← Chapters

အခန်း (၅၉၈-၆၀၀)

Vol. 40 Ch. 598-600

အခန်း (၅၉၈-၆၀၀)

Vol. 40 Ch. 598-600

အခန်း (၅၉၈) ကောင်းကင်ကျုံး

ရို့လီစခန်းဘက်တွင် ရို့လီကျင့်ကြံသူများက မီးပုံနား စုဝေးရင်း သေရည်သောက်ကာ အသားများ စားနေကြသည်။ သူတို့က လျန့်စီရင်စုကို ကျူးကျော်မည့် အရိပ်အယောင် မပြပေ။

ကာရိုးက အပြင်ဘက်ထွက်လာကာ ကောင်းကင်ကို မော့ကြည့်လိုက်သည်။ သူ့အကြည့်များက အေးစက်နေပြီး “ကာရန် … ငါ မကြာခင် မင်းအတွက် လက်စားချေပေးနိုင်တော့မယ် ”

…………..…

ညဘက်တွင်

တောအုပ်တစ်ခုလုံး တိတ်ဆိတ်နေလေ၏။

တစ်နေ့တာလုံး အရှိန်အပြည့်ဖြင့် ခရီးနှင်လာပြီးနောက် ယွီရှန်းရုန်က အနားယူဖို့ ရပ်လိုက်သည်။

ကျီလျန့်၏ လုပ်ဆောင်မှုက သူ့ထင်မြင်ချက်ကို ကျော်လွန်နေသည်။ မမြင်နိုင်သည့် အခြေအနေများရှိခဲ့သော်လည်း ကျီလျန့်က သူ့အား ကောင်းကင်ကျုံးကို ဖြတ်သန်းနိုင်အောင် ခေါ်လာခဲ့သည်။

ကောင်းကင်ကျုံးက တောအုပ်အလွန်တွင် တည်ရှိ၏။ ဤသည်က တာ့ယန်နှင့် အနောက်ပိုင်းဒေသကြား တိမ်ထဲ တိုးဝင်နေသည့် တောင်များရှိရာ နယ်ပယ်၏ နာမည် ဖြစ်၏။ ထိုအရာကို ဖြတ်သန်းဖို့ ကျင့်ကြံသူတစ်ယောက်က ကျွမ်းကျင်နေရမည်။ မဟုတ်ပါက ရထားလုံးပျံဖြင့် သွားဖို့ လိုအပ်သည်။ ကောင်းကင်ကျုံးအနား တခြားဘက်မှ လူများမကျူးကျော်လာစေဖို့အတွက် နယ်စပ်တွင် တစ်နှစ်ပတ်လုံး စောင့်ကြပ်နေသည့် တပ်သားများ ရှိနေတတ်သည်။ သာမန်အခြေအနေအောက်တွင် ကောင်းကင်ကျုံးကို ဖြတ်သန်းဖို့ ခက်ခဲလှ၏။

အံ့ဖွယ်မြို့တော်မှ အနှောင့်အယှက်များ ဖြစ်ပျက်အပြီး ဝေ့ကျိုးယန်က သူ့တပ်ဖွဲ့ကို ပြန်ခေါ်ခဲ့သည်။ ယခုအခါ ထိုနေရာက ဆိတ်ငြိမ်နေသည်။

ယွီရှန်းရုန်က ကောင်းကင်ကျုံးအား တစ်ချက်ကြည့်လိုက်သည်။ ကြယ်တာရာများမှလွဲ၍ သူက ဘာမှမမြင်ရပေ။ ထို့နောက် သူက သစ်ပင်ပေါ် မှီထားခဲ့ပြီး သတိမေ့နေသည့် ယွီကျန့်ဟိုင်အား ကြည့်လိုက်သည်။

“ မင်းက လို့လန်ကို ဒီလောက်မုန်းတီးနေမှတော့ ငရဲဂိုဏ်းက အားအကောင်းဆုံး ဖြစ်နေတုန်း သူတို့ကို ဘာလို့မနှိမ်နင်းလိုက်တာလဲ။ မင်းက အံ့ဖွယ်မြို့တော်ကိုတောင် အုပ်စိုးနိုင်သေးတာပဲ ”

ယွီကျန့်ဟိုင်က မဖြေသလို ဖြေနိုင်ခြင်းလည်း မရှိပေ။

“အဲဒီတုန်းက ငါတို့နှစ်ယောက် ရှစ်စွင်းနဲ့ တိုက်ပြီး ရှုံးသွားတုန်းက ငါသာ နောက်ဆုံးလက်ဝါးချက်နဲ့ မရိုက်မိလိုက်ရင် လျိုကုက မင်းကို ခိုးကြောင်ခိုးဝှက် သတ်ဖို့ အခွင့်ကောင်းယူသွားနိုင်မှာ မဟုတ်ဘူး။ အဲဒီသေဆုံးမှုက ငါ့လက်ပေါ်မှာပဲ … ဒါပေမဲ့ မင်းကို ရိုက်လိုက်လို့ နောင်တမရခဲ့ဘူး။ မဟာနွယ်နဲ့ ဝူချီအန်းကြားက ရန်ငြိုးက ငါတို့ပခုံးပေါ်မှာပဲ မထားသင့်ဘူးလို့ မထင်ဘူးလား ”

တိတ်ဆိတ်နေသည့် တောအုပ်အတွင်း ယွီရှန်းရုန်က သတိမေ့နေသည့် လူတစ်ယောက်အား စကားပြောနေခဲ့သည်။

“လိုလန်က မင်းအသက်ကို ယူထားမှတော့ ငါ သူတို့အသက်ကို ယူပြီး မင်းကို ပေးမယ်။ ငါတို့တွေ ကြေပြီနော်။ မင်း ဘာပြောချင်လဲ … မင်းထင်တာ ပြောပါဦး။ တိတ်တိတ်နေတာက သဘောတူညီတာလို့ ယူဆလိုက်ပြီနော် ”

ယွီရှန်းရုန်က ဆက်မပြောတော့ပေ။

ဟီး…

ကျီလျန့်က ပြန်ဖြေလာ၏။

ယွီရှန်းရုန်က ယွီကျန့်ဟိုင်၏ အသက်ဓာတ် အားနည်းလာသည်ကို ခံစားမိလိုက်ပြီး သက်တော်ရှည်ဓားကို ဆွဲယူလိုက်သည်။ ထို့နောက် နောက်ထပ် အနီရောင်ဓားအလင်းရောင်က ယွီကျန့်ဟိုင် ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားကာ ဓားက ဓားအိမ်ထဲ ပြန်လည်ရောက်ရှိသွားသည်။

“ငါတို့ ဒီအတိုင်းဆက်နေနေရင် နှစ်ယောက်လုံး သေသွားလိမ့်မယ်” ယွီရှန်းရုန်၏ မျက်နှာအထက် အပြုံးတစ်ပွင့် ပေါ်လာကာ “ဒါပေမဲ့ ကောင်းကင်ဘုံက ငါတို့ကို အလွယ်လေး သေခိုင်းမယ် မထင်ဘူး ”

ယွီရှန်းရုန်က ရုတ်ခြည်းဆိုသလို သူ့သက်တော်ရှည်ဓားကို မကာ လက်မဖြင့် ဓားအိမ်မှ ဆွဲထုတ်လိုက်သည်။

ဝှစ်

သူ့သက်တော်ရှည်ဓားက အဝေးတစ်နေရာမှ သစ်ပင်ကို ဖြတ်ကျော်သွားသည်။

ဝှစ်

သူ့သက်တော်ရှည်ဓားက သစ်ပင်နောက်တွင် ပုန်းနေသည့် ကျင့်ကြံသူထံ အတိအကျ စိုက်ဝင်သွားသည်။

ယွီရှန်းရုန်က ဘာမှမဖြစ်သကဲ့သို့ ပြုံးလိုက်ကာ “ ဒါက ပထမပဲ ”

ထို့နောက် သူက မတ်တတ်ရပ်ကာ ယွီကျန့်ဟိုင်အား ကျီလျန့်ပေါ် တင်လိုက်သည်။ အမျိုးသားနှစ်ယောက်နှင့် မြင်းတစ်ကောင်က တောအုပ်မှ ပျံသန်းထွက်လာကြသည်။

ယွီရှန်းရုန်က နောက်ထပ် သစ်ပင်နောက်တွင် တိတ်တဆိတ် လဲလျောင်းနေသည့် လူတစ်ယောက်အား ချန်ထားခဲ့သည်။ ထိုလူက အသက်ပင့်ရှိုက်လိုက်ရင်း “ဒါက တာ့ယန်ရဲ့ဓားနတ်ဆိုးမလား။ ငါတို့ကို စစ်သူကြီးကာရိုးက သူ့ကို ကြားဖြတ်တိုက်စေချင်တာလား။ စစ်သူကြီးကို မြန်မြန်ပြောပြရမယ် ”

သူ့စကားအဆုံးတွင် အသံတစ်သံ ထွက်ပေါ်လာသည် “ရောင်းရင်း ”

“ဟမ်”

“အားနာပါရဲ့ … မင်း အဲဒီစာကို ပို့နိုင်တော့မယ် မထင်ဘူး ”

ထိုအမျိုးသားက မော့ကြည့်လိုက်သည့်အခါ သက်တော်ရှည်ဓားက သူ့ဆီ ကျရောက်လာသည်ကိုသာ မြင်လိုက်ရ၏။

“ဒါက ဒုတိယမြောက်ပဲ ”

