← Chapters

ဧကရီနှစ်ပါးကြောင့် လင်းထျန်းလုံ အံအားသင့်သွားရခြင်း (၂)

Vol. 14 Ch. 137

ဧကရီနှစ်ပါးကြောင့် လင်းထျန်းလုံ အံအားသင့်သွားရခြင်း (၂)

Vol. 14 Ch. 137

“အဆုံးအဖြတ်ပေးမယ့် အဲဒီ အရေးကြီးတဲ့ နောက်ဆုံးအချိန်မှာ၊ သူက နည်းနည်းလေးတောင် တွန့်ဆုတ်နေခြင်း မရှိဘဲ၊ အာကာသကို ဆုတ်ဖြဲလာသလိုမျိုး ငါတို့ရှေ့မှာ ပေါ်လာခဲ့ပြီး၊ ငါတို့အတွက် အကြွင်းမဲ့ လုံခြုံတဲ့ ကောင်းကင်ကြီးတစ်ခုကို ဖန်တီးပေးဖို့ သူ့ရဲ့ တောင်တစ်လုံးလို ခန္ဓာကိုယ်ကြီးကို အသုံးပြုခဲ့တယ်...”

အသက်ရှင်ကျန်ရစ်မှုကြောင့် ဖြစ်ပေါ်လာသော စိတ်သက်သာရာရမှုနှင့် ချော်ရည်များကဲ့သို့ ပူလောင်လွန်းသော ကျေးဇူးတရားများက သူမကို လွှမ်းမိုးလုနီးပါး ဖြစ်သွားစေခဲ့သည်။

ယင်းနောက်တွင် ပိုမိုနက်ရှိုင်းသော စိုးရိမ်ပူပန်မှုနှင့် သူမ၏ အတိတ်ဘဝ အတွေ့အကြုံများအပေါ် အခြေခံထားသည့် အလိုအလျောက် တွက်ချက်မှုတစ်ခုက လိုက်ပါလာခဲ့သည်။

အာပီဂျီတစ်ခု၏ အနီးကပ် ပေါက်ကွဲမှုမှာ ဘုရင်အဆင့်အောက်ရှိ တည်ရှိမှုများကို ပြင်းထန်စွာ ဒဏ်ရာရစေရန် သို့မဟုတ် သတ်ဖြတ်နိုင်ရန် လုံလောက်အောင် အစွမ်းထက်လှပေသည်။

“ဝံပုလွေဖေဖေ ဘယ်လိုများ လုပ်လိုက်နိုင်တာလဲ... ပေါက်ကွဲမှု အရှိန်အဟုန်ရဲ့ ဘယ်လောက်များများကို သူ စုပ်ယူလိုက်တာလဲ... သူ့ရဲ့ အတွင်းကလီစာတွေကော ထိခိုက်သွား‌လောက်လား... မီးကျွမ်းနေတဲ့ အဲဒီ ဒဏ်ရာတွေရဲ့ အနက်ထဲမှာ၊ ဘယ်လောက်တောင် ဆိုးရွားနေမလဲ...”

တစ်ချိန်တည်းမှာပင် ရှောင်ယင်းသည် ရှိုက်ငိုရင်း လင်းထျန်းလုံ၏ အမွေးအမျှင်များကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရာ၊ သူ ပျောက်ကွယ်သွားမည်ကို ကြောက်ရွံ့နေသည့်အလား ဖြစ်နေလေသည်။

သူမသည် လေးလံသော နှာသံလေးဖြင့် တုန်ရီစွာ ပြောလိုက်သည်။ “ဖေဖေ... နာနေလား... နောက်ပိုင်း... နောက်ပိုင်းကျရင် ရှောင်ယင်း သေချာပေါက် လိမ္မာပါ့မယ်... သမီး လျှောက်မပြေးတော့ပါဘူး...”

