← Chapters

အခန်း (၅၇၄-၅၇၆)

Vol. 39 Ch. 574-576

အခန်း (၅၇၄-၅၇၆)

Vol. 39 Ch. 574-576

အခန်း (၅၇၄) မိစ္ဆာအိုကြီးကျိ၊ ကြီးမြတ်တဲ့ ကျင့်ကြံသူ

သူတို့က ဖန်လီထန်းသည် ထိုသို့တွေးခေါ်နိုင်သည့်အတွက် နည်းနည်း အံ့အားသင့်သွားမိကြသည်။ သူက တစ်ခါက ကျင့်မင်တာအိုဂိုဏ်း၏ အကြီးမြတ်ဆုံး ပါရမီရှင် ဖြစ်ခဲ့သည် မဟုတ်ပါလော။ ယခုအခါ သူက မိစ္ဆာဝေဟင်မျှော်နန်းမှ အကြီးအကဲတစ်ဦး ဖြစ်၏။ သူက ဒီလိုမျိုး ရိုးရှင်းသည့် အကြောင်းအရင်းကို မည်သို့နားမလည်ဘဲ နေမည်နည်း။ မျှော်နန်းသခင်က ပွင့်ချပ်ကိုးလွှာအဆင့် ရောက်နေပြီ ဖြစ်ရာ ယခုတွင် အဘယ်ကြောင့် ပွင့်ချပ်အသစ်ထွက်နေမည်နည်း။ မျှော်နန်းသခင်က ပွင့်ချပ်ထွက်တာ မဟုတ်လောက်ပေ။ မျှော်နန်းသခင်က တခြားနည်းစနစ်တချို့ကို ကြိုးစားကြည့်နေခြင်းသာ ဖြစ်ဖို့များသည်။

အကြီးအကဲသုံးယောက်က ဖန်လီထန်းဆီမှ အကြည့်လွဲကာ လုကျိုး ရှိရာ အရှေ့ဘက်မျှော်နန်းဆောင်ဘက် လှမ်းကြည့်လိုက်ကြသည်။

ကျော့ယွီရှုက ပြောလိုက်၏။

“ လွန်ခဲ့တဲ့ နှစ်ငါးရာတုန်းက အားလုံးက ကျွန်မကို ကွန်ဖြူးရှပ်ကျောင်းတော်ရဲ့ ပါရမီရှင် ကျင့်ကြံသူတစ်ယောက်မလို့ လေးစားကြသလို ကြောက်ရွံ့ကြတယ်။ အဲဒီအချိန်တုန်းက အစ်ကိုကြီးရဲ့ ကျင့်ကြံဆင့်က သိပ်မကောင်းသေးဘူး။ ဒါပေမဲ့ အဲဒီတုန်းကတောင် အစ်ကိုကြီးက သာမန်လူ မဖြစ်နိုင်ဘူးဆိုတာ ပြောနိုင်တယ်။ အဲဒီနောက် လွန်ခဲ့တဲ့ သုံးရာလောက်က အစ်ကိုကြီးက ကျင့်ကြံရေးလောကကို ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူအဖြစ်နဲ့ ထိပ်ဆုံးကို ရောက်လာခဲ့တယ်။ ရှင်တို့ မြင်တဲ့အတိုင်း ကျွန်မက အမြင်ကောင်းကောင်းရှိတယ်လေ။ ကျွန်မရဲ့ တစ်ခုတည်းသော နောင်တက ငယ်ရွယ်ပြီး တုံးအခဲ့တာပဲ။ အဲဒီအရာတွေကို လွမ်းဆွတ် … ”

“ခဏ …” ဖန်လီထန်းက လက်မြောက်လိုက်သည် “ ငါတို့တွေ ပြန်စမြုံ့ပြန်တာကို နောက်ရက်အတွက် ထားလိုက်ကြ”

“ ဒီမိန်းမအိုကြီးက အတိတ်တုန်းက ရွှေရောင်နေ့ရက်တွေကို ပြန်ပြောလို့ မရဘူးလား” ကျော့ယွီရှုက မျက်နှာပူစွာ ပြောလိုက်သည်။

ဖန်လီထန်း “ရတာပေါ့ ရတာပေါ့ … ဆက်ပြော”

လန်လော့က တိတ်ဆိတ်နေသည်။ သူက သူတို့ကို ကြည့်လိုက်ပြီး တွေးလိုက်သည်။

မင်းက အခုအထိ လူပျိုကြီး ဖြစ်နေတာ မဆန်းတော့ဘူး …

ဖန်လီထန်း၏ မှတ်ချက်ဖြင့် ကျော့ယွီရှုက ဆက်ပြောချင်စိတ် မရှိတော့ပေ။

အကြီးအကဲလေးယောက်လုံးက အရှေ့ဘက်မျှော်နန်းဆောင်ဘက် ကြည့်လိုက်ကြပြန်သည်။

အရာအားလုံးက တိတ်ဆိတ်နေပြီး အရှေ့ဘက်မျှော်နန်းဆောင်မှ လှုပ်ရှားမှု ရှိမလာသေးပေ။

………….

အခန်းအတွင်း

လုကျိုးက သူ့လက်ဝါးပေါ်မှ ပွင့်ချပ်ငါးလွှာ ရွှေကြာကို ကြည့်ပြီး ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်သည်။

ကျင့်ကြံရေးလောကတွင် နတ်ဝိညာဉ်ဝဋ်ကြွေးချေအဆင့် ရောက်သူများသာ ကျင့်ကြံရေးလောကထဲ အပြည့်အဝ အစပျိုးလာပြီဟု သတ်မှတ်၍ ရလေသည်။ ပွင့်ချပ်တစ်လွှာမှ လေးလွှာက အသေးစား ကျင့်ကြံသူသာ ဖြစ်၏။

ပွင့်ချပ်ငါးလွှာနှင့်အထက်ကို ကြီးမြတ်သည့် ကျင့်ကြံသူများအဖြစ် သတ်မှတ်ကြသည်။ တခြားစကားဖြင့်ပြောရလျှင် ယခုမှစ၍ ပွင့်ချပ်ငါးလွှာ နတ်ဝိညာဉ်ဝဋ်ကြွေးချေအဆင့်သို့ အောင်အောင်မြင်မြင် ရောက်သွားသည့် လုကျိုးက ကြီးမြတ်သည့် ကျင့်ကြံသူ ဖြစ်သွားလေပြီ။

သူက လက်သီးဆုပ်လိုက်သည့်အခါ စိတ်ဝိညာဉ်သဏ္ဌာန်က ပျောက်ကွယ်သွား၏။ သူက မတ်တတ်ရပ်လိုက်ပြီး ကျေနပ်နေမိသည်။ သူက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီးနောက် စားပွဲပေါ်မှ ပုံကြမ်းများအား ကြည့်လိုက်သည်။

မြေပုံတွင် ယခင်ကဲ့သို့ တာ့ယန်သာ ပြသနေဆဲ ဖြစ်၏။ ပိုင်နက်က အတူတူ ဖြစ်နေသေးသော်လည်း မျဉ်းကြောင်းများက ရှင်းလင်းလာသည်။

“တကယ်လို့ ပုံကြမ်းတွေက ကောင်းကင်ကျမ်း ပေလွှာသုံးမျိုးနဲ့ ပတ်သက်နေရင် နောက်ထပ်သဲလွန်စက စာလိပ်ကို တာ့ယန်ထဲမှာ ရှာရမှာ ဖြစ်နိုင်တယ်”

လုကျိုးက သက်ပြင်းချလိုက်သည်။ သူက မှတ်ဉာဏ်သလင်းကျောက်နှင့် ပတ်သက်လာသည့်အခါ သဲလွန်စ မရှိသေးပေ။ ကောင်းကင်ကျမ်း ပေလွှာသုံးမျိုးကို ရှာဖွေနေသည့် ဖြစ်စဉ်ကလည်း ရပ်တန့်နေဆဲ ဖြစ်၏။

“ မင်းက စာလိပ်ကိုတောင် ကူရှာမပေးနိုင်တဲ့ မြေပုံတစ်ခုပဲ။ ဘာများကောင်းနေလို့လဲ ”

လုကျိုးက ပုံကြမ်းဆီမှ အခန်းအပြင်ဘက်သို့ ဦးတည်လိုက်သည်။

ကျွီ

လုကျိုးက တံခါးဖွင့်ကာ လက်နောက်ပစ်လိုက်သည်။ သူက အရှေ့ဘက်မျှော်နန်းဆောင်မှ ရပ်နေပြီး ငုံ့ကြည့်လိုက်၏။

အကြီးအကဲလေးဦးကလည်း မော့ကြည့်လာသောကြောင့် အရှေ့ဘက်မျှော်နန်းဆောင် လှေကားပေါ်ထိပ်မှ လုကျိုးကို မြင်လိုက်ကြရသည်။ သူတို့က ကြောင်အမ်းသွားကြသည်။ သူတို့က သူ့ကို တအံ့တဩ အမူအရာမျိုးနှင့် ကြည့်နေကြ၏။

လုကျိုး၏ အဝတ်အစားများ၊ ပုံစံအနေအထားနှင့် အရှိန်အဝါက မပြောင်းမလဲ ကျန်ရှိသော်လည်း သူ့ဆံပင်၊ သူ့အကြည့်နှင့် အရည်ပြားတို့က ၁၈၀ ဒီဂရီ ပြောင်းလဲခံလိုက်ရသည်နှယ် ပုံစံပေါက်နေသည်။

“ဒါက … မျှော်နန်းသခင်ရဲ့ ညီလေးလား”ဟွားဝူတောက်က မေးလိုက်၏။

“ အစ်ကိုကြီးမှာ အငယ်ရှိတယ်လို့တော့ မကြားဖူးပါဘူး”

