အခန်း (၁၆၇၂-၁၆၇၄)
Vol. 112 Ch. 1672-1674
အခန်း (၁၆၇၂) မင်းသာနောက်တစ်ခါအဓိပ္ပာယ်မရှိတာတွေပြောဦးမယ်ဆိုရင် ငါမင်းကိုဒုက္ခိတဖြစ်အောင်လုပ်ပစ်မယ်
ချုူယွင်ဖန်းသည် ကောင်းဖေးဖုန်းကို ဒေါသထွက်လွန်း၍ သတိလစ်သွားသည်အထိ ဖြစ်အောင် လုပ်နိုင်ခဲ့သည်။
နတ်ဒေဝါတပည့်များမှာ ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ အတိုင်းမသိ ဝမ်းသာသွားကြသည်။ ယခင်က ထိုညီအစ်ကိုနှစ်ယောက်၏ နှိမ်ချမှုကို ခံခဲ့ရသဖြင့် သူတို့မှာ သေမတတ် ဒေါသထွက်ခဲ့ရသော်လည်း ယခုမူ ထိုဒေါသများကို အားရပါးရ ဖြေဖျောက်နိုင်ခဲ့ပြီ ဖြစ်သည်။
လူအများအပြားမှာ ချုူယွင်ဖန်းကို ကြည့်သည့် အကြည့်များမှာ ယခင်ကထက် ပို၍ နူးညံ့လာခဲ့ကြသည်။ သူတို့မှာ အရင်ကကဲ့သို့ ရန်လိုသည့်အသွင်မျိုး မရှိကြတော့ပေ။
ချုူယွင်ဖန်းသည် ရွှေအမတေအဆင့်ဖြင့် မျိုးစေ့တပည့်ဖြစ်လာခြင်းမှာ ချုူယွင်ဖန်းအတွက်တော့ မကြုံစဖူး ဂုဏ်ယူစရာဖြစ်သော်လည်း သူတို့အတွက်မူ အရှက်ရစရာ တစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။ ရွှေအမတေအဆင့်ရှိသူတစ်ဦး၏ သာလွန်မှုကို ခံလိုက်ရခြင်းမှာ သူတို့၏ အရည်အချင်းမရှိမှုနှင့် တုံးအမှုကို ပြသနေသကဲ့သို့ ခံစားနေရသောကြောင့် ဖြစ်သည်။
သို့သော်လည်း ချုူယွင်ဖန်းက သူတို့ကိုယ်စား ဒေါသကို ဖြေဖျောက်ပေးလိုက်သည်ကို မြင်ရသောအခါ သူင်း မော့ကြည့်လိုက်သောအခါ ၎င်းမှာ အခြားသူမဟုတ်ဘဲ ဟွားရှန်ယွမ်ပင် ဖြစ်နေတေတို့၏ အမြင်များမှာ သဘာဝကျကျပင် ပြောင်းလဲသွားတော့သည်။ အနည်းဆုံးတော့ လူတော်များများက သူ့ကို ထူးဆန်းသည့်လူတစ်ယောက်အဖြစ် သဘောမထားကြတော့ပေ။
ချုူယွင်ဖန်းမှာမူ မြေပြင်ပေါ်တွင် လဲကျနေသည့် အမြွှာညီအစ်ကိုကို ဂရုပင်မစိုက်ဘဲ သာမန်ကိစ္စလေးတစ်ခုကို လုပ်ဆောင်ပြီးသွားသည့်အလား ကောင်းမှုကုသိုလ်ခန်းမထဲသို့ တန်းတန်းမတ်မတ် ဝင်သွားခဲ့သည်။ ဤသည်ကို မြင်ရသောအခါ လူအတော်များများက သက်ပြင်းချမိကြ၏။
ထိုအမြွှာညီအစ်ကိုမှာ လူတိုင်းကို မတတ်သာသည့် အခြေအနေသို့ ရောက်အောင် တွန်းပို့နိုင်ခဲ့သော်လည်း ချုူယွင်ဖန်းအတွက်မူ ထမင်းစားရေသောက်သလောက်သာ ရှိခဲ့သည်။ သေချာစဉ်းစားကြည့်မည်ဆိုလျှင် ထိုတိုက်ပွဲမှာ ချုူယွင်ဖန်းအတွက်တော့ လုံးဝပင် ခက်ခဲခဲ့ဟန်မတူပေ။
လူတိုင်းအတွက် အလွန်ပင် ဒုက္ခပေးလှသည့် အမြွှာညီအစ်ကိုမှာ ချုူယွင်ဖန်း၏ ရှေ့မှောက်တွင်မူ လုံးဝ ခုခံနိုင်စွမ်းမရှိ ဖြစ်သွားခဲ့ရသည်။
ထိုစဉ် အဝေးတစ်နေရာမှ အလင်းတန်းတစ်ခု ဖြတ်သန်းလာခဲ့သည်။ လူတိုင်း မော့ကြည့်လိုက်သောအခါ ၎င်းမှာ အခြားသူမဟုတ်ဘဲ ဟွားရှန်ယွမ်ပင် ဖြစ်နေတော့သည်။
သူသည် အလွန်အမင်း အစွမ်းထက်သည့် အရှိန်အဝါများနှင့်အတူ နတ်ဘုရားတစ်ပါးကဲ့သို့ ဆင်းသက်လာခဲ့သည်။ သူနှင့်အတူ ပါလာသည့် တိုက်ခိုက်လိုစိတ်များမှာ မြေပြင်ပေါ်တွင် လဲကျနေသည့် အမြွှာညီအစ်ကိုကို မြင်လိုက်ရချိန်တွင် ရုတ်ချည်း ငြိမ်သက်သွားတော့သည်။
တစ်စုံတစ်ယောက်က ရှေ့သို့တိုးလာပြီး ခုနက ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုသည်ကို သူ့အား ပြောပြလိုက်ရာ ဟွားရှန်ယွမ်သည် သူ၏ နတ်ဘုရားစွမ်းအင်များကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး သာမန်လူတစ်ယောက်ကဲ့သို့ ဖြစ်သွားသည်။ သူသည် သံသယများဖြင့် မျက်မှောင်ကြုတ်လိုက်၏။
