← Chapters

အခန်း (၁၂၈၅-၁၂၈၆)

Vol. 129 Ch. 1285-1286

အခန်း (၁၂၈၅-၁၂၈၆)

Vol. 129 Ch. 1285-1286

အခန်း (၁၂၈၅) - မသေမျိုးတို့၏ စာချုပ်

"အများအပြား လိုက်ဝယ်နေတယ်လား"

ရောက်လာသူမှာ ထိုစကားကို အတည်ပြုခြင်း မရှိဘဲ ပေါ့ပေါ့ပါးပါးပင် ပြုံးလိုက်သည်

"မိတ်ဆွေက နတ်ဘုရား တွေရဲ့ ဝိညာဉ်တွေကို ဝယ်နေတာ ဘာလုပ်ဖို့လဲ "

ဖန့်ချန် စိတ်မရှည်စွာပင် ရယ်မောလိုက်သည်

"ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ ခင်ဗျားမှာ ရောင်းစရာ ရှိရင်လာ၊ တစ်ခုခုကို စုံစမ်းချင်တာဆိုရင်တော့ လိပ်စာမှားနေပြီ "

"စိတ်မဆိုးပါနဲ့၊ စိတ်မဆိုးပါနဲ့ ကျုပ်မှာ ရောင်းစရာ ရှိတာအမှန်ပါ ပြီးတော့ မကြာသေးခင်က လူအတော်များများ မိတ်ဆွေဆီ လာနေကြတယ်လို့လည်း ကြားမိတယ် သူတို့လက်ထဲမှာလည်း နတ်ဘုရားတွေရဲ့ ဝိညာဉ်တွေ ရှိကြတာပဲ ကျုပ် စိုးရိမ်တာက မိတ်ဆွေ သူတို့ဆီက ဝိညာဉ်တွေကို အကုန်ဝယ်လိုက်ပြီးရင် ကျုပ်ဆီက ဝိညာဉ်တွေကို ဝယ်ဖို့ ကျန်တော့မလားဆိုတာပါပဲ "

ရောက်လာသူက ရယ်ကျဲကျဲဖြင့် ပြောသည်။

"ဒါက ခင်ဗျား စိုးရိမ်ရမယ့် ကိစ္စမဟုတ်ဘူး ခင်ဗျားမှာ ရှိရင် အရေအတွက်ကိုသာ ပြော၊ ကျုပ် ဈေးသတ်မှတ်ပေးမယ် မသေမျိုးကျောက်တုံးနဲ့ပဲ ဖြစ်ဖြစ်၊ ယင်သက်တမ်းဒင်္ဂါး နဲ့ပဲ ဖြစ်ဖြစ် ရှင်းပေးနိုင်တယ် "

ဖန့်ချန်က အေးဆေးစွာ ပြောလိုက်သည်။

"ယင်သက်တမ်းဒင်္ဂါးနဲ့လည်း ရှင်းပေးနိုင်သေးတာလား ဒါဆိုရင်တော့ အကောင်းဆုံးပါပဲ "

ရောက်လာသူမှာ ချက်ချင်းပင် ဝမ်းသာသွားပြီး

"အမှန်အတိုင်း ပြောရရင် ကျုပ် မိတ်ဆွေနဲ့ အရောင်းအဝယ် မလုပ်ဖူးဘူးဆိုရင် မသေမျိုးကျောက်တုံးနဲ့ ရှင်းဖို့က အလုပ်ရှုပ်စရာတွေ အများကြီး ရှိနေတယ် ယင်သက်တမ်းဒင်္ဂါးနဲ့ တိုက်ရိုက်ရှင်းပြီးမှ နောက်မှ မသေမျိုးကျောက်တုံး ပြန်လဲတာက ပိုအဆင်ပြေတယ် "

ခဏရပ်လိုက်ပြီးနောက်

"နှုန်းထားကတော့ ယင်သက်တမ်းဒင်္ဂါးတွေက မကြာသေးခင်က အနည်းငယ် တန်ဖိုးကျသွားလို့ ယင်သက်တမ်းဒင်္ဂါး (၁၅) နှစ်စာကို မသေမျိုးကျောက်တုံး တစ်တုံးနဲ့ လဲပေးရင် ဘယ်လိုလဲ "

"ခင်ဗျား ကျုပ် ကို စမ်းသပ်နေတာလား ကျုပ် ဈေးကွက်ကို မသိဘူးလို့ ထင်နေတာလား ယင်သက်တမ်းဒင်္ဂါးတွေက ယင်လောကမှာ ရှားတာမဟုတ်ပေမဲ့ သူ့တန်ဖိုးကို ယင်လောကထဲ သွားလာသူတိုင်း သိကြတယ် ယင်သက်တမ်းဒင်္ဂါး (၁၀) နှစ်စာကို မသေမျိုးကျောက်တုံး တစ်တုံးနဲ့ လဲလို့ရတယ် "

ဖန့်ချန်က ပြောသည်။

ရောက်လာသူက ခေါင်းခါယမ်းလိုက်သည်

"အဲဒါတော့ မဖြစ်နိုင်ဘူး (၁၃) နှစ်စာ ဆိုရင်တော့ ဖြစ်မယ်၊ မဟုတ်ရင်တော့ မသေမျိုးကျောက်တုံးနဲ့ပဲ ရှင်းကြတာပေါ့၊ နှစ်ယောက်စလုံး ပိုအလုပ်ရှုပ်သွားလိမ့်မယ် "

