← Chapters

အခန်း (၃၁၁)

Vol. 29 Ch. 311

အခန်း (၃၁၁)

Vol. 29 Ch. 311

"စကားတွေ အများကြီး ပြောမနေနဲ့။ မင်းကို ဒီနေရာမှာ တောင့်ခံထားဖို့ ငါအမိန့်ပေးရင် တောင့်ခံထားရမယ်"

ရုတ်တရက် လေတိုးသံတစ်ခုနှင့်အတူ...

"မင်း... မင်း..."

"ဗိုလ်ချုပ်.. ခင်ဗျားပဲ ကျွန်တော့်ကို အကျပ်ကိုင်တာနော်"

တပ်မှူးမာကောချန်သည် သူ၏ဓားကို တစ်ဖက်လူ၏ ရင်ဘတ်အတွင်းသို့ ထိုးစိုက်လိုက်သည်။ သူ၏ နောက်လိုက်များကလည်း ရှေ့သို့ တိုးလာကြပြီး ထိုသူကို အနောက်မှနေ၍ အပိုင်းပိုင်း ပြတ်သွားအောင် ခုတ်ထစ်လိုက်ကြလေသည်။

ထို့နောက် မာကောချန်က သူ၏ဓားရှည်ကို မြှောက်ကာ ကြွေးကြော်လိုက်

သည်။

"မြို့တံခါးတွေကို ဖွင့်ကြ။ အရှုံးပေးမယ်"

'ဝုန်း..'

ချန်တင်းစီရင်စု၏ ခိုင်ခံ့လှသော မြို့တံခါးကြီးများ ပွင့်သွားသည်။

ရာထူးအဆင့်ဆင့်ရှိသော အရာရှိများမှာ မြို့ပြင်သို့ထွက်၍ အညံ့ခံကြလေသည်။

"ဒု-ဗိုလ်ချုပ် ချန်"

"ကျွန်တော့်ရဲ့ လူတွေကို အသက်ချမ်းသာပေးပါ"

"ကျွန်တော်တို့အားလုံးဟာ ဒီဒေသခံ ကာကွယ်ရေးတပ်သားတွေပါ။ မြို့တံခါးဖွင့်ပြီး အရှုံးပေးပြီးတဲ့နောက် ကျွန်တော်တို့ တစ္ဆေတံခါးလျှိုမြောင်ကနေ ပြန်မသွားတော့ပါဘူး။ အခုကစပြီး ကျွန်တော်တို့အားလုံးဟာ ကြီးမြတ်တဲ့ ဒါရှန် နိုင်ငံတော်ရဲ့ လက်အောက်ခံတွေပါ"

...

ဝတ်ရုံဖြူနှင့် မြင်းဖြူရှင်သည် ချန်တင်းစီရင်စုတွင် စခန်းချနားခိုလေသည်။

ခရီးဝေး ချီတက်လာခဲ့ရသဖြင့် အနက်ရောင်သံချပ်ကာတပ်မတော်အတွက် ခဏတာ အနားယူရန် လိုအပ်သည်။

"၂၇ ခုမြောက် စီရင်စုပဲ"

ရှာချုံက စိတ်ထဲမှ တိတ်တဆိတ် ရေတွက်နေမိသည်။

ဒီခရီးစဉ်အတွင်းမှာ...

သူနှင့်အတူ ရှောင်ကျန်း၊ ယူကျိခယ် တို့ကဲ့သို့ ရဲဘော်များမှာ မျက်လုံးအဝိုင်းသားဖြင့် အံ့ဩနေကြရသည်။ သူတို့ ဖြတ်သန်းသွားသော နေရာတိုင်းသည် တပ်သားတစ်ယောက်မျှ အဆုံးရှုံးမခံရဘဲ သူတို့ကို မြင်သည်နှင့် အလိုအလျောက် အရှုံးပေးကြသည်။ နှစ်ရှည်လများ ပစ်ပယ်ခံထားရသော ခရိုင်မြို့ငယ်လေးများမှစ၍ ခိုင်ခံ့လှသော စီရင်စုမြို့ကြီးများအထိ တိုက်ပွဲမရှိဘဲ အညံ့ခံခဲ့ကြသည်။