သူသည် ချုူယွင်ဖန်းကို သိသော်လည်း ၎င်းမှာ ချုူယွင်ဖန်းသည် ရွှေအမတေအဆင့်ဖြင့် မျိုးစေ့တပည့် ဖြစ်လာသည့် ပထမဆုံးသူ ဖြစ်နေသောကြောင့်သာ ဖြစ်သည်။ ဤသည်မှာ သူကိုယ်တိုင်ပင် မလုပ်ဆောင်နိုင်ခဲ့သည့်အရာတစ်ခုဖြစ်၏။ ထို့ကြောင့်သာ သူက ချုူယွင်ဖန်းကို သတိထားမိခဲ့ခြင်း ဖြစ်သော်လည်း ၎င်းမှာ ထိုမျှသာပင် ဖြစ်သည်။
ဟွားရှန်ယွမ်၏ အဓိကပစ်မှတ်မှာ သူနှင့်အတူ ဂိုဏ်းထဲသို့ တစ်ပြိုင်တည်းဝင်လာခဲ့ကြသည့် တပည့်များ လုံးဝမဟုတ်ပေ။ မျိုးစေ့တပည့်ဆယ်ဦးရှိသည်ဟု ဆိုသော်ငြားလည်း ဟွားရှန်ယွမ်သည် ကျန်ရှိသူများနှင့် အဆင့်အတန်းချင်း လုံးဝမတူညီကြောင်း လူတိုင်းသိကြသည်။ သူ၏ တိုးတက်မှုနှုန်းမှာ အမြန်ဆုံးဖြစ်ပြီး သူ၏ပစ်မှတ်များမှာ ဂိုဏ်းထဲတွင် ကြာမြင့်စွာရှိနေခဲ့ကြသည့် တပည့်ဟောင်းကြီးများသာ ဖြစ်သည်။ သူသည် ကျန်ရှိသူများကို အရေးပင်မလုပ်ခဲ့ပေ။ သို့သော် ယခုမူ သူသည် ချုူယွင်ဖန်းကို အထင်သေးမိခဲ့ကြောင်း သတိပြုမိသွားပြီဖြစ်သည်။
ကောင်းဖေးယွင်ဖြစ်စေ၊ ကောင်းဖေးဖုန်းဖြစ်စေ ထိုနှစ်ယောက်စလုံးမှာ အစွမ်းထက်သော်လည်း သူ၏ပြိုင်ဘက်များ မဟုတ်ကြကြောင်း ဟွားရှန်ယွမ်က တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သည်။ ထိုနှစ်ယောက်ပေါင်း၍ တိုက်လျှင်ပင် သူ ဂရုစိုက်နေမည်မဟုတ်ပေ။ သို့သော်လည်း ချုူယွင်ဖန်းက သူတို့ကို ဤမျှလွယ်ကူစွာ အနိုင်ယူခဲ့ခြင်းမှာ ချုူယွင်ဖန်းသည် သာမန်လူတစ်ယောက်မဟုတ်ကြောင်း သက်သေပြနေသည်။
သူ့ထံတွင် မည်သူမျှမသိသေးသည့် ဝှက်ဖဲများစွာ ရှိနေရမည်။
ဤသို့တွေးလိုက်မိသည်နှင့် ဟွားရှန်ယွမ်၏ မျက်နှာအမူအရာမှာ အနည်းငယ်ပြောင်းလဲသွားပြီး စိတ်လှုပ်ရှားမှုအရိပ်အယောင်များ ထွက်ပေါ်လာသည်။ ဤကဲ့သို့ မခံစားရသည်မှာ ကြာလှပြီဖြစ်သည်။ သူ၏မျိုးဆက်ထဲတွင် သူ့အား ယှဉ်နိုင်သူမရှိသလောက်ပင်။ အမှန်တကယ်တော့ သူ့ကို ယှဉ်နိုင်သူဟူ၍ လုံးဝမရှိခဲ့ခြင်းဖြစ်သည်။
တစ်ခါတရံတွင် အရှုံးမရှိဘဲ အမြဲအနိုင်ရနေခြင်းမှာလည်း အထီးကျန်ဆန်လှသည့် ဝေဒနာတစ်ရပ်ပင်။ သူ့ထက် အသက်ဝါကြီးပြီး ပါရမီရှင်ဟု အမည်ကျော်ကြားသူများစွာပင်လျှင် သူ၏ပြိုင်ဘက်မဖြစ်ခဲ့ဘဲ သူ့ထံတွင် ရှုံးနိမ့်ခဲ့ကြရသည်။ သူသည် အစစ်အမှန်တပည့်ဖြစ်လာရန် ကံပါလာသူဖြစ်သည်။ သူ၏ စစ်မှန်သောပန်းတိုင်မှာကြယ်ကြွေကောင်းကင်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်လာရန်နှင့် ဂိုဏ်းတစ်ခုလုံးတွင် အဆင့်တစ်ဖြစ်လာရန်သာ ဖြစ်သည်။
သူနှင့်နှိုင်းယှဉ်လျှင် ရွယ်တူတပည့်များမှာ သာမန်ကာလျှံကာများသာ ဖြစ်ကြသည်။ သူ စိတ်ဝင်စားလောက်မည့်သူကို ရှာတွေ့ရန်မှာ မလွယ်ကူလှရာ ယခုမူ သူ၏မျက်နှာတွင် ထိန်းမနိုင်သိမ်းမရသော စိတ်လှုပ်ရှားမှုများ ပေါ်လွင်နေတော့သည်။
"ချုူယွင်ဖန်း.... စိတ်ဝင်စားဖို့ကောင်းသားပဲ...."
ဟွားရှန်ယွမ်၏မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာသည်။ ထို့နောက် သူသည် မြေပြင်ပေါ်ရှိ အမြွှာညီအစ်ကိုထံ လျှောက်သွားကာ သူတို့နာလန်ထူနိုင်ရန် ဆေးလုံးအချို့ကို ပေးလိုက်သည်။
ဟွားရှန်ယွမ်ပေးသည့် ဆေးလုံးများကြောင့် သူတို့၏ဒဏ်ရာများမှာ လျင်မြန်စွာပင် သက်သာလာကြသည်။ နှစ်ယောက်စလုံးမှာ မှင်သက်သွားကြရ၏။ အမှန်တော့ သူတို့သည် ဟွားရှန်ယွမ်ကို လာရောက်ရန်စခဲ့ကြသူများ ဖြစ်သော်လည်း သူက သူတို့ကို ကုသပေးရန် လိုလိုလားလား ရှိနေခဲ့သည်။ ထို့ပြင် ဤဆေးလုံးများမှာလည်း သာမန်ပစ္စည်းများမဟုတ်ကြောင်း ထင်ရှားလှသည်။ ထိုဆေးလုံးများက သူတို့ကို အချိန်တိုအတွင်း အကောင်းဆုံးအခြေအနေသို့ ပြန်ရောက်သွားအောင် ကူညီပေးခဲ့သည်။
ဟွားရှန်ယွမ်သည် သူတို့အတွက် အဘယ်ကြောင့် ဤမျှအကုန်အကျခံနေရသနည်း?