"ရပါတယ် ခင်ဗျားဆီမှာ နတ်ဘုရားတွေရဲ့ ဝိညာဉ် ဘယ်လောက်ရှိလဲဆိုတာ ပြောပြပါ "

ဖန့်ချန်က ပြုံးလျက် ခေါင်းညိတ်လိုက်သည်။

နှစ်ဦးစလုံးမှာ ဈေးနှုန်းနှင့် မသေမျိုးဆွေးနွေးပွဲ ပြီးဆုံးလျှင် တွေ့ဆုံမည့် နေရာကို လျင်မြန်စွာ သဘောတူညီမှု ရသွားပြီးနောက် ထိုသူမှာ ထွက်ခွာသွားသည်။

ထိုတစ်လအတွင်း နတ်ဘုရားတွေရဲ့ ဝိညာဉ်ကို လာရောက် ရောင်းချသူမှာ (၇) ဦး၊ (၈) ဦးခန့် ရှိနေပြီဖြစ်သည်။

၎င်းတို့ထဲတွင် တကယ်တမ်း ရှိသူများ ရှိသလို၊ တမင် အကွက်ရွှေ့ရန် ကြံစည်နေသူများလည်း ပါဝင်နေနိုင်သည်။

"မသေမျိုးအရှင် အများစုက ဖူတူလောက ထဲမှာ နတ်ဘုရားတွေရဲ့ ဝိညာဉ်တွေကို ဖမ်းဆီးနေကြတာ၊ ဒါက လုပ်ငန်းစဉ်တစ်ခု ဖြစ်နေပြီ ကံကောင်းတာက ပီထု အစ်ကိုကြီးရဲ့ လက်ရှိ အခြေအနေက လုံခြုံနေသေးတယ် သူ့ဆီကနေ စစ်မှန်သော မသေမျိုး လမ်းစဉ် ကို မမေးနိုင်သေးသရွေ့ သူတို့က သူ့ကို အသေမသတ်သေးဘူး "

ဖန့်ချန် စိတ်ထဲတွင် တိတ်တဆိတ် တွက်ချက်လိုက်သည်။

လုံခြုံရေးအတွက်ဆိုလျှင် နဂါးအိုကြီး၊ ဟွမ်ဝူကျိ နှင့် ယွီထင်ကျဲ တို့ကိုပါ ယင်လောကထဲ ခေါ်သွားမှ ဖြစ်မည်။

အဆင့် (၄) မသေမျိုး (၃) ဦးနှင့်အတူ တန့်ယင်တောင် အရှင်၊ လီဝူဝမ် တို့ပါ ပါဝင်လာပါက လင်ပေါင် ကို အနည်းဆုံး ၉၀ရာခိုင်နှုန်း သေချာပေါက် ဖိနှိပ်နိုင်ပြီး ထွက်မပြေးနိုင်စေရန် လုပ်ဆောင်နိုင်မည်ဖြစ်သည်။

တစ်ခုပဲ သတိထားရမည်မှာ လင်ပေါင် နှင့် ဝမ်ချုံးစန်း တို့ နှစ်ဦးစလုံး ယင်လောကထဲကို အတူတူ လိုက်လာမိပါက ၉၀ ရာခိုင်နှုန်း သေချာမှုမှာ ၄၀ သို့မဟုတ် ၅၀ ရာခိုင်နှုန်းသာ ကျန်ရှိတော့မည်ဖြစ်သည်။

အဆင့် (၄) မသေမျိုး (၃) ဦးဖြင့် အဆင့်တူ (၂) ဦးကို ဖမ်းဆီးထားရန်မှာ မလွယ်ကူပေ။

ထို့ကြောင့် သူတို့ကို ခွဲထုတ်ရန် အကြောင်းပြချက်တစ်ခုခု ရှာရပေမည်။

"မိတ်ဆွေ... မိတ်ဆွေရဲ့ စီးပွားရေးက ဒီလောက်အထိ ကြီးမားလိမ့်မယ်လို့ မထင်ထားဘူး နတ်ဘုရားတွေရဲ့ ဝိညာဉ်တွေကိုပါ လိုက်ဝယ်နေတာကိုး မိတ်ဆွေက ဖူတူလောကထဲမှာလည်း...အသိုင်းအဝိုင်း ရှိတာလား "

မကြာသေးခင်ကမှ ဖန့်ချန်ကို လိမ်ညာရန် ကြိုးစားခဲ့သူမှာ ဘယ်ကမှန်းမသိ ပေါ်လာပြန်သည်။

ဖန့်ချန်က အေးဆေးစွာ ပြောလိုက်သည်

"ခင်ဗျားရဲ့ စီးပွားရေးကို ကျုပ် စိတ်မဝင်စားဘူး အထွတ်ထိပ် ဝိညာဉ်ကျောက်တုံးတွေကိုသာ ကျုပ်ရှေ့ ချပြပါ မသေမျိုး အမွေအနှစ်နေရာတစ်ခုကို ကိုယ်တိုင်သွားခိုင်းတာက ကျုက်ကို လူမိုက်လို့ ထင်နေတာလား ဆက်ပြောနေရင် ခင်ဗျားနဲ့ ကျုပ် ရန်သူဖြစ်သွားလိမ့်မယ် "

ထိုသူမှာ စကားမရှည်တော့ဘဲ အထွတ်ထိပ် ဝိညာဉ်ကျောက်တုံး (၃) တုံးကို စားပွဲပေါ်တင်ကာ ဖန့်ချန်ကို လှောင်ပြုံးပြုံးဖြင့် ကြည့်နေသည်။

