← Chapters

အခန်း (၅၉၅-၅၉၇)

Vol. 40 Ch. 595-597

အခန်း (၅၉၅-၅၉၇)

Vol. 40 Ch. 595-597

အခန်း (၅၉၅) ကြိုးမျှင်ကိုးသွယ်ဗျပ်စောင်း

လုကျိုးက မယ်တော်ကြီးဖက်လှည့်ကြည့်ပြီးမေးလိုက်၏။ “မင်းဆရာက ဂီတကို စိတ်ဝင်စားတာလား”

မယ်တော်ကြီးက သက်ပြင်းချလျက် ပြောလိုက်သည်။ “မင်းဆရာက အနုပညာလေးရပ်ကိုသိတယ်။ သူက ရံဖန်ရံခါ ဗျပ်စောင်းတီးတတ်တယ်။ ဒါပေမဲ့ ဒီဗျပ်စောင်းကို သူသုံးတာ ကျွန်မတစ်ခါမှ မတွေ့ဖူးဘူး။ ဒါက ထူးကဲတဲ့အနုပညာလက်ရာပဲ။ အဆင်တန်ဆာ တစ်မျိုးမျိုးဖြစ်နေမလား”

လုကျိုးက ခေါင်းခါလိုက်၏။ “မသေချာဘူး”

ကျန်သည့်သူများသည် ၎င်းကို အဆင်တန်ဆာတစ်ခုအနေဖြင့်တွေးထင်လောက်၏။ သို့သော် လုကျိုး၏ အတွေ့အကြုံနှင့် ဗဟုသုတကြောင့် ဗျပ်စောင်းသည် ကနဦးချီဖြင့်ထိန်းချုပ်၍ရမှန်း သူ သိနေသည်။

စနစ်၏အသိပေးစာက ၎င်းကို သက်သေပြနေသည်။ ကျန်သည့်သူများက လုကျိုးကို ကြည့်လိုက်၏။

လုကျိုးက ကြိုးမျှင်ကိုးသွယ်ဗျပ်စောင်းကိုထုတ်လိုက်ရာ သူ့ရှေ့ရှိလေထဲပျံဝဲနေ၏။ သူက လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။

ဝှစ်

ကြိုးမျှင်ကိုးသွယ်ဗျပ်စောင်းသည် ရွှေရောင်ရောင်ခြည်ဖြင့်တောက်ပလာပြီး အရွယ်အစား ကြီးမားလာသည်။ ပြီးနောက် စွမ်းအင်စည်းတံဆိပ်တစ်ခုကပေါ်လာလျက် ကြီးထွားလာသော ကြိုးမျှင်ကိုးသွယ်ဗျပ်စောင်းနှင့်ပေါင်းစည်းသွားသည်။ သူ၏လက်ချောင်းများကြားရှိမျဉ်းများက စွမ်းအင်မှဖွဲ့တည်ထားတာဖြစ်သည်။

လူတိုင်းက မျက်လုံးအပြူးသားဖြင့် ၎င်းကိုစိုက်ကြည့်နေကြသည်။

ဖန်လီထန်းက ပြောလိုက်၏။

“အသံနည်းစနစ်က ဗဟုသုတကြီးမားတဲ့ စွမ်းရည်လို့ တစ်စုံ တစ်ယောက်ပြောခဲ့ဖူးတယ်။ ကျင့်ကြံသူအများစုက အူလှိုက်၊ အသံကုန်ဟစ်လိုက်နဲ့ အကြမ်းအဆင့်မှာပဲ ရပ်တန့်သွားကြတာ။ သံစဉ်ရဲ့ စစ်မှန်တဲ့ပညာရှင်တစ်ယောက်က စိတ်နဲ့နှလုံးကို ဂီတနုတ်တွေနဲ့ ဘယ်လိုညှို့ငင်ရမလဲဆိုတာ သိပြီး လူတစ်ယောက်ရဲ့စိတ်စွမ်းအားကို သက်ရောက်စေနိုင်တယ်။ ယောက်ျားဆန်တဲ့သံစဉ်က မိုးခြိမ်းသံလိုကျယ်လောင်ပြီး ကြမ်းတမ်းတယ်။ မိန်းမဆန်တဲ့သံစဉ်က ရေစီးဆင်းသလိုမျိုးညင်သာပြီး ကြွယ်ဝမှုတွေရှိနေတယ်”

“ကံဆိုးတာက ကျင့်ကြံသူအများစုက သံစဉ်တိုင်းလိုက်ပါပြီး လက်ဆယ့်ရှစ်ဖက်ကို ကျင့်ကြံကြတယ်။ ပြောရရင် သူတို့တွေက ဂီတကို နားဆင်ဖို့အချိန်ရှိမယ်ဆိုရင် တစ်ယောက်ယောက်ကို ခုတ်ပိုင်းဖို့ပဲအချိန်သုံးလိမ့်မယ်။ ဒါက ပိုပြီးပြည့်ဝတယ်လို့ထင်ကြတာ”

“ဟမ် ... လောင်လန် မင်း ငါနဲ့စကားမများဘဲနေနိုင်မလား။ နေနိုင်လား” “ကျုပ်က ကိစ္စကိုဆွေးနွေးနေရုံပဲ”

ပုံမှန်အခြေအနေအောက်၌ မိသားစုများစွာသည် မိသားစုဝင်တစ်ယောက်ကို ကျော့ရှင်းသော ပညာရပ်များသင်ပေးရန် အရင်းအမြစ်များပေးမှာမဟုတ်ပေ။ သာမန်မိသားစုကလေးတစ်ယောက် ရှေ့၌ ဗျပ်စောင်း သို့မဟုတ် ဓားတစ်လက်ထားခဲ့လျှင် ကလေးသည် တွေဝေမနေဘဲ ဓားကို ရွေးချယ်လိုက်မည်မှာ သံသယမရှိပေ။ ချွင်းချက်ဟူသည် အမြဲတမ်းရှိတတ်၏။

ဖန်လီထန်းက မေးလိုက်သည်။ “ဒါဆို ခရုလေးအကြောင်းကော ဘယ်လိုရှင်းပြမလဲ”

လန်လော့သည် ဘေးတွင်ရပ်နေသော ခရုလေးကိုတစ်ချက်ကြည့်ပြီးနောက် ခေါင်းခါလိုက်၏။ “သူက ထူးခြားတယ်ဆိုပေမဲ့ ငါ့ရဲ့အမြင်ကို ပြောင်းလဲနိုင်မှာမဟုတ်ဘူး”

“…” မင်းတို့ ငြင်းခုန်တတ်တဲ့ သက်ကြားအိုကြီးတွေ ...

လုကျိုးသည် နှစ်ယောက်သားစကားများနေတာကို လျစ်လျူရှုလိုက်ပြီး သူ၏လက်ချောင်းများကို လှုပ်ရှားလိုက်သည်။ လေထဲ၌ သာယာနာပျော်ဖွယ်မရှိသော အသံတစ်သံကပေါ်ထွက်လာသည်။

လုကျိုးသည် ဗျပ်စောင်းကို မည်သို့တီးခတ်ရမည်မှန်းမသိပေ။ ဤနေရာသို့ကူးပြောင်းလာသည့် ခေတ်လူငယ်တစ်ယောက်က ဗျပ်စောင်းတီးခတ်ဖို့သင်ယူရန် မည်ကဲ့သို့အချိန်ရှိမည်နည်း။

“အံ့ဩစရာပဲ ... တီးခတ်တာကောင်းတာပဲ မျှော်နန်းသခင်” ဖန်ကျုံးက လက်ခုပ်တီးလိုက်၏။

လူတိုင်းက ဖန်ကျုံးကို ချက်ချင်းလှည့်ကြည့်လိုက်ကြသည်။

ဖန်ကျုံးက ချက်ချင်းလက်ခုပ်တီးလျက် ရေရွတ်ပြောလိုက်သည်။

ကျိုးကျစ်ဖုန်းသည် ဖန်ကျုံးကို လှောင်ပြောင်ပြီးကြည့်လိုက်လေ၏။ မင်းရဲ့ ထောပတ်ပါးစပ် မင်းက အဋ္ဌမသခင်လေးကို မှီဖို့လိုသေးတယ်။ နေပါဦး ... အဋ္ဌမသခင်လေးက ဘယ်မှာလဲ။ ဒီလိုပွဲမျိုးကို လွဲချော်သွားတာလား။

သာယာငြိမ့်ညောင်းမှုမရှိသည့် ဆူညံသံများပေါ်ထွက်လာသော်ငြား လူတိုင်းသည် ၎င်းကို နားထောင်နေကြသည်။

ခဏကြာပြီးနောက် လုကျိုးသည် ခေါင်းခါလိုက်၏။ “ချီကိုသုံးပြီး သံစဉ်ကို ဘယ်လိုထိန်းချုပ်ရမလဲ သိပေမဲ့ တစ်ခါမှ မလေ့ကျင့်ဖူးဘူး။ ဒီကြိုးမျှင်ကိုးသွယ်ဗျပ်စောင်းက မှန်ကန်တဲ့သူရဲ့လက်ထဲမှာဆို တမူထူးကဲမှာသေချာတယ်”