“တစ်ယောက်ယောက်ကများ သူ့အယောင်ဆောင်နေတာလား”

“မဖြစ်နိုင်တာ … သူက ပွင့်ချပ်ဆယ်လွှာ အဆင့် မဟုတ်သရွေ့ ငါတို့နဲ့ မျှော်နန်းသခင်ကို တစ်ပြိုင်နက် ကျော်ဖြတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သူက ပွင့်ချပ်ဆယ်လွှာ ဖြစ်နေပြီဆိုမှတော့ ဘာလို့ အယောင်ဆောင်နေဦးမှာလဲ”

လေးယောက်သား အကြည့်ဖလှယ်လိုက်ကြသည်။ နောက်ဆုံး ကောက်ချက်ချမှုက အဓိပ္ပာယ်ရှိ၏။

ကျော့ယွီရှုက သူမ၏ နဂါးရစ်ခွေတုတ်ဖြင့် လျှောက်လှမ်းလာသည်။ ထို့နောက် သူမက ဦးညွှတ်ကာ “အစ်ကိုကြီးကို ကြည့်ရတာ … နှစ်ငါးရာလောက် ငယ်သွားသလိုပဲ ”

လုကျိုးက ငယ်ရွယ်သွားသည့် သူ့ပုံစံသည် မေးခွန်းတချို့ ထွက်လာလိမ့်မည်မှန်း သိထားသည်။ ဒါပေမဲ့ နှစ်ငါးရာကျ မပိုလွန်းဘူးလား။ သူ့ကျင့်ကြံဆင့်က ပွင့်ချပ်ငါးလွှာအဆင့်မျှ ရှိသေးသော်လည်း အကြီးအကဲလေးဦး ပြဿနာရှာမည်ကို မစိုးရိမ်ပေ။ အကြီးအကဲလေးဦးက သူ့အား ကြံစည်ဖို့ အားပူးပေါင်းလိုက်လျှင်ပင် သူ့အနေနှင့် ထူးခြားအံ့ဖွယ် စွမ်းအားနှင့် အသုံးပြုပစ္စည်းကတ်များဖြင့် အနိုင်ယူနိုင်သေး၏။ မည်သို့ပင်ဆိုစေကာမူ သူက အကြီးအကဲလေးယောက်က ထိုသို့လုပ်မည် မဟုတ်ကြောင်း သေချာနေသည်။

ဖန်လီထန်းက လက်နှစ်ဖက်ယှက်ကာ “ မျှော်နန်းသခင်က ပေါ့ပါးသွက်လက်နေတာပဲ။ ကျင့်ကြံဆင့် တိုးသွားတာ ဖြစ်ရမယ်”

ဟွားဝူတောက်ကလည်း ဝင်ပြောလိုက်သည် “မျှော်နန်းသခင်ကို ဂုဏ်ပြုပါတယ် ”

လုကျိုးက လှေကားမှ လက်နောက်ပစ်ကာ ဆင်းလာခဲ့သည်။ သူက အကြီးအကဲလေးယောက်အား ကြည့်လိုက်ပြီး “ပွင့်ချပ်တစ်လွှာ တိုးလာတာက နှစ်ငါးဆယ် တိုးလာစေတယ်။ ပွင့်ချပ်ကိုးလွှာက နှစ်ဘယ်လောက်တိုးလာသလဲဆိုတာ သိတောင်မသိတော့ပါဘူး”

အကြီးအကဲလေးယောက်က ထိုအကြောင်းကို ကြားသည့်အခါ လှုပ်ရှားသွားကြသည်။ သူတို့ထင်ထားသည့်အတိုင်း ပွင့်ချပ်ကိုးလွှာအဆင့်က သက်တမ်းပိုရှည်နိုင်၏။ ထို့အပြင် မျှော်နန်းသခင်၏ သွင်ပြင်ပေါ် မူတည်၍ နှစ်ငါးဆယ်မျှ မဟုတ်ကြောင်း သိသာနေသည်။ သူတို့က လုကျိုးဆီမှ ခြိမ်းခြောက်ဖွယ် အငွေ့အသက်မျိုး မမြင်ရသော်လည်း မဆင်မခြင် မပြုမူရဲကြပေ။

လန်လော့က လက်နှစ်ဖက်ယှက်ကာ ပြောလိုက်သည်။

“ ကြည့်ရတာ မျှော်နန်းသခင်ရဲ့ ပွင့်ချပ်ကိုးလွှာအဆင့်က နောက်ဆုံးတော့ အခြေကျသွားပြီ ထင်တယ်။ ကျုပ်လည်း အခု ပြန်ပြီး ကျင့်ကြံလိုက်ပါဦးမယ်”

“ကျုပ်လည်း သွားဖို့အချိန်ပဲ”

ဟွားဝူတောက်နှင့် ကျော့ယွီရှုတို့လည်း အရှေ့ဘက်မျှော်နန်းဆောင်၌ အရှက်မဲ့စွာ ဆက်မနေရဲကြတော့ပေ။

လုကျိုးက လက်ဝေ့လိုက်ပြီး “သွားကြပါ ”

လန်လော့၏ ကောက်ချက်ချမှုက အကျိုးအကြောင်းမသင့်ခြင်းတော့ မဟုတ်ပေ။ နတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ်အဆင့်တွင် အဆင့်ငယ်များ ပြန်ခွဲထားသည်။ တာအိုကမ္ဘာဦး၊ ဟွင်သွမ်းကမ္ဘာဦးနှင့် အပြည့်အဝ ကမ္ဘာဦးဟူ၍ ဖြစ်သည်။

ပွင့်ချပ်နှစ်လွှာအဆင့်တွင် လုကျိုးက တာအိုကမ္ဘာဦးအဆင့်ငယ်တွင် ဖြစ်၏။

ယခု သူက ပွင့်ချပ်ငါးလွှာအဆင့် ရောက်နေပြီဖြစ်၍ ဟွင်သွမ်းကမ္ဘာဦးအဆင့်ငယ်သို့ ရောက်နေလေပြီ။

လုကျိုးက ကောင်းကင်ကျမ်းကို ဆင်ခြင်ရန် ပြန်ဝင်တော့မည့်ဆဲဆဲတွင် မင်ရှစ်ရင်က အရှေ့ဘက်မျှော်နန်းဆောင် အပြင်ဘက်တွင် ပေါ်ထွက်လာသည်။

“ရှစ်စွင်းကို ဂါရဝပြုပါတယ် ”

“ဘာကိစ်စလဲ”

မင်ရှစ်ရင်က ဦးညွှတ်ကာ “ရှစ်စွင်း … ယုံနဉ်မင်းသမီးက ပြန်ကောင်းလာပါပြီ။ သူမကို ဒီမှာဆက်နေခိုင်းပေမဲ့ သူမက ပြန်ဖို့ပဲ ပြောနေတယ်။ သူမကို ခေါ်ထားရမလား ဒါမှမဟုတ် ပြန်ပို့လိုက်ရမလား ”

လုကျိုးက မုတ်ဆိတ်သပ်ကာ စဉ်းစားလိုက်သည်။ ဧကရာဇ်ယုံရှို့နှင့် တိုက်ခိုက်စဉ်အတွင်း မင်းသမီးနှင့် ကျောင်းယွဲ့တို့က ပါမလာကြပေ။ နှစ်ယောက်လုံးက တော်ဝင်မိသားစုမှ ဖြစ်သည့်အတွက် နေရခက်သည့် အခြေအနေကို ရှောင်ရှားသည်က အကောင်းဆုံး ဖြစ်၏။ လျိုကောက သေဆုံးသွားပြီဖြစ်၍ သူတို့အနေနှင့် စိတ်ထဲ အမုန်းတရားတချို့ ထားရှိလျှင်ပင် အကျိုးအကြောင်းမသင့်သည်တော့ မဟုတ်ပေ။

“သူမရဲ့ ရွေးချယ်မှုကို အလေးထားပေးလိုက်တာပေါ့။ စီးဝူယာ့ကို အဲဒီအကြောင်း လှမ်းပြောလိုက်အုံး”

လုကျိုးက ပြောလိုက်သည်။

“နားလည်ပါပြီ”

မင်ရှစ်ရင်က တုံ့ဆိုင်းတုံ့ဆိုင်း ဖြစ်လာပြီး “ ဒုတိယတစ်ခုက … တာ့ … တာ့ရှစ်ရှိုးက စာတစ်စောင် ပို့လိုက်ပါတယ်။ သူ … သူ ပြောထားတာက …”

“ဟမ်” လုကျိုးက မျက်မှောင်ကြုတ်လိုက်သည်။

မင်ရှစ်ရင်က လုကျိုး မျက်မှောင်ကြုတ်လိုက်သည်ကို မြင်သည့်အခါ အလျှင်စလို ပြောလိုက်သည်။

“တာ့ရှစ်ရှိုးက ရှစ်စွင်း ယန်စီရင်စုမြို့ကိစ္စမှာ ဝင်ပါပြီး ကူညီပေးတာကို ကျေးဇူးတင်ပါတယ်တဲ့။ ဒါပေမဲ့ နောင်ကျရင် သူ့ကိစ္စတွေ ဝင်မပါဖို့ တောင်းဆိုထားပါတယ် ”

“ခွေးသား” လုကျိုးက ကျိန်ဆဲလိုက်သည်။

မင်ရှစ်ရင်က မြန်မြန်ဝင်ပြောလိုက်သည်။ “ဟုတ်တယ် …. အဲဒီ ခွေး … ခွေးသားက ရှစ်စွင်းကို ဒီလိုမျိုး ပြောရဲတယ်လား။ ရှစ်စွင်းက လုပ်ချင်တာ လုပ်လို့ရတယ်။ သူက တပည့်ကို ဝင်စွက်ဖက်ချင်နေသေးတာလား။ သူ့ကို လျစ်လျူရှုထားလိုက်ပါ။ ကျွန်တော် သူ့ကို စာပြန်ပြီး အသိပေးလိုက်မယ်။ ရှစ်စွင်းကို လေးစားရမှာ ဘယ်လိုဆိုတာ သင်ပေးလိုက်မယ် ”