ဖန့်ချန်သည် ကျောက်တုံးများကို ချက်ချင်းယူ၍ တစ်ခုချင်း စစ်ဆေးလိုက်သည်။

ပထမဆုံး အထွတ်ထိပ် ဝိညာဉ်ကျောက်တုံး၏ အတွင်းမှ စွမ်းအင်မှာ လျှပ်စီး နှင့် ဆင်တူသော်လည်း ပိုမို၍ အေးစက် နေသည်။

ကောင်းကင်ဘုရင် ဆေးကျမ်း တွင် ထိုစွမ်းအင်နှင့် ဆင်တူသော ဖော်ပြချက်တစ်ခု ရှိသည်။

ထိုင်ယင် နတ်ဘုရားလျှပ်စီး

ဒုတိယမြောက် အထွတ်ထိပ် ဝိညာဉ်ကျောက်တုံးမှာမူ အတွင်းရှိ စွမ်းအင်များမှာ မကြည်လင်ဘဲ ရှုပ်ထွေးနေသလို ခံစားရသည်။

"မကြည်လင်ဘူး၊ ဝိညာဉ်အာရုံနဲ့ ခဏခံစားလိုက်ရုံနဲ့တင် ခေါင်းမူးလာတယ် ဒါက... ရှေးဟောင်း စွမ်းအင်လား "

ဖန့်ချန်၏ မျက်နှာအမူအရာ ပြောင်းလဲသွားကာ ထိုသူကို ကြည့်လိုက်သည်။

အစက ပြသထားသော အထင်သေးသည့် အရိပ်အယောင်များ ပျောက်ကွယ်သွားပြီး အလေးအနက်ထားသည့် အရိပ်အယောင် ပေါ်လာသည်။

ထိုသူမှာ အံ့အားသင့်သွားပြီး ချီးကျူးလိုက်သည်

"ကျုပ် မိတ်ဆွေကို အထွတ်ထိပ် ဝိညာဉ်ကျောက်တုံး စုဆောင်းသူလို့ မယုံကြည်ခဲ့ဘူးဆိုရင် အခုတော့ ယုံပါပြီ ဒီကျောက်တုံးကို ကျုပ် ဘယ်နှစ်နှစ်လောက် လေ့လာထားလဲဆိုတာ မိတ်ဆွေ သိလား ကျွမ်းကျင်သူတွေကို ဘယ်လောက် မေးထားလဲဆိုတာရော သိလား ရှေးဟောင်းကျမ်းစာ တစ်အုပ်ထဲကနေ ရှေးဟောင်း စွမ်းအင်ဆိုတာကို ခန့်မှန်းရတာပါ"

"မိတ်ဆွေကတော့ တစ်ချက်ကြည့်လိုက်တာနဲ့ စက္ကန့်ပိုင်းအတွင်း သူ့ရဲ့ မူလရင်းမြစ်ကို ခွဲခြားနိုင်လိုက်တာပဲ ဒီလို ကျွမ်းကျင်မှုမျိုးနဲ့ဆိုရင် အဲဒီ အထွတ်ထိပ် ဝိညာဉ်ကျောက်တုံးတွေက မိတ်ဆွေနဲ့ပဲ ထိုက်တန်ပါတယ် သူတို့ကို မ စော်ကားသလို ဖြစ်တာပေါ့ "

"ဒီနယ်ပယ်ကို အနည်းငယ် လေ့လာဖူးတာပါ၊ ဘာမှ မဟုတ်ပါဘူး "

ဖန့်ချန်က လက်ကာပြလိုက်ပြီး တတိယမြောက် ကျောက်တုံးကို ဆက်စစ်ဆေးသည်။

သူသည် ထိုကျောက်တုံးကို တစ်ချက်ကြည့်လိုက်ရုံနှင့် ဘေးသို့ ဖယ်ထားလိုက်သည်

"အတွင်းမှာက ရှရန်းယန် မီး ကျုပ်မှာ ရှိပြီးသားပါ "

ခဏရပ်လိုက်ပြီးနောက်

"ဒီ ကျောက်တုံး နှစ်တုံးကို ကျုပ် ယူမယ်၊ သတ်မှတ်ဈေးအတိုင်း မသေမျိုးကျောက်တုံး (၁၀) တုံး ပေးမယ် "

ထိုသူက ခေါင်းခါယမ်းလိုက်သည်

"ဒီကျောက်တုံး နှစ်တုံးကို ကျုပ် မိတ်ဆွေကို မရောင်းဘူး "

"ဒါဆိုရင်တော့ ပြန်လိုက်ပါတော့ ဒီပစ္စည်းကို စိတ်ဝင်စားပေမဲ့၊ ဒီအရာကြောင့် အလုပ်ကိစ္စတွေကို ပစ်ထားဖို့အထိတော့ မဖြစ်နိုင်ဘူး "

ဖန့်ချန်က ပြုံး၍ ပြောလိုက်သည်

"ဒီတစ်ခါ ဆွေးနွေးပွဲမှာ ရစရာရှိရင် ရမှာပေါ့၊ မရရင်လည်း ကံတရားပေါ့ "

ထိုသူက ရယ်မော၍

"မိတ်ဆွေ နားလည်မှု လွဲနေပြီ ကျုပ် ဒီကျောက်တုံး နှစ်တုံးကို မိတ်ဆွေကို လက်ဆောင်ပေးမှာပါ မိတ်ဆွေ ကျုပ်ရဲ့ သတင်းအချက်အလက်ကို ငွေပေး ဝယ်ပေးဖို့ပဲ လိုပါတယ် "

