← Chapters

အခန်း (၂၄၁၁-၂၄၁၂))

Vol. 182 Ch. 2411-2412

အခန်း (၂၄၁၁-၂၄၁၂))

Vol. 182 Ch. 2411-2412

အခန်း(၂၄၁၁)

ဝူကျန့်ထျန်းက လျှို့ဝှက်နည်းစနစ်ကို လှုံ့ဆော်လိုက်ရာ သူ၏ ခန္ဓာကိုယ်ကနေ ကြောက်မက်ဖွယ် စွမ်းအားများ ပေါက်ကွဲထွက်လာခဲ့သည်။

ယနေ့တွင် သူက မုချင်းစန်း၏ စစ်ကြေညာစာကို လက်ခံခဲ့ပြီး ထိုက်ယီ အင်မော်တယ်ဂိုဏ်းနှင့် သူသေကိုယ်သေ တိုက်ပွဲဝင်ရန် ရောက်လာခဲ့ခြင်း ဖြစ်ကာ ထိုက်ချင်းဘိုးဘေးကိုပင် နောက်ဆုံး ဝှက်ဖဲထုတ်သုံးရန်အထိ ဖိအားပေးနိုင်ခဲ့ပြီ ဖြစ်၍ နောက်ဆုတ်စရာလမ်း မရှိတော့ပေ။

မဟာယာနအဆင့် ကျင့်ကြံသူ၏ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော ထိုက်ချင်းဘိုးဘေးနှင့် ရင်ဆိုင်ရသော်လည်း ဝူကျန့်ထျန်းက အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း မရှိခဲ့ပေ။

သူ၏ ခန္ဓာကိုယ်ပေါ်မှ စွမ်းအားများသည် တစ်ဟုန်ထိုး မြင့်တက်လာခဲ့ပြီး သူ၏ လက်ဖဝါးထက်တွင် ရွှေရောင်ဓားရှည်တစ်လက် ပေါ်ထွက်လာခဲ့သည်။

ထို့နောက်တွင် ဝူကျန့်ထျန်းသည် ရွှေရောင်ဓားရှည်ဖြင့် ဓားချက် တစ်ချက်ကို ထုတ်ဖော်ကာ ထိုက်ချင်းဘိုးဘေးကို တိုက်ခိုက်လိုက်၏။

ထိုဓားချက်သည် လေထုကိုပင် ပေါက်ကွဲသွားစေခဲ့ပြီး ကောင်းကင်နှင့်မြေကြီး ကြားတွင် ရှည်လျားသော အနက်ရောင် အက်ကွဲကြောင်းကြီး တစ်ခုကို ဖြစ်ပေါ်သွားစေခဲ့သည်။

ဓားအလင်းသည် မှင်ကဲ့သို့ မည်းနက်နေခဲ့ပြီး ထိုက်ချင်းဘိုးဘေးနှင့် ထိုက်ယီအင်မော်တယ်ဂိုဏ်း တစ်ဂိုဏ်းလုံးကို ချေမှုန်းပစ်တော့မည်အလား ဖြစ်နေခဲ့၏။

“ဝူကျန့်ထျန်း.. မင်းက တကယ်ကို ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက် ဖြစ်ပြီး တိုက်ခိုက်ရေးစွမ်းရည်က အနှိုင်းမဲ့တယ်ဆိုတာ ငါဝန်ခံပါတယ်.. ဒါပေမဲ့ မဟာယာနအဆင့် ကျင့်ကြံသူတစ်ဦးရဲ့ စွမ်းအားကို မင်းသိမှာမဟုတ်ဘူး.. မဟာယာနအဆင့် ဆိုတာက အင်မော်တယ်အဆင့်နဲ့ နီးစပ်တဲ့အဆင့်ပဲ.. ငါက မဟာယာနအဆင့် ကျင့်ကြံသူရဲ့ခန္ဓာကိုယ်နဲ့ ပေါင်းစပ်ထားရုံပဲ ဆိုရင်တောင် အဲဒါက မင်းရင်ဆိုင်နိုင်တဲ့အရာ မဟုတ်ဘူး”

ထိုက်ချင်းဘိုးဘေးသည် ဝူကျန့်ထျန်း၏ ဓားချက်ကို ဘာမှ မဟုတ်သကဲ့သို့ပင် သဘောထားခဲ့သည်။

သူက အပြာရောင် ချပ်ဝတ်တန်ဆာ ဖုံးအုပ်ထားသော သူ၏ လက်ဖြင့် ဝူကျန့်ထျန်း၏ ဓားချက်ကို ရှောင်တိမ်းခြင်းမရှိဘဲ တိုက်ရိုက်ပင် ဖမ်းဆုပ်လိုက်၏။

“ထန်း..”

လေထုထဲတွင် သတ္တုချင်း ထိမိသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

ဝူကျန့်ထျန်း၏ ကောင်းကင်နှင့်မြေကြီးကိုပင် ပျက်စီးစေနိုင်လောက်သော ဓားချက်ကို ထိုက်ချင်းဘိုးဘေးက လက်ဗလာဖြင့်ပင် တားဆီးလိုက်သည်ကို အားလုံးက မြင်လိုက်ရသည်။

ထိုမြင်ကွင်းကိုမြင်လျှင် မျှော်လင့်ချက် ကင်းမဲ့နေခဲ့သော မရေမတွက်နိုင်သည့် အင်မော်တယ် ကျင့်ကြံသူများသည် အလွန်အမင်း စိတ်လှုပ်ရှားသွားကြ၏။

မုချင်းစန်း၏ မျက်နှာထက်တွင်ပင် စိတ်လှုပ်ရှားသောအမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

