← Chapters

ဒါ ငါ့ပထမဆုံးအကြိမ်ဟ

Vol. 9 Ch. 881

ဒါ ငါ့ပထမဆုံးအကြိမ်ဟ

Vol. 9 Ch. 881

ဖျစ်…

စုန့်ကျင်းဝမ်က ထိုကာမအားတိုးဆေးလုံးကို ချေမွလိုက်သောအခါ ပိုင်ရှောင်ချန်းအလွန်ရင်းနှီးနေသည့် အသံတစ်သံက သူ၏နားထဲမှတစ်ဆင့် အတွေးထဲအထိ နစ်ဝင်သွားတော့သည်။

အရပ်မျက်နှာအနှံ့တွင် ပန်းရောင် မြူခိုးများ တလိပ်လိပ် ပေါ်ထွက်လာပြီး သူမည်သည့်အရာမှ မလုပ်နိုင်ခင်မှာပင် သူနှင့် စုန့်ကျင်းဝမ်တို့ နှစ်ယောက်စလုံးကို ဖုံးလွှမ်းသွားတော့သည်။

" အီးးးး "

သူသည် တွေးတောမနေပဲ နောက်သို့ဆုတ်ရန် ပြင်လိုက်ပါသော်လည်း ခြေလှမ်းအနည်းငယ် မလှမ်းရသေးချိန်တွင် ပျော့ပျောင်းနူးညံ့ကာ ညှို့ယူဖမ်းစားနိုင်စွမ်း အပြည့်ရှိသည့် ကိုယ်လုံးကိုယ်ပေါက် လှပသော ခန္ဓာကိုယ်တစ်ခုက သူ့အားဖမ်းချုပ်လိုက်တော့သည်။

ထိုအခါ သူ့စိတ်ထဲတစ်နေရာတွင် အလွန်အမင်း လိုချင်တက်မက်နေသည့် ခံစားချက်တစ်ခု ရှိနေကြောင်း သူ ရုတ်တရက် သိလိုက်ရသည်။ ထို့နောက် သူ မျက်တောင်တဖျတ်ဖတ် ခတ်လျက် အော်ဟစ်လိုက်တော့သည်။

" မလုပ်နဲ့၊ မလုပ်.... ခဏနေဦး ဝမ်အာ။ ဘာလုပ်နေတာတုံး၊ အားးး.... ငါ့အင်္ကျီကို မဖြဲနဲ့လေ။ ဒါ ငါ့အတွက် ပထမဆုံးအကြိမ်ဟ "

သူ၏အော်ဟစ်မြည်တမ်းသံများမှာ အပိုလုပ်နေသည်ဖြစ်ကြောင်း အလွန်သိသာလှပြီး သူသည် ပန်းရောင်မြူခိုးများ၏ အစွမ်းကို ခုခံတွန်းလှန်နေသည့်ပုံပေါ်နေပါသော်လည်း အမှန်တွင်မူ အားသွန်ခွန်စိုက် လုပ်မနေသည်ကို မြင်နိုင်သည်။

သူအကြောက်ရွံ့ဆုံးအရာမှာ မြေရိုင်းဒေသထဲတွင် ရှိခဲ့စဥ်က သူနှင့် သခင်မလေးဟုန်ချိန်တို့အကြားတွင် ဖြစ်သွားခဲ့သည့် အချင်းအရာကို စုန့်ကျင်းဝမ် သိသွားမည့် အချက်ပင်ဖြစ်သည်။ ရုတ်တရက် သူသည် စိတ်အားထက်သန်နေသည့် လေသံဖြင့်ပြောင်း၍ အော်လိုက်သည်။

" ရပ်တော့။ အနည်းဆုံးတော့ ငါ့ကို အဆင်သင့်ဖြစ်အောင် ပေးလုပ်ဦးလေ "

ထိုမြူခိုးထဲမှ သနားစဖွယ် အော်ဟစ်မြည်တမ်းသံများ ထွက်လာပါသော်လည်း သူဟန်ဆောင်နေသည်ဖြစ်ကြောင်း အထင်အရှားသိနိုင်သည်။ သူ၏မျက်ဝန်းထဲရှိ အကြည့်များနှင့် သူ၏ခန္ဓာကိုယ်အနေအထားကြောင့် စုန့်ကျင်းဝမ်မှာ သူ၏အဝတ်အစားများကို ပို၍လွယ်ကူစွာ ဆုတ်ဖြဲ၍ရနေတော့သည်။

