ဒါဘာလဲ နင်မြင်လား ရှောင်ချန်း
Vol. 9 Ch. 880
စုန့်ချွဲသည် သူ့အဒေါ် က ပိုင်ရှောင်ချန်းကို ကြည့်လိုက်စဥ် သူမ၏မျက်နှာပေါ်ရှိ ချစ်ရိပ်လွှမ်းသော အရိပ်အယောင်များကို မြင်လိုက်ရသောအခါ သက်ပြင်းချလိုက်၏။ ယခုအခါ စောစောလာမိခြင်းအတွက် သူ နောင်တရနေတော့သည်။ အမှန်တွင် ပိုင်ရှောင်ချန်း လာမည်ကိုသာ သူကြိုသိထားခဲ့ပါက ယခုအချိန်လာမည့်အစား သေလောက်အောင် အရိုက်ခံလိုက်မည်သာ ဖြစ်ပေသည်။
ပိုင်ရှောင်ချန်းက မိန်းမပျိုလေးများကို ဖျားယောင်းသွေးဆောင်ရာတွင် သူ အနှောင့်အယှက်ပေးချင်ပါသော်လည်း ထိုသို့ ပိုင်ရှောင်ချန်း၏ အရည်အချင်းများအပေါ် သူ မလေးစားဘဲ မနေနိုင်အောင်ဖြစ်နေရသည်။
ဇောင်ထျန်ကျောက်က ချိန်ယွဲ့ရှန်၏အချစ်ကို ရယူနိုင်အောင် ကူညီပေးခဲ့ရာတွင် “ အချစ်ကို အနိုင်ယူခြင်း “ နှင့်ပတ်သက်၍ ပိုင်ရှောင်ချန်းရှင်းပြခဲ့သည့် အသေးစိတ်အကြောင်းအရာအားလုံးကို သူ ကြားခဲ့ရသည်။ ထို့ပြင် ပိုင်ရှောင်ချန်းနှင့် သခင်မလေးဟုန်ချိန်အကြားရှိ နားလည်ရန်ခက်ခဲသော ဆက်ဆံရေးကိုလည်း သူ သိထားသည်။
ချင်းမေ့ယွမ်ကိုပင် သူ ထည့်သွင်းတွက်ချက်ခြင်း မပြုရသေး။
ယခု ထိုအကြောင်းအားလုံးကို သေချာတွေးကြည့်လိုက်လျှင် မိန်းမလှလေးများက ပိုင်ရှောင်ချန်းနှင့် တစ်နည်းမဟုတ် တစ်နည်း ပတ်သက်မှုတစ်ခုခုရှိနေပုံရသည်။ နောက်ဆုံးတွင် စုန့်ချွဲမှာ သက်ပြင်းသာချလိုက်နိုင်ပြီး မိုးကောင်းကင်ကြီးက ပိုင်ရှောင်ချန်းကို မည်သို့မျက်နှာသာပေးထားကြောင်း တွေးတောလိုက်မိသည်။
သူက သူ့အဒေါ်ကို ချင်းမေ့ယွမ်နှင့် သခင်မလေးဟုန်ချိန်အကြောင်း အမှန်အတိုင်း ထုတ်ပြောရန် စဥ်းစားလိုက်သည်။ သို့သော် ပိုင်ရှောင်ချန်း၏ မျက်နှာရိပ်မျက်နှာကဲနှင့် သတိပေးေသာအကြည့်ကြောင့် သူ ရင်တဒိန်းဒိန်းခုန်သွားရသည်။
သူက သက်ပြင်းချလိုက်ပြီး သူ့အဒေါ်၏မျက်နှာပေါ်ရှိ ချစ်ရိပ်လွှမ်းသော အရိပ်အယောင်များကြောင့် သူအနေရခက်လာသည်။ နောက်ဆုံးတွင် သူက ပါးစပ်ထဲရှိသည့် ဆင်ခြေတစ်ခုအား ရှေ့နောက်မစဥ်းစားဘဲပြောလိုက်ပြီးနောက် ထွက်လာလိုက်သည်။