မဟာယာနအဆင့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော ထိုက်ချင်းဘိုးဘေးသည် ဝူကျန့်ထျန်း ထက်ပင် ပို၍ စွမ်းအားကြီးနေခဲ့ပြီ မဟုတ်ပါလော။

ဤအတိုင်းဆိုလျှင် သူတို့ အင်မော်တယ် ကျင့်ကြံခြင်း လောကသည် အဆုံးသတ်၌ ကယ်တင်ခြင်း ခံရပေတော့မည်။

“မဟာယာနအဆင့် ကျင့်ကြံသူရဲ့ ခန္ဓာကိုယ်က တကယ်ကိုထူးခြားတာပဲ.. နောက်ထပ် ဓားချက် တစ်ချက်လောက် ရင်ဆိုင်ကြည့်လိုက်ပါဦး”

သူ၏ ဓားချက်ကို ထိုက်ချင်းဘိုးဘေးက လက်ဗလာဖြင့် တားဆီးလိုက်သည်ကို မြင်လျှင် ဝူကျန့်ထျန်းသည် အနည်းငယ် အံ့အားသင့်သွားသော်လည်း ကြောက်ရွံ့နေခြင်း မရှိဘဲ နောက်ထပ် ဓားကွက်တစ်ကွက်ကို ထုတ်ဖော်ကာ တိုက်ခိုက်လိုက်သည်။

ဝူကျန့်ထျန်း၏ ဓားချက်နှင့် ရင်ဆိုင်နေရသည့်တိုင် ထိုက်ချင်းဘိုးဘေးသည် နေရာမှပင် မရွေ့ဘဲ ဝင့်ကြွားစွာ ရပ်နေမြဲပင်။

အပြာရောင် ချပ်ဝတ်တန်ဆာ ဖုံးအုပ်ထားသော သူ၏ လက်ဝါးသည် အကြိမ်တစ်ရာ သန့်စင်ထားသည့် သံမဏိကဲ့သို့ပင် မည်သည့်အရာကမျှ မထိုးဖောက်နိုင်ပေ။

ဝူကျန့်ထျန်း၏ ဓားအလင်းက မည်မျှပင်‌ ကြောက်မက်ဖွယ်ကောင်းနေစေကာမူ ထိုက်ချင်းဘိုးဘေး၏ ခန္ဓာကိုယ် အနီးသို့ ရောက်ရှိလာသည်နှင့် ထိုက်ချင်းဘိုးဘေးသည် လက်ဗလာဖြင့်ပင် ချေဖျက်ပစ်လိုက်သည်။

ဝူကျန့်ထျန်းသည် ဓားချက် ဆယ်ချက်ခန့် ဆက်တိုက်ဆိုသလို ထုတ်ဖော်ခဲ့သော်လည်း ထိုက်ချင်းဘိုးဘေးကို အနည်းငယ်မျှပင် ထိခိုက်အောင် မလုပ်ဆောင်နိုင်ခဲ့ပေ။

“တကယ်ကို ကြောက်စရာကောင်းတဲ့ ခန္ဓာကိုယ်ပါလား”

ကျန်းချန်က လေထုအထက်ရှိ တိုက်ပွဲကို စိုက်ကြည့်နေခဲ့သည်။

သူ၏ အမူအရာက ချက်ချင်းဆိုသလိုပင် အလွန်တရာ လေးနက်သွားခဲ့၏။

မဟာယာနအဆင့် ကျင့်ကြံသူ၏ ခန္ဓာကိုယ်သည် အစကတည်းကပင် အလွန်တရာ သန်မာတောင့်တင်းသည်။

သူ၏‌ ရှေ့ရှိ မဟာယာန ခန္ဓာကိုယ်ကမူ ထိုက်ချင်းဘိုးဘေး၏ သန့်စင်မှုကိုပါ ခံယူခဲ့သည့် အတွက် ပို၍ပင် အားကောင်းနေခဲ့၏။

ဆိုရလျှင် ဝူကျန့်ထျန်း၏ စွမ်းအားဖြင့်ပင် ထိုခန္ဓာကိုယ်ကို ထိခိုက်အောင်လုပ်ရန် အလွန်တရာ ခက်ခဲနေခဲ့သည်။

“ဝူကျန့်ထျန်း.. မင်း ငါ့ကို တိုက်နေလည်း အပိုပဲ.. မင်းရဲ့ လက်ရှိ ခွန်အားလောက်နဲ့တော့ ငါ့ကို ထိခိုက်အောင် လုပ်နိုင်မှာမဟုတ်ဘူး.. ဒီနေ့တော့ ငါမင်းကို မဟာယာနအဆင့် ကျင့်ကြံသူတစ်ဦးရဲ့ စွမ်းအားကို ပြသပေးမယ်”

ထိုက်ချင်းဘိုးဘေးက အေးစက်စက် ကြုံးဝါးလိုက်ပြီးနောက်တွင် ဝူကျန့်ထျန်းဆီသို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။

“ဝုန်း..”

