အခန်း (၁၂၈၇-၁၂၈၈)
Vol. 129 Ch. 1287-1288
အခန်း (၁၂၈၇) - လျင်ပေါင် ကောင်းကင်ကို ခွဲထွက်နိုင်သော လှေ
"ရန်ကျင်း လား ဒါက သူတို့ ဒီတစ်ခေါက်ရဲ့ ရည်ရွယ်ချက်ပေါ့ ခူးခြားသူ ကို အစားထိုးနိုင်ပြီး ကျိထျန်းကျွင်း အတွက် အညစ်ကြေးကင်းစင်တဲ့ မသေမျိုးလမ်းစဉ် ကို လျှောက်လှမ်းဖို့ လိုအပ်တဲ့ နတ်ဆေးပင် ဖြစ်လာနိုင်တာပေါ့ "
ဖန့်ချန် အတွေးနက်သွားသည်။
ဒီကိစ္စကို သိသွားပြီဆိုတော့ လုပ်ရတာ လွယ်ကူသွားပြီ၊ တစ်ခုတည်းသော အခက်အခဲကတော့ သူကိုယ်တိုင် လူလုံးထွက်ပြဖို့ မသင့်တော်ခြင်းပင် ဖြစ်သည်။
နဂါးအိုကြီး ကို သွားရောက်ပြီး ဒီ ရန်ကျင်း ကို လေလံဆွဲခိုင်းဖို့ လိုသည်။
သူက အဆင့် (၄) မသေမျိုးအရှင် ဖြစ်သဖြင့် ကျိထျန်းတုနှင့် ဆူယာအမျိုးသမီးတို့သည် သူ့အထောက်အထားကို မြင်နိုင်သည်ဆိုလျှင်တောင် သူ၏ ကျင့်စဉ်အဆင့်ကို အလွယ်တကူ ခန့်မှန်းနိုင်မည် မဟုတ်ပေ။
ထိုနည်းတူစွာပင် သူတို့ သံသယများစွာ ဝင်လာမည်မဟုတ်ဘဲ ဒီလူက ဒီလိုမျိုး အဖိုးတန်ပစ္စည်းမျိုး လိုအပ်နေလို့ပဲဟုသာ ယူဆကြလိမ့်မည်။
သို့သော်... ရန်ကျင်း ဆိုတာ ဘာလဲ
ဖန့်ချန် စိတ်ထဲတွင် သိလိုစိတ်များ ပေါ်ပေါက်လာသည်။
ထူးခြားသူ ကို အစားထိုးနိုင်ပြီး လူသိနည်းသည့် အရာဆိုတော့ သာမန်အရာမျိုးတော့ မဟုတ်တန်ရာ။
ဒီအရာက ထူးခြားသူ အတွက်များ အကျိုးရှိမလား
အချိန်ကား တစ်လခန့် ကုန်လွန်သွားသည်။
ဤတစ်လအတွင်းတွင်လည်း လူအချို့သည် ဖန့်ချန်နှင့် နတ်ဘုရားတွေရဲ့ ဝိညာဉ်များကို အစမ်းသဘော အရောင်းအဝယ် လုပ်ရန် သဘောတူညီမှု ရခဲ့ကြသည်။
ဒါပေမဲ့ လင်ပေါင် ဆိုတဲ့သူ ဒီထဲမှာ ပါမလား ဆိုတာတော့ မသိရပေ။
ကြားထဲတွင် ကျိထျန်းတုသည် သူ့ထံသို့ အကြိမ်အနည်းငယ် ထပ်မံလာရောက်ခဲ့သော်လည်း ဆွေးနွေးသည့် အကြောင်းအရာများမှာ အရောင်းအဝယ်နှင့် မသက်ဆိုင်ပေ။
ဖန့်ချန်၏ တောင်းဆိုမှုကြောင့် ကျိထျန်းတုသည် မတတ်သာသည့်အဆုံး မသေမျိုးကျောက်တုံး (၁၀) တုံးဈေးဖြင့် လက်ထဲရှိ အထွတ်ထိပ် ဝိညာဉ်ကျောက်တုံး နှစ်တုံးကို ဖန့်ချန်ထံ ရောင်းချပေးလိုက်သည်။
ကျိထျန်းတု စိတ်ထဲတွင် လျှို့ဝှက်၍ ပျော်ရွှင်နေသည်။
အထွတ်ထိပ် ဝိညာဉ်ကျောက်တုံးကို ဈေးနှစ်ဆဖြင့် ရောင်းလိုက်ရလို့ မဟုတ်ဘဲ၊ သူ့ရှေ့က ဝိညာဉ်ကျောက်တုံး စုဆောင်းသူသည် သူ့နှင့် အရောင်းအဝယ် လုပ်မည့်အချက်ကို လက်လွတ်ခံလိမ့်မည်မဟုတ်ဟု သူ ယုံကြည်သွားသောကြောင့် ဖြစ်သည်။
ဖန့်ချန်လည်း စိတ်ထဲတွင် ပျော်ရွှင်နေသည်။
ဒီကျောက်တုံးနှစ်တုံးထဲတွင် တစ်တုံးမှာ ရှေးဟောင်း စွမ်းအင် ပါဝင်ပြီး တစ်တုံးမှာ ထိုင်ယင်နတ်ဘုရားလျှပ်စီး ပါဝင်နေသည်။