စုန့်ကျင်းဝမ်မှာ အမောတကောလေသံနှင့် ငေါက်လိုက်သည်။

" ပါးစပ်ပိတ်ထား။ ငါလိုချင်တာလည်း အဲဒါပဲ။ နင့်ရဲ့ ပထမဆုံးအကြိမ်ပဲ "

သူမ၏ စကားသံနှင့်အတူ အဝတ်အစားများ ပြဲသွားသည့် ရက်စက်ကြမ်းကြုတ်ဖွယ်အသံများ ထွက်လာတော့သည်။ ထိုအချိန်တွင် ပိုင်ရှောင်ချန်း၏ အော်ဟစ်မြည်တမ်းသံများမှာ ရပ်သွားပြီး စုန့်ကျင်းဝမ်ထံမှ အသက်ပြင်းပြင်းရှူသံတစ်သံကို ကြားလိုက်ရသည်။ ထို့နောက် ထိုမြူခိုးကြီးမှာ တလိပ်လိပ်ထကာ ပူပြင်းလာတော့သည်။

နှစ်နာရီတိတိ ကုန်ဆုံးသွားသည်....

ထိုမြူခိုးများ ပျောက်ကွယ်သွားသောအခါ စုန့်ကျင်းဝမ်မှာ အသိစိတ် ပြန်လည်လာတော့သည်။ သူမသည် အဝတ်အစားများ ပြန်ဝတ်ထားပြီဖြစ်သော်လည်း သူမ၏မျက်နှာမှာ ရဲရဲနီနေဆဲပင်။ သူမ၏ဘေးတွင်မူ ပိုင်ရှောင်ချန်းမှာ ဂုဏ်ယူမှုများနှင့် သိမ်မွေ့နူးညံ့မှုများ ရောယှက်နေသည့် မျက်နှာကြီးဖြင့် ဒူးကိုလက်ဖြင့်ပိုက်ကာ အဝေးသို့ မျှော်ကြည့်နေသည်။

သူ၏မျက်နှာပေါ်ရှိ အမူအရာမှာ စုန့်ကျင်းဝမ်အတွက် အလွန်စိတ်ချမ်းမြေ့စရာ ကောင်းနေသည်။ သူ၏အမူအရာမှာ အခြားတစ်မျိုးမျိုး ဖြစ်နေပါက သူမ သံသယရှိနေဦးမည်ပင်ဖြစ်သည်။ ထို့နောက် သူမက အဝတ်အစားများကို သပ်သပ်ရပ်ရပ် ဖြစ်အောင်ပြန်လုပ်လိုက်ပြီး ပြုံးကာဆိုလိုက်သည်။

“ ဟုတ်ပါပြီ။ အဝတ်အစား မြန်မြန်ပြန်ဝတ်တော့။ ဘာမှစိတ်မပူနဲ့။ ငါနင့်ကို ထားသွားမှာ မဟုတ်ပါဘူး "

အမှန်မှာ ပိုင်ရှောင်ချန်း မိန်းမောတွေနေခြင်း၏ သုံးဆယ်ရာခိုင်နှုန်းကသာ အစစ်အမှန်ဖြစ်ပြီး ကျန် ခုနစ်ဆယ်ရာခိုင်နှုန်းမှာ ဟန်ဆောင်နေခြင်းသာ ဖြစ်သည်။ ထိုသို့ မိန်းမောနေသည့် အမူအရာမှလွဲ၍ အခြားပုံစံဖြင့် သူရှိမနေရဲပေ။ ထိုအမူအရာအတိုင်း ရှိမနေခဲ့ပါက စုန့်ကျင်းဝမ်မှာ အဖြစ်မှန်ကို ရိပ်စားမိသွားမည်ဖြစ်သည်။ သူ၏ အတွေးထဲတွင်မူ စုန့်ကျင်းဝမ်နှင့် သခင်မလေးဟုန်ချိန်တို့အား နှိုင်းယှဥ်နေမိတော့သည်။

အဆုံးတွင် သူတို့နှစ်ယောက်စလုံးမှာ ပြီးပြည့်စုံကြောင်း သူ ဆုံးဖြတ်လိုက်တော့သည်။ တစ်ယောက်မှာ အရိုင်းဆန်ပြီး အခြားတစ်ယောက်မှာ စိတ်နှလုံး လှုပ်ရှားစရာကောင်းလောက်အောင် ချောမောလှပနေသည်။ ပန်းပွင့်တိုင်းတွင် သူတို့၏ ကိုယ်ပိုင်အားသာချက်များရှိကြသည် မဟုတ်ပါလော။

