အခန်း (၂၇၃-၂၇၄)
Vol. 28 Ch. 273-274
အခန်း (၂၇၃) - ယွန်းနျန်း၊ ဟောင်ရန်ဓားစွမ်းအင်
အခန်းထဲတွင် မီးဖိုတစ်ခုရှိနေပြီး ထင်းရှူးတုံးများ ပေါက်ကွဲသံနှင့်အတူ တောက်လောင်နေသဖြင့် လီယန်ချူမှာ နွေးထွေးမှုကို ခံစားလိုက်ရသည်။
မီးဖိုပေါ်တွင် အသားဟင်းရည်အိုးကြီးတစ်လုံး တည်ထားပြီး အနံ့မွှေးကြိုင်နေသည်။
လီယန်ချူသည် မျက်မှောင်ကြုတ်ကာ ထိုအမျိုးသမီးကို တစ်ချက်ကြည့်လိုက်သည်။
"အရှိန်ဝါကြည့် အတတ်"
"အယ် "
သူသည် အံ့အားသင့်စွာဖြင့် အသံထွက်လိုက်မိသည်။
ထိုအမျိုးသမီးမှာ အရှိန်ဝါကြည့်အတတ်ဖြင့် ကြည့်ရှုသည့်အခါတွင် မည်သည့်မိစ္ဆာစွမ်းအင် သို့မဟုတ် သရဲစွမ်းအင်မျှ မတွေ့ရပေ။
သို့သော်လည်း
အရှိန်ဝါကြည့်အတတ်မှာ တစ်ခါတစ်ရံတွင် အာနိသင်မရှိတတ်ပေ၊ ယခင်က လုံမင်ရွာတွင် တစ်ရွာလုံးရှိ ရွာသားများမှာလည်း အပေါ်ယံကြည့်လျှင် ပြဿနာမရှိပုံပေါက်နေခဲ့သည် မဟုတ်လား။
ရဟန်းတော်ကြီး၏ ဓာတ်တော်များကို ကျင်ကွမ်းကျောင်းသို့ ပို့ဆောင်ပေးရမည့် ထိုအရေးကြီးသော အချိန်အခါသမယတွင် သူသည် သတိထားနေရမည်ဖြစ်သည်။
ထို့ပြင် ဤသည်မှာ တောနက်ကြီးထဲတွင် ရုတ်တရက် ပေါ်လာသည့် လူနေအိမ်ဖြစ်နေသည်။
၎င်းမှာ သာမန်လူတစ်ယောက်၏ အိမ်ဖြစ်သည်ဟု ယုံကြည်ရန် ခက်ခဲလှသည်။
"တာအိုဆရာ၊ ကျမ အသားဟင်းရည်ချက်ထားလို့ တာအိုဆရာကို တစ်ပန်းကန်လောက် ခပ်ပေးမယ်ရှင့်၊ အအေးဒဏ်ကို သက်သာစေဖို့ပါ"
အမျိုးသမီးမှာ ကိုင်းညွတ်ပြီး ပန်းကန်လုံးကို ယူလိုက်ရာ ထိုလှုပ်ရှားမှုမှာ သူမ၏ ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်အလှကို ပိုမိုပေါ်လွင်စေပြီး အထူးသဖြင့် တစ်နေရာရာတွင် ပြည့်ဖြိုးခိုင်မာနေသဖြင့် လူကို ရေငတ်စေသည်။
လီယန်ချူသည် မျက်မှောင်ကြုတ်ကာ အေးစက်စွာ ပြုံးလိုက်သည်။
"မမလေး၊ တစ်ယောက်တည်း နေတာဆိုရင် ဘာလို့ ဒီလောက် အသားဟင်းအိုးကြီး ချက်ထားရတာလဲ"
အမျိုးသမီးမှာ ကျွမ်းကျင်စွာပင် မွှေးကြိုင်နေသော ဟင်းရည်ကို ပန်းကန်ထဲသို့ ခပ်ယူ၍ လီယန်ချူအား ပေးအပ်ပြီး အနည်းငယ် ပြုံးလိုက်သည်။
"တောထဲမှာနေတဲ့သူတွေဆိုတော့ အဲလောက်ကြီး ဂရုစိုက်မနေပါဘူး၊ ကျမ ပိုချက်ထားလိုက်တာပါ၊ အလုပ်မရှုပ်အောင်လို့ပါ၊ တာအိုဆရာ သုံးဆောင်ပါ"
အမျိုးသမီးမှာ လီယန်ချူကို ဟင်းရည်ပေးစဉ်က မတော်တဆပင် သူမ၏ ပါးလွှာသော အဝတ်အစား လည်ပင်းကို ဟသွားစေပြီး ဖြူဖွေးသော အသားအရေကို မြင်နေရသည်။
ယခုအချိန်တွင် သူမ၏ ပါးပြင်မှာ နီမြန်းနေပြီး ဆွဲဆောင်မှုရှိသော ရှက်ရွံ့မှုမျိုး ဖြစ်နေသည်။
လီယန်ချူသည် ဟင်းရည်ကို လက်ခံယူပြီး ကျေးဇူးတင်ကြောင်း ပြောကာ ဘေးတွင် ချထားလိုက်သည်။
"ကျေးဇူးတင်ပါတယ် မမလေး၊ ဒါပေမဲ့ ကျနော်က ရဟန်းတစ်ပါး ဖြစ်တဲ့အတွက် အသားငါး မစားပါဘူး"
ထိုအမျိုးသမီးမှာ အနည်းငယ် အံ့အားသင့်သွားပြီး ပြုံးကာပြောသည်
"ဒါဆိုရင် ကျမ တာအိုဆရာ အတွက် မုန့်ခြောက် တွေကို ပေးပါ့မယ်၊ တောထဲမှာဆိုတော့ ရိုးရှင်းတာပဲ၊ မငြင်းပါနဲ့နော်"
"ကျနော်မှာ ကိုယ်တိုင်ယူလာတဲ့ အစားအစာတွေ ရှိပါတယ်၊ မမလေး အလုပ်ရှုပ်မခံပါနဲ့..."
