← Chapters

အခန်း (၁၂၈၉-၁၂၉၀)

Vol. 129 Ch. 1289-1290

အခန်း (၁၂၈၉-၁၂၉၀)

Vol. 129 Ch. 1289-1290

အခန်း (၁၂၈၉) - ကျုပ်က သိုင်းဝိညာဥ်နယ်မြေ ဝိညာဥ်သုတ်သင်ခြင်းဌာန က ဟွမ်ချင်းကျွဲ ပါ

"ရန်ကျင်း လား ဒါက ဘာပစ္စည်းလဲ ဝိညာဉ်ပစ္စည်းလား "

"မင်း ခုနက မကြားလိုက်ဘူးလား သူက နေမင်းကြီးဆီက ရတာတဲ့၊ နေမင်းထဲက အနှစ်သာရတွေ ဖြစ်မယ် "

"နေမင်းဆိုတာ လူသားနယ်မြေ (၉) ခုထဲမှာ ရှေးအကျဆုံး နေရာပဲ အထက်ပိုင်း (၃) နယ်မြေတောင် သူ့ဆီကနေ အလွန် ဝေးကွာလွန်းတယ် တကယ်လို့ ရန်ကျင်းက တကယ်ပဲ နေမင်းဆီကနေ ရတာဆိုရင် ဒါက သာမန် ဝိညာဉ်ပစ္စည်းတော့ မဟုတ်ဘူးဒါပေမဲ့... နေမင်းကြီးဆီကနေ အနှစ်သာရတွေကို တကယ်ပဲ ထုတ်ယူနိုင်တဲ့သူ ရှိလို့လား "

လူအများ တီးတိုးပြောဆိုနေကြသည်။

အပြင်ပန်းမှာ စကားပြောနေကြသော်လည်း အမှန်တကယ်တွင် ကျိတူးခုံးယွမ် ကြားအောင် ရည်ရွယ်ပြောဆိုနေခြင်း ဖြစ်သည်။

အကယ်၍ ကံကောင်းလျှင် ကျိတူးခုံးယွမ်ထံမှ ရှင်းပြချက်ကို ကြားရပြီး ထိုရန်ကျင်းမှာ မည်သည့်အရာ ဖြစ်ပြီး မည်သို့ အသုံးဝင်သည်ကို သိရှိနိုင်လိမ့်မည်။

"အားလုံးပဲ၊ နေမင်းကြီးနဲ့ ပတ်သက်ပြီးတော့ ကျင့်စဉ် အသီးသီးမှာ သူတို့ကိုယ်ပိုင် ရှင်းပြချက်တွေ ရှိကြမယ်လို့ ထင်ပါတယ် "

ကျိတူးခုံးယွမ် အနည်းငယ် ပြုံးလိုက်သည်။

သူသည် ရန်ကျင်းနှင့် ပတ်သက်သည့် အကြောင်းအရာများကို တကယ်ပင် စတင်ပြောပြတော့မည်ကို မြင်လိုက်ရသောအခါ ကျိထျန်းတုနှင့် ဆူယာအမျိုးသမီးတို့၏ မျက်နှာမှာ အနည်းငယ် ပျက်သွားသည်။

နှစ်ဦးစလုံးသည် ကျိတူးခုံးယွမ်က ရန်ကျင်းအကြောင်းကို အနည်းငယ် သိရှိထားလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။

သို့သော် ကံကောင်းသည်မှာ သူတို့၏ သိရှိမှုမှာ အနည်းငယ် သာ ဖြစ်သည်ကို အတည်ပြုနိုင်ကြသည်။

အကယ်၍သာ ပိုသိနေမည်ဆိုလျှင် ရန်ကျင်းမှာ လေလံပွဲတွင် ပေါ်လာလိမ့်မည် မဟုတ်ပေ။

တကယ့် အဖိုးတန်ပစ္စည်းမှန်လျှင် လေလံပွဲမှတဆင့် ရဖို့ မဖြစ်နိုင်ပါ။

၎င်းတို့မှာ ပုဂ္ဂိုလ်ကြီးများက ကြိုတင်သတ်မှတ်ထားသည့် အရာများသာ ဖြစ်သည်။

" ထိုင် ဆိုတာ အလွန်ဆုံး၊ အထွတ်အထိပ်လို့ အဓိပ္ပာယ်ရတယ် နေမင်းကြီး ဆိုတာလည်း သဘာဝအားဖြင့် အလွန်ဆုံး၊ အထွတ်အထိပ် တည်ရှိမှုပါပဲ။ အပေါ်က မီးလျှံတွေဟာ အသန့်စင်ဆုံး ဖြစ်ပြီး လက်ရှိလောကမှာ မည်သည့် မသေမျိုးမီးလျှံ နှင့်မျှ မနှိုင်းယှဉ်နိုင်ပါဘူး မည်သည့် မသေမျိုးအရှင် မဆို နေမင်းရဲ့ မီးလျှံထက် ပိုသန့်စင်တဲ့ မီးအမျိုးအစား ကျင့်စဉ်တွေကို မထုတ်လွှတ်နိုင်ပါဘူး "

