← Chapters

အခန်း (၃၁၂)

Vol. 29 Ch. 312

အခန်း (၃၁၂)

Vol. 29 Ch. 312

အမွှေးတိုင်နတ်ဘုရားဂိုဏ်းကို နှိမ်နင်းရန်အတွက် ချန်ဆန်းရှီသည် မည်သည့်ပရိယာယ်ကိုမဆို အသုံးပြုမည်ဖြစ်သည်။

သူသည် စွန့်ပစ်ထားသောအိမ်တစ်လုံးကို ရှာဖွေတွေ့ရှိခဲ့ပြီး ထိုနေရာတွင် သူ၏လှံသိုင်းကို အရင်လေ့ကျင့်ကာ ဝိညဥ်ပုတီးစေ့ကိုထုတ်၍ ဓားချီမန္တန်ကို လေ့ကျင့်လေသည်။

[မန္တန် - ဓားချီမန္တန် (ကျွမ်းကျင်အဆင့်)]

[တိုးတက်မှု့ - ၆၈၈/၁၀၀၀]

ခရီးတစ်လျှောက်တွင် သူသည် ခရမ်းရောင်ချီအမြောက်အမြားကို စုဆောင်းနိုင်ခဲ့သော်လည်း သုံးစွဲရသည့်နှုန်းမှာ အလွန်မြင့်မားနေသည်။ သူ၏အတတ်ပညာ အောင်မြင်မှုအဆင့်တစ်ခုသို့ ရောက်ရှိရန်အတွက် ဘုရားကျောင်းငယ်များစွာမှ စွမ်းအင်များကို စုဆောင်းရုံနှင့် မလုံလောက်ဘဲ ကြီးမားသောဘုရားကျောင်းကြီးတစ်ခုမှ စွမ်းအင်များကို ရရှိရန်လိုအပ်နေသည်ဟု သူခံစားရသည်။

ကျောက်ထုံ စီရင်စု။

၎င်းမှာ လိုင်ပြည်နယ်တွင် အကြီးဆုံးမြို့ဖြစ်ပြီး အကြီးဆုံးသော ကွမ်ယင်ဘုရားကျောင်း တည်ရှိရာနေရာလည်း ဖြစ်သည်။ အခြားစီရင်စုနှင့် ခရိုင်များမှ ပြည်သူများသည်ပင် ထိုနေရာသို့ လာရောက်ဝတ်ပြုရန် မိုင်ပေါင်းထောင်ချီ ခရီးနှင်ကြရသည်။

ဒါဟာ ချန်ဆန်းရှီအတွက်တော့ ကိုယ်ပိုင်အကျိုးအမြတ်တစ်ခု ဖြစ်သည်။

စစ်ရေးဗျူဟာအရကြည့်လျှင်လည်း ကျောက်ထုံ စီရင်စုမှာ အထူးပင် အရေးပါလှသည်။

ယခုအခါ လိုင်ပြည်နယ်ရှိ စီရင်စု ၃၆ ခုအနက် ၂၇ ခုမှာ အညံ့ခံခဲ့ပြီးဖြစ်သည်။ ကျန်ရှိနေသော ၉ ခုမှာ သိမ်းပိုက်ရန် အလွန်ခက်ခဲသော မြို့များဖြစ်ပြီး ကျောက်ထုံမြို့က ထိုမြို့များကို ဦးဆောင်နေသည်။ ထိုမြို့ကို ကျော်ကြားလှသော ဗိုလ်ချုပ် တိန့်ဖုန်း(ဒိန်းဖုန်းကဖတ်ရထောက်လို့ပါ) က ကွပ်ကဲနေခြင်းကြောင့် သိမ်းပိုက်ရန်မှာ အလွန်ခဲယဉ်းပါလိမ့်မည်။

သို့သော်လည်း အခြားတစ်ဖက်မှကြည့်လျှင် ဗိုလ်ချုပ်တိန့်ဖုန်း ကိုသာ ဖမ်းဆီးနိုင်ခဲ့ပါက ချင်နိုင်ငံ၏ စိတ်ဓာတ်ကို အကြီးအကျယ် ထိုးနှက်နိုင်မည်ဖြစ်ပြီး ကျန်ရှိနေသော စီရင်စု ၈ ခုမှာလည်း ချက်ချင်းပင် အညံ့ခံလာကြပါလိမ့်မည်။

ထိုသို့ဖြစ်လာပါက ဒါရှန် တပ်မတော်အနေဖြင့် လာမည့်စစ်မြေပြင်အခြေအနေများအတွက် အင်အားစုစည်းရန် အခွင့်အရေးရရှိမည်ဖြစ်သည်။