ထိုစကားကိုကြားသောအခါ ရှောင်ယွမ်အာကပြောလိုက်သည်။ “ရှစ်စွင်း ခရုလေးကို စမ်းကြည့်ခိုင်းပါလား”

ခရုလေးက မျှော်လင့်တကြီးကြည့်လိုက်သည်။ ကြိုးမျှင်ကိုးသွယ်ဗျပ်စောင်းပေါ်လာသည့် အချိန်မှစပြီး သူမသည် အကြည့်မလွဲနိုင်ဖြစ်နေ၏။ ဗျပ်စောင်းကို သူမ နှစ်သက်တာသိသာသည်။

လုကျိုးသည် သူ၏တပည့်ဆယ်ယောက်အနက် ချီဖြင့် သံစဉ်ကို မည်သို့ထိန်းချုပ်ရမည်မှန်းသိသည့် တပည့်တစ်ယောက်ရှိတာကို မေ့လုနီးပါးဖြစ်ခဲ့သည်။

လုကျိုးက သူ၏ကနဦးချီကို ရုတ်လိုက်၏။ ကြိုးမျှင်ကိုးသွယ်ဗျပ်စောင်းသည် မူလအသွင်သဏ္ဌာန် ပြောင်းလဲသွားသည်။ ပြီးနောက် အင်္ကျီလက်ကိုတစ်ချက်ဝေ့လိုက်ကာ သူသည် ကြိုးမျှင်ကိုးသွယ်ဗျပ်စောင်းကိုခရုလေးဆီပို့ပေးလိုက်သည်။

ခရုလေးသည် ပုံမှန်ထက် ပိုစိတ်လှုပ်ရှားနေတာသိသာ၏။ သူမသည် ကြိုးမျှင်ကိုးသွယ် ဗျပ်စောင်းကိုကိုင်လျက် ၎င်းကို ပြန်မချပေ။ သူမ၌ နောက်ထပ်တူရိယာ လန်ထျန်ကျောက်စိမ်း ပုလွေရှိနေတာကို မေ့သွားပုံပေါ်၏။

မယ်တော်ကြီးနှင့် လီယွင်ကျောက်က ခရုလေးကို လှည့်ကြည့်လိုက်ကြသည်။

“ဒါ ဘယ်သူလဲ”

“ကျုပ်ရဲ့နောက်ဆုံးတပည့် ခရုလေး” လုကျိုးကပြန်ပြောလိုက်သည်။ လီယွင်ကျောက်က ချီးကျူးလိုက်၏။ “ချန်းပေ့ကျိ လက်ခံလိုက်တဲ့တပည့်တွေက အမြဲတမ်းတမူထူးကဲ နေတာပဲ” သူသည် ခရုလေး၏ကျင့်ကြံဆင့်နှင့် သူမကိုယ်တွင်းရှိ ရောင်ဝါစီးဆင်းနေမှုကို အာရုံခံနိုင်သော်ငြား သူသည် သူမကိုလျော့မတွက်ခဲ့ပေ။

“အာရုံစိုက်ထား” လုကျိုးက လေသံအတက်အကျမရှိပြောလိုက်လေ၏။

“ဟုတ်” ခရုလေးသည် ပြောသည့်အတိုင်းလုပ်သည်။ သူမလက်ကိုဖြေလျော့လိုက်၏။ ကြိုးမျှင်ကိုးသွယ်ဗျပ်စောင်းသည် သူမရှေ့၌ ပေါ်လာတော့သည်။

လုကျိုးသည် သူမကို နောက်ထပ်ဘာလုပ်ရမည်ဆိုတာ သင်စရာမလိုပေ။ သူမက ချက်ချင်းသိ၏။

ခရုလေးသည် ချီကို စွမ်းအင်အဖြစ်ချက်ချင်းသိပ်သည်းလိုက်၏။

ကြိုးမျှင်ကိုးသွယ်ဗျပ်စောင်းနားတစ်ဝိုက်ရစ်ပတ်နေသော ကနဦးချီသည် အနီရောင်စည်းတံဆိပ် အဖြစ် ချက်ချင်းပြောင်းလဲသွားသည်။

ကြိုးမျှင်ကိုးသွယ်ဗျပ်စောင်းသည် သူမ၏အရွယ်အစားနှင့် သဟဇာတဖြစ်စွာပေါ်လာတော့သည်။

“အနီ ... အနီရောင်စွမ်းအင်လား” လီယွင်ကျောက်ကထိတ်လန့်သွား၏။

ယင်းက သူတို့ကို မျက်စိဖမ်းစားနိုင်မည်မှန်း လုကျိုးသေချာသိနေသော်ငြား သူ စိတ်ထဲမထားပေ။ ထိုစဉ် မိစ္ဆာဝေဟင်မျှော်နန်း၏အကြီးအကဲလေးယောက်၊ ကျန်သည့်သူများက ခရုလေးကို ဇဝေဇဝါကြည့်နေကြ၏။

အနီရောင်စွမ်းအင်လား ... ဒါဘယ်လိုဖြစ်နိုင်မှာလဲ။

သူတို့၏တုံ့ပြန်မှုကို မြင်သောအခါ လုကျိုးက အသံပြတ်ပြတ်ဖြင့် ပြောလိုက်သည်။

"အံ့ဩဖို့မလိုဘူး”

အကြီးအကဲလေးယောက်က လုကျိုး ဆိုလိုတာကို ချက်ချင်းသဘောပေါက်သွားသည်။ လုကျိုးသည် ရွှေရောင်နှင့် အပြာရောင်စွမ်းအင်စည်းတံဆိပ်များကို ထုတ်သုံးနိုင်၏။ သူ၏တရားမဝင်သမီးသည်လည်း အနီရောင်စွမ်းအင်ကို ထုတ်သုံးနိုင်ခြင်းက အမှန်တကယ် အံ့ဩသင့်စရာလော။

လူတိုင်း၏အကြည့်က ခရုလေးဆီရောက်သွားစဉ် သူမ၏လက်ချောင်းများက ကြိုးပေါ် ရောက်သွားတော့၏။

ဗျပ်စောင်းက မြည်လာပြီး သူမ၏လက်ချောင်းများက ငြိမ့်ညောင်းသောသံစဉ်များထုတ်နေပေ၏။

လုကျိုးသည် ဗျပ်စောင်းကို မည်သို့တီးခတ်ရမည်မှန်း မသိသော်ငြား ဗျပ်စောင်း၌ ကြိုးခုနစ်ကြိုး ရှိကြောင်း သူ သိသည်။ ကြိုးမျှင်ကိုးသွယ်ဗျပ်စောင်းသည် ထိုကဲ့သို့သံစဉ်ထုတ်လုပ်နိုင်တာ အံ့ဩဖွယ်ကောင်းလှပေ၏။ သူသည် ခရုလေးကို အထိတ်တလန့်ကြည့်လိုက်သည်။ သူ့စိတ်ထဲရှိပဟေဠိအစိတ်အပိုင်းများကို ဆက်ကြည့်လိုက်သည်။ ခရုလေးသည် ထိုနေရာမှ လာတာ ဖြစ်ဟန်တူသည်။

မကြာမီ၌ သူမ၏စွမ်းအင်ဖြင့်ဖွဲ့တည်ထားသော နုတ်များသည် လွင့်ပြယ်သွားပြီးနောက် လေဓားသွားများပမာ တကွဲတပြားဆီဖြစ်သွားတော့သည်။

“ဒါဆိုးတာပဲ” လီယွင်ကျောက်သည် မယ်တော်ကြီးရှေ့၌ ချက်ချင်းရပ်လိုက်၏။

ဝှစ် ဝှစ် ဝှစ်

သံစဉ်မှ နုတ်များသည် အသံဓားသွားများအဖြစ်ပြောင်းလဲသွားပြီး ပတ်ဝန်းကျင်ဆီပစ်ဝင်သွားသည်။

သံစဉ်က ယခု မုန်တိုင်းတစ်ခုပမာဖြစ်နေလေ၏။

ဖုန်း ဖုန်း ဖုန်း

လုကျိုးသည် သူ၏အကာအကွယ်စွမ်းအငကို အသက်သွင်းလိုက်သည်။ ထိုနည်းတူ သူ၏တပည့်များကလည်း အသက်သွင်းလိုက်ကာအသံဓားသွားများကို ပိတ်ဆို့လိုက်ကြ၏။ ခဏတာ သရုပ်ပြပြီးနောက် ဘဏ္ဍာတိုက်အတွင်းဖက်က ရှုပ်ပွသွားသည်။

ခရုလေးက လက်ကို အမြန်ရုတ်ချလိုက်၏။ သူမက လက်သီးဆုပ်လိုက်သည်။ သီချင်းက ပြီးသွားလေပြီ။

အနီရောင်စွမ်းအင်မျှင်များလွင့်ပြယ်သွားပြီး နုနယ်ကာ တမူထူးကဲသော ကြိုးမျှင်ကိုးသွယ် ဗျပ်စောင်းက သူမ၏လက်ထဲပြန်ကျလာ၏။