လုကျိုးက မင်ရှစ်ရင်အား ကြည့်ကာ “သူက ဒီလိုမျိုးနေချင်မှတော့ လွှတ်ထားလိုက် .. သူ့အပေါ် အလကားအချိန်ဖြုန်းမနေနဲ့”

“ရှစ်စွင်း စိတ်အေးအေးထားပါ ”

လုကျိုးက တွက်ချက်မှုတချို့ လုပ်ပြီးနောက် ယွီကျန့်ဟိုင်တွင် အချိန်တစ်လမျှသာ ကျန်တော့ကြောင်း သိလိုက်သည်။ သူ့အတွက် အံ့ဖွယ်မြို့တော်ကို အုပ်စိုးဖို့ လွယ်ကူမည် မဟုတ်ပေ။

လုကျိုးက ယွီကျန့်ဟိုင်နှင့် ဆက်မပတ်သက်တော့ပေ။ ထို့အစား သူက မေးလိုက်၏။

“ယဲ့ထျန်းရှင်းကရော ”

“သူမက အခုတည်ငြိမ်သွားပါပြီ။ လျိုရှစ်မေ့က သက်တမ်းအများကြီး လျော့သွားတယ်ဆိုတော့ ဒီကနေ ပြန်ကောင်းပါ့မလား စိုးမိတယ်။ ဒါပေမဲ့ သူမ အသက်ရှင်နေသေးတာကိုက ကောင်းနေပါပြီ။ သူမစိတ်က တည်ငြိမ်နေတယ် တူတယ်။ များများအနားယူလိုက်ရင် ပိုကောင်းလာမှာပါ။ သူမကို ဆင့်ခေါ်လိုက်ရမလား”

“မလိုဘူး ”

“ဒီလိုဆိုရင် တာ့ရှစ်ရှိုးကို ပြန်စာရေးလိုက်ပါ့မယ်။ သူ့ကို စာထဲကနေ ကောင်းကောင်း သတိပေးလိုက်ပါ့မယ်။ ကျွန်တော့်ဆီသာ အပ်ထားလိုက်ပါ” မင်ရှစ်ရင်က ပြောဆိုပြီးသည့်နောက်တွင် အရှေ့ဘက်မျှော်နန်းဆောင်မှ ထွက်လာလိုက်သည်။

………………

ယန်စီရင်စုမြို့၊ ညဘက်အခါ၌

ယွီကျန့်ဟိုင်က လက်နောက်ပစ်ကာ ရပ်နေပြီး ဟွားချုံးယန်အား ကျောပေးထားသည်။

ဟွားချုံးယန်က စာကိုကျယ်ကျယ်လောင်လောင် ဖတ်ပြလိုက်သည်။

“စတုတ္ထသခင်လေးက ဂိုဏ်းချုပ်ကို ကျိချန်းပေ့နဲ့ မဆန့်ကျင်သင့်ဘူးလို့ ပြောထားပါတယ်။ သူက အသက်ကြီးနေပြီလေ။ ပြီးတော့ အံ့ဖွယ်မြို့တော်ကို အုပ်စိုးဖို့က လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ဘူး။ ဆုံးဖြတ်ချက်မချင်ခင် သေချာစဉ်းစားသင့်တယ်”

စီးဝူယာ့က ပြုံးလိုက်ပြီး “စစ်ရှစ်ရှိုးက တကယ်ကို စိတ်ဝင်စားဖို့ကောင်းတယ်”

ယွီကျန့်ဟိုင်က ခေါင်းညိတ်လိုက်ကာ “ရှစ်စွင်းက ငါ့စာကြောင့် စိတ်ဆိုးနေတာ ဖြစ်ရမယ်။ ဒါပေမဲ့ အခု အဲဒါပဲ တတ်နိုင်တယ်။ အလိမ်အညာတွေနဲ့ မဟုတ်ဘူး … ”

“တာ့ရှစ်ရှိုး … ရှစ်စွင်းက ကူညီပေးတာ မကောင်းဘူးလား။ ဘာလို့လဲ …” စီးဝူယာ့က ယွီကျန့်ဟိုင်၏ ခေါင်းကြောမာမှုကို နားမလည်ပေ။ သူက သူ့တာ့ရှစ်ရှိုးသည် ကမ္ဘာကြီးကို အုပ်စိုးလိုကာ ထိုရည်မှန်းချက်အတွက် များစွာပြင်ဆင်ထားခဲ့ကြောင်း သိထားသည်။ ထိုမတိုင်ခင် တာ့ရှစ်ရှိုးက ရှစ်စွင်းကို အမြဲရှောင်နေလေ့ရှိသည်။ သူတို့ရှစ်စွင်းက အချိန်ခြောက်လပေးသည့်အပြင် ကျောင်းတော်နှစ်ခုကိုပါ ခြိမ်းခြောက်ပေးလိုက်သည်က သူတို့အတွက် သတင်းကောင်း မဟုတ်ပေဘူးလား။

တာ့ရှစ်ရှိုးက ဘာလို့ ဒီလိုဖြစ်နေရတာလဲ …

ယွီကျန့်ဟိုင်က သက်ပြင်းချကာ လက်ဝေ့ပြလိုက်သည်။

“ ဉာဏ်ကောင်းတဲ့ ရှစ်တိလေးပဲ နေပြီး ကျန်လူတွေ ထွက်သွားကြ ”

“နားလည်ပါပြီ”

သူတို့က ယွီကျန့်ဟိုင်သည် စကားဝိုင်းကို လျှို့ဝှက်ထားချင်ကြောင်း သိလိုက်ကြသည်။

ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားပြီး မှုန်မှိုင်းမှိုင်း လေထုသာ ရှိနေသည်။

စီးဝူယာ့က ဘာမှမပြောဘဲ ယွီကျန့်ဟိုင်၏ အပြောကို စောင့်နေသည်။

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ယွီကျန့်ဟိုင်က ပြောလာသည်။

“ငါ … ကြာကြာမနေရလောက်ဘူး ”

…

အခန်း (၅၇၅) ယွီကျန့်ဟိုင်၏သက်တမ်း အကန့်အသတ်

စီးဝူယာ့က မျက်မှောင်ကျုံ့သွားသည်။ သူ မှန်းဆထားပြီးသားဖြစ်သည်။ သူက ကုလားထိုင်ပေါ်၌ လှုပ်ရှားမှုမရှိ ထိုင်ချလိုက်ကာ သူ့ဘယ်ဖက်လက်တွင်ကိုင်ထားသည့် ဒေါင်းမြီးယပ်ပေါ်ရှိ သဏ္ဌာန်ကွက်များကို လက်မဖြင့် ပွတ်သပ်နေလေသည်။

ယွီကျန့်ဟိုင်က စီးဝူယာ့ကို ဖျတ်ခနဲကြည့်ကာ ပြောလိုက်တော့သည်။

“မင်း အဲ့ဒါကို ခန့်မှန်းပြီးသားလား”

“ဟုတ်တယ်” စီးဝူယာ့၏အဖြေက ပြတ်သားသည်။ သူသည် နေ့စဉ်မှတ်တမ်းကို သိမ်းဆည်းထားသည့်အချိန်မှ စပြီး ယနေ့ရောက်လာမည်ဆိုတာ သိနေသည်။ ထိုအကြောင်းအရင်းကြောင့် သူ ကွယ်ဝှက်ထားတာဖြစ်သည်။ ကျန်သည့်သူများက ယင်းကို ခန့်မှန်းနိုင်မလား သူ မသိသော်ငြား အမှန်တရားကို ငြင်းနေစရာအကြောင်းမရှိပေ။

ယွီကျန့်ဟိုင်သည် ငယ်ရွယ်စဉ်ကတည်းက လို့လန်ဆီရောင်းချခံခဲ့ရ၏။ သူသည် မရေမတွက်နိုင်သည့် ဆင်းရဲဒုက္ခများကို ဖြတ်ကျော်ခဲ့ရကာ ထိုအထက်တန်းလွှာများ၏လက်ထဲ၌ သေဆုံးခဲ့ရသည်။ သူ၏ပထမဆုံးသေဆုံးမှုသည် သူ့သက်တမ်းအနှစ်သုံးရာကို ယူသွားခဲ့၏။ ဒုတိယသေဆုံးမှုသည် သူတို့ရှစ်စွင်းနှင့်တိုက်ပွဲပြီးနောက်ဖြစ်သည်။ ၎င်းသည် သူ့သက်တမ်းမှ အနှစ်သုံးရာကို နုတ်သွား၏။ သူသည် မိစ္ဆာဝေဟင်မျှော်နန်းထဲ၌ နှစ်ပေါင်းသုံးရာ ကျင့်ကြံခဲ့သည်။ သူ၏ လက်ရှိအသက်အရွယ်အရသူသည် ပွင့်ချပ်ရှစ်လွှာထိပ်သီးအကျော်အမော် တစ်ယောက် ဖြစ်နေလျှင်တောင် လူတစ်ယောက်၏နှစ်တစ်ထောင်သက်တမ်း အကန့်အသတ်ကို ဖီဆန်နိုင်တာ ဘာမှမရှိပေ။ သူပြောခဲ့သည့်အတိုင်း သူ့၌ အချိန်သိပ်မကျန်တော့ပေ။