အပြင်ရောက်သောအခါမှ သူ ပို၍သက်တောင့်သက်သာဖြစ်သွားတော့သည်။ သူက ခေါင်းတယမ်းယမ်းဖြစ်နေပြီး အနီးနားရှိ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားအချို့က သူ့အား ကြည့်နေသည်ကို သတိထားမိလိုက်သည်။ ထိုအချိန်တွင် သူ့ရင်ထဲတွင် ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူလက်ရွေးစင်တစ်ယောက် ရှိသင့်သော မာနတရားဖြစ်တည်လာပြီး ကိုယ်ကို မတ်လိုက်သည်။ ဂိုဏ်းသားများက သူ့ကို ဦးညွှတ်နှုတ်ဆက်လာြကစဥ် သူ့ယုံကြည်မှုများ ပြန်လည်ပေါက်ဖွားလာတော့သည်။
ယခုတွင် ပိုင်ရှောင်ချန်းနှင့် စုန့်ကျင်းဝမ်တို့ နှစ်ယောက်တည်းသာ အင်မော်တယ်ဂူထဲတွင် ကျန်ရစ်ခဲ့၏။ ၄င်းမှာ ကြုံတောင့်ကြုံခဲ အခြေအနေတစ်ရပ်ဖြစ်သည်။ ထိုမတိုင်ခင်က တိုက်ပွဲသည် ကြမ်းတမ်းပြင်းထန်ခဲ့သော်လည်း ယခုတွင် သူတို့ နှစ်ယောက်အတူရှိနေပြီး စုန့်ကျင်းဝမ်မှာ သူမ၏ခံစားချက်များအား ဟန်ဆောင်ရန် ကြိုးစားမနေတော့ပေ။
အထူးသဖြင့် ပိုင်ရှောင်ချန်းက စုန့်ချွဲ၏ အခြေအနေအကြောင်းအား သူမကို ပြောခဲ့ပြီး သူ့ကို ကယ်တင်ရန် သူအန္တရာယ်မည်မျှရင်ဆိုင်ခဲ့ရကြောင်း သူမ စဥ်းစားမိသောအခါတွင် ဖြစ်ပေသည်။
ပိုင်ရှောင်ချန်းက ထိုအရာအားလုံးကို သူမအတွက် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း စုန့်ကျင်းဝမ် နားလည်သည်။ ထို့ပြင် နောက်ဆုံး၌ သူသည် စုန့်ချွဲကို ဘေးမသီရန်မခ ပြန်ခေါ်လာခဲ့သည် သာမက ယင်ယန်ဝိညာဥ်အဆင့်သို့လည်း တက်ရောက်သွားစေခဲ့သည်။
သူမက နွေးထွေးသော အကြည့်လေးဖြင့် သူ့ဝတ်ရုံပေါ်ရှိ တွ့န်ကြောင်းများအား ဖြန့်ပေးလိုက်ပြီး ရင်ထဲကလာသော စိုးရိမ်စကားအနည်းငယ် ပြောလိုက်သည်။ ယခုတွင် သူတို့နှစ်ယောက်တည်းသာ ရှိသည့်အတွက် သူမ၏မျက်နှာပေါ်မှ ရှက်ရွံ့မှုလေးများ ပျောက်ကွယ်သွားလေပြီ။
ပိုင်ရှောင်ချန်းမှာ သူမနှင့်အတူ ရှိနေခြင်းကြောင့် စိတ်ထဲပေါ့ပါးနေပြီး သူမက သူ့ကို မည်မျှအထိဂရုစိုက်ကြောင်း သူသိလိုက်သည်။ နောက်ဆုံး၌ သူတို့နှစ်ယောက်က သလွန်တစ်ခုပေါ်တွင် ထိုင်လိုက်ပြီးနောက် ပိုင်ရှောင်ချန်းက သူစုန့်ချွဲအား မည်သို့ကယ်တင်ခဲ့ကြောင်း အသေးစိတ်ပြောပြတော့သည်။
အမှန်တွင် သူသည် သူသာ မရှိလျှင် စုန့်ချွဲက ဘယ်တော့မှ လွတ်လောက်မည်မဟုတ်ကြောင်း သူ၏ကဏ္ဍကိုသာ အလေးပေးပြောဆိုနေလေသည်။