မြို့သိမ်း နယ်ချဲ့ခြင်းမှာ အိတ်ထဲမှ ပစ္စည်းတစ်ခုကို နှိုက်ယူသကဲ့သို့ လွယ်ကူနိုင်သည်ဟု သူတို့ ပထမဆုံးအကြိမ် သိရှိခဲ့ရခြင်း ဖြစ်သည်။

မြင်းဖြူပေါ်မှ ဝတ်ရုံဖြူရှင် တစ်ဦးတည်းက ထောင်သောင်းချီသော ရန်သူ့စစ်သည်များကို အရှုံးပေးစေခဲ့သည်။

တကယ့်ကို ခန့်ညားထည်ဝါလှသော စွမ်းအားပင် ဖြစ်သည်။

ရှာချုံနှင့် သူ၏ သူငယ်ချင်းများမှာ မြို့တော်မှ စနစ်တကျ ရွေးချယ်ခံထားရသော ထူးချွန်သူများ ဖြစ်ကြပြီး ငယ်စဉ်ကတည်းက စစ်မဟာဗျူဟာကျမ်းများကို ကျွမ်းကျင်အောင် လေ့လာခဲ့သူများ ဖြစ်သည်။ ထို့ကြောင့် သူတို့ တစ်ဦးစီတွင် စစ်ရေးနှင့် ပတ်သက်၍ ကိုယ်ပိုင်အမြင်များ ရှိကြသည်။

အစပိုင်းတွင် သူတို့၏ ဗိုလ်ချုပ်ဖြစ်သူ ချန်ဆန်းရှီ ဘာလုပ်နေသလဲဆိုသည်ကို သူတို့ လုံးဝ နားမလည်ခဲ့ကြပေ။

သူတို့ အမိန့်ကို နာခံခဲ့ခြင်းမှာ...

တစ်ချက်က သူတို့၏ စည်းကမ်းကောင်းမွန်မှုကြောင့် ဖြစ်သည်။ အကျင့်ပျက်နေသော မြို့စောင့်တပ်များနှင့်မတူဘဲ အထူးတပ်ဖွဲ့ဝင်များ ဖြစ်သည့်အတွက် စစ်အမိန့်ကို တသွေမတိမ်း လိုက်နာခြင်းမှာ သူတို့၏ ပထမဦးစားပေး တာဝန်ဖြစ်သည်။ အမိန့်ကို သံသယရှိလျှင်ပင် တိကျစွာ လုပ်ဆောင်ကြရသည်။

နောက်တစ်ချက်ကတော့ ဒု-ဗိုလ်ချုပ် ချန်ဆန်းရှီ ဟုန်ကျဲမြစ်ကို လေးကြိမ်တိုင်တိုင် ဖြတ်ကျော်တိုက်ခိုက်ခဲ့စဉ်က ပြသခဲ့သော စွမ်းဆောင်ရည်များကြောင့် ဖြစ်သည်။ ထိုစွမ်းဆောင်ရည်များက သူတို့ကို စိတ်ရှည်စွာဖြင့် အဆုံးသတ်မှာ ဘာဖြစ်မလဲဆိုသည်ကို စောင့်ကြည့်ရန် ဆွဲဆောင်ခဲ့ခြင်း ဖြစ်သည်။

အကျိုးရလဒ်ကတော့...

အခုမြင်တွေ့နေရသည့်အတိုင်းပင် ဖြစ်သည်။ ရှာချုံနှင့် အခြားသူများမှာ လုံးဝ ယုံကြည်သွားကြပြီး အညံ့ခံလာသည့် ရန်သူ့တပ်များကဲ့သို့ပင် ဒူးထောက်အရှုံးပေးချင်စရာ ကောင်းလောက်အောင် အထင်ကြီးသွားကြသည်။

သို့သော်လည်း သူတို့သည် ဗိုလ်ချုပ်နှင့် အမြဲတစေ နီးကပ်စွာ ရှိနေခဲ့သော်ငြားလည်း ဒီဆန်းကြယ်လှသော စွမ်းရည်ကို အပြည့်အဝ နားမလည်နိုင်ကြသေးပေ။

နှိုင်းယှဉ်ကြည့်မည်ဆိုလျှင်...