ယွီကျန့်ဟိုင်က ပခုံးအနည်းငယ်တွန့်လျက်ပြောလိုက်သည်။

“ဒါက ရေးကြီးခွင်ကျယ်မဟုတ်ဘူး။ ငါ့ဘဝအလှည့်အပြောင်းကို ကျေနပ်တယ်”

“တာ့ရှစ်ရှိုး ... ကျွန်တော်အမြဲတမ်းသိချင်နေတာ။ ရှစ်ရှိုးမှာ အချိန်သိပ်မကျန်တော့ပေမဲ့ ဘာကြောင့် အံ့ဖွယ်မြို့တော်ကို ဖြေရှင်းဖို့ ဒီလောက်စိတ်ပြင်းပြနေရတာလဲ”

စီးဝူယာ့က မော့ကြည့်ပြီးပြောလိုက်၏။ “အဲ့ဒီ သူရဲကောင်းဆန်ပြီး ဖျတ်လတ်တက်ကြွတဲ့ ဆင်ခြေတွေ ကျွန်တော့ကို မပေးနဲ့။ အရင်တုန်းကသာဆို ကျွန်တော် ဒီအကြောင်း ရှစ်ရှိုးကို မေးမှာ မဟုတ်ဘူး။ ဒါပေမဲ့ ဒီအခြေအနေမှာတောင် ကျွန်တော့ကို ကွယ်ဝှက်ထားဦးမှာလား” စီးဝူယာ့သည် ယွီကျန့်ဟိုင်၏လုပ်ရပ်ကို မဆင်ခြင်နိုင်တော့ပေ။ ယွီကျန့်ဟိုင်၌ သက်တမ်းမကျန်တော့သောကြောင့် အံ့ဖွယ်မြို့တော်ကို စိုးမိုးခြင်းက မည်သည့်အဓိပ္ပာယ်ရှိမည်နည်း။ သူသည် တစ်စုံတစ်ယောက်ထံ လွှဲအပ်မည်လော။

ယွီကျန့်ဟိုင်က ခုံတစ်လုံးယူပြီးနောက် တည်ကြည်သော အသံဖြင့်ပြောလိုက်၏။

“တကယ်ပဲ ငါ့မှာ တခြားအကြောင်းအရင်းရှိတယ်။ ဒါပေမဲ့ မင်းကို တစ်ခါမှမလိမ်ခဲ့မိဘူး ချီရှစ်တိ။ ဒီကိစ္စကို အချိန်ထပ်မဆွဲကြရအောင်။ ငါ လုပ်နေတာ ငါသိတယ်”

စီးဝူယာသည် ယွီကျန့်ဟိုင်က သူ့ကိုခေါ်ဝေါ်သည့်ပုံပြောင်းလဲသွားတာကို သတိပြုမိသည်။ ယင်းက ယွီကျန့်ဟိုင်၏ ခံစားချက်များရှုပ်ထွေးနေတာကို ညွှန်ပြသည်။ သူက ပေါ့ပေါ့ပါးပါး ရယ်မောပြီးနောက် သက်ပြင်းချလျက်ပြောလိုက်သည်။

"တာ့ရှစ်ရှိုး ... ကျွန်တော် ရှစ်ရှိုးကို ဘာကြောင့် ကူညီလဲဆိုတာသိလား”

“တပည့်တစ်ယောက်အနေနဲ့လား”

“ဒါ တစ်စိတ်တစ်ပိုင်းမှန်တယ်” စီးဝူယာ့က ဖြည်းဖြည်းချင်း ပြောလိုက်၏။

“ကျွန်တော် မိစ္ဆာဝေဟင်မျှော်နန်းကနေ ထွက်လာတဲ့အချိန် ကျွန်တော်ကက ငယ်ရွယ်ပြီး အနိုင်မခံအရှုံးမပေးမှုတွေ ပြည့်နေတာ။ ကျွန်တော် အားမနည်းဘူးဆိုတာ သက်သေပြဖို့ ကိစ္စကြီးတွေမှာ အောင်မြင်ချင်ခဲ့တာ။ ဒါကြောင့် အံ့ဖွယ်မြို့တော်ကိုဝင်ပြီး မင်းဆရာတစ်ယောက်ဖြစ်လာခဲ့တယ်၊ ပြီးတော့ အဲ့ဒီကိစ္စတွေက ကျွန်တော့်ကို စိတ်မကျေနပ်စေမှန်းသိသွားတယ်။ တော်ဝင်မိသားစုရဲ့ ယုံကြည်မှုအရင်းအမြစ်ဖြစ်တဲ့ အဆုံးသတ်ဆယ်ပါးအစီအရင်ကို စတင်လေ့လာခဲ့တယ်။ ကောင်းကင်နဲ့မြေကြီးရဲ့ ယိုယွင်းမှုတွေလည်း လေ့လာတယ်။ လူသားတွေက မထင်မရှားပဲလေ၊ လူတစ်ယောက်ရဲ့ ဗဟုသုတက စက်ဝိုင်းလိုပဲ။ စက်ဝိုင်းက ကြီးလေလေ ထိတွေ့ရတဲ့အရာ ပိုများလေပဲ။ လူတစ်ယောက်က ဗဟုသုတ ပိုကြွယ်ဝလေလေ အမည်မသိတဲ့ အကြောက်တရားတွေက ပိုကြီးမားလာလေပဲ။ ဒီလောကကြီးထဲမှာ ကျွန်တော်မဖြေရှင်းနိုင်တဲ့ ကိစ္စမရှိဘူးလို့ တွေးခဲ့ဖူးတယ်။ တာ့ယန်ရဲ့စီရင်စုကိုးခုအကြောင်းကို သိတယ်။ သူတို့မြို့တွေ အလုပ်လုပ်ပုံကိုသိတယ်။ နေထွက်ပုံနေဝင်ပုံတွေကိုလည်း သိပြီး အပူနဲ့အအေး အကူးအပြောင်းတွေကိုလည်းသိတယ်။ ဒါပေမဲ့ မိုးနဲ့မြေရဲ့အဟန့်အတား ဘာလဲတော့ ကျွန်တော်မသိဘူး”

ယွီကျန့်ဟိုင်သည် စီးဝူယာ့၏ခံစားချက်များပေါက်ကွဲလာမှုကြောင့် အနည်းငယ်အံ့ဩသင့်သွား၏။

“မင်း တစ်စုံတစ်ခုကို ဆာလောင်တာ ကောင်းတာပဲ”

“တာ့ရှစ်ရှိုး ကျွန်တော်တို့နှစ်ယောက်လုံးမှာ ကြိုးစားပမ်းစားလုပ်ရတဲ့အရာတွေ ရှိကြတယ်။ အံ့ဖွယ်မြို့တော်က ရှစ်ရှိုးလိုချင်တာ အကုန်ပဲလား” စီးဝူယာ့သည် ယခင်အကြောင်းအရာကို ပြန်ပြောလိုက်၏။

ယွီကျန့်ဟိုင်က မျက်မှောင်ကျုံ့သွား၏။

“မင်း မကြာခင်မှာရှာတွေ့မှာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အံ့ဖွယ်မြို့တော်ကို သိမ်းပိုက်တာကို ငါ့ကို ဘယ်သူမှ မတားမြစ်နိုင်ဘူး။ ငါ သေသွားတဲ့အချိန် မိစ္ဆာဝေဟင်မျှော်နန်းကို ပြန်သွားပြီး ငါ့ကိုယ်စား ရှစ်စွင်းရဲ့အပြစ်ပေးမှုကို ခံယူပေး” ယွီကျန့်ဟိုင်က ပြောလိုက်၏။

“…”

စီးဝူယာ့သည် ယွီကျန့်ဟိုင်၏ဆုံးဖြတ်ချက် ပြတ်သားမှုကို မြင်သောအခါ သူသည် ယွီကျန့်ဟိုင်ကို ဆက်မတွန်းတော့ပေ။

ထိုစဉ် ဟွားချုံးယန်က ခန်းမအပြင်ဖက်ကနေပေါ်လာ၏။

“ဂိုဏ်းချုပ် ... လျန့်စီရင်စုကနေ အရေးကြီးသတင်း ရောက်လာပါတယ်”

“ဝင်လာခဲ့”

ဟွားချုံးယန်က ခန်းမထဲကမန်းကတန်းဝင်လာသည်။

ယွီကျန့်ဟိုင်နှင့် စီးဝူယာ့ကို မနှုတ်ဆက်ရသေးခင် စီးဝူယာ့က သူ့အမူအရာကို သတိပြုမိ၏။

“သူက မေးလိုက်သည်။ “ဘာဖြစ်တာလဲ”

“လျန့်စီရင်စုက ပြဿနာတက်နေပြီ” ဟွားချုံးယန်က အသက်ပြင်းပြင်းရှူပြီးနောက် ပြောလိုက်၏။

"ဝေ့ကျိုးယန်က လို့လီက တခြားမျိုးနွယ်တွေနဲ့ ပူပေါင်းပြီး လျန့်စီရင်စုကို ရုတ်တရက် တိုက်ခိုက်လာတယ်။ ယန်ယန်း၊ တိချင်းနဲ့ ယွီချင်း တို့က တတ်စွမ်းသလောက်မြို့ကို ကာကွယ်နေတယ်။ လက်ရှိ သူတို့ ဒဏ်ရာပြင်းပြင်းထန်ထန်ရထားတာ”

ဆွေးနွေးရာ ခန်းမဆောင်က တိတ်သွား၏။

မည်သို့ပင်ဆိုစေကာမူ စီးဝူယာ့နှင့် ဟွားချုံးယန်တို့သည် ယွီကျန့်ဟိုင်၏ဒေါသကို ခံစားမိကြသည်။