ဓားက ဓားအိမ်အတွင်း ပြန်လည်ရောက်ရှိသွားသည်။

ယွီရှန်းရုန်က ကျီလျန့်၏ ကျောပေါ် ပြန်ရောက်လာ၏။

ကျီလျန့်က ကောင်းကင်ကျုံးကို ဆက်လက်၍ ပျံသန်းလိုက်သည်။

ကောင်းကင်ကျုံးက ပေတစ်သောင်း ရှည်လျားကာ မိုးထိလုမတတ် မြင့်မားသည့် တောင်နယ်နမိတ် ဖြစ်ပြီး အနောက်ပိုင်းဒေသနှင့် တာ့ယန်အား ပိုင်းခြားပေးထားသည်။ ထူးကဲသည့် အမြင့်ကြောင့် လူများစွာအား အုပ်စိုးဖို့ လက်လျှော့သွားစေခဲ့သည်။

ကျင့်ကြံသူများစွာက တခြားမျိုးနွယ်စုဝင်များ၏ နယ်မြေကို ရောက်ဖို့ အနောက်မြောက်မှ သွားရသည်။ သို့သော်လည်း ထိုအရာက ခရီးဖင့်ကာ အချိန်ကုန်လှသည်။

ယွီရှန်းရုန်က ဆားငန်တောင်သို့ ပြန်ရောက်လာသည့်အခါ မုရှီးသင်္ချိုင်းကို မတွေ့ခင် ပွင့်ချပ်ရှစ်လွှာအဆင့်ဖြင့် ငါးရက်တာ အချိန်ယူခဲ့ရသည်။ လမ်းလွဲသွားခြင်းက သင့်တော်သည့် ရွေးချယ်စရာ မဟုတ်ပေ။ ထို့အပြင် သူက ယွီကျန့်ဟိုင်အား ကယ်တင်ဖို့ ကြိုးစားနေခြင်း ဖြစ်၏။

သူ့တွင် ကျီလျန့်ရှိနေ၍ မည်မျှကံကောင်းလိုက်သနည်း။

ကျီလျန့်က ယွီရှန်းရုန်နှင့် လိုက်ဖက်ညီဟန်ပေါ်သည်။ သူက မည်မျှပင် လုပ်စေကာမူ ကျီလျန့်က သူ့လိုချင်သည့် ဆိုလိုရင်းကို ချက်ချင်းနားလည်သွားလိမ့်မည်။

ကျီလျန့်က အမြင်ကန့်သတ်ချက်ရှိသည့် ကျင့်ကြံသူလို မဟုတ်ဘဲ အမြင့်ကို မကြောက်ဘဲ တည့်တည့်ပျံသန်းလိုက်သည်။

တောအုပ်က ကြီးမားလွန်းလှသည်။ ပျံသန်းရေးအရာတွင် ကျွမ်းကျင်သူများက အမြင့်ကန့်သတ်ချက်ကို စမ်းသပ်ကြလိမ့်မည်။

ထူးဆန်းသည့်အရာမှာ ကျင့်ကြံသူများက သေချာသည့် အနေအထားတစ်ခုသို့ ရောက်သွားသည့်အခါ ကမ္ဘာဦးချီ ပြတ်လပ်သွားကြလိမ့်မည်။ ထိုအရာကို တွေ့ရှိပြီးကတည်းက ကျင့်ကြံသူများက ခပ်မြင့်မြင့် ပျံသန်းခြင်းမျိုး မကြိုးစားကြတော့ပေ။

ကောင်းကင်ကျုံးက ကန့်သတ်ချက်လောက် မမြင့်သေးပေ။

ကျီလျန့်က တောင်တစ်ဝက်လောက်အထိ ပျံသန်းလာပြီးနောက် အပူချိန်က ရုတ်ခြည်း လျော့ကျသွားသည်။ အေးစက်မှုက အစားထိုးဝင်ရောက်လာ၏။

ကြည့်ရသည်မှာ သူတို့အထက် နှင်းမုန်တိုင်း ရှိနေဟန်ပေါ်သည်။

ယွီရှန်းရုန်က ကာကွယ်ရေးစွမ်းအားကို အသက်သွင်းကာ ယွီကျန့်ဟိုင်နှင့် ကျီလျန့်ကိုပါ ဖုံးလွှမ်းပေးထားလိုက်သည်။

“လောင်စစ်က မင်းကို ကျီလျန့်လို့ ခေါ်လိုက်သလိုပဲ … မင်းက ငါနဲ့တော်တော်ကိုက်တာပဲ။ တကယ်လို့ ဖြစ်နိုင်ရင် နောက်ကျ ငါနဲ့အတူတူ နေပါ့လား” ယွီရှန်းရုန်က မေးလိုက်သည်။

ဟီး

ကျီလျန့်က ဆက်ပျံသန်းနေရင်း ပြန်ဖြေလိုက်သည်။

“ကောင်းပြီ ”

ဟီး ဟီး

“ ရှစ်စွင်းကို စိတ်ပူစရာ မလိုဘူး။ သူ့ဆီမှာ ပါးစပ်တွေအများကြီး ရှိတယ်။ မင်းကို လွမ်းနေမှာ မဟုတ်ဘူး”

ဟီး ဟီး ဟီး

“လာပြီ”

ထိုစဉ် ကောင်းကင်ကျုံးအထက် နှင်းမုန်တိုင်းက ပြင်းထန်လာသည်။

ယွီရှန်းရုန်က ခပ်ယဲ့ယဲ့ ပြုံးကာ “ငါ့နောက်ကနေ လိုက်ခဲ့ ”

သူက ကျီလျန့် ကျောမှ အသာခွာကာ လေထဲ ပျံသန်းရင်း စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆင့်ခေါ်လိုက်သည်။

ဝှစ်

ပေ ၉၀ အမြင့်ရှိ ကြာက နှင်းများအား ကာဆီးပေးထားသည်။

ယွီရှန်းရုန်က ခေါင်းခါလိုက်ပြီး သက်ပြင်းချကာ “ဒီလိုအချိန်ဆို ရွှေကြာက အသုံးဝင်တယ် …”

မည်သို့ပင်ဆိုစေကာမူ သူ့အမူအရာက မပြောင်းမလဲ ကျန်ရှိနေဆဲ ဖြစ်၏။ ထို့နောက် ကောင်းကင်ကျုံးအမြင့်ဆုံး နေရာကို ဦးတည်နေသည့် ရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန်တစ်ခုက ပျံတက်လာသည်။

ထိုစဉ် ကောင်းကင်ကျုံးအနား ခံတပ်ပေါ်မှ တပ်သားများနှင့် ပြည်သူများက လုပ်လက်စကို ရပ်ကာ ကောင်းကင်ကျုံးအား မော့ကြည့်လိုက်ကြသည်။ ထိုအရာက ကောင်းကင်ကျုံးအပေါ်ဘက်ရှိ အမှောင်ထုထဲ မီးအိမ်တစ်ခု ဖြည်းဖြည်းချင်း တက်လာသလို ဖြစ်၏။

အနောက်ပိုင်းဒေသဘက်တွင် နယ်စပ်စောင့်ကြပ်နေသည့် တပ်သားများက ထိုမြင်ကွင်းကြောင့် လှုပ်ရှားလိုက်ကြသည်။ သူတို့က တပ်ဖွဲ့များအား နှိုးဆော်ကာ ကောင်းကင်ကျုံးဆီ ချီတက်လိုက်ကြသည်။

ယွီရှန်းရုန်က ကောင်းကင်ကိုသာ အာရုံစိုက်ထားသည်။ နှင်းမုန်တိုင်းက သူ့မြင်ကွင်းကို တားဆီးကာ ရွှေရောင်အလင်းအား ပိတ်ဆို့ထား၏။ သူ့စိတ်ဝိညာဉ်သဏ္ဌာန်ပေါ် မရေတွက်နိုင်သည့် နှင်းပွင့်များ ကျဆင်းလာကာ တောက်ပမှုကို တားဆီးထားသည်။ သို့သော်လည်း သူ့ဆုံးဖြတ်ချက်က မပျက်ပြားသွားပေ။

“ဖွင့်စမ်း” စိတ်ဝိညာဉ်သဏ္ဌာန် ဘေးပတ်လည်တွင် ရွှေရောင်ပွင့်ချပ်ခုနှစ်လွှာ ပေါ်ထွက်လာပြီး အထက်သို့ ပျံသန်းသွားသည်။

စိတ်ဝိညာဉ်သဏ္ဌာန်ပေါ်ရှိ နှင်းများက ချက်ချင်းဆိုသလို ကြာပွင့်ချပ်များကြောင့် လွှင့်စင်သွားသည့်အတွက် ပြန်လည်တောက်ပလာသည်။

ဝုန်း

စိတ်ဝိညာဉ်သဏ္ဌာန်က မုန်တိုင်းကို အဝေးတွန်းလွှတ်လိုက်ပြီး ဝေဟင်ထဲ အလင်းကွင်းတစ်ခု ချန်ထားခဲ့သည်။

ကျီလျန့်ကလည်း သူ့အတိုင်း လှုပ်ရှားကာ အနီးမှ လိုက်ပါလာသည်။

သူတို့က ကောင်းကင်ကျုံး၏ အခက်ဆုံး အပိုင်းကို ကျော်ဖြတ်ခဲ့ပြီး ထိပ်ဆုံးသို့ ရောက်ရှိသွားကြလေပြီ။