လုရှုဟွာ ကဲ့သို့သော ဟုန်ကျဲမြစ် ဖြတ်ကျော်တိုက်ပွဲကို ကိုယ်တိုင်တွေ့ကြုံခဲ့သူများမှာမူ ထူးထူးခြားခြား စိတ်လှုပ်ရှားခြင်း မရှိတော့ပေ။ ၎င်းမှာ သူတို့ အံ့ဩခြင်း မရှိသောကြောင့် မဟုတ်ဘဲ အံ့ဩလွန်း၍ ထုံထိုင်းသွားခြင်းကြောင့်သာ ဖြစ်သည်။

"သူတို့ အရှုံးပေးတာ နည်းနည်း မြန်လွန်းမနေဘူးလား"

ရှဲ့စီရှုက မြင်းစီး၍ အနားသို့ လာကာ မေးလိုက်သည်။ "အရှင်... နေရာတော်တော်များများမှာ အညံ့ခံတဲ့ စစ်သည်တွေကို စောင့်ကြည့်ဖို့ လူအင်အား အများကြီး မထားခဲ့ရဘူး။ ဒါက ကျွန်တော်တို့ရဲ့ အခြေခံအုတ်မြစ်ကို မခိုင်မခံ့ ဖြစ်စေနိုင်မလား"

"မြန်တယ် ဟုတ်လား"

ချန်ဆန်းရှီက ပြန်မေးလိုက်သည်။

လုံးဝ မမြန်ပေ။

ဒါဟာ ပုံမှန် ဖြစ်စဉ်သာ ဖြစ်သည်။

ပထမဆုံးအနေဖြင့် စစ်သည်တိုင်းမှာ သူ၏ ပိုယန် ညီအစ်ကိုများကဲ့သို့ သေရဲသည့် စိတ်ဓာတ်ရှိကြသည်မဟုတ်။ သူတို့ မြို့ကို ကာကွယ်နေကြခြင်းမှာ ထွက်ပြေးစရာ လမ်းမရှိသောကြောင့်သာ ဖြစ်သည်။ ဒါကို မြို့စောင့်သူတို့၏ အသည်းအသန် ခုခံမှုဟု ခေါ်သည်။

ဒါပေမဲ့ ဒါရှန် တပ်မတော်က အညံ့ခံလာသည့် စစ်သည်များကို လမ်းမပေါ်တွင် လွတ်လပ်စွာ သွားလာခွင့်ပေးလိုက်သည်နှင့် ထိုခုခံလိုစိတ်မှာ ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားတော့သည်။

ထို့နောက် ရောက်လေရာတွင် ရိက္ခာတိုက်များကို ဖွင့်လှစ်ကာ အရပ်သားများကို ဝေငှပေးခြင်းဖြင့် ပြည်သူတို့၏ ထောက်ခံမှုကို ရယူသည်။ ပြည်သူတို့၏ အကူအညီမပါဘဲ မြို့တစ်မြို့ကို ကာကွယ်ရန်မှာ အဆပေါင်းများစွာ ခက်ခဲလှသည်။ စစ်ပွဲအတွက် ရိက္ခာများကို အတင်းအဓမ္မ သိမ်းယူခံထားရသဖြင့် ဆာလောင်မွတ်သိပ်နေသော အရပ်သားများသည် ဒါရှန် စစ်သည်များ လာနေပြီဟု ကြားသည်နှင့် ပုန်ကန်ကြတော့သည်။

နောက်ဆုံးတစ်ချက်အနေဖြင့်...