အမြွှာညီအစ်ကိုမှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားကြသည်။
"မင်း ငါတို့ကို ဘာလို့ ကူညီတာလဲ။"
ကောင်းဖေးယွင်နှင့် ကောင်းဖေးဖုန်းတို့က မေးလိုက်သည်။
"အကြောင်းပြချက်မရှိဘူး။ မင်းတို့ကကြယ်ကြွေကောင်းကင်ဂိုဏ်းဆိုတာ ဘာမှမဟုတ်ပါဘူးလို့ ပြောခဲ့တယ်ဆိုတာ ငါ ကြားမိတယ်။ အစကတော့ မင်းတို့နှစ်ယောက်ကို ရိုက်နှက်ပြီး သင်ခန်းစာ ပေးမလို့ပဲ၊ ဒါပေမဲ့ တစ်ယောက်ယောက်က ငါ့ထက် အရင်ဦးသွားတယ်လေ။ ငါက ဒုက္ခိတနှစ်ယောက်ကိုတော့ အနိုင်မကျင့်ချင်ဘူး။ အခု မင်းတို့ နေကောင်းသွားပြီဆိုတော့ ငါ မင်းတို့နှစ်ယောက်ကို ပြန်ရိုက်လို့ရပြီ။ အခုဆိုရင် ငါက ဒုက္ခိတတွေကို အနိုင်ကျင့်တယ်လို့ ဘယ်သူမှ ပြောလို့မရတော့ဘူးပေါ့။"
ဟွားရှန်ယွမ်က အေးအေးဆေးဆေးပင် ပြောလိုက်သည်။ သူ၏မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသော်လည်း ၎င်းမှာ အေးစက်စက် အပြုံးတစ်ခုသာ ဖြစ်၏။
"ဒါကတော့ လွန်လွန်းနေပြီ။"
အမြွှာညီအစ်ကိုမှာ ချက်ချင်းပင် ဒေါသပေါက်ကွဲသွားကြသည်။ ချုူယွင်ဖန်းက သူတို့ကို အရေးမလုပ်ခဲ့သည်မှာ ထားပါဦး၊ ယခု ဟွားရှန်ယွမ်ကပါ သူတို့ကို ပုရွက်ဆိတ်များနှယ် သဘောထားပြီး ဒုက္ခိတများကဲ့သို့ ဆက်ဆံနေသည်မဟုတ်ပါလော။
ဤသို့ တွေးမိသည်နှင့် အမြွှာညီအစ်ကိုမှာ သည်းမခံနိုင်တော့ဘဲ ပေါက်ကွဲထွက်ကုန်ကြသည်။ စောစောက ချုူယွင်ဖန်းထံတွင် အလွယ်တကူ ရှုံးနိမ့်ခဲ့ရသည့် ဒေါသများမှာ ယခုအခါ အရှိန်အဟုန်ဖြင့် ပြန်လည် ထွက်ပေါ်လာတော့သည်။ သူတို့သည် သူတို့၌ရှိသော စွမ်းအားအားလုံးကို ထုတ်သုံးလိုက်ကြပြီး ခန္ဓာကိုယ်များမှာ ဓားအလင်းတန်း နှစ်ခုအဖြစ် ပြောင်းလဲသွားကာ ဟွားရှန်ယွမ်ထံသို့ ပိုင်းချလိုက်ကြသည်။
ဟွားရှန်ယွမ်ကမူ လှောင်ပြုံးတစ်ချက် ပြုံးလိုက်ပြီး သူ၏လက်ကိုသာ မြှောက်လိုက်သည်။ ကောင်းဖေးယွင် နှင့် ကောင်းဖေးဖုန်း တို့ ဖန်တီးလိုက်သည့် ဓားအလင်းတန်းများမှာ ဟွားရှန်ယွမ်နှင့် ထိတွေ့လိုက်သည်နှင့် ကြေမွသွားသည်ကို လူတိုင်း ထိတ်လန့်တကြား မြင်တွေ့လိုက်ရသည်။ သူတို့မှာ လုံးဝ ပြန်မတိုက်နိုင်ကြပေ။
ဟွားရှန်ယွမ်၏ခန္ဓာကိုယ်မှ စိမ်းဖန့်ဖန့် အလင်းတန်းများ ထွက်ပေါ်လာသည်။ ထိုအလင်းတန်းများမှာ အလွန်ပင် တောက်ပလွန်းလှပြီး အရာအားလုံးကို ဖုံးလွှမ်းသွား၏။ ခဏချင်းမှာပင် ရိုက်ချက်တစ်ချက်ကို စေလွှတ်လိုက်သည်။
ဘုန်း....
ဘုန်း....
အလွန်ကျယ်လောင်သောအသံနှစ်ချက်ထွက်ပေါ်လာပြီး အမြွှာညီအစ်ကိုမှာ ချက်ချင်းပင် လွင့်ထွက်သွားကြပြန်သည်။ သူတို့သည် သွေးများကို အန်ထုတ်ရင်း လဲကျသွားကြ၏။ သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ သွေးများဖြင့် စိုရွှဲနေတော့သည်။ စောစောက ချုူယွင်ဖန်းထံတွင် ရှုံးနိမ့်ခဲ့စဉ်ကနှင့်ယှဉ်လျှင် ယခုအခြေအနေမှာ ပို၍ပင် ဆိုးဝါးနေပြီး တကယ့်ကို သနားစရာ ကောင်းလွန်းလှသည်။
ဟွားရှန်ယွမ်သည် အမြွှာညီအစ်ကိုထံ အေးစက်စက် လျှောက်သွားပြီး ပြောလိုက်သည်။
"ဒီနေ့တော့ မင်းတို့နှစ်ယောက်ကို အသေးအဖွဲပြစ်ဒဏ်ပဲ ပေးလိုက်မယ်။ အကယ်၍ မင်းတို့က နောက်တစ်ခါ အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောဦးမယ်ဆိုရင်တော့ ငါ မင်းတို့ကို ဒုက္ခိတဖြစ်အောင် လုပ်ပစ်မယ်။"
အခန်း (၁၆၇၃) ဘယ်သူကပိုအစွမ်းထက်သလဲ?
ပရိသတ်အားလုံး တိတ်ဆိတ်ငြိမ်သက်သွားကြသည်။ လူတိုင်းမှာ ဟွားရှန်ယွမ်ကို ယခုမှ ပထမဆုံးအကြိမ် စတင်တွေ့ဖူးသကဲ့သို့ ခံစားနေရ၏။
သူ့အကြောင်းကို အားလုံးက ကြားဖူးနားဝရှိသမျှ ကောလာဟလများသည် ကောလာဟလသက်သက်သာ ဖြစ်ခဲ့သည်။ ယခုမူ စစ်မှန်သော ဟွားရှန်ယွမ်ကို သူတို့ မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရပြီ ဖြစ်သည်။
သူတို့သည် ဟွားရှန်ယွမ်ကို ကြည့်ရင်း မည်သို့တုံ့ပြန်ရမည်မှန်းပင် မသိတော့ပေ။ အချို့ဆိုလျှင် ကောင်းအမြွှာညီအစ်ကိုကိုပင် သနားမိလာကြသည်။ ဇာတ်လမ်းတစ်ဝက်မှာတင် သူတို့ညီအစ်ကိုမှာ လမ်းကြုံဝင်လာသည့် ချုူယွင်ဖန်း၏ အရိုက်ကို ခံလိုက်ရသည်။ ထို့နောက် ဟွားရှန်ယွမ်က ကယ်တင်လိုက်သဖြင့် အကူအညီရပြီဟု ထင်မှတ်ခဲ့သော်လည်း၊ အမှန်တကယ်တွင်မူ ဟွားရှန်ယွမ်က သူတို့ကို ပြန်ရိုက်နိုင်ရန်အတွက်သာ ဆေးကျွေးပြီး ကုသပေးခဲ့ခြင်း ဖြစ်နေသည်။
ကယ်တင်ပြီးကာမှ လှုပ်မရအောင်အထိ ပြန်လည်ရိုက်နှက်လိုက်ခြင်းပင်။
"ငါ ဒေါသမထွက်တော့ဘူး။ တကယ်တော့ ငါတောင် ရယ်ချင်လာပြီ။"
"ငါလည်း ရယ်ချင်နေတာ...."