အေးစက်သည့် လေများက ပြင်းထန်လာ၏။

ယွီရှန်းရုန်က စိတ်ဝိညာဉ်သဏ္ဌာန်ကို ပြန်ရုတ်သိမ်းလိုက်သည့်အခါ သူ့မျက်ခုံး၊ ဆံပင်နှင့် ဝတ်ရုံကို နှင်းများ ဖုံးလွှမ်းသွားသည်။ သူက အအေးဓာတ်ကို အံ့တုဖို့ စွမ်းအားဖြင့် အကာအရံ ဖန်တီးလိုက်သည်။

ကျီလျန့်က မြည်ဟီးလိုက်၏။

ယွီကျန့်ဟိုင်ကို ကျောပေါ်တင်ဆောင်ရင်း ယွီရှန်းရုန်ဘေးနား ဆင်းသက်လိုက်သည်။

အမျိုးသားနှင့် မြင်းတစ်ကောင်က တာ့ယန်နှင့် အနောက်ပိုင်းဒေသကို ပိုင်းခြားထားသည့် ကောင်းကင်ကျုံး ထိပ်ဆုံးသို့ ရောက်ရှိသွားကြလေပြီ။

လေပြင်းတိုက်ခတ်သံက သူတို့နားများထဲ ပြည့်နှက်နေသည်။ တောင်ကို နှင်းများဖြင့် ဖုံးလွှမ်းလိုက်ပြီ ဖြစ်၏။ အဆုံးမဲ့ အနောက်ပိုင်းဒေသက အမှောင်ထုကြား ပျောက်ကွယ်သွားလေပြီ။

“ ငါ ပွင့်ချပ်ရှစ်လွှာအဆင့် ရောက်ခါစက ဒီနေရာကို ကိုယ့်ဘာသာ လာဖူးတယ်။ အခု ပြန်ရောက်လာပြီ။ ကြည့်ရတာ ပျင်းစရာကြီး”

ဟီး

ယွီရှန်းရုန်က မြင်းကျောပေါ်မှ ယွီကျန့်ဟိုင်အား ကြည့်လိုက်ကာ “ တာ့ရှစ်ရှိုးက ဒီနေရာကို မရောက်ဖူးဘူး။ ဒီလိုနေရာကနေ ရှုခင်းမျိုးကို ခံစားနိုင်မှာ မဟုတ်ဘူး ”

သူက တောင်ကို ငုံ့ကြည့်လိုက်သည်။ ဤသည်က ရှုခင်း ခံစားနေရမည့် အချိန်မဟုတ်ကြောင်း သိလေသည်။ ထို့အပြင် ယခုကား ထိုသို့ကြမ်းတမ်းသည့် မုန်တိုင်းကြား သူ့ကမ္ဘာဦးချီများကို ဖြုန်းတီးနေသည်က အန္တရာယ်များပေသည်။

သူက ကျီလျန့်ပေါ် ခုန်တက်ကာ လို့လန်ဘက် လက်ညိုးထိုးလိုက်ပြီး “ကျီလျန့် … နယ်စပ်က ကျင့်ကြံသူတွေကို ခါထုတ်ခဲ့ ”

ဟီး

ကျီလျန့်က လေထဲ ခုန်တက်လိုက်သည်။ သင့်တော်သည့် အမြင့်အနေအထားသို့ ရောက်သည့်အခါ ဦးတည်ရာ ထိန်းညှိလိုက်ပြီး အမြင့်ကို ထိန်းထားလိုက်သည်။ ထို့နောက် လျှပ်စီးလို အရှိန်ဖြင့် ဆက်တိုက်ပျံသန်းသွားသည်။

……………….

အံ့ဖွယ်မြို့တော်၊ တော်ဝင်မြို့တော်၏ တာ့ကျန်းနန်းဆောင်ထဲ

နန်းဆောင်က ညဘက်တွင် အင်မတန် တိတ်ဆိတ်နေသည်။

နှစ်ရက်တာ တရားထိုင်ပြီးသည့်နောက်တွင် လုကျိုးက သူ့ထူးခြားအံ့ဖွယ် စွမ်းအား ပမာဏတချို့ကို ပြန်လည်ရရှိလိုက်ပြီ ဖြစ်၏။ သူက တရားထိုင်တာ ရပ်လိုက်တော့မည့်ဆဲဆဲတွင် ခြေသံများ ချည်းကပ်လာသည်ကို ခံစားမိလိုက်သည်။

“ရှူး … ဒါက တော်ဝင်မြို့တော်ပဲ။ ဒီတစ်ခါ ငါတို့တာဝန်က စုံစမ်းဖို့၊ လုပ်ကြံဖို့ မဟုတ်ဘူး ”

“အမြဲစိမ်းနန်းဆောင်၊ တာ့ကျန်းနန်းဆောင်နဲ့ အတွင်းသိုလှောင်ခန်း … နေရာတိုင်းကို ရှာကြ။ ငါတို့တွေ သေတ္တာကို ရှာတွေ့ရမယ်။ အံ့ဖွယ်မြို့တော်က အခု ဖရိုဖရဲ ဖြစ်နေတာ။ ငါတို့တွေ ဒါပြီးသွားရင် အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး”

“နားလည်ပါပြီ”

“ငါတို့တွေ နောက်ထပ် တစ်နာရီနေရင် ပြန်တွေ့မယ်။ ခပ်သွက်သွက် လှုပ်ရှားကြ ”

…

အခန်း (၅၉၉) ကံဆိုးချင်တော့မင်းက မိစ္ဆာအိုကြီးကျိ မဟုတ်ဘူး

လုကျိုး၏နားက လှုပ်သွားလေ၏။

တိတ်ဆိတ်နေသော နန်းတော်သည် သူ့ကို ကောင်းကင်ကျမ်းစာမှ အကြားစွမ်းအားကို အသုံးပြုရန် သူ့အတွက် ပိုတောင်လွယ်ကူသွားစေ၏။

သူက မျက်လုံးဖွင့်လျက် နန်းတော်အပြင်ဖက်ရှိကောင်းကင်ကိုမော့ကြည့်လိုက်သည်။

အနက်ရောင်ပုံရိပ်က ပေါ်လာ၏။ ထိုပုံရိပ်သည် လျင်မြန်စွာလှုပ်ရှားနေပြီး နန်းတော်ထဲခိုးဝင်လာကာ စင်္ကြန်များဆီဖြတ်သွားလျက် ခွေးတစ်ကောင်ပမာ တရှုံ့ရှုံ့လုပ်နေတော့သည်။ သူသည် အနံ့ခံရာ၌ တမူထူးကဲသော အရည်အချင်းရှိပုံရ၏။ သူ ရပ်တန့်လိုက်သည့်အချိန်တိုင်းတွင် သူ၏နှာခေါင်းဝထိပ်၌ စွမ်းအင်ဖျော့ဖျော့ ဝေ့ဝဲနေတာကိုမြင်တွေ့ရ၏။ ပြီးနောက် ၎င်းက လျင်မြန်စွာပျောက်ကွယ်သွားသည်။

ထိုအချိန်၌ ကင်းလှည့်သည့်တော်ဝင်အစောင့်များသည် နန်းတော်အပြင်ဖက်၌ဖြတ်သွားသည်။

ပုံရိပ်က အခန်းတစ်ခုထဲဝင်ပြီးနောက် ပုန်းလိုက်သည်။ တဖန်စွမ်းအင်ဖျော့ဖျော့က သူ၏နှာဖျားဝ၌ ရစ်ဝဲလာပြီးနောက် ပျောက်ကွယ်သွားသည်။ သူက နှာခေါင်းတရှုံ့ရှုံ့ လုပ်နေ၏။ “အဲ့မှာ ဘယ်သူလဲ”

သူက လှည့်ကြည့်လိုက်ရာ ထိတ်လန့်မှုကြောင့် မျက်လုံးပြူးကျယ်သွား၏။ သူသည် အခန်းထဲတွင် ထိုင်ခင်းပေါ်၌ ထိုင်နေသော အဘိုးအိုတစ်ယောက်ကို တွေ့လိုက်ရသည်။ အဘိုးအိုက သူ့ကို အကဲဖြတ်နေသည့်ပမာ သူ့ကို မကြောက်ရွံ့ပုံပေါ်သည်။

“ဘာရှာနေတာလဲ လူငယ်လေး”

အနက်ရောင်ပုံရိပ်၏ နှလုံးခုန်နှုန်းက မြန်သွားတော့သည်။ သူက အဘိုးအိုကိုသာကြည့်နေ၏။ သူက တံတွေးမျိုချလျက် နှာခေါင်းရှုံ့ကာပြောလိုက်၏။ "ပွင့် ပွင့်ချပ်ငါး ငါးလွှာလား။"

လုကျိုးက ထိတ်လန့်အံ့ဩသင့်သွား၏။ “ငါက ပွင့်ချပ်ငါးလွှာအဆင့်မှာဆိုတာ မင်းပြောနိုင်တယ်ပေါ့”

အနက်ရောင်ပုံရိပ်က မေးခွန်းကို မဖြေပေ။ ထိုအစား သူက ပြောလိုက်၏။

“ဒါက မင်းရဲ့ကိစ္စမဟုတ်ဘူး။ အခုက စပြီး ခင်ဗျား ဘာသံမှမထွက်နဲ့။ မဟုတ်ရင် ခင်ဗျားကိုသတ်မယ်”

လုကျိုးက ခေါင်းညိတ်လိုက်၏။ သူက မုတ်ဆိတ်သပ်လျက် မေးလိုက်တော့သည်။

“မျက်တွင်းနက်မျိုးနွယ်လား”

အနက်ရောင်ပုံရိပ်က အနည်းငယ်ထိတ်လန့်အံ့ဩသင့်သွားသည်။ “ဟမ် ကျုပ်တို့အကြောင်း ခင်ဗျား သိတာလား”