သို့သော် သူ၏မျက်နှာပေါ်တွင် ရှိနေသည့် ထူးဆန်းသော အမူအရာတစ်ခုကို မပျောက်ပျက်သွားစေရန် ထိန်းထားလိုက်သည်။ အနည်းငယ်မျှတွေးတောလိုက်ပြီးနောက် ယခုသည် သူ၏ ပထမဆုံးအကြိမ် တကယ်ဖြစ်သည့်ပုံ ပိုပေါ်သွားစေရန် အကြိမ်အနည်းငယ်မျှပင် တဆတ်ဆတ် တုန်ရီပြလိုက်သေးသည်။

စိတ်ထဲတွင်မူ သူသည် ကာမအားတိုးဆေးလုံးနှင့် နှစ်ကြိမ်ဆက် ထောင်ချောက်ဆင်ခံခဲ့ရသည့် အချက်ကြောင့် အတောမသတ်နိုင်လောက်အောင် သက်ပြင်းချနေတော့သည်။

" ကာမအားတိုးဆေးလုံးက ငါ့ဘဝအတွက် အိပ်မက်ဆိုးကြီးများလား။ ပထမအကြိမ်နဲ့ ဒုတိယအကြိမ်ရှိပြီးသွားပြီဆိုတော့... တတိယ၊ စတုတ္ထနဲ့ ပဥ္စမအကြိမ်တွေ ရှိနေဦးမှာလား "

ထိုအတွေးမှာ အလွန်ဆိုးရွားပါသော်လည်း မည်သည့်အကြောင်းကြောင့်မသိ သူ့စိတ်ထဲတွင် တမ်းတမိနေသည်။

စုန့်ကျင်းဝမ်မှာမူ ပိုင်ရှောင်ချန်း၏ မျက်နှာပေါ်မှ အမူအရာကြောင့် အလွန်ကျေနပ်နေတော့သည်။ သူမ၏အိတ်ကို ပုတ်လိုက်ပြီး အဝတ်အစားအသစ်တစ်စုံထုတ်ကာ သူ့အားလှမ်းပေးလိုက်သည်။ သူ၏မျက်နှာပေါ်ရှိ အသက်မဲ့နေသော အမူအရာကြောင့် သူမသည် တီတီတာတာ စကားလေးများ အနည်းငယ်ခန့်ထပ်ပြောလိုက်ပြီး သူ့အား အဝတ်အစားကူဝတ်ပေးလိုက်သည်။

သူ၏မျက်နှာပေါ်တွင် ထိုအသက်မဲ့နေသည့် အမူအရာကြီး ရှိနေသေးပါသော်လည်း စိတ်ထဲတွင်မူ သူသည် အလွန်ကျေနပ်နေပြီး သူ၏အံ့သြဖွယ်ကောင်းသော ဟန်ဆောင်မှုကြီးကိုလည်း အားရနှစ်ခြိုက်နေ၏။

တချိန်ထဲမှာပင် မည်သည့်အတွက်ကြောင့် သူက အလွန်ထူးချွန်ထက်မြက်လွန်းနေရပါသနည်းဟု တွေးနေတော့သည်။ သူသာ ထိုသို့မထူးချွန်မထက်မြက်နေပါက သခင်မလေးဟုန်ချိန်နှင့် စုန့်ကျင်းဝမ်တို့မှာ မည်သည့်အတွက်ကြောင့် ကာမအားတိုးဆေးလုံးကို တမင်တကာသုံး၍ သူ့အား မြူဆွယ်ခဲ့ပါမည်နည်း။

" သူတို့ကို အပြစ်တင်လို့လည်း မရပါဘူး။ ငါကိုက အရမ်းတော်နေတာကိုပဲ အပြစ်တင်ရတော့မယ် "

ထိုသို့တွေးတောလိုက်ပြီး သူ၏အံ့သြဖွယ်ကောင်းသော ကိုယ်ရည်ကိုယ်သွေးများကြောင့် ကူရာကယ်ရာမဲ့နေသည့်အလား သက်ပြင်းချလိုက်တော့သည်။