နေရာလွတ်များက ပြိုကွဲသွားခဲ့ပြီး နေနှင့်လသည်ပင် ဗြောင်းဆန်မတတ် ဖြစ်သွားခဲ့သည်။

ထိုလက်သီးချက်၏ ကြောက်မက်ဖွယ်ရာကောင်းပုံမှာ စကားလုံးဖြင့်ပင် ဖော်ပြ၍ မရနိုင်လောက်အောင် ပြင်းထန်လှ၏။

ထိုက်ယီ အင်မော်တယ်ဂိုဏ်း၏ အထက်တွင် ထိုက်ချင်းဘိုးဘေး၏ လက်သီးချက် တစ်ချက်သာ ရှိနေသကဲ့သို့ပင်။

“မိုးကြိုးဓားသိုင်း.. ပိုင်းဖြတ်စမ်း”

ထိုက်ချင်းဘိုးဘေး၏ လက်သီးချက် မည်မျှ ကြောက်မက်ဖွယ်ရာကောင်းသည်ကို ခံစားမိလျှင် ဝူကျန့်ထျန်းသည် ကျယ်လောင်စွာ ကြုံးဝါးလိုက်သည်။

ချက်ချင်းဆိုသလိုပင် မိုင်ပေါင်း သောင်းချီသော ဧရိယာရှိ ဟင်းလင်းပြင်တွင် လျှပ်စီးများ လင်းလက်သွားခဲ့ပြီး သူ၏ လက်ထဲရှိ ရွှေရောင်ဓားရှည်ပေါ်တွင် မရေမတွက်နိုင်သော ရွှေရောင်လျှပ်စီးများ စုစည်းလာခဲ့သည်။

ထိုခဏဝယ် ရွှေရောင်ဓားရှည်သည် မိုးကြိုးနတ်မင်း၏ လက်ထဲမှ မိုးကြိုးဓားကဲ့သို့ ဖြစ်သွားခဲ့ပြီး ထိုက်ချင်းဘိုးဘေး၏ လက်သီးချက်ကို ရင်ဆိုင်လိုက်၏။

ကြောက်မက်ဖွယ် မိုးကြိုးဓားချက်နှင့် ထိုက်ချင်းဘိုးဘေး၏ လက်သီးချက်တို့ ထိပ်တိုက် ဆုံတွေ့ပြီးနောက်တွင် မိုးကြိုးဓားချက်သည် လက်သီးချက်ကို မတားဆီးနိုင်ခဲ့ဘဲ ပြိုကွဲလုနီးပါး ဖြစ်သွားခဲ့သည်။

ထို့နောက်တွင် လက်သီးချက်သည် ဝူကျန့်ထျန်း ဆီသို့ တိုက်ရိုက်ပင် တိုးဝင်လာခဲ့၏။

ဝူကျန့်ထျန်း၏ မျက်နှာအမူအရာက အကြီးအကျယ်ပြောင်းလဲသွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်ထဲမှ စွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်ကာ မိုးကြိုးအကာအကွယ် အဖြစ် ပြောင်းလဲလိုက်သည်။

သို့သော်လည်း ကြောက်မက်ဖွယ်ရာ‌ကောင်းသော လက်သီးချက်အောက်တွင် မိုးကြိုး အကာအကွယ်သည် စက္ကူကဲ့သို့ပင် ထိမိလိုက်သည်နှင့် ပြိုလဲသွားခဲ့၏။

ဝူကျန့်ထျန်း၏ ခန္ဓာကိုယ် တစ်ခုလုံးသည် လက်သီးချက်၏ လက်ကျန် စွမ်းအားကြောင့် လွင့်စင်သွားခဲ့ပြီး လေထုထဲတွင်လည်း ပေထောင်ချီ ရှည်လျားသည့် အနက်ရောင် တွင်းပေါက်ကြီး တစ်ခုကိုပင် ဖြစ်ပေါ်သွားစေခဲ့သည်။

“ဖူး..”

ဝူကျန့်ထျန်းသည် သူ၏ ခန္ဓာကိုယ်ကို ခက်ခက်ခဲခဲ ထိန်းချုပ်လိုက်ရပြီးနောက်တွင် သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရ၏။

“ဒါက မဟာယာနအဆင့် ကျင့်ကြံသူရဲ့ စွမ်းအားလား”

ဝူကျန့်ထျန်းသည် ပါးစပ်ထောင့်မှ သွေးများကို လက်ခုံဖြင့် သုတ်လိုက်သည်။

ဤအခိုက်အတန့်တွင် ထိုက်ချင်းဘိုးဘေးကို ကြည့်နေသော သူ၏ အကြည့်သည် အဆုံးသတ်၌ ယခင်ထက် ပို၍ လေးနက်သွားခဲ့သည်။

မဟာယာနအဆင့်နှင့် အုပ်စိုးသူအဆင့် တို့သည် ဤကမ္ဘာတွင် ဒဏ္ဍာရီလာ တည်ရှိမှုများ ဖြစ်ကြပြီး ဝူကျန့်ထျန်း အနေဖြင့် ကြားဖူးရုံသာ ရှိသည်။

၎င်းတို့ မည်မျှအထိ အစွမ်းထက်သည်ကို ဝူကျန့်ထျန်း သဘာဝကျစွာပင် မသိခဲ့ပေ။

သို့သော်လည်း ယနေ့ မဟာယာန အဆင့် ခန္ဓာကိုယ်ကို အပိုင်သိမ်းထားသော ထိုက်ချင်းဘိုးဘေးနှင့် ရင်ဆိုင်ရချိန်တွင် ထိုအဆင့်၏ ကြောက်မက်ဖွယ်ရာကောင်းပုံကို ဝူကျန့်ထျန်း နားလည်သွားခဲ့၏။

ဤသည်က မဟာယာနအဆင့် ကျင့်ကြံသူ၏ ခန္ဓာကိုယ်မျှသာ ဖြစ်သော်လည်း သူကိုင်တွယ်နိုင်သည့် အရာ မဟုတ်ပေ။