“ငါ ငယ်ရွယ်စဉ်တုန်းက ယုံပေ့ကိုသွားခဲ့ဖူးတယ်။ မျက်တွင်းနက်မျိုးနွယ်က တခြားမျိုးနွယ်တွေကြားထဲမှာ ထူးချွန်ထက်မြက်တာမျိုး မဟုတ်ဘူး။ တာ့ယန်ကို ကျူးကျော်လာရအောင် မင်းကို ဘာကများ သတ္တိတွေပေးလိုက်လဲ” လုကျိုးသည် သူတို့ရာသီဥတုအကြောင်းပြောနေသည့်ပမာ ပေါ့ပေါ့ပါးပါးပြောလိုက်၏။

အနက်ရောင်ပုံရိပ်က ရယ်မောလျက်ပြောလိုက်၏။ “ဘာကြောင့် မရ ရမှာလဲ”

တာ့ယန်၏စီရင်စုကိုးခုသည် ကသောင်းကနင်း ဖြစ်နေလေ၏။ အံ့ဖွယ်မြို့တော်ကလည်း ယိုင်လဲနေပြီ ဖြစ်သည်။ တော်ဝင်အစောင့်များကလည်း ထိခိုက်မှုများထားကာ ကျောင်းတော်နှစ်ခုသည် ငရဲဂိုဏ်း၏တိုက်ခိုက်မှုကြောင့် ဖျက်ဆီးခံလိုက်ရ၏။ အမှန်တကယ်ပဲ တာ့ယန်ထဲဖောက်ဝင်ရန် အကောင်းဆုံးအချိန်ဖြစ်သည်။

လုကျိုးသည် တခြားမျိုးနွယ်များက အင်ပါယာကို ကျူးကျော်ရန် အတူတကွပေါင်းစည်းလာမည်ဟု မှန်းဆထားပြီးသားဖြစ်သည်။ သူတို့တာ့ယန်ထဲ ခိုးဝင်လာဝင်မည်ဟု သူ မထင်ထားရုံသာဖြစ်သည်။ လျန်စီရင်စုက ငြိမ်းချမ်းနေပြီး တိုက်ပွဲကြီးကြီးမားမား မဖြစ်တာ အံ့ဩစရာမရှိပေ။

လုကျိုးက မသိလိုက်မသိဖာသာမေးလိုက်သည်။ “မင်း ဘာရှာနေတာလဲ”

“ခင်ဗျား မမေးသင့်တဲ့ကိစ္စကိုမမေးနဲ့” အနက်ရောင်ပုံရိပ်သည် လုကျိုးနှင့်မလှမ်းမကမ်းတွင် ရပ်နေလျက် သူသည် လုကျိုးနှင့်အချိန်မရွေးတိုက်ခိုက်တော့မည့်အရိပ်အယောင်ပြနေသည်။

“သေတ္တာတစ်လုံးလား” လုကျိုးက သူ့ကိုဆက်ပြီးမျှားနေလေ၏။

“ခင်ဗျား ဘယ်လိုလုပ်သိတာလဲ” အနက်ရောင်ပုံရိပ်က ထိတ်လန့်သွားတော့သည်။

“ပွင့်ချပ်ကိုးလွှာပညာရှင်တစ်ယောက်ချန်ထားရစ်ခဲ့တဲ့ သေတ္တာတစ်လုံး ဟုတ်တယ်မလား”

အနက်ရောင်ပုံရိပ်သည် လုကျိုးကို ကြည့်နေစဉ် သူ၏မျက်လုံးက ပြူးကျယ်သွား၏။ သူက အမြန်ပြောလိုက်သည်။

"အဲဒါ ဘယ်နေရာမှာလဲဆိုတာ ကျုပ်ကို ပြောပြရင် ခင်ဗျားကို ချမ်းသာပေးမယ်” သူက သဘာဝကျကျပင် သူ့ရှေ့တွင် ထိုင်နေသည့်အဘိုးအိုက သူ့ထက်တောင် ပိုကြောက်မက်ဖွယ်ကောင်းသော ကျားတစ်ကောင်ဆိုတာ မသိပေ။

လုကျိုး၏ခွန်အားဖြင့် သူသည် တခြားမျိုးနွယ်များကို ပြဿနာမရှိပေ။ သို့သော် နန်းတော်ထဲသို့ သူတို့က ခိုးကြောင်ခိုးဝှက် ဝင်လာနိုင်စွမ်းရှိသောကြောင့် ထိုသို့ဖြစ်ရခြင်းအတွက် သူတို့အသက်ကိုစတေးရန် ပြဿနာဖြေရှင်းရပေမည်။

“မင်း ရည်ရွယ်ချက်ကို ပြောပြရင် မင်းကို ပြောပြမယ်” လုကျိုး၏သဘောထားက တည်ငြိမ်ပြီးခိုင်မြဲ၏။

အနက်ရောင်ပုံရိပ်က တဖက်လှည့်ကာ ပြတင်းပေါက်ကိုကြည့်လိုက်သည်။

မှောင်နေလေပြီ။ တော်ဝင်မြို့က ကြီးမားလွန်း၏။ သေတ္တာတစ်လုံးကို ရှာဖွေရန်က ခက်ခဲလှသည်။ သူသည် လုကျိုး၏စကားများကို စဉ်းစားပြီးနောက် နောက်ဆုံးတွင် လေသံတိုးတိုးဖြင့်ပြောလိုက်သည်။

"အဲဒီထဲမှာ ကျုပ်တို့လိုချင်တဲ့ပစ္စည်းရှိနေတယ်။ ဘာလဲဆိုတာ ကျုပ်တို့လဲမသိဘူး။ ဒီကို အမိန့်အတိုင်း ရောက်လာရုံပဲ”

“ဘယ်သူအမိန့်လဲ”

ထိုမေးခွန်းကို ကြားသောအခါ အနက်ရောင်ပုံရိပ်၏စိတ်ထဲတွင် အချက်ပေးသံများမြည်လာလေ၏။ သူက လုကျိုးကိုကြည့်ပြီးမေးလိုက်တော့သည်။ “ကျုပ်ဆီကနေ သတင်းနှိုက်ဖို့ ကြိုးစားနေတာလား”

“သေတ္တာလိုချင်တယ်ဆိုရင် မင်း ငါမေးတာဖြေရမယ်” လုကျိုးကပြန်ပြောလိုက်သည်။

အနက်ရောင်အရိပ်က ပြန်ပြောလေ၏။ “ဟုတ်ပြီ အဲ့တာက စစ်သူကြီးကာလို”

“ကာလိုက လို့လန်နဲ့ ရို့လီရဲ့ မဟာမိတ်တပ်ဖွဲ့ရဲ့စစ်သူကြီးတစ်ယောက်ပဲ။ မင်းက မျက်တွင်းနက်မျိုးနွယ်က သူ့အမိန့်ကို ဘာကြောင့်နာခံရတာလဲ။"

လုကျိုး၏စကားများကို ကြားသောအခါ အနက်ရောင်ပုံရိပ်သည် သူ့ရှေ့ရှိသူက ရိုးရှင်းသည့်လူတစ်ယောက်မဟုတ် ဗဟုသုတရှိကြောင်း ရုတ်တရက်ခံစားမိသွားသည်။ သူက သတိထားလျက် ပြောလိုက်သည်။ “ရုန်ရှီးနဲ့ ရုန်ပေ မဟာမိတ်ဖွဲ့တာ ထူးဆန်းလို့လား”

လုကျိုးသည် ထိုစကားကိုကြားသောအခါ သူက မုတ်ဆိတ်သပ်လျက်ပြောလိုက်၏။ “နန်းတော်ကို မိစ္ဆာဝေဟင်မျှော်နန်းကသိမ်းပိုက်ထားပြီးပြီ။ မင်းတို့က ဒီလာရဲတဲ့သတ္တိရှိနေတာပဲ”

“မိစ္ဆာအိုကြီးကျိကလွဲရင် ကျန်တဲ့သူတွေက ဝရုန်းသုန်းကား လူတစ်စုနဲ့ ဒုက္ခိတတွေပဲ။ သူတို့ကို ဘာမှကြောက်စရာမရှိဘူး” အနက်ရောင်ပုံရိပ်က ပြန်ပြောလိုက်သည်။

“မင်းက မိစ္ဆာဝေဟင်မျှော်နန်းကို စုံစမ်းစစ်ဆေးထားတာလား” လုကျိုးက သိချင်စိတ်ဖြစ်သွားလေ၏။ ဤလူသည် မိစ္ဆာဝေဟင်မျှော်နန်း၌ ဒုက္ခိတနှင့် လူအိုတစ်ချို့ရှိတာကို မည်ကဲ့သို့သိသွားသနည်း။ သူသည် ထိုအကြောင်းကို တွေးမိသည့်အချိန်၌ အနက်ရောင်ပုံရိပ်၏ဖော်ပြချက်ကို လက်ခံနေရတော့သည်။

“လွယ်ပါတယ်။ အမှန်အတိုင်းပြောရရင် ကျုပ်တို့မှာ အံ့ဖွယ်မြို့တော် အတွင်းနဲ့အပြင်မှာ မျက်စိတွေ ရှိတယ်” အနက်ရောင်ပုံရိပ်က ပြော၏။

လုကျိုးက အနည်းငယ်ဆွံ့အသွားသည်။ ရန်သူ့တိုင်းပြည်တွင် သူလျှိုချထားခြင်းက လုပ်နေကျ လုပ်ရပ် ဖြစ်သော်ငြား တိုင်းပြည်တစ်ခုက သူလျှိုများစွာပို့ထားခြင်းက မြင်တွေ့ရန်ရှားပါးလွန်းသည်။