ယွီကျန့်ဟိုင်၏အမူအရာက အနည်းငယ်ပြောင်းလဲသွား၏။ သူသည် ဒေါသထွက်နေသော်ငြား စိတ်မလွတ်သွားပေ။

“သူတို့ ဒဏ်ရာဘယ်လောက်ပြင်းလဲ”

“ပိုင်ယွီချင်းက အခြေအနေအကောင်းဆုံးပါ။ သူ့ရဲ့ကျင့်ကြံဆင့်က သူတို့ထဲမှာ အနက်နဲဆုံးပဲ။ သူက ခြောက်လလောက်ပြန်ကုစားဖို့လိုပါတယ်” ဟွားချုံးယန်က ခေါင်းခါလိုက်၏။ “နောင်ကျ သူတို့ခြေထောက်ပေါ်သူတို့ရပ်တည်ဖို့ ခက်ခဲမှာစိုးရတယ်။ သူတို့ကျင့်ကြံဆင့် ပြန်ကောင်းမလား မသိရဘူး”

ယွီကျန့်ဟိုင်သည် အဆစ်များမြည်လာသည်အထိ လက်သီးကျစ်ကျစ်ဆုပ်လိုက်၏။

“သူတို့ကိုပြန်ခေါ်လာလိုက်”

“ကျွန်တော်တို့လူတွေ လမ်းရောက်နေပါပြီ။ သူတို့က လျန့်စီရင်စုကို အစွမ်းကုန် ကာကွယ်ကြတယ်ဆိုပေမဲ့ ပိုအင်အားကောင်းတဲ့တိုက်ခိုက်မှုရောက်လာမှာ သေချာတယ်။ ကျွန်တော်တို့ ဘာလုပ်မလဲ” ဟွားချုံးယန်က စိုးရိမ်ပူပန်ပုံပေါ်နေ၏။ “မြို့ကို ကာကွယ်ဖို့ လျန့်စီရင်စုကို သွားစောင့်ကြပ်ပါရစေ”

ယွီကျန့်ဟိုင်သည် ၎င်းကို ချက်ချင်းသဘောမတူခဲ့ပေ။ သူ၏မဟာကာကွယ်စောင့်ရှောက်သူ သုံးဦးတောင် ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားသည်။ ထိုနေရာသို့ ဟွားချုံးယန် တစ်ကိုယ်တည်းပို့လိုက်ခြင်းက သေတွင်းထဲပို့လိုက်ခြင်းနှင့်တူ၏။

သို့သော် လျန့်စီရင်စုကို မကာကွယ်လျှင် တခြားမျိုးနွယ်များက အခွင့်အရေးကိုယူပြီး ကျူးကျော်လာ လိမ့်မည်။ ထိုအချိန်ရောက်လာပါက သူသည် သမိုင်းကြောင်းထဲတွင် ရှုံ့ချခံရပေလိမ့်မည်။

“ရှစ်တိ မင်းမှာ အံ့ဩဖို့ကောင်းတဲ့အကြံဉာဏ်ရှိလား” ယွီကျန့်ဟိုင်က စီးဝူယာ့ကိုကြည့်လိုက်သည်။

စီးဝူယာ့က ချက်ချင်းမဖြေခဲ့ပေ။ ထိုအစားဟွားချုံးယန်ကိုကြည့်ကာ မေးလိုက်၏။ “ကျီစီရင်စုက အခြေအနေတွေကကော”

“သိမ်းပိုက်ပြီးပါပြီ။ အံ့ဖွယ်မြို့တော်ပဲ ကျန်တာ”

အံ့ဖွယ်မြို့တော်၏တိုက်ပွဲက လက်တစ်ကမ်းရောက်နေပြီးဖြစ်သည်။ ငရဲဂိုဏ်း၏တပ်ဖွဲ့များသည် အံ့ဖွယ်မြို့တော်ထဲ မုန်တိုင်းထန်စေရန် ပြင်ဆင်နေ၏။

ယခုအချိန်တွင် တခြားမျိုးနွယ်၏ကျူးကျော်မှုက တိုက်ဆိုင်တာမဟုတ်ပေ။ ၎င်းက ငရဲဂိုဏ်းအတွက် စစ်ဆေးမှုအနေဖြင့် သတ်မှတ်၍ရသည်။

“ဖန်းလိုင်ဂိုဏ်း၊ မိစ္ဆာဘုရားကျောင်း၊ ဖူးပွင့်ရာအင်အားစုနဲ့ အဆိပ်တစ်သောင်းဂိုဏ်းကို ဆက်သွယ်လိုက်။ သူတို့ဆီကစစ်ကူတောင်း။ ကျင်းစီရင်စု၊ ယွီစီရင်စုနဲ့ ယန်စီရင်စုက ကျုပ်တို့တပ်ဖွဲ့တစ်ဝက်ကို လျန့်စီရင်စုနဲ့ ယီစီရင်စုကိုကာကွယ်ဖို့စေလွှတ်လိုက်” စီးဝူယာ့သည် ဆုံးဖြတ်ချက်ပြတ်သားစွာအမိန့်ပေးလိုက်၏။ သူက ယွီကျန့်ဟိုင်ကို လှည့်ကြည့်လိုက်သည်။

“မဟူရာကွန်ယက်က ညီနောင်တချို့ကိုလည်းခေါ်လိုက်မယ်”

ဟွားချုံးယန်က တအံ့တဩ ပြောလိုက်သည်။ "ငရဲဂိုဏ်းသားတွေကို စေလွှတ်ဖို့က ပြဿနာမရှိဘူး။ ဖန်းလိုင်ဂိုဏ်းက အစ်ကိုဟွမ်းကလည်း ကူညီပေးပါမယ်။ ဒါပေမဲ့ မိစ္ဆာဘုရားကျောင်း၊ ဖူးပွင့်ရာအင်အားစုနဲ့ အဆိပ်တစ်သောင်းဂိုဏ်းက ကျွန်တော်တို့ကို ကူညီပါ့မလား”

“စိတ်မပူပါနဲ့။ အဲ့ဒီအင်အားစုတွေက တော်ဝင်မိသားစုနဲ့ ငရဲဂိုဏ်းကြားမှာ ထိနေပြီ၊ သူတို့တွေက နှစ်ဖက်ကြားမှာ အမြဲတမ်းမပြတ်မသားဖြစ်နေတာ။ အခု တာ့ရှစ်ရှိုးက သူတို့ကို လက်တစ်ဖက်ကမ်းနေပြီလေ။ အခု ဒီအခွင့်အရေးကို သေချာပေါက်လွဲချော်ခံမှာမဟုတ်ဘူး”

ကိစ္စကြီးဆောင်ရွက်ရန် ကံပါသူများသည် ကျန်သည့်သူများခံနိုင်ရည်မရှိသည့် အရာများကို ရပ်စွမ်းနိုင်စွမ်းရှိတာသေချာ၏။

“သူတို့တွေက နောက်ဆုံးအချိန်ကျမှ ဆုံးဖြတ်ချက်ပြောင်းသွားရင်ကော”

“တခြားမျိုးနွယ်ကိုဆန့်ကျင်တာ။ မိစ္ဆာလမ်းစဉ်တောင် မှန်ကန်ဖြောင့်မတ်လိမ့်မယ်ဆိုတာ သေချာတယ်”

“ဟုတ်ပြီလေ ... ဒါဆိုလုပ်လိုက်ကြတာပေါ့” ယွီကျန့်ဟိုင်က ချက်ချင်းလက်ခံလိုက်၏။

သုံးရက်ကြာသွားပြီးနောက် လျန့်စီရင်စုမှ ရထားလုံးပျံတစ်စင်းသည် ယန်စီရင်စုမြို့သို့သွား၏။ ထမ်းစဉ်သုံးခုကို ခြံဝန်းထဲသို့သယ်လာသည်။ ယွီကျန့်ဟိုင်၊ ဟွားချုံးယန်နှင့် စီးဝူယာ့တို့က သူတို့ကို လူကိုယ်တိုင် ဆီးကြို၏။ သုံးယောက်လုံးက ဖြူဖျော့နေလေ၏။ မျက်နှာ၌ သွေးရောင်ရှိပုံမပေါ်။ ပိုင်ယွီချင်းက သတိရှိနေသေးသည်။ ယန်ယန်းနှင့်တိချင်းက အေးစက်နေလေသည်။

ယွီကျန့်ဟိုင်က မျက်မှောင်ကျုံ့သွား၏။ ဂိုဏ်းချုပ်တစ်ယောက်အနေဖြင့် သူနှင့်အတူ နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့သော ရောင်းရင်းကောင်းများကို ဤကဲ့သို့မြင်တွေ့ရသောအခါ သူသည် မချင့်မရဲကူကယ်ရာမဲ့ဖြစ်နိုင်။

“ဂိုဏ်း ... ဂိုဏ်းချုပ် ကျွန် ... ကျွန်တော်တို့ အသုံးမကျပါဘူး” ပိုင်ယွီချင်းက ထရပ်ရန် ရုန်းကန်သော်ငြား သူ မထနိုင်ပေ။ သူက ဒဏ်ရာပြင်းထန်လွန်းသည်။ သူက ပခုံးတစ်ချက်သာ မြှောက်နိုင်ပြီး ပြန်လဲကျသွား၏။

ယွီကျန့်ဟိုင်က ရှေ့တိုးကာ ပိုင်ယွီချင်း၏ပခုံးကို အသာလေးဖိလိုက်သည်။ သူ ခံစားခဲ့ရသည့် ကူကယ်ရာမဲ့မှုများပျောက်ကွယ်သွားလေသည်။ သူသည် ကျောက်ဆောင်တစ်ဆောင်ပမာ အားကိုးရာ ဖြစ်ရမည်။ သူကလက်ဝေ့ယမ်းလိုက်ပြောလိုက်၏။ “မင်းတို့ လုပ်ခဲ့တာကောင်းတယ်။ မင်းတို့အားလုံးတော်တယ်”