“မိတ်ဆွေလေးကျန်းချန်.. ဒီကနေ အမြန်ဆုံးလထွက်သွားတော့.. ဒီမဟာယာနအဆင့် ကျင့်ကြံသူရဲ့ ခန္ဓာကိုယ်ကို ထိုက်ယီအင်မော်တယ်ဂိုဏ်းက လျှို့ဝှက်နည်းစနစ်တွေနဲ့ ထိန်းသိမ်းထားတာပဲ.. ထိုက်ချင်းဘိုးဘေးက ဒီခန္ဓာကိုယ်နဲ့ ပေါင်းစပ်ထားတယ် ဆိုပေမဲ့ ဒီခန္ဓာကိုယ်က ကန့်သတ်ချက်တွေ ရှိနေပြီး ထိုက်ယီအင်မော်တယ်ဂိုဏ်းကနေ အလွယ်တကူ ထွက်သွားလို့မရဘူး.. မင်းသာ ထိုက်ယီအင်မော်တယ်ဂိုဏ်းကနေ ထွက်သွားရင် ထိုက်ချင်းဘိုး‌ဘေးက ဘာမှတတ်နိုင်မှာ မဟုတ်ဘူး အခုကနေစပြီး မြောက်ပိုင်းဒေသရဲ့ သိုင်းပညာ ကျင့်ကြံခြင်းလောကကို မင်းရဲ့လက်ထဲမှာ အပ်ခဲ့ပါတယ်”

ဝူကျန့်ထျန်းက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ကျန်းချန်ကို အလျင်အမြန်ပြောလိုက်သည်။

ယနေ့တွင် မဟာယာန အဆင့် ကျင့်ကြံသူ၏ ခန္ဓာကိုယ်တွင် ပေါင်းစပ်ထားသော ထိုက်ချင်းဘိုးဘေး၏ လက်ထဲတွင် သူတို့ သိုင်းပညာ ကျင့်ကြံခြင်းလောက ရှုံးနိမ့်သွားမည်ကို ဝူကျန့်ထျန်း နားလည်သွားခဲ့သည်။

ယခုအချိန်တွင် သူလုပ်ဆောင်နိုင်သည်မှာ ကျန်းချန် လွတ်မြောက်အောင် အခွင့်အရေးဖန်တီးရန် အစွမ်းကုန်ကြိုးစားပေးဖို့သာ ရှိတော့၏။

“မိတ်ဆွေလေးကျန်းချန်.. မြန်မြန်ထွက်သွားတော့”

ဝူကျန့်ထျန်းက ကျန်းချန်ကို လှမ်းပြောလိုက်ပြီး သူ၏ ခန္ဓာကိုယ်မှ စွမ်းအားများကို အထွတ်အထိပ် အထိ နောက်တစ်ကြိမ် ထပ်မံ လှုံ့ဆော်လိုက်သည်။

“ကိုယ့်သေလမ်း ကိုယ်ရှာနေတာပဲ”

ထိုက်ချင်းဘိုးဘေးက နှာခေါင်းရှုံ့ကာ အေးစက်စက် ရေရွတ်လိုက်ပြီး သူ၏ခြေထောက်ကို အသာအယာ ဆောင့်ချလိုက်သည်။

ရုတ်တရက် ထိုက်ချင်းဘိုးဘေး၏ ခြေဖဝါးအောက်ရှိ ကြီးမားသော နေရာလွတ်သည် ပြိုကွဲသွားခဲ့သည်။

ထိုခြေဆောင့်ချက်ကြောင့် ဝူကျန့်ထျန်းသည်လည်း အလွန်အမင်း ဒဏ်ရာရရှိသွားခဲ့ပြီး အရိုး အများအပြား ကြေမွသွားကာ ခန္ဓာကိုယ် တစ်ခုလုံး ပြိုလဲမတတ် ဖြစ်သွားခဲ့၏။

မဟာယာနအဆင့် ကျင့်ကြံသူ၏ စွမ်းအားသည် အနှိုင်းမဲ့ဟုပင် ဆို၍ ရသည်။

ဝူကျန့်ထျန်းလကဲ့သို့ ပြိုင်ဘက်ကင်းပုဂ္ဂိုလ် ပင်လျှင် ပြန်လည်တိုက်ခိုက်နိုင်စွမ်း လုံးဝမရှိခဲ့ပေ။

“မိတ်ဆွေလေးကျန်းချန်.. မင်းဘာလို့ ထွက်မသွားသေးတာလဲ”

ဝူကျန့်ထျန်းက ဒဏ်ရာအပြင်းအထန် ရရှိထားသော သူ၏ ခန္ဓာကိုယ်ကို အားတင်း၍ ရပ်နေရင်း ကျန်းချန်ကို ကြည့်ကာ ပြောလိုက်သည်။

“ကိုယ့်ရဲ့အဖော်ကို ထားခဲ့ပြီး တစ်ယောက်တည်းကိုယ်လွတ်ရုန်းတတ်တဲ့ အကျင့် ကျွန်တော့်မှာ မရှိဘူး”

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီးနောက်တွင် ချက်ချင်းဆိုသလို ခြေလှမ်းလိုက်ရာ ဝူကျန့်ထျန်း၏ နံဘေးတွင် ပေါ်လာခဲ့သည်။

သူက ခေါင်းကို မော့လိုက်ပြီး ကောင်းကင်ယံတွင် ဝင့်ကြွားစွာရပ်နေသော ထိုက်ချင်းဘိုးဘေးကို ကြည့်ကာ အေးစက်စက်ပြောလိုက်သည်။

“စီနီယာဝူ.. ခဏ နောက်ဆုတ်ပြီး အနားယူလိုက်ပါ.. ကျန်တာ ကျွန်တော့် လက်ထဲပဲ အပ်လိုက်တော့”

အခန်း(၂၄၁၁)ပြီး၏။

အခန်း(၂၄၁၂)