ဒါတွေက အတိတ်ကာလကတည်းက သက်တမ်းရှည်ကြာစွာ ကျန်ရစ်ခဲ့တဲ့ ရတနာများ ဖြစ်သည်။
လက်ရှိ ခေတ်ကာလတွင် ထိုစွမ်းအင်နှစ်မျိုးမှာ အဓိက မဟုတ်တော့သလို၊ ၎င်းတို့နှင့် ဆက်စပ်သည့် ကျင့်စဉ်များမှာလည်း ကျင့်ကြံသူများကို ထိုစွမ်းအင်မျိုး ပိုင်ဆိုင်အောင် မလုပ်ပေးနိုင်တော့ပေ။
သူတို့၏ တည်ရှိမှုမှာ ရည်ညွှန်းချက်နှင့် ရှေးဟောင်းသုတေသနဆိုင်ရာ အဓိပ္ပာယ်သာ ရှိသော်လည်း ဖန့်ချန်၏ မဟာကောင်းကင်ဘုရင်ဆေးကျမ်း အတွက်တော့ ၎င်းတို့မှာ မသေမျိုးလမ်းစဉ်တွင် အဖိုးတန်ဆုံးသော မသေမျိုးဆေးဝါးများပင် ဖြစ်သည်။
မသေမျိုးကျောက်တုံး အနည်းငယ် ပိုပေးရသော်လည်း အရှုံးမရှိဘဲ ဖန့်ချန်၏ နောက်ပိုင်းလှုပ်ရှားမှုများအတွက် ပိုမိုဦးဆောင်နိုင်စေသည်။
လေလံပွဲ ပြီးဆုံးသည့်အခါ ကျိထျန်းတုနှင့် ဆူယာအမျိုးသမီးတို့ကို ရှင်းထုတ်လိုက်လျှင် ထိုကျောက်တုံးနှစ်တုံးမှာ သူရမည့် အမြတ်ပင် ဖြစ်သည်။
ကျိထျန်းတု ပြောသော မသေမျိုး ဂူဗိမာန်ကိုတော့ အခွင့်အရေးရရင် နောက်မှ စီစဉ်ကြည့်ရမည်။
အတိုချုပ်ပြောရလျှင် ကျိထျန်းတု မသိလိုက်ဘဲနှင့် ဖန့်ချန်သည် ဒီအရောင်းအဝယ်ကို တစ်ဖက်သတ် အဆုံးသတ်လိုက်သည်။
ဒါဟာ စာချုပ်ပါ စည်းကမ်းတွေကို ဖောက်ဖျက်တာ မဟုတ်တဲ့အတွက် တစ်ဖက်လူအနေနဲ့ စာချုပ်ကို အသုံးချပြီး ဖန့်ချန်ကို တိုက်ခိုက်လို့ မရပေ။
ဒီတစ်ခေါက် လေလံပွဲမှာတော့ အတော်လေး ကြီးမားပြီး တည်းခိုခန်းမှာ မဟုတ်ဘဲ နေရာလွတ် တစ်ခုမှာ ကျင်းပခြင်းဖြစ်သည်။
လေလံပွဲကို ဦးဆောင်သူမှာ တန်တိုင်တောင်နယ်မြေတွင် ကျော်ကြားသူ၊ လေလံပွဲကို ဦးဆောင်သူများထဲမှ တစ်ဦးဖြစ်သည့် ရှီးခုံးစျေးပိုင်ရှင် ကျိတူးခုံးယွမ် ဖြစ်သည်။
ဖန့်ချန် ရောက်ရှိလာချိန်တွင် နေရာမှာ အရပ်ရပ်မှ ကျင့်ကြံသူများဖြင့် ပြည့်နှက်နေပြီဖြစ်သည်။
သူသည် မျက်နှာဖုံးမစွပ်ထားသည့် ထိုင်ရွှီမသေမျိုးအရှင်ကို ထပ်မံမြင်တွေ့ရသည်။
သူ့ဘေးတွင် ရှိနေသည့် ကြယ်မိုး မသေမျိုးအရှင်နှင့် သူမ၏ အစ်ကိုဖြစ်သူမှာလည်း မျက်နှာကို ဖုံးကွယ်မထားပေ။
ထို့အပြင် ဆယ်မျက်နှာဂိုဏ်းမှ အဆင့် (၆) မသေမျိုးအရှင်၊ သူ့ဘေးတွင် ဒါယူး မသေမျိုးအရှင် စသည့် အဆင့် (၆) ကျွမ်းကျင်သူများလည်း ပါဝင်သည်။
ထိုမျှမကဘဲ ဒီဆွေးနွေးပွဲကို ဦးဆောင်သူ အခြားသူများလည်း ရောက်ရှိနေပြီး သူတို့၏ ရည်ရွယ်ချက်မှာလည်း ဒီလေလံပွဲကို လာရောက်ရန် ဖြစ်သည်။
တွေ့ဖူးနေကျ အဆင့် (၆) မသေမျိုးအရှင်များအပြင်၊ ဖန့်ချန် မမြင်ဖူးသည့် အခြားအဆင့် (၆) မသေမျိုးအရှင်များလည်း အများအပြား ရှိနေသည်။