စုန့်ကျင်းဝမ်မှာမူ သူမကိုယ်သူမ ယခင်ကထက်ပင် ပို၍ ဂုဏ်ယူမိနေပြီး သူ၏ပုခုံးကိုပွတ်သပ်၍ တီတီတာတာစကားလေးများ ထပ်ပြောလိုက်ပြန်သည်။ ထိုအချိန်တွင် ပိုင်ရှောင်ချန်းမှာ ဟိုရှောင်မေ့၏ အကြောင်းကို စကားစဖော်လိုက်တော့သည်။

စောစောကဆိုလျှင် စုန့်ကျင်းဝမ်မှာ ထိုသို့သောမေးခွန်းများကို ဖြေနိုင်လောက်ပါသော်လည်း အသာတကြည် ဖြေမည်တော့မဟုတ်ပေ။ ယခုတွင်မူ သူမသည် အလွန်ကျေနပ်အားရနေသဖြင့် စိတ်ထဲတွင်မထားပဲ သူမ သိသမျှအရာအားလုံးကို ရှင်းပြလိုက်တော့သည်။

ထိုလူရွေးပွဲတွင် ယှဥ်ပြိုင်ရန် အဏ္ဏဝါခေါ်သံဂိုဏ်းမှ ဂိုဏ်းသားထောင်ပေါင်းများစွာ ရှင်းကုန်ကျစ်တာအိုဂိုဏ်းသို့ သွားခဲ့ကြသည်။ စုစုပေါင်းဆိုလျှင် အရှေ့ဘက်ကောင်းကင်တံတားမြစ်ဒေသမှကျင့်ကြံသူ သောင်းဂဏန်းများစွာ ထိုပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသည်။

စုန့်ကျင်းဝမ်မှာ ထိုစမ်းသပ်ပွဲကို မအောင်မြင်ခဲ့ပေ။ အဏ္ဏဝါခေါ်သံဂိုဏ်းသားများအားလုံးထဲတွင် ဝိညာဥ်စွယ်တစ်ယောက်သာ အောင်မြင်ခဲ့သည်လည်းဖြစ်သည်။ သို့သော် အရည်အချင်းအကဲဖြတ်သည့် အခန်းကဏ္ဍသို့ရောက်သောအခါ ဟိုရှောင်မေ့သည် ကောင်းကင်တံတားကျွန်း၏ နတ်ဘုရားစွမ်းရည်များ၊ မှော်အတတ်များနှင့် အထူးသင့်တော်နေကြောင်း တွေ့ရှိခဲ့သည်။

ထို့ကြောင့် သူမနှင့် ဝိညာဥ်စွယ်တို့ နှစ်ယောက်စလုံးမှာ ကောင်းကင်တံတားကျွန်းဆီသို့ ခရီးဆက်သွားခဲ့ကြသည်။ ဟိုရှောင်မေ့တစ်ယောက်သာ ထိုသို့ရွေးချယ်ခံခဲ့ရသည်တော့ မဟုတ်ပေ။ စုန့်ကျင်းဝမ်၏ စကားအရဆိုလျှင် အမွေအနှစ် အတတ်ပညာများနှင့် အလွန်အစပ်အဟပ်တည့်နေသဖြင့် ရွေးချယ်ခံခဲ့ရသည့် အခြား ကျင့်ကြံသူ စုစုပေါင်း ရှစ်ယောက်ခန့် ရှိသေးကြောင်း သိလိုက်ရသည်။

ဟိုရှောင်မေ့သည် ကောင်းကင်တံတားကျွန်းဆီသို့ သွားရသည့် ဂိုဏ်းသားများစွာများထဲမှ တစ်ယောက်ဖြစ်နေကြောင်း သိလိုက်ရသောအခါ ပိုင်ရှောင်ချန်းမှာ အနည်းငယ် စိတ်အေးသွားရသည်။ ထိုသို့သော အစီအစဥ်များမှာ သမိုင်းတစ်လျှောက်တွင် အကြိမ်များစွာ ရှိခဲ့ကြောင်းကိုပါ စုန့်ကျင်းဝမ်က ထပ်ပြောလိုက်သောအခါ သူ ပို၍ပင် စိတ်အေးသွားတော့သည်။ ဤသို့ အစဥ်အလာရှိခဲ့သည်မှာ နှစ်ထောင်ပေါင်းများစွာ ရှိနေပြီ မဟုတ်ပါလော။ ထို့အပြင် ကောင်းကင်တံတားကျွန်းပေါ်တွင် အထူးအစောင့်များအဖြစ် သွား၍ တာဝန်ထမ်းဆောင်ခဲ့ကြသူများထဲမှ အများစုမှာ သူတို့၏ ဇာတိဂိုဏ်းသို့ ပြန်ရောက်လာကြသည်သာဖြစ်သည်။

