လူသားများ ဝိညာဉ်နယ်မြေအတွင်း ၀င်ရောက်လာကြခြင်း (၂)
Vol. 14 Ch. 131
[စနစ် အသိပေးချက်] ။ ။ ပါရမီရှင်အဆင့် မိစ္ဆာသားရဲ ရူးသွပ်နေသော နှင်းကြံ့ကို အောင်မြင်စွာ အမဲလိုက် သတ်ဖြတ်နိုင်ခဲ့ပါသည်။ အတွေ့အကြုံရမှတ်များ ရရှိပါသည်။
[စနစ် အသိပေးချက်] ။ ။ ကျဆင်းလာသော ပင်ကိုစွမ်းရည် လေးလံသားမွေး (ခရမ်းရောင် ပါရမီရှင်အဆင့်)။
[အသိပေးချက်] ။ ။ ဤပင်ကိုစွမ်းရည်မှာ ပိုင်ရှင်နှင့် လိုက်ဖက်ညီမှု မရှိပါ၊ ‘ငွေပြာရောင် သွေးမျိုးဆက်’ ပင်ကိုစွမ်းရည်သည် ၎င်းကို အလိုအလျောက် ဝါးမြိုလိုက်ပြီး၊ ‘ငွေပြာရောင် သွေးမျိုးဆက်’ စွမ်းရည်မှာ အနည်းငယ် စွမ်းအားမြင့်တက်လာခဲ့ပါပြီ။
[‘ဘုရင်သွေး’] - မိမိ၏ ကိုယ်ပိုင်စွမ်းရည် အားလုံး ၃၂ ရာခိုင်နှုန်း တိုးလာမည်။ (ယခင်က ၃၁ ရာခိုင်နှုန်း)
တိုက်ပွဲ ပြီးဆုံးသွားသည်နှင့် ဝံပုလွေအုပ်စုသည် မထိခိုက်ဘဲ ကျန်ရှိနေသော စိတ်ကူးယဉ်လမင်းသစ်သီးများဆီသို့ သူတို့၏ အကြည့်များကို ပြန်လှည့်လိုက်ကြသည်။ ဤတစ်ကြိမ်တွင်တော့ မည်သည့် အတားအဆီးမျှ မရှိတော့ပေ။
စိတ်ကူးယဉ်လမင်းသစ်သီးများမှာတော့ လင်းလက်တောင်ပနေဆဲပင်။
လင်းထျန်းလုံသည် ရေခဲနှလုံးသား စိတ်ကူးယဉ်လမင်းသစ်သီး သုံးလုံးကို ဂရုတစိုက် ဆွတ်ခူးလိုက်လေသည်။
ကြွယ်ဝသော ရနံ့နှင့် သန့်စင်သော စွမ်းအင်များ ထွက်ပေါ်လာကာ သူ၏ စိတ်ဝိညာဉ်ကို လန်းဆန်းသွားစေလေသည်။
သူသည် အကြီးဆုံးနှစ်လုံးကို ရှောင်လန်နှင့် ရှောင်ယင်းတို့ထံသို့ တွန့်ဆုတ်နေခြင်း အလျဉ်းမရှိ ကမ်းပေးလိုက်လေသည်။
ကလေးမလေး နှစ်ဦးမှာ ခုနက တိုက်ပွဲကြောင့် အနည်းငယ် စိုးရိမ်နေခဲ့ကြလေသည်။
သို့သော်ငြား လှပသော သစ်သီးများကို မြင်လိုက်ရသောအခါ ချက်ချင်းပင် ပျော်ရွှင်သွားကြပြီး၊ သူတို့၏ မျက်နှာများပေါ်တွင် ကျေနပ်အားရသော အမူအရာများ ဖြစ်ပေါ်လာကာ အနည်းငယ် ကိုက်စားကြည့်လိုက်ကြလေသည်။
လင်းထျန်းလုံ ကိုယ်တိုင်ကတော့ ကျန်ရှိနေသော သစ်သီးကို စားသုံးလိုက်သည်။
အေးမြသော စွမ်းအင်လှိုင်းတစ်ခုက သူ၏ ခန္ဓာကိုယ်အတွင်း ချက်ချင်း စီးဝင်သွားပြီး သူ၏ ဝိညာဉ်ကို ဖြည့်တင်းပေးနေလေသည်။
