည့်လိုက်သည်။ ထိုလူ ပျံသန်းလာသည်က ထူးဆန်းသည့်ထောင့် အနေအထားမှ ဖြစ်ပြီး အရှိန်အဝါ မရှိသလို ကနဦးချီ အတက်အကျလည်း မရှိပေ။ ဝမ်ယွဲ့က ထိုအရာကို အာရုံခံမိကာ အော်ပြောလိုက်သည်။

“ပါမွှား … ဘယ်သူက ငါ့ကို ခိုးကြောင်ခိုးဝှက် လုပ်ကြံရဲတာလား သေစမ်း”

သူက လှုပ်ရှားလိုက်ပြီး လက်ဝါးချက်ဖြင့် ရိုက်ထုတ်လိုက်သည်။

ဘန်း..

ပုံရိပ်က ထိမှန်သွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျလာလေသည်။ တခြားသူများက ထိုအရာကို ကြည့်ရင်း တအံ့တဩ ရေရွတ်လိုက်ကြ၏။

“ထူးဆန်းလိုက်တာ”

ဝမ်ယွဲ့ပင် ထိုအရာကို ထူးဆန်းသည်ဟု ထင်မိသည်။ သူက သေချာအာရုံစိုက်ကြည့်လိုက်သည့်အခါ ထိုပုံရိပ်က ငရဲဂိုဏ်းမှ မဟုတ်သလို ငရဲဂိုဏ်း၏ မဟာမိတ်လည်း မဟုတ်ပေ။ ထိုသူက တာ့ရန်၏ လက်ရှိဧကရာဇ် လျိုကုကလွဲ၍ တခြားသူ မဟုတ်ပေ။

ဝမ်ယွဲ့က ခေါင်းကျိန်းသွားသလို ခံစားလိုက်ရသည်။ သူက မျက်လုံးပြူးမျက်ဆန်ပြုးဖြင့် အော်ပြောလိုက်သည်။

“အရှင်လား”

အကြီးအကဲ ဆယ့်ကိုးယောက်၏ မျက်နှာထက်တွင်လည်း တုန်လှုပ်သည့် အမူအရာမျိုး ရှိနေလေသည်။

ဤသည်က ဧကရာဇ်၏ ရုပ်အလောင်း ဖြစ်၏။

ယွီကျန့်ဟိုင်က နိုင်သွားတာလား။ အဲဒါဆို ယွီကျန့်ဟိုင်က အခု ဘယ်မှာလဲ။

တခြားသူများက ကောင်းကင်ကို မော့ကြည့်လိုက်ကြသည်။ သူတို့ မြင်တွေ့လိုက်ရသည်က ယွီကျန့်ဟိုင် မဟုတ်ဘဲ လှေတစ်စင်းနှင့် တူသည့် ရထားလုံးပျံ ဖြစ်၏။ ဤသည်က မိစ္ဆာဝေဟင်မျှော်နန်း၏ တိမ်ခွင်းရထားလုံးပျံ ဖြစ်ပေသည်။

ခဏအကြာတွင် ရထားလုံးပျံမှ ဆုံးဖြတ်ချက် ပြတ်သားသည့် အသံတစ်သံ ထွက်ပေါ်လာ၏။

“အကုန်လုံးကို ရှင်းထုတ်လိုက်”

…

အခန်း (၅၈၇) ငါ့တပည့်ရဲ့အသက်အတွက် ပေးဆပ်ရမယ်

သူ၏ရိုးရှင်းစွာပြောကြားချက်က အံ့ဖွယ်မြို့တော်တစ်ခုလုံး ပဲ့တင်သံထွက်သွားစေ၏။ သူပြောပြီးသည်နှင့် ပုံရိပ်ယောင်များစွာက ရထားလုံးပျံထဲကနေ ထွက်လာ၏။

တွမ့်မူရှန်းသည် လှံအရိပ်တစ်ထောင်ကို ထုတ်ဖော်လျက် တော်ဝင်အစောင့်တပ်များဆီ ဆင်းသွားကာ တစ်ချက်တည်းတစ်ရာကျော်ကို ရှင်းထုတ်လိုက်သည်။

တော်ဝင်အစောင့်များနောက်သို့လွင့်ထွက်သွား၏

တွမ့်မူရှန်းသည် လူအယောက်တစ်သောင်းအနိုင်ယူနိုင်စွမ်းမရှိသည့် ရဲရင့်သောလူတစ်ယောက် ဖြစ်သည်။

ကျောင်းယွဲ့၊ ရှောင်ယွမ်အာ၊ ကျုးဟုန်ကုန်းနှင့် အကြီးအကဲလေးယောက်တို့သည် ကျန်သည့်အရပ်မျက်နှာများဆီ သွားလျက် တိုက်ခိုက်ကြကာ သူတို့၏ ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန်ကို ထုတ်ဖော်လိုက်သည်။

ထို့အပြင် ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းတို့ကလည်း သူတို့၏ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆင့်ခေါ်လိုက်သည်။

မိစ္ဆာဝေဟင်မျှော်နန်းထဲမှာ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ် သိုင်းပညာရှင်တွေအများကြီး ရှိနေတာလား။

အစက အကျိုးအမြတ်ကိုရိတ်သိမ်းရန်စီစဉ်ထားသော ကျင့်ကြံသူများသည် နှစ်ဖက် တိုက်ခိုက်ကြသည့်အချိန်၌ တုန်လှုပ်နေပြီး သူတို့မျက်လုံးအပြူးသား ဖြစ်နေလျက် လေထဲရှိ တိမ်ခွင်းရထားလုံးကို ကြောက်ရွံ့စွာ စိုက်ကြည့်နေ၏။

အကြီးအကဲဆယ့်ကိုးယောက်က ကြောက်လန့်ကုန်၏။

“မိစ္ဆာအိုကြီးကျိလား”

“အဲ့ဒါမိစ္ဆာအိုကြီးကျိပဲ”

အခြေအနေကို အမြတ်ထုတ်ချင်နေသော ကျင့်ကြံသူများသည် တိမ်ခွင်းရထားလုံးကို ကြည့်ပြီး မြေပြင်ပေါ်ရှိ လျှိုကု၏အလောင်းကို ကြည့်ပြီးသောအခါ သူတို့နှလုံးခုန်နှုန်း မြန်လာလေ၏။ သူတို့ အံ့ဩဆွံ့အနေသည်။ အကြီးအကဲဆယ့်ကိုးယောက်က သူတို့ကို လိမ်သွားသည်လော။ ပွင့်ချပ်ကိုးလွှာလျှိုကုက မည်သည့်နေရာတွင် ရှိနေသနည်း။ အဆုံးသတ်ဆယ်ပါးအစီအရင်ထဲတွင် ပြိုင်ဖက်ကင်းသည်ဟု ယူဆရသော တော်ဝင်မိသားစုက မည်သို့ဖြစ်သွားသနည်း။ လောကကို လွှမ်းမိုးနိုင်သော တော်ဝင်အစောင့်များ မည်သို့ဖြစ်သွားသနည်း။ အလိမ်အညာ ... သူတို့အားလုံးက အလိမ်အညာများသာဖြစ်သည်။

ပြေး ....