" ငါ စိုးရိမ်စိတ်တွေ ကြီးနေတာပဲနေမှာပါ "

ထိုအချက်အလက်များကို သိရှိပြီးနောက် စုန့်ကျင်းဝမ်အား လှမ်းကြည့််လိုက်သောအခါ သူမသည် အလွန်မောပန်းနွမ်းနယ်နေပြီဖြစ်ကြောင်း သိလိုက်ရသည်။ အမှန်မှာ သူတို့နှစ်ယောက်စလုံး အနည်းငယ် ပုံပျက်ပန်းပျက် ဖြစ်နေကြပြီဖြစ်သည်။ ထို့ကြောင့်သူသည် ချောင်းဟန့်လိုက်ပြီး နှုတ်ဆက်စကားအချို့ ဆိုလိုက်တော့သည်။

သူ မထွက်ခွာခင် သူမအား နတ်ဝိညာဥ်တစ်ခု ပေးခဲ့လိုက်သေးသည်။

သူသည် နတ်ဝိညာဥ် တစ်စုံအပြည့်ကို ထပ်မံ မစုဆောင်းနိုင်ခဲ့ပေ။ သို့သော် ထိုဝိညာဥ်တစ်ခုကိုပင်လျှင် ကောင်းကင်တံတားမြစ်ဒေသထဲတွင် တန်ဖိုးကြီးရတနာတစ်ခုအဖြစ် သတ်မှတ်ထားကြသည်။

ထိုဝိညာဥ်တစ်ခုကို နတ်သားရဲဝိညာဥ်တစ်စုံနှင့် လဲလှယ်နိုင်သဖြင့် စုန့်ကျင်းဝမ်သာ သူမ၏ ယင်ယန်ဝိညာဥ်ကို ဖွဲ့စည်းရန်အချိန်ရောက်လာပါက အလွန်အထောက်အကူပြုနိုင်မည်ဖြစ်သည်။ ထို့အပြင် သူမသာအောင်မြင်သွားပါက ရှင်းကုံကျစ်တာအိုဂိုဏ်းမှ လက်ရွေးစင်များနှင့် အဆင့်အတန်း တူတူဖြစ်သွားစေနိုင်မည့် ယင်ယန်ဝိညာဥ်တစ်ခုကို ပိုင်ဆိုင်သွားမည်သာဖြစ်သည်။

သူမ၏ကျင့်ကြံခြင်းအတွက် များစွာအထောက်အကူ ပြုနိုင်၏။

ထိုလက်ဆောင်ကြောင့် စုန့်ကျင်းဝမ်မှာ စိတ်နှလုံးတုန်ရီသွားရသည်။ ဤမျှလောက်တန်ဖိုးကြီးမားသော ပစ္စည်းတစ်ခုကို သူမ၏ဘဝတွင် ယခုသည် ပထမဆုံးအကြိမ် ထိတွေ့ဖူးသည်လည်းဖြစ်သည်။ သူမသည် ပိုင်ရှောင်ချန်းအား မော့ကြည့်လိုက်ပြီး သူမ၏မျက်ဝန်းထဲရှိ ညှို့ယူသည့်အရိပ်အငွေ့များမှာ ပို၍အားပြင်းလာတော့သည်။ သူ့အား ဤနေရာတွင် ဆက်နေရန်တော့ နားမချလိုက်ပေ။ သို့သော် သူနောက်လှည့်သွားသောအခါ သူမသည် သူ့ဆီသို့လျှောက်သွားပြီး ပွေ့ဖက်လိုက်တော့သည်။

