← Chapters

အခန်း (၁၂၈၁-၁၂၈၂)

Vol. 129 Ch. 1281-1282

အခန်း (၁၂၈၁-၁၂၈၂)

Vol. 129 Ch. 1281-1282

အခန်း (၁၂၈၁) - ဆယ်မျက်နှာဂိုဏ်း

ဆူယား အမျိုးသမီး၏ မျက်နှာမှာ အနည်းငယ် ပြာနှမ်းသွားပြီး ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်သည်

"ကြည့်ရတာ သူပြောတာ မမှားဘူးပဲ ဒါကြောင့်လည်း အဲဒီကိစ္စက အချိန်ဆွဲနေခဲ့တာ ဒီလိုဆိုရင်တော့ စုန်ကျီလီ ဟာ နတ်မင်းနန်းတော်က မသေမျိုးတွေရဲ့ သတ်ဖြတ်တာကို တကယ်ပဲ ခံလိုက်ရတာ ဖြစ်နိုင်တယ် "

"အဲဒီကိစ္စကို ခေတ္တဆိုင်းငံ့ထားဖို့ပဲ ရှိတော့တယ်၊ ဒါပေမဲ့ အစ်ကိုကြီးကတော့ ကျေနပ်မှာမဟုတ်ဘူးဘာမဟုတ်တဲ့ ကိစ္စလေးတစ်ခုကို ဒီလောက်တောင် အချိန်အကြာကြီး နှောင့်နှေးသွားရတာကိုး "

ကျိထျန်းတု က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

"အခုတော့ တခြားလမ်းကြောင်းတစ်ခုပဲ ပြောင်းရတော့မယ် ဒီတစ်ခါ မသေမျိုးဆွေးနွေးပွဲမှာ ငါ့ယောက်ျားကို အညစ်အကြေးကင်းစင်သော မသေမျိုး လမ်းစဉ်ပေါ် ရောက်အောင် လုပ်ပေးနိုင်တဲ့ ပစ္စည်းတစ်ခု ရှိနေတယ် "

ဆူယာအမျိုးသမီးက လျှိုဝှက်အသံဖြင့် မှာကြားလိုက်သည်

"ဒီတစ်ခါတော့ အမှားအယွင်း ထပ်မရှိစေနဲ့ "

ကျိထျန်းတုက ခေါင်းညိတ်ပြသည်

"ကျွန်တော်တို့ ဒီတစ်ခါ အစစအရာရာ ပြင်ဆင်လာခဲ့တာ၊ ဘာမှ ထပ်မှားမှာမဟုတ်ဘူး "

ဖန့်ချန်သည် ထိုသူနှစ်ဦးထံမှ အကြည့်ကို ပြန်ရုပ်သိမ်းလိုက်သည်။

ထိုသူနှစ်ဦး ဤနေရာတွင် ပေါ်လာခြင်း၊ သူတို့ ဘာတွေပြောနေမှန်း မသိရသော်လည်း ထို ကျိထျန်းကျွင်း သည် မြေဝက်ဝံဂြိုဟ် ပေါ်တွင် ထူးခြားသူ ကို ဖမ်းဆီးမည့် အစီအစဉ်ကို ခေတ္တလက်လျှော့လိုက်ပုံရသည်ဟု ခန့်မှန်းနိုင်သည်။

ထိုအချိန်တွင် ထိုက်ရွှီမသေမျိုး နှင့် ကျီတူခုံးယွမ် တို့၏ အကြည့်များသည် မဟာမြေမသေမျိုးပေါ်သို့ တစ်ပြိုင်နက် ကျရောက်သွားသည်။

မဟာမြေမသေမျိုး မှာ အပြင်ပန်းတွင် တည်ငြိမ်နေပုံရသော်လည်း အတွင်းစိတ်တွင်မူ အမြင့်ဆုံးအဆင့်အထိ သတိထားနေမိသည်။

"မင်းနဲ့ ငါ့တပည့်ကြားမှာ ရန်ငြိုးအချို့ ရှိနေတယ်ပေါ့ "

ထိုက်ရွှီမသေမျိုးက တည်ငြိမ်စွာ ပြောလိုက်သည်။

လူအများမှာ အံ့အားသင့်သွားကြသည်။

ဤ မဟာမြေမသေမျိုး က ထိုက်ရွှီမသေမျိုး၏ တပည့်နှင့်ပင် ရန်ငြိုးရှိနေသည်လား

မဟာမြေမသေမျိုး ၏ နောက်ခံကို မသိရှိကြသူများမှာ ပို၍ပင် တုန်လှုပ်သွားကြသည်။

နန်ချင်း ကြယ်တာရာနယ်မြေတွင် ရှေးဟောင်းမသေမျိုးတစ်ပိုင်း ကို သွားရောက် အပြစ်ပြုမိခြင်းသည် သေလမ်းရှာခြင်းပင် ဖြစ်သည်။

"ထိုက်ရွှီစီနီယာ... ရန်ငြိုးဆိုတာထက် တကယ်တော့ အထင်မှားတာပါ ကြယ်မိုးမသေမျိုးက ကျုပ်ရဲ့ ရှင်းပြချက်ကို နားမထောင်ချင်လို့ပါ"