စကားဆုံးသည်နှင့် ကျန်းချန်၏ ပုံရိပ်သည် ထိုက်ချင်းဘိုးဘေးနှင့် ပေထောင်ချီ အကွာရှိ လေထုတွင် လျှပ်တစ်ပြက် ပေါ်လာခဲ့သည်။

“ကောင်လေး.. ငါ့ကို တိုက်ခိုက်ရဲတယ် ဆိုတော့ မင်းက သတ္တိရှိသားပဲ”

ထိုက်ချင်းဘိုးဘေးသည် သူ၏‌ ရှေ့တွင် ပေါ်လာသော ကျန်းချန်ကို ကြည့်ကာ ပြောလိုက်သည်။

သူ၏ မျက်ဝန်းများတွင် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။

ကျန်းချန်က တည်ငြိမ်စွာပင် တုံ့ပြန် ပြောဆိုလိုက်၏။

“နတ်ဘုရားနယ်မြေထဲမှာ ခင်ဗျားတို့ အင်မော်တယ် ကျင့်ကြံခြင်းလောက ရှိနေတာက ကပ်ဘေးတစ်ခုပဲ.. ကျုပ် ခင်ဗျားတို့နဲ့ အချိန်မဖြုန်းချင်တော့ဘူး.. ဒီနေ့ ဒီနေရာကို ရောက်လာမှတော့ ခင်ဗျားတို့ အင်မော်တယ် ကျင့်ကြံခြင်းလောကကို နတ်ဘုရားနယ်မြေထဲကနေ လုံးဝ ပျောက်ကွယ်သွားအောင် လုပ်ပစ်မယ်”

“မင်းတစ်ယောက်တည်းနဲ့လား”

ထိုက်ချင်းဘိုးဘေးက အထင်သေးသော အမူအရာဖြင့် နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

သူ့ရှေ့မှ ကောင်လေး၏ ပါရမီသည် ဝူကျန့်ထျန်း ထက်ပင် သာလွန်မှန်း သူ ဝန်ခံရမည် ဖြစ်သည်။

သို့သော်လည်း အဆုံးသတ်တွင် ထိုကောင်လေးသည် နတ်ဘုရင် ဆဋ္ဌမအဆင့်မျှသာ ရှိသေးပြီး ခွန်အားအရာတွင် ဝူကျ့န်ထျန်းထက်ပင် များစွာ အားနည်းနေသေး၏။

မဟာယာနအဆင့် ကျင့်ကြံသူ၏ ခန္ဓာကိုယ်နှင့် မပေါင်းစပ်မီကပင် ထိုကောင်လေးသည် သူ၏ပြိုင်ဘက် မဟုတ်ခဲ့ရာ ယခုဆိုလျှင် ပြောနေစရာပင် မလိုတော့ပေ။

“ဟုတ်တယ်.. ကျုပ်တစ်ယောက်တည်းနဲ့ ခင်ဗျားတို့ အင်မော်တယ် ကျင့်ကြံခြင်းလောကကို အမြစ်ပြတ် ချေမှုန်းပစ်မယ်”

ထိုစကားကို ပြောပြီးသည်နှင့် အင်မော်တယ်အလင်းများ စီးဆင်းနေသော ဆန်းကြယ်သည့် ကျောက်တိုင်တစ်ခုသည် ကျန်းချန်၏ လက်ဖဝါးထက်တွင် ထွက်ပေါ်လာခဲ့သည်။

ကျန်းချန်သည် မဟာယာနအဆင့် ခန္ဓာကိုယ်နှင့် ပေါင်းစပ်ထားသော ထိုက်ချင်းဘိုးဘေး၏ ခွန်အားနှင့် သူ၏ ခွန်အားမည်မျှ ကွာခြားသည်ကို ကောင်းစွာသိထားခဲ့သည်။

ဆိုရလျှင် သူ၏ ကိုယ်ပိုင်စွမ်းအားဖြင့် ထိုက်ချင်းဘိုးဘေးကို ယှဥ်ပြိုင်ရန်မှာ အလွန်တရာ ခက်ခဲလှ၏။

သူ့အနေဖြင့် ထိုက်ချင်းဘိုးဘေးကို အနိုင်ယူလိုလျှင် အားကိုးစရာ တစ်ခုတည်းသောအရာမှာ အင်မော်တယ် ကျောက်တိုင်သာလျှင် ဖြစ်သည် မဟုတ်ပါလော။

“အင်မော်တယ်ကျောက်တိုင်ပါလား”

ထိုက်ချင်းဘိုးဘေး၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

“မင်းမှာ ဒဏ္ဍာရီလာ အင်မော်တယ်ကျောက်တိုင် ရှိနေတာကို ငါမေ့သွားတယ်.. ကံမကောင်းတာက မင်းရဲ့ ကျင့်ကြံမှုက အရမ်းကို အားနည်းလွန်းနေတာပဲ.. ဒါကြောင့် မင်းလက်ထဲမှာ အင်မော်တယ်ကျောက်တိုင် ရှိနေရင်တောင် ငါ့ကို သတ်နိုင်မှာ မဟုတ်ဘူး”

အင်မော်တယ်ကျောက်တိုင်၏ စွမ်းအားသည် အလွန်တရာလျှို့ဝှက်ဆန်းကြယ်ပြီး ခန့်မှန်းရ ခက်ခဲ၏။

ထိုနေ့က ထုံရှန်းတောင်ကြားတွင် ဤကောင်လေးသည် အင်မော်တယ် ကျောက်တိုင်အား အသုံးပြု၍ ကျန်းရှဘိုးဘေးအား တစ်ချက်တည်းဖြင့် သတ်ဖြတ်ခဲ့သည်ကို ထိုက်ချင်းဘိုးဘေး ကောင်းစွာ မှတ်မိနေသေးသည်။