လက်ရှိတွင် သူမသည် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မှုများဖြင့် ပြည့်နှက်နေပြီး၊ သူတို့သာ စွတ်ဖားပေါ်တွင် မရှိခဲ့လျှင်၊ ဝံပုလွေဖေဖေက ဤကဲ့သို့သော တိုက်ခိုက်မှုမျိုးကို ခံယူရန် လိုအပ်မည် မဟုတ်ဟု ခံစားနေရလေသည်။

ကလေးငယ်နှစ်ဦးလုဲး သူတို့၏ ခံစားချက် အစစ်အမှန်များကို ထုတ်ဖော်ပြသနေသည်ကို မြင်ရသောအခါ၊ လင်းထျန်းလုံ၏ နှလုံးသားထဲရှိ နွေးထွေးမှုများမှာ ပို၍ပင် အားကောင်းလာခဲ့ပြီး၊ သူ၏ ဒဏ်ရာများမှ နာကျင်မှုများပင် လျော့ကျသွားသကဲ့သို့ ရှိလေသည်။

သူ ထပ်မံနှစ်သိမ့်ပေးရန် ပြင်လိုက်စဉ်မှာပင်၊ ရှောင်လန်နှင့် ရှောင်ယင်းတို့ အကြည့်ချင်း ဖလှယ်လိုက်သည်ကို သူ ထက်မြက်စွာ သတိပြုမိလိုက်လေသည်။

သူတို့၏ ငယ်ရွယ်သော အသွင်အပြင်နှင့် လုံးဝ မကိုက်ညီသည့် ဆုံးဖြတ်ချက်ခိုင်မာသော ဟန်အမူအရာနှင့်၊ ပြတ်သားသော အလင်းတန်းတစ်ခုမှာ သူတို့နှစ်ဦးစလုံး၏ မျက်လုံးများတွင် တစ်ပြိုင်နက်တည်း လျှပ်တစ်ပြက် ပေါ်လာခဲ့လေသည်။

ရှောင်လန်၏ အကြည့်များမှာ စူးရှသွားခဲ့သည် “မဖြစ်ဘူး... ဒီဒဏ်ရာက... ဒီအတိုင်း စောင့်နေလို့ မရဘူး... ဗလာဟင်းလင်းပြင်နယ်ပယ်ရဲ့ အသက်စွမ်းအင်ပြန်လည်ဆုတ်ခွာခြင်းကို ငါ နည်းနည်းကြိုးစားကြည့်လို့ ရနိုင်တယ်... ဒါပေမဲ့ ဒီခန္ဓာကိုယ်က အရမ်း အားနည်းနေတယ်၊ တန်ပြန်ရိုက်ခတ်မှုက...”

ရှောင်ယင်းက ချက်ချင်းပင် မျက်စောင်းပြန်ထိုးလိုက်ကာ ရှောင်လန်၏ အတွေးများကို ဖြတ်ပြောလိုက်သည်။

“ဘာတန်ပြန်ရိုက်ခတ်မှုလဲ... မြန်မြန် လုပ်စမ်းပါ ရေခဲမျက်နှာမ... ဖေဖေ သွေးတွေ ထွက်နေတုန်းပဲဆိုတာကို နင်မမြင်ဘူးလား... ငါ့ရဲ့ အချိန်စီးဆင်းမှုချုပ်နှောင်ပိုးအိမ်နဲ့ နင့်ကို ကူညီပေးမယ်...

ရှောင်လန်က အံ့ကြိတ်လိုက်ကာ သူမ၏အတွေးများ ဖြတ်သားသွားခဲ့သည် “ကောင်းပြီလေ... ငါက နယ်ပယ်ကို တည်ဆောက်မယ်၊ နင်က အချိန်ရဲ့ စွမ်းအားကို သုံးပြီး အဲ့တာကို အရှိန်မြှင့်ပေး...”