သို့သော်လည်း အခြေအနေမှာ အကောင်းကြီးတော့ မဟုတ်သေးပေ။

ထို့ပြင် ခရီးတစ်လျှောက်တွင် စစ်သည်စုဆောင်းရင်း ချန်ဆန်းရှီကို အံ့အားသင့်စေခဲ့သည့် အချက်တစ်ခုရှိသည်။

၎င်းမှာ သူ၏အမည်နာမသည် မမျှော်လင့်ဘဲ အလွန်အစွမ်းထက်နေခြင်း ဖြစ်သည်။

အစောပိုင်းက သူသည် လူများကို မြစ်ကူးနိုင်အောင် ကူညီပေးခဲ့ခြင်းမှာ ကြီးမားသော သက်ရောက်မှုရှိခဲ့သည်။

အညံ့ခံခဲ့သည့် စီရင်စု ၂၇ ခုအနက် အနည်းဆုံး ၁၀ ခုမှာ မြို့အတွင်းရှိ ပြည်သူများက ပုန်ကန်ခြင်းကြောင့် ဖြစ်ပြီး ထိုပုန်ကန်မှုများ၏ ၃၀ ရာခိုင်နှုန်းခန့်မှာ "ချန်ဆန်းရှီ" ဟူသောအမည်ကြောင့် ဖြစ်သည်။ ဒါဟာ သိသာထင်ရှားလှသော အလားအလာတစ်ခုပင် ဖြစ်သည်။

"ဝိညဥ်ပုတီးစေ့ထဲက ခရမ်းရောင်ချီတွေက ရသလောက် ပြန်ကုန်နေတာပဲ"

"ဒါပေမဲ့..."

"အဖြူရောင်ချီတွေက ပိုပြီးသိပ်သည်းလာတယ်"

သူသည် လက်ထဲရှိ အမြုတေကိုကြည့်ရင်း တွေးတောနေမိသည်။

မေခရိုင်မှ စတင်ခဲ့သည့်အချိန်မှစ၍ သူတို့သွားလေရာ နေရာတိုင်းတွင် အဖြူရောင်ချီများ အနည်းငယ်စီ တိုးလာခဲ့သည်။ ဒါဟာ သူတို့ ရှေ့တန်းမှာ အောင်မြင်မှုရရှိလာတာနဲ့အမျှ တိုးလာနေခြင်း ဖြစ်သည်။

ဒါဟာ... ကြီးမားတဲ့ အောင်ပွဲတွေဆီကရတဲ့ အရှိန်အဟုန်ကနေ စွမ်းအင်အဖြစ် ပြောင်းလဲသွားတာလား။

အဲ့ဒီလိုလည်း ထင်ရသလို၊ မဟုတ်သလိုလည်း ခံစားရသည်။ တစ်ခုခုတော့ လွဲနေသည်ဟု သူအမြဲ ခံစားနေရသည်။

ဒါပေမဲ့ ချန်ဆန်းရှီအနေနဲ့ အခုအချိန်မှာ အဲ့ဒါကို အသေအချာ တွေးနေဖို့ အချိန်မရှိပေ။ မသိလိုက်ဘဲ မိုးလင်းသွားခဲ့ပြီဖြစ်ရာ သူတို့ ရှေ့ဆက်ချီတက်ကြရဦးမည်။

ယခုတစ်ခေါက် သူတို့၏ ဦးတည်ရာမှာ ကျောက်ထုံ စီရင်စုပင် ဖြစ်သည်။

အချိန်သိပ်မကျန်တော့ပေ။

အစိမ်းရောင်တောင်တန်းမှ တပ်မတော်ကြီးမှာ ရောက်ရှိလာတော့မည် ဖြစ်သည်။

သူတို့သည် ကျောက်ထုံ စီရင်စုကို အမြန်ဆုံး အညံ့ခံလာအောင် လုပ်ဆောင်ရမည်ဖြစ်သည်။ ဘယ်လောက်ပဲ ခက်ခဲပါစေ သူတို့ သိမ်းပိုက်ရမည်သာ ဖြစ်သည်။

...

ယုံလဲ့ စီရင်စု။

"သောက်ကျိုးနည်း"

ထန်ဘုရင် လီဂုန်းသည် စစ်မြေပြင်သတင်းများကိုကြည့်ကာ ဒေါသအမျက်ထွက်လျက် စားပွဲပေါ်ရှိ အစားအစာများကို မှောက်လှန်

ပစ်လိုက်သည်။

"ရက်ပေါင်း ၃၀ အတွင်းမှာ စီရင်စု ၂၇ ခုလုံး အရှုံးပေးသွားတယ် ဟုတ်လား"

"အညံ့ခံတဲ့ စစ်သည် ငါးသောင်းတောင် ရှိတယ်"