ကျင့်ကြံသူများသည် အံ့ဖွယ်မြို့တော်၌ အရပ်မျက်နှာအနှံ့ထွက်ပြေးလေ၏။

ရထားလုံးပျံထဲရှိ ဟွားဝူတောက်မြင်သောအခါ သူက ဖျတ်လတ်တက်ကြွသွား၏။ သူက ပြောလိုက်သည်။ “ယွဲ့ရှင်း ဒါက မင်းရဲ့အခွင့်အရေးကို ထုတ်ပြဖို့အကောင်းဆုံးအချိန်ပဲ”

“ဟုတ်ပြီ” ဟွားယွဲ့ရှင်းသည် လေထဲမြန်မြန်ပျံသန်းလိုက်၏။ သူမက စက်ဝိုင်းသဏ္ဌာန်လှည့်ကာ စွမ်းအင်မြားများဖြင့် ထွက်ပြေးသွားသောကျင့်ကြံသူများဆီပစ်လိုက်တော့၏။

ဝှစ် ဝှစ်

စွမ်းအင်မြားများသည် စိတ်ဝိညာဉ်သဏ္ဌာန်များကို ထိုးဖောက်ပြီးနောက် ကောင်းကင်ပေါ်ကနေ အဆင့်နိမ့်ကျင့်ကြံသူများ ပြုတ်ကျလာတော့သည်။

တစ်ဖက်၌ နိဗ္ဗာနခါးစည်းသည် တောက်ပစွာလင်းလာပြီး လေထဲ၌နဂါးတစ်ကောင်ပမာ ကခုန်နေလေ၏။ နိဗ္ဗာခါးစည်း၏လမ်းကြောင်းရှိ လူတိုင်းကချည်နှောင်ခံလိုက်ရသည်။

သူတို့၏ရွှေကြာများကို ဖြတ်တောက်ထားသော အကြီးအကဲလေးယောက်ကိုမူ သူတို့၏ သက်တူရွယ်တူများက သူတို့နှင့် မယှဉ်နိုင်ပေ။

ရွှေရောင်သေရည်ဘူးသီးခြောက်က တစ်ကြိမ်ပြန်ထွက်သွားတိုင်း အသက်တစ်သက်ကို ယူသွား၏။

လန်လော့သည် ကျင့်ကြံသူများက ပုံရိပ်ယောင်ပမာ ဖြစ်သန်းသွားလာနေ၏။

ကျော့ယွီရှု၏ နဂါးရစ်ခွေတုတ်ကနေ ထုတ်ဖော်သောသင်္ကေတများသည် အံ့ဖွယ်မြို့တော်ထဲ ဆောင်းဦးသစ်ရွက်များပမာ ရွာသွန်းကျလာသည်။ ၎င်းကို မြင်သောအခါ စီးဝူယာ့က စိတ်ခံစားချက်များ ပြည့်သွား၏။

မိစ္ဆာဝေဟင်မျှော်နန်းမှလူတိုင်းလှုပ်ရှားလေသည်။ ဤနည်းဖြင့် တိုက်ပွဲက တစ်ဖက်သတ် ပြောင်းလဲသွား၏။ မိစ္ဆာဝေဟင်မျှော်နန်း၏ဂိုဏ်းသားများက အခြေအနေကို အလွယ်တကူ ထိန်းချုပ်ထားကြသည်။ ရန်သူများက မတိုက်ခိုက်ရဲ။ လှုပ်လည်းမလှုပ်ရှားရဲ။

“နောက်ထပ်လှုပ်ရှားရဲတဲ့သူတိုင်းကို ငါ သတ်မယ်”

လူတိုင်းသည် ကောင်းကင်ထဲရှိဟွားယွဲ့ရှင်းကိုမော့ကြည့်လိုက်၏။

ထိုစဉ် ဟွားယွဲ့ရှင်းက သူမ၏ပွင့်ချပ်နှစ်လွှာစိတ်ဝိညာဉ်သဏ္ဌာန်ကို ဆင့်ခေါ်လိုက်သည်။ လေထဲ၌ အက်ကွဲသံတစ်သံ ပေါ်ထွက်လာပြီးနောက် သူမစိတ်ဝိညာဉ်သဏ္ဌာန်က နောက်ထပ်တစ်လွှာ ပေါ်လာသည်။ သူမသည် တိုက်ခိုက်နေစဉ် အဆင့်ချိုးဖြတ်တက်သွား၏။ သူမ၏လက်ထဲရှိ လေးနှင့်မြားက စွမ်းအင်တို့ရစ်ပတ်နေသေးသည်။ စွမ်းအင်မြားသည် သူမ၏လက်ချောင်းများကြား၌ ရှိနေသေးသည်။ အချိန်မရွေး ပစ်ခွင်းနိုင်၏။

အခုအခြေအနေကို ထိန်းချုပ်နိုင်ပြီဖြစ်ရာ ငရဲဂိုဏ်းသားများက ပျော်ရွှင်နေတော့သည်။

“မျှော်နန်းသခင် သက်တော်ရာကျော်ရှည်ပါစေ”

တိမ်ခွင်းရထားလုံးသည် ငရဲဂိုဏ်းသားများ၏မျှော်လင့်ချက်ဖြစ်လာ၏။ မည်သူမမျှ မလှုပ်ရှားဘဲ နေကြလေ၏။

စီးဝူယာ့နှင့် ဟွားချုံးယန်က စိတ်အေးသွားသည်။ သူတို့သည် ကမ္ဘာဦးမိစ္ဆာဆေးရည်ကို သုံးစရာ မလိုတော့ပေ။

ထိုစဉ် လုကျိုးက လက်နောက်ပစ်ထားလျက် တိမ်ခွင်းရထားလုံးထဲကနေထွက်လာပြီး ယဲ့ထျန်းရှင်းနှင့် ခရုလေးက ဘေးမှ ပါလာ၏။ သူသည် တော်ဝင်အစောင့်များကို ငုံ့ကြည့်ပြီးနောက် သူ၏အကြည့်သည် ဝမ်ယွဲ့ဆီရောက်သွားသည်။ “ပွင့်ချပ်ရှစ်လွှာလား”

