← Chapters

အခန်း (၃၀၉)

Vol. 29 Ch. 309

အခန်း (၃၀၉)

Vol. 29 Ch. 309

မင်ပြည်နယ်အတွင်းမှ မငြိမ်မသက်မှုများကို အချိန်မီ နှိမ်နင်းနိုင်ခဲ့ခြင်းမှာ ကံကောင်းလှသည်ဟု ဆိုရမည်။ သို့မဟုတ်ပါက ဖြစ်လာမည့် အကျိုးဆက်များကို တွေးကြည့်ရန်ပင် ဝံ့မည်မဟုတ်ပေ။

ဖန်ချင်းယွမ်က "ချင် နဲ့ ရွှီ နိုင်ငံတွေရဲ့ မဟာမိတ်တပ်ပေါင်းစုက အင်အားနှစ်သိန်းလောက် ရှိလာလိမ့်မယ်။ အဲ့ဒီအချိန်မတိုင်ခင်မှာ မြို့အားလုံးကို သိမ်းပိုက်ပြီး ငါတို့တပ်တွေကို စုစည်းမထားနိုင်ရင် ဒီလောက်များပြားတဲ့ ရန်သူတွေကို ရင်ဆိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး" ဟု ဆိုသည်။

"ဒါကြောင့် ကျောက်ထုံ စီရင်စုတစ်ခုတည်းနဲ့တင် မလုံလောက်ဘူး။

ဒု-ဗိုလ်ချုပ် ချန်ဆန်းရှီရဲ့ ဗျူဟာက မှန်ကန်တယ်။ စီရင်စု ၃၆ ခုလုံးကို လက်ဝယ်ရရှိထားမှသာ လူပေါင်းနှစ်သိန်းပါတဲ့တပ်ကြီးနဲ့ ရင်ဆိုင်ရတဲ့အခါ လှုပ်ရှားရုန်းကန်နိုင်မယ့် နေရာလွတ်ရှိမှာ ဖြစ်သလို အလုံးစုံ ပြိုလဲပျက်စီးသွားတာမျိုးကနေလည်း ကာကွယ်နိုင်လိမ့်မယ်။"

သို့သော်လည်း စစ်သေနာပတိချုပ် မုန့်ချူကျီက စားပွဲတင် စစ်မြေပြင်မြေပုံပေါ်သို့ ဓားအိမ်ဖြင့် ညွှန်ပြကာ "ရက်ပေါင်း ၄၀ လောက်ပဲ ကျန်တော့တဲ့အချိန်မှာ စီရင်စု ၃၆ ခုကို ဘယ်လိုနည်းနဲ့ သိမ်းပိုက်မလဲ။ သူတို့သာ အရှုံးပေးချင်ရင် အစောကြီးကတည်းက ပေးခဲ့မှာပေါ့။ အခုတော့ မေခရိုင် တစ်ခုတည်းမှာတင် အချိန်တွေ အကြာကြီး ဆွဲထားတာကြည့်ရင် သူတို့ကို စည်းရုံးလို့မရတာ ထင်ရှားနေတာပဲ" ဟု ကန့်ကွက်လေသည်။

"ဒါဟာ ဖြစ်နိုင်ခြေ နည်းပါးတာ မှန်ပေမယ့်"

ဖန်ချင်းယွမ်က "ခင်ဗျားတို့မှာ ရွေးချယ်စရာ ရှိလို့လား။ အခုအချိန်မှာ လမ်းနှစ်သွယ်ပဲ ရှိတယ်။ တစ်ခုက ဒု-ဗိုလ်ချုပ်ချန်ဆန်းရှီကို ယုံကြည်ဖို့ ဒါမှမဟုတ်ရင် တပ်ကို စောစောစီးစီး ရုပ်သိမ်းဖို့ပဲ။"

"တပ်ရုပ်သိမ်းမယ် ဟုတ်လား" ဗိုလ်ချုပ် ဖန်ထျန်ဖားက ကြားဖြတ်

ပြောသည်။

"ဒါဆိုရင် အရှင်မင်းကြီး စိတ်ပျက်သွားမှာပေါ့။ ပြီးတော့ ငါတို့ ဒီလောက်အကြာကြီး တိုက်ခိုက်လာခဲ့တာတွေက အချည်းနှီး ဖြစ်ကုန်မှာပေါ့။ စစ်သည်တွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကိုလည်း ထည့်တွက်ဦးလေ။"