အကယ်၍ ထိုကောင်လေးသာ နတ်ဘုရင် နဝမအဆင့်တွင် ရှိနေပြီး အင်မော်တယ် ကျောက်တိုင်၏ စွမ်းအားကို လှုံ့ဆော်လိုက်မည် ဆိုလျှင် သူ့ကိုပင် ကြောက်လန့်သွားစေရန် လုံလောက်ပေလိမ့်မည်။

ကံမကောင်းသောအချက်မှာ ထိုကောင်လေးသည် နတ်ဘုရင်နဝမအဆင့်ကို ရောက်ရန် အလှမ်းဝေးနေသေးခြင်းပင်။

ကျန်းချန်က ထိုက်ချင်းဘိုးဘေးကို အေးစက်စက် ကြည့်ကာ ပြောလိုက်သည်။

“ခင်ဗျားကို ဒီအင်မော်တယ်ကျောက်တိုင်နဲ့ သတ်နိုင်မလား မသတ်နိုင်ဘူးလား ဆိုတာ စမ်းကြည့်ရင် သိရမှာပေါ့”

“ကိုယ့်အခြေအနေကို နားမလည်တဲ့ ကောင်လေး တစ်ယောက်ပဲ”

ထိုက်ချင်းဘိုးဘေးက မထီမဲ့မြင် ပြုံးလိုက်ပြီး အင်မော်တယ်ကျောက်တိုင်ကို စိုက်ကြည့်လိုက်သည်။

သူ၏ အကြည့်တွင် လောဘ အရိပ်အယောင်များ လင်းလက်နေခဲ့သည်။

“ကောင်လေး မင်းလို အဓိပ္ပါယ်မရှိတဲ့သူတစ်ယောက်ရဲ့ လက်ထဲမှာ အင်မော်တယ်ကျောက်တိုင် ရှိနေတာက အရမ်းကိုဖြုန်းတီးရာ ရောက်လွန်းတယ်...တကယ်လို့ မင်းသာ အင်မော်တယ်ကျောက်တိုင်ကို လိမ်လိမ်မာမာ လက်လွှဲပေးမယ်ဆိုရင် မင်းရဲ့အလောင်းကို အကောင်းအတိုင်း ထားပေးဖို့ ငါစဥ်းစားပေးမယ်”

အင်မော်တယ်ကျောက်တိုင် ဆိုသည်မှာ အင်မော်တယ်ဖြစ်ရန် ဆန်းကြယ်သော လျှို့ဝှက်ချက်များ ပါဝင်သည်ဟု ကျော်ကြားပြီး ကျင့်ကြံသူ အမြောက်အများကို ရူးသွပ်သွားစေလောက်သည့် ဒဏ္ဍာရီလာ ဆန်းကြယ်သော တည်ရှိမှု ဖြစ်သည်။

သူ၏ တစ်သက်တာတွင် ဒဏ္ဍာရီလာ အင်မော်တယ်ကျောက်တိုင်ကို အမှန်တကယ် မြင်တွေ့ခွင့်ရလိမ့်မည်ဟု ထိုက်ချင်းဘိုးဘေး မထင်ထားခဲ့ပေ။

ဤတစ်ကြိမ်တွင် ထိုက်ချင်ဘိုးဘေးသည် ဝူကျန့်ထျန်းကို ရင်ဆိုင်ရန်အတွက် သူ၏ ဝိညာဥ် အပြင်းအထန် ဒဏ်ရာ ရနေသည့်တိုင် မဟာယာနအဆင့် ကျင့်ကြံသူ၏ ခန္ဓာကိုယ်နှင့် အလျင်စလို ပေါင်းစပ်ခဲ့ရသည်။

ထိုသို့ အလျင်စလို အတင်းအကျပ် ပေါင်းစပ်ခဲ့ရသဖြင့် မဟာယာနအဆင့်ကို ထိုးဖောက်ပြီး အင်မော်တယ် လမ်းစဥ်ကို လျှောက်လှမ်းနိုင်တော့မည် မဟုတ်ပေ။

သို့သော်လည်း ကျန်းချန်၏ လက်ထဲမှ အင်မော်တယ်ကျောက်တိုင်သည် ထိုက်ချင်းဘိုးဘေးကို မျှော်လင့်ချက်အသစ်တစ်ခု ဖြစ်ပေါ်စေခဲ့သည်။

အကယ်၍ သူသာ ကျန်းချန်၏ လက်ထဲမှ အင်မော်တယ်ကျောက်တိုင်ကို ရရှိပြီး ကျောက်တိုင်ထဲရှိ လျှို့ဝှက်ချက်များကို ဖော်ထုတ်နိုင်မည် ဆိုလျှင် အတားအဆီးများကို ဖြတ်ကျော်၍ အင်မော်တယ် ဖြစ်လာနိုင်လိမ့်မည် မဟုတ်ပါလား။

“အင်မော်တယ်ကျောက်တိုင်ကို လိုချင်တာလား.. အရည်အချင်း ရှိရင် ကိုယ်တိုင် လာယူပါ”

ကျန်းချန်က အေးစက်စက် ရေရွတ်လိုက်ပြီးနောက်တွင် သူ၏ လက်ထဲရှိ အင်မော်တယ်ကျောက်တိုင်ကို လှုံ့ဆော်လိုက်ရာ အင်မော်တယ် ကျောက်တိုင်သည် ကောင်းကင်ယံသို့ ထိုးတက်သွားခဲ့သည်။