ခရုလေးက တောင်းပန်လိုက်၏။ “ရှစ်စွင်း ... တ တပည့် ဒီလိုလုပ်ဖို့ မရည်ရွယ်ပါဘူး”

လုကျိုးက မုတ်ဆိတ်သပ်ပြီးပြောလိုက်၏။ “မင်းက နတ်ဒေဝါဦးတည်နယ်ပယ်ကို ဝင်ကာစ။ မင်း တေးသွားမှာ ပါရမီထူးတယ်ဆိုပေမဲ့ အသံနဲ့ချီကို ထိန်းချုပ်ဖို့အကြောင်း သင်ယူစရာတွေအများကြီး ရှိသေးတယ်”

“နားလည်ပါပြီ ... တပည့်ပိုကြိုးစားပါ့မယ်။"

လုကျိုးကလက်မြှောက်လိုက်၏။ သူ၏စွမ်းအင်က ကြိုးမျှင်ကိုးသွယ်ဗျပ်စောင်းနားတစ်ဝိုက် ရစ်ပတ်သွားကာ သူ၏လက်ထဲပျံသန်းလာတော့သည်။

ခရုလေးက ခေါင်းငိုက်စိုက်ကျသွားသည်။ လုကျိုးကပြောသည်။ “ကြိုးမျှင်ကိုးသွယ်ဗျပ်စောင်းက သူ ထားခဲ့တဲ့ပစ္စည်းပဲ။ အခုတော့ ငါ ထိမ်းထားဦးမယ်”

ခရုလေးက ခေါင်းညိတ်လိုက်သည်။

ရှောင်ယွမ်အာသည် ခရုလေးစိတ်ဓာတ်ကျနေသည်ကို မြင်သောအခါ ခရုလေးနားနားကပ်ပြီး အမြန်တီးတိုးပြောလိုက်၏။

“စိတ်မပူနဲ့ မိစ္ဆာဝေဟင်မျှော်နန်းထဲမှာ ဂီတ ဘယ်လိုတီးခတ်ရမလဲဆိုတာ ဘယ်သူမှမသိဘူး။ ညီမတစ်ယောက်ထဲသိတာ။ အနှေးအမြန် ညီမဟာဖြစ်လာလိမ့်မယ်”

ခရုလေးသည် ရှောင်ယွမ်အာ၏စကားက အဓိပ္ပါယ်ရှိသည်ဟု တွေးလိုက်မိ၏။ သူမက ရှောင်ယွမ်အာ၏စကားကိုကြားသောအခါ စိတ်အခြေအနေပိုကောင်းလာသည်။ “ကျေးဇူးပါ ကျိုရှစ်ကျဲ”

“…” အဲ့ဒီမိန်းကလေးရဲ့စိတ်ထဲမှာ ဘာတွေရှိလဲသိချင်မိတယ်။

မယ်တော်ကြီးသည် ကြမ်းပြင်ပေါ်ရှိ သေတ္တာကိုသက်ပြင်းချပြီး ကြည့်လိုက်၏။ “ကျွန်မ တာဝန်ကပြီးသွားပြီ။ ဒီနေ့ကစပြီး ဒီတာဝန်ကို မိစ္ဆာဝေဟင်မျှော်နန်းဆီလွှဲလိုက်ပြီ။"

“တာဝန်လား ... လောကကြီးရဲ့ငြိမ်းချမ်းမှုကိုကာကွယ်ဖို့လား” လုကျိုးသည် မယ်တော်ကြီး၏ စကားများက ရယ်စရာကောင်းသည်ဟုထင်မိသည်။ သို့သော် သူက ခါတိုင်းလိုပင် တည်ငြိမ်နေသည်။

“ကျွန်မက အကြံပြုရုံပါပဲ။ ဘာလုပ်ချင်လဲဆိုတာ ရှင့်အပေါ်မူတည်ပါတယ်”

ပွင့်ချပ်ကိုးလွှာအဆင့်သည် ကပ်ဘေးကို သယ်ဆောင်လာလိမ့်မည်။ လုကျိုးသည် မယ်တော်ကြီး အကြံပြုသည့်အတိုင်း လုပ်မည်ဆိုလျှင် သူ၏ကျင့်ကြံဆင့်ကို တမင်တကာအားနည်းရမည်ဟု ဆိုလိုတာ မဟုတ်ပါလား။ အရေးကြီးဆုံးက သူသည် ပွင့်ချပ်ငါးလွှာရှိသေးသည်။ အဆုံးကျ သူက ပြောလိုက်သည်။ "အချိန်ဒီရေက မထိန်းထားနိုင်ခဲ့ရင်ဘယ်လိုလုပ်မလဲ”

…

အခန်း (၅၉၆) ကောင်းကင်ကြီးက ပြုတ်ကျမလာဘူး

စာကို ဖတ်ပြီးသည့်နောက်တွင် လုကျိုးက မင်းဆရာသည် စိတ်သဘောထားကျဉ်းမြောင်းသူ ဖြစ်ကြောင်း ခံစားမိလိုက်သည်။ သမိုင်းကြောင်းတစ်လျှောက် လူတစ်ယောက်၏ အတွေးနှင့် အပြုအမူများကို ညှိယူရသည့် တိုင်းပြည်မျိုး မရှိဖူးပေ။ လွတ်လပ်ခွင့်၊ စမ်းသပ်ချက်နှင့် သိချင်စိတ်တို့က လူသား တိုးတက်မှုအတွက် ဖြစ်၏။

လုကျိုးက ဤနေရာကို ကူးပြောင်းမလာခဲ့လျှင်ပင် ကျိထျန်းတောက်၊ ယွင်ထျန်းလော့၊ လျိုကုနှင့် ကုံးယွမ်တုတို့အားလုံးသည် ပွင့်ချပ်ကိုးလွှာအဆင့်ကို တက်လှမ်းဖို့ ကြိုးစားကြလိမ့်မည်။ အသက်တိုနေသည့် သူ့တပည့် ယွီရှန်းရုန်သည်လည်း ယခင်က ထိုအတွေးမျိုး ရှိခဲ့ဖူးလေသည်။

ကြာဖြတ်တောက်ခြင်း ခေတ်ကာလ ရောက်ရှိလာသည့်အခါ ကျင့်ကြံသူများစွာက ရေပန်းစားနေသညကို လိုက်လုပ်ကြပြီး ပြန်လည်ကျင့်ကြံကြသည်။

နှစ်တစ်ဝက်ပင် ကြာမြင့်သွားပြီ ဖြစ်၏။ လျိုကုက ပွင့်ချပ်ရှစ်လွှာနှင့် တစ်ဝက်အဆင့်အထိ ပြန်လည်ကျင့်ကြံပြီးပြီဖြစ်ရာ အခြားလူများလည်း အနှေးနှင့်အမြန် အမှီလိုက်နိုင်ကြလိမ့်မည်။ ဤသည်က အချိန်တစ်ခုမျှသာ ဖြစ၏။

ပွင့်ချပ်ကိုးလွှာအဆင့် တက်လှမ်းဖို့ရာ အားလုံးကို မည်သို့တားဆီးနိုင်မည်နည်း။

လုကျိုးက ကြာဖြတ်တောက်ရေး သဘောတရားကို မဖြန့်ဝေခဲ့လျှင်ပင် ယွင်ထျန်းလော့၏ စစ်တုရင်ခုံ၊ လျိုကု၏ လေ့လာချက်နှင့် ယွီရှန်းရုန်၏ ကြာဖြတ်တောက်ရေး အောင်မြင်မှုများက အားလုံးဆီ အဖြေထုတ်ပြလိုက်သလို ဖြစ်ပေမည်။

မယ်တော်ကြီးက သက်ပြင်းချကာ “ ကောင်းကင်ရဲ့ အလိုဆန္ဒအတိုင်းပါပဲ ”

“ ကျုပ်ကတော့ ကျုပ်တို့လက်ထဲမှာလို့ ထင်တယ်”

မယ်တော်ကြီးက ခေါင်းညိတ်လိုက်ပြီး ဘာမှဆက်မပြောပေ။

လုကျိုးက စာထဲတွင် အမျိုးသမီးလော့အကြောင်း‌ ဖော်ညွှန်းဖူးသည်ကို အမှတ်ရသွားသည်။ သူက မေးလိုက်၏။ “ လော့မျိုးရိုးနဲ့ အမျိုးသမီးတစ်ယောက်အကြောင်းများ ကြားဖူးလား။ ”

မယ်တော်ကြီးက အတွေးနက်နေဟန်ပေါ်သည်။ သူမ၏ အသက်အရွယ်ကြောင့်လားတော့ မသိပေ။ သူမအနေနှင့် အတိတ်မှ အဖြစ်အပျက်များကို ပြန်လည်စဉ်းစားဖို့ အချိန်ယူနေရသည်။ သူမက ခေါင်းခါလိုက်ပြီးနောက် “ မင်းဆရာက သူမအကြောင်း တစ်ခုမှ မပြောဖူးဘူး။ ကြည့်ရတာ သူက သူမအကြောင်းကို တစ်ယောက်ယောက် ပြောခဲ့တယ်တူတယ်။ ဧကရာဇ်က မင်းဆရာက သူ့မွေးရပ်မြေအကြောင်း စဉ်းစားရင်း တစ်ယောက်တည်း နေလေ့ရှိတယ်လို့ ပြောဖူးတယ်။ မင်းဆရာက တစ်ယောက်ယောက်ကို ရှာနေတယ်တော့ ပြောတယ်။ အဲဒါ အမျိုးသမီးလော့ကိုလား ”

