← Chapters

အခန်း (၁၆၆၉-၁၆၇၁)

Vol. 112 Ch. 1669-1671

အခန်း (၁၆၆၉-၁၆၇၁)

Vol. 112 Ch. 1669-1671

အခန်း (၁၆၆၉) ဒါပဲလား? မင်းတို့ အများကြီးလိုသေးတယ်

ထိုအချိန်တွင် လူတိုင်းသည် ဟွားရှန်းယွမ်ကိုသာ မျှော်လင့်ချက်ပုံအောထားကြတော့သည်။ ချူးယွင်ဖန်းကဲ့သို့ ရုတ်တရက် ပေါ်ထွက်လာသည့် လူစွမ်းကောင်းတစ်ဦးနှင့်မတူဘဲ ဟွားရှန်းယွမ်မှာမူ ငယ်စဉ်ကတည်းကပင် ကျော်ကြားခဲ့သူဖြစ်သည်။ သူသည် မွေးဖွားလာကတည်းက အခြားသူများနှင့်မတူ ထူးခြားသောကိုယ်ခန္ဓာဖွဲ့စည်းပုံရှိသူဖြစ်ပြီး နတ်ဒေဝါ၏အကြီးအကဲတစ်ဦးနှင့်လည်း မိသားစုရင်းချာကဲ့သို့ ရင်းနှီးသူဖြစ်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

ထို့ကြောင့်ပင် ဟွားရှန်းယွမ်သည် လွန်ခဲ့သော အချိန်အတော်ကြာကတည်းက နတ်ဒေဝါသို့ ဝင်ရောက်ရန် ဆုံးဖြတ်ထားခဲ့သူဖြစ်သည်။ နတ်ဒေဝါဘက်ကလည်း သူ့ကဲ့သို့သောပါရမီရှင်ကို အထူးအလေးပေးခဲ့သလို၊ သူ ဂိုဏ်းထဲသို့ မဝင်ရောက်မီကတည်းကပင် သူ့အကြောင်းကို ကြားသိထားကြပြီး ဖြစ်သည်။

အစွမ်းအစပိုင်းတွင်မူ ဟွားရှန်းယွမ်သည် မျိုးစေ့တပည့်sဆယ်ဦးထဲတွင် ထိပ်ဆုံးမှာ ရှိနေသူဖြစ်သည်။ နောင်တစ်ချိန်တွင် ဧကန်မုချ အစစ်အမှန်တပည့်တစ်ဦး ဖြစ်လာမည့်သူဟုလည်း အားလုံးက သတ်မှတ်ထားကြသည်။

"သိပ်ပြီး အတောင်ပံ မခတ်နဲ့ဦး။ မင်းတို့ကိုယ်မင်းတို့ တကယ်ပဲ အရှုံးမရှိဘူးလို့ ထင်နေတာလား။"

တစ်စုံတစ်ဦးက ကောင်းဖေးယွင်နှင့် ကောင်းဖေးဖုန်းတို့ကို စိုက်ကြည့်ရင်း ဟန့်တားလိုက်သည်။

"အရှုံးမရှိဘူးလို့တော့ မဆိုလိုပါဘူး၊ ဒါပေမဲ့ မင်းတို့လို လူတွေနဲ့ဆိုရင်တော့... ဟုတ်တယ်၊ ငါတို့က အနိုင်မခံ အရှုံးမပေးပဲ။”

ကောင်းဖေးယွင်က အေးစက်သော အပြုံးဖြင့် ပြန်ပြောလိုက်သည်။

လူတိုင်းမှာ ဒေါသထွက်နေကြသော်လည်း စိတ်ကိုထိန်းကာ ရှေ့သို့ တိုးမသွားရဲကြပေ။ နတ်ဒေဝါ၏ ဂုဏ်သိက္ခာကို အညိုးနွမ်းမခံနိုင်သကဲ့သို့ သူတို့ကိုယ်တိုင်လည်း အရှုံးမပေးလိုကြချေ။

"မင်းတို့ ဘာတွေ ငြင်းခုံနေကြတာလဲ။"

လူအုပ်ထဲမှ ပုံရိပ်တစ်ခု ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။

"ချူးယွင်ဖန်းလား?"

အားလုံး၏ အကြည့်မှာ ချူးယွင်ဖန်းဆီသို့ ရောက်သွားကြသည်။ သူတို့အားလုံးသည် ဤရုတ်တရက် ထွက်ပေါ်လာသည့် လူစွမ်းကောင်းကို မှတ်မိကြသည်။ ချူးယွင်ဖန်းသည် လွန်ခဲ့သော နှစ်ပေါင်းရာချီအတွင်း နတ်ဒေဝါတွင် အစွမ်းအထက်ဆုံးလူသစ်တစ်ဦး ဖြစ်ကောင်းဖြစ်နိုင်သည်။ သူသည် ရွှေအမတေအဆင့်ဖြင့် မျိုးစေ့တပည့်ဖြစ်လာခဲ့သည့် တစ်ဦးတည်းသောသူ မဟုတ်ပါလား။

"ချူးယွင်ဖန်း ဘာမှမဖြစ်ဘူးပဲ။"

ဟွမ်ဖုန်း၏မျက်ဝန်းများမှာ အံ့သြဝမ်းသာမှုများဖြင့် အရောင်တောက်သွားသည်။ ချူးယွင်ဖန်းဘေးကင်းနေသည်ကို မြင်လိုက်ရ၍ သူ အံ့သြသွားသလို တစ်ဖက်တွင်လည်း အပြစ်မကင်းသလို ခံစားလိုက်ရသည်။

သူ့ကြောင့်သာ ချူးယွင်ဖန်းသည် ဖန်ရှစ်ရှင်း၏ အမြှောက်စာအဖြစ် အသုံးချခံခဲ့ရခြင်း ဖြစ်သည်။ အဆုံးတွင်မူ ချူးယွင်ဖန်းကသာ ရှေ့ထွက်၍ သီးခြားကြယ်ကို မျှားခေါ်သွားပြီး သူ့အသက်ကို ကယ်တင်ခဲ့သည်။ ချူးယွင်ဖန်းတွင် မိမိကိုယ်ကို ကာကွယ်နိုင်စွမ်းရှိမည်ဟု သူ ခန့်မှန်းထားသော်လည်း၊ ယခုကဲ့သို့ ဒဏ်ရာအနာအဆာမရှိ ပြန်ပေါ်လာသည်ကို မြင်ရသောအခါ အလွန်ပင် ဝမ်းသာသွားမိသည်။

"သူ ဘာလို့ ဒီကို ရောက်နေတာလဲ။”

"သူလည်း စမ်းကြည့်ချင်လို့လား။ ဒါပေမဲ့ ဖန်းကျစ်ယွမ်နဲ့ လျို့သဲ့ချင်းတို့တောင် ရှုံးခဲ့တာပဲ၊ သူ ဘာလုပ်နိုင်မှာမလို့လဲ။”

"သူ တက်သွားရင်လည်း နောက်ထပ် အရှုံးစာရင်းတစ်ခု တိုးရုံပဲ ရှိမှာပါ။ ကောင်းဖေးယွင်နဲ့ ကောင်းဖေးဖုန်းတို့က သိပ်သန်မာလွန်းတယ်။ ဖြစ်နိုင်တာကတော့ ဟွားရှန်းယွမ်တစ်ယောက်ပဲ သူတို့ကို ယှဉ်နိုင်လိမ့်မယ်။”