ဝမ်ယွဲ့သည် နောက်တစ်လှမ်းဆုတ်လိုက်သည်။ လုကျိုးက အပြင်ထွက်လိုက်သည်။

လေထဲ ပင့်သက်ရှိုက်သံပေါ်လာ၏။ အားလုံးက အသက်အောင့်ထားကာ ကောင်းကင်ပေါ်ကနေ ဆင်းသက်လာသော လုကျိုးကိုကြည့်လိုက်သည်။ အပြာရောင်စွမ်းအင်ဖျော့ဖျော့က သူ့ခြေထောက်အောက်၌ ပေါ်နေသည်။

ဖုန်း

လုကျိုး၏ ခြေထောက်က မြေပြင်ကို ထိလိုက်သည်နှင့် စွမ်းအင်စည်းတံဆိပ်နှစ်ခုသည် ဝမ်ယွဲ့ဆီသို့ သူ့စွမ်းအင်စည်းတံဆိပ်ကနေ ပေါ်ထွက်လာ၏။

ဝမ်ယွဲ့က ကြောက်လန့်သွား၏။ သူ ရှောင်တိမ်းရန် ကြိုးစားသော်ငြား စွမ်းအင်စည်းတံဆိပ်များက မျက်စိရှိနေပုံ ရသည်။ သူ၏ရင်ဘတ်ပေါ် ကျရောက်ရန် အချိန်သိပ်မကြာတော့ပေ။

ဘန်း ဘန်း

ဝမ်ယွဲ့သည် မြေပြင်ပေါ် ချက်ချင်းပြုတ်ကျသွားလေ၏။ သူက ယခုအချိန်တွင် ညည်းတွားနေပြီဖြစ်သည်။ ငါလည်း ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူတစ်ယောက်ပဲ အော်ဟစ်ငိုယို နေရတယ်တဲ့။ လူတိုင်းက ငါ့ကို ဘာကြောင့် အလွယ်တကူတက်နင်းသွားရတာလဲ။ သူ၏ ဆန်တက်လာသော သွေးအဆီအနှစ်ကို မထိန်းချုပ်နိုင်တော့ပေ။ တစ်ချက်ညည်းတွားလျက် သူက သွေးတစ်ပွက် အန်တော့သည်။ သူက မြေပြင်ပေါ်တွင် တွားသွားလျက် ရှိနေသေးပြီး သူ၏မျက်နှာက နီမြန်းနေ၏။

တော်ဝင်မြို့တော်၏ထိပ်ပေါ်၌ အကြီးအကဲဆယ့်ကိုးယောက်က ရှိနေပြီး အံ့ဖွယ်မြို့တော်၌ ကျင့်ကြံသူများစွာလည်း ရှိနေလျက် အသက်အောင့်ထားသည့် ငရဲဂိုဏ်းသားတစ်သောင်းကျော် ရှိသည်။ သူတို့က ဆင်းသက်လာခါစ မိစ္ဆာဝေဟင်မျှော်နန်း၏ ဂိုဏ်းချုပ်ကို ကြည့်လိုက်၏။ သူသည် အကြီးမားဆုံးမိစ္ဆာဂိုဏ်း၏ သခင်လည်း ဖြစ်သည်။ ခြိမ်းခြောက်နိုင်စွမ်းမရှိသည့် အဘိုးအိုတစ်ဦးဟု ထင်ရသော်ငြား သူ၏ရောင်ဝါတစ်ခုတည်းကပင် အံ့ဖွယ်မြို့တော်တစ်ခုလုံးကို အကြောက်တရားဖြစ်စေ၏။ ယင်းက သာမန်အဘိုးအိုတစ်ယောက်မဟုတ်။ သူသည် ပထမဆုံး ပွင့်ချပ်ကိုးလွှာကျင့်ကြံသူ မိစ္ဆာဝေဟင်မျှော်နန်း၏ဂိုဏ်းချုပ်၊ မိစ္ဆာဝေဟင်မျှော်နန်း၏ တပည့်ကိုးယောက်၏ဆရာလည်းဖြစ်သည်။

ယခုအချိန်တွင် အံ့ဖွယ်မြို့တော်သည် သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်သွားတော့သည်။

လုကျိုးက ဝမ်ယွဲ့ကို ဆက်ပြီးစိုက်ကြည့်လိုက်၏။

ဝမ်ယွဲ့က ပျာယာခတ်သွားတော့သည်။

အချိန်အတော်ကြာပြီးနောက် လုကျိုးသည် အကြည့်မလွှဲပေ။ သူရှေ့ရှိသူက မဟာစစ်သူကြီးရှစ်ဦးထဲတွင် နောက်ဆုံးသော အသက်ရှင်ကျန်ရစ်သည့် ပွင့်ချပ်ရှစ်လွှာသိုင်းပညာရှင်တစ်ယောက်ဖြစ်သည်။

ဝမ်ယွဲ့က ပြိုလဲသွား၏။ လုကျိုး၏ ရောင်ဝါသည် သူ၏စိတ်ပိုင်းဆိုင်ရာကို အပြည့်အဝ ချေမှုန်းသွားသည်။ စကားတစ်ခွန်းမှ ထပ်မပြောဘဲ သူက မြေပြင်ပေါ်ကနေတွန်းခွာလျက် အံ့ဖွယ်မြို့တော်ဆီသို့ မြားတစ်စင်းပမာပြေးထွက်သွား၏။

“ထွက်ပြေးတာလား” လုကျိုးက လက်တစ်ဖက်ကို မြှောက်လိုက်သည်။ မြေပြင်ပေါ်ရှိ လှံရှည်က သူ့လက်ထဲရောက်ရှိလာပြီး သူ၏လက်ဖဝါးထဲအပြာရောင် ရောင်ခြည်ဖြင့် တောက်ပနေကာ ထိုပုဆိန်ကို ထုတ်လိုက်၏။

ဝှစ်

လျှပ်ပြက်သောအရှိန်ဖြင့် တိုက်ခိုက်မှုသည် လူတိုင်း၏မှန်းဆမှုထက် ကျော်လွန်သည်။ လှံရှည်က ဝမ်ယွဲ့၏နောက်ကျောကို ဖောက်သွားသည်။ ကြီးမားလှသော အဟုန်က ဆက်လက်ဖြစ်ပွားနေပြီး သူ၏ရင်ဘတ်ကို ဆက်လက်ထိုးဖောက်သွားသည်။

ဘန်း

လှံက ပျံထွက်သွားပြီး ၎င်းနှင့်အတူ ဝမ်ယွဲ့ကိုပါ ဆောင်ယူသွားလျက် တော်ဝင်မြို့တော်၏ မြို့ရိုး၌ ထိုးစိုက်နေစေ၏။

“တင်း ... ပစ်မှတ်တစ်ယောက်သတ်ပြီးပါပြီ။ ဆုလာဘ် ကုသိုလ်မှတ်ထောင့်ငါးရာ”