"ဒီလူငါးသောင်းက သူတို့ရဲ့လည်ပင်းကို ဒါရှန် လူမျိုးတွေ လာခုတ်ဖို့ ငြိမ်ခံနေရင်တောင် သုံးရက်သုံးည ကြာဦးမှာပဲ။ ဒါကို မြားတစ်စင်တောင် မပစ်ဘဲ အရှုံးပေးလိုက်ကြတယ် ဟုတ်လား"

"ဒီ ချန် ဆိုတဲ့လူ သွားလေရာမှာ တံခါးတွေက ကြိုဆိုနေကြတာလား"

"ဒါဟာ တိုက်ပွဲလား၊ ဒါမှမဟုတ် ချန် က သူ့နယ်မြေကို လှည့်လည်ကြည့်ရှုနေတာလား။ ရယ်စရာပဲ၊ တကယ့်ကို ရယ်စရာကောင်းလှတယ်"

"ဟုတ်ပါတယ်၊ တကယ်ကို ရယ်စရာကောင်းပါတယ်"

ဒု-ဗိုလ်ချုပ်က စိုးရိမ်တကြီးဖြင့် "မြို့စောင့်တပ်မှူး အများအပြားဟာ ကိုယ်တိုင်အညံ့ခံရုံတင်မကဘဲ တခြားမြို့တွေက သူတို့ရဲ့ ညီအစ်ကိုတွေကိုပါ အရှုံးပေးဖို့ တိုက်တွန်းတဲ့ တမန်တော်တွေ ဖြစ်လာကြတယ်။ ဒါကြောင့် အရှုံးပေးတဲ့ အရှိန်အဟုန်က တားဆီးလို့မရအောင် ပျံ့နှံ့နေပြီ။ အခု ချန်ဆန်းရှီ ဦးဆောင်တဲ့ အနက်ရောင်သံချပ်ကာတပ်မတော်က ကျောက်ထုံ စီရင်စုကို တိုက်ရိုက် ဦးတည်နေပါပြီ" ဟု တင်ပြသည်။

"ကျောက်ထုံ မြို့မကျသရွေ့တော့ နာလန်ထူဖို့ အခွင့်အရေး ရှိပါသေးတယ်"

လီဂုန်းသည် စိတ်ကိုအမြန်ဆုံး ပြန်ထိန်းကာ မြေပုံကို ညွှန်ပြလိုက်သည်။ "ကျောက်ထုံ အပါအဝင် ကျန်ရှိတဲ့ ၉ ခုက တပ်မှူးတွေကဗိုလ်ချုပ်တိန့်ဖုန်း ရဲ့ မိတ်ဆွေဟောင်းတွေ ဖြစ်ကြသလို သူ့ကိုလည်း အလွန် လေးစားကြတယ်။ တိန့်ဖုန်း အရှုံးမပေးသရွေ့ ကျန်တဲ့သူတွေလည်း လုံးဝ အညံ့ခံမှာ မဟုတ်ဘူး"

"ဒါဆိုရင်တော့ ပြဿနာမရှိပါဘူး"

ဒု-ဗိုလ်ချုပ်က ယုံကြည်မှုအပြည့်ဖြင့် "တိန့်မျိုးရိုးကမျိုးဆက် ၇ ဆက်

တိုင်တိုင် သစ္စာရှိခဲ့တဲ့ မျိုးရိုးပါ။ ချင်နိုင်ငံ တည်ထောင်ကတည်းက သူတို့က အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့တာ။ ဗိုလ်ချုပ်တိန့်ဖုန်း သာ အရှုံးမပေးရင် ဘယ်သူမှ ပေးမှာမဟုတ်ဘူး။ ကျွန်တော် အခုပဲ သူ့ဆီကို စာတစ်စောင် ရေးလိုက်ပါ့မယ်။ နောက်ထပ် ရက်ပေါင်း ၂၀၊ ရက်ပေါင်း ၂၀ ပဲ တောင့်ခံထားဖို့ ပြောလိုက်မယ်" ဟု ဆိုသည်။

"မြန်မြန်သွား"

လီဂုန်းက တိုက်တွန်းလိုက်ပြီး "ပြီးတော့ နန်ရွှီကိုလည်း ဟူလောင်တောင်ကြား ဆီ ချီတက်ဖို့ အကြောင်းကြားလိုက်" ဟု အမိန့်ပေးသည်။

"ကောင်းပါပြီ"

ဒု-ဗိုလ်ချုပ်က စာရေးခိုင်းရင်း သူ၏ စိုးရိမ်မှုကို ထုတ်ဖော်ပြောသည်။ "အရှင်... အရင်တုန်းက နန်ရွှီ ဘက်က နယ်မြေတွေ အများကြီး တောင်းဆိုမှာကို စိုးရိမ်နေခဲ့တာ မဟုတ်လား"