“သိပ်ကောင်းတယ်” လုကျိုးကဖြည်းဖြည်းချင်းထရပ်လိုက်၏။

သူ၏လှုပ်ရှားမှုများက အနက်ရောင်ပုံရိပ်ကို ထိတ်လန့်သွားစေ၏။ သူက အသံပြတ်ပြတ်ဖြင့် ပြောလိုက်၏။ "မလှုပ်နဲ့"

“ဟမ် ... သက်ကြားအိုကြီး သေတ္တာဘယ်မှာလဲ” အနက်ရောင်ပုံရိပ်၏အသံက တိုးပြီးအက်ရှနေသည်။

“ငါ့မှာ ရှိတယ်”

အနက်ရောင်ပုံရိပ်သည် ထိုစကားကိုကြားသောအခါ ပျော်ရွှင်သွားပုံရ၏။ "ကောင်းတယ် ... ငါ့ကို သေတ္တာပေး။ ဒါဆို မင်းကို အသက်ချမ်းသားပေးမယ်”

“မင်းက ငါ့ကို အသက်ချမ်းသာပေးမှာလား”

“မင်းက ကမ်းပေ့လုပ်မှာကို ငြင်းနေတဲ့ အယောင်ဆောင်တစ်ယောက်ပဲ” အမှန်တကယ်တွင် အနက်ရောင်ပုံရိပ်သည် သူ့စကားတည်ဖို့ တစ်ခါမှ မရည်ရွယ်ထားပေ။ သူသည် မေးခွန်းများစွာဖြေပြီးနောက် လုကျိုးကို သတ်ရန် စိတ်ဆုံးဖြတ်ထားပြီးသားဖြစ်သည်။ သူက ခြေဆောင့်နင်းကာ လျှပ်ပြက်သောအရှိန်ဖြင့် သူ၏ဓားမြှောင်ကို ဆွဲထုတ်လိုက်သည်။ ရုတ်ရုတ်သဲသဲဖြစ်ရပ်ကို ကာကွယ်နိုင်ရန်အတွက် တိုတောင်းသောအချိန်အတွင်းရန်သူကို ဖြေရှင်းရမည်။

လုကျိုးက လက်ဝါးတစ်ဖက်မြှောက်လျက် ရှေ့တိုးကား မဟာကြောက်ရွံ့ခြင်းမဲ့တံဆိပ်တော်သည် ရွှေရောင်တောက်ပလျက်ထွက်ပေါ်လာ၏။ အပြာရောင်အလင်းတစွန်းတစကိုလည်းအနားတွင် တွေ့လိုက်ရသည်။ အမှောင်ထဲတွင် ယင်းက အမှန်တကယ်မျက်စိဖမ်းစားနိုင်စွမ်းရှိ၏။

အနက်ရောင်ပုံရိပ်သည် ထိုအရာကြောင့် အငိုက်မိသွားသည်။

ဘန်း

မဟာကြောက်ရွံ့ခြင်းမဲ့တံဆိပ်တော်သည် သူ၏မျက်နှာကို ထိမှန်သွားပြီး သူက နောက်ပြန်လှန်သွား၏။

ဘန်း

လက်ဝါးစည်းတံဆိပ်၏သက်ရောက်အားသည် အနက်ရောင်ပုံရိပ်ကို တံခါးအပြင်ဖက်သို့တွန်းလိုက်ကာ သူ့ကို အပြင်ဖက်ရှိလှေကားအောက်သို့တွန်းလိုက်သည်။ သူ့ကို အတွင်းကလီစာများ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွား၏။ သူက ငြီးတွားလျက် သွေးတစ်ပွက်အန်က ပြောလိုက်တော့သည်။

“သူက တကယ်သန်မာတာပဲ” အနက်ရောင်ပုံရိပ်သည် ရင်ဘတ်ပေါ် လက်တင်ထားလျက် ထရပ်ရန် ရုန်းကန်လိုက်သည်။ ပြီးနောက် သူက ထွက်ပြေးတော့သည်။

“မင်း ဘယ်လောက်ဝေးဝေးပြေးနိုင်မလဲဆိုတာ မြင်ချင်တယ်” သူသည် ပွင့်ချပ်ငါးလွှာစိတ်ဝိညာဉ်သဏ္ဌာန်ကို ဆင့်ခေါ်လိုက်သည်။

ဝှစ်

တောက်ပနေသော ရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန်သည် တာ့ကျင်းနန်းတော်ရှေ့ရှိ ရင်ပြင်ကို ချက်ချင်း လင်းထိန်သွားစေတော့သည်။

ရုတ်ရုတ်သဲသဲဖြစ်ရပ်ကြောင့် တော်ဝင်အစောင့်များနှင့် နန်းတော်အနားရှိကျင့်ကြံသူများက ကမန်းကတန်း ရောက်လာသည်။

လုကျိုးက လျှပ်ပြက်သောအရှိန်ဖြင့်ပျံသန်းလိုက်သည်။ သူက ငုံ့ကြည့်လိုက်ရာ ခပ်နိမ့်နိမ့်ပျံသန်းနေသော မျက်တွင်းနက်မျိုးနွယ်ကိုတွေ့လိုက်ရသည်။ ပြီးနောက် သူသည် နောက်ထပ်လက်ဝါးစည်းတံဆိပ်တစ်ခုသုံးလိုက်၏။

ကြောက်လန့်နေသော အမူအရာက မျက်တွင်းနက်မျိုးနွယ်၏မျက်နှာထက်တွင်ပေါ်လာ၏။ သူက စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆင့်ခေါ်လိုက်သည်။

၎င်းက ပွင့်ချပ်ခြောက်လွှာကျားသစ်ဘုရင်ပဲဖြစ်သည်။

“ငါ သေပြီ”

ဘန်း

လက်ဝါးစည်းတံဆိပ်သည် ပွင့်ချပ်ခြောက်လွှာကျားသစ်ဘုရင်ကို ထိမှန်သွား၏။

ထိုအခိုက်အတန့်တွင် ကောင်းကင်ထဲလူရိပ်များစွာတက်လာ၏။ လုကျိုး၏တပည့်များသည် ထိုရုတ်ရုတ်သဲသဲဖြစ်ရပ်ကြောင့် သတိဝင်လာပြီး ကမန်းကတန်းပြေးထွက်လာကြသည်။

မျက်လုံးနိမ့်မျိုးနွယ်သည် ခပ်နိမ့်နိမ့်ပျံသန်းနေ၏။ သူ့နောက်ကိုကြည့်ပြီးပြောလိုက်သည်။ “ကံဆိုးတာက ခင်ဗျားက မိစ္ဆာအိုကြီးကျိမဟုတ်ဘူး။ ခင်ဗျား ကျုပ်ကို ဖမ်းနိုင်မှာမဟုတ်ဘူး”

မျက်တွင်းနက်မျိုးနွယ်၏အသံသည် လုကျိုးက သူ့လက်ကိုသုံးပြီး ချုပ်နှောင်ခြင်းလှောင်ချိုင့်ကတ်ကို သုံးလိုက်သည့်အချိန်တွင် ထိုလူ၏အသံက မှိန်ဖျော့သွား၏။ ကတ်သည် ထိနိုင်ခြေ ၃၀ရာခိုင်နှုန်းသာရှိ၏။

ကတ်သည် လေထဲလွင့်ပျံလာသည့်အချိန်တွင် လုကျိုးက လေထဲဒုတိယကတ်ကို ပစ်ထုတ်လိုက်သည်။

လေးထောင့်လှောင့်ချိုင့်နှစ်ခုသည် မျက်တွင်းနက်မျိုးနွယ်နောက်လိုက်နေ၏။

မျက်တွင်းနက်မျိုးနွယ်သည် ထိတ်လန့်ပြီးပြောလိုက်၏။ “အဲဒါ ဘာတွေလဲ”

မျက်တွင်းနက်မျိုးနွယ်ကပြောပြီးသည်နှင့် သူ့အပေါ်လှောင်ချိုင့်တစ်ခုကကျလာသည်။ ပြီးနောက် တောက်ပသည့်ရွှေရောင်ပိုက်ကွန်သည် မြေပြင်ပေါ်တွင်ပေါ်လာသည်။

ဘန်း

ပထမကတ်က တစစီဖြစ်သွားသည်။

မကြာမီ၌ ဒုတိယလှောင်ချိုင့်ကျလာပြီး ၎င်း၏ အမှတ်အသားကိုလွဲချော်သွား၏။

မျက်တွင်းနက်မျိုးနွယ်က မှင်သက်သွား၏။ သူ သတိပြန်ဝင်လာပြီး ပြုံးကာပြောလိုက်၏။ “ခင်ဗျားက ဟောင်ပဲဟောင်နေတာ မကိုက်ဘူး။ တကယ်ကို ချော်ချွတ်တဲ့နည်းတစ်ခုပဲ။ သက်ကြားအိုကြီး ကျုပ်တို့ထပ်တွေ့တာပေါ့။ နှုတ်ဆက်ပါတယ်”

လုကျိုးသည် ထိုအရာကိုမြင်သောအခါ အနည်းငယ်ဆွံ့အသွား၏။ ဒီကောင်က ကံကောင်းတာပဲ။

လုကျိုးက လက်ဖဝါးဖြန့်လိုက်ရာ သူ့လက်ထဲ၌အမည်မဲ့ပေါ်လာသည်။ သူသည် တာ့ကျန်းနန်းတော်ထက် လေထဲပျံတက်သွား၏။ သူသည် လရောင်အောက်တွင် အဝေးသို့ ထွက်ပြေးနေသော ကျားသစ်ဘုရင်ကိုကြည့်လိုက်၏။