အကြီးအကဲဆယ့်ကိုးယောက်သည် သူတို့ အာခြောက်လာတာကို ခံစားမိသည်။ သူတို့က မြို့ရိုး၌ စိုက်ခံထားရသောဝမ်ယွဲ့ကို ကြည့်ပြီး ထိန်းချုပ်မရအောင် တုန်ယင်နေလေ၏။ လှံကနေ သွေးများ စီးကျလာပြီး မြို့ရိုးပေါ်စီးကျလျက် မြေပြင်ပေါ်သို့ရေတံခွန်ပမာ တစက်စက် စီးကျနေသည်။

လုကျိုးသည် ဝမ်ယွဲ့ကို အာရုံမစိုက်တော့ပေ။ သူကလှည့်ကြည့်လာလျက် တော်ဝင်မြို့၏ ထိပ်ကို သိမ်းကြုံးကြည့်ကာ လေသံအတက်အကျမရှိပြောလိုက်သည်။ “ခုနစ်စင်ကြယ်ကျောင်းတော်”

အကြီးအကဲကိုးယောက်က စိတ်လေးသွားတော့သည်။

“မင်းတို့ဖာသာ သတ်သေလိုက်” လုကျိုးကပြောလိုက်သည်။

“…”

မိစ္ဆာဝေဟင်မျှော်နန်း၏တပည့်များသည် လေထဲပျံဝဲနေသော ဝတ်ရုံဖြူကျင့်ကြံသူကိုးယောက်ကို မော့ကြည့်လိုက်သည်။ ထိုလူများသည် အဆုံးသတ်ဆယ်ပါးအစီအရင်ကို ထိန်းသိမ်းထားပြီး အသက်သွင်းပေးထားသူများ ဖြစ်၏။ သူတို့သည် ယွီကျန့်ဟိုင်ကို သတ်သူများဖြစ်သည်။

“ချန်းပေ့ကျိ ခင်ဗျား ... ခင်ဗျားက အားလုံးကို သတ်ပြီး ပြစ်မှုကြီးတစ်ခုကိုကျူးလွန်တော့မလို့လား” အကြီးအကဲကိုးယောက်ထဲမှ တစ်ယောက်သည် အကြောက်တရားကို တွန်းကန်လျက် တုန်လှုပ်ခြောက်ခြားစွာပြောလိုက်သည်။

စစ်ပွဲထဲတွင် သေကြေပျက်စီးမှုက မှန်းဆထားပြီးသားအရာပဲဖြစ်သည်။ သို့သော် တစ်မြို့လုံးရှိလူကို သတ်ဖြတ်ခြင်းကမူ လူမဆန်ရာရောက်၏။

လုကျိုးသည် စကားပြောသည့်အကြီးအကဲကို တစ်ချက်ကြည့်လိုက်သည်။ သူက အမေးကိုမဖြေဘဲ စကားပြောလိုက်သည်။ "မင်းနဲ့စတာပေါ့”

“…”

“ငါ့တပည့်ရဲ့အသက်အတွက် မင်းက ပထမဆုံးပေးဆပ်ရမဲ့သူပဲ” လုကျိုး၏အသံက ပြတ်သားပြီး လွှမ်းမိုးနိုင်စွမ်း ရှိသည်။ သူကလက်နောက်ပစ်ထားပြီး မြေပြင်ပေါ်တွင်လျှောက်လှမ်းနေကာ သူ့အသက် အဆုံးသတ်မှာကို စောင့်စားနေလျက် တောင်တစ်တောင်ကဲ့သို့ မလှုပ်မယှက် နေနေ၏။

သို့သော် ကမ္ဘာကြီးထဲတွင် လူမည်မျှများစွာက သူတို့အသက်ကို အဆုံးသတ်လိုသနည်း။ သူတို့နှလုံးသားများကို ဓားဖြင့်ထိုးစိုက်ရန်သတ္တိက မည်သူ့တွင်ရှိမည်နည်း။ ဤလောကထဲတွင်...

အကြီးအကဲများ၏မျက်လုံးများသည် ကြောက်လန့်မှုကြောင့်ပြူးကျယ်ကုန်၏။ သူက လှည့်လာပြီး စိတ်ဝိညာဉ်သဏ္ဌာန်ကိုထုတ်ဖော်ကာ အဝေးသို့ပစ်လိုက်၏။

ပွင့်ချပ်နှစ်လွှာလား

အကြီးအကဲနှင့် အနီးဆုံးတွင်ရပ်နေသော ရှောင်ယွမ်အာက နှာခေါင်းရှုံ့လိုက်၏။

“နောက်ထပ်တစ်ယောက်က ထွက်ပြေးဖို့ကြိုးစားနေပြီ။ နင့်ကို သေအောင်ရိုက်မယ်”

ဝှစ်

ခုနစ်စင်ကြယ်တိမ်ယံခြေလှမ်း

ရှောင်ယွမ်အာ၏ ကြက်သွေးရောင်နိဗာနခါးစည်းက ပေါ်ထွက်လာသည်။

“အမ်း ... နှေးလိုက်တာ” ရှောင်ယွမ်အာသည် အကြီးအကဲရှေ့၌ ပေါ်လာပြီး သူကိုဆွဲလှည့်လိုက်၏။

အကြီးအကဲ၏ရင်ဘတ်က ပြင်းထန်စွာခံလိုက်ရ၏။ သူက ပြုတ်ကျသွားပြီး မြေပြင်နှင့် ဖုန်းကနဲရိုက်မိသွားသည်။

ရှောင်ယွမ်အာကထပ်မံစုန်ဆင်းလာသည်။

ဘန်း

သူမသည် သူ့ကိုကန်ချက်တစ်ချက်တည်းဖြင့် လွင့်သွားအောင်လုပ်လိုက်သည်။

ခုနစ်စင်ကြယ်တိမ်ယံခြေလှမ်း

သူမသည် လျှပ်ပြက်သောအရှိန်ဖြင့် အကြီးအကဲများအပေါ် ပေါ်လာ၏။ ပြီးနောက် သူ့ကို ခြေထောက်ဖြင့်နင်းချလိုက်သည်။

ဘန်း

အကြီးအကဲသည် မြေပြင်ပေါ်ပြင်းထန်းစွာတိုက်မိသွား၏။ သူက အသက်မရှူတော့၊ လှုပ်လည်းမလှုပ်တော့ပေ။

“တင်း ... ပစ်မှတ်တစ်ယောက်သတ်ပြီးပါပြီ။ ဆုလာဘ်ကုသိုလ်မှတ်တစ်ထောင်”