ကျိတူးခုံးယွမ် အေးအေးဆေးဆေး ပြုံးလျက်

"ငြင်းဖို့ မလျင်မြန်ပါနဲ့ဦး ဒါဟာ ကျုပ် ရှေးဟောင်း မသေမျိုးတစ်ဦးဆီက သင်ယူခဲ့ရတဲ့ အသိပညာပါ ဒီနေ့တော့ အားလုံးနဲ့ ငြင်းခုံဖို့ မဟုတ်ဘဲ ရန်ကျင်းရဲ့ မူလအစကို ပြောပြဖို့သက်သက်ပါ "

"ကြားသိရသလောက်တော့ နေမင်းကြီးမှာ ကာလတစ်ခုမှာ လှိုင်းထန်မှုတွေ ဖြစ်ပေါ်တတ်တယ် မီးစွမ်းအားတွေကလည်း ထွက်ပေါ်၊ ပေါက်ကွဲတတ်တယ်။ အလွန်ပြင်းထန်တဲ့အခါ မီးပွင့်အချို့ဟာ နေမင်းဆီကနေ လွင့်ထွက်လာတတ်တယ်။ သူတို့က နန်ချင်း ကြယ်တာရာနယ်မြေလို နေရာမျိုးကိုတောင် အလွယ်တကူ ဖျက်ဆီးနိုင်တယ်"

" အထူးပြုလုပ်ထားတဲ့ စိတ်ဝင်စားဖွယ် ကျင့်စဉ်တွေ မရှိရင် သူတို့ရဲ့ လောင်ကျွမ်းမှုကို မရှောင်လွှဲနိုင်ဘူး အဲဒီလို မီးပွင့်မျိုးက အာကာသနယ်မြေမှာ ကြာရှည်နေပြီးတဲ့အခါမှာ ဝိညာဉ်ပစ္စည်းတစ်မျိုးအဖြစ် ပြောင်းလဲသွားပြီး၊ အရာရာကို လောင်ကျွမ်းစေနိုင်တဲ့ ကြောက်မက်ဖွယ် စွမ်းအားမျိုး မရှိတော့ဘူး "

ကျိတူးခုံးယွမ် လက်ထဲရှိ ကျောက်စိမ်းဘူးကို မြှောက်ပြလိုက်သည်

"ဒီလို ဝိညာဉ်ပစ္စည်းမျိုးကို ရန်ကျင်း လို့ ခေါ်ပါတယ် "

စကားရပ်လိုက်ပြီး

"တကယ်လို့ ခင်ဗျားတို့က မီးစွမ်းအားနဲ့ ပတ်သက်တဲ့ ကျင့်စဉ်ပစ္စည်းကို ပြုလုပ်ချင်တာပဲဖြစ်ဖြစ်၊ မီးစွမ်းအားနဲ့ ပတ်သက်တဲ့ ဆေးလုံးဖော်စပ်တာပဲဖြစ်ဖြစ်၊ မီးစွမ်းအားနဲ့ ပတ်သက်တဲ့ မသေမျိုးကျင့်စဉ်ကို ကျင့်ကြံတာပဲဖြစ်ဖြစ်၊ ဒီရန်ကျင်းက အထူးအကူအညီ ပေးနိုင်ပါလိမ့်မယ်"

"ဒီနေ့ တက်ရောက်လာတဲ့သူတွေထဲမှာ ဓာတ်ငါးမျိုး နယ်မြေ ကနေ လာပြီး မီးစွမ်းအားကို အထူးပြုတဲ့ မိတ်ဆွေတွေ ရှိမှာပါ ဒါဆိုရင် ရန်ကျင်းဆိုတာ ခင်ဗျားတို့ လက်လွတ်မခံသင့်တဲ့ ပစ္စည်းပါပဲ "

သူ့၏ ရှင်းပြချက်ကြောင့် ဖန့်ချန်သည် လူအများအပြား၏ အသက်ရှူသံများ မြန်ဆန်လာသည်ကို သတိပြုမိသည်။

သို့သော်လည်း... ပိုမိုများပြားသူများမှာ ငြိမ်သက်နေကြပြီး ရန်ကျင်းအပေါ် စိတ်ဝင်စားမှုမှာလည်း လျော့နည်းသွားကြသည်။

အကြောင်းမှာ နောက်ဆုံးတွင် သူ့၏ တကယ့်အသုံးဝင်ပုံကို မပြောပြသွားသောကြောင့် ဖြစ်သည်။

အသုံးဝင်ပုံ ကျယ်ပြန့်လွန်းသည့် ပစ္စည်းမှာ လူသားနယ်မြေ (၉) ခုတွင် အလေးအနက် မထားကြပေ။

"ဒီလူက စကားတွေ အရမ်းများတာပဲ "