"သူတို့အားလုံး ဂိုဏ်းထဲဝင်တာ အတူတူပဲကို၊ ဘာလို့ ဒီလောက်တောင် ကွာခြားနေရတာလဲ။”

လူတိုင်းက တီးတိုးဝေဖန်နေကြသော်လည်း မည်သူမျှ ချူးယွင်ဖန်းအပေါ် အကောင်းမမြင်ကြပေ။ သူသည် မျိုးစေ့တပည့်ဆယ်ဦးထဲတွင် ပါဝင်သော်လည်း အားလုံးက သူ့ကို အားအနည်းဆုံးဟု သတ်မှတ်ထားကြသည်။

အဘယ်ကြောင့်ဆိုသော် သူသည် ရွှေအမတေအဆင့်တွင်သာ ရှိသေးသောကြောင့် ဖြစ်သည်။ မျိုးစေ့တပည့်တစ်ဦး ဖြစ်လာခြင်းကပင် လုံလောက်အောင် အံ့သြစရာကောင်းနေပြီဖြစ်ရာ သူ့ထံမှ ထို့ထက်ပိုသော အရာများကို မည်သူကမျှ မမျှော်လင့်ကြချေ။

"စိတ်ဝင်စားစရာပဲ။”

ကောင်းဖေးယွင်နှင့် ကောင်းဖေးဖုန်းတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ တစ်ဦးကိုတစ်ဦး ဓားသိုင်းများဖြင့်သာ တိုက်ခိုက်နေကြသည့် ထိုနှစ်ဦးမှာ ရုတ်တရက် အရှိန်အဟုန်မြှင့်လိုက်ကြသည်။ သူတို့၏ ခန္ဓာကိုယ်အတွင်းရှိ နတ်ဘုရားစွမ်းအားများမှာ ဆူပွက်လာပြီး ဓားအလင်းတန်းများမှာ လေပြင်းမုန်တိုင်းတစ်ခုကဲ့သို့ သူတို့ပတ်ပတ်လည်တွင် ဝေ့ဝဲလာတော့သည်။ ထိုဓားအလင်းတန်းမုန်တိုင်းမှာ သူတို့နှစ်ဦးကိုသာ ဝန်းရံထားပြီး အပြင်သို့ ပြန့်ထွက်မသွားပေ။ ၎င်းကို ကြည့်ခြင်းအားဖြင့် သူတို့သည် မိမိတို့၏ စွမ်းအားကို မည်မျှအထိ ကျွမ်းကျင်စွာ ထိန်းချုပ်နိုင်သည်ကို သိသာလှပြီး ရင်သပ်ရှုမောဖွယ် ကောင်းလှပေသည်။

ထိုအတောအတွင်း ချူးယွင်ဖန်းမှာမူ ဘာကိုမျှ မမြင်သည့်အလား ရှေ့သို့ ဆက်လက် လှမ်းတက်လာသည်။

"သတိထား!"

ဟွမ်ဖုန်းက အော်ဟစ်လိုက်သော်လည်း ချူးယွင်ဖန်းက မကြားသလိုပင် ထိုဓားမုန်တိုင်းထဲသို့ တန်းတန်းမတ်မတ် လျှောက်ဝင်သွားတော့သည်။

ထိုအခါ ထူးဆန်းသောအရာတစ်ခု ဖြစ်ပေါ်လာသည်။

တောင်တန်းများကိုပင် ဖြိုခွဲနိုင်သည့် ကြောက်မက်ဖွယ် ဓားအလင်းတန်း မုန်တိုင်းမှာ ချူးယွင်ဖန်းကို အနည်းငယ်မျှ အန္တရာယ်မပေးနိုင်ချေ။ ဓားအလင်းတန်းများအားလုံးမှာ သူ့ကို ရှောင်ကွင်းသွားသကဲ့သို့ ရှိနေသည်။ အချို့သောသူများကမူ ဓားအလင်းတန်းများမှာ ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ကို ဖောက်ထွက်သွားသည်ဟုပင် မြင်လိုက်ရသော်လည်း၊ ၎င်းမှာ အရိပ်တစ်ခုကို ဖြတ်သန်းသွားသကဲ့သို့သာ ဖြစ်နေပြီး ချူးယွင်ဖန်းအတွက် မည်သည့် ခြိမ်းခြောက်မှုမျှ မဖြစ်စေခဲ့ပေ။

အားလုံးမှာ မယုံကြည်နိုင်လောက်အောင် မျက်လုံးအစုံ ပြူးသွားကြပြီး ရေရွတ်လိုက်မိသည်။

"ဒါ... ဒါ ဘာခြေလှမ်းသိုင်းလဲ။”

ချူးယွင်ဖန်းသည် တစ်စုံတစ်ရာသောခြေလှမ်းသိုင်းကို အသုံးပြုနေသည်ဟု သူတို့ တွေးလိုက်ကြသော်လည်း၊ ဤကဲ့သို့ အံ့မခန်းမြင်ကွင်းမျိုးကို ဖြစ်ပေါ်စေနိုင်သည့် မည်သည့်သိုင်းပညာမျိုး ရှိသနည်းဆိုသည်ကိုမူ မသိကြပေ။

၎င်းမှာ သူတို့သိထားသည့် မည်သည့် ခြေလှမ်းသိုင်းနှင့်မျှ မတူဘဲ ကွဲပြားခြားနားလှသည်။ နတ်ဒေဝါ၏ အဆင့်မြင့်ဆုံးခြေလှမ်းသိုင်းများပင်လျှင် ခန္ဓာကိုယ်ကို ချူးယွင်ဖန်းကဲ့သို့ ပုံရိပ်ယောင်တစ်ခုအဖြစ် ပြောင်းလဲပစ်နိုင်စွမ်း မရှိချေ။

"မဟုတ်ဘူး၊ ဒါက ခြေလှမ်းသိုင်းကြောင့်ချည်းပဲ မဟုတ်ဘူး။ သူ့ရဲ့ ခြေလှမ်းသိုင်းက တကယ်ပဲ အံ့သြစရာကောင်းပေမဲ့၊ အဓိကကတော့ သူက လျှပ်စီးလို မြန်နေလို့ပဲ။"

ဟင်းလင်းပြင်ထဲတွင် ဖုံးကွယ်နေသည့် ပုံရိပ်တစ်ခုက ပြောလိုက်သည်။

ထိုသူသည် ဟင်းလင်းပြင်ထဲတွင် ပုန်းကွယ်နေခြင်းဖြစ်ရာ အတွင်းတပည့်များကမူ သူ့တည်ရှိမှုကို သတိမထားမိကြပေ။

ထိုပုဂ္ဂိုလ်မှာ ဖြစ်ပျက်နေသမျှကို စောင့်ကြည့်နေခြင်းဖြစ်သည်။ အကယ်၍ သူသာထွက်ပေါ်လာပြီး ကောင်းဖေးယွင်နှင့် ကောင်းဖေးဖုန်းတို့ကို ဆုံးမချင်လျှင်ပင် ပြုလုပ်၍ မရနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ဤညီအစ်ကိုနှစ်ဦးမှာလည်း နတ်ဒေဝါမှ စီနီယာများမှာ သူတို့၏ ဂုဏ်သိက္ခာကြောင့် ရှေ့ထွက်လာလိမ့်မည်မဟုတ်သည်ကို ကောင်းစွာ သိထားကြသောကြောင့် ဖြစ်သည်။ ထို့အပြင် ဂမ္ဘီရကြယ်စင်ဂိုဏ်းမှာလည်း ထိပ်သီးဂိုဏ်းကြီးဆယ်ဂိုဏ်းဝင်ဖြစ်ရာ နတ်ဒေဝါအနေဖြင့်လည်း အဆင်ခြင်မဲ့စွာ မပြုမူရဲကြပေ။