တော်ဝင်မြို့တော်သည် သုသာန်တစပြင်ကဲ့သို့တိတ်ဆိတ်နေလေ၏။

မိစ္ဆာဝေဟင်မျှော်နန်းမှ မိန်းမပျိုလေးကတောင် ထိုမျှအစွမ်းထက်ပြီး ကြမ်းတမ်း၏။

လူတိုင်းက စိတ်ပျက်အားငယ်နေသည်။ လုကျိုးသည်ထိုအကြီးအကဲကိုမကြည့်တော့ပေ။ ထိုအစား ခုနစ်စင်ကြယ်ကျောင်းတော်၏အကြီးအကဲများကို ကြည့်လိုက်၏။ “နောက်ထပ်”

သူက ပြောပြီး သူတို့ကို သေမိန့်ပေးလိုက်သည်။

…

အခန်း(၅၈၈) အံ့ဖွယ်မြို့တော်ထဲမှ မိစ္ဆာများ

ထိုအမိန့်ဖြင့် ခုနှစ်စင်ကြယ်ကျောင်းတော်မှ အကြီးအကဲများ၏ အမူအရာက ပြောင်းလဲသွားလေသည်။ သူတို့အတွက် လမ်းတစ်ခုတည်းသာ ကျန်ရှိတော့ပြီး သေဖို့ရာသာ ဖြစ်၏။ သူတို့အနေနှင့် သည်လောကကြီးထဲတွင် ထိုအရာထက် စိတ်ပျက်ဖွယ်ရာ ရှိနေဦးမည်လား။

ဟွားယွဲ့ရှင်း၏ လက်ထဲမှ စွမ်းအင်မြားများကို လေးကြိုးဖြင့် ဆွဲထားသည်။ သူက မကြာခဏ ပစ်မှတ်ကို ချိန်ညှိနေလေ၏။ သူမက လှုပ်ရှားမှု အနည်းငယ်ဖြင့် ထိုမြားများကို လွှတ်ထုတ်နိုင်သည်မှာ သေချာလှသည်။

“ကောင်းပြီ ကောင်းပြီ”

ကျောင်းတော်မှ ငယ်ရွယ်သည့် အကြီးအကဲထဲမှ တစ်ဦးဖြစ်သူက ဖိအားကို တောင့်မခံနိုင်တော့ပေ။ သူက ဖြည်းဖြည်းချင်း ဆင်းလာခဲ့၏။ သူ့ခြေထောက် မြေပေါ် ထိသည်နှင့် ချိနဲ့သွားလေသည်။ သူ့ခန္ဓာကိုယ်က အပြင်းအထန် တုန်ယင်လာပြီး သူ့ လက်ဝါးများကလည်း ချွေးများဖြင့် စိုရွဲလာသည်။ သူ့နှလုံးသားက ရင်ဘတ်မှ ခုန်ထွက်တော့မလို ခံစားနေရ၏။ သူက မြို့တံတိုင်းပေါ် ချိတ်ဆွဲထားသည့် ဝမ်ယွဲ့၏အလောင်းနှင့် လျိုကု၏ အသက်မဲ့နေသော ခန္ဓာကိုယ်ကို မြင်လိုက်သည့်အခါ ပိုမိုကြောက်ရွံ့သွားခဲ့သည်။ သူ့စိတ်ပျက်မှုက သူ့ဂုဏ်သိက္ခာအား ပစ်ပယ်ကာ သက်ညှာဖို့အတွက် စတင်တောင်းဆိုလိုက်သည်။

“ကျေးဇူးပြုပြီး သက်ညှာပေးပါ။ လောင်ချန်းပေ့ ကျေးဇူးပြုပြီး သက်ညှာပေးပါ”

ဝုန်း ဝုန်း ဝုန်း..

အကြီးအကဲက ဝပ်တွားကန်တော့လိုက်သည့်အတွက် သူ့နဖူးမှ ကျယ်လောင်သည့်အသံများ ထွက်ပေါ်လာသည်။

တောအုပ်ကြီးအတွင်း ငှက်အမျိုးမျိုး ရှိနေလေ၏။ တချို့က သတ္တိကောင်းကာ တချို့ကမူ ငြိမ်သက်လေသည်။ လူများနှင့် အတူတူ ဖြစ်၏။ လူအမျိုးအစား များစွာ ရှိလေသည်။ တချို့က မျက်ကန်းသစ္စာရှိကာ တချို့ကမူ ငကြောက်ဖြစ်ကြပြီး တချို့ကမူ သူတို့၏အပြုအမူများကို အဆုံးထိ အခိုင်အမာ ရပ်တည်ကြသည်။

ကောင်းကင်ရှေ့ဆောင်ကျောင်းတော်မှ အသက်အရွယ်ကြီး အကြီးအကဲများထဲမှ တစ်ယောက်က စတင်ကျိန်ဆဲလိုက်၏။

“မင်းက ငါတို့ကျောင်းတော်အတွက် အရှက်ရစရာပဲ။ မင်းက ကျောင်းတော်ရဲ့ အကြီးအကဲဖြစ်ပြီးတော့ မိစ္ဆာတစ်ယောက်ဆီ မင်းအသက်ကို ကယ်ဖို့ ဦးညွှတ်နေတာပဲ။ မင်းက တကယ်ကို ရှက်ဖို့ကောင်းတယ်”

လုကျိုးက ထိုလူအိုကြီးအား ကြည့်လိုက်သည်။

“ဟမ်”

“မိစ္ဆာအိုကြီးကျိ … တခြားသူတွေက ခင်ဗျားကို ကြောက်ရင် ကြောက်လိမ့်မယ်။ ဒါပေမဲ့ ကျုပ်က မကြောက်ဘူး။ သေခြင်းတရားကို ဘာလို့ ကြောက်နေရမှာလဲ။ တကယ်လို့ တာ့ယန်ရဲ့ အံ့ဖွယ်မြို့တော်ကသာ အမှောင်ထုဖုံးလွှမ်းသွားမယ် ဆိုရင် ကမ္ဘာမှာ အရယ်ရဆုံး ပျက်လုံးတစ်ခု ဖြစ်သွားလိမ့်မယ်။ တရားမျှတမှုက ဘယ်ရောက်သွားမှာလဲ။ ကောင်းကင်လမ်းစဉ်ကရော ဘယ်ရောက်သွားမှာလဲ” သူက ဆက်ပြောလိုက်သည်။

“အဆုံးသတ်ဆယ်ပါး အစီအရင်ကို ပြုပြင်ပြီးသွားပြီ။ ငါသေရင်တောင် မင်းတို့အားလုံးကို တစ်ပါးတည်း ဆွဲခေါ်သွားမယ်”

လုကျိုးက တည်တည်ငြိမ်ငြိမ် အမူအရာဖြင့် ပြောလိုက်သည်။

“ကောင်းပြီ”

သူက ညာဘက်လက်ကို ဝေ့လိုက်သည့်အခါ ထိုလူအိုကြီးထံ အပြာရောင်လက်ဝါး စည်းတံဆိပ်တစ်ခုက လွှင့်ထွက်သွားသည်။ အားလုံးက ထိုလက်ဝါးစည်းတံဆိပ်ကို ကြည့်နေကြ၏။ ဤသည်က တောက်ဖြတ်တောက်ခြင်း လက်ဟန်ကိုးပါးမှ စိန်စည်းတံဆိပ် ဖြစ်ပေသည်။ ထိုအရာက ထူးခြားပြီး အရောင်ပြောင်းလဲထားသည့်အတွက် ပိုမိုကြောက်ဖို့ကောင်းနေသည်။

ထိုအရာကို မြင်ကာ အကြီးအကဲက သူ၏ ပွင့်ချပ်လေးလွှာ စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆင့်ခေါ်လိုက်သည်။

ဘန်း..