ဝိညာဉ်နယ်မြေကို စူးစမ်းလေ့လာခြင်းနှင့် တိုက်ပွဲကို ကွပ်ကဲခြင်းတို့ကြောင့် ဖြစ်ပေါ်လာသော စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုများမှာလည်း လုံးဝ ပျောက်ကွယ်သွားလေတော့သည်။
ဤတိုက်ပွဲအပြီးတွင် လင်းထျန်းလုံသည် နှင်းဝိညာဉ်မြေခွေး၏ ကောင်းချီးပေးမှုနှင့် ပတ်သက်၍ ပိုမိုရှင်းလင်းသော အချက်တစ်ခုကို နားလည်သွားခဲ့သည်။
၎င်းမှာ အခွင့်အလမ်းများကို ရှာဖွေတွေ့ရှိခြင်း သက်သက်သာ မဟုတ်ဘဲ၊ အရေးကြီးသော အချိန်များတွင် အန္တရာယ်ကို လုံခြုံမှုအဖြစ် ပြောင်းလဲပေးနိုင်သည့် ကံကောင်းမှုမျိုးပင် ဖြစ်လေသည်။
နှင်းဝံပုလွေအုပ်စုမှာ နောက်တစ်ကြိမ် ခရီးဆက်လာခဲ့ကြသည်။ ကျန်ရှိနေသော ခရီးစဉ်မှာ ယုံကြည်နိုင်လောက်စရာ မရှိလောက်အောင် ချောမွေ့လွန်းလှပေသည်။
ရေခဲသလင်း ဝင်္ကပါမှ ထွက်ခွာပြီး မကြာမီမှာပင်၊ သူတို့သည် နှင်းတောင်စောင်းတစ်ခုအောက်တွင် နွေးထွေးသော ရနံ့များ ထွက်ပေါ်နေသည့် မြေမီးတောက် လင်ကျီးမှိုအစုအဝေးလ တစ်ခုကို ရှာတွေ့ခဲ့ကြသည်။
၎င်းမှာ ဝိညာဉ်နယ်မြေ၏ နေရာတိုင်းတွင် ရှိနေကာ၊ ဝံပုလွေပေါက်လေးများအပေါ် အအေးဒဏ်သက်ရောက်မှုများကို ပြေလျော့စေရန်အတွက် အလွန် အသုံးဝင်လှပေသည်။
ထို့နောက် ထိတ်လန့်နေပုံရသည့် နှင်းသားမွေးစာကလေး တစ်ကောင်မှာ လမ်းပျောက်သွားပြီး၊ လင်းထျန်းလုံနှင့် မလှမ်းမကမ်းရှိ ရေခဲနံရံတစ်ခုအား တည့်တည့် ဝင်တိုက်မိကာ သတိမေ့သွားလေသည်။
စာကလေး၏ ခြေသည်းများထဲတွင် မှိန်ဖျော့ဖျော့ ရွှေရောင်အလင်းတန်းများ ထုတ်လွှတ်နေသည့် အခွံမာသီးပုံစံ အရာတစ်ခုကို ဆုပ်ကိုင်ထားသည်။
[စနစ် အသိပေးချက်] ။ ။ ဝိညာဉ်ပစ္စည်း · လေမိုးကြိုးထင်းရှူးစေ့ (ခရမ်းရောင် ပါရမီရှင်အဆင့်) ကို ရှာဖွေတွေ့ရှိပါသည်။ လေနှင့် မိုးကြိုးစွမ်းအားများ ပါဝင်ပြီး၊ အရှိန်နှင့် ချက်ချင်းတုံ့ပြန်နိုင်စွမ်းကို အနည်းငယ် မြှင့်တင်ပေးနိုင်သည်။
ဤ “ကောင်းကင်ဘုံမှ ပေးအပ်သည့် ကံကောင်းမှု” လက်ဆောင်ထုတ်ကြီးကြောင့် သူတို့ သတိပြန်မဝင်လာမီ အချိန်တွင်၊ ပြောင်းရွှေ့နေသော နှင်းသမင်တစ်အုပ်မှာ ဝံပုလွေအုပ်စု၏ အနံ့ကြောင့် ထိတ်လန့်တကြားဖြစ်ပြီး လူစုကွဲသွားခဲ့ကြသည်။
