အခန်း (၅၈၉-၅၉၁)
Vol. 40 Ch. 589-591
အခန်း (၅၈၉) အသက်တစ်သောင်းကတောင် မလုံလောက်
ဝူချီအန်းတို့သည် ဂူထဲ၌ နေထိုင်ပြီး အညစ်အကြေးများကို စားသုံးသည်ဟု ဆိုခဲ့၏။ သူတို့ သေလွန်သောအခါ သူတို့နှလုံးများက မပုပ်သိုးသွားပေ။ မြှုပ်နှံခံရသည်နှင့် သူတို့က လူတစ်ယောက်အဖြစ် အသက်ပြန်ရှင်လာလိမ့်မည်။
“သူက တကယ်ဝူချီအန်းလား”
မိစ္ဆာဝေဟင်မျှော်နန်း၏အကြီးအကဲသုံးယောက်က မြေပြင်ပေါ်ဆင်းသက်လာပြီးနောက် သူတို့သည် လျိုကုကို စိုက်ကြည့်နေကြသည်။
မိစ္ဆာဝေဟင်မျှော်နန်းတပည့်များက ဆင်းသက်လာကြသည်။ စီးဝူယာ့က စိုးရိမ်ပူပန်နေသည်။ သူက တစ်ဖက်ကိုကြည့်ပြီးမေးလိုက်တော့၏။ “တာ့ရှစ်ရှိုး ဘယ်မှာလဲ”
“ရထားလုံးပျံပေါ်မှာ”
စီးဝူယာ့က စိတ်လေးသွားတော့သည်။ သူ၏ရှစ်စွင်းသည် အကြီးအကဲများကို သူ့တပည့်အတွက် ပေးဆပ်စေချင်သည်ဟု ပြောခဲ့တာကို ရုတ်တရက်အမှတ်ရသွားသည်။ သူ့ရင်ဘတ်ထဲ တင်းကြပ်လာတော့၏။
“သတ္တမသခင်လေး” ဟွားချုံးယန်က နာကျင်မှုကိုတောင့်ခံလျက် စီးဝူယာ့ဆီ လျှောက်လာ၏။ သူသည် ယခုချိန်၌ အခြေအနေဟန်ပုံ မရသော စီးဝူယာ့ကို ကူတွဲထားသည်။
“ငါ အဆင်ပြေတယ်” စီးဝူယာ့က မတ်မတ်ရပ်နေချင်၏။ သူ၏မျက်လုံးများက နီရဲနေသည်။ သူသည် လျိုကု၏အလောင်းကို ကြည့်မိသောအခါ မျက်လုံးများက အေးစက်ပြီး ခက်ထန်နေသည်။
ဝှစ်
ရုတ်တရက် လျိုကုက ထရပ်လာသည်။ တစ်ချိန်တည်းနီးပါး၌ ကားလိပ်ကဲ့သို့ အရံအတားက အရောင်ပြောင်းလဲပြီးပိတ်သွားသည်။
ကနဦးချီက မရှိတော့ဘဲ လေထုက လေးလံလာပြန်၏။ ကောင်းကင်ကို မြင်တွေ့ရန် ခက်ခဲသွားတော့သည်။ အဆုံးသတ်ဆယ်ပါးအစီအရင်က ထပ်မံအသက်ဝင်လာ၏။
ဆင်းသက်လာသော ကျောင်းတော်အကြီးအကဲများသည် လျိုကု၏အလောင်းကို ကြည့်လိုက်ကြသည်။
ခဏတာ တွန့်လိမ်နေပြီးနောက် လျိုကုက ထရပ်လိုက်သည်။ သူသည် သစ်သားဘောင်တစ်ခု ချည်နှောင်ထားသည့်ပမာ လက်များကို ဆန့်လိုက်၏။ ခေါင်းငုံ့ထားပြီး မျက်လုံးက မှိတ်နေသည်။
စီးဝူယာ့က အနည်းငယ်ဇဝေဇဝါဖြစ်သွား၏။ ဝူချီအန်းများကို နားလည်သည့် တစ်စုံတစ်ယောက် အနေဖြင့် သူတို့ကို အသက်သွင်းရန်ခက်ခဲပုံနှင့် စည်းမျဉ်းများတင်းကြပ်ပုံကို သူ သိထားသည်။ လျိုကုကဲ့သို့ အလွယ်တကူအသက်ပြန်ဝင်လာမည်ဆိုလျှင် ဝူချီမျိုးနွယ်သည် ထိုစဉ်က အလွယ်တကူ သုတ်သင်ခံလိုက်ရမှာမဟုတ်ပေ။
အချိန်အတော်ကြာပြီးနောက် သမိုင်းစာအုပ်ထဲရှိ မျိုးနွယ်စုတစ်သောင်းအကြောင်း ဖော်ပြထားမှုတို့က ၉၀%လျော့ကျသွားသည်။ ရှည်လျားသည့် သမိုင်းကြောင်းမြစ်၌ သူတို့အကြောင်းက ပျောက်ကွယ်သွားသည်။ အထွတ်အထိပ်ထဲ၌ အင်အားကြီးသည့် မျိုးနွယ်စုများစွာ ရှိခဲ့ဖူး၏။ သို့သော် ယခုအထိတော့ ထပ်တောင်မကြားရတော့ပေ။
ဝူချီအန်းကို အသက်ပြန်သွင်းချင်တယ်ဆိုလျှင် သူတို့က ထိုလူများကို မြေကြီးထဲမြှုပ်ပြီး ရေလောင်းပေးရန် လိုအပ်သည်။ သို့မှသာ ခန္ဓာကိုယ်က သဘာဝလောက၏အဆီအနှစ်ကို စုပ်ယူနိုင်မှာဖြစ်သည်။ ပြီးမှ သူတို့၏အလောင်းများသည် သူတို့မျိုးနွယ်၏ ထူးခြားသော ဝိသေသလက္ခဏာအရ ဖြည်းဖြည်းချင်း ပြန်လည်ဖွဲ့တည်လာမှာပဲဖြစ်သည်။ ကံသိပ်မကောင်းသည့်သူများက ကလေးများအဖြစ် ပြန်လည်မွေးဖွားလာပြီး ကံပိုကောင်းသည့်သူများက သူတို့၏မူလပုံအတိုင်း ပြန်လည်အသက်ပြန်ရှင်လာပြီး သူတို့ဘဝ၌ ဆက်လက် နေထိုင်နိုင်၏။
“အရှင်မင်းကြီး မသေဘူးလား”
တစ်စုံတစ်ယောက်က ပျော်ရွှင်စွာရယ်မောလိုက်၏။
“အရှင်မင်းကြီး မသေဘူးလား။ အရှင်မင်းကြီး အသက်ရှင်နေတယ်”
တော်ဝင်အစောင့်များထဲမှ တစ်ယောက်က ဒူးထောက်ပြီးပြောလိုက်သည်။ "အရှင်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ။ နွေဦးတစ်ထောင်ကို မြင်တွေ့ရပါစေ” ကျန်ရှိသည့် တော်ဝင်အစောင့်များက စတင်ရွတ်ဆိုတော့၏။ “အရှင်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ။ နွေဦးတစ်ထောင်ကို မြင်တွေ့ရပါစေ”
“အရှင်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ။ နွေဦးတစ်ထောင်ကို မြင်တွေ့ရပါစေ”
သူတို့အသံများက တော်ဝင်မြို့ထိပ်ထိရောက်လာ၏။
အံ့ဖွယ်မြို့တော်တွင် မူလကပွဲကိုကြည့်ချင်နေကြသည့် ကျင့်ကြံသူများသည် အဆုံးသတ်ဆယ်ပါးအစီအရင်၏ အရံအတားကဲ့သို့ကားလိပ်ကို ကူကယ်ရာမဲ့စွာ စိုက်ကြည့်ရုံသာတတ်နိုင်၏။
အဆုံးသတ်ဆယ်ပါးအစီအရင်အတွင်း၌ အစောင့်များက ပြိုင်ဖက်ကင်းသည်ဟူသော စကားသည် အခြေအမြစ်မဲ့သည်မဟုတ်။ မရေမတွက်နိုင်သော လူများစွာ အံ့ဖွယ်မြို့တော်ထဲတွင် သေဆုံးမှုကို တွေ့ကြုံခဲ့ရပြီးနောက် ရရှိလာသည့် နာကျင်ဖွယ်သင်ခန်းစာတစ်ခုဖြစ်သည်။
အံ့ဖွယ်မြို့တော်အပြင်ဖက်ရှိကျင့်ကြံသူများသည် မြို့တွင်းဖြစ်ပျက်နေတာကို မမြင်နိုင်။ သူတို့သည် သစ်ပင်အမြစ်များပေါ် တွယ်တက်ပြီး ကြည့်ဖို့သာကြိုးစားနိုင်၏။