ရှောင်ယင်း၏ အတွေးများထဲ‌တွင်တော့ ဒေါသထွက်နေသည်။ “အပိုတွေ ပြောမနေနဲ့တော့... လုပ်စရာရှိတာကိုသာ လုပ်လိုက်စမ်းပါ...”

မျက်တောင်တစ်ခတ်အတွင်းမှာပင် အတွေးများဖြင့် အပြန်အလှန် ဆက်သွယ်ပြီး‌နောက် ရှောင်လန်သည် အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်သည်။

ထို့‌နောက် သူမ၏ လက်သေးသေးလေးများဖြင့် ရှေးဟောင်း လက်သင်္ကေတ တစ်ခုကို ဖန်တီးရန် အပြင်းအထန် ကြိုးစားလိုက်လေသည်။

ရှောင်ယင်းသည်လည်း တစ်ပြိုင်နက်တည်းနီးပါး သူမ၏ လက်ကို ဆုပ်ကိုင်လိုက်ရာ၊ နှစ်ဦးလုံး၏ မျက်နှာများမှာ ချက်ချင်းပင် သေသူများသဖွယ် ဖြူရော်သွားခဲ့လေသည်။

“ဖေဖေ၊ မလှုပ်နဲ့နော်...” ရှောင်ယင်းက အားနည်းနေသော်လည်း ပြတ်သားစွာ အော်ဟစ်လိုက်လေသည်။

ရေပြာရောင် ဝိညာဉ်အလင်းတန်းများမှာ သူတို့၏ လက်ချောင်းထိပ်ဖျားများမှ ထွက်ပေါ်လာပြီး၊ လင်းထျန်းလုံ၏ ဒဏ်ရာပေါ်သို့ တိကျစွာ ကျရောက်သွားလေသည်။

အသက်စွမ်းအင်နှင့် အချိန်ဥပဒေသများ ပါဝင်နေသော ထိုစွမ်းအားကြောင့်၊ သူ၏ ဒဏ်ရာမှ ယားယံသည့် ခံစားချက်များ ပိုမိုပြင်းထန်လာခဲ့လေသည်။

လင်းထျန်းလုံ၏ နှလုံးသားမှာ တုန်လှုပ်သွားခဲ့သည် “ဒီခံစားချက်က... သာမန်ကုသမှုမျိုး မဟုတ်ဘူးပဲ... ဒီကလေး နှစ်ယောက်ရဲ့ အစစ်အမှန် ပုံစံက ဘာတွေများ......”

ရှောင်လန်၏ နှလုံးသားထဲတွက် နာကျင်နေကာ အတွေးများ တုန်ရီနေသည်။ “စွမ်းအား မလုံလောက်သေးဘူး... ငါ နည်းနည်းလောက် ထပ်စုပ်ယူရမယ်...”

ရှောင်ယင်း၏ နှလုံးသားထဲတွင် ဆုံးဖြတ်ချက်ပြတ်သားမှုများဖြင့် ပြည့်နှက်သွားပြီး၊ အတွေးများမှတစ်ဆင့် အော်ဟစ်လိုက်သည်။

“နင် ငါ့ကို အကုန်အစင် စုပ်ယူပစ်လိုက်လို့ ရတယ်... ဖေဖေ့အတွက်တော့ ဆက်ပြီး တောင့်ခံထားပေး...”

[စနစ် အသိပေးချက်] ။ ။ အဆင့်အတိအကျ မသိရသော စွမ်းရည် အကျိုးသက်ရောက်မှုတစ်ခုကို ခံစားနေရသည်။ ဒဏ်ရာများ လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာနေပါသည်။

ဒဏ်ရာများမှာ မျက်စိဖြင့်မြင်နိုင်သော နှုန်းဖြင့် သက်သာလာသည်။

လင်းထျန်းလုံသည် ခွေကျသွားသော ကလေးငယ်များကို ကြည့်လိုက်ရာ၊ ကြီးမားသော တုန်လှုပ်မှုကြီး တစ်ခုက သူ့ကို လွှမ်းမိုးသွားလေတော့သည်။

လင်းထျန်းလုံ၏ စိတ်ထဲတွင် အတွေးများ ဆူပွက်နေလေသည် “သူတို့က တကယ်ပဲ ဒါကို လုပ်ခဲ့တာလား..... သူတို့ရဲ့ ခွန်အားနဲ့ဆိုရင်၊ ဒါအတွက် ပေးဆပ်ရမယ့် တန်ဖိုးက သေချာပေါက်...”