ထိုခဏဝယ် အင်မော်တယ်ကျောက်တိုင်သည် ကောင်းကင်နှင့်မြေကြီးကို ဖြတ်သန်းသွားသော အင်မော်တယ်သက်တန့်တစ်ခုနှယ် ဖြစ်နေခဲ့၏။

ကျန်းချန်က ထုံရှန်းတောင်ကြားတွင် ကျန်းရှဘိုးဘေးကို သတ်ဖြတ်ခဲ့သည့် ဆန်းကြယ်သော ကျောက်တိုင်ကို နောက်တစ်ကြိမ် ထပ်မံ အသုံးပြုလိုက်သည်အား မြင်လျှင် ဝူကျန့်ထျန်းသည် လေးနက်သော အမူအရာဖြင့် ကြည့်နေမိသည်။

ကျန်းချန်၏ လက်ထဲရှိ အင်မော်တယ်ကျောက်တိုင်သည် အလွန်တရာ အစွမ်းထက်ပြီး အနည်းဆုံးအားဖြင့် သန္ဓေတာအို နတ်လက်နက် နှင့် နှိုင်းယှဥ်နိုင်မှန်း သူသိထားသည်။

သို့သော်လည်း ထိုလက်နက်က ထိုက်ချင်းဘိုးဘေးကို သတ်ဖြတ်နိုင်မည်ဟု သူတပ်အပ် မပြောနိုင်ပေ။

လူတိုင်း၏ အကြည့်အောက်မှာပင် ထိုက်ချင်းဘိုးဘေးသည် ပြင်းထန်သော ဖိအားများဖြင့် သက်ရောက်လာသည့် အင်မော်တယ်ကျောက်တိုင်ကို တည်ငြိမ်စွာ စိုက်ကြည့်နေခဲ့သည်။

ကျောက်တိုင်က သူ၏ ဦးခေါင်းအထက် ပေတစ်ရာခန့် အကွာသို့ ရောက်ရှိလာသော အခါမှသာ ထိုက်ချင်းဘိုးဘေးသည် သူ၏ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး အင်မော်တယ်ကျောက်တိုင်ကို ရိုက်ချလိုက်သည်။

“ဝုန်း..”

ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်ယံကိုပင် လွှမ်းမိုးထားသည့် အင်မော်တယ်ကျောက်တိုင်၏ စွမ်းအားသည် ထိုက်ချင်းဘိုးဘေး၏ ရိုက်ချက်တစ်ချက်တည်းဖြင့်ပင် ချေမှုန်းခံလိုက်ရသည်။

နောက်ထပ်တစ်ခဏဝယ် ကောင်းကင်နှင့်မြေကြီးကို ဖိနှိပ်ထားသော ပေတစ်သောင်းအမြင့် ရှိသည့် အင်မော်တယ်ကျောက်တိုင်သည် ထိုက်ချင်းဘိုးဘေး၏ ရိုက်ချက်ကြောင့် လွင့်စင်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ကျန်းချန်၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့ပြီး မျက်နှာက ဖြူဖျော့သွားခဲ့ကာ လေထုထဲတွင် ပေရာပေါင်း များစွာ အထိ နောက်ဆုတ်သွားခဲ့ရသည်။

သူက ခေါင်းကို မော့လိုက်ပြီး ဝင့်ကြွားစွာ ရပ်နေသော ထိုက်ချင်းဘိုးဘေးကို ကြည့်လိုက်သည်။

သူ၏ အမူအရာက ချက်ချင်းဆိုသလိုပင် အလွန်တရာလေးနက်သွားခဲ့၏။

ကြည့်ရသည်မှာ သူက မဟာယာနအဆင့် ခန္ဓာကိုယ်နှင့် ပေါင်းစပ်ထားသည့် ထိုက်ချင်းဘိုးဘေးကို လျှော့တွက်မိခဲ့ပုံပင်။

သူ၏ နတ်ဘုရင်ဆဋ္ဌမအဆင့်ဖြင့် အင်မော်တယ် ကျောက်တိုင်ကို အစွမ်းကုန် လှုံ့ဆော်ခဲ့သည့်တိုင် ထိုက်ချင်းဘိုးဘေးကို အနည်းငယ်မျှပင် ထိခိုက်အောင် မလုပ်ဆောင်နိုင်ခဲ့ပေ။

ဤပုံအတိုင်းသာ ဆိုလျှင် ယနေ့တိုက်ပွဲတွင် သူတို့ သိုင်းပညာ ကျင့်ကြံခြင်းလောကသည် အရေးနိမ့်နိုင်ခြေ များနေခဲ့၏။

ထိုက်ချင်းဘိုးဘေးသည် ကျန်းချန်၏ အင်မော်တယ်ကျောက်တိုင်ကို လက်ဝါးဖြင့် ရိုက်ထုတ်လိုက်ပြီးနောက်တွင် ကျန်းချန်ကို ဂရုစိုက်မနေတော့ဘဲ အင်မော်တယ် ကျောက်တိုင် ပေါ်သို့ သူ၏ အကြည့်သည် တိုက်ရိုက်ပင် ရောက်ရှိသွားခဲ့သည်။

သူက အနည်းငယ်မျှပင် တုံ့ဆိုင်းမနေဘဲ အင်မော်တယ်ကျောက်တိုင်ကို ယူရန်အတွက် သူ၏ လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ဟင်းလင်းပြင် အချုပ်အနှောင် စွမ်းအားကို ထုတ်ဖော်လိုက်သည်။