သို့သော် ထိုပုဂ္ဂိုလ်ကြီးသည် ချူးယွင်ဖန်း၏စွမ်းဆောင်ရည်ကို မြင်လိုက်ရသောအခါတွင် အလွန်ပင် ချီးကျူးအံ့သြသွားရသည်။ ဤခြေလှမ်းသိုင်းမှာ အမှန်တကယ်ပင် ရင်သပ်ရှုမောဖွယ် ကောင်းလှသည်။ သို့သော် ထိုသူမှာ ချက်ချင်းပင် သိမြင်လိုက်သည်မှာ ၎င်းမှာ ခြေလှမ်းသိုင်း တစ်ခုတည်းကြောင့် မဟုတ်ဘဲ ချူးယွင်ဖန်း၏ အရှိန်အဟုန်မှာ လျှပ်စီးကဲ့သို့ မြန်ဆန်နေသောကြောင့် ဖြစ်သည်။ သာမန်လူများ၏ မျက်စိဖြင့် မမြင်နိုင်လောက်အောင် မြန်ဆန်နေခြင်းသာ ဖြစ်သည်။

"မဖြစ်နိုင်တာ။”

ကောင်းဖေးယွင်နှင့် ကောင်းဖေးဖုန်းတို့သည် မယုံကြည်နိုင်စွာ မျက်လုံးများ ပြူးသွားကြသည်။ သူတို့နှစ်ဦးမှာ အစွမ်းကုန် ထုတ်သုံးထားခြင်း ဖြစ်သည်။ သူတို့၏ ဓားကွင်းအတွင်းသို့ ဝင်ရောက်လာခြင်းမှာ သူတို့နှစ်ဦး၏ ပူးပေါင်းတိုက်ခိုက်မှုကို ခံယူခြင်းနှင့် အတူတူပင် ဖြစ်သည်။ သူတို့၏ ပူးပေါင်းတိုက်ခိုက်မှုမှ နတ်ဒေဝါ၏ ဟွားရှန်းယွမ်ပင်လျှင် အထိအခိုက်မရှိ လွတ်မြောက်နိုင်မည်မဟုတ်ဟု သူတို့ ယုံကြည်ထားခဲ့ကြသည်။

သို့သော် ယခုမူ သူတို့၏ အယူအဆမှာ ပြောင်းပြန် ဖြစ်သွားခဲ့ရပြီ။ ချူးယွင်ဖန်းသည် သူတို့၏ ဓားအလင်းတန်းများကို လုံးဝ ဂရုမစိုက်ဘဲ အလယ်မှ ဖြတ်လျှောက်သွားခဲ့ချေပြီ။

ဤသည်မှာ သူတို့၏ စိတ်ကူးထက်ပင် ကျော်လွန်နေတော့သည်။

ခဏချင်းအတွင်းမှာပင် ချူးယွင်ဖန်းသည် ဓားမုန်တိုင်းထဲမှ ထွက်လာပြီး ကောင်းမှုကုသိုလ်ခန်းမဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။ ထိုအခါမှ ချူးယွင်ဖန်းက ရပ်လိုက်ပြီး သူတို့နှစ်ဦးဘက်သို့ လှည့်ကြည့်လိုက်သည်။

"ဒါပဲလား? မင်းတို့ အများကြီး လိုသေးတယ်။”

ထိုနေရာရှိ လူတိုင်းမှာ ဆူညံသွားကြတော့သည်။ ချူးယွင်ဖန်း၏ ပေါ့ပေါ့ပါးပါး ပြောလိုက်သောစကားလုံးများမှာ ထိုအမွှာညီအစ်ကို၏မျက်နှာကို လက်ဝါးဖြင့် ရိုက်လိုက်သကဲ့သို့ပင် ပြင်းထန်လှပေသည်။

"မင်း ဘာပြောလိုက်တာလဲ။"

ကောင်းဖေးယွင်နှင့် ကောင်းဖေးဖုန်းတို့က ဒေါသတကြီးဖြင့် ပြိုင်တူ အော်ဟစ်လိုက်ကြလေတော့သည်။

အခန်း (၁၆၇၀) ကောင်းဖေးယွင်ကိုချက်ချင်းနှိမ်နင်းလိုက်ခြင်း

မြင်ကွင်းတစ်ခုလုံးရှိလူတိုင်းမှာ စိတ်လှုပ်ရှားမှုများဖြင့် ဆူပွက်သွားကြတော့သည်။

"ငါပြောသားပဲ၊ မင်းတို့ အများကြီး လိုသေးတယ်လို့။”

ချူးယွင်ဖန်း က အရေးမစိုက်ဟန်ဖြင့် ထပ်မံပြောဆိုလိုက်သည်။

"မင်း သိပ်ပြီး မာနကြီးမနေနဲ့။”

အထင်အမြင်သေးခံလိုက်ရသည်ကို မြင်လိုက်ရသောအခါ ကောင်းဖေးယွင်သည် ဒေါသကို ဆက်လက်ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။ သူသည် လက်ထဲရှိဓားကို ဝှေ့ယမ်းလိုက်ရာ တောက်ပလှသော ဓားအလင်းတန်းတစ်ခုမှာ ချူးယွင်ဖန်းဆီသို့ ဝုန်းခနဲ ဖြတ်သန်းသွားတော့သည်။

"မင်းတို့ကတော့ ယုတ်မာလွန်းတယ်။"

ဒေါသများ ရင်ထဲတွင် တငွေ့ငွေ့လောင်မြိုက်နေသည့် နတ်ဒေဝါတပည့်များက ပြိုင်တူ အော်ဟစ်လိုက်ကြသည်။

ကောင်းဖေးယွင်၏ တိုက်ကွက်မှာ ချူးယွင်ဖန်း ကို အပိုင်းပိုင်းအစစ ဖြစ်သွားစေတော့မည့်အလား လွှမ်းခြုံသွားခဲ့သည်။ သို့သော်လည်း ချူးယွင်ဖန်းက လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ရုံဖြင့် ထိုဓားအလင်းတန်းများ အားလုံးကို သူ၏ လက်ဝါးထဲတွင် စုစည်းပစ်လိုက်သည်။ သူသည် ဓားအလင်းတန်းအားလုံးကို ချက်ချင်းပင် စုပ်ယူလိုက်ရာ ၎င်းတို့မှာ မည်သည့်ခြေရာလက်ရာမျှ မကျန်ရှိတော့ဘဲ တစ်ခဏချင်းအတွင်းမှာပင် အပိုင်းပိုင်း ပြိုကွဲပျက်စီးသွားခဲ့လေသည်။

"ဒါပဲလား။"

ချူးယွင်ဖန်း က လှောင်ပြုံးတစ်ချက် ပြုံးရင်း ပြောလိုက်သည်။

" ဂမ္ဘီရကြယ်စင်ဆိုတာလည်း ဘာမှမဟုတ်ပါလား။”