ရှောင်လန်သည် သူမ၏ နှုတ်ခမ်းထောင့်များကို အားနည်းစွာ ကွေးညွတ်လိုက်ပြီး ကျေနပ်စွာ တွေးနေလေသည်။

“တန်ပါတယ်လေ...”

“သေးငယ်တဲ့ ကိစ္စလေးပါ...”

ရှောင်ယင်းသည် သူမ၏ မျက်ခွံများကို ခေါင်းမာစွာ ပင့်တင်လိုက်ပြီး၊ ခပ်သဲ့သဲ့ အတွေးတစ်ခုဖြင့် ပြန်ဖြေလိုက်ပြီးနောက်၊ သူမ၏ ခေါင်းလေးမှာ ဘေးသို့ စောင်းသွားကာ၊ ရှောင်လန်၏ ဘေးတွင် အိပ်မောကျသွားလေတော့သည်။

လင်းထျန်းလုံသည် ကလေးငယ်နှစ်ဦး၏ အသက်ရှူသံများ တည်ငြိမ်ပြီး စည်းချက်ကျလာကြောင်း၊ သူတို့သည် တကယ့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ခြင်းထဲသို့ ကျရောက်သွားပြီဖြစ်ကြောင်း အတည်ပြုနိုင်သည်အထိ သူတို့၏ ဘေးတွင် စောင့်ကြပ်ပေးနေခဲ့ပြီးမှ ထွက်ခွာလာခဲ့သည်။

သူသည် ပြန်လည်ကောင်းမွန်လာသော သူ၏ ညာဘက်ခြေဖဝါးကို လှုပ်ရှားကြည့်လိုက်ရာ၊ ခွန်အားသစ်ကြောင့် ဖြစ်ပေါ်လာသော အနည်းငယ် မသက်မသာဖြစ်မှုများကို ခံစားလိုက်ရသော်လည်း၊ သူ၏ တစ်ကိုယ်လုံးတွင် ပြည့်နှက်နေသည့် တက်ကြွမှုများကို ခံစားလိုက်ရလေသည်။

ထိုလျှို့ဝှက်ဆန်းကြယ်သော ကုသရေးစွမ်းအား၏ အကူအညီကို ရရှိပြီးနောက်တွင်၊ သူ၏ ငွေပြာရောင်သွေးမျိုးဆက်မှာ ပို၍ပင် ချောမွေ့စွာ လည်ပတ်နေပုံ ရလေသည်။

သူ၏ မျက်၀န်းများဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။

ရန့်မြဲ့နှင့် ထျန်းပင်းတို့မှစ၍ သာမန် နှင်းဝံပုလွေများအထိ ဝံပုလွေအုပ်စုဝင်များ အားလုံးမှာ သူတို့ကို တိတ်ဆိတ်စွာ ဝိုင်းရံထားကြလေသည်။

သူတို့၏ မျက်လုံးများထဲတွင် ဘုရင်ကြီးအတွက် စိုးရိမ်ပူပန်မှုများ၊ အခုလေးတင် ဖြစ်ပျက်သွားခဲ့သော အံ့ဖွယ် မြင်ကွင်းကြောင့် ရိုသေလေးစားမှုများနှင့်၊ ဖော်ပြ၍မရနိုင်သော ရူးသွပ်မှုများ ပြည့်နှက်နေလေသည်။