“ အဲဆို သူမက အံ့ဖွယ်မြို့တော်ကို တစ်ခါမှ ရောက်မလာခဲ့ဘူးပေါ့” လုကျိုးက နားရှုပ်သွားသည်။

လီယွင်ကျောက်က ပြောလိုက်သည် “ ကျုပ်က မယ်တော်ကြီးကို အချိန်အကြာကြီး ခစားလာတာပါ။ မယ်တော်ကြီး သိစေချင်တာ၊ ကြားစေချင်တာအားလုံးကို သိပါတယ်။ အမျိုးသမီးလော့က မင်းဆရာနဲ့ ဆက်ဆံရေးကောင်းရှိမှန်း မသိခဲ့တာ အသေအချာပါ။ ဒါပေမဲ့ အံ့ဖွယ်မြို့တော်က ကြီးတော့ မျိုးရိုးတူတွေတော့ ရှိတတ်ကြတယ်။ မင်းဆရာက အဲဒီလူတွေကြား ရှာနေတယ်လို့ ကောက်ချက်ချနိုင်ရုံပဲ ရှိတယ် ”

လုကျိုးက မုတ်ဆိတ်သပ်လိုက်ကာ ခေါင်းညိတ်လိုက်ပြီး “သိပြီ”

ထိုစဉ် တော်ဝင်အစောင့်တစ်ယောက်က အတွင်းသိုလှောင်ခန်း အပြင်ဘက်သို့ ရောက်လာသည်။ သူက ဦးညွှတ်ကာ “ မယ်တော်ကြီး … ခုနှစ်စင်ကြယ်ကျောင်းတော်ရဲ့ ကျိုးယို့ချိုက်နဲ့ ကောင်းကင်ရှေ့ဆောင်ကျောင်းတော်က မုန့်နန်ဖေးတို့က တွေ့ခွင့်တောင်းနေပါတယ် ”

မယ်တော်ကြီးက သက်ပြင်းချကာ “သူတို့ကို တာ့ကျန်းနန်းဆောင်မှာ စောင့်ခိုင်းလိုက်”

“ဟုတ်ကဲ့ နားလည်ပါပြီ ”

………………..

တာ့ကျန်းနန်းဆောင်

ခုနှစ်စင်ကြယ်ကျောင်းတော်၏ ကျောင်းအုပ် ကျိုးယို့ချိုက်နှင့် ကောင်းကင်ရှေ့ဆောင်ကျောင်းတော်၏ ကျောင်းအုပ် မုန့်နန်ဖေးတို့က ဒူးထောက်လျက်သား တုန်တုန်ယင်ယင် ဖြစ်နေကြသည်။

မယ်တော်ကြီးက ညာဘက်တွင် ထိုင်ကာ လုကျိုးက ဘယ်ဘက်တွင် ထိုင်နေ၏။

ကျိုးယို့ချိုက်က သူ့ဘာသာ ကာကွယ်လိုက်သည်။

“ ကျိချန်းပေ့ ကျုပ်ကို ယုံပါ။ ကျုပ် အကြီးအကဲတွေရဲ့ အပြုအမူကို သဘောမတူခဲ့ပါဘူး။ သူတို့ကို အံ့ဖွယ်မြို့တော်နဲ့ မိစ္ဆာဝေဟင်မျှော်နန်းကြားက ပဋိပက္ခတွေကို ဝင်မပါဖို့ ဖျောင်းဖျခဲ့ပေမဲ့ သူတို့က နားမထောင်ကြဘူး ”

မုန့်နန်ဖေးက သက်ပြင်းချကာ “ယန်စီရင်စု ကိစ္စပြီးကတည်းက ကျုပ်တပည့်တွေကို ကျောင်းတော်ကနေ ထွက်မသွားဖို့ အကြိမ်ကြိမ်ပြောခဲ့တယ်။ ဒီလိုမျိုး … ”

အမွှာကျောက်တုံးတောင်ထိပ်တွင် လုကျိုးက ကျိုးယို့ချိုက်နှင့် တွေ့ဆုံခဲ့ပြီး စကားပြောခဲ့ကြသည်။

ကျောင်းအုပ်နှစ်ယောက်ကြား တစ်ခြားသူများက မုန့်နန်ဖေးကို ပိုသံသယရှိကြ၏။

“မင်းကို ယုံကြည်ဖို့ အကြောင်းပြချက်တစ်ခုလောက် ပေးစမ်းပါဦး” လုကျိုးက ပြောလိုက်သည်။

ကျိုးယို့ချိုက်က ဒူးထောက်လျက်သား ရှေ့တိုးလာသည်။ သူက အဆောင်လက်တစ်ဆုပ်ကို ထုတ်ကာ ပြောလာ၏ “ဒါတွေက ကျုပ်ပင်မတပည့်တွေကို ပေးထားတဲ့ အဆောင်တွေပါ။ တကယ်လို့ သူတို့က ကျောင်းတော်နဲ့ အလှမ်းဝေးနေရင် အဆောင်ပေါ်က စွမ်းအားစည်းတံဆိပ်က ပျောက်ကွယ်သွားပါလိမ့်မယ်။ ကျိချန်းပေ့ရဲ့ ကျင့်ကြံဆင့်နဲ့ အဆောင်တွေကို ဖန်တီးခဲ့တဲ့အချိန်ကို စစ်ဆေးကြည့်နိုင်ပါတယ် ”

လုကျိုးက လက်ဝေ့လိုက်သည်။ အဆောင်တစ်ခုက သူ့လက်ထဲ ရောက်လာသည်။ ထိုအရာထဲ အဆောင်စည်းတံဆိပ်၏ စွမ်းအားအရိပ်အယောင် ရှိနေသေးသည်။ ဤသည်က စာရွက်ပေါ် ချမှတ်ထားသည့် အရိုးရှင်းဆုံး နောက်ယောင်ခံ စည်းတံဆိပ် ဖြစ်၏။

“မင်းကရော ” လုကျိုးက မုန့်နန်ဖေးအား ကြည့်လိုက်သည်။

မုန့်နန်ဖေးက တုန်ယင်သွားသည်။ သူက မျက်လုံးအပြူးသားဖြင့် ပြောလာသည် “ကျိချန်းပေ့ ကျုပ် အမှန်အတိုင် ပြောနေတာပါ။ ကျုပ်လည်း တူညီတဲ့ နည်းလမ်းကို အသုံးပြုဖို့ တွေးခဲ့ပါသေးတယ်။ ဒါပေမဲ့ … ”

ထိုအရာက မလုံလောက်ပေ။

အမွှာကျောက်တုံးတောင်ထိပ်တွင် မုန့်နန်ဖေးက လုကျိုး၏ ဖိတ်ကြားချက်ကို လျှော့တွက်ခဲ့သည်။ သူက တပည့်တစ်ဦးကိုသာ လွှတ်ခဲ့၏။ ထိုစဉ် လုကျိုးက သူ့အား ရုပ်ဖျက်ကတ်ဖြင့် ခြိမ်းခြောက်ခဲ့သည်။

ထိုစဉ် ဟွားချုံးယန်က ဦးညွှတ်ကာ ပြောလာသည်။ “ကျိချန်းပေ့ ကျွန်တော် တစ်ခုပြောစရာရှိလို့ပါ ”

“ပြော”

“ငရဲဂိုဏ်းက မြို့ကို တိုက်ခိုက်တုန်းက ကောင်းကင်ရှေ့ဆောင်ကျောင်းတော်က တပည့်တွေအများကြီးကို မြင်ခဲ့ပါတယ်” ဟွားချုံးယန်က ပြောလိုက်သည်။

ဟွားချုံးယန်၏ စကားက မုန့်နန်ဖေးအတွက် ခေါင်းတလားကို သံရိုက်ပေးလိုက်သလို ဖြစ်၏။ သူက ချက်ချင်း နောက်ဆုတ်ကာ “မင်း … မင်း မှားနေတာ နေမှာ ”

ဟွားချုံးယန်က နှာခေါင်းရှုံ့ကာ “တော်ဝင်အစောင့်တပ်နဲ့ ကောင်းကင်ရှေ့ဆောင်ကျောင်းတော်က တပည့်တွေကြား ခွဲခြားနိုင်ပါသေးတယ်”

တစ်ဖွဲ့က ချပ်ဝတ်များ ဝတ်ဆင်ထားပြီး ကျန်လူများက အဖြူရောင်ဝတ်ရုံများ ဝတ်ဆင်ထားကြသည်။ ဟွားချုံးယန်က အကန်း မဟုတ်ပေ။

လုကျိုးက ဆုံးဖြတ်လိုက်သည်။ သူက ဟွားချုံးယန်အား ကြည့်လိုက်ကာ “ ငရဲဂိုဏ်းသားတွေ ဘယ်လောက်ကျသွားလဲ”