ချူးယွင်ဖန်း၏ ထိတ်လန့်ဖွယ် ကောင်းလှသေ နည်းပညာဖြင့် ဓားအလင်းတန်းအားလုံးကို ချေမှုန်းလိုက်သည်ကို မြင်လိုက်ရသောအခါတွင် လူအုပ်ကြီးမှာ ချက်ချင်းပင် ဟေးခနဲ အားပေးသံများ ထွက်ပေါ်လာတော့သည်။

"ဟုတ်တယ်။ ဂမ္ဘီရကြယ်စင်ဆိုတာ ဘာမှမဟုတ်ဘူး။”

"နောက်ကနေ ခိုးတိုက်တာဟာ ယုတ်မာတဲ့ လုပ်ရပ်တစ်ခုထက် မပိုပါဘူးကွာ။"

"ဟားဟားဟား၊ သူတို့ ငါတို့ကို အထင်သေးခဲ့ကြတာကိုး။”

လူတိုင်းက စိတ်လှုပ်ရှားစွာဖြင့် တတွတ်တွတ် ပြောဆိုနေကြသည်။

ကောင်းဖေးယွင်မှာလည်း တုံ့ပြန်လာခဲ့သည်။ သူသည် စောစောက အလွန်အမင်း မာနထောင်လွှားခဲ့သော်လည်း အဆုံးတွင် ချူးယွင်ဖန်း၏ လက်ဝါးဖြင့် ရိုက်နှက်ခြင်းကို ခံလိုက်ရသကဲ့သို့ ဖြစ်သွားခဲ့ချေပြီ။ သူသည် မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့သွားခဲ့သည်။ ယခုမှသာ သူသည် ပြဿနာမှာ မည်သည့်နေရာတွင် ရှိနေသည်ကို သတိပြုမိသွားတော့သည်။

"မင်းနာမည် ဘယ်သူလဲ? မင်းနာမည်ကို ငါ့ကို ပြောရဲသလား။"

ကောင်းဖေးဖုန်းက မေးလိုက်သည်။

ချူးယွင်ဖန်းကမူ သူတို့ကို လုံးဝအဖတ်မလုပ်ဘဲ ကောင်းမှုကုသိုလ်ခန်းမဆီသို့သာ တန်းတန်းမတ်မတ် လျှောက်သွားလေသည်။ လမ်းလျှောက်နေရင်း သူသည် ဘာမှမသိနားမလည်သည့် ကလေးသူငယ်နှစ်ဦးကို ရင်ဆိုင်နေရသည့်အလား ခေါင်းကို တရမ်းရမ်း လုပ်နေသေးသည်။

ကောင်းအမွှာညီအစ်ကိုအတွက်မူ ဤသည်မှာ ဗြောင်ကျကျ လှောင်ပြောင်စော်ကားခံရခြင်းပင် ဖြစ်သည်။

"မင်းက နတ်ဒေဝါရဲ့ တပည့်တစ်ယောက် မဟုတ်လား? ငါတို့နဲ့ ယှဉ်တိုက်ဖို့ သတ္တိမရှိဘူးလို့တော့ မပြောနဲ့ဦး။ နတ်ဒေဝါက တပည့်တွေ အားလုံးက ဒီလောက်တောင် ကြောက်တတ်တဲ့ လူဖျင်းတွေလား။"

ကောင်းဖေးယွင် က အသံကျယ်ကျယ်ဖြင့် ပြောဆိုလိုက်သည်။

ချူးယွင်ဖန်းက ခြေလှမ်းများကို ရပ်လိုက်ပြီး ကောင်းဖေးယွင်ဘက်သို့ လှည့်ကာ ဆိုလိုက်သည်။

"မင်းရဲ့ ဒေါသကို ဆွပေးတဲ့ နည်းလမ်းတွေက အဆင့်မရှိပေမဲ့ ကောင်းပြီလေ၊ မင်းတို့ကို ဒီအခွင့်အရေး တစ်ခုတော့ ပေးလိုက်မယ်။”

ချူးယွင်ဖန်း၏ စကားကြောင့် လူအုပ်ကြီးမှာ သဘောကျသွားကြသည်။ သူတို့သည် ချူးယွင်ဖန်းကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဤကိစ္စတွင်မူ အားလုံးက တစ်ဖက်တည်း ရပ်တည်နေကြသည်။

ကောင်းဖေးယွင်၏မျက်နှာမှာ ပြာနှမ်းသွားခဲ့သည်။ အစကတည်းက သူ့ကို အထက်စီးမှ ဆက်ဆံနေသည့် ဤလူမှာ သူနှင့် သူ့ညီကို အလေးအနက်ပင် မထားခဲ့ချေ။

"ငါတို့ နာမည်တွေက....."

ကောင်းဖေးဖုန်းက သူတို့ ညီအစ်ကိုနှစ်ဦးအကြောင်း မိတ်ဆက်ရန် ပြင်လိုက်သော်လည်း ချူးယွင်ဖန်းက ပျင်းရိပျင်းတွဲဖြင့် လက်ခါပြလိုက်လေသည်။

"ထားလိုက်တော့။ ရှုံးနိမ့်မယ့်သူတွေရဲ့ နာမည်ကို ငါ စိတ်မဝင်စားဘူး။”

ကောင်းအမွှာညီအစ်ကိုမှာ ပို၍ပင် ဒေါသထွက်သွားကြရသည်။ သူတို့ တိုက်ခိုက်ရခြင်းပင် မရှိသေးဘဲ ချူးယွင်ဖန်းက သူတို့ကို ရှုံးနိမ့်မည့်သူများဟု သတ်မှတ်လိုက်ခြင်းမှာ အလွန်ပင် အဓိပ္ပာယ်မရှိလှပေ။

"ကိုယ့်နေရာကိုယ်မသိတဲ့ မောက်မာတဲ့ကောင်၊ ငါ မင်းကို သင်ခန်းစာ ပေးရတော့မှာပဲ။"

ကောင်းဖေးယွင်က ရှေ့သို့ တစ်လှမ်းတက်လိုက်ရာ ခရမ်းရောင်ဓားတစ်စင်း သူ၏ လက်ထဲတွင် ပေါ်ထွက်လာသည်။ ထိုဓားမှ ထွက်ပေါ်နေသော မှိန်ပျပျဓားရှိန်ဝါမှာ ကြီးမားသောစွမ်းအားကို ဆောင်ကြဉ်းထားသည်။

"နှစ်ယောက်လုံး ပြိုင်တူသာ တိုက်ကြပါ။ စိတ်မရှိပါနဲ့၊ ငါက အလျင်လိုနေလို့ ဒီမှာ အချိန်အကြာကြီး မဖြုန်းနိုင်ဘူး။"

ချူးယွင်ဖန်းက အေးအေးလူလူပင် လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။

“ဟားဟားဟား....”