လက်ဝါးစည်းတံဆိပ်က အကြီးအကဲ၏ စိတ်ဝိညာဉ်သဏ္ဌာန်ကို အလွယ်တကူ ဖျက်ဆီးသွားပြီး သူ့ဆီ ကျရောက်သွားသည်။ မည်သူကမျှ ထိုအရာနှင့် ပတ်သက်ပြီး မအံ့ဩကြပေ။

ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူတစ်ယောက်က ပွင့်ချပ်လေးလွှာကို ယင်ကောင်တစ်ကောင်ကို သတ်ဖြတ်လိုက်တာနဲ့ ဘာကွာခြားမှာလဲ။

အကြီးအကဲက ပြုတ်ကျလာသည်။

ဝုန်း..

အကြီးအကဲက ဒဏ်ရာအပြင်းအထန် ရရှိသွားပြီး ပြန်လည်တိုက်ခိုက်ဖို့ အင်အားကင်းမဲ့သွားသည်။

လုကျိုးက သူ့ကို တမင်အသက်ရှင်အောင် ထားလိုက်ခြင်း ဖြစ်၏။ သူက ယွီကျန့်ဟိုင်ကို ကုသပေးစဉ်အခါက ထူးခြားအံ့ဖွယ်စွမ်းအား တစ်ဝက်ကို သုံးစွဲခဲ့သည်။ သူ့ဆီ တစ်ဝက်ကျန်နေသည့်အတွက် မြေကမ္ဘာစာလိပ်ကို မရခင်အချိန် အပြည့်အဝပမဏနှင့် အတူတူသာ ဖြစ်၏။ သူက ထူးခြားအံ့ဖွယ် စွမ်းအားကို သိမ်းထားချင်သော်လည်း လျိုကုနှင့် ဝမ်ယွဲ့တို့လိုမျိုး ပစ်မှတ်မျိုးအတွက်မူ တိုက်ခိုက်ဖို့ရာ စဉ်းစားနေစရာ မလိုပေ။

လျိုကုကို သတ်ဖို့ လုကျိုးက အသေရိုက်ချက်ကတ်ကို အသုံးပြုခဲ့သည်။ ထိုသို့ပစ်မှတ်မျိုးနှင့် ရင်ဆိုင်သည့်အခါ အမြတ်အရှုံးတွက်နေခြင်းက အဓိပ္ပာယ်မရှိချေ။ ပြောရလျှင် ထိုက်တန်သည်လားဟု မေးသင့်ပေသည်။

လုကျိုးက ထိုလက်ဝါးရိုက်ချက်တွင် ထူးခြားအံ့ဖွယ်စွမ်းအားကို အများကြီး ထည့်မထားခဲ့ပေ။ သို့သော်လည်း အကြီးအကဲတစ်ယောက်ကိုမူ ပြန်လည်တိုက်ခိုက်ရန် အင်အားမဲ့သွားစေဖို့ လုံလောက်ပေသည်။ သူက မကြာခင် သေဆုံးသွားလိမ့်မည်။

ထိုလက်ဝါးရိုက်ချက်က ကျောင်းတော်နှစ်ခုမှ အကြီးအကဲများအား ကြောင်အမ်းသွားစေသည်။ ထုတ်ပြောသည့် အကြီးအကဲနှင့် မတူဘဲ မည်သူကမျှ သူတို့၏ မိတ်ဆွေလိုမျိုး သေခြင်းတရားကို လျစ်လျူမရှုနိုင်ပေ။

လူအုပ်ကြီးရှေ့တွင် ရပ်နေသည့် စီးဝူယာ့က ဦးညွှတ်ကာ ပြောလိုက်၏။

“ရှစ်စွင်း.. ဒီလူက ကောင်းကင်ရှေ့ဆောင်ကျောင်းတော်ရဲ့ အကြီးအကဲ ဆယ်ယောက်ထဲက ချန်းရန်ကျစ်ပါ။ သူက အဆုံးသတ်ဆယ်ပါး အစီအရင်ရဲ့ လမ်းညွှန်ပဲ”

လုကျိုးက အနည်းငယ် ခေါင်းညိတ်လိုက်သည်။ သူက ချန်းရန်ကျစ်အား ကြည့်ကာ ပြောလိုက်၏။

“မင်းက တရားမျှတမှုအကြောင်း ပြောတာ ကြိုက်တယ် ဆိုတော့ မင်းနဲ့တရားမျှတမှုအကြောင်း ဆွေးနွေးရတာပေါ့”

သူက‌ လေထဲမှ တခြားအကြီးအကဲများအား ကြည့်ကာ ဆက်ပြောလိုက်သည်။

“မင်းတို့တွေထဲ ချန်းရန်ကျစ်ကို တရားမျှတမှုဆိုတဲ့ အကြောင်းကို ပြောပြဖို့ အခွင့်အရေးပေးမယ်။ ငါက အဲဒီလူကို သက်ညှာပေးမယ်။ ဒါပေမဲ့ ကန့်သတ်ချက်တော့ ရှိတယ်။ လူတစ်ယောက်တည်းကိုပဲ ချန်ထားပေးမယ်”

လုကျိုး၏ စကားဆုံးသွားသည်နှင့် ကောင်းကင်ရှေ့ဆောင်ကျောင်းတော်၏ အကြီးအကဲများက အလျင်စလို လက်မြောက်လာကြသည်။

“ကျုပ်”

“ငါ သွားမယ်၊ ငါက တရားမျှတမှုအကြောင်းကို ပြောပြလိုက်မယ်”

“ပါးစပ်ပိတ်ထား မင်းက တရားမျှတမှုအကြောင်း ဘာသိလို့လဲ။ ငါ ပဲ ပြောပြသင့်တာ”

ကောင်းကင်ရှေ့ဆောင် ကျောင်းတော်၏ အကြီးအကဲများက အချင်းချင်း စကားများလာကြသည်။ သူတို့၏ မျက်နှာများက နီရဲနေပြီး မေးခွန်းဖြေရန် အခွင့်အရေးကို လုယူနေကြသည်။