ဟု မဟာမြေမသေမျိုး က လက်ဆုပ်ကိုင်ကာ ခါးသီးစွာ ပြုံးလျက် ပြောလိုက်သည်။

ကြယ်မိုးမသေမျိုးနှင့် သူမ၏ ဂိုဏ်းတူအစ်ကိုမှာ မဟာမြေမသေမျိုး ကို လှောင်ပြုံးဖြင့် ကြည့်နေပြီး ဘာမှ ပြန်မပြောပေ။

မည်ကဲ့သို့သော ရန်ငြိုးဖြစ်မည်ကို လူအများက သိချင်နေကြသော်လည်း အဆင့် (၅) မသေမျိုးများကြားရှိ ရန်ငြိုးမှာ အသေးအဖွဲပင်ဖြစ်စေကာမူ နောက်ဆုံးတွင် ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲကြီး ဖြစ်ပွားသွားနိုင်သည်ကို သိသဖြင့်၊ မတော်တဆ ကြားညှပ်မပါသွားအောင် အားလုံးက သတိထားနေကြသည်။

မဟာမြေမသေမျိုး ဘေးတွင် ရပ်နေသူများမှာလည်း သူ့အနားမှ ချက်ချင်း ဖယ်ခွာသွားကြသည်။

ထိုက်ရွှီမသေမျိုးက အေးဆေးစွာ ဆက်ပြောသည်

"မျိုးဆက်သစ်တွေရဲ့ ရန်ငြိုးကို လူကြီးတွေက ဝင်မစွက်ဖက်သင့်ဘူး ဒါပေမဲ့ ငါက မင်းထက် အသက်ကြီးသလို ဒီလမ်းစဉ်ကိုလည်း မင်းထက်စောပြီး ရောက်ခဲ့တဲ့သူမို့လို့ သတိပေးပါရစေ"

"အဆင့် (၄) မသေမျိုး တစ်ဦးချင်းစီဟာ ဖြစ်တည်လာဖို့ မလွယ်ကူဘူး နှစ်ပေါင်းများစွာ ပင်ပင်ပန်းပန်း ကျင့်ကြံရသလို၊ ကံကောင်းခြင်းနဲ့ စွမ်းရည်တွေ ရှိမှသာ အဆင့် (၄) နတ်ဆေးပင်တစ်ပင်ကို လုယူပြီး အဆင့်တက်နိုင်ကြတာ ဒီလိုပုဂ္ဂိုလ်မျိုးတွေကို နှိမ်ချလို့ရပေမဲ့၊ တိုက်ရိုက် သတ်ဖြတ်ပစ်လိုက်တာကတော့ လွန်လွန်းသွားပြီ "

ထို မဟာမြေမသေမျိုး က... အဆင့် (၄) မသေမျိုးတစ်ဦးကို သတ်ဖြတ်ခဲ့သည်လား ထိုမသေမျိုးက ကြယ်မိုးမသေမျိုးနှင့် နီးစပ်သူ ဖြစ်နေသလော

ရောက်ရှိနေသော အဆင့် (၄) မသေမျိုးများမှာ အထူးတုန်လှုပ်သွားကြသည်။

သူတို့မှာ အဆင့် (၃) အတားအဆီးကို ကျော်ဖြတ်လာနိုင်ပြီး မသေမျိုးအရှင် ဘွဲ့ကို ရရှိထားသူများဖြစ်ရာ သာမန်မသေမျိုးများနှင့် ကွာခြားကြသည်။

အဆင့် (၄) သို့ ရောက်နိုင်သူတိုင်းသည် ငယ်စဉ်ကတည်းက ထင်ရှားကျော်ကြားသော ပါရမီရှင်များ ဖြစ်ကြပြီး လမ်းတစ်လျှောက်တွင် များစွာသော အန္တရာယ်များကို ကျော်ဖြတ်ခဲ့ရသူများ ဖြစ်သည်။

ထိုသို့ပင်ဖြစ်စေကာမူ အဆင့် (၄) သို့ ရောက်သူမှာ အလွန်ပင် နည်းပါးလှသည်။

အကြောင်းမှာ နတ်ဆေးပင် ဆိုသည်မှာ ရှာဖွေရ ခက်ခဲလှသဖြင့် ကျယ်ပြောလှသော လူသားနယ်မြေ ၉ ခုတွင် ပြိုင်ဘက်ပေါင်းများစွာထဲမှ လုယူရခြင်းမှာ အဆင့် (၅) မှ (၆) သို့ တက်လှမ်းခြင်းထက်ပင် ပိုခက်ခဲတတ်သည်။

နောက်ခံအင်အား မရှိပါက အဆင့် (၃) မှ (၄) သို့ သွားမည့်လမ်းမှာ လုံးဝ ပြတ်တောက်နေသကဲ့သို့ ဖြစ်သည်။

"စီနီယာ... ဒီလူက အဆင့် (၄) မသေမျိုးကို သတ်ပစ်လိုက်တာပဲ ဒီရန်ငြိုးက ဖြေရှင်းလို့ မရတော့ဘူး၊ သူတော့ ဒုက္ခရောက်ပြီ "