“ ကျွန်တော်တို့ အရေအတွက်ကို သေချာမရေရသေးပါဘူး။ အံ့ဖွယ်မြို့တော် တိုက်ပွဲမစခင်တုန်းက ရဲဘော်ရဲဘက် ခုနှစ်သောင်းနီးပါး ရှိပါတယ်။ အခု လေးသောင်းလောက်ပဲ ကျန်ပါတော့တယ် …” ဟွားချုံးယန်၏ မျက်နှာအထက် မျက်မှာင်ကြုတ်မှုတစ်ခု ဖြစ်ပေါ်လာသည်။

ဝှစ်

ထိုစဉ် ငရဲဂိုဏ်းသားများစွာက တာ့ကျန်းနန်းဆောင် အဝင်ပေါက်ဆီ ချီတက်လာကြပြီး မုန့်နန်ဖေးအား သွေးဆာသည့် မျက်ဝန်းများဖြင့် ကြည့်နေကြသည်။

ငရဲဂိုဏ်းမှ အဖွဲ့ခွဲခေါင်းဆောင် ၁၂ ယောက်ကလည်း ဒူးထောက်ကာ “ ဂိုဏ်းချုပ်မရှိတော့ မျှော်နန်းသခင်ကပဲ ကျွန်တော်တို့ ကိုယ်စား ဆုံးဖြတ်ပေးပါ”

ငရဲဂိုဏ်းသားများက အဖွဲ့ခွဲခေါင်းဆောင်များ၏ စကားအတိုင်း လိုက်အော်ပြောလိုက်ကြသည်။

“ကျွန်တော်တို့ ကိုယ်စား ဆုံးဖြတ်ပေးပါ ”

“ကျွန်တော်တို့ ကိုယ်စား ဆုံးဖြတ်ပေးပါ ”

သူတို့အသံက တာ့ကျန်းနန်းဆောင်တစ်ခုလုံး ဟိန်းထွက်နေသည်။

အားလုံးရဲ့ ဝမ်းနည်းမှုအတွက် တစ်ယောက်ယောက်ကတော့ တာဝန်ယူရမှာပဲ … အကြွေးအားလုံးအတွက် အကြွေးရှင်ဆိုတာ ရှိတယ်

လျိူကုက သေဆုံးသွားပြီဖြစ်၍ ဘာမှထပ်ပြောနေဖို့ မရှိတော့ပေ။

လုကျိုးက မုန့်နန်ဖေးအား ကြည့်ကာ “ငါ မင်းကို ခွင့်လွတ်ပေးရင်တောင် ငရဲဂိုဏ်းသား သောင်းချီရဲ့ သွေးက မင်းကို ခွင့်လွတ်ပေးမှာ မဟုတ်ဘူး ”

မုန့်နန်ဖေးက စိတ်ထဲ လေးလံသွားသည်။ သူက အလျှင်စလို ပြောလိုက်၏ “ကျိ .. ချန်း … ချန်းပေ့ ကျုပ်ဆီ ရွေးချယ်စရာ မရှိလို့ပါ။ ကျုပ်တို့က အရှင်ကိုပဲ ခစားကြရုံပါ ”

လုကျိုးက သူ့အား လျစ်လျူရှုလိုက်ပြီး ခေါ်လိုက်သည် “ဟွားချုံးယန်”

“ဟုတ်ကဲ့ လောင်ချန်းပေ့ ”

“ယွီကျန့်ဟိုင် မရှိတုန်းက မင်းက ငရဲဂိုဏ်းကို တာဝန်ယူရမယ်။ ငါ မုန့်နန်ဖေး ကံကြမ္မာကို မင်းဆီ အပ်ခဲ့မယ်” လုကျိုးက လက်ဝေ့ကာ ပြောလိုက်သည်။

ဟွာချုံးယန်က ထိုအရာကို ကြားသည့်အခါ ဒူးတစ်ဖက်ထောက်လိုက်ပြီး “ကျိချန်းပေ့ကို ကျေးဇူးတင်ပါတယ် ”

ထိုအရာကိုကြားပြီး အဖွဲ့ခွဲခေါင်းဆောင်များက စိတ်အားတက်ကြွလာကြသည်။

ဟွားချုံးယန်က မုန့်နန်ဖေးအား ကြည့်ကာ “ငါတို့နဲ့ လိုက်ခဲ့”

“…”

မုန့်နန်ဖေးက မလှုပ်သည့်အခါ ဟွားချုံးယန်က ဆွဲခေါ်လာသည်။ ဟွားချုံးယန်က အစကတည်းက ဒဏ်ရာရထားသူ ဖြစ်၍ မုန့်နန်ဖေးကို အနိုင်ယူဖို့ ယုံကြည်ချက် မရှိပေ။

မုန့်နန်ဖေးက တွန့်ခနဲ ဖြစ်သွားသည့်အခါ သူက ထိတ်လန့်သွားမိသည်။

ထိုစဉ် လုကျိုးက လက်မြောက်ကာ နောက်ထပ် လက်ဝါးစည်းတံဆိပ်ကို ထုတ်လွှင့်လိုက်၏။ ပွင့်ချပ်ငါးလွှာအဆင့် လုကျိုးက အဆင့်မြင့် ကျင့်ကြံသူများကြားမှ တစ်ယောက်ဟု ယူဆနိုင်သည်။

ဝုန်း

မုန့်နန်ဖေးက မရှောင်ရဲပေ။ သူက ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ရပြီး နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာသည်။

လုကျိုးက မုန့်နန်ဖေးအား ဆက်လက် လျစ်လျူရှုထားလိုက်သည်။ သူက ထလိုက်ပြီး ပြောလိုက်သည် “ဟွားချုံးယန် … ငါ တော်ဝင်မြို့တော်ထဲ ရက်ပိုင်းလောက် နေဦးမယ်။ မင်းက အံ့ဖွယ်မြို့တော်ကို ရှင်းဖို့ တာဝန်ယူလိုက်။ ငါ ဒီမှာရှိနေသရွေ့ ကောင်းကင်က ပြိုကျလာမှာ မဟုတ်ဘူး ”

အကယ်၍ လုကျိုး ထွက်သွားပါက ဟွားချုံးယန်က ငရဲဂိုဏ်းအနေနှင့် မြို့ကို ပြန်လည်စုစည်းသည့်အခါ အခက်အခဲဖြစ်နေမည်ကို စိုးရိမ်နေမိခဲ့သည်။ ငရဲဂိုဏ်းနှင့် တော်ဝင်မြို့တော်သည် စစ်ပွဲအတွင်း ကြီးကြီးမားမား ဆုံးရှုံးခဲ့ရသည်။ မိစ္ဆာဝေဟင်မျှော်နန်းအနားတွင် ရှိနေသဖြင့် သူက ကျေးဇူးတင်သည်ထက် ပိုလေသည်။

ဟွားချုံးယန်နှင့် ငရဲဂိုဏ်းသားများက ပျော်ရွင်နေကြသည်။ သူတို့က ထပ်မံ ဒူးထောက်လိုက်ပြီး “မျှော်နန်းသခင်ကို ကျေးဇူးတင်ပါတယ် ”

…………..…

လျန့်စီရင်စုမြို့၏ မြို့တံတိုင်းပေါ်တွင်

ဟွမ်းရှစ်ကျဲက ခံတပ်ပေါ်ရှိ အစိမ်းဝတ် ဓားသမားအား ကြည့်လိုက်မိသည်။ သူက လက်နှစ်ဖက်ယှက်ကာ “ဒုတိယသခင်လေး စစ်သူကြီးကာရိုးကို သတ်ဖို့ နည်းလမ်းကို စဉ်းစားနေတာလား ”

ယွီရှန်းရုန်က လက်ပိုက်လျက် ကျောပေးထားရင်း ဖြေလိုက်သည် “မဟုတ်ဘူး”

“အဲဆို ဘာများတွေးနေတာလဲ”

“ ကာရိုးက ဘာလို့ မတိုက်သေးတာလဲလို့ တွေးနေတာ” ယွီရှန်းရုန်က ပြန်ဖြေလိုက်သည်။

“သူ ကြောက်နေတာ ဖြစ်ရမယ်”

“ ကာကွယ်မဲ့အစား ဘာလို့ စပြီး မတိုက်ရတာလဲ”

“ဒါက ဘာကိုပြောချင်တာလဲ” ဟွမ်းရှစ်ကျဲက အံ့အားသင့်သွားသည်။

ထိုစဉ် ပုံရိပ်တစ်ခု ပျံသန်းလာလေ၏။ သူက ဦးညွှတ်ကာ “ကျွန်းသခင် … အံ့ဖွယ်မြို့တော်က သတ္တမသခင်လေးဆီကနေ စာရောက်လာတယ်”

“ဘာတဲ့လဲ”

“ဂိုဏ်းချုပ်ယွီ ဒုက္ခရောက်နေပြီတဲ့ ”

“…”