လီယန်ချူက ပြောသည်။
သူ၏ အသံမှာ တည်ငြိမ်နေပြီး ထိုအမျိုးသမီး၏ အစားအစာကို စားရန် စိတ်မဝင်စားပေ။
"ကျမက ယွန်းနျန်း ပါ၊ တာအိုဆရာ နာမည်ကို မသိရသေးဘူး "
"လီယန်ချူပါ"
လီယန်ချူသည် ယွန်းနျန်းဟု ခေါ်သည့် လှပသော အမျိုးသမီးကို စေ့စေ့ကြည့်ကာ ပြုံး၍ ပြောလိုက်သည်
"ကျနော် က တစ်ညတာလောက် ခေတ္တနားခိုဖို့သာ လာတာပါ၊ မမလေး စိတ်မပူပါနဲ့"
ယွန်းနျန်း၏ မျက်လုံးများတွင် နားမလည်နိုင်မှုများ ရှိနေပြီး မျက်နှာမှာ အံ့အားသင့်နေသည်။
နီမြန်းသေးငယ်သော ပါးစပ်မှာ အနည်းငယ် ပွင့်သွားသည်။
"တာအိုဆရာ ဘာကိုဆိုလိုတာလဲ"
လီယန်ချူသည် မျက်ခုံးကို ပင့်လိုက်သည်။
ဒီလောက်ထိ မသိနားမလည်တဲ့ ပြင်ပက မိစ္ဆာလား
သာမန်ဆိုရင်တော့ သူ့ကို တမင် ဆွဲဆောင်နေတယ်ဆိုရင် ဓားနဲ့ အပိုင်းပိုင်း ခုတ်လိုက်မိမှာပဲ။
မူလက သူမတွင် သွေးစွန်းသော အငြိုးအတေးများ မရှိသေးသဖြင့် သူသည် ယခုအချိန်တွင် ထည့်တွက်မနေလိုပေ။
သို့သော် ထိုယွန်းနျန်းမှာ လုံးဝ နားမလည်ကြောင်း မြင်ရသည့်အခါ။
သူသည် ခဏမျှ တွေးတောပြီးနောက် ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ဘာမှ အထွေထူး မရှိပါဘူး၊ မမလေး တစ်ယောက်တည်း နေရတာ အထီးကျန်နေမှာပေါ့၊ ကျနော်ကို မမလေးကို ကောင်းကောင်း ပြုစုခွင့်ပြုပါလား"
သူသည် ယွန်းနျန်းကို ပွေ့ဖက်လိုက်ပြီး လက်ကြီးဖြင့် သူမ၏ ခန္ဓာကိုယ်ပေါ်တွင် စိတ်တိုင်းကျ စမ်းသပ်ပွတ်သပ်လိုက်သည်။
ယွန်းနျန်းသည် သူ၏ ရင်ခွင်ထဲတွင် ရုန်းကန်နေပြီး မျက်နှာမှာ နီရဲနေသည်။
"တာအိုဆရာ၊ ကိုယ့်ကိုယ်ကိုယ် ဂုဏ်သိက္ခာ ထိန်းပါ"
သူမသည် ရုန်းကန်ထလိုက်ပြီး လီယန်ချူကို ဒေါသတကြီး ကြည့်လိုက်ကာ ခန္ဓာကိုယ်မှာ တုန်ရီနေသည်။
လီယန်ချူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေသည်။
ယွန်းနျန်း၏ မျက်ဝန်းတွင် မျက်ရည်များ ဝဲနေပြီး ခြေဆောင့်ကာ အခန်းတွင်းသို့ ပြေးဝင်ပြီး တံခါးကို အတွင်းမှ ပိတ်လိုက်သည်။
ဒါတောင် မနှပ်သေးဘူးလား
လီယန်ချူသည် မျက်မှောင်ကြုတ်လိုက်သည်။
သူ၏ မျက်ဝန်းမှာ ကြည်လင်နေပြီး တစ်စုံတစ်ရာကို မူးဝေနေသည့် အရိပ်အယောင်မျှ မရှိပေ။
တကယ်ပဲ သာမန်အမျိုးသမီး ဖြစ်နေတာလား
သူ မစဉ်းစားရသေးခင်မှာပင် အိမ်တံခါးမှာ ပွင့်သွားပြီး လူတစ်စု ဝင်ရောက်လာသည်။
ဦးဆောင်သူမှာ နှုတ်ခမ်းနီ၊ သွားဖြူသည့် ချောမောသော လူငယ်တစ်ဦးဖြစ်ပြီး ဓားကို ခါးတွင် ချိတ်ဆွဲထားကာ အဝတ်အစားအောက်တွင် သံချပ်ကာဝတ်ထားသည်ကို အရိပ်အယောင်အားဖြင့် မြင်နိုင်သည်။