လင်ပေါင်က ဝမ်ချုံးစန်းကို ကြည့်ကာ သူတစ်ပါးဒုက္ခကို ဝမ်းသာအားရ ပြောလိုက်သည်။

ဝမ်ချုံးစန်းက လျှိုဝှက်အသံဖြင့် ပြန်ပြောသည်

"ငါတို့နဲ့ မဆိုင်ဘူး မင်းက ကြည့်ရုံပဲကြည့်၊ ရှေ့ကို တိုးမသွားနဲ့ "

"ဒါပေါ့၊ ကျုပ်က ကလေးမှ မဟုတ်တာ "

ကျီတူခုံးယွမ်သည် နှစ်ဖက်ကြားရှိ ရန်ငြိုးကို တဖြည်းဖြည်း နားလည်လာသည်။

သို့သော် ယနေ့မှာ မသေမျိုးဆွေးနွေးပွဲ ဖြစ်သဖြင့် ပွဲမစမီ ဤရန်ငြိုးများကို ကြီးထွားမလာစေဘဲ တည်ငြိမ်မှု ရှိစေရန်သာ သူ လိုလားသည်။

ထိုသို့ စဉ်းစားပြီး ကျီတူခုံးယွမ် စကားပြောရန် ပြင်လိုက်စဉ်မှာပင် ထိုက်ရွှီမသေမျိုးက အေးဆေးစွာ ပြောလိုက်သည်

"ကျီမိတ်ဆွေ၊ အထဲဝင်ရအောင် "

"ကောင်းပါပြီ၊ ထိုက်ရွှီမသေမျိုး အထဲကို ကြွပါ "

ကျီတူခုံးယွမ် စိတ်သက်သာရာရသွားပြီး သူတို့ကို တန်တိုင်တောင် အတွင်းသို့ ခေါ်ဆောင်သွားသည်။

မဟာမြေမသေမျိုး လည်း စိတ်အေးသွားကာ မျက်နှာမှ အပြုံးကို ဖျောက်ပြီး အေးစက်သော အမူအရာဖြင့် အထဲဝင်ရန် ပြင်ဆင်လိုက်သည်။

ထို့နောက် အဆင့် (၄) နှင့် အဆင့် (၅) မသေမျိုးအချို့ ထပ်မံရောက်ရှိလာပြီး လူအများ၏ တိုးတိုးတိတ်တိတ် ဆွေးနွေးမှုများကို ဖြစ်ပေါ်စေသည်။

ဖန့်ချန်သည် အသေအချာ စောင့်ကြည့်နေသော်လည်း ရှဲ့ကျစ် လုပ်ဖော်ကိုင်ဖက်များကို မတွေ့ရသေးပေ။

သူတို့မှာ တစ်ခုခု ရုပ်ဖျက်ထားပြီး အထဲဝင်သွားပြီလား၊ သို့မဟုတ် သူ့လိုပင် ပစ်မှတ်ထားသော လူ ရောက်လာသည်ကို စောင့်နေကြသလားဟု တွေးမိသည်။

ဖန့်ချန်က သိချင်နေသည်မှာ ဟွမ်ချင်းကျွဲသည် ထိုပစ်မှတ်ကို ရှာတွေ့နိုင်မည်ဟု အဘယ်ကြောင့် ယုံကြည်နေသနည်း ထိုသူက ရုပ်ဖျက်ခြင်းမရှိဘဲ လာမည်လား

နာရီဝက်ခန့် ကြာပြီးနောက် ဖန့်ချန်၏ သံသယများမှာ အဖြေထွက်လာသည်။

ကျီတူခုံးယွမ်သည် တစ်ဖန် ပေါ်လာပြန်သည်။

ယခုတစ်ကြိမ်တွင် သူနှင့်အတူ ယခုပွဲကို ဦးစီးကျင်းပမည့် အခြား အဆင့် (၆) မသေမျိုး အချို့လည်း ပါလာသည်။

သူတို့သည် ပုဂ္ဂိုလ်ကြီးတစ်ဦးကို စောင့်ဆိုင်းနေပုံရပြီး ကောင်းကင်ယံတွင် တိတ်ဆိတ်စွာ ရပ်နေကြသည်။

မသေမျိုးများမှာ စိတ်လှုပ်ရှားစွာဖြင့် ငြိမ်သက်သွားကြသည်။

သူတို့သည် ဆွေးနွေးပွဲထဲသို့ ဝင်ခွင့်မရသော်လည်း ယနေ့ ထိပ်တန်းပုဂ္ဂိုလ်များကို မြင်တွေ့ရခြင်းကပင် အတွေ့အကြုံသစ်တစ်ခု ဖြစ်သည်။

ကျီတူခုံးယွမ်တို့ သိပ်မကြာခင်မှာပင် ကောင်းကင်ယံ၌ စက်ဝိုင်းပုံစံ ရှိသော မသေမျိုးလှေ တစ်စင်း ရုတ်တရက် ပေါ်လာသည်။

မည်သို့ ပေါ်လာသည်ကို မည်သူမျှ မသိလိုက်ကြသလို၊ ပေါ်မလာမီတွင်လည်း မသေမျိုးစွမ်းအား လှုပ်ခတ်မှု အနည်းငယ်မျှပင် မရှိခဲ့ပေ။