…

အခန်း (၅၉၇) ဓားနတ်ဆိုး ထွက်သွား

ဟွမ်းရှစ်ကျဲ၏မျက်လုံးက ပြူးကျယ်သွားကာ ပြောလိုက်၏။ “နောက်နေဖို့အချိန်မရှိဘူး”

“သတ္တမသခင်လေးက သူကိုယ်တိုင်စာပို့လိုက်တာပါ။ မလိမ်ရဲပါဘူး။ သတ္တမသခင်လေးက သူ့ကိုစောင့်နေခိုင်းထားပါတယ်” ထိုလူက အရိုအသေပေးလျက် သူ့ကို လက်နှစ်ဖက်ဖြင့် စာကိုပေးလိုက်၏။

“…”

“သတ္တမသခင်လေးက အခု လျန့်စီရင်စုကို လာနေတဲ့လမ်းမှာပါ။ မနက်ဖြန်မနက် သူ ရောက်လာပါလိမ့်မယ်”

ယွီရှန်းရုန်သည် တခြားမျိုးနွယ်များရှိသည့်ဖက်ကို အနည်းငယ်မော့ကြည့်လိုက်၏။ သူက လှည့်သွားသည်ဖြစ်စေ၊ လှုပ်ရှားသည့်အချိန်တွင်ဖြစ်စေ အမြဲတမ်းတိတ်တဆိတ်သာ နေ၏။ အစောတုန်းက သူ၏မျက်နှာထက်တွင် အပြုံးဖျော့ဖျော့မြင်ရသေးသည်။ သို့သော် ယခုမူ သူ၏မျက်နှာက တည်ကြည်နေလေ၏။

ဟွမ်းရှစ်ကျဲသည် အနေအထားအပြောင်းအလဲကို အာရုံခံမိ၏။ ထို့ကြောင့် သူက လက်သီးနှစ်ဖက်ဆုပ်မိုးလျက် ထွက်သွားတော့သည်။

လျန့်စီရင်စုတွင် နောက်တစ်နေ့နံနက်၌ ဖြစ်သည်။

ဟွမ်းရှစ်ကျဲ၊ ကျန်းအိုက်ကျန့်၊ လီကျင်းရီနှင့် အဆိပ်တစ်သောင်းဂိုဏ်း၏အကြီးအကဲများ၊ ဖူးပွင့်ခြင်းအင်အားစုနှင့် မိစ္ဆာဘုရားကျောင်းတို့က လျန်စစ်သူကြီးအိမ်တော်၌ စုဝေးနေကြသည်။

“ဒုတိယသခင်လေးဘယ်မှာလဲ”

တပည့်များထဲမှ တစ်ယောက်က အရိုအသေပေးလျက် ပြန်ပြောလိုက်သည်။

“ဒုတိယသခင်လေးက မြို့ရိုးပေါ်မှာပါ”

“ဒီလောက်အစောကြီးလား” ကျန်းအိုက်ကျန့်က ထိတ်လန့်သွားတော့၏။

“ဒုတိယသခင်လေးက တညလုံးမတ်တပ်ရပ်နေတာပါ”

“တညလုံးလား” ဟွမ်းရှစ်ကျဲက မျက်မှောင်အနည်းငယ်ကျုံ့သွားသည်။

ကျန်းအိုက်ကျန့်က ပြောလိုက်၏။ “ရှစ်စွင်း အကြောင်းမဲ့ စိုးရိမ်ပူပန်နေတာပဲ။ အခုချိန်သွားရင် အသက်ထွက်သွားမှာ မစိုးရိမ်ဘူးလား။ ဒုတိယသခင်လေးက ပထမသခင်လေး တစ်ခုခုဖြစ်တာကို သိတဲ့အချိန် ဘယ်လိုလုပ်အဆင်ပြေနေနိုင်မှာလဲ”

ဟွမ်းရှစ်ကျဲက မှင်သက်သွား၏။ သူကပြောလိုက်သည်။ “သူတို့မတည့်ကြဘူးလို့ ထင်ယုံပဲ”

“မတည့်ဘူး ဒါပေမဲ့ သူတို့တွေက ဆရာတူတပည့်ပဲလေ” ကျန်းအိုက်ကျန့်က ပြောလိုက်၏။

“မင်းပြောတာ အဓိကကျတယ်” ဟွမ်းရှစ်ကျဲက ခေါင်းညိတ်လိုက်သည်။

“ရှောင်ကျန့်”

ကျန်းအိုက်ကျန့်သည် မျက်နှာထားတင်းတင်းဖြင့်ပြောလိုက်၏။ “ရှစ်စွင်း ကျေးဇူးပြုပြီး ကျွန်တော့်ကို အိုက်ကျန့်လို့ခေါ်ပါ။ အိုက်က လူသားတွေအားလုံးအတွက် အချစ်၊ ကျန့်က ဓားရူးအတွက် ကျွန်တော့်ကို အဲ့လိုမခေါ်ရင် ရှစ်စွင်းရဲ့တပည့်ကောင်းအနေနဲ့ မသတ်မှတ်ထားတာပဲ။ ကျွန်တော့်ကို ရှောင်ကျန့်လို့ထပ်ခေါ်မယ်ဆိုရင် ကျွန်တော်သွားတော့မယ်”

“သွား” ဟွမ်းရှစ်ကျဲကပြော၏။ “မင်းက ယွီရှန်းရုန်နဲ့ အပုံတစ်ထောင်ပုံတစ်ပုံလောက် တူခဲ့မယ်ဆိုရင်တောင် ငါ ဒီလိုကြောက်မက်ဖွယ်ကောင်းတဲ့ ရေလက်ကြားထဲကျမှာမဟုတ်ဘူး။ သူ့ကို ကြည့်။ သူ့ရဲ့နက်နဲသိမ်မွေ့တဲ့ကျင့်ကြံဆင့်ကိုကြည့်လေ။ ပြီးတော့ မင်းက”

“ရှစ်စွင်း ဒါက မတရားဘူး။ ကျွန်တော်က နာမည်ကြီးပါတယ်။ ကျွန်တော်က ကျင့်ကြံခြင်းလောကမှာ ဓားရူးသုံးယောက်ထဲက တစ်ယောက်ဖြစ်ခဲ့တာ။ ရှစ်စွင်းရဲ့နာမည်ကောင်းကို ဘယ်တုန်းက ထိခိုက်ဖူးလို့လဲ။ ရှစ်စွင်း သူနဲ့ကျွန်တော့်ကို ယှဉ်တာ မတရားဘူးလေ” ကျန်းအိုက်ကျန့်က မောက်မာထောင်လွှားစွာပြောလိုက်၏။

ထိုစဉ် တိမ်ခွင်းရထားလုံးသည် လျန့်စီရင်စုဆီသို့အရှေ့အရပ်ကနေ အရှိန်ဖြင့် ပျံသန်းလာပြီးအနောက်ဖက်တွင် အမြီးတန်းရှည်ကြီးကျန်ရစ်ခဲ့သည်။ အမြင့်ဆုံးအရှိန်ဖြင့် ခရီးသွားနေသောကြောင့်ဖြစ်ဟန်တူသည်။ တဝီဝီမြည်နေ၏။

လူအချို့က တညီတညွတ်တည်းမော့ကြည့်လိုက်သည်။

“သူတို့ဒီရောက်လာပြီ”

“သတ္တမသခင်လေးရောက်လာပြီ”

ကျန်သည့်သူများက မလှုပ်ရှားကာ ကောင်းကင်ကိုမော့ကြည့်လိုက်၏။

မျက်စိတစ်မှိတ်အတွင်း အစိမ်းရောင်ဝတ်ရုံနှင့်လူကပေါ်လာသည်။ သူက လက်ပိုက်ထားလျက် အေးစက်သောအကြည့်ဖြင့်ရောက်လာသော တိမ်ခွင်းရထားလုံးကိုကြည့်လိုက်သည်။

“နှုတ်ခွန်းဆက်ပါတယ် ဒုတိယသခင်လေး”

အဆိပ်တစ်သောင်းဂိုဏ်း၊ ဖူးပွင့်ခြင်းအင်အားစုနှင့် မိစ္ဆာဘုရားကျောင်းမှ လူများသည် တညီတညွတ်တည်းအရိုအသေပေးလိုက်သည်။

ယွီရှန်းရုန်က သူတို့ကို လျစ်လျူရှုထား၏။ သူသည် တိမ်ခွင်းရထားလုံးကို ဆက်လက် စိုက်ကြည့်နေသည်။

တိမ်ခွင်းရထားလုံးက လျန့်စီရင်စုမြေပေါ်သို့ရောက်လာသည်။ ယင်းကိုမြင်သောအခါ ယွီရှန်းရုန်က လေထဲသို့ပျံတက်လိုက်သည်။

ပဲ့တင်ထိန်းနေသော စီးဝူယာ့သည် ယွီရှန်းရုန်ကို မြင်သောအခါ အရိုအသေပေးလိုက်၏။

“နှုတ်ခွန်းဆက်ပါတယ် အာ့ရှစ်ရှိုး”