အကြားအာရုံကောင်းသည့် ကျင့်ကြံသူတစ်ချို့က တော်ဝင်အစောင့်များ၏ အားပေးသံ ကြားသောအခါ သက်ပြင်းချလိုက်၏။
“မိစ္ဆာဝေဟင်မျှော်နန်းတော့ အခုဒုက္ခပဲ”
“အံ့ဖွယ်မြို့တော်က ပေါ့သေးသေးမှမဟုတ်တာ။ နှစ်တွေကြာညောင်းပြီးတဲ့နောက် သိုင်းပညာရှင် တော်တော်များများက အံ့ဖွယ်မြို့တော်ထဲမှာ သူတို့ကိုယ်ပိုင်အင်အားစု တည်ထောင်ဖို့ ကြိုးပမ်းခဲ့တယ်။ ဒါတောင်တော်ဝင်အစောင့်အောက်မှာ သူတို့ပျောက်ကွယ်ခဲ့တာ။ မိစ္ဆာလမ်းစဉ်ရဲ့ အကြီးဆုံး မိစ္ဆာဂိုဏ်း ငရဲဂိုဏ်းက တူညီတဲ့ကံကြမ္မာကိုခံစားရတော့မှာ နှမျောစရာပဲ”
အံ့ဖွယ်မြို့တော်ထဲတွင် ဖြစ်၏။ တော်ဝင်မြို့အရှေ့ဖက်တွင် လျိုကုက ရုတ်တရက် လှည့်ကြည့်လိုက်သည်။ သူ့မျက်လုံးများပွင့်လာ၏။ ၎င်းတို့က အသက်ကင်းမဲ့နေသည်။
ဂျွတ်
သူ့လည်ပင်းပေါ်ရှိအရိုးက ရုတ်တရက်ဆန့်သွားပြီး သူ့မျက်လုံးက ပစ်မှတ်ကိုရှာတွေ့သွားသည်။ သူ၏မှတ်ဉာဏ်များ သူ့ဆီပြန်ရောက်လာ၏။ သူ့ရှေ့၌ မြင်ကွင်းများပေါ်လာသည်။
လျိုကုသည် ပတ်ဝန်းကျင်ကိုလေ့လာလိုက်၏။ သူသည် တော်ဝင်မြို့နှင့် အဆုံးသတ်ဆယ်ပါးအစီအရင်ကဲ့သို့ ကားလိပ်၊ တော်ဝင်အစောင့်၊ ကျောင်းတော်၏အကြီးအကဲများ၊ နဂါးဝတ်ရုံကို ကြည့်လိုက်၏။ သူ အသက်ပြန်ရှင်လာချေပြီ။
လျိုကုက အသက်ပြင်းပြင်းရှုပြီးနောက် ငရဲဂိုဏ်းသား စီးဝူယာ့နှင့်ဟွားချုံးယန်ရှေ့သို့ သွားလိုက်၏။ “ငါ ပြန်လာပြီ”
“အရှင်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ။ ဘုန်းကြီးပါစေ”
“အရှင်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ။ ဘုန်းကြီးပါစေ”
လျိုကုသည် ထိုမြင်ကွင်းကြောင့် စိတ်လှုပ်ရှားသွား၏။
“ရှစ်စွင်း သူ တကယ်အသက်ရှင်နေတယ်” မင်ရှစ်ရင်က အထိတ်တလန့်ပြောလိုက်သည်။ ဝူချီအန်းက အသက်ပြန်ရှင်နိုင်ကြောင်း သူ သိထားသော်ငြား သူ မှင်သက်နေသေးသည်။ ဤလောကကြီးထဲ၌ ဆန်းကြယ်သောအရည်အချင်းဖြင့် မျိုးနွယ်စုတစ်စုရှိနေ၏။
တော်ဝင်အစောင့်များကမူ ဤအရေးကိစ္စကို သတိမပြုမိပေ။ ဧကရာဇ်က မသေဟု သူတို့တွေးမိရုံသာရှိသည်။
ကျောင်းတော်အကြီးအကဲရှစ်ယောက်က ဒူးချက်ချင်းထောက်လိုက်၏။ “အရှင်မင်းကြီး တရားမျှတမှုဆောင်ယူပေးပါ”
ဖုန်မှုန့်များလွင့်ပြယ်သွားသည်။
လုကျိုးမြင်တွေ့ရတာ လုံလောက်နေပေပြီ။ သူသည် ဝူချီအန်းတစ်ယောက် အသက်ပြန်ရှင်လာတာကို မြင်တွေ့ရသောကြောင့် ဤအတိုင်းနေနေတာဖြစ်၏။ သူသည် ထိုအရာကနေ သဲလွန်စအချို့ရလောက်သည်။ ယွီကျန့်ဟိုင်ကို ကုသရာ၌ ကူညီပေးနိုင်လောက်သည်။
လျိုကုက လှည့်လာပြီး သူ၏မျက်လုံးဖြင့် အားလုံးကို သိမ်းကြုံးကြည့်ပြီးနောက် နောက်ဆုံးတွင် တော်ဝင်အစောင့်များရှေ့၌ ရပ်နေသော အဖိုးအိုတစ်ယောက်ဆီအကြည့်ရပ်သွား၏။ အဖိုးအိုရှေ့၌ မိစ္ဆာဝေဟင်မျှော်နန်း၏ တတိယမြောက်တပည့်ရပ်နေသည်။ သူက ရယ်မောလိုက်သည်။ မကြောက်ရွံ့တာသိသာနေသည်။ “မိစ္ဆာဝေဟင်မျှော်နန်းရဲ့ကျိထျန်းတောက်လား”
လျိုကုက သူ၏သတိကိုမလျော့ချပေ။ သူက နောက်သို့အနည်းငယ်ဆုတ်လိုက်၏။ သူက လက်ဝါးတစ်ဖက်မြှောက်ကာ ကနဦးချီကိုလှည့်ပတ်လိုက်သည်။ မရှိတော့ပေ။ အဆုံးသတ်ဆယ်ပါးအစီအရင် အသက်ပြန်ဝင်လာတာကို သူမေ့လျော့သွား၏။
တစ်မိုးအောက်၌ မိစ္ဆာဝေဟင်မျှော်နန်း၏ မိစ္ဆာအိုကြီးကျိက တည်ငြိမ်နေတာကို မြင်တွေ့နိုင်သည်။ လျိုကုကတောင်ခြွင်းချက်မဟုတ်ပေ။ သူသည် တော်ဝင်အစောင့်များဆီသို့နောက်ဆုတ်သွားပြီး နောက် တည်ငြိမ်အောင် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်၏။ ပြီးနောက် သူကပြောလိုက်၏။
“မင်းက ကောင်းကင်သွားရာလမ်းကို စွန့်လွှတ်ပြီး ငရဲသွားဖို့ရွေးခဲ့တယ်။ မိစ္ဆာအိုကြီးကျိ ဒီနေ့ မင်းရဲ့အသက်ကို ငါ အဆုံးသတ်မယ်” သူကလက်ဖြန့်လျက်ဆက်ပြောလိုက်သည်။
“အရာအားလုံးက အဆုံးသတ်ဆယ်ပါးအစီအရင်ထဲမှာ ညီတူမျှတူပဲ။ တော်ဝင်အစောင့်တို့ ငါ့အမိန့်ကို နာခံ။ မိစ္ဆာအိုကြီးကျိကို ဖြေရှင်းကြ။ မင်းတို့တွေ ဆုရရှိမယ်”
ဝှစ်
တော်ဝင်အစောင့်များသည် ကျောမတ်မတ်ထားလျက် သူတို့၏လှံရှည်များကို ဆုပ်ကိုင်လိုက်သည်။
ငရဲဂိုဏ်းသားတစ်သောင်းကျော်ကလည်း ကျောမတ်လိုက်ကြ၏။
“ဂိုဏ်းချုပ်ကို ကာကွယ်ကြ”
“ဂိုဏ်းချုပ်ကြီးကို ကာကွယ်ကြ”
သူတို့က တုံးအသူများမဟုတ်ပေ။ ဂိုဏ်းချုပ်ကြီးသာ တစ်ခုခုဖြစ်သွားခဲ့လျှင် သူတို့ သေရပေလိမ့်မည်။ ဂိုဏ်းချုပ်ကြီးကိုကာကွယ်ရန်အရိုးရှင်းဆုံးနည်းလမ်းက စုစုစည်းစည်းချီတက်တာပဲဖြစ်သည်။ အချိန်အကန့်အသတ်ကုန်လွန်သွားသည်နှင့် ဂိုဏ်းချုပ်ကြီးက ပြိုင်ဖက်ကင်းသွားလိမ့်မည်။
စီးဝူယာ့က ခေါင်းခါပြီး သက်ပြင်းချလိုက်၏။ “လျိုကုကို သတ်ဖို့အကောင်းဆုံးအခွင့်အရေးကိုကျုပ်တို့လွဲချော်သွားပြီ”