သူတို့မှာလည်း ထိုင်ရွှီမသေမျိုးအရှင်လိုပင် မျက်နှာကို ဖုံးကွယ်မထားပေ။
အကြောင်းပြချက်မှာ တစ်ခုသာ ရှိလိမ့်မည် မလိုအပ်လို့ ဖြစ်သည်။
"ဒါပေမဲ့... မျက်နှာဖုံးစွပ်ထားတဲ့ အဆင့် (၆) နဲ့ အဆင့် (၅) တွေလည်း ရှိနေမှာပဲ "
ဖန့်ချန် ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်သည်။
မဟာမြေမသေမျိုးအရှင်ကို မတွေ့ရသေးသော်လည်း သူက အဆင့် (၅) ဖြစ်သဖြင့် ဒီလေလံပွဲကို မဝယ်လျှင်တောင် သူရမည့် မသေမျိုးဆေးဝါးကို ဘယ်သူယူသွားမလဲဆိုတာ ကြည့်ဖို့ လာရောက်လိမ့်မည်။
ခဏအကြာတွင် ဖန့်ချန် မျက်လုံးထဲတွင် အပြုံးတစ်ခု ပေါ်လာသည်။
သူ့ကို တစ်ယောက်ယောက်က စူးစိုက်ကြည့်နေသည်။
ကျိထျန်းတုမှလွဲ၍ ဒီဆွေးနွေးပွဲတွင် သူ့ကို အထူးတလည် ဂရုစိုက်မည့်သူ မရှိပေ။
သူသည် ရန်ကျင်း အတွက် ယှဉ်ပြိုင်မည့် တာဝန်ကို နဂါးအိုကြီးထံ လွှဲအပ်ထားပြီး သူကတော့ ဒီနေ့မှာ ပွဲကြည့်သူသက်သက်သာ ဖြစ်သည်။
"မမ... အဲဒီ ဝိညာဉ်ကျောက်တုံး စုဆောင်းသူလည်း ရောက်လာတယ်။ သူများ ရန်ကျင်း ကို စိတ်ဝင်စားနေမလား ဒီလိုလူမျိုးတွေက ထူးဆန်းတဲ့ အရာတွေကို စုဆောင်းရတာ ဝါသနာပါတာကိုး "
ကျိထျန်းတုက စိတ်ဖြင့် ဆက်သွယ်ပြောဆိုသည်။
ဆူယာအမျိုးသမီးက ပြန်ပြောသည်
"မဖြစ်နိုင်ပါဘူး။ သူသာ ရန်ကျင်း အတွက် ဈေးပြိုင်မယ်ဆိုရင်တောင် ငါတို့ထက် ဈေးပိုပေးနိုင်မှာ မဟုတ်ဘူး ငါတို့လင်မယားမှလွဲပြီး ဒီနေ့ ရန်ကျင်းရဲ့ တကယ့်တန်ဖိုးကို သိသူ မရှိဘူး အဲဒီ ရှေးဟောင်း မသေမျိုး ရဲ့ တစ်ပိုင်းအဆင့် လူတောင်မှ မသိလောက်ဘူး "
ကျိထျန်းတု ခေါင်းညိတ်လိုက်သည်။
သူသည် ထိုင်ရွှီ မသေမျိုးအရှင်ကို တစ်ချက်ငေးကြည့်လိုက်ရင်း စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။
မသေမျိုးလောကငယ် သည် အလွန်မြင့်မြတ်သော်လည်း အပြင်လောကရှိ ထိပ်တန်း ကျွမ်းကျင်သူများအပေါ်တွင်တော့ ရိုသေမှု ရှိနေဆဲပင်။
ဥပမာအားဖြင့် ရှေ့က ရှေးဟောင်း မသေမျိုးတစ်ပိုင်းအဆင့်ရှိသူပင် ဖြစ်သည်။
အဆင့် (၆) တွင် နှစ်ပေါင်းများစွာ ကျင့်ကြံထားပြီး နတ်ဆေးပင် တစ်မျိုးသာ လိုတော့သည့် ထိုသူမှာ ရှေးဟောင်း မသေမျိုး မဖြစ်မီ အဆင့်တွင် အထွတ်အထိပ် ဖြစ်သည်။
ရှေးဟောင်း မသေမျိုး မပေါ်လာသရွေ့ သူတို့၏ စွမ်းအားနှင့် နည်းလမ်းများမှာ လူသားနယ်မြေ (၉) ခုတွင် အမြင့်ဆုံးပင် ဖြစ်သည်။
ကံမကောင်းတာကတော့... တာ့လော်မသေမျိုးဖြစ်ဖို့ လိုအပ်တဲ့ နတ်ဆေးပင် မှာ အထက်ပိုင်း (၃) နယ်မြေမှာတောင် ရှာရခက်သည်။