"ဒီလို လှေမျိုး က နဂါးအိုကြီး ပြောဖူးတဲ့ စကြဝဠာထဲမှာ အဆင့်မြင့်မသေမျိုးတွေထက်တောင် ပိုမြန်အောင် ပျံသန်းနိုင်တဲ့ လှေမျိုးပဲ ဖြစ်မယ် "

ဖန့်ချန်၏ အကြည့်များ လှုပ်ခတ်သွားသည်။

သူသည် လှေပေါ်မှ ဝိညာဉ်ရတနာ နှင့် ဆင်တူသော အရှိန်အဝါကို ပထမဆုံးအကြိမ် ခံစားလိုက်ရသည်။

ဤကဲ့သို့သော လှေကို ပိုင်ဆိုင်သူမှာ နောက်ခံ မသေးနိုင်ပေ။

ကျီတူခုံးယွမ်တို့ကဲ့သို့ အဆင့် (၆) မသေမျိုးများက အဘယ်ကြောင့် ကိုယ်တိုင် ထွက်ကြိုရသနည်း ဆိုသည်မှာလည်း နားလည်နိုင်စရာ ရှိသွားသည်။

ရယ်မောသံနှင့်အတူ လှေပေါ်မှ အရိပ်အချို့ ပေါ်လာသည်။

ရှိနေသော မသေမျိုးများ၏ အကြည့်များမှာ တုန်လှုပ်သွားကြသည်။

ထိုသူများ၏ အရှိန်အဝါမှာ သာမန် အဆင့် (၄) သို့မဟုတ် အဆင့် (၅) မသေမျိုးများ မဟုတ်ဘဲ အားလုံးမှာ အဆင့် (၆) မသေမျိုးများ ဖြစ်နိုင်သောကြောင့် ဖြစ်သည်။

"ကျီမိတ်ဆွေ... မင်းတို့က အရမ်းဧည့်ဝတ်ကျေတာပဲ ဘာလို့ ကိုယ်တိုင် ထွက်ကြိုနေရတာလဲ၊ ငါတို့က အသိဟောင်းတွေပဲကို၊ ဒီလောက် အားနာစရာ မလိုပါဘူး "

ရှေ့ဆုံးမှ ထွက်လာသူမှာ စိမ်းပြာရောင် ဝတ်ရုံဝတ်ထားသော သန်မာသည့် အမျိုးသားတစ်ဦး ဖြစ်သည်။

ရှိနေသော မသေမျိုးများက ထိုသူ၏ ဝတ်စုံကို မြင်သောအခါ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားကြသည်။

ခုနစ်ရောင်ခြည် ကြယ်စင်မြစ် သို့ ရောက်ဖူးသော မသေမျိုးတိုင်းသည် ထိုဝတ်စုံကို မှတ်မိကြသည်။

၎င်းမှာ ခုနစ်ရောင်ခြည် ကြယ်စင်မြစ်တွင် နယ်စပ်ဝင်ပေါက် စစ်ဆေးသည့် မသေမျိုးရုပ်သေး များ ဝတ်ဆင်သော ဝတ်စုံနှင့် အလွန်တူနေသောကြောင့် ဖြစ်သည်။

ထိုရုပ်သေးများသည် နန်ချင်း ကြယ်တာရာနယ်မြေ၏ အကြီးဆုံးဂိုဏ်းဖြစ်သော ဆယ်မျက်နှာဂိုဏ်း မှ လာခြင်း ဖြစ်သည်။

"ဆယ်မျက်နှာဂိုဏ်း က လူတွေတောင် ဒီပွဲကို လာတက်ကြတာလား "

တန်းစီနေသော အဆင့် (၄) နှင့် (၅) မသေမျိုး များမှာ အံ့အားသင့်နေကြသည်။

တစ်ချိန်တည်းမှာပင် ဆယ်မျက်နှာဂိုဏ်း နှင့်အတူ လိုက်ပါလာသော အခြားသူများမှာ မည်သူများ ဖြစ်မည်နည်းဟုလည်း သိချင်စိတ် ပြင်းပြနေကြသည်။

အခန်း (၁၂၈၂) - ပထမဆုံး လေလံပွဲ

ဆယ်မျက်နှာဂိုဏ်း ဆိုသည်မှာ နန်ချင်း ကြယ်တာရာနယ်မြေအတွင်း ရှေးဟောင်းမသေမျိုး ထွက်ပေါ်ခဲ့ဖူးသည့် တစ်ခုတည်းသော ဂိုဏ်းဖြစ်သည်။

ယခုလက်ရှိအချိန်တွင် ဂိုဏ်းကို စိုးမိုးထားသည့် ရှေးဟောင်းမသေမျိုး အသက်ရှင်လျက် ရှိသေးသလား ဆိုသည်ကိုတော့ အပြင်လူများ မသိရှိကြဘဲ ခန့်မှန်းချက်များသာ ကျန်ရှိတော့သည်။

သို့သော်လည်း ရှေးဟောင်းမသေမျိုး တစ်ဦးမျှ ပေါ်မလာသည်မှာ ကြာမြင့်ပြီ ဖြစ်သော်လည်း နန်ချင်း ကြယ်တာရာနယ်မြေရှိ အင်အားစုအသီးသီးသည် ဆယ်မျက်နှာဂိုဏ်းကို ထိုနယ်မြေ၏ နံပါတ် (၁) ဂိုဏ်းအဖြစ် ဆက်လက်ရိုသေကြပြီး အနည်းငယ်မျှပင် ယှဉ်ပြိုင်ရန် မဝံ့ရဲကြပေ။