သူ့ဘေးတွင် ရှိသော လူကြီးများမှာ ကျားကဲ့သို့ သန်မာပြီး ပြင်းထန်သော စွမ်းအားများ ထွက်ပေါ်နေကာ သူရဲကောင်းများကဲ့သို့ ဝတ်ဆင်ထားသည်။
"တာအိုဆရာ"
လူငယ်မှာ မျက်မှောင်ကြုတ်လိုက်သည်။
ဘေးမှ သန်မာသော လူကြီးများမှာ ချက်ချင်းပင် ရက်စက်သော အကြည့်များဖြင့် ကြည့်လိုက်ကြပြီး တစ်ယောက်မှာ လူငယ်ကိုပင် မစောင့်ဆိုင်းတော့ဘဲ ချက်ချင်းပင် လှုပ်ရှားလိုက်သည်။
ချွင်
သူသည် ထက်မြက်သော ဓားကို ဆွဲထုတ်ကာ လီယန်ချူ၏ လည်ပင်းကို ရည်ရွယ်ပြီး ရက်စက်စွာ ခုတ်ချလိုက်သည်။
လီယန်ချူသည် အနည်းငယ် မျက်မှောင်ကြုတ်ကာ ဘယ်ဘက်သို့ တစ်ပေခန့် ရွှေ့လိုက်ပြီး ထိုဓားချက်ကို ရှောင်ရှားလိုက်သည်။
ချွင် ချွင် ချွင်
နောက်ထပ် အားကောင်းသော ဓားသမားများစွာကလည်း ဓားများကို ဆွဲထုတ်ကာ ခုတ်ပြန်သည်။
သူတို့သည် ပူးပေါင်းတိုက်ခိုက်နည်းတစ်ခုခုကို သင်ယူထားပုံရပြီး အလွန် စနစ်တကျ ရှိသည်။
လီယန်ချူကို အလယ်တွင် ဝိုင်းထားပြီး ဓားရောင်မှာ အေးစက်ကာ တစ်ချက်ချင်းစီတွင် အသက်ကို ရည်ရွယ်နေသည်။
လီယန်ချူမှာ အနည်းငယ် နားမလည် ဖြစ်သွားသည်။
ထိုသူတို့၏ ပုံစံမှာ စစ်တိုက်ရာတွင် အတွေ့အကြုံရှိသော စစ်သားဟောင်းများနှင့် တူသော်လည်း ဤလူငယ်မှာ မည်သူနည်း
ဘာကြောင့် တာအိုဆရာ ဆိုသည့် စကားကို ကြားသည်နှင့် လူသတ်ချင်နေကြတာလဲ
လီယန်ချူသည် သတ်ဖြတ်ခြင်း မပြုလုပ်သေးဘဲ သူတို့မှာ သေသင့်သည့် အကြောင်းပြချက် မရှိဟု ယူဆသည်။
ဓားနည်းလမ်းအရ ပြောရလျှင် ဤသန်မာသော လူကြီးများမှာ အမှန်တကယ် ရက်စက်မြန်ဆန်သည်။
သို့သော်
သူတို့ ကြုံတွေ့နေရသူမှာ သာမန် တာအိုဆရာ မဟုတ်ဘဲ ကိုယ်ခံပညာ အဆင့်မြင့် ပညာရှင် လီယန်ချူ ဖြစ်နေသည်။
"ထျန်းကန်းလက်ဝါး"
"အကြီးစား ချုပ်ကိုင်နည်း"
သူသည် လက်ချောင်းများကို အနည်းငယ် ကွေးလိုက်ပြီး အလွန် ကျွမ်းကျင်သော ပညာရပ်ဖြင့် ထိုလူကြီးများ၏ ဓားများကို တစ်ချက်ချင်းစီ သိမ်းလိုက်သည်။
လက်ထဲတွင် ဓားတစ်ချောင်း ပွေ့ဖက်ထားသည်။
ထိုလူကြီးများမှာ အံ့အားသင့်သွားပြီးနောက် လက်သီးများဖြင့် ဆက်တိုက် ထိုးနှက်လာကြသည်။
စွမ်းအားမှာ ကြီးမားပြီး ရိုးရှင်း တိုက်ရိုက်ဆန်သည်
စစ်တပ်အတွင်းမှ ကိုယ်ခံပညာနှင့် ဆင်တူသည်။
လီယန်ချူ၏ မျက်ဝန်းမှာ အေးစက်သွားသည်။
"ထျန်းကန်းလက်ဝါး"
"အကြောခွဲ အရိုးဆက်နည်း"
ခရက် ခရက်
ထိုသန်မာသော လူကြီးများ၏ လက်မောင်းများကို သူသည် အပိုင်းပိုင်း ဖြတ်တောက်ပစ်လိုက်ရာ သူတို့မှာ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။
"မိစ္ဆာတာအိုဆရာ မင်းက အကြောခွဲ အရိုးဆက်နည်းကိုပါ တတ်ထားတာလား "
လူငယ်မှာ အေးစက်စွာ အော်ဟစ်လိုက်သည်!