သူတို့နှစ်ဦးက တစ်ယောက်နှင့်တစ်ယောက် နှစ်ပေါင်းများစွာ မတွေ့ရပါသော်လည်း စုန့်ကျင်းဝမ်ကား လှမြဲလှနေဆဲပင်။ သူမ၏ မျက်တောင်လေးများက မိုးမခသစ်ရွက်လေးများကဲ့သို့ လှပကြော့ရှင်းစွာ ကော့ညွတ်နေပြီး သူမ၏မျက်နှာထက်တွင် အမွှေးနံ့သာများ လိမ်းခြယ်ထားလေသည်။ သူမ၏မျက်လုံးလေးများမှာ နက်ရှိုင်းသောရေပြင်ကဲ့သို့ တည်ကြည်နေရာ သူမ မည်သည်အားတွေးတောနေသည်ကို သူ့အား ခန့်မှန်းခိုင်းနေသည့်ပုံပေါ်နေတော့သည်။ ပိုင်ရှောင်ချန်းမှာ ရုတ်တရက် ရင်ခုန်သံမြန်သွား၏။
စုန့်ကျင်းဝမ်မှာ အသက်ရှူမှားရလောက်သည့် ကောက်ကြောင်လေးများနှင့် ကိုယ်လုံလေးကထင်းနေသည်။ သူမက နှလုံးသွေးများ ရပ်တန့်လုနီးပါးဖြစ်ရလောကမအောင် ဆွဲဆောင်မှုရှိနေပြီး အထူးသဖြင့် သူမက မလုံ့တလုံ ဝတ်စားထားသော ယခုလိုအခါမျိုးမှာပင် ဖြစ်ပေသည်။ ပိုင်ရှောင်ချန်းမှာ သူမက မည်မျှမာယာများကြောင်း ကြိတ်၍တွေးတောနေပြီး တံတွေးကို မနည်းမျိုချနေရတော့သည်။ သူက သတိမထားမိလိုက်ဘဲ သူမကို သခင်လေးဟုန်ချိန်နှင့် နှိုင်းယှဥ်မိလိုက်ပြီး နောက်ဆုံးတွင် ကိုယ်လုံးကိုယ်ပေါက်နှင့် ညှို့ငင်နိုင်စွမ်းရှိသောအရာတွင် စုန့်ကျင်းဝမ်က ထိပ်တန်း ဖြစ်ကြောင်း သူ နားလည်လိုက်ပြီး သက်ပြင်းသာချလိုက်တော့သည်။
ထို့နောက် သူ ရုတ်တရက် တစ်စုံတခုကို တွေးမိလိုက်သည်။ တောအုပ်ထဲရှိ မြေပြင်ပေါ်တွင် သခင်မလေးဟုန်ချိန်၏ အနိုင်ကျင့်ခြင်းခံလိုက်ရပြီးနောက် သူ့ခေါင်းထဲတွင် ကမ္ဘာသစ်ကြီးတစ်ခု ပွင့်သွားခဲ့သည်။
ပိုင်ရှောင်ချန်းက သူမအား တိတ်တိတ်လေး ကြည့်နေသည်ကို စုန့်ကျင်းဝမ်သတိထားမိသောအခါ သူမ၏နှလုံးခုန်နှုန်း မြန်ဆန်လာသည်။ သူမ၏မျက်နှာထက်တွင် ကလူမြူဆွယ်သော အမူအရာတစ်ခု ပေါ်ပေါက်လာပြီး သူမက သူ့မျက်လုံးများထဲရှိ အကြည့်ကို မသိဟန်ဆောင်ကာ သူ့အား နီးကပ်စွာ ကြည့်လိုက်သည်။ သူမက ကောက်ကြောင်းအလှများကို ယခင်ထက်ပင် ပိုမိုဖွံ့ထွားသွားစေလျက် ရှေ့သို့ အတန်ငယ် ကိုင်းလိုက်သေးသည်။
အချိန်အနည်းငယ်ကြာသော် ပိုင်ရှောင်ချန်းက သူမကို ကြည့်သာကြည့်နေပြီး လှုပ်ရှားမည်မဟုတ်ကြောင်း သူမ သိလိုက်သည်။ သူမ၏ရင်ထဲတွင် ဒေါသမီးတောက်များ ပေါက်ဖွားလာပြီး သူမ၏အလိုဆန္ဒအား ငြှိမ်းသတ်လိုက်တော့သည်။ သူမ၏မျက်နှာပေါ်၌ အေးစက်စက်အမူအရာတစ်ခုပင် ပေါ်ထွက်လာ၏။
" ကဲ " သူမက မပွင့်တပွင့်ပြောသည်။
“ ဘာမှလုပ်စရာမရှိတော့ဘူးဆိုတော့ တရားထိုင်တော့မှပဲ ထင်တယ် "