လူအုပ်ကြီးမှာ ရယ်မောကုန်ကြတော့သည်။ သူတို့သည် ဤလူစွမ်းကောင်းကို အသစ်တစ်ဖန် ပြန်လည်အကဲဖြတ်ရပေမည်။ သူ၏အစွမ်းမှာ မျှော်လင့်မထားလောက်အောင် ရှိနေရုံတင်မကဘဲ သူ၏ နှုတ်သီးမှာလည်း လူကို ဒေါသထွက်၍ သေစေနိုင်လောက်ပေသည်။ အထူးသဖြင့် မိမိကိုယ်မိမိ အထင်ကြီးပြီး နတ်ဒေဝါကို အထင်မကြီးသော ကောင်းအမွှာတို့အတွက် ပို၍ ဆိုးရွားလှသည်။ အဆုံးတွင် ချူးယွင်ဖန်းက သူတို့ကို ကိုင်တွယ်ရခြင်းထက် ပို၍ အရေးကြီးသော ကိစ္စများ ရှိသေးသည်ဟု ပြောဆိုလိုက်ခြင်းပင်။

"မင်းရဲ့ အရိုးတွေကို ငါတို့ချိုးပစ်တဲ့အချိန်ကျ ဒီလိုစကားမျိုး ပြောနိုင်သေးဖို့ ငါ မျှော်လင့်ပါတယ်။”

ကောင်းဖေးဖုန်း၏ မျက်နှာမှာ ဖြူလျော်နေပြီး သူ၏ အကြည့်များမှာ ချူးယွင်ဖန်း ဆီတွင်သာ စိုက်ကြည့်နေသည်။ သူ၏ လက်ထဲတွင်လည်း ကောင်းဖေးယွင်၏ဓားနှင့် ဆင်တူသော အနက်ရောင်ဓားတစ်စင်း ရှိနေသည်။ ထိုဓားပေါ်တွင် ရှေးကျပြီး ရှုပ်ထွေးလှသော သင်္ကေတများကို ထွင်းထုထားပြီး ၎င်းမှာ အစီအရင်ပုံစံတစ်ခုနှင့် တူကာ အလင်းဖျော့ဖျော့ ထွက်ပေါ်နေသည်။

"မြန်မြန်လုပ်ကြစမ်းပါ။ အချိန်နှောင်းနေပြီ။"

ချူးယွင်ဖန်းက ပျင်းရိစွာဖြင့် အကြောဆန့်ရင်း ပြောလိုက်သည်။

ကောင်းဖေးယွင်က စတင် လှုပ်ရှားလိုက်သည်။ ဤတစ်ကြိမ်တွင်မူ ယခင်နှင့် မတူတော့ပေ။

မျက်တောင်တစ်ခတ်အတွင်း ဓားအလင်းတစ်ခုက ကောင်းကင်ကို ခွင်းလျက် ထွက်ပေါ်လာပြီး ကောင်းဖေးယွင်မှာ ချူးယွင်ဖန်း၏ရှေ့တည့်တည့်သို့ ရောက်ရှိလာခဲ့သည်။ ဓားအလင်းမှာ ချူးယွင်ဖန်းထံသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားတော့သည်။

ထိုအခါ ချူးယွင်ဖန်းက လက်ကို မြှောက်လိုက်ပြီး ထိုဓားအလင်းကို လက်ဗလာဖြင့်ပင် ပိတ်ဆို့တားဆီးလိုက်သည်။

ဘုန်း....

ချူးယွင်ဖန်း၏လက်ဝါးထက်သို့ ဓားအလင်းတန်း ကျရောက်သွားချိန်တွင် ကြေမွသွားသည်မှာ သူ၏လက်ဝါး မဟုတ်သည်ကို လူတိုင်း မြင်တွေ့လိုက်ရသည်။ ထိုသို့ဖြစ်မည့်အစား ဓားအလင်းတန်းပေါ်တွင် အက်ကြောင်းတစ်ခု ထင်ကျန်ရစ်ခဲ့ပြီးနောက် ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာတော့သည်။

ချူးယွင်ဖန်း၏လက်ဝါးရိုက်ချက်ကြောင့် ဓားအလင်းတန်းမှာ အပိုင်းပိုင်းအစစ ကြေမွသွားသည်ကို အားလုံးက အံ့ဩစွာ မြင်တွေ့လိုက်ရလေသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် ထိုဓားအစအနများသည် ကောင်းကင်တစ်ခုလုံး ပြည့်နှက်သွားသည့် လွင့်စင်နေသော အလင်းစက်များအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ထိုအခါ ချူးယွင်ဖန်းက သူ၏လက်ကို ဖြန့်လိုက်ပြီး လွင့်ပျံနေသောအလင်းစက်များကို ဖမ်းယူကာ ပြန်လည် ပစ်ပေါက်လိုက်လေသည်။

"ရော့... မင်းတို့ပစ္စည်းတွေ ပြန်ယူသွားလိုက်ဦး။”

ထိုအလင်းတန်းများမှာ ဓားအလင်း၏ အပိုင်းအစများပင် ဖြစ်သည်။ ၎င်းတို့အားလုံးသည် အတင်းအဓမ္မ ပြေးဝင်လာသည့် ကောင်းဖေးယွင်ဆီသို့ ဦးတည်သွားတော့သည်။ ကောင်းဖေးယွင်သည် နောက်ထပ် ဓားကွက်တစ်ခုဖြင့် ချူးယွင်ဖန်းကို သတ်ဖြတ်ရန် သို့မဟုတ် အပြင်းအထန် ဒဏ်ရာရရှိစေရန် ကြံစည်ထားခြင်းဖြစ်သည်။ ထို့နောက်မှ သူ၏ဓားမှာ အထိန်းအကွပ်မရှိဘဲ တိုက်ခိုက်မိခြင်းဖြစ်ကြောင်း ဆင်ခြေပေးရန် ပြင်ဆင်ထားခဲ့သည်။

အရာအားလုံးမှာ ပုံမှန်အတိုင်း ဖြစ်လာနိုင်သော်လည်း ချူးယွင်ဖန်းက သူ၏ဓားအလင်းကို ချေမှုန်းပြီး ပြန်လည် ပစ်ပေါက်လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

ကောင်းဖေးယွင်အနေဖြင့် ရှောင်တိမ်းရန် အချိန်မရှိတော့ပေ။ ထိုဓားအလင်း အပိုင်းအစများက သူ၏ ထွက်ပေါက်အားလုံးကို ပိတ်ဆို့ထားလေပြီ။

ဒုန်း....ဒုန်း....ဒုန်း....

ဓားအလင်းအပိုင်းအစများမှာ ကောင်းဖေးယွင်ကို ရိုက်ခတ်မိရာမှ ကျယ်လောင်သောပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ သူဝတ်ဆင်ထားသော အတွင်းစည်းသံချပ်ကာဝတ်ရုံမှာ အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားပြီး ဓားအလင်းများက သူ၏ခန္ဓာကိုယ်ပေါ်တွင် ပေါက်ကွဲကုန်တော့သည်။

"အားးးးးးး!"