ချွင်
ကြည်လင်သော နဂါးဟိန်းသံ ထွက်ပေါ်လာသည်။
ဓားရောင်ခြည်တစ်ခုမှာ လျှပ်စီးကဲ့သို့ လီယန်ချူဆီသို့ တည့်တည့် တိုးဝင်လာသည်
လီယန်ချူမှာ အံ့အားသင့်စွာဖြင့်
"အယ်" ဟု အသံပြုလိုက်ပြီး ကိုယ်ကို ပေါ့ပါးစွာ ဘေးသို့ ရှောင်လိုက်သည်။
လူငယ်မှာ လက်ကောက်ဝတ်ကို လှည့်လိုက်ပြီး ဓားဖျားတွင် တစ်ပေခန့်ရှိသော အစိမ်းရောင် အလင်းတန်းမှာ တောက်ပနေသည်။
ထက်မြက်သော ဓားစွမ်းအင်မှာ လီယန်ချူ၏ နဖူးကြားကို ချိန်ရွယ်ထားသည်။
သူသည် ကိုယ်ကို လှည့်လိုက်ပြီး လက်ကို လက်သည်းကဲ့သို့ ပြောင်းကာ လူငယ်၏ လက်ကောက်ဝတ်ကို လျှပ်စီးကဲ့သို့ ဖမ်းဆုပ်လိုက်သည်။
ရှီး
လူငယ်၏ ဓားထဲမှ ရုတ်တရက် ဟောင်ရန်ဓားစွမ်းအင် တစ်ခု ပေါ်ထွက်လာပြီး အလွန် လျှို့ဝှက်နက်နဲလှသည်။
လူမမြင်နိုင်သော အမြန်နှုန်းဖြင့် လီယန်ချူ၏ ရင်ဘတ်ကို တည့်တည့် ထိုးဖောက်သွားသည်။
ထိုလူငယ်၏ ဓားပညာမှာ ဤမျှ ထက်မြက်လိမ့်မည်ဟု လီယန်ချူ မထင်မှတ်ထားခဲ့သဖြင့် ချက်ချင်းပင် ဟွန့်ယွမ်ကျင့်စဉ် ကို အသုံးပြုလိုက်သည်။
ကိုယ်ခန္ဓာကာကွယ်ခြင်း
ဒေါင်
မီးပွားများ လွင့်စင်သွားသည်
လူငယ်မှာ အေးစက်သွားပြီး ဒေါသတကြီး အော်ဟစ်သည်
"မိစ္ဆာတာအိုဆရာ သေစမ်း "
ဓားပေါ်ရှိ ဟောင်ရန်ဓားစွမ်းအင်မှာ တောက်ပလာပြီး အခန်းတစ်ခုလုံးကို လင်းလက်သွားစေကာ မိစ္ဆာစွမ်းအင်များ ပျောက်ကွယ်သွားသည်။
ဓားဖျားမှာ လီယန်ချူ၏ အကာကွယ်ကို ဖောက်ထွက်သွားပြီး ရင်ဘတ်အထိ နှစ်လက်မသာ လိုတော့သည့် အနေအထားသို့ ရောက်ရှိသွားသည်။
လီယန်ချူမှာ အံ့အားသင့်သွားသည်။
ခြေဖျားဖြင့် ထောက်ကာ ကိုယ်ကို ပေါ့ပါးစွာ နောက်သို့ ဆုတ်လိုက်သည်။
ထိုအိမ်ထဲတွင် လှုပ်ရှားနေစဉ်မှာပင် ပေါ့ပါးသော တာအိုစိတ်ဓာတ်မျိုး ဖြစ်နေသည်။
ဤလူငယ်က သူ့ကို မိစ္ဆာတာအိုဆရာ ဟု ခေါ်ဆိုသော်လည်း သူ၏ ဓားပညာမှာ သန့်စင်နေသဖြင့် လီယန်ချူသည် သတ်ဖြတ်ခြင်းကို မပြုလုပ်လိုပေ။
"ရပ်"
သူသည် လက်ချောင်းဖြင့် လူငယ်ကို အနည်းငယ် ထောက်လိုက်သည်။
"တာအိုပညာ"
"ချုပ်နှောင်ခြင်း"
လူငယ်၏ လက်ထဲမှ ဓားမှာ လေထဲတွင် ချက်ချင်း ရပ်တန့်သွားပြီး မည်မျှပင် အားစိုက်ထုတ်ပါစေ တစ်လက်မမျှပင် ရှေ့သို့ မတိုးနိုင်တော့ပေ
လီယန်ချူမှာ စုံစမ်းရန် ပြင်ဆင်နေချိန်တွင် ထိုလူငယ်၏ ဓားမှာ ထပ်မံ၍ တောက်ပလာသည်။
သူ၏ ချုပ်နှောင်ခြင်း ပညာကို ဖျက်ဆီးပစ်လိုက်သည်။
"ဟင်"
လီယန်ချူမှာ အံ့အားသင့်သွားသည်။
"မိစ္ဆာတာအိုဆရာ သတ္တိရှိလှချည်လား "