"နောက်ထပ် ပြန်ပြောနေပြန်ပြီလား မိတ်ဆွေ ပြောတဲ့ မသေမျိုး အမွေအနှစ်နေရာကို လူတစ်ယောက်ကို ရန်စမိလို့ မသွားနိုင်ဘူး ဆိုပေမဲ့၊ ဒီသတင်းကို ရောင်းချင်ရင် ဘာလို့ ကျုပ်ကိုပဲ ရှာတာလဲ နတ်ရိုသေ နန်းတော် ကလည်း ဈေးကောင်းပေးမှာပဲ သူတို့အပြင် နန်ချင်း ကြယ်တာရာနယ်မြေက အဆင့် (၆) မသေမျိုးအရှင်တွေကို ရှာရင်လည်း ခင်ဗျားကျေနပ်မယ့် ဈေးမျိုး ရမှာပဲ "

ဖန့်ချန်က အေးဆေးစွာ ပြောသည်

"မိတ်ဆွေ ဒီလိုလုပ်တာကို ကျုပ် စိတ်ထဲမှာ သံသယ ဝင်မိတယ် ဒီ ကျောက်တုံး နှစ်တုံးကို ပြန်သိမ်းသွားပါ ကျုပ်က အလုပ်မလုပ်ဘဲ အကျိုးမခံစားချင်ဘူး "

ထိုသူမှာ ဖန့်ချန်က လုံးဝ မလှုပ်တုပ် ဖြစ်နေသည်ကို မမျှော်လင့်ထားပုံရသည်။

သူသည် အဖိုးတန် ကျောက်တုံး နှစ်တုံးကို တံခါးပေါက်ကို ခေါက်သည့်အရာအဖြစ် အသုံးပြုသော်လည်း ဖန့်ချန်မှာ တံခါးကို ခိုင်မြဲစွာ ပိတ်ထားသည်။

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ထိုသူက အေးဆေးစွာ ပြောသည်

"သူတို့က ကျုပ် လိုချင်တဲ့ ဈေးကို မပေးနိုင်ဘူး နောက်ပြီး ကျားနဲ့ တိုင်ပင်ပြီး အရေခွံခွာသလို ဖြစ်ပြီး ကိုယ့်အသက်ကို ပိုအန္တရာယ် များစေတယ်"

"မသေမျိုးကျောက်တုံး (၂၀၀)၊ (၂၀၀) တုံးသာ ပေးပါ အဲဒီ အမွေအနှစ်နေရာထဲက အထွတ်ထိပ် ဝိညာဉ်ကျောက်တုံးတွေ အားလုံး မိတ်ဆွေပိုင် ဖြစ်သွားလိမ့်မယ် "

ဖန့်ချန်က သူ့ကို အလေးအနက် ကြည့်လိုက်သည်

"ပထမအချက်၊ ခင်ဗျားစကားကို မယုံနိုင်ဘူးဒုတိယအချက်၊ ခင်ဗျားစကားက မှန်တယ်ဆိုရင်တောင် အဲဒီ ကျောက်တုံးတွေ အဲဒီနေရာမှာ ရှိနေသေးတယ်လို့ ဘယ်သူ အာမခံနိုင်မှာလဲ"

"တတိယအချက်၊ (၂၀၀) ဆိုတာ နည်းတဲ့ ပမာဏ မဟုတ်ဘူး ဒီအရောင်းအဝယ်က လုံခြုံစိတ်ချရမှု မရှိဘူး"

"စတုတ္ထအချက်၊ ခင်ဗျား တကယ် အရောင်းအဝယ် လုပ်ချင်တယ်ဆိုရင် ဒီကျောက်တုံး နှစ်တုံးကို ထားခဲ့ပါ ဆွေးနွေးပွဲ ပြီးရင် ကျုပ်ကို လာရှာ၊ အဲဒီအခါကျမှ ကျုပ်တို့ နှစ်ယောက် အတူတူ သွားကြမယ် "

"ကျုပ် ပြောခဲ့တယ်လေ... ကျုပ် လူတစ်ယောက်ကို ရန်စမိထားလို့..."

"ဒါဆိုရင်တော့ မတတ်နိုင်ဘူး ခင်ဗျား တည်နေရာကို အရင်ပေးနိုင်မှ ဖြစ်မယ် ကျုပ် ကျောက်တုံးတွေကို ရပြီးမှ မသေမျိုးကျောက်တုံးတွေကို ခင်ဗျားကို ပေးမယ် "

ဖန့်ချန်က ပြုံးလိုက်သည်။

ထိုသူ ထွက်သွားလိမ့်မည်ဟု ထင်ထားသော်လည်း၊ အတော်ကြာ စဉ်းစားပြီးနောက် ခေါင်းညိတ် သဘောတူလိုက်သည်။

သို့သော် ထိုသူမှာ မသေမျိုးတို့၏ စာချုပ် တစ်ခုကို ထုတ်လိုက်သည်။

ဖန့်ချန်သည် ဤစာချုပ်ကို မြင်ဖူးသည်။

ယခင်က ဆူယာအမျိုးသမီး နှင့် မဟာမြေမသေမျိုး ပူးပေါင်းဆောင်ရွက်ရန် ထိုစာချုပ်ကို ချုပ်ဆိုခဲ့ဖူးသည်။

"ဒါက အထက်ပိုင်း (၃) နယ်မြေ ဝမ်ရှင်း နန်းတော် ကနေ ထုတ်ပေးတဲ့ စာချုပ်ပါ "

ထိုသူက ပြုံးလျက် ပြောသည်

"ဒီစာချုပ်က ကျုပ်တို့ အရောင်းအဝယ်ကို စိတ်ချယုံကြည်ရအောင် လုပ်ပေးနိုင်ပါတယ် "

ဖန့်ချန် တိတ်တဆိတ် စဉ်းစားနေသည်။

ဒီလူ... ကျိထျန်းတု ဖြစ်နေမလား.....