သူသည် သွေးများ အန်ထုတ်လိုက်ရပြီး တစ်ကိုယ်လုံးမှာလည်း သွေးချင်းချင်းနီသွားတော့သည်။ သူ့ကို ထိမှန်သွားသည့် ဓားအလင်းအပိုင်းအစများကြောင့် ခန္ဓာကိုယ်တွင် အပေါက်ကြီးများစွာ ဖြစ်ပေါ်သွားခဲ့သည်။ သူသည် လွင့်ထွက်သွားကာ မြေပြင်ပေါ်သို့ ဒိုင်းခနဲ ပြုတ်ကျသွားပြီး မြေပြင်တွင် တွင်းကြီးတစ်ခုပင် ဖြစ်သွားလေသည်။

ကောင်းဖေးယွင်မှာ ချက်ချင်းပင် အရေးနိမ့်သွားခဲ့လေပြီ။

မည်သူမျှ သတိမထားမိခင်မှာပင် ကောင်းဖေးယွင်သည် သူကိုယ်တိုင် ထုတ်လွှတ်လိုက်သောဓားအလင်းဖြင့်ပင် ရှုံးနိမ့်သွားခဲ့ရသည်။ သူသည် ချူးယွင်ဖန်း၏တိုက်ကွက်တစ်ခုကိုပင် ခုခံနိုင်စွမ်း မရှိခဲ့ချေ။

ထိုခဏတွင် မြင်ကွင်းတစ်ခုလုံးမှာ သေချင်းတရားကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွားလေတော့၏။

အခန်း (၁၆၇၁) မင်းက ဘာတွေကိုလာပြီးအထာဖမ်းနေတာလဲ?

မြင်တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် လူတိုင်းမှာ ပါးစပ်အဟောင်းသားနှင့် မှင်သက်သွားစေသည်။ ဤအဖြစ်အပျက်မှာ သူတို့အတွက်တော့ စိတ်ကူးယဉ်အိမ်မက်တစ်ခုကဲ့သို့ပင် ထူးဆန်းအံ့ဩဖွယ် ကောင်းလွန်းလှ၏။

ကောင်းဖေးယွင်သည် အားနည်းလွန်းသဖြင့် ရှုံးနိမ့်သွားခြင်းဟု မည်သူမျှ မတွေးမိကြပေ။

အမှန်တကယ်တွင် ကောင်းဖေးယွင်တစ်ယောက်တည်းနှင့်ပင် ဤနေရာရှိ လူအားလုံးကို ခေါင်းမဖော်နိုင်အောင် ရိုက်နှက်နိုင်စွမ်းရှိသည်။ ယခုမှ စုဆောင်းထားသည့် နတ်ဒေဝှါဂိုဏ်းတပည့်သစ်များထဲတွင် အင်အားအကြီးဆုံးဟု ဆိုနိုင်သူပင် ဒြပ်မဲ့လေ့လာသူအဆင့်သို့ ခြေတစ်လှမ်းစာမျှသာ တက်လှမ်းနိုင်သေးသူများ ဖြစ်ကြသည်။

ကောင်းဖေးယွင်မှာမူ အလယ်အလတ်အဆင့် လေ့လာစောင့်ကြည့်သူတစ်ဦးဖြစ်သည်။ အင်အားချင်း ယှဉ်မည်ဆိုလျှင် သူသည် လူတိုင်းကို ဖိနှိပ်ခြေမှုန်းပစ်နိုင်သည်။ ထို့ပြင် ကောင်းဖေးယွင်နှင့်အတူ အင်အားကို ခန့်မှန်းရခက်သည့် ကောင်းဖေးဖုန်းပါ ပေါင်းလိုက်မည်ဆိုလျှင် ဤနေရာရှိ လူအားလုံး ဝိုင်းတိုက်လျှင်ပင် ဤအမြွှာညီအစ်ကိုကို ယှဉ်နိုင်မည်မဟုတ်ပေ။ သူတို့နှစ်ဦးကို ထိခိုက်အောင်လုပ်ဖို့ပင် အလွန်ခက်ခဲမည်ဖြစ်ပြီး သူတို့သည် အနာအဆာမရှိဘဲ အလွယ်တကူ ဆုတ်ခွာနိုင်စွမ်းရှိသည်။

ကိုယ်ခံပညာလောကတွင် နယ်ပယ်အဆင့်တစ်ဆင့် မြင့်သွားသည်နှင့် တိုက်ခိုက်ရေးစွမ်းရည်မှာ နှစ်ဆမက ကွာခြားသွားတတ်သည်။ ထို့ပြင် ဤလူအများစုနှင့် Gaoအမြွှာညီအစ်ကိုတို့ကြားရှိ အင်အားကွာခြားချက်မှာ တစ်ဆင့်ထက်မက ပို၍ဝေးကွာလှသည်။ လူတိုင်း၏အမြင်တွင် ဟွားရှန်းယွမ်တစ်ဦးတည်းသာလျှင် သူတို့နှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည်ဟု ထင်မှတ်ထားကြသည်။

သို့သော်လည်း ချူးယွင်ဖန်း၏ ရှေ့မှောက်တွင်မူ ကောင်းဖေးယွင်မှာ တစ်ချက်မျှပင် ခုခံနိုင်စွမ်းမရှိဘဲ အားနည်းလွန်းနေခဲ့သည်။ ပြန်လည်တိုက်ခိုက်မှု တစ်ချက်တည်းနှင့်ပင် သူသည် ချက်ချင်း လက်နက်ချ ရှုံးနိမ့်သွားခဲ့ရသည်။

ဤမြင်ကွင်းမှာ မည်မျှအထိ တုန်လှုပ်ခြောက်ခြားစရာကောင်းသည်ကို မြင်ယောင်ကြည့်နိုင်ပေသည်။

"ချူး... ချူးယွင်ဖန်းက ဘယ်လိုဖြစ်လို့ ဒီလောက်တောင် အစွမ်းထက်နေရတာလဲ။"

လူအတော်များများမှာ အံ့အားသင့်လွန်း၍ စကားပင် မပြောနိုင်ကြတော့ပေ။ သူတို့အထင်တွင် ချူးယွင်ဖန်းသည် ရွှေအမတေအဆင့်ဖြင့် မျိုးစေ့တပည့်ဖြစ်လာခြင်းမှာပင် အတော်လေး အံ့ဩစရာကောင်းနေပြီ ဖြစ်သည်။ သို့သော် ယခုမူ သူသည် ကောင်းဖေးယွင်ကို မျက်စိတစ်မှိတ်အတွင်းမှာပင် အလဲထိုးလိုက်လေပြီ။

"သူက တကယ် အစွမ်းထက်တာပဲ။ကောင်းဖေးယွင်ရဲ့ တိုက်ကွက်က သူ့အတွက် ဘာခြိမ်းခြောက်မှုမှ မဖြစ်ပါ့လား။"

"သူ ဘယ်လို ကိုယ်ခံပညာမျိုးကို လေ့ကျင့်ထားတာလဲ? ဒါက ကြယ်ကြွေကောင်းကင်ဂိုဏ်းရဲ့ ပညာရပ် မဟုတ်တာတော့ အသေအချာပဲ။"

လူအများက အမျိုးမျိုးခန့်မှန်းပြောဆိုနေကြသည်။ ချူးယွင်ဖန်းအသုံးပြုလိုက်သောပညာမှာ ကြယ်ကြွေကောင်းကင်ဂိုဏ်းဂိုဏ်း၏ ကိုယ်ခံပညာ မဟုတ်သည်မှာ ထင်ရှားလှ၏။ ဂိုဏ်းအနေဖြင့်လည်း တပည့်များအား အခြားသော ကိုယ်ခံပညာရပ်များ လေ့ကျင့်ခြင်းကို တားမြစ်ထားခြင်း မရှိပေ။ ဘယ်လိုပင်ဖြစ်စေ လူတိုင်းတွင် ကိုယ်စီကံတရားနှင့် ကံကောင်းသည့် အတွေ့အကြုံများ ရှိကြစမြဲပင်။ လူတိုင်းမှာလည်း မိမိဂိုဏ်း၏ ပညာရပ်နှင့် ကိုက်ညီချင်မှ ကိုက်ညီကြလိမ့်မည်။ မြစ်ပေါင်း ရာချီကို လက်ခံနိုင်မှသာလျှင် ထိပ်သီးဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲမှ တစ်ဂိုဏ်း ဖြစ်လာနိုင်ပြီး မျိုးဆက်ပေါင်း သောင်းချီတိုင်အောင် မလှုပ်မယှက်နိုင်သော အုတ်မြစ်ကို တည်ဆောက်နိုင်မည် ဖြစ်သည်။