လူငယ်မှာ မျက်လုံးပြူးပြီး ဓားမှာ လျှပ်စီးကဲ့သို့ တုန်ခါနေသည်။
အခန်း (၂၇၄) - ထျန်းပေါင်ဘဏ်၊ အမျိုးသမီးမှ အမျိုးသားအသွင် ဖန်တီးခြင်း
လီယန်ချူသည် အလွန်မြန်ဆန်သော ကိုယ်ခံပညာကို အသုံးပြုကာ အသက်လုဆဲဆဲ အချိန်တွင် ထက်မြက်သော ဓားဖျားကို ရှောင်ရှားလိုက်သည်။
စိတ်ထဲတွင်လည်း ဒေါသအနည်းငယ် ထွက်လာသည်။
ဗြုန်း
လူငယ်၏ ဓားစွမ်းအင်မှာ အိမ်တံခါးကို တိုက်ရိုက် ရိုက်ချိုးလိုက်သည်။
အံ့အားသင့်နေသော လှပသည့် မျက်နှာတစ်ခုကို ထင်ရှားပေါ်လွင်စေသည်။
ယွန်းနျန်း၏ သေးငယ်ပြီး နီမြန်းနေသော ပါးစပ်မှာ အနည်းငယ် ပွင့်ဟနေပြီး၊ အထဲသို့ အတင်းအကျပ် ဝင်ရောက်လာသော ဤလူစုကို ကြည့်ကာ မျက်လုံးများ ပြူးကျယ်နေကာ ငိုချင်သလို ဖြစ်နေသည်။
သူမ၏ ဆွဲဆောင်မှုရှိသော အလှနှင့် ရပ်တည်ချက်မှာ ထိုလယ်တောအိမ်လေးထဲတွင်ပင် အလင်းရောင်များ တောက်ပလာစေသကဲ့သို့ ခံစားရစေသည်။
လူငယ်၏ ဓားမှာ နဂါးဟိန်းသံကဲ့သို့ အသံများ ထွက်ပေါ်နေပြီး တုန်ခါနေသည်။
"မင်းမှာ စိတ်ရောဂါ ရှိနေတာလား၊ တွေ့တွေ့ချင်းပဲ တိုက်ခိုက်နေတာပဲ မေနူးးးး"
လီယန်ချူက ဆဲဆိုလိုက်သည်။
သူသည် ဓားကိုင်ထားသော ထိုလူငယ်ကို အင်အားသုံး၍ ဖမ်းဆီးရန် ကြံရွယ်လိုက်သည်။
မဟုတ်ပါက ဆက်လက်တိုက်ခိုက်နေလျှင် ဤအိမ်လေးမှာလည်း သူ၏ ဓားစွမ်းအင်ကြောင့် အပိုင်းပိုင်း ဖြစ်သွားလိမ့်မည်။
မည်သူထင်မည်နည်း။
ထိုလူငယ်သည် စကားကြားလိုက်သောအခါ ရုတ်တရက် တိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်သည်။
သူ၏ ထက်မြက်သော အကြည့်များမှာ ဓားကဲ့သို့ လီယန်ချူ၏ မျက်နှာပေါ်တွင် စိုက်ဝင်နေသည်။
ထင်ရှားသော နားထင် ကျားကဲ့သို့ သန်မာသော လူကြီးများမှာ လူငယ်သည် တဖန် ချုပ်နှောင်ခြင်း မှော်ပညာကို မိသွားပြီဟု ယူဆလိုက်ကြသည်။
သူတို့သည် အတူတူ ခုန်ဝင်လာကြပြီး လက်သီးနှင့် လက်ဝါးကြားမှ လေပြင်းများ တိုက်ခတ်လာကာ သူတို့အားလုံးမှာ သွေးချီများ အားကောင်းလှသည့် ပညာရှင်များ ဖြစ်ကြောင်း ထင်ရှားသည်။
"ရပ် "
လူငယ်က အေးစက်စွာ အမိန့်ပေးလိုက်သည်။
သန်မာသော ဓားသမားများမှာ ချက်ချင်းပင် ရပ်တန့်သွားသည်။
ဤသို့ အမိန့်နာခံသော ပုံစံမှာ တောထဲမှ လူဆိုးများနှင့် မတူဘဲ စစ်တပ်မှ စစ်သားကောင်းများနှင့် ပို၍ တူနေသည်။
အလွန် ချောမောလှပသော လူငယ်က
"သူ မဟုတ်ဘူး" ဟု ပြောလိုက်သည်။
ထို့နောက် လီယန်ချူကို ကြည့်၍ ပြုံးလိုက်သည်။
"ဒီ တာအိုဆရာ၊ ခုနာက ကျုပ် လူမှားသွားလို့ပါ စိတ်မဆိုးပါနဲ့ခင်ဗျာ "