"ဒါဆိုရင်လည်း စောင့်ကြည့်ရုံပေါ့" ဖန်ချင်းယွမ်က သူတို့ကို စိတ်ရှည်

လက်ရှည် နားချလိုက်သည်။

"အခုမှ ၁၀ ရက်ပဲ ရှိသေးတာ နှစ်လပြည့်ဖို့ လိုပါသေးတယ်။ ဒု-ဗိုလ်ချုပ် ချန်ဆန်းရှီ တကယ်ပဲ အောင်မြင်အောင် လုပ်နိုင်ရင်ရော။"

"ဗိုလ်ချုပ်ဖန် ခင်ဗျားက ဒု-ဗိုလ်ချုပ်ချန်ဆန်းရှီအပေါ်မှာ ယုံကြည်မှုတွေ လွန်ကဲနေပါလား။ သူ ဘာလုပ်မလဲဆိုတာကို ခင်ဗျား ကြိုပြီး ခန့်မှန်းမိနေတာလား" ဟု စစ်သေနာပတိချုပ် မုန့်ချူကျီက သံသယဖြင့် မေးသည်။

"ခပ်ရေးရေးတော့ မြင်မိပါတယ်"

ဖန်ချင်းယွမ်က စိတ်လှုပ်ရှားစွာဖြင့် "ကျွန်တော် မမှားဘူးဆိုရင် ဒီဗျူဟာက တခြားသူတွေအတွက်ဆိုရင် အရှက်တကွဲ အကျိုးနည်းနဲ့ ပြန်လာရမှာပဲ။ ဒါပေမဲ့ ဒီဗျူဟာကို ဒု-ဗိုလ်ချုပ်ချန်ဆန်းရှီကသာ သုံးမယ်ဆိုရင်တော့ မမျှော်လင့်ထားတဲ့ ရလဒ်တွေ ထွက်လာနိုင်တယ်" ဟု ဆိုသည်။

"ဘာဖြစ်လို့လဲ"

စစ်သေနာပတိချုပ် မုန့်ချူကျီက "သူက ဟုန်ကျဲမြစ်ကို လေးကြိမ်တိုင်တိုင် ဖြတ်ကျော်တိုက်ခိုက်ခဲ့တဲ့ စစ်ပါရမီရှင်မို့လို့လား။"

"မဟုတ်ဘူး"

ဖန်ချင်းယွမ် ခဏမျှ တုံ့ဆိုင်းသွားပြီးမှ "သူ့နာမည်က ချန်ဆန်းရှီ ဖြစ်နေလို့ပဲ" ဟု ဖြေလိုက်လေသည်။

မုန့်ချူကျီသည် မည်သည့်အခါမျှ စွန့်စားခြင်းမပြုတတ်သူ ဖြစ်သဖြင့် ထပ်မံ ငြင်းခုံလိုစိတ် မရှိတော့ပေ။ "ခင်ဗျား သဘောအတိုင်းသာ လုပ်ပါ။ တစ်ဖက်ကလည်း ချန်ဆန်းရှီကို သူလုပ်ချင်တာ ဆက်လုပ်ခွင့်ပေးထားပြီး နောက်တစ်ဖက်ကတော့ တပ်ဆုတ်ဖို့ ပြင်ဆင်ထားကြ။ ဗိုလ်ချုပ်ဖန်တပ်ဆုတ်မယ့်လမ်းကြောင်းကို သေချာ စီစဉ်ထားပါ။ အစီအစဉ်တကျဖြစ်ဖို့ လိုတယ်နော်။ တပ်ဆုတ်တဲ့အခါ ဖရိုဖရဲဖြစ်ရင် ဘာဖြစ်တတ်လဲဆိုတာ ခင်ဗျားကို ကျွန်တော် ထပ်ပြောနေဖို့ မလိုတော့ဘူးထင်တယ်။"

...