လူတိုင်းမှာ ချူးယွင်ဖန်း၏ နောက်ခံအကြောင်းအရင်းကို အလွန်ပင် စိတ်ဝင်စားနေကြသည်။ အဘယ်ကြောင့်ဆိုသော် သူသည် အလွန်ပင် လျှို့ဝှက်လွန်းနေသောကြောင့် ဖြစ်သည်။ သူ၏ ဦးခေါင်းထက်တွင် လျှို့ဝှက်ဆန်းကြယ်သည့် အလင်းရောင်များ ဖုံးလွှမ်းနေသကဲ့သို့ ရှိနေပြီး သူ၏ အင်အား တိုးတက်လာမှုနှုန်းမှာလည်း လူတိုင်းကို တုန်လှုပ်စေခဲ့သည်။

"ဖေးယွင်"

ကောင်းဖေးဖုန်းက ဟိန်းဟောက်လိုက်သည်။ သူ၏ မျက်ဝန်းများမှာ သွေးဆူနေသကဲ့သို့ နီမြန်းနေပြီး ချူးယွင်ဖန်းကို စိုက်ကြည့်ကာ အော်ဟစ်လိုက်၏။

"မင်း သေချင်နေတာပဲ။"

ကောင်းဖေးဖုန်းက စတင်တိုက်ခိုက်လိုက်သည်။ သူ၏ ကျင့်စဉ်အဆင့်မှာ ချူးယွင်ဖန်းထံတွင် တစ်စက္ကန့်အတွင်း ရှုံးနိမ့်သွားသော ကောင်းဖေးယွင်ထက်ပင် ပို၍ မြင့်မားသေးသည်။ ဤအချက်မှာ အံ့ဩစရာ အကောင်းဆုံးပင်။

ကောင်းဖေးဖုန်းသည် အလယ်အလတ် ဒြပ်မဲ့လေ့လာသူအဆင့်သို့ ခြေချနိုင်ခဲ့သည်မှာ အတော်ကြာပြီဖြစ်သော်လည်း ကောင်းဖေးယွင်မှာမူ ယခုမှ ထိုအဆင့်သို့ စတင်ရောက်ရှိခြင်း ဖြစ်သည်။ အင်အားချင်း ယှဉ်မည်ဆိုလျှင် သူသည် ကောင်းဖေးယွင်ထက် တစ်ဆင့် ပို၍ အစွမ်းထက်သည်။

သူ၏ လက်ထဲရှိ အနက်ရောင် သံလျက်ရှည်ကြီးက လေထဲတွင် အနက်ရောင် လေပြင်းများကို ထွက်ပေါ်လာစေသည်။ ထိုလေပြင်းများထဲတွင် မရေမတွက်နိုင်သော နတ်ဆိုးများ၏ အော်ဟစ်သံများ ရောယှက်နေ၏။ ဤသည်မှာ နတ်ဆိုးတိုက်ကွက်တစ်ခု ဖြစ်သလို ဤနတ်ဆိုးဓား၏ စစ်မှန်သောစွမ်းအားလည်း ဖြစ်သည်။

စောစောက ကြယ်ကြွေကောင်းကင်ဂိုဏ်းတပည့်များကို နှိမ်နင်းစဉ်က ကောင်းဖေးဖုန်းသည် ဤဓား၏ စွမ်းဆောင်ရည်ကို အသုံးမပြုခဲ့ပေ။ ဤသည်ကို ကြည့်ခြင်းအားဖြင့် သူသည် ကြယ်ကြွေကောင်းကင်ဂိုဏ်းများကို အထင်သေးခဲ့ကြောင်း ထင်ရှားလှသည်။ ဘာမှ သိပ်မလုပ်လိုက်ရဘဲ ထိုတပည့်များမှာ ရှုံးနိမ့်သွားခဲ့ရသည်။ သို့သော် ယခုမူ ချူးယွင်ဖန်းမှာ ကိုင်တွယ်ရ ခက်ခဲသော ပြိုင်ဘက်တစ်ဦးမှန်း သူ သိလိုက်ရပြီ။ ထိုသို့သော အခြေအနေအောက်တွင် သူသည် ပထမဆုံး တိုက်ကွက်မှာပင် သူ၏ အစွမ်းရှိသမျှကို အသုံးပြုလိုက်တော့သည်။

အနက်ရောင်လေပြင်းများမှာ တစ်ကမ္ဘာလုံးကို နတ်ဆိုးနယ်မြေအဖြစ် ပြောင်းလဲပစ်တော့မည့်အလား ကောင်းကင်ယံကိုပင် ပုံပျက်သွားစေသည်။ နတ်ဆိုးလေပြင်းများမှာ လေထဲတွင် တဝုန်းဝုန်း တိုက်ခတ်နေ၏။ အလယ်အလတ်အဆင့်စောင့်ကြည့်သူတစ်ဦးပင် ဖြစ်ပါစေဦးတော့၊ ဤနတ်ဆိုးလေပြင်းများကို ထိပ်တိုက်ရင်ဆိုင်ရန် ဝံ့မည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် လေပြင်းထဲတွင် နတ်ဆိုးများ၏အူသံများ ပါဝင်နေသောကြောင့် ဖြစ်သည်။ သာမန်လူတစ်ဦးဆိုလျှင် အနည်းငယ် သတိလက်လွတ်ဖြစ်ရုံနှင့် ထိုအသံများ၏ လွှမ်းမိုးခြင်းကို ခံရပေလိမ့်မည်။

သို့သော်လည်း ချူးယွင်ဖန်းမှာ သာမန်လူ မဟုတ်ပေ။ သူသည် ထိုတိုက်ကွက်ကို ကြည့်ပင် မကြည့်ခဲ့ချေ။ နတ်ဆိုးလေပြင်းများ သူ၏ထံသို့ တိုးဝင်လာချိန်တွင် သူ၏ ခြေထောက်ကို မြှောက်ကာ ကန်ထုတ်လိုက်သည်။ ဤကန်ချက်မှာ မှောင်မိုက်သော ညယံတွင် လျှပ်စီးတစ်ချက် လက်သွားသကဲ့သို့ပင် ညကောင်းကင်ယံကို ဖြတ်တောက်ပြီး နတ်ဆိုးလေပြင်းများကို ချေမှုန်းပစ်လိုက်တော့သည်။

"မြေအောက်လောကဆောင့်ချက်"

ချူးယွင်ဖန်းသည် မြေအောက်လောကဆောင့်ချက်ကို ချက်ချင်း အသုံးပြုလိုက်လေပြီ။

ကောင်းဖေးဖုန်းသည် ချူးယွင်ဖန်းမှာ သူ၏အထက်သို့ ရုတ်ချည်းရောက်ရှိလာကာ ခြေဖြင့် နင်းချလိုက်သည်ကို သတိပြုမိလိုက်သည်။