ကျိထျန်းတု၏ မျက်နှာမှာ မကောင်းလှပေ။

ကံကောင်းသည်မှာ သူတို့သည် မသေမျိုးကျောက်တုံး ၁၀၀၀ အပြည့်အစုံ ပြင်ဆင်လာခဲ့သည်။

ကျိတူးခုံးယွမ်၏ ထိုမိတ်ဆက်မှုမှာ အများဆုံးအနေဖြင့် ကျောက်တုံး (၁၀) တုံးလောက် ပိုကုန်ကျစေနိုင်ရုံသာ ရှိသည်။

"လူသားနယ်မြေ (၉) ခုမှာ နေမင်းရဲ့ မီးလျှံနဲ့ နှိုင်းယှဉ်နိုင်တဲ့ မသေမျိုးမီးလျှံမျိုး မရှိဘူးလား "

ဖန့်ချန်၏ စိတ်ထဲတွင် မေ့လျော့ခါနီးဖြစ်နေသည့် ပုံရိပ်တစ်ခု ပြန်လည် ပေါ်လာသည်။

အချိန်ကုန်လွန်သွားသည်မှာ ကြာပြီဖြစ်ရာ ယခု ပြန်တွေးကြည့်သောအခါ အထူး ဝိညာဉ်စွမ်းအင်မျိုးသာ မရှိခဲ့လျှင် ထိုအချိန်က သူမြင်ခဲ့သည်မှာ မှားယွင်းမှုတစ်ခု ဖြစ်နေမည်ကိုပင် သံသယဖြစ်မိသည်။

"မှားယွင်းမှုဆိုတာတော့ မဖြစ်နိုင်ဘူး ဒါပေမဲ့ အဲဒီအချိန်က ငါက သာမန်လူသားပဲ သူမက နေမင်းထဲမှာ လျှောက်သွားနေတယ်လို့ ထင်ခဲ့မိတာဟာ အမြင်အာရုံ စိတ်ကူးယဉ်မှု တစ်ခု ဖြစ်နိုင်သလို၊ အခြားအကြောင်းအရင်းမျိုးစုံလည်း ဖြစ်နိုင်တယ် တကယ်လို့ နေမင်းကြီးထဲမှာ တကယ် လျှောက်သွားနိုင်တယ်ဆိုရင် ဒီအမျိုးသမီးရဲ့ ကျင့်စဉ်စွမ်းအားကို ပြန်လည် အကဲဖြတ်ရတော့မယ် "

"ရန်ကျင်းရဲ့ လေလံဈေးဟာ မသေမျိုးကျောက်တုံး (၁၀၀) မှ စတင်ပါတယ် တစ်ကြိမ်တိုးလျှင် (၅) တုံးထက် မနည်းရပါ "

ခဏအကြာတွင် မည်သူမျှ လေလံမဆွဲကြပေ။

ကျိတူးခုံးယွမ်လည်း မျှော်လင့်ထားပုံရသည်။

သူ စိတ်မပူပါ။

ဈေးနှုန်းမများလျှင် ဝယ်ယူမည့်သူ ရှိလာမည်ဖြစ်သည်။

အနည်းငယ် စောင့်ဆိုင်းပြီးနောက် လူတစ်ဦးက (၁၀၅) တုံးဖြင့် လေလံဆွဲသည်။

ကြယ်မိုး မသေမျိုးအရှင် ဖြစ်သည်။

သူမ လေလံဆွဲသောအခါ ထိုင်ရွှီ မသေမျိုးအရှင်က သူမကို တစ်ချက်ကြည့်လိုက်သည်။

ကြယ်မိုး မသေမျိုးအရှင်က တိုက်ရိုက် ရှင်းပြသည်

"တပည့် စိတ်ဝင်စားလို့ လေ့လာကြည့်ချင်လို့ ဝယ်တာပါ "

အချို့သော ကျင့်ကြံသူများသည် အထွတ်ထိပ်ဝိညာဉ်ကျောက်တုံးများရှိ ရှေးဟောင်း စွမ်းအင်များကို လေ့လာရာတွင် အချိန်ပေးသကဲ့သို့ပင်။

ကြယ်မိုး မသေမျိုးအရှင် လေလံဆွဲပြီးနောက်တွင် မည်သူမျှ ရန်ကျင်းကို ဆက်လက် ယှဉ်ပြိုင်မည်မဟုတ်ဟု ထင်ထားသော်လည်း ချက်ချင်းပင် (၁၁၀) တုံးဖြင့် အခြားတစ်ယောက်က လေလံဆွဲပြန်သည်။

ကြယ်မိုး မသေမျိုးအရှင် အနည်းငယ် မျက်မှောင်ကြုတ်ကာ ခဏစဉ်းစားပြီးနောက် စွန့်လွှတ်လိုက်သည်။