အခန်း (၁၂၈၆) - ရန်ကျင်း

ယခင်တစ်ခေါက် ဆူယာအမျိုးသမီးနှင့် ကျိထျန်းတုတို့ ထုတ်ပြခဲ့သော မသေမျိုးတို့၏ စာချုပ်မှာလည်း အထက်ပိုင်း (၃) နယ်မြေ၊ ဝမ်ရှင်းနန်းတော် မှ ထုတ်ပေးခြင်းဖြစ်ကြောင်း ပြောဆိုခဲ့ဖူးသည်။

ယခုတစ်ကြိမ်တွင်လည်း အရောင်းအဝယ်ပြုလုပ်မည့်သူက အလားတူပင် အထက်ပိုင်း (၃) နယ်မြေ၊ ဝမ်ရှင်းနန်းတော်မှ ထုတ်ပေးသော စာချုပ်ကို ထုတ်ပြလာသဖြင့် ဖန့်ချန်သည် ထိုသူ၏ အထောက်အထားကို သံသယဝင်မိသည်။

အကယ်၍ တစ်ဖက်လူမှာ ကျိထျန်းတု အစစ်အမှန်သာ ဖြစ်ခဲ့လျှင် သူ၏ ဤခရီးစဉ်တွင် အမှန်တကယ် ရည်ရွယ်ချက်က ဘာများဖြစ်မလဲ။

သူ့ကို မသေမျိုးကျောက်တုံး (၂၀၀) တန်ဖိုးရှိသည့် သတင်းအချက်အလက်ကို ရောင်းချရန် ရည်ရွယ်ခြင်းလား။

သို့မဟုတ် အခြားသော ရည်ရွယ်ချက်တစ်ခုခု ရှိနေသေးသလား။

ထိုနေရာရှိ အစီရင်အကာကွယ်မှာ အဆင့် (၆) မသေမျိုးအရှင်မှ စီစဉ်ထားခြင်းဖြစ်ပြီး၊ ကျောက်ပြားနှင့် တွဲဖက်အသုံးပြုပါက ပုံပန်းသဏ္ဌာန်၊ ကိုယ်ဟန်အနေအထားနှင့် အရှိန်အဝါတို့ကို လုံးဝ ပြောင်းလဲပစ်နိုင်သည်။

ကျိထျန်းတုမှာ အဆင့် (၂) မသေမျိုးမျှသာ ဖြစ်ရာ၊ သူသည် စစ်မှန်သော မသေမျိုး လမ်းစဉ် ကို ကျင့်ကြံထားသည်ဆိုလျှင်ပင် ထိုမူလအခြေခံကို ကျော်လွန်၍ ဖန့်ချန်၏ မူလမျက်နှာကို မြင်နိုင်ရန် အကြောင်းမရှိပေ။

သို့ဆိုလျှင် ကျန်ရှိနေသည့် တစ်ခုတည်းသော အကြောင်းပြချက်မှာ တစ်ဖက်လူသည် သတင်းအချက်အလက်တစ်ခုကို မသေမျိုးကျောက်တုံး (၂၀၀) နှင့် လဲလှယ်ရန် အမှန်တကယ် ကြံရွယ်ထားခြင်း ဖြစ်ရမည်။

မသေမျိုးတို့၏ စာချုပ်ကဲ့သို့သော အရာကိုပင် ထုတ်ပြလာသည်ကို ကြည့်ခြင်းအားဖြင့် ထိုသတင်းအချက်အလက်၏ အမှန်တရားမှာ ယုံကြည်ရလောက်သည်ဟု ဆိုနိုင်သည်။

ဖန့်ချန်၏ အကြည့်တို့မှာ စာချုပ်ပေါ်သို့ ကျရောက်သွားပြီး အေးဆေးစွာ ပြုံး၍ ပြောလိုက်သည်

"အထက်ပိုင်း (၃) နယ်မြေ၊ ဝမ်ရှင်းနန်းတော်ရဲ့ စာချုပ်မှာ အမှန်တကယ် နာမည်ရင်းကို လက်မှတ်ထိုးရမယ်၊ ပြီးတော့ သွေးစက် တစ်စက် ပါမှသာ ထိရောက်တဲ့ စည်းနှောင်မှု ဖြစ်ပေါ်မှာပါ "

"မှန်ပါတယ် "

တစ်ဖက်လူက ပြုံးလျက် ခေါင်းညိတ်လိုက်သည်

"မိတ်ဆွေက စာချုပ်ကို ပထမဆုံးအကြိမ် မြင်ဖူးတာ မဟုတ်ဘူးဆိုတာ ထင်ရှားပါတယ် ဒါကလည်း မိတ်ဆွေဟာ အရောင်းအဝယ်အတွက် သင့်လျော်တဲ့သူ၊ ဒီအရောင်းအဝယ်ကို အောင်မြင်အောင် လုပ်ဆောင်နိုင်တဲ့ ငွေကြေးနဲ့ စွမ်းအားရှိသူ ဆိုတာကို သက်သေပြနေတာပါပဲ "