မေကျီခရိုင်၊ ၁၀ ရက်မြောက်သောနေ့။

မြို့ရိုးပေါ်တွင် မျက်စိမှိတ် အနားယူနေသော ချန်ဆန်းရှီသည် ရုတ်တရက် မျက်လုံးများ ပွင့်လာသည်။

"တပ်စုကြ"

"ချီတက်မယ်"

ခရာသံ ဟိန်းထွက်သွားသည်။ မေကျီခရိုင်တွင် ၁၀ ရက်တိုင်တိုင် အင်အားဖြည့်တင်းထားသော အနက်ရောင်သံချပ်ကာတပ်မတော်သည် မြို့တံခါးရှေ့တွင် စုရုံးလိုက်ကြသည်။ မေကျီခရိုင်ရှိ မြို့သူမြို့သား ထောင်ပေါင်းများစွာကလည်း သူတို့ကို လမ်းဘေး ဝဲယာမှနေ၍ လာရောက် နှုတ်ဆက်ကြသည်။ ၎င်းမှာ သူစိမ်းတပ်ကို နှုတ်ဆက်ခြင်းမျိုး မဟုတ်ဘဲ မိမိတို့၏ ကိုယ်ပိုင်တပ်သားများကို ပို့ဆောင်ပေးနေသည့်နှယ် ရှိလှသည်။

ဒီ ၁၀ ရက်အတွင်းမှာ အနက်ရောင်သံချပ်ကာတပ်မတော်သည် ရိက္ခာများကို ဝေငှပေးရုံတင်မကဘဲ နာမည်ဆိုးဖြင့် ကျော်ကြားသော အကျင့်ပျက် ခြစားသည့် အရာရှိများနှင့် ဒေသခံ လူမိုက်အာဏာရှင်အချို့ကိုလည်း အပြစ်ပေး ကွပ်မျက်ခဲ့သည်။ ထို့ကြောင့် ဒေသခံများ၏ စစ်မှန်သော ထောက်ခံမှုကို ရရှိခဲ့ပြီး သူတို့၏ ကျော်ကြားမှုသည် မိုင်ပေါင်း ရာနှင့်ချီ၍ ပျံ့နှံ့သွားခဲ့လေပြီ။

"အရှင်"

ရှာချုံကစိုးရိမ်တကြီးဖြင့်"ကျွန်တော်တို့ နောက်ထပ် ဘာဆက်လုပ်ရမလဲ။ အချိန်က သိပ်မကျန်တော့ဘူး။ တောင်ဘက်ကို တိုက်ရိုက် ဦးတည်ရင်တောင် အချိန်က ကပ်သီးကပ်သတ်ပဲ ရှိတော့မယ်။"

"စတုတ္ထအဆင့်... အရှိန်အဟုန်က တည်ဆောက်ပြီးပြီ။ အရှေ့ဘက်ကို ဟန့်တားမရတဲ့ လှိုင်းလုံးကြီးလို လိမ့်ဆင်းတော့မှာ"

ချန်ဆန်းရှီက မြင်းကို နှင်လိုက်ရင်း "ဒီကနေ အရှေ့တောင်ဘက်ကို သွားတဲ့လမ်းမှာ တွေ့သမျှ မြို့တွေအားလုံးဟာ ငါတို့ဆီမှာ အရှုံးပေးလာလိမ့်မယ်။ မင်းတို့အားလုံး အရာရှိတံဆိပ်တွေကို လက်ခံဖို့နဲ့ အညံ့ခံလာတဲ့ စစ်သည်တွေကို စီမံခန့်ခွဲဖို့သာ ပြင်ဆင်ထားကြ။ အားလုံးကို စနစ်တကျနဲ့ ဖရိုဖရဲ မဖြစ်စေနဲ့" ဟု အမိန့်ပေးလိုက်သည်။

ချီမန်ခရိုင်။

"ဗိုလ်ချုပ်"

"သူတို့ ရောက်လာကြပြီ။ အနက်ရောင်သံချပ်ကာတပ်သား သုံးထောင်တောင်ပဲ"

"ဦးဆောင်လာတာက မြင်းဖြူစီးပြီး ဝတ်ရုံဖြူ ဝတ်ထားတဲ့ ချန်ဆန်းရှီတဲ့"

"မေခရိုင်က အခြေအနေက တကယ်ပဲ ခရိုင်ဝန် လီ(ခရိုင်ဝန်လို့ဘဲသုံးမယ်နော်) ပြောသလိုပဲလား"