ချူးယွင်ဖန်း၏ ခြေဖဝါးအောက်မှ ငရဲရေစင်စွမ်းအားများ ဖြာထွက်လာပြီး ၎င်းဖြတ်သန်းသွားသည့် နေရာတိုင်းမှာ ရေလျှံနေသော ရွှေတောင်ကြီးအလား ဖြစ်သွားတော့သည်။ သူ၏ ကျင့်စဉ်အဆင့်မှာ စတင်လေ့ကျင့်စဉ်ကနှင့် လုံးဝ ခြားနားသွားပြီဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ငရဲရေစင်များကို စေလွှတ်လိုက်ပြီး နတ်ဆိုးလေပြင်းများကို ချေမှုန်းပစ်လိုက်သည်။

ချူးယွင်ဖန်းက သူ့ကို နင်းချလိုက်ချိန်တွင် ကောင်းဖေးဖုန်းသည် ကောင်းကင်ယံမှ ကျဆင်းလာသော ကြောက်မက်ဖွယ်ဖိအားတစ်ခု သူ့ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသည်ကို ခံစားလိုက်ရ၏။ သူ ထွက်ပြေးရန် နေရာလွတ် လုံးဝမရှိတော့ပေ။

ဤကန်ချက်မှာ ငရဲပြည်၏ ဧကရာဇ်မင်းကိုယ်တိုင် နင်းချလိုက်သည့်အလား ခံစားနေရသည်။ ၎င်းသည် တစ်ကမ္ဘာလုံးကို ပြောင်းပြန်လှန်ပစ်နိုင်ပြီး အရာအားလုံးကို သေမင်းနိုင်ငံတော်အဖြစ် ပြောင်းလဲပစ်နိုင်သည့် ကြောက်မက်ဖွယ် တိုက်ကွက်တစ်ခုပင်။

"ဒါ ဘယ်လို ကိုယ်ခံပညာမျိုးလဲ။ ဘယ်လိုဖြစ်လို့ ဒီလောက်တောင် အစွမ်းထက်နေရတာလဲ? ငါ့မှာရှိတဲ့ အစွမ်းအားလုံးကို ထုတ်သုံးရတော့မယ်။"

ကောင်းဖေးဖုန်းက ဟိန်းဟောက်လိုက်ပြီး သူ၏ ခန္ဓာကိုယ်အတွင်းရှိ နတ်ဘုရားစွမ်းအင်အားလုံးကို ဆူပွက်စေကာ ချူးယွင်ဖန်း၏ ကန်ချက်ကို ခုခံရန် ကြိုးစားတော့သည်။

ထို့နောက် သူ၏ ဓားကို ချူးယွင်ဖန်းထံသို့ လွှဲယမ်းလိုက်၏။ မရေမတွက်နိုင်သော နတ်ဆိုးလေပြင်းများမှာ လေထဲတွင် ဖြစ်ပေါ်လာပြီး တောင်ကြီးတစ်လုံးခန့် ကြီးမားသော နတ်ဆိုးလေပြင်းကြီးတစ်ခုအဖြစ် ပေါင်းစည်းသွားသည်။

ဝုန်း....

ချူးယွင်ဖန်း၏ ခြေထောက်သည် နတ်ဆိုးလေပြင်းကြီးနှင့် ထိပ်တိုက်တိုးတော့သည်။ လေပြင်းများနှင့် မရေမတွက်နိုင်သောနတ်ဆိုးများမှာ ချက်ချင်းပင် ကြေမွသွား၏။ ကန်ချက်မှာ အရှိန်လျော့မသွားဘဲ ကောင်းဖေးဖုန်း၏ ထိပ်တည့်တည့်သို့ ကျရောက်သွားသည်။

ဘုန်း....

ကောင်းဖေးဖုန်းမှာ သွေးပျက်ဖွယ်ရာ အော်ဟစ်သံနှင့်အတူ လွင့်ထွက်သွားတော့သည်။ သူသည် သွေးအနှစ်များကို အန်ထုတ်ရင်း မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွား၏။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ အရိုးအားလုံးမှာ မျက်စိတစ်မှိတ်အတွင်း ချူးယွင်ဖန်း၏ အရှိန်ကြောင့် ကြေမွသွားသလို ခံစားလိုက်ရသည်။ သူသည် အလယ်အလတ်အဆင့်စောင့်ကြည့်သူတစ်ဦးဖြစ်ပြီး သူ၏ ခန္ဓာကိုယ်မှာ အလွန်တရာ ကြံ့ခိုင်လွန်းသောကြောင့်သာ ဤဒဏ်ကို ခံနိုင်ခြင်းဖြစ်သည်။ သာမန်လူတစ်ဦးဆိုလျှင် ယခုအချိန်တွင် သေဆုံးနေသည်မှာ ကြာလှပေပြီ။

သူ၏ ညီဖြစ်သူမှာ ချူးယွင်ဖန်းရှေ့တွင် အဘယ်ကြောင့် ဤမျှ ခုခံနိုင်စွမ်းမရှိ ဖြစ်ခဲ့ရသည်ကို သူ အခုမှ နားလည်သွားတော့သည်။ သူ၏ ညီက အားနည်းလွန်း၍ မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ချူးယွင်ဖန်းက အလွန်အမင်း အစွမ်းထက်လွန်းနေသောကြောင့်သာ ဖြစ်သည်။

"ကြယ်ကြွေကောင်းကင်ဂိုဏ်းထဲမှာ ဒီလိုလူမျိုး ဘယ်လိုလုပ် ရှိနေရတာလဲ။"

ကောင်းဖေးဖုန်းမှာ လှုပ်ရှားချင်သော်လည်း တစ်ကိုယ်လုံးမှာ ပြင်းထန်သောနာကျင်မှုကို ခံစားနေရသည်။ သူသည် ချူးယွင်ဖန်းကို စိုက်ကြည့်လိုက်၏။ သူသည် ဟွားရှန်းယွမ်မှလွဲ၍ မည်သူ့ကိုမျှ ဂရုမစိုက်ခဲ့သူ ဖြစ်သည်။ သို့သော် မည်သူက ထင်ထားမည်နည်း၊ ဤမျှော်လင့်မထားသည့် လူလေးက သူ့ကို ဤမျှ ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်နိုင်လိမ့်မည်ဟု မထင်ခဲ့ပေ။

ထိုစဉ် ချူးယွင်ဖန်းက ခေါင်းကို ခါယမ်းလိုက်ပြီး နောင်တရသလို လေသံဖြင့် ပြောလိုက်သည်။

"မင်း ဒီလောက်အထိ အားနည်းနေလိမ့်မယ်လို့ ငါ မထင်ထားဘူး။ ခုနကတော့ ဘာတွေဖြစ်လို့ လူစွမ်းကောင်းကြီးလို လာပြီး အထာဖမ်းနေတာလဲ။"

"အွတ်...."

ကောင်းဖေးဖုန်းမှာ နောက်ထပ် သွေးတစ်ခါအန်ထုတ်လိုက်ပြီး မျက်လုံးများ လန်တက်သွားကာ သတိလစ် မေ့မြောသွားလေတော့၏။

All Chapters