ပိုင်ရှောင်ချန်း၏ မျက်လုံးများ အထိတ်တလန့် ပြူးကျယ်သွား၏။ လွန်ခဲ့သော အခိုက်အတန့်လေးကမှ စုန့်ကျင်းဝမ်သည် ရမ္မက်စိတ်ကလေးများ ပြင်းပြလာသည်အထိ အရာအားလုံး အဆင်ပြေပြေဖြစ်ပျက်နေခဲ့သေးသည်။ သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် အကုန်လုံးပြောင်းလဲသွားလေပြီ။ ယင်းကား လွန်စွာ ထူးဆန်းလှသည်။ ယခုအချိန် ဟိုရှောင်မေ့အကြောင်းမေးရန်မှာ အကြံကောင်းမဟုတ်ကြောင်း သူ ရုတ်တရက် သဘောပေါက်လိုက်သည်။
သူက မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ဤအခြေအနေမှ ရုန်းထွက်ရန် ဆုံးဖြတ်လိုက်သည်။
"အင်း ငါ ထွက်သွားတော့မှပဲ ထင်တယ် "
စုန့်ကျင်းဝမ်မှာ မထိန်းချုပ်နိုင်တော့ဘဲ ရင်ထဲတွင် ဒေါသမီးတောက်များ တောက်လောင်လာေတာ့သည်။ သူမက သူ့ကို တခဏကြာ မျက်စောင်းထိုးလိုက်ပြီးနောက် အေးစက်စက်နှာမှုတ်လိုက်သည်။
" ထွက်သွား ထွက်သွား "
ပိုင်ရှောင်ချန်းမှာ အမှန်တကယ် စိတ်ရှုပ်ထွေးသွား၏။ သူက သက်ပြင်းချကာ သခင်မလေးဟုန်ချိန်နှင့် စုန့်ကျင်းဝမ်တို့ကဲ့သို့ မိန်းမများမှာ ထူးဆန်းသော သတ္တဝါများဖြစ်ကြောင်း တွေးလိုက်သည်။
" တခြားမိန်းမတွေလဲ ဒီလိုပဲများလား"
ဤအခြေအနေကို စဥ်းစားတွေးတောကာ သူ ဟိုရှောင်မေ့ကို လွမ်းလာတော့သည်။ သူမက သူတို့အားလုံးထဲတွင် သေချာပေါက် အရိုးသားဆုံး ဖြစ်ပေသည်။
သူက နှာခေါင်းကိုပွတ်လိုက်ပြီး ထရပ်ကာ ပြောသည်။
“ ကဲ ငါ တကယ်သွားရတော့မယ် ထင်တယ် "
ထိုသို့ ပြောလိုက်စဥ် စုန့်ကျင်းဝမ်က မျက်လုံးလေးများ မှိတ်လိုက်ပြီး သူ့ကို လျစ်လျူရှုလိုက်သည်။
ပိုင်ရှောင်ချန်း၏အနေရခက်မှုက ယခုတွင် ဒေါသအဖြစ်ပြောင်းလဲလာတော့သည်။ သူက အင်္ကျီလက်စကို ခါယမ်း၍ ထွက်သွားရန် လှည့်လိုက်သည်။ သို့သော် သူ ခုနစ်လှမ်း၊ ရှစ်လှမ်းသာ လှမ်းရသေးသည်၊ စုန့်ကျင်းဝမ်၏အသံ ထွက်လာသည်။
" နင် ဒီမှာ ဘယ်လောက်နေမှာလဲ "
သူက သူမကို စနောက်နေရန် စိတ်မပါသဖြင့် ရိုးရှင်းစွာ ပြန်ဖြေလိုက်သည်။
" ငါမသိဘူး။ ဂိုဏ်းကိစ္စတွေပြီးရင် ရှင်းကုံကျစ်တာအိုဂိုဏ်းဆီ သွားရမယ် "
ထို့နောက် သူက သူ့လမ်းသူဆက်သွားလိုက်သည်။
စုန့်ကျင်းဝမ်က မျက်လုံးလေးများကို ဖွင့်လိုက်ပြီး သူထွက်သွားသည်ကို ကြည့်လိုက်သည်။ ဤအခိုက်အတန့်တွင် ပိုင်ရှောင်ချန်း၏ ကျင့်ကြံခြင်းအခြေခံနှင့် ပါရမီကို စဥ်းစားကြည့်လျှင် သူ၏အိမ်ဖြစ်နေလျှင်တောင်မှ အဏ္ဏဝါခေါ်သံဂိုဏ်းတွင် သူ ထာဝရနေထိုင်ရန်မှာ သင့်တော်မည်မဟုတ်ကြောင်း သူမ နားလည်သည်။ ထိုမျှသာမက သူမမှာ သူထွက်ခွာသွားပြီးနောက် သူ့ကို ထပ်တွေ့ရန် ဘယ်လောက်ကြာမည်ဖြစ်ကြောင်း တွေးတောလိုက်မိသည်။