"အတိအကျပဲ။ အနက်ရောင်သံချပ်ကာတပ်က စစ်သည်တွေကို အသက်ချမ်းသာပေးရုံတင်မကဘူး ရိက္ခာတွေပါ ဝေပေးတာ"

"ခရိုင်ဝန် လီတောင် ရာထူးပြန်ရတယ်တဲ့"

"ဒါဆို ငါတို့ ဘာကို စောင့်နေဦးမှာလဲ။ မြန်မြန် မြို့တံခါးဖွင့်ကြ။ ဒါရှန် ရဲ့ စစ်သူကြီးကို ကြိုဆိုကြ"

ခရိုင်ဝန် ကျောက်သည် မြို့ရိုးပေါ်မှနေ၍ အောက်က လူအုပ်ကြီးကို ကြည့်ကာ တွန့်ဆုတ်မနေဘဲ အမိန့်ပေးလိုက်သည်။ မြို့တံခါးများ ပွင့်သွားပြီး အရာရှိများက လက်နက်ချ အညံ့ခံကာ အရာရှိတံဆိပ်များနှင့် လက်နက်များကို အပ်နှံကြလေသည်။

နာရီဝက်ခန့်သာ နေထိုင်ပြီးနောက် အနက်ရောင်သံချပ်ကာတပ်မတော်သည် တောင်ဘက်သို့ ဆက်လက် ချီတက်ခဲ့သည်။

...

ကျန်းတယ်ခရိုင်။

"အနက်ရောင်သံချပ်ကာတပ်သားတွေ ရောက်ပြီ"

"ဝတ်ရုံဖြူနဲ့ မြင်းဖြူရှင်ပဲ မမှားနိုင်ဘူး"

"ဗိုလ်မှူးကြီး... ကျွန်တော်တို့ တိုက်မလား။ လူတစ်ထောင် ရှိတာပဲ နှစ်ရက်လောက်တော့ ခံနိုင်မှာပါ"

"တိုက်လို့ ဘာထူးမှာလဲ နှစ်ရက်နေရင် သေရမှာပဲကို။ တံခါးဖွင့်ပြီး အရှုံးပေးလိုက်"

...

ဆွေယဲ့ခရိုင်။

"အခြေအနေ ဘယ်လိုလဲ။ အိမ်နီးချင်း ခရိုင်နှစ်ခုလုံး အရှုံးပေးသွားပြီလား"

"ပေးသွားပြီ"

"မြန်မြန် မြို့တံခါးဖွင့်ကြ ဗိုလ်ချုပ်ချန်ကို ကြိုဆိုရမယ်"

"မှန်တာပေါ့။ ပြီးတော့ ရှင်းဟွာစီရင်စုက ခေါင်းမာတဲ့ သူလျှိုတွေကို ဖမ်းပြီး ဗိုလ်ချုပ်ချန်ဆီ ဆက်သလိုက်ကြ"

...

ငါးရက်အတွင်းမှာတင် ရှင်းဟွာစီရင်စုရှိ ခရိုင် ၁၂ ခုလုံး အညံ့ခံခဲ့သည်။ ရှင်းဟွာ စီရင်စုမြို့တော် တစ်ခုတည်းသာ စစ်သည် ၄၀၀၀ ခန့်ဖြင့် ခေါင်းမာစွာ ခုခံနေဆဲ ဖြစ်သည်။

မြို့ရိုးပေါ်တွင်...

"အရှင်... အခြေအနေ မဟန်တော့ဘူး"

"ရှင်းဟွာ နယ်မြေတစ်ခုလုံး အရှုံးပေးသွားပြီ။ အခု ကျွန်တော်တို့ပဲ ကျန်တော့တယ်"

"အရှုံးပေးရုံတင်မကဘူး ဆွေယဲ့ခရိုင်က ငါတို့ သူလျှိုတွေကိုတောင် ဖမ်းထားလိုက်ပြီ"

"မြို့ထဲမှာ ရိက္ခာ ရက်ပေါင်း ၂၀ စာ ရှိတယ်လို့ အမည်ခံထားပေမယ့် တကယ်တော့ ၁၀ ရက်စာပဲ ရှိတော့တယ်"