အကြည့်တစ်ချက်ဖြင့် ယွီရှန်းရုန်သည် ရထားလုံးပျံထဲတွင် လှဲနေသော ယွီကျန့်ဟိုင်ကို တွေ့လိုက်ရသည်။ သူသည် သူ၏စွမ်းအင်ဖြင့် ယွီကျန့်ဟိုင်ကို စစ်ဆေးခဲ့ရာ မည်သည့်အငွေ့အသက်မှ မတွေ့ရပေ။ ယွီကျန့်ဟိုင်က သေသူတစ်ယောက်ပမာဖြစ်နေ၏။ ယင်းကို တွေ့သောအခါ သူက မျက်မှောင်ကျုံ့သွားသည်။ သူက မေးလိုက်သည်။ “ရှစ်စွင်း သိလား”

“သိတယ် ... ရှစ်စွင်းရောက်လာတဲ့အချိန်က သိပ်နောက်ကျသွားပြီ။ တာ့ရှစ်ရှိုးက တိမ်တိုက်အမျက်ဒေါသမြစ်ပေါ်မှာ လျိုကုနဲ့ တိုက်ခိုက်ခဲ့တာ။ သူတို့နှစ်ယောက်ကလက်ရည်ညီနေတယ်။ နောက်ဆုံးနှစ်ယောက်လုံးသေသွားတယ်” စီးဝူယာ့သည် တည်ငြိမ်စွာပြောလိုက်၏။

ယွီရှန်းရုန်က ခေါင်းခါလိုက်သည်။ သူက ထူးမခြားနားပြောလိုက်၏။

"လျိုကုက လွယ်ကူတဲ့သူတစ်ယောက် မဟုတ်ဘူးလို့ သူ့ကို ငါပြောသားနဲ့။ သူသာ ငါပြောတာကို နားထောင်ခဲ့ရင် ဒါမျိုးဖြစ်မှာမဟုတ်ဘူး”

ဒုတိယသခင်လေးက ပြောနေချိန်၌ ကျန်သည့်သူများက နားထောင်ရုံသာတတ်နိုင်သည်။

စီးဝူယာ့က သက်ပြင်းချလိုက်၏။ “အခုမှတော့ ဒါကို ဆွေးနွေးလို့အကျိုးမထူးတော့ဘူး။ ရှစ်စွင်းက ကုသပေးခဲ့ပေမဲ့ သူက တာ့ရှစ်ရှိုးရဲ့အသက်ကို မျှင်မျှင်လေးပဲထိန်းထားနိုင်တာ”

ယွီရှန်းရုန်သည် တိမ်ခွင်းရထားလုံးပျံထဲဝင်လိုက်၏။ သူက ယွီကျန့်ဟိုင်ဘေးတွင်ရပ်ကာ ငုံ့ကြည့်လိုက်သည်။

တိမ်ခွင်းရထားလုံးက တိတ်နေ၏။

ကျီ

ရုတ်တရက် ယွီရှန်းရုန်၏သက်တော်ရှည်ဓားသည် ဓားအိမ်ထဲမှထွက်သွား၏။ ဓားထံမှ အနီရောင် အလင်းသည် ယွီကျန့်ဟိုင်၏ခန္ဓာကိုယ်ထဲသို့ရောက်သွားပြီးနောက် ဓားအိမ်ထဲပြန်ရောက်သွားသည်။

ယွီရှန်းရုန်ကမေးလိုက်၏။ “ရှစ်စွင်း ဘာပြောသေးလဲ”

စီးဝူယာ့သည် လုကျိုး၏စကားများကို ယွီရှန်းရုန်ဆီပြန်ပြောပြီးနောက် သူကဆက်ပြောလိုက်၏။

“ကျွန်တော် တာ့ရှစ်ရှိုးကို လို့လန်ဆီခေါ်သွားပြီး တာ့ရှစ်ရှိုးပထမဆုံးမြှုပ်နှံခဲ့တဲ့နေရာကို သွားရှာမယ်”

ကျန်သည့်သူများသည် ထိုစကားကိုကြားသောအခါ ထိတ်လန့်သွားလေ၏။

ကျန်းအိုက်ကျန့်က ခေါင်းခါလိုက်သည်။ သူက ရှေ့တိုးကာ စီးဝူယာ့ကိုပြောလိုက်၏။ “မင်းမှာ အရင်းအမြစ်ရှိတယ်ဆိုတာ သိတယ်။ ဒါပေမဲ့ လို့လန်က လူတွေက စုန်းအတတ်နဲ့သူတို့မြို့ကို အုပ်ချုပ်နေတာ။ မော့လီနဲ့ပါမားနှစ်ယောက်လုံးက တာ့ယန်မှာသေဆုံးခဲ့တာ။ အခု အံ့ဖွယ်မြို့တော်က ဖရိုဖရဲဖြစ်နေပြီး သူတို့တွေက ငါတို့မြေကို သိမ်းပိုက်ဖို့အခွင့်အရေးစောင့်နေရုံပဲ။ မင်းအခုနေမှာ လို့လန်ကိုသွားရင်သေလမ်းသွားရှာတာမဟုတ်ဘူးလား”

စီးဝူယာ့က ပြော၏။ “တာ့ရှစ်ရှိုးကိုကယ်ဖို့ နည်းလမ်းတစ်ခုပဲရှိတယ်။ ငါ သူ့ကိုကယ်နိုင်မယ်ဆိုရင် စွန့်စားမှာပဲ”

ကျန်သည့်သူများသည် သူ့စကားကို ကြားသောအခါ ခေါင်းညိတ်လိုက်ကြ၏။

ထိုစဉ် ယွီရှန်းရုန်က ပြောလိုက်သည်။ “ငါ့ဆီအပ်ထားလိုက်”

“အာ့ရှစ်ရှိုး”

“ငါ လို့လန်ကိုသွားမယ်” ယွီရှန်းရုန်က လက်တစ်ဖက်မြှောက်လိုက်၏။ လက်ငါးချောင်းစွမ်းအင်သည် ယွီကျန့်ဟိုင်ကို သယ်ဆောင်သွားသည်။

“ဒါပေမဲ့”

“ငါ့မှာ သက်တော်ရှည်ဓားရှိပြီး သူ့ရဲ့အသက်ကို ဆွဲဆန့်ထားနိုင်တယ်။ မင်း ဆွဲဆန့်နိုင်လား”

ယွီကျန့်ဟိုင်က စီးဝူယာ့ကိုကြည့်လိုက်၏။ “ဒါ့အပြင် မင်းရဲ့ကျင့်ကြံဆင့်က အားနည်းလွန်းတယ်”

“…”

“ထပ်မပြောနဲ့တော့ ... ငါ့မှာ ဓားရှိသရွေ့ သူ့အသက်ရှင်ဖို့ကတိပေးတယ်” ယွီရှန်းရုန်သည် ယွီကျန့်ဟိုင်ကိုခေါ်ပြီး တိမ်ခွင်းရထားလုံးထဲမှ ထွက်သွား၏။

ကျန်သည့်သူများက ဓားနတ်ဆိုးယွီရှန်းရုန်ကို ဇဝေဇဝါကြည့်လိုက်သည်။ သူက နဲနဲလေး ကမူးရူးထိုးနိုင်မနေဘူးလား။ သူ အစီအစဉ်အရင်မချတော့ဘူးလား။ ဗျူဟာတွေ ဘာတွေမလုပ်တော့ဘူးလား။ သူ ရူးနေတာလား။

“ဒါနဲ့ အံ့ဖွယ်မြို့တော်ရဲ့အခြေအနေက ဘယ်လိုလဲ ချိရှစ်တိ”

“လျိုကုသေသွားပြီ။ ငရဲဂိုဏ်းအတွက်အောင်ပွဲရခဲ့တယ်။ ရှစ်စွင်းကိုယ်တိုင် အံ့ဖွယ်မြို့တော်ကို စောင့်ကြည့်ပေးနေတယ်။ အဲ့မှာလုံခြုံဘေးကင်းပါတယ်” စီးဝူယာ့ကပြောလိုက်၏။

“ဟုတ်ပြီ” ယွီရှန်းရုန်က တခြားမျိုးနွယ်များဖက်လှည့်ကြည့်လိုက်၏။ "ငါ့အတွက် လျန့်စီရင်စုကို ကြည့်ထားပေး”

စီးဝူယာ့က အကြပ်ရိုက်သွား၏။ အမ်း ... သူက ပေါ့ပေါ့သေးသေးမှတ်နေတာလား။ သူက ကစားသမားတွေကိုလဲပြီးတော့ ဒီနေရာကနေထွက်ခွာသွားပြီ။

ဟီး

မြင်းဟီသံက ပေါ်လာ၏။

ကျန်သည့်သူများက ထိတ်လန့်သွားပြီး ရုတ်ရုတ်သဲသဲဖြစ်ရာဖက်ကို လှည့်ကြည့်လိုက်သည်။ လို့လန်တို့ ကျူးကျော်လာသည်ဟုထင်သွား၏။ သို့သော်ငြား မြင်းပေါ်တွင်စီးလာသော မင်ရှစ်ရင်ကို သူတို့မြင်လိုက်ရသည်။