ချန်းရန်ကျစ်က ခက်ခက်ခဲခဲ မော့ကြည့်လိုက်သည်။ ထိုစဉ် တစ်စုံတစ်ယောက်က ချန်းရန်ကျစ်အား ကောင်းကင်မှ ကျိန်ဆဲလာသည်။

“ချန်းရန်ကျစ် … မင်းက ဂုဏ်သတင်းကျော်ကြားမှုနဲ့ အကျိုးအမြတ်ပဲ ဂရုစိုက်တဲ့ အချိန်မှာ တရားမျှတမှုအကြောင်း ဘာပြောခွင့် ရှိလို့လဲ။ မင်းက ဒီနေ့လိုမျိုး ဖြစ်လာအောင် ကျောင်းအုပ်ကို လာဘ်ထိုးခဲ့တာ မဟုတ်ဘူးလား။ ငါက မင်းကို ရွံတယ်”

“ချန်းရန်ကျစ် … မင်း ဆင်းရဲစဉ်တုန်းက အတူရှိခဲ့တဲ့ ဇနီးကိုတောင် ဖယ်ချင်ခဲ့တယ်။ မင်းက သူမကို ရှင်းထုတ်ဖို့ အကုန်လုံး လုပ်ဆောင်ခဲ့သေးတယ်။ ပြီးတော့ သူမကို ကိုယ်တိုင် သတ်ပြီးတော့ တခြားဇနီးနဲ့ ကိုယ်လုပ်တော်တွေကို ယူခဲ့တယ်။ မင်းက တရားမျှတမှုကို‌ ပြောဖို့ တန်ရဲ့လား”

ချန်းရန်ကျစ် “…”

ကိုယ့်လူများ၏ တိုက်ခိုက်မှုကို ခံလိုက်ရသည်ထက် ပြင်းထန်သည့်အရာ မရှိတော့ချေ။

သူတို့၏ဆဲဆိုမှုများက နားထဲ ပဲ့တင်ထပ်နေသည်။ ချန်းရစ်ကျစ်က အကြီးအကဲများအား လက်ညှိုးထိုးကာ..

“မင်း မင်း.. မင်းတို့…”

ထိုစဉ် လုကျိုးက သူတို့ထဲမှ တစ်ယောက်ကို လက်ညှိုးထိုးကာ

“မင်းပဲ”

အကြီးအကဲက ပျော်ရွှင်သွားလေသည်။ သူက အလျင်အမြန် ဆင်းသက်လာလေ၏။ မြေပြင်ပေါ် ရောက်ရှိပြီးနောက်တွင် သူက လုကျိုးအား ဦးညွှတ်လိုက်ပြီးနောက် ပြောလိုက်သည်။

“ကျိချန်းပေ့ကို ကျေးဇူးတင်ပါတယ်”

စီးဝူယာ့က ခေါင်းခါလိုက်သည်။

ကမ္ဘာပေါ်က အားလုံးက လူတစ်ယောက်၏ စိတ်ခံစားချက်ကို ထိုးဖောက်မြင်နိုင်သော်လည်း လူတစ်ယောက်၏ နှလုံးသား အလုပ်လုပ်ပုံကိုတော့ အပြည့်အဝ နားလည်ဖို့ရာ မဖြစ်နိုင်ပေ။ အကယ်၍ သေတွင်းတူးနေသည့် လူတွေ ရှိနေလျှင် သေကိုသေရမည်သာ ဖြစ်၏။

“ရှစ်စွင်း ဒါက ကောင်းကင်ရှေ့ဆောင် ကျောင်းတော်ရဲ့ အကြီးအကဲ ဆယ်ယောက်ထဲက ကျောက်ကျန့်ဟယ်ပါ”

ကျောက်ကျန့်ဟယ်က ပြုံးလိုက်ပြီးနောက် ထရပ်လိုက်သည်။ သို့သော်လည်း သူက ချန်းရန်ကျစ်ကို ကြည့်လိုက်သည်နှင့် သူ့အပြုံးက ပျောက်ကွယ်သွားပြီး အပြုံးက ပျောက်ကွယ်သွားပြီး အကြည့်ကလည်း အေးစက်စက် ဖြစ်လာကာ

“တရားမျှတစိတ် မရှိဘဲ ချမ်းသာမှုနောက်ကို လိုက်တဲ့သူက အရိုင်းအစိုင်းတွေပဲ။ ချန်းရန်ကျစ် … မင်းက ဒီလိုမျိုး မြင့်မားတဲ့နေရာမျိုးမှာ ရှိဖို့ မတန်ဘူး။ မင်းရဲ့အပြစ်ကြွေးတွေက မင်းဆီမှာ ပေါ်ပေါက်လာပြီ။ မင်းက အားလုံးရှေ့မှာ တရားမျှတမှုအကြောင်း ပြောရဲသေးတယ်လား”

“မင်း”

ချန်းရန်ကျစ်က ဒေါသထွက်လွန်းသည့်အတွက် ဆွံ့အသွားမိသည်။

“ဘာလဲ ဒါက မှန်ကန်တဲ့သူတွေအတွက်ပဲ။ ငါ သိထားသလောက် ငရဲဂိုဏ်းက သူတို့လူတွေကို စတေးပြီးတော့ လျန်စီရင်စုမြို့အတွင်းက တိုက်ပွဲမှာ ပြည်သူတွေဘက်ကနေ ကာကွယ်ပေးခဲ့တယ်။ တစ်ဖက်မှာ တပ်ဖွဲ့စစ်သူကြီး မာလုဖျင်က ပြည်သူပြည်သားတွေကို ဓားစာခံအဖြစ် ဖမ်းထားခဲ့တယ်။ အဲဒါက တရားမျှတမှုလား။ လူတွေက စီရင်စုကိုးခုအပေါ် ငရဲဂိုဏ်းရဲ့ အုပ်စိုးမှုကို ဆန့်ကျင်မဲ့အစား ဘာလို့ ထောက်ခံနေမှာလဲ။ မှန်ကန်တဲ့ သေခြင်းတရားကို မကြောက်တဲ့သူတွေက ဒီလိုမျိုး တည်ရှိမှုကို လျစ်လျူရှုထားနိုင်မှာ မဟုတ်ဘူး။ မိစ္ဆာကို သစ္စာရှိပြီးတော့ မင်းတို့က မမြင်ချင်ယောင်၊ မကြားချင်ယောင်ဆောင်ထားကြတယ်။ ပြီးတော့ အပြုအမူတွေကလည်း တရားမျှတမှု ကင်းမဲ့နေတယ်။ ဒါက မင်းတို့ပြောနေတဲ့ တရားမျှတမှု ဆိုတာလား”

သူက စကားပြောပြီးသည့်နောက်တွင် ချန်းရန်ကျစ်၏ မျက်နှာအား တံတွေးဖြင့် ထွေးလိုက်သည်။

“ကောင်းပြီ ကောင်းပြီ။ ဒါဆို မင်းကရော ဘာလဲ”