လီယန်ချူက အေးစက်စွာ ပြုံးလိုက်သည်
"လူမှားလိုက်တာနဲ့ ကိစ္စပြီးပြီလား ငါ့မှာသာ အရည်အချင်း မရှိရင် ခုနာကတင် သေသွားပြီ "
လူငယ်မှာ အဆူခံလိုက်ရသော်လည်း စိတ်မဆိုးဘဲ တောင်းပန်သော လေသံဖြင့် ပြုံး၍ ပြောသည်
"တကယ် တောင်းပန်ပါတယ်၊ ကျုပ်လမ်းမှာ မိစ္ဆာတာအိုဆရာတစ်ယောက်ရဲ့ နှောက်ယှက်မှုကို ခံနေရလို့ တာအိုဆရာကို သူလို့ ထင်သွားမိတာပါ "
လီယန်ချူက အေးစက်စွာ ပြုံး၍ ဘာမျှ ပြန်မပြောပေ။
လူငယ်မှာ သူ၏ ကိုယ်ပေါ်မှ ငွေစက္ကူ အထပ်လိုက်ကို ထုတ်ယူကာ လေးစားစွာ ပေးအပ်လိုက်သည်။
"တာအိုဆရာ စိတ်မဆိုးပါနဲ့၊ ဒီငွေလေးက လျော်ကြေးအနေနဲ့ လက်ခံပေးပါ "
လီယန်ချူ၏ မျက်နှာမှာ တည်ငြိမ်နေပြီး မျက်လုံးထဲတွင် မနှစ်မြို့သော အရိပ်အယောင်များ ရှိနေသည်။
ပိုက်ဆံနဲ့ ပေါက်လိုက်တာလား
သူသည် ငွေစက္ကူကို လက်ခံယူလိုက်ပြီး ပေါ့ပေါ့ဆဆ တစ်ချက်ကြည့်လိုက်ရာ မျက်ခုံးများ မြောက်တက်သွားသည်။
ငွေသုံးထောင်
ထို ထျန်းပေါင် ဘဏ်၏ ငွေစက္ကူအထပ်မှာ ငွေသုံးထောင်တိတိ ဖြစ်သည်။
"ဒီ လူချောလေးက အရမ်း ရက်ရောတာပဲ၊ အားလုံးက အထင်အမြင်လွဲမှားမှုပဲ ဖြစ်လို့ စိတ်ထဲ မထားပါဘူး "
လီယန်ချူသည် ခဏမျှ တိတ်ဆိတ်နေပြီးမှ ရုတ်တရက် ရယ်မောလိုက်သည်။
ပြောသာ ပြောလိုက်သည်၊ သို့သော် ငွေစက္ကူများကိုမူ အိတ်ထဲသို့ လျင်မြန်စွာ ထည့်လိုက်သည်။
ခုနက ဖြစ်ပျက်ခဲ့သည့် ကိစ္စမှာ ပေါ့ပေါ့ပါးပါးဖြင့် ပြီးဆုံးသွားသကဲ့သို့ပင်။
ဓားချင်း ထိုးခုတ်နေသော အခြေအနေမှ ရုတ်တရက်ပင် ရင်းနှီးကျွမ်းဝင်သော သူငယ်ချင်းများအဖြစ် ပြောင်းလဲသွားသည်။
ယွန်းနျန်းသည် ခန္ဓာကိုယ် တုန်ရီနေပြီး သူမ၏ ပါးလွှာသော အဝတ်အစားကို တင်းကျပ်စွာ ဖုံးအုပ်ထားသည်။
လီယန်ချူသည် သူမကို တစ်ချက်ကြည့်ကာ လမ်းလျှောက်သွားသည်။
"ရှင်၊ ရှင် မလာနဲ့ "
ယွန်းနျန်းက တုန်ရီသော အသံဖြင့် ပြောသည်။
လှပသော မျက်နှာပေါ်တွင် သွေးရောင်မရှိတော့ဘဲ နောက်သို့ တဖြည်းဖြည်း ဆုတ်ခွာနေပြီး တင်းကျပ်သော အဝတ်အစားအောက်မှ လှပသော ကိုယ်ဟန်ကို ပေါ်လွင်စေသည်။
ထိုမြင်ကွင်းကြောင့် တည်ငြိမ်သော ဓားသမားများပင်လျှင် ကြည့်မိသွားကြသည်။
ထိုချောမောသော လူငယ်မှာမူ တည်ငြိမ်နေပြီး အစပိုင်း အံ့အားသင့်သွားခြင်းမှလွဲ၍ အခြား စိတ်ခံစားမှု မရှိပေ။
သူသည် လီယန်ချူကို စိတ်ဝင်တစားဖြင့် ကြည့်နေသည်။
သူ၏ မျက်နှာပေါ်ရှိ အမူအရာမှာ စဉ်းစားစရာ ဖြစ်နေသည်။