သူ့အဆင့်ကို တက်ဖို့ဆိုရင် ကိုယ်ပိုင်စွမ်းအားတင်မကဘဲ ကံကောင်းခြင်းလည်း လိုအပ်သည်။
ဤသို့ တွေးတောရင်း ကျိထျန်းတု၏ မျက်လုံးထဲတွင် မောက်မာမှု အနည်းငယ် ပေါ်လာသည်။
မသေမျိုးလောက ငယ်၏ ကျင့်စဉ်များမှာ အပြင်လောကသားများ စိတ်ကူးပင် မယဉ်နိုင်သည့် အရာများ ဖြစ်သည်။
အဆင့်တက်ဖို့ လိုအပ်သည့် နတ်ဆေးပင် များကိုပင် မသေမျိုးလောကငယ်တွင် အောင်မြင်စွာ စိုက်ပျိုးထားနိုင်ကြသည်။
လေလံပွဲမှာ စတင်လိုက်ပြီဖြစ်သည်။
ရှေ့က ပစ္စည်းများမှာ အဆင့်မြင့် မသေမျိုးအရှင်များအတွက် တန်ဖိုး မကြီးလှသဖြင့် သူတို့မှာ သားသမီးများကို ပေးဖို့အတွက်သာ ရံဖန်ရံခါ ဝင်ရောက် ယှဉ်ပြိုင်ကြသည်။
ဒီလေလံပွဲကို အဓိက ယှဉ်ပြိုင်သူများမှာ အဆင့် (၄) အောက်ရှိ မသေမျိုးများပင် ဖြစ်သည်။
"ရှောင်ယင်ယန် မျက်နှာဖုံး၊ အဆင့် (၂) မသေမျိုးတံဆိပ်၊ အဆုံးဈေးမှာ မသေမျိုးကျောက်တုံး (၄၆) တုံး "
"ထျန်းဟော် နတ်ဘုရားအိုး၊ အဆင့် (၁) မသေမျိုးတံဆိပ်၊ အဆုံးဈေးမှာ မသေမျိုးကျောက်တုံး (၂၇) တုံး "
"ဝိညာဉ်ခိုးယူသည့် ခရုခွံ၊ အဆင့်မြင့်တန်းစား ဝိညာဉ်ပစ္စည်း၊ အဆုံးဈေးမှာ မသေမျိုးကျောက်တုံး (၁၂) တုံး "
လူအုပ်စုထဲတွင် နဂါးအိုကြီးနှင့် ခွဲထွက်နေသည့် ရွှီ ကွမ်းယွမ်သည် ရွှီတုန်းကျန်းနှင့်အတူ ပွဲကို ကြည့်ရှုရင်း သက်ပြင်းချမိသည်။
သူ့လို လူမျိုးအတွက်တော့ ဒီလေလံပွဲက ကြည့်ရုံသက်သက်သာ ရှိသည်။
သူ့ပိုင်ဆိုင်မှုနဲ့ဆိုရင် ဒီပစ္စည်းတွေကို ဝယ်ဖို့ မပြောနဲ့၊ ဈေးပြိုင်ရင်တောင် ကွမ်းယွမ်ထန် ရဲ့ အခြေခံအုတ်မြစ်ပါ ပျက်စီးသွားနိုင်သည်။
"အဲဒီ သခင်ကြီး ဒီနေ့များ တစ်ခုခု ရောင်းမလား မသိဘူး "
ရွှီကွမ်းယွမ် တွေးတောရင်း ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်သည်။
ဖန့်ချန်သည် စိတ်ရှည်စွာ စောင့်ဆိုင်းနေသည်။
ရန်ကျင်း ပေါ်လာတော့မည်ဟု ထင်မှတ်ချိန်တွင် ကျိတူးခုံးယွမ်မှာ ရုတ်တရက် အမူအရာ တင်းမာသွားပြီးနောက် ပွဲကို တက်ရောက်နေသူများအား ပြုံးလျက် ကြည့်လိုက်သည်
"အားလုံးပဲ၊ သတင်းကောင်းတစ်ခု ရှိပါတယ်နောက်ထပ် လေလံတင်မယ့် ပစ္စည်းမှာ အပြောင်းအလဲ ရှိပါတယ် "
လူတိုင်း အံ့အားသင့်သွားသည်။
ရုတ်တရက် ပြောင်းလဲလိုက်တာလား တစ်ယောက်ယောက်က စိတ်ကူးပေါက်ပြီး အဖိုးတန်ပစ္စည်း ရောင်းချဖို့ ဆုံးဖြတ်လိုက်တာလား
လူတိုင်း မျှော်လင့်ချက်များ ဖြစ်ပေါ်လာသည်။
တကယ်တန်ဖိုးရှိတဲ့အရာ မဟုတ်ရင် ရှီးခုံးစျေးပိုင်ရှင်က ဘာလို့ လေလံတင်တဲ့ ပုံစံကို ပြောင်းလဲရမှာလဲ
"နောက်တစ်မျိုးကတော့ လျင်ပေါင် ကောင်းကင်ကို ခွဲထွက်နိုင်သော လှေ ဖြစ်ပါတယ် "