ခုနစ်ရောင်ခြည် ကြယ်စင်မြစ်တွင် ရှိနေသည့် မသေမျိုးအဆင့် ရုပ်သေးရုပ်များ တစ်ခုချင်းစီကို ကြည့်ရုံဖြင့် ဆယ်မျက်နှာဂိုဏ်း၏ အခြေခံအင်အားမှာ မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း သိသာသည်။

ထို ဆယ်မျက်နှာဂိုဏ်းမှ မသေမျိုးများမှာ ကျီတူခုံးယွမ် တို့နှင့် တွေ့ဆုံပြီးနောက် သူတို့နှင့်အတူ ပါလာသော အဆင့် (၆) မသေမျိုးများကို မိတ်ဆက်ပေးလိုက်သည်။

ထို့နောက် အားလုံး အတူတကွ တန်တိုင်တောင် ဆီသို့ ပျံသန်းသွားကြသည်။

သူတို့ မိတ်ဆက်စဉ်တွင် မည်သည့်အရာကိုမျှ တမင်လျှို့ဝှက်ထားခြင်း မရှိသဖြင့် လူအများမှာ ယခင်က တစ်ခါမျှ မကြားဖူးသော မသေမျိုးအရှင် ဘွဲ့နာမည်များကို အသီးသီး ကြားလိုက်ရသည်။

၎င်းတို့ထဲတွင် ဒါယူးမသေမျိုး လည်း ပါဝင်သည်။

ဖန့်ချန်သည် ဘေးနားရှိ သာမန်မသေမျိုးများနည်းတူ ဒါယူးမသေမျိုး ကို လေးစားအားကျသော အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်သည်။

ထိုပုဂ္ဂိုလ်၏ အပြင်ပန်းမှာ ဆယ်ကျော်သက် အရွယ်သာ ရှိသော်လည်း မျက်လုံးထဲတွင် ဖုံးကွယ်၍မရသော လောကဓံ၏ အရိပ်အယောင်များ ပါရှိနေသည်။

ကိုယ်ပေါ်တွင်လည်း ကြောက်မက်ဖွယ်ကောင်းသော မသေမျိုးစွမ်းအား များ အခါအားလျော်စွာ လှိုင်းထနေသဖြင့် မည်သည့်ဂိုဏ်းမှမဆို ပညာဆည်းပူးရန် ဆင်းလာသော လူငယ်မျိုးဆက်ဟုသာ ထင်မှတ်ရသည်။

"ဒါယူးမသေမျိုး က ဆယ်မျက်နှာဂိုဏ်းက မသေမျိုးတွေနဲ့ ရင်းနှီးမှုရှိတယ်၊ ဒါကြောင့် ဟွမ်ချင်းကျွဲက ငါတို့ ဒီဆွေးနွေးပွဲမှာ သူ့ကို တွေ့ရမယ်လို့ ယုံကြည်နေတာပဲ သူတို့က အဆင့်တူ အဆင့် (၆) မသေမျိုးတွေနဲ့ ထိတွေ့ဆက်ဆံရမှာ ဖြစ်တဲ့အတွက် အထောက်အထားကို ဖုံးကွယ်ထားဖို့ ဆိုတာ မဖြစ်နိုင်ဘူး "

ယခုအခါ ဒါယူးမသေမျိုး ဝင်ရောက်သွားပြီ ဖြစ်သလို၊ ဝမ်ချုံးစန်း တို့လည်း ဝင်ရောက်သွားပြီ၊ ကြယ်မိုးမသေမျိုး နှင့် မဟာမြေမသေမျိုး တို့လည်း ဝင်ရောက်သွားပြီ၊ ဆူယာအမျိုးသမီး နှင့် ကျိထျန်းတု တို့လို ငယ်ရွယ်သော မသေမျိုးလောကမှ မသေမျိုးများပင် တန်တိုင်တောင် အတွင်းသို့ ရောက်ရှိသွားကြပြီ ဖြစ်သည်။

ဖန့်ချန်သည်လည်း ဝင်ခွင့်လက်မှတ်ကို ကိုင်ဆောင်ကာ တန်းစီ၍ ဝင်ရောက်ရန် ပြင်ဆင်လိုက်သည်။

ဖန့်ချန်အနီးတွင် ရပ်နေသော မသေမျိုးအချို့က ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ မျက်နှာပေါ်တွင် အံ့အားသင့်သော အရိပ်အယောင်များ ပေါ်လာသည်။

"ဒီမိတ်ဆွေက... ငါအမြင်မမှားဘူးဆိုရင် ဘေးဒုက္ခကျော်ဖြတ်ခြင်းအဆင့် ကျင့်ကြံသူ မဟုတ်လား သူတောင် ဝင်ခွင့်လက်မှတ် ရတာလား "

သူတို့မှာ ထိတ်လန့်တုန်လှုပ်ခြင်း၊ မနာလိုခြင်းနှင့် မယုံကြည်နိုင်ခြင်းတို့ ရောထွေးနေသည်။