တော်ဝင်အစောင့်များ၏ဖက်တွင် အကြီးအကဲရှစ်ယောက်က မတ်တပ်ရပ်လိုက်ကြသည်။ မြို့တော်ထဲရှိ ကျန်ရှိသော တော်ဝင်အစောင့်များကလည်း လှုပ်ရှားလာ၏။
တွမ့်မူရှန်းသည် မဟာရန်သူကြီးတစ်ယောက်ကိုရင်ဆိုင်နေရသည့်ပမာ ပြုမူလိုက်သည်။
“ရှစ်စွင်း နောက်ဆုတ်။ တာ့ရှစ်ရှိုးရဲ့ ဂိုဏ်းသားတစ်သောင်းနဲ့ ကျွန်တော်တို့ နိုင်မှာသေချာတယ်”
သို့သော် လုကျိုးက တည်ငြိမ်စွာပြောလိုက်၏။ “ရပ်လိုက်”
“ရှစ်စွင်း”
လုကျိုးက မတုံ့ပြန်ပေ။
တွမ့်မူရှန်းကစိတ်ရှုပ်ထွေးသွားလေ၏။ သို့သော် သူ့ရှစ်စွင်းကို အမေးမထုတ်ရဲပေ။ သူက လိမ်လိမ်မာမာဖြင့် ဘေးထွက်ရပ်လိုက်၏။
လုကျိုးက တော်ဝင်မြို့ရှိ တော်ဝင်အစောင့်များရှေ့၌ ရပ်လိုက်သည်။
ယခုအချိန်တွင် သူတို့အားလုံးက သေမျိုးများသာဖြစ်သည်။ တော်ဝင်အစောင့်များက ယခုအချိန်၌ ချီတက်လာပါက သူတို့ကို မည်သူမှတားနိုင်မှာမဟုတ်။
မိစ္ဆာအိုကြီးကျိကို သတ်ဖြတ်ခြင်းသည် ခုခံရန်ခက်ခဲလှသော ဂုဏ်သရေပဲဖြစ်သည်။
“မင်းတို့က ငါ့ကိုသတ်ချင်တာလား။" လုကျိုးက တော်ဝင်အစောင့်များကိုကြည့်လိုက်၏။ သူ၏မျက်လုံးထဲ၌ အထင်သေးမှုများပြည့်နေသည်။
“ဟုတ်တယ်။ ကျုပ်တို့ ခင်ဗျားကို သတ်မှာ ... အခုမှမဟုတ်ရင် ဘယ်အချိန်သတ်ရမှာလဲ။" လျိုကုက လက်ဝေ့ယမ်းလိုက်၏။
တော်ဝင်အစောင့်ပေါင်းရာချီသည် လုကျိုးဆီသို့တက်သွားလိုက်သည်။ သူတို့က လှံရှည်များကို မြှောက်လျက် သူ့ကိုတိုက်ခိုက်ကြတော့သည်။
ငရဲဂိုဏ်းသားများကလည်း ဝင်လာလေ၏။
တွမ့်မူရှန်း၏အမူအရာက အနည်းငယ်ပြောင်းလဲသွားသည်။ သူက နယ်ရှင်လှံကို ဝေ့ယမ်းက ရှေ့သို့တက်ရန်ပြင်ဆင်လိုက်၏။ သို့သော် လုကျိုးက သူ၏လမ်းကြောင်းကို လက်တစ်ဖက်ဖြင့်ဟန့်တားလိုက်သည်။
အကြီးအကဲဆယ့်ခုနှစ်ယောက်၏မျက်လုံးထဲ မျှော်လင့်စောင့်စားမှုများပြည့်နေသည်။ သူတို့က ငရဲဂိုဏ်းတစ်ခုလုံးကိုရှင်းလင်းနိုင်လျှင်တောင် တော်ဝင်မိသားစုသည် လောကကြီးထဲရှိအကြီးဆုံးမိစ္ဆာကို သတ်ဖြတ်နိုင်လျှင် အနိုင်ရဦးမှာပဲဖြစ်သည်။ ယခုအချိန်ထိ လူတိုင်းအသက်အောင့်ထားမိ၏။ တော်ဝင်အစောင့်များက လုကျိုးနားသို့ ပိုမိုနီးကပ်လာတော့သည်။
တော်ဝင်အစောင့်များက လုကျိုးဆီရောက်တော့မည့်အချိန်၌ ....
“မင်းတို့မှာ အသက်တစ်သောင်းရှိခဲ့ရင်တောင် ငါ့တပည့်ရဲ့ အသက်အတွက် ဖြည့်ဆည်းပေးဖို့ မလုံလောက်ဘူး”
မင်းကို တစ်ခါသတ်နိုင်ရင် မင်းကို ထပ်သတ်နိုင်ဦးမှာပဲ။
လုကျိုးက လက်မြှောက်လျက် တွန်းထုတ်လိုက်သည်။ သူသည် တိုက်ပွဲကိုအချိန်မဆွဲချင်ပေ။ ထိုအစား ဘာမှထိန်ချန်မထားဘဲ ဆုံးဖြတ်ချက်ပြတ်သားစွာ တိုက်ခိုက်လိုက်ပြီး အထင်ကြီးဖွယ်လက်ဝါးရိုက်ချက်ကို ထုတ်ဖော်လိုက်၏။
အပြာရောင်လက်ဝါးစည်းတံဆိပ်က မကြီးမားပေ။ သို့သော် လူတစ်ရပ်စာခန့်ရှိ၏။
ဖုန်း
မဟာလေကြောင်းရတနာစည်းတံဆိပ်သည် တော်ဝင်အစောင့်များ၏မျက်နှာကို အလွယ်တကူ ရိုက်မိသွားပြီး သူတို့ကို လွင့်ထွက်သွားစေ၏။ လက်ဝါးစည်းတံဆိပ်က ၎င်း၏ လမ်းကြောင်းအတိုင်း ဆက်သွားနေသည်။
အရိုက်ခံရသည့်အစောင့်များကလည်း လွင့်ထွက်သွားကုန်၏။ မျက်စိတစ်မှိတ်အတွင်း ၎င်းတို့က လျိုကုရှေ့သို့ ရောက်သွားသည်။
သူက အဆုံးသတ်ဆယ်ပါးအစီအရင်ထဲမှာ လက်ဝါးစည်းတံဆိပ်တစ်ခု ဘယ်လိုလုပ် ထုတ်နိုင်တာလဲ။
“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” လျိုကုက လက်မြှောက်လိုက်၏။
ဖုန်း
လျိုကု၏လက်များသည် မွေးဖွားခါစကဲ့သို့ ပျော့ဖတ်နေသည်။ သူတို့က ကျိုးလွယ်ပြီး လက်ဝါးစည်းတံဆိပ်က ရင်ဘတ်ကိုထိသွားစဉ် ဂျွတ်ခနဲဖြစ်သွား၏။ သူ၏ခန္ဓာကိုယ်ကိုထိသွားပြီး သူ့ကို နောက်သို့တွန်းပို့လိုက်သည်။
ဖုန်း
လျိုကုသည် မြို့ရိုးနှင့်ရိုက်မိသွားတော့သည်။
လက်ဝါးစည်းတံဆိပ်က မှိန်ဖျော့သွားချေပြီ။ လျိုကုက နံရံပေါ်၌ ကပ်နေလေ၏။ သူ၏မျက်လုံး၌ အကြောက်တရားများပြည့်နေလေသည်။
တော်ဝင်မြို့တော်ရှိ ငရဲဂိုဏ်းသားများ၊ အကြီးအကဲဆယ့်ခုနစ်ယောက်နှင့် အခြေအနေကို အမြတ်ထုတ်ချင်သော ဘက်မလိုက်သည့်ကျင့်ကြံသူများသည် ထိတ်လန့်ကုန်၏။
…
အခန်း (၅၉၀) ညီတူညီမျှက ဘာဖြစ်သွားတာလဲ
ထိုနေရာရှိ လူအားလုံးက လှည့်စားခံလိုက်ရသည်ဟု တွေးနေမိသည်။ သူတို့သည် မြင်ချင်ရာ မြင်နေမိသည်ဟု သေချာနေမိ၏။ သူတို့က ထပ်မကြည့်ခင် မျက်လုံးကို ပွတ်လိုက်ကြသည်။ တံတိုင်းပေါ်ရှိ လက်ဝါးရာကြီးက အလွန်ကို ထင်ရှားနေသည်။ ဧကရာဇ်လျိုကုက စိတ်ပျက်လက်ပျက် အမူအရာဖြင့် တံတိုင်းအတွင်း နစ်မြှုပ်နေလေသည်။
နေရာတစ်ခုလုံးက အပ်ကျလုမတတ် တိတ်ဆိတ်သွားလေသည်။ ထိုတိတ်ဆိတ်မှုက အသက်ရှုဖို့ပင် ခက်လာစေ၏။
ခဏအကြာတွင် အားလုံး၏ စိတ်ထဲ အတွေးတစ်ခုက ပေါ်ထွက်လာသည်။
သူက အဆုံးသတ်ဆယ်ပါး အစီအရင်အတွင်းမှာ ဒီလို လက်ဝါးစည်းတံဆိပ်ကို ဘယ်လို ထုတ်လွှတ်နိုင်တာလဲ ….