"အဲဒီ မသေမျိုး အမွေအနှစ်နေရာမှာ ကျုပ် မပြန်ခင်တုန်းက ရှေးဟောင်း ဝိညာဉ်စွမ်းအင် အမျိုးမျိုး ပါဝင်တဲ့ အထွတ်ထိပ် ဝိညာဉ်ကျောက်တုံး (၁၀၀) ကျော် ကျန်ရှိနေပါသေးတယ် သူတို့ရဲ့ ဈေးနှုန်းအတိုင်းဆိုရင် မသေမျိုးကျောက်တုံး (၂၀၀) ထက် အများကြီး ပိုပါတယ် "

"ဒါဆိုရင်တော့ မိတ်ဆွေ... ဒီအရောင်းအဝယ်နဲ့ ပတ်သက်ပြီး အသေးစိတ်ကို ချရေးပေးပါ ကနဦး သဘောတူညီမှုတစ်ခုတော့ ရထားရအောင် "

ဖန့်ချန် ခဏမျှ စဉ်းစားပြီးနောက် ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်သည်။

တစ်ဖက်လူက ချက်ချင်းပင် စာချုပ်ပေါ်တွင် အသေးစိတ် အချက်အလက်များကို ချရေးနေလိုက်သည်။

အချက်တစ်ချက်ချင်းစီတိုင်းမှာ တရားမျှတပြီး၊ မည်သည့်ဘက်ကိုမျှ ဘက်မလိုက်ဘဲ ကြားနေမှု ရှိစေရမည်။

ထိုစည်းကမ်းချက်များ၏ ရည်ရွယ်ချက်မှာ အရောင်းအဝယ်ကို ပြီးပြည့်စုံစွာ အောင်မြင်စေရန်နှင့် အပေါက်အလမ်း ရှာ၍ တရားမျှတမှုကို မဖျက်ဆီးနိုင်စေရန် ဖြစ်သည်။

ချရေးပြီးနောက် တစ်ဖက်လူက စာချုပ်ကို ဖန့်ချန်၏ ရှေ့သို့ ရွှေ့ပေးလိုက်ပြီး စစ်ဆေးရန် တောင်းဆိုသည်။

အမှားအယွင်း မရှိပါက နောက်တစ်ဆင့်သို့ ဆက်သွားနိုင်သည်။

ဖန့်ချန် တစ်ချက်ကြည့်လိုက်ပြီးနောက် ဖြည်းညှင်းစွာ ခေါင်းညိတ်သည်။

"စကြရအောင် "

နှစ်ဦးစလုံးမှာ သွေးစက် တစ်စက်စီကို စာချုပ်ပေါ်သို့ ချလိုက်ပြီးနောက် မိမိတို့၏ အမည်ရင်းကို လက်မှတ်ရေးထိုးလိုက်သည်။

"ဖန့်ထျန်းဇွန်း "

"ကျိထျန်းတု "

ထိုသူ၏ နာမည်ကို မြင်လိုက်ရသောအခါ ဖန့်ချန်၏ မျက်လုံးထဲတွင် အပြုံးတစ်ခု ပေါ်လာသည်။

ထိုလူမှာ ကျိထျန်းတု အစစ်အမှန်ပင် ဖြစ်သည်။

သူသည် ဤစာချုပ်ကို ချုပ်ဆိုခဲ့ရသည့် အကြောင်းရင်းများထဲတွင် ထိုအချက်လည်း တစ်ခု အပါအဝင်ဖြစ်သည်။

စာချုပ်ပါ အရောင်းအဝယ်ကို အမှန်တကယ် လုပ်ဆောင်မလုပ်ဆောင်မှာ ဖန့်ချန်၏ ဆုံးဖြတ်ချက်သာ ဖြစ်သည်။

မသေမျိုးတို့၏ စာချုပ်မှာ အရောင်းအဝယ်၏ တရားမျှတမှုကိုသာ စည်းနှောင်နိုင်ပြီး၊ အရောင်းအဝယ်ကို မဖြစ်မနေ လုပ်ဆောင်ရမည်ဟု အတင်းအကျပ် ဖိအားပေးနိုင်ခြင်း မရှိပေ။

သိသာထင်ရှားသည်မှာ ကျိထျန်းတု၏ အမြင်တွင် ဖန့်ချန်မှာ အထွတ်ထိပ် ဝိညာဉ်ကျောက်တုံး စုဆောင်းသူတစ်ဦး ဖြစ်သဖြင့်၊ ထိုစာချုပ် ရှိနေပါက တစ်ဖက်လူသည် အရောင်းအဝယ်ကို မပျက်စေတော့ဟု သူ ယူဆထားခြင်း ဖြစ်သည်။

အောင်မြင်သွားပါက ထိြအရောင်းအဝယ်မှ ရရှိလာမည့် အမြတ်ငွေမှာလည်း အလွန်ပင် များပြားလှသည်။

အထွတ်ထိပ် ဝိညာဉ်ကျောက်တုံး (၁၀၀) ဆိုလျှင် အနည်းဆုံး မသေမျိုးကျောက်တုံး (၅၀၀) ကျော် ရောင်းချနိုင်မည်ဖြစ်သည်။

စည်းကမ်းချက်များ ရှိနေသည့်အတွက် မည်သူမျှ ဤမျှ ကြီးမားသော အကျိုးအမြတ်ကို စွန့်လွှတ်လိုကြမည် မဟုတ်ပေ။