ထိုအကြောင်းနှင့် စစ်မြေပြင်ပေါ်တွင် သူ့ကို မြင်ခဲ့စဥ်က မည်မျှအထိ လွမ်းဆွတ်နေခဲ့ရကြောင်း သူမ တွေးလိုက်မိသောအခါ သူမ၏စိတ်ထဲတွင် လွန်ဆွဲလာသည်။ ယခု သူမအနေဖြင့် သူ့ကိုသာ မဆွဲထားနိုင်ခဲ့လျှင် အချိန်ကြာလာသည်နှင့်အမျှ သူမတို့နှစ်ဦး ပို၍ဝေးကွာသွားပြီး သူမတို့အကြားရှိဆက်ဆံရေးမှာလည်း သေချာပေါက် အေးစက်သွားလိမ့်မည်။ နောက်ဆုံးတွင် အမှတ်တရလေးတစ်ခုထင်ပင် မပိုနိုင်လောက်တော့ပေ။
ဂိုဏ်းမှာသေကွဲရှင်ကွဲအခြေအနေပေါင်းများစွာအား ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး သူမသည် သေကွဲကွဲသွားသော စုံတွဲများစွာအား မြင်ခဲ့ရ၏။ ထို့အပြင် သူမသည် အမြုတေအဆင့်ကို ဖောက်ထွက်ပြီး ယင်ယန်ဝိညာဥ်အဆင့်သို့တက်ရောက်နိုင်မည်လား မသိရာ သူမက မည်မျှအထိအသက်ဆက်ရှင်နိုင်မည်ကို မသိပေ။
သူမ သိသည့်တစ်ခုတည်းသောအရာမှာ ပိုင်ရှောင်ချန်းသည် နှစ်ပေါင်းများစွာကြာသည်အထိ သူမ မရွံရှာမိဘဲ လိုချင်တပ်မက်ခဲ့သည့် တစ်ဦးတည်းေသာလူဖြစ်သည်။ သူမတို့နှစ်ယောက်အကြား ဖြစ်ပျက်ခဲ့သမျှကိစ္စရပ်အားလုံးပြီးနောက် သူသည် သူမ ဘယ်တော့မှ မတွေးမိဘဲမနေနိုင်သည့် တစ်ဦးတည်းသောလူ ဖြစ်သည်။
ထိုအချိန်တွင် သူမ၏မျက်လုံးများထဲရှိ လွန်ဆွဲနေမှုသည် ပြတ်သားခြင်းအသွင် ပြောင်းလဲသွား၏။ သူမက ဖြောင့်မတ်တည်ကြည်ပြီး ရိုးသားသော စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းဝင်မဟုတ်ဘဲ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ မိစ္ဆာမဖြစ်သည်။
သူမ၏တွန့်ဆုတ်နေမှုများ ပျောက်ကွယ်သွားစဥ် ပြတ်သားခြင်းအပေါင်းက သူမကို လွှမ်းခြုံလာ၏။ သူမက သူမ၏လှပသောခန္ဓာကိုယ်လေးကို ပိုမိုဖွံ့ထွားကြွရွနေစေလျက် သလွန်ထက်တွင် ခြေတံလှလှလေးများကို ဆန့်လိုက်သည်။ ထို့နောက် သူမက ကြားလိုက်ရသည့် မည်သူ့ကိုမဆို နှလုံးသားထဲသို့ အနက်ရှိုင်းဆုံး ဝင်ရောက်သွားစေမည့် လေသံနှင့် ပြောလိုက်၏။
" ရှောင်ချန်း ဒီလာပါဦး။ ငါ နင့်ကို ပြစရာရှိလို့ "