ထိုက်ချင်းဘိုးဘေး၏ ဟင်းလင်းပြင် အချုပ်အနှောင်စွမ်းအားနှင့် ရင်ဆိုင်ရချိန်တွင် အင်မော်တယ် ကျောက်တိုင်ပေါ်၌ အလင်းတန်းများ တဖြည်းဖြည်း လင်းလက်လာခဲ့ပြီး ရူးသွပ်စွာ ရုန်းကန်နေခဲ့သည်။

“အားကုန်ခံပြီး ရုန်းကန်မနေနဲ့တော့.. ငါ့ကို လိမ်လိမ်မာမာနဲ့ အညံ့ခံလိုက်စမ်း.. အခုကစပြီး ငါက မင်းရဲ့သခင်အသစ်ပဲ”

ထိုက်ချင်းဘိုးဘေး၏ စကားအဆုံးတွင် အင်မော်တယ်ကျောက်တိုင်သည် သိသာသာသာပင် ဒေါသထွက်သွားခဲ့သည်။

အင်မော်တယ် ကျောက်တိုင်ထဲကနေ ကြောက်မက်ဖွယ်စွမ်အားများ ကိန်းအောင်းနေသည့် အပြာရောင်အလင်းတန်းများ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်။

ထိုအပြာရောင်အင်မော်တယ် အလင်းတန်းများသည် အလွန်တရာတောက်ပပြီး ဆန်းကြယ်သော စွမ်းအားများ ရှိနေခဲ့ကာ ထိုက်ချင်းဘိုးဘေး၏ ဟင်းလင်းပြင် အချုပ်အနှောင်စွမ်းအားကို ချက်ချင်းပင် ချေမှုန်းပစ်လိုက်သည်။

မကြာခင်မှာပင် အင်မော်တယ် ကျောက်တိုင်သည် ရုတ်တရက် အကြီးအကျယ် တုန်ခါသွားခဲ့ပြီး‌လေထုထဲတွင် မိုးခြိမ်သံကဲ့သို့ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာခဲ့သည်။

ထိုအသံသည် ရွှေရောင်ခေါင်းလောင်းကြီး တစ်လုံးကို ဧရာမတူဖြင့် ထုလိုက်သည့်အလား ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့၏။

နောက်ထပ် တစ်ခဏတွင် အပြာရောင် စွမ်းအင်လှိုင်းများသည် ထိုက်ချင်းဘိုးဘေး ထံသို့ အရှိန်အဟုန်ဖြင့် တိုးဝင်သွားခဲ့သည်။

ကြောက်မက်ဖွယ် အပြာရောင် စွမ်းအင်လှိုင်းများကို ရင်ဆိုင်ရချိန်တွင် ထိုက်ချင်းဘိုးဘေးသည် အလွန်အမင်း အန္တရာယ်ရှိသော အငွေ့အသက်ကို ပင်ကိုသိစိတ်အရ ခံစားမိလိုက်သည်။

ထိုက်ချင်းဘိုးဘေးက လုံးဝ တုံ့ဆိုင်းမနေရဲဘဲ သူ၏ ခွန်အားများကို အစွမ်းကုန် ထုတ်ဖော်ကာ ထိုက်ယီလက်ကောက်ကို လှုံ့‌ဆော်၍ အပြာရောင် စွမ်းအင်လှိုင်းများကို ခုခံလိုက်၏။

သို့သော်လည်း အပြာရောင်စွမ်းအင်လှိုင်းများ၏ အောက်တွင် အရာအားလုံးသည် ဘာမှ မဟုတ်သကဲ့သို့ပင်။

ထိုက်ယီအင်မော်တယ်ဂိုဏ်း၏ အစွမ်းအထက်ဆုံး မှော်လက်နက် ဖြစ်သည့် ထိုက်ယီလက်ကောက်ပင်လျှင် အပြာရောင်စွမ်းအင်လှိုင်း၏ ရိုက်ခတ်မှုအောက်တွင် မရေမတွက်နိုင်သော အပိုင်းအစများ အဖြစ် ကြေမွသွားခဲ့သည်။

အပြာရောင်စွမ်းအင်လှိုင်းများက ထိုက်ယီလက်ကောက်ကို ချေမှုန်းပစ်ပြီးနောက်တွင် ထိုက်ချင်းဘိုးဘေး ဆီသို့ သက်ရောက်သွားခဲ့၏။

ထိုက်ချင်းဘိုးဘေးက မည်သို့မျှ တုံ့ပြန်နိုင်ခြင်း မရှိခင်မှာပင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ကြောက်မက်ဖွယ်ရာကောင်းသော အပြာရောင် စွမ်းအင်လှိုင်းများ၏ အောက်သို့ နစ်မြုပ်သွားခဲ့သည်။

“ဝုန်း..”

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ထိုက်ချင်းဘိုးဘေးပေါင်းစပ်ထားသော မဟာယာနအဆင့် ကျင့်ကြံသူ၏ ခန္ဓာကိုယ်သည် အပြာရောင် စွမ်းအင်လှိုင်းများ၏ ဖိအားအောက်တွင် အမှုန့်အဖြစ် ကြေမွသွားခဲ့သည်။

ထိုခဏဝယ် ပတ်ဝန်းကျင် တစ်ခုလုံးသည် တစပြင်နှယ် တိတ်ဆိတ်သွားခဲ့သည်။

လူတိုင်းသည် ကောင်းကင်ယံရှိ ကျောက်တိုင်ကြီးကို ကြည့်ကာ မှင်တက်နေခဲ့ကြပြီး သတိပြန်ဝင်လာရန် အချိန်အတော်ကြာယူလိုက်ရသည်။

အခန်း(၂၄၁၂)ပြီး၏။

All Chapters