"ဖန့်ထျန်းဇွန်း... မိတ်ဆွေရဲ့ နာမည်က အင်အားကြီးမားတဲ့ အရှိန်အဝါမျိုး ရှိတယ်၊ မိတ်ဆွေရဲ့ မိသားစုက လူသားနယ်မြေ (၉) ခုမှာ သာမန်လူတွေ မဟုတ်လောက်ဘူးနော် "

ကျိထျန်းတုမှာ ချီးကျူးသလို ပြောနေသော်လည်း အမှန်တကယ်မှာမူ ဖန့်ချန်၏ နောက်ကြောင်းကို စုံစမ်းနေခြင်း ဖြစ်သည်။

ဖန့်ချန် ပြုံးလိုက်သည်

"ကျိမိတ်ဆွေ... ကျုပ်တို့ရဲ့ အရောင်းအဝယ်က ဆွေးနွေးပွဲ ပြီးမှသာ လုပ်ဆောင်ရမှာပါ ကြားထဲမှာ ကျုပ် တခြား မိတ်ဆွေတွေနဲ့ နတ်ဘုရားတွေရဲ့ဝိညာဉ် အရောင်းအဝယ် လုပ်စရာ ရှိပါသေးတယ် အခုတော့ ကနဦး သဘောတူညီမှု ရပြီဆိုတော့ ဒီစကားဝိုင်းကို အဆုံးသတ်ကြမလား "

ကျိထျန်းတု ပြုံးလျက် ထကာ နှုတ်ဆက်ပြီး ထွက်ခွာသွားသည်။

သူထွက်သွားသည်နှင့် ဖန့်ချန်၏ ဝိညာဉ် မှာ နောက်ယောင်ခံ လိုက်ပါသွားသည်။

ဖန့်ထျန်းဇွန်း မှာမူ တည်းခိုခန်းရှိ အခန်းသို့ ပြန်သွားသည်။

ဖန့်ချန် မထိန်းချုပ်ပါက သူသည် အခြားသူများနှင့် အလစ်အငိုက်မရှိ စကားပြောရန် မဖြစ်နိုင်ပေ။

ကျိထျန်းတုမှာ ထပ်မံ၍ ပုံပန်းသဏ္ဌာန် ပြောင်းလဲခြင်း မပြုတော့ပေ။

သူသည် ဖန့်ချန်နှင့် လုပ်မည့် အရောင်းအဝယ်ကို အထူးအလေးမထားဘဲ၊ အခြားသူများ၏ စောင့်ကြည့်မှုကိုလည်း မကြောက်ပေ။

မကြာမီပင် သူသည် ဟုန်ဖူတည်းခိုခန်းရှိ အခန်းတစ်ခန်းထဲသို့ ဝင်သွားသည်။

အခန်းထဲတွင် အမျိုးသမီး ကျင့်ကြံသူတစ်ဦးမှာ ကျင့်ကြံခြင်း ပြီးဆုံးသွားပြီး ကျိထျန်းတုကို မော့ကြည့်လိုက်သည်။

"မင်း ဝယ်သူကို ရှာတွေ့ပြီလား "

ဆူယာအမျိုးသမီး က မျက်မှောင်ကြုတ်၍

"ငါတို့မှာ ဒီတစ်ခါ တခြားရည်ရွယ်ချက် ရှိတယ်၊ မင်းက အခုလို အပြင်အဆာတွေ ရှာနေတာ သိပ်မကောင်းဘူး၊ မင်းအကို သိသွားရင် စိတ်ဆိုးလိမ့်မယ် "

ကျိထျန်းတု ပြုံးလိုက်သည်

"မမ... ဒါက မမျှော်လင့်ဘဲ ရလာတဲ့ ငွေကြေးပါ၊ အကို စိတ်ဆိုးမှာ မဟုတ်ပါဘူး "

"မင်းရဲ့ အကြံအစည်ကို ပြောပြစမ်းပါ အဲဒါက ကျိမိသားစု ဘိုးဘေးတွေရဲ့ ကျင့်ကြံရာ ဂူဗိမာန်လေ အထဲက အထွတ်ထိပ် ဝိညာဉ်ကျောက်တုံးတွေက တန်ဖိုး မကြီးလှပေမဲ့ သူတို့မှာ သီးသန့် အဓိပ္ပာယ် ရှိတယ် မိသားစုဝင်တွေတောင် မသုံးစွဲရဘူးလေ "

ဆူယာအမျိုးသမီးက အေးဆေးစွာ ပြောသည်။

ထိုနေရာတွင် ဖန့်ချန်၏ စိတ်ထဲတွင် သိလိုစိတ်များ ပေါ်ပေါက်လာသော်လည်း ထိတ်လန့်ခြင်း၊ ဒေါသထွက်ခြင်း မရှိပေ။

အစကတည်းက ကျိထျန်းတု၏ အရောင်းအဝယ်မှာ တစ်ခုခု လွဲနေသည်ဟု သူ ခံစားခဲ့ရသည်။

မသေမျိုးလောကငယ် မှ ကျင့်ကြံသူတစ်ဦး ဖြစ်သော်လည်း သူက ဖန့်ချန်ကို လိုက်ရှာပြီး အရောင်းအဝယ် လုပ်ရန် အတင်းအကျပ် ပြောနေခြင်း၊ လူလိမ်ဟု အပြောခံရသော်လည်း ဒေါသထွက်ပြီး ထွက်မသွားခြင်းမှာ အကြောင်းအရင်း ရှိသည်။