"ဒီညီအစ်ကိုနှစ်ယောက် ဒီနေ့ အပြင်မထွက်ခင် သူတို့ရဲ့ ဇာတာကို သေချာမစစ်ခဲ့ကြဘူး ထင်တယ်။"
"ဒါပေမဲ့ ဟွားရှန်ယွမ်ကတော့ တကယ့်ကို အစွမ်းထက်လွန်းတယ်။ သူက ကောလာဟလတွေထက်တောင် ပိုပြီး ကြောက်စရာကောင်းနေပါလား။ တကယ့် နတ်ဆိုးတစ်ကောင်အတိုင်းပဲ။ အမြွှာညီအစ်ကိုတွေက သူ့ရှေ့မှာ ဘာမှမတတ်နိုင်ကြဘူး။ ဟွားရှန်ယွမ်နဲ့ ရင်ဆိုင်ရတဲ့အခါ သူတို့ ဒီလောက်အထိ အစွမ်းမရှိ ဖြစ်သွားလိမ့်မယ်လို့ ဘယ်သူ သိမှာလဲ?"
"ဟွားရှန်ယွမ်တစ်ယောက်တည်း အစွမ်းထက်တာ မဟုတ်ဘူးနော်။ ချုူယွင်ဖန်းကလည်း သူ့ထက် မနိမ့်ဘူးဗျ။"
လူတိုင်းက အားတက်သရော ဆွေးနွေးနေကြသည်။ ဤအချိန်တွင် သူတို့၏ ဒေါသများမှာ လွင့်စင်ပျောက်ကွယ်သွားပြီ ဖြစ်သည်။ နှစ်ကြိမ်တိုင်တိုင် အရိုက်ခံလိုက်ရသည့် ကောင်းအမြွှာညီအစ်ကိုကိုပင် သူတို့ သနားလာကြသည်။ ဆွေးနွေးမှုများသည် တဖြည်းဖြည်းနှင့် ချုူယွင်ဖန်းနှင့် ဟွားရှန်ယွမ်တို့ဆီသို့ ဦးတည်သွားတော့သည်။ လမ်းကြုံဝင်လာပြီး အမြွှာညီအစ်ကိုကို ရိုက်သွားသည့် ချုူယွင်ဖန်းဖြစ်စေ၊ သူတို့ကို ကယ်တင်ပြီးမှ ပြန်ရိုက်သည့် ဟွားရှန်ယွမ်ဖြစ်စေ၊ ဤဖြစ်ရပ်နှစ်ခုမှာ ယခုနှစ်၏ အထူးခြားဆုံး ဖြစ်ရပ်ဆယ်ခုထဲတွင် ပါဝင်မည်မှာ သေချာလှပေသည်။
မျိုးစေ့တပည့်ဆယ်ဦးထဲမှ ကျန်ရှိနေသူများမှာမူ မျက်နှာပျက်နေကြတော့သည်။ ယခင်က လျို့သဲ့ချင်းနှင့် ဖန်ကျစ်ယွမ်တို့သည် ကောင်းအမြွှာညီအစ်ကိုထံတွင် အရှက်တကွဲ ရှုံးနိမ့်ခဲ့ဖူးသည်။
သို့သော် ထို ကောင်းအမြွှာညီအစ်ကိုမှာပင် ချုူယွင်ဖန်းနှင့် ဟွားရှန်ယွမ်တို့ရှေ့၌ ပြန်လည်ခုခံနိုင်စွမ်းပင် မရှိခဲ့ကြချေ။ ဤအချက်က မျိုးစေ့တပည့်များအကြားမှာပင် အဆင့်အတန်းနှင့် အင်အား ကွာခြားချက်မှာ အလွန်ပင် ကြီးမားနေကြောင်း ဖော်ပြနေသည်။
လူအတော်များများ ခန့်မှန်းထားသကဲ့သို့ မျိုးစေ့တပည့်များမှာ အင်အားချင်း မတိမ်းမယိမ်း ရှိကြသည်မဟုတ်ဘဲ ကောင်းကင်နှင့် မြေကြီးကဲ့သို့ သိသိသာသာ ကွာဟနေခြင်းဖြစ်သည်။
ဟွားရှန်ယွမ်အတွက်မူ လူတိုင်းက သူ့အကြောင်း ကြိုသိထားကြသဖြင့် အံ့ဩမိသော်လည်း လက်ခံနိုင်စရာ ရှိသေးသည်။ သူသည် အလွန်အစွမ်းထက်သည့် ပုဂ္ဂိုလ်ကြီးတစ်ဦး၏ လူဝင်စားဖြစ်သည်ဟု ဆိုကြပြီး ငယ်စဉ်ကတည်းက ထူးခြားသည့်ကံတရားနှင့် အခွင့်အလမ်းများကို ရရှိထားသူဖြစ်သည်။ သူ၏မျိုးဆက်ထဲတွင် မည်သူမျှ သူ့အား မယှဉ်နိုင်ပေ။ အခြားသူများကို ပါရမီရှင်ဟု ခေါ်မည်ဆိုလျှင် ဟွားရှန်ယွမ်မှာ ပါရမီရှင်များထဲမှ အကြီးကျယ်ဆုံး ပါရမီရှင်၊ နတ်ဆိုးများထဲမှ နတ်ဆိုးတစ်ကောင်ပင် ဖြစ်သည်။
အနာဂတ်တွင် သူသည်ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်လာနိုင်သည့် အခွင့်အလမ်းရှိနေပြီး အနည်းဆုံးတွင် ဂိုဏ်း၏ ထိပ်တန်းအကြီးအကဲတစ်ဦးနှင့် တရှအင်ပါယာတစ်ခုလုံးတွင် ဩဇာအာဏာကြီးမားသူတစ်ဦး ဖြစ်လာမည်မှာ သေချာသည်။
သို့သော် ချုူယွင်ဖန်းမှာမူ ထိုသို့မဟုတ်ပေ။ သူတို့၏အမြင်တွင် သူသည် ဤမျှ အစွမ်းထက်နေသော်လည်း ထိုစွမ်းအားများက မည်သည့်နေရာမှ ရောက်လာသည်ကို မည်သူမျှ မသိကြပေ။ သူ၏နောက်ခံမှာလည်း လုံးဝ လျှို့ဝှက်ချက်ဖြစ်နေသည်။
ချုူယွင်ဖန်းတွင် မည်သို့သော နောက်ခံမျိုး ရှိနေတာလဲ။
သူသည် မည်သည့်အမွေအနှစ်ကို ဆက်ခံထားတာပဲ။
ဘာကြောင့် ဤမျှအထိ တုန်လှုပ်ခြောက်ခြားစရာကောင်းအောင် အစွမ်းထက်နေရတာလဲ။
"အဲဒီနှစ်ယောက်ထဲမှာ ဘယ်သူက ပိုပြီး အစွမ်းထက်မလဲ?"