တူဖြစ်သူ ဒူပေါင်ကျုံးက "ဦးလေး... အရှုံးပေးလိုက်ပါတော့။ ဒု-ဗိုလ်ချုပ် ချန် ဦးဆောင်တဲ့ အနက်ရောင်သံချပ်ကာတပ်မတော်က သနားကြင်နာတတ်တဲ့ တပ်မတော်ပါ။ သူတို့ဆီမှာ အညံ့ခံတာက အကောင်းဆုံး ရလဒ်ဖြစ်ပါလိမ့်မယ်" ဟု နားချလေသည်။

မာဟူက "သူတို့ တကယ်ပဲ ငါတို့ကို မသတ်ဘူးလား" ဟု မေးသည်။

"မသတ်ဘူး"

ဒူပေါင်ကျုံးက သူ့ကိုယ်သူ ညွှန်ပြကာ "မဟုတ်ရင် ကျွန်တော် ဘယ်လိုလုပ် ဒီကို ပြန်ရောက်လာမှာလဲ" ဟု ဆိုသည်။

ထိုစဉ် သတင်းပို့ချက် ရောက်လာသည်။

"အတည်ပြုပြီးပါပြီ။ အညံ့ခံတဲ့ စစ်သည်တွေ အားလုံး တစ္ဆေတံခါးလျှိုမြောင်ကနေ အိမ်ပြန်သွားကြပါပြီ။"

"ငါတို့လည်း အိမ်ပြန်ကြရအောင်"

"ဟုတ်တယ် အိမ်ပြန်ကြမယ်"

"မြို့တံခါး ဖွင့်လိုက်ကြ"

မာဟူက သွားကြိတ်ကာ ဆုံးဖြတ်လိုက်သည်။ ရိက္ခာကလည်း မလုံလောက် နောက်ထပ် နှစ်လကြာမှ ရောက်လာမည့် စစ်ကူကိုလည်း သူတို့ မစောင့်

နိုင်တော့ပေ။

"အရှုံးပေးလိုက်ကြ"

...

ချန်ကျန်းစီရင်စု။

"ဝတ်ရုံဖြူ၊ မြင်းဖြူနဲ့ ချန်ဆန်းရှီ ဦးဆောင်တဲ့ အနက်ရောင်သံချပ်ကာတပ်မတော် ရောက်လာပြီ"

"ငါတို့မှာ စစ်သည် ၃၀၀၀ နဲ့ ၃ လစာ ရိက္ခာ ရှိသေးတယ်။ စစ်ကူလာတဲ့အထိ တောင့်ခံလို့ ရတယ်"

"စစ်ကူက ဘာလုပ်ဖို့လဲ။ စစ်ကူသာ ရှိရင် ရှင်းဟွာစီရင်စုက ဘာလို့ အရှုံးပေးမှာလဲ။ ဒါဟာ ငါတို့ကို တောင့်ခံခိုင်းဖို့ လိမ်နေတာပဲ ဖြစ်ရမယ်"

"မြို့တံခါးဖွင့်ပြီး အရှုံးပေးလိုက်"

...

ယွမ်ချွီစီရင်စု။

"ဗိုလ်ချုပ်... အရှုံးပေးလိုက်ပါတော့။ အနီးနားက မြို့တွေ အကုန်ပေးကုန်ပြီ။ အခု အရှုံးမပေးရင် နောက် အခွင့်အရေး ရှိမှာ မဟုတ်တော့ဘူး"

"ငါ နိုင်ငံကို သစ္စာမဖောက်နိုင်ဘူး"

"ဗိုလ်ချုပ်... ဒါဟာ သစ္စာဖောက်တာ မဟုတ်ပါဘူး။ အရှုံးပေးပြီးရင် တစ္ဆေတံခါးလျှိုမြောင်ကနေ ချင်နိုင်ငံကို ပြန်လို့ရတယ်။ နောက် လအနည်းငယ်ကြာရင် ကလဲ့စားချေဖို့ ပြန်လာလို့ရတာပဲ"

"ဟုတ်တယ် ဒါဟာ ခေတ္တခဏ အစီအစဉ်ပဲ။ မြို့ကလည်း ဟောင်းလောင်းကြီး ဖြစ်နေပြီ အရှုံးပေးလိုက်ပါ"

...