ရေရေရာရာမသိရသော အကြောင်းပြချက် တစ်ခုခုကြောင့်၊ အခမ်းနားဆုံးသော ခေါင်းဆောင်သမင်ကြီးမှာ လင်းထျန်းလုံဆီသို့ တည့်တည့်မတ်မတ် ပြေးဝင်လာပြီးနောက်၊ သူနှင့် ငါးမီတာ သို့မဟုတ် ခြောက်မီတာ အကွာတွင် ရှေ့ခြေထောက်များ ခွေကျသွားကာ သူ့ဘာသာ လဲကျပြီး လည်ပင်းကျိုးသွားလေတော့သည်။
[စနစ် အသိပေးချက်] ။ ။ နှင်းသမင်ခေါင်းဆောင်ကို အမဲလိုက် သတ်ဖြတ်နိုင်ခဲ့ပါသည်။ ကျဆင်းလာသော ပင်ကိုစွမ်းရည် မြန်ဆန်ခြေလှမ်း (အစိမ်းရောင် ကြေးအဆင့်)။ အလိုအလျောက် ဖြိုခွဲလိုက်ပါသည်။
တိုတောင်းလှသော တစ်နာရီခန့် အချိန်အတွင်းမှာပင်၊ ရှားပါးဝိညာဉ်အပင်များ သို့မဟုတ် ကိုယ့်ဘာသာ လာပြီး ပိုက်ကွန်ထဲ ဝင်လာသည့် မိစ္ဆာသားရဲများ စသည့် ယုံကြည်နိုင်လောက်စရာ မရှိသော “ကံကောင်းမှု” မျိုးစုံမှာ တစ်ခုပြီးတစ်ခု ဆက်တိုက် ရောက်ရှိလာခဲ့လေသည်။
ကျဆင်းလာသော ပင်ကိုစွမ်းရည်အများစုမှာ သာမန်များသာ ဖြစ်သော်လည်း၊ ရိတ်သိမ်းရရှိလိုက်သော ရုပ်ပိုင်းဆိုင်ရာ အရင်းအမြစ်များမှာတော့ အတော်လေး များပြားလှပေသည်။
လင်းထျန်းလုံမှာ ကနဦးတွင် အံ့အားသင့်နေခဲ့သော်ငြား၊ နောက်ပိုင်းတွင် ကြုံဖန်များလာသောကြောင့် ထုံကျင်သွားကာ၊ နောက်ဆုံးတွင် လက်တွေ့မဆန်သော ခံစားချက်တစ်ခုကိုပင် စတင် ခံစားလာရလေသည်။
“ဒီ နှင်းဝိညာဉ်မြေခွေး ကောင်းချီးပေးမှုရဲ့ အကျိုးသက်ရောက်မှုက... ရိုးရိုးရှင်းရှင်း ပြောရရင် ကောင်းကင်ဘုံကိုတောင် ဆန့်ကျင်နေတယ်...”
သူ့စိတ်ထဲတွင် တုန်လှုပ်သွားခဲ့သည်။
ဤအခွင့်အရေးများမှာ တိုက်ဆိုင်မှုများဟု ထင်ရသော်လည်း၊ တစ်ခုနှင့်တစ်ခု ဆက်စပ်ကြည့်လိုက်သောအခါ၊ ဖြစ်နိုင်ခြေမှာ ရယ်စရာကောင်းလောက်အောင် နည်းပါးလွန်းလှပေသည်။
နှင်းဝိညာဉ်မြေခွေးလေး၏ နက်ရှိုင်းသော မျက်လုံးများနှင့် အဓိပ္ပာယ်ပြည့်ဝသော စကားများကို သူ မပြန်လည်အမှတ်ရဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ရသည်။ “ဒီလို လေးလံလွန်းတဲ့ ‘လက်ဆောင်’ က ဘာကို ကြိုတင်နိမိတ်ပြနေတာလဲ... ပြီးတော့ နောက်ဆုံးမှာ ဘယ်လို ‘ပေးဆပ်မှု’ မျိုးကို လုပ်ရမှာလဲ...”