ကျိထျန်းတု စိတ်သက်သာရာ ရသွားသည်။

သူသည် ကျိတူးခုံးယွမ်ကို လှောင်ပြောင်လိုက်သည်။

စကားတွေ အများကြီး ပြောတာကြောင့်ပင် အထဲမှာ တစ်ခုခု လျှို့ဝှက်ချက် ရှိနေမည်ကို စိုးရိမ်ကာ ဝယ်ရဲသူ မရှိခြင်းဖြစ်သည်။

အချိန်ကြာမြင့်ပြီးနောက် ကျိတူးခုံးယွမ်မှာ လေလံပွဲကို အဆုံးသတ်ရန် ပြင်ဆင်နေစဉ် အခြားတစ်ဦးက ထပ်မံ လေလံဆွဲသည်။

"၁၃၀ "

"အို ရန်ကျင်းကို ဆက်ယှဉ်ပြိုင်တဲ့သူ ရှိသေးတာလား "

လေလံဆွဲသူမှာ နဂါးအိုကြီး မဟုတ်ဘဲ ကိုယ်ဟန်ကို ဖုံးကွယ်ထားသူ တစ်ဦးဖြစ်သည်။

လူအများက ထိုသူမှာ ဓာတ်ငါးမျိုး နယ်မြေ မှ ဖြစ်မည်ဟု ခန့်မှန်းကြသည်။

ထိုနယ်မြေရှိ အဓိက ကျင့်ကြံသူများသည် ဓာတ်ငါးမျိုးစွမ်းအား ကို အခြေခံပြီး လေ့လာကြသည်။

အကြောင်းမှာ ဓာတ်ငါးမျိုး နယ်မြေ၏ စွမ်းအားမှာ အထက်ပိုင်း (၃) နယ်မြေနှင့် အောက်ပိုင်း (၆) နယ်မြေတွင် အကြွယ်ဝဆုံး ဖြစ်သောကြောင့် ဖြစ်သည်။

နှစ်ဦးစလုံး အပြိုင်အဆိုင် လေလံဆွဲကြသည်။

ဈေးနှုန်း (၂၀၀) ကျော်သွားသောအခါ ထိုသူမှာ စွန့်လွှတ်လိုက်သည်။

"ရန်ကျင်းက ငါတို့အပိုင်ပဲ "

ဆူယာအမျိုးသမီး တည်ငြိမ်စွာ ပြောသည်။

ကျိထျန်းတု၏ မျက်လုံးထဲတွင် အပြုံးတစ်ခု ပေါ်လာပြီး ခေါင်းညိတ်လိုက်သည်။

သို့သော် နားထဲတွင် လေလံဆွဲသံ တစ်ခုကို ထပ်ကြားရသည်။

"၂၅၀ "

နဂါးအိုကြီးက အေးဆေးစွာ ပြောသည်။

ဘယ်သူလဲ

ကျိထျန်းတု၏ မျက်လုံးထဲတွင် အေးစက်စက် အကြည့်တစ်ခု ပေါ်လာပြီး လေလံဆွဲသူကို ကြည့်လိုက်သည်။

သူ၏ မျက်လုံးထဲတွင် အလင်းတန်းများ လည်ပတ်နေပြီး ရိုးရှင်းသည့် သက်ကြီးရွယ်အိုတစ်ဦးကို မြင်လိုက်ရသည်။

အမူအရာကို မြင်ရသော်လည်း သူ၏ ကျင့်စဉ်အရှိန်အဝါကိုမူ တိကျစွာ ခံစားမရပေ။

သေချာသည်မှာ ထိုသူမှာ သူ့ထက် အဆင့်မြင့်ပြီး အနည်းဆုံး အဆင့် (၃) လွတ်လပ်သော မသေမျိုးဖြစ်ရမည်။

(၂၅၀) တုံးဖြင့် လေလံဆွဲနိုင်သဖြင့် အဆင့်မှာ ပို၍ မြင့်နိုင်သေးသည်။

"အဆင့် (၄) မသေမျိုးလား ဓာတ်ငါးမျိုး နယ်မြေကလား "

ကျိထျန်းတု အနည်းငယ် စဉ်းစားပြီးနောက်

"၂၆၀"

"၂၇၀"

"၂၈၀"

"၂၉၀"

နဂါးအိုကြီးက ဆက်တိုက် လေလံဆွဲသည်။

ကျိထျန်းတု လေလံဆွဲပြီးတိုင်း ချက်ချင်းပင် လိုက်ဆွဲသည်။

ဤသည်မှာ... ပြိုင်ဆိုင်နေသည့် ပုံစံမျိုး ဖြစ်သည်။

ကျိထျန်းတုလည်း ထိုအတိုင်း ထင်သည်။

သို့သော် သူသည် ထိုသက်ကြီးရွယ်အိုကို မတွေ့ဖူးသလို ပဋိပက္ခလည်း မရှိကြောင်း အတည်ပြုနိုင်ပါသည်။