လီယန်ချူသည် ယွန်းနျန်းကို နူးညံ့စွာ ပြုံး၍ ပြောလိုက်သည်
"မမလေး မကြောက်ပါနဲ့၊ ခုနကတော့ ကျုပ်က တောင်ထဲက မိစ္ဆာတစ်ကောင်လို့ ထင်ပြီး စမ်းသပ်တာပါ "
ချောမောသော လူငယ်သည်လည်း ယွန်းနျန်းအတွက် လျော်ကြေးပေးလိုက်သည်။
ထို့ကြောင့် ပြင်ပတွင် နှင်းမုန်တိုင်းများ တိုက်ခတ်နေသော်လည်း အိမ်အတွင်းတွင်မူ နွေးထွေးစွာဖြင့် ပြန်လည် စကားပြောနေကြသည်။
လီယန်ချူသည် အသေးစိတ်ကို ဆက်လက် မစုံစမ်းတော့ဘဲ ကိုယ်ပိုင် အစားအစာများကိုသာ စားလိုက်ပြီး အိုးထဲမှ ဟင်းရည်ကိုမူ တစ်ချက်မျှပင် မကြည့်ပေ။
လူငယ်မှာ လူယင် ဟု အမည်ခံပြီး ချင်းကျိုး မှ ဖြစ်ကြောင်း၊ သူ၏ နောက်မှ လိုက်ပါလာသော သန်မာသည့် လူကြီးများမှာ သူ၏ အစေခံများ ဖြစ်ကြောင်း ပြောပြသည်။
"လီတာအိုဆရာက တုန်းလင်ခရိုင်ကို သွားဖို့ ပြင်ဆင်နေတာလား "
လူယင်က မေးသည်။
"ဟုတ်ပါတယ်"
လီယန်ချူသည် အရက်တစ်ခွက်သောက်ကာ ရွှေရောင်သန်းနေသော ကြက်ကင်ကို စားရင်း ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
လူယင်၏ မျက်လုံးများ အရောင်လက်သွားပြီး လီယန်ချူ၏ အိတ်ကို တစ်ချက်ကြည့်ကာ
"ကျုပ်လည်း တုန်းလင်ခရိုင်ကို သွားမှာပါ၊ အတူတူ သွားရင် ကောင်းမလား၊ လီတာအိုဆရာ ဘယ်လို သဘောရပါသလဲ "
ဟု ပြုံး၍ မေးသည်။
လီယန်ချူသည် ခေါင်းခါလိုက်သည်
"ကျုပ်က တစ်ယောက်တည်းပဲ လွတ်လပ်စွာ သွားလာနေကျပါ၊ ခရီးသွားရင်လည်း မြန်လိုက်၊ နှေးလိုက် လုပ်နေတာမို့ မင်းရဲ့ စေတနာကို လက်မခံပါရစေနဲ့ "
လူယင်သည်လည်း တိုက်တွန်းမနေတော့ပေ။
သူသည် ဂုဏ်ရှိန်နှင့် ထက်မြက်သော သူတစ်ဦးဖြစ်သည့်အတိုင်း သူတစ်ပါးကို အတင်းအကျပ် မပြုလုပ်လိုပေ။
ဒုန်း ဒုန်း ဒုန်း
ရုတ်တရက် တံခါးခေါက်သံများ ကြားလိုက်ရသည်။
ယွန်းနျန်းက ခေါင်းမော့လိုက်ပြီး မျက်မှောင်ကြုတ်ကာ ဟင်းခပ်ဇွန်းကို ချ၍ တံခါးဆီသို့ လျှောက်သွားသည်။
လူယင်က ရုတ်တရက်
"နေပါဦး"
ဟု ပြောလိုက်သည်။
ယွန်းနျန်းက လှည့်ကြည့်လိုက်သည်။
လူယင်က
"တံခါးပြင်ပမှာ ရှိနေသူက လူမဟုတ်တဲ့ပုံပဲ၊ မမလေး တံခါးမဖွင့်တာပဲ ကောင်းမယ်"
ဟု အေးစက်စွာ ပြောသည်။
ယွန်းနျန်းမှာ အံ့အားသင့်သွားပြီး တံခါးကို စိုးရိမ်စွာ ကြည့်လိုက်သည်။
ထိုအချိန်တွင် တံခါးအပြင်ဘက်မှ ဒုန်း ဒုန်း ဒုန်း တံခါးခေါက်သံများ ဆက်တိုက် ကြားနေရသည်။
သေချာနားထောင်ကြည့်လျှင်။
အလွန် စနစ်တကျ ရှိပြီး တစ်ချက်ချင်းစီ၏ အရှိန်အဟုန်မှာ အတူတူပင် ဖြစ်သည်။
ယွန်းနျန်းက မျက်တောင်ခတ်လိုက်ပြီး