အဆုံးသတ်ဆယ်ပါး အစီအရင်အတွင်းမှာ အားလုံးက ညီတူညီမျှ မဟုတ်ဘူးလား။ အားလုံးက ကနဦးချီ မရှိဘဲ သာမန်ဖြစ်သွားတယ် ဆိုတဲ့ ကိစ္စက ဘာဖြစ်သွားတာလဲ။ ဓားတွေ ခွန်အားတွေ သုံးပြီး တိုက်ခိုက်ကြတာကရော ဘာဖြစ်သွားတာလဲ။
ဒါတွေ အကုန်လုံးက အလိမ်အညာလား…
လူတချို့က အစီအရင်သည် ပျက်စီးသွားကြောင်း ကောက်ချက်ချကာ ကနဦးချီကို လှည့်ပတ်ဖို့ ကြိုးစားလိုက်ကြသည်။ သို့သော်လည်း ဘာမှမဖြစ်လာခဲ့ပေ။ သူတို့ မည်မျှ ကြိုးစားစေကာမူ ကနဦးချီ ရှိမနေပေ။
သေမျိုးအုပ်စုရှေ့ရှိ ကျင့်ကြံဆင့် ရှိနေသည့် ကျင့်ကြံသူတစ်ယောက်က မည်သို့ ဖြစ်မည်နည်း။ အဆုံးသတ်ဆယ်ပါး အစီအရင်တွင် သူက နတ်ဘုရားတစ်ပါးလို ဖြစ်၏။
တံတိုင်းပေါ်တွင် နစ်မြှုပ်နေရင်း လျိုကုက ချောင်းဆိုးလိုက်သည်။
ထိုအသံက လူအားလုံးကို လက်ရှိအချိန်သို့ ပြန်လည် အသိဝင်လာစေသည်။
တော်ဝင်အစောင့်တပ်၏ စိတ်နှလုံးထဲတွင်လည်း မျှော်လင့်ချက် အရိပ်အယောင်က ပြန်လည်တောက်ပလာသည်။ သို့သော်လည်း သူတို့က လေထဲတွင် မျောလွင့်နေသည့် အပြာရောင်လက်ဝါးစည်းတံဆိပ်ကို ကြည့်လိုက်သည့်အခါ စိတ်ပျက်သွားကြသည်။ ဤသည်က တောက်ဖြတ်တောက်ခြင်း လက်ဟန်စည်းတံဆိပ် ဖြစ်သည်။
လျိုကုက မျက်လုံး ဖွင့်ကြည့်လိုက်သည့်အခါ နောက်ထပ် အပြာရောင်လက်ဝါး စည်းတံဆိပ်တစ်ခု သူ့ဆီ ပျံသန်းလာသည်ကို မြင်လိုက်ရ၏။
“ငါ အသက်ရှင်မှာ”
ထိုတိုက်ကွက်က ယခင်တိုက်ကွက်နှင့် အတူတူသာ ဖြစ်၏။ ထိုအရာက လျိုကု၏ မျက်နှာပေါ် ထပ်မံ ကျရောက်သွားသည်။
ဘန်း..
လေထုအတွင်း ပေါက်ကွဲသံကြီဲး ထွက်ပေါ်လာကာ တိတ်ဆိတ်သွားလေသည်။
ထိုလက်ဝါးရိုက်ချက်ဖြင့် လျိုကုက သေဆုံးသွားလေသည်။ သူက မည်သို့ အသက်ရှင်နိုင်မည်နည်း။ လက်ဝါးရိုက်ချက်ဖြင့် မဖြေရှင်းနိုင်သည့်အရာ မရှိပေ။ အကယ်၍ လက်ဝါးရိုက်ချက် တစ်ချက်ဖြင့် မဖြေရှင်းနိုင်လျှင် နောက်ထပ် လက်ဝါးရိုက်ချက်ဖြင့် ဖြေရှင်းနိုင်လေသည်။
“တင်း.. ပစ်မှတ်ကို သတ်နိုင်တဲ့အတွက် ကုသိုလ်ရမှတ် ၂၅၀၀ ရရှိပါတယ်”
လုကျိုးက ထိုသတိပေးချက်ကို ကြားလိုက်သည့်အခါ လျိုကုအား အနည်းငယ် ကြည့်လိုက်သည်။ လျိုကု၏ သေဆုံးမှုဖြင့် သူက ဆုံးရှုံးမှု ကြီးကြီးမားမား မခံစားရပေ။ အသေရိုက်ချက်ကတ်က ယခု ကုသိုလ်ရမှတ် တစ်သောင်း ဖြစ်နေသော်လည်း သူက လျိုကုကို နှစ်ကြိမ် သတ်ခဲ့သည့်အတွက် ကုသိုလ်ရမှတ် ၅၀၀၀ ရခြင်းနှင့် ညီမျှပေသည်။
ရေကန်နားတွင် ရိုက်ချက်က လျိုကုအား သတ်နိုင်ခဲ့သည်။ ထို့နောက် သူက ပြန်လည်အသက်ရှင်လာခဲ့၏။ ဤသည်က သူ့ ဒုတိယမြောက်ဘဝ ဖြစ်နေနိုင်သည်။
“ဖြစ်နိုင်တာ ငါ ထပ်လုပ်ရမလားပဲ”
လုကျိုးက သူ့ဘာသူ ရေရွတ်လိုက်သည်။
“…”
တွမ့်မူရှန်းက နားမလည်နိုင် ဖြစ်နေမိသည်။
“ရှစ်စွင်း … လျိုကုက အခု ဒီတစ်ခေါက်တော့ တကယ် သေပြီ ထင်ပါတယ်။ သူက သူနဲ့တောင် မတူတော့ဘူး။ သူ့ ခန္ဓာကိုယ်က လုံးဝ ပျက်စီးသွားပြီ”
“ဒါပေမဲ့ သူက အသက်ပြန်ရှင်လာနိုင်ချေ ရှိနေတယ်။ မင်း သတိလျော့လို မဖြစ်ဘူး”
ဝှစ်..
တွမ့်မူရှန်းက လုကျိုး၏စကားကို ကြားသည့်အခါ နယ်ရှင်လှံဖြင် မြောက်ကာ လျိုကုအား ချိန်ရွယ်လိုက်သည်။
တကယ်တော့ လုကျိုးက သူ့စကား၏ ဆိုလိုရင်းကို ဖုံးကွယ်ဖို့ အကြောင်းပြချက် ပေးလိုက်ရုံမျှသာ ဖြစ်၏။ လျိုကုက အသက်ရှင်လာနိုင်ချေ မရှိပေ။ လုကျိုးက ရှေ့တိုးကာ တော်ဝင် အစောင့်တပ်အား ကြည့်လိုက်သည်။ တော်ဝင်အစောင့်တပ်က တုံ့ဆိုင်းခြင်း မရှိဘဲ လက်နက်များကို ချက်ချင်း ပစ်လွှတ်လိုက်ကြ၏။ သူတို့က လုကျိုးနှင့် အကြည့်ချင်းပင် မဆုံရဲကြပေ။ လုကျိုးက ကောင်းကင်ရှေ့ဆောင် ကျောင်းတော်၏ အကြီးအကဲများအား ကြည့်ကာ ပြောလိုက်သည်။
“ဆက်လုပ်ကြ..”
“…”
အကြီးအကဲတစ်ယောက်က ချက်ချင်းဆိုသလို ပြေးလာကာ အော်လိုက်သည်။
“ငါ အဲဒါကို မယုံဘူး။ ဒါက ငါ အိပ်မက်မက်နေတဲ့ အိပ်မက်ဆိုးပဲ ဖြစ်ရမယ်”
တခြားသူများကို အံ့အားသင့်သွားစေသည်က ထိုအကြီးအကဲသည် လုကျိုးဆီ ချီတက်ရဲလောက်အောင်အထိ သတ္တိကောင်းနေလေသည်။
လုကျိုးက လက်ကို ထပ်မံမြောက်လိုက်သည်။
ဘန်း..