မသေမျိုးကျောက်တုံးများ အလဟဿ မကုန်ဆုံးစေရန် ကျိထျန်းတု စဉ်းစားပြီးနောက် နဂါးအိုကြီးကို လက်ယှက်၍

"မိတ်ဆွေ၊ မျက်နှာသာပေးပါဦး ကျုပ်က သိုင်းဝိညာဥ်နယ်မြေ ဝိညာ်သုတ်သင်ခြင်းဌာန အဖွဲ့ဝင် ဟွမ်ချင်းကျွဲ ပါ "

ချက်ချင်းပင် လူအများ၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။

အခန်း (၁၂၉၀) - အဆင့် (၄) မသေမျိုး နတ်ဆေးပင် ခုံးမင်မြက်

လူအုပ်စုထဲတွင် ဟွမ်ချင်းကျွဲ မှာ ထိုသူကို စူးစိုက်ကြည့်နေသည်။

အကယ်၍သာ သူ့နာမည်ကို အတုခိုး၍ အယောင်ဆောင်ထားသူမှာ မည်သူဖြစ်ကြောင်း သိလိုက်ရပါက၊ နောက်လာမည့် အချိန်ကာလရှည်ကြာသည်အထိ သူသည် ဘာမှလုပ်တော့မည် မဟုတ်ဘဲ ထိုသူကိုသာ အရင်ဆုံး ရိုက်နှက်တော့မည်။

ရှဲ့ကျစ် တပ်ဖွဲ့ဝင် အများအပြားဖြစ်ကြသည့် နင်ပေယို၊ ရွှီနန်ကွေ၊ လင်အန်လန် တို့မှာလည်း ထူးဆန်းသည့် အမူအရာများကို ပြသမိကြသည်။

သူတို့မှာ ထိုသူသည် တကယ်ပဲ ဟွမ်ချင်းကျွဲ ဟုတ်မဟုတ် အတည်မပြုနိုင်သဖြင့် ဟွမ်ချင်းကျွဲ ၏ စိတ်ထဲရှိနေသည့် ဒေါသမျိုး မရှိကြပေ။

"ဘယ်သူ့နာမည်ကို မခေါ်ခေါ်၊ ဟွမ်ချင်းကျွဲ နာမည်ကိုမှ ခေါ်ရလား သူက မြေဝက်ဝံဂြိုလ် ၊ ယွီရွှီ ဂြိုလ်မှာ ဟွမ်ချင်းကျွဲ ရဲ့ ယဉ်ကျေးပြီး ပွင့်လင်းတဲ့ စရိုက်ကို မြင်ဖူးလို့လား ဒါမှမဟုတ် ဝိညာဉ်သုတ်သင်ခြင်းဌာန ကို ဒေါသထွက်ပြီး မြေဝက်ဝံဂြိုလ် ရဲ့ ထူးခြားသူ ကို ဆွဲထုတ်လို့မရတော့တာကို အကြောင်းပြပြီး ဒေါသပုံချနေတာလား "

ဖန့်ချန် စိတ်ထဲတွင် အနည်းငယ် ပြုံးလိုက်သည်။

ကျိထျန်းတုမှာ ဟွမ်ချင်းကျွဲ ကိုယ်တိုင် ဒီနေ့ ပွဲကို တက်ရောက်နေပြီး သူ့အနီးအနားမှာပင် ရှိနေလိမ့်မည်ဟု ထင်မထားလောက်ပေ။

သို့သော်လည်း... သူ့အနေနဲ့ဆိုလျှင်လည်း အရေးမကြီးသည့် အချိန်အခါမျိုးတွင် မိမိမုန်းတီးသူကို နောက်ကွယ်မှ အသံပေး၍ အနှောင့်အယှက်ပေးရသည်ကို သဘောကျမိမည်ပင်။

ဝမ်ချုံးစန်း ကို လန့်ပြေးသွားအောင် မလုပ်မိရန်သာ မဟုတ်ပါက၊ သူသည် အခွင့်အရေးရှာ၍ ထိုင်ရွှီ မသေမျိုးအရှင်ကို ရိုင်းစိုင်းစွာ ပြောဆိုပြီး၊ မိမိကိုယ်ကို ထျန်းရှန်းဂိုဏ်း မှ ဝမ်ချုံးစန်း ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုမိပေလိမ့်မည်။

တစ်ဖက်လူက ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ၊ ဒေါသတကြီး ဖြစ်လာအောင်တော့ လုပ်နိုင်မည်ဖြစ်သည်။

"သိုင်းဝိညာဥ်နယ်မြေ က ဟွမ်ချင်းကျွဲ လား ရန်ကျင်း ကို ဝယ်ဖို့ မသေမျိုးကျောက်တုံး ရာချီပြီး သုံးနိုင်တာ မအံ့သြတော့ပါဘူး "

"သိုင်းဝိညာဥ်နယ်မြေ၊ ဝိညာဉ်သုတ်သင်ခြင်းဌာနမှာ ဟွမ်မျိုးနွယ်ရဲ့ အဆင့်အတန်းက မသေးဘူး ဝိညာဉ်သုတ်သင်ခြင်းဌာနဆိုတဲ့ နောက်ခံမရှိရင်တောင် ဟွမ်မျိုးနွယ်ကိုယ်တိုင်က နန်ချင်းကြယ်တာရာနယ်မြေက ဆယ်မျက်နှာဂိုဏ်းထက် မနိမ့်ကျတဲ့ ကြောက်မက်ဖွယ် အင်အားစုပဲ "

"ဟွမ်ချင်းကျွဲ... ဒီနာမည်ကို ကြားဖူးသလိုပဲ..."