အခန်း (၁၂၈၈) - နေမင်းကြီးထံမှ ရန်ကျင်း
"ဝိညာဉ်... ဝိညာဉ်ရတနာ လား "
ပွဲကို တက်ရောက်နေသည့် အဆင့် (၄) အောက်ရှိ လွတ်လပ်သော မသေမျိုးကျင့်ကြံသူများ အားလုံးမှာ အံ့အားသင့်သွားကြသည်။
သူတို့၏ အသက်ရှူသံများမှာ ချက်ချင်းပင် မြန်ဆန်လာပြီး မျက်လုံးများမှာ သွေးရောင်လွှမ်းသွားသည်မှာ စွမ်းအင်နှင့် သွေးရည်တို့ ချက်ချင်းပင် အရှိန်ပြင်းစွာ တက်လာသောကြောင့် ဖြစ်သည်။
သို့သော် မကြာမီပင် သူတို့သည် တည်ငြိမ်သွားကြသည်။
အကြောင်းမှာ မည်သည့် ဝိညာဉ်ရတနာ ဖြစ်ပါစေ၊ သူတို့နှင့် မသက်ဆိုင်သောကြောင့်ပင်။
သူတို့ကဲ့သို့သော လေလွင့် မသေမျိုးများမှာမူ ကောင်းကင်အဆင့် ကျင့်ကြံကိရိယာများကို အသုံးပြုခြင်းကသာ ပို၍ အဆင်ပြေပြီး ဘေးဒုက္ခများလည်း မရောက်လာနိုင်ပေ။
အဆင့် (၄) အထက်ရှိသူများ၊ အဆင့် (၄) မသေမျိုးများမှာလည်း ခဏတာ အံ့အားသင့်ပြီးနောက် အတော်လေး တည်ငြိမ်နေကြဆဲဖြစ်သည်။
ဒီနေ့တွင် ပုဂ္ဂိုလ်ကြီးများစွာ ရှိနေသည်။
အခြားမပြောနှင့်၊ ထိုင်ရွှီ မသေမျိုးအရှင်သာ ယှဉ်ပြိုင်မည်ဆိုလျှင် ထိုဝိညာဉ်ရတနာမှာ သူ့လက်ထဲသို့ ရောက်သွားရန်သာ များသည်။
ထို့အပြင် ကျိတူးခုံးယွမ် ပြောသော ကောင်းကင်ကို ခွဲထွက်နိုင်သောလှေ မှာ မသေမျိုးလှေ အမျိုးအစား ဝိညာဉ်ရတနာ ဖြစ်နိုင်ချေ များသည်။
ဝိညာဉ်ရတနာများတွင် အမျိုးအစား များစွာ ရှိပြီး၊ ထိုအထဲတွင် မသေမျိုးလှေမှာ ဝိညာဉ်ရတနာများထဲ၌ တန်ဖိုးအနည်းဆုံး ဖြစ်နိုင်သည်။
မသေမျိုးလှေ တကယ်တန်ဖိုးနည်းတာ မဟုတ်ဘဲ သူ့ကို အသုံးပြုနိုင်သည့် နယ်ပယ်မှာ ကျဉ်းမြောင်းလွန်းသောကြောင့် ဖြစ်သည်။
သာမန်အချိန်တွင် အဆင့် (၄) မသေမျိုးအရှင်များသာမက အဆင့် (၆) မသေမျိုးအရှင်များပင်လျှင် အကြီးစား တည်နေရွှေ့ပြောင်းခြင်း နည်းလမ်းကို သုံးနိုင်လျှင် အာကာငလမ်းကြောင်း ကို ရွေးချယ်သွားလာလေ့ မရှိကြပေ။
ထို့ကြောင့် မသေမျိုးလှေ၏ အသုံးဝင်မှု နယ်ပယ်မှာ ကျဉ်းမြောင်းသော်လည်း၊ အကယ်၍ အကွာအဝေးတို အတွက် အကြီးစား တည်နေရာရွှေ့ပြောင်းခြင်း နည်းလမ်းကို အစားထိုးနိုင်သည့် မသေမျိုးလှေမျိုး ဖြစ်ပါက တန်ဖိုးမှာ အဆမတန် တက်သွားပေလိမ့်မည်။
သို့သော် ထိုကဲ့သို့သော ဝိညာဉ်ရတနာမျိုးမှာ နန်ချင်း ကြယ်တာရာနယ်မြေ၏ ဤဆွေးနွေးပွဲတွင် ပေါ်လာရန် မဖြစ်နိုင်ပေ။
ကျိတူးခုံးယွမ်ကလည်း လေလံတင်ရန် ထုတ်လာမည် မဟုတ်ပါ။
၎င်းတို့၏ အရောင်းအဝယ်မှာ များသောအားဖြင့် မြင်ရခဲသည့် ရှေးဟောင်း မသေမျိုးအရှင်များ နှင့်သာ ဖြစ်တတ်သည်။