ယခုအချိန်တွင် သူ၏တပည့်များရောက်နေပြီဖြစ်သည်။ တော်ဝင်အစောင့်များနှင့် နန်းတော်၏ အကျော်အမော်များလည်းရောက်နေ၏။

ဤမြင်ကွင်းကိုမြင်တွေ့ရန် အချိန်ကိုက်ရောက်နေတာဖြစ်သည်။

အမည်မဲ့သည် လေးတစ်ခုသဏ္ဌာန်အသွင်ပြောင်းသွားပြီးနောက် လုကျိုးသည် လေးကိုင်းက လပြည့်နှင့်ဆင်တူသွားသည်အထိ လေးကြိုးကိုဆွဲလိုက်၏။ မကြာမီ၌ စွမ်းအင်မြားတစ်စင်းသည် သူ၏လက်ညှိုးနှင့်လက်ခလယ်ကြားပေါ်လာ၏။

ဝှစ်

စွမ်းအင်မြားတစ်စင်းသည် မျက်တွင်းနက်မျိုးနွယ်၏နောက်ကျော၌ ပေါ်လာလေ၏။

ရလဒ်ကို သံသယဖြစ်ဖွယ်မရှိပေ။ အနက်ရောင်ပုံရိပ်သည် စွမ်းအင်မြားထိမှန်ပြီးနောက် ဝေဟင်ကနေ ပြုတ်ကျလာသည်။

…

အခန်း (၆၀၀) ပြဿနာများသည့် သူလျှိုများ

မြားက မျက်တွင်းနက် မျိုးနွယ်ဝင်ဆီ စိုက်ဝင်သွားပြီးနောက် နန်းတော်၏ လက်ရွေးစင်များက တာ့ကျန်းနန်းဆောင် အပေါ်ဘက် ရစ်ဝဲနေသည့် လုကျိုကို တုန်လှုပ်တကြီး ကြည့်နေကြသည်။ ထို့နောက် သူတို့က သူခိုးလဲကျသွားရာ နေရာကို လှည့်ကြည့်လိုက်ကြပြီး စိတ်ထဲမှ စဉ်းစားနေကြသည်။

တည့်တည့်ကြီး ဝင်လာရဲလောက်အောင် တုံးနေတာလား …

တွမ့်မူရှန်းက ထိုအရာကို မြင်သည့်အခါ ပြောလိုက်ပြီး အောက်ဆင်းလိုက်သည်။

“ကျွန်တော် သွားလိုက်မယ်”

လုကျိုးက အမည်မဲ့ကို သိမ်းလိုက်ပြီး နန်းတော်၏ လက်ရွေးစင်များအား ကြည့်လိုက်သည်။ ထို့နောက် သူက လေသံအတက်အကျမရှိဘဲ ပြောလိုက်သည်။ “ ဘာတွေစောင့်နေတာလဲ။ ငါက နန်းတော်ထဲက သူခိုးတွေကို မင်းတို့အတွက် ဖမ်းပေးနေရဦးမှာလား ”

“ဟုတ်ဟုတ် ကျွန်တော်တို့ သွားပါ့မယ်။ ချက်ချင်း သွားပါ့မယ်” နန်းတော်၏ လက်ရွေးစင်များက အလျင်အမြန် ထွက်သွားကြသည်။

“တော်ဝင်မြို့တော်ကို ပိတ်ထားလိုက်။ ဘယ်သူမှ ထွက်မသွားစေနဲ့။ သူခိုးတွေကို ဖမ်းကြ ”

သူ ကြားလိုက်ရသည့်အသံအရ နန်းတော်ထဲ ကျူးကျော်လာသည့် တခြားမျိုးနွယ်ဝင် ငါးယောက်ရှိကြောင်း သိလိုက်သည်။ တော်ဝင်မြို့တော်အား ပိတ်လိုက်ပြီး နေရာတစ်ဝိုက်ကို ရှာလိုက်ပါက သူတို့အားလုံးကို ရှာဖို့ မခက်ခဲပေ။

ခဏအကြာတွင် တွမ့်မူရှန်းက စောစောလေးက မြားမှန်သွားသည့် မျက်တွင်းနက် မျိုးနွယ်ဝင်ကို ဖမ်းခေါ်လာသည်။ သူက တာ့ကျန်းနန်းဆောင်ရှေ့ ဆင်းသက်လာပြီး ထိုလူအား လွှင့်ပစ်လိုက်သည်။

ဝုန်း

မျက်တွင်းနက် မျိုးနွယ်ဝင်က နာကျင်မှုကြောင့် ညည်းလိုက်သည်။ သူ့အကြည့်များက ကြောက်ကြောက်လန့်လန့် ဖြစ်နေလေ၏။

တခြားလူများက နားရှုပ်နေကြသည်။ သူက ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူဆီက မြားချက် ထိမှန်ပြီးတာတောင် အသက်ရှင်နေတုန်းလား။

သူတို့က ခဏတာလေ့လာပြီးနောက် ထိုမြားသည် သူ့ဝမ်းဗိုက်ထဲ စိုက်ဝင်နေကြောင်း သိလိုက်ရသည်။ ဆိုလိုသည်မှာ သူ့စွမ်းအင်ဗဟိုချက်၏ ချီပင်လယ်က ပျက်စီးသွားပြီ ဖြစ်၍ ကျင့်ကြံဆင့် ဆုံးရှုံးသွားလေပြီ။ သူက မသေသေးပေ။

လုကျိုးက ဖြည်းဖြည်းချင်း ဆင်းလာသည်။

တခြားလူများလည်း ဆင်းလာလိုက်ကြ၏။

လုကျိုးက မျက်တွင်းနက် မျိုးနွယ်ဝင်အား ကြည့်လိုက်သည်။

နာမည်။ ။ လုလီ

ဇစ်မြစ်။ ။ မျက်တွင်းနက် မျိုးနွယ်

အဆင့်။ ။ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်

“မင်း နာမည်က ဘာလဲ”

လုလီက ကြောက်နေသည်။ သူက မေးခွန်းကို မဖြေဘဲ ပြန်မေးလိုက်၏ “ခင်ဗျားက ပွင့်ချပ်ငါးလွှာအဆင့် မဟုတ်ဘူးလား ”

တွမ့်မူရှန်းက မျက်မှောင်ကြုတ်လိုက်ပြီး ထကာ လုလီအား ကန်လိုက်သည်။ ထို့နောက် သူက ကြမ်းတမ်းစွာ ပြောလိုက်၏။

“ငါ့ရှစ်စွင်းက ပွင့်ချပ်ကိုးလွှာအဆင့်ပဲ။ မင်းက သူ့ကို စော်ကားနေတာလား”

“ပွင့်ချပ်ကိုးလွှာတဲ့လား” လုလီက တုန်တုန်ယင်ယင် ဖြစ်လာသည်။

လုကျိုးက ထိုအရာကြောင့် စိတ်အနှောင့်အယှက် မဖြစ်ပေ။ ထို့အစား သူက မေးလိုက်၏။ “ငါ့ကို ဖြေစမ်း ”

“ခင်ဗျား … ခင်ဗျားက မိစ္ဆာအိုကြီးကျိလား”

လုလီစကားဆုံးသည်နှင့် ကျူးဟုန်ကုန်းက လူအုပ်ကြားမှ ထွက်လာကာ လုလီကို ထိုးလိုက်သည်။ သူ့လက်သီးချက်က လုလီ၏ ရင်ဘတ်ဆီ ကျရောက်သွား၏။

ဘန်း

လုလီက နာကျင်လွန်းလို့ ငိုလုမတတ် ဖြစ်သွားသည်။

ကျူးဟုန်ကုန်းက လက်သီးမြောက်ကာ ကျိန်ဆဲလိုက်၏။

“မင်းရဲ့စကားကို ပြန်ပြင်ဖို့ အခွင့်အရေးပေးမယ်”

လုလီက နာကျင်မှုကို တောင့်ခံရင်း ဖြေလိုက်သည်။ “ကျုပ်က ရုန်ပေရဲ့ မျက်တွင်းနက် မျိုးနွယ်က လုလီပါ။ ဒီကို သေတ္တာရှာဖို့ ရောက်လာတာပါ။ ပြောကြတာတော့ အဲဒီသေတ္တာထဲမှာ ပွင့်ချပ်ကိုးလွှာအဆင့် လျှို့ဝှက်ချက်ပါတယ်တဲ့။ ကျုပ်နဲ့အတူတူ အဖော်လေးယောက် ပါလာပါတယ်။ တစ်ယောက်ချင်းစီက အစီအရင်ချိုးဖျက်တာမျိုး၊ အမြင့်တက်တာမျိုး၊ အမှောင်ထဲ မြင်ရတာမျိုး၊ ထွက်ပြေးတာမျိုးမှာ တစ်ယောက်စီ တော်ကြတဲ့လူတွေပါ။ ကျုပ်က ခေါင်းဆောင်ပါ။ ကျုပ်က အနံ့ခံအားကောင်းပါတယ်။ ကျုပ်ကို မသတ်ပါနဲ့။ အားလုံးကို ပြောပြပြီးပါပြီ … ”

ကျူးဟုန်ကုန်းက ခေါင်းညိတ်ကာ “ ရှစ်စွင်း သူက အကုန်ပြောပြပြီးပြီဆိုတော့ အသုံးမဝင်တော့ဘူး။ သူ့ကို သေတဲ့အထိ ထိုးလိုက်မယ်”