ဤနေရာက စစ်ပွဲဖြစ်သည်။ သွေးမစွန်းသည့်တိုက်ပွဲမရှိ။ ထိခိုက်ဒဏ်ရာမရသည့်တိုက်ပွဲ ဘယ်တော့မှ မရှိပေ။

“ဂိုဏ်းချုပ် ... လို့လန်ရဲ့စစ်သူကြီးကာလိုက ပြန်ကျင့်ကြံနေပြီ။ ပွင့်ချပ်ခုနစ်လွှာအဆင့်ကို စုန်းအတတ်တိုက်ခိုက်မှုပါ ပေါင်းလိုက်ရင် ကျွန်တော်တို့ သူနဲ့မယှဉ်နိုင်ဘူး။ ဂိုဏ်းချုပ် အဲဒီလူကို သတိထားပါ” ပိုင်ယွီချင်းက ပြောလိုက်လေ၏။

…

အခန်း (၅၇၆) ငါ့ဆီ အပ်ထားလိုက်

ပွင့်ချပ်ခုနှစ်လွှာအဆင့်ကို ပြန်လည် ကျင့်ကြံပြီးသွားပြီတဲ့လား…

ယွီကျန့်ဟိုင်၊ စီးဝူယာ့နှင့် ဟွားချုံးယန်တို့က အံ့အားသင့်သွားကြသည်။

ပိုင်ယွီချင်းက နာကျင်မှုကို တောင့်ခံရင်း ပြောပြလိုက်သည်။

“ဒီခြောက်လအတွင်းမှာ ကာကွယ်တာကလွဲရင်… လျန့်စီရင်စုကို ကာကွယ်တာကလွဲရင် ကျွန်တော်တို့ လူတွေကို တခြားမျိုးနွယ်စုတွေနဲ့ ဆက်သွယ်ဖို့ လွှတ်ခဲ့တယ်။ ရို့လီပြည်သားတွေက ဝံပုလွေဘုရင်ကို ကိုးကွယ်ကြတယ်။ ရွှေကြာဖြတ်ပြီးတဲ့နောက်မှာ သူတို့ရဲ့ အသက်ရှင်နှုန်းနဲ့ ကျင့်ကြံနှုန်းက … အ .. အတော်လေးကို မြန်ဆန်လာတယ်။ သူတို့က သိသိသာသာ တိုးတက်လာကြတယ်”

ယွီကျန့်ဟိုင်က ပိုင်ယွီချင်းအပေါ် လက်တင်လိုက်သည်။ ထိုစဉ် ပိုင်ယွီချင်း၏ ခန္ဓာကိုယ်အတွင်း ကနဦးချီစွမ်းအားတို့ ဝင်ရောက်သွားကာ သူ့အသက်ရှုနှုန်းအား ထိန်းညှိပေးထားသည်။

“သူတို့ကို အနားယူပါစေ။ အကောင်းဆုံးသမားတော်နဲ့ ပြပေးလိုက်”

“ဟုတ်ကဲ့ နားလည်ပါပြီ”

သူ့ လက်အောက်ခံ သုံးယောက်လုံးကို ပြန်လည်ပို့ဆောင်ပြီးသည့်နောက်တွင် ယွီကျန့်ဟိုင်က မျက်မှောင်ကြုတ်လိုက်သည်။ ပိုင်ယွီချင်းက စာကြောင်းများကို ပြောဆိုဖို့ အခက်တွေ့နေသော်လည်း သူကမူ ဆိုလိုရင်းကို နားလည်လိုက်သည်။

စီးဝူယာ့က ပြောလိုက်သည်။

“ဒါက ထင်မထားမိဘူး။ ဒီလိုသာ ဖြစ်နေမယ် ဆိုရင် တခြားမျိုးနွယ်စုတွေက တာ့ယန်ဘက် ကျူးကျော်လာနိုင်ခြေ ရှိတယ်”

“ ရို့လီပြည်သားတွေက တာ့ယန်ကို အစာချောင်းနေတဲ့ သားကောင်လိုမျိုးပဲ အမြဲတမ်း မျက်စိကျနေခဲ့ကြတာ။ ဧကရာဇ်ရုံရှို့က ပလ္လင်ကို တက်လှမ်းပြီးကတည်းက ရို့လီပြည်သားတွေက ကျုပ်တို့နယ်စပ်ကို အကြိမ်များစွာ ကျူးကျော်လာခဲ့တယ်။ လို့လန်က တာ့ယန်နဲ့ လက်ထပ်ပွဲကနေတစ်ဆင့် မဟာမိတ်ပြုထားပေမဲ့ သူတို့ကလည်း ဝံပုလွေ ရည်ရွယ်ချက်မျိုးရှိတယ်။ ရုန်ပေ၊ ရုန်ရှီနဲ့ တခြားတိုင်းပြည်ဆယ်ခုကလည်း အဲဒီအတိုင်းပဲ” ဟွာချုံးယန်က ပြောလိုက်သည်။

စီးဝူယာ့က ခေါင်းညိတ်ကာ

“တိုင်းပြည် ၁၂ခုရဲ့ မဟာမိတ်ကို စိုးရိမ်နေဖို့ စောလွန်းပါသေးတယ်။ ဒါပေမဲ့ အဲဒါက ရှောင်လွဲလို့တော့ မရဘူး။ မကြာခင် ဖြစ်လာနိုင်တယ်။ သူတို့တွေက အကျိုးအမြတ်အတွက် သဘောတူညီမှု ရရှိပြီးတာနဲ့ တာ့ယန်အတွက် အန္တရာယ်များလာလိမ့်မယ်”

ယွီကျန့်ဟိုင်ကမူ ကျိန်ဆဲလိုက်သည်။

“တကယ်လို့ တော်ဝင်မိသားစုသာ အဲဒီလောက်အသုံးမကျ မဖြစ်ဘူးဆိုရင် အဲဒီဝံပုလွေတွေက ဘယ်တော့မှ အခွင့်အရေး ရလာမှာ မဟုတ်ဘူး”

ဟွာချုံးယန်နှင့် စီးဝူယာ့တိုက ယွီကျန့်ဟိုင်သည် လို့လန်ကို စက်ဆုပ်ကြောင်း သိထားသည်။ သူက ထိုတိုင်းပြည်ကို ရှင်းလင်းဖို့ အခွင့်အရေးကို ရယူလိမ့်မည်။

“ဒီလိုဆိုရင် ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူဖြစ်တဲ့ ကျွန်းသခင်ဟွမ်းတစ်ယောက်တည်းနဲ့ လုံလောက်မှာ မဟုတ်ဘူး”

တခြားသူများကလည်း ခေါင်းညိတ်လိုက်ကြသည်။

ငရဲဂိုဏ်း၏ အင်အားက တာ့ယန်အတွင်း အကောင်းဆုံးထဲမှ တစ်ခု ဖြစ်၏။ သို့သော်လည်း အဖွဲ့ဝင်အများစုက ယခုအခါ အံ့ဖွယ်မြို့တော် ဝန်းကျင်မှ စီရင်စုများအပေါ် အာရုံစိုက်ထားကြပြီး ဝိုင်းဝန်းတိုက်ခိုက်ဖို့ ပြင်ဆင်ထားကြသည်။ အကယ်၍ သူတို့၏အင်အားစုကိုသာ လျန့်စီရင်စုသို့ ပို့ဆောင်ပေးလိုက်လျှင် သူတို့အနေနှင့် အံ့ဖွယ်မြို့တော်ကို သိမ်းပိုက်ဖို့ ခက်ခဲမှု တိုးမြင့်သွားလိမ့်မည်။ တခြားမျိုးနွယ်၏ အနှောင့်အယှက် မပါရှိလျှင်ပင် ငရဲဂိုဏ်းအနေဖြင့် အံ့ဖွယ်မြို့တော်ကို သိမ်းပိုက်ဖို့ အခက်တွေ့ဦးမည် ဖြစ်၏။ အင်အားတစ်ဝက်နှင့်မူ ဆိုဖွယ်မရှိတော့ပေ။

“ဉာဏ်ကောင်းတဲ့ ရှစ်တိလေး တစ်ခုခု စဉ်စားပါဦး။ ငါတို့တွေ တခြားမျိုးနွယ်တွေကို အခွင့်အရေး ပေးလိုက်လို့ မဖြစ်ဘူး”

ယွီကျန့်ဟိုင်က ပြောလိုက်သည်။

“တခြားမျိုးနွယ်ထဲမှာ ထည့်ထားတဲ့ သူလျှိုတွေ ရှိတယ် မဟုတ်လား။ သူတို့ကြားမှာ ပဋိပက္ခ ဖြစ်စေပြီးတော့ ငါတို့ အရေးသာအောင် လုပ်လို့ မရဘူးလား။ မင်းက အဲလိုမျိုးမှာ တော်တယ်လေ”

“…”

ဒီဟာက အမှန်ဖြစ်ပေမဲ့ ချီးကျူးနေတယ်လို့ မခံစားရဘူး။

…

တကယ်တော့ စီးဝူယာ့က ပြန်ပြောလိုက်သည်။

“တာ့ရှစ်ရှိုး.. ဒီဟာကို စုံစမ်းဖို့ အချိန်လိုလိမ့်မယ်။ ပြီးတော့ သူတို့ကို ရန်ပွဲဖြစ်အောင် လှုံ့ဆော်ဖို့လည်း အချိန်ပိုလိုအပ်လိမ့်မယ်။ ဒါပေမဲ့ အံ့ဖွယ်မြို့တော်ရဲ့ တိုက်ပွဲက နီးကပ်နေပြီ။ အဲလိုဆိုတော့ ဒီလိုမဟုတ်မချင်း မဖြစ်နိုင်ဘူး …”