ယီကျိုးစီရင်စု။

"အရှင်... အရပ်သားတွေ ပုန်ကန်နေကြပြီ"

"ကျေးဇူးကန်းတဲ့ကောင်တွေ။ ငါက သူတို့အတွက် အသက်ပေး ကာကွယ်နေတာကို ဘာလို့ ပုန်ကန်ရတာလဲ"

"မြို့တံခါး ဖွင့်လိုက်တာနဲ့ စားစရာ ရိက္ခာတွေ ရမယ်လို့ သူတို့ ပြောနေကြတယ်"

"အဓိပ္ပာယ်မရှိတာ။ ဒါရှန် လူမျိုးတွေက လိမ်နေတာလို့ သွားပြောလိုက်"

"အရပ်သားတွေက ပြောတယ်... ဒါရှန် လူမျိုးတွေ လိမ်ချင်လိမ်မယ် ဒါပေမဲ့ လူတွေကို မြစ်ကူးနိုင်အောင် ကူညီပေးခဲ့တဲ့ ချန်ဆန်းရှီကတော့ ဘယ်တော့မှ မလိမ်ဘူးတဲ့"

"ပြီးတော့ အနက်ရောင်သံချပ်ကာတပ်မတော်က ရောက်လေရာမှာ ရိက္ခာတွေ ဝေပေးတာ အမှန်ပဲလို့ သိထားကြတယ်"

"အရှင်... အရပ်သားတွေ ရူးသွပ်နေကြပြီ။ အကုန်လုံး ဖရိုဖရဲ ဖြစ်နေပြီ"

...

တောင်ဘက်သို့ တဟုန်ထိုး ချီတက်ရင်း ဝတ်ရုံဖြူ ဝတ်ဆင်ကာ မြင်းဖြူစီးထားသော ချန်ဆန်းရှီသည် အနက်ရောင်သံချပ်ကာတပ်မတော်ကို ဦးဆောင်ခဲ့ရာ သူဖြတ်သန်းသွားသော နေရာတိုင်းတွင် ခုခံမှု မရှိဘဲ မြို့များမှာ အလိုအလျောက် အညံ့ခံကြသည်။

မြို့ရိုးအပြင်ဘက်ရှိ ဒါရှန် တပ်ဖွဲ့များကလည်း ချက်ချင်းပင် အညံ့ခံလာသည့် စစ်သည်များကို ထိန်းချုပ်လိုက်သဖြင့် သူတို့၏ ခရီးလမ်းမှာ အနှောင့်အယှက် ကင်းခဲ့သည်။

ထိုအခါမှသာ ရှာချုံသည် အမှန်တရားကို နားလည်သွားခဲ့သည်။

"အခုမှ ကျွန်တော် နားလည်တော့တယ်။ အရှင်မေကျီခရိုင်မှာ လုပ်ခဲ့တာတွေက အင်အားတည်ဆောက်တာပဲ။ တကယ်တော့ လိုင်နိုင်ငံရဲ့ မြို့စောင့်တပ်တွေက အစွန်းကုန် ရောက်နေကြပြီ။ အရှုံးပေးရင် ဘာမှမဖြစ်ဘူးဆိုတာ သူတို့ ယုံကြည်သွားတာနဲ့ သူတို့ လုံးဝ ပြိုလဲသွားကြတာပဲ။ တစ်ဦးက အရှုံးပေးလိုက်တာနဲ့ ဒိုမီနိုလိုပဲ ကျန်တဲ့သူတွေပါ စိတ်ဓာတ်ကျပြီး လိုက်ပါလာကြတာပဲ"

...