“ဘေးဖယ်နေ” လုကျိုးက ပြောလိုက်သည်။

“ဟုတ် ရှစ်စွင်း” ကျူးဟုန်ကုန်းက နာနာခံခံ ဘေးဆုတ်လိုက်သည်။

လုကျိုးက လုလီအား ကြည့်ကာ မေးလိုက်သည်။ “မျက်တွင်းနက် မျိုးနွယ်က ပွင့်ချပ်ကိုးလွှာအကြောင်း သိထားတာလား”

လုလီက ပြောလိုက်၏။ “လွန်ခဲ့တဲ့ နှစ်ငါးဆယ်လောက်က ကျုပ်တို့မျိုးနွယ်ဆီ ပညာရှင်တစ်ယောက် ရောက်လာပါတယ်။ သူက တာ့ယန်ရဲ့ နန်းတော်ထဲမှာ အချိန်တစ်ခု နေခဲ့တယ်လို့ ပြောတယ် ”

လုကျိုးက ထိုအရာကို ကြားသည့်အခါ “တာ့ယန်ရဲ့ မင်းဆရာလား”

“ဟုတ်ပါတယ် ဟုတ်ပါတယ် … သူက တာ့ယန်ရဲ့ မင်းဆရာပါ။ သူက တစ်ယောက်ယောက်ကို ရှာနေတာလို့ ပြောတယ်။ အဲဒါကြောင့် သူက မျိုးနွယ်တစ်သောင်းရဲ့ ပိုင်နက်တွေထဲ သွားလာနေခဲ့တာ … သူက ကျုပ်တို့နဲ့ ဆယ်နှစ်နေသွားခဲ့တယ်” လုလီက ပြောလိုက်၏။

ထင်ထားသည့်အတိုင်း ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူက အသက်ရှင်နေဆဲ ဖြစ်၏။

လုကျိုးက ထပ်မေးလိုက်သည်။ “အခု သူ ဘယ်မှာလဲဆိုတာ သိလား ”

လုလီက ခေါင်းခါကာ “ အဲဒီလူက ဘုရင်နဲ့ ဆက်ဆံရေးကောင်းပေမဲ့ ကျင့်ကြံဆင့်မြင့်တယ်။ သူ ထွက်သွားချင်ရင် ဘယ်သူမှ တားမရဘူး ”

“သူက မင်းကို သေတ္တာရှာဖို့ ပြောခဲ့တာလား”

“အဲဒါက … ”

ဘန်း

ကျူးဟုန်ကုန်းက လက်ဝှေ့အိတ်ကို အတူတူ ရိုက်ချလိုက်သည်။

လုလီက အလျင်စလို ပြောလာသည်။

“ ခဏ ခဏလေးနေပါဦး။ ဘုရင်က ကျုပ်ကို ဒီလွှတ်လိုက်တာပါ။ အားလုံးက အခု ပွင့်ချပ်ကိုးလွှာအကြောင်း သိထားကြတယ်။ ရုန်ပေ၊ ရုန်ရှီးရဲ့ တိုင်းပြည် ၁၂ ခုလုံးလည်း ပွင့်ချပ်ကိုးလွှာအဆင့် ရောက်ဖို့ ကြိုးစားနေကြတယ်။ ဘယ်သူက ဖြစ်ဖြစ် တခြားလူတွေထက် အရင်ရောက်ရင် အရေးသာသွားမှာပဲ ”

ထိုအရာက လုကျိုးကို ခေတ်သစ် ကုမ္ပဏီများက သူတို့၏ပြိုင်ဘက် ကုမ္ပဏီများထဲ သူလျှိုလွှတ်ကာ အဖိုးတန် နည်းပညာများကို ခိုးယူခိုင်းခဲ့ပုံကို အမှတ်ရသွားစေသည်။ သူတို့က ရည်မှန်းချက်ပြည့်ဝဖို့ ဘာမဆိုလုပ်ကြလိမ့်မည်။ တခြားမျိုးနွယ်များက ထိုသို့လုပ်သည်မှာ မဆန်းလှပေ။

“မင်းတို့ ငါးယောက်တည်း ရှိတာလား” လုကျိုးက မေးလိုက်၏။

“ဟုတ်ပါတယ်။ ငါးယောက်တည်းပါ” လုလီက ပြန်ဖြေလိုက်သည်။

ထိုစဉ် ကျန်ရှိနေသည့် မျက်တွင်းနက် မျိုးနွယ်ဝင်လေးယောက်လည်း တော်ဝင်အစောင့်များက ခေါ်ဆောင်လာသည်။ တော်ဝင်အစောင့်များက သူတို့အား တွန်းလွှတ်ကာ “ဒူးထောက်ကြ ”

လုလီက တခြားလူများကို ကြောင်အမ်းအမ်း ကြည့်လိုက်သည်။

သူတို့က ဘာလို့ အလွယ်လေး ဖမ်းမိသွားတာလဲ …

လေးယောက်သားက လုလီနောက်တွင် ဒူးထောက်နေကြသည်။ သူတို့မျက်နှာများက ယောင်ကိုင်းနေ၏။

ထိုစဉ် ကျောင်းယွဲ့က ပြောလိုက်သည်။

“ရှစ်စွင်း အံ့ဖွယ်မြို့တော်က လတ်တလော မငြိမ်းချမ်းဘူးလို့ ကြားနေရတယ်။ ကြည့်ရတာ နေရာတိုင်းမှာ ပြဿနာရှာနေတဲ့ တခြားမျိုးနွယ်က သူလျှိုတွေ ရှိနေပုံပဲ ”

လုလီက အလျင်စလို လက်ယမ်းကာ “သူတို့က မျက်တွင်းနက် မျိုးနွယ်က မဟုတ်ဘူး။ သူတို့က လို့လန် ဒါမှမဟုတ် ရို့လီကပဲ ဖြစ်ရမယ် ”

လုကျိုးက ကျောင်းယွဲ့အား ကြည့်ကာ မေးလိုက်သည်။

“ အခြေအနေက ပြင်းလား”

“အံ့ဖွယ်မြို့တော်ထဲတင်မကဘူး။ စီရင်စုကိုးခုလုံးမှာလည်း ပြဿနာလိုက်ရှာနေကြတယ် … ဒါပေမဲ့ အံ့ဖွယ်မြို့တော်က အဆိုးဆုံးပဲ ”

လုကျိုးက တွမ့်မူရှန်းအား ကြည့်ကာ “မနက်ဖြန် မနက်ကျ ဟွားချုံးယန်နဲ့ တွေ့ချင်တယ်”

“ဟုတ် နားလည်ပါပြီ”

ထိုသို့ပြောလိုက်ပြီးနောက် လုကျိုးက လှည့်ထွက်သွားသည်။

…………….…

နောက်တစ်ရက် မနက်ခင်း

တာ့ကျန်းနန်းဆောင်အတွင်း

လုကျိုး၏ ထူးခြားအံ့ဖွယ် စွမ်းအားက တစ်ညတာ တရားထိုင်ပြီးသည့်နောက် တိုးများလာသည်။

တွမ့်မူရှန်း၏ အကြောင်းကြားစာကို ရထားသည့် ဟွားချုံးယန်က နန်းတော်ဆီ အလျင်စလို ပြေးလာခဲ့သည်။ “ကျိချန်းပေ့ကို ဂါရဝပြုပါတယ်”

လုကျိုးက ဟွားချုံးယန်အား ကြည့်ကာ မေးလိုက်သည်။ “မင်း ဒီမှာ ဘာလို့ရောက်နေတာလဲ သိလား ”

ဟွားချုံးယန်က ဦးညွှတ်ကာ “ ကျိချန်းပေ့က အံ့ဖွယ်မြို့တော်ထဲ ကျူးကျော်လာတဲ့ တခြားမျိုးနွယ်ဝင်တွေအကြောင်း ကြားပြီးလောက်ပြီလို့ ထင်ပါတယ်။ သူတို့က ပြည်သူတွေကို ဓားပြတိုက်ပြီး ပြစ်မှုတွေ ကျူးလွန်နေကြတယ် ”

“ မင်းဆီမှာ ငရဲဂိုဏ်းသား သောင်းချီရှိနေတာပဲ။ ဒါတောင် မင်းက အံ့ဖွယ်မြို့တော်ကို မစီမံနိုင်ဘူးလား”

လုကျိုးက မေးလိုက်သည်။

“ သူတို့က ပြစ်မှုကျူးလွန်ပြီးတာနဲ့ ချက်ချင်း ပုန်းအောင်းကြလို့ပါ။ သူတို့က ထပ်မံ ပေါ်ထွက်မလာခင်အထိ သိုသိုသိပ်သိပ်နေကြတယ်။ သူတို့က အရမ်းဉာဏ်များလွန်းတယ်။ တခြားမျိုးနွယ်က တမင်လုပ်နေတာပဲ ဖြစ်ရမယ်။ ကျွန်တော် လွန်ခဲ့တဲ့ ရက်တုန်းက သုံးယောက်ကို ဖမ်းမိသေးတယ်” ဟွားချုံးယန် မျက်နှာအထက် စိတ်ရှုပ်နေသည့် အမူအရာမျိုး ရှိနေသည်။

ထိုစဉ် တွမ့်မူရှန်းက အထဲဝင်လာ၏။ သူက ဦးညွှတ်ကာ “ရှစ်စွင်း တော်ဝင်မြို့တော်က စာတစ်စောင် ရောက်လာပါတယ်။ တစ်ချက်ကြည့်ကြည့်ပါဦး”