ထိုရှေးဟောင်း မသေမျိုးများမှာ လူသားနယ်မြေ (၉) ခု၏ နေရာအနှံ့အပြားကို စူးစမ်းလေ့လာကြပြီး၊ သာမန် မသေမျိုးများ စိတ်ကူးပင် မယဉ်နိုင်သည့် တားမြစ်နယ်မြေများသို့ ဝင်ရောက်လေ့ရှိကြသည်။
ထိုနေရာများတွင် အကြီးစား တည်နေရာရွှေ့ပြောင်းခြင်း နည်းလမ်းများ မရှိသဖြင့် မသေမျိုးလှေမှာ သူတို့လက်ထဲတွင်သာ ထိုက်တန်သော တန်ဖိုးကို ရရှိနိုင်သည်။
"ကျိမိတ်ဆွေ... ဒါက ဘယ်အဆင့် ဝိညာဉ်ရတနာလဲ "
အဆင့် (၆) မသေမျိုးအရှင်တစ်ဦးက မေးလိုက်သည်။
ဖန့်ချန် ထိုသူကို ကြည့်လိုက်ရာ သူမှာ ဤတစ်ကြိမ် ရှဲ့ကျစ် ၏ တာဝန် ပစ်မှတ်ဖြစ်သည့် ဒါယူး မသေမျိုးအရှင် ဖြစ်သည်။
ထိုကာလအတွင်း ဖန့်ချန်သည် တာဝန်ကို တမင်သက်သက် လုပ်ဆောင်နေခြင်း မဟုတ်သော်လည်း၊ ရံဖန်ရံခါ ဝိညာဉ်အာရုံကို အပြင်ထုတ်၍ သူ၏ ပတ်ဝန်းကျင်ကို လေ့လာကြည့်ရှုရာ မည်သည့် မမှန်ကန်မှုမျှ မတွေ့ရပေ။
ဒါယူး မသေမျိုးအရှင်မှာ အချိန်ရှိပါက ဆယ်မျက်နှာဂိုဏ်းမှ အဆင့် (၆) မသေမျိုးအရှင် လုံဖူ မသေမျိုးအရှင်နှင့်အတူ ထိုင်၍ တရားဓမ္မ ဆွေးနွေးလေ့ရှိပြီး လုံဖူနှင့်အတူ ရောက်လာသည့် အခြား အဆင့် (၆) ကျွမ်းကျင်သူများနှင့်လည်း အချိန်ကုန်လေ့ ရှိသည်။
ဖန့်ချန် ခန့်မှန်းရလျှင် နင်ပေ့ယို၊ ရွှီနန်ကွေတို့မှာလည်း ထိုအနီးအနားတွင် ပုန်းအောင်းနေမည်ဖြစ်ပြီး၊ ယခုအချိန်တွင် ဒါယူး မသေမျိုးအရှင်ကို စိုက်ကြည့်နေကြလိမ့်မည်။
ဒါယူး မသေမျိုးအရှင်၏ မေးခွန်းကို ကျိတူးခုံးယွမ်က ယဉ်ကျေးစွာဖြင့်
"မသေမျိုးတံဆိပ် အရဆိုရင် (၂) ခုပဲ ရှိပါတယ် စွမ်းအားက အဆင့် (၂) မသေမျိုးတံဆိပ်၊ ကောင်းကင်အဆင့် နဲ့ ညီမျှပေမဲ့ သူက ဝိညာဉ်ကို ပိုင်ဆိုင်ထားပြီးသား ပဲ "
ပြောနေရင်း ကျိတူးခုံးယွမ်က လက်ဖဝါးကို မြှောက်လိုက်ရာ ချက်ချင်းပင် မသေမျိုးလှေ အသေးစားလေးတစ်ခု ပေါ်လာသည်။
၎င်း ပေါ်လာသည်နှင့် တစ်ပြိုင်နက်
"ခင်ဗျားတို့ မြန်မြန်ဆုံးဖြတ်ပေးကြပါ အဆင့် (၆) အထက် ရှေးဟောင်း မသေမျိုးတွေ ပိုကောင်းပါတယ် ကျုပ် တစ်သက်လုံး ရှေးဟောင်း မသေမျိုးတစ်ဦးကို လိုက်ပါပြီး အန္တရာယ်တွေကြားထဲ ဖြတ်သန်းခဲ့တာ၊ တားမြစ်နယ်မြေ အမြောက်အမြားကို ရောက်ဖူးတယ်၊ ကျုပ် နဲ့ဆို ခင်ဗျားတို့ကို အာကာသ နယ်မြေမှာ အနှောင့်အယှက်မရှိ သွားလာစေရမယ် "
ဟု အော်ဟစ် ပြောဆိုသည်။
လူအုပ်စုမှာ ဆူညံသွားသည်။
ဝိညာဉ်ရတနာကို မမြင်ဖူးသည့် လွတ်လပ်သော မသေမျိုးများမှာ ထို မသေမျိုးလှေ ကို တပ်မက်စွာ ကြည့်နေကြသည်။
ဒီ မသေမျိုးလှေ က ရှေးဟောင်း မသေမျိုးတစ်ဦးကို လိုက်ပါခဲ့ဖူးတာလား တကယ်ပဲ မယုံနိုင်စရာပဲ၊ တားမြစ်နယ်မြေတွေကိုလည်း ရောက်ဖူးတယ်ပေါ့