အကြီးအကဲက လွှင့်စင်သွားလေ၏။
လုကျိုးက သူ့ကို ကြည့်ပင် မကြည့်ပေ။ သူက တခြားသူများကို ခက်ထန်စွာ ကြည့်လိုက်၏။
“တခြားသူတွေရော.. ဘာပြောစရာ ရှိသေးလဲ”
“…”
ဦးနှောက်ရှိသည့်သူတိုင်းက ယခုအခါ ရင်ဆိုင်သည်က ရူးမိုက်ကြောင်း သိထားကြလေသည်။ သူတို့က ကျင့်ကြံဆင့် ကန့်သတ်မထားလျှင်ပင် လုကျိုးအတွက် ပြိုင်ဘက် ဖြစ်မည် မဟုတ်ပေ။ ယခုလိုမျိုး သေမျိုးနှင့် မကွာခြားသည့်အခါ မည်သို့ ပြိုင်ဘက် ဖြစ်နိုင်မည်နည်း။
ကျန်ရှိနေသည့် အကြီးအကဲများက ဖြည်းဖြည်းချင်း နောက်ဆုတ်လိုက်ကြသည်။
ကြားနေ ကျင့်ကြံသူများကမူ ချက်ချင်းဆိုသလို ဒူးထောက်လိုက်ကြသည်။ သူတို့က ဦးညွှတ်ပြီး သက်ညှာပေးဖို့အတွက် တောင်းဆိုနေကြသည်။
လုကျိုးက သူတို့အား သနားညှာတာခြင်း မရှိပေ။ ယွီကျန့်ဟိုင်က အံ့ဖွယ်မြို့တော်ကို တိုက်ခိုက်ခဲ့စဉ်အခါက သူတို့အား ရွေးချယ်ခွင့် ပေးခဲ့ဖူးပြီးသား ဖြစ်သည်။ အကယ်၍ သူတို့သာ ချမ်းသာကြွယ်ဝမှုကို တပ်မက်လျှင် သူတို့ ကျရှုံးသည့်အခါ အသက်ကို ဆုံးရှုံးဖို့လည်း ပြင်ဆင်ထားရမည်။ ပြောရလျှင် အလကားရသည့် ညစာဟူ၍ မရှိပေ။
လုကျိုးက လက်ဝေ့လိုက်ပြီး “အကုန်လုံးကို ရှင်းထုတ်လိုက်”
ငရဲဂိုဏ်း၏ အဖွဲ့ခွဲခေါင်းဆောင် ခယ့်ချင်းဟယ်က စိတ်ဓာတ်တက်ကြွလာသည်။ သူက ချက်ချင်း ပြောလိုက်၏။
“နားလည်ပါပြီ”
ထို့နောက် သူက ချက်ချင်းဆိုသလို လှည့်ကာ အော်ပြောလိုက်သည်။
“သူတို့ကို ရှင်းထုတ်ကြ”
လုကျိုး၏ စောင့်ကြည့်နေမှုအောက်တွင် ကြားနေကျင့်ကြံသူများက မခုခံရဲကြပေ။ သူတို့အားလုံးကို ချည်နှောင်ထားလိုက်၏။ တူညီစွာဖြင့် ကောင်းကင်ရှေ့ဆောင် ကျောင်းတော်၏ အကြီးအကဲများကလည်း ပြန်လည်တိုက်ခိုက်လိုစိတ် ပျောက်ဆုံးသွားကြလေပြီ။ သူတို့က မြေပေါ် လဲနေကြ၏။
“မင်းတို့က မင်းတို့ဘာသာ မင်းတို့ မသေဘူးဆိုတော့.. ခေါင်းဖြတ်ခံရမယ်”
ခယ့်ချင်းဟယ်က ထပ်မံပြောလိုက်သည်။
“သူတို့ကို ဖြတ်လိုက်ကြ”
ငရဲဂိုဏ်းသားများ၏ တပည့်များက ရှေ့တိုးလာကြသည်။
ကောင်းကင်ရှေ့ဆောင်ကျောင်းတော်၏ အကြီးအကဲများက သူတို့၏ ကံကြမ္မာကို လက်ခံရုံမှအပ ရွေးချယ်စရာ မရှိတော့ပေ။
မြို့တော်၏ အထိပ်ပိုင်း အစီအရင်ဗဟိုချက်အတွင်း ခုနှစ်စင်ကြယ် ကျောင်းတော်မှ အကြီးအကဲဆယ်ယောက်က နောင်တရနေကြသည်။ သူတို့က ကျောင်းအုပ်ကျိုး၏ စကားများကို နားမထောင်ခဲ့သည့်အတွက် နောင်တရနေကြသည်။ ထိုအချိန်တွင် သူတို့က လမ်းတစ်ဝက် ရောက်နေပြီဖြစ်၍ ပြန်မလှည့်နိုင်တော့ပေ။ သူတို့က ရှေ့ဆက်တိုးသည်ဖြစ်စေ နောက်ပြန်ဆုတ်သည် ဖြစ်စေ သူတို့အတွက် ကောင်းမည် မဟုတ်ပေ။
ထိုဆယ်ယောက်က အချင်းချင်း အကြည့်ဖလှယ်ကာ အစီအရင်ဗဟိုချက်မှ တစ်ပြိုင်နက် ထွက်လာခဲ့ကြသည်။ သူတို့ကို စောင့်ကြည့်နေသည့် စီးဝူယာ့က ပြောလိုက်၏။
“ရှစ်စွင်း..”
လုကျိုးက တော်ဝင်မြို့ ထိပ်ပိုင်းအား လှမ်းကြည့်လိုက်သည်။ ဝတ်ရုံရှည် ကျင့်ကြံသူများက မရှိတော့လေပြီ။ သူက တော်ဝင်အစောင့်တပ်များအား အေးစက်စက် ကြည့်လိုက်ပြီးနောက် ရှေ့တိုးလာခဲ့၏။
တော်ဝင်အစောင့်တပ်များက နောက်ဆုတ်သွားကြသည်။ အဆုံးသတ်ဆယ်ပါး အစီအရင်အတွင်း ကနဦးချီ မရှိလေရာ သူတို့အနေနှင့် ထွက်မပြေးနိုင်သလို အဆုံးသတ်ဆယ်ပါး အစီအရင်၏ အကာအရံမှလည်း ထွက်မသွားနိုင်ကြပေ။
ထိုစဉ် တွမ့်မူရှန်းက နယ်ရှင်လှံကို မြောက်ကာ မြေပြင်အား ထိုးစိုက်လိုက်သည်။
ဒုန်း..
တွမ့်မူရှန်း၏ ခွန်အားသက်သက်က အံ့မခန်း ဖြစ်၏။ ရေတံခွန်အောက်တွင် အချိန်အတော်ကြာ လေ့ကျင့်ပြီးသည့်နောက်တွင် သူက လူအများစုထက် ပိုမိုအားကောင်းလာလေသည်။ သူက အော်ပြောလိုက်၏။
“ခွေးဧကရာဇ် လျိုကုက သေသွားပြီ။ မင်းတို့က ခုခံချင်နေတုန်းလား”
ထိုစဉ် စီးဝူယာ့က ထွက်ပေါ်လာသည်။ သူက လုကျိုးဘေးတွင် ရပ်ကာ ကြည်လင်ရှင်းလင်းသော အသံဖြင့် ပြောလိုက်၏။
“တကယ်တော့ သူက မင်းတို့ရဲ့ ဧကရာဇ် မဟုတ်ဘူး”
စီးဝူယာ့က တုန်လှုပ်ဖွယ် အကြောင်းအရာကို ဖော်ထုတ်လိုက်သည်။
“တကယ့် လျိုကုက သေသွားတာ ကြာလှပြီ။ ဒီလူက အယောင်အဆောင်ပဲ”
တော်ဝင်မိသားစုနှင့် သူတို့၏ အရာရှိများက တခြား အရာများထက် သွေးမျိုးဆက်ကို ပိုမို အလေးထားကြလေသည်။ တခြားတစ်ယောက်က အော်ပြောလိုက်၏။
“မဖြစ်နိုင်ဘူး ဒါက အမှန်မဟုတ်ဘူး။ သူတို့ကို ပြန်တိုက်ကြ”
လုကျိုးက တော်ဝင်မြို့တော် ဂိတ်ပေါက်ဆီ ဦးတည်လိုက်သည်။
တော်ဝင်အစောင့်များက ထပ်မံ နောက်ဆုတ် လိုက်ကြပြန်သည်။ သူတို့က လမ်းနား ရောက်ရှိသည့်အခါ တစ်ယောက်နှင့်တစ်ယောက် တင်းတင်းကျပ်ကျပ် တိုးဝှေ့လိုက်ကြသည်။ လုကျိုးက သူ့လက်ဝါးကို ထပ်မံ ရိုက်ထုတ်လိုက်ပြန်သည်။
အပြာရောင် လက်ဝါးစည်းတံဆိပ်က လေထဲတွင် ပေါ်ထွက်လာ၏။ အားလုံးက မျက်လုံးပြူး မျက်ဆန်ပြူးဖြင့် ကြည့်နေကြသည်။
ဝုန်း..
လက်ဝါးစည်းတံဆိပ် ကျရောက်သွားသည့်အခါ ပေါက်ပေါက် ပေါက်သွားသလို မြင်ကွင်းမျိုး ထွက်ပေါ်လာသည်။
တော်ဝင်အစောင့်တပ် အယောက်တစ်ရာက ချက်ချင်းဆိုသလို လွှင့်ထွက်သွားလေ၏။
ပေါ့ပါးသွက်လက်သည့် လှုပ်ရှားမှုဖြင့် လုကျိုးက တော်ဝင်မြို့တော်အတွင်း ဝင်ရောက်သွားလေသည်။
ဝုန်း..
လုကျိုး၏ ခြေထောက်အောက်တွင် အလင်းစက်ဝန်းတစ်ခု ပေါ်ထွက်လာပြီး လှိုင်းတွန့်များ ထွက်ပေါ်လာသည်။ ပျဉ်ခင်းများသည်လည်း ချက်ချင်းဆိုသလို ကြွတက်လာကြ၏။
တော်ဝင်အစောင့်တပ် အယောက်တစ်ထောင်လောက်က ထိုသက်ရောက်မှုကြောင့် လွင့်စင်သွားကြ၏။
အားလုံးက ထိုအရာကို မြင်ပြီးနောက် ကြောင်အမ်းသွားကြသည်။
လုကျိုးက လက်နောက်ပစ်ကာ တော်ဝင်အစောင့်တပ်များကြား မထူးမခြားနား ရပ်ကြည့်နေသည်။ ခဏအကြာတွင် တော်ဝင်အစောင့်များက ကောင်းကင်မှ မိုးများသဖွယ် ပြုတ်ကျလာကြသည်။
ဘန်း ဘန်း ဘန်း..