သူက အသံတိုးတိုးဖြင့် ဆက်ပြောလိုက်သည်။

“ရှစ်စွင်းသာ လျန့်စီရင်စုကို ကာကွယ်ဖို့ ကူညီမပေးဘူး ဆိုရင်ပေါ့”

စီးဝူယာ့က ထိုစကားများ ပြောစဉ် ယွီကျန့်ဟိုင်၏ ပြန်လည်ချေပမှုကို ပြင်ဆင်ထားလေသည်။ ယွီကျန့်ဟိုင်၏ သဘောထားကို သိရှိထားသည့်အတွက် သူသည် သူ့ရှစ်စွင်းဖြစ်သူကို တောင်ပေါ်မှ ဆင်းစေမည့်အစား သူ့အင်အားစုအားလုံးသာ လှုပ်ရှားခိုင်းလိုက်လိမ့်မည်။

ဟွာချုံးယန်က မသိမသာ နောက်တစ်လှမ်း ဆုတ်လိုက်သည်။ သူက ထိုကိစ္စမှ ဝေးဝေးနေသည်က အကောင်းဆုံး ဖြစ်ကြောင်း သိထားသည်။ သို့သော်လည်း စီးဝူယာ့နှင့် ဟွာချုံးယန်တို့၏ မျှော်လင့်ချက်နှင့် ကွဲပြားစွာ ယွီကျန့်ဟိုင်က ထုတ်မေးလာသည်။

“ရှစ်စွင်းက သဘောတူပါ့မလား”

စီးဝူယာ့ “…”

နေရခက်လိုက်တာ။ ငါ မစဉ်းစားဘဲ ပြောမိသွားသလိုပဲ။ ပြီးတော့.. တာ့ရှစ်ရှိုးရဲ့စာက ရှစ်စွင်းကို ဒေါသထွက်အောင် လုပ်ထားတာလေ။ ရှစ်စွင်းကို တောင်ပေါ်က အခုဆင်းလာခိုင်းတယ် ဆိုတော့ အရိုက်ခံရဖို့ တောင်းဆိုနေတာလား။ ရှစ်စွင်းက ဒီလာ မရိုက်ရင်တောင် ကျေးဇူးတင်ရဦးမယ်။

“ဉာဏ်ကောင်းတဲ့ ရှစ်တိလေး ဘာလို့ ဘာမှမပြောရတာလဲ”

“…”

ဟွာချုံးယန်က ထပ်မံ နောက်ဆုတ်လိုက်သည်။ အကယ်၍ သူ့ဂိုဏ်းချုပ်က ကျိချန်းပေ့ဆီ စာသွားရောက် ပို့ဆောင်ခိုင်းလျှင် သွားပို့ရမည့်သူမှာ သူ ဖြစ်လိမ့်မည်ဟု အလိုလို သိစိတ်ရနေသည်။

ထိုစဉ် ခန်းမ၏အပြင်ဘက်မှ ညင်သာသည့်အသံတစ်ခု ထွက်လာသည်။ ထိုအသံက ပေါ့ပါး ကြည်လင်လှ၏။

“ငါ့ဆီ အပ်ထားလိုက်”

ကနဦးချီ စွမ်းအားထွက်ပေါ်လာမှုက နူးညံ့ချောမွေ့နေသည်။ ထိုအရာအားလုံး ထိုအရိပ်အယောင်အားလုံးက ထိုလူသည် ပညာရှင်တစ်ယောက်ဖြစ်ကြောင်း ပြသနေ၏။

“ဘယ်သူလဲ”

သုံးယောက်လုံးက အသံလားရာကို လှည့်ကြည့်လိုက်ကြသည်။ သူတို့က ကောင်းကင်မှ ဆင်းသက်လာသည့် ပုံရိပ်တစ်ခုကို မြင်လိုက်ရပြီး အပြင်လျှောက်လမ်းမှ ခန်းမအတွင်း လက်ပိုက်လျက် ဝင်လာသည်ကို မြင်လိုက်ရသည်။

နေရောင်က သူ့နောက်မှ ဖြာကျနေပြီး သူ့ ဘယ်ဘက်ပခုံးအထက်တွင် ဓားရိုးပေါ်ထွက်နေကာ ဓားအဖျားကမူ သူ့ညာဘက်အောက်ပိုင်းနားတွင် ရှိနေသည်။

ထိုလူ၏ ပုံရိပ်ကို သေသေချာချာ မမြင်ရသော်လည်း စီးဝူယာ့ကမူ ချက်ချင်းဆိုသလို သတိပြုမိသွားသည်။ သူက ပြုံးရင်း လက်နှစ်ဖက်ယှက်ကာ ပြောလိုက်၏။

“အာ့ရှစ်ရှိုးကို ဂါရဝပြုပါတယ်”

ထိုအရာကို ကြားပြီး ဟွာချုံးယန်က ဦးညွှတ်လိုက်သည်။

“ဒုတိယသခင်လေးကို ဂါရဝပြုပါတယ်”

ယွီကျန့်ဟိုင်က အနည်းငယ် စိတ်ရှုပ်ထွေးသွားကာ

“အာ့ရှစ်တိလား..”

ယွီရှန်းရုန်က ယွီကျန့်ဟိုင်အား တည်ငြိမ်စွာ နှုတ်ဆက်လိုက်သည်။

“တာ့ရှစ်ရှိုး ဘယ်လို နေသေးလဲ”

နှစ်ယောက်သား တွေ့ဆုံထားသည်မှာ လွန်ခဲ့သည့် ရက်ပိုင်းခန့်က ဖြစ်၍ ဘာမှပြောနေစရာ မရှိပေ။

ယွီကျန့်ဟိုင်က ပြောလိုက်၏။

“အာ့ရှစ်တိ … ငါက အခု အလုပ်ရှုပ်နေတယ်။ မင်းနဲ့ကစားဖို့ အချိန်မရှိဘူး”

“ကျွန်တော်က တာ့ရှစ်ရှိုးနဲ့ လက်ရည်စမ်းဖို့ ရောက်လာတာ မဟုတ်ဘူး”

ယွီရှန်းရုန်က ခေါင်းခါကာ ထိုင်လိုက်သည်။

“ဟမ်..”

“လျန့်စီရင်စုရဲ့နေရာက အရေးကြီးတယ်။ ဟွမ်းရှစ်ကျဲနဲ့ တတိယတန်းစား ဂိုဏ်းတချို့လောက်နဲ့ ဒီလိုအရေးပါတဲ့ နေရာမျိုးကို ထိန်းသိမ်းထားနိုင်မယ် မထင်ဘူး။ တာ့ရှစ်ရှိုး ရှိနေရင်တောင် အနိုင်ရဖို့က လွယ်ကူမှာ မဟုတ်ဘူး။ ကျွန်တော် တစ်ယောက်တည်းကပဲ ဖြေရှင်းနိုင်တာ။ လျန့်စီရင်စုကို ကာကွယ်နိုင်တာက ကျွန်တော် တစ်ယောက်တည်းပဲ။ ဝံပုလွေဘုရင်ကို ပိုင်းဖြတ်နိုင်တဲ့သူကလည်း ကျွန်တော်တစ်ယောက်တည်းပဲ”

သူ၏မျက်နှာအထက် ယုံကြည်မှု ပြည့်ဝသည့် အမူအရာတစ်ခု ပေါ်ထွက်နေသည်။ သူက ယွီကျန့်ဟိုင်၏ မျက်နှာထက်မှ သဘာဝမကျသည့် အမူအရာတချို့ကို မြင်သည့်အခါ ပြုံးလိုက်၏။

“ဪ.. ကျွန်တော်က အမြဲတမ်း ပွင့်ပွင့်လင်းလင်း ပြောတတ်တော့ မသက်မသာ ဖြစ်မိသွားရင်လည်း တောင်းပန်ပါတယ်”

ယွီကျန့်ဟိုင်၊ စီးဝူယာ့နှင့် ဟွာချုံးယန်တို့က ဆွံ့အသွားကြသည်။

ယွီရှန်းရုန်က ထိုသုံးယောက်သား တိတ်ဆိတ်နေသည်ကို မြင်ကာ ပြုံးလိုက်သည်။

“ဘယ်လို သဘောရလဲ”

ယွီကျန့်ဟိုင်က ပြောတော့မည့်ဆဲဆဲတွင် စီးဝူယာ့က ထုတ်ပြောလာသည်။

“အာ့ရှစ်ရှိုး လျန့်စီရင်စုကို ကာကွယ်ဖို့က မလွယ်ဘူး။ လုပ်နိုင်မယ်လို့ ယုံကြည်ချက် ရှိရဲ့လား”

“ခက်ခဲတယ်ဆိုတာတော့ အမှန်ပဲ။ အဲဒါကြောင့် စိတ်ဝင်စားဖို့ ကောင်းနေတာ”

“အဲဒါက ပြောချင်တဲ့ အကြောင်း မဟုတ်ဘူးလေ။ အဓိကအချက်က ဒီလိုမျိုး ဘာလို့ လုပ်ချင်ရတာလဲ”

တခြားနည်းဖြင့် ဆိုရလျှင် ပွင့်ချပ်ခြောက်လွှာ ကျင့်ကြံသူဖြစ်သည့် ယွီရှန်းရုန်က လျန့်စီရင်စုအား မည်သို့ ကာကွယ်နိုင်မည်နည်း။

ယွီကျန့်ဟိုင်က ထိုအတွေးကို တွေးမိလေသည်။ သူက အမြဲတမ်းလိုလို ယွီရှန်းရုန်နှင့် ဆန့်ကျင်ဘက် ဖြစ်ခဲ့၏။ ထို့အပြင် ယွီရှန်းရုန်က ပွင့်ချပ်ခြောက်လွှာ အဆင့်မျှသာ ရှိသေးသည်။

“ငါက ယုံကြည်ချက် ရှိတယ်”

ယွီရှန်းရုန်က ခပ်တည်တည်ဖြင့် ပြောလိုက်သည်။

“အာ.. ယုံကြည်ချက်ရဲ့ အရင်းအမြစ်ကရော ဘာလဲ”

စီးဝူယာ့က မေးလိုက်သည်။

“ငါ့ လက်ထဲက ဓား”

ဒေါင်..