သူမ၏ နူးညံ့သောကောက်ကြောင်းများက သူ၏ခန္ဓာကိုယ်ထဲသို့ နစ်ဝင်နေသည့်ခံစားချက်ကြောင့် ပိုင်ရှောင်ချန်း၏ နှလုံးသားမှာ ထပ်မံ ကဆုန်ပေါက်လာတော့သည်။ သူသည် ယခုလေးတင်မှ အံ့သြဖွယ်ကောင်းသည့် အတွေ့အကြုံတစ်ခုကို ဖြတ်သန်းခဲ့ရသည်ဖြစ်ပါသော်လည်း သူမ၏ပွေ့ဖက်ခြင်းကိုခံလိုက်ရသောအခါ စောစောကဖြစ်ရပ်များအားလုံးကို ပြန်၍အမှတ်ရသွားတော့သည်။ သူ ထုတ်မပြောလိုသည့် အချက်အလက်အချို့အား ပြောမိသွားမည်စိုးသဖြင့် သူသည် စကားကို ဗလုံးဗထွေးပြော၍ ခပ်သုတ်သုတ် ထွက်ခွာလာခဲ့တော့သည်။

အင်မော်တယ်ဂူ၏ အပြင်ဘက်တွင် သူ၏ နှလုံးသားမှာ တဒိန်းဒိန်းခုန်နေသေးကြောင်း သိလိုက်ရသဖြင့် သူမသည် အလွန်ရက်စက်ကြမ်းကြုတ်သော အမျိုးသမီးတစ်ဦးဖြစ်ကြောင်း သူ့ကိုယ်သူ ပြန်၍သတိပေးလိုက်ရသည်။ ထို့နောက် သူသည် သက်ပြင်းချကာ သူကိုယ်တိုင်လည်း အများကြီးပြောင်းလဲသွားပြီဖြစ်ကြောင်း နားလည်သွားတော့သည်။

ဤအကြိမ်တွင်မူ သူသည် ယခင်အကြိမ်တုံးကလောက် စိတ်ဓာတ်ကျမနေတော့ပေ။

" နေဦး။ မဖြစ်ဘူး။ ငါ ဒီလိုမျိုး ဖြစ်နေလို့ လုံးဝမဖြစ်ဘူး။ ပြီးတော့ ဟိုရှောင်မေ့လည်း ဒီကိစ္စ သိသွားလို့မဖြစ်ဘူး "

သူသည် ထိုသို့တွေးတောလိုက်ပြီးနောက် ဟိုရှောင်မေ့ထံတွင် ကာမအားတိုးဆေးလုံး တစ်လုံးတစ်လေ ရှိနေမလားဟု စိတ်ကူးယဥ်နေမိတော့သည်။ အကယ်၍ သူမထံတွင် မရှိပါက မရှိရှိအောင် သူကြံရမည်ဖြစ်သည်….

" နေပါဦး။ မဟုတ်ဘူးလေ။ ပိုင်ရှောင်ချန်းက ဘာလို့ အဲဒီလိုလူစားမျိုး ဖြစ်နေရတာလဲကွ "

သူသည် ဖြူစင်သောလူတစ်ယောက်ဖြစ်၍ ထိုသို့သောအတွေးများမှာ သူနှင့် သင့်တော်အပ်စပ်မှု ရှိမနေသည် မဟုတ်ပါလော။

အဆုံးတွင် သူသည် ကောင်းကင်ကိုမော့ကြည့်ကာ သက်ပြင်းချလိုက်တော့သည်။

" ဘာလို့လဲ။ ဘာလို့ငါက အရမ်းတော်နေရတာလဲ "

ထို့နောက် သူက သက်ပြင်းချရင်း သူ့အတွက် ပြင်ဆင်ပေးထားသည့် အင်မော်တယ်ဂူဆီသို့ ပြန်သွားတော့သည်။ အတွင်းသို့ ရောက်သည်နှင့် သူက တင်ပျဥ်ခွေထိုင်လိုက်ပြီး သူ၏အတွေးများကို ထိန်းချုပ်လိုက်တော့သည်။

" အဏ္ဏဝါခေါ်သံဂိုဏ်းနဲ့ပတ်သတ်လို့ ရှင်းကုံကျစ်တာအိုဂိုဏ်းက ဘယ်လိုသဘောထားသလဲဆိုတာ အတိအကျပြောဖို့က ခက်မှာ။ အန္တရာယ်ကင်းအောင်လို့ ငါနတ်အဆင့်ကျင့်ကြံသူတစ်ယောက် အမြန်ဆုံးဖြစ်အောင် လုပ်ထားမှရမယ် "

ထိုစဥ် သူ၏မျက်လုံးများထဲတွင် ပြတ်သားမှုများဖြင့် တောက်ပသွားတော့သည်။

“ ငါ နှစ်ဆယ့်တစ်ရောင်ခြယ်မီးတောက် ဖန်တီးဖို့ လိုတယ် "

All Chapters