"စာချုပ်ပါ သဘောတူညီချက်အရ ကျွန်တော် သူ့ကို ဂူဗိမာန်ရဲ့ တည်နေရာကို ပြောပြမှာ အမှန်ပဲ ဒါပေမဲ့ ဘေးဒုက္ခကျော်ဖြတ်ခြင်း အဆင့်လောက်ရှိတဲ့ သူက ဘယ်လိုလုပ်ပြီး ဂူဗိမာန်ထဲကို ဝင်နိုင်မှာလဲ"

"ဒီစာချုပ်ဆိုတာ သူ့ကို ယုံကြည်မှု ရအောင် လုပ်တဲ့ နည်းလမ်းတစ်ခုပဲ ကျွန်တော် လိုချင်တာက သူ့လက်ထဲက အထက်ပိုင်း (၃) နယ်မြေ ဖိတ်စာနဲ့ သူပိုင်တဲ့ မသေမျိုးကျောက်တုံးတွေပဲ "

ကျိထျန်းတုက ပြုံး၍ ပြောသည်။

"ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူတဲ့လား သူက ငါ့ရဲ့ အသွင်ယူထားတဲ့ အဆင့်ကို မြင်နိုင်လို့လား ပြီးတော့ ငါက ဟုန်ဖူတည်းခိုခန်းမှာ ကျွယ်မင် နတ်ဘုရားနန်းတော် ဖိတ်စာကို ဝယ်ခဲ့တဲ့သူမှန်းလည်း သူ သိနေတာလား"

ဖန့်ချန်သည် ဤခရီးမှာ အလကား မဟုတ်ကြောင်း ခံစားလိုက်ရသည်။

ကျိထျန်းတုမှာ ဒီနေရာရှိ တားဆီးမှုများကို ကျော်လွန်ပြီး ကျင့်ကြံသူတိုင်း၏ မူလအထောက်အထားကို သိနိုင်သည့် အထူးနည်းလမ်းတစ်ခုခု ရှိနေပုံရသည်။

"ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူက ဒီလောက်များတဲ့ မသေမျိုးကျောက်တုံးတွေကို ပိုင်ဆိုင်ထားတယ်ဆိုရင် သူ့နောက်ကွယ်မှာ နောက်ခံ ရှိမှာပဲ အဆင့် (၄)၊ (၅) မသေမျိုးအရှင်တွေနဲ့ တွေ့ရင် မင်းရည်ရွယ်ချက် မအောင်မြင်တဲ့အပြင် ကိုယ့်အသက်ပါ ဆုံးရှုံးလိမ့်မယ် "

ဆူယာအမျိုးသမီးက အေးဆေးစွာ ပြောသည်။

ကျိထျန်းတု ပြုံးလိုက်သည်

"အများဆုံး စာချုပ် တစ်ခုပဲ ဆုံးရှုံးမှာပါ ကျိမိသားစုနဲ့ ဝမ်ရှင်းနန်းတော်ရဲ့ ဆက်ဆံရေးအရ စာချုပ် တစ်ခုက ဘာမှ မဟုတ်ပါဘူး သူ့လက်ထဲက ပစ္စည်းတွေကို ရရင် အနည်းဆုံး မသေမျိုးကျောက်တုံး ၁၀၀၀ တန်ဖိုးရှိမှာပါ "

ဆူယာအမျိုးသမီး၏ အသက်ရှူသံမှာ ခဏတာ မြန်ဆန်သွားပြီးနောက် တည်ငြိမ်သွားသည်

"ဒီတစ်ခါ ငါတို့ ရည်ရွယ်ချက်ကို မထိခိုက်ရင် မင်းကိစ္စကို ငါ မစွက်ဖက်ဘူး ဒါပေမဲ့ အမြတ်ရရင်တော့..."

"မမ... ကျွန်တော်တို့ တစ်ယောက်တစ်ဝက် ခွဲကြတာပေါ့ တကယ်လို့ ပြဿနာ တစ်ခုခု တက်လာရင်လည်း မမက ကူညီပေးဖို့ လိုသေးတယ်လေ "

"အင်း"

"မှန်တယ်၊ ရန်ကျင်း ရှိတဲ့ နေရာကို သိထားတယ်တစ်လနေရင် အဆင့် (၄) မသေမျိုး နတ်ဆေးပင် နဲ့အတူ လေလံတင်ရောင်းချမှာ "

"ရန်ကျင်းရဲ့ တကယ့် အသုံးဝင်ပုံကို သိသူ နည်းပါတယ်။ အထက်ပိုင်း (၃) နယ်မြေမှာ နည်းနည်းပါးပါး ရှိပေမဲ့ သူတို့က ဒီနေ့ ဒီမှာ ဆွေးနွေးပွဲ ရှိနေတာကို သိမှာမဟုတ်ဘူး"

"ဒါကြောင့် ဒီတစ်ခါမှာ ပြိုင်ဘက် မရှိသလောက်ပါပဲ။ ဒါပေမဲ့ အပြည့်အဝ ပြင်ဆင်ထားဖို့တော့ လိုတယ် "

ဆူယာအမျိုးသမီးက ဖြည်းညှင်းစွာ ခေါင်းညိတ်သည်။

ကျိထျန်းတု ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်သည်

"ဒီတစ်ခါ မသေမျိုးကျောက်တုံး (၁၀၀၀) တိတိ ယူလာခဲ့တယ်။ အစ်ကိုကြီးနဲ့ ကျွန်တော်တို့အားလုံးရဲ့ ပိုင်ဆိုင်မှုတွေပါပဲ ဒီ ရန်ကျင်း ကို အပြီးသတ် သိမ်းပိုက်နိုင်မှာပါ "

All Chapters