ရက်ပေါင်း ၂၀ အကြာ။

ယုံလဲ့ စီရင်စုမြို့ပြင်ရှိ ဒါရှန် တပ်စခန်း။

"ဘာလို့ ရက်ပေါင်း ၂၀ ရှိပြီ ချန်ဆန်းရှီဆီက ဘာသတင်းမှ မရတာလဲ" စစ်သေနာပတိချုပ် မုန့်ချူကျီသည် လက်ကို နောက်ပစ်ကာ စစ်တဲအတွင်း ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်။ "ဗိုလ်ချုပ်ဖန်... ငါတို့ ထပ်စောင့်လို့ မရတော့ဘူး။ အရင် တပ်ဆုတ်လိုက်သင့်လား"

ထိုစဉ် သတင်း ရောက်လာသည်။

"သူတို့ အရှုံးပေးကုန်ပြီ သူတို့ အရှုံးပေးကုန်ပြီ။"

"အနက်ရောင်သံချပ်ကာတပ်မတော်ဆီက စစ်မြေပြင် သတင်းရောက်လာပါပြီ။ စီရင်စု ၂၃ ခုလုံး အရှုံးပေးသွားပါပြီ။"

"အနက်ရောင်သံချပ်ကာစစ်သည် ၃၀၀၀က တောင်ဘက်ကို ဆက်သွားနေပါတယ် မကြာခင် ကျောက်ထုံ စီရင်စုကို ရောက်ပါတော့မယ်။"

"မင်း ဘာပြောလိုက်တယ် ပေးစမ်း အဲ့ဒီသတင်း" မုန့်ချူကျီက သတင်းစာရွက်ကို ဆွဲယူကာ ဖတ်လိုက်သည်။

ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ရှီချောင်စီရင်စုမှ စစ်သည် ၃၀၀၀ မြို့ပြင်ထွက်၍ အညံ့ခံသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ချုံကျိုးစီရင်စုမှ ဒု-ဗိုလ်ချုပ် သစ္စာဖောက်၍ ဗိုလ်ချုပ်ကြီး၏ ဦးခေါင်းကို ဖြတ်ကာ စစ်သည် ၂၀၀၀ နှင့်အတူ အညံ့ခံသည်။

ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ဟွမ်ဖီစီရင်စုရှိ အရပ်သားများ ပုန်ကန်သဖြင့် မြို့အတွင်း ဖရိုဖရဲဖြစ်ကာ အရှုံးပေးသည်။

...

ဖေဖော်ဝါရီလ ၁၉ ရက်နေ့အရောက်တွင် လိုင်ပြည်နယ်အတွင်းရှိ စီရင်စု ၂၆ ခုသည် မြို့တံခါးများ ဖွင့်လှစ်ကာ အညံ့ခံခဲ့ပြီး ရန်သူ့စစ်သည် ငါးသောင်းကျော်ကို ဖမ်းဆီးရမိခဲ့သည်။

"အရှင်... မယုံနိုင်စရာပဲ တကယ့်ကို မယုံနိုင်စရာပဲ"

"ရှေ့တန်းက ညီအစ်ကိုတွေဆီက သတင်းကြားရတာတော့ ဒု-ဗိုလ်ချုပ် ချန် ဖြတ်သန်းသွားတဲ့ နေရာတိုင်းမှာ တိုက်ရိုက် အရှုံးပေးတာ ဒါမှမဟုတ် အတွင်းပုန်ကန်မှုတွေနဲ့ ပြိုလဲသွားတာပဲတဲ့။ ရှင်းဟွာစီရင်စုကနေ တောင်ဘက်အထိ လာခဲ့တာ လူတစ်ယောက်တောင် မသတ်ခဲ့ရဘူး"

"ရန်သူ့တပ်တွေက ထောင်သောင်းချီ ရှိပေမယ့် ဒုတိယဗိုလ်ချုပ် ချန်ကို မြင်ရင် တမင်တကာကို ရှောင်ကွင်းပေးနေကြတာ"

မြောက်ဘက်နယ်မြေမှ စတင်ခဲ့သော အညံ့ခံခြင်း အရှိန်အဟုန်သည် ပြင်းထန်လွန်းလှသဖြင့် စစ်သည်တော် အပေါင်းတို့မှာ ဝတ်ရုံဖြူရှင် ကို ရှောင်ကွင်းခဲ့ကြရလေတော့သည်။

(တောင်းပန်စာ-အရင်ကစီရင်စု ကျန်နေခဲ့တယ်ဗျာ ခရိုင်/စီရင်စု/ပြည်နယ် အဲ့လိုသွားတာပါ ဖတ်ရတာထောက်သွားရင်တောင်းပန်ပါတယ်ဗျာ)

All Chapters