"မင်း ကြားဖူးရမှာပေါ့ မင်းသာ လွန်ခဲ့တဲ့ အချိန်ကာလက သိုင်းဝိညာဥ်နယ်မြေမှာ နေခဲ့ဖူးရင် ဒီလူအကြောင်း ကြားဖူးသင့်တယ် သူက ဝိညာဉ်သုတ်သင်ခြင်းဌာနမှာ အကြံပြုချက်တစ်ခုတင်ခဲ့လို့ အကြီးအကဲတွေရဲ့ ကန့်ကွက်မှုကို အတော်လေး ခံခဲ့ရတယ်လို့ ကြားမိတယ် "

လူအများ တီးတိုးပြောဆိုနေကြသည်။

နန်ချင်းကြယ်တာရာနယ်မြေတွင် ယနေ့၌ အောက်ပိုင်း (၆) နယ်မြေမှ ကျင့်ကြံသူများ စုဝေးနေကြပြီး အထက်ပိုင်း (၃) နယ်မြေမှ လျှို့ဝှက်စွာ လှုပ်ရှားနေသူများလည်း ရှိနိုင်သည်။

သိုင်းဝိညာဥ်နယ်မြေတွင် နေခဲ့ဖူးသူတိုင်း ဟွမ်မျိုးနွယ်အကြောင်း သိကြပြီး၊ အချက်အလက်များကို သိရှိသူတိုင်း ဟွမ်ချင်းကျွဲ ၏ သတင်းစကားများကို တစ်နည်းမဟုတ်တစ်နည်း ကြားဖူးကြသည်။

ကျိထျန်းတုမှာ အလွန်ယုံကြည်ချက်ရှိစွာဖြင့် နဂါးအိုကြီးကို ကြည့်ကာ

"စီနီယာ၊ တကယ်လို့ ရန်ကျင်းကို ကျွန်တော့်ဆီ လွှဲပေးမယ်ဆိုရင် နောင်အခါ စီနီယာ သိုင်းဝိညာဥ်နယ်မြေကို ရောက်လာတဲ့အခါ ကျွန်တော်တို့ ဟွမ်မျိုးနွယ်ရဲ့ အထူးဧည့်သည်တော် ဖြစ်လာပါလိမ့်မယ် "

"ခွေးသားလေး "

နဂါးအိုကြီး စိတ်ထဲမှ ဆဲရေးလိုက်သည်။

သူက ဒီလူဘယ်သူလဲ မသိဘဲနေမလား လေလံပွဲမစခင်ကတည်းက ဖန့်ချန်ထံမှ ဤသူသည် မသေမျိုးလောက ငယ် မှ ကျင့်ကြံသူဖြစ်ကြောင်း သိထားပြီးဖြစ်သည်။

တစ်ဖက်လူက ထိုကဲ့သို့ ပြုလုပ်ခြင်းမှာ သူ့ကို ဟွမ်မျိုးနွယ်နှင့် ဆန့်ကျင်သည့် စကားများ ပြောမိအောင် ဆွဲဆောင်ခြင်းဖြစ်သည်။

ထိုသို့ဆိုလျှင် သူ ရန်ကျင်းကို မရခဲ့လျှင်တောင် သူ့အတွက် အခက်အခဲများစွာ ပေးနိုင်မည်ဖြစ်သည်။

"စိတ်ထား ယုတ်ညံ့တဲ့ကောင် "

နဂါးအိုကြီး မျက်နှာတွင် အပြုံးတစ်ခုကို ဖန်တီးကာ

"သိုင်းဝိညာဥ်နယ်မြေ၊ ဟွမ်မျိုးနွယ်က အရည်အချင်းရှိတဲ့ လူငယ်တစ်ယောက်ပဲ စည်းမျဉ်းအရဆိုရင် ငါလည်း မင်းနဲ့ မယှဉ်ပြိုင်သင့်ဘူး ဒါပေမဲ့ ငါက မီးစွမ်းအားနဲ့ ပတ်သက်တဲ့ ကျင့်စဉ်တစ်ခုကို လေ့လာနေတာ၊ အခက်အခဲနဲ့ ရင်ဆိုင်နေရလို့ ရန်ကျင်းကို လေ့လာပြီး အဆင့်တက်နိုင်မလားလို့ ကြည့်ချင်တာပါ မင်း အဆင်ပြေမယ်ဆိုရင် ငါ (၃) နှစ်လောက်ပဲ လေ့လာပါရစေ၊ သုံးနှစ်ပြီးရင် ဒီရန်ကျင်းကို မင်းဆီ လွှဲပေးပါမယ် "