အကယ်၍ ထိုသို့ဆိုလျှင် သူသည် ရှေးဟောင်း မသေမျိုး၏ တရားဟောပြောချက်များကို ကြားဖူးလိမ့်မည်။
အကယ်၍ တစ်ခုခုကို ပြန်ပြောပြနိုင်ပါက သူတို့၏ ကျင့်စဉ်များ တိုးတက်လာနိုင်မည် မဟုတ်လား
ချက်ချင်းပင် လွတ်လပ်သော မသေမျိုးအချို့မှာ ဝိညာဉ်ရတနာ၏ တကယ့်တန်ဖိုးကို နားလည်သွားကြသည်။
ကျိတူးခုံးယွမ်က အနည်းငယ် ပြုံးလိုက်ပြီး လက်ဖဝါးရှိ စွမ်းအင်ကို သုံးကာ မသေမျိုးလှေ ၏ စကားများကို ဖိနှိပ်လိုက်ပြီးနောက်
"ဝိညာဉ်ရတနာမှာ ဝိညာဉ်ရှိတော့ လူတွေလိုပဲ လိမ်တတ်၊ ချဲ့ကားတတ်ပါတယ် သူ့ကို မသန့်စင်ခင်မှာ သူပြောတဲ့စကားတွေကို ရည်ညွှန်းချက်အနေနဲ့ပဲ သဘောထားပါ ရှေးဟောင်း မသေမျိုးနဲ့ လိုက်ပါခဲ့တယ်၊ တားမြစ်နယ်မြေတွေ ရောက်ဖူးတယ်ဆိုတာမျိုးကိုတော့ နားထောင်ရုံပဲ သဘောထားလိုက်ပါ "
ဟု ပြောသည်။
လူတိုင်း အတွေးနက်သွားကြသည်။
အဆင့် (၄)၊ (၅) နှင့် (၆) ကျွမ်းကျင်သူများမှာလည်း တိုတောင်းသော အချိန်အတွင်း ဤလှေကို အကဲဖြတ်ပြီး ဖြစ်သည်။
မသေမျိုးတံဆိပ် (၂) ခု ဆိုသည်မှာ ကောင်းကင်အဆင့် များထဲတွင် အလယ်အလတ်သာ ရှိသည်။
သို့သော် ဝိညာဉ်ပေါက်ဖွားလာသည်နှင့် သာမန် ရတနာများထက် သာလွန်သွားပြီး ဝိညာဉ်ရတနာဟု ခေါ်ဆိုသည်။
သို့သော်... လှေ၏ အသုံးပြုနိုင်မှုမှာ ကျဉ်းမြောင်းလွန်းပြီး၊ တန်ဖိုးလည်း မမြင့်လှသဖြင့် အများစု မှတ်သားထားသည့် ဝိညာဉ်ရတနာ စာရင်းတွင်လည်း ဤလှေ မပါဝင်ပေ။
၎င်းမှာ ဝိညာဉ်ရတနာများထဲတွင် အသာမန်ဆုံးပင် ဖြစ်သည်။
ချက်ချင်းပင် လူတိုင်းမှာ မိမိတို့၏ အကဲဖြတ်မှု ဈေးနှုန်းများကို စိတ်ထဲတွင် သတ်မှတ်လိုက်ကြပြီး၊ လေလံဈေးမှာ မည်မျှ ဖြစ်လာမလဲဟု စောင့်ကြည့်နေကြသည်။
ကျိတူးခုံးယွမ်က အသေးစိတ် ထပ်မရှင်းပြတော့ပေ။
ဝိညာဉ်ရတနာ ဟူသော အမည်နာမပင် ရှိနေပြီဖြစ်ရာ လုံလောက်ပြီဖြစ်သည်။
လေလံဈေးကို မသေမျိုးကျောက်တုံး (၃၀၀) မှ စတင်ရန် သတ်မှတ်ပြီး တစ်ကြိမ်တိုးလျှင် (၁၀) တုံးထက် မနည်းရဟု သတ်မှတ်သည်။
ထိုလေလံဈေးမှာ အထက်ပိုင်း (၃) နယ်မြေ ဖိတ်စာထက် ပိုများသော်လည်း ဖိတ်စာ၏ တန်ဖိုးကို ပိုမိုသက်သေပြလိုက်ခြင်းပင် ဖြစ်သည်။
နဂါးအိုကြီးမှာ ဖန့်ချန်ကို လျှို့ဝှက်စွာ ကြည့်လိုက်သည်။
ဖန့်ချန် ဘာမှ မလှုပ်ရှားသည်ကို မြင်ရသောအခါ ဤလှေကို လေလံဆွဲရန် မလိုကြောင်း သူ နားလည်လိုက်သည်။
"၃၁၀"
"၃၄၀"
"၄၀၀"
"၄၃၀"
အချို့သော ကျင့်ကြံသူများမှာ စမ်းသပ်သည့်အနေဖြင့် လေလံဆွဲကြသည်။
ထိုသူတို့မှာ မျက်နှာ၊ ကိုယ်ဟန်နှင့် အရှိန်အဝါကို ဖုံးကွယ်ထားသူများပင် ဖြစ်သည်။