တစ်စုံတစ်ယောက်က စိတ်ဝင်တစား မေးမြန်းလိုက်သည်။
ယနေ့မတိုင်ခင်ကဆိုလျှင် ဟွားရှန်ယွမ် က ပိုအစွမ်းထက်သည်ဟု တွန့်ဆုတ်ခြင်းမရှိ ပြောကြလိမ့်မည်ဖြစ်သော်လည်း ချုူယွင်ဖန်း ၏ တုန်လှုပ်ဖွယ်ရာစွမ်းအားကို မြင်တွေ့ပြီးနောက်တွင်မူ ထိုသို့မပြောဝံ့ကြတော့ပေ။
ချုူယွင်ဖန်း၏စွမ်းအားမှာ သူတို့၏စိတ်ထဲတွင် စွဲထင်ကျန်ရစ်ခဲ့ပြီဖြစ်သည်။ သူသည် ကောင်းအမြွှာညီအစ်ကိုကို လက်တစ်ဖက်ဖြင့်ပင် အနိုင်ယူခဲ့သည်။ သူ၏အင်အားမှာ ဟွားရှန်ယွမ်ထက်ပင် နိမ့်ကျနေဟန် မတူပေ။ ဤအချက်မှာ အကြောက်စရာအကောင်းဆုံးပင်။
"ပြောရခက်တယ်ဗျ။ ကောင်းအမြွှာညီအစ်ကိုတွေက သူတို့နှစ်ယောက်ရဲ့ စွမ်းအားအစစ်အမှန်ကို ထုတ်သုံးလာအောင် လုပ်နိုင်စွမ်းမရှိဘူး။ သူတို့ရဲ့ အရည်အချင်းအစစ်အမှန်ကိုတောင် ဖော်ပြလာအောင် မဖိအားပေးနိုင်ကြဘူးလေ။"
"ဟုတ်တာပေါ့။ ချုူယွင်ဖန်းနဲ့ ဟွားရှန်ယွမ်က ဒီတစ်သုတ်ရဲ့ အစွမ်းအထက်ဆုံး မျိုးစေ့တပည့်နှစ်ယောက်ပဲ။"
လူအများအပြားက သက်ပြင်းချမိကြသည်။ သာမန်လူများအတွက်တော့ သူတို့ရွယ်တူချင်းကြားတွင် ဤမျှပါရမီထူးချွန်သူရှိနေခြင်းက အရေးမကြီးသော်လည်း မိမိကိုယ်ကိုယ် ပါရမီရှင်ဟု သတ်မှတ်ထားသူများအတွက်မူ ဤသည်မှာ အကြီးမားဆုံးနှင့် အရက်စက်ဆုံး အမှန်တရားပင်။ သူတို့၏ တောက်ပမှုမှန်သမျှသည် ဤနှစ်ယောက်၏ အရိပ်အောက်တွင် ပျောက်ကွယ်သွားရတော့မည်ဖြစ်သည်။
ဟွားရှန်ယွမ်သည် ကောင်းအမြွှာညီအစ်ကိုကို တစ်ချက်ကြည့်ပြီးနောက် အလင်းတန်းတစ်ခုအဖြစ် ပျံသန်းထွက်ခွာသွားသည်။ စုရုံးနေသောလူအုပ်ကြီးလည်း လူစုကွဲသွားကြပြီ။ သူတို့၏ဒေါသများမှာ ပြေပျောက်သွားခဲ့ပြီဖြစ်သလို ဂမ္ဘီရကြယ်စင်မှ လူနှစ်ယောက်မှာလည်း နှစ်ကြိမ်ဆက်တိုက် ရှုံးနိမ့်ခြင်းကို ခါးစည်းခံလိုက်ရလေပြီ။
ဤနေရာတွင် ဆက်ကြည့်စရာ ဘာမှမရှိတော့ပေ။
ချုူယွင်ဖန်းမှာမူ သူထွက်လာပြီးနောက် ဟွားရှန်ယွမ်ရောက်လာပြီး ကောင်းအမြွှာညီအစ်ကိုကို ပြန်ရိုက်ရန်အတွက် ကယ်တင်ခဲ့သည်ကို လုံးဝမသိရှိပေ။ သူသည် ကောင်းမှုကုသိုလ်တော်ခန်းမထဲသို့ တန်းတန်းမတ်မတ်ဝင်သွားပြီး တာဝန်မှတ်တမ်းတင်နေသည့် တပည့်တစ်ဦးထံသို့ သွားလိုက်သည်။
"နေကောင်းလား... အစ်ကိုက တာဝန်အသစ်ယူမလို့လား၊ ဒါမှမဟုတ် ပြီးသွားတဲ့တာဝန်ကို လာအပ်တာလား?"
ထိုတပည့်က ချုူယွင်ဖန်းကို တစ်ချက်ကြည့်ကာ ပြုံးပြလိုက်သည်။ ချုူယွင်ဖန်း၏ ဝတ်စုံကိုကြည့်ရုံနှင့် အတွင်းတပည့်မှန်း သူသိလိုက်သည်။ ဤတပည့်လေးမှာမူ ကောင်းမှုကုသိုလ်ခန်းမတွင် အချိန်ပိုင်းအလုပ်လုပ်နေသည့် အဆွယ်အပါးတပည့်မျှသာဖြစ်သည်။ ဂိုဏ်း၏ အရင်းအမြစ်များကို အဆွယ်အပွားတပည့်များအားလုံးဝအလကားမပေးပေ။ ထို့ကြောင့် သူတို့သည် ကျင့်ကြံခြင်းအတွက် လိုအပ်သည့်အရာများကို ရရှိရန် ဂိုဏ်းအတွက် တာဝန်အမျိုးမျိုးကို အဆက်မပြတ် ထမ်းဆောင်ကြရသည်။
"ပြီးသွားတဲ့တာဝန်ကို လာအပ်တာပါ။"
ချုူယွင်ဖန်းက ပြန်ဖြေလိုက်သည်။ သူသည် ကောင်းမှုကုသိုလ်ခန်းမတစ်ခုလုံးကို ဝေ့ဝဲကြည့်လိုက်ရာ ခန်းမတစ်ခုလုံးမှာ လူများဖြင့် စည်ကားနေသည်။ တာဝန်ယူသူ၊ တာဝန်အပ်သူများဖြင့် မရေမတွက်နိုင်အောင် ရှိနေပြီး သူတို့ထဲတွင် ပညာရှင်များစွာ ပါဝင်နေသည်။
ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ ကြီးမားလှသော အုတ်မြစ်ကို တစ်ချက်ကြည့်ရုံနှင့် သိနိုင်ပေသည်။
"ဘယ်တာဝန်ပါလဲ ခင်ဗျာ။"
ထိုတပည့်က မေးလိုက်သည်။
"သီးခြားကြယ်ကို သတ်ရမယ့်တာဝန်ပါ။ သူ့ရဲ့ဦးခေါင်းကို ယူလာခဲ့တယ်။"
ချုူယွင်ဖန်းက ဆိုလိုက်သည်။
"ဘာ... ဘာပြောလိုက်တာလဲ!"