သူတို့က ကြမ်းခင်းများဖြင့် ဝင်တိုက်ကာ ပေါက်ကွဲသံကြီးများ ထွက်ပေါ်လာသည်။ သူတို့က တိုက်ကွက်တစ်ခုကိုပင် မခုခံနိုင်ကြပေ။ ငရဲဂိုဏ်းသားများက ထိုမြင်ကွင်းကို စိတ်လှုပ်ရှားစွာ ကြည့်နေကြ၏။
အဆုံးသတ်ဆယ်ပါး အစီအရင်အတွင်း မိစ္ဆာဝေဟင်မျှော်နန်း၏ ခေါင်းဆောင်က နတ်ဘုရားတစ်ပါးလို ဖြစ်၏။
“မျှော်နန်းသခင်နောက်ကို လိုက်ကြ”
ငရဲဂိုဏ်းသားများ၏ နှလုံးသားအတွင်း လုကျိုးက နတ်ဘုရားတစ်ပါးကဲ့သို့ ပြိုင်ဘက်ကင်းနေလေပြီ။ ထိုအချိန်တွင် တခြားသာ ငရဲဂိုဏ်းသားများက တော်ဝင်မြို့တော်အတွင်း ဝင်ရောက်လာကြ၏။ မြင့်မားနေသည့် နန်းဆောင်များနှင့် အဆောက်အဦးများကြား သူတို့က အရာအားလုံးကို သိမ်းပိုက်လိုက်ကြသည်။
ငရဲဂိုဏ်းသားများကို သေချာလေ့ကျင့်ပေးထားသည်။ သူတို့က တော်ဝင်မြို့တော်အတွင်း စီစီရီရီ ဝင်ရောက်သွားကြသည်။ သူတို့က အမြဲစိမ်းနန်းဆောင်၊ ထာဝရနန်းဆောင်၊ တာ့ကျန်းနန်းဆောင်နှင့် ကျင်းဟယ်နန်းဆောင်တို့ကို ဦးတည်လိုက်ကြသည်။
ငရဲဂိုဏ်းသားများက အံ့ဖွယ်မြို့တော်အထိ အောင်အောင်မြင်မြင် ရောက်ရှိသွားကြသည်။
ထိုစဉ် အမြဲစိမ်းနန်းဆောင်ကို အလယ်မှာ ဗဟိုပြုကာ အခြားနန်းဆောင်များကို ဘေးတွင် ထားရှိပြီး ရွှေရောင်အစီအရင်တစ်ခုက တောက်ပလာသည်။ ထိုအရာက ဂိတ်ရှစ်ပေါက် အစီအရင် စည်းတံဆိပ်နှင့် တူညီလေသည်။
“အစီအရင်အတွင်းက အစီအရင်တဲ့လား။ ဂိတ်ရှစ်ပေါက် အစီအရင် စည်းတံဆိပ်ပဲ”
စီးဝူယာ့က ပြေးသွားလိုက်သည်။ လုကျိုးက မြေပြင်ပေါ်မှ အသာခွာကာ လေထဲတွင် အေးစက်စက် အမူအရာဖြင့် ပျံသန်းလိုက်သည်။
အဆုံးသတ်ဆယ်ပါး အစီအရင်အတွင်း ဂိတ်ရှစ်ပေါက် အစီအရင် စည်းတံဆိပ်က ရွှေရောင်ပန်းပွင့်သဏ္ဌာန်များဖြင့် ကြည်လင်နေသည့် လိုက်ကာတစ်ခုလိုမျိုး ဖြစ်၏။ ထိုအရာက အင်မတန် တော်လေသည်။ တခြားသူများက မော့ကြည့်လိုက်ကြသည်။ လုကျိုးက ဂိတ်ရှစ်ပေါက် အစီအရင် စည်းတံဆိပ်၏ဗဟိုချက်သို့ ပျံသန်းသွားလိုက်သည်။
အရာအားလုံးကို တိတ်ဆိတ်စေမည့် စွမ်းအားကို ရရှိဖို့၊ သမာဓိကို အားကောင်းစေဖို့… အလင်းနှင့် အရိပ်လိုမျိုး နေရာတိုင်းမှာ ထိုးဖောက်နိုင်ဖို့…
အပြာရောင် ကြာပန်းတစ်ခုက ပွင့်လန်းလာလေသည်။
အခန်း (၅၉၁) ပြန်လည်ရှင်သန်ခြင်းနည်းလမ်း
တော်ဝင်မြို့တော်အထက်ရှိ ကောင်းကင်သည် အပြာရောင်ကြာပွင့်ကြီးဖြင့် ဟန့်တားခံထားရလေသည်။
အံ့ဖွယ်မြို့တော်အပြင်ဖက်ရှိကျင့်ကြံသူများသည် တော်ဝင်မြို့၏ အဆုံးသတ်ဆယ်ပါးအစီအရင်ကို ဇဝေဇဝါ မော့ကြည့်လိုက်ကြ၏။
“ဘာဖြစ်နေတာလဲ”
“အပြာရောင်ကြာပွင့်လား”
“ဘယ်သူက အပြာရောင်ကြာပွင့်ကို ကျင့်ကြံတာလဲ”
တော်ဝင်မြို့တော်အထက်ရှိ ကောင်းကင်ကို ကျင့်ကြံသူများက အထိတ်တလန့်ကြည့်လိုက်၏။ ကြီးမားကျယ်ဝန်းလှသည့်လောကကြီးထဲတွင် မဖြစ်နိုင်တာ ဘာမှမရှိဟု ထင်ရသည်။ သူတို့ယခင်က မမြင်ဖူးသည့်အရာများကြောင့် ထိတ်လန့်သွားတာ သဘာဝကျ၏။ သို့သော် သူတို့သည် ၎င်းကို အလွန်လျင်မြန်စွာလက်ခံလိုက်၏။ ဆိုရလျှင် ရှေးယခင်ကာလတည်းက ကျင့်စဉ်အသစ်များကို ဖန်တီးခဲ့သည့် မရေမတွက်နိုင်သော ဘိုးဘေးများရှိနေသောကြောင့်ပင်တည်း။
ကွန်ဖြူးရှပ်၊ ဗုဒ္ဓနှင့်တာအိုဂိုဏ်းများ၏ ဘိုးဘေးများသည် တာအိုစည်းတံဆိပ်၊ ဗုဒ္ဓစည်းတံဆိပ်ဖြင့် အမျိုးမျိုးသော သင်္ကေတများ၊ အဆောင်စည်းတံဆိပ်များကို သီအိုရီအမျိုးမျိုးကို အခြေခံပြီး ဖန်တီးခဲ့လေ၏။ မိစ္ဆာဇင်သည် အမှောင်စည်းတံဆိပ်၊ မဟူရာစည်းတံဆိပ်များကို ဖန်တီးခဲ့သည်။
မိစ္ဆာဝေဟင်မျှော်နန်း၏သခင်သည် ကမ္ဘာကြီးရှိ ပထမဆုံးကျင့်ကြံသူဖြစ်ပြီး ပွင့်ချပ်ကိုးလွှာအဆင့်၏တံခါးကိုကန်ဖွင့်ခဲ့သည့်သူ ဖြစ်သောကြောင့် သူသည် ကျင့်စဉ်သစ်တချို့ကို ဖန်တီးနိုင်တာက ထူးဆန်းတာမဟုတ်။
ကျင့်ကြံသူများသည် ၎င်းကို ကြောက်ကြောက်လန့်လန့်လေးလေးစားစားဖြင့် လက်ခံရုံသာတတ်နိုင်၏။
အပြာရောင်ကြာပွင့်ဖူးပွင့်သွားသောအခါ ဖန်ကဲ့သို့ ဂိတ်ရှစ်ခုအစီအရင်စည်းတံဆိပ်သည် တော်ဝင်မြို့တော်အထက်၌ ပေါ်လာသော ဂိတ်ရှစ်ခုအစီအရင်စည်းတံဆိပ်က ပြိုကွဲသွားလေ၏။ ၎င်းသည် ကောင်းကင်ထဲရှိ ရွှေရောင်ကြယ်ပွင့်များပမာ တဖြည်းဖြည်းမှိန်ဖျော့သွားသည်။
ထိုအတိုင်းပင် လုကျိုးက ဂိတ်ရှစ်ခုအစီအရင်စည်းတံဆိပ်ကို အလွယ်တကူ ဖျက်ဆီးလိုက်၏။ ထိုအချက်ကို သံသယဖြစ်ဖွယ်မရှိပေ။
လုကျိုးက ဖြည်းဖြည်းချင်း ဆင်းသက်ကာ ပေါ်လာလေ၏။
ထိုစဉ် ငရဲဂိုဏ်းသားများအားလုံးက သဘောပေါက်သွား၏။ ဟွားချုံးယန်နှင့် ငရဲဂိုဏ်းအခွဲများအားလုံးက သဘောပေါက်သွားလေ၏။ သူတို့၏ဂိုဏ်းချုပ်သည် သူ၏ရှစ်စွင်းနှင့် ကြုံတွေ့တိုင်း ထွက်ပြေးတာ အကြောင်းအရင်းရှိ၏။ သူ၏ရှစ်စွင်းက ထိုမျှအစွမ်းထက်နေခြင်းကြောင့် သူ မည်ကဲ့သို့မပြေးဘဲနေမည်နည်း။ အမှန်တကယ်ပင် သူတို့၏ဂိုဏ်းချုပ်က မည်သည့်အချိန်တွင်ပြေးရမည်ဆိုတာကိုသိသည့်အလွန်ဉာဏ်ထက်သူဖြစ်သည်။
နေဝင်လာတော့သည်။ လုကျိုးက သူ့၌ ထူးခြားအံ့ဖွယ်စွမ်းအား သိပ်မကျန်တော့တာကို ခံစားမိသည်။
ဝှစ်
ကောင်းကင်ထဲရှိ အရံအတားကဲ့သို့ကားလိပ်ကပြောင်းလဲသွားသည်။ လေပြင်းတစ်ချက်က လေထဲဝေ့တိုက်လာပြီး တိမ်များလွင့်ပြယ်သွား၏။
“အဆုံးသတ်ဆယ်ပါးအစီအရင် ထပ်ပျောက်သွားပြန်ပြီ”
“အားလုံးအသင့်ပြင်ကြ”
မိစ္ဆာဝေဟင်မျှော်နန်း၏တပည့်များသည် ရှေ့သို့တက်သွားလေ၏။
ကနဦးချီများက ယခုအချိန်တွင် မြို့ထဲသို့ဝေ့တက်လာပြီး လေက တောင့်တင်းခြင်းမရှိတော့ပေ။ ယင်းက အသက်ရှူရခက်ခဲစေ၏။ လူတိုင်း၏ကျင့်ကြံဆင့်က ဖြည်းဖြည်းချင်းပြန်ရလာသည်။ သူတို့သည် ကနဦးချီများလှည့်ပတ်ခြင်းဖြင့် အချိန်ဖြုန်းမနေတော့ဘဲ အသက်ပြင်းပြင်း ရှူလိုက် သည်။