"အခုအချိန်မှာတော့ နယ်မြေအချို့ ဆုံးရှုံးရမှာက ရှောင်လွှဲလို့မရတော့ဘူး"

လီဂုံးက လှောင်ပြုံးပြုံးကာ "ဒါပေမဲ့ ဒီဆုံးရှုံးမှုက ငါတို့ဘက်က မဖြစ်ရဘူး။ ကျောက်ထုံ မြို့ကိုသာ ထိန်းထားနိုင်ရင် သုံးဖက်ညှပ် တိုက်ခိုက်မှုနဲ့ မုန့်ချူကျီ ရဲ့ တပ်တွေကို ချေမှုန်းနိုင်လိမ့်မယ်။ အဲ့ဒီအခါကျရင် လိုင်

ပြည်နယ်ရဲ့ ဆုံးရှုံးသွားတဲ့ နယ်မြေတွေကို ပြန်ရရုံတင်မကဘဲ ဒါရှန် နိုင်ငံထဲအထိ တစ်ဟုန်ထိုး ချီတက်နိုင်လိမ့်မယ်" ဟု ဆိုလေသည်။

...

ကျောက်ထုံ စီရင်စု မြို့ပြင်။

ဒါရှန် တပ်စခန်း။

"ရက်ပေါင်း ၂၀ အတွင်းမှာ စီရင်စု ၂၀ ကို သိမ်းပိုက်နိုင်ခဲ့တယ် ဟုတ်လား"

ချောင်ဖန် သည် စစ်မြေပြင်သတင်းကိုဖတ်ရင်း အံ့ဩမနာလိုဖြစ်နေသော မျက်လုံးများကို ဖုံးကွယ်မထားနိုင်ပေ။ "သူ ဒါကို ဘယ်လိုလုပ်လိုက်တာလဲ။ စစ်ပွဲတွေကို ဒီလိုနည်းနဲ့ တိုက်လို့ရတာလား။ အရင်ဆုံး ဟုန်ကျဲမြစ် ကို လေးကြိမ်ဖြတ်တယ်၊ ပြီးတော့ ဝတ်ရုံဖြူရှင်ကို လူတွေက ရှောင်ကွင်းကြတယ်၊ ဘာလို့ သူက အမြဲတမ်း ဘယ်သူမှ မမျှော်လင့်ထားတဲ့ နည်းလမ်းတွေနဲ့ ရည်မှန်းချက်တွေကို အောင်မြင်အောင် လုပ်နိုင်နေရတာလဲ"

"မင်းသား... စိုးရိမ်စရာ မလိုပါဘူး"

ချွေချုံယီ က တည်ငြိမ်စွာ သုံးသပ်ပြသည် "အရင်သိမ်းခဲ့တဲ့ မြို့တွေက ကြောက်စရာကောင်းသလို ထင်ရပေမယ့် အဲ့ဒီမြို့တွေက ဗိုလ်ချုပ်တွေက သိပ်ပြီး အရည်အချင်းရှိတာ မဟုတ်ဘူး။ သူတို့ အရှုံးပေးတာက ပုံမှန်ပါပဲ

မင်းသားသာ ဦးဆောင်ရင် ဒါထက် ပိုကောင်းအောင် လုပ်နိုင်မှာပါ။ မင်းသားက မင်းသားတစ်ပါး ဖြစ်တဲ့အတွက် မင်းသားရဲ့ ဩဇာက ဒု-ဗိုလ်ချုပ်ထက် အများကြီး ပိုကြီးတာပေါ့"

"အခုလာမယ့် ကျောက်ထုံ စီရင်စု တိုက်ပွဲကမှ တကယ့် အစစ်အမှန်ပဲ။ ဒီမြို့က မဖောက်ထွင်းနိုင်တဲ့ ခံတပ်ကြီးပဲ"

"ဒီ တိန့်ဖုန်း ဆိုတဲ့လူက ချေးတွင်းထဲက ကျောက်ခဲလိုပဲ ခေါင်းမာပြီး မာကျောတဲ့လူ။ ကျွန်တော်တို့ ဒီမြို့ကို ဝန်းရံထားတာ ၂ လ ရှိပြီ။ ဖြစ်နိုင်တဲ့ အခွင့်အရေးမှန်သမျှ ကမ်းလှမ်းခဲ့ဖူးတယ်။ သူ့ကို မြို့စားရာထူးပေးမယ်လို့တောင် ကတိပေးခဲ့တာတောင် သူက လုံးဝ တုန်လှုပ်ခြင်း မရှိဘူး။ ဒီလိုလူမျိုးက အရှုံးပေးပါ့မလား"

"ခင်ဗျား ပြောတာ မှန်တယ်၊ ဗိုလ်ချုပ်ချွေ"

All Chapters