"ဒါကြောင့် တန်တိုင်တောင် နယ်မြေဆိုတာ မထင်မှတ်တဲ့ ပါရမီရှင်တွေ ပုန်းအောင်းနေတဲ့ နေရာလို့ ပြောတာပေါ့။ ဒီနေရာနဲ့ နီးကပ်လေ ပိုသတိထားလေပဲ မင်းမျက်စိရှေ့က သာမန် အဆင့် ၄ အောက် ကျင့်ကြံသူ တစ်ယောက်ဟာ အိမ်မှာ ဘယ်လို မသေမျိုးဘိုးဘေးမျိုး ရှိနေမလဲဆိုတာ ဘယ်သူသိမှာလဲ "

တစ်စုံတစ်ယောက်က မနာလိုသော အမူအရာဖြင့် ပြောသည်။

သူတို့အမြင်တွင် ဤ ဘေးဒုက္ခကျော်ဖြတ်ခြင်းအဆင့် ကျင့်ကြံသူ ဝင်ခွင့်လက်မှတ် ရရှိခြင်းမှာ နောက်ခံကောင်းရှိသောကြောင့် ဖြစ်ပြီး၊ ဖြစ်နိုင်သည်မှာ သူ့အိမ်ရှိ လူကြီးများက အထဲသို့ အရင်ဝင်ရောက်နှင့်ပြီး ဖြစ်ပေလိမ့်မည်။

ဖန့်ချန် အောင်မြင်စွာ ဝင်ရောက်သွားပြီးနောက် နောက်ရက်အနည်းငယ်တွင် အဆင့် (၅) နှင့် အဆင့် (၆) မသေမျိုးအချို့ ထပ်မံရောက်ရှိလာကြသည်။

(၇) ရက်ခန့် ကြာပြီးနောက်တွင် ဝင်ပေါက်ကို တဖြည်းဖြည်း ပိတ်လိုက်ပြီး မသေမျိုးဆွေးနွေးပွဲမှာလည်း ထိုနေ့မှစ၍ တရားဝင် စတင်တော့သည်။

......

......

ယခုအကြိမ် မသေမျိုးဆွေးနွေးပွဲမှာ စုစုပေါင်း (၃) လကြာမြင့်မည် ဖြစ်သဖြင့် အားလုံး ရောက်ရှိပြီးနောက် အဓိက လုပ်ဆောင်ရသည်မှာ နေထိုင်စရာ နေရာရှာခြင်း ဖြစ်သည်။

ဖန့်ချန်၏ လက်ရှိ ပုံပန်းသဏ္ဌာန်မှာ ယခင်ကနှင့် လုံးဝ ကွဲပြားခြားနားနေသည်။

မဟာမြေမသေမျိုး စီစဥ် ကျင်းပခဲ့သည့် ဆွေးနွေးပွဲနှင့် တူညီစွာပင် ထိုနေရာတွင်လည်း ပုံစံနှင့် ကျင့်ကြံမှုအရှိန်အဝါကို ပြောင်းလဲပေးနိုင်သော တံဆိပ်ပြားတစ်ခုကို ပေးအပ်ထားသည်။

သူသည် ဈေးနှုန်းသင့်တင့်သော တည်းခိုခန်းတစ်ခုကို ရွေးချယ်လိုက်သည်။

ထိုတည်းခိုခန်းတွင် ငြိမ်းချမ်းစွာ ကျင့်ကြံရန် အခန်း (၁၀၀) ခန့် ရှိပြီး အခန်းအဆင့်ကိုလည်း အမျိုးမျိုး ခွဲခြားထားသည်။

အဆင့်အမြင့်ဆုံး အခန်းများမှာ အနည်းဆုံး အခန်း (၃) ခန်းနှင့် ဧည့်ခန်း (၁) ခန်း ပါရှိကာ၊ အထူး ဝိညာဉ်စွမ်းအင် စုစည်းသည့် နည်းလမ်း များ ပါဝင်သဖြင့် တစ်ရက်လျှင် အလယ်လတ်တန်းစား ဝိညာဉ်ကျောက်တုံး (၁၀) တုံး ပေးဆောင်ရသည်။

ဤစျေးနှုန်းမှာ မများလှပေ၊ အကြောင်းမှာ ထိုတည်းခိုခန်းတွင် နေထိုင်သူများမှာ အများစုမှာ အဆင့် (၁) မသေမျိုးများ ဖြစ်ကြပြီး အဆင့် (၂) မသေမျိုးမှာ တစ်ယောက် သို့မဟုတ် နှစ်ယောက်သာ ရှိသောကြောင့် ဖြစ်သည်။

အချို့တည်းခိုခန်းများမှာမူ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးများဖြင့်သာ ဈေးနှုန်းသတ်မှတ်ကြပြီး၊ ၎င်းတို့မှာ အဆင့် (၄) နှင့် အဆင့် (၅) ရှိသော မသေမျိုးများသာ ရွေးချယ်သည့် နေရာများ ဖြစ်သည်။

ဖန့်ချန် ရွေးချယ်လိုက်သော အခန်းဈေးမှာ အလယ်အလတ်သာ ဖြစ်သဖြင့် အလွန်လည်း မနည်း၊ အလွန်လည်း မများဘဲ အာရုံစိုက်မှု မခံရဆုံးသော နေရာဖြစ်သည်။