သူမ၏အသံက သူ့နားထဲ ဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက် သူသည် လက်တစ်ဖက်က သူ့နှလုံးသားကို ညင်သာစွာ ဆုပ်ကိုင်လိုက်သည့်အလား ခံစားလိုက်ရ၏။ တခဏကြာ တုန်ရီသွားပြီးနောက် သူက အေးစက်စက်နှာမှုတ်လိုက်သည်။
" ဘာကြီးပဲ ဖြစ်နေပါစေ ငါမမြင်ချင်ဘူး "
ထိုစကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည့်တိုင် သူ့က လမ်းလျှောက်ရာမှရပ်လိုက်ပြီး လှည့်ကြည့်လိုက်ရာ သလွန်ပေါ်တွင် ရမ္မက်ခိုးများဝေလျက် လဲလျောင်းနေသော စုန့်ကျင်းဝမ်ကို မြင်လိုက်ရသည်။ သူ့ရင်အစုံမှာ ပြင်းပြင်းထန်ထန် ခုန်လာတော့သည်။ သို့သော် အနှီမြေခွေးမရှေ့တွင် သူ့ကိုယ်သူထိန်းချုပ်ပြီး ပုံမှန်အတိုင်းပြုမူရမည်ဖြစ်ကြောင်း သူ့ကိုယ်သူ သတိပေးလိုက်သည်။
သူမက စူးရှတောက်ပသော မျက်ဝန်းလေးများနှင့် သူ့ကိုလာရန် လက်ချောင်းကလေးဖြင့် အချက်ပြလိုက်၏။
“ လိမ္မာပါတယ်ကောင်လေးရာ။ ဒီကိုလာပါဦး။ ငါ ကိုက်မစားပါဘူး "
ပိုင်ရှောင်ချန်းမှာ ရင်တဒိန်းဒိန်းခုန်လျက် အေးစက်စက်နှာမှုတ်လိုက်ပြန်သည်။ သူက စိန်းစိန်းဝါးဝါး စိုက်ကြည့်ရင်း သူမဆီလျှောက်သွားကာ မေးကိုမော့ပြီး ကျယ်လောင်စွာ ပြောသည်။
“ ဟမ့်၊ ငါကလား၊ မင်းကို ကြောက်မှာ။ ရပြီ၊ မင်း ငါ့ကို ဘာပြချင်တာတုံး "
သူမက လက်သွယ်သွယ်လေးဖြင့် အပြုံးလေးကို ကာလျက် သူ့အကြည့်ကို ချိတ်ဆွဲထားသည့်အလား ငေးမောြကည့်ရှုနေစေမည့် ဟန်ပန်အမူအရာလေးဖြင့် မော့ကြည့်လိုက်သည်။ သူ တအံတသြ ပင့်သက်ရှိုက်လိုက်စဥ် သူမက အိတ်ကိုပုတ်ကာ သူမ၏လက်ချောင်းကြားတွင် ညှပ်၍ ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်သည်။
" ဒါဘာလဲ နင် မြင်လား "
ပိုင်ရှောင်ချန်းမှာ စုန့်ကျင်းဝမ် ပြချင်သည့် "ဒါ" ဆိုသည်ကြောင့် အတန်ငယ် မကျေမနပ်ဖြစ်သွားပြီး ပါးစပ်အဟောင်းသားဖြစ်သွား၏။ ၄င်းကား ဆေးလုံးတစ်လုံးသာ ဖြစ်နေပေသည်။ သူ သက်ပြင်းချလိုက်ပြီး ၄င်းအား အမျိုးအစားခွဲရန် တာအိုဆေးပညာကျွမ်းကျင်မှုကို ဆင့်ခေါ်၍ အနီးကပ်ကြည့်လိုက်သည်။
" အိုး ဒါက ကာမအားတိုးဆေးတစ်လုံးပဲ။ ဟေး မင်း ဘယ်ကရ..."
ရုတ်တရက် သူပင့်သက်ရှိုက်လိုက်ပြီး သခင်မလေးဟုန်ချိန်ကို ပြန်တွေးမိလိုက်သည်။
သို့သော် သူ ဘာမှမလုပ်နိုင်ခင်မှာပင် စုန့်ကျင်းဝမ်၏မျက်နှာလေးတစ်ခုလုံး နီမြန်းသွားပြီး သောက်ရှူးကြယ်အလား မျက်လုံးလေးများ ရွှန်းလဲ့သွားကာ.......
ဆေးလုံးကို ဖိချေပစ်လိုက်တော့သည်။