ထိုတပည့်လေးမှာ အော်မိသွားတော့သည်။
ကောင်းမှုကုသိုလ်ခန်းမတွင် အချိန်မရွေး စုပုံနေသော တာဝန်ပေါင်း ထောင်နှင့်ချီ၍ ရှိနေတတ်သည်။ သူသည် တာဝန်အားလုံးကို မသိနိုင်သော်လည်း သီးခြားကြယ်တာဝန်မှာမူ ထူးခြားသည်။ သီးခြားကြယ်သည် တရှအင်ပါယာတွင် လူပေါင်း ရာနှင့်ချီ၍ သေကျေပျက်စီးအောင် လုပ်ဆောင်ခဲ့သဖြင့် နန်းတွင်ူညီလာခံက အလွန်အမင်း ဒေါသထွက်နေခဲ့သည်။ ထို့ကြောင့် အင်အားကြီးဂိုဏ်းများကို သီးခြားကြယ်အား နှိမ်နင်းပေးရန် တောင်းဆိုထားပြီး ဆုလာဘ်အဖြစ် ဆင့်ကဲပြောင်းလဲခြင်းဆေးလုံးကိုပင် ပေးမည်ဟု ကမ်းလှမ်းထားသည်။ ဤကဲ့သို့ လူအများအာရုံစိုက်မှုနှင့် များပြားလှသော ဆုလာဘ်မှာ သာမန်မဟုတ်ပေ။
ထို့ပြင် သည် ယခင်ကလည်း စီယာသန့်စင်နတ်ဆိုးအတွင်းသို့ ဂိုဏ်းအသီးသီးမှ အတွင်းစည်းတပည့်များကို မျှားခေါ်ကာ အစွမ်းပြခဲ့ဖူးသည်။ သူသည် ထိုလူအားလုံးနီးပါးကို အပြတ်ရှင်းခဲ့သဖြင့် ဂယက်ရိုက်ခတ်မှုမှာ ကြီးမားလှသည်။ စီယာသန့်စင်နတ်ဆိုးထဲသို့ ဝင်သွားသည့် တပည့်များမှာ တစ်ယောက်မကျန် သေဆုံးသွားသည်မဟုတ်သော်လည်း ရလဒ်မှာမူ ထိုသို့ဖြစ်လုနီးပါးပင်။ ၁၀ ရာခိုင်နှုန်းပင် လွတ်မြောက်နိုင်ခြင်း မရှိခဲ့ကြပေ။
ဤသည်မှာ လတ်တလောတွင် အကြီးမားဆုံး သတင်းတစ်ပုဒ်ပင် ဖြစ်နေတော့သည်။
အခန်း (၁၆၇၄) ညတွင်းချင်းနာမည်ကြီးလာခြင်း
ဤကိစ္စမှာ ဂိုဏ်းပေါင်းစုံတွင် အကြီးအကျယ် ဂယက်ရိုက်ခတ်သွားခဲ့သည်။ ထိပ်သီးဂိုဏ်းကြီး ဆယ်ဂိုဏ်းမှ အထက်လူကြီးများပင် လန့်နိုးသွားကြရ၏။ အစစ်အမှန်တပည့်များနှင့် အကြီးအကဲများမှာ သီးခြားကြယ်ကို သတ်ဖြတ်ပြီး ဂုဏ်သိက္ခာပြန်ဆယ်ရန် စီယာသန့်စင်နတ်ဆိုးသို့ တစ်ယောက်ပြီးတစ်ယောက် သွားရောက်ခဲ့ကြသည်။
ကောင်းမှုကုသိုလ်ခန်းမမှ ဤတပည့်လေးမှာ အဆင့်နိမ့်တပည့်တစ်ဦးသာ ဖြစ်သော်လည်း ဤအကြောင်းအရာများကိုမူ အလွန်နှံ့စပ်သည်။
အဘယ်ကြောင့်ဆိုသော် တာဝန်အားလုံးကို ဤခန်းမမှ ထုတ်ပြန်ခြင်းဖြစ်သောကြောင့် ကြီးမားသော တာဝန်များ၏ အခြေအနေကို သူတို့ထက် ပိုသိသူမရှိပေ။ ဤတာဝန်ကို တစ်စုံတစ်ယောက်က အောင်မြင်အောင် ထမ်းဆောင်နိုင်ခဲ့လျှင်ပင် ၎င်းမှာ အစစ်အမှန်တပည့်တစ်ဦးသာ ဖြစ်လိမ့်မည်ဟု သူ ထင်မှတ်ထားခဲ့ခြင်းဖြစ်သည်။
သို့သော် ယခု သူ၏ရှေ့မှောက်ရှိ လူမှာမူ သာမန်အတွင်းစည်းတပည့်တစ်ဦးနှင့်သာ တူနေသည်။ ချူးယွင်ဖန်းက ဤကဲ့သို့ ခက်ခဲလှသောတာဝန်ကို မည်သို့ ပြီးမြောက်အောင် လုပ်နိုင်ခဲ့တာလဲ။
"ငါ သီးခြားကြယ်ကို သတ်ခဲ့ပြီးပြီ၊ တာဝန်ပြီးမြောက်ကြောင်း အပ်နှံဖို့ သူ့ခေါင်းကိုလည်း ယူလာခဲ့တယ်လို့ ပြောနေတာလေ။ ဘာပြဿနာရှိလို့လဲ။"
ချူးယွင်ဖန်းက မေးလိုက်သည်။
"မရှိပါဘူး... မရှိပါဘူးခင်ဗျာ။ ဂုဏ်ယူပါတယ် စီနီယာ။"
ထိုတပည့်လေးက အလျင်အမြန် ပြောလိုက်သည်။
ချူးယွင်ဖန်းက ဤတာဝန်ကို မည်သို့ပြီးမြောက်အောင် လုပ်ခဲ့သည်ဆိုသည်ကို သူ ဂရုမစိုက်နိုင်တော့ပေ။ သို့သော် ဤတာဝန်ကို ပြီးမြောက်အောင် ထမ်းဆောင်နိုင်သူမှာ သာမန်လူတစ်ယောက် မဟုတ်နိုင်ကြောင်း သူ သိလိုက်သည်။ အဘယ်ကြောင့်ဆိုသော် အစွမ်းထက်လှသည့်
အတွင်းစည်းတပည့်များနှင့် အစစ်အမှန်တပည့်များစွာပင် ရှုံးနိမ့်ခဲ့ရသည့် တာဝန်ဖြစ်သောကြောင့် ချူးယွင်ဖန်း ဤသို့ အောင်မြင်ခဲ့ခြင်းမှာ အလွန်ပင် တုန်လှုပ်စရာကောင်းလှသည်။
"ကျွန်တော်တို့ သီးခြားကြယ်ရဲ့ ဦးခေါင်းကို အရင်ဆုံး စစ်ဆေးအတည်ပြုရပါမယ်။"
ထိုတပည့်က ဆိုလိုက်၏။