ထိုနည်းတူ လုကျိုးသည် သူ၏ကျင့်ကြံဆင့်က ပြန်လည်ရောက်ရှိလာတာကို ခံစားမိ၏။ သူ၏ ထူးခြားအံ့ဖွယ်စွမ်းအားက ကုန်ခန်းလုနီးပါးဖြစ်နေသော်ငြား သူက ယခု ပွင့်ချပ်ငါးလွှာနတ်ဝိညာဉ် ဝဋ်ကြွေးချေနယ်ပယ် အကျော်အမော်တစ်ယောက်ဖြစ်လေ၏။ တိုက်ပွဲဝင်အတွေ့အကြုံ၊ အရည်အချင်းနှင့် အသိအမြင်အရာတွင် သူက အားလုံးထက်သာပေ၏။ ငါက ပြိုင်ဖက်ကင်းနေသေးတုန်းပဲ။
ဘန်း ဘန်း ဘန်း
ထိုစဉ် ဝတ်ရုံဖြူဝတ်ကျင့်ကြံသူများသည် တာ့ကျင်းနန်းဆောင်ထဲသို့ ပျံထွက်လာ၏။
တစ်ချိန်တည်းတွင် ထာဝရနန်းတော်ဖက်ခြမ်းတွင် ဝတ်ရုံနက်ကျင့်ကြံသူတို့ပေါ်လာ၏။ သူတို့က ဝတ်ရုံဖြူကျင့်ကြံသူနှစ်ယောက်ကိုဆုပ်ကိုင်လျက် လေထဲသို့ပျံတက်သွားကာ မြေပြင်ပေါ်ဆင်းသက်လာ၏။
ဝတ်ရုံဖြူကျင့်ကြံသူများသည် ကျယ်လောင်သည့်အသံဖြင့် မြေပြင်ပေါ်ပြုတ်ကျကုန်၏။
ခုနစ်စင်ကြယ်ကျောင်းတော်မှ အကြီးအကဲဆယ်ယောက် အဖမ်းခံရပြီး လုကျိုးရှေ့ပစ်ထုတ်ခံရရန် အချိန်သိပ်မကြာလှပေ။ သူတို့၏မျက်နှာက မှုန်မှိုင်းနေလေ၏။
ပြီးနောက် ဝတ်ရုံနက်ကျင့်ကြံသူများသည် မြေပြင်ပေါ် တစ်ယောက်ပြီး တစ်ယောက် ဆင်းသက်လာ၏။ သူတို့က ဆယ်ယောက်ကျော်ရှိသည်။ ထိုစဉ် လီယွင်ကျောက်သည် တာ့ကျင်းနန်းဆောင်ထဲမှ ထွက်လာပြီးနောက် လုကျိုးကို တလေးတစားနှုတ်ဆက်လိုက်လေ၏။
“နှုတ်ခွန်းဆက်ပါတယ် ချန်းပေ့ကျိ”
လုကျိုးက လီယွင်ကျောက်ကို ကြည့်ပြီးနောက် အကြီးအကဲဆယ်ယောက်ကို ဖမ်းထားသည့်သူများကို လက်ညှိုးထိုးပြီးနောက် မေးလိုက်သည်။
“ဒါက မင်းရဲ့လူတွေလား”
လီယွင်ကျောက်က ပြောလိုက်၏။ "ကျုပ် ရှက်မိပါတယ်။ နန်းတော်ထဲမှာ ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ နည်းလမ်းတချို့ရှိရမယ်လေ”
“ဒါက ဘုရင့်မယ်တော်ကြီးရဲ့ တိုက်ရိုက်ပြောတဲ့နည်းလား”
“ဘုရင့်မယ်တော်ကြီးက အဲ့ဒီလူက အတုအယောင်မှန်းရှာတွေ့ပြီးတာ ကြာပါပြီ။ ကံဆိုးတာက အယောင်ဆောင်က အံ့ဖွယ်မြို့တော်ကို အပြည့်အဝထိန်းချုပ်ပြီး ဘုရင့်မယ်တော်ကြီးက အလုံးစုံကိုခြုံငုံတွေးပြီး သူ့ကို မဖော်ထုတ်လိုက်တာပဲ”
ကျန်သည့်သူများက ထိုစကားကိုကြားသောအခါ ခေါင်းညိတ်လိုက်၏။
မယ်တော်ကြီးသည် ယခင်က မိစ္ဆာဝေဟင်မျှော်နန်းကို သွားရောက်လည်ပတ်စဉ်က ထိုမျှ သတ္တိရှိနေတာ အံ့ဩစရာမရှိပေ။ သူမသည် နှစ်ပေါင်းများစွာသိမ်းထားသည့် အသက်ရှည်ဆေးကိုတောင် မိစ္ဆာဝေဟင်မျှော်နန်းအားပေးခဲ့သည်။ လုကျိုးက အသက်ရှည်ဆေး မလိုကြောင်း သူမ မသိခဲ့ပေ။ သူမက မိစ္ဆာဝေဟင်မျှော်နန်းနှင့် ခင်မင်သော ဆက်ဆံရေးတည်ဆောက်ရန် အခွင့်အရေးယူချင်တာ ရှင်းသွားပြီဖြစ်၏။
ထိုအရာအပြင်မယ်တော်ကြီးက ထိုစဉ်က နွေဦးစံအိမ်၌ ကျောင်းယွဲ့ကို ခုခံကာကွယ်ပေးရန် ကြိုးစားခဲ့သည့် အကြောင်းအရင်းကို သူတို့နားလည်သွားပြီဖြစ်သည်။ ထိုစဉ်က သူမသည် စတုတ္ထမင်းသားလျိုပင်းနှင့်အတူ ဒုတိယမင်းသားလျိုဝမ်ကို ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့၏။
လျိုကုသည် မင်းသားများသေဆုံးပြီး မယ်တော်ကြီးနာမကျန်းဖြစ်သည့်အချိန်တွင် မိစ္ဆာဝေဟင်မျှော်နန်းကို ဆန့်ကျင်ဖို့သာ အပြည့်အဝအာရုံစိုက်နေပြီး မျိုးနွယ်စုတစ်သောင်းကို တညီတညွတ်တည်းလုပ်ချင်ရသည့်အကြောင်းအရင်းကို သူတို့နားလည်သွားပြီဖြစ်သည်။
ထိုအခိုက်အတန့်တွင် လီယွင်ကျောက်က ကြည်လင်သောအသံဖြင့်ပြောလိုက်၏။
“မယ်တော်ကြီးက တော်ဝင်အစောင့်တွေ ရပ်တန့်ဖို့ အမိန့်ပေးလိုက်တယ်။ မိစ္ဆာဝေဟင်မျှော်နန်းကို ဘယ်သူမှ မခုခံရဘူး”
သူ၏ ကျင့်ကြံဆင့်ပြန်ရလာပြီဖြစ်သောကြောင့် သူ၏အသံက ကျယ်လောင်ပြီးစွမ်းအားပြည့်ကာ တော်ဝင်မြို့တော်ထဲ၌ ပဲ့တင်သံထွက်နေ၏။
ကျန်ရှိသော စစ်သားများနှင့်အရာရှိများက မြေပြင်ပေါ်ဝပ်တွားလိုက်သည်။ ထိုစဉ် မိစ္ဆာဝေဟင်မျှော်နန်း၏ တိမ်ခွင်းရထားလုံးက ကောင်းကင်အထက် တဖြည်းဖြည်းနိမ့်ဆင်းလာ၏။
ပဲ့ပိုင်းနားတွင် ရပ်နေသော အမျိုးသမီးကျင့်ကြံသူများထဲမှ တစ်ယောက်က ပြောလိုက်၏။
"ပထမသခင်လေး” စီးဝူယာ့က မျက်မှောင်တစ်ချက်ကျုံ့ကာပြောလိုက်တော့၏။ “ကျွန်တော် တစ်ချက်သွားကြည့်လိုက်မယ်” သူက မြေပြင်ပေါ်ကနေ ပျံတက်လျက် ဝေဟင်ထဲသွားလိုက်သည်။
စီးဝူယာ့က တိမ်ခွင်းရထားလုံးပေါ်ရောက်ပြီး အတွင်းသို့ဝင်ပြီးနောက် အထဲ၌ လဲနေသော ယွီကျန့်ဟိုင်ကို တွေ့လိုက်ရသည်။ ယွီကျန့်ဟိုင်၏လည်ပင်းပေါ်၌ သွေးများကျဆင်းနေ၏။ သူ ထိုအတွက်ပြင်ဆင်ပြီးသားဖြစ်သော်ငြား တုန်ယင်နေသေးသည်။
“တာ့ရှစ်ရှိုး” စီးဝူယာ့သည် ယွီကျန့်ဟိုင်ကို နှိုးရန်ကြိုးစားချင်ခဲ့သည်။ ယွီကျန့်ဟိုင်က တုန့်ပြန်မှုမရှိ၊ သူ၏မျက်လုံးများက မှိတ်လျက်ရှိနေ၏။ ယွီကျန့်ဟိုင်၏အသက်အငွေ့အသက်က အားနည်းနေလေသည်။
ပြီးနောက် စီးဝူယာ့သည် ယွီကျန့်ဟိုင်ကို သယ်ကာ ရထားလုံးပျံထဲကနေခုန်ထွက်လိုက်သည်။
မိစ္ဆာဝေဟင်မျှော်နန်းတပည့်များက ယွီကျန့်ဟိုင်ကိုမြင်သောအခါ အော်လိုက်၏။ “တာ့ရှစ်ရှိုး”
ထိုစဉ် ငရဲဂိုဏ်းသားတစ်သောင်းက တညီတညွတ်တည်း ဒူးထောက်လိုက်လေ၏။ “ဂိုဏ်းချုပ်” သူတို့၏ပြိုင်ဖက်ကင်း ဂိုဏ်းချုပ်က ဒဏ်ရာပြင်းပြင်းထန်ထန်ရထားသည်။ သူတို့မည်ကဲ့သို့ စိတ်မပူဘဲနေမည်နည်း။
ဟွားချုံးယန်နှင့် ခန်းမခွဲသခင် ဆယ့်နှစ်ယောက်က ယွီကျန့်ဟိုင်ဆီလျှောက်သွား၏။
စီးဝူယာ့၏အမူအရာက သုန်မှုန်နေလျက် လုကျိုးဆီသွားလိုက်သည်။
“ရှစ်စွင်း ... တာ့ရှစ်ရှိးက ...”