ဖန့်ချန် ခေါင်းညိတ်မိသည်။

နဂါးအိုကြီး၏ တုံ့ပြန်မှုမှာ အလွန်သင့်လျော်ပြီး စိတ်ဝင်စားဖို့ကောင်းသည်။

အကယ်၍ ကျိထျန်းတုက သဘောတူလိုက်မည်ဆိုလျှင် ဈေးနှုန်း ထပ်တက်စရာ မလိုတော့ဘဲ ကျောက်တုံးများစွာ သက်သာနိုင်သည်။

ကျင့်ကြံသူများအတွက် သုံးနှစ်ဆိုသည်မှာ သာမန်လူတို့၏ သုံးရက်နှင့် တူညီသည်။

ကျိထျန်းတု၏ မျက်နှာမှာ တောင့်တင်းသွားပြီးနောက် ဈေးနှုန်းကို ထပ်တင်လိုက်သည်

"မသေမျိုးကျောက်တုံး ၄၀၀ "

သူ့အသံမှာ အေးစက်နေပြီး လေလံပွဲပြီးဆုံးလျှင် ဟွမ်မျိုးနွယ်က လာရောက်ရှင်းလင်းမည်ဟု ခြိမ်းခြောက်နေသည့် ပုံစံမျိုးဖြစ်သည်။

နဂါးအိုကြီးက လှောင်ရယ်သံပြုကာ

"၅၀၀ "

ကျိထျန်းတု၏ ခန္ဓာကိုယ် အနည်းငယ် တုန်ယင်သွားသည်။

ဆူယာအမျိုးသမီးမှာ မျက်မှောင်ကြုတ်ကာ ကျိထျန်းတုထံ အသံလွှင့်ဆက်သွယ်လိုက်သည်

"မင်းရဲ့ အပြုအမူက ဒီလူကို ဒေါသထွက်စေလိမ့်မယ်၊ ငါတို့အတွက် မကောင်းဘူး "

ကျိထျန်းတု စဉ်းစားပြီးနောက် ပြန်ပြောလိုက်သည်

"ဒေါသထွက်ရင် ဘာဖြစ်လဲ၊ သူက ငါ ဟွမ်ချင်းကျွဲဆိုတာ ပြောပြထားတာတောင်မှ အလျှော့မပေးဘူး "

"တကယ်တော့ သုံးနှစ်လောက်တော့ စောင့်နိုင်တာပေါ့..."

ဆူယာအမျိုးသမီး

"ဒါပေမဲ့ မင်းက သူ့ကို ဒေါသထွက်စေလိုက်ပြီ၊ ဈေးကလည်း ၅၀၀ ဖြစ်သွားပြီ၊ သုံးနှစ်ပြီးရင် သူက ရန်ကျင်းကို ပြန်ရောင်းပေးလိမ့်မယ်လို့ မထင်နဲ့ "

"ကိစ္စမရှိဘူး၊ ငါတို့ ဝယ်လိုက်မှာပဲ၊ ကျောက်တုံး ၁၀၀၀ အပြည့်ပါလာတာပဲ၊ လုံလောက်ပါတယ် "

ကျိထျန်းတု ခပ်ပြတ်ပြတ် ပြောသည်။

ထို့နောက် သူ ဆက်လက်လေလံဆွဲပြီး နဂါးအိုကြီးကလည်း ဆက်တိုက် တိုးမြှင့်လေလံဆွဲပြန်သည်။

လူအများ၏ အမြင်တွင် တန်ဖိုးမကြီးလှသည့် ရန်ကျင်းမှာ မသိလိုက်မသိဘာသာပင် ကျောက်တုံး ၈၀၀ အထိ ရောက်ရှိသွားသည်။

ဤဈေးနှုန်းမှာ ခုနက မသေမျိုးလှေ ထက်ပင် အဆပေါင်းများစွာ သာလွန်နေသည်။

ထိုင်ရွှီ မသေမျိုးအရှင်တို့ပင် ဤယှဉ်ပြိုင်မှုကို စိတ်ဝင်စားလာကြသည်။

ကျိတူးခုံးယွမ်မှာ မျက်နှာတွင် အပြုံးပန်းများ ဆင်မြန်းလျက်ရှိသည်။

ပစ္စည်းဈေးမြင့်လေ သူ့အတွက် ရာခိုင်နှုန်းပိုရလေဖြစ်သည်။

ကျိထျန်းတု၏ နဖူးတွင် ချွေးစေးများ ပြန်လာသည်။

ရန်ကျင်းဈေးနှုန်းမှာ သူမျှော်လင့်ထားသည်ထက် ကျော်လွန်နေပြီး ကျောက်တုံး ၁၀၀၀ အထိ နီးကပ်လာသည်။