ချူးယွင်ဖန်းသည် လေဟာနယ်ထဲမှ ဦးခေါင်းတစ်ခုကို ထုတ်ယူလိုက်သည်။ ထိုတပည့်လေးက စစ်ဆေးကြည့်လိုက်သောအခါ ၎င်းမှာ အမှန်တကယ်ပင် သီးခြားကြယ်ဖြစ်နေသည်ကို တွေ့လိုက်ရ၏။ ကောင်းမှုကုသိုလ်ခန်းမတွင် တာဝန်ပြီးမြောက်မှု ရှိမရှိ စစ်ဆေးသည့် ကိုယ်ပိုင်နည်းလမ်းများ ရှိပြီးသားဖြစ်ရာ ခန်းမကို လိမ်လည်လှည့်ဖျားရန်မှာ မဖြစ်နိုင်ပေ။ ထို့ပြင် တစ်စုံတစ်ယောက်က လိမ်လည်နိုင်စွမ်း ရှိလျှင်ပင် ထိုသို့လုပ်ရန် မည်သူမျှ ဝံ့မည်မဟုတ်ချေ။ ဤစည်းမျဉ်းကို ချိုးဖောက်သူအား ဂိုဏ်းချုပ်ကိုယ်တိုင်ပင် ကာကွယ်ပေးနိုင်မည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ လူတိုင်းသတ်မှတ်ထားသည့်၊ မည်သူမျှ မချိုးဖောက်ဝံ့သည့် စည်းမျဉ်းဖြစ်သောကြောင့်ပင်။
ထို့ပြင် ကောင်းမှုကုသိုလ်ခန်းမသည် ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ အဓိကအင်အားစုကြီးများထဲမှ တစ်ခုဖြစ်ပြီး သာမန်လူများ ခန့်မှန်းနိုင်သည်ထက်ပင် ပိုမိုဩဇာကြီးမားလှသည်။ ၎င်း၏လက်အောက်တွင် ပညာရှင်များစွာရှိနေသဖြင့် အစစ်အမှန်တပည့်များပင်လျှင် လိမ်လည်ရန် မဝံ့ကြပေ။
ထိုတပည့်လေးမှာ ချူးယွင်ဖန်းကို အံ့ဩတုန်လှုပ်စွာ ကြည့်နေမိသည်။ ချူးယွင်ဖန်းက သူ့ကို လိမ်မည်မဟုတ်မှန်း သိထားသော်လည်း သီးခြားကြယ်၏ ဦးခေါင်းကို အပြင်၌ အမှန်တကယ် မြင်တွေ့လိုက်ရသောအခါ အလွန်အမင်း ထိတ်လန့်သွားရခြင်း ဖြစ်သည်။
"စစ်ဆေးမှု ပြီးပါပြီ။ ဒါဟာ အမှန်တကယ် သီးခြားကြယ်ရဲ့ ဦးခေါင်းပါပဲ။"
ထိုတပည့်က ခေါင်းညိတ်ရင်း အတည်ပြုလိုက်သည်။
သူသည် သီးခြားကြယ်၏ ပုံတူပန်းချီကို မြင်ဖူးသကဲ့သို့ အထူးစုံစမ်းစစ်ဆေးသည့် နည်းလမ်းကို အသုံးပြု၍ ဤဦးခေါင်းမှာ ဒြပ်မဲ့အဆင့်ကို ကျော်လွန်ထားသူတစ်ဦး၏ ဦးခေါင်းဖြစ်ကြောင်း သိရှိခဲ့ခြင်းဖြစ်သည်။ ကောင်းမှုကုသိုလ်ခန်းမ၏ လုပ်ပိုင်ခွင့်အာဏာနှင့် ပေါင်းစပ်လိုက်သောအခါ ၎င်းမှာ သီးခြားကြယ်ဖြစ်ကြောင်း သူ အတည်ပြုနိုင်ခဲ့သည်။
သို့သော်လည်း ချူးယွင်ဖန်းက ဤအရာကို အမှန်တကယ် လုပ်ဆောင်နိုင်ခဲ့ခြင်းအပေါ် သူ အံ့ဩမဆုံး ဖြစ်နေရဆဲပင်။ ဤသည်မှာ အလွန်ပင် တုန်လှုပ်ဖွယ်ရာ ကောင်းလှသည့် ကိစ္စဖြစ်သည်။
"ကောင်းပြီလေ... ဒါဆိုရင် နန်းတွင်းက ကမ်းလှမ်းထားတဲ့ ဆင့်ကဲပြောင်းလဲခြင်းဆေးလုံးဆုလာဘ်ကို ငါ့ကို ပေးလို့ရပြီလား။"
ချူးယွင်ဖန်းက မေးလိုက်သည်။
ထိုတပည့်လေးက ခေါင်းကို ခါယမ်းလိုက်ပြီး ခါးသီးသော အပြုံးဖြင့် ပြောလိုက်သည်။
"စီနီယာ... ပုံမှန်ဆိုရင်တော့ ဒီနေရာမှာတင် ဆုလာဘ်ကို ထုတ်ပေးရမှာပါ။ ဒါပေမဲ့ ဒီတာဝန်ကတော့ မတူဘူးခင်ဗျ။ နန်းတွင်းက ဒီတာဝန်ကို နတ်ဒေဝါတစ်ဂိုဏ်းတည်းတင်မကဘဲ အခြားအင်အားကြီးဂိုဏ်းတွေအားလုံးကို တစ်ပြိုင်တည်း ထုတ်ပြန်ထားတာပါ။ ဒါကြောင့် ဆင့်ကဲပြောင်းလဲခြင်းခန်းမကို ဒီကို ကြိုပို့မထားပါဘူး။ အဲဒါက နန်းတွင်းရဲ့ လက်ထဲမှာပဲ ရှိပါသေးတယ်။"
"ကျွန်တော်တို့ သီးခြားကြယ်ရဲ့ ဦးခေါင်းကို အရင်ပို့ပေးရပါမယ်။ သူ့ရဲ့ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုပြီးတာနဲ့ ဆင့်ကဲပြောင်းလဲခြင်းခန်းမကို ပို့ပေးပါလိမ့်မယ်။ နန်းတွင်းက သူတို့ပြောတဲ့အတိုင်း လုပ်ဆောင်ပါလိမ့်မယ်လို့ စီနီယာ စိတ်ချထားပါ။"
ထိုတပည့်လေးက ဆက်ပြောသည်။
"စီနီယာရဲ့ နာမည်နဲ့ နေရပ်လိပ်စာကို ချန်ထားပေးပါ။ နန်းတွင်းက ဆေးလုံး ပို့လိုက်တာနဲ့ စီနီယာရဲ့ နေအိမ်ကို ချက်ချင်း အရောက်ပို့ပေးပါ့မယ်။"
ထိုတပည့်လေးမှာ တံတွေးကို ခက်ခဲစွာ မျိုချလိုက်မိသည်။ ဤသည်မှာ တခြားမဟုတ်ဘဲ ဒဏ္ဍာရီလာ ဆင့်ကဲပြောင်းလဲခြင်းဆေးလုံးပင် ဖြစ်သည်။ အကယ်၍သာ သူသည် ဤဆေးလုံးကို ရရှိခဲ့မည်ဆိုလျှင် သူ၏ကျင့်စဉ်မှာ အရှိန်အဟုန်ဖြင့် မြင့်တက်သွားမည်မှာ အသေအချာပင်။ မည်မျှအထိ တိုးတက်သွားမည်ကို မည်သူမျှ မခန့်မှန်းနိုင်ပေ။ ၎င်းသည် သူ့အား အသစ်တစ်ဖန် မွေးဖွားလာသကဲ့သို့ ဖြစ်စေပြီး သူ၏ ပါရမီအရည်အသွေးကိုလည်း နောက်ထပ်အဆင့်တစ်ခုသို့ မြှင့်တင်ပေးပေလိမ့်မည်။ ထိုအချိန်ကျလျှင် အတွင်းစည်းတပည့် ဖြစ်လာရန်မှာ မခဲယဉ်းတော့သည့်အပြင် အထူးချွန်ဆုံးတပည့်တစ်ဦး ဖြစ်လာရန်ပင် အလားအလာ အလွန်ကောင်းသွားမည်ဖြစ်သည်။