သူတို့၏ ဘုရင်ကြီးတင် အစွမ်းထက်သည် မဟုတ်ချေ။

ဘုရင်ကြီး၏ အချစ်တော် စိန်တုံးလေးနှစ်တုံး၊ တစ်နည်းအားဖြင့် မင်းသမီလေးနှစ်ပါးသည်လည်း ဤသို့ အံ့ဩဖွယ်ကောင်းသော ကုသနိုင်စွမ်းကို ပိုင်ဆိုင်ထားလေသည်။

ဤသည်မှာ ဝံပုလွေအုပ်စု၏ စည်းလုံးညီညွတ်မှုနှင့် ယုံကြည်မှုတို့ကို ကြီးမားစွာ မြှင့်တင်ပေးလိုက်နိုင်မှန်း သေချာလှပေသည်။

“ဝူး...” ရန့်မြဲ့သည် တိုးညှင်းစွာ ညည်းတွားလိုက်ပြီး ရှေ့သို့ တစ်လှမ်း တက်လာခဲ့သည်။

ပြီးနောက် လင်းထျန်းလုံ၏ ဒဏ်ရာ ပြန်လည်သက်သာသွားခဲ့သော နေရာကို သူ၏ နှာခေါင်းဖြင့် ညင်သာစွာ ထိတွေ့လိုက်ကာ၊ ၎င်း၏ မျက်လုံးများတွင် မေးခွန်းများ ပြည့်နှက်နေလေသည်။

“ငါ အခု အဆင်ပြေသွားပါပြီ...” လင်းထျန်းလုံ ပြန်ဖြေလိုက်သည်။

သူ၏ အသံမှာ တည်ငြိမ်မှုနှင့် ခမ်းနားထည်ဝါမှုတို့ ပြန်လည်ရရှိနေလေပြီ။ “တိုက်ပွဲဝင် ပစ္စည်းတွေ အားလုံးကို စုဆောင်းပါ၊ အထူးသဖြင့် အဲဒီ လူသားတွေရဲ့ လက်နက်တွေကိုပေါ့...”

“ပြီးတော့ အဲဒီ ထူးဆန်းတဲ့ အေးခဲဖွတ် သေတ္တာကိုလည်း လုံခြုံအောင်သိမ်းထား... ငါတို့ ဒီမှာကြာကြာနေလို့ မဖြစ်ဘူး... ခဏလောက် အနားယူမယ်”

“အမွှေးတိုင် တစ်တိုင်စာလောက် အနားယူပြီးရင်၊ ဝိညာဉ်နယ်မြေရဲ့ ပိုနက်ရှိုင်းတဲ့ နေရာတွေကို ဆက်ပြီး စူးစမ်းလေ့လာကြမယ်...”

သူ၏ ညွှန်ကြားချက်များမှာ ရှင်းလင်းတိကျလှပေသည်။

သူတို့သည် ဆက်တိုက်ဆိုသလို တိုက်ပွဲများကို ဖြတ်သန်းထားခဲ့ရသော်လည်း၊ နှင်းဝိညာဉ်မြေခွေး၏ ကောင်းချီးပေးမှု အကျိုးသက်ရောက်မှုမှာ ရှိနေဆဲဖြစ်ပြီး၊ ဝိညာဉ်နယ်မြေအတွင်းတွင် ရှာမတွေ့သေးသော အခွင့်အရေးများလည်း ရှိနေဦးမည်မှာ သေချာသည်။

အနာဂတ်တွင် သေချာပေါက် ပိုမိုရှုပ်ထွေးလာမည့် အခြေအနေများကို ရင်ဆိုင်ရန်အတွက် ဝံပုလွေအုပ်စု၏ ခွန်အားများကို ပိုမိုမြှင့်တင်ရန် ဤအချိန်များကို သူ အမိအရ ဆုပ်ကိုင်ရမည် ဖြစ်သည်။