“ငါကလား ငါက သေရမှာ ကြောက်တာကို ဝန်ခံတယ်။ ငါက အိမ်မှာ ကြည့်ရှုရမဲ့ သက်ကြီးရွယ်အိုနဲ့ ကလေးတွေ ရှိသေးတယ်။ ကောင်းကင်ရှေ့မှာပဲ ဖြစ်ဖြစ် လူတွေရှေ့မှာပဲ ဖြစ်ဖြစ် ငါ ငါ့ကိုယ်ငါ မရှက်ဘူး။ ဒါပေမဲ့ ငါက တရားမျှတမှုအကြောင်း ပြောပြီးတော့ အသုံးမဝင်တဲ့ မှတ်ချက်တွေ ပေးပြီး အမှန်တရားကို သွေဖည်အောင် လုပ်တဲ့နေရာမှာ မင်းလောက် အရှက်မမဲ့ဘူး။ မင်းက ကောင်းကင်ရှေ့ဆောင်ကျောင်းတော်ရဲ့ အရှက်ရဖွယ်ပဲ။ တကယ်လို့ ငါသာ မင်းဖြစ်နေရင် ကိုယ့်ခေါင်းကိုယ် တံတိုင်းနဲ့ ဝင်တိုက်ပြီး သတ်သေလိုက်မှာ”

ချန်းရန်ကျစ်က မျက်လုံးအပြူးသား ဖြစ်သွားလေသည်။ သူက သူ့ရင်ဘတ်မှ သွေးအဆီအနှစ်ကို ဖိနှိပ်မထားနိုင်တော့ဘဲ သွေးအန်လိုက်ရပြီးနောက် အသက်ပါသွားသည်။

“တင်း.. ပစ်မှတ်ကို သတ်နိုင်တဲ့အတွက် ကုသိုလ်ရမှတ် ၁၀၀၀ ဆုလာဘ် ရရှိပါတယ်”

လုကျိုးက မလှုပ်မယှက် တည်ရှိနေသည်။ အံ့ဖွယ်မြို့တော်ရှိ အဆင့်မြင့်အရာရှိများက သူတို့ဘဝတွင် တခြားသူများ၏ သွေးများဖြင့် စွန်းထင်းခဲ့ဖူးသည်။ မည်သူကမျှ သန့်သန့်ရှင်းရှင်း မရှိကြပေ။ သို့သော်လည်း ထိုအရာက နောက်ထပ် ပြဿနာတစ်ခု ဖြစ်လာလေသည်။ လူတစ်ယောက်ကို စော်ကားခြင်းက အသိဉာဏ်အဆင့်တချို့ လိုအပ်ပေသည်။ တိုက်ခိုက်ရမည်ကို သိသည့် လူမိုက်ကို ကြောက်ရွံ့နေစရာ မလိုသော်လည်း အသိဉာဏ်ရှိသည့် လူမိုက်ကိုမူ ကြောက်ရွံ့ရလိမ့်မည်။

လုကျိုးက ကျောက်ကျန့်ဟယ်၏ စကားများကို သဘောတူလေသည်။ ချန်းရန်ကျစ် သေဆုံးသွားသောအခါ တခြားအကြီးအကဲများက စိတ်ပျက်သွားကြ၏။ သူတို့တွင် အသက်ရှင်လျက် ကျန်ရှိမည့် အခွင့်အရေး မရှိတော့ချေ။ ထိုစဉ် လျိုကု၏ ခန္ဓာကိုယ်မှ ရုတ်ချည်းဆိုသလို ခရမ်းရောင် မီးခိုးငွေ့များ ထွက်ပေါ်လာ၏။

“ရှစ်စွင်း..”

တခြားသူများက မော့ကြည့်လိုက်ကြသည်။ အကြီးအကဲတစ်ယောက်က ကောင်းကင်မှ ထိုအရာကို မြင်သည့်အခါ သူ့စိတ်ထဲ တစ်စုံတစ်ခု ဖြစ်ပေါ်လာပြီး အော်လိုက်၏။

“အစီအရင်ကို အသက်သွင်းကြ”

လိုက်ကာနှင့်တူသည့် အနီရောင် အကာအရံတစ်ခုက ရုတ်ခြည်း ပေါ်ထွက်လာသည်။

“ရှစ်စွင်း ရထားလုံးပေါ် မြန်မြန် တက်ပါ” ရှောင်ယွမ်အာက အော်ပြောလိုက်သည်။

“သူမကို ခေါ်သွား”

တိမ်ခွင်းရထားလုံးက အကာအရံမှ ထွက်သွားလေသည်။ ကမ္ဘာဦးချီက အကာအရံအတွင်း ချက်ချင်းဆိုသလို ပျောက်ကွယ်သွား၏။ ငရဲဂိုဏ်းသားများကလည်း ကောင်းကင်ကို မော့ကြည့်လိုက်ကြသည်။

“အဆုံးသတ်ဆယ်ပါး အစီအရင် အသက်ပြန်ဝင်လာပြီ”

ကမ္ဘာဦးစိတ်ဝိညာဉ် မရှိတော့ပြီဖြစ်၍ အားလုံးက မြေပေါ် လဲကျသွားကြသည်။

ပုံမှန်အားဖြင့် မည်သူကမျှ မသေလိုကြပေ။

“ရှစ်စွင်းကို ကာကွယ်ကြ”

တွမ့်မူရှန်းက အော်ပြောလိုက်ရင်း နယ်ရှင်လှံကို ဝှေ့ယမ်းလိုက်သည်။

တော်ဝင်အစောင့်ထပ် ဒါဇင်ချီက လွှင့်ထွက်သွားလေ၏။ တွမ့်မူရှန်းက လုကျိုးရှေ့ ခုန်ဝင်လာကာ နယ်ရှင်လှံကို မြောက်ထားလိုက်သည်။

လိုက်ကာနှင့်တူသည့် အကာအရံက ထပ်မံ ပြောင်းလဲသွားလေသည်။ အလွှာများက တစ်ခုပြီးတစ်ခု ဆက်တိုက် ကျဆင်းလာ၏။

လျိုကု၏ အလောင်းမှလည်း ခရမ်းရောင်မီးခိုးများ ပေါ်ကာ ခရမ်းရောင်မီးခိုးများက ပိုမို သိပ်သည်းလာသည်။ သူ့ခန္ဓာကိုယ်က ယခင်က အသက်မဲ့နေသော်လည်း ခရမ်းရောင်မီးခိုးများ ထွက်ပေါ်လာသည့်အခါ သူ့ ခန္ဓာကိုယ်က စတင်လှုပ်ရှားလာသည်။

…

All Chapters