ကံကြမ္မာ၏ အတင်းအဓမ္မ တွန်းပို့မှုကို ခံနေရပြီး၊ အကျိုးအမြတ်များကို အတင်း ထိုးသိပ်ခံနေရသည်ဟူသော ခံစားချက်..... ဤခံစားချက်က အရာအားလုံးကို သူ၏ ထိန်းချုပ်မှုအောက်တွင် ထားရှိလေ့ရှိသော ဤဝံပုလွေဘုရင်ကို မှိန်ဖျော့ဖျော့ စိတ်မအေးချမ်းမှု ခံစားချက်တစ်ခု ဖြစ်ပေါ်စေခဲ့လေသည်။
ကမ္ဘာပေါ်ရှိ အရာအားလုံးမှာ အကြောင်းနှင့်အကျိုး ဆက်စပ်နေကြောင်း သူ နက်ရှိုင်းစွာ သိရှိထားလေသည်... ပိုမို ရရှိလေလေ၊ အနာဂတ်တွင် ပိုမိုပေးဆပ်ရလေလေ ဖြစ်တတ်သည် မဟုတ်ပါလား။
သူ၏ အကြည့်များမှာ စွတ်ဖားလှည်းဆီသို့ အလိုအလျောက် လှည့်သွားခဲ့သည်။
ရေခဲနှလုံးသား စိတ်ကူးယဉ်လမင်းသစ်သီးနှင့် ယခင်က ဝိညာဉ်သစ်သီးအချို့ကို စားသုံးထားကြသောကြောင့်၊ ရှောင်လန်နှင့် ရှောင်ယင်းတို့မှာ လက်ရှိတွင် အချင်းချင်း မှီကာ၊ ပါးပြင်များ နီရဲနေပြီး ချိုမြိန်စွာ အိပ်မောကျနေကြလေသည်။
နူးညံ့သော အလင်းရောင်တစ်ခုက သူတို့၏ ခန္ဓာကိုယ်များမှ ထွက်ပေါ်နေကာ၊ သူတို့သည် ထိုများပြားလွန်းသော စွမ်းအင်များကို ချေဖျက်စုပ်ယူနေကြောင်း ရှင်းလင်းစွာ ပြသနေလေသည်။
သူ့သမီးလေးများ၏ ငြိမ်းချမ်းစွာ အိပ်မောကျနေသော မျက်နှာများကို ကြည့်ရင်း၊ မသေချာမရေရာမှုများကြောင့် လင်းထျန်းလုံ၏ နှလုံးသားထဲတွင် ဖြစ်ပေါ်နေခဲ့သော တွန့်ဆုတ်မှုများမှာ ချက်ချင်း ပျောက်ကွယ်သွားခဲ့လေသည်။
ရှေ့ဆက်သွားရမည့်လမ်းတွင် မည်သို့သော အကြောင်းနှင့်အကျိုးများ ရှိနေပါစေ၊ ဤ “ကံကောင်းမှု” ၏ နောက်ကွယ်တွင် မည့်သည့်အရာများ ဖုံးကွယ်နေပါစေ၊ သူတို့ ပိုမိုလုံခြုံပြီး ပိုမိုပျော်ရွှင်စွာ ကြီးပြင်းလာနိုင်သရွေ့၊ သူတစ်ယောက်တည်း အားလုံးကို ထမ်းပိုးထားရန် ဆန္ဒရှိလေသည်။
“စွမ်းအားဆိုတာ သူ့ဘာသာသူ အကောင်းအဆိုးဆိုပြီး ခွဲခြားထားတာမရှိဘူး... အဓိကက အဲ့စွမ်းအားကို အသုံးပြုတဲ့သူ အပေါ်မှာပဲ မူတည်တယ်...” လင်းထျန်းလုံ၏ စိတ်မှာ ရုတ်တရက် ရှင်းလင်းသွားခဲ့သည်။
“အခွင့်အရေး ရောက်လာမှတော့၊ ကြောက်ရွံ့တွန့်ဆုတ်နေတာက ငါတို့ နှင်း၀ံပုလွေမျိုးနွယ်စုရဲ့ စတိုင် ဘယ်ဟုတ်ပါ့မလဲ... တကယ်လို့ ဘေးအန္တရာယ်တစ်ခုခု ရှိလာရင်လည်း၊ ငါရင်ဆိုင်လိုက်မှာပေါ့...”