ထို့အပြင် ဤဝိညာဉ်နယ်မြေ၏ အနက်ထဲမှ တစ်စုံတစ်ရာက သူ့ကို ဆွဲဆောင်နေကြောင်း သူ ခပ်သဲ့သဲ့ ခံစားနေရလေသည်။

ဝံပုလွေအုပ်စုမှာ ပို၍ပင်မြန်ဆန်သော အလျှင်ဖြင့် ချက်ချင်း ထိရောက်‌စွာ လှုပ်ရှားလိုက်ကြလေသည်။ မကြာမီမှာပင် စစ်တလင်း ရှင်းလင်းပြီးစီးသွားပြီး၊ တန်ဖိုးရှိသော ပစ္စည်းများ အားလုံးကို စုဆောင်းပြီးခဲ့သည်။

လင်းထျန်းလုံသည် လူသားများ၏ လက်နက်များနှင့် အိပ်မောကျနေသော ရေခဲနဂါးလေး ပါဝင်သည့် သေတ္တာကြီးကို သေချာ သိမ်းဆည်းလိုက်ပြီး၊ ရေခဲနဂါးလေး၏ အခြေအနေကို အထူး ဂရုစိုက်ကြည့်လိုက်သည်...

စနစ် အသိပေးချက်အရ ၎င်း နိုးထလာမည့် အချိန်မှာ နောက်တစ်ကြိမ် ထပ်မံ တိုတောင်းသွားပြီဖြစ်ကြောင်း ဖော်ပြနေလေသည်။

အမွှေးတိုင် တစ်တိုင်စာ အချိန်မှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ ရှောင်လန်နှင့် ရှောင်ယင်းတို့မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေဆဲ ဖြစ်သော်လည်း၊ သူတို့၏ အရှိန်အဝါများမှာ သိသိသာသာ တည်ငြိမ်လာခဲ့ချေပြီ။

လင်းထျန်းလုံသည် သူတို့ကို နူးညံ့သော သားရဲအရေခွံများဖြင့် ဂရုတစိုက် ရစ်ပတ်ပေးလိုက်ပြီး စွတ်ဖားပေါ်တွင် နေရာချပေးလိုက်လေသည်။

သူသည် အဖွဲ့၏ အရှေ့ဆုံးတွင် မတ်တတ်ရပ်ကာ၊ ဝိညာဉ်နယ်မြေ၏ အနက်ထဲရှိ ပိုမိုသိပ်သည်းပြီး အရောင်အသွေး စုံလင်ကာ ခန့်မှန်းရခက်သော ဝိညာဉ်စွမ်းအင် မြူခိုးများကို စူးစိုက်ကြည့်နေသည်။

သူ၏ ငွေပြာရောင် မျက်၀န်းများထဲတွင် ဆုံးဖြတ်ချက် ပြတ်သားမှု၊ မျှော်လင့်ချက် အလင်းတန်းများဖြင့် တဖျတ်ဖျတ် လင်းလက်နေလေသည်။

“ထွက်ခွာမယ်...”

ငွေပြာရောင် ဝံပုလွေဘုရင်သည် သူ၏ ဝံပုလွေအုပ်စုကို ဦးဆောင်ကာ စူးစမ်းလေ့လာရေး ခရီးစဉ်ပေါ်သို့ နောက်တစ်ကြိမ် ထွက်ခွာလာခဲ့ချေပြီ။

သူတို့၏ ပုံရိပ်များမှာ ဝိညာဉ်နယ်မြေ အနက်ထဲရှိ လေပြင်းများ၊ နှင်းများနှင့် မြူခိုးများထဲသို့ တဖြည်းဖြည်း ၀င်ရောက် ပျောက်ကွယ်သွားကြလေသည်။

ပို၍ပင် တုန်လှုပ်ဖွယ်ကောင်းသော အခွင့်အလမ်းတစ်ခုက သူတို့ကို ရှေ့တွင် စောင့်ကြိုနေလေတော့သည်။

All Chapters