"ကျွန်မက သဘောထားမသေးတဲ့သူပါ၊ ကျွန်မကို မခြောက်လှန့်ပါနဲ့"
ဟု အတင်းပြုံး၍ ပြောသည်။
လူယင်က အနည်းငယ် ပြုံးလိုက်ပြီး ဘာမျှ မပြောပေ။
တောနက်ကြီးထဲရှိ ထိုလယ်တောအိမ်တွင် အားနည်းသော အမျိုးသမီးလှလှလေးတစ်ယောက် နေထိုင်နေခြင်းမှာ မည်သို့မျှ ပုံမှန် မဟုတ်ပေ။
ဘာလို့ ငါက စိတ်ပူနေရတာလဲ။
ယွန်းနျန်းသည် လူယင်ကို တစ်ချက်ကြည့်ပြီးနောက် သတ္တိမွေးကာ တံခါးဆီသို့ လျှောက်သွားသည်။
တံခါးဖွင့်လိုက်သောအခါ ပြင်ပမှ နှင်းလေပြင်းများ အထဲသို့ တိုးဝင်လာသည်။
သို့သော် နှင်းပြင်ကြီးတွင် လူယင်တို့၏ မြင်းများမှလွဲ၍ မည်သူမျှ မရှိပေ။
ယွန်းနျန်း၏ လှပသော မျက်နှာမှာ ချက်ချင်းပင် သွေးရောင်မရှိတော့ပေ။
ရုတ်တရက်
အဖြူရောင် အရိပ်တစ်ခု လျင်မြန်စွာ ဖြတ်ပြေးသွားသည်
ဤတစ်ကြိမ်တွင်
ယွန်းနျန်းတင်မကဘဲ လူယင်၏ အစေခံများမှာလည်း သတိထားမိသွားကြသည်။
ကျယ်ပြန့်သော လက်ဝါးကြီးများဖြင့် ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး မျက်လုံးများတွင် လူသတ်စိတ်များ ပေါ်ပေါက်လာသည်။
ယွန်းနျန်းသည် ကြောက်ရွံ့စွာဖြင့် နောက်သို့ ဆုတ်လိုက်ရာ ခြေလှမ်းယိုင်သွားသည်။
တိုက်ဆိုင်စွာပင် သူမ၏ ခန္ဓာကိုယ်မှာ လီယန်ချူ၏ ရင်ခွင်ထဲသို့ ပြုတ်ကျသွားပြီး နှစ်ယောက်သား မျက်လုံးချင်း ဆုံမိကြသည်။
ယွန်းနျန်း၏ ပါးပြင်များ နီမြန်းလာပြီး လျှပ်စစ်ဓာတ်လိုက်သကဲ့သို့ လီယန်ချူ၏ ရင်ခွင်ထဲမှ ရုန်းထွက်ကာ အော်ဟစ်လျက် အတွင်းခန်းထဲသို့ ပြေးဝင်သွားသည်။
သူမ၏ ပြည့်ဖြိုး တုန်ခါနေသော နောက်ပိုင်းမှာ ထိုသန်မာသော လူကြီးများ၏ အကြည့်ကို ဆွဲဆောင်လိုက်သော်လည်း သူတို့သည် ချက်ချင်းပင် ပြန်လည် သတိရှိသွားကြသည်။
သန်မာသော ဓားသမားတစ်ဦးက တံခါးကို ပိတ်လိုက်ပြီး တည်ငြိမ်စွာ ရပ်နေသည်။
ထိုသူတို့မှာ စည်းကမ်းကောင်းပြီး နားထင် အရိုးများ ထွက်နေသည်ကို ကြည့်ခြင်းအားဖြင့် တကယ့် ကိုယ်ခံပညာ ပညာရှင်များ ဖြစ်ကြောင်း ထင်ရှားသည်။
သို့သော် သူတို့သည် လူယင်အပေါ်တွင် အလွန် လေးစားကြသည်။
မျက်နှာပြင်အရ လေးစားရုံတင်မကဘဲ မျက်လုံးထဲတွင် ပေါ်လွင်နေသော လေးစားမှုမှာ လူယင်၏ အဆင့်အတန်းကြောင့်သာ မဟုတ်ကြောင်း မည်သူမဆို သိနိုင်သည်။
လီယန်ချူမှာ လူယင်၏ အဆင့်အတန်းကို စိတ်ဝင်စားသွားသည်။
"အမျိုးသမီးက အမျိုးသားအသွင် ဖန်တီးထားတာပေါ့၊ ဒီလို ဇာတ်လမ်းမျိုးနဲ့ ကြုံရဦးမှာလား "
လီယန်ချူက နှုတ်ခမ်းကိုမဲ့လိုက်သည်။ ဟင်း ဟင်းးး