သူတို့မှာ အဆင့် (၅) သို့မဟုတ် အဆင့် (၄) မသေမျိုးများ ဖြစ်ကြသည်။
ဒါယူး မသေမျိုးအရှင် စသည့် အဆင့် (၆) ကျွမ်းကျင်သူများမှာမူ ယခုအချိန်ထိ လေလံမဆွဲကြသေးပေ။
ဈေးနှုန်းမှာ (၅၀၀) သို့ ရောက်ရှိသွားချိန်တွင် နေရာမှာ ခဏတာ ငြိမ်သက်သွားသည်။
လေလံဆွဲသူမှာလည်း အနည်းငယ် စိုးရိမ်နေဟန်ရှိပြီး ထိုင်ရွှီ မသေမျိုးအရှင်တို့ကို ကြည့်နေသည်။
အကယ်၍ သူတို့သာ ဝင်လာမည်ဆိုလျှင် ဒီလှေကို ရရန် မဖြစ်နိုင်တော့ပေ။
"၅၂၀"
ဒါယူး မသေမျိုးအရှင်က ပြုံး၍
"အကယ်၍ တစ်ယောက်ယောက်က ဒီထက်ပိုပြီး ဈေးပေးမယ်ဆိုရင် ကျုပ် မယှဉ်တော့ပါဘူး "
လူတိုင်း တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။
(၅၀၀) ဖြင့် လေလံဆွဲထားသူမှာ ယခုအချိန်တွင် အတော်ပင် စိတ်ရှုပ်ထွေးနေပြီး နောက်ဆုံးတွင် စိတ်ကိုတင်း၍ လေလံမဆွဲတော့ပေ။
သူတို့က ထိုနေရာတွင် အသွင်ပြောင်းထားသော်လည်း အဆင့် (၆) မသေမျိုးအရှင်များ၏ နည်းလမ်းကို မည်သူမှ မသိနိုင်ကြပေ။
လေလံပွဲမှ ထွက်ခွာပြီးနောက် ဘေးဒုက္ခများ ရောက်လာမည်ကို စိုးရိမ်ကြသည်။
တစ်ခါတစ်ရံ အဆင့် (၆) မသေမျိုးအရှင်တစ်ဦး၏ သဘောထားမှာ အခြေအနေ တစ်ရပ်လုံးကို ပြောင်းလဲစေနိုင်သည်။
"အင်း၊ မသေမျိုးလှေဆိုတော့ ဆယ်မျက်နှာဂိုဏ်းက စိတ်ဝင်စားပါတယ် ဝိညာဉ်ရတနာ တစ်ခုပဲလေ "
လုံဖူ မသေမျိုးအရှင်က ပြုံး၍
"၅၃၀"
ဒါယူး မသေမျိုးအရှင်မှာ ဒေါသမထွက်ဘဲ သူပြောသည့်အတိုင်းပင် ဆက်မဆွဲတော့ပေ။
ထိုင်ရွှီ မသေမျိုးအရှင်တို့လည်း စိတ်မဝင်စားကြပေ။
သို့မဟုတ် ပိုက်ဆံ အမြောက်အမြား ပေး၍ လေလံဆွဲရန် စိတ်မကူးကြပေ။
နောက်ဆုံးတွင် လုံဖူ မသေမျိုးအရှင်က လှေကို ရရှိသွားသည်။
"၅၀၀ ကျော်လောက်ပဲလား မှန်လေး ၊ ဓားငယ်လေး ၊ တိမ်တိုက်အလံ၊ ဒါတွေအားလုံးက ဝိညာဉ်ရတနာတွေပဲ ဘက်ပေါင်းစုံက ကြည့်ရင် ဒီလှေထက် ပိုတန်ဖိုးရှိမှာပါ "
ဖန့်ချန် စိတ်ထဲတွင် တွေးလိုက်သည်။
ကျိတူးခုံးယွမ်က လေလံပွဲကို ဆက်လက် ဦးဆောင်သည်။
နောက်ထပ် ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်ရာ ကျောက်စိမ်းဘူး ထဲမှ ပူနွေးသည့် အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။
လူတိုင်း အလိုအလျောက်ပင် မျက်လုံးကို မှေးကြည့်လိုက်ကြသည်။
ဘူးထဲတွင် လက်မအရွယ်အစားရှိသော မီးနီရောင် ပုလဲလုံးတစ်လုံး ရှိနေသည်။
ကျိထျန်းတုနှင့် ဆူယာအမျိုးသမီး၏ အသက်ရှူသံမှာ မြန်ဆန်သွားသည်။
ကျိတူးခုံးယွမ်က ပြုံး၍
"ဒါက ရန်ကျင်း ပါ နေမင်းကြီးထံမှ ရရှိလာတာပါ "