မြင်းက ပတ္တမြားရောင်ကုန်းနှီးနှင့် နှင်းဖြူရောင်ကုတ်ရှိသည်။ သူ၏မျက်လုံးများက ရွှေရောင်သန်းနေ၏။ ကြည့်ရသည်မှာ ထူးချွန်လှပေ၏။

“ဟီး ဟီး ဟီး ... လာစမ်းပါ။ မင်းကိုစောဒကတက်မှာမဟုတ်ဘူး။ ဒါတောင် မင်းက စောဒကတက်နေတယ်”

ကျန်သည့်သူများက ထိတ်လန့်သွား၏။ ဒါက စတုတ္ထသခင်လေးပဲ။

“စတုတ္ထသခင်လေးမှာ ဒီလိုစီးတော်သားရဲရှိတယ်လား” စီးဝူယာ့က စိတ်ရှုပ်ထွေးနေသောအကြည့်ဖြင့် မြင်းပေါ်တွင်ရှိနေသော မင်ရှစ်ရင်ကို စေ့စေ့စပ်စပ် ကြည့်လိုက်သည်။ သူ မည်သည့်အကြောင်းကြောင့် ဤနေရာသို့ရောက်လာမှန်းမသိပေ။

မင်ရှစ်ရင်က ရပ်တန့်ကာ မြင်းပေါ်မှ ခုန်ဆင်းလိုက်၏။ “နှုတ်ခွန်းဆက်ပါတယ် အာ့ရှစ်ရှိုး”

ယွီရှန်းရုန်က ခပ်ဖျော့ဖျော့ပြုံးလျက်ပြောလိုက်သည်။ "ဒီရက်တွေမှာ မင်း ဒီနားတစ်ဝိုက်မှာ ဘာကြောင့်ယောင်ပေပေလုပ်နေတာလဲ”

“ကျွန်တော်လား ကျွန်တော့်ကို တခြားတစ်ယောက်နဲ့မှားတာဖြစ်ပါလိမ့်မယ်” မင်”ရှစ်ရင်က ခေါင်းကုတ်လျက် ယွီရှန်းရုန်ဘာပြောနေမှန်း မသိသည့်ပမာပြုမူလိုက်သည်။

“မင်းက အမြဲချီရှစ်တိနဲ့အဆင်မပြေဖြစ်ခဲ့တာ။ အခုတခြားမျိုးနွယ်တွေ ကျုးကျော်လာနိုင်ချေရှိတော့ မင်းတို့နှစ်ယောက်လုံး အတိတ်ကို ခဝါချပြီးတစ်ယောက်နဲ့တစ်ယောက်ကူညီကြ” ယွီရှန်းရုန်က ပြောလိုက်သည်။

“သိပါပြီ” မင်ရှစ်ရင်၏အကြောင်းပြန်မှုက စိတ်ရင်းမပါတာသိသာသည်။ သူဖာသာသူ တွေးလိုက်သည်။ ရှစ်ရှိုးကမှ တာ့ရှစ်ရှိုးနဲ့ ပိုတောင်အစေးမကပ်သေးတာ။

“လျန့်စီရင်စုကို ကာကွယ်ဖို့က ငါမရှိရင် ပိုခက်ခဲမှာသိသာတယ်။ ပြဿနာရှိလာခဲ့ရင် ရှစ်စွင်းကို အကူအညီတောင်း မောက်မာထောင်လွှားပြီး မင်းတို့ရဲ့ရန်သူတွေကို လျှော့တွက်မနေနဲ့” ယွီရှန်းရုန်က ပြော၏။

“သိပါပြီ” သူက ပြောလိုက်သော်ငြား မင်ရှစ်ရင်က စိတ်ထဲတွင်တွေးလိုက်၏။ ဒီအကြံဉာဏ်က ရှစ်ရှိုးနဲ့ ပိုလိုက်ဖက်တယ်လို့ဘာကြောင့် ခံစားမိနေပါလိမ့်။ သူက သူ့အတွေးများကို ထုတ်မပြောရဲပေ။

ယွီရှန်းရုန်က ပြုံးလျက်ပြောလိုက်သည်။ “ဒါဆို မင်းဆီအပ်ထားလိုက်မယ်။ သွားတော့မယ်” ယွီရှန်းရုန်က လှည့်ထွက်သွားပြီး ပျံသန်းသွားတော့မည့်အချိန်တွင် …

ဟီး ....

ကျီလျန့်က ယွီရှန်းရုန်ရှေ့သို့အမြန်ပျံသန်းသွားပြီး သူ့လမ်းကြောင်းကို ပိတ်လိုက်၏။

ဟီး

ကျီလျန့်က ခေါင်းမော့လိုက် ငုံ့လိုက်ဖြင့် ခေါင်းညိတ်ပြနေသည်။

“ဟေ့ ဟေ့ ဟေ့ ကျီလျန့် ... ဒါဘာလဲ။ အာ့ရှစ်ရှိုးရဲ့လမ်းမှာ ရပ်မနေနဲ့လေ” မင်ရှစ်ရင်က အံ့ဩသင့်သွား၏။

ဟီး ဟီး ဟီး

ကျီလျန့်က ဆက်လှုပ်ရှားနေ၏။

ယွီရှန်းရုန်က ခန့်မှန်းလိုက်သည်။ “မင်းက ငါ့ကို လို့လန်ဆီခေါ်သွားချင်တာလား”

ကျီလျန့်က ခေါင်းညိတ်လိုက်၏။

ကျန်သည့်သူများက ထိတ်လန့်သွားကာ ကျီလျန့်ကိုကြည့်လိုက်သည်။

“မယုံနိုင်စရာကောင်းတဲ့မြင်းပဲ”

“ဉာဏ်ရည်ရှိတဲ့ မြင်းတစ်ကောင် ... တကယ်ဒဏ္ဍာရီလာစီးတော်သားရဲပဲ”

“ဒုတိယသခင်လေး မင်းက ဒီမြင်းနဲ့ရေစက်ပါတာပဲ။ လို့လန်ဆီခေါ်သွားပေးမယ်ဆိုရင် အောင်ပွဲက မြင်းနဲ့အတူပြန်လာလိမ့်မယ်”

မင်ရှစ်ရင် “...”

ကယ်ဆယ်ရေးတာဝန်၌ စက္ကန့်တိုင်းကိုထည့်တွက်ရသည်။ မင်ရှစ်ရင်က ကျီလျန့်နှင့်သွားရန် ငြင်းစရာမရှိပေ။ သူက ပြောလိုက်၏။ “သိပ်ကောင်းတယ်”

ပြီးနောက် သူသည် ကျီလျန့်၏နောက်ကျောပေါ် ယွီကျန့်ဟိုင်ကို ခေါ်ပြီးခုန်တက်လိုက်၏။ ကျီလျန့်က အင်မတန်ယဉ်ပါး၏။

မင်ရှစ်ရင်

ယွီရှန်းရုန်က ပြောလိုက်၏။ “ငါ တောင်းပန်ပါတယ် စစ်ရှစ်တိ”

“မလိုပါဘူး။ မလိုပါဘူး။ တောင်းပန်ဖို့မလိုပါဘူး။ မြင်းက ပြောရရင် ရှစ်စွင်းဟာပဲလေ” စိတ်ထဲတွင် မင်ရှစ်ရင်က ကျီလျန့်ကိုအကြိမ်တစ်ထောင်ကျော်ကျိန်ဆဲပြီးနေပြီဖြစ်သည်။

ယွီရှန်းရုန်က ခေါင်းညိတ်လိုက်သည်။ သူက ဘာမှထပ်မပြောတော့ပေ။ သူက မြင်းစီးပြီးနောက် အနောက်အရပ်ရှိတောအုပ်ဆီသို့ ပျံသန်းသွား၏။

ထိုစဉ် တောအုပ်၏မြောက်အရပ်ရှိ ပုန်းခိုရာဝပ်ကျင်းထဲတွင် မျက်နှာဖုံးဝတ်ထားသော လို့လန်တစ်ယောက်သည် ကျီလျန့်ကိုတွေ့လိုက်၏။ သူက သူ့အခြေစိုက်စခန်းသို့ ချက်ချင်းပြန်သွားသည်။

အခြေစိုက်စခန်းတွင် စစ်သူကြီးကာရိုးက သတင်းရသောအခါ ပြုံးလိုက်၏။

“လျန့်စီရင်စုကနေ ဘယ်သူထွက်သွားလဲဆိုတာသိလား”

“အရှင် ဝေးနေတယ်ဆိုပေမဲ့ မြင်းပေါ်ကလူက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ဒုတိယတပည့်ယွီရှန်းရုန်ဆိုတာ သေချာပါတယ်။ ဒါ့အပြင် သူက သူနဲ့အတူ လူနာတစ်ယောက်ခေါ်လာတဲ့ပုံပဲ”

“သိပ်ကောင်းတယ်” ကာရိုးက ပြောလိုက်၏။ “အဲ့ဒီလူကို မျက်စိထောက်လျှောက်ကြည့်ထားဖို့ လို့လန်ကို ပြောလိုက်။ အခြေအနေတွေက အခွင့်အရေးပေးရင် သူ့ကိုသတ်လိုက်”

“နားလည်ပါပြီ”

..

All Chapters