ဤအရာကို သေချာ စဉ်းစားပြီးနောက်၊ သူ၏ စိတ်ထဲတွင် နောက်ထပ် စိုးရိမ်ပူပန်မှုများ မရှိတော့ပေ။
ထိုအစား သူသည် ဝံပုလွေအုပ်စု၏ ခွန်အားများကို တတ်နိုင်သမျှ မြှင့်တင်ရန် ဤ “ကံကောင်းသော အချိန်” ကို အသုံးပြုရန် ဆုံးဖြတ်ချက်မှာ ပိုမိုခိုင်မာလာခဲ့သည်။
သူသည် ရိတ်သိမ်းရရှိသည့် အရာများကို သေချာ စာရင်းပြုစုပြီးနောက်၊ သင့်တော်သော အရင်းအမြစ်များကို ဝံပုလွေအုပ်စုဝင်များထံ ခွဲဝေပေးလိုက်ရာ၊ ဝံပုလွေအုပ်စု တစ်ခုလုံး၏ ခွန်အားများမှာ တိတ်ဆိတ်စွာ ကြီးထွားလာနေလေသည်။
သို့သော် လင်းထျန်းလုံက နောက်ထပ် စူးစမ်းလေ့လာရမည့် နေရာကို စီစဉ်နေစဉ်မှာပင် -
“အာဝူး...”
ရှေ့မှ ကင်းထောက်ရန် တာဝန်ယူထားသော ယင်းဖုန်းထံမှ ရှင်းလင်းသော သတိပေးချက်တစ်ခု ပါဝင်သည့် အလွန်အမင်း စူးရှသော ဝံပုလွေဟိန်းဟောက်သံ တစ်ခု ထွက်ပေါ်လာခဲ့သည်။
ဤဟိန်းဟောက်သံမှာ သားရဲများနှင့် ကြုံတွေ့ရချိန်တုန်းက ဟိန်းဟောက်သံနှင့် လုံးဝ ကွဲပြားခြားနားနေပြီး၊ သတိဝီရိယများ၊ အမျိုးအမည်မသိရသေးသောအရာများကြောင့် လေးနက်တည်ကြည်မှု အရိပ်အယောင်လေးတစ်ခု ပါဝင်နေလေသည်။
လင်းထျန်းလုံသည် ချက်ချင်း ခေါင်းမော့လိုက်ပြီး၊ သူ၏ ငွေပြာရောင် ဘုရင်မျက်ဝန်းများဖြင့် ယင်းဖုန်း သတိပေးချက် ထုတ်လွှတ်လိုက်သော ဦးတည်ရာဆီသို့ ချက်ချင်း လှမ်းကြည့်လိုက်လေသည်။
ဒိုင်း...ဒိုင်း...
တစ်ပြိုင်နက်တည်းမှာပင်၊ သဘာဝအတိုင်း ထွက်ပေါ်လာခြင်း မဟုတ်မှန်း သေချာသည့်၊ သိပ်သည်းပြီး ကြည်လင်ပြတ်သားသော အသံများမှာ၊ အဝေးက နှင်းကွင်းပြင်ပေါ်မှ လေနှင့်အတူ ခပ်သဲ့သဲ့ လွင့်ပျံလာခဲ့လေသည်။
ဒိုင်း... ဒိုင်း... ဒိုင်း... ဒိုင်း...
“အဲဒါက... သေနတ်သံတွေလား ပြီးတော့ သေနတ်တစ်လက်တည်းတောင် မဟုတ်ဘူး...”
“လူသားတွေ ရှိနေတာပဲ ပြီးတော့ သူတို့ထဲက တော်တော်များများက ဝိညာဉ်နယ်မြေထဲကိုတောင် ဝင်ရောက်လာကြပြီလား...”
လင်းထျန်းလုံ၏ မျက်၀န်းများ ရုတ်တရက်ကျုံ့ဝင်သွားပြီး၊ သူ၏တစ်ကိုယ်လုံးရှိ ကြွက်သားများမှာ ချက်ချင်း တင်းမာသွားခဲ့သည်။
ဝံပုလွေအုပ်စုသည်လည်း သူတို့၏ လှုပ်ရှားမှုများကို ချက်ချင်း ရပ်တန့်လိုက်ကြပြီး အမြင့်ဆုံး တိုက်ပွဲဝင် အသင့်အနေအထားသို့ ပြောင်းလဲသွားကြကာ၊ အဖွဲ့ဝင်တိုင်း၏ အကြည့်များမှာ သူတို့၏ ဘုရင်ဆီသို့ ကျရောက်နေခဲ့လေသည်။
ဝိညာဉ်နယ်မြေ၏ ငြိမ်းချမ်းမှုမှာ နောက်ဆုံးတွင် လုံးဝ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားခဲ့ပြီ ဖြစ်လေသည်။