အကယ်၍ ထိုအချက်ကို ကျော်လွန်သွားပါက သူသည် စွန့်လွှတ်ရတော့မည်။

ဝိညာဉ်နတ်ဘုရားဂိုဏ်း နှင့် ပူးပေါင်း၍ မြေဝက်ဝံဂြိုလ် ၏ ထူးခြားသူ ကို ဆွဲထုတ်ရန် တာဝန်မှာ ပျက်ကွက်ခဲ့ပြီးပြီ။

ယခု ရန်ကျင်းလေလံဆွဲသည့် တာဝန်ပါ ပျက်ကွက်သွားပါက၊ သူ၏ အစ်ကိုဖြစ်သူ (အကြည့်တစ်ချက်နှင့်ပင် လူကို တုန်လှုပ်စေနိုင်သူ) က သူ့ကို မည်သို့ အပြစ်ပေးမည်နည်း။

ကျိထျန်းတု နောင်တရမိသည်။

အကယ်၍သာ ခုနက သဘောတူလိုက်ပါက သုံးနှစ်အကြာတွင် ဈေးနှုန်းသင့်တင့်စွာဖြင့် ဝယ်ယူနိုင်မည်ဖြစ်သည်။

သို့သော် ယခုအချိန်တွင် နောက်ကျသွားပြီဖြစ်သည်။

ကျိထျန်းတု စိတ်ကိုတင်းကာ ဈေးထပ်တင်လိုက်သည်။

သူ မယုံကြည်ပါ၊ တစ်ဖက်လူက ကျောက်တုံး ၁၀၀၀ ကျော်ထိ ပေးလိမ့်မည်ဟု မထင်

"၁၀၀၀ "

ကျိထျန်းတု၏ မျက်နှာမှာ မှောင်မိုက်နေပြီး နဂါးအိုကြီးကို စိန်ခေါ်သည့် အကြည့်ဖြင့် ကြည့်သည်။

ယခုတွင် ရွေးချယ်စရာ နှစ်ခုသာ ရှိသည်၊ တစ်ယောက်ယောက်က ဝယ်လိုက်လျှင် ပြီးဆုံးပြီ ဖြစ်ရာ ဒေါသကို ဖုံးကွယ်စရာ မလိုတော့ပေ။

နဂါးအိုကြီးက လှောင်ပြုံးပြုံးကာ

"၁၀၀၅ တုံး "

ကျိထျန်းတုနှင့် ဆူယာအမျိုးသမီးတို့၏ စိတ်ဓာတ်မှာ လုံးဝကျသွားသည်။

သူတို့ ကြောင်တောင်တောင် ဖြစ်သွားကြသည်။

ဆူယာအမျိုးသမီးမှာ အနည်းငယ် တည်ငြိမ်သေးသဖြင့် နဂါးအိုကြီးကို ဦးညွှတ်ကာ

"စီနီယာ၊ စိတ်မရှိပါနဲ့၊ ဒီရန်ကျင်းကို စီနီယာ့ကိုပဲ ပေးလိုက်ပါတော့မယ် "

"အင်း "

နဂါးအိုကြီးက အေးဆေးစွာ ခေါင်းညိတ်သည်။

ကျောက်တုံး ၁၀၀၅ တုံး ပေးလိုက်ရသဖြင့် သူ နစ်နာမည်ကိုပင် ပူပန်ဟန်မရှိ။

ထိုအချက်ကြောင့် တက်ရောက်လာသည့် အဆင့် (၆) မသေမျိုးအရှင်များမှာ သူ့ကို ကြည့်သည့် အကြည့်များ ပြောင်းလဲသွားကြသည်။

ဒီလူလည်း အဆင့် (၆) မသေမျိုးအရှင် တစ်ဦး ဖြစ်မည်ဟု ယူဆကြသည်။

လူအများရှေ့တွင် နဂါးအိုကြီးနှင့် ကျိတူးခုံးယွမ်တို့ အရောင်းအဝယ် ပြီးဆုံးသွားသည်။

နဂါးအိုကြီးက ကျောက်တုံး ၁၀၀၅ တုံးကို အမှန်တကယ် ပေးလိုက်သည်ကို မြင်သောအခါ လူအများ အံ့အားသင့်ကာ လေးစားသွားကြသည်။

ဖန့်ချန်နှင့် နဂါးအိုကြီးအတွက် တာဝန်မှာ ပြီးဆုံးသွားပြီဖြစ်သည်။

သို့သော် လေလံပွဲ၏ နောက်ဆုံးပစ္စည်းမှာ အထူးခြားဆုံး ဖြစ်လာတော့မည်။

"နောက်ဆုံးလေလံပစ္စည်းကတော့ အဆင့် (၄) မသေမျိုး နတ်ဆေးပင် ခုံးမင်မြက် ပါ "

All Chapters