အကယ်၍ အနိမ့်ဆုံး အခန်းကိုသာ ရွေးချယ်လျှင် တစ်နည်းနည်းဖြင့် လူအများ၏ အာရုံစိုက်မှုကို ခံရပေလိမ့်မည်။

တည်းခိုခန်းအတွင်းတွင် မသေမျိုးအချို့မှာ အရောင်းအဝယ် လုပ်နေကြပြီး အပြင်ဘက်ရှိ ဆိုင်ငယ်လေးများမှာလည်း တစ်ဆိုင်ပြီးတစ်ဆိုင် ဖွင့်လှစ်ထားကြသည်။

"မိတ်ဆွေများခင်ဗျား၊ ဒီနေ့ ဟုန်ဖူတည်းခိုခန်း မှာ လေလံပွဲတစ်ခု ရှိပါမယ် တစ်နာရီကြာရင် စတင်တော့မှာ ဖြစ်လို့ သိထားပေးကြပါခင်ဗျား "

တည်းခိုခန်းပိုင်ရှင်က လူတိုင်းကို စိတ်အားထက်သန်စွာဖြင့် လာရောက် သတိပေးသည်။

လမ်းမပေါ်တွင်လည်း အလားတူ သတိပေးမှုမျိုးများကို ကြားနေရသည်။

ဤမသေမျိုးဆွေးနွေးပွဲမှာ အလွန်ပင် စနစ်တကျ ရှိလှသည်။

ပုံမှန် လေလံပွဲမရှိချိန်တွင် အားလုံးက တိတ်တဆိတ် အရောင်းအဝယ် လုပ်နိုင်ကြပြီး လေလံပွဲ ရှိချိန်တွင်လည်း သီးသန့်တာဝန်ခံများက လာရောက် အသိပေးသည်။

မသေမျိုးများစွာက ထိုဆွေးနွေးပွဲကို လာရောက်ရန် စိတ်အားထက်သန်ကြခြင်းမှာ လုံခြုံမှု ကို လိုလားသောကြောင့် ဖြစ်သည်။

ဤနေရာတွင် အရောင်းအဝယ် လုပ်ပါက အနောက်မှ အလစ်သုတ်ခြင်း၊ တိုက်ခိုက်ခြင်းကို ကြောက်စရာ မလိုပေ။

အနည်းဆုံးတော့ ဆွေးနွေးပွဲမှ မထွက်ခွာမီအထိ အလွန်ပင် လုံခြုံသည်။

ထွက်ခွာပြီးနောက်တွင် ဘာဆက်ဖြစ်မလဲ ဆိုသည်မှာတော့ မသေမျိုးများမှာ မိမိတို့ကိုယ်ကို ဖုံးကွယ်နိုင်သည့် နည်းလမ်းများ ရှိကြသည်သာ ဖြစ်သည်။

ဤနေရာရှိ တားဆီးမှုနည်းလမ်းနှင့် တံဆိပ်ပြား ပေါင်းစပ်လိုက်လျှင် ပုံပန်းသဏ္ဌာန်နှင့် စွမ်းအားအရှိန်အဝါကို ပြောင်းလဲနိုင်သဖြင့် မည်သူကမှ သူတို့ကို လိုက်လံ စောင့်ကြည့်နိုင်မည် မဟုတ်ပေ။

"တည်းခိုခန်းပိုင်ရှင်... ဒီအနီးအနားမှာ အထွတ်ထိပ်ဝိညာဉ်ကျောက်တုံး ရောင်းမယ့်သူ ရှိမလား "

ဖန့်ချန်က စုံစမ်းမေးမြန်းသည်။

ပိုင်ရှင်က စိတ်အားထက်သန်စွာဖြင့်

"ဒီမိတ်ဆွေက အထွတ်ထိပ် ဝိညာဉ်ကျောက်တုံး ဝယ်ချင်တာလား ခဏစောင့်ပါ၊ ကျွန်တော် စစ်ဆေးပေးပါမယ် "

ခဏကြာပြီးနောက် ပိုင်ရှင်က ခါးသီးစွာ ပြုံးလျက်

"မိတ်ဆွေရေ၊ လက်ရှိတော့ အထွတ်ထိပ် ဝိညာဉ်ကျောက်တုံးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် မရှိသေးဘူး ဒါပေမဲ့ ဆွေးနွေးပွဲက အခုလေးတင် စတာဆိုတော့ ကျွန်တော် မိတ်ဆွေအတွက် ဂရုတစိုက် စောင့်ကြည့်ပေးပါ့မယ် သတင်းရတာနဲ့ လူလွှတ်ပြီး အသိပေးပါ့မယ် "

ဖန့်ချန်က ကျေးဇူးတင်စကား ပြောလိုက်ပြီးနောက် ထပ်မေးလိုက်သည်

"ဟုန်ဖူတည်းခိုခန်းက လေလံပွဲမှာ ပစ္စည်းစာရင်းအသေးစိတ် ရှိမလား "