ဓားက ဓားအိမ်က ထွက်ပေါ်လာပြီးနောက် ယွီရှန်းရုန်အရှေ့ လွင့်မျောကာ အနီဖျဖျ အလင်း ထုတ်လွှတ်နေသည်။

စီးဝူယာ့ “…”

သူက ယွီရှန်းရုန်နှင့် စကားပြောရသည်မှာ ပင်ပန်းလာလေသည်။ ယွီရှန်းရုန်က ဆိုလိုရင်းကို သဘောပေါက်ဟန် မပေါ်ပေ။

ယွီကျန့်ဟိုင်ကမူ မျက်ခုံးတစ်ဖက်ပင့်ကာ မေးလိုက်၏။

“အာ့ရှစ်တိက ငါ့ကို ကူညီချင်တာလား”

“ဘယ်ဟုတ်ပါ့မလဲ ကျွန်တော့်ဆီမှာ အကြောင်းအရင်းနှစ်ခု ရှိတယ်။ ပထမတစ်ခုက လတ်တလော ပျင်းနေတာဆိုတော့ အချိန်ကုန်ဆုံးဖို့ တစ်ခုခု လုပ်ဖို့ လိုတယ်။ ဒုတိယအနေနဲ့ ငရဲဂိုဏ်းက ဟိုဘက်ဒီဘက် ရန်သူတွေ ဝိုင်းနေတာ။ အံ့ဖွယ်မြို့တော်ရဲ့ တိုက်ပွဲက သေမလားရှင်မလားပဲ။ တကယ်လို့ တာ့ရှစ်ရှိုးသာ တစ်ခုခု ဖြစ်သွားမယ်ဆိုရင် ကျွန်တော့်ဆီမှာ ပြိုင်ဘက် မရှိဘဲ နေမှာပေါ့။ အဲလိုဘဝမျိုးက အရမ်းကို ပျင်းဖို့ကောင်းတယ်”

ယွီကျန့်ဟိုင်၏ အမူအရာက သူ့အတွေးအတိုင်း ဖြစ်၏။

“မင်းဆီမှာ တစ်ခုခု ဖြစ်သွားရင် ငါလည်း ပျင်းရမှာပဲ။ မင်း လျန့်စီရင်စုကို တကယ်သွားမှာလား”

“ကျွန်တော် ဆုံးဖြတ်ပြီးသွားပြီ”

ယွီရှန်းရုန်က မတ်တတ်ရပ်ပြီးနောက် လှည့်ထွက်သွားသည်။

ဒေါင်..

သူ့သက်တော်ရှည်ဓားက ဓားအိမ်အတွင်း ပြန်လည် ရောက်ရှိသွားသည်။

“လျန့်စီရင်စုကို ကာကွယ်တာက လွယ်ကူတဲ့ကိစ္စမဟုတ်ဘူး။ ပြီးတော့ မင်းက ပွင့်ချပ်ခြောက်လွှာအဆင့်ပဲ ရှိသေးတယ်။ ဟွာချုံးယန် မင်း သူနဲ့အတူတူ လိုက်သွားလိုက်”

ယွီကျန့်ဟိုင်က ပြောလိုက်သည်။ ဟွာချုံးယန်က ဦးညွှတ်ကာ

“ဟုတ်ကဲ့ ဂိုဏ်းချုပ်”

ယွီရှန်းရုန်က ရပ်တန့်လိုက်သည်။ သူက ဟွားချုံးယန်အား ဘေးစောင်းကာ ကြည့်လိုက်၏။ သူက ညင်ညင်သာသာ ပြုံးလိုက်ပြီးနောက် ပြောလိုက်သည်။

“မင်း ငါ့ကို အမီလိုက်နိုင်ရင် အံ့ဩဖွယ်ရာတစ်ခု ပြပေးမယ်”

ဟွာချုံးယန်၏ စိတ်ထဲ တစ်စုံတစ်ခု ဖြစ်ပေါ်လာသည်။ သူက မော့ကြည့်လိုက်သောအခါ လေဟုန်တစ်ချက်သာ တွေ့လိုက်ရ၏။

မဟာနည်းစနစ်…

ယွီရှန်းရုန်က ပုံရိပ်ယောင်များသာ ချန်ထားပြီး ထွက်သွားလေသည်။ ဟွားချုံးယန်က အချိန်မဖြုန်းဘဲ မဟာနည်းစနစ်ကို ထုတ်သုံးကာ ယွီရှန်းရုန်နောက် အမီလိုက်လိုက်သည်။ သူက လျန့်စီရင်စုမြို့အပေါ် ရောက်ရှိလာသောအခါ အနောက်ဘက်သို့ ဦးတည်နေသည့် စိတ်ဝိညာဉ်သဏ္ဌာန်တစ်ခုကို မြင်လိုက်ရ၏။ မျက်စိတစ်မှိတ်အတွင်း ထိုအရာက သူ့မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။ သူက သူ့ဘာသာသူ ရေရွတ်မိလိုက်၏။

“သူက ပွင့်ချပ်ခြောက်လွှာအဆင့် ကျင့်ကြံသူရော ဟုတ်ရဲ့လား”

………….

စီးဝူယာ့က ခပ်ယဲ့ယဲ့ ပြုံးလိုက်မိသည်။ သူက ခန်းမအတွင်း လက်နောက်ပစ်ကာ လမ်းလျှောက်နေသည့် ယွီကျန့်ဟိုင်အား ကြည့်ကာ ဘာမှမပြောပေ။

ယွီကျန့်ဟိုင်က ခြံဝန်းအတွင်း လမ်းလျှောက်လာလေ၏။ သူက ကောင်းကင်ကို မော့ကြည့်လိုက်ပြီးနောက် အကြည့်လွဲလိုက်သည်။ ခဏအကြာတွင် ဟွားချုံးယန်က ခြံဝန်းအတွင်း ပြန်ရောက်လာပြီး ဒူးထောက်ထားသည်။

“ကျွန်တော် အသုံးမကျပါဘူး။ ဒုတိယသခင်လေးက ထွက်ပြေးသွား… ကျွန်တော် ပြောချင်တာက.. ဒုတိယသခင်လေးရဲ့ ကျင့်ကြံဆင့်က နက်နဲလွန်းတော့ ကျွန်တော် အမီမလိုက်နိုင်ပါဘူး”

ယွီကျန့်ဟိုင်က ဟွာချုံးယန်အား အပြစ်မတင်ပေ။ သူက သက်ပြင်းချကာ

“သူ့ကို လွှတ်ထားလိုက်”

“တာ့ရှစ်ရှိုးက အာ့ရှစ်ရှိုးကို စိတ်မဆိုးဘူး မဟုတ်လား” စီးဝူယာ့က အပြုံးလေးဖြင့် မေးလိုက်သည်။

ယွီကျန့်ဟိုင်က ပြောလိုက်၏။

“သူ့ယုံကြည်ချက်က ဘဝင်မြင့်နေတာ မဟုတ်ဖို့ပဲ မျှော်လင့်တယ်”

“ကျွန်တော် အာ့ရှစ်ရှိုးကို ယုံတယ်”

စီးဝူယာ့က ပြောလိုက်သည်။

နှစ်ရက် ကြာမြင့်ပြီးသည့်နောက် လျန့်စီရင်စုမြို့၏ အစည်းအဝေးခန်းမအတွင်း..

“တာ့ရှစ်ရှိုး.. ပွင့်လန်းခြင်း အင်အားစု၊ မိစ္ဆာကျောင်းဆောင်နဲ့ အဆိပ်တစ်သောင်းဂိုဏ်းတို့က အကြောင်းပြန်လာပြီ။ သူတို့အားလုံးက လျန့်စီရင်စုကို ကာကွယ်ဖို့ အင်အားစု လွှတ်ပေးလိမ့်မယ်”

စီးဝူယာ့က ပြောလိုက်သည်။

“ဖန်းလိုင်ဂိုဏ်းက အကြောင်းမပြန်သေးဘူးလား”

ယွီကျန့်ဟိုင်က မေးလိုက်သည်။

“ကျွန်းသခင်ဟွမ်းက မနေ့က ထွက်သွားပြီ။ ကျန်းအိုက်ကျန့်က ကျွန်းသခင်ဟွမ်းရဲ့ ပထမတပည့်မှန်း မသိခဲ့မိဘူး။ သူကလည်း လီကျင်းယီနဲ့ အတူ လျန့်စီရင်စုကို သွားနေပြီ”

ယွီကျန့်ဟိုင်က ထိုအရာကို ကြားပြီးနောက် ခေါင်းညိတ်လိုက်သည်။

“ကောင်းတယ်”

“အံ့ဖွယ်မြို့တော် တိုက်ပွဲအတွက် အားလုံးကို အစီအစဉ်အတိုင်း ဆက်လုပ်မယ်။ နောက်သုံးရက်နေရင် ငါတို့တစ်ဂိုဏ်းလုံးရဲ့ အင်အားစုကို ရွေ့ပြီးတော့ အံ့ဖွယ်မြို့တော်ကို တိုက်ခိုက်ကြမယ်”

…

All Chapters