မြို့များစွာတွင် အပြင်မှ ပြောင်းလာသည့် တပ်သားများသာမက ဒေသခံ မြို့စောင့်တပ်သားများလည်း ရှိကြပြီး ထိုအုပ်စုနှစ်ခုမှာ စိတ်သဘောထား မတိုက်ဆိုင်ကြပေ။

အပြင်မှလာသော တပ်သားများအတွက် တိုက်ပွဲရှုံးခြင်းမှာ ဘာမှ အကျိုးသက်ရောက်မှု မရှိပေ။ သူတို့သည် လက်နက်ချပြီး ဘာမှမဖြစ်ခဲ့သလိုပင် အိမ်ပြန်သွားနိုင်သည်။

ဒေသခံ တပ်သားများအတွက်မူ မြို့တံခါး ဖွင့်ပေးလိုက်လျှင်ပင် သူတို့၏ မိသားစုများ ဘေးကင်းမည် ဖြစ်သည်။

ရလဒ်က အတူတူပဲကို ဘာလို့ အသေခံ တိုက်နေကြတော့မှာလဲ။

တစ်ခါတစ်ရံ ထိုအုပ်စုနှစ်ခုကြား ပဋိပက္ခဖြစ်သည့်အခါ အတွင်းပုန်ကန်မှုများ ဖြစ်ပေါ်လာတတ်သည်။

ဒီအချက်တွေ အားလုံး ပေါင်းစပ်လိုက်သည့်အခါ အရှုံးပေးခြင်းမှာ တစ်ခုတည်းသော ယုတ္တိရှိသည့် လမ်းစဉ် ဖြစ်လာတော့သည်။

ရှဲ့စီရှု စိုးရိမ်သကဲ့သို့ အမြန်အညံ့ခံခြင်းက မတည်ငြိမ်မှု ဖြစ်စေနိုင်သည်ဆိုခြင်းမှာ အခြေအမြစ်မရှိသော စိုးရိမ်မှုသာ ဖြစ်သည်။

မိမိအလိုအလျောက် အညံ့ခံခြင်းနှင့် ဝန်းရံခံရ၍ အတင်းအကျပ် အညံ့ခံခြင်းမှာ အခြေအနေခြင်း လုံးဝ မတူပေ။

မြို့တံခါး ပွင့်သွားပြီးနောက်...

ခုခံနေသော စစ်သည်များကို သူတို့ဘာသာ ထွက်ခွာခွင့် ပြုလိုက်သည်။

ဒီစစ်သည်များသည် အဆင့်နိမ့်သူများ ဖြစ်ကြပြီး အရေအတွက်လည်း များပြားလှသဖြင့် သူတို့ ချင်နိုင်ငံ နယ်မြေထဲသို့ ပြန်ပြေးသွားလျှင်ပင် အရေအတွက် များလွန်းသဖြင့် အပြစ်ပေးရန် မလွယ်ကူပေ။ သူတို့ကို တာဝန်ခံခိုင်း၍ မရနိုင်ပေ။

ဒါပေမဲ့ မြို့တံခါးဖွင့်ဖို့ အမိန့်ပေးခဲ့တဲ့ ဗိုလ်ချုပ်တွေကရော။

သူတို့ တကယ်ပဲ ပြန်ရဲကြပါ့မလား။

ပြန်သွားရင်ရော ချင်နိုင်ငံက သူတို့ကို ပြန်ခန့်ပါ့ဦးမလား။

ပြန်သွားရင်လည်း အနာဂတ်မရှိနိုင်မှန်း သိနေကြသလို စစ်ပွဲအပြီးမှာ အပြစ်ပေးခံရနိုင်တာကိုလည်း သိနေကြသည့်အတွက် ထိုဗိုလ်ချုပ်များ တကယ်ပဲ ပြန်ကြမည်လား။

သူတို့ ပြန်ကြမည်မဟုတ်ပေ။

ပြန်မသွားရုံတင်မကဘဲ သူတို့သည် ဒါရှန် က မြို့များကို စနစ်တကျ ထိန်းချုပ်နိုင်အောင် အစွမ်းကုန် ကူညီကြပါလိမ့်မည်။

ဒါဟာ ရိုးရှင်းတဲ့ အယူအဆတစ်ခုပါ။ တစ်ကြိမ် အရှုံးပေးခြင်းကိုတော့ မလွဲသာလို့ပါဟု ဆင်ခြေပေးနိုင်သော်လည်း နှစ်ကြိမ်တိုင်တိုင် သစ္စာဖောက်သည့် ဗိုလ်ချုပ်ကိုတော့ မည်သူကမှ သည်းခံမည်မဟုတ်ပေ။

မင်ပြည်နယ်တုန်းကလိုပင်...