"မိတ်ဆွေ ဟုန်ဖူတည်းခိုခန်း ပေါက်ဝကို သွားကြည့်လိုက်ပါ ပစ္စည်းစာရင်းကို ကပ်ထားတာ တွေ့ရပါလိမ့်မယ် "

"ကျေးဇူးပါ "

ဟုန်ဖူတည်းခိုခန်း ပေါက်ဝတွင် မသေမျိုးအချို့ ရပ်နေကြပြီး ကပ်ထားသော စာရင်းကို ကြည့်နေကြသည်။

ဖန့်ချန်တစ်ချက် ကြည့်လိုက်သောအခါ လေလံတင်မည့် ပစ္စည်းတစ်ခုကို ချက်ချင်း မြင်လိုက်ရသည်။

အထက်ပိုင်း (၃) နယ်မြေ၏ ဖိတ်စာ

သူ အံ့အားသင့်သွားသည်။

ဤပစ္စည်းမျိုးကို ပထမဆုံး လေလံပွဲမှာတင် ထုတ်ရောင်းသည်လား။

"စီနီယာ၊ အထဲကြွပါ "

ရွှီကွမ်းယွမ် က ရွှီတုန်းကျန်း နှင့်အတူ လမ်းဖယ်ပေးကာ နဂါးအိုကြီး ကို လေးစားစွာဖြင့် ဟုန်ဖူတည်းခိုခန်း အတွင်းသို့ ကြိုဆိုလိုက်သည်။

လီတောက်ယဲ့ က နဂါးအိုကြီးနောက်မှ ပျော်ရွှင်စွာ လိုက်ပါလာသည်။

သူသည် ထိုကဲ့သို့သော ကြီးကျယ်လှသည့် မြင်ကွင်းမျိုးကို တစ်ခါမျှ မမြင်ဖူးပေ။

လမ်းတစ်လျှောက်တွင် မြင်တွေ့ရသမျှ မသေမျိုးတိုင်းမှာ ဂိုဏ်းချုပ်ကြီးများသာ ဖြစ်ကြသည်။

ဖန့်ချန်မှာ ရွှီကွမ်းယွမ် နှင့် နဂါးအိုကြီးတို့ကို မမှတ်မိသော်လည်း နဂါးအိုကြီးနှင့် သူ၏ ဆက်ဆံရေးမှာ သာမန်မဟုတ်ပေ။

နဂါးအိုကြီးမှာ ယင်လောက မှ တရားဝင် နတ်ဘုရားဝိညာဥ် ဖြစ်ပြီး ဖန့်ချန်မှာ ယင်လောကမှ ငရဲမင်း ဖြစ်သဖြင့် သူတို့ လွန်သွားသည့်အခါ ချက်ချင်း သိလိုက်သည်။

ဖန့်ချန် ပြုံးလိုက်ပြီး သူတို့နောက်မှ လိုက်ပါ၍ ဟုန်ဖူတည်းခိုခန်း အတွင်းသို့ ဝင်သွားသည်။

ဤနေရာ၏ ပတ်ဝန်းကျင်မှာ သူနေထိုင်ရာ နေရာထက် ပိုမိုမြင့်မားနေသည်။

ပထမဆုံး လေလံပွဲကို ထိုနေရာတွင် ကျင်းပခြင်းမှာ အံ့သြစရာ မဟုတ်ပေ။

"အစ်ကိုကြီး၊ ငါတို့ ဒီအထက်ပိုင်း (၃) နယ်မြေ ဖိတ်စာကို ဘာလုပ်ဖို့လဲ မင်းက အဲဒီ ကျွယ်မင်.."

"ပါးစပ်ပိတ်ထား၊ မင်းမပြောရင် ဘယ်သူကမှ မင်းကို အသံမထွက်တတ်ဘူးလို့ မထင်ဘူး ငါ အဲဒီကိစ္စကို ဖြေရှင်းပေးဖို့ မင်းက ထပ်တောင်းဆိုဦးမှာလား "

ဖန့်ချန် ထိုင်ပြီး မကြာခင်မှာပင် မလှမ်းမကမ်းမှ စကားပြောသံများကို ကြားလိုက်ရသဖြင့် အတွေးတစ်ခု ရလိုက်သည်။

သူ ထိုဘက်ကို ကြည့်လိုက်ရာ ထိုသူကလည်း လှည့်ကြည့်လာသည်။

ဖန့်ချန်က အနည်းငယ် ပြုံးပြပြီး ခေါင်းညိတ် နှုတ်ဆက်လိုက်သည်။

ထိုသူမှာ အနည်းငယ် ကြောင်သွားပြီး ပြုံးလျက် ခေါင်းပြန်ညိတ်သည်။

ဖန့်ချန်မူလက ဆွေးနွေးပွဲ ပြီးဆုံးသည်အထိ လင်ပေါင် နှင့် ဝမ်ချုံးစန်း ကို ဆက်လက် စောင့်ကြည့်ရန် စီစဉ်ထားသော်လည်း လင်ပေါင်မှာ စကားများလွန်းလှပြီး ထိုနေရာတွင် သူ့ကို သိကျွမ်းသူ မရှိဟု ထင်မှတ်ကာ အထောက်အထား ပေါ်လွယ်မည့် အပြောမျိုး ပြောဆိုနေသည်မှာ ထူးဆန်းလှသည်။

All Chapters