သို့သော်လည်း ထိုတပည့်လေးသည် ဤအတွေးကို သူ၏ဦးနှောက်ထဲမှ ချက်ချင်းပင် မောင်းထုတ်လိုက်၏။ အဘယ်ကြောင့်ဆိုသော် ဤဆေးလုံးသည် သူနှင့် လုံးဝမသက်ဆိုင်ကြောင်း သူ ကောင်းကောင်းသိသောကြောင့် ဖြစ်သည်။ သူသည် ဤဆေးလုံးကို ခိုးယူရန် သို့မဟုတ် အလွဲသုံးစားလုပ်ရန် အနည်းငယ်မျှပင် မတွေးဝံ့ပေ။ ထိုသို့သောလုပ်ရပ်၏ နောက်ဆက်တွဲရလဒ်မှာ သူကဲ့သို့ အဆွယ်အပွားတပည့်လေးတစ်ဦး ခံနိုင်ရည်ရှိမည့်အရာ မဟုတ်ပေ။
ချူးယွင်ဖန်း က ခေါင်းညိတ်ပြလိုက်၏။
"ကောင်းပြီလေ ဒါက ငါ့ရဲ့နာမည်နဲ့ လိပ်စာပဲ။ ဆေးလုံးရောက်လာတာနဲ့ ငါ့ဆီကို အမြန်ဆုံး ပို့ပေးပါဦး။"
ချူးယွင်ဖန်းက ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ... နားလည်ပေးလို့ ကျေးဇူးတင်ပါတယ် စီနီယာ။"
ထိုတပည့်လေးက ဆိုသည်။
သူသည် ရမှတ်များ ရရှိရန်အတွက် ဤနေရာတွင် အချိန်ပိုင်းလုပ်ကိုင်နေသည်မှာ နှစ်ပေါင်းများစွာ ရှိနေပြီဖြစ်သည်။ သူသည် စရိုက်ဆန်းပြားသည့် စီနီယာများစွာကို မြင်ဖူးခဲ့သည်။ လူတိုင်းမှာ ကျိုးကြောင်းဆင်ခြင်တတ်သူများ မဟုတ်ကြပေ။ ထိုစီနီယာများသည် သူ့ထက် ကျင့်စဉ်အဆင့်ရော နောက်ခံပါ အဆပေါင်းများစွာ သာလွန်ကြသဖြင့် သူ့အား လူရာမသွင်းကြသည်မှာ များလှသည်။ သို့သော် ယခု ချူးယွင်ဖန်းမှာမူ စကားပြောရ အလွန်လွယ်ကူသူတစ်ဦး ဖြစ်နေသည်။
သူ၏နာမည်နှင့်လိပ်စာကို ချန်ထားခဲ့ပြီးနောက် ချူးယွင်ဖန်းသည် ထိုနေရာတွင် ဆက်မနေတော့ဘဲ လှည့်ထွက်သွားခဲ့သည်။ ဆင့်ကဲပြောင်းလဲခြင်းခန်းမသည် ချက်ချင်းရောက်လာမည်မဟုတ်သော်လည်း သူ၏ကျင့်ကြံမှုကိုမူ ခေတ္တမျှပင် ရပ်နားထား၍ မဖြစ်ပေ။
ချူးယွင်ဖန်းထွက်သွားပြီး မကြာမီမှာပင် သီးခြားကြယ်တာဝန်ပြီးမြောက်သွားပြီဟူသော သတင်းမှာ ကောင်းမှုကုသိုလ်ခန်းမတစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး ချက်ချင်းပင် ရုတ်ရုတ်သည်သည် ဖြစ်သွားတော့သည်။
လတ်တလောတွင် ဤတာဝန်မှာ လူတိုင်း၏ အာရုံစိုက်ခြင်းကို ခံနေရသည့် ကိစ္စဖြစ်သည်။ သီးခြားကြယ်၏အစွမ်းထက်မှုမှာ လူတိုင်းကို တုန်လှုပ်ခြောက်ခြားစေခဲ့ပြီး အထူးသဖြင့် ထိုတာဝန်ကို မယူဝံ့ခဲ့ကြသူများမှာ ပို၍ပင် ထိတ်လန့်နေကြသည်။ သူတို့သာ ထိုစဉ်က စိတ်လိုက်မာန်ပါဖြင့် တာဝန်ယူခဲ့မိလျှင် သီးခြားကြယ်၏ လက်ချက်ဖြင့် အသက်ပျောက်နေကြသည်မှာ ကြာလှပေပြီ။
သို့သော် ယခုမူ ဤခက်ခဲလှသော တာဝန်ကြီး ပြီးဆုံးသွားလေပြီ။
လူအတော်များများမှာ မှင်သက်သွားကြရသည်။ လူတိုင်းကို အမှန်စင်စစ် တုန်လှုပ်စေခဲ့သည့်အချက်မှာ ဤတာဝန်ကို ပြီးမြောက်အောင် ထမ်းဆောင်ခဲ့သူမှာ ဂိုဏ်းကြီးများမှ အစစ်အမှန်တပည့် သို့မဟုတ် အကြီးအကဲတစ်ဦး မဟုတ်ဘဲ အမည်မသိ အတွင်းစည်းတပည့်တစ်ဦး ဖြစ်နေခြင်းပင်။ ခေတ္တခဏအတွင်းမှာပင် ဂိုဏ်းတစ်ခုလုံး ဤသတင်းကြောင့် လှုပ်ခတ်သွားတော့သည်။
ချူးယွင်ဖန်း....
ဤနာမည်မှာ မူလက အလွန်ပင် စိမ်းသက်လှသည်။ ချူးယွင်ဖန်းသည် တပည့်သစ်များကြားတွင် နာမည်ကျော်သူတစ်ဦး ဖြစ်သော်လည်း ဂိုဏ်းတစ်ခုလုံး အတိုင်းအတာဖြင့် ကြည့်လျှင် လူကုံထံတစ်ဦးဟု မသတ်မှတ်နိုင်သေးပေ။
သို့သော် ယခုမူ သူ၏နာမည်မှာ တစ်ညတည်းနှင့်ပင် ကမ္ဘာအနှံ့ ပျံ့နှံ့သွားခဲ့ပြီး လူတိုင်း ဤနာမည်ကို ရင်းနှီးသွားကြတော့သည်။ အဘယ်ကြောင့်ဆိုသော် သူသည် သီးခြားကြယ်ကို သတ်ခဲ့သူ ဖြစ်သောကြောင့်ပင်။ ချူးယွင်ဖန်း၏ တည်ရှိမှုမှာ လူတိုင်း၏ မျှော်လင့်ချက်ကို ကျော်လွန်သွားခဲ့ပြီး သူ၏ ဂုဏ်သတင်းမှာလည်း ကောင်းကင်သို့ ထိုးတက်သွားခဲ့လေပြီဖြစ်၏။