တုန်အန်း ရဲ့ ဒု-ဗိုလ်ချုပ် လီထျန်းချန် နှင့် အခြားသူများကို အများသိအောင် အပြစ်မပေးခဲ့သော်လည်း အခုဆိုရင် သူတို့ ဘယ်မှာရှိနေသလဲ၊ ဘာဖြစ်နေသလဲဆိုတာ ဘယ်သူမှ မသိကြတော့ပေ။

အောက်ခြေအဆင့်မှ ခရိုင်ဝန်လီ ကဲ့သို့သော အရာရှိများ ဆိုလျှင်တော့ ဒါရှန် နိုင်ငံတော်၏ အားအရှိဆုံးသော ထောက်ခံသူများ ဖြစ်လာကြပါလိမ့်မည်။

"တစ်တပ်လုံး ဒီည အနားယူကြ"

ချန်ဆန်းရှီက အမိန့်ပေးလိုက်သည်။

မြို့ထဲသို့ ရောက်သည်နှင့် သူသည် စစ်ဆေးသည့် ဟန်ဖြင့် မြင်းစီးထွက်ခဲ့သည်။ သူ၏မြင်းဖြစ်သော ရှောင်ရှင်းသည် သူ့ကို နေရာအနှံ့ ပို့ဆောင်ပေးခဲ့သည်။ နောက်ဆုံးတွင် ကလေးဆုတောင်းပေးသည့် ကွမ်ယင်ဘုရားကျောင်းတစ်ခုအတွင်း၌ ဘုန်းကြီးအယောင်ဆောင်ထားသော အမွေးတိုင်နတ်ဘုရားဂိုဏ်းဝင်အချို့ကို သူ ရှာတွေ့ခဲ့သည်။

ထိုညမှာပင် သူသည် တိတ်တဆိတ် ပြန်လာခဲ့ပြီး ထိုဂိုဏ်းသားများကို သတ်ဖြတ်လိုက်ကာ သူ၏ ဝိညဥ်ပုတီးစေ့ကို အသုံးပြု၍ အမွှေးတိုင်အိုးထဲမှ ခရမ်းရောင်ချီများကို စုပ်ယူလိုက်သည်။

မြို့တစ်မြို့ထဲသို့ ရောက်တိုင်း သူသည် ဒီလိုမျိုး ရှာဖွေမှုတွေကို အမြဲပြုလုပ်လေ့ရှိသည်။

လိုင်ပြည်နယ်တွင် အပေါများဆုံးအရာမှာ ကလေးဆုတောင်းပေးသည့် ကွမ်ယင်ဘုရားကျောင်းများ ဖြစ်ကြပြီး ထိုနေရာများတွင် အမွှေးတိုင်များမှာ အထူးပင် တောက်လောင်နေလေ့ရှိသည်။ ဒေသခံများကလည်း ထိုဘုရားကျောင်းများမှာ အလွန်စွမ်းသည်ဟု ဆိုကြသည်။ ကလေးမရနိုင်သော အမျိုးသမီးများ လာရောက် ဆုတောင်းလျှင် မကြာမီ ကိုယ်ဝန်ရရှိသွားတတ်ကြသည်။

အကြောင်းရင်းကတော့...

ရုပ်ပွားတော်၏ အနောက်ဘက်တွင် မြေအောက်သို့ သွားရာ လျှို့ဝှက်လမ်းတစ်ခု ရှိနေပြီး ထိုနေရာတွင် ခုတင်တစ်လုံး ရှိနေသည်။ ညတိုင်း ထိုခုတင်ဘေးတွင် သန်မာထွားကြိုင်းသော ဘုန်းကြီး ၇ ယောက်၊ ၈ ယောက်ခန့် စုဝေးနေကြသောကြောင့် ဖြစ်သည်။

အမွေးတိုင်နတ်ဘုရားဂိုဏ်းသည် တကယ်ပင် ယုတ်မာညစ်ပတ်သော အကွက်များစွာ ရှိပေသည်။

All Chapters