လုကျိုးသည် စီးဝူယာ့ကို ဆက်မပြောဖို့ လက်တားလိုက်သည်။ ယွီကျန့်ဟိုင် ရှင်သန်နိုင်မလားဆိုတာပြောရန်ခက်ခဲသည်။ မည်သည့်အရာမှ မသေချာပေ။ သူသည် သတိလစ်နေသော ယွီကျန့်ဟိုင်ကိုကြည့်လိုက်၏။ သူက ယွီကျန့်ဟိုင်ဆီလက်ဆန့်ထုတ်ကာ တွေဝေမနေဘဲ သူ၏ထူးခြားအံ့ဖွယ်စွမ်းအားကိုသွင်းပေးလိုက်သည်။ ယင်းက သူ တတ်နိုင်သမျှ အကုန်ပဲဖြစ်သည်။ ကျန်တာကို ကံကြမ္မာကိုသာ အပ်ထားရမည်။
“ရှစ်စွင်း” လုကျိုး၏မျက်နှာထက်ရှိ လေးနက်နေသော အမူအရာသည် စီးဝူယာ့၏သတိပြုမှုမှ မလွတ်မြောက်ပေ။
လုကျိုးက ပြောလိုက်၏။ “မင်း သူ့ကိုတစ်ခါကယ်ခဲ့ပြီးပြီ။ ဝူချီမျိုးနွယ်ထဲမှာ ဝူချီအန်းတွေရဲ့ ဝိသေသလက္ခဏာအကြောင်း မင်း သိမှာသေချာတယ်”
“သိပါတယ်”
“ယွီကျန့်ဟိုင်က တစ်ခါသေတိုင်း သူ့သက်တမ်းအနှစ်သုံးရာဆုံးရှုံးတယ်။ သူ ဒီဒဏ်ရာကနေ ရှင်သန်လာခဲ့ရင်တောင် သူ့ရဲ့မဟာအကန့်အသတ်ကနေ မလွတ်မြောက်နိုင်သေးဘူး”
“...”
ခရုလေးသည် ယွီကျန့်ဟိုင်ကို စဉ်းစဉ်းစားစားကြည့်လိုက်လေ၏။ သူတို့ပထမဆုံးတွေ့ချိန်၌ သူ၏စကားများကို သူမ အမှတ်ရသွားပုံပေါ်၏။ သူမက သူ့ဆီလျှောက်သွားကာ ညင်သာစွာပြောလိုက်လေ၏။ “အဲ့မှာထားလိုက်”
ကျန်သည့်သူများက ခေါင်းငုံ့လိုက်သည်။ လုကျိုးက ခရုလေးကိုကြည့်ပြီးနောက် ပွင့်ချပ်ကိုးလွှာအဆင့်နှင့် ရုန်းများကို အမှတ်ရသွားသည်။ ပြီးနောက် သူက ပြောလိုက်၏။ "စီးဝူယာ့"
“ဟုတ်ကဲ့ရှစ်စွင်း”
“မင်း အာ့ရှစ်ရှိုးရဲ့ရုန်းတွေကို ဘယ်နေရာကရှာတွေ့ခဲ့လဲ”
စီးဝူယာ့က အပျော်လွန်သွားသည်။ သူ့ရှစ်စွင်း၏မေးခွန်းအဓိပ္ပါယ်ကို သဘောပေါက်၏။ သူ ချက်ချင်းဖြေလိုက်သည်။
“အဲဒါကို ရှေးဟောင်းအုတ်ဂူတစ်ခုမှာရှာတွေ့ခဲ့တာပါ။ ရုန်းတွေက အသက်ကို ဆုပ်ယူနိုင်တယ်။ ဟုတ်သားပဲ ရှစ်စွင်း ... တာ့ရှစ်ရှိုးကို အခုချက်ချင်း လျန့်စီရင်စုကို ခေါ်သွားလိုက်မယ်”
လုကျိုးက ယွီကျန့်ဟိုင်ကို တစ်ချက်ကြည့်ပြီးနောက် သူက သက်ပြင်းချပြီးပြောလိုက်၏။
“ရုန်းတွေက သူ့အသက်ကိုဆွဲဆန့်ထားနိုင်တယ်။ ဒါပေမဲ့ သူတို့ကြားထဲမှာ ခွဲထွက်သွားမယ်ဆိုရင် လူသတ်နိုင်တော့မှာ မဟုတ်တော့ဘူး”
စီးဝူယာ့က ပြော၏။ “ကျွန်တော်တို့တွေ တာ့ရှစ်ရှိုးရဲ့အသက်ကို ၄၉ရက် ထိန်းထားနိုင်သရွေ့ မျှော်လင့်ချက်ရှိတယ်။ တကယ်တော့ ရှေးဟောင်းစာအုပ်ထဲမှာ ဝူချီအန်းရဲ့အကြောင်း မှတ်တမ်းတချို့ရှိတယ်။ သုံးကြိမ်သေတာက သက်တမ်းအကန့်အသတ်ဆိုပြီး မပြထားဘူး။ လူတွေရဲ့ မဟာအသက်အကန့်အသတ်ကို အခြေခံပြီး သုံးကြိမ်သေတယ်လို့ပြထားတာ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီမဟာအကန့်အသတ်ကို ကျော်လွှားဖို့နည်းလမ်းမရှိရင်တောင် တာ့ရှစ်ရှိုးက နောက်ထပ် ဆယ်နှစ်ပဲအသက်ရှင်မယ်ဆိုရင်တောင် ကျွန်တော် သူ့ကိုကယ်ရမယ်”
လုကျိုးက တစ်စုံတစ်ခုကို ခံစားမိလျက်မေးလိုက်သည်။ “မင်း ယုံကြည်ချက်ရှိလား”
“ကျွန်တော် ... ကျွန်တော် တာ့ရှစ်ရှိုးကို လို့လန်ဆီ ခေါ်သွားချင်တယ်။ တာ့ရှစ်ရှိုးက သူ ပထမဆုံးသေဆုံးတဲ့နေရာက အဓိကနေရာလို့ပြောတယ်။ အရင်တည်းက အခွင့်သင့်တဲ့အချိန် ပထဝီဝင်အနေအထားနဲ့ စီစဉ်ထားတဲ့အချိန်တွေနဲ့ ချိန်ညှိလို့ရတယ်။ အာမမခံနိုင်ပေမဲ့ ကြိုးစားကြည့်ချင်ပါတယ်”
ထိုစဉ် ဟွားချုံးယန်က အရိုသေပေးလျက်ပြောလိုက်သည်။ “သတ္တမသခင်လေးနဲ့ အတူသွားချင်ပါတယ်” ဂိုဏ်းခွဲသခင်ဆယ့်နှစ်ယောက်က ပြောလိုက်သည်။ “ဂိုဏ်းချုပ်နဲ့ သေတဲ့အထိလိုက်ချင်ပါတယ်”
ပြီးနောက် မိစ္ဆာဝေဟင်မျှော်နန်း၏တပည့်များသည် တစ်ယောက်ပြီး တစ်ယောက် ခေါင်းမော့လိုက်၏။
“တာ့ရှစ်ရှိုးကို လိုက်ပို့သင့်တဲ့သူက ငါလို့ထင်တယ်”
“ငါလည်း သွားချင်တယ်” လုကျိုးက လူတိုင်းကိုကြည့်လိုက်၏။
…