လုကျိုးက စာကို ဖွင့်ဖတ်လိုက်သည်။ “မိစ္ဆာအိုကြီးကျိ … လုလီနဲ့ တခြားလူတွေကို လွှတ်လိုက် … မဟုတ်ရင် အံ့ဖွယ်မြို့တော်ထဲက လူအားလုံးကို သတ်ပစ်မယ်။ သူတို့ မလွတ်ခင်အထိ တစ်ရက်ကို လူငါးယောက် သတ်ပြမယ် ”

ထိုစာကို ဖတ်လိုက်ပြီးသည့်နောက် လုကျိုးက လက်သီးဆုပ်လိုက်မိသည်။

ဗြိ

စာက ချက်ချင်းဆိုသလို အမှုန့်ဖြစ်သွားပြီး လေထဲ လွင့်သွားသည်။

ငါ့ကို ခြိမ်းခြောက်နေတာလား …

တွမ့်မူရှန်းက အသံတိုးကာ ပြောလိုက်သည်။ “ရှစ်စွင်း … ဒီစာနဲ့အတူ ပြည်သူငါးယောက်ရဲ့ အလောင်းပါ ပို့လိုက်တာပါ”

ထိုအရာကို ကြားပြီး ဟွားချုံးယန်က ချက်ချင်း ဒူးထောက်လိုက်သည်။

“ကျွန်တော် အသုံးမကျတာပါ။ ငရဲဂိုဏ်းက အံ့ဖွယ်မြို့တော်ကို အုပ်စိုးလိုက်ပေမဲ့ ကျွန်တော်တို့ အုတ်မြစ်က မခိုင်မာသေးပါဘူး။ အဲဒီကောက်ကျစ်တဲ့ တခြားမျိုးနွယ်ဝင်တွေက ဒီအခွင့်အရေးကို သုံးပြီး ပြဿနာရှာနေကြတယ်။ ကျွန်တော်တို့ အချိန်တစ်ခုလောက်ပေးပါ။ သူတို့ကို ဖမ်းပြီး အပိုင်းပိုင်းအစိတ်စိတ် လုပ်ပစ်ပါ့မယ် ”

ဟွားချုံးယန်က သူ့ဂိုဏ်းချုပ်သည် တိုင်းပြည်ကို အုပ်စိုးလိုလျှင် တိုင်းပြည်ကို သေချာအုပ်ချုပ်ပြီး ပြည်သူများ၏ ဘေးကင်းမှုကို သေချာအောင် လုပ်ပေးရမည်မှန်း သိထားသည်။ ပြည်သူများက တိုင်းပြည် အုတ်မြစ် ဖြစ်၏။ အုတ်မြစ်က ဖရိုဖရဲ ဖြစ်နေလျှင် တိုင်းပြည်က မည်သို့ကြွယ်ဝစည်ပင်မည်နည်း။

“ အရာရှိတွေက ဘာမှမလုပ်ကြဘူးလား” လုကျိုးက မေးလိုက်သည်။

“ သူတို့လည်း ဘာမှမထူးမခြားနားပါပဲ။ ငရဲဂိုဏ်းတစ်ခုတည်းက အံ့ဖွယ်မြို့တော်ကို ထိန်းနေရတာပါ။ ဒါပေမဲ့ စီရင်စုကိုးခုလုံးလည်း ဖရိုဖရဲ ဖြစ်နေတယ်။ ကျွန်တော် အဖွဲ့ခွဲခေါင်းဆောင် ၁၂ ယောက်ကို သူတို့နဲ့ သက်ဆိုင်ရာ မြို့တွေဆီ ပြန်လွှတ်ထားပါတယ်။ စစ်တပ်အင်အားစုက အံ့ဖွယ်မြို့တော်မှာ အခြေချထားပါတယ်။ တခြားမျိုးနွယ်ရဲ့ သူလျှိုတွေကို နိမ်နင်းဖို့ကတော့ အခက်တွေ့နေတုန်းပါပဲ ”

ဟွားချုံးယန်က ပြောလိုက်သည်။

တွမ့်မူရှန်းက ဦးညွှတ်ကာ “ရှစ်စွင်း သူ့ကို အပြစ်တင်လို့ မရပါဘူး။ ကျွန်တော် ဒီမနက် စစ်ဆေးကြည့်ခဲ့သေးတယ်။ အံ့ဖွယ်မြို့တော်က ပြန်လည်တည်ဆောက်ဆဲ ကာလပဲ ရှိသေးတယ်။ အဆောက်အဦအများစုကို ပြန်ဆောက်ပြီးသွားပြီ။ နောက်ဆုံးကျ အရာရှိတွေက မိစ္ဆာလမ်းစဉ်နဲ့ မပေါင်းချင်ကြတာပဲလေ။ အဲဒီတခြားမျိုးနွယ်ဝင် သူလျှိုတွေက တာ့ယန်လို ဝတ်စားနေကြတော့ သူတို့ကို ပြောဖို့ ခက်တယ် ”

ထိုစကားကို ကြားသည့်အခါ လုကျိုးက ထိုအရာသည် ပြဿနာဖြစ်နေကြောင်း ခံစားမိလိုက်သည်။

ထိုစဉ် ကျောင်းယွဲ့က တာ့ကျန်းနန်းဆောင်ရှေ့ ရောက်လာသည်။ သူမက အထဲဝင်လာပြီး “ ရှစ်စွင်း ပြည်သူအများကြီးက တော်ဝင်မြို့တော်ရှေ့မှာ ဒူးထောက်နေကြပါတယ်”

ထိုအရာကို ကြားကာ လုကျိုးက ပြောလိုက်သည် “ငါ သွားကြည့်ကြည့်မယ် ”

တခြားလူများလည်း နောက်မှ လိုက်ပါသွားကြ၏။

သိပ်မကြာခင် လုကျိုးက တော်ဝင်မြို့တော်အထက် ရောက်လာကာ ဒူးထောက်နေသည့် ပြည်သူများကို ကြည့်လိုက်သည်။ ရာချီ၍ ရှိနသည်။ သူတို့အနီးအနားတွင် စာရွက်များ ပြန့်ကျဲနေ၏။ သူတို့က ဝပ်တွားရင်း အော်ဟစ်နေကြသည်။

“မိစ္ဆာဝေဟင်မျှော်နန်း ကျုပ်တို့ကို ကူပါ ”

“မိစ္ဆာဝေဟင်မျှော်နန်း ကျုပ်တို့ကို ကူပါ ”

လုကျိုးက မြေပေါ်မှ စာရွက်ကို လက်ညိုးထိုးလိုက်ကာ “ စာရွက်ပေါ်က ဘာတွေရေးထားတာလဲ ”

“အဲဒါက တခြားမျိုးနွယ်စုတွေ ထားခဲ့တာပါ။ စောစောလေးက ဖတ်ခဲ့တဲ့ စာနဲ့ အတူတူပါပဲ။ အဲဒါကြောင့် ပြည်သူတွေက ထိတ်လန့်နေကြတာပါ” ဟွားချုံးယန်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

ပြည်သူများက ဆက်လက်၍ ဝပ်တွားနေကြသည်။

လုကျိုးက ပြည်သူများအား ကြည့်လိုက်၏။

သူလျှိုတွေက တော်တော်ဉာဏ်များတာပဲ …

သူလျှိုတွေကို ထုတ်ဖော်လိုက်လျှင်ပင် သူလျှိုများက ငြင်းဆန်နေ၍ မတတ်နိုင်ပေ။ အကယ်၍ သူတို့သာ လူများကို မဆင်မခြင် သတ်လိုက်လျှင် အခြေအနေကို ပိုဆိုးရွားသွားစေလိမ့်မည်။

တိုင်းပြည်ကို သိမ်းပိုက်ဖို့ လွယ်ကူသော်လည်း အုပ်စိုးရန် ခက်ခဲသည်ဟု ဆိုရိုးရှိသည် မဟုတ်ပါလော။

လုကျိုးက မုတ်ဆိတ်သပ်ကာ ပြန်လည်ရင်ဆိုင်ဖို့ စဉ်းစားနေသည်။ သူ့ဘာသာ ရေရွတ်နေပြီးနောက် ပြောလိုက်သည်။

“ငါ ဒါကို တစ်ခုခုတော့ လုပ်ရမယ် ”

ထိုသို့ပြောလိုက်ပြီးသည့်နောက် သူက စနစ်မှ အသိပေးချက်ကို ကြားလိုက်ရသည်။ စနစ်၏ တာဝန်ဇယားကို စစ်ဆေးကြည့်လိုက်သည့်အခါ တာဝန်အသစ်တစ်ခု ရောက်နေ၏။

အံ့ဖွယ်မြို့တော်ရဲ့ လျှို့ဝှက်ပြဿနာကို ဖြေရှင်းပါ …

“ကျိချန်းပေ့ ပါဝင်လာမယ်ဆိုရင်တော့ အနိုင်ရဖို့က အသေအချာပါပဲ” ဟွားချုံးယန်က ဦးညွှတ်လိုက်သည်။ သူက စိတ်ထဲ၌ လုကျိုးသည် ဒီလိုခက်ခဲသည့် ကိစ္စကို မည်သို့ဖြေရှင်းမည်မှန်း စဉ်းစားနေ၏။ အင်အားတစ်ခုတည်းဖြင့် မဖြေရှင်းနိုင်ပေ။

“ခုနှစ်စင်ကြယ်ကျောင်းတော်က ကျိုးယို့ချိုက်ကို ငါက တွေ့ချင်တယ်လို့ ဆင့်ခေါ်လိုက် ”

…

All Chapters